ခွန်အားများကို စုစည်း၍ အစွမ်းကုန် ကြိုးစားခြင်း
Vol. 75 Ch. 783
နေနတ်ဘုရားက ဟင်းလင်းပြင်အတွင်း၌ မားမားမတ်မတ် ရပ်တည်နေပြီး သူ၏ နောက်ကျောဘက်တွင်မူ မီးပင်လယ်ကြီး ရှိနေသည်။
၎င်းမှာ သူပိုင်ဆိုင်သော ကမ္ဘာဖြစ်သလို သူကိုယ်တိုင်ပင် ဖြစ်သည်။
ယခုအချိန်တွင် နေနတ်ဘုရား ကမ္ဘာတစ်ခုလုံးကို လူသားဧကရာဇ် နန်းတော်၏ အပြင်ဘက်သို့ သူ သယ်ဆောင်လာခဲ့ပြီး ဤနယ်မြေတစ်ခုလုံးကို နေ၏ အူတိုင် အတွင်း၌ ပိတ်ဆို့ထားလိုက်ပြီ ဖြစ်သည်။
သူ့၏ ကိုယ်ပိုင်ကမ္ဘာအတွင်း ရပ်တည်နေသဖြင့် နေနတ်ဘုရား၏ စွမ်းအား မှာ တစ်ဖန် အဆပေါင်း ဒါဇင်နှင့်ချီ မြင့်တက်လာပြန်ရာ ကျွင်းချန်ချင်းနှင့် ယှဉ်လျှင်ပင် အားနည်းခြင်း မရှိတော့ပေ။
ဤနေရာမှာ သူ၏ အိမ်ကွင်း ဖြစ်သွားပြီ ဖြစ်သည်။
ယခုအချိန်တွင် နေနတ်ဘုရားက သူ၏ အားအကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေခြင်းပင်။
“ငါ ပြောခဲ့ပြီးပြီ”
“မင်းကို သတ်နိုင်တဲ့ နည်းလမ်းက တစ်ခုတည်း မဟုတ်ဘူး”
နေနတ်ဘုရား၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာသည်။ ယခုအချိန်တွင် သူက တကယ့် ရှေးဟောင်း နတ်ဘုရားတစ်ပါးအလားပင်။
သို့သော် ကျွင်းချန်ချင်းကမူ အစကကဲ့သို့ တည်ငြိမ်မနေတော့သော်လည်း ပျာယာခတ်ခြင်း မရှိသေးပေ။
“မင်း ပြောတာ မှန်တယ်”
“လုပ်တာလည်း တကယ် ကောင်းတယ်”
သူက အေးဆေးစွာ ပြောလိုက်သည်။ “ဒါပေမဲ့ မင်း အမြဲတမ်း လျစ်လျူရှုထားတဲ့ ပြဿနာ တစ်ခု ရှိတယ်”
“ဘာလို့ ကမ္ဘာ့အရှင် က ပြန်မလာတော့တာလဲ”
“ဘာလို့ ကျန်ရှိနေတဲ့ မူလဝိညာဉ်တွေ အားလုံးက ကိုယ့်ဘာသာ သေဆုံး ဖို့ ရွေးချယ်ခဲ့ကြပြီး မင်း တစ်ယောက်တည်းပဲ ကျန်နေခဲ့ရတာလဲ”
“မင်းက အစကတည်းက မှားနေတာ”
“ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် မင်း လိုချင်တဲ့ ရလဒ်ကို ရမှာ မဟုတ်ဘူး”
“ဘယ်လို နည်းနဲ့ဖြစ်ဖြစ် မင်း ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး”
သူ၏ လေသံမှာ အမှန်တရားတစ်ခုကို ရွတ်ဆိုနေသကဲ့သို့ တည်ငြိမ်လွန်းလှသည်။
သို့သော် နေနတ်ဘုရားကမူ သူ၏ စကားများနောက်သို့ ပါသွားမည် မဟုတ်ပေ။
“ဟုတ်လို့လား”
သူက အေးစက်စွာ ပြုံးလိုက်သည်။ “ဒါဆို စမ်းကြည့်တာပေါ့”
“ဒီနေ့ မင်း အရင်တစ်ခါလို အေးအေးဆေးဆေး ထွက်ပြေးနိုင်ဦးမလား ဆိုတာ ကြည့်ကြသေးတာပေါ့”
ပြောအပြီးတွင် သူက လက်ထဲမှ လှံရှည်ကို တစ်ဖန် ခါယမ်းလိုက်ရာ အရင်ကထက် ပိုမို ကြီးမားလှသော နေနတ်ဘုရား စွမ်းအားများမှာ သူ၏ ကိုယ်ပေါ်မှ လှိမ့်တက်လာပြီး ပတ်ဝန်းကျင်ရှိ မီးပင်လယ်အတွင်းသို့ တိုးဝင်သွားသည်။
ချက်ချင်းပင် မီးလျှံကမ္ဘာကြီး တစ်ခုလုံး သက်ဝင်လှုပ်ရှားလာတော့သည်။
အတိုင်းအဆမရှိသော နေနတ်ဘုရား စွမ်းအားများက ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း စွမ်းအားများနှင့်အတူ အရာအားလုံးကို လောင်ကျွမ်းစေကာ အရပ်မျက်နှာ အသီးသီးမှ ကျွင်းချန်ချင်း ရှိရာသို့ ရူးသွပ်စွာ တိုးဝင်သွားကြသည်။
ထိုစွမ်းအားမှာ ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်လှသည်။
ရှေ့တွင် ရှိနေသော ထိုက်ချန်ကျိကျွင်းတို့မှာ သူတို့၏ ခွန်အားဖြင့် ထိုဖျက်ဆီးခြင်းကို တားဆီးရန် ကြိုးစားကြသည်။
သို့သော် ကျွင်းချန်ချင်း၏ ကောင်းချီး ရထားသည့်တိုင်အောင် နေတစ်စင်းလုံး၏ ရှေ့တွင်မူ သူတို့က အလွန်ပင် သေးငယ်လွန်းလှသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ် ထက်ဝက်ခန့်မှာ လောင်ကျွမ်းသွားပြီး ဝိညာဉ်များပင် အချိန်မီ မလွတ်မြောက်နိုင်တော့ပေ။
မတတ်သာသည့်အဆုံး ကျွင်းချန်ချင်းက သူကိုယ်တိုင် သူတို့၏ ကိုယ်ပေါ်မှ မီးလျှံများကို ငြှိမ်းသတ်ပေးကာ သူ၏ ဘေးနားတွင် အားလုံးကို အကာအကွယ် ပေးလိုက်ရသည်။
“တကယ်တော့ ငါလည်း နေရဲ့ ခွန်အားအစစ်ကို တစ်ခါမှ အသေအချာ မခံစားဖူးသေးဘူး”
“ဒါက ငါ့အတွက် တစ်ကြိမ်တည်းသော အခွင့်အရေး ဖြစ်နိုင်တယ်”
“စမ်းကြည့်တာလည်း မဆိုးပါဘူး”
ကျွင်းချန်ချင်း၏ မျက်ဝန်းများမှာ တည်ငြိမ်နေပြီး သူ၏ လက်ကြီးကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။
ချက်ချင်းပင် ကမ္ဘာကို အုပ်စိုးသော အော်ရာ မှာ ကောင်းကင်ယံမှ ဆင်းသက်လာပြီး ပတ်ဝန်းကျင်ရှိ တောက်လောင်နေသော မီးလျှံများနှင့် ထိပ်တိုက် တိုးတော့သည်။
“ဘုန်း”
တစ်ခဏအတွင်းမှာပင် ဟင်းလင်းပြင် တစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းအောင် တုန်ခါသွားတော့သည်။
လူတိုင်းတွင် အစီအရင်၏ အကာအကွယ် ရှိနေသည့်တိုင်အောင် ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရပြီး အချို့သော အားနည်းသူများမှာ တိုက်ရိုက်ပင် ဒဏ်ရာ ရသွားကြသည်။
ကံကောင်းသည်မှာ ဤထိပ်တိုက်တွေ့မှုမှာ နေ၏ အူတိုင်အတွင်း၌ ဖြစ်ပွားခြင်း ဖြစ်သည်။ အကယ်၍ အပြင်လောကတွင်သာ ဖြစ်ပွားခဲ့လျှင် နေ၏ တည်နေရာတွင် ရှိနေသည့်တိုင်အောင် စကြာဝဠာ တစ်ခုလုံး အပေါ် အလွန် ပြင်းထန်သော သက်ရောက်မှုများ ရှိပေလိမ့်မည်။
( အနန္တကမ္ဘာကို စကြာဝဠာ ပြောင်းသုံးထားတယ့်အတွက် ပြောင်းသုံးသွားပါ့မယ် )
၎င်းကို မြင်သောအခါမှ ထန်ထျန်းက အမှန်တကယ် နားလည်သွားတော့သည်။ ဘာကြောင့် ကမ္ဘာ့အရှင်နှင့် ကျွင်းချန်ချင်းတို့က စကြာဝဠာ တစ်ခုလုံးကို ဖျက်ဆီး နိုင်ခဲ့သလဲ ဆိုသည်ကို ဖြစ်သည်။
ဤကဲ့သို့သော လူမျိုးမှာ စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလောက်အောင် ကြောက်စရာ ကောင်းလှသည်။
ပြင်းထန်သော လှုပ်ခတ်မှုများအပြီးတွင် ထန်ထျန်းက အလယ်ဗဟိုရှိ ကျွင်းချန်ချင်းကို ကြည့်လိုက်သည်။
ယခုအခါ သူ၏ ဆံပင်ရှည်များမှာ လွင့်ပျံနေပြီး ကျယ်ဝန်းသော ဝတ်ရုံစများမှာလည်း တဖျပ်ဖျပ် မြည်နေသည်။
သို့သော် သူက သူ့၏ ခွန်အားတစ်ခုတည်းဖြင့် နေတစ်စင်းလုံး၏ တိုက်ခိုက်မှုကို တကယ်ပင် တားဆီးထားနိုင်ခဲ့သည်။
ထန်ထျန်း မနေနိုင်ဘဲ ရင်တုန်သွားရသည်။
ဤလူက သဘာဝလွန်သော ဤမျှ ကြောက်စရာကောင်းသည့် ခွန်အားများကို မည်သို့ ရရှိခဲ့သနည်း ဆိုသည်ကို သူ အမှန်တကယ်ပင် စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။
သူက ဝူရှန့်ကျိကျွင်း နယ်ပယ်အတွင်း၌သာ ရှိနေသေးသော်လည်း အခြားသော ဝူရှန့်ကျိကျွင်းများနှင့် နှိုင်းယှဉ်လျှင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပြီး ထိုကွာဟချက်မှာ အဆုံးမရှိသော ချောက်ကြီးထက်ပင် ပို၍ ကြီးမားလှသည်။
နေ၏ တိုက်ခိုက်မှုကို တားဆီးပြီးနောက် ကျွင်းချန်ချင်းမှာ မျက်နှာပျက်ခြင်း မရှိသေးပေ။
“အင်း...”
“နှစ်သန်းပေါင်း များစွာ ရှင်သန်ခဲ့တဲ့ မူလဝိညာဉ် ဆိုတဲ့အတိုင်း တကယ်ပဲ အားကောင်းတာပဲ”
သူက ပြောလိုက်သည်။
အဝေးရှိ နေနတ်ဘုရားမှာ မျက်မှောင်ကြုတ်သွားရသည်။
ဤရလဒ်မှာ သူ လိုချင်သော ရလဒ် မဟုတ်သည်မှာ ထင်ရှားသည်။
“မင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သန်းကထက် ပိုပြီး အားကောင်းလာတာပဲ”
သူက အေးစက်စွာ ပြောလိုက်သည်။
ကျွင်းချန်ချင်းက ခပ်ပါးပါး ပြုံးလိုက်ပြီး “ငါ ပြောသားပဲ၊ မင်းက အစကတည်းက မှားနေတာ”
“မင်း ငါ့ကို တားနိုင်မှာ မဟုတ်ဘူး”
နေနတ်ဘုရားက အံ့ကြိတ်လိုက်သည်။
“အမှားနဲ့ အမှန် ဆိုတာ...”
“ဘယ်တုန်းကမှ မင်း ဆုံးဖြတ်ရတာ မဟုတ်ဘူး”
သူ စကားပြောအပြီးတွင် သူက သူ့၏ ခွန်အားအားလုံးကို တစ်ဖန် လှုံ့ဆော်လိုက်ပြီး ကြီးမားလှသော နေ၏ မူလစွမ်းအား များကို နေကမ္ဘာအတွင်းသို့ စီးဝင်စေလိုက်သည်။
နေကမ္ဘာကလည်း ပိုမို ကြောက်မက်ဖွယ်ကောင်းသော မူလစွမ်းအားများကို ပြန်လည် ထုတ်ပေးကာ ကျွင်းချန်ချင်းထံသို့ တိုးဝင်သွားတော့သည်။
“ဘုန်း”
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီး တစ်ဖန် ထွက်ပေါ်လာပြီး အဆုံးမရှိသော နေ၏ မူလစွမ်းအားများအောက်တွင် ကျွင်းချန်ချင်းမှာ နောက်ဆုံး၌ အေးအေးဆေးဆေး မနေနိုင်တော့ပေ။
သူ ရှိနေသော ဟင်းလင်းပြင်မှာ ဆက်တိုက်ဆိုသလို ဖိနှိပ်ခံနေရပြီး သူကိုယ်တိုင်ပင်လျှင် သိသိသာသာ အားစိုက်နေရပြီ ဖြစ်သည်။
သို့သော် ကံမကောင်းစွာဖြင့် ဟင်းလင်းပြင် ထက်ဝက်ခန့်ကို ဖိနှိပ်နိုင်ခဲ့ပြီးနောက်တွင် သူက တစ်ဖန် ပြန်လည် တားဆီးနိုင်သွားပြန်သည်။
၎င်းကို မြင်လိုက်ရသောအခါ နေနတ်ဘုရားက ထန်ထျန်းတို့ထံသို့ ဒုတိယမြောက် အမိန့်ကို ထုတ်ပြန်လိုက်သည်။
“အားလုံးပဲ... ငါ့ကို ကူညီကြ”
ထန်ထျန်းတို့ လူစုမှာ အသင့်ပြင်ထားပြီးသား ဖြစ်သည်။
အမိန့်သံ ဆုံးသည်နှင့် သူတို့က သူတို့၏ ခွန်အားအားလုံးကို တစ်ပြိုင်နက် ထုတ်ဖော်ကာ သူတို့ တာဝန်ယူထားသည့် အစီအရင် အချက်အခြာ နေရာများမှတစ်ဆင့် နေကမ္ဘာအတွင်းသို့ ပေးပို့လိုက်ကြသည်။
နေတစ်စင်းလုံး၏ စွမ်းအားနှင့် နှိုင်းယှဉ်လျှင် သူတို့၏ ခွန်အားမှာ သေးငယ်ကောင်း သေးငယ်နိုင်ပေသည်။
သို့သော် သူတို့မှာ ဝူရှန့်ကျိကျွင်းများ ဖြစ်ကြပြီး ဤကမ္ဘာ၏ ထိပ်တန်း တည်ရှိမှုများ ဖြစ်ကြသည်။
စုစုပေါင်း ဝူရှန့်ကျိကျွင်း ၁၉ ယောက်၊ ထိုအထဲတွင် အလွန် အားကောင်းသော ကမ္ဘာ့ဝိညာဉ် အကြွင်းအကျန်များလည်း ပါဝင်ရာ သူတို့ အစွမ်းကုန် စုပေါင်း ပေးပို့လိုက်သော ခွန်အားမှာ လျစ်လျူရှုထား၍ မရနိုင်တော့ပေ။
နေ၏ နတ်ဘုရား စွမ်းအားမှာ တစ်ဖန် ပိုမို အားကောင်းလာပြီး ကျွင်းချန်ချင်း၏ ရှင်သန်ရာ နယ်မြေ ကို ရူးသွပ်စွာ ဖိနှိပ်တော့သည်။
နေတစ်စင်းလုံး၏ စွမ်းအားနှင့် ဝူရှန့်ကျိကျွင်း ၁၉ ယောက်၏ စွမ်းအားတို့ ပေါင်းစပ်မှုကို ရင်ဆိုင်ရချိန်တွင် ကျွင်းချန်ချင်းသည်လည်း အစွမ်းကုန် ထုတ်သုံးလိုက်ရတော့သည်။
သို့သော် သူက အထွတ်အထိပ် ခေတ်သို့ ပြန်မရောက်သေးဘဲ သူ၏ ဝိညာဉ်များကိုပင် အပြည့်အဝ ပေါင်းစည်းနိုင်ခြင်း မရှိသေးပေ။
လူတိုင်း၏ အစွမ်းကုန် ကြိုးစားမှုအောက်တွင် သူ၏ ရှင်သန်ရာ နယ်မြေ မှာ တဖြည်းဖြည်းနှင့် ဆက်တိုက် ဖိနှိပ်ခြင်း ခံနေရသည်။
ရှုံးနိမ့်ခြင်းမှာ မလွဲမသွေ ဖြစ်လာတော့မည်။
နောက်ဆုံးတွင် ကျွင်းချန်ချင်းက အသာအယာ သက်ပြင်းချလိုက်သည်။
“မင်း တကယ်ပဲ အစွမ်းကုန် ကြိုးစားခဲ့တာပဲ နေနတ်ဘုရား”
“ငါသာ မင်းနေရာမှာ ဆိုရင် မင်းလောက် လုပ်နိုင်မှာ မဟုတ်ဘူး”
ပြောအပြီးတွင် သူက နောက်ဆုံး ခုခံမှုကို စွန့်လွှတ်လိုက်သကဲ့သို့ သူ၏ ခွန်အားအားလုံးကို ပြန်ရုပ်သိမ်းလိုက်သည်။
သူက လက်ကို ဝှေ့ယမ်းကာ ထိုက်ချန်ကျိကျွင်းတို့ကို သိမ်းဆည်းလိုက်ပြီး သေခြင်းတရား ဆင်းသက်လာမည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေတော့သည်။
တစ်ခဏအတွင်းမှာပင် နေ၏ မူလနတ်ဘုရား စွမ်းအားနှင့် ဝူရှန့်ကျိကျွင်း ၁၉ ယောက်၏ စွမ်းအားများမှာ ကျွင်းချန်ချင်းကို လုံးလုံးလျားလျား ဝါးမြိုသွားတော့သည်။
“ငါတို့ အောင်မြင်သွားပြီလား”
ဟုန်းမန်ကျိကျွင်းက မနေနိုင်ဘဲ အော်ဟစ်လိုက်သည်။
သို့သော် ထန်ထျန်းက နေနတ်ဘုရားကို ကြည့်လိုက်သည့်အခါ သူက မျက်မှောင်ကို အလွန်အမင်း ကြုတ်ထားသည်ကို တွေ့လိုက်ရသည်။
နောက်တစ်ခဏတွင်...
နေနတ်ဘုရား စွမ်းအားထက် မနိမ့်ကျသော အလွန်တရာ အားကောင်းသည့် စွမ်းအားတစ်ခုမှာ ကျွင်းချန်ချင်း ရှိနေသော နေရာမှ ဝုန်းခနဲ ပေါက်ကွဲထွက်လာသည်။
ပတ်ဝန်းကျင်ရှိ တောက်လောင်နေသော မီးလျှံများမှာ သူ၏ တိုက်ရိုက် နှင် ခြင်းကို ခံလိုက်ရသည်။
လူတိုင်း ချက်ချင်းပင် မှင်တက်သွားကြရသည်။
၎င်းမှာ ငွေပြာရောင် စွမ်းအားတစ်ခု ဖြစ်သည်။
ထိုစွမ်းအားမှာ...
ကြယ်တာရာဘိုးဘေး ရဲ့ စွမ်းအားပင်