အသက်စတေး၍ လောင်ကျွမ်းခြင်း
Vol. 75 Ch. 784
နေမီးဖိုကြီးနှင့် ဝူရှန့်ကျိကျွင်း ၁၉ ယောက်၏ စုပေါင်းစွမ်းအားမှာ ဤကမ္ဘာကြီးတစ်ခုလုံး စုစည်းနိုင်သမျှ အားအကောင်းဆုံး တိုက်ကွက်ဟု ဆိုနိုင်သည်။
ဤကဲ့သို့သော စွမ်းအား အောက်တွင် အတိုင်းအတာတစ်ခုအထိ ခွန်အားပြန်လည် ရရှိထားသော ကျွင်းချန်ချင်းပင်လျှင် အေးအေးဆေးဆေး ဆက်လက် ရပ်တည်နိုင်ခြင်း မရှိတော့ပေ။
နတ်ဘုရား စွမ်းအားများစွာ၏ ပေါင်းစည်းဖိနှိပ်မှုက နောက်ဆုံးတွင် ကျွင်းချန်ချင်း၏ ခုခံမှု ကို ဖောက်ထွက်သွားပြီး သူ့ကို နေမီးဖိုကြီး၏ ပြင်းထန်သော လောင်မြိုက်မှုအတွင်းသို့ ကျရောက်သွားစေသည်။
သို့သော်လည်း မည်သူမျှ မထင်မှတ်ထားသည်မှာ ဤအဆုံးအဖြတ်ပေးမည့် အရေးကြီးဆုံး အခိုက်အတန့်တွင် ကြယ်တာရာဘိုးဘေး ၏ စွမ်းအားများက ကျွင်းချန်ချင်း ရှိနေသော နေရာမှ ရုတ်တရက် ပေါက်ကွဲထွက်လာခြင်းပင်။
၎င်းမှာလည်း ကမ္ဘာဦးအစကတည်းက တည်ရှိခဲ့သော မူလစွမ်းအား ပင် ဖြစ်ပြီး နေနတ်ဘုရား၏ နတ်ဘုရား စွမ်းအားနှင့် ယှဉ်လျှင်ပင် အားနည်းခြင်း မရှိပေ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ငွေပြာရောင် အလင်းတန်းများ ပွင့်ထွက်လာပြီး မည်သူမျှ မတားဆီးနိုင်ဟု ထင်ရသော တိုက်ခိုက်မှုများကို အပြင်ဘက်တွင် အကုန် ပိတ်ဆို့လိုက်တော့သည်။
လူတိုင်းမှာ ကျွင်းချန်ချင်း ရှိရာဘက်သို့ မှင်တက်ကာ ကြည့်နေမိကြသည်။
သူ၏ လက်ဖဝါးပေါ်တွင် တောက်ပနေသော ငွေရောင် ကြယ်လေး တစ်လုံးကို တင်ထားသည်ကို တွေ့လိုက်ရ၏။
အတိုင်းအဆမရှိသော ကြယ်တာရာ မူလစွမ်းအားများမှာ ထိုကြယ်လေးထံမှ တရဟော ထွက်ပေါ်နေသည်။
ကျွင်းချန်ချင်း၏ ကိုယ်ပိုင် စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့က ဤဖျက်ဆီးအားပြင်းသော တိုက်ခိုက်မှုကို လွယ်လွယ်ကူကူပင် တားဆီးနိုင်သွားကြသည်။
“ကြယ် နှလုံးသား လား”
လူအများမှာ ထိုငွေရောင် ကြယ်လေးကို ချက်ချင်းပင် မှတ်မိသွားကြသည်။
သို့သော် ထိုသို့ မှတ်မိသွားခြင်းနှင့်အတူ ပြင်းထန်သော တုန်လှုပ်မှုနှင့် နားမလည်နိုင်မှုများက ရောပြွမ်းလာတော့သည်။
“ကြယ် နှလုံးသားက ကျွင်းချန်ချင်းရဲ့ လက်ထဲကို ဘယ်လိုလုပ် ရောက်သွားတာလဲ”
“သူက ဘယ်တုန်းက၊ ဘယ်လိုနည်းနဲ့ နှစ်ပေါင်း သန်းချီကြာအောင် ဘယ်သူမှ ရှာမတွေ့ခဲ့တဲ့ ဒီနတ်ဘုရား အမွေအနှစ်ကို ရသွားတာလဲ”
ဟုန်းမန်ကျိကျွင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
အခြားသော ဝူရှန့်ကျိကျွင်းများ၏ စိတ်ထဲတွင်လည်း ထိုကဲ့သို့သော သံသယများဖြင့် ပြည့်နှက်နေသည်။
ကြယ် နှလုံးသားဆိုသည်မှာ ကြယ်တာရာဘိုးဘေး ကိန်းဝပ်ရာ နေရာဖြစ်ပြီး ကမ္ဘာဦးအစကတည်းက သန်မာသူ အဆက်ဆက်တို့မှာ ကြယ်တာရာ ကမ္ဘာအတွင်းသို့ အကြိမ်ကြိမ် ဝင်ရောက် ရှာဖွေခဲ့ကြသော်လည်း လက်ဗလာဖြင့်သာ ပြန်လာခဲ့ကြရသည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းက အထွတ်အထိပ် ခေတ်တွင် ရှိနေခဲ့သော ကျွင်းချန်ချင်း ကိုယ်တိုင်ပင်လျှင် လူသားဧကရာဇ် နန်းတော်မှ လူအင်အား အမြောက်အမြားကို စေလွှတ် ရှာဖွေခိုင်းခဲ့သော်လည်း မည်သည့် ရလဒ်မျှ မထွက်ခဲ့ပေ။
သို့သော် ယခုအခါတွင်မူ ကြယ် နှလုံးသားက ကျွင်းချန်ချင်း၏ လက်ထဲတွင် အထင်အရှား ပေါ်ပေါက်လာခဲ့သည်။
သူ နိုးထလာသည်မှာ နှစ်အနည်းငယ်သာ ရှိသေးပြီး သူ၏ ဝိညာဉ်များကိုပင် အပြည့်အဝ ပြန်လည် ပေါင်းစည်းနိုင်ခြင်း မရှိသေးပေ။
ဤသည်မှာ မည်သို့မျှ မဖြစ်နိုင်သော ကိစ္စပင်။
ထို့ကြောင့် လူတိုင်းမှာ တုန်လှုပ်ခြောက်ခြားကာ ကြောင်အမ်းအမ်း ဖြစ်နေကြရသည်။
ထန်ထျန်း၏ မျက်နှာမှာမူ မည်းမှောင်သွားပြီး စိတ်ထဲတွင်လည်း လေးလံသွားရသည်။
သူ အစိုးရိမ်ဆုံး ကိစ္စက နောက်ဆုံးတော့ ဖြစ်လာခဲ့ပြီ။
ကြယ် နှလုံးသားက တကယ်ပဲ ကျွင်းချန်ချင်းရဲ့ လက်ထဲ ရောက်သွားပြီပဲ။
၎င်းမှာ ကျွင်းချန်ချင်း ကိုယ်တိုင် ရှာတွေ့ခြင်း မဟုတ်သည်မှာ သေချာသည်။ လွန်ခဲ့သော တစ်သန်းကပင် ရှာမတွေ့ခဲ့လျှင် ယခုအချိန်တွင် ရှာတွေ့ရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ...
ဤကြယ် နှလုံးသားကို လနတ်သမီး က သဲလွန်စ ပေးခဲ့ခြင်း ဖြစ်လိမ့်မည်။
သို့မဟုတ် လနတ်သမီး ကိုယ်တိုင်က ကျွင်းချန်ချင်း၏ လက်ထဲသို့ အရောက် ပေးအပ်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် နေနတ်ဘုရား ကိုယ်တိုင်က ဤကမ္ဘာပေါ်တွင် လနတ်သမီး တစ်ယောက်သာ ကြယ်တာရာဘိုးဘေး ရှိရာကို ရှာတွေ့နိုင်သည်ဟု ပြောခဲ့ဖူးသည်။
ကျွင်းချန်ချင်း နိုးထလာပြီးနောက်ပိုင်း လနတ်သမီးက သူ့ကို ကြယ် ကမ္ဘာသို့ ကိုယ်တိုင် ခေါ်သွားရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် လနတ်သမီးက ကြယ် နှလုံးသားကို ကြိုတင် ယူဆောင်ထားပြီး ကျွင်းချန်ချင်းထံသို့ ပေးအပ်ခဲ့ခြင်း ဖြစ်နိုင်ခြေ ပိုများသည်။
ဒါဆိုရင် ငါတို့ ဘယ်လို ဆက်တိုက်ရမလဲ။
သူတို့ဘက်မှ အားအကောင်းဆုံး တည်ရှိမှု နှစ်ခုထဲမှ တစ်ဦးဖြစ်သော ကမ္ဘာကြီးကို လမ်းပြပေးခဲ့သည့် မူလဝိညာဉ် တစ်ပါးက ကမ္ဘာကြီးကို သစ္စာဖောက်ကာ ကျွင်းချန်ချင်းဘက်သို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။
ဆိုလိုသည်မှာ သူတို့၏ အစီအစဉ်များနှင့် နည်းလမ်း အများစုကို ကျွင်းချန်ချင်း သိရှိသွားပြီ ဖြစ်နိုင်သည်။
အောင်မြင်နိုင်ခြေမှာ အလွန်ပင် သေးငယ်သွားခဲ့ပြီ။
ထန်ထျန်းက နေနတ်ဘုရားကို လှမ်းကြည့်လိုက်သည်။
ကောင်းကင်ယံရှိ နေနတ်ဘုရားမှာ နတ်ဘုရား စွမ်းအားများကို တောက်လောင် နေ ဆဲ ဖြစ်သည်။
ကြယ် နှလုံးသားကို ကျွင်းချန်ချင်း၏ လက်ထဲ၌ မြင်လိုက်ရချိန်တွင် သူလည်း အများကြီး တွေးမိသွားပုံရသည်။
သူ၏ မျက်နှာမှာ ရေကဲ့သို့ အေးစက်တည်ငြိမ်နေသော်လည်း လှံရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော လက်များမှာမူ အနည်းငယ် တုန်ရီနေသည်။
ကျွင်းချန်ချင်းကမူ အမြဲတမ်းအတိုင်း တည်ငြိမ်နေဆဲပင်။
“နေနတ်ဘုရား... "
"အခု မင်း တစ်ခုခုကို နားလည်သွားပြီလား”
သူက အေးဆေးစွာ ပြောလိုက်သည်။
နေနတ်ဘုရားက အံ့ကြိတ်လိုက်ပြီး...
“ငါ နားမလည်ဘူး”
သူ၏ အသံမှာ အံ့ကြိတ်ကာ ထွက်လာခြင်း ဖြစ်သည်။ “ငါလည်း နားလည်ဖို့ မကြိုးစားဘူး"
" ငါ သိတာ တစ်ခုကတော့ ဒီနေ့ မင်း ဒီမှာ သေကို သေရမယ် ဆိုတာပဲ"
" မင်းရဲ့ အစီအစဉ် အားလုံးက ဒီမှာပဲ အဆုံးသတ်သွားစေရမယ်”
သူစကားပြောအပြီးတွင် နေနတ်ဘုရားက ကောင်းကင်ကို မော့ကာ အော်ဟစ် လိုက်သည်။
သူ၏ ကိုယ်ပေါ်မှ နေကမ္ဘာသို့ စီးဝင်နေသော နတ်ဘုရား စွမ်းအားများမှာ ရုတ်တရက် ရပ်တန့်သွားသည်။
ထို့နောက် စွမ်းအား အားလုံးမှာ လမ်းကြောင်း ပြောင်းလဲကာ တောက်လောင်နေသော မီးလျှံကမ္ဘာမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် စီးဝင်လာတော့သည်။
မကြာမီ အချိန်အတွင်းမှာပင် နေနတ်ဘုရား တစ်ကိုယ်လုံး ရွှေရောင် မီးလျှံများအတွင်း နစ်မြုပ်သွားတော့သည်။
ထို့နောက် သူ၏ ကိုယ်ပေါ်မှ အလင်းတန်းများမှာ ပိုမို တောက်ပလာပြီး မကြည့်ရဲလောက်အောင် ဖြစ်လာသည်။
အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အော်ရာ တစ်ခုမှာလည်း သူ၏ ကိုယ်မှ လှိမ့်တက်လာတော့သည်။
နေနတ်ဘုရား ဘာလုပ်နေသည်ကို ထန်ထျန်း ချက်ချင်း မြင်လိုက်ရသည်။
သူက သူ့၏ အသက် ကို လောင်ကျွမ်းစေခြင်း ပင်
မူလဝိညာဉ် တစ်ပါးအနေဖြင့် သူ့၏ အသက်ကို လောင်ကျွမ်းစေခြင်းမှာ အချိန်မရွေး လုပ်ဆောင်နိုင်သည့် ကိစ္စမဟုတ်ပေ။
ကြိုတင် ပြင်ဆင်မှုများစွာ ပြုလုပ်ထားရန် လိုအပ်သည်။
ဆိုလိုသည်မှာ နေနတ်ဘုရားက ဤနေရာ၌ သူ့၏ အသက်ကို စတေးရန် အစကတည်းက ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
အသက်ကို လောင်ကျွမ်းစေပြီးနောက် နေနတ်ဘုရား၏ စွမ်းအား မှာ တစ်ဖန် အဆပေါင်း ရာနှင့်ချီ မြင့်တက်လာမည် ဖြစ်ပြီး သူ မွေးဖွားလာကတည်းက အားအကောင်းဆုံးသော ခွန်အားများကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။
ဤအခြေအနေကို မြင်လိုက်ရသည့်အခါ ကျွင်းချန်ချင်းပင်လျှင် အနည်းငယ် ကြောင်သွားရသည်။
ထို့နောက် သူက လေးနက်စွာ သက်ပြင်းချလိုက်သည်။
“မင်းက ဒါကိုတောင် ကြိုမြင်ထားတာလား"
"နေနတ်ဘုရား..."
" မင်းက တကယ်ကို ပြီးပြည့်စုံတဲ့ မူလဝိညာဉ် တစ်ပါးပဲ”
သူက နေနတ်ဘုရားကို အမြင့်ဆုံးသော ချီးကျူးစကား ပြောလိုက်သည်။
သို့သော် နေနတ်ဘုရားကမူ မည်သည့် ပြန်လည် တုံ့ပြန်မှုမျှ မပြုပေ။
သူ၏ အသက်မှာ ဆက်တိုက် လောင်ကျွမ်းနေပြီး သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားသည်။
သူကိုယ်တိုင်မှာ နေ၏ နှလုံးသား ဖြစ်ရာ အသက်ကို လောင်ကျွမ်းစေခြင်းဖြင့် မူလဝိညာဉ် တစ်ပါး၏ အကန့်အသတ်ကို တိုက်ရိုက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ယခု သူ၏ စွမ်းအား မှာ ကျွင်းချန်ချင်းနှင့် ကြယ်တာရာ နှလုံးသားတို့၏ စွမ်းအားပေါင်းစပ်မှုထက်ပင် အပြတ်အသတ် သာလွန်နေပြီ ဖြစ်သည်။
အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် နေနတ်ဘုရားက ရွှေရောင်လှံရှည်ကို ကိုင်စွဲကာ ဤကမ္ဘာပေါ်ရှိ အားအကောင်းဆုံးသော ခွန်အားများနှင့်အတူ ကျွင်းချန်ချင်းထံသို့ တစ်ဦးတည်း ပြေးဝင် တိုက်ခိုက်တော့သည်။
ထိုစွမ်းအားကို မည်သည့်အရာကမျှ တားဆီးနိုင်ခြင်း မရှိပေ။
ကျွင်းချန်ချင်း၏ ခွန်အားမှာ စက္ကူပါးလေး တစ်ချပ်ကဲ့သို့ အလွယ်တကူ ဆုတ်ဖြဲခြင်း ခံလိုက်ရသည်။
ကြယ် နှလုံးသားမှ ပွင့်ထွက်လာသော မူလစွမ်းအားများမှာလည်း ချက်ချင်းပင် အပေါက်ကြီး တစ်ခု ဖြစ်သွားအောင် ထိုးဖောက်ခြင်း ခံလိုက်ရသည်။
ယခုအချိန်တွင် နေနတ်ဘုရား၏ ရှေ့၌ မည်သည့် ခုခံမှုမျှ မတည်ရှိနိုင်တော့ပေ။
“သေစမ်း”
နေနတ်ဘုရား၏ ကောင်းကင်လှုပ်မတတ် အော်ဟစ် သံနှင့်အတူ နေနတ်ဘုရား မီးလျှံများက ကျွင်းချန်ချင်းကို အလုံးစုံ ဝါးမြိုသွားတော့သည်။
“ဘုန်း”
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီး တစ်ဖန် ထွက်ပေါ်လာပြန်သည်။
ဤတစ်ကြိမ်တွင်မူ ထန်ထျန်းတို့ကဲ့သို့ ဝူရှန့်ကျိကျွင်းများပင်လျှင် တည်ငြိမ်စွာ မနေနိုင်တော့ပေ။
ပေါက်ကွဲမှု၏ နောက်ဆက်တွဲ ရိုက်ခတ်မှုမှာ အလွန်တရာ ကြောက်စရာ ကောင်းလှသည်။ ၎င်းမှာ ကျိကျွင်းများ ထိတွေ့မိလျှင် ချက်ချင်း သေဆုံးနိုင်ပြီး ဝူရှန့်ကျိကျွင်းများပင် ဒဏ်ရာ ပြင်းထန်စွာ ရနိုင်သော စွမ်းအားမျိုး ဖြစ်သည်။
လူတိုင်းမှာ လျစ်လျူမရှုရဲဘဲ သူတို့၏ အစွမ်းရှိသမျှ ထုတ်သုံးကာ ထိုကြောက်မက်ဖွယ် စွမ်းအားများကို အပြင်းအထန် ခုခံထားကြရသည်။
သူတို့၏ ရှေ့မှ ကမ္ဘာကြီးမှာ ရွှေရောင် မီးပင်လယ်ကြီးအဖြစ် လုံးလုံးလျားလျား နစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။
ပြင်းထန်စွာ ခုခံနေကြရင်းနှင့် လူတိုင်း၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက် အလင်းတန်းများ တစ်ဖန် ပြန်လည် တောက်ပလာသည်။
ဤတစ်ကြိမ်မှာတော့ ကျွင်းချန်ချင်းကို တကယ်ပဲ သတ်နိုင်တော့မှာ မဟုတ်လား