← Chapters

ချိုးဖြတ်ခြင်း

Vol. 81 Ch. 1131

ချိုးဖြတ်ခြင်း

Vol. 81 Ch. 1131

ဓားတစ်ချက်နဲ့ သူက ပါးဟိုင်နတ်ဘုရားကမ္ဘာရဲ့ပင်မတပည့်သုံးဆယ်နီးပါးကို သတ်ခဲ့တယ်။ ဒါ ဘယ်လိုခွန်အားမျိုးလဲ......

ဓားနတ်ဘုရားကာဒီလက်၊ ကြယ်တစ်ထောင်ခန်းမရဲ့ချုံးကျိုး၊ ပင်လယ်နတ်ဘုရားဂိတ်ရဲ့လေ့ပုရမ်တို့ကပဲ ဒီလိုလုပ်နိုင်မှာ.......

"ဂျူနီယာမောင်လေးလီ၊ မင်း အချိန်မီရောက်လာတာ ကံကောင်းသွားတယ်" တုန်းယန်ချမ်းယုက လီဖူချန်းရဲ့ခွန်အားကြောင့် ထိတ်လန့်တုန်လှုပ်မှုရှိပေမယ့် သူမက ကြိုတင်ပြင်ဆင်ထားပါတယ်လေ။

လက်ကို တစ်ချက်ဝှေ့ယမ်းပြီးနောက် လီဖူချန်းက အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့နေရာလပ်လက်စွပ်တွေအမြောက်အများကို စုဆောင်းကာ ပြောလိုက်တယ်"အတိတ်မှာရော စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းမှာ အခုလို သတ်ဖြတ်တာတွေ ရှိတာလား"

ဒိီလောက်များတဲ့လူ‌တွေ အချိန်တိုင်းမှာ သေနေတာ။

တုန်းယန်ချမ်ယုက ခေါင်းခါယမ်းလိုက်တယ်"ဒီတစ်ကြိမ်မှာ ဘာဖြစ်ခဲ့သလဲကိုတော့ ငါ မသိဘူး။ ငါတို့ကို မြင်ရင် ပါးဟိုင်နတ်ဘုရားနယ်ပယ်ရဲ့ပင်မတပည့်တွေက ငါတို့ကို သတ်လိမ့်မယ်။ အတိတ်မှာ သတ်ဖြတ်ခြင်းက ရက်အနည်းငယ်ကြာမှ စတင်တာ"

ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့ပင်မတပည့်က ပြောလိုက်တယ်"ငါ ကြားတာကတော့ စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းက ပျက်ဆီးတော့မယ်၊ ပြီးရင် ဒီတစ်ခါမှာ စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တွေက အများကြီးထွက်လာလိမ့်မယ်။ ဒီလိုဖြစ်မယ်၊ သူတို့နောက်ကဂိုဏ်းမှာ ဒီလိုမှာထားတာ ဖြစ်ရမယ်၊ ငါတို့အားလုံးကို သတ်ပြီးမှ စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်အတွက် ယှဉ်ပြိုင်ကြဖို့ပေါ့"

"ဒီလိုကိုး" လီဖူချန်းက နားလည်ခဲ့တယ်။

အရင်က အတိုင်းဆိုရင် သတ်ဖြတ်ခြင်းက နောက်ထပ်ရက်အနည်းငယ်မှ စတင်မှာ၊ ‌တောက်ပနတ်ဘုရားကမ္ဘာရဲ့ပင်မတပည့်အားလုံးကို သတ်ဖြတ်ကြမှာ မဟုတ်ဘူး။ ဒါကြောင့် တောက်ပနတ်ဘုရားကမ္ဘာရဲ့ပင်မတပည့်တွေက စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တွေအမြောက်အများကို ယူထုတ်လာနိုင်ခဲ့ကြတာပေါ့။

ပါးဟိုင်နတ်ဘုရားကမ္ဘာရဲ့လူတွေရဲ့မျက်လုံးထဲမှာ ဒီစိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တွေက သူတို့ရဲ့အိတ်ထဲကအစာပဲ၊ အခြားသူတွေ ယူဆောင်မှာကို သူတို့က ခွင့်မပြုဘူး။

ဒိလိုနဲ့ လူတိုင်း စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းကိုဝင်လာတာ တစ်လနဲ့လဝက်ရှိပြီ။

စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းဖွင့်တိုင်းအချိန်တိုင်းမှာ သုံးလပဲ ကြာတယ်။

လွန်ခဲ့တဲ့တစ်လနဲ့လဝက်မှာ လီဖူချန်းက ပါးဟိုင်နတ်ဘုရားကမ္ဘာရဲ့ပင်မတပည့်ခြောက်ဆယ်ကျော်ကို သတ်ဖြတ်ခဲ့ပြီး အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ရာကျော်ကို ရရှိခဲ့တယ်။

အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအပြင် လီဖူချန်းက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးခုနှစ်ထောင်ကျော်၊ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားသွေးပုံဆောင်ခဲသုံးရာကျော်၊ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးရှစ်ဆယ်ကျော်နဲ့ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားသွေးပုံဆောင်ခဲသုံးဆယ်ကျော်ကို ရရှိခဲ့တယ်။

ရိတ်သိမ်းမှုက အခြားသူတွေထက် အဆတစ်ရာပိုတယ်။

……

"ဂျူနီယာညီလေးထျန်းရွှေ၊ မင်း ထိန်းထားနိုင်သေးလား"

ရွာထဲမှာ ဖုန်းရှင်နဲ့ထျန်းရွှေက ဘေးချင်းကပ်လျက် တိုက်ခိုက်နေတယ်။ သူတို့ရဲ့မျက်နှာချင်းဆိုင်မှာတော့ နတ်ဆိုးပမာ အားကောင်းတဲ့ပင်လယ်နတ်ဘုရားဂိုဏ်းရဲ့လေ့ပုရမ်လေ။

တစ်ဖက်က သန်မာလွန်းတယ်။ လူတစ်ယောက်ရဲ့ခွန်အားနဲ့တင် သူတို့နှစ်ယောက်လုံး မလှုပ်နိုင်ဘူး။

"ထိန်းနိုင်ပါတယ်"

ထျန်းရွှေက အံကြိတ်ကာ ရေခဲရေနှစ်မျိုးစွမ်းပကားပိုင်နက်နတ်ဘုရားအတတ်ကို ဆက်လက်အသက်သွင်းခဲ့တယ်။

သူ့ရဲ့နှစ်မျိုးစွမ်းအားပိုင်နက်နတ်ဘုရားအတတ်ကြောင့်သာ သူတို့က အခုချိန်ထိ ထိန်းထားနိုင်ခဲ့တာ၊ မဟုတ်လို့ကတော့ ရန်သူရဲ့ကြုံရာရိုက်ချက်တစ်ခုကိုတောင် သူတို့က ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။

"နှစ်မျိုးစွမ်းပကားပိုင်နက်နတ်ဘုရားအတတ်၊ မင်းကို သတ်ရတာ နည်းနည်းလေးတော့ နှမျောစရာကောင်းသား"

အဆုံးစွန်းအဆင့်မြင့်နှစ်မျိုးစွမ်းပကားပိုင်နက်နတ်ဘုရားအတတ်၊အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေ အပါအဝင် ပါးဟိုင်နတ်ဘုရားကမ္ဘာတစ်ခုလုံးမှာ တစ်ယောက်မှ မဖန်တီးထားခဲ့ဘူး။

ဒါပေမယ့် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေက မဖန်တီးနိုင်တာတော့မဟုတ်ဘူး၊ သူတို့က မဖန်တီးချင်လို့ပဲ။ တကယ်တော့  အဆုံးစွန်းအဆင့်မြင့်ပိုင်နက်နတ်ဘုရားအတတ်တွေက သူတို့အတွက် လုံးဝအသုံးမဝင်ဘူးလေ။

ဒီတော့ သူတို့က အချိန်ကို ဘယ်ဖြုန်းချင်ပါတော့မလဲ။

ထျန်းရွှေက အဆင့်မြင့်နတ်ဘုရားနယ်ပယ်ဆိုပေမေယ့် အဆုံးစွန်းအဆင့်မြင့်နှစ်မျိုးစွမ်းပကားပိုင်နက်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒါက လေ့ပုရမ်ရဲ့အမြင်မှာ အရမ်းရှားတယ်။

"သွားကြစို့"

မိုးပြာရောင်လေပွေတစ်ခုက ဖုန်းရှင်နဲ့ထျန်းရွှေကို ရုတ်ချည်းရစ်ပတ်သွားပြီး ကောင်းကင်သို့ ချက်ချင်း မြင့်တက်ကာ ရွာထဲမှ ပျံသန်းထွက်ခွာသွားတယ်။

အသုံးမဝင်ဘူးကွ"

လေ့ပုရမ်က ခေါင်းခါလိုက်တယ်၊ သူ့လက်ထဲရှိသုံးခွမှိန်းကို ဝှေ့ယမ်းလိုက်ပြီး ကြီးမားတဲ့သုံးခွမှိန်းတစ္ဆေတစ်ကောင်က မိုးပြာရောင်လေပွေကို ရိုက်ခတ်သွားတယ်။

အား......

မြေပြင်ပေါ်ကို ပြန်ကျလာပြီး‌နောက် ဖုန်းရှင်က ပါးစပ်ဟကာ သွေးအန်ထုတ်လိုက်တယ်၊ သူ့မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေတယ်။

ဒီတစ်ခါတော့ တစ်ကယ်သေရတော့မယ့်ပုံပဲ။

သူက အဆုံးစွန်းအဆင့်မြင့်လေလွတ်မြောက်ရေးနတ်ဘုရားအတတ်တစ်ခုကို အသုံးပြုခဲ့တာတောင် မလွတ်‌မြောက်ခဲ့ပါလား။

"ကြည့်ရတာ မင်းမှာ ထုတ်သုံးစရာနတ်ဘုရားအတတ်တွေ မရှိတော့ဘူးနဲ့တူတယ်။ ကဲ ဒီလိုဆိုတော့လဲ သေလိုက်ပေတော့" သတ်ဖြတ်ခြင်းအကြည့်တစ်ခုက လေ့ပုရမ်ရဲ့မျက်လုံးတွေမှာ လက်သွားတယ်၊ သုံးခွမှိန်းက ခုတ်ပိုင်းချလာတယ်။

"စီနီယာအကိုဖုန်းရှင်၊ အရင်သွားလိုက်၊ ငါ ခဏလောက် ထိန်းထားမယ်၊ အနက်ရောင်ရေပိုင်နက်ကမ္ဘာကိုရပ်တန့်ခြင်း"

ထျန်းရွှေက ရပ်နေတယ်။ သူ့ရဲ့နတ်ဘုရားစွမ်းအားက အရင်ကထက် နှစ်ဆကျော်ပိုသန်မာလာပြီး ရေခဲနဲ့ရေနှစ်မျိုးစွမ်းပကားပိုင်နက်နတ်ဘုရားအတတ်ကတောင် နှစ်ဆပိုလာတယ်။

ဖုန်းရှင်က မြန်နှုန်းမှာ အကောင်းဆုံးဆိုတာ သူကောင်းကောင်းသိတယ်။ ဖုန်းရှင်တစ်ယောက်တည်း ထွက်ပြေးမယ်ဆိုရင် အခွင့်အရေးတစ်ခုရှိမယ်၊ သူပါလာရင်တော့ အခွင့်အရေးဆိုတာ ရှိလာမှာမဟုတ်ဘူး။

ဒါ့ပြင် ဖုန်းရှင် လေ့ပုရမ်နဲ့ ရင်ဆိုင်ခဲ့ရတာ သူ့ကြောင့်ပဲ။ သူကသာ ထွက်မကူညီရင် ဖုန်းရှင်အနေနဲ့ ဒီလိုသေရေးရှင်ရေးအခြေအနေကို ကြုံတွေ့ရမှာမဟုတ်ဘူး။

ခရက်......

ရေခဲနဲ့‌ရေပိုင်နက်နတ်ဘုရားအတတ်က အသက်တစ်ခါရှုလောက်တောင် မထိန်းနိုင်ခဲ့ဘူး၊ သုံးခွမှိန်းက တိုက်ရိုက်ဖျက်ဆီးလိုက်တယ်၊ ကြည့်ရတာ ထျန်း‌ရွှေက အသတ်ခံရတော့မယ်။

ထိုအချိန်မှာ မိုးပြာရောင်လေပွေတစ်ခုက ထျန်းရွှေကို ရစ်ပတ်သွားပြီး သုံးခွမှိန်းမှ ရှောင်တိမ်းလိုက်တယ်။

"ဒီမြန်နှုန်းက"

လေ့ပုရမ်ရဲ့မျက်နှာက ပြောင်းသွားတယ်။

တူညီတဲ့နတ်ဘုရားအတတ်ပဲ၊ ဒီတစ်ခါမှာတော့ မြန်နှုန်းက အဆများစွာ ပိုတယ်။

ကောင်းကင်မှာ ဖုန်းရှင်က လေထဲရှိနတ်ဘုရားတစ်ယောက်အလား ရပ်နေတယ်။

သူ့ဘေးနားမှာ‌တော့ မိုးပြာရောင်လေပွေတစ်ခုနဲ့ ရစ်ပတ်ထားတဲ့ ထျန်းရွှေရှိတယ်။

ဖုန်းရှင်ထံမှ လေတာအိုဥပဒေသတွေ စိမ့်ထွက်လာ‌နေတာကို မြင်ပြီး ထျန်းရွှေက ခေါင်းခါလိုက်တယ်"စီနီယာအကိုဖုန်းရှင်၊ မင်း ချိုးဖြတ်သွားခဲ့တာလား"

ကံကောင်းစွာနဲ့ ငါ ချိုးဖြတ်နိုင်ခဲ့တယ်"

ဖုန်းရှင်ရဲ့အပြုံးက တည်ငြိမ်နေတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာလောက်ကတည်းက သူက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးရှိခဲ့တယ်၊ ဒါပေမယ့် ထိုအချိန်က အဆိပ်ဒဏ်ရာကြောင့် သူ့ရဲ့အသက်အခြေခံအုတ်မြစ်က ထိခိုက်ကာ နှောင့်နှေးသွားခဲ့တယ်။

နှစ်ပေါင်းတစ်ရာလဲ ကျော်သွားပြီ၊ လေတာအိုဥပ‌ဒေသနယ်ပယ်မှာ အများကြီးမတိုးတက်ခဲ့ပေမယ့် သူ့ရဲ့စုဆောင်းခြင်းက အလွန်နက်ရှိုင်းတယ်။ သေရေးရှင်ရေးအခြေအနေအောက်မှာ သူ့ရဲ့လေတာအိုဥပဒေသနယ်ပယ်က နောက်ဆုံးမှာ ချိုးဖြတ်သွားခဲ့ပြီပေါ့လေ။

"စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ၊ မင်းကို သတ်ရတာ အခုမှ ပိုစိတ်စားစရာကောင်းလာတယ်" လေ့ပုရမ်ရဲ့မျက်လုံးတွေက သတ်ဖြတ်လိုစိတ်အပြည့်ဖြစ်နေတယ်။

သူ နည်းနည်းတော့ နောင်တရမိတယ်။ ဖုန်းရှင်က ချိုးဖြတ်မယ်ဆိုတာ သူ သိခဲ့ရင် အခွင့်အရေးသေးသေးတောင် ပေးခဲ့မှာမဟုတ်ဘူး။

လေတာအိုဥပဒေသ၊ မြန်နှုန်းမှာ အကောင်းဆုံး၊ သူ ရန်သူကို အနိုင်ရဖို့ သေချာပေမယ့် သတ်ဖို့က မသေချာတော့ဘူး။

ကံကောင်းစွာနဲ တစ်ဖက်လူမှာ သူ့ရဲ့မြန်နှုန်းကို နှေးကွေးစေမယ့် ဝန်ထုတ်ဝန်ပိုးတစ်ခုရှိနေတာပဲ။

"ဒီလိုလား။ ‌ကောင်းပြီလေ၊ ငါလဲ မင်းရဲ့အစစ်အမှန်ခွန်အားကို မြင်ရတာပေါ့"

"ရဲတင်းလာတာပေါ့လေ၊ သေစမ်း"

လေ့ပုရမ်ရဲ့သုံးခွမှိန်းက ‌ဖုန်းရှင်ဆီသို့ ရုတ်တရက် ထိုးလိုက်တယ်၊ ဟင်းလင်းပြင်ထဲမှာ အဆုံးမဲ့ရေစီးကြောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သုံးခွမှိန်းတစ္ဆေက ဖြစ်ပေါ်လာပြီး မုန်တိုင်းပင်လယ်တစ်ခုပမာ ဖုန်းရှင်ကို ဝါးမျိုသွားတယ်၊ သူကိုယ်တိုင်ကလဲ ဖုန်းရှင်ကို သတ်ဖြတ်ဖို့ အထဲသို့ ဝင်ရောက်သွားတယ်။

အဆုံးစွန်းအဆင့်မြင့်ရေတာအိုနတ်ဘုရားအတတ်- လှိုင်းတုန်ခါခြင်း။

"လေအော်သံ"

လေ့ပုရမ်ရဲ့တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ ဖုန်းရှင်က သတိမမဲ့ရဲပါဘူး။ လေအော်သံ၊ အဆုံးစွန်းအဆင့်မြင့်လေတာအိုနတ်ဘုရားအတတ်၊ အဆုံးမဲ့လေပွေတွေက မရေမတွက်နိုင်တဲ့သားရဲတွေပမာ ဟိန်းဟောက်လာတယ်။

ဖြောက်.....

တစ်ခဏအတွင်း သူတို့နှစ်ယောက် အကြိမ်ဘယ်လောက်အထိ တိုက်ခိုက်ခဲ့သလဲဆိုတာ မသိတော့ဘူး။ လေ့ပုရမ်ရဲ့တိုက်ခိုက်ရေးစွမ်းအားကဖုန်းရှင်ထက် နှစ်ဆနီးပါး သာပေမယ့် ဖုန်းရှင်ရဲ့မြန်နှုန်းက ပြန်တိုက်ခိုက်ဖို့အတွက် လုံလောက်နေတယ်။

ထျန်းရွှေဘက်ကနေကြည့်ရင်း ရွာထဲမှာ ဖုန်းရှင်မြောက်များစွာက လေပုရမ်ကို ဝန်းရံထားသလိုပဲ။

"သွားမယ်"

ရေတွေက ပေါက်ကွဲထွက်လာတယ်၊ ဖုန်းရှင်တွေက ပေါက်ကွဲထွက်သွားတယ်၊ ဖုန်းရှင်ရဲ့ခန္ဓာကိုယ်က လျင်မြန်စွာ ပြန်ဆုတ်လာပြီး လမ်းကြောင်းကို ဖွင့်လိုက်တယ်။

"ပင်လယ်နတ်ဘုရားပိုင်နက်"

လေပုရမ်ရဲ့ခန္ဓာကိုယ်က တုန်ခါသွားတယ်။ ရေတွေက ဦးတည်ဘက်တိုင်းမှာ လိမ့်တက်လာတယ်။ ထိုအချိန်မှာ သူက ပင်လယ်တစ်ခုလုံးကို ထိန်းချုပ်နေတဲ့ပင်လယ်နတ်ဆိုးအလားပဲ။

အဆုံးစွန်းအဆင့်မြင့်ရေတာအိုပိုင်နက်နတ်ဘုရားအတတ်-ပင်လယ်နတ်ဘုရားပိုင်နက်။

"လေမုန်တိုင်းပိုင်နက်"

တစ်ဖက်လူက ပိုင်နက်နတ်ဘုရားအတတ်ကို ထုတ်ပြတာကို မြင်ပြီး ဖုန်းရှင်ကလဲ သူ့ရဲ့လေတာအိုပိုင်နက်နတ်ဘုရားအတတ်ကို ထုတ်ဖော်လိုက်တယ်။

ကြီးမားတဲ့လေပွေတွေက သူ့ကို အလယ်ဗဟိုမှာ ထားလျက် သူ့ပတ်လည်မှာ ပျံ့နှံ့သွားပြီး ရန်သူရဲ့ပင်လယ်နတ်ဘုရားပိုင်နက်နဲ့ ထိပ်တိုက်တွေ့ခဲ့တယ်။

အုန်း အုန်း.......

ကမ္ဘာက တုန်ခါတယ်၊ ကျောက်စရစ်တွေ လွင့်ထွက်တယ်။

ပိုင်နက်နတ်ဘုရားအတတ်နှစ်ခုထိပ်တိုက်ဆုံတဲ့အခါမှာတော့ ကောင်းကင်ရဲ့မိုးကြိုးက ကမ္ဘာရဲ့မီးကို ရိုက်နှက်လိုက်သလို ဟင်းလင်းပြင်ထဲမှာ လှိုင်းဂယက်တွေ ဖြစ်လာတယ်။

တကယ်တော့ ဖုန်းရှင်က ချိုးဖြတ်ကာစပဲ ရှိသေးတယ်၊ လေတာအိုဥပဒေသတွေက တိုက်ခိုက်တဲ့အခါမှာ ရေတာအိုဥပဒေသလောက် မသန်မာဘူး၊ ဒါကြောင့် တစ်ခဏထိန်းပြီးနောက် ဖုန်းရှင်ရဲ့လေမုန်တိုင်းပိုင်နက်က ဖိနှိပ်ခံလာရတယ်။

"လေဓားသွားဖြတ်တောက်ခြင်း"

ဖုန်းရှင်ရဲ့ညာလက်က ဓားတစ်လက်နဲ့ တူတယ်၊ သူက ရှေ့သို့ လွှဲယမ်းလိုက်တယ်၊ လေဓားသွားတစ်ခုက ပင်လယ်နတ်ဘုရားပိုင်နက်ကို ဖြတ်သွားတယ်။

ဇွက်.....

အဝတ်ကို ဖြတ်တောက်သွားသလို အသံတစ်ခု ထွက်လာတယ်၊ အက်ကြောင်းတစ်ခုက ပင်လယ်နတ်ဘုရားပိုင်နက်ထဲမှာ ထွက်ပေါ်လာတယ်။

"အိမ်မက်မက်နေ"

လေပုရမ်ရဲ့သုံးခွမှိန်းက ရေတွေ ဝန်းရံလျက် လေဓားသွားကို ရိုက်ချလိုက်တယ်။

ရိုက်ချက်တစ်ဆယ်။

ရိုက်ချက်တစ်ရာ။

"နတ်ဘုရားနဂါးကောင်းကင်ကိုဖျက်ဆီးခြင်း"

လေ့ပုရမ်က အားအကောင်းဆုံးနတ်ဘုရားအတတ်ကို ထုတ်ဖော်လိုက်တယ်၊ ဖုန်းရှင်ကို တစ်ချက်တည်းနဲ့ လွင့်ထွက်သွားစေတယ်။

"သွားမယ်"

ဖုန်းရှင်ရဲ့ပါးစပ်ထောင့်မှ သွေးတွေ စီးထွက်လာနေတယ်၊ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ထျန်းရှင်ကို အဝေးသို့ သယ်ဆောင်သွားတယ်။

"ရပ်နေစမ်း"

ရေနဂါးတစ်ကောင်က ကောင်းကင်မှ မြင့်တက်လာပြီး ဖုန်းရှင်နဲ့ထျန်းရွှေတို့ဆီ ရိုက်ခတ်လာတယ်။

"လေဓားသွားဖြတ်တောက်ခြင်း"

ကြီးမားတဲ့လေဓားသွားတစ်ခုက ရေနဂါးကို ခုတ်ပိုင်းလာတယ်။

အုန်း......

လေဓားသွားက ပျက်ဆီးသွားတယ်၊ ရေနဂါးက လေထဲမှာ နတ်ဘုရားစွမ်းအားအချို့ ဆုံးရှုံးသွားပြီး အဆများစွာ ပိုသေးလာတယ်၊ အခြားအောင်မြင်မှုရလဒ်တွေတော့ မရှိလာဘူး။

"တောက်"

လေ့ပုရမ်က ရပ်လိုက်တယ်၊ သူ့မျက်နှာက အလွန်အမင်းရုပ်ဆိုးသွားတယ်။

လေတာအိုဥပဒေသက မြန်နှုန်းမှာ အားကောင်းတယ်။ နှစ်ဖက်ကြား အကွာအဝေးက အရမ်းဟနေတော့ သူ လုံးဝ လိုက်မမီတော့ဘူး။

"မင်း ငါနဲ့ နောက်ထပ်မတွေ့ဖို့ ငါ မျှော်လင့်တယ်" လေ့ပုရမ်က ကြုံးဝါးလိုက်တယ်။

……

ကောင်းကင်အထက်မှာ လေတွေ တိုက်ခတ်နေတယ်။

"ကျေးဇူးတင်ပါတယ်" ထျန်းရွှေက ဖုန်းရှင်ကို ပြောလိုက်တယ်။

ဖုန်းရှင်က ပြုံးကာ ပြောလိုက်တယ်"ကျေးဇူးတင်တယ်ဆိုတာ ငါ ပြောရမှာ၊ ငါ ချိုးဖြတ်သွားနိုင်ခဲ့တယ်လေ"

သေခြင်းရှင်ခြင်းအခိုက်အတန့်မှာ ချိုးဖြတ်ခြင်းက သူ့စိတ်ဝိညာဉ်ကို အများကြီးသန်မာလာစေတယ်။

သူက တစ်ဆင့်ပြီးတစ်ဆင့်ကျင့်ကြံမယ်ဆိုရင် အလယ်အစစ်အမှန်နတ်ဘုရားက သူ့အကန့်အသတ်ဖြစ်ပြီး ယခု သူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအဖြစ် ချိုးဖြတ်ဖို့ မျှော်လင့်ချက်အနည်းငယ်ရှိလာတယ်။

လျှို့ဝှက်နေရာတစ်ခုကို ရှာလျက် ဖုန်းရှင်က သူ့စွမ်းအားကို စတင်တိုးစေခဲ့တယ်။

‌လေ့ပုရမ်နဲ့တိုက်ပွဲမတိုက်ခင် သူ့နတ်ဘုရားစွမ်းအားကို တိုးဖို့ အချိန်မရှိခဲ့ဘူး၊ သို့မဟုတ်ရင် သူက ဒီလောက်အလျင်အမြန် ရှုံးနိမ့်ရမှာမဟုတ်ဘူးလေ။

All Chapters