← Chapters

ငါ့အကြောင်း သိအောင် ပြရသေးတာပေါ့

Vol. 91 Ch. 1355

ငါ့အကြောင်း သိအောင် ပြရသေးတာပေါ့

Vol. 91 Ch. 1355

ပြင်းထန်သော လက်သီးတစ်ချက် ကျရောက်လာသည်။ ယဲ့ဖန်၏ လက်သီးတွင် မမြင်ရသော သူမတူသည့် အငွေ့အသက်များ ပါဝင်နေပြီး ကြောက်စရာကောင်းသည့် ခွန်အားများ ပါဝင်နေသည်။ သူ့ခန္ဓာကိုယ်က မထင်မှတ်ထားလောက်အောင် ကြံ့ခိုင်သန်မာ၏။ သူ၏ လက်သီးဖြင့် စကြဝဠာထဲမှ အရှင်သခင် တစ်ယောက် ချင်းစီကို သူ ရှင်းလင်းခဲ့ဖူးသည်။ သူ့ခန္ဓာကိုယ်က ကြောက်စရာ ကောင်းပေသည်။

 

ရုတ်တရက် သူ၏ လက်သီးချက်ကြောင့် လေပြင်း တိုက်ခတ်လာပြီး ခါဇန်၏ ဆံပင်များ လွင့်ခါလာသည်။ လက်ရှိတွင် ခါဇန်၏ စိတ်ထဲ၌ အလွန်အမင်း မသက်မသာ ဖြစ်သော ခံစားချက် ထွက်ပေါ်လာပြီး သူ့မျက်နှာ ဖြူရော်လာလေသည်။

 

*ချီးပဲ*

 

ဤလက်သီးချက်က အလွန် အင်အားကြီးကြောင်း သူ သတိထားမိသွားသည်။ သို့သော် သူ့လက်ထဲမှ သူတော်စင် ဓားသည် အရာအားလုံးကို ဖျက်ဆီးနိုင်သော ဓားဖြစ်သည်။ ယဲ့ဖန်က လက်ချည်းဗလာဖြင့် သူ၏ သူတော်စင် ဓားကို ထိုးနှက်ရန် ကြိုးစားခြင်းက ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာ ဖြစ်ပေသည်။

 

“အရူးကောင်”

 

ခါဇန်က သရော်၍ ယဲ့ဖန်၏ လက်သီးအား ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

 

“ချွင်”

 

ပြင်းထန်သော တုန်ခါသံနှင့်အတူ တာအိုစွမ်းအင်လှိုင်း ပျံ့လွင့်လာသည်။ လူတိုင်း အကြီးအကျယ် မျက်နှာပျ က်သွားကြပြီး ကိုယ့်နားကိုယ် အလျင်အမြန် အုပ်လိုက်ကြသည်။ ဤအသံလှိုင်းမျိုးက သူတို့ နားထောင်နိုင်သော အရာ မဟုတ်ပေ။ အကယ်၍ သူတို့ သတိမထားမိပါက သူတို့ပါ ရှင်းလင်းခံရနိုင်သည်။

 

“အား...”

 

သို့သော် ထိုအချိန်၌ ပြိုင်ကွင်းထဲမှ အော်သံတစ်သံ ထွက်ပေါ်လာသည်။

 

*အဲ့ကောင်လေး သူ့လက်ကောက်ဝတ် ပြတ်သွားတာလား*

 

ထိုအော်သံကို ကြားသော် ဟွမ်ကျစ်ရှန်က စဉ်းလဲသော အပြုံးမျိုး ပြုံးနေပြီး တစ်ပါးသူ၏ ကံဆိုးခြင်းအပေါ် ကျေနပ် အားရနေ၏။

 

မကြာခင်မှာပင် သူ့အပြုံးက အေးခဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ခါဇန်၏ လက်ငါးချောင်းလုံး၌ သွေးများ ပေကျံနေသည်ကို သူ တွေ့လိုက်ရသောကြောင့်ပင်။

 

သူ့ပါးစပ်မှ သွေးများ အန်နေပြီး သူ့လက်ထဲမှ အလင်းတော်ဓားက မြေကြီးပေါ် လွတ်ကျနေသည်။ ခါဇန်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲနေ၏။

 

လက်ဝါးမှ ဝေဒနာက လျင်မြန်စွာ ပျံ့နှံ့နေသည်ကို ခံစားမိပြီး နာကျင်မှုကြောင့် သူ့မျက်နှာ ရှုံ့မဲ့နေသည်။

 

*ငါ့ဓားကို တားနိုင်တာလား*

 

*ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်လိုက်သလိုပဲ*

 

လက်ရှိတွင် ယဲ့ဖန် ဘာကိုသုံး၍ ထိုဓားချက်ကို တားဆီးလိုက်သလဲ ဆိုသည်ကို အားလုံး သိလိုက်ကြသည်။

 

*လက်နဲ့*

 

*တကယ့်ကို လက်ချည်းဗလာနဲ့ပဲ*

 

ကျီးကန်း တာအိုသခင်တောင်မှ တာအိုစွမ်းအင်ကို သုံး၍ ခုခံခဲ့ရသည်။ ထိုအခိုက်တွင်တောင်မှ ခါဇန်က အားကုန် ထုတ်မသုံးရသေးပေ။ သို့သော် ယခု ခါဇန်က သူ့ခွန်အားကို အစွမ်းကုန်သုံး၍ တိုက်ခိုက်ပါသော်လည်း အချည်းနှီး ဖြစ်ရသည်တဲ့လား။

 

ခါဇန် ခေါင်းပင် မဖော်နိုင်ပေ။ ယဲ့ဖန်က သူ့ဓားချက်ကို ပိတ်ဆို့နိုင်လိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိပေ။

 

*ဒါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်ရမယ်*

 

*ဒါ အမြင်မှားနေတာ*

 

ခါဇန် ရင်ထဲ၌ ကြိတ်၍ အော်ဟစ်နေပြီး အံကြိတ်နေမိသည်။ သို့သော် ထိုအခိုက်တွင် ယဲ့ဖန်၏ ဒုတိယ လက်သီးချက် ကျရောက်လာသည်။

 

ခါဇန် ခေါင်းမွေးထောင်သွားပြီး အသည်းအသန် ဓားကိုပြန်သုံး၍ တားဆီးလိုက်သည်။

 

“ချွင် ချွင်”

 

ပြင်းထန်သော အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။ ယဲ့ဖန် လက်သီး တစ်လုံးပြီး တစ်လုံး ပစ်သွင်းနေပြီး အမူအရာက တည်ငြိမ်နေသည်။ လက်သီးချက်တိုင်းက သန်မာလှသော်လည်း သူ၏ ပုံစံက အားမထုတ် ထားသကဲ့သို့ တည်ငြိမ်၍ အေးဆေးနေလေသည်။

 

လူတိုင်း မယုံသင်္ကာ ဖြစ်နေကြသည်။

 

*ဒီလူမှာ ယန်စွမ်းအင်တွေ ပေါနေတာလား၊ ဘယ်လိုလုပ် ယန်စွမ်းအင်ကို ဒီလို ဖြုန်းတီးနေတာလဲ*

 

“အရူး မင်း မကြာခင် ယန်စွမ်းအင် ကုန်ခမ်းပြီး သေရမှာပဲ”

 

ခါဇန်က လှောင်ရယ်လိုက်ပြီး ယဲ့ဖန် ယန်စွမ်းအင် ကုန်ခမ်းမည့်အချိန်ကို စောင့်နေသည်။ ထိုအချိန်က သူ့ကို သတ်နိုင်မည့် အချိန်ပင်။

 

ယဲ့ဖန်ကလည်း ရယ်မော၍ အေးအေးလူလူ ပြန်ပြောလိုက်သည်။

 

“ဒါပေမဲ့ ငါ ယန်စွမ်းအင် ကုန်တဲ့အထိ မင်း အသက်ရှင်နိုင်ပါ့မလား”

 

ခါဇန် ထပ်၍ မရယ်နိုင်တော့ချေ။ အချိန် အတော်ကြာသည်အထိ ဆွဲမထားနိုင်လျင် သူ ရှုံးပေလိမ့်မည်။ ယဲ့ဖန်၏ ဆယ်ကြိမ်မြောက် လက်သီး ကျလာချိန်တွင် ခါဇန် ထပ်မတောင့်ခံနိုင်တော့ပေ။ သူ့လက်ထဲမှ အလင်းတော်ဓား လွင့်ထွက်သွားပြီး မြေကြီးပေါ် ပြုတ်ကျသွားသည်။ သူ့လက်ထဲတွင် သွေးများ အလိမ်းလိမ်း ဖြစ်နေပြီး ကြည့်ရဆိုးနေသည်။

 

“ယီးပဲ”

 

သူ ယဲ့ဖန်ကို မယုံသင်္ကာဖြင့် ကြည့်လိုက်မိသည်။

 

“မင်းကိုယ်က ဘာနဲ့လုပ်ထားတာလဲ”

 

“ငါ ကြယ်တာရာကို အစာအဖြစ် အသုံးပြုတယ်၊ ငရဲကို ငါ့အာဟာရအဖြစ် သုံးတယ်၊ နတ်ဘုရားတွေရဲ့ အသွေးအသားကို ငါ့အဝတ်အစားအဖြစ် သုံးတယ်၊ ငါ့ကိုယ်က ဘာနဲ့လုပ်ထားတယ်လို့ သူ ထင်လဲ”

 

ယဲ့ဖန် ပြုံး၍ ပြန်မေးလိုက်သည်။

 

*ကြယ်တာရာကို အစာအဖြစ် သုံးတယ် ဟုတ်လား*

 

*ဒီကောင် အတည်ပြောနေတာလား*

 

ပွဲကြည့်ပရိသတ်များ ထိတ်လန့်သွားကြသည်။ ရှင်းကျီနှင့် ကျီးကန်း တာအိုသခင်လည်း ထိတ်လန့်နေသည်။ သူတို့ နှစ်ယောက်လုံး ယဲ့ဖန်ကို နည်းမျိုးစုံနှင့် အထင်သေးခဲ့ကြသည်။

 

ယခု သူတို့ရှေ့မှ ယဲ့ဖန်က အလုပ်ဖြင့် သက်သေပြ၍ သူတို့ကို အရှက်ခွဲနေလေပြီ။

 

*သူ မောက်မာနေတာ အံ့ဩစရာ မရှိဘူး*

 

*သူ အရာအားလုံးကို အထင်သေးနေတာ အံ့ဩစရာ မရှိတော့ဘူးပဲ*

 

ယဲ့ဖန်က ကြောက်စရာကောင်းသော လူတစ်ယောက် ဖြစ်နေပြီး ခါဇန်အား အသာလေး အနိုင်ယူနိုင်ပုံက မထင်မှတ်ထားစရာပင်။ ဤသည်မှာ အပြတ်အသတ် ဖိနှိပ်ခြင်းပင်။

 

အလင်းတော်ဓားနှင့် ကိုယ်ပွား ခန္ဓာကိုယ် ရှိနေသော ခါဇန်အား သူ ဖိနှိပ်ထားနိုင်ပုံက မယုံနိုင်စရာ ကောင်းလှသည်။

 

သူတော်စင်သခင်အဆင့်များအားလုံး ချောက်ချားသွားပြီး ယဲ့ဖန်အား ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လာ ကြသည်။

 

သူတို့အရှေ့မှ လူငယ်လေးက သူတို့အား ကြောက်စိတ်ကို ခံစားမိစေသည်။ ခါဇန်ကဲ့သို့သော လူအိုကြီးကို တောင်မှ အနိုင်ယူနိုင်သဖြင့် ဤလူငယ်လေး၏ ခွန်အားက လူတိုင်း ထင်ထားသည်ထက် ကျော်လွန်နေပေသည်။

 

မကြာခင်မှာပင် ခါဇန် နောက်ဆုတ်နေရပြီး ကိုယ်ပွားအား အလင်းတော်ဓားကို ကောက်ယူစေပြီး မူလကိုယ်ရှေ့၌ ရပ်စေသည်။ တစ်ချိန်တည်းမှာပင် မူလကိုယ်က နောက်ဆုတ်လိုက်သည်။

 

သို့သော် သူ့အကြံ အကောင်အထည် ဖော်လိုက်သည့်အခိုက်မှာပင် သူ့အနောက်မှ မာကျောသော အသံတစ်သံ ထွက်ပေါ်လာသည်။

 

“ခင်ဗျား ကျုပ်အသက်ကို လိုချင်ခဲ့တာ မဟုတ်ဘူးလား၊ အခု ဘာလို့ ထွက်ပြေးနေတာလဲ”

 

ခါဇန် မျက်နှာဖြူရော်သွားပြီး နဖူးမှ ချွေးစေးများ စိမ့်ထွက်လာကာ အရှေ့သို့ လှမ်းကြည့်လိုက်သည်။

 

*ယဲ့ဖန် ဘယ်ရောက်သွားတာလဲ*

 

*ဘယ်တုန်းကလဲ*

 

*ဒါက*

 

ပွဲကြည့်ပရိသတ်များ ပွက်လောရိုက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန် ဘယ်အချိန်က ခါဇန်၏ နောက်သို့ ရောက်နေမှန်း သူတို့ မသိလိုက်ကြသောကြောင့်ပင်။

 

ခါဇန် နောက်သို့ ဆန့်တငင်ငင်နှင့် လှည့်ကြည့်လိုက်သောအခါ ကြောက်စရာကောင်းသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ ရယ်နေသည်ဟု ထင်ရသော်လည်း ရယ်နေခြင်းမဟုတ်၊ ငိုနေသည်ဟု ထင်ရသော်လည်း ငိုနေခြင်း မဟုတ်သော မျက်နှာ အမူအရာ။ ထိုမျက်နှာ အမူအရာမျိုးအား ခါဇန် တစ်သက်လုံး တစ်ခါမှ မမြင်ဖူး ခဲ့ပါ။

 

*မကောင်းတော့ဘူး*

 

ခါဇန် အကြီးအကျယ် မျက်နှာပျက်သွားပြီး သွေးပျက်ဟန် ပေါ်လာကာ ခေါင်းမွေးထောင်သွားသည်။

 

“ဒုန်း”

 

လက်သီးတစ်လုံး ခါဇန်၏ ရင်ဘတ်ပေါ် ကျရောက်လာပြီး ထုတ်ချင်းဖောက်သွားလေသည်။ အရှေ့နှင့် အနောက်အား ထိုးထွင်းမြင်နေရသည်။ သွေးအလိမ်းလိမ်း ဖြစ်နေသော ထိုအပေါက်မှ တဒုတ်ဒုတ် ခုန်နေသော နှလုံးနှင့် ကျိုးပဲ့နေသော အရိုးများကို လူတိုင်း မြင်နေရသည်။

 

“ဂျွတ် ဂျွတ်”

 

ပြိုင်ကွင်းတစ်ခုလုံး အက်ကွဲလာပြီး အက်ကြောင်းရာ ပျံ့နှံ့လာသည်။ လက်သီးတစ်ချက်တည်းဖြင့် အသတ်ခံ လိုက်ရလေပြီ။

 

ခါဇန်၏ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျနေပြီး ယဲ့ဖန်အား မကျေမချမ်း ကြည့်နေ၏။

 

“မင်းက ဘယ်လို မိစ္ဆာမျိုးလဲ”

 

အလင်းတော် ဘုန်းတော်ကြီး သေဆုံးသွားလေသည်။ အရာအားလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း ငြိမ်သက်နေပြီး ပါးစပ်အဟောင်းသား ဖြစ်နေပုံက ဥပင် ဝင်ဥ၍ ရနေလောက်သည်။ မထင်မှတ်ထား လောက်အောင် ထိတ်လန့်နေကြသည်။

 

နှစ်ထောင်ချီ သက်တမ်းရှိသည့် သူတော်စင်သခင်အဆင့် ဖြစ်သူ အလင်းတော် ဘုန်းတော်ကြီးက ဤလူငယ် လေးထံ၌ လက်သီးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်တဲ့လား။ အစမှအဆုံးတိုင် ဖိနှိပ်ခံခဲ့ရသည်။ အလင်းတော်ဓားကိုကိုင်၍ ကိုယ်ပွားနှင့် တိုက်ခိုက်တာတောင်မှ အခြေအနေကို သူ မပြောင်းနိုင်ခဲ့ပါ။

 

ရှင်းကျီ မချိပြုံး ပြုံးလိုက်မိပြီး သူမ ရူးမိုက်သော အမှားတစ်ခုကို ကျူးလွန်မိကြောင်း သတိပြုလိုက်မိသည်။ ယဲ့ဖန်က လိမ်လှည်ခြင်း မဟုတ်သလို မောက်မာယောင် ဆောင်နေခြင်းလည်း မဟုတ်ပေ။ ယဲ့ဖန်အပေါ် သူတို့ ယခင်က သိခဲ့သော အရာများအားလုံးက မှားယွင်းနေသည်။

 

ထိုအချိန်က ယဲ့ဖန်၏ အမြင်တွင် သူမဆရာနှင့် သူမတို့က ရယ်ချင်စရာများ ဖြစ်နေလောက်သည်။ သူတို့သည် ယဲ့ဖန်အပေါ် လေသံမာမာဖြင့် ဟန်တစ်လုံးပန်တစ်လုံး ပြောဆိုဆက်ဆံခဲ့သည်။ သို့မှသာ ယဲ့ဖန် မမောက်မာနိုင်ဟု ထင်ခဲ့ကြသည်။

 

ဤသို့ဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

 

ဤသည်ကိုမြင်သော် ကျီးကန်း တာအိုသခင်လည်း နှလုံးသားကို ဓားနှင့်ထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်မိသည်။ ပို၍ လက်မခံနိုင်သည့် အချက်မှာ ခါဇန်ကြောင့် သူ့လက် ပြတ်သွားခြင်းပင်။

 

သူ အထင်သေးသော ဤလူငယ်လေးက သူ အနိုင်မယူနိုင်သော ခါဇန်ကို အနိုင်ယူနိုင်သည်တဲ့လား။ ခါဇန်က သူ့ကို အနိုင်ပိုင်းခဲ့သော်လည်း ထိုလူငယ်က ခါဇန်ကို ပြတ်သတ်ခဲ့သည်။

 

သူ ယခင်က ယဲ့ဖန်ကို ခြိမ်းခြောက်ခဲ့ဖူးသည်။ ထိုအချိန်က ယဲ့ဖန်သာ သူ့ကို ဒေါသထွက်ခဲ့လျင် သူသည်လည်း အထိုးခံရပြီး အသတ်ခံရမည်လော။

 

ဤသည်ကို ပြန်တွေးမိပြီးနောက် ကျီးကန်း တာအိုသခင် မချိပြုံး ပြုံးလိုက်မိသည်။ သူ မျက်နှာ ဖြတ်ရိုက်ခံ လိုက်ရသလို ခံစားလိုက်ရသည်။

 

လက်ရှိတွင် ပတ်ဝန်းကျင် အခြေအနေက ထူးဆန်းသယောင် ဖြစ်နေကာ သူတော်စင်သခင်အဆင့်များပင် အကြောက်လွန်၍ စကားမပြောနိုင်တော့ချေ။

 

လူတိုင်း ဆွံ့အသွားပုံရကာ ထိတ်လန့်နေသော မျက်လုံးနှင့် အမူအရာတို့ဖြင့်သာ သူတို့ခံစားချက်ကို ဖော်ပြနေ ကြသည်။

 

လက်ရှိတွင် တာအိုဆရာသခင် မင်တန်းလည်း မျက်မှောင်ကြုတ်နေ၏။ ဤသို့သော ပြိုင်ပွဲကို သက်ရောက် စေမည့် ဖျက်မြင်း ပေါ်လာလိမ့်မည်ဟု သူ ထင်မထားမိပါ။

 

ကျန်နေသော သူတော်စင်သခင်အဆင့် နှစ်ယောက်သည် အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် ယဲ့ဖန်ထံ တစ်ဟုန်ထိုး ပြေးဝင်သွားကြသည်။

 

“ဒါ ဘာသဘောလဲ”

 

သူတော်စင်သခင်အဆင့်နှစ်ယောက် ပြိုင်တူ တက်သွားသည်ကိုမြင်သော် လူတိုင်း မှင်တက်သွားကြသည်။ ယခင် စည်းမျဉ်းများအရ တစ်ယောက်ချင်းသာ စိန်ခေါ်ရမည် မဟုတ်ပါလော။

 

“မင်းတို့က နှစ်ယောက်ဆိုပြီး အနိုင်ကျင့်ချင်တာလား”

 

ယဲ့ဖန်က တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သိနေဟန်ဖြင့် အထင်သေးစွာ ပြုံးလိုက်သည်။

 

“ဟေ့ကောင် မင်းက ငါတို့ ပြိုင်ပွဲကို ဝင်နှောင့်ယှက်တာလေ၊ ငါတို့က မင်းကို ရှင်းထုတ်ရုံပဲ”

 

မိုးပြာရောင် နဂါးဘုရင်ဟု ကျော်ကြားသော အဘိုးအိုက အပြုံးကြီး ပြုံးနေ၏။

 

“ဟုတ်တယ် မင်းက ကြိုမှစာရင်းမသွင်းဘဲ အဲ့တော့ မင်း ပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်တဲ့ အရည်အချင်း မရှိဘူးကွ၊ ဒါက ပြိုင်ပွဲကို ပျက်စီးစေတယ်ကွ၊ မင်းကို ခွင့်လွှတ်ပေးလို့ မရဘူး”

 

မီးနတ်ဘုရားဟု ခေါ်သော ဆံပင် အနီရောင်ရှိသည့် အဘိုးအိုကလည်း ကြုံးဝါးလာသည်။ သူတော်စင်သခင်အဆင့် နှစ်ယောက်လုံး ကောက်ကျစ်စွာ ပြုံးနေကြပြီး ရှက်ရွံ့ခြင်းလည်း မရှိကြပေ။

 

အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ ခွန်အားကို သူတို့ မြင်ပြီးသား ဖြစ်သဖြင့် သူတို့ ယဲ့ဖန်ကို အနိုင်ယူနိုင်ရန် ခက်ခဲပေမည်။ ထို့ကြောင့် ယဲ့ဖန်ကို အနိုင်ယူရန် သူတို့ ပူးပေါင်းလိုက်သည်။ သို့မှသာ သူတို့ ယဲ့ဖန်ကို ရှင်းထုတ်နိုင်ပေမည်။

 

ဤသို့လုပ်ခြင်းက အန္တရာယ် အကင်းဆုံး နည်းလမ်းပင်။

 

“ခင်ဗျားတို့က ဘယ်လောက် လေးစားစရာ ကောင်းပါတယ်ပြောပြော၊ ခင်ဗျားတို့ရဲ့ လောဘနဲ့ ကောက်ကျစ်တဲ့ စိတ်ဆန္ဒကို မပြောင်းလဲနိုင်ဘူးပဲ၊ ကိစ္စမရှိပါဘူး … ကျုပ် ခင်ဗျားတို့ကို လွှတ်ပေးဖို့ စိတ်ကူးမရှိဘူး”

 

ယဲ့ဖန် အထင်သေးစွာ ပြုံးလိုက်ပြီး အလေးအနက် ပြောလိုက်သည်။

 

“ဟွမ်ယွီလင်းက ငါ့ညီမပဲ၊ သူ့ကို ထိခိုက်အောင် လုပ်ရဲတဲ့လူတိုင်း သေရမယ်”

 

သူ့စကားကိုကြားသော် ဟွမ်ထျန်းချန် ငိုကြွေးလေတော့သည်။ ယဲ့ဖန်က ဟွမ်ယွီလင်းကို သူ့ညီမအဖြစ် တကယ် သတ်မှတ်ထားသည်ပဲ။ ဤသို့သော လူမျိုးက သူ့အဆင့်အတန်းကို လျစ်လျူရှု၍ သူ့သမီးကို ဂရုစိုက်သည် တဲ့လား။

 

“ငါ့ဟွမ်မိသားစုကို နတ်ဘုရားတွေ စောင့်ရှောက်တာပဲ”

 

ဟွမ်ထျန်းျန် ဝမ်းသာနေ၏။

 

“ဟားဟားဟား အရူး မင်း ခါဇန်ကို နိုင်တာနဲ့ ငါတို့ကို စိန်ခေါ်နိုင်မယ် ထင်နေလား”

 

မီးနတ်ဘုရားက ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ရယ်မောလေသည်။ သူတို့ နှစ်ယောက်လုံးက သာမန် မဟုတ်သော နောက်ခံများ ရှိကြပြီး သူတို့၏ ခွန်အားက ခါဇန်ထက် မနိမ့်ပေ။ ခါဇန်တောင်မှ ကိုယ်ပွားနှစ်ယောက် ခွဲ၍ အလင်းတော်ဓားကို သုံးမှ သူတို့ကို ယှဉ်နိုင်မည် ဖြစ်သည်။

 

သို့သော် ယဲ့ဖန်က သူတို့ကို အထင်သေးသည်တဲ့လား။ မယုံနိုင်စရာပင်။ မီးနတ်ဘုရားက ဂုဏ်ယူစွာ ကြုံးဝါး လေသည်။

 

“ဟွမ်ကျုံးလီကို ငါ အရယူဖို့ ဆုံးဖြတ်ထားပြီးသား”

 

မိုးပြာရောင် နဂါးဘုရင်ကလည်း ပြုံး၍ အေးစက်စွာ ပြောလိုက်သည်။

 

“ဒီနေ့ မင်းကို မိုးကောင်းကင်က ဘယ်လောက် မြင့်မားကြောင်း ငါ သိအောင် ပြမယ်”

 

“ဪ”

 

ယဲ့ဖန်က အပြုံးနှင့် ရှေ့တက်ကာ အလင်းတော်ဓားကို ကောက်ယူလိုက်သည်။

 

“ဒါဆို ဒီဓားက မင်းတို့ကို ငါ့အကြောင်း သိအောင် ပြရမယ်”

 

All Chapters