← Chapters

နေနတ်ဘုရား၏ နည်းလမ်း

Vol. 75 Ch. 788

နေနတ်ဘုရား၏ နည်းလမ်း

Vol. 75 Ch. 788

​နေနတ်ဘုရားက မဟာပျက်သုဉ်း မြို့ဟောင်း ကို မည်သည့်အချိန်တွင် ချိပ်ပိတ် လိုက်သည်ကို မည်သူမျှ မသိကြပေ။

​နေနတ်ဘုရားကလည်း သူသည် အဘယ်ကြောင့် ဤမျှ အစွန်းရောက်သော လုပ်ရပ်ကို လုပ်ခဲ့ရသနည်းဟူသည်နှင့် ပတ်သက်၍ ရှင်းလင်းချက် မပေးခဲ့ချေ။

​ဖြစ်နိုင်သည်မှာ ကျွင်းချန်ချင်းအား သူ၏ အထွတ်အထိပ် ခွန်အားများ ပြန်မရစေရန်နှင့် ထာဝရအဆင့် သို့ မည်သည့်အခါမျှ မတက်လှမ်းနိုင်စေရန်အတွက် "ငါလည်းရှုံး မင်းလည်းသေ " ဟူသော သဘောဖြင့် လုပ်ခဲ့ခြင်း ဖြစ်နိုင်သလို အခြားသော အကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်ပေသည်။

​သို့သော် ထိုအရာများမှာ အရေးမကြီးတော့ပေ ။

​နေနတ်ဘုရား၏ ဤလုပ်ရပ်က လူတိုင်း၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားခဲ့ရပြီ။

​၎င်းတို့ စုစည်းပြီး အနိုင်ယူရန် ခက်ခဲသော ကျွင်းချန်ချင်းကို ရင်ဆိုင်နေကြခြင်းမှာ အခြေခံအားဖြင့် တူညီသော ရည်မှန်းချက်တစ်ခုကြောင့်သာ ဖြစ်သည်။

၎င်းတို့အား မွေးဖွား ပေးခဲ့သော ဤကမ္ဘာကြီး ကျွင်းချန်ချင်း၏ လက်ထဲတွင် ပျက်စီးသွားမည်ကို မကြည့်ချင်ကြပေ။

​သို့သော် ယခုမူ နေနတ်ဘုရားက ကျွင်းချန်ချင်းထက်ပင် ဦးအောင် ကမ္ဘာကြီး၏ အနာဂတ် အသက်မူလ ကို အဆုံးသတ်ပစ်လိုက်ပြီ ဖြစ်သည်။

သို့ဆိုလျှင် ၎င်းတို့က ဘာအတွက်ကြောင့် ဆက်လက် တိုက်ပွဲဝင်ကြရဦးမည်နည်း။

​ကျွင်းချန်ချင်းအား စိတ်အနှောင့်အယှက်ဖြစ်စေရန် သက်သက်နှင့် သူ ထာဝရအဆင့်သို့ မရောက်အောင် တားဆီးရန်အတွက်သာလော။

၎င်းတို့မှာ ထိုမျှအထိ အားယားနေသူများ မဟုတ်သလို စိတ်သဘောထား သေးသိမ်သူများလည်း မဟုတ်ကြချေ။

​အမှန်အတိုင်း ပြောရလျှင် ကျွင်းချန်ချင်းက တစ်ကမ္ဘာလုံးကို ဖျက်ဆီးပြီး ထာဝရအဆင့်သို့ တက်လှမ်းရန် မကြိုးစားပါက ဤနေရာရှိ လူအများစုမှာ သူ အောင်မြင်သွားသည်ကိုပင် မြင်လိုကြမည် ဖြစ်သည်။

အားလုံးမှာ ကျင့်ကြံသူများ ဖြစ်ကြသည့်အတွက် ထာဝရအဆင့်ဆိုသည်မှာ အမှန်တကယ် ရှိနေပါက ထိုအဆင့်သို့ ပထမဆုံး ရောက်ရှိသွားသူထံမှ အဖိုးတန်သော အတွေ့အကြုံများကို ရယူလိုကြသည်သာ ဖြစ်၏။

​အကယ်၍ ကျွင်းချန်ချင်းသာ အောင်မြင်သွားခဲ့လျှင် ၎င်းတို့က သူ့ကို သူတော်စင်တစ်ပါးကဲ့သို့ပင် အလေးအမြတ် ထားကြမည် ဖြစ်သည်။

သို့သော် ကံဆိုးသည်မှာ ကျွင်းချန်ချင်း၏ နည်းလမ်းများမှာ အရမ်းရက်စက်လွန်းနေသဖြင့်သာ ၎င်းတို့က ဆန့်ကျင်နေကြခြင်း ဖြစ်ပေသည်။

​သို့သော် ယခုမူ...

​ကျွင်းချန်ချင်းပင် မအောင်မြင်သေးမီ လက်ရှိကမ္ဘာကြီး၏ တစ်ဦးတည်းသော ခေါင်းဆောင် ဖြစ်သည့် နေနတ်ဘုရားက ကမ္ဘာကြီး၏ ကံကြမ္မာကို အဆုံးသတ်ပစ်လိုက်ပြီ။

လူတိုင်း၏ စိတ်ထဲတွင် လှောင်ပြောင်ခံလိုက်ရသလို ခံစားချက်မျိုး ချက်ချင်း ပေါ်ပေါက်လာတော့သည်။

​“ကြီးမားတဲ့ ရာဇဝတ်မှုပဲ၊ အမှောင်ထုက နေအလင်းကို ဖုံးလွှမ်းသွားပြီ”

​“နေမင်းက နေမည်းအဖြစ် ပြောင်းလဲပြီး မြေပြင်ကို လောင်မြိုက်စေတဲ့ အချိန်မှာ ဒီကမ္ဘာမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး”

​“ငါတော့ ဆက်ပြီး မနေတော့ဘူး”

​မည်မျှ ကြာအောင် အသက်ရှင်နေထိုင်ခဲ့သည်မသိရသော ကမ္ဘာ့ဝိညာဉ် အကြွင်းအကျန် တစ်ဦးက ဒေါသတကြီးဖြင့် လှည့်ထွက်သွားခဲ့သည်။

ထို့နောက် အခြားသော ဝူရှန့်ကျိကျွင်းများနှင့် ကမ္ဘာ့ဝိညာဉ် အကြွင်းအကျန် အချို့လည်း ထိုနေရာမှ တန်းစီ၍ ထွက်သွားကြတော့သည်။

ဤတစ်ကြိမ်တွင်မူ အမှန်တကယ်ပင် အိမ်ပြန်၍ သေမည့်ရက်ကိုသာ စောင့်ကြတော့မည် ဖြစ်သည်။

​ဟုန်းမန်ကျိကျွင်းသည်လည်း အသိပြန်ဝင်လာပြီး နေနတ်ဘုရားကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

​“မင်းကမှ ဒီကမ္ဘာကြီးရဲ့ အကြီးမားဆုံး သစ္စာဖောက်ပဲ”

​ပြောပြီးသည်နှင့် သူသည်လည်း လှည့်ထွက်သွားခဲ့၏။

မကြာမီတွင် ထိုနေရာ၌ နေနတ်ဘုရား၊ သူ၏ နောက်လိုက် ဝူရှန့်ကျိကျွင်း အနည်းငယ်နှင့် ထန်ထျန်း၊ လုံကျိုကျိုးတို့သာ ကျန်ရစ်တော့သည်။

​ချီလင်မိန်းကလေးသည်လည်း မထွက်သွားသေးပေ။ နေနတ်ဘုရား၏ လုပ်ရပ်အပေါ် သူမ အလွန်ဒေါသထွက်နေသော်လည်း အဆုံးအထိတော့ မထွက်သွားနိုင်သေးချေ။

ဖြစ်နိုင်သည်မှာ နေနတ်ဘုရားအပေါ် မျှော်လင့်ချက် အနည်းငယ် ရှိနေသေး၍ ဖြစ်ပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူမ၏ ဖခင်ဖြစ်သူ ချီလင်ဝိညာဉ်မှာ နေနတ်ဘုရား၏ ကာကွယ်စောင့်ရှောက်မှုကြောင့် အေးချမ်းစွာ အနားယူ နိုင်ခဲ့ခြင်း မဟုတ်ပါလော။

​အတော်ကြာမှ နေနတ်ဘုရားက ခေါင်းမော့လာပြီး ကျန်နေသော သူများကို ကြည့်လိုက်သည်။

​“မင်းတို့လည်း မသွားကြသေးဘူးလား”

​“ငါ့မှာ ကျွင်းချန်ချင်းကို သတ်နိုင်မယ့် တခြားနည်းလမ်း တကယ်မရှိတော့ဘူး”

သူက ပြောလိုက်သည်။

​ထို့နောက် သူ၏ အကြည့်က လုံကျိုကျိုးဆီသို့ ရောက်သွားသည်။

​“ငါတို့ကြားက သဘောတူညီချက် ပြီးသွားပြီ”

​“မင်းရဲ့ အရင်ဘဝက ငါ့အပေါ် ဘာမှ အကြွေးမတင်ခဲ့ဘူး၊ ဒီဘဝမှာလည်း မင်း အားလုံးကို ပြန်ပေးဆပ်ပြီးပြီ”

​“ဒီနေ့ကစပြီး မင်းက မင်းပဲ၊ လုံကျိုကျိုး သက်သက်ပဲ”

နေနတ်ဘုရားက ပြော ၏။

​၎င်းကို ကြားသောအခါ လုံကျိုကျိုးက ပြုံးလိုက်သည်။

​“မင်း ဒီလိုပြောတာ ကြားရတာ တကယ်ပဲ ဝမ်းသာပါတယ်”

​“မင်း သိလား၊ ငါ မင်းကို အမုန်းဆုံး အချက်က မင်းရဲ့ အာဏာရှင်ဆန်တဲ့ အမူအရာပဲ”

​“ဒီဘဝမှာ မင်းဆီက အကူအညီတွေ ရခဲ့လို့ အခုလို အဆင့်အထိ ရောက်လာတာ မှန်ပေမဲ့ မင်းက အရမ်း စွက်ဖက်လွန်းတယ်”

​နေနတ်ဘုရားက ခဏမျှ တိတ်ဆိတ်သွားပြီး မေးလိုက်သည်။ “ဒါဆို မင်း ဘာလို့ မသွားသေးတာလဲ”

​လုံကျိုကျိုးက ပုခုံးတွန့်ပြလိုက်၏။

​“ဘယ်ကို သွားရမှာလဲ”

​“ဒီကမ္ဘာမှာ သွားစရာ နေရာမှ ကျန်သေးလို့လား”

​“စဉ်းစားကြည့်တော့ ဒီမှာပဲ နေတာ အကောင်းဆုံးပဲ”

​“ကျွင်းချန်ချင်းသာ မဟာပျက်သုဉ်း မြို့ဟောင်းကို မင်း ဖျက်ဆီးလိုက်တာ သိသွားရင် မင်းဆီကို မဖြစ်ဖြစ်အောင် လာမှာပဲ”

​“အဲဒီအချိန်ကျရင် သူ ဘယ်တော့မှ ထာဝရအဆင့်ကို မရောက်နိုင်တော့တာ သိသွားရင် ဘယ်လောက်တောင် ပေါက်ကွဲသွားမလဲ၊ အဲဒါကို ကြည့်ရတာ အရမ်း စိတ်ဝင်စားဖို့ ကောင်းမှာပဲ”

​လုံကျိုကျိုး၏ စကားများမှာ တော်တော်လေး ပေါ့ပေါ့ပါးပါး ရှိလှသည်။

သူက ငယ်ရွယ်သော ဝူရှန့်ကျိကျွင်း တစ်ဦး ဖြစ်သောကြောင့် ဤကမ္ဘာကြီးအပေါ် သံယောဇဉ်မှာ အခြား ဝူရှန့်ကျိကျွင်းများလောက် မနက်ရှိုင်းပေ။

အဓိကမှာ သူ၏ စရိုက်က အရာအားလုံးကို အကောင်းမြင်တတ်ပြီး လွတ်လပ်စွာ နေတတ်ခြင်းကြောင့်ပင် ဖြစ်သည်။

​နေနတ်ဘုရားက လုံကျိုကျိုးကို ခဏမျှ စိုက်ကြည့်နေပြီးမှ ခေါင်းခါလိုက်သည်။

​“မင်း သဘောပဲ”

​“ဒါပေမဲ့ ကျွင်းချန်ချင်း ရောက်လာရင်တော့ ဒေါသထဲ မပါသွားအောင် အချိန်မီ ထွက်ပြေးဖို့ သတိထား”

​ပြောပြီးနောက် သူက ဘေးနားရှိ ချီလင်မိန်းကလေးကို ကြည့်လိုက်ပြန်သည်။

​“ကလေးမ... မင်း ပြန်လို့ရတယ်”

​“ယွမ်ဟိုင် ပင်လယ် က သီးခြားကမ္ဘာတစ်ခု ဖြစ်နေတော့ စကြဝဠာကြီး တစ်ခုလုံး ပျက်စီးသွားရင်တောင် အဲဒီနေရာက သိပ်ပြီး ထိခိုက်မှာ မဟုတ်ဘူး”

​ချီလင်မိန်းကလေးက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မေးလိုက်သည်။

​“နေနတ်ဘုရား”

​“ရှင်က ကျွန်မအဖေ ပြီးရင် ဒီကမ္ဘာမှာ ကျွန်မ အလေးစားဆုံး ပုဂ္ဂိုလ်ပဲ”

​“မဟာပျက်သုဉ်း မြို့ဟောင်းကို ဖျက်ဆီးလိုက်တာက ကျွင်းချန်ချင်းကို ဒေါသထွက်အောင် လုပ်ဖို့ သက်သက်ပဲ မဟုတ်ဘူးလို့ ကျွန်မ ကို ပြောစမ်းပါ”

​“ရှင့်မှာ တခြား အစီအစဉ်တွေ ရှိနေသေးတယ် မဟုတ်လား”

​သူမက နေနတ်ဘုရားအပေါ် မျှော်လင့်ချက် မစွန့်နိုင်သေးသည်မှာ ထင်ရှားလှသည်။

နေနတ်ဘုရားက ဤမေးခွန်းကို ကြားသောအခါ ခဏမျှ တိတ်ဆိတ်သွားပြီး သက်ပြင်းအရှည်ကြီး ချလိုက်၏။

​“အခုချိန်မှာ အဲဒါကို ဆွေးနွေးနေတာ ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး”

​“ကြယ်နှလုံးသားနဲ့ ကြေးနီဒယ်ဆောက် အိုးကို ရထားတဲ့ ကျွင်းချန်ချင်းကို ဘယ်သူမှ မတားနိုင်တော့ဘူး”

​“သူ့ကို ခွန်အားတွေ ပြန်မရစေဖို့ ကမ္ဘာကြီးကို ဖျက်ဆီးပြီး ထာဝရအဆင့်ကို မတက်လှမ်းနိုင်စေဖို့... မဟာပျက်သုဉ်း မြို့ဟောင်းကို ချိပ်ပိတ်လိုက်တာက...”

​“မလွဲမသွေ လုပ်ရမယ့် ကိစ္စပဲ”

​“အနည်းဆုံးတော့ ဒီကမ္ဘာကြီးကို နောက်ထပ် နှစ်ပေါင်း သိန်းချီလောက် ဆက်ပြီး တည်တံ့နေအောင် လုပ်ပေးနိုင်ဦးမှာပါ”

​နေနတ်ဘုရား၏ အဖြေကြောင့် လူတိုင်း၏ စိတ်ထဲတွင် တစ်မျိုး ခံစားလိုက်ရသည်။

​“မလွဲမသွေ ဟုတ်လား”

​“ဒါဆိုရင် အခု မဟာပျက်သုဉ်း မြို့ဟောင်းက မပျက်စီးသေးဘူးပေါ့”

ချီလင်မိန်းကလေးက အလန့်တကြား မေးလိုက်သည်။

​နေနတ်ဘုရားက ခေါင်းခါလိုက်၏။ “ဒါက ဘာထူးမှာလဲ”

​“ကျွင်းချန်ချင်းကို တားဆီးဖို့ဆိုတာ ဒီနည်းလမ်း တစ်ခုပဲ ရှိတော့တယ်”

​ချီလင်မိန်းကလေးက မျက်လုံးပြူးသွားသည်။

​“ထူးတာပေါ့”

​“မဟာပျက်သုဉ်း မြို့ဟောင်းသာ ရှိနေသေးရင် ပြန်ပြင်ဖို့ အခွင့်အရေး ရှိသေးတာပဲ”

​“ဟုတ်တယ်၊ ကျွန်မတို့က ကျွင်းချန်ချင်းကို မတားနိုင်ပေမဲ့ တားနိုင်တဲ့သူ ရှိနေသေးတယ်လေ”

​“အဲဒီလူ သေသွားပြီလို့ ကျွန်မ မျှော်လင့်နေပေမဲ့ သူက ဟင်းလင်းပြင်ထဲကိုပဲ ဝင်သွားတာ မဟုတ်လား၊ ပြန်လာဖို့ အခွင့်အရေး ရှိသေးတယ်လေ”

​“သူသာ ပြန်လာရင် ကျွင်းချန်ချင်းကို တစ်ခါ ထပ်ပြီး အနိုင်ယူ နိုင်မှာပဲ”

​ချီလင်မိန်းကလေး ပြောနေသောသူမှာ အခြားသူ မဟုတ်ဘဲ ကမ္ဘာ့အရှင် ပင် ဖြစ်သည်။

သို့သော် နေနတ်ဘုရားက နောက်တစ်ကြိမ် ခေါင်းခါလိုက်ပြန်၏။

​“သူ ပြန်လာလည်း မထူးတော့ဘူး”

​“ဘာလို့လဲဆိုတော့... သူလည်း သူ့ရဲ့ အရင်က ခွန်အားတွေကို ပြန်ရနိုင်မှာ မဟုတ်တော့လို့ပဲ”

​“မဟာပျက်သုဉ်း မြို့ဟောင်းမှာ ငါက နောက်ပြန်မလှည့်နိုင်တဲ့ အစီအရင် တစ်ခုကို ခင်းကျင်းထားခဲ့ပြီ”

​“ဘယ်သူမှ အဲဒီမြို့ဟောင်းကတစ်ဆင့် အရင်ကလို ပြိုင်ဘက်ကင်းတဲ့ ခွန်အားတွေကို ပြန်ယူလို့ မရတော့ဘူး”

​“မြို့ဟောင်းက ချိပ်ပိတ်ရမယ်၊ ဒါမှသာ ကမ္ဘာကြီးက နောက်ထပ် နှစ်ပေါင်း သိန်းချီ တည်တံ့မှာ။ မဟုတ်ရင် ကမ္ဘာကြီးနှင့်အတူ ပျက်စီးသွားလိမ့်မယ်”

​“တခြား လမ်း မရှိတော့ဘူး”

​“ကမ္ဘာ့အရှင် ပြန်လာရင်လည်း မြို့ဟောင်းကနေ ခွန်အားတွေ ပြန်ရမှ ဖြစ်မှာ”

​“ဒါကြောင့်...”

​နေနတ်ဘုရားက ချီလင်မိန်းကလေးကို ကြည့်ပြီး ဆက်မပြောတော့ချေ။

သို့သော် သူ ပြောချင်သည့် အဓိပ္ပာယ်မှာ ရှင်းနေပါသည်။

အခုချိန်တွင် မဟာပျက်သုဉ်း မြို့ဟောင်းကို ချိပ်ပိတ်လိုက်ခြင်းမှလွဲ၍ အခြား လမ်း မရှိတော့ပြီ ဆိုသည်ပင် ဖြစ်၏။

All Chapters