မဖြစ်နိုင်ဘူး
Vol. 91 Ch. 1363
*အမှိုက်ကောင်တဲ့လား*
ဤစကားနှစ်ခွန်းက ကျိုးယွင်ကို အလွန်အမင်း နာကျင်စေသည်။ သူ့တွင် ကလေးဘဝမှ လူကြီးဘဝအထိ ပါရမီရှင်၊ ရုပ်ချောသူ၊ ထူးချွန်သူ စသဖြင့် အမည်ပြောင်များစွာ ရှိသော်လည်း မည်သူကမှ သူ့ကို အမှိုက်ကောင်ဟု မပြောခဲ့ပါ။
ယဲ့ဖန်က ပထမဆုံးသူပင်။ ထို့ကြောင့် ထိုနာမ်စားကို ကြားလိုက်ရသောအခါ သူ ချက်ချင်း မှင်တက်သွားသည်။
*အမှိုက်ကောင်၊ ငါ့လို ပါရမီရှင်ကို သူက အမှိုက်ကောင်လို့ စော်ကားနေတာလဲ*
သို့သော် စိတ်ပျက်စရာ အကောင်းဆုံးအရာမှာ သူ ပြန်ငြင်းနိုင်ခြင်း မရှိပါ။ ဈာန်ဝင်စားခြင်းအဆင့်လေး၏ အနိုင်ယူခြင်း ခံလိုက်ရသဖြင့် သူက အမှိုက်ကောင်မှ မဟုတ်လျင် ဘာဖြစ်ဦးမည်နည်း။
ဘေးလူများအားလုံး ဆူညံပွက်လောရိုက်သွားကြသည်။ ဤသည်က အမှန်တရား ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။
*ဘုရင်အဆင့်က ဈာန်ဝင်စားခြင်းအဆင့်ကို ရှုံးတယ်လား၊ ဒါ ဘာကြီးလဲ*
*သိုင်းအဆင့်နှစ်ခုကျော် မြင့်တဲ့ ကျိုးယွင်ကို စက္ကန့်ပိုင်းအတွင်း အနိုင်ယူနိုင်တယ်ပေါ့လေ*
*ဒီကောင် လူမှဟုတ်သေးရဲ့လား*
ကျိုးယွင်၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူ တစ်ခါမှ ဤသို့ အရှက်မရ ဖူးသလို အလွယ်တကူ မရှုံးနိမ့်ဖူးသောကြောင့်ပင်။
“အခြား ဘယ်သူက ငါ့ကို တားချင်သေးလဲ
ယဲ့ဖန်က လူတိုင်းကို တစ်ချက်ကြည့်လိုက်သည်။ ထိုအခါ ချင်ရွှေကျောင်းမှ တပည့်များ တစ်စက်ကလေးမျှ ထပ်မလှုပ်ရဲတော့ချေ။ ကျိုးယွင်တောင်မှ သူတို့ရှေ့မှလူထံ၌ အလွယ်တကူ ရှုံးသွားရသဖြင့် သူတို့ ဘာနည်းလမ်း သုံး၍ သူ့ကို တိုက်ခိုက်ရမည်နည်း။
လီပေါ်ရှုသည်လည်း မျက်နှာပြာနှမ်းနေ၏။ သူ့အမူအရာ ချက်ချင်း တောင့်တင်း အေးစက်သွားသည်။
“ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး”
ထို့နောက် ယဲ့ဖန်၏ အလွန် ရက်စက်သောအသံက သူ့နားထဲသို့ ဝင်ရောက်လာသည်။
“ဘယ်သူ့ကို မကယ်နိုင်ဘူးလို့ မင်း ပြောလိုက်တာလဲ”
သို့သော် ထိုအချိန်၌ ကောင်းကင်ထက်မှနေ၍ အလွန် ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာပြီး အရိပ်တစ်ခုက ဤနေရာသို့ ပြေးဝင်လာသည်။
*လီချုံးယန်လား*
ထိုသူကိုမြင်သော် အားလုံး ထိတ်လန့်သွားကြသည်။
*လီချုံးယန် တကယ် ရောက်လာတာပဲ၊ ဒီတစ်ခါတော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်*
“ဆရာ အဲ့မျိုးမစစ်ကောင်ပါ၊ စီနီယာ အစ်ကိုကို သတ်ချင်နေတာ သူပါ”
စုရန်က ယဲ့ဖန်ကို လက်ညှိုးထိုး၍ ကြောက်စရာကောင်းသော မျက်နှာပေးနှင့် ပြောလိုက်သည်။ လီချုံးယန်၏ မျက်နှာက ရေပြင်သဖွယ် တည်ငြိမ်နေသည်။ သူသည် ဝမ်ကောဖူ၏ ကျောင်းအုပ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ပြီး နိုင်ငံများစွာမှ အရာရှိများပင် သူ့ကို တွေ့လျင် ရိုကျိုးရသည်။ ဤသို့ ရန်စခံရခြင်းက သူ့အတွက် ပထမဆုံးအကြိမ်ပင်။
လီပေါ်ရှုက လီချုံးယန်ဟူသော သူ၏သားဖြစ်မှန်း သိနေသော်လည်း ဤလူငယ်က လှုပ်ရှားရဲသည်တဲ့လား။ မည်သူက ဤမျှ အတင့်ရဲနေသလဲ သူ သိချင်နေသည်။
“အဖေ ကျွန်တော့်အတွက် သူ့ကို သတ်ပေးပါဦး၊ ကျွန်တော် သူ့ကို နုတ်နုတ်စင်းချင်တယ်”
လီပေါ်ရှုက သူ့ဖခင်ကိုမြင်သော် အလွန် စိတ်လှုပ်ရှားကာ ငိုလုမတတ် ဖြစ်နေသည်။ သူ မကျေမနပ် ဖြစ်နေသည်။ သူ ကလေးဘဝကတည်းက ဤသို့ တစ်ခါမှ မဆက်ဆံခံရဖူးပါ။ သူ ထိုဓားနှစ်ချက်၏ ဝေဒနာကို ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပါ။
လီချုံးယန် ထိုနေရာသို့ လေထဲမှ ဆင်းလာပြီး တောင်တစ်လုံးသဖွယ် လေးလံသော အရှိန်အဝါများ ထုတ်လွှင့်နေသည်။
ဤသည်ကိုမြင်သော် လူတိုင်း လေးစားဟန် ပြလာသည်။ ဤသည်မှာ သူတော်စင်သခင်အဆင့် တပည့်များစွာကို လေ့ကျင့်ပေးခဲ့သည့် သူတော်စင်သခင်အဆင့် ကျောင်းအုပ် ဖြစ်လေသည်။
ယခု သူကိုယ်တိုင် ဈာန်ဝင်စားခြင်းအဆင့်ကို ရှင်းရပေတော့မည်။ ဤသည်က လူအများအား မယုံနိုင်သလို ဖြစ်စေသည်။ မကြာခင်မှာပင် လူတိုင်းက ယဲ့ဖန်ကို နှစ်ထောင်းအားရသော အကြည့်များဖြင့် ကြည့်လာသည်။
*ဒီတစ်ခါတော့ ဒီလူ အသက်မရှင်နိုင်တော့ဘူး*
*သူတော်စင်သခင်အဆင့် ရောက်လာပြီပဲကို၊ လီချုံးယန်က သူ့သားကို ကာကွယ်မှာပဲ*
*အဲ့ကောင်က လီပေါ်ရှုကို ဆိုးဆိုးရွားရွား ဆော်ထားတာ၊ သူ သေကိုသေမှာလို့ မှန်းလို့ရနေပြီ”
“ဟေ့ကောင် မင်း ငါတို့ကျောင်းက အစ်ကိုတွေအစ်မတွေကို ထိခိုက်အောင် လုပ်ခဲ့တာ၊ ငါ့ဆရာက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး၊ သေဖို့စောင့်နေလိုက်တော့”
“မင်း ငါ့ဆရာဆီကနေ နုတ်နုတ်စင်းခံရမယ့် အချိန်ကို ငါ စောင့်နေတယ်”
“ဒူးထောက်ပြီး တောင်းပန်စမ်း၊ အနည်းဆုံးတော့ မင်း နည်းနည်း လွယ်လွယ်သေလို့ ရတာပေါ့”
ကျောင်းသားများက အလွန် ရက်စက်သော မျက်နှာပေးများဖြင့် ကြမ်းတမ်းစွာ ပြောနေကြသည်။ သူတို့ ယဲ့ဖန်ကို အလွန် မုန်းတီးနေကြမှန်း သိသာလှသည်။
သို့သော် ထိုအချိန်၌ လီချုံးယန်က ယဲ့ဖန်ကို မြင်သွားပြီး သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။
*ဘာလို့ ဒီကောင်က ဒီရောက်နေတာလဲ*
အခြားသူများက ယဲ့ဖန်၏ နောက်ကြောင်းကို မသိသော်လည်း သူက မသိဘဲ နေပါမည်လော။ ဟွမ်ယွီလင်းက ဝမ်ကောဖူသို့ ကောင်းကင်အဆင့် ပါရမီရှင်အဖြစ် ဝင်လာသော်လည်း ယဲ့ဖန်၏ နောက်ခံကို ကျောင်းတော်တွင်း၌ ပိတ်ဆို့ထားသည်။ ဝမ်ကောဖူက နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပြီး ရန်သူများစွာ ရှိနေသေးသည်။
ကောင်းကင်အဆင့် ပါရမီရှင်တပည့်က ဝမ်ကောဖူ၏ ရန်သူများ၏ မျက်လုံးတွင် ဆူးခလုတ်တစ်ခု ဖြစ်သည်။ ယဲ့ဖန်က ဟွမ်ယွီလင်းနှင့် မတူပေ။ ဟွမ်ယွီလင်း၏ နောက်ခံက ပေါ်နေပြီးသားဖြစ်ကာ တစ်လောကလုံး သိနေသဖြင့် ဖုံးကွယ်ထား၍ မရချေ။
သို့သော် ယဲ့ဖန်ကတော့ မတူချေ။ ဝမ်ကောဖူတွင်း၌ ကျောင်းအုပ်များနှင့် ဆရာအချို့မှလွဲ၍ ယဲ့ဖန်၏ နောက်ခံ အစစ်ကို မည်သူမှ မသိကြပါ။
ထို့ကြောင့် သူ ယဲ့ဖန်ကို တွေ့လိုက်ရသောအချိန်၌ လီချုံးယန်၏ မျက်နှာက မည်းမှောင်လာသည်။ ယဲ့ဖန်သည် ဝမ်ကောဖူ၏ အနာဂတ်အတွက် မျှော်လင့်ချက် ဖြစ်ပြီး မျှော်လင့်ချက် ကြီးကြီးမားမား ထားခံရသူ ဖြစ်သည်။ သူ့အကြောင်းကိုပင် တမင် ဖုံးကွယ်ထားရသည်။
အကယ်၍ သူ ယဲ့ဖန်ကို တစ်ခုခု လုပ်လိုက်ပါက ကျန်ကျောင်းအုပ်ခုနစ်ယောက်က သူ့ကို ဘယ်တော့မှ အလွတ်ပေးမည် မဟုတ်ပါ။
*အဲ့သောက်ရူးကတော့ ဘယ်လိုလုပ် ဒီမိစ္ဆာကောင်ကို ရန်စရတာလဲ*
ထိုအခိုက်တွင် လီချုံးယန်သည် စိတ်ထဲမှ စ၍ကျိန်ဆဲနေပြီး လီပေါ်ရှု လုပ်ခဲ့သည့် လုပ်ရပ်ကြောင့် အလွန် စိတ်ပျက်နေ၏။
*မင်းရှေ့ကလူကို ငါတောင် ရန်စမရဲတာ၊ ဘယ်လိုလုပ် ငါ့ရဲ့ မျက်စိကန်းနေတဲ့သားက သူ့ကို သွားပြဿနာ ရှာရဲရတာလဲ*
“အဖေ အဲ့အတိုင်း ရပ်ကြည့်မနေပါနဲ့၊ အဲ့ကောင်ကို မြန်မြန် သတ်လိုက်ပါ”
လီပေါ်ရှုက အလွန် လူသတ်ချင်နေသော မျက်နှာထားနှင့် အလျင်အမြန် တိုက်တွန်းလိုက်သည်။ လီချုံးယန်က ရှေ့သို့ လျှောက်သွားလေသည်။
လူတိုင်း ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်ဟု ထင်မှတ်နေပြီး ချင်ရွှေကျောင်းမှ တပည့်များဆိုလျင် စိတ်လှုပ်ရှားကာ ခုန်ဆွခုန်ဆွ ဖြစ်နေသည်။
“ဖြောင်း”
သို့သော် လီချုံးယန်က ယဲ့ဖန်ကို ရှင်းလင်းတော့မည်ဟု လူတိုင်း ထင်နေချိန်တွင် လီချုံးယန်က လီပေါ်ရှု၏ မျက်နှာကို လက်ပြန်ရိုက်ချလိုက်သည်။ သူ ချက်ချင်း လွင့်ထွက်သွားသည်။
*သောက်ကျိုးနည်း*
*မဖြစ်နိုင်တာ*
ဤမြင်ကွင်းကိုမြင်ပြီး လူတိုင်း ကြက်သေ သေသွားကြသည်။
*ကြောက်စရာပဲ*
*ယုံနိုင်စရာတောင်မရှိဘူး*
*လီပေါ်ရှုက လီချုံးယန်ကို ခေါ်ပင်မယ့် လီချုံးယန်က ရောက်လာတာနဲ့ လီပေါ်ရှုကို ရိုက်တယ်တဲ့လား*
သူတို့ တွေဝေနေကြသည်။ သနားစရာကောင်းသော လီပေါ်ရှုသည် အစက ယဲ့ဖန်၏ ရိုက်ချက်ကြောင့် မျက်နှာ တစ်ဖက်သာ ရောင်ကိုင်းနေသော်လည်း ယခု သူ့ဖခင်၏ ရိုက်ချက်ကြောင့် နောက်တစ်ဖက်ပါ အရိုက်ခံရပြီး ဖူးယောင်လာသည်။
ယခု နှစ်ဖက်လုံး အညီအမျှ ရောင်ကိုင်းနေလေပြီ။ ချောမော၍ သာမန်ထက် ထူးချွန်သော သားဖြစ်သူက ယခု မမှတ်မိနိုင်လောက်အောင် လူဝကြီးတစ်ယောက်လို ဖြစ်နေ၏။
“အဖေ ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ”
လီပေါ်ရှုက လီချုံးယန်ကို မယုံသင်္ကာ ကြည့်လိုက်မိပြီး သူသည်လည်း အံ့ဩနေ၏။
“မင်း ဘာမှလည်း မသိဘဲနဲ့ ငါ့ကို တစ်ချိန်လုံး ပြဿနာရှာနေတယ်၊ ငါနဲ့လိုက်ခဲ့စမ်း”
လီချုံးယန်က သုန်မှုန်နေသော မျက်နှာနှင့် ငေါက်ငမ်းကာ လီပေါ်ရှုကို အင်္ကျီလည်ပင်းစမှဆွဲ၍ ထွက်သွား လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
တပည့်များ မယုံနိုင်သလို ကြည့်လာကြသည်။ လီချုံးယန်သည် အထက်စီးဖြင့် လာခဲ့သော်လည်း ဘာမှမလုပ်ဘဲ ထွက်သွားသည်တဲ့လား။
*ဒါက …*
*ငါတို့ အိပ်မက်မက်နေ မဟုတ်ဘူးမလား*
လီချုံးယန်သည် သူ့သားကို ကာကွယ်ရာ၌ နာမည်ကြီးသည်။
*ဘယ်အချိန်တုန်းက သူ ဒီလောက် အကျိုးအကြောင်း ချိန်ဆတတ်သွားတာလဲ*
*သူ့သားကို အားလုံးရှေ့မှာ တကယ် ရိုက်ပြီး အိမ်ပြန်ခေါ်သွားတာလား*
“အဖေ ဘာတွေလုပ်နေတာလဲ၊ အဖေ ကျွန်တော့်အတွက် လက်စားချေဖို့ လာတာ မဟုတ်ဘူးလား”
လီပေါ်ရှုသည်လည်း မှင်တက်နေ၏။ လီချုံးယန်ကို သူ့အတွက် ရပ်တည်ပေးရန် တောင်းဆိုခဲ့သော်လည်း အဘယ်ကြောင့် လီချုံးယန်က ရောက်လာသည်နှင့် သူ့ကို ရိုက်နှက်ရသနည်း။
*ဒါ အရမ်း လွန်မနေဘူးလား*
“ပါးစပ်ပိတ်ထား၊ ခွေးကောင် ငါ မင်းကို အရမ်း အလိုလိုက်တာလို့ မင်းက ရမ်းကားသထက် ရမ်းကားလာတာပဲ၊ မင်းကို ပြန်ရောက်တာနဲ့ ငါ ဆုံးမရမယ်”
လီချုံးယန်က အေးစက်စွာ ကြိမ်းမောင်းလိုက်သော်လည်း ယဲ့ဖန်ကို ပြောပြနေခြင်းသာ ဖြစ်သည်။ သွယ်ဝိုက်၍ တောင်းပန်စကား ပြောနေခြင်း ဖြစ်လေသည်။
ထိုစဉ် လူတိုင်း တစ်ခုခု မှားနေပြီဖြစ်ကြောင်း သတိထားမိသွားသည်။ အစမှအဆုံးတိုင် လီချုံးယန်က ယဲ့ဖန်ကို တစ်ခွန်းမှ မပြောခဲ့ချေ။
ပုံမှန်အားဖြင့် နှစ်ဦးနှစ်ဖက်ကြား၌ ပဋိပက္ခ ဖြစ်ခဲ့လျင် ဘယ်သူမှန်သည်၊ ဘယ်သူမှားကို မဆုံးဖြတ်ခင် မေးခွန်းမေးသည်က ဖြစ်ရိုးဖြစ်စဉ်ပင်။
သို့သော် လီချုံးယန်က တစ်ခွန်းမှ မပြောသလို ယဲ့ဖန် မရှိသကဲ့သို့ ယဲ့ဖန်အား တစ်ခွန်းပင် မပြောချေ။ ဤသည်က လီချုံးယန်၏ စရိုက် မဟုတ်ပါ။
ထိုသို့ဆိုလျင် အဖြေက တစ်ခုတည်းသာ ရှိလေသည်။ သူတို့ရှေ့မှလူသည် လီချုံးယန်ပင် ရန်စမနိုင်သည့်လူ ဖြစ်နေခြင်းပင်။ သို့မဟုတ်ပါက မောက်မာတတ်သောလူက ဘာမှမလုပ်ဘဲ လှည့်ပြန်မည်နည်း။
လီပေါ်ရှု အံ့ဩသွားပြီး သူ့ဖခင်အား ရီဝေဝေ အမူအရာဖြင့် ကြည့်နေကာ သူ နားကြားမှားလေသလားဟု ထင်မိသွားသည်။ တစ်ဖက်မှ စုရန်သည်လည်း မယုံနိုင်သော အမူအရာနှင့် ဖြစ်နေသည်။
“ဆရာ ရှင်”
“ပါးစပ်ပိတ်ထား”
လီချုံးယန် စိတ်မရှည်စွာ အော်ငေါက်လိုက်ပြီး တပည့်များအား စိုက်ကြည့်လေသည်။
“မင်းတို့တွေ မင်းတို့ စီနီယာအစ်ကို ပြဿနာရှာကို မြင်ပင်မယ့် မတားကြတဲ့အပြင် ကျိုးယွင်နဲ့ပါ အနိုင်ကျင့် ခိုင်းတာလား”
“မင်းတို့ကို ငါ ဘယ်လို သင်ထားလဲ၊ ငါ မင်းတို့ကို စည်းလုံးဖို့ မသင်ထားဘူးလား၊ မင်းတို့ ဘာလို့ အသေလို လုပ်နေကြတာလဲ”
ယနေ့ လီချုံးယန် အနည်းငယ် ထူးဆန်းနေသည်ဟု သူတို့အားလုံး ခံစားမိသည်။ ထို့နောက် လီချုံးယန်က လီပေါ်ရှုကို ဖိအားပေးကာ ထွက်သွားရန် ပြင်လေသည်။
“နေဦး”
သို့သော် ထိုစဉ် အေးစက်ခက်ထန်သော အသံတစ်သံက သူ့အနောက်မှ ထွက်ပေါ်လာသည်။ လီချုံးယန် နောက်လှည့်ကြည့်လိုက်သောအခါ သုန်မှုန်နေသော မျက်နှာထားနှင့် ယဲ့ဖန်ကို တွေ့လိုက်ရသည်။
“သူ ကျုပ်ကို မျိုးမစစ်ကောင်လို့ သုံးခါခေါ်ခဲ့တယ်၊ ကျုပ် သူ့ကို သုံးကြိမ် ပြန်ထိုးမယ်လို့ ပြောခဲ့တာ၊ အခု နှစ်ခါပဲ ထိုးရသေးတယ်၊ နောက်တစ်ခါ ကျန်သေးတယ်လေ”
ယဲ့ဖန်က အသာအယာ ပြောလိုက်ပြီး လီချုံးယန်ကို အထက်စီးဖြင့် စိုက်ကြည့်လေသည်။
“အဲ့ဒါကြောင့် သူ သွားလို့မရဘူး”
*ဘာ*
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
*ကျောင်းအုပ်ဖြစ်တဲ့ လီချုံးယန်က ဒီကိစ္စကို ထားလိုက်ဖို့ ဆုံးဖြတ်ထားတာကို ဘာလို့ ဒီကောင်က ဘာလုပ်နေမှန်း မသိရတာလဲ*
*အဖေတစ်ယောက်ရဲ့ရှေ့မှာ သူ့သားကို ဓားနဲ့ထိုးဖို့ ပြောနေတာလား*
*မင်း ဘယ်လိုတွေတောင် တွေးနေတာလဲ*
လူတိုင်း၏ စိတ်ထဲတွင် ယဲ့ဖန်က ကိုယ့်သေတွင်းကိုယ်တူးနေခြင်းသာ ဖြစ်လေသည်။
*ဒါ ကိုယ့်သေတွင်းကိုယ်တူးနေတာ မဟုတ်ဘူးလား၊ လီချုံးယန်ကို သူ့ကို သတ်ဖို့ ဖိအားပေးနေတာ မဟုတ်ဘူးလား*
ဤအဖြစ်အပျက်ကိုမြင်ပြီး လီပေါ်ရှုနှင့် စုရန်တို့ သရော်လိုက်သည်။
*ဒီလိုဆို လီချုံးယန်က တိုက်ခိုက်တော့မှာ မဟုတ်လား*
*သူ မတိုက်ခိုက်ရင် အရှက်ကွဲတော့မှာ*
ယခု ယဲ့ဖန် ရန်စမိသူက လီပေါ်ရှု မဟုတ်ဘဲ လီချုံးယန်သာ ဖြစ်သည်။ ချင်ရွှေကျောင်း၏ ကျောင်းအုပ် ဖြစ်သူပင်။ လက်ရှိတွင် လူတိုင် စိတ်မရှည်ဖြစ်နေကြသည်။
ယဲ့ဖန်က သူတို့အတွက် ဥပမာ တစ်ခုသာ ဖြစ်သည်။ သို့သော် ဤသည်မှာ ယဲ့ဖန် ဖြစ်သည်။ နတ်ဆိုး ဧကရာဇ်ဖြစ်သော သူ၏ အမြင်တွင် သက်ရှိတိုင်းက ပုရွက်ဆိတ်များဖြစ်ပြီး အရာအားလုံးက ဖုန်မှုန့်သာသာ မျှသာ ရှိလေသည်။
နတ်ဆိုးဧကရာဇ်ဖြစ်သော သူသည် သူသတ်ချင်သော လူတိုင်းကို သတ်လေသည်။ ဘာမဟုတ်သော ကျောင်းအုပ် တစ်ယောက်က သူ မျက်နှာသာပေးဖို့ ထိုက်တန်ပါသလော။ သူ့ကို အသာလွှတ်ပေးလိုက်ရန် ထိုက်တန် သည်တဲ့လား။
လီချုံးယန်၏ မျက်နှာက ချက်ချင်း ပြာနှမ်းလာသည်။ သူ့ရှေ့မှလူငယ်က တကယ် အလိုက်မသိပေ။ သူ အနုနည်းကို ရွေးချယ်ခဲ့သော်လည်း အဘယ်ကြောင့် သူက စိတ်မလျှော့ရသနည်း။
*ကောင်းကင်အဆင့် ပါရမီရှင်က မလေးမစားလုပ်လို့ရတယ် ထင်နေတာလား*
“မင်း တကယ် ဒီလိုလုပ်ချင်တာလား”
လီချုံးယန် တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့စကားသံ၌ ဒေါသစိတ်များ ပြည့်နှက်နေ၏။ ယဲ့ဖန်၏ မောက်မာမှုကြောင့် သူ ဒေါသထွက်သွားလေပြီ။
လူတိုင်း လူသတ်ချင်စိတ်ငွေ့ငွေ့ကို သတိထားမိပြီး လီချုံးယန် ယခု လှုပ်ရှားတော့မည့်ပုံပင်။
*အခု ဒီကောင် အသိစိတ်ရှိရင် အခု ဒီအတိုင်း ထားလိုက်သင့်ပြီ*
သူ့အဆင့်အတန်းက မည်မျှ တစ်မူထူးခြားနေပါစေ သူ့အရှေ့မှလူက ကျောင်းအုပ်တစ်ယောက် ဖြစ်သာကြောင့် သူ ရန်စ၍ မရနိုင်ပါ။
သို့သော် လူတိုင်း၏ အထင်နှင့် ခြားနားစွာပင် ယဲ့ဖန်က မောက်မာမြဲ မောက်မာ၍ အေးတိအေးစက် လေသံဖြင့် ပြောလိုက်သည်။
“အဲ့လိုလုပ်ချင်တာပဲ”