← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 23 Ch. 225-226

အခန်း။ ၂၂၅

ဤကိစ္စသာ ပြင်ပသို့ ပေါက်ကြားသွားပါက သေဆုံးသွားသော ပါရမီရှင် ခြောက်ဦး၏ နောက်ကွယ်ရှိ အင်အားစုများက ဒေါသအမျက်ချောင်းချောင်း ထွက်ကြမည်မှာ သေချာလှသည်။ ထို့ကြောင့် ချန်ကျီရှင်းကို ဤနေရာတွင်ပင် အမိအရ ဖမ်းဆီးရမည်ဖြစ်ပြီး ထိုအခါမှသာ အင်အားစုအသီးသီး၏ ဒေါသကို ဖြေဖျောက်ပေးနိုင်မည်ဖြစ်သည်။

ဝုန်း….

လီဟွာထျန်း၏ လက်သီးချက်သည် ဟင်းလင်းပြင်ကို ဖြတ်သန်းလာရာ ကောင်းကင်ယံမှ ဇောက်ထိုးကျဆင်းလာသော နတ်ဘုရားမြစ်ကြီးတစ်စင်းအလား ထင်မှတ်ရသည်။ ၎င်းသည် ကောင်းကင်ကို ထိုးခွင်းကာ နေနှင့်လကိုပင် ခွဲထုတ်ပစ်နိုင်စွမ်း ရှိသည်။

အဆုံးမဲ့သော နိဗ္ဗာန်နနယ်ပယ် စွမ်းအားများသည် လျှပ်စီးတန်းများနှင့်အတူ သူ၏လက်သီးတွင် ရစ်ပတ်နေပြီး ရှေးဟောင်းမိုးကြိုးနဂါးကြီးတစ်ကောင်အလား တိုးဝင်လာတော့သည်။ ဤလက်သီးတစ်ချက်တည်းနှင့်ပင် လေဟာနယ်တစ်ခုလုံးမှာ ဆူပွက်နေသော ပင်လယ်ပြင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

"အချိန်ကိုက်ပဲ"

ချန်ကျီရှင်းက လှမ်းကြည့်လိုက်ရာ သူ၏မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားသည်။ ယခုအခါ သူသည် တာအိုလမ်းစဉ် ခုနစ်မျိုးကို ပိုင်ဆိုင်ထားရာ သူ၏အစွမ်းမှာ မည်သည့်

အဆင့်သို့ ရောက်ရှိနေပြီကို သူကိုယ်တိုင်ပင် အတိအကျ မသိရှိသေးချေ။

ထို့ကြောင့် သူ၏စွမ်းဆောင်ရည်ကို စမ်းသပ်ရန်အတွက် ပြိုင်ဘက်ကောင်းတစ်ဦးကို အမြဲရှာဖွေနေခဲ့ခြင်းပင်။

လွန်ခဲ့သော သုံးနှစ်ကမှ နိဗ္ဗာန်နနယ်ပယ်သို့ ရောက်ရှိထားသည့် မိုးကြိုးဂိုဏ်းချုပ် လီဟွာထျန်းသည် သူနှင့် စမ်းသပ်ရန် အလွန်သင့်တော်သော ပြိုင်ဘက်ပင်။

"နွားနတ်ဆိုး..."

"ကောင်းကင်ခြေမှုန်းခြင်း"

ခဏချင်းမှာပင် ချန်ကျီရှင်း၏ ခန္ဓာကိုယ်အတွင်းရှိ အချက်အချာ အမှတ်ပေါင်း ငါးရာ့ငါးဆယ်မှာ တောက်ပလာပြီး ၎င်းတို့အတွင်းမှ နွားနတ်ဆိုး စွမ်းအားများမှာ ဟုန်းခနဲ ပေါက်ကွဲထွက်လာတော့သည်။

ချန်ကျီရှင်းသည် လပြည့်ဝန်းအလား လက်သီးကို ဝိုင်းလိုက်ပြီး အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ဒိုင်း…

လက်သီးနှစ်ခု ချက်ချင်း တိုက်မိသွားကြရာ ကမ္ဘာပျက်မတတ် အပြင်းထန်ဆုံးသော အားပြိုင်မှုကြီး ဖြစ်ပေါ်သွားတော့သည်။ ထိတ်လန့်ဖွယ်ရာ တုန်ခါမှုလှိုင်းများသည် ထိတွေ့သည့်နေရာမှ တစ်ဆင့် ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားပြီး မိုးကြိုးကန်အထက်ရှိ လေဟာနယ်တစ်ခုလုံးကို ဖုန်မှုန့်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။

မြေပြင်မှာ ရူးသွပ်စွာ တုန်ခါနေပြီး ဟင်းလင်းပြင်ကြီးမှာလည်း အက်ကြောင်းများ အဆက်မပြတ် ပေါ်ပေါက်နေတော့သည်။

ဤရိုက်ခတ်မှု လှိုင်းဒဏ်ကြောင့် မိုးကြိုးဂိုဏ်း၏ တောင်ထိပ်ငါးခုမှာ မြေပြင်နှင့် တစ်ပြေးညီ ဖြစ်သွားလုနီးပါးပင်။ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်း၏ အစီအရင်တစ်ခုလုံးမှာလည်း ဤတုန်ခါမှုလှိုင်းကို ဖိနှိပ်ရန်အတွက် ချက်ချင်း အသက်ဝင်လာခဲ့သည်။

ဒုတ် ဒုတ် ဒုတ်။

နှင်းကဲ့သို့ ဖြူစင်သော ပုံရိပ်တစ်ခုမှာ နောက်သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ကျရောက်သွားသည်။ ခြေထောက်များမှာ မြေပြင်ပေါ်တွင် ရှည်လျားသော အက်ကြောင်းများ ဖြစ်ပေါ်သွားသည်အထိ နောက်သို့ ဆွဲပါသွားခဲ့သည်။ ပေတစ်ထောင်ခန့်အထိ ရောက်သွားပြီးမှသာ ချန်ကျီရှင်းမှာ ရပ်တန့်သွားတော့သည်။

"ဒါက နိဗ္ဗာန်နနယ်ပယ်ရဲ့ စွမ်းအားလား တကယ်ပဲ သန်မာတာပဲ"

ချန်ကျီရှင်းက သူ၏ နှုတ်ခမ်းထောင့်မှ စိမ်းကားသော သွေးစများကို အသာအယာ သုတ်လိုက်ပြီး အဝေးမှ လီဟွာထျန်းကို မော့ကြည့်လိုက်သည်။ သူ၏ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားရ၏။ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်သို့ သူရောက်ရှိပြီးကတည်းက ဒဏ်ရာရရှိခဲ့ခြင်း မရှိသည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။

၎င်းမှာ သူ၏ ခိုင်မာလှသော ခန္ဓာကိုယ် အကာအကွယ်ကို ဖောက်ထွင်း၍ ဒဏ်ရာရအောင် ပြုနိုင်သူ ပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်းပင်။

လီဟွာထျန်းသည် နိဗ္ဗာန်နနယ်ပယ်၏ အနိမ့်ဆုံးအဆင့်တွင်သာ ရှိသေးသော်လည်း ခွန်အားပိုင်း၌မူ လွန်ခဲ့သောအချိန်က နိဗ္ဗာန်နနယ်ပယ်တစ်ဝက်အဆင့်ဟု ဆိုကြသော မုန့်မိသားစု၏ ကိုးယောက်မြောက်သားထက် အဆပေါင်းများစွာ သာလွန်သည်။

စင်မြင့်မြင့်ထက်တွင်မူ လီဟွာထျန်းသည် လုံးဝကြေမွသွားသော သူ၏လက်သီးကို တစ်ချက်မျှ အကဲခတ်လိုက်ပြီးနောက် လက်ကို ကျောနောက်သို့ သာသာလေး ပြန်လည်ပို့ဆောင်လိုက်သည်။ ချန်ကျီရှင်း၏ အံ့ဩတုန်လှုပ်မှုထက် လီဟွာထျန်း၏ ရင်ထဲ၌ ဖြစ်ပေါ်နေသော တုန်လှုပ်မှုမှာ သာ၍ပင် ပြင်းထန်နေတော့သည်။

"ဒီသူငယ်က စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၆ မှာပဲ ရှိသေးတာကို နိဗ္ဗာန်နနယ်ပယ်ကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်နေပြီ။ တကယ်လို့ သူသာ နိဗ္ဗာန်နနယ်ပယ်ကို တက်လှမ်းသွားရင် ဘယ်သူက သူ့ကို ထိန်းချုပ်နိုင်တော့မှာလဲ"

လီဟွာထျန်း၏ မျက်နှာသည် ချက်ချင်းဆိုသလို အေးစက်ခက်ထန်သွားတော့သည်။ အကယ်၍ ဤသူငယ်ကို ယနေ့တွင် အမြစ်ပြတ် မရှင်းလင်းနိုင်ခဲ့ပါက အနာဂတ်တွင် နိဗ္ဗာန်နနယ်ပယ်သို့ ရောက်ရှိသွားသည့်အခါ ကြီးမားလှသော အန္တရာယ်ကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

ထိုခဏချင်းမှာပင် နိဗ္ဗာန်နနယ်ပယ်၏ စွမ်းအားများ တိတ်တဆိတ် ပေါ်ထွက်လာပြီး လီဟွာထျန်း၏ ကြေမွသွားသော လက်သီးမှာ ချက်ချင်းပင် ပြန်လည်ကောင်းမွန်သွားခဲ့သည်။ သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ဧရာမ လက်ဝါးကြီးဖြင့် ချန်ကျီရှင်းအား အားပါပါ လှမ်းဖမ်းလိုက်ပြန်သည်။

"မင်းရဲ့ ခွန်အားက အံ့ဩစရာပါပဲ။ ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းရဲ့ ကျင့်ကြံချိန်က တိုတောင်းလွန်းသလို ကျင့်ကြံမှု အဆင့်အတန်းကလည်း အားနည်းလွန်းနေသေးတာပဲ"

"ဟုတ်လို့လား"

နိဗ္ဗာန်နနယ်ပယ်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ချန်ကျီရှင်းသည် အသံရှည်ကြီး အော်ဟစ်လိုက်ပြီး အထက်သို့ ထိုးတက်သွားခဲ့သည်။

လေဟာနယ်ထဲတွင် ချန်ကျီရှင်း၏ ဆံပင်နက်များသည် ရူးသွပ်စွာ ရှည်ထွက်လာပြီး ဖနောင့်အထိ ရောက်ရှိသွားတော့သည်။ သူ၏ အရေပြားပေါ်တွင်လည်း နက်မှောင်သော ကျမ်းစာသားများ အစီအရီ ပေါ်လာခဲ့သည်။

သူ၏ မျက်လုံးထဲ၌မူ မျက်သူငယ်အိမ်များသည် နက်မှောင်သောသင်္ကေတအဖြစ် ပြောင်းလဲသွားသည်။ ချန်ကျီရှင်းသည် သူ၏ လက်ချောင်းငါးချောင်းတွင် မိုးကြိုးများကို ထည့်သွင်းလိုက်ပြီး မလှုပ်မယှက် တောက်ပသော ဘုရင်ကျမ်းစာကို အထွတ်အထိပ်အထိ လည်ပတ်

လိုက်တော့သည်။

ဘုန်း ဘုန်း ဘုန်း…

ဘုန်း ဘုန်း ဘုန်း….

ခဏချင်းမှာတင် ချန်ကျီရှင်းနှင့် လီဟွာထျန်းတို့သည် အပြန်အလှန် တိုက်ကွက်ပေါင်း ဒါဇင်နှင့်ချီ၍ ဖလှယ်လိုက်ကြသည်။ နှစ်ဦးစလုံးသည် ပွင့်ပွင့်လင်းလင်းနှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြခြင်းပင်။

လက်သီးတစ်ချက်၊ ခြေကန်ချက် တစ်ချက်တိုင်းသည် အားပါလွန်းလှသဖြင့် ကောင်းကင်ကြီးတစ်ခုလုံး မြည်ဟည်းနေပြီး တစ်ကမ္ဘာလုံး အပိုင်းပိုင်းပြတ်ကာ ပတ်ဝန်းကျင်တစ်ခုလုံး ပရမ်းပတာများ ဖြစ်ကုန်တော့သည်။

"ဘာ... ဘာလဲ"

"ဘုရားရေ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်က နိဗ္ဗာန်နနယ်ပယ်ကို ယှဉ်တိုက်နေတာလား"

မျက်တောင်တစ်ခတ်အတွင်းမှာပင် မရေတွက်နိုင်သော မိုးကြိုးဂိုဏ်းသားများက ဤမြင်ကွင်းကို ကြည့်ရင်း အံ့ဩလွန်းသဖြင့် မျက်လုံးများပင် ပြူးထွက်မတတ် ဖြစ်ကုန်ကြသည်။

"ဒါ... ဒါက..."

ချန်ကျီရှင်း သေဆုံးရတော့မည်ဟု အစက ထင်မှတ်ထားခဲ့သော မိုးတိမ်နတ်သမီးသည်လည်း သူမ၏ လှပသောမျက်လုံးများကို အစွမ်းကုန် ပြူးကြည့်ရင်း ပါးစပ်ကလေး အဟောင်းသားဖြင့် မယုံနိုင်စရာ မြင်ကွင်းကို ငေးမောနေမိတော့သည်။

ရှေးယခင်မှစ၍ အဆုံးမဲ့လှသော နှစ်ပေါင်းများစွာအတွင်း အရှေ့ဘက် နက်နဲသောနယ်မြေတွင် ပါရမီရှင် ထူးချွန်သူများစွာ ပေါ်ထွန်းခဲ့ဖူးသော်လည်း စစ်မှန်သောကိုယ်ပိုင်နယ်ပယ်မှနေ၍ နိဗ္ဗာန်နနယ်ပယ်သို့ ပြန်လည်တိုက်ခိုက်နိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးချေ။

နိဗ္ဗာန်နနယ်ပယ်အား ပြန်လည်ခုခံရန်မှာ ဝေလာဝေး နိဗ္ဗာန်နနယ်ပယ်ရှင်၏ တိုက်ကွက်သုံးကွက်အောက်တွင် အသက်ရှင်ကျန်ရစ်သူဟူ၍ပင် ရှေးဟောင်းသမိုင်းတစ်လျှောက်၌ လက်ချိုးရေတွက်၍ ရလောက်အောင်ပင် နည်းပါးသည်။

တောင်နံရံတစ်ခုပေါ်တွင်မူ အရိုးအဆစ်များ ကျိုးကြေပျက်စီးကာ ပြင်းထန်သောဒဏ်ရာများ ရရှိထားသည့် စီကုန်းနန်သည် ကောင်းကင်ဘုံမှ ရတနာဆေးဖက်ဝင်ပစ္စည်းများကို ပါးစပ်ထဲသို့ အတင်းအဓမ္မ ထိုးထည့်နေရင်း ချန်ကျီရှင်းနှင့် လီဟွာထျန်းတို့၏ အဆက်မပြတ် တိုက်ခိုက်နေမှုကို မော့ကြည့်နေမိသည်။

ပရမ်းပတာဖြစ်နေသော ထိုစစ်တလင်းပြင်ကြီးကို ကြည့်ရင်း သူ၏ရင်ထဲ၌ တစ်ခါမျှ မခံစားဖူးသော အေးစိမ့်သည့် ထိတ်လန့်မှုများ ဝင်ရောက်လာခဲ့သည်။

ချန်ကျီရှင်း၏ အစွမ်းအစများ ပိုမိုထင်ရှားလာလေလေ သူ၏စိတ်ထဲ၌ မလုံမလဲ ဖြစ်လာလေလေပင်။ စီကုန်းမျိုးနွယ်စုသည် တူကူးနီ၏ ရန်သူတော်ဖြစ်ပြီး တူကူးနီ၏ မျိုးနွယ်စုတစ်ခုလုံးကို ချေမှုန်းခဲ့သူများ ဖြစ်သည်။

"တကယ်လို့သာ အနာဂတ်မှာ ချန်ကျီရှင်း ကြီးထွားလာခဲ့ရင် တူကူးနီအတွက် လက်စားချေပေးဖို့ သူက ဘယ်လိုလုပ် ငြိမ်နေမှာလဲ"

"ဒီနေ့... ငါတို့ ဘယ်လိုနည်းနဲ့မဆို ချန်ကျီရှင်းကို ဒီမှာတင် အဆုံးသတ်ရမယ်"

လီဟွာထျန်းအနေဖြင့် ချန်ကျီရှင်းအား သတ်ဖြတ်ရန် စီကုန်းနန်က လှမ်း၍ပြောဆိုရန် ပြင်လိုက်စဉ်မှာပင်

"စီကုန်းမျိုးနွယ်စုရဲ့ သွေးကြွေးကို မင်းဆီကနေ အရင်စပြီး တောင်းရတော့မယ်"

အလွန်တည်ငြိမ်အေးစက်သော အဘိုးအိုတစ်ဦး၏ အသံက ဟိန်းထွက်လာခဲ့သည်။ စီကုန်းနန်သည် ထိတ်လန့်တကြား ခေါင်းလှည့်ကြည့်လိုက်ရာ

"ကောင်းကင်ချုပ်နှောင် လခြမ်းဓားချက်"

ခဏချင်းမှာပင် သေခြင်းတရား၏ အငွေ့အသက်များ ပြည့်နှက်နေသော နက်မှောင်နီရဲသည့် ခန့်ညားလှသော ဓားအလင်းတန်းကြီးသည် ဟိတ်ဟန်ကြီးမားစွာဖြင့် ရှေ့သို့ ဝှေ့ယမ်းလာတော့သည်။

ကောင်းကင်ယံထက်တွင်မူ

"မင်း ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"

လီဟွာထျန်း၏ မျက်နှာသည် အေးစက်တည်ငြိမ်နေပြီး အမျိုးမျိုးသော မိုးကြိုးကျင့်စဉ်များကို အဆက်မပြတ် ထုတ်လွှတ်ကာ ချန်ကျီရှင်းအား နောက်သို့ တစ်လှမ်းချင်း ဆုတ်ခွာသွားအောင် ဖိအားပေးနေသည်။

ထိုအချိန်တွင်

"မလုပ်နဲ့"

ရင်ကွဲမတတ် အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ လီဟွာထျန်းသည် တိုက်ခိုက်နေမှုကို ခေတ္တရပ်တန့်ကာ စီကုန်းနန်ရှိရာသို့ ငုံ့ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

နက်မှောင်၍ နီရဲသော ဓားအလင်းတန်းကြီးသည် ကျယ်ပြောလှသော ကောင်းကင်ယံကို နှစ်ပိုင်းပိုင်းဖြတ်ကာ စီကုန်းနန်ထံသို့ ကျဆင်းသွားသည်ကို သူ မြင်လိုက်ရခြင်းပင်။ ဒဏ်ရာပြင်းထန်နေသော စီကုန်းနန်မှာမူ သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပါ နှစ်ခြမ်းကွဲလုနီးပါး ဖြစ်သွားကာ အသည်းအသန် တောင့်ခံနေရရှာသည်။

"တောက်"

လီဟွာထျန်းသည် ချက်ချင်းပင် ဒေါသအမျက် ချောင်းချောင်းထွက်သွားတော့သည်။ အကယ်၍ စီကုန်းနန်သာ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းတွင် သေဆုံးသွားခဲ့ပါက စီကုန်းမျိုးနွယ်စု၏ ဒေါသကို သူ မည်သို့မျှ ရင်ဆိုင်နိုင်မည် မဟုတ်ချေ။ လီဟွာထျန်းသည် စီကုန်းနန်အား ကယ်ဆယ်ရန် ရှေ့သို့ တစ်လှမ်းတိုးလိုက်စဉ်

"ဘယ်ကို သွားမလို့လဲ"

ချန်ကျီရှင်းက ပြုံးလိုက်ပြီး မြေပြင်ကျုံ့ကျင့်စဉ်ကို သုံးကာ လီဟွာထျန်း၏ ရှေ့တွင် ချက်ချင်း ပိတ်ရပ်လိုက်သည်။

"မင်း သေချင်နေတာပဲ"

လီဟွာထျန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။

"မိုးကြိုးအကျဉ်းထောင် နတ်ဘုရားဓား"

သူသည် ဟင်းလင်းပြင်ထဲသို့ လက်လှမ်းကာ နက်မှောင်သော လျှပ်စီးတန်းများစွာကို ဆွဲထုတ်လိုက်ပြီး ရှည်လျားသော ဓားတစ်လက်အဖြစ် ပုံဖော်ကာ ချန်ကျီရှင်းထံသို့ ပိုင်းချလိုက်တော့သည်။

"နတ်ဘုရားရုပ်ထု ပျံသန်းသော နတ်ဘုရားသားတော်"

ချန်ကျီရှင်းသည်လည်း ဟင်းလင်းပြင်ထဲသို့ လက်လှမ်းလိုက်ပြီး သိုလှောင်လက်စွပ်အတွင်းမှ ထွက်ပေါ်လာသော စိမ်းပြာရောင် ငှက်ရောင်စုံဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။

ချန်ကျီရှင်း၏ နောက်ကွယ်တွင် အဆုံးမဲ့သော နတ်ဘုရားအလင်းတန်းများ ဟုန်းခနဲ ပေါ်ထွက်လာပြီး မြူနှင်းများအဖြစ် ပြောင်းလဲသွားသည်။ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ကာ ဓားတစ်လက်ကို ကိုင်စွဲထားသည့် ဝေဝါးသော ပုံရိပ်ကြီးတစ်ခု ချန်ကျီရှင်း၏ နောက်တွင် ပေါ်လာခဲ့သည်။

ထိုအဖြူရောင်ပုံရိပ်ကြီးမှာ နတ်ဘုရားအလင်းတန်းများ ဖုံးလွှမ်းနေသဖြင့် မျက်နှာကို ရှင်းလင်းစွာ မမြင်ရသော်လည်း လူ့လောကသို့ ဆင်းသက်လာသည့် အနှိုင်းမဲ့ ဓားနတ်ဘုရားသားတော်တစ်ပါးအလား ခန့်ညားသည်။

ထိုပုံရိပ်ကြီးသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ရာ ချန်ကျီရှင်းနှင့် ထပ်တူကျသော မျက်နှာတစ်ခု ပေါ်ထွက်လာတော့သည်။

"ပျံသန်းသော နတ်ဘုရားဓား"

အဖြူရောင်ပုံရိပ်ကြီးသည် ဓားကို အောက်သို့ ဝှေ့ယမ်းလိုက်သည်။ ခဏချင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီ မရေတွက်နိုင်သော ဓားအရှိန်အဝါများမှာ နေရာအနှံ့တွင် ယှက်နွယ်နေတော့သည်။

ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းတစ်ခုလုံးရှိ ဓားကိုင်ဆောင်ထားသူ အားလုံး၏ ဓားများသည်လည်း အလိုအလျောက် အိမ်ပြင်သို့ ထွက်ပေါ်လာကြပြီး ကောင်းကင်ယံရှိ တစ်နေရာတည်းသို့ စုရုံး၍ ရောက်ရှိလာကြသည်။

ကျယ်ပြောလှသော ကောင်းကင်ကြီးမှာ ဓားအရှိန်အဝါများ ပြည့်နှက်နေသည့် ပင်လယ်ပြင်ကြီးအလား ဖြစ်သွားတော့သည်။ ဓားအရှိန်အဝါများမှာ ရူးသွပ်စွာ တိုက်ခတ်နေပြီး မြေပြင်မှာလည်း အက်ကြောင်းများ ပေါ်ပေါက်နေ၏။

ပြင်းထန်လှသော ဓားဖိအားကြောင့် မိုးကြိုးဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲများမှာ ဒူးများညွှတ်ကာ ဒူးထောက်လုနီးပါး ဖြစ်သွားကြရသည်။

ထို့နောက် ထိတ်လန့်တုန်လှုပ်နေသော အကြည့်များစွာ၏ ရှေ့မှောက်တွင် ထိုဓားအရှိန်အဝါများနှင့် ပျံသန်းနေသော ဓားများအားလုံးသည် တစ်ခုတည်းအဖြစ် စုစည်းသွားပြီး သမိုင်းတစ်လျှောက် မကြုံစဖူးသော ပျံသန်းသော နတ်ဘုရားဓားကြီးအဖြစ် ပေါ်ထွက်လာတော့သည်။

ဝုန်း….

မြင့်မားလှသော ကောင်းကင်ယံကြီးမှာ ထိုဓားကြောင့် နှစ်ခြမ်းကွဲသွားပြီး ပင်လယ်ကို ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်သွားရသည်။ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းတစ်ခုလုံးကို ကာကွယ်ထားသော အစီအရင်ကြီးပေါ်တွင်ပင် သေးငယ်သော အက်ကြောင်းများ ပေါ်ပေါက်လာခဲ့သည်။

"ဒါ... ဒါက ဘာလဲ"

လီဟွာထျန်း၏ မျက်သူငယ်အိမ်များမှာ ကျုံ့ဝင်သွားပြီး သူ၏မျက်နှာမှာ အစွန်းကုန် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

ဘုန်း….

နားကွဲမတတ် ပေါက်ကွဲသံကြီးနှင့်အတူ ပျံသန်းသော နတ်ဘုရားဓား၏ အလင်းတန်းသည် ခုခံနေသော လီဟွာထျန်းအား ချေမှုန်းကာ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်း၏ အတွင်းပိုင်းအထိ ထိုးဖောက်ကာ ဝင်ရောက်သွားတော့သည်။

ချန်ကျီရှင်းမှာမူ ဓားချက်၏ ရလဒ်ကို တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ စိမ်းပြာရောင် ငှက်ရောင်စုံဓားကို သိုလှောင်လက်စွပ်အတွင်းသို့ အမြန်ပြန်ထည့်လိုက်သည်။ သူ၏ ညာလက်ထဲတွင်မူ ရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့တစ်ခု ပေါ်လာခဲ့၏။

"သွားပြီနော်"

ချန်ကျီရှင်းက အဆောင်လက်ဖွဲ့ကို ချေဖျက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်ရာ မမြင်ရသော ဧရာမလက်ဝါးကြီးနှစ်ခုသည် စီကုန်းနန်ကို သတ်ဖြတ်ပြီးစ တူကူးနီနှင့် မှင်တက်နေသော ရှန်းယန်တို့ကို ချက်ချင်း လှမ်းဖမ်းလိုက်

တော့သည်။

ထိုမမြင်ရသော လက်ဝါးကြီးများသည် တူကူးနီနှင့် ရှန်းယန်တို့ကို ချန်ကျီရှင်း၏ ဘေးနားသို့ အမြန်ဆွဲခေါ်လိုက်ကြသည်။

နောက်တစ်ခဏတွင် ချန်ကျီရှင်း၏ ခြေဖဝါးအောက်မှနေ၍ အလင်းတိုင်ကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားတော့သည်။

အခန်း။ ၂၂၆

“မြန်မြန်... သူ့ကို တားကြစမ်း”

ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာမှ လီဟွာထျန်း၏ ဒေါသတကြီး အော်ဟစ်သံကြီးမှာ ဟိန်းထွက်လာခဲ့သည်။ သူ၏ အသံထဲတွင် အဆုံးစွန်သော အမျက်ဒေါသများ ပြည့်နှက်နေ၏။

မိုးကြိုးဂိုဏ်း၏ အကြီးအကဲများသည် ထိုအသံကို ကြားရမှပင် အိပ်မက်မှ နိုးလာသကဲ့သို့ သတိဝင်လာကြပြီး တုန်တုန်ရီရီဖြင့် ကောင်းကင်သို့ ထိုးတက်နေသည့် အလင်းတိုင်ကြီးဆီသို့ အပြေးအလွှား ပျံသန်းသွားကြတော့သည်။

ရှုး….

ကောင်းကင်ယံသို့ တိုင်အောင် ထိုးတက်နေသည့် ထိုစူးရှသော အလင်းတိုင်ကြီးသည် လျင်မြန်စွာပင် ကျုံ့ဝင်သွားပြီးနောက် နောက်ဆုံးတွင် အလင်းတန်းတစ်ခုအဖြစ် ကွေးညွတ်ကာ ကျယ်ပြောလှသော ကောင်းကင်ပြာကြီးထဲသို့ တိုးဝင်၍ ပျောက်ကွယ်သွားခဲ့သည်။

ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်း၏ အကြီးအကဲများသည် ဟင်းလင်းပြင်ထဲတွင် ရပ်နေကြရင်း တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်ဝန်းများထဲ၌ မရေရာသော ထိတ်လန့်မှုများ အရိပ်အယောင် ထင်ဟပ်နေကြသည်။

“သူ ဘယ်မှာလဲ”

လီဟွာထျန်းသည် မိုးကြိုးဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာမှ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သူ၏ မျက်နှာမှာ အစွန်းကုန် ခက်ထန်နေ၏။ လူတိုင်းက လီဟွာထျန်းထံသို့ အကြည့်များ အမြန်ပို့လိုက်ကြရာတွင် သူတို့၏ မျက်စိသူငယ်အိမ်များမှာ ထိတ်လန့်မှုကြောင့် ကျုံ့ဝင်သွားကြရသည်။

မြင်တွေ့လိုက်ရသည်မှာ လီဟွာထျန်းသည် ဆံပင်ဗရပွ၊ အဝတ်အစားများ စုတ်ပြဲနေပြီး ဘေးသို့ တွဲလောင်းကျနေသော သူ၏ လက်နှစ်ဖက်မှာလည်း သွေးချင်းချင်းနီကာ ဖြူဖွေးသော အရိုးများပင် ပေါ်ထွက်နေခြင်းပင်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မိုးကြိုးဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများမှာ ထိတ်လန့်တကြား အချင်းချင်း ကြည့်လိုက်မိကြသည်။

"ခန့်ညားတဲ့ နိဗ္ဗာန်နနယ်ပယ် ကျင့်ကြံသူကြီး ဂိုဏ်းချုပ်ကိုယ်တိုင်တောင် ချန်ကျီရှင်းနဲ့ တိုက်ရင်း ဒဏ်ရာရသွားတာလား။ ဒါက ဘယ်လောက်တောင် အဓိပ္ပာယ်မရှိတဲ့ ကိစ္စလဲ"

“သူ ဘယ်မှာလဲလို့ ငါမေးနေတယ်လေ မင်းတို့ အားလုံးကို ငါမေးနေတာ”

မည်သူမျှ ပြန်မဖြေသည်ကို မြင်သောအခါ လီဟွာထျန်း၏ အသံမှာ ပို၍ နက်ရှိုင်းသွားပြီး ပြင်းထန်စွာ ဟောက်လိုက်တော့သည်။ အကြီးအကဲအားလုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်နေကြသော်လည်း မည်သူမျှ စကားမဟရဲကြချေ။

လီဟွာထျန်း၏ မျက်နှာမှာ ပို၍ခက်ထန်လာပြီးနောက် နဖူးတွင် မှည့်ပါသော အကြီးအကဲတစ်ဦးက နောက်ဆုံးတွင်မှ အသည်းအသန် သတိထားကာ တိုးတိုးလေး လျှောက်တင်လိုက်ရသည်။

“ဂိုဏ်းချုပ်... ဂိုဏ်းချုပ်ကို တင်ပြပါတယ်။ ကျွန်တော်တို့ သူ့ကို မတားနိုင်ခဲ့လို့ သူ ထွက်ပြေးသွားပါပြီ.....”

ဖြောင်း…

လက်ပြန်ရိုက်ချက် တစ်ချက်သည် ထိုအကြီးအကဲအား နောက်သို့ လွင့်ထွက်သွားစေသည်။

“အသုံးမကျတဲ့ အလကားလူတွေ”

လီဟွာထျန်း၏ မျက်နှာမှာ သံချေးတက်နေသကဲ့သို့ မည်းမှောင်နေပြီး သူ၏ ဘေးနားရှိ လက်ဝါးပုံသဏ္ဌာန် ကျင်းကြီးကို ကြည့်ကာ မျက်ဝန်းများမှာလည်း သွေးကျမတတ် စူးရှနေတော့သည်။

ထူးချွန်ထက်မြက်လှသော ပါရမီရှင် ခုနစ်ဦးမှာ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းအတွင်း သေဆုံးသွားခဲ့ကာ ထိုလူခုနစ်ဦး၏ နောက်ကွယ်မှ အင်အားစုများက မည်မျှပင် ပြင်းထန်သော ဒေါသများ ပေါက်ကွဲလာမည်ကို သူ တွေးကြည့်စရာပင် မလိုတော့ချေ။

ထိုခုနစ်ဦးမှာ သူတို့၏ မိသားစုများကို ပြန်လည် နိုးထစေမည့် မျှော်လင့်ချက်များပင်။ သက်

ရှည်စာရင်း သို့မဟုတ် ထိပ်သီးစာရင်းများကို ထားလိုက်ဦး သူတို့သည် နိဗ္ဗာန်နနယ်ပယ်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေး အရှိဆုံးသူများ ဖြစ်ကြသည်။

ယခုမူ ထိုခုနစ်ဦးလုံး မိုးကြိုးဂိုဏ်း၌ အသက်ပျောက်သွားကြရသည်။ ထိုအထဲတွင် အရေးကြီးဆုံးမှာ စီကုန်းနန်၏ သေဆုံးမှုပင်။ လော့ချင်းထျန်တို့ကဲ့သို့ လူများ၏ နောက်ကွယ်မှ အင်အားစုများက မိုးကြိုးဂိုဏ်းနှင့် အဆင့်တူလောက်သာ ရှိသဖြင့် သူတို့ ပြဿနာလာရှာလျှင်ပင် သူ သိပ်မကြောက်သော်လည်း စီကုန်းမိသားစုမှာမူ...

“လူတွေ လာကြစမ်း”

အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် လီဟွာထျန်းက မျက်ဝန်းများ အရောင်တောက်လျက် အမိန့်ပေးလိုက်သည်။

“ပထမဆုံးအနေနဲ့ စီကုန်းမိသားစု၊ တောရိုင်းတာအိုဂိုဏ်း၊ နတ်ဘုရားတံခါး ဓားဂိုဏ်းနဲ့ တခြားသော အင်အားစုတွေဆီကို ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို အမှန်အတိုင်း သတင်းပို့ကြ။ ပြီးတော့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဆွေးနွေးဖို့ သူတို့ကို ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းကို ဖိတ်ကြားလိုက်”

“ဒုတိယအချက်အနေနဲ့ အဲဒီ အင်အားစု ခုနစ်ခုနဲ့ ပေါင်းပြီးတော့ ချန်ကျီရှင်းကို ဖမ်းဆီးဖို့အတွက် ကျားအဆင့်အမိန့်ထုတ်ပြန်ပေးဖို့ စီကုန်းမိသားစုကို တောင်းဆိုကြ”

သူ၏ စကားအဆုံးတွင် လီမီသားစုမှ အကြီးအကဲများသည် ချက်ချင်းပင် ခေါင်းညိတ်ကာ မနှောင့်နှေးရဲတော့ဘဲ အလင်းတန်းများအဖြစ် ပြောင်းလဲကာ အရပ်လေးမျက်နှာသို့ ပျံသန်းထွက်ခွာသွားကြတော့သည်။

လူတိုင်း သိရှိနားလည်ထားကြသည်မှာ ဟွိုင်ကျိုးနယ်မြေတွင် ကြီးကျယ်သော အဖြစ်အပျက်ကြီးတစ်ခု မကြာမီ ဖြစ်ပွားတော့မည်ဟူ၍ပင်။

...

...

တစ်ချိန်တည်းမှာပင် ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းနှင့် မိုင်ပေါင်းတစ်ထောင်ခန့် ဝေးကွာသော တောရိုင်းဒေသတစ်ခုတွင်...

ရှူး

တြိဂံပုံဦးခေါင်းရှိသော မြွေဟောက်တစ်ကောင်သည် တစ်စုံတစ်ခုကို အာရုံခံမိသကဲ့သို့ ခေါင်းကိုမော့၍ ကြည့်လိုက်သည်။ ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် ဝဲကရက်တစ်ခု ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။ နောက်တစ်ခဏ၌ ထိုဝဲကရက်အတွင်းမှ လူပုံရိပ်သုံးခု ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ ပြုတ်ကျလာတော့သည်။

ရှူး... ရှူး... ရှူး

တြိဂံခေါင်းနှင့် မြွေဟောက်သည် လျှာကိုတထုတ်ထုတ်လုပ်ကာ ပြင်းထန်သော သတိပေးသံများ ပြုလုပ်နေသည်။

“ဘာကို အသံပေးနေတာလဲ။ ဒီကောင်စုတ်လေးက... လစ်စမ်း”

တူကူးနီက ထိုမြွေကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ပြီးနောက် ဘေးနားရှိ မျက်နှာအနည်းငယ် ဖြူလျော်နေသော ချန်ကျီရှင်းကို လှည့်ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

“တတိယသခင်လေး... အဆင်ပြေရဲ့လား”

“ငါ အဆင်ပြေပါတယ်"

ချန်ကျီရှင်းက လက်ကို ဝေ့ယမ်းပြလိုက်ပြီးနောက် ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းရှိရာ အရပ်မျက်နှာသို့ လှည့်ကြည့်ကာ သူ၏ မျက်ဝန်းကျဉ်းကျဉ်းလေးများကို အနည်းငယ် မှေးလိုက်သည်။

“တကယ်ပဲ... နိဗ္ဗာန်နနယ်ပယ်ဆိုတာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်က သွားပြီး ရန်စလို့ရတဲ့ အရာမျိုး မဟုတ်ဘူးပဲ။ လီဟွာထျန်းရဲ့ ကျင့်ကြံမှုက နိဗ္ဗာန်နနယ်ပယ်ရဲ့ အနိမ့်ဆုံးအဆင့်မှာပဲ ရှိသေးတာတောင်မှ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ရဲ့ အသန်မာဆုံးလူထက် အများကြီး သာလွန်နေတုန်းပဲ။ အခုချိန်မှာတော့ ငါ သူ့ကို အနိုင်မတိုက်နိုင်သေးဘူး"

“ငါက အားနည်းနေသေးတာပဲ"

ချန်ကျီရှင်း၏ တစ်ကိုယ်တည်း ရေရွတ်သံကို ကြားလိုက်ရသောအခါ တူကူးနီက မချီးကျူးဘဲ မနေနိုင်တော့ချေ။

“တတိယသခင်လေးရာ... သခင်လေးက စစ်မှန်သောကိုယ်ပိုင်နယ်ပယ် အဆင့် ၆ မှာပဲ ရှိသေးတာကို လီဟွာထျန်းနဲ့ အကြိတ်အနယ် ယှဉ်တိုက်နိုင်ပြီး အရှုံးမပေးခဲ့တာက သမိုင်းတစ်လျှောက်မှာ မရှိဖူးတဲ့ စံချိန်ပဲလေ”

ရှန်းယန်ကလည်း သူ၏ခေါင်းကို ကုတ်ရင်း ဆွံ့အစွာဖြင့် ပြောလိုက်သည်။

“တတိယသခင်လေးက... ဒီလောက်အစွမ်းထက်တာကို အားနည်းတယ်လို့ ပြောနေတာလားဗျာ.....”

ချန်ကျီရှင်းက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ ဤတိုက်ပွဲ၏ အခြေအနေအစစ်အမှန်ကို သူတစ်ဦးတည်းသာ သိရှိသည်။ ကြည့်ရသည်မှာ လီဟွာထျန်းနှင့် အဆင့်တူ ယှဉ်တိုက်နိုင်ခဲ့သည်ဟု ထင်ရသော်လည်း တကယ်တမ်း၌ တိုက်ပွဲသာ ဆက်ဖြစ်နေပါက သူ ရှုံးနိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

အကြောင်းပြချက်မှာ ရိုးရှင်းသည်။

နိဗ္ဗာန်နဟူသည်မှာ သေရာမှ ပြန်လည်ရှင်သန်ခြင်းပင်။ နိဗ္ဗာန်နနယ်ပယ်၏ အကြီးမားဆုံးသော အစွမ်းမှာ ဒဏ်ရာများကို ချက်ချင်းပြန်လည် ကုသနိုင်ခြင်းနှင့် မသေနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းပင်။

နိဗ္ဗာန်နနယ်ပယ် ပထမအဆင့်တွင် ပြိုင်ဘက်ထက် ခွန်အားအဆမတန် သာလွန်နေပြီး တစ်ချက်တည်းနှင့် အသေသတ်နိုင်ခြင်း မရှိပါက နိဗ္ဗာန်နနယ်ပယ်ရှင်တစ်ဦးကို ပြင်ပအားဖြင့် သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ချန်ကျီရှင်းသည် များပြားလှသော နတ်ဘုရားကျင့်စဉ်များကို ပိုင်ဆိုင်ထားသဖြင့် စစ်မှန်သောကိုယ်ပိုင်နယ်ပယ်တွင် အနှိုင်းမဲ့ ဖြစ်နိုင်သော်လည်း နိဗ္ဗာန်နနယ်ပယ်ကို အပြီးတိုင် နှိမ်နင်းနိုင်

မည့် အသေအလဲ တိုက်ကွက်မျိုး မရှိသေးပေ။

ထို့ကြောင့် တိုက်ပွဲသာ ဆက်လက် ဖြစ်ပွားနေပါက စွမ်းအားများ ကုန်ခမ်းသွားသည့်အခါ ချန်ကျီရှင်းသည် လီဟွာထျန်း၏ လက်ချက်ဖြင့် အသက်ပျောက်သွားရပေလိမ့်မည်။

“ရှန်းယန်... ဒီတစ်ခါတော့ ငါက မင်းကို အိမ်ခြေရာမဲ့ဖြစ်အောင် ထပ်လုပ်မိပြန်ပြီ"

ချန်ကျီရှင်းက သူ၏ အတွေးများကို စုစည်းလိုက်ပြီး ရှန်းယန်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ ရှန်းယန်မှာ ခေတ္တမျှ မှင်တက်သွားပြီးမှ အားရပါးရ ရယ်မောလိုက်တော့သည်။

“ဘာတွေ ပြောနေတာလဲ တတိယသခင်လေးရာ။ ကျွန်တော့်အသက်က သခင်လေး ပေးထားတာပဲ။ ဒီလို ကိစ္စအသေးအမွှားလေးက ဘာစာနာစရာ ရှိလို့လဲ”

ခဏအကြာတွင် ရှန်းယန်က လေသံနှိမ့်၍ ရယ်ရင်း “ဒါ့အပြင် တတိယသခင်လေးနောက်ကို လိုက်ရတာက ဇီဝေချန်မျိုးနွယ်စုကြီးကို ကျောထောက်နောက်ခံ ရထားသလိုပဲလေ။ ဓာတ်ကြီးငါးပါး မိုးကြိုးဂိုဏ်းမှာ နေရတာထက် ပိုပြီး အလားအလာ မရှိဘူးလား။ ကျွန်တော့်ရဲ့ တွက်ကိန်းတွေကတော့ အတော်လေးကို မြန်ဆန်ပြီးသားပါ"

“မင်းရဲ့ တွက်ကိန်းတွေကတော့ တကယ်ကို ဆရာကျတာပဲ"

ချန်ကျီရှင်းက ထိုစကားကို ကြားသောအခါ မပြုံးဘဲ မနေနိုင်တော့ချေ။ အမှန်အတိုင်း ပြောရလျှင် သူသည် ရှန်းယန်၏ ပေါ့ပေါ့ပါးပါး နေတတ်သော စိတ်ဓာတ်ကို အတော်လေး သဘောကျသည်။

“ဒါကို ယူထားလိုက်ဦး။ အရင်ဆုံး ကျင့်ကြံနေနှင့်။ ငါ မျိုးနွယ်စုဆီ ပြန်တဲ့အခါ မင်း ငါနဲ့အတူ လိုက်ခဲ့လို့ ရတယ်"

All Chapters