← Chapters

အခန်း (၂၉၇-၂၉၈)

Vol. 30 Ch. 297-298

အခန်း (၂၉၇-၂၉၈)

Vol. 30 Ch. 297-298

အခန်း ၂၉၇- ခေတ်တွေပြောင်းသွားပြီ။

၎င်း၏ အရွယ်အစားကြောင့်ပင် ဖြစ်နိုင်သည်။ လိပ်နက်ကြီး းသည် အလွန်မြန်ဆန်သော အရှိန်ဖြင့် အစာစားသည်။ ဆယ်မိနစ်ခန့်အကြာတွင်ပင် ၎င်းသည် အောက်ခြေရှိ ဤဂူထဲသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာသည်။

“လူသား... ဘယ်လိုလဲ။”

၎င်း ဝင်လာသည်နှင့်တစ်ပြိုင်နက် မြွေနက်ကြီးဘေးတွင် ရပ်နေသော လုပေါင်ကို မေးလိုက်သည်။

“ကျွန်တော် နည်းလမ်းတစ်ခု စဉ်းစားနေတယ်။ ဒါပေမဲ့ လောလောဆယ်တော့ အဖြေမထွက်သေးဘူး။”

လုပေါင်က စဉ်းစားခန်းဝင်နေသော အမူအရာ ဖမ်းလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ လုပေါင်၏ စကားကို ကြားသောအခါ လိပ်နက်ကြီး၏ မျက်လုံးထဲတွင် ဖုံးကွယ်မရသော စိတ်ပျက်ရိပ်များ လက်ခနဲ ပေါ်သွားသည်။

၎င်းသည် မြေပြင်ပေါ်တွင် ညင်သာစွာ လဲလျောင်းလိုက်ပြီးနောက် ပါးစပ်ကို အနည်းငယ် ဟလိုက်သည်။ ထိုခဏမှာပင် ၎င်း၏ ပါးစပ်ထဲမှ ထူးဆန်းသော အဝါရောင် အရှိန်အဝါ တစ်ခု ထွက်ပေါ်လာပြီး မြွေနက်ကြီးဆီသို့ လွင့်မျောသွားသည်။ ဘေးတွင် ရပ်နေသော လုပေါင်မှာ ထိုအရှိန်အဝါ အနည်းငယ်နှင့် ထိတွေ့မိရုံဖြင့်ပင် စိတ်ဓာတ်များ တက်ကြွလာသလို ခံစားလိုက်ရသည်။ ဤထူးဆန်းသော အဝါရောင် အရှိန်အဝါမှာ သူ၏ ကျင့်စဉ်တိုးတက်မှုအတွက် အလွန်ပင် အကျိုးရှိကြောင်း သူ ခံစားသိရှိလိုက်သည်။

အခြားတစ်ဖက်တွင်မူ မြွေနက်ကြီးမှာ မည်သည့် တုံ့ပြန်မှုမျှ မရှိသေးဘဲ လိပ်နက်ကြီး မှုတ်ထုတ်လိုက်သော အရှိန်အဝါကိုသာ တုံ့ပြန်မှုမရှိဘဲ စုပ်ယူနေသည်။ လက်ရှိ အခြေအနေကို ကြည့်ရလျှင် ဤမြွေနက်ကြီးမှာ သိပ်ကြာကြာ ခံနိုင်တော့မည် မဟုတ်ကြောင်း လုပေါင် ခန့်မှန်းလိုက်မိသည်။

မကြာမီ ထိုအရှိန်အဝါများ ကုန်ဆုံးသွားသောအခါ လိပ်နက်ကြီးက သက်ပြင်းတစ်ချက်ချကာ တီးတိုး ရေရွတ်လိုက်သည်။

“နှမြောစရာပဲ အချိန်တွေ အများကြီး ကုန်ဆုံးသွားပြီ၊ လူသားတွေက ငါတို့ကို မေ့ကုန်ကြပြီပဲ...”

“ခင်ဗျားတို့ကို မေ့သွားတာလား။”

ထိုလေသံကို ကြားသောအခါ လုပေါင်က နားမလည်သလို မေးလိုက်သည်။

‘မြွေနက်ကြီးကသေအံ့ဆဲဆဲ ဖြစ်နေတာကို လိပ်နက်ကြီးက ဘာလို့ ဒါတွေကို ပြောနေရတာလဲ။’

လိပ်နက်ကြီးက ခေါင်းခါလိုက်ပြီးနောက် ညင်သာစွာ ပြောသည်။

“မင်းမှာလည်း နည်းလမ်းမရှိတော့ရင် မြွေနက်ကြီးကို ကယ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ယုံကြည်မှုစွမ်းအား ပဲ။ ကံဆိုးတာက ဘယ်သူမှ ငါတို့ကို မမှတ်မိတော့ဘူး။”

“’ယုံကြည်မှုစွမ်းအား...ဟုတ်လား။”

လုပေါင် မျက်တောင်ခတ်လိုက်သော်လည်း သေချာ နားမလည်သေးပေ။ လိပ်နက်ကြီးက ခေါင်းညိတ်ပြကာ ရှင်းပြလာသည်။

သူတို့ကဲ့သို့ သတ္တဝါများအတွက် လူသားတို့၏ ဆုတောင်းမှုများ ဦးချကန်တော့မှုများမှတစ်ဆင့် သေးငယ်သော စွမ်းအင် အစအနလေးများ ထွက်ပေါ်လာတတ်သည်။ ထိုစွမ်းအင်မှာ သေးငယ်သော်လည်း လူအများအပြားက ကိုးကွယ်ဆုတောင်းကြမည် ဆိုပါက အလွန် ပြင်းထန်သော အင်အားတစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင် ရှေးခေတ်ကာလများက နတ်ဘုရားဟု အမည်ခံသူများနှင့် သားရဲကြီးများမှာ ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် ထွက်လာခဲ့ကြခြင်း ဖြစ်သည်။ အချို့မှာ စိတ်ရင်းဖြင့် ကောင်းမြတ်ကြသော်လည်း အများစုမှာမူ ထိုစွမ်းအင်ကို လိုချင်တပ်မက်သောကြောင့် ပြုလုပ်ကြခြင်း ဖြစ်သည်။

“အင်း... အကယ်၍ မြွေနက်ကြီးသာ သေဆုံးသွားရင် ငါ့ရဲ့ အသက်ကလည်း သိပ်ကြာကြာ ခံတော့မှာ မဟုတ်ဘူး ထင်တယ်...”

ထိုသို့ ပြောပြီးနောက် လိပ်နက်ကြီးသည် သက်ပြင်းချကာ ၎င်း၏ ဧရာမ ဦးခေါင်းကြီးကို ခါယမ်းလိုက်သည်။ ၎င်းမှာ အစာ ဆက်စားရန် အပေါ်သို့ ပြန်တက်သွားတော့မည့်ပုံ ပေါ်နေသည်။

သို့သော် ထိုအခိုက်တွင် လုပေါင်က လက်လှမ်းကာ မြွေလိပ်နက်ကြီးကို တားလိုက်သည်။

“တစ်နည်းအားဖြင့် ပြောရရင် လူအများကြီးက သူ့အတွက် ဆုတောင်းပေးရင် သူ ပြန်ကောင်းလာနိုင်တယ် အဲဒီလို ပြောချင်တာ မဟုတ်လား။”

လုပေါင်က နားမလည်ဖြစ်နေသော လိပ်နက်ကြီးကို ကြည့်ကာ ကျယ်လောင်စွာ မေးလိုက်သည်။ မြွေလိပ်နက်ကြီးက ခေါင်းညိတ်ပြပြီး သက်ပြင်းချကာ ပြောသည်။

“မင်း စေတနာကောင်းတာကို ငါသိပါတယ်။ ဒါပေမဲ့ ဒါမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

မြွေနက်ကြီး၏ ဒဏ်ရာမျိုးကို ကုသရန်အတွက် အနည်းဆုံး လူသောင်းနှင့်ချီ၊ သို့မဟုတ် သိန်းနှင့်ချီသော ဆုတောင်းမှုများ လိုအပ်သည်။ ရှေးခေတ် ဧကရာဇ် မိသားစုများပင်လျှင် အမိန့်ထုတ်ပြန်ခဲ့ပါက ဤမျှ တိုတောင်းသော အချိန်အတွင်း ဤမျှ လူအများအပြားကို စုစည်းရန် မဖြစ်နိုင်ပေ။

သို့သော် လုပေါင်က မည်သူနည်း။ယခုအချိန်တွင် သူ့ကို ကမ္ဘာ့နံပါတ်တစ် Streamer ဟုခေါ်လျှင်ပင် လွန်အံ့မထင်။

“အစ်ကိုကြီးလိပ်နက်... ခေတ်တွေပြောင်းသွားပါပြီ။ ဒါကို တကယ် လုပ်လို့ရတယ်ဗျ။”

လုပေါင် စိတ်ဝင်စားသွားပြီ ဖြစ်သည်။ ဤနည်းလမ်းက တကယ် အလုပ်လုပ် မလုပ် သူကိုယ်တိုင် စမ်းကြည့်ချင်နေသည်။လိပ်နက်ကြီးက လုပေါင်ကို နားမလည်သလို ကြည့်နေသည်။

မြွေနက်ကြီးကို ကုသရန် ယုံကြည်မှု ရှိသွားသည့်နောက် လုပေါင်၏ အသံမှာ ပိုမို ကျယ်လောင်လာသည်။ သူသည် မြွေလိပ်နက်ကြီး၏ ခြေထောက်ကို ပုတ်ကာ ရှင်းလင်းစွာ ပြောလိုက်သည်။

“ခဏနေရင် ကျွန်တော်နဲ့ ပူးပေါင်းပေးနော်ဟုတ်ပြီလား ကျွန်တော် ပြောခိုင်းတဲ့အခါကျရင် ခင်ဗျားက ဒီလိုလေး ပြောလိုက်...”

ထိုအခိုက်တွင် ဂူအောက်ခြေ၌ လုပေါင်သည် လိပ်နက်ကြီးကို ပြောရမည့် စကားလုံးများကို သေသေချာချာ သင်ကြားပေးနေတော့သည်။ လိပ်နက်ကြီးသည် ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း မြွေနက်ကြီးကို ကယ်တင်ရန်အတွက် ရိုသေစွာဖြင့် အလွတ်ကျက်နေတော့သည်။

ဝေးကွာလှသော ရေတပ် သင်္ဘောကြီးပေါ်တွင်။

ချန်ချုံရှန်းနှင့် စစ်ဘက်အရာရှိများမှာ အလွန် တည်ကြည်သော မျက်နှာများ ရှိနေကြသည်။ လုပေါင် ပင်လယ်အောက်သို့ ဆင်းသွားသည်မှာ နှစ်နာရီခန့် ရှိပြီ ဖြစ်သည်။ ပင်လယ်ရေပြင်တွင် မည်သည့် ထူးခြားမှုမျှ မရှိသေးဘဲ ထိုအတောအတွင်း ငလျင်ပင် တစ်ကြိမ် လှုပ်ခဲ့သေးသည်။

“ကျွန်တော်တို့ ဆရာကြီးလုကို ဒီလို အန္တရာယ်များတဲ့ ကိစ္စထဲကို အလျင်စလို မလွှတ်လိုက်သင့်ဘူး။ အခု နှစ်နာရီတောင် ရှိပြီ။ သံနဲ့ လုပ်ထားတဲ့ အဆုတ်ရှိရင်တောင် အပေါ်တက်ပြီး လေရှူရမှာပဲ။ သူကတော့...”

စစ်ဘက်အရာရှိ တစ်ဦးက နောင်တရိပ်များဖြင့် တိုးတိုးလေး ပြောလိုက်သည်။

“သူ အဆင်ပြေမှာပါ။ ငါ သူ့ကို အကြိမ်ကြိမ် တွေ့ဖူးတယ် သူက ဒီလောက် လွယ်လွယ်နဲ့ ပြဿနာတက်မယ့်သူ မဟုတ်ဘူး...”

ချန်ချုံရှန်းက ခေါင်းခါရင်း တိုးတိုးလေး ပြန်ဖြေလိုက်သော်လည်း သူ၏ လေသံမှာလည်း ယုံကြည်မှု လျော့နည်းလာနေပြီ ဖြစ်သည်။

သူတို့သည် ရေငုပ်သင်္ဘော လွှတ်၍ ကယ်ဆယ်ရေး လုပ်ချင်သော်လည်း စက်ပစ္စည်းများမှာ အနားကပ်သည်နှင့် ပျက်ကုန်ကြသည်။ ယခုအခါ ထိုဂူအနီးတွင် ရေငုပ်သင်္ဘော ၆ စင်းခန့် နစ်မြုပ်သွားပြီ ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် ဆရာကြီးလုသာ ပြန်မလာရင် ဒါဟာ ငါတို့ရဲ့ ဆုံးဖြတ်ချက် အမှားပဲ။ သူ့အတွက် အမြင့်ဆုံး အဆင့်အတန်းရှိတဲ့ ဈာပနတစ်ခု ပြင်ဆင်ထားလိုက်ပါ...”

လုပေါင်ကို တွေ့ဖူးသော စစ်ဦးစီးချုပ်ကလည်း လေးလံသော လေသံဖြင့် ပြောလိုက်သည်။ သို့သော် ထိုအခိုက်မှာပင် စစ်သားတစ်ဦးမှာ ထိတ်လန့်တကြား ပြေးဝင်လာသည်။

“ဘာဖြစ်တာလဲ။”

သူ့ပုံစံကို မြင်သည်နှင့် ချန်ချုံရှန်း၏ ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားပြီး အထပ်ထပ် မေးလိုက်သည်။ သူ၏ အမူအရာမှာ စိုးရိမ်လွန်းသဖြင့် အလွန် ကြောက်စရာ ကောင်းနေသည်ကို သူကိုယ်တိုင်ပင် သတိမထားမိပေ။ စစ်သားမှာ သူ့ကို ထိုသို့သော ပုံစံဖြင့် ပထမဆုံး မြင်ဖူးခြင်း ဖြစ်ရာ ခေတ္တ မှင်သက်သွားပြီးမှ။

“ဆရာကြီးလု... ဆရာကြီးလုက...”

“သူ ဘာဖြစ်လို့လဲ? မြန်မြန်ပြော။”

လုပေါင်၏ သတင်းမှန်း သိလိုက်ရသဖြင့် ချန်ချုံဆန်းမှာ ပို၍ စိုးရိမ်သွားသည်။ ထိုသို့ အော်ဟစ်ခံလိုက်ရသဖြင့် စစ်သားမှာ စကားများ ပျောက်ဆုံးသွားပြီး ခေတ္တ တုံ့ဆိုင်းနေကာ သူ၏ဖုန်းကို စခရင်ကြီးနှင့် ချိတ်ဆက်လိုက်ရုံသာ တတ်နိုင်တော့သည်။

ထို့နောက် စခရင်မှာ လင်းလက်လာပြီး လုပေါင်၏ Live Room ပေါ်လာတော့သည်။ လုပေါင်သည် ကင်မရာရှေ့တွင် ပြုံးရွှင်သော မျက်နှာဖြင့် ရပ်နေသည်ကို တွေ့ရသည်။ သူ၏ နောက်တွင် အလွန်ထူထဲသော ကျောက်တိုင်ကြီး နှစ်တိုင် ရှိနေသည်။ လုပေါင်၏ ဈာပနအကြောင်း ဆွေးနွေးနေကြသော လူတစ်စုမှာ မှင်သက်သွားကြတော့သည်။

‘သူတို့ကဒီမှာ စိုးရိမ်နေကြတာကိုဒီကောင်က အသက်ရှင်လျက်နဲ့ အကောင်းကြီး ရှိနေတာလား။’

“သူက... ရေအောက်မှာ အသက်ရှူစရာ မလိုဘူးလား။”

စစ်ဘက်အရာရှိက ပါးစပ်အဟောင်းသားဖြင့် စခရင်ကို ကြည့်လိုက်သည်။ လုပေါင်မှာ ရေအောက်မှာ ရှိနေသည်မှာ သိသာလှသည်။

“နေဦး... သူ့နောက်က ကျောက်တိုင်တွေ မဟုတ်ဘူး။ အဲဒါတွေက သတ္တဝါ တစ်ကောင်ရဲ့ ခြေထောက်တွေနဲ့ တူတယ်။”

ထိုစဉ် ချန်ချုံရှန်း အံ့သြစွာ ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ လူတိုင်း နားမလည်သလို ကြည့်လိုက်ကြရာ လုပေါင်၏ နောက်မှ ကျောက်တိုင်ကြီးများပေါ်တွင် အကြေးခွံများ ပါရှိနေသည်ကို သတိထားမိသွားကြသည်။

“မိသားစုဝင်တို့ရေ... ကျွန်တော် ပြောခဲ့တာ မှတ်မိကြသေးလား။ ကျွန်တော် Live လွှင့်ရင် သေချာပေါက် ပွဲကြီးပွဲကောင်း ဖြစ်စေရမယ်ဆိုတာလေ။”

ထိုအခိုက်တွင် လုပေါင်က ကင်မရာကို ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

“ကဲ... အားလုံးကို ဒဏ္ဍာရီလာ နတ်ဘုရားသတ္တဝါ လိပ်နက် နဲ့ မိတ်ဆက်ပေးပါရစေ။”

ပြောပြောဆိုဆိုနှင့် လုပေါင်က လက်ဝှေ့ယမ်းလိုက်ရာ ကင်မရာမှာ ချက်ချင်းပင် အဝေးသို့ ဆွဲထုတ်လိုက်သဖြင့် ဂူ၏ အခြားတစ်ဖက်ကို မြင်လိုက်ရသည်။ ကင်မရာထဲတွင် ဧရာမ လိပ်နက်ကြီးနှင့် မလှမ်းမကမ်းတွင် လဲလျောင်းနေသော မြွေနက်ကြီးကို တွေ့လိုက်ရတော့သည်။

အခန်း ၂၉၈- နောက်တစ်ခါ လိုင်းကျသွားပြန်ပြီလား။

ယခုမြင်ကွင်းတွင် ဂူတစ်ခုအတွင်း၌ လိပ်ကြီးတစ်ကောင်နှင့် မြွေကြီးတစ်ကောင် လဲလျောင်းနေသည့်ပုံစံသာ ဖြစ်သည်။ သို့သော် လုပေါင်နှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါတွင်မူ အခြေအနေမှာ လုံးဝ ကွဲပြားသွားတော့သည်။

လုပေါင်မှာ အလွန်အမင်း အရပ်မရှည်သော်လည်း ၅ ပေ ၁၁ လက်မခန့်ရှိသည်။ သို့သော် ဤမြင်ကွင်းထဲတွင်မူ သူသည် သေးငယ်သော ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ဤနှိုင်းယှဉ်ချက်အရ ကြည့်ရှုသူအားလုံးမှာ လိပ်နက်နှင့် မြွေနက်ကြီး တို့၏ အရွယ်အစားကို အကြမ်းဖျင်း ခန့်မှန်းမိသွားကြသည်။

“အမလေး... ဒီကောင်ကြီးရဲ့ ကိုယ်ထည်က အနည်းဆုံး မီတာ ရာဂဏန်း ဒါမှမဟုတ် ထောင်ဂဏန်းလောက် ရှိမှာပဲ။”

“ဘာ ဒီကောင်ကြီးလဲဟ ဒါ နတ်ဘုရားသတ္တဝါ လိပ်နက်ကွ သိရဲ့လား။”

“ဘုရားရေ... ရတနာနတ်ဘုရားကတော့ တကယ်ကို အံ့သြစရာပဲလိပ်နက်ကိုတောင် သူ ရှာတွေ့အောင် ရှာနိုင်တာလား...”

ရုတ်တရက်ပင် မှတ်ချက်များမှာ စံချိန်တင်အောင် တက်လာတော့သည်။ လုပေါင်၏ ယခင် Live များမှာလည်း အံ့သြစရာကောင်းသော်လည်း လူအများစုမှာ တိတ်တဆိတ်သာ ကြည့်လေ့ရှိကြသည်။ သို့သော် ယခုကဲ့သို့ ဒဏ္ဍာရီလာ နတ်ဘုရားသတ္တဝါကြီး ပေါ်လာသောအခါတွင်မူ မည်သူမှ ငြိမ်မနေနိုင်ကြတော့ပေ။

“အားလုံးပဲ မင်္ဂလာပါ။ ငါက လိပ်နက်ပါ။”

အားလုံး မှင်သက်နေစဉ်မှာပင် ကင်မရာကို တိတ်တဆိတ် စိုက်ကြည့်နေသော လိပ်နက်ကြီးက ပါးစပ်ကို အနည်းငယ် ဟလိုက်သည်။ ၎င်း၏ အသံမှာ ရှေးကျလှသော ခေတ်ကာလများမှ ထွက်ပေါ်လာသည့်အလား ခံစားရစေသည်။

“ဟာ... သူ စကားပြောတယ်ဟ။”

“ငါက ရတနာနတ်ဘုရား လုပ်ထားတဲ့ ရုပ်တုကြီးပဲ ထင်နေတာ ဒါကြီးက တကယ်ကြီးလား။”

“ဘုရား... ဘုရား... လိပ်နက် အစစ်ကြီးပဲ။ အရင်ဆုံး ဆုတောင်းလိုက်ဦးမယ်။”

ခဏအတွင်းမှာပင် မှတ်ချက်များမှာ နှစ်ဆ ထပ်မံ တိုးလာပြန်သည်။ လုပေါင်က မတိုက်တွန်းရသေးခင်မှာပင် လူအများအပြားမှာ မြွေလိပ်နက်ကြီးထံ ဆုတောင်းနေကြပြီ ဖြစ်သည်။ မြွေလိပ်နက်ကြီး၏ ခန္ဓာကိုယ်မှာ သိသိသာသာ တုန်ခါသွားပြီး ၎င်း၏ မျက်လုံးထဲတွင် အံ့သြရိပ်များ ပေါ်လာသည်။ လုပေါင် ထုတ်လွှတ်ထားသော ကင်မရာ ကို စကားတစ်ခွန်း ပြောလိုက်ရုံနှင့်ပင် ဤမျှလောက်များပြားသော ယုံကြည်မှုစွမ်းအား များ ဝုန်းခနဲ စီးဝင်လာလိမ့်မည်ဟု ၎င်း မထင်မှတ်ထားခဲ့ပေ။

လုပေါင်က မော့ကြည့်ကာ ခေါင်းညိတ်ပြပြီး။

“ဘယ်လိုလဲ အခုတော့ ကျွန်တော့်ကို ယုံပြီမလား။”

မြွေလိပ်နက်ကြီးကခေါင်းကို အသာအယာ ညိတ်ပြသည်။ ၎င်းသည် လုပေါင်ကို လုံးဝ ယုံကြည်သွားပြီဖြစ်သလို စိတ်ဝင်စားမှုလည်း ရှိလာပြီ ဖြစ်သည်။

“မိသားစုဝင်တို့ရေ... ဒီတစ်ခေါက်မှာတော့ ရတနာနတ်ဘုရားက ခင်ဗျားတို့အတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးဖို့ ကျွန်တော့်ကို ရှာတွေ့ခဲ့တာပါ။”

ယခုအခါ လိပ်နက်ကြီးသည် ကင်မရာကို ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

မြွေလိပ်နက်ကြီး၏ စကားကို ကြားသောအခါ အားလုံး မှင်သက်သွားကြသည်။ ဒါ တကယ်ပဲ မြွေလိပ်နက်ကြီးလား။အသံကိုပဲ နားထောင်ရင်တော့ ပစ္စည်းအရောင်း Streamer တစ်ယောက်ကျနေတာပဲ။

“ဒီလိုပါ... ကျွန်တော့်ရဲ့ ညီအစ်ကို မြွေနက်ကြီးက အခု အိပ်မောကျနေပါတယ်။ သူ အိပ်နေတုန်းမှာ အားလုံးက သူ့ဆီမှာ ဆုတောင်းပေးရုံနဲ့ ခင်ဗျားတို့ရဲ့ ဆန္ဒတွေ ပြည့်ဝပါလိမ့်မယ်။”

လုပေါင် သင်ပေးထားသော စကားများကို လိပ်နက်ကြီးက ကျယ်လောင်စွာ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် လုပေါင်သည် ကင်မရာကို မြွေနက်ကြီးရှိရာသို့ တိုက်ရိုက် ဆွဲယူလိုက်သည်။ ယခုအခါ စခရင်တစ်ခုလုံးတွင် မြွေနက်ကြီးကိုသာ မြင်နေရတော့သည်။

“ရတနာနတ်ဘုရားက ခင်ဗျားတို့ကို မေ့ထားတယ်လို့ မထင်ပါနဲ့။ ဒီနတ်ဘုရားသတ္တဝါရဲ့ ခြေရာကို ရှာဖို့ ကျွန်တော် တော်တော် ကြိုးစားခဲ့ရတာပါ။ ဒီဆုတောင်းက တကယ် ထိရောက်မလားတော့ မသိပေမဲ့ ဒါက နတ်ဘုရားသတ္တဝါ တစ်ကောင် ဖြစ်နေတာဆိုတော့ အားလုံး စမ်းကြည့်သင့်တယ်နော်။”

လုပေါင်က မြွေနက်ကြီးဘေးတွင် ရပ်ကာ ဆွဲဆောင်သော လေသံဖြင့် ပြောလိုက်သည်။

“လိပ်နက်ကြီးက မကြာခင်မှာ ပြန်ပြီး အိပ်စက် တော့မှာဆိုတော့ ဆုတောင်းဖို့ အချိန် သိပ်မရှိဘူးနော်။”

ထိုအတောအတွင်း လုပေါင်သည် သူ၏ ဉာဏ်အလင်းပွင့်မျက်လုံး ကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။ အမှန်ပင်... အရပ်မျက်နှာ အသီးသီးမှ သေးငယ်သော စွမ်းအင်လှိုင်းလေးများမှာ မြွေနက်ကြီးရှိရာသို့ တိတ်တဆိတ် စုစည်းလာနေသည်ကို သူ မြင်လိုက်ရသည်။ မူလက တောင့်တင်းနေသော မြွေနက်ကြီး၏ ခန္ဓာကိုယ်မှာလည်း ယခုအခါ တဖြည်းဖြည်း ပျော့ပျောင်းလာတော့သည်။

“ဟာ... သူတို့ ငါ့ဆီ ဆုတောင်းပေးတာက တကယ်ပဲ အလုပ်ဖြစ်တာလား။”

ဤမြင်ကွင်းကို ကြည့်ရင်း လုပေါင်သည် လိပ်နက်ကြီး၏ ကျောပေါ်သို့ ကူးခတ်တက်လိုက်ပြီး တိုးတက်စွာ မေးလိုက်သည်။

မြွေလိပ်နက်ကြီးက ခေါင်းခါပြရင်း ရှင်းပြသည်။

“ဒါက ငါတို့လို ဝိညာဉ်သတ္တဝါတွေ ဒါမှမဟုတ် နတ်ဘုရားစာရင်း ထဲမှာ အမည်ပါတဲ့ သူတွေမှပဲ လုပ်နိုင်တာပါ။”

“နတ်ဘုရားစာရင်း။ အဲဒါ တကယ်ရှိတာလား။”

လိပ်နက်ကြီးကို တွေ့ရသည်မှာပင် လုပေါင်အတွက် အလွန် အံ့သြစရာ ကောင်းနေပြီ ဖြစ်သော်လည်း နတ်ဘုရားစာရင်း ဆိုသော အမည်ကို ကြားလိုက်ရသောအခါ ပို၍ပင် မှင်သက်သွားရသည်။ သို့သော် မြွေလိပ်နက်ကြီးက။

“ဒါက ဒဏ္ဍာရီတစ်ခုပါပဲ။ငါလည်း သေချာ မသိဘူး။”

လုပေါင်အနည်းငယ် စိတ်ပျက်သွားသည်။

လုပေါင်နှင့် လိပ်နက်ကြီးတို့ စကားပြောနေစဉ်မှာပင် Live Room ထဲရှိ ကြည့်ရှုသူ အရေအတွက်မှာ အဆမတန် တိုးပွားလာနေသည်။ အကယ်၍ ယခင်ကလို ရတနာရှာတာ သို့မဟုတ် ရှုခင်းကြည့်တာမျိုး ဆိုလျှင် လူအများစုမှာ ပြန်လည် ကြည့်ရှုနိုင်သဖြင့် အတင်းအကျပ် ဝင်ကြည့်လေ့ မရှိကြပေ။ သို့သော် ယခုမူ မတူတော့ပေ။ ရတနာနတ်ဘုရား Live လွှင့်နေသည်မှာ နတ်ဘုရားသတ္တဝါကြီး ဖြစ်သည်။

ထို့အပြင် ထိုနတ်ဘုရားသတ္တဝါထံတွင် ဆုတောင်းနိုင်သည်ဟု ကြားလိုက်ရသောအခါ ၎င်းမှာ အသက်ရှင်နေသော နတ်ဘုရား မဟုတ်ပါလား။ အလုပ်ရှုပ်နေသည်ဖြစ်စေ ချစ်သူနှင့် စကားပြောနေသည်ဖြစ်စေ အချိန်လုပြီး Live ကို ဖွင့်ကြည့်ကြတော့သည်။ သာမန်လူများသာမက ချန်ချုံရှန်းနှင့် အခြားသူများမှာလည်း တိတ်တဆိတ် ဆုတောင်းနေကြတော့သည်။

Ocean Live Stream ဌာနချုပ်တွင်။

Ansike ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌ မျက်နှာမှာ တစ်ခုလုံး နီရဲနေပြီ ဖြစ်သည်။

“ဒါက CG အတုပဲ ဖြစ်ရမယ်။ ဒီလူတွေ ရုပ်ရှင်မကြည့်ဖူးကြဘူးလား။ ဒါကို ဘယ်လိုဖြစ်ပြီး ယုံနေကြတာလဲ။”

သူသည် နောက်ခံ အချက်အလက်များကို ကြည့်ရင်း စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

ယခုအခါ လုပေါင်၏ Live Room ထဲမှ ကြည့်ရှုသူ အရေအတွက်မှာ သန်း ၃၀ အထိ ချဉ်းကပ်လာနေပြီ ဖြစ်သည်။ ၎င်းမှာ သူတို့ ဆာဗာများ၏ အမြင့်ဆုံး ခံနိုင်ရည်ပမာဏ ဖြစ်သည်။ ကြည့်ရှုသူများမှာ အလွန်အမင်း တက်ကြွလှုပ်ရှားနေကြသဖြင့် ဆာဗာမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“ပြောစမ်းပါဦး... ဒါက CG လား ဒါမှမဟုတ် အစစ်လား။”

လုလင်းဟွာက သူ၏ သီးသန့်နေရာတွင် ထိုင်ကာ ဘေးမှ လက်ထောက်ကို ပြုံးလျက် မေးလိုက်သည်။ လက်ထောက်က ခေါင်းခါရင်း။

“ကျွန်တော်လည်း မသေချာဘူး။ ဒါပေမဲ့ ကျွန်တော်တော့ ဆုတောင်းလိုက်ပြီ။”

“ဟားဟားဟား... ရတနာနတ်ဘုရားကတော့ တကယ် Live လွှင့်တဲ့ ပါရမီရှင်ပဲ။ အတုပဲ ဖြစ်ဖြစ် ဒီလောက် လူအများကြီးနဲ့ဆိုရင်တော့ ကုန်ကျစရိတ်တွေ အကုန် ပြန်ရတာပေါ့။”

လုလင်းဟွာက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ လုပေါင်ကို ထိုစဉ်က အရဲစွန့်ပြီး စာချုပ်ချုပ်ခဲ့ခြင်းမှာ သူ၏ ဘဝတွင် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဟု ခံစားနေရသည်။

ထိုအချိန်တွင် လိပ်နက်ကြီးသည်လည်း မှင်သက်နေရသည်။ ရှေးခေတ် ၎င်း၏ အရှိန်အဝါ အထွန်းတောက်ဆုံး အချိန်မှာပင် ဆုတောင်းသူမှာ သောင်းဂဏန်းသာ ရှိခဲ့သည်။ ၎င်းမှာ အရပ်လေးမျက်နှာ နတ်ဘုရား လေးပါးထဲမှ တစ်ပါးသာ ဖြစ်သဖြင့် ဆုတောင်းစာများမှာ ခွဲဝေသွားတတ်သည်။ သို့သော် ယခု Live Room ထဲရှိ သန်းနှင့်ချီသော လူများမှာ ၎င်းကို အလေးအနက် ဆုတောင်းနေကြခြင်း ဖြစ်သည်။ ကြီးကျယ်သော အခမ်းအနားများ မရှိသော်လည်း ဤလူဦးရေမှာပင် ယုံကြည်မှုစွမ်းအားကို အဆပေါင်းများစွာ တိုးပွားစေရန် လုံလောက်လှသည်။

ယခုအခါ အိပ်မောကျနေသော မြွေနက်ကြီး၏ ခန္ဓာကိုယ်မှာ လှုပ်ရှားလာသည်။ ထို့နောက် ရှေးခေတ် ပန်းချီကားများထဲကအတိုင်း မြွေနက်ကြီးသည် လိပ်နက်ကြီး၏ ကိုယ်ပေါ်တွင် သဘာဝအတိုင်း ရစ်ပတ်လိုက်တော့သည်။ မြွေမျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာသောအခါ ပင်လယ်ရေပြင်မှာ ရပ်တန့်သွားသကဲ့သို့ လုပေါင် ခံစားလိုက်ရသည်။ စခရင်နောက်မှ ကြည့်ရှုသူများလည်း ဤမြင်ကွင်းကို ကြည့်ကာ မှင်သက်ကုန်ကြသည်။

“တောက်... နောက်တစ်ခါ လိုင်းကျသွားပြန်ပြီလား။”

သို့သော် လုပေါင်က မြွေလိပ်နက်ကြီး၏ ဦးခေါင်းပေါ်တွင် ရပ်ကာ စတိုင်ကျကျ အနီးကပ်ပြရန် ပြင်လိုက်ချိန်မှာပင် Live မှာ ထပ်မံ ပြတ်တောက်သွားတော့သည်။ ဤ Live တစ်ခုတည်းဖြင့်ပင် သူ၏ Follower အရေအတွက်မှာ သန်း ၂၀ နီးပါးအထိ နှစ်ဆ တိုးသွားတော့သည်။ Live သို့မဟုတ် သတင်း လုံးဝမကြည့်သော သက်ကြီးရွယ်အိုများပင်လျှင် နတ်ဘုရားသတ္တဝါများနှင့် ဆက်သွယ်နိုင်သော နတ်လူသားလုပေါင်ကို Follow လုပ်ရန် နည်းလမ်းရှာနေကြတော့သည်။

All Chapters