← Chapters

မင်း မလှုပ်ရှားရင် ငါ လှုပ်ရှားမယ်

Vol. 91 Ch. 1365

မင်း မလှုပ်ရှားရင် ငါ လှုပ်ရှားမယ်

Vol. 91 Ch. 1365

သို့သော် သူ့စကားကို နားထောင်ပြီးနောက် ယဲ့ဖန်က ခပ်အေးအေး ပြန်ပြောလိုက်သည်။

“ကျုပ် စိတ်မကောင်းပါဘူး၊ အခြေအနေက ပြောင်းလဲတတ်တယ်လေ”

လူတိုင်း တုန်လှုပ်သွားကြသည်။

*ဒီကောင်က ဝမ်ကျင်းကို ရိဖို့ ဆုံးဖြတ်ထားတာလား၊ ဟုတ်တယ်မလား*

တစ်ဖက်မှ ဝမ်ကျင်းက ဒေါသထွက်နေပြီး ကျန်တစ်ဖက်မှ ယဲ့ဖန်ကမူ မသိချင်ယောင်ဆောင်နေသည်။ ဤအခြေ အနေက အလွန် ရယ်ချင်စရာ ကောင်းလှသည်။

ချက်ချင်းဆိုသလိုပင် ဗြက်ကျယ်သော ဓားတစ်လက်က ဝမ်ကျင်း၏ လက်ထဲ၌ ပေါ်လာသည်။ ဝမ်ကျင်း အလွန်အမင်း ဒေါကန်နေပြီး ယဲ့ဖန်အား ဓားဖြင့်ချိန်၍ မကျေနပ်သော မျက်နှာနှင့် ပြောလိုက်သည်။

“မျိုးမစစ်ကောင် မင်း ကျိုးယွင်ကို နိုင်တာနဲ့ ငါ့ကို စိန်ခေါ်နိုင်မယ်လို့ ထင်နေတာလား၊ မင်း သိအောင် ပြောလိုက်မယ်၊ ကျိုးယွင်က ငါ့မျက်လုံးထဲမှာ အမှိုက်ပဲ ရှိတယ်”

လူတိုင်း မသိမသာ နောက်ဆုတ်သွားမိသည်။ သတ်ဖြတ်လိုသည့် အငွေ့အသက်က သူတို့အား ခေါင်းမွေးထောင် သွားစေပြီး ရေခဲကန်ထဲသို့ ကျသွားသကဲ့သို့ ခံစားရစေကာ ခိုက်ခိုက်တုန်လာစေသည်။

“ကျိုးယွင်က မင်းမျက်လုံးထဲမှာ အမှိုက် ဖြစ်နေသလို မင်းကလည်း ငါ့မျက်လုံးထဲမှာ အမှိုက်ပဲ”

သို့သော် ယဲ့ဖန်က ထိတ်လန့်စရာ ကောင်းလောက်အောင် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ လူတိုင်းက သူ ဝမ်ကျင်းကို ရန်စနေပြီး ဝမ်ကျင်းအား လှုပ်ရှားလာအောင် ဖိအားပေး နေကြောင်း ရိပ်မိလိုက်ကြသည်။

“ဒါဆိုလည်း မင်းသေဖို့ အသင့်ပြင်လိုက်တော့”

ဝမ်ကျင်း ကြုံးဝါးလိုက်ပြီး သူ့ခြေထောက်အောက်မှ ကြမ်းပြင် ပေါက်ကွဲလာကာ သတ်ဖြတ်လိုသော အငွေ့ အသက် နှင့်အတူ ယဲ့ဖန်ထံ ပြေးတက်လာသည်။

သူ့လက်ထဲမှာ ဧရာမဓားအား လွှဲယမ်းလိုက်သောအခါ အမျိုးစုံသော ဓားရောင်များ ထွက်ပေါ်လာပြီး တစ်ချက်တည်းဖြင့် အသေသတ်ရန် ရည်ရွယ်ထားကြောင်း သိသာလွန်းလှသည်။ သို့သော် ယဲ့ဖန်က လှောင်ရယ်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ဝမ်ကောဖူ ကျောင်းတော်က ကျောင်းသားအချင်းချင်း တိုက်ခိုက်တာကို တားမြစ်ထားတယ်၊ မင်း ငါ့ဆံပင် တစ်ချောင်းကို ထိခိုက်အောင် လုပ်ရင် မင်းအတွက် ဒီလောကမှာ နေစရာ နေမှာ ရှိမှာ မဟုတ်ဘူး၊ မင်းအနောက်က စစ်သူကြီးအိမ်တော်က မင်းကို ဘေးကင်းအောင် ထားနိုင်ပါ့မလား သိချင်သား”

ဝမ်ကျင်း၏ လက်ထဲမှာ ဓားကြီးသည် ယဲ့ဖန်၏ ဦးခေါင်းနှင့် တစ်စင်မီတာအကွာ၌ ရုတ်တရက် ရပ်တန့်သွားသည်။ သူ့အမူအရာက တောင့်တင်းနေပြီး အံကြိတ်ကာ ချက်ချင်း သတိဝင်လာသဖြင့် သူ့မျက်နှာက ကြည့်ရဆိုး လာသည်။

ယဲ့ဖန်ကို ဤနေရာ၌ သူ သတ်လိုက်လျင် သူ့ထံ၌ ဘာတွေဖြစ်လာနိုင်သလဲ ဆိုသည်ကို သူသည်လည်း သိပါ၏။ လူတိုင်း ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်လာကြသည်။

*ဓားက သူနဲ့ လက်မတင်လေးပဲ ကွာတာကို ဘယ်လိုလုပ် သူ တည်ငြိမ်လွန်းနေရတာလဲ*

*သူ လုံးဝ အရေးမလုပ်သလိုကြီး*

*ဒါ ထူးဆန်းလွန်းတယ်*

*သူ ဝမ်ကျင်းရဲ့ ဒေါသကို မကြောက်တဲ့အပြင် ဓားကိုလည်း ခေါင်းပေါ် အရောက်ခံသေးတာလား*

*အရူး*

*ဒီလူက တကယ့် အရူးပဲ*

ဤမြင်ကွင်းက သူတို့ကို အလွန် ချောက်ချားသွားစေသည်။ ယဲ့ဖန်၏ တည်ငြိမ်မှုက မယုံနိုင်စရာ ကောင်းလှသည်။

*ထူးဆန်းလိုက်တာ*

“ဒါပေါ့ မင်းက လီပေါ်ရှုလို နောက်ကွယ်မှာ အကြီးအကဲတစ်ယောက် ရှိနေရင်တော့ တစ်မျိုးပေါ့၊ ဒါပေမဲ့ မေးစရာ ရှိတာက … မင်းမှာ အဲ့လို ရှိလို့လား”

ယဲ့ဖန်က အထင်သေးစွာ ပြုံးနေပြီး သူ့စကား၌ ထီမထင်ဟန်များ ပါဝင်နေ၏။

“….

ဝမ်ကျင်း၌ တာဝန်ခံပေးမည့် ဆရာတစ်ယောက်ပင် မရှိချေ။ ထို့ကြောင့် သူ လက်လွတ်စပယ် မပြုမူရဲပါ။ သို့သော် သူသည် မြားကို လေးမှလွှတ်လိုက်မိသော အဖြစ်မျိုး ဖြစ်နေ၏။ လူများစွာက သူ့ကို ကြည့်နေကြသည်။ အကယ်၍ သူ ယဲ့ဖန်ကို ယခု မသတ်နိုင်လျင် သူ အရှက်ကွဲကာ အလှောင်ခံနိုင်သည် မဟုတ်ပါလော။

ဤသည်ကို စဉ်းစားမိပြီးနောက် ဝမ်ကျင်း ရုတ်တရက် ကျားကို ခွစီးမိသကဲ့သို့ အခက်တွေ့သွားသည်။ သူ့မျက်နှာ ပြာနှမ်းနေပြီး ရှုံ့တွနေ၏။

“မင်း နားလည်လား၊ နားလည်ရင် မြန်မြန် ထွက်သွားလိုက်တော့”

သို့သော် ယဲ့ဖန်က သူ့အား တမင်သက်သက် ခြေထောက် တက်နင်းလိုက်သကဲ့သို့ ပြန်အော်ထုတ်လေသည်။ ဘေးနားမှ လူများ၏ သူ့အပေါ် ကြည့်သော အကြည့်များက မသိမသာ ထူးဆန်းနေသည်ဟု ဝမ်ကျင်း ခံစားမိသည်။ သူတို့က သူ့ကို သရော်နေသလိုပင်။

ရန်လိုသော်လည်း နောက်ဆုံးတွင် ဆံခြည်မျှင်တစ်ချောင်းတောင် မထိရဲဘဲ ယဲ့ဖန်၏ စကား၌ အရှုံးပေး လိုက်ရသည်။

ချက်ချင်းဆိုသလိုပင် သူ ခေါင်းငုံ့လိုက်မိပြီး ဤသို့သော စိတ်ပျက်စရာ အမူအရာနှင့် သူ ထွက်မသွားနိုင်ဟု ခံစားမိသည်။ သူ ရက်စက်သော စကားတစ်ခုခု ပြောမှရပေမည်။ ထို့ကြောင့် သူ လေသံမာမာဖြင့် ပြန်ပြော လိုက်သည်။

“မင်း ဂုဏ်ယူနေစရာမလိုဘူး၊ မင်း တစ်သက်လုံး ဝမ်ကောဖူက မထွက်ဘဲ နေရင်နေပေါ့၊ မဟုတ်လို့ကတော့ ငါ မင်းကို အနှေးနဲ့အမြန်ဆိုသလို သတ်ပစ်မယ်”

ထိုစကားကိုကြားသော် အခြားသူများက ယဲ့ဖန်ကိုလည်း အထင်သေးသော အကြည့်များဖြင့် ကြည့်လာကြသည်။

*ဒီကောင်က ဝမ်ကောဖူထဲမှာ ဝမ်ကျင်း ဘာမှမလုပ်ရဲတာကို သိလို့ ဒီလို မောက်မာနေရဲတာပါလား*

“ဖြောင်း”

သူ့စကားအဆုံး၌ သူ့မျက်နှာပေါ်သို့ ပြင်းထန်သော ရိုက်ချက်တစ်ချက် ကျရောက်လာသည်။ ဤရိုက်ချက်၏ အားက ဝမ်ကျင်းအား ရထားနှင့် တိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားစေပြီး နံရံဘက် လွင့်ထွက်သွားလေသည်။ သူ့မျက်နှာတစ်ခုလုံး ထုံထိုင်းသွားသည်။

လူတိုင်း လန့်ဖြန့်သွားသည်။

*ဝမ်ကျင်း ဘာမှမလုပ်တာတောင် သူက တင်စီးရဲသေးတာလား*

*ဝမ်ကောဖူထဲမှာ ကျောင်းသားအချင်းချင်း တိုက်လို့မရဘူးလို့ မင်း ပြောခဲ့တာ မဟုတ်လား၊ အခု မင်း ဘာလုပ်တာလဲ*

“ဝမ်ကောဖူထဲမှာ အချင်းချင်း တိုက်ခိုက်တာကို တားမြစ်ထားပင်မယ့် မင်းက ငါ့ဆီက လိုလိုလားလား အရိုက်ခံ ရင်တော့ အခြေအနေက တစ်မျိုး ဖြစ်သွားပြီလေ”

ယဲ့ဖန် အပြုံးနှင့် ပြောလိုက်သည်။

*ဘာ လိုလိုလားလား အရိုက်ခံရင် ဟုတ်လား*

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“ငါ မင်း အသက်ကို လိုချင်တယ်ကွ”

ဝမ်ကျင်း အလွန်အမင်း ဒေါပွသွားသည်။ သူ ကလေးဘဝကတည်းက ဤသို့ လှောင်ပြောင်မှုမျိုး တစ်ခါမှ မမြင်ဖူးပါ။

*ဒီကောင် သေချင်နေတာပဲ*

ချက်ချင်းဆိုသလိုပင် သူသည် ဓားကြီးကို ပြန်ကောက်ယူ၍ တကယ် သတ်တော့မည့်ပုံဖြင့် ယဲ့ဖန်ထံ ထက်၌ ပြေးဝင်လာသည်။

“အချိန်ရွေးလိုက် ငါတို့နှစ်ယောက် သေခြင်းရှင်ခြင်း စာချုပ်မှာ လက်မှတ်ထိုးမယ်၊ ဒါဆို ငါတို့ မျှတတဲ့ တိုက်ပွဲရနိုင်တယ်၊ မင်းလည်း အချိန်ကြာကြာ မစောင့်ရဘူးပေါ့”

ထိုအခိုက်တွင် ယဲ့ဖန်ဘက်က စကားစလာသည်။ ဝမ်ကျင်းသည် ယဲ့ဖန်နှင့် တစ်မီတာအကွာ၌ ရပ်သွားပြီး မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“မင်း သေချင်နေတာလား”

ယဲ့ဖန် ပြုံး၍ အဓိပ္ပာယ်ပြည့်ဝစွာ ပြောလိုက်သည်။

“ရှုံးတဲ့လူက သေမှာမို့ ဘယ်သူ သေမှာလဲဆိုတာ မသေချာတဲ့ကိစ္စပဲ”

“ဒါပေမဲ့ မင်း အခု ငါ့ကိုထိရင် ငါ သေခြင်းရှင်ခြင်း စာချုပ်မှာ လက်မှတ်မထိုးဘူး၊ မင်း ငါ့ကို သတ်ချင်ရင် ငါ ဝမ်ကောဖူကနေ ထွက်လာတာကို စောင့်ရလိမ့်မယ်”

ယဲ့ဖန်က ကြွက်ကို ကစားနေသော ကြောင်တစ်ကောင်ကဲ့သို့ ပြုမူနေသည်။

“မင်း ပြောတာ တကယ် ဟုတ်၊ မဟုတ် ငါ ဘယ်လို သိမှာလဲ”

ဝမ်ကျင်း ခပ်တည်တည် ပြောလိုက်သည်။ သူ ယဲ့ဖန်ကို အလွန်အမင်း သတ်ချင်နေသည်။ သူ့ညီကို ယဲ့ဖန် သတ်ခဲ့သော ကိစ္စသာမက ယခု သူ့အပေါ် လုပ်ခဲ့သော လုပ်ရပ်ကြောင့် သူ့၌ ယဲ့ဖန်ကို သတ်ရမည့် အကြောင်းပြချက် တစ်ရာမက ရသွားလေပြီ။

“ဒီမှာ နားထောင်နေတဲ့ ကျောင်းသားတွေ အများကြီးပဲ သူတို့ မျက်မြင်သက်သေ လုပ်လို့ရတယ်၊ မင်း ဒီနေ့ ငါ့ကို မထိရင် ငါ သေခြင်းရှင်ခြင်း စာချုပ်မှာ လက်မှတ်ထိုးမယ်၊ တကယ်လို့ ငါ ကတိဖျက်ခဲ့ရင် ဝမ်ကောဖူကနေ ထွက်သွားပေးမယ်”

ယဲ့ဖန် အာမခံလိုက်သည်။ ဤနည်းအားဖြင့် ဝမ်ကျင်း စိတ်အေးသွားသည်။ သူ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ ငါ မင်းကို မထိဘူး”

“ဖြောင်း”

ထို့နောက် သူ မျက်နှာကို ထပ်အရိုက်ခံလိုက်ရသဖြင့် ထပ်လွင့်ထွက်သွားပြန်သည်။ ယခုတစ်ခေါက် ဒဏ်ရာက ပိုပြင်းပြီး မျက်နှာတစ်ခုလုံး ရောင်ကိုင်းလာ၏။ သူ့ကိုယ်သူ ကာကွယ်ချိန်တောင် မရလိုက်ပေ။

“မင်း”

ဝမ်ကျင်း ဆွေ့ဆွေ့ခုန်သွားသည်။ သူ့မျက်လုံးများက စူးရဲတောက်ပလာပြီး ယဲ့ဖန်အား စားတော့မတတ် ဝါးတော့ မတတ် ကြည့်လေသည်။

*ငါ ဒီမျိုးမစစ်ကောင် လှည့်စားတာကို ထပ်ခံရတာလာဂ*

ယဲ့ဖန်က ပခုံးတွန့်၍ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“မင်း ငါ့ကို မထိနဲ့လို့ပဲ ငါ ပြောတာလေ၊ ငါ မင်းကို မထိဘူးလို့မှ မပြောတာ”

*အရှက်မဲ့လိုက်တာ*

*ကြွက်လိုကောင်*

လူတိုင်း စိတ်ထဲ၌ ကျိတ်၍ ကျိန်ဆဲလိုက်မိသည်။

*ဘယ်လိုလုပ် ဒီလောက် အရှက်မဲ့တဲ့လူ ရှိနေတာလဲ*

*သူ သေခြင်းရှင်ခြင်း စာချုပ်မှာ လက်မှတ်ထိုးမယ့် အကြောင်းရင်းက အခု ဝမ်ကျင်းကို အရှက်ခွဲနိုင်ဖို့ သက်သက် အတွက်ပဲလား*

ဟွမ်ယွီလင်းသည် ဘေးနားမှနေ၍ ခေါင်းတခါခါ ဖြစ်နေသည်။

*ပိုးကောင်က ဘယ်လိုလုပ် သစ်ပင်ကို လှုပ်ခါနိုင်မှာလဲ*

ဝမ်ကျင်း၏ စိတ်အား ယဲ့ဖန်နှင့် နှိုင်းယှဉ်လိုက်လျင် မူကြိုကလေးမျှသာ ရှိလောက်ပြီး မရင့်ကျက်သေးပေ။ သူ ယခု ဝမ်ကျင်းကို ဤနေရာမှာ အရင်အရှက်ခွဲပြီးလျင် ပြိုင်ပွဲ၌ ထပ်အရှက်ခွဲပေဦးမည်။

*ဝမ်ညီအစ်ကိုတွေက ဒီလောက် ဦးနှောက်မရှိဘဲ ရူးကြတာလား*

ဝမ်ကျင်းသည်လည်း မှင်တက်သွားသည်။ လူတိုင်း၏ ရယ်ချင်ပက်ကျိ အကြည့်များကို ခံစားမိသဖြင့် သူ့မျက်နှာ မည်းမှောင်လာသည်.

*ဒီမျိုးမစစ်ကောင်က ငါ့ကို မျောက်လို လာကစားနေတာပဲ*

“မင်း … ငါ မင်းကို လုံးဝ အလွတ်မပေးဘူး၊ သုံးရက်နေရင် သေခြင်းရှင်ခြင်း တိုက်ပွဲအတွက် လက်မှတ်ထိုးမယ်၊ ပြီးရင် ငါ မင်းကို သတ်ပစ်မယ်”

ဝမ်ကျင်း ကျယ်လောင်စွာ ကျုံးဝါးလိုက်သည်။

“သုံးရက်နေရင် ဟုတ်လား၊ အဲ့နေ့က ဝမ်ကောဖူရဲ့ ကျောင်းပွဲတော်နေ့ မဟုတ်လား”

“ကြည့်ရတာ ဝမ်ကျင်းက ဒီကောင့်ကို ကျောင်းပွဲတော်အတွင်း ဆိုးဆိုးရွားရွား သေစေချင်နေတဲ့ပုံပဲ”

“ပြောရမယ်ဆိုရင် ဒီသုံးရက်အတွင်း မင်း ငါ့ကို မထိနိုင်ဘူးပေါ့”

ယဲ့ဖန်က အပြုံးတစ်ဝက်နှင့် မေးလိုက်သည်။ ဝမ်ကျင်း ထိတ်လန့်သွားသည်။

*ငါ မပြောသင့်တဲ့စကားကို ပြောလိုက်မိပြီလား*

“ဝှစ်”

ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး ဝမ်ကျင်းရှေ့သို့ ပေါ်လာသည်။

*မြန်လိုက်တာ*

ဤလျင်မြန်မှုကို မြင်သောအခါ လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။ အတန်းထဲမှ ဆရာတောင်မှ မယုံနိုင်သလို ဖြစ်သွားလေသည်။ ယဲ့ဖန်အား ဟွမ်ယွီလင်း၏ နောက်လိုက်လေးဟု သူ သတ်မှတ်ခဲ့မိသော်လည်း ယခု သူ ဤလူငယ်ကို အထင်သေးခဲ့မိပုံရသည်။

“မင်း…”

ဝမ်ကျင်းသည်လည်း ကြက်သေ သေသွားသည်။ ယဲ့ဖန်၏ အရှိန်က မြန်လွန်းသဖြင့် သူတောင် တုံ့ပြန်ချိန် မရလိုက်ပါ။

“ဖြောင်း ဖြောင်း”

ရိုက်ချက်များ ပိုမို၍ ကျရောက်လာသည်။

“မျိုးမစစ်ကောင် မင်း”

“ဖြောင်း”

“ယီးပဲ မင်း”

“ဖြောင်း”

“ငါ မင်းကို နုတ်နုတ်စင်းပစ်မယ်ကွ”

“ဖြောင်း”

ရိုက်ချက်ပေါင်းများစွာကြောင့် ဝမ်ကျင်း ခေါင်းမူးလာသည်။ ထို့နောက် သူ အပြင်သို့ လျင်မြန်စွာ ပြေးထွက် သွားသည်။ သူ ဤသို့ ဆက်နေနေပါက သုံးရက်မတိုင်ခင် သူ ယဲ့ဖန်ထံ၌ အရိုက်ခံရပြီး သေသွား လောက်သည်။

ဤသည်ကိုမြင်သော် လူတိုင်း အံ့အားသင့်သွားကြသည်။ ဤသည်က ကျီစယ်နေခြင်းဖြစ်ကြောင်း သူတို့အားလုံး နားလည်သွားလေသည်။

*ဒီဖုန်းယဲ့က ဝမ်ကျင်းကို မျောက်တစ်ကောင်ကို ကစားသလို ကစားနေတာပဲ*

*ခွန်အားခြင်း မပြောနဲ့ ဉာဏ်ရည်ပိုင်းမှာတင် နှစ်ယောက်က တော်တော်ကွာတယ်*

ဝမ်ကျင်း၏ မျက်နှာ ရောင်ကိုင်းပြီး အရှက်တကွဲ ပြေးထွက်သွားသည်ကိုမြင်ပြီး သူတို့အားလုံး အမှန်မဖြစ်နိုင်ဟု ခံစားမိနေသည်။

အဆင့်လေးဆယ့်ခြောက် ပါရမီရှင်က ဆယ်မိနစ်ပင် မရှိသေးသောအချိန်၌ ရိုက်နှက်ခံရပြီး လေပင်မကျယ်နိုင်ဘဲ ထွက်ပြေးသွားရသည်တဲ့လား။

ထိုစဉ် သူတို့အားလုံး အတွေးတစ်ခုကို တွေးမိသွားကြသည်။ ထိုအတွေးမှာ အကယ်၍ သုံးရက်အလွန်၌ ယဲ့ဖန်သာ သေခြင်းရှင်ခြင်း စာချုပ်ကို လက်မှတ်မထိုးပါက ဝမ်ကျင်း မဆင်မခြင် လူသတ်ရဲပါမည်လောဟုပင်။

*သတ်လောက်တယ် မဟုတ်လား*

ယဲ့ဖန်သာ သေခြင်းရှင်ခြင်း စာချုပ်ကို လက်မှတ်မထိုးပါက ဝမ်ကျင်း၏ မျက်နှာ မည်သို့ ဖြစ်နေမလဲ သူတို့ မတွေးနိုင်တော့ပါ။ လူတိုင်း ယဲ့ဖန်ကို ကြောက်စိတ်အပြည့်ဖြင့် ကြည့်နေကြသည်။

*ဒီလူက နတ်ဆိုးပဲ*

*သောက်နတ်ဆိုးကောင်*

*အပြောနဲ့တင် ဘုရင်အဆင့်ကို တစ်ပတ်ရိုက်နိုင်နေတာ*

*ဒီလူက ဝမ်ကောဖူမှာ ပြိုင်ဘက်ကို စကားနဲ့ အနိုင်ယူတဲ့ ပထမဆုံးလူ ဖြစ်လောက်တယ်*

“ရှင် တော်တော်ဆိုးတာပဲ ဟုတ်တယ်မလား”

ဟွမ်ယွီလင်းက ပြုံး၍ အနားသို့ လျှောက်လာသည်။

“သူ့ဉာဏ်ရည်က အထင်ကြီးစရာပဲလေ”

ယဲ့ဖန် သရော်လိုက်သည်။

“ရှင် ပြောကြည့် သုံးရက်နေရင် သူ ရှင်နဲ့ တိုက်ပါ့မလား”

ဟွမ်ယွီလင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။ လက်ရှိတွင် ဝမ်ကျင်းက သိက္ခာကျဆင်းနေလေပြီ။ ယနေ့ အရှက်ကွဲခြင်းက သတိပေးရုံမျှသာ ရှိသည်။ သုံးရက်ကျော်သည်အထိ သူ အခြေအနေကို မသိပါက သေခြင်း တရားသာ ရှိပေတော့မည်။

ယဲ့ဖန်ကလည်း အထက်စီးဆန်သော မျက်နှာနှင့် အသာပြောလိုက်သည်။

“သူ ဉာဏ်ကောင်းရင်တော့ မတိုက်ဘူးပေါ့”

သူ၏ လျင်မြန်မှုနှင့် ခွန်အားက ဈာန်ဝင်စားခြင်းအဆင့် မဟုတ်ပါ။ ဝမ်ကျင်းသာ သေချာတွေးတောနိုင်လျင် သူ နားလည်နိုင်ပေမည်။ အကယ်၍ သူ သေတွင်းသာ ဆက်တူးနေပါက ယဲ့ဖန် သူ့ဆန္ဒကို ဖြည့်ဆည်းပေးရန် ဝန်မလေးပါ။

သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်ကို ရိုက်သတ်လိုက်ရန် လက်မြှောက်ရုံထက် မပင်ပန်းသော ကိစ္စပင်။

“ရှင့်အပြောအရဆို သူ သေချာပေါက် သိပါ့မလား”

ဟွမ်ယွီလင်း မချိပြုံး ပြုံးနေသည်။ ဝမ်ကျင်း၏ ဉာဏ်ရည်အရ “ဉာဏ်ကောင်းသည်” ဟူသော စကားလုံးက သူ့နှင့် လိုက်ဖက်သော စကားလုံး မဟုတ်ခဲ့ချေ။ ယဲ့ဖန် ပြုံးရုံသာ ပြုံးနေလေသည်။

စာစဉ် ၉၁ ဤတွင် ပြီးပါပြီ။

All Chapters