← Chapters

ချုံးကျိုးကို သတ်ဖြတ်ခြင်း

Vol. 81 Ch. 1132

ချုံးကျိုးကို သတ်ဖြတ်ခြင်း

Vol. 81 Ch. 1132

စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းက မကြီးပါဘူး။ ဒီနေ့မှာ လီဖူချန်းက ကြယ်တစ်ထောင်ခန်းမရဲ့ချုံးကျိုးကို တွေ့ခဲ့တယ်။

"အကိုတုန်းယန်ပိုင်ဟေး....."

တုန်းယန်ချမ်ယုနဲ့တုန်းယန်ပိုင်ဟေးက ဝမ်းနည်းစွာ အော်လိုက်တယ်။

ချုံးကျိုးရဲ့ပခုံးပေါ်မှာ ကြီးမားတဲ့အလံတစ်ခုရှိတယ်၊ အလံပေါ်မှာ ဦးခေါင်းတွေ ချိတ်ဆွဲထားတယ်။ ဦးခေါင်းတွေ အနည်းဆုံးခုနှစ်ခေါင်းဒါမှမဟုတ်ရှစ်ခေါင်းလောက်အထိရှိတယ်၊  တုန်းယန်ပိုင်ဟေးရဲ့ဦးခေါင်းလဲ အပါအဝင်ဖြစ်တယ်။

"တစ်‌‌ နှစ် သုံး လေး၊ အရမ်းကောင်းတယ်၊ ခေါင်းလေးခေါင်းတောင် ရမှာပေါ့" ချုံးကျိုးက ကျေနပ်ဖွယ်ရာ ခေါင်းညိတ်လိုက်တယ်။

တုန်းယန်ဒိုင်လန်က သူ့ရဲ့နေရာလပ်လက်စွပ်ကို လီဖူချန်းထံ ကမ်းပေးကာ ပြောလိုက်တယ်"ဂျူနီယာညီလေးလီ၊ မင်း ချုံးကျိုးကို သတ်နိုင်တာနဲ့ ဒါတွေအားလုံး မင်းအပိုင်ပဲ"

တုန်းယန်မိသားစုမှာ သူက တုန်းယန်ပိုင်ဟေးနဲ့ အလွန်ကောင်းတဲ့ဆက်ဆံရေးရှိတယ်။

လီဖူချန်းက မယူလိုက်ပါဘူး"မင်း စိတ်အေးအေးထားလိုက်တော့၊ သူက ငါ့မျက်လုံးထဲမှာ သေလူဖြစ်နေပြီးသား"

သူ့အနေနဲ့ ချုံးကျိုးကို သတ်ဖို့က အရမ်းလွယ်ပါတယ်၊ မီးတာအိုစွမ်းအားကို ထုတ်ပြစရာတောင်မလိုဘဲ သူက နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်မှုကို ထုတ်ဖော်ကာ တစ်ဖက်လူရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို တိတ်တဆိတ်ဖျက်ဆီးနိုင်တယ်၊ ပြီးနောက် နတ်ဘုရားခန္ဓာကိုယ်ကို ဓားတာအိုစွမ်းအားနဲ့ ဖျက်ဆီးနိုင်တယ်။

"လေကြီးလှချည်လား၊ မင်း ငါ့ကို ဘယ်လိုများ လူသေတစ်ယောက်ဖြစ်အောင် လုပ်မလဲဆိုတာ ကြည့်လိုက်ပါအုံးမယ်"

သူက ဒီလိုမောက်မာတဲ့လူတစ်ယောက်ကို အခုမှ ပထမဆုံး မြင်ဖူးတယ်။ ဓားနတ်ဘုရားကာဒီလက်ကတောင် သူ့ကို အခုလို မပြောရဲဘူး။

သူတို့သတ္တုစိတ်ဝိညာဉ်ကလန်ရဲ့နတ်ဘုရားခန္ဓာကိုယ်က သန်မာတယ်၊ တူညီတဲ့အဆင့်မှာ အလူအနည်းငယ်ကပဲ သူတို့ရဲ့ခံစစ်ကို ချိုးဖြတ်နိုင်တယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူက ဓားနတ်ဘုရားကာဒီလက်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ တစ်ဖက်လူက အားကုန်ထုတ်ခဲ့ပေမယ့် သူ့အပေါ်မှာ ဓားအမှတ်အသားတစ်ခုသာ ချန်ထားနိုင်ခဲ့တယ်၊ ဒီလောက်က သူ့ကို မနာကျင်စေပါဘူး။

ဒါပေမယ့် ခွန်အားအရ သူက ဓားနတ်ဘုရားကာဒီလက်အတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်ပေမယ့် သူ့ရဲ့ခံစစ်က အလွန်အမင်းမြင့်တယ်။

"မကြာမီမှာ မင်း တွေ့ရမှာပါ"

လီဖူချန်းက တုန်းယန်ချမ်ယုနဲ့ အခြားသူတွေကို ဘေးဆုတ်ခိုင်းလိုက်တယ်။

"လာစမ်း၊ နတ်ဘုရားကြယ်ပျံလက်သီးတစ်ထောင်....."

ဟင်းလင်းပြင်ထဲမှာ အဆုံးမဲ့လက်သီးအရိပ်တွေက ပြေးထွက်လာတယ်။

ရွှမ်း......

မှင်တက်စရာဓားချီတစ်ခုက ရေတံခွန်ပမာ စီးဆင်းလာတယ်၊ လက်သီးအရိပ်တွေကို ဖျက်ဆီးလိုက်ရုံသာမက ချုံးကျိုးကိုလဲ လွင့်ထွက်သွားစေတယ်။

သူ့တင်ပါးပေါ်ရှိဓားအမှတ်အသားတွေကို ကြည့်ရင်း ချုံးကျိုးရဲ့အမူအရာက အံ့အားသင့်ဟန်ဖြစ်လာတယ်။

ဓားတစ်လက်က သူ့အရေပြားကို ချိုးဖြတ်ခဲ့တယ်။ ဒီတိုက်ခိုက်ရေးစွမ်းအားက သာမန်အဆင့်မြင့်နတ်ဘုရားတစ်ယောက်မဟုတ်ဘူး။

တစ်ဖက်လူရဲ့ဓားတာအိုဥပဒေသက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအဆင့်ကို ရောက်ရှိနေမှန်း သိသာတယ်။

"ဒါကြောင့် ဒင်း မောက်မာနေတာကိုး"

သူ့မျက်နှာအမူအရက အလေးအနက်ဖြစ်လာတယ်၊ အလံကို မြေပြင်ပေါ်သို့ ချလိုက်တယ်။ သူက ရှေ့သို့ လှမ်းလိုက်တယ်၊ သူ့ခန္ဓာကိုယ်စွမ်းအားက ထိုးတက်လာပြီး အသက်ရှုချိန်အနည်းငယ်အတွင်း အဆများစွာ မြင့်တက်လာတယ်။

"ကြယ်ဖျက်ဆီးခြင်းလက်သီး"

ချုံးကျိုးက သူ့ရဲ့အဆုံးစွန်းအဆင့်မြင့်သတ္တုတာအိုနတ်ဘုရားအတတ်ဖြစ်တဲ့ကြယ်ဖျက်ဆီးခြင်းလက်သီးကို ထုတ်ဖော်လိုက်တယ်။

လက်သီးချက် ထုတ်ဖော်လိုက်တာနဲ့ ပြိုင်ဘက်ကင်းငွေရောင်လက်သီးတွေက အရာအားလုံးကို ဖျက်ဆိးနိုင်တဲ့အလား ဟင်းလင်းပြင်ကို ဖြတ်သန်းလာတယ်။

ဒါပေမယ့် လီဖူချန်းရဲ့ဓားတာအိုတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ချုံးကျိုးရဲ့တိုက်ခိုက်မှုက အရာမထင်တော့ပါဘူး။

ကြယ်ဖျက်ဆီးခြင်းလက်သီးက လီဖူချန်းရဲ့ဓားတာအိုအတတ်လောက် မကောင်းဘူးလို့ မဆိုလိုပါဘူး၊ ဒါပေမယ့် နတ်ဘုရားစွမ်းအားခွန်အားကတော့ လီဖူချန်းလောက် မကောင်းပါဘူး။

လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အားကောင်းလွန်းတာကြောင့်ပဲ၊ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ငါးဆယ့်သုံးရာခိုင်နှုန်းကို ရောက်ရှိနေပြီး ချုံးကျိုးကတော့ ငါးဆယ်ရာခိုင်နှုန်းပဲရှိတယ်။

တကယ်တော့ အသက်နယ်ပယ်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအဆင့်ကို မချိုးဖြတ်ရင် ငါးဆယ်ရာခိုင်နှုန်းက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားရဲ့အကန့်အသတ်ဖြစ်တယ်။

ဓားချီက လက်သီးစွမ်းအားကို ဆုတ်ဖြဲသွားပြီး ချုံးကျိုးကို ထပ်ရိုက်နှက်လိုက်ပြန်တယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာ အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်တစ်ခုရှိနေတာကြောင့်မဟုတ်ရင် ဒီဓားက သူ့ရင်ဘက်ပေါ်မှာ ဓားအမှတ်အသားတစ်ခုကို ချန်ထားရစ်လောက်ပြီ။

"သတ္တုတာအိုပိုင်နက်"

ချုံးကျိုးက လီဖူချန်းကို အထင်မသေးရဲတော့ဘူး၊  ရန်သူရဲ့နတ်ဘုရားစွမ်းအားက မယုံနိုင်စရာကောင်းတယ်၊ ဓားနတ်ဘုရားကာဒီလက်ရဲ့နတ်ဘုရားစွမ်းအားကတောင် ရန်သူလောက် မသိပ်သည်းဘူး။

အဆုံးစွန်းအဆင့်မြင့်သတ္တုတာအိုပိုင်နက်ကို ထုတ်ဖော်လိုက်တဲ့အခါ ငွေရောင်အလင်းတန်းတစ်ခုက သူ့ကို ဗဟိုပြုလျက် ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားတယ်၊ ဟင်းလင်းပြင်နဲ့‌မြေကြီးက ရုပ်ဝတ္ထုအသွင်ဖြစ်လာပုံရတယ်။

သာမန်အဆင့်မြင့်နတ်ဘုရားတစ်ယောက်က သူ့ရဲ့သတ္တုတာအိုပိုင်နက်နဲ့ ရင်ဆိုင်မိရင် ထိုလူက အသက်တောင် ရှုချိန်မရလိုက်ဘဲ ငွေရောင်အလင်းရဲ့တိုက်စားမှုကို ခံရကာ သေဆုံးသွားရလိမ့်မယ်။

သူက လီဖူချန်းကို ဒီအကွက်နဲ့ သတ်ဖြတ်ဖို့ မမျှော်လင့်ထားပါဘူး၊ သူက လီဖူချန်းကို ဖိနှိပ်နိုင်သရွေ့ လီဖူချန်းကို သေတဲ့အထိ ဖြည်းဖြည်းချင်း ကြိတ်ဝါးနိုင်တယ်။

ချုံးကျိုးမှာ အဆုံးစွန်းအဆင့်မြင့်ပိုင်နက်နတ်ဘုရားအတတ်ရှိသလို လီဖူချန်းမှာလဲ ရှိတယ်။ စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းကို မဝင်ခင် လီဖူချန်းက ဓားတာအိုနတ်ဘုရားအတတ်အားလုံးကို အဆုံးစွန်းအဆင့်မြင့်အထိ မြှင့်တင်ထားခဲ့တယ်။

ကြောက်စရာကောင်းတဲ့ဓားဖိအားက ပြန့်ကျဲလာပြီး ချုံးကျိုးရဲ့သတ္တုတာအိုပိုင်နက်က အဆုံးစွန်းအထိ အားနည်းလာတယ်။

ဒါပေမယ့် သတ္တုတာအိုပိုင်နက်က အလွန်ထူးခြားတယ်။ ၎င်းကို နေရာတကာတွေ့ရတယ်။ လီဖူချန်းရဲ့ဓားတာအိုပိုင်နက်က သတ္တုတာအိုပိုင်နက်ရဲ့ကျုးကျော်မှုကို အပြည့်အဝမတားဆီးနိုင်ဘူး။ ဒါပေမယ့် အားနည်းလာတဲ့သတ္တုတာအိုပိုင်နက်က လီဖူချန်းအပေါ် မသက်ရောက်နိုင်လုနီးပါးပဲ။ သူက လုံးဝ တောင့်ခံနိုင်တယ်။

ဓားတာအိုပိုင်နက်က သတ္တုတာအိုပိုင်နက်ရဲ့ကျူးကျော်မှုကို အပြည့်အဝမရပ်တန့်နိုင်သလို သတ္တုတာအိုပိုင်နက်ကလဲ ဓားတာအိုပိုင်နက်ရဲ့ကျူးကျော်မှုကို အပြည့်အဝမရပ်တန့်နိုင်ဘူး။

နှစ်ခုက ရေနဲ့သဲပမာ တစ်ခုကိုတစ်ခု ထိုးဖောက်သွားကြတယ်။

ချွင်း.....ချွမ်း......

ချုံးကျိုးရဲ့ခန္ဓာကိုယ်ပေါ်မှာ မီးပွားတွေက နေရာတိုင်းကို ပန်းထွက်လာတယ်၊ ဓားစွမ်းအင်က သူ့ရဲ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားတာပဲ။

ချုံးကျိုးရဲ့ခံစစ်က မြင့်မားလွန်းတယ်၊ လီဖူချန်းရဲ့ဓားချီက သန်မာပေမယ့် သူက အပြည့်အဝ မချိုးဖြတ်နိုင်ခဲ့ဘူး။

"သတ္တုစိတ်ဝိညာဉ်ကလန်က သတ္တုတာအိုလမ်းကြောင်းကို ‌ကျင့်ကြံတဲ့သူလို့ဆိုတဲ့အတိုင်းပဲ"

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

သတ္တုစိတ်ဝိညာဉ်ကလန်က အလွန်အားကောင်းပြီးသားဖြစ်တယ်၊ ၎င်းရဲ့ခံစစ်က ပြိုင်ဘက်ကင်းတယ်။ သတ္တုတာအိုဥပဒေသနဲ့အတူ ၎င်းက ပိုတောင် အားကောင်းတယ်။ အဆင့်တူညီတဲ့ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ ခံစစ်ကို ချိုးဖြတ်ဖို့က မဖြစ်နိုင်ဘူး။

ဒါပေမယ့် သူ့ကို အချိန်ပေးရင်တော့ လီဖူချန်းက ဖြည်းဖြည်းချင်းသတ်ဖြတ်နိုင်ပါတယ်။

ရန်သူရဲ့နတ်ဘုရားစွမ်းအားခွန်အားက သူ့လောက် အားမကောင်းဘူး၊ နတ်ဘုရားစွမ်းအားအညွှန်းကိန်းကလဲ သူ့လောက် မကောင်းဘူးလေ။

ကံမကောင်းစွာနဲ့ အဲဒါက အနည်းဆုံးရက်အနည်းငယ်ကြာလိမ့်မယ်။

"မီးတာအိုစွမ်းအားကို အသုံးပြုရင်တော့ သက်သောင့်သက်သာပဲ" လီဖူချန်းရဲ့မီးတာအိုခွန်အားနဲ့ဆိုရင် ချုံးကျိုးကို တစ်ချက်တည်းနဲ့ ရိတ်သိမ်းနိုင်ပါလိမ့်မယ်၊ အခုလို အားအများကြီးထုတ်နေစရာတောင် မလိုတော့ဘူး။

"ကြည့်ရတာ ဒါကိုပဲ အသုံးပြုရမှာပေါ့"

လီဖူချန်းရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်၊ နတ်ဘုရားစိတ်ဝိညာဉ်အမျှင်တစ်ခုက ချုံးကျိုးထံ ဝင်ရောက်လာတယ်။

"ဟားဟား၊ မင်း ငါ့ကို ဘာမှမတတ်နိုင်ပါဘူးကွ"

ချုံးကျိုးက ရယ်လိုက်တယ်။ သူက ဓားနတ်ဘုရားကာဒီလက်ဒါမှမဟုတ်လေ့ပုရမ်တို့ကို ရှာဖွေပူးပေါင်းပြီး လီဖူချန်းကို သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

"ဒါ ဘာလဲ" နတ်ဘုရားစိတ်ဝိညာဉ်တိုက်ခိုက်မှုက ဘယ်လောက်တောင် မြန်သလဲ၊ တစ်ခုခုမှားနေမှန်း ချုံးကျိုးက သတိပြုမိတဲ့အချိန်မှာ နောက်ကျသွားပါပြီ၊ နတ်ဘုရားစိတ်ဝိညာဉ်အမျှင်က နတ်ဘုရားစိတ်ဝိညာဉ်ကို တစ်ကြိမ်ဖြတ်တောက်သွားခဲ့တယ်လေ။

အား.....

ချုံးကျိုးက အော်လိုက်တယ်၊ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို ထက်ရှတဲ့ဓားသွားတစ်ခုက နှစ်ပိုင်းဖြတ်သွားသလို သူက ခံစားရတယ်။

နတ်ဘုရားစိတ်ဝိညာဉ်အမျှင်က အလွန်အမင်းထက်ရှတယ်၊ သုံးကြိမ်တိတိဖြတ်တောက်လိုက်ပြီးတဲ့အချိန်မှာတော့ ချုံးကျိုးရဲ့နတ်ဘုရားစိတ်ဝိညာဉ်က လုံးဝလွင့်ပါးပျောက်ကွယ်သွားပြီး နတ်ဘုရားစွမ်းအားက ထိန်းချုပ်မှုလွတ်လာတယ်။

"သေစမ်း"

လီဖူချန်းရဲ့အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဖြစ်တဲ့ခရမ်းရောင်သက်တံဓားက ဓားတစ်ချက် ခုတ်ချလာပြီး ချုံးကျိုးရဲ့ဦးခေါင်းက ပြတ်ထွက်သွားတယ်။ ဒုတိယမြောက်ဓားချက်က ထွက်လာပြီး ချုံးကျိုးရဲ့ခန္ဓာကိုယ်ကို ဓားအလင်းက ဆုတ်ဖြဲသွား‌တော့တယ်။

နတ်ဘုရားစွမ်းအားထိန်းချုပ်မှုမရှိရင် လီဖူချန်းက ရန်သူရဲ့ခန္ဓာကိုယ်ကို အလွယ်တကူဖျက်ဆီးနိုင်တယ်။

ချုံးကျုံးရဲ့နေရာလပ်လက်စွပ်ထဲမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုအပြင် လီဖူချန်းက သူ့ရဲ့နေရာလပ်လက်စွပ်ထဲမှာ အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဆယ့်ရှစ်ခုကို တွေ့ရှိခဲ့တယ်။

ဒါ့ပြင် အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးလေးထောင်ကျော်၊ အဆင့်နိမ့်စိတိဝိညာဥ်နတ်ဘုရားသွေးပုံဆောင်ခဲနှစ်ရာကျော်၊ အလယ်ဆင့်စိတ်ဝိညာဉ်သစ်သီးသုံးရာကျော်နဲ့ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားသွေးပုံဆောင်ခဲနှစ်ဆယ်တို့လဲ ရှိတယ်။

အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေက ပိုတောင်များသေးတယ်။ စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းကို ဝင်ရောက်ပြီးကတည်းက လီဖူချန်းက နေရာလပ်လက်စွပ်တစ်ရာနီးပါးကို ရရှိခဲ့တယ်။ ဒီနေရာလပ်လက်စွပ်‌တွေက နတ်ဘုရားကျောက်တုံးသုံးဆယ်ဘီလီယံကျော်ကို ပေါင်းထည့်ပေးခဲ့တယ်။ သူတို့အထဲမှာ ချုံးကျိုးရဲ့နေရာလပ်လက်စွပ်က အများဆုံးဖြစ်ပြီး တစ်ဘီလီယံကျော်တယ်။

ချုံးကျိုးကို သတ်ပြီးနောက် သူတို့ငါးယောက်က စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းရဲ့အတွင်းနက်ပိုင်းထဲသို့ ဆက်လက်ခရီးနှင်ခဲ့တယ်။

ဒီနေ့မှာ လီဖူချန်းက အဝေးမှ ပျံသန်းလာနေတဲ့ အလင်းတန်းတစ်ခုကို မြင်လိုက်ရတယ်။

သူ့လက်ကို မြှောက်ကာ လီဖူချန်းက အလင်းတန်းကို ဆုပ်ကိုင်လိုက်တယ်။

အလင်းတန်းက ပုံရိပ်ယောင်အလင်းဘောလုံးတစ်လုံးဖြစ်ပြီး ကျောက်တုံးကြီးတစ်တုံးအရွယ်အစားရှိတယ်။

"စိတ်ဝိညာဉ်အဆီအနှစ်၊ စိတ်ဝိညာဉ်အဆီအနှစ်" တုန်းယန်ချမ်ယုက ရေရွတ်လိုက်တယ်။

"ဒါ စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်လား" လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားက ဝင်ရောက်သွားခဲ့ပြီး တစ်ချိန်တည်းမှာ ဥပဒေသတွေက သူ့ရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်လာခဲ့တယ်။

တုန်းယန်ချမ်ယုက ဆက်ပြောလိုက်တယ်" စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်က ငါတို့အတွက် အသုံးမဝင်ဘူး။ ငါတို့ရဲ့စိတ်ဝိညာဉ်နဲ့ထိုးထွင်းသိမြင်မှုအရ ဘာတစ်ခုကိုမှ နားလည်နိုင်မှာမဟုတ်ဘူး။ အစစ်အမှန်နတ်ဘုရားအဆင့်တွေကပဲ ဥပဒေသတွေကို နားလည်နိုင်လိမ့်မယ်"

လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအဆင့်မှာ ရှိပေမယ့် သူရဲ့စိတ်ဝိညာဉ်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအဆင့်ကို မရောက်ရှိသေးဘူး၊ စိတ်ဝိညာဉ်နတ်ဘုရားရဲ့ဥပဒေသတွေကို နားလည်ဖို့က ခက်ခဲတယ်။

စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တစ်ခုရပြီး သိပ်မကြာသေးဘူး၊ နောက်ထပ် အလင်တန်းတစ်ခုက ပျံသန်းလာတယ်၊ နောက်မှ တတိယ၊စတုတ္ထ.......

အချိန်တစ်ခဏအတွင်း စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တစ်ရာလောက်က ဦးတည်ဘက်တိုင်းမှာ ပျံသန်းလာတယ်၊ သူတို့က အဝေးမှာ ရှိရင်တောင် လူတိုင်းက သူတို့ကို မြင်နိုင်တယ်။

"စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တွေအများကြီးပဲ၊ အားလုံးပဲ သူတို့ကို ဆုပ်ကိုင်ကြ"

အနီးနားမှာ လီဖူချန်းတို့ငါးယောက်သာမကဘူး၊ အခြားသူတွေလဲ ဆိုတယ်၊ ဒီလောက်များတဲ့စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တွေကို မြင်ပြီး လူတိုင်းရဲ့မျက်လုံးတွေက နီရဲသွားတယ်။

စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တစ်ခုက လုပ်ဆောင်ချက်အမှတ်သန်းတစ်ရာထိုက်တန်တယ်၊ စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တစ်ရာကျော်ဆိုရင် လုပ်ဆောင်ချက်အမှတ်ဘယ်လောက်တောင်ရှိမလဲ။

"မင်းတို့ကိုယ်မင်းတို့ဂရုစိုက်ကြ"

လီဖူချန်းအနေနဲ့ စိတ်ဝိညာဉ်အဆီအနှစ်တွေအတွက် တိုက်ခိုက်မှုကို လက်လျှော့ဖိုက မဖြစ်နိုင်ဘူးလေ။

လီဖူချန်းရဲ့အရှိန်က မြန်လွန်းတယ်၊ သူ့ရဲ့စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်စုဆောင်းခြင်းအရှိန်က အခြားသူတွေထင် ဆယ်ဆပိုမြန်တယ်။

အချိန်တိုအတွင်းမှာ လီဖူချန်းက စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်ငါးဆယ်လောက်ကို ရရှိခဲ့တယ်။

ဒီစိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်အများစုကို သူ့အတွက် သိမ်းထားမှာပါ၊ သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုကိုပဲ ဂိုဏ်းကို ပေးမယ်လို့ သူက ဆုံးဖြတ်ခဲ့တယ်။

ဒီစိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တွေနဲ့ဆိုရင် သူ့ရဲ့ကျင့်ကြံခြင်းအချိန်ကို တိုစေနိုင်တယ်လေ၊ သူ အများဆုံးကင်းမဲ့နေတာကလဲ အချိန်ပါပဲ။

အကြိုနတ်ဘုရားကနေ ဒိီအဆင့်ကို ရောက်ဖို့ သူက နှစ်နှစ်ဆယ်ခန့်အချိန်ယူခဲ့ရတာကို သိမှာပါ။  ဒီကျင့်ကြံခြင်းအရှိန်နဲဆိုရင် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ သူ့အနေနဲ့ အနည်းဆုံးနှစ်တစ်ထောင်အထိ ကြာလိမ့်မယ်။

ဒါကြောင့် သူ့အနေနဲ့ နယ်ပယ်ကို ဖြစ်နိုင်သမျှ မြန်မြန်တိုးတက်စေရမယ်။

လီဖူချန်းက စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တွေကို ယူချင်ရုံပဲဆိုပေမယ့် လူအချို့က သူ ဖြစ်ချင်သလို မဖြစ်စေခဲ့ဘူး။

ခရမ်းရောင်မီးလျှံတစ်ခုက လီဖူချန်းရဲ့နောက်ကျောကို ရောက်ရှိလာပြီး သူ့ရဲ့ခန္ဓာကိုယ်ကို ထိတွေ့တော့မယ့်အခိုက်။

ဝှစ်......

ခရမ်းရောင်အဆိပ်မီးလျှံက မရောက်သေးခင် ၎င်းက အလိုအလျောက် ပျောက်ကွယ်သွားတယ်။

"ဘာဖြစ်သွားတာလဲ"

အဝေးမှ မိုကူးလိုင်က အံ့အားသင့်သွားတယ်။

ငါ့ရဲ့သေခြင်းအဆိပ်မီးလျှံကို ခုခံဖို့ နည်းလမ်းမရှိဘူးလေ။ သတိပေါ့လျော့နေရင် အလွန်မြင့်မားတဲ့ခံစစ်ရှိတဲ့ချုံးကျိုးကတောင် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုကို ခံစားရလိမ့်မယ်လို့ သူက ယုံကြည်ထားတာ။ ဒါပေမယ့် အခု ဒါက ဘယ်လို အနေအထားမျိုးပါလိမ့်။

All Chapters