ကြယ်လေးလုံးအရည်အသွေး
Vol. 81 Ch. 1143
အနက်ရောင်သံအဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေက လီဖူချန်းကို နတ်ဘုရားကျောက်တုံးနှစ်ဆယ်ဘီလီယံကို ကျသင့်စေတယ်။
ဒါပေမယ့် အရာအားလုံးက ထိုက်တန်ပါတယ်။ သူက စိတ်ဝိညာဉ်ကျောက်တုံးနှစ်ဆယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူပြိီးတဲ့အခါ သူ့ရဲ့စိတ်ဝိညာဉ်အဆင့်က စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို ချိုးဖြတ်သွားလိမ့်မယ်လို့ လီဖူချန်းက စိတ်ထင်နေမိတယ်။
ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမက ပစ္စည်းတွေ ရောင်းချရုံတင်မက ဝယ်လဲဝယ်တယ်။ ဆိုင်တန်းရဲ့ဆယ်ထပ်မြောက်က ပစ္စည်းတွေဝယ်တဲ့ဆိုင်တွေအားလုံးပါပဲ။
လီဖူချန်းက ရောင်းစရာဘာမှမရှိပါဘူး၊ ဒါကြောင့် သူက ကြည့်နေတာကို ရပ်လိုက်တယ်။
"ဂျူနီယာညီလေးလီ၊ ငါတို့ရဲ့အရည်အသွေးကို သွားစမ်းသပ်ကြည့်ရအောင်။ ကြယ်သုံးလုံးအရည်အသွေးကို ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမက မျက်နှာသာပေးတယ်လို့ ငါ ကြားတယ်၊ ပြီးရင် ငါတို့က အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာကို လိုက်သွားနိုင်တယ်" ဖုန်းရှင်က ခရမ်းရောင်တိမ်နတ်ဘုရားကို သွားဖို့ အလွန်ဆန္ဒပြင်းပြနေမိတယ်။ အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာမှာလဲ အဲကို မသွားချင်တဲ့သူ ဘယ်သူမှ မရှိပါဘူးလေ။
ကုန်သည်သင်္ဘောရဲ့ကုန်းပတ်က လူတွေနဲ့ ပြည့်နေတယ်။ အရှေ့နေဂိုဏ်း၊ ငှက်မွေးတစ်ထောင်တိုင်းပြည်၊ အခြားအစစ်အမှန်နတ်ဘုရားဂိုဏ်းအားလုံးနဲ့ သာမန်ဂိုဏ်းတွေမှ ပါရမီရှင်တွေက အပြေးလာနေကြတယ်။ ကံကောင်းစွာနဲ့ ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမမှာ အသက်လိုအပ်ချက်ရှိနေတာပဲ၊ သို့မဟုတ်ရင် ကုန်သည်သင်္ဘောရဲ့ကုန်းပတ်က ဒီထက် အဆတစ်ရာပိုကြီးရင်တောင် လူတိုင်းဝင်ဆံနိုင်မှာမဟုတ်ဘူး။
"နိုင်ခွိုက်၊ အသက်က ရှစ်ရာကိုးဆယ့်ရှစ်၊ အဆင့်မြင့်နတ်ဘုရား၊ ကြယ်နှစ်လုံးအဆင့်နိမ့်အရည်အသွေး၊ အရည်အချင်းမမှီဘူး"
လီဖူချန်းနဲ့ဖုန်းရှင်တို့က ကုန်းပတ်ကို လာတဲ့အခါ နိုင်ခွိုက်က စမ်းသပ်ချက်ပြုလုပ်နေတာကို သူတို့က မြင်ခဲ့တယ်။
စမ်းသပ်ချက်က မင်းရဲ့လက်ကို ပုံဆောင်ခဲတိုင်ပေါ်မှာ ထားဖို့ပဲ၊ ပုံဆောင်ခဲတိုင်က ထုတ်လွှတ်တဲ့ အလင်းက မင်းရဲ့အရည်အသွေးပဲ။ နိုင်ခွိုက်က သူ့ရဲ့လက်ကို တင်လိုက်တဲ့အခါ ပုံဆောင်ခဲတိုင်က လိမ္မော်ရောင်အလင်းဖျော့ဖျော့ကို ထုတ်လွှတ်ခဲ့တယ်။
ဒါကို ကြားပြီး နိုင်ခွိုက်ရဲ့မျက်နှာက ဖြူရော်သွားတယ်။ သူ့ရဲပင်ကိုစွမ်းရည်က ကြယ်သုံးလုံးအဆင့်ကို မရောက်ရှိခဲ့ဘူး၊ ကြယ်နှစ်လုံးတွေကြားမှာတောင် ၎င်းက အဆိုးဆုံးဖြစ်တယ်။
မော့ကြည့်လိုက်ရာ နိုင်ခွိုက်က လီဖူချန်းကို မြင်လိုက်တဲ့နောက်မှာ သူက ခေါင်းကို ထပ်ငုံ့လိုက်ပြန်တယ်။
လက်ရှိလီဖူချန်းကို သူ ရန်စလို့မရဘူး၊ သူမပြောနဲ့၊ နိုင်မိသားစုကတောင် ရန်စလို့မရဘူး။ သူက ဆန္ဒမရှိပေမယ့် ဒီကမ္ဘာက သန်မာသူတွေကိုပဲ လေးစားတဲ့ကမ္ဘာတစ်ခုလေ။
နိုင်ခွိုက်ပြီးနောက် တုန်းယန်ချမ်ယုက စမ်းသပ်ခဲ့တယ်။
တုန်းယန်ချမ်ယုက အလွန်စိတ်လှုပ်ရှားနေတော့တယ်။ သူမက ကြယ်သုံးလုံးအရည်အသွေးရှိပါစေလို့ ဆုတောင်းနေမိတယ်။
လက်တွေက ပုံဆောင်ခဲတိုင်အပေါ် ကျရောက်လာတယ်။
"တုန်းယန်ချမ်ယု၊ အသက်က နှစ်ရာနဲ့နှစ်ဆယ်၊ အဆင့်မြင့်နတ်ဘုရား၊ ကြယ်နှစ်လုံးအရည်အသွေး၊ အရည်အချင်းမမှီ"
ပုံဆောင်ခဲဘောလုံးက လိမ္မော်ရင့်ရောင်အလင်းတစ်ခုကို ထုတ်လွှတ်တယ်၊ ၎င်းက အလွန်တောက်ပပေမယ့် ကြယ်နှစ်လုံးအရည်အသွေးတစ်ခုဖြစ်တာ ကံမကောင်းတာပဲ။
"နည်းနည်းလေးပဲ၊ နည်းနည်းလေးပဲ"
တုန်းယန်ချမ်ယုက သူမရဲ့နှုတ်ခမ်းကို ကိုက်လိုက်တယ်၊ သူမမျက်လုံးတွေက လက်မခံနိုင်မှုအပြည့်ဖြစ်နေတယ်။
တုန်းယန်ချမ်ယုပြီးနောက် ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့အလယ်ဆင့်နတ်ဘုရားတစ်ယောက်ပဲ။
လက်ဝါးက ပုံဆောင်ခဲတိုင်အပေါ် ကျရောက်လာတဲ့အခါ ပုံဆောင်ခဲတိုင်က အဝါရောင်အလင်းတစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်တယ်။
"ချမ်ယုလျန့်၊ အသက်ငါးဆယ်နှစ်၊ အလယ်ဆင့်နတ်ဘုရား၊ ကြယ်သုံးလုံးအလယ်ဆင့်အရည်အသွေး၊ အရည်အချင်းမှီတယ်"
စမ်းသပ်ချက်ကိုတာဝန်ယူလုပ်နေတဲ့အစစ်အမှန်နတ်ဘုရားက ခေါင်းညိတ်လိုက်တယ်။ ဒီကလေးက ပါရမီကောင်းရှိတယ်။ အနည်းငယ်လေ့ကျင်လိုက်ရင် အနာဂတ်မှာ စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ဆိုတာ မခက်ခဲတော့ဘူး။
"ငှက်မွေးတစ်ထောင်တိုင်းပြည်ရဲ့ချမ်ယုမိသားစုရဲ့နံပါတ်၁ပါရမီရှင်ဆိုတဲ့အတိုင်းပဲ၊ သူက ကြယ်သုံးလုံးအလယ်ဆင့်အရည်အသွေး တစ်ကယ်ရှိတာပဲ"
"ငှက်မွေးတစ်ထောင်တိုင်းပြည်က တစ်ယောက် ထွက်ပေါ်လာပြီ။ အရှေ့နေဂိုဏ်းကရော......"
"အရှေ့နေဂိုဏ်းမှာလဲ ကြယ်သုံးလုံးအရည်အသွေးရှိတဲ့ပါရမီရှင်တစ်ယောက်ရှိမှာပါ"
လူတိုင်းက အလွန်အားကျနေမိတော့တယ်။
လူတိုင်းရဲ့အာရုံက သူ့အပေါ် ရုတ်တရက် ကျရောက်လာတာကို မြင်ပြီး ချမ်ယုလျန့်က အလွန်ဂုဏ်ယူဝမ်းမြောက်နေတော့တယ်။ သူက အရှေ့နေဂိုဏ်းရဲ့လူတွေကို တစ်ချက်ကြည့်လိုက်တယ်။
"အခုက ဂျူနီယာညီလေးထျန်းရွှေအလှည့်ပဲ"
ဖုန်းရှင်က ရုတ်တရက် ပြောလိုက်တယ်။
လီဖူချန်းက ကုန်းပတ်ရဲ့အလယ်ဗဟိုဆီ ကြည့်လိုက်တယ်။
ထိုအချိန်မှာ ထျန်းရွှေရဲ့မျက်နှာက လေးနက်နတယ်၊ သူ့လက်ဝါးက ပုံဆောင်ခဲတိုင်ကို ဖြည်းဖြည်းချင်း ဖိနှိပ်လာတော့တယ်။
မျက်စိတစ်မှိတ်အတွင်း သန့်စင်ပြီးတောက်ပတဲ့အဝါရောင်အလင်းတစ်ခုကို ထုတ်လွှတ်လိုက်တယ်။
"ထျန်းရွှေ၊ အသက်က နှစ်ရာသုံးဆယ့်ဆုံးနှစ်၊ အဆင့်မြင့်နတ်ဘုရား၊ ကြယ်သုံးလုံးအလယ်ဆင့်အရည်အသွေး၊ အရည်အချင်းပြည့်မှီ"
စမ်းသပ်ချက်ကိုတာဝန်ယူထားတဲ့အစစ်အမှန်နတ်ဘုရားက အံ့အားသင့်သွားတယ်။ ဒီလိုပျက်ဆီးနေတဲ့အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာတစ်ခုမှာ ကြယ်သုံးလုံးပါရမီရှင်နှစ်ယောက် ထွက်ပေါ်လာတာ တကယ်ကို မမျှော်လင့်ထားတာပဲ။
"အောင်မြင်သွားပြီ"
ထျန်းရွှေရဲ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေ ပြည့်နေတယ်၊ တစ်ချိန်တည်းမှာ သူက ချမ်ယုလျန့်ကို ကြည့်လိုက်တယ်။
ချမ်ယုလျန့်က မျက်မှောင်ကြုတ်လိုက်တယ်။
"ဂျူနီယာညီလေးထျန်းရွှေက အရည်အချင်းမှီသွားတာပဲ" ဖုန်းရှင်က အလွန်အားကျမိတယ်။
ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမနဲ့ပူးပေါင်းပြီး ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို သွားနိုင်ဖို့က ပါရမီရှင်မြောက်များစွာရဲ့အိမ်မက်ပဲလေ။
တောက်ပနတ်ဘုရားကမ္ဘာရဲကံက ကုန်သွားတာ ဖြစ်မယ်၊ နောက်ပိုင်းစမ်းသူတွေအားလုံးက ကြယ်တစ်လုံးအရည်အသွေးကိုသာ ရရှိခဲ့ကြတယ်။
"ညီလေးလီ၊ ငါ အရင်စမ်းသပ်လိုက်မယ်"
လီဖူချန်းနဲ့ဖုန်းရှင်တို့ရဲ့အလှည့်ရောက်လာတဲ့အခါ ဖုန်းရှင်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်တယ်။
"ဖုန်းရှင်၊ ခုနှစ်ရာရှစ်ဆယ်နှစ်၊ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရား၊ ကြယ်နှစ်လုံးအဆင့်မြင့်အရည်အသွေး၊ အရည်အချင်းမမှီပါ"
သူ ဘယ်လိုပဲ လက်မခံနိုင်ပါစေ၊ သူ ကျဆုံးသွားခဲ့ရတယ်။ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို သွားဖို့ သူ့ရဲ့မျှော်လင့်ချက်တွေ ဆုံးရှုံးသွားခဲ့ပြီပေါ့။
"စီနီယာအကိုဖုန်းရှင်၊ စိတ်ဓာတ်မကျပါနဲ့။ မင်း အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအထိ ကျင့်ကြံပြီးတဲ့အခါ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို ကိုယ်တိုင် သွားနိုင်ပါတယ်" လီဖူချန်းက နှစ်သိမ့်လိုက်တယ်။
ဖုန်းရှင်က ခါးသီးစွာ ပြုံးလိုက်တယ်"အလုပ်ထက် အပြောက ပိုလွယ်ပါတယ်လေ"
သူ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားအထိ ရောက်ရှိဖို့ နှစ်ဘယ်လောက်အထိ ကျင့်ကြံရမလဲ မသိနိုင်ဘူး။ သူက အဆင့်မြင့်နတ်ဘုရားအထိ ကျင့်ကြံပြီးရင်တောင် ခရမ်းတိမ်နတ်ဘုရားကို သွားရတာက ဓားသွားပေါ်လမ်းလျှောက်နေရသလိုပါပဲ။
"မြန်မြန်လာ၊ အချိန်မဖြုန်းနဲ့"
လီဖူချန်းက အချိန်ကြာတဲ့အထိ စမ်းသပ်ဖို့ မထွက်လာတာကို မြင်တဲ့အခါ စမ်းသပ်ရေးတာဝန်ခံအစစ်အမှန်နတ်ဘုရားက စိတ်မရှည်စွာ ပြောလိုက်တယ်။
"ဂျူနီယာညီလေးလီ၊ သွားပါ" လီဖူချန်းက စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်မယ်လို့ ဖုန်းရှင်က ယုံကြည်တယ်။
လီဖူချန်းက စမ်းသပ်ချက်ကို ဂရုမစိုက်ဘူးလို့ ပြောရင် လိမ်ရာကျပါတယ်။
ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမနဲ့အတူ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို သွားခြင်းက သူ့ရဲ့ကျင့်ကြံခြင်းမြန်နှုန်းကို အဆများစွာ တိုးစေနိုင်တယ်လေ။
မင်းက အဝေးထိ လေ့ကျင့်လေ၊ အချိန်က ပိုကြာလေပဲ။ အဆင့်နိမ့်နတ်ဘုရားမှအဆင့်မြင့်နတ်ဘုရားဖြစ်ဖို့ နှစ်ရာပေါင်းများစွာ ကြာနိုင်တယ်။ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအထိ ကျင့်ကြံဖို့ဆိုရင် နှစ်သန်းနဲ့ချီ ကြာနိုင်တယ်။
လီဖူချန်းက အဲလောက်ထိ အချိန်မပေးချင်ပါဘူး၊ ဒါကြောင့် အလတ်စားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာဖြစ်တဲ့ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို သွားနိုင်ဖို့က အရေးကြီးတာပေါ့။
လက်ရှိမှာ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို ရောက်ရှိဖို့ အမြန်ဆုံးနည်းလမ်းကတော့ ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမနဲ့အတူ လိုက်ပါသွားဖို့ပဲလေ။
ဒါပေမယ့် အခြားသူတွေနဲ့ယှဉ်ရင် လီဖူချန်းက ပိုတည်ငြိမ်ပါတယ်။
"ငါ့ရဲ့အရည်အသွေးက ကြယ်ဘယ်ဆင့်လောက် ရှိမလဲ"
လီဖူချန်းက သူ့ရဲ့ပါရမီနဲ့ပတ်သက်ပြီး သိချင်စိတ်အနည်းငယ်တော့ ဖြစ်တယ်။
အတွေးတွေက သူ့စိတ်ထဲမှာ လှုပ်ရှားသွားပြီး လီဖူချန်းက ပုံဆောင်ခဲတိုင်ကို သူ့လက်ဝါးနဲ့ ထိလိုက်တယ်။
အုန်း......
ဖောက်ထွင်မြင်နိုင်ပြီးအရောင်မရှိတဲ့ပုံဆောင်ခဲတိုင်က အစိမ်းရင့်ရောင်အလင်းတစ်ခု ချက်ချင်းပေါ်ထွက်လာတယ်။ စမ်းသပ်ချက်တာဝန်ခံအစစ်အမှန်နတ်ဘုရားရဲ့မျက်လုံးတွေက တောက်ပသွားတော့တယ်။
"လီ.....လီဖူချန်း၊ အသက်သုံးဆယ်နှစ်၊အဆင့်နိမ့်အစစ်အမှန်နတ်ဘုရား၊ ကြယ်လေးလုံးအဆင့်မြင့်အရည်အသွေး၊ အရည်အချင်းမှီတယ်"
ကုန်းပတ်က တိတ်ဆိတ်ငြိမ်သက်သွားတယ်၊ စမ်းသပ်ရေးတာဝန်ခံအစစ်အမှန်နတ်ဘုရားရဲ့အသံက ထွက်ပေါ်လာတယ်။
သူတို့ ကြားတာ ဟုတ်ရောဟုတ်ရဲ့လား။
သူက အသက်သုံးဆယ်နဲ့ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအဆင့်အထိ ကျင့်ကြံခဲ့တယ်၊ သူက ကြယ်လေးလုံးအဆင့်မြင့်ပါရမီရှင်တစ်ယောက်လဲ ဖြစ်သေးတယ်။ ဘယ်လိုမွန်းစတားမျိုးလဲ။
တောက်ပနတ်ဘုရားကမ္ဘာက ဒီလိုပါရမီရှင်တစ်ယောက်ကို မမွေးထုတ်နိုင်တာ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ကြာပြီ.......
"ကြယ်လေးလုံးအဆင့်မြင့်အရည်အသွေးလား။ မဆိုးပါဘူး"
လီဖူချန်းက ပြုံးလိုက်တယ်။
မျှော်လင့်ထားတဲ့အတိုင်း သူ့ရဲ့ပါရမီက မဆိုးဘူးပဲ။
"အမ်.......ဒီအသက်က......နတ်ဘုရားအသက်ပဲ ဖြစ်မယ်" လီဖူချန်းက တွက်ချက်လိုက်တယ်၊ သူ အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ဖြစ်လာကတည်းကဆိုရင် နှစ်သုံးဆယ်အတိအကျပဲ။
"အကြီးအကဲကို မြန်မြန်သွားအကြောင်းကြားလိုက်" စမ်းသပ်ချက်တာဝန်ခံအစစ်အမှန်နတ်ဘုရားက နောက်ထပ်အစစ်အမှန်နတ်ဘုရားတစ်ယောက်ကို ဆက်သွယ်လိုက်တယ်။
အသက်သုံးဆယ်၊ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရား၊ ကြယ်လေးလုံးအရည်အသွေး၊ ဒါက အလွန်ဖမ်းစားတယ်။ ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမရဲ့ဌာနချုပ်မှာတောင် ဒီလိုပါရမီရှင်က ရှားတယ်။
"ကြယ်လေးလုံးအဆင့်မြင့်အရည်အသွေးလား။ ငါ ကြားတာ မှန်ပါတယ်နော်......."
"ဘယ်လိုလုပ်ပြီး မှားရမှာလဲ၊ ငါတို့က နားကြားမှာရင်တောင် ပုံဆောင်ခဲတိုင်ရဲ့အလင်းက မမှားနိုင်ဘူး"
"ဟုတ်တယ်၊ အနီရောင်အလင်းက ကြယ်တစ်လုံးအရည်အသွေးနဲ့ သက်ဆိုင်တယ်၊ လိမ္မော်ရောင်အလင်းက ကြယ်နှစ်လုံး၊ အဝါရောင်အလင်းက ကြယ်သုံးလုံး၊ အစိမ်းရောင်အလင်းက ကြယ်လေးလုံး။ စောစောက ထုတ်လွှတ်တဲ့ အလင်းက အစိမ်းရင့်ရောင်အလင်းပဲ၊ ဒါက ကြယ်လေးလုံးအဆင့်မြင့်အရည်အသွေးဆိုတာ သံသယရှိစရာမလိုဘူး"
"ငါတို့တောက်ပနတ်ဘုရားကမ္ဘာမှာ ကြယ်လေးလုံးအဆင့်မြင့်အရည်အသွေးရှိတဲ့ပါရမီရှင်တစ်ယောက် ရှိလိမ့်မယ်လို့ ငါ ဘယ်တော့မှ မထင်ထားဘူး"
သင်္ဘောကုန်းပတ်က တိတ်ဆိတ်ရာမှ ပွက်လောရိုက်နေတော့တယ်။
"ဂျူနီယာညီလေးလီက ကြယ်လေးလုံးအရည်အသွေးတဲ့လား" ဖုန်းရှင်က လုံးဝမှင်တက်နေတယ်၊ လီဖူချန်းရဲ့အရည်အသွေးက အလွန်ကောင်းတယ်၊ ကြယ်သုံးလုံးအရည်အသွေးလောက်က ပြဿနာမရှိဘူးဆိုတာ သူသိတယ်။
ဒါပေမယ့် ကြယ်သုံးလုံးအရည်အသွေးနဲ့ကြယ်လေးလုံးအရည်အသွေးက နတ်ဘုရားတစ်ယောက်ရဲ့အဆင့်လို သဘောတရားနှစ်ခုပါပဲ။
ကြယ်သုံးလုံးအရည်အသွေး၊ မင်း ဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ ကြယ်လေးလုံးလောက် မကောင်းပါဘူး။ ဒါကို ကြိုးစားအားထုတ်ရုံနဲ့ မဖြည့်ဆည်းနိုင်ပါဘူး။ ဒါ့အပြင် မင်း ကြိုးစားအားထုတ်နေတဲ့အချိန်မှာ ကြယ်လေးလုံးအရည်အသွေးကလဲ မင်းထက် ပိုကြိုးစားအားထုတ်နေလောက်ပါတယ်။
လီဖူချန်းက ကြယ်သုံးလုံးအရည်အသွေးဆိုရင် ဖုန်းရှင်က အားကျရုံပါပဲ။ အများဆုံး နည်းနည်းလေးတော့ မနာလိုဖြစ်မိမှာပေါ့။ လီဖူချန်းက ကြယ်လေးလုံးအရည်အသွေးဆိုတော့ ဖုန်းရှင်မှာ ဘာအတွေးမှ မရှိတော့ဘူး။ လီဖူချန်းနဲ့သူတို့က ကမ္ဘာမတူဘူးဆိုတာ သူ နားလည်လာတယ်။
"သူက တောက်ပနေတုန်းပါပဲ" တုန်းယန်ချမ်ယုက လီဖူချန်းနဲ့ပတ်သက်ပြီး ဂုဏ်ယူမိတယ်၊ တစ်ချိန်တည်းမှာပဲ ကျဆင်းနေတဲ့သူမရဲ့စိတ်ကို ပြင်ဆင်ခဲ့တယ်။
"ကြယ်လေးလုံးအဆင့်မြင့်အရည်အသွေးလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ချမ်ယုလျန့်က သူ့ရဲ့နားနဲ့မျက်စိကို မယုံကြည်နိုင်ဘူးဖြစ်နေတယ်။ ဒီအရည်အသွေးစမ်းသပ်ပွဲမှာ သူ ရှုံးသွားပြီ၊ ငှက်မွေးတစ်ထောင်တိုင်းပြည်လဲ ရှုံးသွားပါပြီ။