← Chapters

ဆယ်ပုံတစ်ပုံ

Vol. 91 Ch. 1357

ဆယ်ပုံတစ်ပုံ

Vol. 91 Ch. 1357

လေပြင်း တိုက်ခတ်နေပုံက ကြောက်စရာ ကောင်းလှသည်။ ထိုအနက်ရောင်ဓားက ကောင်းကင်ကို ထိုးခွင်းသည့် ဒုံးပျံလေအလား ခပ်ဝေးဝေး ကောင်းကင်ယံမှ မီးနတ်ဘုရားအား ထိုးဖောက်၍ သတ်ဖြတ်သွားလေသည်။

“ရွှစ်”

ကောင်းကင်ယံ၌ သွေးများ လွင့်စဉ်လာသည်။ ဓားဖြင့် ထိုးစိုက်ခံလိုက်ရသည့် မီးနတ်ဘုရားသည် ခန္ဓာကိုယ် ပေါက်ကွဲ၍ သေဆုံးသွားလေသည်.

ဤမြင်ကွင်းကို မြင်လိုက်ရသည့် လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။ သူတို့အရှေ့မှ ဤလူငယ်လေးက သူတော်စင်သခင်အဆင့်ကို တကယ် သတ်လိုက်နိုင်သည်တဲ့လား။ ကြောက်စရာ ကောင်းလိုက် လေခြင်း။

ယခင်က ဤသို့ တစ်ခါမှ မဖြစ်ဖူးပေ။ သူတော်စင်သခင်အဆင့် သုံးယောက်လုံး ယဲ့ဖန်၏ လက်ထဲ၌ သေဆုံး သွားခဲ့ပြီး ယဲ့ဖန်အား မည်သို့သော ထိခိုက်မှုမျိုးမှ မပေးနိုင်ဘဲ ရှင်းလင်းခံလိုက်ရသည်။

*သူတော်စင်သခင်အဆင့်ကို ခွေးတွေဝက်တွေကို သတ်သလို သတ်နေတာပါလား*

*ဒါက*

*မကောင်းဆိုးဝါးပဲ*

“အခြား ဘယ်သူတွေ လက်မခံချင်ဘူးလဲ၊ အတူတူ တက်လာခဲ့၊ ကျုပ် ဟွမ်ယွီလင်းအတွက် အကုန် ရှင်းမယ်”

ယဲ့ဖန်က ခက်ထန်သော မျက်လုံးများဖြင့် သူတော်စင်သခင်အဆင့် တစ်ယောက်ပြီး တစ်ယောက်၏ မျက်နှာကို ဝေ့ကြည့်လိုက်သည်။

အထက်စီးဆန်၍ နတ်ဘုရားသဖွယ် အများ လေးစားခံရသူများ ဖြစ်ပြီး သူတို့ နှာချေလျင်တောင်မှ တစ်လောကလုံး တုန်လှုပ်သွားအောင် လုပ်နိုင်သည့် ဤသူတော်စင်သခင်အဆင့်များသည် လက်ရှိတွင် ယဲ့ဖန်အား စေ့စေ့ပင် မကြည့်ရဲကြချေ။

ယခုအချိန်၌ သူတို့သည် အကြောက်တရား၏ အရသာကို အမှန်တကယ် ခံစားမိနေ၏။ သူတို့ သူတော်စင်သခင် ဖြစ်လာပြီးကတည်းက ဤခံစားချက်ကို မခံစားမိသည်မှာ နှစ်မည်မျှ ကြာနေပြီလဲ မသိတော့ချေ။

သို့သော် ယနေ့ ယခုအချိန်၌ သူတို့သည် အခြားသူများ၏ လွှမ်းမိုးခြင်းခံရသော ခံစားချက်ကို ပြန်ခံစားမိလာသည်။ အမှောင်ထု၏ လွှမ်းမိုးခြင်းခံရသော ကြောက်စိတ်ကို ခံစားမိလာရသည်။

လက်ရှိတွင် သူတို့အရှေ့မှ လူငယ်လေးသည် တစ်လောကလုံး၌ ကျော်ကြားလာပေတော့မည်။ ယဲ့ဖန်၏ အမိန့်ပေးသံအောက်၌ မည်သူမှ စကားမပြောရဲချေ။ သူတို့သည် သူတော်စင်သခင်အဆင့် လူအိုကြီးများ ဖြစ်သော်လည်း သာမန် သူတော်စင်သခင်အဆင့်များထက် ပိုကြောက်စရာကောင်းသော်ငြားလည်း သူတို့အရှေ့မှ လူငယ်ကို ရင်ဆိုင်ရဲသည့် သတ္တိ မရှိပါ။

ထို့အပြင် လူတော်တော်များများသည် ဟွမ်ကျုံးလီ လိုချင်သည့် သူတို့အကြံကို လက်လျှော့လာကြသည်။ သူတို့ ဟွမ်ယွီလင်းထံမှ ဟွမ်ကျုံးလီကို ထုတ်ယူနိုင်လျင်တောင်မှ ဤနတ်ဆိုး၏ လက်စားချေမှုကို ခုခံနိုင်ပါ့မလား ဆိုသည်က အရေးကြီးသော အချက်ပင်။

ဟွမ်ကျုံးလီက လူ့အသက်ကို ရှည်စေနိုင်သော်လည်း သူတို့ အသတ်ခံရလျင် မသေနိုင်ဟု မဆိုလိုပါ။ ဟွမ်ကျုံးလီကို ရသော်လည်း သေသွားခဲ့လျင် လက်ရှိ သူတို့ အခြေအနေနှင့် အတူတူပင် ဖြစ်နေသည် မဟုတ်ပါလော။

ထိုအခိုက်တွင် ရှင်းကျီ မှင်တက် အံ့ဩနေ၏။ သူမ အထင်သေးခဲ့သော ဤလူ၌ အလွန် ကြောက်စရာကောင်း၍ လွှမ်းမိုးနိုင်သော ဘက်ခြမ်း ရှိနေလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပါ။

လူတစ်ယောက်က ပြိုင်ကွင်း၌ ရပ်ကာ နိုင်ငံပေါင်းစုံမှ သူတော်စင်သခင်အဆင့်များကို ရင်ဆိုင်နေသော်လည်း ရလဒ်က နှိုင်းယှဉ်မရသလို သူတို့ကို သူ့မျက်လုံးထဲပင် ထည့်တောင်မထည့်ချေ။

သူမလေးစားရသော သူမဆရာပင် ထိုသို့မလုပ်နိုင်ပါ။ မိမိ၏ ကိုယ်ပိုင်ခွန်အားကို အသုံးချ၍ သိုင်းပညာရှင်များကို စိန်ခေါ်ရဲသည်။ သူတော်စင်သခင်အဆင့် လူအိုကြီးများတွင် မည်သူမျှ ပြန်မပြောရဲကြပေ။

ဤသို့သော တင်စီးမှုက ထိတ်လန့်စရာ ကောင်းလွန်းလှသည်။ ယဲ့ဖန်ကို ကြည့်ပြီး ရှင်းကျီ မသိမသာ တွေဝေ လာသည်။ ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ယဲ့ဘုရင်၏ ပြောဆိုပြုမူပုံကို သူမ မြင်နေရသလိုပင်။

“နောက်ပိုင်း ကျုပ် ခွင့်ပြုချက် မရှိဘဲ ခင်ဗျားတို့ ရှုကျိုးကို ခြေချခွင့်မရှိဘူး၊ ထွက်သွားကြတော့”

ယဲ့ဖန် ဘာမပြော ညာမပြောနှင့် ငေါက်ငမ်းကာ နှင်ထုတ်လိုက်သည်။ ထိုစကားကို ကြားသော် လူတိုင်း မျက်နှာ သုန်မှုန်သွားကြသည်။ သို့သော် ယခု မည်သူမှ ယဲ့ဖန်ကို သေတွင်းတူးနေတာဟု မပြောရဲကြပေ။

အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က သူတို့ကို ခွန်အားနှင့် သက်သေပြသွားခဲ့ပြီး ဖြစ်သောကြောင့်ပင်။ ယဲ့ဖန်၌ တကယ်ပင် သူတို့ကို အထင်သေးနိုင်သည့် ခွန်အား ရှိလေသည်။

လက်ရှိတွင် သူတော်စင်သခင်အဆင့်များ အသံပင် မထွက်ရဲချေ။ သူတို့ ကြောက်ရွံ့နေသလို အရှက်လည်း ရနေ၏။

လက်ရှိတွင် သူတို့အားလုံး အနည်းနှင့်အများ ဆိုသလို ဒဏ်ရာရထားကြသည်။ ယခုကဲ့သို့ ဒဏ်ရာရထားချိန် မဆိုထားနှင့် အားကောင်းနေချိန်တွင်ပင် သူတို့က သူ၏ ပြိုင်ဘက် မဟုတ်ပါ။

ယဲ့ဖန်က လူတိုင်းကို ခံစားချက် ကင်းမဲ့စွာ ကြည့်လိုက်ပြီးနောက် ပြိုင်ကွင်းမှ အောက်သို့ ဆင်းလာသည်။ သို့သော် ထိုအခိုက်၌ နှိုင်းယှဉ်မရသော စွမ်းအင်တစ်ခုက ရုတ်တရက် ဖိနှိပ်လာသည်။

“ဂျွတ်”

ပြိုင်ကွင်း၏ ကြမ်းပြင် အက်ကွဲကာ ပေါက်ကွဲလာသည်။ ယဲ့ဖန် သတိလက်လွတ် ဖြစ်သွားသဖြင့် ကြမ်းပြင်ပေါ် ဒူးထောက်လုနီးပါး ဖြစ်သွားရပြီး ကြီးမားသော တောင်တစ်လုံး ပိကျလာသည်ဟု ခံစားမိကာ အလွန်အမင်း မသက်မသာ ခံစားလာရသည်။

ထိုစဉ် ယဲ့ဖန်က တစ်နေရာသို့ အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထိုနေရာ၌ တာအိုဆရာသခင် မင်တန်း ရပ်နေ၏။

“ဘယ်လို”

ဤသည်ကိုမြင်သော် လူတိုင်း ပဟေဠိ ဖြစ်သွားကြသည်။ အဘယ်ကြောင့် တာအိုဆရာသခင် မင်တန်းက ယဲ့ဖန်နှင့် ရင်ဆိုင်ချင်နေမှန်း သူတို့ မသိကြချေ။

*ဘာတွေ ဖြစ်နေတာလဲ*

“စိတ်မကောင်းပါဘူး အဲ့ဟွမ်ကျုံးလီကို ငါ လိုချင်တယ်”

တာအိုဆရာသခင် မင်တန်းက ထူးဆန်းသော အပြုံးမျိုးနှင့် ပြုံး၍ သူ၏ စိတ်ရင်းအမှန်ကို ပြသလာသည်။ ထိုအခါ လူတိုင်း ဆူညံပွက်လောရိုက်လာသည်။

*ဘာ*

*တာအိုဆရာသခင် မင်တန်းကလည်း ဟွမ်ကျုံးလီကို လိုချင်နေတာလား၊ ဒါဆို အခု သူက*

ထိုအခါတွင်မှ သူတို့ သိုင်းအဆင့်ကို ဖိနှိပ်ရသည့် တစ်ဖက်လူ၏ အကြောင်းရင်းကို သူတို့ နားလည်သွားကြသည်။ တာအိုဆရာသခင် မင်တန်းက သူတို့ကြောင့် ပြိုင်ကွင်းနားမှ လူများ ထိခိုက်သွားမည်ကို စိုးရိမ်၍ မဟုတ်ဘဲ နောက်ဆုံး၌ အနိုင်ရသူကို သတ်ကာ ဟွမ်ကျုံးလီကို လုယူလိုခြင်း ဖြစ်လေသည်။

*တကယ့် ကြောင်သူတော်ပဲ*

“အစက ငါ သူတို့ကို အချင်းချင်း ပြန်သတ်ဖို့ ကြံစည်ထားခဲ့တာ၊ ငါက အမြင့်မှာနေပြီး အချင်းချင်း သတ်တာကနေ အမြတ်ထုတ်ဖို့ စောင့်နေခဲ့တာ၊ ဒါပေမဲ့ မင်းလိုလူက ရုတ်တရက် ပေါ်လာပြီး ငါ့အကြံကို နှောင့်ယှက်လိမ့်မယ်လို့ ထင်မထားမိဘူး”

တာအိုဆရာသခင် မင်တန်းက မျက်နှာဖုံးကို ခွာချ၍ စဉ်းလဲစွာ ပြုံးကာ ပြောလိုက်သည်။

“ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် မင်းက ဖိနှိပ်ခံထားရပြီပဲ၊ မင်း သေသွားသရွေ့ ဘယ်သူမှ ငါ့ဆီက ထပ်မလု နိုင်တော့ဘူး”

“မင်တန်း သောက်ကျင့်ယုတ်တဲ့ အဘိုးကြီး၊ ခင်ဗျား အရှက်မရှိဘူး”

“သူတော်ကောင်းယောင်ဆောင်ထားတဲ့ ကြောင်သူတော် မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူးကွ”

သူတော်စင်သခင်အဆင့်များအားလုံး ဒေါသထွက်နေကြသည်။ ယဲ့ဖန်သာ ပေါ်မလာလျင် သူတို့ တာအိုဆရာသခင် မင်တန်းထံ၌ အသတ်ခံရလောက်သည်။

“ဪ”

တာအိုဆရာသခင် မင်တန်းက သူတို့ကို အေးစက်စွာ ကြည့်၍ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ကောင်းကင်ထက်မှနေ၍ ဧရာမ လက်ဝါးရာတစ်ခု ကျဆင်းလာပြီး သူတော်စင်သခင်အဆင့်များအား အားဖြင့် ရိုက်ချလေသည်။

“အား”

သူတော်စင်သခင်အဆင့်များစွာ ပွဲချင်းပြီး ရိုက်သတ်ခံလိုက်ရသည်။ သူတို့သည် ဖိနှိပ်ခံထားရသည့်အပြင် ဒဏ်ရာ အပြင်းအထန် ရထားကြသည်။ သူတို့ တစ်ခဏအတွင်း ပြန်ကောင်းလာမည် မဟုတ်ပါ။ လက်ရှိ၌ သူတို့သည် တာအိုဆရာသခင် မင်တန်း၏ ပြိုင်ဘက် မဖြစ်နိုင်ပါ။

“ဟားဟားဟား ကြည့်ရတာ ပွဲမပြီးသေးဘူးနဲ့တူတယ်၊ ဟွမ်ထျန်းချန် မင်း မြင်လား၊ ဘုရားသခင်က ငါ့ကို ကူညီနေတာ၊ အဲ့ကောင် သေမှာကို မင်းက ငါ့ပိုင်ဆိုင်မှုကို သိမ်းချင်နေသေးတာလား၊ ဆုတောင်းနေလိုက်”

ဤအဖြစ်ကိုမြင်ပြီး ဟွမ်ကျစ်ရှန်က ချက်ချင်း ဟားတိုက် ရယ်မောလေသည်။ ယဲ့ဖန်သည် သူတော်စင်သခင် အဆင့်များကဲ့သို့ ဖိနှိပ်ခံထားရပြီး ယခု ကုန်းပေါ်က ငါးသဖွယ် ဖြစ်ကာ တာအိုဆရာသခင် မင်တန်း သတ်သည်ကို ခံရပေတော့မည်။ ပြောရလျင် သူ ဟွမ်ထျန်းချန်ထံမှ ကွင်းလုံးကျွတ် လွတ်ပေတော့မည်။

“မင်း”

ဟွမ်ထျန်းချန် ဒေါသထွက်သွားသည်။ ဟွမ်ကျစ်ရှန်၌ ဤသို့သော အပြုအမူ ရှိနေလိမ့်မည်ဟု မထင်ထားပါ။ သူ ဟွမ်ကျစ်ရှန်ကို ခွင့်လွှတ်ပေးရန် စဉ်းစားထားခဲ့သည်။ မထင်မှတ်ဘဲ ဟွမ်ကျစ်ရှန်က စာအုပ်လှန်သည်ထက်ပင် အပြောင်းအလဲ မြန်နေ၏။

“တာအိုဆရာသခင် မင်တန်း အဲ့ကောင်ကို သတ်ပြီးသွားရင် မင်း ငါ့ကို ဘယ်လို သတ်မလဲ ကြည့်ရသေးတာပေါ့”

ဟွမ်ကျစ်ရှန် အထင်သေးစွာ ပြောလိုက်သည်။ သူ ခွင့်လွှတ်ပေးရန် တောင်းပန်ရသည့် အကြောင်းရင်းမှာ သူ ဟွမ်ထျန်းချန်ကို ကြောက်၍ မဟုတ်ဘဲ ယဲ့ဖန်ကို ကြောက်၍သာ ဖြစ်သည်။

“ငါ မင်းကို ဒီကနေ အသက်ရှင်လျက် ထွက်သွားခွင့် ပေးမယ် ထင်နေလား၊ အမှန်အတိုင်း ပြောရရင် ဒီနေ့ ဒီလူအားလုံး သေကို သေရမှာ”

တာအိုဆရာသခင် မင်တန်းက ထိတ်လန့် ဒေါသထွက်နေသော သူတော်စင်သခင်အဆင့်များကို ကြည့်လိုက်သည်။ သူသည် ဖြောင့်မတ် တည်ကြည်သယောင် ဆက်၍ ဟန်ဆောင်ချင်သေးသည်။ ထို့ကြောင့် ယနေ့အကြောင်းကို မည်သူမှ သိ၍ မရပေ။ မျက်မြင်သကသေများအားလုံး သေရပေမည်။

*ဘာ*

လူတိုင်း အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ အစက သူတို့သည် တာအိုဆရာသခင် မင်တန်းအား လေးစား ဖြောင့်မတ်သော လူကောင်းတစ်ယောက်ဟု ထင်ခဲ့ကြသည်။ မထင်မှတ်ထားဘဲ သူက အရက်စက်ဆုံး လူယုတ်မာ ဖြစ်နေ၏။

*အစကတည်းက သူက ဒီကလူအားလုံးကို သတ်ဖို့ ကြံစည်ထားတာပဲ*

အစ၌ သူသည် ဖြောင့်မတ်၍ စည်းကမ်းတင်းကြပ်ပြီး အတ္တစိတ် ကင်းမဲ့သော အသွင်အပြင် ဟန်ဆောင် ထားခဲ့သည်။ သို့မှသာ လူတိုင်းက ဟွမ်ကျုံးလီကို ရရန် လူတိုင်းက ယှဉ်ပြိုင်မည် ဖြစ်သည်။ ထိုအချိန်၌ သူက သူတော်စင်သခင် အဆင့်များကို ပြိုင်ပွဲအတွက် သူတို့၏ အဆင့်များကို ဖိနှိပ်ခံရန် ဖျောင်းဖျခဲ့သည်။

သူတို့ အသေအကြေ တိုက်ခိုက်နေကြချိန်တွင် သူက ထွက်လာပြီး ဟွမ်ကျုံးလီကို အမြတ်ထွက်အောင် လုယုကာ လူတိုင်းကို သတ်ပေမည်။ ယှဉ်ပြိုင်သူများကို သတ်၍ ဟွမ်ကျုံးလီကို ရနိုင်မည့်အပြင် လေးစားစရာ ကောင်းသော တာအိုဆရာသခင်အဖြစ် ဆက်လက်၍ သူတော်ကောင်းယောင်ဆောင်နိုင်ပေမည်။ သူ အရှက်မဲ့ပုံက စကားနှင့်ပင် ဖော်မပြနိုင်ပါ။

ဟွမ်ကျစ်ရှန် ဆက်၍ မရယ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် တာအိုဆရာသခင် မင်တန်း၏ နောက်ဆုံး စကားက ယဲ့ဖန် နိုင်နိုင်၊ ရှုံးရှုံး သူပါ သေရမည်ဟု ဆိုလိုနေ၏။

“ငါ အရှက်မရှိတဲ့လူတွေကို မြင်ဖူးပင်မယ့် မင်းလောက် အရှက်မရှိတဲ့လူတော့ မမြင်ဖူးဘူး”

ယဲ့ဖန်က ဖြည်းဖြည်းချင်း မတ်တပ်ရပ်ကာ အထင်သေးသော လေသံဖြင့် ပြောလိုက်သည်။

“လုပ် ကြိုက်သလောက် ကျိန်ဆဲ၊ အခု မင်းက အသုံးမကျတဲ့ကောင်မို့ မင်း လေပဲဖုတ်နိုင်တော့မှာကွ ဟားဟားဟား”

တာအိုဆရာသခင် မင်တန်းက ပျော်ရွှင်စွာ ပြုံးနေ၏။ မည်သို့ပင်ဖြစ်စေ ဤလူများ သေရမည် ဖြစ်သဖြင့် သူတို့ သူ့ကို ကျိန်ဆဲရုံမှလွဲ၍ ဘာလုပ်နိုင်ဦးမည်နည်း။

*မင်းတို့ တစ်သက်လုံး သက်ရှိအားလုံးကို အထင်သေးခဲ့တယ်၊ အဆင့်အတန်း မြင့်မာပြီး လေးစားခံ ရပါတယ်ဆိုတဲ့ မင်းတို့က ငါ့လှည့်ကွက် သေးသေးလေးအောက်မှာ ကျရှုံးသွားပါလားကွ*

“အဲ့တော့ …”

ယဲ့ဖန်က သွေးဆာသော အပြုံးမျိုး ပြုံးလိုက်ပြီး စူးရှသော မျက်လုံးနှင့်အတူ အော်ဟစ်လိုက်သည်။

“ဆင်းလာပြီး အသေခံစမ်း”

ထိုအခိုက်တွင် လူတိုင်း ယဲ့ဖန်ကို တအံ့တဩ ကြည့်လာကြသည်။

*အားလုံး အဆုံးသတ်တော့မှာကို သူက ဘာလို့ မောက်မာနေသေးတာလဲ*

အမြင့်မှ တာအိုဆရာသခင် မင်တန်းကလည်း အေးစက်စွာ သရော်၍ ပြောလိုက်သည်။

“ငါ ဆင်းလာတော့ ဘာဖြစ်လဲ၊ ဒီမှန်မီးအိမ်က ငါ့မှော်လက်နက်ပဲ၊ ငါတစ်ယောက်တည်းပဲ ဒါရဲ့ ဖိနှိပ်ခြင်း မခံရမှာ၊ ငါ့သိုင်းအဆင့်ကို ဖိနှိပ်လိုက်တာနဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေတာလား၊ မင်း ပိုတွေးသင့်တယ်ကွ”

ယဲ့ဖန် ရယ်လေသည်။

“မင်းက အဲ့လို ထင်နေတာလား၊ ငါ့ကို ဒီလို နောက်ထပ် မှန်မီးအိမ် နှစ်ခုနဲ့ ဖိနှိပ်ရင်တောင်မှ ငါ မင်းကို ခွေးသတ်သလို သတ်နိုင်တယ်”

“သေချင်နေတာပဲ”

တာအိုဆရာသခင် မင်တန်း ချက်ချင်း ဒေါပွသွားပြီး ချက်ချင်း ယဲ့ဖန်၏ ဦးခေါင်းထက်၌ ပေါ်လာကာ ယဲ့ဖန်၏ ဦးခေါင်းကို အားဖြင့် နင်းလေသည်။

ထိုခြေဖဝါးက လူ့ဘီလူးတစ်ကောင် တက်နင်းလာသည်ဟုပင် ထင်မှတ်ရသည်။ ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုခြေဖဝါးသည် အလင်းနှင့် အမှောင်တို့ ပါဝင်နေသည့် ဧရာမ ခြေဖဝါးအသွင် ပြောင်းသွားပြီး ယဲ့ဖန်၏ ဦးခေါင်းထက်သို့ ကျရောက်လာသည်။

“မင်းက တကယ် သန်မာပါတယ်၊ ဒါပေမဲ့ အခု မင်း ငါ့ခြေထောက်အောက်မှာ အနင်းခံရတော့မှာ မဟုတ်လား၊ ဟားဟားဟား”

တာအိုဆရာသခင် မင်တန်း ရယ်မောလိုက်သည်။ အကယ်၍ သိုင်းအဆင့်သာ တူနေပါက သူ ယဲ့ဖန်၏ ပြိုင်ဘက် မဖြစ်နိုင်ကြောင်း ဝန်ခံပါ၏။ ယခုအခါတွင်မူ ထိုသို့သော ကိစ္စမျိုး မရှိနိုင်တော့ပါ။

“ငါ့ကို နင်းမယ် ဟုတ်လား၊ ဒါဆို ငါ မင်းခြေထောက်ကို ချိုးရတာပေါ့”

ယဲ့ဖန်၏ မျက်နှာက ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ခက်ထန်လာ၏။ ထို့နောက် သူက ခေါင်းပေါ်မှ ဧရာမ ခြေဖဝါးကြီးကို လက်သီးဖြင့် ထိုးလိုက်သည်။

ထိုအခိုက်တွင် မင်တန်း မျက်မှောင်ကြုတ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် မရှိသင့်သော အန္တရာယ် အငွေ့အသက် တစ်ခုကို သူ ခံစားလိုက်မိသောကြောင့်ပင်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါ သူ့ကို သိုင်းအဆင့် ဖိနှိပ်ထားပြီးသားလေ၊ မယုံနိုင်စရာပဲ*

“ဝုန်း”

ကြီးမားသော ခြေဖဝါးနှင့် လက်သီးတစ်လုံးတို့ ထိုးနှက်မိသွားသည်။ ထိုဧရာမ ခြေဖဝါးကြီး အက်ကွဲကာ လုံးဝ ပျောက်ကွယ်သွားလေသည်။

“အား”

တစ်ချိန်တည်းမှာပင် တာအိုဆရာသခင် မင်တန်းသည် အသတ်ခံရသော ဝက်တစ်ကောင် အော်ဟစ်လာပြီး သူ့ခြေဖဝါးက တကယ်ပင် ယဲ့ဖန်ကြောင့် ပေါက်ထွက်သွားလေသည်။

*နတ်ဆိုးဧကရာဇ်ကိုမှ တက်နင်းချင်တယ်ပေါ့လေ၊ ဒါ မလေးမစား လုပ်တာတောင် မဟုတ်တော့ဘူး၊ သေချင်နေတာ*

“မဖြစ်နိုင်ဘူး မင်းခွန်အားကို ငါ ဖိနှိပ်ထားပြီးတာ အသိသာကြီးလေ၊ ဘယ်လိုလုပ် မင်းမှာ ဒီလို ခွန်အားမျိုး ကျန်နေသေးတာလဲ”

တာအိုဆရာသခင် မင်တန်းက ယဲ့ဖန်ကို မယုံသင်္ကာ ကြည့်လေသည်။ ဤလူငယ်၌ သူ့ကို ခုခံနိုင်သည့် ခွန်အားပင် မရှိသင့်ပါ။ သို့ရာတွင် သူက ခုခံနိုင်ရုံသာမက သူ့အား အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။

“မင်း ငါ့ခွန်အားကို တကယ် ဖိနှိပ်နိုင်ခဲ့ပါတယ်”

ယဲ့ဖန်က သရော်၍ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ”

All Chapters