← Chapters

အစစ်အမှန်နတ်ဘုရားဖြစ်လာခြင်း

Vol. 81 Ch. 1140

အစစ်အမှန်နတ်ဘုရားဖြစ်လာခြင်း

Vol. 81 Ch. 1140

"ငါ ချိုးဖြတ်ဖို့ ထားလိုက်"

ရွှေရောင်ဓားကို လက်နှစ်ဖက်မှာ ကိုင်လျက် အိုဖီယူခပ်က သူ့ရဲ့နတ်ဘုရားစွမ်းအားအားလုံးကို ပေါက်ကွဲထွက်စေပြီး နတ်ဘုရားဝင်္ကပါကို ခုတ်ပိုင်းလိုက်တယ်။

ဖြောက်.....

ရွှေရောင်ဓားအလင်းနဲ့အတူ တောက်ပနတ်ဘုရားကမ္ဘာရဲ့နေရာလပ်ကို ပိုင်းဖြတ်သွားတယ်။

"တားဆီးနိုင်ပါ့မလား"

အရှေ့နေဂိုဏ်းရဲ့လူတွေက အလွန်စိတ်လှုပ်ရှားနေတော့တယ်။

အုန်း......

ကောင်းကင်နဲ့မြေပြင်က တုန်ခါနေတယ်။ နတ်ဘုရားဝင်္ကပါရဲ့အပြင်ဘက်မှာ ဓားစွမ်းအင်က ဒေါင်လိုက်အလျားလိုက်ဖြစ်နေပြီး ဓားအလင်းက အလွန်စူးရှတောက်ပနေတယ်။ ‌တောင်ထိပ်တွေက တုန်ခါမှုလှိုင်းကြောင့် တစ်ဝက်ပြတ်သွားတယ်။

"မဖြစ်နိုင်ဘူး"

ထိခိုက်မှုမရှိတဲ့ဝင်္ကပါကို မြင်ပြီး အိုဖီယူခပ်က အသိစိတ်တွေ တစ်ခဏ ပျောက်ဆုံးသွားတယ်။

ဒါက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်၊ သာမန်အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုတောင် မဟုတ်၊ ထူးကဲအဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။ အကျိုးသင့်အကြောင်းသင့်ပြောရရင် ဓားက ကြယ်နှစ်လုံးအဆင့်မြင့်ဝင်္ကပါကို မချိုးဖြတ်နိုင်ရင်တောင် အက်ရာတစ်ခုလောက် ရှိသင့်ပါတယ်။

"တားဆီးနိုင်ခဲ့တယ်"

တုန်းယန်ဟောင်ရီနဲ့တုန်းယန်ကျန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စိတ်သက်သာရာရသွားကြတော့တယ်။

သူတို့က အရှေ့နေဂိုဏ်းရဲ့အကာအကွယ်နတ်ဘုရားဝင်္ကပါနဲ့ ပတ်သက်ပြီး အသေးစိတ်သိတယ်။ တုန်းယန်မိသားစုသမိုင်းရဲ့မှတ်တမ်းအရ ဒီနတ်ဘုရားဝင်္ကပါက အဆုံးစွန်းအထွတ်အထိပ်ကြယ်နှစ်လုံးအဆင့်မြင့်ဝင်္ကပါတစ်ခုဖြစ်တယ်။ ရန်သူက အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်မဟုတ်ရင် ၎င်းကို ဘယ်‌တော့မှ ချိုးဖြတ်နိုင်လိမ့်မှာမဟုတ်ဘူး။

ဒါပေမယ့် သမိုင်းမှတ်တမ်း‌တွေက အမြဲတမ်း သမိုင်းမှတ်တမ်းတွေပဲ၊ သက်သေပြချက်မရှိရင် မှန်သလားဆိုတာ ဘယ်သူက သိမှာလဲ။

အခု၊ အဲဒါက အခြေခံအားဖြင့် မှန်တာပေါ့။

"လာချင်တိုင်းလာ၊ သွားချင်တိုင်း သွားလို့ရမယ်ထင်နေလား၊ အခုက နတ်ဘုရားဝင်္ကပါရဲ့စွမ်းအားကို ဒင်းတို့တွေ တွေ့ကြုံခံစားဖို့အချိန်ပဲ" တုန်းယန်ဟောင်ရီက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ နတ်ဘုရားစွမ်းအားတစ်ခုက နတ်ဘုရားဝင်္ကပါထဲသို့ ထိုးဖောက်သွားခဲ့တယ်။

အား.....

နဂါးအော်သံ ထွက်လာတယ်၊ ခရမ်းရောင်နဂါးလေးကောင်က နတ်ဘုရားဝင်္ကပါမှ ပျံသန်းထွက်လာပြီး အိုဖီယူခပ်တို့လေးယောက်ထံ တစ်ဟုန်ထိုးပြေးဝင်တိုက်ခိုက်လာတယ်။

အိုဖီယူခပ်တို့လေးယောက်က သတိပေါ့မိပြီး အတော်လေးအရှက်ရသွားကြတယ်။

"မင်းတို့တွေ ဒီဝင်္ကပါကို မချိုးဖြတ်နိုင်ဘူးဆိုမှတော့ ပြန်လာခဲ့ကြတော့" ကျောရွှယ်ရဲ့အသံက အပြင်ဘက်မှ ထွက်လာတယ်။

"သွားကြစို့"

သူတို့လေးယောက်က ထွက်ခွာသွားခဲ့ကြတယ်။

ဒီလိုနဲ့ ရန်သူက လာတိုက်ခိုက်ပြီး လျင်မြန်စွာ ထွက်ခွာသွားခဲ့တယ်။ အရှေ့နေဂိုဏ်းတပည့်များစွာက ပဟေဠိဖြစ်နေကြပြီး ဘာဖြစ်ခဲ့သလဲကို မသိကြပါဘူး။

……

"ငွေရင့်ရောင်သ‌င်္ဘော၊ ကုန်းပတ်ပေါ်မှာ။

"အရှင်ကျောရွှယ်၊ အဲဒါက ဘယ်လိုလဲ"

ကျောရွှယ်က ရှင်းပြလိုက်တယ်"ကြယ်နှစ်လုံးအဆင့်မြင့်ဝင်္ကပါတွေမှာလဲ အရည်အသွေးတွေရှိတယ်။ ဒီနတ်ဘုရားဝင်္ကပါက သာမန်မဟုတ်တာ သိသာတယ်။ မင်းတို့ကို အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းပေးရင်တောင် မင်းတို့တွေ ချိုးဖြတ်နိုင်မှာမဟုတ်ဘူး"

"ဒိီအတိုင်းပြန်သွားရင် အကြီးအကဲက ငါတို့ကို အပြစ်တင်မလား" ဘက်ဂီယိုက မျက်မှောင်ကြုတ်လိုက်တယ်။

ကျောရွှယ်က ပုံမှန်အတိုင်းပဲ ပြောလိုက်တယ်"မစိုးရိမ်ကြနဲ့၊ ဘာပဲဖြစ်ဖြစ် ငါ မင်းတို့ကို ဂရုစိုက်မှာပါ၊ အခု ငါတို့တွေ နောက်ထပ်တစ်နေရာဖြစ်တဲ့ရေခဲအကျဉ်းထောင်ကြယ်ကို သွားရမယ်"

‌ရေခဲအကျဉ်းထောင်ကြယ်က သူ ဒီတစ်ကြိမ်ခရီးထွက်လာရခြင်းရဲ့အစစ်အမှန်ရည်ရွယ်ချက်ဖြစ်တယ်။

ရေခဲအကျဉ်းထောင်ကြယ်ကို သွားပြီး အချိန်တစ်ခုအထိ ကျင့်ကြံပြီးမှသာ လုံမင်ကို အနိုင်ယူဖို့ အခွင့်အရေးတစ်ခု ရှိပေလိမ့်မယ်။

အကြီးအကဲအပြစ်ပေးမှုအတွက်ဆိုရင်တော့ သူက အဲဒါကို အရမ်းကြီး အလေးအနက်မထားပါဘူး။ ပါရမီနဲ့ထိုးထွင်းသိမြင်မှုအရ သူက ရန်သူထက် မဆိုးပါဘူး။

"ရေခဲအကျဉ်းထောင်ကြယ်လား" လန်လို့နဲ့မန်ထင်က အံ့အားသင့်သွားတယ်။

ဒီရေခဲအကျဉ်းထောင်ကြယ်က သာမန်နေရာတစ်ခုမဟုတ်ဘူး။

၎င်းကိုလဲ နတ်ဘုရားဟင်းလင်းပြင်မှ မွေးဖွားထားပြီး ပတ်ဝန်းကျင်က အလွန်ကြမ်းတမ်းတယ်။

ဥပမာအားဖြင့် ရေခဲအကျဉ်းထောင်ကြယ်က ငရဲလိုအေးစက်တဲ့နတ်ဘုရားကြယ်တစ်လုံးဖြစ်တယ်။ ကျင့်ကြံခြင်းအဆင့်က စိတ်ဝိညာဉ်နတ်ဘုရားလောက် မမြင့်မားရင် နေရာမှာတင် ချက်ချင်း အေးခဲကာ ရေခဲရုပ်တုတစ်ခုဖြစ်သွားရလိမ့်မယ်။ သူတောင် အကြာကြီးမနေနိုင်ဘူး၊ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတွေက ရက်အနည်းငယ်လောက်ပဲ နေနိုင်လိမ့်မယ်။

၎င်းက အလွန်အေးပေမယ့် အေးခဲခြင်းက ရေခဲတာအိုဥပဒေသကို ကျင့်ကြံဖို့အတွက် နေရာကောင်းတစ်ခုဖြစ်တယ်။

"ရော့၊ ဒီမှာ အဆင့်နိမ့်ခုခံမှုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခု။ မင်းတို့တစ်ယောက်တစ်ခုစီ ယူလိုက်" သူက လန်လို့နှစ်ယောက်ထံ ခုခံမှုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုကို ပစ်ပေးလိုက်တယ်။

"ကျေးဇူးတင်ပါတယ်"

လန်လို့နဲ့မန်ထင်က အလွန်ပျော်သွားတယ်၊ သူတို့က အဆင့်နိမ့်ခုခံမှုစိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို လိုအပ်နေတာ။

"မင်းတို့အားလုံးလဲ ရမယ်" သူ့ရဲ့ဘက်ဘယ်လက်ကို ဝှေ့ယမ်းလိုက်ရာ အစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကြီးမားတဲ့အရေအတွက်တစ်ခုက ကုန်းပတ်အထက်မှာ လွင့်မျောလာတယ်။

ဒါကို မြင်ပြီး သူတို့ရဲ့စိတ်ထဲမှာမကျေမနပ်အချို့ဖြစ်နေတဲ့လူတိုင်းက ပျော်ရွှင်စွာ ပြုံးလိုက်ကြတယ်။

"သွားကြစို့"

ဦးပိုင်းကို ဘယ်ဘက်သို့ လှည့်ကာ နတ်ဘုရားဟင်းလင်းပြင်ရဲ့အနက်ပိုင်းထဲသို့ ပျံသန်းသွားတော့တယ်။ တစ်ခဏကြာပြီးနောက် ငွေရင့်ရောင်သ‌င်္ဘောတစ်စင်းက ပျောက်ကွယ်သွားတော့တယ်။

……

‌နောက်ပိုင်းနေ့ရက်တွေမှာ အရှေ့နေဂိုဏ်းက သတိကို မလျော့ဘဲ တိုက်ခိုက်မှုတွေမှ ကာကွယ်ဖို့ နတ်ဘုရားဝင်္ကပါကို အပြည့်အဝဖွင့်ထားခဲ့တယ်။

"‌နောက်ဆုံးတော့ ချိုးဖြတ်‌တော့မှာပေါ့"

တောင်ထိပ်မှာ လီဖူချန်းရဲ့ကျင့်ကြံခြင်းက အရေးကြီးဆုံးအဆင့်ကို ရောက်ရှိလာခဲ့တယ်။

လွန်ခဲ့တဲ့ဆယ်နှစ်မှာ သူ့ရဲ့အသက်နယ်ပယ်က အဆင့်မြင့်နတ်ဘုရားပြီးပြည့်စုံခြင်းကို ရောက်ရှိခဲ့တယ်။ အကျိုးသင့်အကြောင်းသင့်ပြောရရင် သူက ဟိုးကတည်းက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအဆင့်ကို ချိုးဖြတ်ခဲ့သင့်နေပြီ။

ချိုးဖြတ်မှုနှောင့်နှေးရတဲ့အကြောင်းပြချက်အနေနဲ့ အဲဒါက သူကျင့်ကြံတာ မြန်လွန်းတာနဲ့ အဓိက ဆက်စပ်နေမယ်လို့ လီဖူချန်းက ခံစားမိတယ်။

ဥပဒေသနယ်ပယ်နဲ့အသက်နယ်ပယ်က ဂီယာနှစ်ခုနဲ့ တူတယ်။ ပုံမှန်အလုပ်လုပ်ဖို့အတွက် သူတို့က အတူတကွ စွဲကပ်နေဖို့ လိုတယ်။ အရင်တုန်းက ဥပဒေသနယ်ပယ်က ချိုးဖြတ်မှုမြန်ဆန်ခဲ့ပြီး အသက်နယ်ပယ်က လုံးဝလိုက်မမီနိုင်ခဲ့ဘူး။ ‌နောက်ဆုံးမှာ အသက်နယ်ပယ်က ဥပဒေသနယ်ပယ်နဲ့ ကိုက်ညီဖို့၊ သူ့ရဲ့ကိုယ်ပိုင်ပြောင်းလဲမှုအတွက် ပြင်ဆင်ဖို့ အခွင့်အရေးရှိလာတယ်။

ညလယ်မှာ ပင်လယ်ရေကို လောင်းထည့်နေသလို နတ်ဘုရားကမ္ဘာရဲ့အဆုံးမဲ့အသက်အားက ဦးတည်ဘက်တိုင်းမှ စုဝေးလာပြီး လီဖူချန်းနေထိုင်ရာတောင်ထိပ်ဆီ ပြေးလာနေကြတယ်။

မူလက နတ်ဘုရားကမ္ဘာရဲ့အသက်အားတွေအပြည့်ဖြစ်နေတဲ့တောင်ထိပ်က ယခု ပိုလှုပ်ရှားလာတယ်။ ဒီနတ်ဘုရားကမ္ဘာအသက်အားက တစ်ခါတစ်ရံမှာ မီးနဂါးတစ်ကောင်ရေကူးနေသလို၊ တစ်ခါတစ်ရံမှာ ဖီးနစ်တစ်ကောင် ပျံသန်း‌နေသလို၊ တစ်ခါတစ်ရံမှာ မီးလျှံခြ‌င်္သေ့တစ်ကောင်ဟိန်းနေသလို ပြောင်းလဲနေတယ်။ ရုတ်တရက် ၎င်းက အလွန်ပေါ်လွင်ထင်ရှားလာတယ်။

နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ခြောက်သိန်းငါးသောင်း၊ ခြောက်သိန်းရှစ်သောင်း၊ ခုနှစ်သိန်း.....

နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ခြောက်ဆယ်ရာခိုင်နှုန်းဖြစ်လာတယ်။

နတ်ဘုရားကမ္ဘာရဲ့အသက်အားကို စုပ်ယူနေတဲ့တစ်ချိန်တည်းမှာ လီဖူချန်းရဲ့မီးတာအိုနတ်ဘုရားစွမ်းအားနဲ့နတ်ဘုရားစိတ်ဝိညာဉ်နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက တစ်ဟုန်ထိုးတက်လာတယ်။

"ဘယ်သူက အစစ်အမှန်နတ်ဘုရားအဆင့်ကို ချိုးဖြတ်နေတာလဲ၊ ဘယ်လိုတောင် ကြီးမားတဲ့လှုပ်ရှားမှုလဲ"

နတ်ဘုရားဝင်္ကပါကိုထိန်းချုပ်တဲ့တုန်းယန်ဟောင်ရီက ဒီနေရာရှိလှုပ်ရှားမှုကို အလွယ်တကူ အာရုံခံမိခဲ့တယ်။ သူ့လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်အလင်းကန့်လန့်ကာတစ်ခုက ထွက်ပေါ်လာပြီး လီဖူချန်းနေထိုင်ရာတောင်ထိပ်ရဲ့မြင်ကွင်းကို ပြသလိုက်တယ်။

"ဒီကောင်လေးပဲကိုး"

တုန်းယန်ဟောင်ရီက ပြုံးလိုက်တယ်။

လီဖူချန်းရဲ့ပါရမီနဲ့ထိုးထွင်းသိမြင်မှုက အလွန်အံ့အားသင့်စရာကောင်းတယ်။ တုန်းယန်ဟောင်ရီက နတ်ဘုရားဟင်းလင်းပြင်နဲ့အသေးစားချီလီယိုခါဇန်နတ်ဘုရားကမ္ဘာများစွာကို ခရီးလှည့်လည်သွားလာခဲ့တယ်။ ဒါပေမယ့် သူ လီဖူချန်းလို ပါရမီရှင်တစ်ယောက်ကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။

"မီးတာအိုဥပဒေသနဲ့ဓားတာအိုဥပဒေသကို အဓိကထားတယ်။ သူ့ရဲ့မီးတာအိုဥပဒေသက အစစ်အမှန်နတ်ဘုရားအထွတ်အထိပ်ကို ရောက်ရှိပြီးပြီထင်တယ်" တုန်းယန်ဟောင်ရီကလဲ လီဖူချန်းရဲ့မီးတာအိုဥပဒေသနယ်ပယ်ကို အနည်းငယ် မရှင်းလင်းဘူးဖြစ်နေတယ်။

မီးတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက ခုနှစ်သိန်းငါးသောင်း၊ ရှစ်သိန်း၊ ကိုးသိန်း......

နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ခြောက်ဆယ့်ငါး၊ ခြောက်ဆယ့်ခြောက်၊ ခြောက်ဆယ့်ခုနှစ်.......

လီဖူချန်းရဲ့မီးတာအိုနတ်ဘုရားစွမ်းအားက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားရဲ့နတ်ဘုရားစွမ်းအားအဆင့်သို့ ပြောင်းလဲနေတယ်၊ အတိအကျပြောရရင် ၎င်းက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားရဲ့နတ်ဘုရားစွမ်းအားအဆင့်သို့ ပြောင်းလဲနေခဲ့တယ်။

ယေဘုယျပြောရရင် အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတွေရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ငါးဆယ်ရာခိုင်နှုန်းကနေခြောက်ဆယ်ရာခိုင်နှုန်းအထိ ရှိတယ်၊ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားက ခုနှစ်ဆယ်ရာခိုင်နှုန်းမှရှစ်ဆယ်ရာခိုင်နှုန်းအထိ ရှိတယ်၊ အဆင့်မြင့်အစစ်အမှန်နတ်ဘုရားက ကိုးဆယ်ရာခိုင်နှုန်းကျော်တယ်။

ဒါပေမယ့် နတ်ဘုရားစွမ်းအားအဆင့်ကို ဘာက သက်ရောက်သလဲဆိုရင် နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုအပြင် အသက်နယ်ပယ်လဲ ပါတယ်။

လီဖူချန်းရဲ့အသက်နယ်ပယ်က မကြုံစဖူးဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်ကို ကြုံတွေ့နေရတယ်။

အတိတ်မှာ အဆင့်နိမ့်နတ်ဘုရားမှ အလယ်ဆင့်နတ်ဘုရား၊ အလယ်ဆင့်နတ်ဘုရားမှအဆင့်မြင့်နတ်ဘုရားတို့လို သေးငယ်တဲ့ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်တစ်ခုသာ ရှိခဲ့တယ်။ ဒီတစ်ခါမှာ‌ အဆင့်မြင့်နတ်ဘုရားက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားဖြစ်လာတယ်၊ ဒါပေမယ့် ဒါက အသက်ပြောင်းလဲတဲ့ဆင့်ကဲဖြစ်စဉ်တစ်ခုဖြစ်တယ်။

နတ်ဘုရားခန္ဓာကိုယ်အမှုန်တွေအားလုံးက ထိပ်မှအောက်ခြေသို့၊ အထဲမှအပြင်သို့၊ ကြီးရာမှသေးရာသို့ ပြန်လည်ဖွဲ့စည်းနေတယ်။

တစ်ချိန်တည်းမှာ ကြီးကျယ်ခမ်းနားတဲ့အသက်အားတစ်ခုကလဲ အစပျိုးလာတယ်။

နောက်ဆုံးမှာ အသက်နယ်ပယ်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအဆင့်သို့ ရောက်ရှိလာခဲ့တယ်။

ဒါက လီဖူချန်းရဲ့နတ်ဘုရားခန္ဓာကိုယ်အနေနဲ့ အစစ်အမှန်နတ်ဘုရားခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲခဲ့တာကို ကိုယ်စားပြုတယ်။

နတ်ဘုရားခန္ဓာကိုယ်နဲ့ နှိုင်းယှဉ်ရင် အစစ်အမှန်နတ်ဘုရားခန္ဓာကိုယ်က ပိုသိပ်သည်းတယ်၊ ပိုမြင့်မားတဲ့ခံစစ်ရှိတယ်၊ နတ်ဘုရားစွမ်းအားတွေပိုဝင်ဆံ့စေတယ်၊ ပိုသန်မာတဲ့နတ်ဘုရားစွမ်းအားပေါက်ကွဲမှုကို တောင့်ခံနိုင်တယ်။

နတ်ဘုရားခန္ဓာကိုယ်က ကျောက်တုံးဆိုရင် အစစ်အမှန်နတ်ဘုရားခန္ဓာကိုယ်က သတ္တုဖြစ်တယ်၊ နှစ်ခုက တူညီတဲ့အဆင့်မှာ မရှိပါဘူး။

"နှစ်တစ်သန်းခန့်ဒါမှမဟုတ်အဲထက်ပိုမယ်"

အစစ်အမှန်နတ်ဘုရားခန္ဓာကိုယ်မှာပါဝင်တဲ့အသက်အားက သန်မာလွန်းတယ်။ ၎င်းက သန်မာလွန်းတာကြောင့် လီဖူချန်းက အသက်ဥပဒေသအရိပ်အယောင်တစ်ခုကို ရေးတေးတေးဖမ်းမိနိုင်တယ်။

အသက်ဥပ‌ဒေသကလဲ ထိပ်တန်းအဆင့်ဥပဒေသဖြစ်တယ်။ အသက်ဥပဒေသကို လေ့ကျင့်တဲ့ နတ်ဘုရားတွေက အခြားနတ်ဘုရားတွေထက် ဆယ်ဆပိုအသက်ရှင်နိုင်လိမ့်တယ်လို့ ကောလဟာလရှိတယ်။

ဒါပေမယ့် အသက်နယ်ပယ်နဲ့ စတင်ဖို့က ခက်ခဲတယ်၊ ကျင့်ကြံဖို့ ပိုခက်ခဲတယ်။ အချို့ထူးခြားတဲ့မျိုးနွယ်တွေမဟုတ်ရင် တစ်ယောက်မှ အောင်မြင်စွာ မကျင့်ကြံနိုင်ဘူး။

မီးတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁.၅သန်းရှိပြီး နတ်ဘုရားစိတ်ဝိညာဉ်နဲ့နတ်ဘုရားစွမ်းအားပေါင်းစပ်မှုက ခုနှစ်ဆယ်ရာခိုင်နှုန်းရှိတယ်။

အသက်နယ်ပယ်က အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအဆင့်ကို ခြေချခဲ့တဲ့အခါ နတ်ဘုရားခန္ဓာကိုယ်က အစစ်အမှန်နတ်ဘုရားခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခဲ့ပြီး လီဖူချန်းရဲ့မီးတာအ်ိုစွမ်းအားကလဲ တည်ငြိမ်လာခဲ့တယ်။

ထိုအချိန်မှာ သူ့ရဲ့မီးတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်း၊ မီးတာအိုနတ်ဘုရားစွမ်းအားနဲ့နတ်ဘုရားစိတ်ဝိညာဉ်ပေါင်းစပ်မှုက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားအဆင့်ကို ရောက်ရှိလာခဲ့တယ်။

ဒီလောက်မြင့်မားရတဲ့အကြောင်းပြချက်ကတော့ မြင့်မားတဲ့မီးတာအိုဥပဒေသနယ်ပယ်အပြင် လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အလွန်အားကောင်းလို့ပါပဲ။

မီးတာအိုစွမ်းအားကို အစစ်အမှန်နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲပြီးနောက်မှ ဓားတာအိုစွမ်းအားအလှည့်ပေါ့။

အဆုံးမှာ ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်သန်းကို ရောက်ရှိခဲ့ပြီး ဓားတာအိုနတ်ဘုရားစွမ်းအားနဲ့နတ်ဘုရားစိတ်ဝိညာဉ်ပေါင်းစပ်မှုက ခြောက်ဆယ့်ငါးရာခိုင်နှုန်းအထိ ရောက်လာတယ်။

နေရာလပ်-အချိန်နတ်ဘုရားစွမ်းအားနဲ့ဖျက်ဆီးခြင်းနတ်ဘုရား‌စွမ်းအားတွေကိုတော့ တစ်ခုမှ မချိုးဖြတ်ခဲ့ပါဘူး။

အဓိကအားဖြင့် ဖျက်ဆီးခြင်းဥပဒေသနယ်ပယ်နဲ့နေရာလပ်ဥပဒေသနယ်ပယ်တို့ကြောင့်ပဲ။ လီဖူချန်းက သူတို့ရဲ့အဆင့်မြင့်နတ်ဘုရားပြီးပြည့်စုံခြင်းအဆင့်ကို မရောက်ရှိသေးဘူး၊ သို့မဟုတ်ရင် အသက်နယ်ပယ်ရဲ့မောင်းနှင်မှုအောက်မှာ နေရာလပ်-အချိန်စွမ်းအားနဲ့ဖျက်ဆီးခြင်းစွမ်းအားတို့ကို အစစ်အမှန်နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲဖို့ လုံးဝသေချာတယ်။

ဟူး......

အသက်ကို ရှုထုတ်လိုက်ရာ လီဖူချန်းက လန်းဆန်းသွားတော့တယ်။

‌‌နောက်တော့ လီဖူချန်းက စိတ်ဝိညာဉ်ပင်လယ်ကို ကြည့်လိုက်တယ်။

"အမ်....."

လီဖူချန်းကို အံ့အားသင့်စေတာကတော့ စိတ်ဝိညာဉ်ရဲ့ပြောင်းလဲမှုက ကြီးမားလွန်းလို့ပဲ။ အရင်က စိတ်ဝိညာဉ်ရဲ့သုံးဆယ်ရာခိုင်နှုန်းကပဲ အဝါရောင်ဖျော့ဖျော့ရှိခဲ့တယ်၊ အခု ၎င်းက ရှစ်ဆယ်ရာခိုင်နှုန်းကို ရောက်ရှိနေတယ်၊ တစ်ကြိမ်တည်းနဲ့ ငါးဆယ်ရာခိုင်နှုန်းတိုးလာတာပေါ့။

"နယ်ပယ်ကြီးတွေရဲ့တိုးတက်မှုက ကွဲပြားပုံပဲ"

အလယ်ဆင့်နတ်ဘုရားကနေအဆင့်မြင့်နတ်ဘုရားအထိ စိတ်ဝိညာဉ်ရဲ့ပြောင်းလဲမှုက အရမ်းမသိသာပါဘူး။

ဒါပေမယ့် ဒါကို စဉ်းစားကြည့်လိုက်တော့ ပုံမှန်ပါပဲ။ အလယ်ဆင့်နတ်ဘုရားမှအဆင့်မြင့်နတ်ဘုရားထိဆိုရင် သက်တမ်းက နှစ်သောင်းသာ တိုးလာတယ်၊ အဆင့်မြင့်နတ်ဘုရားမှအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအထိက နှစ်တစ်သန်းတိုးလာတယ်။

"ဓားတာအိုအစစ်အမှန်နတ်ဘုရားအတတ်နဲ့မီးတာအိုအစစ်အမှန်နတ်ဘုရားအတတ်‌အနည်းငယ်ကို ထပ်ဖန်တီးဖို့ ဖြစ်နိုင်လောက်တယ်"

နားလည်မှုက အကြီးအကျယ်တိုးလာပြီ။ ဘယ်အဆင့်အစစ်အမှန်နတ်ဘုရားအတတ်ကို သူဖန်တီးနိုင်မလဲကို လီဖူချန်းက အမှန်တကယ် သိချင်တယ်။

"ကောင်လေး၊ ဒီဓားက ငါ့ရဲ့အစောပိုင်းနှစ်တွေမှာ ငါရရှိခဲ့တာ၊ ငါ မင်းကို ပေးလိုက်မယ်"

အလင်းစီးကြောင်းတစ်ခုက လီဖူချန်းရဲ့တောင်ထိပ်ဆီ ပျံသန်းလာတယ်။

လီဖူချန်းက တစ်ချက်ကြည့်လိုက်တယ်၊ ဒီဓားက မီးတာအိုဥပဒေသနဲ့ဓားတာအိုဥပဒေသပါဝင်တဲ့စွမ်းပကားနှစ်မျိုးနတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားတစ်လက်ဆိုတာ သိလိုက်တယ်။

"ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ"

ဒီအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားနဲ့ဆိုရင် သူ့ခွန်အားက အဆအနည်းငယ်တိုးလာနိုင်တယ်။

အရေးကြီးဆုံးအရာကတော့ ဒီအဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားမှာ စွမ်းပကားနှစ်မျိုးပါရှိတာပဲ။ ၎င်းကို မီးတာအိုနဲ့ဓားတာအိုနတ်ဘုရားစွမ်းအားတို့နဲ့ အသက်သွင်းနိုင်တယ်။ ဒါပေမယ့် အသင့်တော်ဆုံးကတော့ မီးတာအိုနဲ့ဓားတာအ်ုဥပဒေသတွေကို ပေါင်းစပ်တာပဲ။

All Chapters