အဝါရောင်ဖျော့ဖျော့စိတ်ဝိညာဉ်
Vol. 81 Ch. 1144
ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမမှာ စိတ်ဝိညာဉ်နတ်ဘုရားဖြစ်လာရင် ဒီကွန်အဖြစ် ချက်ချင်း အဆင့်မြင့်တက်နိုင်တယ်။ ဒီကွန်တွေကို အခြေခံအဆင့်၊ အလယ်ဆင့်၊ အဆင့်မြင့်ဆိုပြီး ခွဲခြားထားတယ်။
စီနီယာဒီကွန်တစ်ယောက်ဖြစ်လာပြီးနောက် မင်းက ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမရဲ့အကြီးအကဲနေရာအတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်းမှီလိမ့်မယ်။
ဒိီကွန်တွေလိုပဲ အကြီးအကဲတွေကိုလဲ အဆင့်သုံးဆင့်ခွဲခြားထားတယ်၊အခြေခံ၊ အလယ်ဆင့်၊ အဆင့်မြင့်။
အဆင့်မြင့်စိတိဝိညာဉ်နတ်ဘုရားတွေက အလယ်အဆင့်အကြီးအကဲတွေအဖြစ်သာ အများဆုံး ဆောင်ရွက်နိုင်တယ်။
ကုန်းယီယင်း၊ ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမရဲ့ဂျူနီယာအကြီးအကဲ၊ ဒီပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမရဲ့တာဝန်ရှိသူထိပ်ပိုင်းပုဂ္ဂိုလ်ဖြစ်တယ်။
တောက်ပနတ်ဘုရားကမ္ဘာရဲ့အပြင်ဘက်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကုန်သည်သင်္ဘောပေါ်မှာ ကုန်းယီယင်းနဲ့ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမရဲ့ဒီကွန်အချို့က လီဖူချန်းကို မြင်လိုက်တယ်။
"အသက်သုံးဆယ်၊ ကျွတ်၊ ကျွတ်၊ ဒီကလေးက ခလာနာထက် ပိုကြောက်စရာကောင်းတာပဲ။ သူ ဘယ်လိုတောင် ကျင့်ကြခဲ့သလဲမသိ" ကုန်သွယ်ရေးခန်းမရဲ့ဒီကွန်တစ်ယောက်က ပြောလိုက်တယ်။
ကြယ်လေးလုံးအဆင့်မြင့်အရည်အသွေး၊ မတော်တဆမှုတွေ မရှိလာသရွေ့ အဆင့်မြင့်နက်နဲသိမ်မွေ့နတ်ဘုရားနယ်ပယ်ကို ရောက်ရှိဖို့ဆိုတာ ပြဿနာမဟုတ်တော့ဘူး။ ကုန်သွယ်ရေးခန်းမရဲ့နံပါတ်၁ကျွမ်းကျင်သူ၊ ကုန်သွယ်ရေးခန်းမရဲ့ဥက္ကဌကတောင် အလယ်ဆင့်နက်နဲသိမ်မွေ့နတ်ဘုရားနယ်ပယ်မှာသာ ရှိတယ်။
ဒါပေမယ့် အရည်အသွေးက အရည်အသွေးပဲ၊ အနာဂတ်မှာ အောင်မြင်စွာ ကြီးထွားဖို့ သော့ချက်က သော့ချက်ပါပဲ။
ကြယ်လေးလုံးပါရမီရှင်အများစုက သူတို့ဘဝရဲ့အထွတ်အထိပ်ကို မရောက်ခင် ကျရှုံးသွားခဲ့ရတယ်။
တစ်ခါတစ်ရံ ပို ပါရမီရှိလေ၊ ပို အန္တရာယ်များလေပဲ။
ဘာလို့ဆို သူတို့ရွေးချယ်တဲ့လမ်းကြောင်းက ထူးခြားလို့ပါပဲ။
ကုန်းယီယင်းက အလွန်ပျော်နေတယ်။ သူက ဒီတစ်ကြိမ်မလာချင်ခဲ့ဘူး။ တစ္ဆေအိုကြိးဂျက်ဖြစ်ရမှာ၊ ဒါပေမယ့် မကြာသေးမီက တစ္ဆေအိုကြီးဂျက်က အလယ်ဆင့်အကြီးအကဲတစ်ယောက်ဖြစ်သွားခဲ့တယ်၊ ဒီတော့ ဒင်း လာစရာမလိုတော့ဘူးပေါ့။
"တစ္ဆေအိုကြီးဂျက်၊ မင်း ကြီးမားတဲ့အခွင့်အလမ်းတစ်ခုကို လတ်လွှတ်မိမယ်ဆိုတာ မင်း ဘယ်တော့မှ တွေးမိမှာမဟုတ်လောက်ဘူး" ကွမ်းယီယင်းက စိတ်ထဲမှာ တွေးလိုက်တယ်။
သူ့လည်ချောင်းကို ရှင်းလျက် ကွမ်းယိီယင်းက ပြောလိုက်တယ်"ကုန်သွယ်ရေးခန်းမရဲ့စည်းမျဉ်းအရ ကြယ်လေးလုံးပါရမီရှင်တစ်ယောက်ကို ရှာတွေ့ရင် တစ်ယောက်ချင်းစီက ကျင့်ကြံခြင်းနယ်ပယ်နဲ့ညီမျှတဲ့နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခု၊ နတ်ဘုရားဆေးတစ်ပုလင်းကို ရမယ်။ ကြယ်လေးလုံးအဆင့်မြင့်ပါရမီရှင်တစ်ယောက်ကို တွေ့ရင် ဆုလာဒ်က နှစ်ဆပဲ၊ ဒီတစ်ကြိမ်တော့ ငါတို့ ဒါကို ရပြီပေါ့"
သူက အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး ဆုလာဒ်က အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့ ကြယ်သုံးလုံးအဆင့်မြင့်နတ်ဘုရားဆေးတစ်ပုလင်းပဲ၊ အခု ဒီဆုလာဒ်ရဲ့နှစ်ဆကို ရမှာပေါ့လေ။
အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက ဘယ်လောက်တောင် ရှားသလဲကို မင်း သိရမယ်။ တစ္ဆေအိုကြီးဂျက်မှာတောင် အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ခုသာ ရှိတယ်၊ သူ့မှာတော့ တစ်ခုသာ ရှိတယ်။
ဆုလာဒ်ကို ရရှိလာတဲ့အခါ သူ့ရဲ့နားလည်မှုခွန်အားက အဆအချို့ တိုးလာမှာဖြစ်ပြီး ထိုအချိန်မှာ အလယ်ဆင့်အကြီးအကဲတစ်ယောက်ဖြစ်ဖို့က မျှော်လင့်ချက်မမဲ့တော့ပါဘူး။
"ဒါဆိုလဲ အကြီးအကဲကွမ်းယီကို ကျေးဇူးတင်ပါတယ်" ကုန်သွယ်ရေးခန်းမရဲ့ဒီကွန်တွေက ဆိုလိုက်တယ်။
ကွမ်ယီယင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်"ဒါ လူတိုင်း ရသင့်ရထိုက်တာတွေပဲ၊ ငါ တစ်ယောက်တည်း မယူရဲပါဘူး"
……
လီဖူချန်း၊ ထျန်းရွှေနဲ့ ချမ်ယုလျန့်တို့ ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမနဲ့ ပူးပေါင်းနိုင်ခဲ့တဲ့သတင်းက ယုကွမ်မြို့ကို လေပမာ ပျံ့နှံ့သွားပြီး အဓိကဂိုဏ်းတွေရဲ့ထိပ်တန်းခေါင်းဆောင်တွေရဲ့နားဆီ ရောက်ရှိသွားခဲ့တော့တယ်။
ငှက်မွေးတစ်ထောင်တိုင်းပြည်နဲ့အရှေ့နေဂိုဏ်းရဲ့အဆင့်မြင့်ပုဂ္ဂိုလ်တွေက တည်နေရာရွှေ့ပြောင်းရေးအစီအရင်မှတစ်ဆင့် အပြေးအလွှာရောက်လာခဲ့ကြတော့တယ်။
ချမ်ယုလျန့်အပြင် လက်ရှိတိုင်းပြည်ရဲ့အရှင်ချမ်ယုရှုံးနဲ့အရှင်သခင်အိုကြီးချမ်ယုက တကယ်ကို ပျော်ရွှင်နေတယ်၊ ဒါပေမယ့် အရှေ့နေဂိုဏ်းရဲ့လူနှစ်ယောက်၊ အထူးသဖြင့် ကြယ်လေးလုံးအဆင့်မြင့်အရည်အရည်အသွေးရှိတဲ့လီဖူချန်းတို့က ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမနဲ့ ပူးပေါင်းနိုင်ခဲ့တာကို စဉ်းစားမိလိုက်တော့ သူတို့က မပျော်မရွှင်တော့ပါဘူး။
"အနာဂတ်မှာ အရှေ့နေဂိုဏ်းနဲ့ဆက်ဆံရေးကို ဖြေလျှော့ရမယ့်ပုံပဲ" ချမ်ယုကျန်းက ပြောလိုက်တယ်။
ချမ်ယုက ခေါင်းညိတ်လိုက်တယ်။
ဒီတစ်ခါမှာတော့ အရှေ့နေဂိုဏ်းက အနိုင်ရခဲ့တာပဲ၊တုန်းယန်ဟောင်ရီနဲ့တုန်းယန်ကျန်တို့နှစ်ယောက်လုံး ပြုံးနေကြတော့တယ်။
တုန်းယန်ဟောင်ရီက ပြောလိုက်တယ်"အရှေ့နေဂိုဏ်းကို သွားတာက မင်းတို့ရဲ့အခွင့်အရေးပဲ။ ငါ ခရမ်းရောင်တိမ်နတ်ဘုရားကမ္ဘာကို မရောက်ဖူးပေမယ့် ငါတို့တုန်းယန်မိသားစုရဲ့သွေးမျိုးဆက်တည်ထောင်သူက ထိုနေရာမှာ ရှိတယ်။ ၎င်းက တောက်ပနတ်ဘုရားကမ္ဘာထက် ပိုကြီးရုံတင်မက အဆသန်းတစ်ရာလောက် ရှိတယ်။ နတ်ဘုရားကမ္ဘာရဲ့အသက်အားကလဲ အဆတစ်ရာပိုသန်မာတယ်၊ ဥပဒေသတွေက ပိုပြည့်စုံပြီး ပိုရှင်းလင်းတယ်။ မင်းတို့ အဲကို ရောက်တဲ့အခါ မင်းတို့ရဲ့ကျင့်ကြံခြင်းနယ်ပယ်က သေချာပေါက် လျင်လျင်မြန်မြန်တိုးတက်လာလိမ့်မယ်။ ထျန်းရွှေ၊ မင်း အခု အဆင့်မြင့်နတ်ဘုရားနယ်ပယ်မှာ ရှိတယ်။ မင်းရဲ့ကျင့်ကြံခြင်းမြန်နှုန်းအရ လမ်းခရီးပေါ်မှာပဲ အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားအဖြစ် တက်လှမ်းနိုင်လိမ့်မယ်။ ဒါပေမယ့် နတ်ဘုရားဟင်းလင်းပြင်မှာ နတ်ဘုရားစွမ်းအားကို ဖြည့်ဖို့ အသက်အားမရှိဘူး။ ဒီနတ်ဘုရားကျောက်တုံးထရီလီယံက မင်းကို ဂိုဏ်းက ပေးတာပဲ"
ပြောရင်း တုန်းယန်ဟောင်ရီက ထျန်းရွှေကို နေရာလပ်လက်စွပ်တစ်ကွင်း ပေးလိုက်တယ်။
"ကျေးဇူးတင်ပါတယ်၊ ထိုက်ရှန့်အကြီးအကဲ"
နတ်ဘုရားဟင်းလင်းပြင်မှာ အသက်အားမရှိဘူးဆိုတာ ထျန်းရွှေက သိတယ်။ သူက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားဖြစ်လာတာနဲ့ နတ်ဘုရားကျောက်တုံးရဲ့အသက်အားကိုသာ စုပ်ယူနိုင်တယ်။ ဒိီနတ်ဘုရားကျောက်တုံးထရီလီယံက သူ့အတွက် အလွန်အရေးကြီးတယ်။
"လီဖူချန်း" တုန်းယန်ဟောင်ရီက လီဖူချန်းကို ကြည့်လိုက်တယ်"မင်းက အဆင့်နိမ့်အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး နတ်ဘုရားကျောက်တုံးလိုအပ်ချက်က ထျန်းရွှေထက် ပိုမြင့်တယ်။ နတ်ဘုရားကျောက်တုံးမလုံလောက်ရင် အလယ်ဆင့်အစစ်အမှန်နတ်ဘုရားဖြစ်လို့ မလွယ်ဘူး။ ဒါ နတ်ဘုရားကျောက်တုံးတစ်ဆယ်ထရီလီယံ၊ ယူလိုက်"
သူက နတ်ဘုရားကျောက်တုံးတစ်ဆယ်ထရီလီယံကို တစ်ချက်တည်း ယူထုတ်လိုက်တယ်၊ ဒါက အရှေ့နေဂိုဏ်းအတွက် သေးငယ်တဲ့ပမာဏတစ်ခုမဟုတ်ပါဘူး။
ဒါပေမယ့် အရာအားလုံးက ထိုက်တန်ပါတယ်။ သူက ဒီနတ်ဘုရားကျောက်တုံးတွေကိုတောင် မပေးချင်ရင် တစ်ဖက်လူကို အရှေ့နေဂိုဏ်းကို သတိရဖို့ ဘယ်လိုလုပ်မေးလို့ရမှာလဲ။
"ကျေးဇူးတင်ပါတယ်၊ ထိုက်ရှန့်အကြီးအကဲ" လီဖူချန်းက မငြင်းပါဘူး၊ သူက မငြင်းပယ်သင့်ဘူးဆိုတာ သူ သိတယ်။
နတ်ဘုရားကျောက်တုံးတွေပေးပြီးနောက် တုန်းယန်ဟောင်ရီက ပြောလိုက်တယ်"တစ်ခုပဲ တောင်းဆိုချင်တယ်။ မင်းမှာ စွမ်းရည်မရှိရင် ထားလိုက်ပေါ့။ မင်းမှာ စွမ်းရည်ရှိလာရင်တော့ အရှေ့နေဂိုဏ်းကို ထောက်ပံ့ပေးပါ"
"စိတ်အေးအေးထားပါ အကြီးအကဲနဲ့ဂိုဏ်းခေါင်းဆောင်။ အနာဂတ်မှာ ထျန်းရွှေမှာ စွမ်းရည်ရှိလာရင် အရှေ့နေဂိုဏ်းကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး"
လီဖူချန်းက မပြောဘူး၊ ခေါင်းပဲ ညိတ်လိုက်တယ်။
အချို့ကတိတွေက ပြောစရာမလိုပါဘူး။
ကုန်သည်သင်္ဘောက တောက်ပနတ်ဘုရားကမ္ဘာမှာ ရက်အနည်းငယ် နေလိမ့်မယ်။ လီဖူချန်းက ဒီအချိန်ကို အကျိုးရှိရှိအသုံးချကာ ချော်ရည်ချောက်ရဲ့မီးတာအိုမျဉ်းတွေကို နားလည်နေခဲ့တယ်။
အုန်း......
ချော်ရည်အရှင်က လွင့်ထွက်သွားပြီး ချော်ရည်ကန်ထဲသို့ ကျသွားတယ်။
သူက ဆက်မတိုက်ခိုက်တော့ဘူး။ ချော်ရည်အရှင်က ဉာဏ်အရမ်းမကောင်းပေမယ့် သူက ရန်သူကို ဆက်လက်မရင်ဆိုင်နိုင်တော့ဘူးဆိုတာ နားလည်တယ်။
တစ်ဖက်လူက ဘာလို့ ဒီလောက် လျင်မြန်စွာ ပြောင်းလဲလာရသလဲကိုတော့ သူ နားမလည်ပါဘူး။
"ဒိီစီနီယာမှာ ဘယ်လိုနယ်ပယ်မျိုးရှိတာ ငါ မသိဘူး။ သူက မျဉ်းအချို့ကို ကြုံသလို ချန်ထားခဲ့တာတောင် အခုထိ ငါက အပြည့်အဝနားမလည်နိုင်သေးဘူး" လီဖူချန်းရဲ့မျက်လုံးတွေက အံ့ဩမှုတွေ ပြည့်နေလျက်ပါပဲ။
အစစ်အမှန်နတ်ဘုရားဖြစ်လာပြီးနောက် သူ့စိတ်ဝိညာဉ်ရဲ့ရှစ်ဆယ်ရာခိုင်နှုန်းက အဝါရောင်ဖျော့ဖျော့ဖြစ်လာပြီး သူ့ရဲ့ထိုးထွင်းသိမြင်မှုကလဲ တိုးတက်လာတယ်။
ဒါပေမယ့် ရရှိတာတွေက ပိုကြီးတယ်၊ အနည်းဆုံး သူ့ရဲ့မီးတာအိုက အလယ်ဆင့်အစစ်အမှန်နတ်ဘုရားစဦးအခြေအနေမှ အလယ်ဆင့်အစစ်အမှန်နတ်ဘုရားပျမ်းမျှအခြေအနေအထိ မြင့်တက်လာခဲ့တယ်။
ဒိီလိုတိုးတက်မှုနှုန်းက ကြောက်စရာကောင်းတယ်။
"အနက်ရောင်သံအဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေရဲ့သက်ရောက်မှုကို အရင်ကြည့်ရအောင်"
နတ်ဘုရားစိတ်ဝိညာဉ်ကို စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ထိ အရင်ဆုံးမြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ယူထုတ်လျက် လီဖူချန်းက စိတ်ဝိညာဉ်ကျောက်တုံးထဲရှိရောနှောနေတဲ့စိတ်ဝိညာဉ်စွမ်းအားကို စတင်စုပ်ယူခဲ့တယ်။
တစ်၊နှစ်၊ သုံး.....
ရွှေရောင်အဆောင်ရဲ့သန့်စင်ခြင်းအရှိန်က မြန်တာကြောင့် လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားစုပ်ယူခြင်းက အလွန်မြန်တယ်။ တစ်ခဏကြာပြီးနောက် သူက စိတ်ဝိညာဉ်ကျောက်တုံးငါးတုံးရဲ့စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူခဲ့တယ်။
"ကိုးဆယ်ရာခိုင်နှုန်းက အဝါရောင်ဖျော့ဖျော့ဖြစ်သွားပြီ"
လီဖူချန်းက ဆက်လက်စုပ်ယူနေခဲ့တယ်။
ခြောက်၊ ခုနှစ်၊ ရှစ်......
ရှစ်ဆယ်ကနေ ကိုးဆယ်ရာခိုင်နှုန်းအထိ လီဖူချန်းက စိတ်ဝိညာဉ်ကျောက်တုံးငါးတုံးကို သုံးစွဲခဲ့တယ်။
ကိုးဆယ်မှကိုးဆယ့်ငါးရာခိုင်နှုန်းအထိ စိတ်ဝိညာဉ်ကျောက်တုံးရှစ်တုံးကို သုံးစွဲခဲ့တယ်။
ကိုးဆယ့်ငါးမှ ကိုးဆယ့်ခုနှစ်၊ ဆယ့်သုံး။
ကိုးဆယ့်ခုနှစ်မှ ကိုးဆယ့်ရှစ်၊နှစ်ဆယ့်တစ်။
ကိုးဆယ့်ရှစ်မှ ကိုးဆယ့်ကိုး၊ သုံးဆယ့်ငါး။
နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ပြောင်းလဲတာက လီဖူချန်းထင်တာထက် ပိုခက်ခဲတယ်။
ကံကောင်းစွာနဲ့ လီဖူချန်းမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ အလုံအလောက်ရှိနေခဲ့တာပဲ။
သူ့ရဲ့ကြယ်လေးလုံးအဆင့်မြင့်အရည်အသွေးကြောင့် ပျံသန်းလင်းယုန်ကုန်သွယ်ရေးခန်းမမှာ ပစ္စည်းတွေကိုဝယ်ရာမှာအသုံးပြုခဲ့တဲ့နတ်ဘုရားကျောက်တုံးအားလုံးကို ပြန်ရခဲ့တယ်လေ၊ ကုန်ကျစရိတ်က ဆယ်ထရီလီယံကို မကျော်သရွေ့ သူက ပေးချေစရာမလိုဘူးလို့ သူတို့က ပြောခဲ့တယ်။
"နည်းနည်းပဲ လိုတော့တယ်"
စိတ်ဝိညာဉ်ကျောက်တုံးခြောက်ဆယ်ကို အသုံးပြုပြီးနောက် လီဖူချန်းရဲ့စိတ်ဝိညာဉ်ကိုးဆယ်ရာခိုင်နှုန်းက အဝါရောင်ဖျော့ဖျော့ဖြစ်လာတယ်။
ထိုအချိန်မှာ လီဖူချန်းရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲမှာ လေက လိမ့်တက်လာနေပြီး အဆုံးမဲ့အဝါရောင်ဖျော့ဖျော့လျှပ်စီးတွေက မွေးဖွားလာနေတယ်။
"တစ်ဆယ်ရာခိုင်နှုန်းပဲ"
အချိန်ဘယ်လောက်ကြာသလဲကို မသိဘူး၊ လီဖူချန်းရဲ့စိတ်ဝိညာဉ်က နောက်ဆုံးမှာ အဝါရောင်ဖျော့ဖျော့အဖြစ် လုံးဝပြောင်းလဲခဲ့တယ်။
သန့်စင်ပြီးချို့ယွင်းချက်ကင်းတဲ့အဝါရောင်ဖျော့ဖျော့စိတ်ဝိညာဉ်တစ်ခု၊ ဆန်းကြယ်တယ်၊ အားကောင်းတယ်၊ အိမ်မက်ဆန်တယ်၊ လှပတယ်။
အုန်း......
စိတ်ဝိညာဉ်ပင်လယ်အထက်မှာ အဝါရောင်ဖျော့ဖျော့လျှပ်စီးတစ်ခုက ရိုက်ခတ်ချလာတယ်၊ ထို့နောက် စိတ်ဝိညာဉ်ပင်လယ်တစ်ခုလုံးက ရုန်းရင်းဆန်ခတ်ဖြစ်လာပြီး အဝါရောင်ဖျော့ဖျော့လျှပ်စီးတွေက အတူတကွ ချိတ်ဆက်ပြီး လျှပ်စီးမုန်တိုင်းတစ်ခုဖြစ်လာကာ လီဖူချန်းရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲမှာ ပြည့်သွားတယ်။ စိတ်ဝိညာဉ်ပင်လယ်ရဲ့ဖွဲ့စည်းပုံနဲ့စိတ်ဝိညာဉ်ပင်လယ်ရဲ့သန့်စင်မှုက လျင်မြန်စွာ ပြောင်းလဲလာနေတယ်။
အချိန်တစ်ခုကြာမှာ လီဖူချန်းက မျက်လုံးတွေ ဖွင့်လိုက်တယ်။
ဒါက ဘယ်လိုမျက်လုံးတွေလဲ။
ဒိီမျက်လုံးတွေက ပုံရိပ်ယောင်တွေ၊ စိတ်ဝိညာဉ်တွေအားလုံးကို ဖြတ်မြင်နိုင်ပုံရတယ်။
ဒီမျက်လုံးတွေမှာ ကြောက်စရာကောင်းတဲ့စိတ်တန်ခိုးစွမ်းအားပါဝင်တယ်။ ဒီမျက်လုံးတွေရဲ့အရှေ့မှာ သာမန်အစစ်အမှန်နတ်ဘုရားတွေက သူတို့ရဲ့တိုက်ခိုက်ချင်စိတ်ကိုတောင် မနိုးထစေနိုင်လောက်ဘူး။
"စိတ်ဝိညာဉ်က စိတ်ဝိညာဉ်နတ်ဘုရားအဆင့်ကို နောက်ဆုံးတော့ ရောက်ရှိလာပြီးပေါ့"
အနက်ရောင်သံအဆင့်စိတ်ဝိညာဉ်ကျောက်တုံးနှစ်ရာကို အသုံးပြုပြီးနောက် လီဖူချန်းရဲ့စိတ်ဝိညာဉ်က နောက်ဆုံးမှာ ပြောင်းလဲလာခဲ့တယ်။
"အနက်ရောင်သံစိတ်ဝိညာဉ်ကျောက်တုံးက အသုံးဝင်သေးသလားကိုတော့ မသိဘူး"
လီဖူချန်းက စိတ်ဝိညာဉ်ကျောက်တုံးထဲရှိ စိတ်ဝိညာဉ်စွမ်းအားကို ဆက်လက်စုပ်ယူခဲ့တယ်။
တစ်အောင့်လောက်ကြာတော့။
"မဟုတ်ဘူး၊ သက်ရောက်မှုနည်းနည်းပဲ ရှိတယ်။ မင်းက မင်းရဲ့စိတ်ဝိညာဉ်ကို ဆက်လက်တိုးတက်စေချင်ရင် မင်းမှာ အနက်ရောင်သံအဆင့်စိတ်ဝိညာဉ်ကျောက်တုံးမရှိရင် ဒါမှမဟုတ် အဆင့်ပိုမြင့်တဲ့ကြေးညိုကျောက်တုံးမရှိရင် မင်းရဲ့စိတ်ဝိညာဉ်ကို တိုးတက်ဖို့ မလွယ်ကူဘူး"
ကုန်သည်သင်္ဘောမှာ ကြေးညိုအဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေ မရှိဘူး။ နားလေးဖက်ဆိုင်ရှင်အရ ကြေးညိုအဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေက အလွန်ရှားတယ်၊ သူတို့ကို မြေအောက်မှာပဲ တွေ့နိုင်ပြီး ရှာတွေ့ဖို့က အလွန်ခက်တယ်။ ပြီးတော့ စိတ်ဝိညာဉ်ကြယ်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအားက သာမန်လူတွေ ခံနိုင်တဲ့အရာမဟုတ်ဘူး၊ မြေအောက်အနက်ပိုင်းသို့ ပိုသွားလေလေ၊ စိတ်ဝိညာဉ်စွမ်းအားရဲ့ဖိနှိပ်မှုက ပိုတိုးလာလေပဲ။
စိတ်ဝိညာဉ်ကျောက်တုံးကို သိမ်းပြီးနောက် လီဖူချန်းက ကျောက်တုံးနံရံတွေပေါ်ရှိ မီးတာအိုဥပဒေသတွေကို ဆက်လက်နားလည်စေခဲ့တယ်။ သူ့ရဲ့စိတ်ဝိညာဉ်ပြောင်းလဲသွားပြီးနောက် သူ့ရဲ့ထိုးထွင်းသိမြင်မှုက ဘယ်လိုဖြစ်လာမလဲဆိုတာ သူက မြင်ချင်ခဲ့တယ်။