ပွဲသိမ်းပြီ
Vol. 91 Ch. 1353
“ကျုပ် စိတ်မကောင်းပါဘူး၊ ကျုပ် အရှိန်များသွားတယ်”
ထိုစကားသံ ထွက်လာသောအခါ လူတိုင်း အံ့ဩမှင်တက်သွားကြသည်။ ဘုန်းတော်ကြီး ဤမျှ လျင်မြန်စွာ ရှုံးသွားလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။ သူ ချက်ချင်း ရှုံးနိမ့်သွားရသည် မဟုတ်ပါလော။
*အလင်းတော် ဘုန်းတော်ကြီးက ကြောက်ဖို့ကောင်းလိုက်တာ*
*သူက ပြိုင်ဘက်ကို ကြိုမပြောဘဲ ကန်ထုတ်လိုက်ပြီးမှ ဒီလို ပြောတော့ ဘုန်းတော်ကြီးကို တမင်သက်သက် အရှက်ခွဲတာပဲ*
သူ ဘုန်းတော်ကြီးကို အနိုင်ယူပြီးသား ဖြစ်သော်လည်း ထပ်၍ ကန်ထုတ်ခဲ့သဖြင့် ဘုန်းတော်ကြီးကို မျက်နှာပျက် ရအောင် လုပ်ခြင်း ဖြစ်လေသည်။
ဘုန်းတော်ကြီး၏ မျက်နှာသည် ဒေါသကြောင့် နီရဲလာပြီး သွေးအန်ကာ သတိလစ်သွားသည်။
“ဟားဟားဟား မျိုးမစစ်ကောင် မင်း မြင်ပြီလား၊ ဒါ အလင်းတော် ဘုန်းတော်ကြီးရဲ့ အစွမ်းပဲ၊ မင်းတော့ သေပြီသာမှတ်”
ဟွမ်ကျစ်ရှန် ဂုဏ်ယူစွာ ရယ်မောလိုက်ပြီးနောက် သူ့အစ်ကိုကြီးအား တစ်ပြိုင်တည်း လှမ်းကြည့်လေသည်။
“ခင်ဗျားက အဲ့ကောင်လို ဦးနှောက်မရှိဘဲ သူ့အပေါ် မျှော်လင့်ချက် သွားထားတာကိုး၊ ဒီလို မနူးမနပ်လေးကို သွားအားကိုးမှတော့ ခင်ဗျား နောက်ကျရင် နောင်တရလာလိမ့်မယ်”
ဟွမ်ထျန်းချန် အေးတိအေးစက် ပြုံးနေပြီး ဟွမ်ကျစ်ရှန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေ လိုက်သည်။
ဟွမ်ကျစ်ရှန်က ခါဇန်က သန်မာသည်ဟု ပြောသော်လည်း ယဲ့ဖန်က ခါဇန်၏ ထိုးထွင်းသိမြင်ပြီးသား ဖြစ်သည်။ ဤသို့သော အခြေအနေအောက်၌ ယဲ့ဖန် ခါဇန်နှင့် တိုက်ရဲသေးသဖြင့် သူ တစ်သက်လုံး ယုံကြည်မှု ရှိပါသည်။
သူ၏ ဝမ်းကွဲညီက သူ့ကို တကယ် မုန်းတီးနေပုံ ရပြီး တစ်ချိန်လုံး သူ့ကို သေစေချင်နေပုံ ရသည်။ တစ်ဖက် တွင်လည်း ကျီးကန်း တာအိုသခင်သည် ပြိုင်ဘက်ကို ရှင်းလင်းနိုင်ပြီး ဆီမီးဖိုင်နယ်သို့ အောင်မြင်စွာ တက်လှမ်း သွားသည်။
သူ ထပ်ပြိုင်ရမည့် ပြိုင်ဘက်က ခါဇန် ဖြစ်သည်။
“အိုး … ကျုံးကျိုး အင်ပါယာရဲ့ နိုင်ငံသား သိုင်းပညာရှင်ပါလား”
ခါဇန်က ကျီးကန်း တာအိုသခင်ကို အံ့ဩဟန်ဖြင့် ကြည့်လာပြီး အနည်းငယ် စိတ်ဝင်စားလာသည့်ပုံပင်။
“ဟွမ်ယွီလင်းက ငါနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိတယ်၊ သူ့အတွက် ငါ့အသက်ကိုတောင် စတေးရဲတယ်၊ မင်း ဒီဟွမ်ကျုံးလီကို ယူလို့မရနိုင်ဘူး”
ကျီးကန်းတာအိုသခင်က အေးစက်စွာ ပြောလိုက်သည်။
“ဒါဆိုလည်း မင်း ငါ့ကို တားနိုင်တဲ့ အရည်အချင်း ရှိလား ကြည့်ရသေးတာပေါ့”
ခါဇန် လှောင်လိုက်ပြီး လှစ်ခနဲ လှုပ်ရှားလိုက်သည်။ သူသည် လျှပ်စီးအလား ပေါ့ပါးလျင်မြန်လှပြီး ကျီးကန်း တာအိုသခင်ထံ ပြေးဝင်သွားသည်။
ပြင်းထန်သော စွမ်းအင်များ ပါဝင်သော အလင်းတော်ဓားအား တစ်ချက် လွှဲယမ်းလိုက်သည်။ ၎င်း၌ ကြီးမားသော စွမ်းအင်များ ပါဝင်နေသည်။
ကျီးကန်း တာအိုသခင် အမူအရာ လေးနက်သွားပြီး မျက်လုံးများက စူးရှကာ လက်နှစ်ဖက်ကို လှုပ်ယမ်းလိုက် သောအခါ ကျီးကန်းများ ထွက်ပေါ်လာပြီး အရှေ့သို့ ပျံသန်းကာ ထိုဓားချက်အား ခုခံတိုက်ခိုက်လေသည်။
“ဘာ … တားလိုက်နိုင်တာလား”
လူတိုင်း ထိတ်လန့်ကာ မျက်နှာ ဖြူရော်သွားကြသည်။ အလင်းတော် ဘုန်းတော်ကြီး၏ ဓားချက်ကို တားနိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
*ကျီးကန်း တာအိုသခင်မှာ တကယ် အစွမ်းအစ ရှိတာပဲ*
“ဆရာက တော်လိုက်တာ”
ရှင်းကျီက ကျယ်လောင်စွာ အားပေးနေပြီး အလွန်အမင်း အံ့အားသင့်နေသည်။ သူမမျကလုံးထဲတွင် သူမ ဆရာသည် အသန်မာဆုံး ဖြစ်သည်။ ခါဇန်အား အရေးမပါဟုပင် ထင်နေ၏။
“ဪ မင်း တားနိုင်တာလား၊ မင်းမှာ အစွမ်းတော့ ရှိသားပဲ”
ခါဇန် ချီးမွမ်းလိုက်သော်လည်း သူ့မျက်လုံးများက ပို၍ အေးစက်လာသည်။
“ဒါပေမဲ့ မင်း ဒီအကွက်ကိုရော တားနိုင်မှာလား”
“အလင်းအရိပ် ကိုယ်ပွား”
ခါဇန်၏ ခန္ဓာကိုယ်က ထင်မှတ်မထားလောက်အောင် တုန်ခါလာပြီးနောက် အလင်းနှင့် အရိပ် ကိုယ်ပွားတစ်ခုစီ ခွဲထွက်လာသည်။
ခါဇန်၏ ကိုယ်ပွားများက မူလကိုယ်နည်းတူ သန်မာကြသည်။ လက်ရှိတွင် ကျီးကန်း တာအိုသခင်က သုံးယောက် တစ်ယောက် ရင်ဆိုင်နေရလေသည်။
*သူ နိုင်နိုင်ပါ့မလား*
ဤသည်ကိုမြင်သော် ကျီးကန်း တာအိုသခင်လေး အံ့ဩသွားသည်။ ထို့နောက် သူ့မျက်နှာက ကြီးမားသော ရန်သူတစ်ယောက်ကို ရင်ဆိုင်ရသကဲ့သို့ လေးနက်လာသည်။
“မင်းဆရာကို ဆင်းခိုင်းလိုက်တော့ မဟုတ်ရင် သူ သေသလိမ့်မယ်”
ထိုအခိုက်တွင် ယဲ့ဖန်က ရှင်းကျီအနောက်နား၌ ပေါ်လာပြီး အသာ ပြောလိုက်သည်။ ရှင်းကျီက ယဲ့ဖန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် စိတ်ဆိုးမာန်ဆိုးဖြင့် ငေါက်ငမ်းလေသည်။
“သောက်ရေးမပါလိုက်တာ၊ ငါ့ဆရာက အသန်မာဆုံးပဲ၊ ပြီးတော့ ဘယ်တော့မှ မရှုံးနိုင်ဘူး၊ နင် နောက်တစ်ခါ မဟုတ်မဟတ်တွေ ထပ်ပြောရဲမယ်ဆိုရင် ငါ နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ် သတိထား”
“ယုံကြည်မှုရှိတာ ကောင်းတဲ့အရာပါပဲ ဒါပေမဲ့ ယုံကြည်မှု လွန်ကဲတာကတော့ မောက်မာတာ ဖြစ်သွားပြီ”
ယဲ့ဖန် အသာပြောလိုက်သည်။
“နောက်တစ်ကွက်မှာ မင်းဆရာ သေချာပေါက် ရှုံးလိမ့်မယ်”
“နင် သေချင်နေပြီပဲ”
ရှင်းကျီ ထပ်သည်းမခံနိုင်တော့ဘဲ လက်ထဲမှ ဓားမြောင်နှစ်ချောင်းဖြင့် ယဲ့ဖန်အား ထိုးရန် ကြိုးစားလေသည်။ သူမ၏ တိုက်ခိုက်မှုက လေသဖွယ် မြန်ဆန်၍ ပြင်းထန်ပေသည်။
သို့သော် ထိုအခါ၌ ယဲ့န်က ယင်ကောင်ကို မောင်းထုတ်သကဲ့သို့ လက်ဖြင့် အသာ ပုတ်ထုတ်လိုက်သည်။ ရှင်းကျီ လေထဲ၌ အကြိမ် အနည်းငယ်မျှ လည်သွားပြီး တစ်လောကလုံး ချာလပတ် လည်နေသည်ဟု ခံစားမိသည့်အပြင် မြေကြီးပေါ် ပြန်ကျချိန်တွင်လည်း သူမ ခြေဖဝါးကို ပြန်ထိုးမိလုနီးပါး ဖြစ်သွားရသည်။
သူမ ချက်ချင်း ကြက်သေ သေသွားရသည်။ တစ်ဖက်လူက ဈာန်ဝင်စားခြင်းအဆင့်ပင် ရှိသော်လည်း ဘုရင်အဆင့် ဖြစ်သော သူမအား လွင့်ထွက်သွားအောင် လုပ်နိုင်သည်တဲ့လား။
*ဒါက …*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ထိုအခိုက်တွင် သူမ ချက်ချင်း သတိထားမိသွားလေသည်။
*ဒီလူ … သူက ဈာန်ဝင်စားခြင်း မဟုတ်ဘူးပဲ*
“ယုံတာ မယုံတာက မင်းအပိုင်းပဲ”
ယဲ့ဖန်က ဆက်မပြောတော့ဘဲ ထွက်လာလိုက်သည်။ ထိုစကားကို ကြားပြီးနောက် ရှင်းကျီ မသိမသာ သွေးပျက် သွားပြီး အနည်းငယ် ပိုစိုးရိမ်လာသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။
မကြာခင်မှာပင် ခါဇန် သုံးယောက်က ပြိုင်တူ လှည့်ပတ်လှုပ်ရှားနေပြီး ကျီးကန်း တာအိုသခင်ကို ချောင်ပိတ်၍ တိုက်ခိုက်လာသည်။
တစ်ယောက်က ဓားဖြင့်တိုက်ကာ တစ်ယောက်က ခြေထောက်ဖြင့် ကန်ကျောက်လာပြီး ကျန်တစ်ယောက်က လက်သီးဖြင့် တိုက်ခိုက်လာသည်။
ကျီးကန်းတာအိုသခင်သည် ဓားချက်နှင့် ကန်ချက်တို့အား တားဆီးလိုက်နိုင်သော်လည်း လက်သီးချက်အား မတားလိုက်နိုင်သဖြင့် လက်သီးချက်က ဝမ်းဗိုက် အလယ်သို့ ကျရောက်လာသည်။ ကုန်တင်ကားဖြင့် အတိုက်ခံ လိုက်ရသကဲ့သို့ သူ ခံစားလိုက်မိသည်။ သူ၏ ရင်ညွန့်ရိုး ချိုင့်ဝင်သွားရသလို သူ ကိုယ်တိုင်လည်း လွင့်ထွက် သွားရသည်။
“ဆရာ”
ဤသည်ကိုမြင်သော် ရှင်းကျီ အံ့ဩသွားသည်။ ဟွမ်ထျန်းချန်သည် ဤသည်ကို မကြည့်ရက်သော်လည်း ဘာလုပ်ရမှန်း မသိချေ။
“ဝေါ့”
ကျီးကန်း တာအိုသခင် သွေးတစ်လုပ် အန်လာပြီး အသက်ရှူပုံက မမှန်တော့ချေ။ ခါဇန်က သူ့ကို အထင်သေးစွာ ကြည့်လေသည်။
“မင်း နောက်ထပ် နှစ်နည်းနည်းလောက် ထပ်ကျင့်ကြံမယ်ဆိုရင် ငါ့ကို ယှဉ်တိုက်နိုင်မယ့် အစွမ်း ရှိလောက်တယ်၊ မင်း ငယ်လွန်းနေသေးတာ ဆိုးတာပဲ၊ အခု အရှုံးကို ဝန်ခံလိုက်တော့”
“အရှုံးကို ဝန်ခံ ဟုတ်လား၊ ဆုတောင်းနေလိုက်”
ကျီးကန်းတာအိုသခင်က ပါးစပ်ထောင့်မှ သွေးကိုသုတ်လိုက်သည်။ သူသည် ဟွမ်ယွီလင်း၏ နောက်ဆုံး အကာအကွယ် ဖြစ်သည်။ သူ ရှုံးသွားပါက ဟွမ်ယွီလင်း သေရပေလိမ့်မည်။ ထို့ကြောင့် သူ အရှုံးပေးမည့်အစား အသေသာ ခံပေမည်။
ထို့နောက် ကျီးကန်း တာအိုသခင်က ခါဇန်ကို ရင့်သီးစွာ ကြည့်လိုက်သည်။
“အခုက သွေးပူရုံလောက်ပဲ ရှိတယ်၊ ကျုပ် အစွမ်းကုန် ထုတ်မသုံးရသေးဘူး”
*ဟမ်*
ခါဇန်၏ အမူအရာက ကြမ်းကြုတ်လာပြီး ကျီးကန်း တာအိုသခင်၏ သေလမ်းရှာသော အပြုအမူကို စိတ်ပျက် သွားသည်။
“မင်းက သေချင်မှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့”
တစ်ခဏအတွင်း သူနှင့် သူ၏ ကိုယ်ပွားနှစ်ယောက်က ရှေ့တက်လာပြီး ကျီးကန်း တာအိုသခင်အား မရပ်မနား အပြင်းအထန် တိုက်ခိုက်လာသည်။ သူတော်စင်သခင်သုံးပါး ပြိုင်တူ တိုက်ခိုက်နေသလိုပင်။
“ဝုန်း ဝုန်း ဝုန်း”
ပြိုင်ကွင်းထဲ၌ ကြောက်စရာကောင်းသော ပေါက်ကွဲသံများ ထွက်ပေါ်နေပြီး ကျီးကန်း တာအိုသခင် ခုခံရန် ရုန်းကန် နေရသည်။ သို့သော် သူ့လက်နှစ်ဖက်တည်းဖြင့် လက်ခြောက်ဖက်ကို အနိုင်ယူရန် ခက်ခဲသောကြောင့် တဖြည်းဖြည်း အရေးနိမ့်လာသည်။
သူ့ခန္ဓာကိုယ်၌ ဒဏ်ရာများ တဖြည်းဖြည်း များလာပြီး ဓားဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာများ ရှိနေကာ အရေပြား စုတ်ပြဲကာ ပါးစပ်များ သွေးများ ဆက်တိုက် အန်နေ၏။ သို့သော် သူ နောက်မဆုတ်ပေ။
*သခင်မကြီး ခင်ဗျား ရွေးချယ်ခဲ့တဲ့ ပျိုးပင်လေးကို ကျုပ် သေချာပေါက် ကာကွယ်မယ်၊ ဒီအတွက် ကျုပ်အသက်ကို ရင်းရရင်တောင်မှပေါ့*
ကျီးကန်း တာအိုသခင်၏ မျက်လုံးများက ခိုင်မာပြတ်သားနေပြီး သည်းကြီးမည်းကြီး ဟစ်ကြွေးကာ အရှေ့သို့ ထိုးနှက်လေသည်။ ကျားနာတစ်ကောင် အလွန် ဒေါသထွက်နေဟန်နှင့် ဆင်တူလှသည်။
“ဝုန်း”
လက်သီးတစ်လုံးက ခါဇန်၏ ကိုယ်ပွားတစ်ယောက်ကို ထိမှန်သွားပြီး ထိုကိုယ်ပွား ခန္ဓာကိုယ် ပျက်စီးသွားသည်။
“မင်း”
ခါဇန်၏ မျက်နှာတွင် ထိတ်လန့်မှုနှင့် ကြမ်းကြုတ်မှုများ ပြည့်နှက်လာ၏။ သူ၏ ကိုယ်ပွားက မူလကိုယ်၏ ခွန်အား အပြည့် ရှိသလို မူလကိုယ်အတိုင်း ခန္ဓာကိုယ် ကြံ့ခိုင်သည်။
ပြိုင်ဘက်၏ လက်သီးက သူ၏ ကိုယ်ပွား ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်သဖြင့် ဤလက်သီးချက်သာ သူ့ပေါ် ကျလာခဲ့သဖြင့် သူ့ကို သေနိုင်သည်ဟု ဆိုလိုနေ၏။
ဤသည်ကို တွေးမိပြီးနောက် ခါဇန် အလွန် ဒေါသူပုန် ထလာသည်။
“သေလိုက်တော့”
ထို့နောက်တွင်မူ ဓား၏ အလင်းတန်းက သက်တန့်ရောင်သဖွယ် ဖြစ်နေပြီး ဓားစွမ်းအင်က မိုးမြေကို ဖုံးလွှမ်းနိုင် သည်အထိ မြင့်မားလာကာ ထိတ်လန့်ဖွယ် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။
မူလကိုယ်နှင့် ကျန်ကိုယ်ပွားတစ်ခုပါ ဒေါသထွက်နေကြပြီး အသည်းအသန် တိုက်ခိုက်နေကြသည်။ ဤသည်ကို ကြည့်ပြီး လူတိုင်း ကြက်သေ သေသွားလေသည်။ အတောမသတ်နိုင်သော လူသတ်လိုသည့် အငွေ့အသက်က သူတို့အား ကြောက်လန့်စေသည်။ လက်ရှိတွင် သူတို့သည် နှစ်တစ်သောင်းကြာ ရေခဲတောင်ထဲ၌ ပိတ်မိနေ သည်ဟုပင် ခံစားမိနေသည်။
“ပွဲသိမ်းပြီ”
ရုတ်တရက် ယဲ့ဖန်က ခံစားချက်ကင်းမဲ့ပြီး မွန်းကြပ်စေသော စကားကို ဆိုလာသည်။ ထိုအခါ ဟွမ်ထျန်းချန်နှင့် ရှင်းကျီတို့ ထိတ်လန့်သွားပြီး ပြိုင်ကွင်းသို့ အလျင်အမြန် ကြည့်လိုက်ကြသည်။
ခါဇန်နှင့် သူ၏ ကျန်ကိုယ်ပွားတို့က ကျီးကန်း တာအိုသခင်၏ လက်မောင်းတစ်ဖက်ဆီကို ဆုပ်ကိုင်ထားပြီး ကြောက်စရာကောင်းသော အကြည့်များဖြင့် ကြည့်နေသည်။ ထို့နောက် လက်ကို အားကုန်သုံး၍ ဆွဲဆောင့် လေသည်။
“ဂျွတ်”
သူတို့ကြောင့် လက်မောင်းတစ်ဖက် ပြုတ်ထွက်သွားသည်။
“အား…”
ကျီးကန်း တာအိုသခင် နာကျင်စွာ အော်ဟစ်လိုက်ပြီး နဖူးကြောများပင် ထောင်လာကာ မျက်နှာ ပြာနှမ်းလာ၏။ ဝေဒနာက အသည်းခိုက်အောင် နာကျင်လွန်းလှသည်။
“ဒူးထောက်ပြီး ငါ့ကို အသက်ချမ်းသာပေးဖို့ တောင်းဆိုလိုက်”
ခါဇန်က သူ့ကို အထင်သေးဟန်ဖြင့် ကြည့်ကာ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
“စိတ်ကူးယဉ်နေလိုက်”
ကျီးကန်းတာအိုသခင်က အေးစက်စက် မျက်နှာထားနှင့် ပြန်ပြောလိုက်သည်။
“သေချင်နေတာပဲ”
ခါဇန်၏ မျက်လုံးတွင် ခက်ထန်ရက်စက်မှုများ ပြန်ပေါ်လာသည်။
“ဂျွတ်”
ကျီးကန်း တာအိုသခင်၏ နေက်လက်တစ်ဖက် ပြုတ်သွားပြန်သည်။
“အား….”
အော်သံက ပိုပို၍ ဆိုးရွားလာသည်။
“ဆရာ ထပ်မတိုက်ပါနဲ့တော့၊ ကျေးဇူးပြုပြီး ထပ်မတိုက်ပါနဲ့တော့”
ရှင်းကျီ ငိုကြွေးနေသည်။ ဤသို့ ဆက်ဖြစ်နေပါက သူမဆရာ တကယ် သေသွားပေလိမ့်မည်။
“ဒါပဲလေ မင်း သူများကို ကာကွယ်ချင်သေးလား၊ အခု မင်းကိုယ်မင်းတောင် မကာကွယ်နိုင်တာ၊ အမှိုက်ကောင်”
ခါဇန်က ကျီးကန်း တာအိုသခင်၏ မျက်နှာပေါ် တံတွေးထွေးချ၍ အားပါးတရ ရယ်မောလေသည်။ သူ အလွန် ဂုဏ်ယူနေ၏။ ထို့နောက် သူက လူတိုင်းကို မောက်မာသော မျက်နှာပေးနှင့် ဝေ့ကြည့်လိုက်သည်။
“ကျုံးကျိုး အင်ပါယာမှာ အရည်အချင်းရှိတဲ့ သိုင်းပညာရှင် မရှိတော့ဘူးလား”
သိုင်းပညာရှင်များအားလုံး ဒေါသထွက်လာကြသည်။ တစ်ဖက်လူ၏ စကားများက တင်စီးလွန်းပြီး သူတို့ကို လျစ်လျူရှုထားခြင်း ဖြစ်သည်။
ထို့နောက် ခါဇန်က ကျီးကန်း တာအိုသခင်ကို ပြန်ကြည့်၍ အေးစက်စွာ ပြောလိုက်သည်။
“အရှုံးကို ဝန်ခံမလား၊ အသေခံမလား”
ကျီးကန်း တာအိုသခင် မချိပြုံး ပြုံးနေပြီး သူ့စိတ်ထဲ၌ အလွန် စိတ်ပျက်နေသည်။
*လင်းအာ တောင်းပန်ပါတယ်၊ ဘိုးဘိုးကျီးကန်း မင်းကို စိတ်ဓာတ်ကျအောင် လုပ်ခဲ့မိပြီ*
သူ့အပြင် မည်သူက ဟွမ်ယွီလင်းကို ကာကွယ်နိုင်ပါဦးမည်နည်း။ ဟွမ်ယွီလင်း အသတ်ခံရပြီး ဤလူများ၏ နုတ်နုတ်စင်းခြင်း ခံရတော့မည်ကို တွေးမိကာ သူ့ရင်အား ဓားနှင့်မွန်းသလို ခံစားလိုက်ရသည်။
သူ့ကိုယ်သူ အသုံးမကျသည့်အတွက် မုန်းတီးမိသည်။ ဟွမ်ယွီလင်းကို မကာကွယ်နိုင်ဘဲ သူမဘဝ ဘေးကင်းအောင် မလုပ်ပေးနိုင်သည့်အတွက် သူ့ကိုယ်သူ မုန်းတီးမိသည်။
“ဆရာ ကျွန်မ တောင်းပန်ပါတယ်၊ တခြားအရာတွေကို စိုးရိမ်စရာ မလိုပါဘူး၊ ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့”
ရှင်းကျီ သည်းခြေပျက်မတတ် ငိုကြွေးကာ တောင်းပန်လေသည်။
“သတ်လိုက်”
သို့သော် ကျီးကန်း တာအိုသခင်က ထိုသို့ပြောပြီး မျက်လုံး မှိတ်ထားလိုက်သည်။ သူ့ပုံစံက သေခြင်းတရားကို စောင့်နေသလိုပင်။
သူ ဟွမ်ယွီလင်းကို မကာကွယ်နိုင်ခဲ့ပါ။ ထို့ကြောင့် သူ၏ အပြစ်အတွက် ဟွမ်ယွီလင်းနှင့်အတူ လိုက်သေမည်ဟု ဆုံးဖြတ်ထားသည်။ ဤနည်းအားဖြင့် သူ မသိမသာ စိတ်အေးရပေမည်။
“ကောင်းပြီ မင်းက သေချင်နေမှတော့ ငါ လုပ်ပေးရမှာပေါ့”
ခါဇန်က အေးစက်စွာ ပြုံး၍ ကျီးကန်းတာအိုသခင်၏ ဦးခေါင်းကို ခြေထောက်ဖြင့် တက်နင်းလေသည်။
“မလုပ်ပါနဲ့”
ရှင်းကျီ အသံကုန် အော်ဟစ်လိုက်မိပြီး အသက်ပင် မရှူနိုင်တော့ချေ။
“ဂါး…”
ရုတ်တရက် မိုးမြေ တုန်ခါလောက်သည့် နတ်ဆိုးအော်သံက အသိမပေးဘဲ ပြိုင်ကွင်းထဲသို့ ပျံ့လွင့်လာသည်။ ထိုအသံက ငရဲမှအသံဟု ထင်မှတ်ရပြီး လောကကို စုတ်ဖြဲစေနိုင်သည်ဟု ထင်မှတ်ရသဖြင့် လူတိုင်း ခေါင်းမွေး ထောင် သွားကြသည်။
ထို့နောက် အလွန်အမင်း အေးစက်သော အသံတစ်သံ ထွက်ပေါ်လာ၏။
“ခင်ဗျား သူ့ကိုသတ်ရဲရင် ကျုပ် ခင်ဗျားကို သတ်ပစ်မယ်”