စိတ်ဝိညာဉ်နတ်ဘုရားများ
Vol. 81 Ch. 1138
လုပ်ဆောင်ချက်အဆင့်က ကြယ်ငါးလုံးကို ရောက်ရှိရင် လီဖူချန်းရဲ့ဖလှယ်ခြင်းအခွင့်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်နဲ့ ညီမျှတယ်။ သူက ကြယ်ငါးလုံးအတွင်းရှိ အရာအားလုံးကို ဖလှယ်နိုင်တယ်၊ ကြယ်ငါးလုံးအတွင်းရှိနတ်ဘုရားဆေးတွေ၊ ကြယ်ငါးလုံးအတွင်းရှိ နတ်ဘုရားဆေးပင်တွေပေါ့။
တောက်ပနတ်ဘုရားကမ္ဘာရဲ့အစစ်အမှန်နတ်ဘုရားဂိုဏ်းနှစ်ခုထဲကတစ်ခုအနေနဲ့ အရှေ့နေဂိုဏ်းက တောက်ပနတ်ဘုရားကမ္ဘာရဲ့အရင်းအမြစ်တစ်ဝက်၊ အနည်းဆုံးသုံးဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်တယ်။
အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာရဲ့အရင်းအမြစ်သုံးဆယ်ရာခိုင်နှုန်းက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ၊ လီဖူချန်းက အခု မြင်တွေ့ရပါပြီ။
ကြယ်သုံးလုံးဆေးပင်တွေ၊ ကြယ်လေးလုံးဆေးပင်တွေက အပြင်ဘက်မှာ တွေ့ရခဲပေမယ့် အရှေ့နေဂိုဏ်းမှာ တောင်ပမာ စုပုံနေတယ်။
နတ်ဘုရားဆေးပင်တွေနဲ့ယှဉ်ရင် နတ်ဘုရားဆေးတွေက အလွန်ရှားတယ်။ တောာက်ပနတ်ဘုရားကမ္ဘာက ကဏ္ဍမျိုးစုံမှာ ပါရမီရှင်တွေ ကင်းမဲ့တယ်၊ နတ်ဘုရားအသုံးအဆောင်ပစ္စည်းထုလုပ်သူဒါမှမဟုတ်နတ်ဘုရားဆေးဆရာတွေက အလွန်ရှားတယ်။ တုန်းယန်ဂိုဏ်းတစ်ခုလုံးမှာ ကြယ်လေးလုံးနတ်ဘုရားဆေးဆရာက သုံးယောက်သာ ရှိတယ်။ ကြယ်သုံးလုံးနတ်ဘုရားဆေးဆရာက ဒါဇင်သာ ရှိပြီး ကြယ်ငါးလုံးနတ်ဘုရားဆေးဆရာတွေ တစ်ယောက်မှ မရှိပါဘူး။
"ငွေရောင်မျက်လုံးမြက်၊ ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားဆေးပင်"
"အနီရောင်စိတ်ဝိညာဉ်မျက်၊ ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားဆေးပင်"
"အပြာရာင်မက်ဒလာပင်၊ ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားဆေးပင်"
"စိတ်ဝိညာဉ်အရည်ပျော်ခြင်းသစ်သီး၊ ကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားဆေးပင်"
"နေတက်စိတ်ဝိညာဉ်မြက်၊ ကြယ်လေးလုံးအဆင့်နိမ့်နတ်ဘုရားဆေးပင်"
"စိတ်ဝိညာဉ်သန့်စင်ခြင်းမြက်၊ ကြယ်လေးလုံးအလယ်ဆင့်နတ်ဘုရားဆေးပင်"
"ရွှေရောင်စိတ်ဝိညာဉ်အမြစ်၊ ကြယ်လေးလုံးအဆင့်မြင့်နတ်ဘုရားဆေးပင်"
နတ်ဘုရားဆေးပင်တွေ အများကြီးရှိပေမယ့် နတ်ဘုရားစိတ်ဝိညာဉ်ကိုအားဖြည့်ပေးတာက အနည်းငယ်ပဲ ရှိတယ်။
သို့သော်လဲ လီဖူချန်းစိတ်ဝိညာဉ်ရဲ့သုံးဆယ်ရာခိုင်နှုန်းက အဝါရောင်ဖျော့ဖျော့ပြောင်းသွားခဲ့တယ်။
"ကြယ်သုံးလုံးနတ်ဘုရားဆေးပင်တွေက အခြေခံအားဖြင့် ငါ့အတွက် အသုံးမဝင်ဘူး။ ကြယ်လေးလုံးနတ်ဘုရားဆေးပင်တွေကပဲ ငါ့အတွက် အသုံးဝင်တာ။ ကံကောင်းစွာနဲ့ အရှေ့နေဂိုဏ်းမှာ သိုလှောင်ထားတာတွေ အများကြီးရှိနေတာပဲ။ နှစ်ပေါင်းမရေမတွက်များစွာ အစစ်အမှန်နတ်ဘုရားဂိုဏ်းတစ်ဂိုဏ်းရဲ့စုဆောင်းမှုက ဟာသလုပ်စရာမဟုတ်ဘူး။ ဒါပေမယ့် အရေးကြီးဆုံးအရာကတော့ အခြားသူတွေက ငါ့လို မဟုတ်ဘူး၊ သူတို့က နတ်ဘုရားဆေးပင်တွေကို အရမ်းဝါးမျိုလို့မရဘူး"
ရွှေရောင်အဆောင်နဲ့ဆိုရင် စိတ်ဝိညာဉ်ကိုသက်ရောက်မယ့်နတ်ဘုရားစိတ်ဝိညာဉ်ဆေးပင်တွေထဲရှိမသန့်စင်မှုတွေနဲ့ ပတ်သက်ပြီး လီဖူချန်းက စိုးရိမ်စရာမလိုပါဘူး၊ ဘာလို့ဆို ရွှေရောင်အဆောင်က နတ်ဘုရားဆေးပင်တွေကို အပြည့်အဝသန့်စင်နိုင်လို့ပဲ၊ အခြားသူတွေကတော့ မတူဘူး။ ရွှေရောင်အဆောင်မရှိရင် သူတို့က နတ်ဘုရားစိတ်ဝိညာဉ်ဆေးပင်အများကြီးကို ဝါးမျိုလိုက်တာနဲ့ နတ်ဘုရားစိတ်ဝိညာဉ်က မသန့်စင်မှုတွေနဲ့ ပေါင်းစပ်သွားလိမ့်မယ်။ မသန့်စင်မှုတွေကို ဖြစ်နိုင်သမျှ မဖယ်ရှားနိုင်ရင် နတ်ဘုရားစိတ်ဝိညာဉ်က တိမ်ထူသလို တဖြည်းဖြည်းမကြည်မလင်ဖြစ်လာလိမ့်မယ်။
ဒါကြောင့် ပုံမှန်အခြေအနေမှာ လူအနည်းငယ်ကပဲ နတ်ဘုရားစိတ်ဝိညာဉ်နတ်ဘုရားဆေးပင်တွေကို တိုက်ရိုက်ဝါးမျိုတယ်၊ နတ်ဘုရားစိတ်ဝိညာဉ်ဆေးပင်တွေက သူ့အပေါ် သက်ရောက်မှု ကြီးမားပြီး သက်ရောက်မှုက သိသာတယ်ဆိုရင်ပေါ့၊ ဒါပေမယ့် အများဆုံးအပင်အနည်းငယ်ကိုပဲ ဝါးမျိုနိုင်တယ်၊ လီဖူချန်းလို တစ်ခါတည်းနဲ့ အပင်ရာကျော် ဝါးမျိုကြတာ မဟုတ်ဘူး။
နတ်ဘုရားဆေးတွေအတွက်ကတော့ ၎င်းတို့အထဲရှိမသန့်စင်မှုက နတ်ဘုရားဆေးပင်တွေထက် အများကြီးနည်းတယ်။ တကယ်တော့ နတ်ဘုရားဆေးတွေ သန့်စင်ဖို့အတွက် ပထမဆုံးခြေလှမ်းက နတ်ဘုရားဆေးပင်တွေရဲ့အဆီအနှစ်ကို ထုတ်တာပဲလေ။ ဆေးပင်အဆီအနှစ်ပိုသန့်စင်လေလေ၊ ရွှေရောင်အဆောင်နဲ့တူညီတဲ့သက်ရောက်မှုကို ပိုရလေလေပဲ။
ဒါပေမယ့် တစ်ခုရှိတာကတော့ နတ်ဘုရားဆေးဆရာတွေက ရွှေရောင်အဆောင်လောက် ဘယ်တော့မှ ကောင်းတာ မဟုတ်ဘူးဆိုတာပဲ။
ရွှေရောင်အဆောင်က နတ်ဘုရားဆေးပင်တွေကို ထိခိုက်ပျက်ဆီးမှုမရှိဘဲ သန့်စင်နိုင်တယ်၊ ဒါပေမယ့် နတ်ဘုရားဆေးဆရာတွေကတော့ ထိခိုက်ပျက်ဆီးမှုမရှိဘဲ မသန့်စင်နိုင်ဘူး။ နတ်ဘုရားဆေးသန့်စင်ခြင်းဖြစ်စဉ်မှာ ဆုံးရှုံးမှူအမျိုးမျိုးအမြဲတမ်းရှိတယ်။
သူက ကြယ်လေးလုံးနတ်ဘုရားစိတ်ဝိညာဉ်နတ်ဘုရားဆေးအတွက် မလဲလှယ်ခဲ့ဘူး။ အရှေ့နေဂိုဏ်းမှာ ကြယ်လေးလုံးနတ်ဘုရားစိတ်ဝိညာဉ်နတ်ဘုရားဆေးတွေက နည်းလွန်းတယ်။ လီဖူချန်းအတွက် အဲဒါက ရေပုံးထဲက ရေတစ်စက်ဖြစ်ပြီး အသုံးမဝင်ဘူး။ အခြားသူတွေအတွက် ချန်ထားပေးတာ ပိုကောင်းတယ်။
"ကြယ်ငါးလုံးစိတ်ဝိညာဉ်ဆေးပင်တွေမရှိတာ စိတ်မကောင်းစရာပဲ"
အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာမှာ ကြယ်ငါးလုံးဆေးပင်တွေက စိတ်ဝိညာဉ်နတ်ဘုဘုရားတွေနဲ့ သက်ဆိုင်တယ်။ နတ်ဘုရားစိတ်ဝိညာဉ်က အကြိုစိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို ရောက်ရှိထားတဲ့ လီဖူချန်းအတွက် ၎င်းတို့ရဲ့သက်ရောက်မှုက ပိုကြီးမားပေလိမ့်မယ်။
ဒါပေမယ့် ကြယ်ငါးလုံးနတ်ဘုရားဆေးပင်တွေရှိရင်တောင် သူတို့ကို နတ်ဘုရားဆေးပင်ခန်းမမှာ ထားလို့မရဘူး။ တကယ်တော့ ဒီအဆင့်ရှိနတ်ဘုရားဆေးပင်က ကြီးထွားရေးပတ်ဝန်းကျင်အတွက်၊ နတ်ဘုရားကမ္ဘာဥပဒေသတွေအတွက် အလွန်မြင့်မားတဲ့လိုအပ်ချက်တွေ ရှိတယ်။
အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာမှာ အစစ်အမှန်နတ်ဘုရားတွေက စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို မတက်လှမ်းနိုင်သလိုပေါ့။
ဒါက ကန့်သတ်ချက်တစ်ခုဖြစ်တယ်။
နတ်ဘုရားစိတ်ဝိညာဉ်ရဲ့သုံးရာခိုင်နှုန်းက အဝါရောင်ဖျော့ဖျော့ဖြစ်သွားပြီး လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုကလဲ အကြီးအကျယ် တိုးလာတယ်။ ဆယ်နှစ်အတွင်းမှာ လီဖူချန်းရဲ့ဓားတာအိုနယ်ပယ်က နှောင်းပိုင်းအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားနယ်ပယ်အထိ တိုးလာတယ်။
……
အဆုံးမရှိ၊ တိတ်ဆိတ်ခြောက်ကပ်ပြီးအန္တရာယ်များတဲ့နတ်ဘုရားဟင်းလင်းပြင်ထဲမှာ ငွေရင့်ရောင်သင်္ဘောတစ်စင်းက မြင့်မားတဲ့မြန်နှုန်းနဲ့ ခုတ်မောင်းလာတယ်။
ကျွိ.......
အသံလှိုင်းတွေ။
ရေဘဝဲနဲ့တူတဲ့ပုံရိပ်ယောင်သက်ရှိတစ်ကောင်က ထွက်ပေါ်လာတယ်၊ ၎င်းရဲ့ခန္ဓာကိုယ်က အလွန်ကြီးမားတယ်၊ လက်တံရာကျော်က ငွေရင့်ရောင်သင်္ဘောကို ဖုံးလွှမ်းသွားပြီး သင်္ဘောကို ရိုက်နှက်ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်။
ငွေရောင့်ရောင်သင်္ဘောရဲ့မြန်နှုန်းက မနှေးသွားပါဘူး၊ ပုံမှန်အတိုင်းပါပဲ။
အုန်း.....
ရေဘဝဲသက်ရှိရဲ့ခန္ဓာကိုယ်က ဖိနှိပ်ခံလိုက်ရတယ်၊ ထို့နောက် ပေါက်ကွဲထွက်သွားပြီး ငွေရင့်ရောင်သင်္ဘောက သွေးမြူကို ကျော်ဖြတ်ကာ တည်ငြိမ်စွာ ထွက်ခွာသွားခဲ့တယ်။
ငွေရင့်ရောင်သင်္ဘောရဲ့အတွင်းပိုင်းက အလွန်ခမ်းနားထည်ဝါတယ်။ ပင်မအခန်းထဲမှာ ခန်းမတစ်ခုရှိတယ်။ ခန်းမထဲမှာ လူတစ်စုက သောက်ရင်း စကားပြောနေကြတယ်။
"ကြယ်နှစ်လုံးအဆင့်မြင့်တစ္ဆေသက်ရှိတစ်ကောင်က ငါတို့ကို တားရဲတယ်။ သေချင်နေတာပဲ" ပြောလိုက်တဲ့သူက ခန်းမရဲ့ညာဘက်ခြမ်းရှိတတိယနေရာမှာထိုင်နေတဲ့မြွေခေါင်းနဲ့လူတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ချီက အလွန်အကောင်းတယ်၊ တုန်းယန်ဟောင်ရီထက် ဆယ်ဆပိုသန်မာတယ်။
ကြယ်သုံးလုံးရောက်မှ သူတို့ရဲ့စိတ်ဝိညာဉ်ဉာဏ်ရည်က ပွင့်တာ။ ငါတို့ရဲ့သင်္ဘောက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဆိုတာ ဘယ်လိုလုပ်ပြီး သိမှာလဲ" မြွေခေါင်းလူဘေးနားရှိအနက်ရောင်ဝတ်ရုံနဲ့လူအိုကြီးက ရယ်လိုက်တယ်။
"ပြောရမယ်ဆိုရင် ပါးဟိုင်နတ်ဘုရားကမ္ဘာက တကယ်ကို ဝေးတယ်၊ အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်နဲ့ဆိုရင်တောင် နှစ်ထောင်ကျော် ခရီးသွားရလိမ့်မယ်" ခန်းမရဲ့ညာဘက်ခြမ်းရှိဒုတိယမြောက်နေရာမှာ ထိုင်တဲ့အမျိုးသမီးက ပြောလိုက်တယ်။
နှစ်ထောင်ပေါင်းများစွာကြာ စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းအာကာသယာဉ်ပေါ်မှာ နေရမယ်။ ဘယ်လောက်တောင် ငြီးငွေ့စရာကောင်းလိုက်မလဲ။
အမျိုးသမီးရဲ့မျက်နှာချင်းဆိုင်ရှိခေါင်းနှစ်လုံးမွန်းစတားက ပြောလိုက်တယ်"လိပ်ပြာမလေး၊ မညည်းပါနဲ့၊ အကြီးအကဲသုံးယောက်တောင် မညည်းဘူး၊ မင်းက ဘာလို့ ညည်းနေရတာလဲ"
သူပြောတဲ့အကြီးအကဲသုံးယောက်က ထိပ်မှာထိုင်နေတဲ့အရှင်လန်လို့၊ အရှင်လန်လို့ရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့အရှင်မန်ထင်၊ ခန်းမအကြီးအကဲဖြစ်တဲ့အရှင်ကျောရွှယ်တို့ဖြစ်တယ်။
အရှင်လန်လို့နဲ့အရှင်မန်ထင်တို့နှစ်ယောက်လုံးက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားဖြစ်ပြီး အရှင်ကျောရွှယ်က အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားဖြစ်တယ်။
သူတို့အဖွဲ့ရဲ့ခွန်အားက ကြယ်သုံးလုံးသိုင်းအဖွဲ့တွေအများစုထက် ပိုသန်မာတယ်လို့ ပြောရင် မလွန်ပါဘူး။
ငွေရောင်ဆံပင်နဲ့မန်ထင်က ဝိုင်တစ်ခွက်သောက်ကာ ပြုံးလိုက်တယ်"ညည်းညူတာက အသုံးဝင်ရင် ငါတို့ လာစရာတောင် မလိုဘူး"
လန်လို့က ခေါင်းညိတ်လိုက်တယ်"လာပြီးမှတော့ အမြန်ပြီးအောင်လုပ်ပြီး အမြန်ပြန်ကြတာပေါ့"
နှစ်ထောင်လောက်က သူတို့လိုစိတ်ဝိညာဉ်နတ်ဘုရားအတွက် ဘာမှမဟုတ်ပါဘူး။
ပြောရင်း သူက ကျောရွှယ်ကို ကြည့်လိုက်မိတယ်၊ သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။
ကျောရွှယ်၊ ယန်ရှန်ဂိုဏ်းရဲ့ပါရမီရှင်လေးယောက်ထဲကတစ်ယောက်၊ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို အသက်တစ်သိန်းအောက်နဲ့ ကျင့်ကြံနိုင်ခဲ့တယ်။ ဒါက ရန်ရှန်ဂိုဏ်းမှာ ထိပ်ဆုံးငါးယောက်ထဲ ဝင်တယ်။ ကံမကောင်းစွာနဲ့ သူ့ထက် ပိုသာတဲ့လူတစ်ယောက်ရှိခဲ့တယ်။ အသက်ငါးသောင်းအောက်နဲ့ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအထိ ကျင့်ကြံနိုင်ခဲ့တယ်။ ဒီတစ်ကြိမ် အကြီးအကဲနေရာက တစ်ဖက်လူရဲ့လွယ်အိတ်ထဲ ရောက်သွားတာကြောင့် ကျောရွှယ်က ဘာမှမရရှိခဲ့ဘူး။
တစ်ဖက်လူက ပါးဟိုင်နတ်ဘုရားကမ္ဘာကို သွားဖို့ ကမ်းလှမ်းခဲ့တယ်၊ သူကလဲ စိတ်ဓာတ်ကျရာကနေ သက်သာရာရဖို့ ထွက်လာခဲ့တာပေါ့။
တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း ပြိုင်ဘက်ကိုရှုံးနိမ့်ရတဲ့မြင်ကွင်းတွေက မကြာခဏ ပေါ်လာတယ်။
သူက နတ်ဆိုးအတားအဆီးထဲ ကျရောက်သွားတယ်ဆိုတာ သူ သိတယ်။
သူက တစ်ဖက်လူကို အကြိမ်အများကြီး ရှုံးနိမ့်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုက သူ့ထံမှာ ဖြစ်တည်နေပါပြီ။
ဒီစိတ်ပိုင်းဆိုင်ရာအတားအဆီးကို မဖယ်ရှားရင် သူ့ရဲ့အနာဂတ်ကျင့်ကြံခြင်းအရှိန်က ပိုပိုနှေးလာပြီး တိုးတက်မှုရပ်တန့်သွားပေလိမ့်မယ်။
"လုံမင်၊ ငါ မင်းကို တစ်နေ့ အနိုင်ယူနိုင်မှာပါ"
ဝုန်း.....
ဝိုင်ခွက်က ကြေကွဲသွားပြီး သူ့ရဲ့ဘယ်ဘက်မျက်လုံးတွေက ခက်ထန်သွားတယ်။
ထိုအချိန်မှာ နောက်ထပ်ပုံရိပ်ယောင်သက်ရှိတစ်ကောင်က ငွေရင့်ရောင်သင်္ဘောဆီ ပြေးလာတယ်။
ဒါက ရှားပါးတဲ့ကြယ်သုံးလုံးအဆင့်နိမ့်ပုံရိပ်ယောင်နတ်ဘုရားသက်ရှိတစ်ကောင်ပဲ။ သက်ရှိရဲ့ကြီးမားတဲ့မျက်လုံးတွေမှ စိတ်ဝိညာဉ်ဉာဏ်ရည်အာရုံတစ်ခုကို မြင်နိုင်ပြီး ၎င်းက ဉာဏ်ရည်အတော်ရှိမှန်း သိသာတယ်။
ကံမကောင်းစွာနဲ့ သူက စိတ်အခြေအနေဆိုးနေတဲ့ဘယ်သန်လူတစ်ယောက်နဲ့ တွေ့ခဲ့တာပဲ။
နှာခေါင်းတစ်ချက်ရှုံ့လိုက်ရာ သူက သူ့ရဲ့ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး အေးစက်တဲ့လေတစ်ခုက ငွေရင့်ရောင်သင်္ဘောမှ ထွက်သွားတယ်။
ချက်...ချက်....ချက်.....
အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားနဲ့ယှဉ်နိုင်တဲ့ကြယ်သုံးလုံးပုံရိပ်ယောင်သက်ရှိရဲ့ခွန်အားက ဟင်းလင်းပြင်ထဲမှာတင် အေးခဲသွားပြီး ၎င်းရဲ့ခန္ဓာကိုယ်ကို ရေခဲပုံဆောင်ခဲအလွှာတစ်ခုက ဖုံးလွှမ်းသွားတော့တယ်။
"ဒါ ပါရမီရှင်အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ရဲ့ခွန်အားလား"
ဒီမြင်ကွင်းကို မြင်တဲ့ လန်လို့နဲ့မန်ထင်က ထိတ်လန့်တုန်လှုပ်လေးစားအားကျသွားတယ်။
ပုံမှန်အားဖြင့်ပြောရရင် အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်အနေနဲ့ ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားတစ်ယောက်ကို တစ်ကွက်တည်းနဲ့ သတ်ဖြတ်ဖို့က မဖြစ်နိုင်ဘူး။
နတ်ဘုရားသက်ရှိတွေက နတ်ဘုရားဟင်းလင်းပြင်မှ မွေးဖွားလာပြီး သူတို့မှာ နတ်ဘုရားဟင်းလင်းပြင်ရဲ့စွမ်းအားအရိပ်အယောင်တစ်ခုရှိတယ်။ သူတို့ကို သတ်ရတာ အလွန်ခက်ခဲတယ်၊ သူတို့ထက် ဆယ်ဆပိုသန်မာရင်တောင် သူတို့ကို တစ်ကွက်တည်းနဲ့ သတ်ဖြတ်ဖို့ ခက်တယ်။
သင် စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်တဲ့အခါ အဆင့်တစ်ခုစီကြားခွန်အားကွာဟချက်က ကြီးမားတယ်ဆိုတာ သိလာလိမ့်မယ်။
ပြောကြတာကတော့ သာမန်နတ်ဘုရားနယ်ပယ်မှာ အဆင့်ကျော်တိုက်ခိုက်တဲ့အခက်အခဲက တစ်ဆယ်ဖြစ်တယ်၊ အစစ်အမှန်နတ်ဘုရားနယ်ပယ်မှာ အဆင့်ကျော်တိုက်ခိုက်တဲ့အခက်အခဲက တစ်ရာဖြစ်ပြီး စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်မှာ အဆင့်ကျော်တိုက်ခိုက်တဲ့အခက်အခဲက တစ်ထောင်ဖြစ်တယ်။
ဒါကြောင့် ပါရမီရှင်တစ်ယောက်မဟုတ်ရင် တစ်ယောက်မှ အဆင့်ကျော်မတိုက်ခိုက်နိုင်ဘူး။
ပြီးတော့ အလွန်နတ်ဆိုးဆန်တဲ့ပါရမီရှင်တစ်ယောက်ဆိုရင်တောင် စုဆောင်းမှုက မလုံလောက်ရင် အဆင့်ကျော်တိုက်ခိုက်ဖို့က ခက်ခဲတယ်။
ကျောရွှယ်က အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားပုံရိပ်ယောင်သက်ရှိတစ်ကောင်က အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်နဲ့ ညီမျှတယ်။ နှစ်ခုကြားခွန်အားခြားနားချက်က အလွန်သိသာတယ်။
"ရေခဲဥပဒေသ၊ အဲဒါက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားနယ်ပယ်ကို ရောက်ရှိနေမှန်း သိသာတယ်"
လန်လို့က ခန့်မှန်းလိုက်တယ်။
သို့မဟုတ်ရင် ဒီအကွက်ရဲ့စွမ်းအားကို ရှင်းပြဖို့ နည်းလမ်းမရှိဘူး။
သူက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်လာတာ နှစ်တစ်သန်းကျော်ပြီ၊ အခုထိ သူ့ရဲ့ဥပဒေသနယ်ပယ်က ပျမ်းမျှအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအဆင့်မှာပဲ ရှိသေးတယ်၊ သူက ခါးသီးစွာ ရယ်လိုက်မိလေတယ်။