← Chapters

အကြီးအကဲထိုက်ရှန့်

Vol. 81 Ch. 1135

အကြီးအကဲထိုက်ရှန့်

Vol. 81 Ch. 1135

လီဖူချန်းက ချုံးကျိုးကို သတ်ခဲ့တယ်လို့ အကြီးအကဲဟေးဟွမ်က ပြောတဲ့အခါ တုန်းယန်ချမ်ယုနဲ့တုန်းယန်ဒိုင်လန်တို့ရဲ့မျက်နှာတွေက ဖျော့တော့သွားတယ်။

အခြားသူတွေက မသိပေမယ့် ချုံးကျိုးကို လီဖူချန်းက အမှန်တကယ်သတ်ခဲ့တယ်ဆိုတာ သူတို့က ကောင်းကောင်းသိတယ်။

လီဖူချန်းလဲ မျက်မှောင်ကြုတ်လိုက်တယ်၊ ကိစ္စတွေက ဒုက္ခများလာပြီးပဲ။

ကြယ်တစ်သောင်းခန်းမက သူ့ကို ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ရင် အရှေ့နေဂိုဏ်းက သူ့ကို ထိန်းသိမ်းနိုင်မှာမဟုတ်ဘူး။

အရှေ့နေဂိုဏ်းရဲ့အန္တိမအကြီးအကဲ(ဝါ)အကြီးအကဲထိုက်ရှန့်က မလာရင်ပေါ့။

ဒီလိုကိုယ့်ကံကြမ္မာကို ကိုယ်မထိန်းချုပ်နိုင်တဲ့ခံစားချက်က လီဖူချန်းကို အလွန်သက်သောင့်သက်သာမရှိဖြစ်စေတယ်။ သူက ဒီတစ်ကြိမ် ချောချောမွေ့မွေ့နဲ့ လွတ်မြောက်သွားနိုင်ရင် ဘာပဲဖြစ်ဖြစ် ကိစ္စမရှိတော့ဘူး၊ သူက အချိန်တိုအတွင်း အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်တဲ့စွမ်းအားအချို့ရှိလာလိမ့်မယ်။

သူ၊ လီဖူချန်းက အခြားသူတွေ သူ့ကံကြမ္မာကို ထိန်းချုပ်တာကို ဘယ်တုန်းကမှ ခွင့်မပြုဘူး။

ကံကောင်းစွာနဲ့ သူက ဒီတစ်ကြိမ်မှာ စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းက‌နေ အလုံအလောက်ရရှိထားခဲ့တာပဲ။ စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်ရဲ့ကြီးမားတဲ့ပမာဏတစ်ခုက သူ့ရဲ့ဥပဒေသနယ်ပယ်ကို အပြည့်အဝတိုးစေဖို့ လုံလောက်တယ်ဆိုတာကိုတောင် ဖော်ပြစရာမလိုတော့ဘူး။ သူက ကံကောင်းရင် မီးတာအိုဥပဒေသထိုးထွင်းသိမြင်မှုအလုံအလောက်ရခဲ့ရင် မီးတာအိုဥပဒေသနယ်ပယ်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်မှ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားရဲ့စဦးနယ်ပယ်သို့ ချိုးဖြတ်နိုင်လိမ့်မယ်။

နှစ်ခုကြားမှာ ကြီးမားတဲ့ခြားနားချက်တစ်ခုရှိတယ်။ သူ့ရဲ့မီးတာအိုဥပဒေသနယ်ပယ်က အလယ်ဆင့်အစစ်အမှန်နတ်ဘုရားနယ်ပယ်ကို ချိုးဖြတ်သွားတာနဲ့ မီးတာအိုနတ်ဘုရားအတတ်တွေကိုဖန်တီးရတဲ့အခက်အခဲက ဆယ်ဆဒါမှမဟုတ်အဆအနည်းငယ်လျော့ကျသွားလိမ့်မယ်။ မီးတာအိုအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအတတ်ကို ဖန်တီးဖို့က ပြဿနာတစ်ခုမဟုတ်တော့ဘူး။

အနောက်သို့ သွားလေလေ၊ နတ်ဘုရားအတတ်တွေ ဖန်တီးရတာ ပိုခက်ခဲတယ်ဆိုတာ သိရမယ်။

သာမန်နတ်ဘုရားအဆင့်မှာ အဆင့်မြင့်နတ်ဘုရားတွေအနေနဲ့ အဆင့်မြင့်နတ်ဘုရားအတတ်တွေကို ဖန်တီးဖို့က ခက်ခဲတယ်။

အစစ်အမှန်နတ်ဘုရားအဆင့်မှာ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတွေအနေနဲ့ အဆင့်နိမ့်နတ်ဘုရားအတတ်တွေကို ဖန်တီးရတာ ခက်ခဲတယ်။ အနည်းဆုံးလီဖူချန်းသိသလောက်ဆိုရင် အရှေ့နေဂိုဏ်းတစ်ခုလုံးရဲ့အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတွေကြားမှာ အဆင့်နိမ့်နတ်ဘုရားအတတ်တွေဖန်တီးတဲ့သူကို လက်တစ်ဖက်နဲ့ ရေတွက်နိုင်တယ်။

အလားတူစွာ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားတွေအနေနဲ့ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအတတ်ကို ဖန်တီးရတာ ပိုခက်ခဲတယ်။ အရှေ့နေဂိုဏ်းတစ်ခုလုံးမှာ ဂိုဏ်းခေါင်းဆောင်တုန်းယန်ကျန်နဲ့ဒုဂိုဏ်းခေါင်းဆောင်လိုင်ဒုန်ဟဲအပါအဝင် ဘယ်အလယ်ဆင့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ကမှ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအတတ်တစ်ခုကို ဖန်တီးထားတယ်ဆိုတာ လီဖူချန်းက ဘယ်တုန်းကမှ မကြားဖူးဘူး။

လီဖူချန်းရဲ့စိတ်ဝိညာဉ်အဆင့်က အကြိုစိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို ရောက်ရှိထားတယ်၊ သူ့ရဲ့ထိုးထွင်းသိမြင်မှုကို အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတွေက မယှဉ်နိုင်ဘူး။ သူ့ကို အချိန်ပေးရင် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအဆင့်မှာတောင် သူက အဆင့်နိမ့်နတ်ဘုရားအတတ်တွေကို ဖန်တီးနိုင်လိမ့်မယ်၊ ဒါပေမယ့် အချိန်ကိုတော့ အတိအကျမပြောနိုင်ဘူး၊ နှစ်အနည်းငယ်ဖြစ်နိုင်တယ်၊ ရာစုနှစ်ပေါင်းများစွာလဲ ဖြစ်နိုင်တယ်၊ လီဖူချန်းက အဲလောက်ထိ မစောင့်နိုင်ပါဘူး။

စိတ်ဝိညာဉ်ရဲ့အဆင့်ကို အချိန်တိုအတွင်း မတိုးစေနိုင်ဘူး၊ ထိုးထွင်းသိမြင်မှုကို မတိုးစေနိုင်တဲ့ကိစ္စမှာ နတ်ဘုရားအတတ်ဖန်တီးခြင်းကို မြှင့်တင်ဖို့နဲ့ ဥပဒေသနယ်ပယ်ကို တိုးမြှင့်ဖို့ နည်းလမ်းတစ်ခုပဲ ကျန်တော့တယ်။

စိတ်ဝိညာဉ်နတ်ဘုရားရဲ့စိတ်ဝိညာဉ်အဆီအနှစ်တွေအပြင် အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးနဲ့သွေးပုံဆောင်ခဲတွေကလဲ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုကို တိုးစေနိုင်တယ်။ နောင်တရစရာတစ်ခုကတော့ သူက စိတ်ဝိညာဉ်နတ်ဘုရားသစ်သီးနဲ့သွေးပုံဆောင်ခဲတွေ အမြောက်အများမရှိခဲ့တာပဲ။ စိတ်ဝိညာဉ်နတ်ဘုရားသွေးပုံဆောင်ခဲတွေက အသက်နယ်ပယ်ကို တိုးစေနိုင်တာကို သိရမယ်။ အသက်နယ်ပယ်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအဆင့်ကို ရောက်ရှိတဲ့အခါမှသာ စစ်မှန်တဲ့အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်လို့ သတ်မှတ်နိုင်တယ်၊ သို့မဟုတ်ရင် အကြိုအစစ်အမှန်နတ်ဘုရားတစ်ယောက်လို့ပဲ သတ်မှတ်နိုင်တယ်။

စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းရဲ့ပျက်ဆီးခြင်းအရှိန်က ပိုပိုမြန်လာတယ်။ ကယ်ဆယ်ဖို့ဝင်သွားခဲ့တဲ့အကြီးအကဲကိုးဆယ်ရာခိုင်နှုန်းကျော်က ထွက်လာပြီးပြီ။ သူတို့နဲ့အတူတူ သူတို့ရဲ့သက်ဆိုင်ရာဂိုဏ်းအသီးသီးရဲ့ပင်မတပည့်တွေကလဲ ပါလာတယ်။

ဒါပေမယ့် သူတို့အထဲမှာ ကြယ်တစ်ထောင်ခန်းမရဲ့ချုံးကျိုးရဲ့ပုံရိပ်က ပါမလားနေဘူး။

ကြယ်တစ်သောင်းခန်းမထဲရှိလူတိုင်းရဲ့မျက်နှာတွေက ပိုပိုရုပ်ဆိုးလာတယ်။

.

ကြယ်တစ်သောင်းခန်းမရဲ့လူတိုင်းက အရှေ့နေဂိုဏ်းရဲ့လူတွေကို သတ်ဖြတ်ချင်စိတ်နဲ့ ကြည့်နေခဲ့ကြတယ်၊ ချုံးကျိုး အသက်ရှင်နေရင် အကောင်းဆုံးပဲ၊ ချုံးကျိုးသေရင်တော့ လက်သည်းတရားခံက အရှေ့နေဂိုဏ်းဟုတ်ဟုတ်မဟုတ်ဟုတ် သူတို့က အရှေ့နေဂိုဏ်းကို သွားခွင့်ပြုမှာမဟုတ်တော့ဘူး။

ဖြောက်......

လျှပ်စီးလက်သွားပြီး လိုင်ဒုန်လဲက ဖုန်းရှင်နဲ့ထျန်းရွှေတို့နဲ့အတူ ထွက်လာတယ်။

"ဒုခေါင်းဆောင်"

လိုင်ဒုန်လဲက ထွက်လာတာကို မြင်ပြီး အရှေ့နေဂိုဏ်းရှိလူတွေက စိတ်သက်သာရာရသွားကြတယ်။

"လူတွေ ဒီလောက်ပဲ ကျန်တာလား" လိုင်ဒုန်လဲရဲ့မျက်နှာက နစ်မြုပ်သွားတယ်။

လူနှစ်ဆယ်ဝင်ခဲ့တယ်၊ ခုနှစ်ယောက်ပဲ ထွက်လာခဲ့တယ်။ သေဆုံးခြင်းနှုန်းက မြင့်မားလွန်းတယ်။

ပတ်ပတ်လည်ကို ကြည့်လိုက်တယ်၊ အစစ်အမှန်နတ်ဘုရားဂိုဏ်းငါးဂိုဏ်းမှ ပင်မတပည့်တွေက အများကြီးရှိမနေတာကို မြင်တဲ့အခါ လိုင်ဒုန်ဟဲရဲ့မျက်နှာက ပိုကောင်းသွားတယ်၊ ကြယ်တစ်သောင်းခန်းမရဲ့သတ်ဖြတ်ခြင်းချီကို မမြင်ခင်အထိပေါ့"ဘာဖြစ်နေတာလဲ" လိုင်ဒုန်ဟဲက မေးလိုက်တယ်။

အရှေ့နေဂိုဏ်းအကြီးအကဲတစ်ယောက်က ဘာဖြစ်ခဲ့သလဲဆိုတာ လိုင်ဒုန်ဟဲကို ပြောခဲ့တယ်။

"အနိုင်ကျင့်လွန်းတယ်၊ ငါတို့အရှေ့နေဂိုဏ်းမှာ တစ်ယောက်မှ မရှိဘူးလို့ မင်းတို့ ထင်နေတာလား" လိုင်ဒုန်ဟဲရဲ့မျက်လုံးတွေက လျှပ်စီးတွေ လက်သွားတယ်။

သဘောတူညီချက်လုပ်တုန်းက စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းထဲမှာ သေခြင်းရှင်ခြင်းက ကံကြမ္မာတစ်ခုပဲ၊ တစ်ယောက်ယောက်က အသတ်ခံရရင်တောင် သူ့ကိုယ်သူပဲ အပြစ်တင်ရမယ်ဆိုပြီး သဘောတူခဲ့တယ်။

ချုံးကျိုးကို လီဖူချန်းက သတ်ခဲ့တော့ရော ဘာဖြစ်လဲ။ မင်းတို့ကြယ်တစ်သောင်းခန်းမရဲ့ပင်မတပည့်တွေကပဲ သတ်ခွင့်ရှိပြီး ငါတို့အရှေ့နေဂိုဏ်းရဲ့ပင်မတပည့်တွေက သတ်ခွင့်မရှိဘူးတဲ့လား။

အုန်း......

စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းက ပျက်ဆီးသွားခဲ့တယ်။ မမြင်နိုင်တဲ့အတားအဆီးက ပျောက်သွားတာနဲ့ အနက်ရောင်အပေါက်တစ်ခုက စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းရဲ့အလယ်မှာ ထွက်ပေါ်လာတယ်။ အနက်ရောင်အပေါက်အောက်မှာ စိတ်ဝိညာဉ်နတ်ဘုရားအလောင်းက ရုတ်တရက် တစ်စစီဖြစ်သွားတယ်။

ဒီအနက်ရောင်အပေါက်ထဲမှာပါဝင်တဲ့နေရာလပ်တာအိုဥပဒသရဲ့စွမ်းအားက စိတ်ဝိညာဉ်နတ်ဘုရားအလောင်းရဲ့အကန့်အသတ်ကို ကျော်လွန်သွားမှန်း သိသာတယ်။

"ကောင်လေး၊ တောင်းပန်ဖို့ ငါနဲ့အတူ ကြယ်တစ်ထောင်ခန်းမကို လိုက်ခဲ့"

ကြယ်တစ်သောင်းခန်းမရဲ့မဟာအကြီးအကဲက ဆယ်ပေအမြင့်ရှိတဲ့ဝက်ဝံခေါင်းနဲ့လူတစ်ယောက်ဖြစ်တယ်။ သူက လက်ကို ဆုပ်လိုက်တဲ့အခါ လက်ဝါးအရွယ်အစားရှိတဲ့ယပ်တောင်တစ်ခုထွက်ပေါ်လာတယ်။ အဲဒါက အနက်ရောင်တိမ်တစ်ခုပမာ လီဖူချန်းကို ရိုက်ခတ်လာတယ်။

"မိုးကြိုးက တောင်နဲ့မြစ်ကို ရွေ့လျားစေတယ်"

လိုင်ဒုန်ဟဲက မိုးကြိုးပမာ အော်လိုက်တယ်၊ သူက အလယ်ဆင့်မိုးကြိုးတာအိုအစစ်အမှန်နတ်ဘုရားအတတ်တစ်ခုကို ဖော်ထုတ်ခဲ့တယ်။

ဒိမိုးကြိုးတာအိုအစစ်အမှန်နတ်ဘုရားအတတ်ကို သူဖန်တီးထားတာမဟုတ်ဘူး၊ အရှေ့နေဂိုဏ်းရဲ့သမိုင်းရှိအန္တိမအကြီးအကဲက ဖန်တီးထားခဲ့တာပဲ။

၎င်းက ကမ္ဘာတစ်ခုလုံးကို ကြေမွစေတော့မလိုလို မိုးကြိုးက တုန်ခါသွားတယ်။ မိုးကြိုးထဲမှာ မိုးကြိုးနဂါးတစ်ကောင်က ၎င်းရဲ့ကြီးမားတဲ့လက်သည်းတွေကို ဆွဲဆန့်လိုက်ပြီး အနက်ရောင်တိမ်လက်ဝါးကို ဆုတ်ကိုင်လိုက်တယ်။

ဖြောက်......

ကံမကောင်းစွာနဲ့ အမှန်တရားက အလွန်ရက်စက်တယ်။ တကယ်တော့ ကြယ်တစ်ထောင်ခန်းမရဲ့မဟာအကြီးအကဲက အဆင့်မြင့်အစစ်မှန်နတ်ဘုရားတစ်ယောက်ဖြစ်တယ်။ လိုင်ဒုန်ဟဲက ဘယ်လိုလုပ်ယှဉ်ပြိုင်နိုင်မှာလဲ။ မိုးကြိုးနဂါးက ပျက်ဆီးသွားပြီး အမှောင်တိမ်လက်ဝါးက တစ်ခဏပဲ ရပ်သွားပြီးနောက် လီဖူချန်းကို ထပ်မံရိုက်ခတ်လာပြန်တယ်။

"ကြည့်ရတာ နှစ်ပေါင်းများစွာ ကြာပြီးဆိုတော့ အရင်တုန်းက တိုက်ပွဲကို မင်းတို့က မေ့သွားပုံပဲ"

ထိုအချိန်မှာ အရှေ့နေဂိုဏ်းရဲ့သာမန်မထင်မရှားဖြစ်တဲ့အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအကြီးအကဲတစ်ယောက်က လှုပ်ရှားလာတယ်။ သူ့ရဲ့ချီက သာမန်မထင်မရှားမှ ပူပြင်းပြီးကြောက်စရာကောင်းလာတယ်၊ မှိန်ဖျော့ဖျော့ကြယ်တစ်လုံးမှ နေတစ်လုံးအဖြစ် ပြောင်းသွားသလိုပါပဲ။

လက်ဝါးက လှုပ်ရှားသွားရာ ကြက်သွေးရောင်အလင်းတစ်ခုက နေရာလပ်ကို ဖြတ်ပြီးနောက် အနက်ရောင်တိမ်ရဲ့လက်ဝါးကိုလဲ ဖြတ်သွားတယ်။

"အဆင့်မြင့်အစစ်အမှန်နတ်ဘုရားလား"

ကြယ်တစ်သောင်းခန်းမရဲ့မဟာအကြီးအကဲက အံ့အားသင့်သွားတယ်။

သူ့လက်ဝါးကိုတားဆီးခဲ့တဲ့သူက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားပဲဖြစ်ရမယ်။

"အကြီးအကဲထိုက်ရှန့်"

လိုင်ဒုန်ဟဲနဲ့အခြားသူတွေက အံ့အားမသင့်သွားပါဘူး။ သူတို့က ဒီအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအကြီးအကဲရဲ့အဆင့်အတန်းကို အရင်ကတည်းက သိထားမှန်း သိသာတယ်။

"ဘိုးဘေး"

တုန်းယန်ချမ်ယုနဲ့တုန်းယန်ဒိုင်လန်တို့လဲ ထိုလူရဲ့အဆင့်အတန်းကို သိလိုက်တယ်။

အရှေ့နေဂိုဏ်းရဲ့အန္တိမအကြီးအကဲက ခါးကုန်ကြီးတစ်ယောက်ဖြစ်တယ်။ သူက လူအုပ်ထဲမှ ထွက်လာပြီး ကြယ်တစ်သောင်းခန်းမရဲ့မဟာအကြီးအကဲထံ ပြောလိုက်တယ်" သဘောတူညီချက်ချတုန်းက 'သေခြင်းရှင်ခြင်း'ဆိုတဲ့စာလုံးတစ်လုံးကို မင်းတို့ မေ့သွားပြီးလား။ ဘာလဲ၊ မင်းတို့က သဘောတူညီချက်ကို ချိုးဖောက်ချင်တာလား ဒါမှမဟုတ် ဒီအဖိုးကြီးက အိုလွန်းပြီး ဘာခြိမ်းခြောက်မှုမှ မလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား"

ကြယ်တစ်သောင်းခန်းမရဲ့မဟာအကြီးအကဲက ပြောလိုက်တယ်"ချုံးကျိုးက နှစ်သန်းချီမှ ထွက်ပေါ်လာတဲ့ ကြယ်တစ်သောင်းခန်းမရဲ့ရှားပါးတဲ့ပါရမီရှင်တစ်ယောက်ပဲ၊ သူ့ကို ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့ကြယ်လေးလုံးဂိုဏ်းဖြစ်တဲ့ရန်ရှန်ဂိုဏ်းက မျက်စိကျနေတာ။ သူက အခြားသူတွေနဲ့ မတူဘူး။ တုန်းယန်ဟောင်ရီ၊ မင်းတို့အရှေ့နေဂိုဏ်းက ငါတို့ကြယ်တစ်ထောင်ခန်းမနဲ့ရန်ရှန်ဂိုဏ်းရဲ့ရန်သူမဖြစ်ချင်ရင် ဒီကောင်လေးကို လက်လွှဲပေးဖို့ မင်းကို ငါ အကြံပေးချင်တယ်။ သို့မဟုတ်ရင် ရန်ရှန်ဂိုဏ်းလာတဲ့အခါ မင်းတို့အရှေ့နေဂိုဏ်းက ရန်ရှန်ဂိုဏ်းရဲ့ဒေါသကို ခံစားရလိမ့်မယ်"

"ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာရဲ့ကြယ်လေးလုံးဂိုဏ်းက တကယ်ကို မှင်တက်စရာကောင်းပေမယ့် ဒါက အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာဖြစ်နေတာပဲ။ စိတ်ဝိညာဉ်နတ်ဘုရားတွေက အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာကို မဝင်နိုင်ဘူး။ အဆင့်မြင့်နတ်ဘုရားတွေလာရင် ငါတို့အရှေ့နေဂိုဏ်းက တားဆီးနိုင်တယ်လို့ ငါ ယုံတယ်" တုန်းယန်ဟောင်ရီက မျက်စိမှိတ်ယုံကြည်ချက်ရှိနေတာမဟုတ်ဘူး၊ ဒိလိုရှိနိုင်တဲ့အကြောင်းရင်းရှိလို့ပဲ။

တုန်းယန်ဟောင်ရီယုံကြည်ချက်ရှိရတဲ့အကြောင်းရင်းကတော့ အရှေ့နေဂိုဏ်းကို နတ်ဘုရားဝင်္ကပါတစ်ခုက ကာကွယ်ထားလို့ပဲ။

အရှေ့နေဂိုဏ်းရဲ့နတ်ဘုရားဝင်္ကပါက ကြယ်လေးလုံးအဆင့်နိမ့်နတ်ဘုရားဝင်္ကပါတစ်ခုဖြစ်တယ်။ ယေဘုယျပြောရရင် ကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားဝင်္ကပါတစ်ခုကတောင် အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအနည်းငယ်ရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်တယ်၊ ကြယ်လေးလုံးအဆင့်နိမ့်နတ်ဘုရားဝင်္ကပါက အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအမြောက်အများရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ လုံလောက်တယ်။

ဒါပေမယ့် အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာရှိနတ်ဘုရားဝင်္ကပါရဲ့အဆင့်က အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာနဲ့ မတူဘူး။

အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာရဲ့ကြယ်လေးလုံးအဆင့်နိမ့်နတ်ဘုရားဝင်္ကပါက အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာမှာဆိုရင် ကြယ်နှစ်လုံးအဆင့်မြင့်နတ်ဘုရားဝင်္ကပါသာ ဖြစ်တယ်။

"မင်းတို့နောင်တမရဖို့ ငါ မျှော်လင့်ပါတယ်၊ သွားကြမယ်"

ကြယ်တစ်ထောင်ခန်းမရဲ့မဟာအကြီးအကဲက ဆက်မနေတော့ဘူး။ တုန်းယန်ဟောင်ရီရှိနေသရွေ့ သူ့အနေနဲ့ လီဖူချန်းကို ခေါ်သွားဖို့က မဖြစ်နိုင်ဘူးလေ။

ကြယ်တစ်သောင်းခန်းမက ထွက်သွားခဲ့တာကြောင့် ပါးဟိုင်နတ်ဘုရားဂိုဏ်းရဲ့အခြားအစစ်အမှန်နတ်ဘုရားဂိုဏ်းလေးဂိုဏ်းလဲ အသီးသီးထွက်ခွာသွားခဲ့တယ်။

"ဘာလုပ်ရမလဲဆိုတာ သူတို့သိပုံပဲ"

ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့အကြီးအကဲတွေထဲမှာ လူအိုကြီးတစ်ယောက်က ထွက်လာတယ်။ သူ့ကို ငှက်မွေးတစ်ထောင်တိုင်းပြည်ကလူတွေ လေးစားတာကို ကြည့်ရင် ဒီလူက ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့အရှင်သခင်အိုချမ်ယုကျန်းဖြစ်လောက်တယ်။

အဆင့်မြင့်အစစ်အမှန်နတ်ဘုရားတွေဖြစ်တာကြောင့် သူတို့နှစ်ယောက်က စိတ်ဝိညာဉ်နတ်ဘုရားသင်္ချိုင်းဖွင့်ပွဲကို အချိန်တိုင်း မလာပါဘူး။

"ဘာလုပ်ရမလဲဆိုတာ သိသာ အကောင်းဆုံးပဲ၊ မဟုတ်ရင် ငါ နောက်ထပ်သတ်ဖြတ်မှုကို လုပ်ဖို့ ပြဿနာမရှိဘူး"

အဆုံးစွန်းအလယ်ဆင့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက တုန်းယန်ဟောင်ရီကို အခုလိုယုံကြည်ချက်ပေးတာပဲ။

"ဟီးဟီး၊ မင်းရဲ့သတ်ဖြတ်ခြင်းချီက ပိုတောင် များပြားလာပါလား" ချမ်ယုက ပြုံးလိုက်တယ်။

နှစ်ယောက်သားစကားတစ်ခဏပြောပြီးနောက် သူတို့ရဲ့လူတွေနဲ့အတူ ခွဲထွက်သွားကြတယ်။

All Chapters