ကာဒီလက်နဲ့ တိုက်ခိုက်ခြင်း
Vol. 81 Ch. 1134
"အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီး...."
စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းက ပျက်ဆီးနေတာကြောင့် ဖြစ်နိုင်တယ်၊ ပစ္စည်းကောင်းအားလုံးက ထွက်လာတယ်။
အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးက ကြယ်နှစ်လုံးနတ်ဘုရားသစ်သီးနဲ့ ညီမျှပြီး အဆင့်မြင့်နတ်ဘုရားတွေရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုဖြစ်စဉ်ကို မြန်ဆန်စေနိုင်တယ်။
အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးက ကြယ်သုံးလုံးစိတ်ဝိညာဉ်နတ်ဘုရားသစ်သီးနဲ့ ညီမျှပြီး အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုဖြစ်စဉ်ကို မြန်ဆန်စေနိုင်တယ်။
အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးက ကြယ်လေးလုံးစိတ်ဝိညာဉ်နတ်ဘုရားသစ်သီးနဲ့ ညီမျှပြီး အလယ်ဆင့်အစစ်အမှန်နတ်ဘုရားတွေရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုကို အရှိန်မြင့်ပေးနိုင်တယ်။
အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေအပေါ်မှာ သက်ရောက်မှုမရှိဘူးဆိုတာတော့ မဟုတ်ပါဘူး။ သူတို့အတွက် အသုံးဝင်မှုအချို့ရှိပါသေးတယ်။
တကယ်တော့ စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းထဲမှာ တန်ဖိုးအရှိဆုံးက စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်ပြီးရင် အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးနဲ့အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားသွေးပုံဆောင်ခဲတို့ပါပဲ။
သူ့အရှေ့မှာ လီဖူချန်း မြင်တွေ့လိုက်ရတာကတော့ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးတစ်လုံးနှစ်လုံးမဟုတ်ဘူး၊ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးဒါဇင်ကျော်ရှိတဲ့အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးပင်တစ်ပင်ပါပဲ။
"အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးသစ်ပင်ဒါဇင်ကျော်က ငါ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုကို အကြိီးအကျယ်တိုးစေလောက်တယ်"
လီဖူချန်းမှာ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးအချို့ရှိခဲ့တယ်။ အပွင့်လင်းဆုံးပြောရရင် သက်ရောက်မှုက မဆိုးပေမယ့် ပမာဏက မလုံလောက်ဘူး။
အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးကတော့ မတူဘူး။ ၎င်းက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုဖြစ်စဉ်ကို အရှိန်မြင့်ပေးနိုင်တယ်။ တစ်လုံးက အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးဒါဇင်နဲ့ ညီမျှပြီး သက်ရောက်မှုက ထူးကဲတယ်။
လက်ကို ဝှေ့ယမ်းကာ လီဖူချန်းက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးကို သိမ်းယူတော့မယ့်အခိုက်။
"နတ်ဆိုးကျားသတ်ဖြတ်ခြင်းကောင်းကင်"
နတ်ဆိုးကျားအရိပ်တွေက အဆုံးမဲ့ကြီးမားလာပြီး ကြောက်စရာကောင်းတဲ့ဓားတစ်လက်က လီဖူချန်းဆီ ခုတ်ပိုင်းလာတယ်။
"ကာဒီလက်"
သူ တစ်ဖက်လူကို မမြင်ရသေးပေမယ့် စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းထဲမှာ ဒီလိုကြောက်စရာကောင်းတဲ့ဓားတာအိုဥပဒေသရှိတာ တစ်ယောက်ပဲရှိတယ်၊ ကာဒီလက်၊ ဓားနတ်ဘုရား။
အခြားတစ်ယောက်ယောက်သာဆိုရင် သူတို့က ထိုအချိန်မှာ ရပ်တန့်ပြီး နောက်သို့ ထွက်ပြေးမှာပါ။
လီဖူချန်းကတော့ မဟုတ်ဘူး။
နေရာလပ်လုယက်လက်စွပ်ကို အသက်သွင်းလျက် လီဖူချန်းက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးပင်ကို ခြေတစ်လှမ်းဦးကာ သိမ်းဆည်းရရှိသွားတယ်။ ထို့နောက် သူက လှည့်ကာ ဓားထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်တယ်၊ မီးပွားတွေက လွင့်ထွက်လာတယ်။
"မီးတာအိုဥပဒေသလား"
ကာဒီလက်ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်၊ တစ်ဖက်လူရဲ့မီးတာအိုဥပဒေသက သူ့ရဲ့နှလုံးကို အနည်းငယ်တုန်ခါသွားစေတယ်။
"ဧကရာဇ်လွှမ်းမိုးခြင်းကမ္ဘာ"
ပထဓားချက်ကျဆုံးသွားပြီးနောက် ကာဒီလက်ရဲ့ဒုတိယမြောက်ဓားချက်က လိုက်လာတယ်၊ ပိုသန်မာတယ်၊ ပိုကြမ်းတမ်းတယ်၊ ပိုမရပ်တန့်နိုင်ဖြစ်တယ်။
သူကာဒီလက်က ချုံးကျိုးနဲ့လေ့ပုရမ်တို့နဲ့ မတူပါဘူး။ ထိုနှစ်ယောက်ရဲ့ဥပဒေသနယ်ပယ်က စဦးအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်မှာပဲ ရှိပြီး သူ့ရဲ့ဓားတာအိုဥပဒေသနယ်ပယ်က ပျမ်းမျှဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်မှာ ရှိတယ်။
ကြောက်စရာကောင်းတဲ့ဓားအလင်းက ကမ္ဘာကို ပြည့်သွားတယ်။
သူတို့နှစ်ယောက်ရှိတဲ့ဧရိယာမှာ အရာအားလုံးက ညှိမှိုင်းသွားတယ်။ ဓားရဲ့အသွားနဲ့တောက်ပမှုကပဲ ကျန်တော့တယ်။
"တိုက်ပွဲကို ဖြေရှင်းဖို့ လက်သီးတစ်ချက်"
လီဖူချန်းက ကာဒီလက်နဲ့ အချိန်ဖြုန်းဖို့ စိတ်မဝင်စားပါဘူး၊ ဒါကြောင့် သူက လက်သီးတစ်ချက်တည်းနဲ့ ထိုးချလိုက်တယ်။
အုန်း.....
ကြောက်စရာကောင်းတဲ့မီးလျှံလက်သီးက ဓားသွားကို ထိုးဖောက်ကာ ကာဒီလက်ဆီ တည့်မတ်စွာ ဦးတည်သွားခဲ့တယ်။
"မကောင်းတော့ဘူး"
ဓားနတ်ဘုရားကာဒီလက်က ကြောက်ရွံ့သွားတယ်။ အဆင့်မြင့်နတ်ဘုရားတွေကြားမှာ ဒီလိုကြောက်စရာကောင်းတဲ့တည်ရှိမှုတစ်ခုက ဘယ်လိုလုပ်ပြီး ရှိနေတာလဲ။ ရန်သူရဲ့ခွန်အားက သူ့ထက် အနည်းဆုံးဆယ်ဆပိုသန်မာတယ်။ သူက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်နဲ့ ရင်ဆိုင်နေရသလို ခံစားချက်တစ်ခုရှိတယ်။
မဟုတ်ဘူး၊ အတိအကျပြောရရင် တစ်ဖက်လူကို ရင်ဆိုင်ရတာက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ကို ရင်ဆိုင်ရတာနဲ့ မခြားပါဘူး။
တိုင်ယန်ဓားဂိုဏ်းရဲ့ပိုအားနည်းတဲ့အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအချို့က ဒီလူနဲ့ အလားတူတယ်။
အုန်း.....
ကြောက်စရာကောင်းတဲ့လှိုင်းဂယက်တွေ တုန်ခါသွားပြီး နေရာလပ်က အက်ကွဲကာ ပေါက်ကွဲထွက်သွားတယ်။
ကာဒီလက်က မသေဘူး။
အနက်ရောင်ဓားတစ်လက်က မီးလျှံလက်သီးကို ဖယ်ရှားလိုက်တယ်။
အနက်ရောင်ဓားရဲ့ပိုင်ရှင်က တစ်ဖက်ကန်းလူအိုတစ်ယောက်ဖြစ်တယ်။ သူက ကောင်းကင်မှာ ရပ်နေပြီး မှင်တက်စရာချီတစ်ခုကို ထုတ်ဖော်နေတယ်။
"အကြီးအကဲဟေးဟွမ်" ထိုလူကို မြင်တဲ့အခါ ကာဒီလက်က စိတ်သက်သာရာရသွားတယ်။
အကြီးအကဲဟေးဟွမ်က တိုင်ယန်ဓားဂိုဏ်းရဲ့အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအကြီးအကဲတွေထဲမှာ အဆင့်အလွန်မမြင့်မားပေမယ့် အနောက်မှာလဲ မဟုတ်ပါဘူး။ သူက ပျမ်းမျှအဆင့်ရှိပြီး ဒီလောက်က လီဖူချန်းကို ရင်ဆိုင်ဖို့ လုံလောက်တယ်။
လီဖူချန်းက တကယ်တော့ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်လေ၊ သူ့ရဲ့အသက်နယ်ပယ်နဲ့နတ်ဘုရားစွမ်းအားက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတွေ အများကြီးနိမ့်ကျတယ်။
"ကောင်လေး၊ မင်းရဲ့ခန္ဓာကိုယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိသလဲ ငါ့ကိုပြော၊ အဲဒါဆိုရင် ငါ မင်းရဲ့အလောင်းတစ်ခုလုံးကို ချန်ထားပေးမယ်" လီဖူချန်းမှာ အံ့အားသင့်စရာကောင်းတဲ့လျှို့ဝှက်ချက်တွေရှိမယ်လို့ ဟေးဟွမ်က ယုံကြည်တယ်၊ သို့မဟုတ်ရင် အဆင့်မြင့်နတ်ဘုရားတစ်ယောက်က ဒီလောက်အားမကောင်းနိုင်ဘူး။ အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာမှာတောင် အဆင့်မြင့်နတ်ဘုရားနယ်ပယ်မှာ ဒီလိုခွန်အားရှိတဲ့သူတွေက ရှားတယ်။
"နတ်ဘုရားစိတ်ဝိညာဉ်အတတ်-စိတ်ဝိညာဉ်ဖမ်း"
"နတ်ဘုရားစိတ်ဝိညာဉ်အတတ်-နတ်ဘုရားစိတ်ဝိညာဉ်အမျှင်"
လီဖူချန်းက ဘာမှမပြောဘဲ နတ်ဘုရားအတတ်နှစ်ခုကို တစ်ခုပြီးတစ်ခုထုတ်ပြလိုက်တယ်။
ဟင်းလင်းပြင်ထဲမှာ ပုံရိပ်ယောင်မျက်လုံးတစ်လုံးက ထွက်ပေါ်လာပြီး အကြီးအကဲဟေးဟွမ်နဲ့ဓားနတ်ဘုရားကာဒီလက်တို့ကို စိုက်ကြည့်လိုက်တယ်။
ဘာဖြစ်နေတာလဲ။ သူ့ရဲ့စိတ်ဝိညာဉ်က အလုပ်လုပ်နေတာ ချက်ချင်းရပ်သွားပြီး သူ့ရဲ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်တော့ဘူးဆိုတာ ကာဒီလက်က ခံစားမိလာတယ်။
အကြီးအကဲဟေးဟွမ်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်ဖို့ ထိုက်တန်တယ်၊ အနည်းငယ်မူးဝေပြီးနောက် သူ့ရဲ့စိတ်ဝိညာဉ်က သက်သာလာတယ်။
ဒါပေမယ့် နောက်အခိုက်အတန့်မှာ စိတ်ဝိညာဉ်အမျှင်နှစ်ခုက အကြီးအကဲဟေးဟွမ်နဲ့ကာဒီလက်တို့ဆီ ဖြတ်သွားတယ်။
အကြီးအကဲဟေးဟွမ်က အင့်ခနဲညည်းလိုက်တယ်၊ ဒီစိတ်ဝိညာဉ်အမျှင်က အလွန်ထက်ရှတယ်၊ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ခွန်အားနဲ့ဆိုရင်တောင် အရိပ်အယောင်တစ်ခု ဖြတ်သွားသေးတယ်။ ဒီအရိပ်အယောင်က ဘာမှ မဟုတ်ပေမယ့် ပြန်သက်သာဖို့ အချိန်တစ်ခုတော့ လိုအပ်တယ်။
အကြီးအကဲဟေးဟွမ်နဲ့ယှဉ်ရင် ဓားနတ်ဘုရားကာဒိီလက်က ကံမကောင်းပါဘူး။ သူ့ရဲ့စိတ်ဝိညာဉ်ကို ဖြတ်သွားပြီး သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားက လွင့်မျောလာတယ်။ ဒါက စိတ်ဝိညာဉ်ပျက်ဆီးတဲ့စဦးလက္ခဏာဖြစ်တယ်။ ဒီအတိုင်းဆက်သွားရင် မကြာခင်မှာ သူက သူ့ရဲ့စိတ်ဝိညာဉ်ကို ဆုံးရှုံးကာ သေသွားရလိမ့်မယ်။
"မသေဘူးလား"
အကြီးအကဲဟေးဟွမ်က မသေဘူးဆိုတာ ကိစ္စမရှိဘူး။ တကယ်တော့ တစ်ဖက်လူက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ပျမ်းမျှအဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုသာဖြစ်တယ်။
ဓားနတ်ဘုရားကာဒီလက်က မသေဘူး၊ ဒါက လီဖူချန်းမျှော်လင့်ထားတာထက်ကို အနည်းငယ်ကျော်လွန်နေတယ်။
ဓားနတ်ဘုရားကာဒီလက်က သန်မာတဲ့စိတ်ဝိညာဉ်နဲ့ မွေးဖွားလာတာကို လီဖူချန်းက ဘယ်လိုလုပ်သိမှာလဲ။ လက်ရှိမှာ သူ့ရဲ့စိတ်ဝိညာဉ်ခွန်အားက အားနည်းတဲ့အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအချို့ထက် မနိမ့်ကျပါဘူး။ တာအိုဥပဒေသကို ပျမ်းမျှအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထိ ကျင့်ကြံနိုင်တဲ့အကြောင်းရင်းကတော့ သန်မာတဲ့စိတ်ဝိညာဉ်နဲ့သန်မာတဲ့နားလည်မှုကြောင့်ပဲ။
"စိတ်ဝိညာဉ်တာအိုကျင့်ကြံသူလား။ မင်းမှာ လျှို့ဝှက်ချက်တွေအများကြီးရှိတာပဲ"
အကြီးအကဲဟေးဟွမ်ရဲ့မျက်လုံးတွေက လင်းလက်သွားပြီး သူ့ရဲ့အသက်ရှုသံက အနည်းငယ်မတည်မငြိမ်ဖြစ်လာတယ်။
သူ့ရဲ့စိတ်ဝိညာဉ်ကို အနည်းငယ်မူးဝေစေနိုင်တယ်ဆိုတော့ ရန်သူဖော်ထုတ်ခဲ့တဲ့နတ်ဘုရားအတတ်က အနည်းဆုံးအဆင့်မြင့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုဖြစ်မယ်၊ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုတောင် ဖြစ်နိုင်တယ်။
အဆင့်မြင့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုပဲဖြစ်ဖြစ်၊ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားစိတ်ဝိညာဉ်အတတ်တစ်ခုပဲဖြစ်ဖြစ်၊ အဲဒါက အကြီးအကဲဟေးဟွမ်ကို ဖိနှိပ်ဖို့ လုံလောက်တယ်။
တိုင်ယန်ဓားဂိုဏ်းတစ်ခုလုံးမှာ အမြင့်ဆုံးနတ်ဘုရားစိတ်ဝိညာဉ်အတတ်က ပြီးပြည့်စုံခြင်းအဆင့်နိမ့်နတ်ဘုရားစိတ်ဝိညာဉ်အတတ်သာဖြစ်ပြီး ခြားနားချက်က မစိတ်ကူးနိုင်လောက်အောင်ပဲ။
"ကောင်လေး၊ ငါ့ဆီ လာစမ်း"
အကြီးအကဲဟေးဟွမ်ရဲ့လက်ထဲရှိအနက်ရောင်ဓားရှည်က အလေးချိန်မရှ်ိဘူးလို့ ထင်ရတယ်။ လှိုင်းကလေးတစ်ခုနဲ့အတူ ဓားအလင်းက လီဖူချန်းဆီ ပျံသန်းလာတယ်။
ဝှစ်......
လီဖူချန်းရဲ့မီးလျှံတိုက်ခိုက်မှုက ဓားအလင်းနဲ့ ရင်ဆိုင်ရတဲ့အခါ ချက်ချင်းပျက်ဆီးသွားပြီး လုံးဝမရပ်တန့်နိုင်ခဲ့ဘူး။
ဘယ်လိုပဲပြောပြော တစ်ဖက်လူရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်း၊ နတ်ဘုရားစွမ်းအားပြင်းအားဒါမှမဟုတ်အသက်နယ်ပယ်ပဲဖြစ်ဖြစ် သူတို့က လီဖူချန်းထက် အများကြီးပိုမြင့်တယ်။
လီဖူချန်း တစ်ဖက်လူထက် ပိုမြင့်တဲ့နေရာက မီးတာအိုဥပဒေသနယ်ပယ်သာဖြစ်တယ်။
လီဖူချန်းကို ခုတ်ဖြတ်သွားတယ်။ အဆင့်မြင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်ကြောင့်သာမဟုတ်ရင် ဒီဓားက သူ့နတ်ဘုရားစွမ်းအားငါးဆယ်ရာခိုင်နှုန်းကျော်ကို ချေမှုန်းဖို့ လုံလောက်တယ်။ နောက်ထပ်ဓားလေးချက်သာ ထပ်ရောက်လာရင် သူ သေမှာ အသေအချာပါပဲ။
"ပျံသန်းတစ္ဆေ"
တစ္ဆေကိုးကောင်က ထွက်ပေါ်လာပြီး လီဖူချန်းက ဦးတည်ဘက်ကိုးခုကို ထွက်ပြေးသွားတယ်။
"သွားချင်နေတာလား....ကျိုင်းကောင်ခုတ်ချက်"
ကျိုင်းကောင်တွေအလား လျင်မြန်သွက်လက်တဲ့အဆုံးမဲ့ဓားအလင်းတွေက တစ္ဆေတစ်ကောင်ပြီးတစ်ကောင်ကို ခုတ်ပိုင်းလိုက်တယ်။
"ဒိီကိုလာစမ်း"
သံကြိုးတစ်ခုက အကြီးအကဲဟေးဟွမ်ရဲ့လက်ထဲမှာ ထွက်ပေါ်လာတယ်။ သူ့ရဲ့လက်ကောက်ဝတ်ကို တစ်ချက်လှုပ်လိုက်ရာ သံကြိုးက လီဖူချန်းကို မြွေတစ်ကောင်ပမာ ရစ်ပတ်သွားတယ်။
"သွားစမ်း"
ရွှေရောင်လက်သီးတစ်ခုက ရိုက်ခတ်လာပြီး သံကြိုးကို နောက်သို့ ထိုးထုတ်လိုက်တယ်။
"အကြီးအကဲထျဲယန်"
လီဖူချန်းက စိတ်သက်သာရာရသွားတယ်။
အကြီးအကဲထျဲယန်က အရှေ့နေဂိုဏ်းရဲ့အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်တယ်။ အစစ်အမှန်နတ်ဘုရားတာအိုဟောပြောပွဲမှာ လီဖူချန်းက နားထောင်ခဲ့ရတယ်။
အရှေ့နေဂိုဏ်းရဲ့အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတွေအထဲမှာ အကြီးအကဲထျဲယန်ရဲ့ခွန်အားက လက်တစ်ဆုပ်စာလူတွေထဲကတစ်ယောက်ဖြစ်ပြီး အကြီးအကဲဟေးဟွမ်ထက် သေချာပေါက် ပိုမြင့်တယ်။
အကြီးအကဲထျဲယန်က တိတ်တဆိတ်ခေါင်းညိတ်ပြီး အကြီးအကဲဟေးဟွမ်ကို ကြည့်ကာ ပြောလိုက်တယ်"အကြီးအကဲဟေးဟွမ် မင်းတို့ကောင်တွေ လူငယ်တွေကို အမြဲတမ်း အနိုင်ကျင့်လို့ရမယ်ထင်နေတာလား"
"ငါ မင်းကို ဂရုမစိုက်အားတော့ဘူး၊ အပြင်ရောက်မှ ပြောကြတာပေါ့"
အကြီးအကဲဟေးဟွမ်က ပြောပြီးနောက် နေရာလပ်ကို ဖွင့်ကာ ဓားနတ်ဘုရားကာဒီလက်နဲ့အတူ ထွက်ခွာသွားတယ်။
"ငါတို့လဲ သွားကြစို့"
အကြီးအကဲထိုက်ယန်ကလဲ နေရာလပ်ကို ဖွင့်ကာ လီဖူချန်းနဲ့အတူ ထွက်သွားတယ်။
"ဒါ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ရဲ့စွမ်းအားလား"
အပွင့်အလင်းပြောရရင် လီဖူချန်းရဲ့ခွန်အားက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအဆင့်ကို ရောက်ရှိရုံမျှပဲ။
သူတို့ ပြန်ထွက်ပေါ်လာတဲ့အချိန်မှာတော့ အကြီးအကဲထျဲယန်နဲ့လီဖူချန်းက အပြင်ကမ္ဘာကို ရောက်ရှိလာပြီဖြစ်တယ်။
"ဂျူနီယာညီလေးလီ"
တုန်းယန်ချမ်ယန်နဲ့တုန်းယန်ဒိုင်လန်တို့လဲ ပြန်ရောက်နေပါပြီ။ လီဖူချန်းကို မြင်တဲ့အခါ သူတို့က ပျော်ရွှင်သွားတယ်။
"ချုံးကျိုးကို မတွေ့ဘူးလား"
ကြယ်တစ်ထောင်ခန်းမဘက်ကနေ အော်သံတစ်ခုက ထွက်လာတယ်။
လေ့ပုရမ်က ထွက်လာနိုင်တယ်။ ဓားနတ်ဘုရားကာဒီလက်က ဒဏ်ရာအပြင်းအထန်ရသွားပေမယ့် သူက အနည်းဆုံးထွက်လာနိုင်သေးတယ်၊ ဒါပေမယ့် ချုံးကျိုးက မထွက်လာခဲ့ဘူး။ ဒါက ကြယ်တစ်ထောင်ခန်းမကို အထိတ်တလန့်ဖြစ်စေတယ်။ ချုံးကျိုးက သေသွားခဲ့တယ်ဆိုရင် ကြယ်တစ်ထောင်ခန်းမရဲ့ဆုံးရှုံးမှုက ကြီးမားပေလိမ့်မယ်၊ ဒါက တိုင်ယန်ဓားဂိုဏ်းနဲ့ပင်လယ်နတ်ဘုရားဂိုဏ်းရဲ့ပူးပေါင်းကြံစည်မှုလို့တောင် သံသယရှိနေတယ်။
"အကြီးအကဲဟေးဟွမ်၊ ဘာဖြစ်ခဲ့တာလဲ။ ကာဒီလက်က ချုံးကျိုးကို သတ်ခဲ့တာလား" ကြယ်တစ်ထောင်ခန်းမရှိချုံးကျိုးမိသားစုရဲ့အစစ်အမှန်နတ်ဘုရားအကြီးအကဲတစ်ယောက်က ထရပ်ပြီး အကြီးအကဲဟေးဟွမ်ကို လက်ညှိုးထိုးကာ အော်လိုက်တယ်။
ကာဒိီလက်က ဒဏ်ရာအပြင်းအထန်ရတယ်၊ ဒါက အလွန်ထူးဆန်းတယ်။ ဒဏ်ရာက ချုံးကျိုးနဲ့တိုက်ပွဲအတွင်း ရထားခဲ့တာဖြစ်နိုင်တယ်၊ သံသယရှိစရာပဲ။
အကြီးအကဲဟေးဟွမ်ရဲ့မျက်နှာက နစ်မြုပ်သွားတယ်"ချုံးရှန်၊ မင်း ဘာလာပြောနေတာလဲ၊ ကာဒီလက်က ချုံးကျိုးကို သတ်တာ မင်း မျက်စိနဲ့ ကိုယ်တိုင်မြင်လို့လား၊ မင်း မပြောခင် သေချာစဉ်းစား၊ အရူးချီးပန်းတွေ စောက်ပြောမနေနဲ့"
"မင်း" ချုံးရှန်က ဒေါသထွက်သွားပြီး သူ့ရဲ့နတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်လာတယ်။
"ချုံးရှန်၊ တော်လောက်ပြီ" ကြယ်တစ်ထောင်ခန်းမရဲ့မဟာအကြီးအကဲက ချုံးရှန်ကို တားလိုက်တယ်။
အနေအထားက မရှင်းလင်းသေးဘူး။ တိုင်ယန်ဓားဂိုဏ်းနဲ့ မျက်ကန်းပြဿနာရှာဖို့ဆိုတာ ဉာဏ်နည်းလွန်းပါတယ်။
အကြီးအကဲဟေးဟွမ်က အရှေ့နေဂိုဏ်းဖက်ကို တစ်ချက်ကြည့်ကာ ရုတ်တရက် ပြောလိုက်တယ်" ပါ့ဟိုင်းနတ်ဘုရားကမ္ဘာရဲ့လူတိုင်းအတွက် ငါ မင်းတို့ကို အသုံးဝင်တဲ့သတင်းအချို့ ပြောပါရစေ။ ကာဒီလက်ဒဏ်ရာအပြင်းအထန်ရသွားတဲ့အကြောင်းရင်းက အဲကလေးကြောင့်ပဲ။ သူ့ရဲ့ခွန်အားက အားနည်းတဲ့အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်နဲ့ ယှဉ်နိုင်တယ်၊ သူ့အနေနဲ့ ချုံးကျိုးကို သတ်ဖို့ဆိုတာ မခက်ခဲဘူးလို့ ငါ ခန့်မှန်းထားတယ်"
ဒါကို ကြာပြီး အကြီးအကဲထျဲယန်ရဲ့မျက်နှာက မည်းမှောင်သွားတယ်။ လီဖူချန်းက ချုံးကျိုးကို သတ်ခဲ့မယ်လို့ သူ မထင်ထားဘူး။ သူ လုပ်ခဲ့ရင်တောင် ဝန်ခံလို့မရဘူး။
"အကြီးအကဲဟေးဟွမ်၊ မင်း ပြောသလို မျက်မြင်တွေ့မှ ယုံကြည်လို့ရမယ်ဆို၊ မင်းရဲ့ဘယ်မျက်လုံးတွေကများ လီဖူချန်းက ချုံးကျိုးကို သတ်တာကို မြင်ခဲ့တာလဲ။ သူက ဟင်းလင်းပြင်အက်ကြောင်းထဲမှာ သေသွားတာလဲ ဖြစ်နိုင်တာပဲလေ"
အကြီးအကဲဟေးဟွမ်က ပြောလိုက်တယ်"ငါ ပြောရုံမျှပါပဲ၊ အရမ်းအလေးအနက်မထားပါနဲ့၊ ကြယ်တစ်ထောင်ခန်းမမှာ သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိမယ်လို့ ငါ ယုံတယ်"
ကြယ်တစ်ထောင်ခန်းမရဲ့လက်ရှိအနေအထားအရ သံသယတစ်ခုခုရှိနေသရွေ့ သူတို့က တင်းတင်းကြပ်ကြပ်စုံစမ်းစစ်ဆေးမှာ သေချာပါတယ်လေ။