စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းပျက်ဆီးခြင်း
Vol. 81 Ch. 1133
"မင်း အဆိပ်မီးဂိုဏ်းကလား"
လီဖူချန်းက လှည့်ကာ မိုကူးလိုင်ကို ကြည့်လိုက်တယ်။
သူ့ရဲ့ဖျက်ဆီးခြင်းတာအိုဥပဒေသက အဆင့်မြင့်နတ်ဘုရားတွေရဲ့အကန့်အသတ်ကို ကျော်လွန်နေသလို အကြိုအစစ်အမှန်နတ်ဘုရားဖြစ်ဖို့ ခြေတစ်လှမ်းသာ လိုတော့တယ်။
ဖျက်ဆီးခြင်းတာအိုဥပဒေသရဲ့လက္ခဏာအရ ဘယ်လိုတိုက်ခိုက်မှုကိုမဆို ဖျက်ဆီးခြင်းတာအိုဥပဒေသက ချက်ချင်းဖျက်ဆီးပစ်လိမ့်မယ်။
ရန်သူရဲ့တိုက်ခိုက်ရေးစွမ်းအားက ဖျက်ဆီးခြင်းတာအိုဥပဒေသရဲ့ခံနိုင်ရည်အကန့်အသတ်ကို မကျော်လွန်နေရင်ပေါ့။
"အဲ့တော့ ဘာဖြစ်လဲ"
မိုကူးလိုင်က သေခြင်းမီးလျှံတွေကို ပိုနှိုးဆွလိုက်တယ်၊ စောစောက ချောင်းမြောင်းတိုက်ခိုက်တာပဲဖြစ်တာကြောင့် သူက သေခြင်းမီးလျှဲတွေကို အများကြီးမသိပ်သည်းထားခဲ့ဘူးလေ။
"ဘာမှမဟုတ်ပါဘူး၊ မင်း သေရတော့မယ်ဆိုတာ ငါ မြင်နေရလို့" လီဖူချန်းက တစ်ဖက်လူနဲ့ ရစ်တွယ်မနေတော့ဘူး၊ နတ်ဘုရားစိတ်ဝိညာဉ်အမျှင်တစ်ခုက မိုကူးလိုင်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို ဖြတ်တောက်သွားခဲ့တယ်။
မိုကူးလိုင်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က မမြင့်မားဘူး၊ သူ ဘယ်လိုလုပ်ပြီး နတ်ဘုရားစိတ်ဝိညာဉ်အမျှင်ရဲ့ဖြတ်တောက်ခြင်းကို ရင်ဆိုင်နိုင်မှာပဲ၊ အော်သံတွေက နောက်ကျလွန်းသွားပြီလေ၊ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ချက်ချင်း ပျက်ဆီးကာ သေဆုံးသွားတော့တယ်။
မိုကူးလိုင်ရဲ့အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့နေရာလပ်လက်စွပ်တွေကို သိမ်းပြီးနောက် လီဖူချန်းက စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်ကို ဆက်လက်စုဆောင်းခဲ့တယ်။
စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တစ်ရာလောက် ပေါ်ထွက်လာတော့ လူတိုင်းက အလုပ်ရှုပ်နေကြတာပေါ့။ စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တွေ ကုန်ဆုံးလုနီးပါးဖြစ်ချိန်မှာတော့ လူတိုင်းက စတင်တိုက်ခိုက်လာခဲ့ကြတယ်။
လီဖူချန်းက လူသတ်သမားတစ်ယောက်မဟုတ်ဘူး၊ သူက ပါးဟိုင်နတ်ဘုရားကမ္ဘာရဲ့ပင်မတပည့်အားလုံးကို သတ်ရင် နတ်ဘုရားကမ္ဘာနှစ်ခုကြား စစ်ပွဲတစ်ခုဖြစ်လာမှာကိုလဲ စိုးရိမ်တယ်၊ ဒါကြောင့် အခြားသူတွေက သူ့ရဲ့တံခါးကို လာမခေါက်ရင် သူကလဲ အရင်စမှာမဟုတ်ဘူး။
ဘယ်လိုပဲပြောပြော၊ သူ့တံခါးကိုလာခေါက်တဲ့လူဒါဇင်ကျော်ကိုတော့ သူ သတ်ဖြတ်ခဲ့ပါတယ်။
"စုစုပေါင်းစိတ်ဝိညာဉ်အဆီအနှစ်၁၀၈ခု"
လီဖူချန်းက စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တစ်ရာ့ရှစ်ခုကို ရခဲ့တယ်။ တုန်းယန်ချမ်ယုနဲ့အခြားသူတွေကတော့ စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်အနည်းငယ်သာ ရရှိခဲ့တယ်။
နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို ခွဲထုတ်လျက် စိတ်ဝိညာဉ်နတ်ဘုရားရဲ့ဥပဒေသတွေကို ချက်ချင်းနားလည်စေလိုက်တယ်။
စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်ထဲရှိဥပဒေသတွေကို နားလည်ခြင်းက အလွန်ရှုပ်ထွေးတယ်။ သူ့နေရာမှာ အခြားအဆင့်မြင့်နတ်ဘုရားတစ်ယောက်ဆိုရင် နတ်ဘုရားစိတ်ဝိညာဉ်ကတောင် တောင့်ခံနိုင်မှာမဟုတ်ဘူး။ နတ်ဘုရားစိတ်ဝိညာဉ်က ခံနိုင်ရည်ရှိရင်တောင် ထိုးထွင်းသိမြင်မှုက မလုံလောက်ရင် အချိန်ဖြုန်းတာတစ်ခုပဲ။
"နေရာလပ်တာအိုဥပဒေသ၊ အလင်းတာအိုဥပဒေသ၊ လတာအိုဥပဒေသ၊ သတ္တုတာအိုဥပဒေသ၊ သစ်သားတာအိုဥပဒေသ၊ လေတာအိုဥပဒေသ၊ မိုးကြိုးတာအိုဥပဒေသ၊ ဓားတာအိုဥပဒေသ......."
ဥပဒေသတွေအများကြီးပဲ၊ ဒီစိတ်ဝိညာဉ်နတ်ဘုရားက ဥပဒေသတွေ ဘယ်လောက်တောင် ကျင့်ကြံထားသလဲဆိုတာ မသိဘူး။ ဥပဒေသတွေက ဒါဇင်ထက်ကျော်တယ်။
"ဟုတ်တာပေါ့၊ အစစ်အမှန်နတ်ဘုရားတွေက နှစ်တစ်သန်းကျော် အသက်ရှင်နိုင်တယ်၊ စိတ်ဝိညာဉ်နတ်ဘုရားတွေက နှစ်ဆယ်သန်းကျော် အနည်းဆုံးအသက်ရှင်နိုင်တယ်။ ဒီလိုအချိန်အကြာကြီးရရှိနေမှတော့ သူတို့အတွက် သင့်တော်တာ တစ်ခုခုရှိမလားကို ကြည့်ဖို့ သူတို့က အခြားတာအိုဥပဒေသတွေကို လေ့လာနိုင်တယ်။ စိတ်ဝိညာဉ်နတ်ဘုရားတွေရဲ့နားလည်မှုနဲ့ဆိုရင် သူတို့က အစစ်အမှန်နတ်ဘုရားနယ်ပယ်သို့ ဥပဒေသတစ်ခုကို အလွယ်တကူမြှင့်တင်နိုင်မယ်လို့ ခန့်မှန်းထားတယ်"
လီဖူချန်းက စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်ထဲမှာ ဥပဒေသတွေအမျိုးမျိုးရှိတာကို အံ့အားသင့်ခြင်းမရှိပါဘူး။
သူက လက်ရှိမှာ အဆင့်မြင့်နတ်ဘုရားတစ်ယောက်လေ။ သူက လိုချင်ရင် အချိန်တိုအတွင်းမှာ ဘယ်ဥပဒေသက်ိုမဆို အဆင့်နိမ့်ဒါမှမဟုတ်အလယ်ဆင့်နတ်ဘုရားအထိ တိုးမြှင့်နိုင်တယ်။
ဒါပေမယ့် ဒါက အဓိပ္ပါယ်မရှိပါဘူး။ နတ်ဘုရားတစ်ယောက်ရဲ့ခွန်အားကို သူ ဥပဒေသတွေ ဘယ်လောက်ကျင့်ကြံထားသလဲက မဆုံးဖြတ်ပါဘူး ဒါပေမယ့် သူ့ရဲ့အဓိကဥပဒေသနယ်ပယ်တွေက ဘယ်လောက်မြင့်မားသလဲက ဆုံးဖြတ်တယ်။
လီဖူချန်းရဲ့စိတ်ဝိညာဥ်စွမ်းအားရဲ့တိုက်စားမှုအောက်မှာ စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်က မှိန်ဖျော့လာတယ်၊ ဒါပေမယ့် အဲဒါက ရက်အနည်းငယ်လောက်အထိ ခံနိုင်အုံးမှာပါ။
ဒါက လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်နားလည်မှုက သန်မာလွန်းတာကြောင့်ပဲ။ ပုံမှန်အခြေအနေအောက်မှာ စိတ်ဝိညာဉ်နတ်ဘုရားသွေးပုံဆောင်ခဲတစ်ခုက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်အနေနဲ့ လအနည်းငယ်အဆက်မပြတ်နားလည်ဖို့အတွက် လုံလောက်တယ်။
အချိန်တွေ ကုန်ဆုံးသွားတယ်၊ စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းမပိတ်ခင် လဝက်လောက်ပဲ ကျန်တော့တယ်။
ဖြောက်......
ဟင်းလင်းပြင်အက်ကြောင်းတစ်ခုက သူတို့ငါးယောက်ရဲ့မနီးမဝေးမှ ရုတ်တရက် ထွက်ပေါ်လာတယ်။
"မဟုတ်ဘူး၊ စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းက ပျက်ဆီးတော့မယ်"
ဟင်းလင်းပြင်အက်ကြောင်းထဲရှိ ကြောက်စရာကောင်းတဲ့နေရာလပ်တာအိုဥပဒေသကို တုန်းယန်ချမ်ယုက ခံစားနိုင်တယ်။
ဒီနေရာလပ်တာအိုဥပဒေသက ဘယ်အဆင့်မြင့်နတ်ဘုရားကိုမဆို အလွယ်တကူသတ်ဖြတ်နိုင်တယ်၊ အစစ်အမှန်နတ်ဘုရားတွေကတောင် အသတ်ခံရမှာကို ငါ ကြောက်မိတယ်။
ဖြောက်......
နောက်ထပ်အက်ကြောင်းတစ်ခုက ထွက်ပေါ်လာတယ်။ ဒီတစ်ခါမှာတော့ ဟင်းလင်းပြင်အက်ကြောင်းက အလွန်ကြီးမားပြီး အနက်ရောင်ဒေါသနဂါးတစ်ကောင်ပမာ သူတို့ငါးယောက်ဆီ ရိုက်ခတ်လာတယ်။
ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့ပင်မတပည့်နှစ်ယောက်က အချိန်မီမတုံ့ပြန်နိုင်ခဲ့ဘူး၊ နေရာလပ်တာအိုဥပဒေသက သူတို့ရဲ့ခန္ဓာကိုယ်တွေကို အမြစ်ဖြတ်ချေမှုန်းသွားတော့တယ်။
သေရေးရှင်ရေးအခြေအနေမှာ လီဖူချန်းက တုန်းယန်ချမ်ယုနဲ့တုန်းယန်ဒိုင်လန်တို့ကို တွန်းထုတ်ပြီး သူတို့သုံးယောက်က ဟင်းလင်းပြင်အက်ကြောင်းကို ရှောင်တိမ်းခဲ့တယ်။
သူတို့သုံးယောက်က တွေဆုံချင်ပေမယ့် သူတို့က ထပ်မလုပ်နိုင်တော့ဘူး။ ဒီနေရာရဲ့ဟင်းလင်းပြင်အက်ကြောင်းတွေက မြွေအုပ်စုတစ်စုပမာ ကခုန်ပျံ့နှံ့လာနေတယ်။ သူတို့က မထွက်သွားရင် လီဖူချန်းဆိုရင်တောင် ဒုက္ခရောက်သွားရလိမ့်မယ်။
ဟင်းလင်းပြင်ထဲမှာ လက်ချောင်းလိုထူတဲ့အက်ကြောင်းတစ်ခုကို ရှောင်တိမ်းလျက် လီဖူချန်းရဲ့အရှိန်က ထပ်ခါတလဲလဲ ကျဆင်းလာတယ်။
"သူတို့ဘာဖြစ်သွားသလဲ ငါ သိချင်တယ်"
သူ့ရဲ့အားကောင်းတဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နေရာလပ်-အချိန်တာအိုဥပဒေသမှာ မြင့်မားတဲ့အောင်မြင်မှုမရှိရင် လီဖူချန်းက အခုလို စိတ်သက်သာရာရနေမှာမဟုတ်ဘူး။
ဟင်းလင်းပြင်ထဲရှိအက်ကြောင်းကို မသိလိုက်မသိဘာသာနဲ့ ရှောင်တိမ်းရင်း လီဖူချန်းက စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းရဲ့အနက်ပိုင်းထဲသို့ ရောက်ရှိလာတယ်။
"ဒါ စိတ်ဝိညာဉ်နတ်ဘုရားရဲ့အလောင်းလား"
အဝေးမှ လီဖူချန်းက အလောင်းတစ်ခုကို မြင်လိုက်တယ်။
ဒီအလောင်းက မကြီးသလို မသေးပါဘူး။အမြင့်အားဖြင့် ခုနှစ်ဒါမှမဟုတ်ရှစ်မီတာခန့်ရှိပြီး ၎င်းရဲ့မျက်နှာကို အမွေးတွေနဲ့ ဖုံးအုပ်ထားကာ မျောက်လူတစ်ကောင်နဲ့ တူနေတယ်။
အလောင်းက အသက်မရှိတော့ပေမယ့် ကျန်ရှိနေတဲ့ချီတည်ရှိမှုက နှလုံးကို တဒိန်းဒိန်းခုန်စေတယ်။
အလောင်းရဲ့ရင်ဘက်မှာ သုံးမြှောင့်ဖန်တုံးနဲ့တူတဲ့ ဒဏ်ရာတစ်ခုရှိတယ်။
လီဖူချန်းက လှည့်ပတ်ကြည့်လိုက်တယ်၊ အလောင်းရဲ့အရှေ့မှာ နတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့နေရာလပ်လက်စွပ်တွေရှိမနေဘူး။ ကြည့်ရတာ ရန်သူက အဲဒါတွေကို ယူသွားပုံရတယ်။
ဒါပေမယ့် ရန်သူက မလုပ်ရင်တောင် သူ့အလှည့်ရောက်လာမှာမဟုတ်ဘူး။ စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းတည်ရှိလာတာ နှစ်ပေါင်းများစွာရှိပြီ၊ ဘယ်သူမှ နတ်ဘုရားအလောင်းကို ရှာမတွေ့ဘူးဆိုတာ မဖြစ်နိုင်ဘူးလေ။
စိတ်ဝိညာဉ်နတ်ဘုရားအလောင်းရဲ့ကျန်ရှိနေတဲ့ချီက သန်မာလွန်းတယ်၊ လီဖူချန်းကတောင် မခုခံနိုင်ဘူး။ လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားက ချဉ်းကပ်သွားလျှင်ချင်း ၎င်းကို ချက်ချင်း ဆုတ်ဖြဲခဲ့တယ်။
"သန်မာလွန်းတယ်၊ ဒီစိတ်ဝိညာဉ်နတ်ဘုရားက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက် အနည်းဆုံးဖြစ်မယ်၊ သူ့ကို သတ်တဲ့တည်ရှိမှုက အဆများစွာပိုသန်မာလောက်တယ်"
လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို မရောက်ရှိပေမယ့် အကြိုစိတ်ဝိညာဉ်နတ်ဘုရားအဆင့်မှာ ရှိနေသေးတယ်။ သေဆုံးနေတဲ့စိတ်ဝိညာဉ်နတ်ဘုရားတွေအသာထား၊ အသက်ရှင်နေတဲ့အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတွေကတောင် သူ့ကို သူတို့ရဲ့ချီနဲ့ မဖိနှိပ်နိုင်ဘူး။ ဒါကြောင့် ဒီစိတ်ဝိညာဉ်နတ်ဘုရားက သူ့ရဲ့သက်တမ်းမှာ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်ရမယ်လို့ လီဖူချန်းက သေချာတယ်။
"ဖြောက်"
ဟင်းလင်းပြင်ထဲမှာ အက်ကြောင်းတစ်ခုက ပျံ့နှံ့လာပြီး စိတ်ဝိညာဉ်နတ်ဘုရားအလောင်းရဲ့လက်မောင်းကို ထိတွေ့သွားတယ်။
လီဖူချန်းရဲ့မျက်လုံးတွေ ကျုံ့သွားစေတာကတော့ ကြောက်စရာကောင်းတဲ့ဟင်းလင်းပြင်အက်ကြောင်းက စိတ်ဝိညာဉ်နတ်ဘုရားအလောင်းရဲ့လက်မောင်းကို မနာကျင်စေနိုင်ခဲ့ဘူး။
သူ ဘယ်လောက်တဲ့ တုံးအနေပါစေ၊ ဒီစိတ်ဝိညာဉ်နတ်ဘုရားက သူ မသေခင် အလွန်သန်မာတဲ့ရုပ်ပိုင်းဆိုင်ရာခုခံမှုရှိရမယ်၊ သူ့ကို သတ်တဲ့သူက သူ့ထက် အဆဒါဇင်ကျော်ပိုသန်မာတဲ့သူပဲဖြစ်ရမယ်။ သို့မဟုတ်ရင် သူ့ကို တစ်ချက်တည်းနဲ့ သတ်ဖြတ်ဖို့ မဖြစ်နိုင်ဘူး။
"နတ်ဘုရားကမ္ဘာတွေမှာ အားကောင်းတဲ့သူတွေက မရေမတွက်နိုင်လောက်အောင်ရှိတာ၊ ငါက အခုမှ စတင်ရုံပဲ ရှိသေးတာ"
စိတ်ဝိညာဉ်နတ်ဘုရားအလောင်းနားကို မကပ်နိုင်ဘူး။ လီဖူချန်းက ၎င်းကို လေ့လာချင်ရင်တောင် သူက ရွေးချယ်စရာမရှိဘဲ နောင်တနဲ့အတူ ထွက်ခွာလာခဲ့ရတယ်။
……
စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းထဲရှိထူးဆန်းတဲ့ဖြစ်ရပ်က အပြင်ကမ္ဘာရဲ့အာရုံကို ဆွဲဆောင်ခဲ့တယ်။
"စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းက ပျက်ဆီးတော့မယ်၊ သူတို့ကို မြန်မြန်ခေါ်ထုတ်ကြ" ကြယ်တစ်သောင်းခန်းမရဲ့အကြီးအကဲတစ်ယောက်က ထိတ်လန့်တကြားအော်လိုက်တယ်။
စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းက ပျက်ဆီးတော့မယ်ဆိုတာ သူတို့က သိပေမယ့် ဒီလောက်မြန်မယ်လို့ သူတို့က မမျှော်လင့်ထားခဲ့ဘူး။ အခြားသူတွေက ပြဿနာမရှိပေမယ့် ချုံးကျိုးကိုတော့ သေဆုံးခွင့်ပြုလို့မရဘူး။
"ငါ တွက်ဆထားတာအရ စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်း ပိတ်ပြီးမှပဲ ၎င်းက ပျက်ဆီးမယ်လို့ ထင်ထားတာ" တိုင်ယန်ဓားဂိုဏ်းရဲ့အကြီးအကဲကလဲ အလျင်စလိုဖြစ်နေတယ်။ ကာဒိီလက်က နှစ်ပေါင်းမရေမတွက်များစွာကြာမှ ပထမဆုံးထွက်ပေါ်လာတဲ့ဓားနတ်ဘုရားတစ်ယောက်၊ သူသာ တစ်ခုခုဖြစ်သွားရင် ဒုတိယမြောက်ဓားနတ်ဘုရားထွက်ပေါ်လာဖို့ ဘယ်လောက်ကြာမလဲ ဘယ်သူမှ မသိနိုင်ဘူး။
ဟင်းလင်းပြင်ထဲမှာ ဓားချီက ကန့်လန့်ဖြတ်လာပြီး တိုင်ယန်ဓားဂိုဏ်းရဲ့အကြီးအကဲက ဧရာမဓားတစ်လက်ဖြစ်လာတယ်။ ၎င်းက စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းရဲ့အတားအဆီးကို ဖြတ်ကာ အထဲကို ဝင်ရောက်သွားတယ်။
စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းက စိတ်ဝိညာဉ်နတ်ဘုရားနဲ့ ဆက်စပ်နေတယ်၊ အသက်ရှိတဲ့ဘယ်လိုအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားမဆို အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ရာကို သတ်ဖြတ်နိုင်တယ်။
ဒါပေမယ့် အသက်ရှိတဲ့စိတ်ဝိညာဉ်နတ်ဘုရားနဲ့ သေဆုံးနေတဲ့စိတ်ဝိညာဉ်နတ်ဘုရားက မတူပါဘူးလေ။
ဒါဆို သေဆုံးနေတဲ့စိတ်ဝိညာဉ်နတ်ဘုရားကဖြစ်ပေါ်လာတဲ့စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းက အစစ်အမှန်နတ်ဘုရားတွေဝင်ရောက်မှုကို ဘယ်လိုတားဆီးနိုင်ခဲ့တာလဲ။
အတိတ်မှာ အစစ်အမှန်နတ်ဘုရားတွေ မဝင်တဲ့အကြောင်းရင်းကတော့ စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းပျက်ဆီးမှုမြန်ဆန်လာမှာကို သူတို့က ကြောက်လို့ပဲ။
အခု စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းက ပျက်ဆီးနေပြီဆိုတော့ ဒီလိုပြဿနာမရှိတော့ဘူး။
ပါးဟိုင်နတ်ဘုရားကမ္ဘာရဲ့အစစ်အမှန်နတ်ဘုရားဂိုဏ်းငါးဂိုဏ်းထဲကတစ်ဂိုဏ်းအနေနဲ့ မင်းက မဟာအကြီးအကဲတစ်ယောက်ဖြစ်ချင်ရင် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်ရမယ်။ ဒါကြောင့် တိုင်ယန်ဓားဂိုဏ်းရဲ့မဟာအကြီးအကဲက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်တယ်။
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်က လှုပ်ရှားမယ်ဆိုရင် စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းရဲ့အတားအဆီးကို အလွယ်တကူချိုးဖြတ်နိုင်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကြယ်တစ်သောင်းခန်းမရဲ့မဟာအကြီးအကဲနဲ့ပင်လယ်နတ်ဘုရားဂိုဏ်းရဲ့မဟာအကြီးအကဲတို့ကလဲ စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းရဲ့အတားအဆီးကို ဆုတ်ဖြဲကာ အထဲသို့ ဝင်ရောက်သွားခဲ့တယ်။
ထို့နောက် သွေးလဂိုဏ်းမဟာအကြီးအကဲ၊ အဆိပ်မီးဂိုဏ်းမဟာအကြီးအကဲ။
မဟာအကြီးအကဲတွေကတောင် ဝင်သွားပြီးဆိုတော့ အစစ်အမှန်နတ်ဘုရားဂိုဏ်းငါးဂိုဏ်းရဲ့ကျန်အကြီးအကဲတွေကလဲ ဒိအတိုင်းနေလို့မရတော့ဘူးလေ။ အကြီးအကဲအနည်းလောက်ပဲ နောက်ချန်နေခဲ့ပြီး ကျန်အကြီးအကဲတွေအားလုံးက ဝင်ရောက်သွားခဲ့ကြတယ်။
"တောက်၊ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ လူတွေကို ကယ်ဖို့ ငါနဲ့အတူ လိုက်ဝင်လာကြ"
တုံ့ဆိုင်းမနေဘဲ လိုင်ဒုန်ဟဲက မိုးကြိုးနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းကာ စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းရဲ့အတားအဆီးကို ဆုတ်ဖြဲပြီး တစ်ဟုန်ထိုးပြေးဝင်သွားတယ်။
ပြောရမယ်ဆိုရင် ဒီလောက်များတဲ့အစစ်အမှန်နတ်ဘုရားတွေထဲမှာ ဘယ်သူက အတည်ငြိမ်ဆုံးလဲ၊ အစစ်အမှန်နတ်ဘုရားဂိုဏ်းငါးဂိုဏ်းရဲ့အကြီးအကဲတွေမဟုတ်ဘဲ ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့မဟာဆရာသခင်ဖြစ်တဲ့ကွမ်းယွင်ရှောင်ပဲ။
အခြားသူတွေက စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းရဲ့အတားအဆီးကို ဆုတ်ဖြဲနေပေမယ့် သူက ထိုအာတားအဆီးကို ဘာမှမရှိဘူးလို့ မြင်တယ်၊ သူ့ပုံရိပ်က အထဲသို့ ထိုးဖောက်သွားတယ်။
စိတ်ဝိညာဉ်အလင်းမျိုးနွယ်က ဟင်းလင်းပြင်ကို ဖြတ်ပြီး သတ္တုကို ထိုးဖောက်နိုင်တဲ့ စွမ်းရည်နဲ့ မွေးဖွားလာတယ်။ ခန္ဓာကိုယ်က အစစ်အမှန်လဲဖြစ်နိုင်တယ်ဒါမှမဟုတ်ပုံရိပ်ယောင်လဲဖြစ်နိုင်တယ်။
တိုက်ခိုက်ရေးစွမ်းအားအရ ကွမ်းယွင်ရှောင်က အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေလောက် မကောင်းဘူး၊ ဒါပေမယ့် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားနိုင်တဲ့စွမ်းရည်အရ အဆင့်မြင့်နတ်ဘုရားတွေက သူ့လောက် မကောင်းပါဘူး။
……
ပုံရိပ်တစ်ရာလောက်က စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းအထက်ကောင်းကင်မှာ ပျံသန်းနေတယ်။ သူတို့က ဟင်းလင်းပြင်ထဲရှိအက်ကြောင်းတွေကို ရှောင်ရင်း မကြာခဏဆင်းသက်ကာ မိမိတို့ဂိုဏ်းရဲ့ပင်မတပည့်တွေကို ဆုတ်ကိုင်ပြီး လက်ကို ဝှေ့ယမ်းလျက် စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းလမ်းကြောင်းကို ဖွင့်ဖို့ ဆုတ်ဖြဲလိုက်တယ်။ ထို့နောက် နေရာလပ်ပိုင်နက်ကို အသုံးပြုလျက် ပင်မတပည့်တွေကို စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းအပြင်ဘက်သို့ ပစ်ထုတ်လိုက်တယ်။
အပြင်ကမ္ဘာဆိုရင် သူတို့က နေရာလပ်ကို မဆုတ်ဖြဲနိုင်ပေမယ့် စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းထဲရှိနေရာလပ်က အလွန်မတည်ငြိမ်ဘူး၊ အပြင်ဘက်ရှိနေရာလပ်လောက် မသန်မာဘူး၊ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတွေကတောင် အလွယ်တကူဆုတ်ဖြဲနိုင်တယ်။
ဟင်းလင်းပြင်အက်ကြောင်းတွေကတော့ စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းရဲ့ပျက်ဆီးမှုကြောင့်ဖြစ်လာတဲ့ဖြစ်ရပ်တစ်ခုပဲ။ နေရာလပ်တာအိုဥပဒေသက အလွန်ကြမ်းတမ်းတယ်။ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအောက်ကဆိုရင် ထိတွေ့တာနဲ့ သေဆုံးသွားရလိမ့်မယ်။