← Chapters

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အပိုင်း (၁၈၁) ဝံပုလွေတစ်အုပ်

သည်ခရီးသည် အမဲလိုက်ခြင်းအတွက်မဟုတ်ဘဲ တောဟင်းရွက်များ အဓိကစုဆောင်းဖို့ရန်ဖြစ်လေသည်။ တောကြီးမျက်မည်းထဲတွင် သတ္တဝါများက များပြားလှပြီး အမဲကောင်ငယ်လေးများကို လမ်းတစ်လျှောက်တွင် အလွယ်တကူ အမဲလိုက်နိုင်သည်။ ကြောက်စရာကောင်းသည့် သားရိုင်းတိရိစ္ဆာန်များကလဲ သဘာဝအလျှောက် သူတို့ဟာသူတို့ ရှိနေကြသည်။ ထိုသားကောင်များထံမှ ကာကွယ်ရန်လိုအပ်သည့် ကျွမ်းကျင်သည့် ပစ်ချက်များနှင့် ကြောက်စရာကောင်းသည့် ထိပ်တိုက်တွေ့ဆုံချင်းများလဲ ဖြစ်နိုင်သည်။

မလေ့လာရသေးသည့် တောင်ထွတ်အခြေအနေများနှင့် ဝိုင်းရံထားခံရပြီး သူတို့၏စိတ်ထဲတွင် ကျိုးမိသားစု၏ လုံခြုံရေးကို ပိုပြီးဦစားပေးလေရာ ရှန်းလီနှင့်ချန်းသရှန်တို့က တူညီသည့်သဘောထားတစ်ခုကို မြန်မြန်ဆန်ဆန် ပြောင်းလဲလိုက်ကြသည်။ သူတို့သည် ကျိုးမိသားစု နေထိုင်ရာနေရာ လမ်းတစ်လျှောက်ကို ရှေ့ဆက်သွားလိုက်ပြီးမှ ရေပြင်ညီအတိုင်း မျက်နှာချင်းဆိုင်ဘက်သို့ လမ်းလွှဲလိုက်ကြသည်။

ဒီနေရာသည် လူမနေသောကြောင့် ဖြစ်နိုင်သည်။ အပင်များက များစွာပေါက်ရောက်နေသည်။ အမှန်တကယ် ဆောင်းဦးဝင်ရောက်လာသည့်နောက်တွင် ဒီတောင်ကြောထဲက တောင်ထွက်ပစ္စည်းများသည် သူတို့မျှော်လင့်ထားသည်ထက် အများကြီး ပေါများကြွယ်ဝပေလိမ့်မည်။ အမှန်ပင် အလွန်မှ ကျယ်ပြောလွန်းလှသည်။ စန်းလော့သည် သူမ အစောပိုင်းက တောစပျစ်တွေ့ခဲ့သည့်နေရာသို့ ပြန်သွားဖို့ရန် စိတ်ကူးမရှိတော့ချေ။ ထိုအစား ကျိုးမိသားစုနေထိုင်သည့် တောင်အနီးအနားက တောင်နှစ်လုံးကို ပေါင်းပြီးသွားလိုက်လျှင်ပင် သူမသည် တောစပျစ်ခိုင်များစွာကို ရှာဖွေတွေ့ရှိခဲ့သည်။ တစ်ပင်ခြင်းဆီက အရပ်မျက်နှာဘက်ပေါင်းစုံသို့ နွယ်တက်နေကြသည်။

ဒီတစ်ကြိမ်တွင် သူတို့ အရင်တကာအပြင်ထွက်ခဲ့သည့် အချိန်နှင့်ယှဥ်လျှင် တောစပျစ်တစ်ဝက်ကျော်လောက်က မှည့်နေပြီဖြစ်သည်။ သူတို့သည် မမှည့်သေးသည့်အသီးများကို ချန်လှပ်ထားလိုက်ပြီး မှည့်နေသည့်အသီးများကိုသာ အာရုံစိုက်ပြီး ခူးလိုက်ကြသည်။ ကျောက်ပွင့်၊ မှိုနှင့် တောဆီးသီးပင်များကို မကြာခဏဆိုသလို ရှာဖွေတွေ့ရှိခဲ့ကြသည်။သူတို့ ၏လက်များမှာ အလုပ်လုပ်နေရာမှ ဘယ်တုန်းကမှ ရပ်နားခြင်း မရှိခဲ့ချေ။

ကျိုးလှိုင်ကျီနှင့် ကျိုးအာ့လန်တို့ကလဲ ဝမ်းသာပီတိ ဖြစ်နေကြသည်။ သူတို့သည် အရင်က တောင်အတွင်းပိုင်းတွင် သစ်သီးများကို အမှန်တကယ် ရှာဖွေခဲ့ကြသည်။ သို့သော်ငြားလည်း ထိုအရာများက တောအစပ်နားလောက်တွင်သာ ဖြစ်လေသည်။ သူတို့သည် ဒီလောက်များပြားသည့် အရာများကို ဘယ်တုန်းကမှ မတွေ့ခဲ့ဘူးချေ။

ရှန်းလီနှင့်တစ်ခြားသူများက လမ်းကိုဦးဆောင်လာသည်တွင် အစားအသောက်ရိက္ခာသည် အကန့်အသတ်နှင့်ရှိနေပင်လျှင် သားအဖနှစ်ယောက်သည် သူတို့၏မိသားစုက အသက်ရှင်သန်လိမ့်မည်ဟု သိနေကြသည်။

ထိုအရာအားလုံးက တောဟင်းရွက်များနှင့်အသီးများသာ ဖြစ်သည်ဟု ပြောကြမည်လား။

ရယ်စရာပင်။ မျှော်လင့်ချက်ကင်းမဲ့နေသည့် အချိန်အကာမျိုးတွင် လူများသည် မြက်ပင်၏အမြစ်များကိုပင် ဘာမဆို စားသောက်ကြပေလိမ့်မည်။ တောဟင်းရွက်များနှင့် မြက်သီးများသည် ရတနာများဖြစ်လာကြသည်။ သည်အရာများသည် အသိအမှတ်ပြုရသည့် ရှာဖွေစားသောက်ရသည့် အစားအသောက်များ ဖြစ်လာသည်။

ကျောက်ပွင့်၊ မှိုနက်၊ မှိုအမျိုးမျိုးနှင့် တောဆီးသီးများဖြင့် ပြည့်နေသည့် ဖိအားဒဏ်ခံနိုင်သည့် ခြင်းတစ်လုံးကို ဖျင်ကြမ်းအိတ်တစ်ခုထဲတွင် ထည့်ထားလိုက်သည်။ စပျစ်သီးများကိုတော့ သီးသန့်ခြင်းတစ်လုံးထဲတွင် ထည့်ထားလိုက်သည်။ သူတို့သည် တောကြက်များနှင့် တောယုန်များကို တွေ့လိုက်သည့်အချိန်တွင် ဒါသည် အရည်အချင်းနှင့်ဆိုင်သည်။ တစ်ယောက်ချင်းစီက ဖမ်းမိထားသည့် အရာများကို အိတ်များဖြင့် သီးသန့်ခွဲထည့်လိုက်သည်။

သွေးနံ့က တောရိုင်းတိရိစ္ဆာန်များကို ဆွဲဆောင်မိမည် စိုးရိမ်သဖြင့် ဒါသည်လဲ သူတို့၏အစီအစဥ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လေရာ ထိုအကောင်ငယ်လေးများကို လွှတ်ပေးလိုက်လေသည်။ ပိုပြီးအတွေ့အကြုံရှိကြသည့် ရှန်းလီ၊ ချန်းသရှန်နှင့် လုအာ့လန်တို့သည် အမဲလိုက်ရင်း တောဟင်းရွက်များ ရှာဖွေရင်းက သူတို့၏ပတ်ဝန်းကျင်ကို ဆက်တိုက်စောင့်ကြည့်ထားလေသည်။ သို့သော်ငြားလည်း ဓားရိုးရှည်နှင့်ပေါက်တူးများဖြင့် ခြေလှမ်းတိုင်းတွင် လမ်းရှင်းထားသည့် ဒီလိုမြေအနေအထားတွင် ကြီးမားလှသည့် တောရိုင်းတိရိစ္ဆာန်များက လှည့်ပတ်သွားလာလိမ့်မည် မဟုတ်ပေ။ သူတို့သည် အကာအကွယ်ယူရင်း လှုပ်ရှားသွားလာရန် ပိုပြီးလွယ်ကူသည့် နေရာများကို သွားကြလိမ့်မည်။

လူက ပိုများလာသဖြင့် တောသစ်သီးများနှင့်မှိုများကို ခူးဆွတ်ခြင်းက သူတို့လေးယောက်သာ ရှိနေသည့်အချိန်ကထက် အများကြီး ပိုမြန်ဆန်လေသည်။ သူတို့သည် ၅ခုမြောက်တောင်မှဆင်းလာပြီး ၆ခုမြောက်တောင်သို့ ဆက်သွားမည်ပြင်ဆင်လိုက်သည်တွင် ရှန်းလီနှင့်ချန်းသရှန်တို့သည် တောအစွန်းဖက် သစ်တောတစ်လျှောက်တွင် ချောင်းမြောင်းနေသည့် ဝံပုလွေတစ်ကောင်ကို ရှေ့ဆင့်နောက်ဆင့်တွေ့လိုက်ရသည်။

မဟုတ်ဘူး။ တစ်ကောင်ထဲမဟုတ်ဘူးပဲ။

နှစ်ယောက်စလုံးသည် တောင့်တင်းသွားကြပြီး တစ်ခြားသူများကို ရပ်တန့်ဖို့ရန် လက်မြှောက်ပြလိုက်သည်။ ရှန်းလီက တိုးတိုးလေးပြောလိုက်၏။

"ရှေ့မှာ ဝံပုလွေတစ်ကောင်ရှိတယ်"

ထို့နောက်တွင် သူက စန်းလော့ကို လှည့်ကြည့်လိုက်ကာ ပုန်းနေဖို့ လက်ဟန်ပြလိုက်လေသည်။

ချန်းသရှန်နှင့် လုအာ့လန်တို့က ပတ်ဝန်းကျင်သစ်တောထဲတွင် ပုန်းခိုနေသည့် ဝံပုလွေများရှိမရှိကို ချက်ချင်းစစ်ဆေးလိုက်ကြပြီး အခြေအနေကို နားလည်လိုက်သည်တွင် စန်းလော့သည် သူမ၏ပတ်ဝန်းကျင်ကို မြန်မြန်ဆန်ဆန် အကဲခတ်လိုက်ပြီး သူတို့၏အဖွဲ့နှင့် ပေ၄၀ ၅၀ခန့်အကွာတွင် ဝံပုလွေ၃ ကောင်ကို တွေ့လိုက်ရသည်။

ဝံပုလွေများက သူတို့ကို အကဲခတ်နေသည့်အချိန်ကို အခွင့်ကောင်းယူလိုက်ပြီး စန်းလော့က သူမနောက်က ကိုက်အနည်းငယ်သာကွာဝေးသည့် သစ်ပင်ကြီးတစ်ခုကို မြန်မြန် အကြည့်လွှဲလိုက်သည်။ သူမက အလန့်တကြား ဖြစ်သွားသည့် ရှီအာ့လန်၏မိန်းမကို အသာအယာ လှမ်းဆွဲလိုက်ပြီး သူမ၏လက်ထဲကအိတ်နှင့် ကျောပေါ်က ခြင်းကို ဖြည်းဖြည်းချင်း ဂရုတစိုက် ချထားလိုက်လေသည်။ ထို့နောက်တွင် သူမသည် ခြင်းပေါ်တွင် တင်ထားသည့် လေးနှင့်မြားကျည်တောက်ကို ဆွဲယူလိုက်ပြီး သူမ၏ပုခုံးပေါ် လွယ်လိုက်သည်။

ရှီအာ့လန်၏မိန်းမသည် အစောပိုင်းတွင် ဆင်တူသည့် အခြေအနေကို တွေ့ကြုံခဲ့ဖူးလေသည်။ သူမ၏ တံတွေးများကို မြိုချထားလိုက်ပြီး သူမက ထိတ်လန့်နေရာမှ နောက်ဆုံးတော့ သတိပြန်ဝင်လာကာ စန်းလော့၏လှုပ်ရှားမှုအတိုင်း စတင်လုပ်လိုက်သည်။

ရှန်းလီနှင့် ချန်းသရှန်တို့သည် သူတို့၏လေးနှင့်မြားများကို ဆွဲတင်ထားပြီးဖြစ်သည်။ ကျွမ်းကျင်သည့် မြားပစ်သမားကတော့ ထိုအတိုင်းလိုက်လုပ်လိုက်ကြပြီး မြားပစ်အရညအချင်းနှင့် မရင်းနှီးကြသေးသူများကတော့ သူတို့၏လက်နက်များကို တင်းနေအောင် ဖမ်းဆုပ်ထားလိုက်သည်။ ဒီအချိန်တွင် ဝံပုလွေများသည် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြပြီး ကြောက်စရာကောင်းသည့် အားတစ်ခုနှင့် သူတို့ထံသို့ ခုန်ဝင်လာလေသည်။

ဝံပုလွေအုပ်ကြီးက လှုပ်ရှားလိုက်သည်နှင့်ချက်ချင်း စန်းလော့နှင့်ရှီအာ့လန်၏မိန်းမသည် သစ်ပင်ဆီသို့ အလျင်အမြန် ပြေးသွားလိုက်ကြပြီး အင်မတန်မှ မြန်ဆန်သည့်နှုန်းထားဖြင့် အပေါ်သို့တက်လိုက်လေသည်။ တစ်ယောက်ပြီးတစ်ယောက် သူတို့သည် သစ်ကိုင်းတစ်ခုဆီသို့ အန္တရာယ်ကင်းကင်း ရောက်သွားပြီး ဖြစ်လာတော့မည့်တိုက်ပွဲကို စောင့်ကြည့်နေလိုက်ကြသည်။ ရှေ့သို့ပြေးဝင်လာသည့် ဝံပုလွေများထဲက နှစ်ကောင်သည် မြားပစ်ခံလိုက်ရကာ ယိုင်ပြီးလဲကျသွားသည်။

လေးပစ်ရသည့်အကွာအဝေးနှင့် အလွန်မှနီးကပ်နေသည့် ဝံပုလွေများကိုတော့ မြားဖြင့်ပစ်လို့မရပေ။ အလွန်မှ နောက်ကျသွားပြီဖြစ်သည်။ ရှန်းလီက သူ၏လေးကို ပြန်သိမ်းထားလိုက်ပြီး ချန်းသရှန်နှင့်အတူ သူတို့၏ ဓားကောက်များကိုယူကာ ရှေ့သို့ တက်သွားလေသည်။ အဖွဲ့ထဲက ကျန်သည့်လူများသည် ပြောစရာမလိုသည့် အမိန့်တစ်ခုကို တုံပြန်လိုက်သည်နှင့် အားလုံးက ရှေ့သို့ပြေးတက်သွားကြပြီး ကြောက်စရာကောင်းသည့် အနီးကပ်တိုက်ပွဲတစ်ခုကို ပြောင်းလဲ ရင်ဆိုင်လိုက်ကြသည်။

စန်းလော့နှင့် ရှီအာ့လန်၏မိန်းမတို့သည် အခုတော့ အခြေအနေကို ရှင်းရှင်းလင်းလင်း သိမြင်လာနိုင် သည်။ အစက ဝံပုလွေ၈ကောင်ရှိပြီး သူတို့ထဲကနှစ်ကောင်သည် မြန်မြန်ဆန်ဆန် ပစ်ချခံလိုက်ရကာ ၆ ကောင်ကျန်နေသည်။

အမျိုးသမီးနှစ်ယောက်စလုံးက အသက်အောင့်ထားလိုက်ကြပြီး ခါတိုင်းလိုရင်နှီးသည်ဟု ဆက်ပြီးမခံစားလိုက်ရတော့ဘဲ သူတို့၏ မြားကိုဆွဲလိုက်ကြသည်။ လူသားနှင့် ဝံပုလွေများသည် ဆက်တိုက်လှုပ်ရှားနေပြီး ဒါသည် ဝရုန်းသုန်းကားဖြစ်နေသည့် စစ်မြေပြင်တစ်ခုလိုပင်။ သူတို့၏ မြားပစ်စွမ်းရည်ကို ထောက်ချင့်ခြင်းအားဖြင့် သူတို့သည် မြားတစ်စင်းကို ဒီအတိုင်း မလွှတ်လိုက်ရဲချေ။ ထိုအစား စိတ်ရှည်ရှည်ဖြင့် စောင့်ဖို့ရွေးချယ်လိုက်ကြသည်။

ဝံပုလွေတစ်ကောင်က စန်းလော့နှင့် ရှီအာ့လန်တို့ကို သတိထားမိသွားသည်။ သို့သော်ငြားလည်း မြင့်မားသည့် အကွာအဝေးတစ်ခုကို သိလိုက်သဖြင့် သူက မြေပြင်ပေါ်က လူများကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ တစ်ခြားဝံပုလွေတစ်ကောင်နှင့်အတူ သူသည် လူအုပ်ကြီး၏နောက်က ဝိုင်းထားပြီး သူ့ကိုယ်သူ စန်းလော့နှင့် သူမ၏အဖော်များနှင့် အနီးဆုံးနေ ရာတွင် နေရာယူထားလိုက်သည်။ စန်းလော့သည် အခွင့်အရေးကို တွေ့လိုက်သည်တွင် ချိန်ရွယ်လိုက်ပြီး မြားကို ပစ်လွှတ်လိုက်တော့သည်။

ပထမမြားက ပစ်မှတ်ကိုလွဲချော်သွားသည်။ ဒုတိယ၊ တတိယနှင့် စတုတ္ထမြားများက ဆက်တိုက်ဝင်ရောက်လာပြီး နောက်ဆုံးတွင် ၄ခုမြောက်မြားက ဝံပုလွေကို ထိမှန်သွားသည်။

မြားက ဝံပုလွေ၏နောက်ခြေထောက်ကို ထိုးဖောက်သွားသော်ငြားလည်း အင်အားက မလုံလောက်သည့်အပြင် ဝါး မြားဖြစ်နေသည့်အတွက် ရှန်းလီနှင့် သူ့အဖော်များလုပ်သလို ဝံပုလွေကို ချက်ချင်းသတ်နိုင်ဖို့ရန် မဖြစ်နိုင်ချေ။ ထိုအစား ဝံပုလွေသည် ဒေါသထွက်သွားပြီး သူ့အာရုံကို အမျိုးသမီးနှစ်ယောက်ဆီ ပြောင်းလိုက်ကာ သစ်ပင်ပေါ်သို့ ခုန်တက်ရန်ကြိုးစားတော့သည်။

ရှီအာ့လန်၏မိန်းမမှာ အလွန်မှကြောက်ရွံသွားပြီး အော်ဟစ်လုနီးပါး ဖြစ်သွားသော်ငြားလည်း သူမသည် ဒီလိုအရေးကြီးသည့် အခိုက်အတန့်တွင် ယောက်ျားများကို အာရုံလွှဲအောင် လုပ်လို့မရမှန်းသိလေသည်။ ထို့ကြောင့် သူမက ပြန်ပြီးထိန်းချုပ်ထားလိုက်၏။

သို့သော်ငြားလည်း စန်းလော့ကတော့ သူတို့၏ အပေါ်စီးမြင်ကွင်းတစ်ခုကို နားလည်သွားပြီး ဝံပုလွေက ခုန်အုပ်နိုင်မည်မဟုတ်မှန်း သိလိုက်သည်။ ဝံပုလွေ၏အာရုံက သူတို့အပေါ် ရောက်နေသည်ကို အကဲခတ်လိုက်ပြီး သူမက သူမ၏ရင်ဘတ်ကိုစမ်းလိုက်ကာ ဆေးပုလင်းလေးတစ်လုံးကို ဆွဲထုတ်လိုက်ပြီး မြားခေါင်းကို ပုလင်းထဲနှစ်လိုက်ပြီး အဖုံးပြန်ပိတ်လိုက်ပြီးနောက် မြားကိုလေးကြိုးပေါ်တင်လိုက်ပြီး ဝံပုလွေက ဟိန်းဟောက်ပြီး ရှေ့သို့တက်လာသည်ကို လစ်လျူရှုထားလိုက်ပြီး သူမက သူမ၏ပစ်မှတ်တစ်ခုတည်းကိုသာ အာရုံစိုက်လိုက်ကာ ပြီးပြည့်စုံသည့် လှုပ်ရှားမှုတစ်ခုတွင် တိုက်ခိုက်ဖို့ရန်အတွက် စောင့်နေလိုက်သည်။

ဝံပုလွေသည် တစ်ဝက်လောက် ခုန်လိုက်သည်တွင် မြားက သူ၏ပစ်မှတ်ကို ရှာဖွေတွေ့ရှိသွားဖို့ လုံလောက်သွားသည်။

အစောပိုင်းဒဏ်ရာက တိမ်ပြီး မသေစေနိုင်ဘဲ သွေးများကို ထွက်စေလိမ့်မည်။ အဆိပ်မြားကတော့ မတူညီသည့် အကြောင်းအရာတစ်ခုပင်။ ဝံပုလွေက သစ်ပင်ကို နောက်တစ်ကြိမ် ခုန်အုပ်လိုက်သည်နှင့် သူ့ခန္ဒာကိုယ်က အနည်းငယ်တောင့်တင်းသွားပြီး ဟန်ချက်ပျက်သွားကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။ သူသည် ပြန်ပြီးတိုက်ခိုက်ဖို့ရန် မဆိုထားနှင့် ရပ်ပင်မရပ်နိုင်တော့ဘဲ ငြီးငြူသည့်အော်သံတစ်ခုကိုသာ ထုတ်နိုင်ပြီး နောက်ဆုံးသူ့ ကံကြမ္မာကိုအရှုံးမပေးခင် ရုန်းကန်လိုက်လေသည်။

ရှီအာ့လန်၏မိန်းမ!!

သူမသည် ရွှင်မြူးတက်ကြွစွာဖြင့် အော်ဟစ်လိုက်ချင်တော့သည်။ သူမက ပြန်ထိန်းချုပ်ထားလိုက်ပြီး စန်းလော့၏လက်မောင်းကို ဝမ်းသာအားရ ဖမ်းဆုပ်လိုက်၏။

"အားလော့ နင်က တကယ်အံ့သြဖို့ကောင်းတာပဲ"

စိတ်အားတက်ကြွစွာဖြင့် သူမသည် ဝံပုလွေအုပ်ကြီးဘက်သို့ လှမ်းကြည့်လိုက်ပြီး သူမက မြားများဖြင့် အနည်းငယ်ပစ်နိုင်လောက်မည့် နောက်ထပ်တစ်ကောင်၊ နှစ်ကောင်ကို ပစ်ချင်စိတ်ပင်ဖြစ်သွားတော့ သည်။

သို့သော်ငြားလည်း သူမ၏ဆန္ဒက အမှန်တကယ်ဖြစ်မလာသည်က သိသာပေသည်။ အစပိုင်းက ဝံပုလွေ၈ကောင်ရှိသည်တွင် ၂ကောင်က ချက်ချင်းသတ်ခံလိုက်ရပြီး ၁ကောင်က စန်းလော့၏ အဆိပ်မြားဖြင့် သေသွားကာ ကျန်သည့်၅ကောင်ကိုတော့ ၁၂ယောက်လောက်ရှိသည့် ယောက်ျားများက နာရီဝက်မပြည့်ခင်မှာပင် ပေါက်တူးနှင့်ပုဆိန်များဖြင့် အဆုံးသတ်ပေးလိုက်ကြသည်။ နှစ်ကောင်က ထွက်ပြေးသွားသော်ငြားလည်း နောက်ပိုင်းတွင် ရှန်းလီ၊ ချန်းသရှန်နှင့် လုအာ့လန်တို့က မြားဖြင့်ပစ်ချလိုက်လေသည်။

သည်သတ္တဝါများသည် အငြိုးအတေးထားတတ်ကြသည်။ ထို့ကြောင့် သူတို့ကို ထွက်ပြေးခွင့် ပေးလို့မရပေ။

ဦးလေးရွှီနှင့် ကျိုးသလန်တို့သည် ဒဏ်ရာအနည်းငယ်ရခဲ့ကြပြီး ကျန်သည့်သူများကတော့ အနာတရ မဖြစ်ကြပေ။

ရှန်းလီက အနီးအနားတွင် ဘာအန္တရာယ်မှထပ်မရှိတော့သည်ကို အတည်ပြုလိုက်ပြီးမှ သူသည် ခေါင်းကိုမော့လိုက်ရာတွင် သစ်ပင်ပေါ်က စန်းလော့ကို မြင်လိုက်ရလေသည်။ တိုက်ပွဲအတွင်းတွင် သစ်ပင်ပေါ်တွင် သူမက အန္တရာယ်ကင်းနေဖို့ကို သေချာအောင် သူက လှမ်းကြည့်လိုက်လေသည်။ အခုတော့ သူမက အပေါ်ကနေ၍ သူ့ကိုပြုံးပြနေသည်ကို မြင်လိုက်သည်တွင် သူသည် မရယ်မောဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ သူက ခြေလှမ်းကျဲများဖြင့် လျှောက်လာပြီး သူမကို အောက်ကိုဆင်းဖို့ လက်ဟန်ပြလိုက်သည်။

စန်းလော့သည် ဂရုတစ်စိုက်ဖြင့် သစ်ပင်ပေါ်ကဆင်းလာ၏။ သူမက မြေပြင်ပေါ်ရောက်ပြီး ကိုယ်ကို လှည့်လိုက်သည်နှင့်ချက်ချင်း ရှန်းလီက သူမကို စစ်ဆေးနေသည်ကို တွေ့လိုက်လေသည်။ သူက မေးလိုက်၏။

"မင်း လန့်သွားသေးလား"

သူမက ပြန်မဖြေရသေးခင်မှာပင် သစ်ပင်ပေါ်တွင်ရှိနေသေးသည့် ရှီအာ့လန်၏မိန်းမက အလျင်စလို ထုတ်ပြောလိုက်၏။

"မဟုတ်တာ၊ မဟုတ်တာ၊ နင် အဲဒီ့ဝံပုလွေကို တွေ့တယ်မဟုတ်လား၊ အဲဒါ အားလော့ ပစ်လိုက်တာလေ"

သူမ၏စိတ်လှုပ်ရှားမှုက သူမကိုယ်တိုင် ဝံပုလွေကို ပစ်လိုက်သည်နှင့်မခြားပင်။

ရှန်းလီသည် သစ်ပင်နှင့်သိပ်မဝေးလှသည့် နေရာတွင် လဲကျနေသည့် ဝံပုလွေကို တွေ့လိုက်ရပြီး ဝါးမြားတစ်ချောင်းက သူ့ခန္ဓာကိုယ်ကို စိုက်နေဆဲဖြစ်ကာ သွေးများက အနည်းငယ် မည်းနက်နေလေသည်။

စန်းလော့ကိုယ်တိုင်ကလည်း အတိုင်းအတာတစ်ခုအထိ စိတ်လှုပ်ရှားနေသည်။ သူမ၏မျက်လုံးများက ရွှင်လန်းတက်ကြွစွာဖြင့် တလက်လက်တောက်ပနေရင်း သူမက မေးလိုက်၏။

"ဒီလိုဆိုတော့ကော ကျွန်မရဲ့မြားပစ်လေ့ကျင့်တာက တန်သွားပြီ မဟုတ်လား"

ရယ်စရာပြောလိုက်ပြီးနောက်တွင် သူမက လေးလေးနက်နက် ထပ်ပြောလေသည်။

"တကယ်တမ်းကြတော့လေ ကျွန်မက တော်တော်လေးကို နီးကပ်နေပြီ၊ ဒါကြောင့်မလို့ ကျွန်မလဲ ပစ်မှတ်ကိုပစ်ဖို့ ကံကောင်းသွားတာ၊ အဲလိုမှမဟုတ်ရင် ကျွန်မရဲ့အင်အားနဲ့ တိကျမှုနဲ့ဆိုရင် လုံလောက်မှာ မဟုတ်ဘူး။ ဒါက ကံကောင်းသွားတာ"

သို့သော်ငြားလည်း ရှန်းလီသည် အလွန်မှဝမ်းသာနေပြီး သူ၏မျက်နှာက အပြုံးများဖြင့် လင်းဖြာနေလေသည်။

"ဒါကပဲ အထင်ကြီးစရာဖြစ်နေပြီ"

ဒီလိုမြန်မြန်ဆန်ဆန် စဥ်းစားတတ်ပြီး သတ္တိရှိမှုက အံ့သြစရာကောင်းလှပေသည်။

-

ကျိုးလိုင်ကျီနှင့် သူ့သားကတော့ ကြောင်အမ်းအမ်းဖြင့် နှုတ်ဆိတ်ကာ ရပ်နေမိပြီး လဲကျနေသည့်ဝံပုလွေများကို ငေးကြည့်နေလေသည်။ သူတို့နှစ်ယောက်သည် တိုက်ခိုက်နေစဥ်အတွင်းတွင် ကြောက်စရာကောင်းသည့် အော်သံများကို ဆက်တိုက်ထုတ်နေမိသည်။ ဝရုန်းသုန်းကား ငြိမ်ကျသွားပြီးနောက် အခုချိန်ကြမှ သူတို့သည် အခြေအနေ၏ အတိမ်အနက်ကို သဘောပေါက်သွားကြတော့သည်။

သူတို့၏ အိမ်ပတ်ဝန်းကျင်အနီးအနားတွင် ဝံပုလွေများစွာ ရှိနေလေသည်။

သူတို့ကို ပိုပြီးအံ့သြရစေသည့်အရာက ရှန်းလီ၏အဖွဲ့က ဝံပုလွေတစ်အုပ်နှင့် ရင်ဆိုင်တွေ့ကြုံသည်တွင် မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်သည့်ပုံစံကိုပင်။

သားအဖနှစ်ယောက်သည် သစ်ပင်ပေါ်ကဆင်းလာကြသည့် စန်းလော့နှင့် ရှီအာ့လန်၏မိန်းမကို လှည့်ကြည့်လိုက်ပြီး ထို့နောက်တွင် စန်းလော့ပစ်ချထားသည့် ဝံပုလွေကို ကြည့်လိုက်လေသည်။သူတို့သည် အမှန်ပင်ဆွံ့အနေပြီး အင်မတန်မှ တက်ကြွသွားတော့သည်။

ရှီအာ့လန်သည် မြေကြီးပေါ်တွင် တန်းစီထားသည့် ဝံပုလွေများကို လှမ်းကြည့်လိုက်ပြီးနောက်တွင် အားလုံးသယ်ဆောင်ထားသည့် ခြင်းတစ်ဝက်ပြည့်နေသည့်ခြင်းများကို ကြည့်လိုက်လေသည်။ သူက ရှန်းလီဘက်သို့လှည့်ကာ အဆိုပြုလိုက်၏။

"ငါတို့တွေ ဒီပစ္စည်းတွေကို အရင်ဆုံး ဦးလေးကျိုးရဲ့နေရာကို သွားထားပြီးမှ နောက်တခါပြန်ထွက်လာကြမလား"

အချိန်ကလည်း စောနေသေးပြီး နေ့ခင်းတစ်ဝက်သာရှိသေးသည်။ အိမ်သို့ပြန်ရမည်ဆိုလျှင် အနည်း ငယ် နှမျောစရာကောင်းသည်။

ရှန်းလီကလဲ ခံစားချက်တူလေသည်။ အမဲကောင်များကိုသယ်ကာ တောအနက်ထဲသို့သွားဖို့ရန်က မဖြစ်နိုင်ချေ။ အခုချိန်မှ အိမ်သို့ပြန်လျှင်လဲ အချိန်လင့်ရာကြမည်။ ထို့ကြောင့် သူက ကျိုးလိုင်ကျီဘက်သို့လှည့်ပြီး မေးလိုက်၏။

"ဦးလေးကျိုး ကျွန်တော်တို့တွေ ကျွန်တော်တို့ပစ္စည်းတွေကို ဦးလေးဆီမှာ ထားခဲ့လို့ရလား၊ တကယ်လို့ ဦးလေးတို့က သွေးနံ့တွေက သားရိုင်းတိရိစ္ဆာန်တွေကို ဆွဲဆောင်မှာ စိုးရိမ်တယ်ဆိုရင် ကျွန်တော်တို့တွေက ဒါကိုဖြေရှင်းပေးဖို့ လူတစ်ချို့ ချန်ထားပေးလို့ရတယ်"

ကျိုးလိုင်ကျီက မငြင်းပယ်ဘဲ စိတ်အားထက်သန်စွာ ခေါင်းငြိမ့်ပြလိုက်သည်။

"ရတာပေါ့ ရတာပေါ့"

နောက်ဆက်တွဲအလုပ်မှာ သားကောင်များကို ခွဲဝေရန်ဖြစ်လေသည်။ တိရိစ္ဆာန်ကို ပစ်နိုင်သည့်သူတိုင်း ဝေစုရလိမ့်မည်။ စုပေါင်းပြီး အမဲလိုက်ထားသည့် အအကောင်များကိုတော့ မုဆိုးများကြားတွင် အညီအမျှ ခွဲဝေကြလိမ့်မည်။ နောက်ဆုံးတွင် ရှန်းလီနှင့် ချန်းသရှန်တို့က ဝံပုလွေတစ်ကောင်နှင့်တစ်ဝက်စီ လုအာ့လန်ကတစ်ကောင် စန်းလော့ကတစ်ကောင် ကျန်သည့်သုံးကောင်ကိုတော့ ကျိုးလိုင်ကျီ၏သား၊ ကျိုးချွမ်ကျန်း၏သားနှစ်ယောက် ချန်းယိုထျန်း၊ လုစန်းလန်၊ ဦးလေးရွှီ၊ ရွှီဝမ်ချင်းနှင့် ရှီအာ့လန် လူ၉ ယောက်ကြားတွင် ခွဲဝေကြမည်ဖြစ်သည်။

လူ၃ယောက်ကို တစ်ကောင်စီရလေသည်။

ကျိုးညီအစ်ကို၊ ကျိုးလိုင်ကျီ၏မိသားစုနှင့် ရွှီမိသားစုအားလုံးသည် အသားစားရဖို့ရန် အခွင့်အရေးက ရှားပါးလေသည်။ သူတို့သည် အင်မတန်မှ ဝမ်းသာသွားကြလေသည်။

ကျိုးလိုင်ကျီ၏မိသားစုကလွဲလျှင် အိမ်ထောင်စုတိုင်းသည် ဒဏ်ရာများအတွက် ဆေးဝါးများကို သယ်လာခဲ့ကြသည်။ သို့သော်ငြားလည်း ဒဏ်ရာရသူနှစ်ယောက်စလုံးက အရေပြားအတွင်းအထိ မထိဘဲ အဝတ်အစားများသာ ခြစ်ခံရပြီး ပြဲသွားသည်။ သူတို့သည် ဆေးဝါးကိုအသုံးပြုရန် မလိုအပ်ဟု ခံစားရသည်။ ထိုအစားသူတို့သည် အနီးအနားက ဆေးပင်များကို ရှာဖွေဖို့ရန် သူတို့၏အတွေ့အကြုံများကို အသုံးချလိုက်ကာ ဆေးရွက်များကို ဝါးလိုက်ပြီး သူတို့၏ ဒဏ်ရာတွေပေါ်တွင် သုတ်လိမ်းလိုက်သည်။

ဝံပုလွေများက သွေးထွက်နေသေးသည်ကို စဥ်းစားမိလိုက်သည်တွင် သူတို့သည် ဝံပုလွေများကို တိုက်ရိုက်သယ်မသွားကြပေ။ အဖွဲ့က ထူထဲသည့် သစ်ကိုင်းခြောက်ကြီးများကို ရှာဖွေလိုက်ကြသည်။ ဝံပုလွေ၈ကောင်ကို နွယ်ကြိုးများသုံးကာ စည်းနှောင်လိုက်ပြီးနောက်မှ သယ်လာလိုက်ကြသည်။

၂နာရီမပြည့်သေးခင်မှာပင် သူတို့သည် သူတို့၏ ခြင်းများအပြည့်ဖြင့် ပြန်ရောက်လာကြသည်။ ကျိုးလိုင်ကျီ၏ မိန်းမနှင့်ကလေးများက မှင်သက်အံ့သြသွားကြပြီး မယုံမကြည်ဖြင့် တောင်မှပြေးဆင်းလာကြလေသည်။ သူတို့သည် ကြောက်ရွံနေမိသလို သူတို့သည် ဝံပုလွေများကို မြင်လိုက်သည်တွင် ကြောက်ရွံမိသလို တအံ့တသြလဲ ဖြစ်နေကြသည်။

"သူတို့တွေ ဒဏ်ရာမရခဲ့ဘူးတဲ့လား"

သားအမိနှစ်ယောက်စလုံးသည် ကျိုးလိုင်ကျီတို့ သားအဖဘက်ကို လှည့်ကြည့်လိုက်ကြပြီးနောက်တွင် တစ်ခြားသူများကို ကြည့်လိုက်ကြလေသည်။

ကျိုးလိုင်ကျီ၏မျက်နှာက သွားများပေါ်နေသည်အထိ ပြုံးဖြီးနေကာ သူသည် ထပ်ခါထပ်ခါ ပြောလိုက်လေသည်။

"မရပါဘူး၊ ဘာဒဏ်ရာမှမရဘူး"

ထို့နောက်တွင် သူသည် ဦးလေးရွှီနှင့်ကျိုးသလန်ကို သတိရသွားကာ ထပ်ပြောလိုက်၏။

"အစ်ကိုရွှီနဲ့ ချန်းမင်တို့ကတော့ အပေါ်ယံဒဏ်ရာလေးရသွားတယ်"

ချန်းမင်သည် ကျိုးသလန်၏နာမည်ဖြစ်လေသည်။ သူ့နာမည်ကို ခေါ်လိုက်သည်ကို ကြားလိုက်သည်တွင် သူသည် ကျိုးလိုင်ကျီ၏ မိန်းမကို ပြုံးပြကာပြောလိုက်သည်။

"အဒေါ် အဆင်ပြေပါတယ်၊ ဒါက ခြစ်မိရုံလေးတစ်ခုပါပဲ၊ ကျွန်တော်တို့တွေ ဆေးလိမ်းပြီးပါပြီ"

ထိုအချိန်ကျမှ ကျိုးလိုင်ကျီ၏မိန်းမက ပြုံးမိတော့သည်။

"ပြင်းပြင်းထန်ထန် ဘာမှမဖြစ်ရင် ဟုတ်ပါပြီ"

ဝံပုလွေများကိုကြည့်လိုက်ပြီး သူမသည် ဝမ်းသာသည့် ခံစားချက်လုံးကြီးတစ်ခုကို ခံစားလိုက်ရကာ သူမ၏မိသားစုက ဝေစုတစ်ခု ရပါ့မလားဟု စဥ်းစားမိလေသည်။

အားလုံးက တောအစပ်နားတွင် တိုင်ထောင်ဖို့ရန်ပြင်ဆင်နေပြီး အရေခွံချွတ်ဖို့ ပြင်ဆင်နေကြသည်တွင် သူမ၏အတွေးများကို သတိထားမိလိုက်သယောင် ကျိုးလိုင်ကျီက သူ့မိန်းမကို တိုးတိုးလေး ပြောလိုက်သည်။

"အာ့လန်နဲ့ အတူတူဆိုရင် ငါတို့တွေက အသားကို ပေါင်၆၀ ၇၀လောက်ရလောက်တယ်"

ဒါသည် အရေခွံချွတ်လိုက်ပြီး သွေးများကိုဖယ်ထုတ်ကာ အတွင်းကလီစာများကို ဖယ်လိုက်ခြင်းကို ထည့်တွက်ထားသည့် ခန့်မှန်းချေပမာဏတစ်ခု ဖြစ်လေသည်။

သူ့မိန်းမနှင့်သမီးများ၏ပါးစပ်များသည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ကောင်းကင်ပေါ်မှ ပေါင်မုန့်တစ်ခု ကျလာသလို ခံစားလိုက်ရ၏။ နှစ်ယောက်စလုံးက အသက်များကို အောင့်ထားမိလိုက်ကြပြီး သူတို့၏ကံတရားကို မယုံကြည်ရဲအောင်ပင် ဖြစ်နေကြတော့သည်။

ကျိုးလိုင်ကျီက တဟင်းဟင်း ရယ်မောလိုက်ကာ ရှန်းလီနှင့် တစ်ခြားသူများကို ကူညီဖို့ရန်သွားလိုက်လေသည်။

ဝံပုလွေများကို အရေခွံခွာဖို့ရန် လိုအပ်ပြီး အရင်ဆုံးခွဲဝေဖို့ရန် လိုအပ်သည်။ တောကြက်များနှင့် တောယုန်များကိုလဲ ရှန်းလီကဲ့သို့ အတွေ့အကြုံရှိသည့် မုဆိုးများက ကိုင်တွယ်လိုက်ကြသည်။ သို့သော်ငြားလည်း သူတို့သည် ပစ္စည်းများကို ချက်ခြင်းစုဆောင်းဖို့ရန် အချိန်မရှိပေ။ ဖျင်ကြမ်းအိတ်ထဲတွင် အားလုံးကို စုပေါင်းထည့်ထားကာ မုဆိုးများကဆက်ပြီး သွားလာဖို့ရန် ကျောပိုး အိတ်တစ်လုံးလွတ်သည်အထိ ကျိုးလိုင်ကျီ၏ သစ်သားစည်းရိုးခြံဝင်းထဲတွင် စုဆောင်းထားလိုက်မည်ဟု ရှီအာ့လန်၏မိန်းမက စန်းလော့နှင့် ဆွေးနွေးလိုက်သည်။

စန်းလော့သည် ရှန်းလီက စိုက်ပျိုးမည့်နေရာဟု ပြောခဲ့ဖူးသည့် သူတို့၏ခြံဝန်းအပြင်ဘက်က ကျိုးမိသားစုက သစ်ငုတ်များ ရိုက်နှက်ထားသည့် နေရာတစ်ခုကို လေ့လာကြည့်လိုက်၏။ သို့သော်ငြားလည်း ကျိုးမိသားစုက ကာရံဖို့ရန် ရည်ရွယ်ထားသည့်နေရာထက် ပိုများနေသည့် နေရာအများကြီးက ရှိနေသည်။ ရေအရင်းအမြစ်ဘေးတွင် ကြောင်မြီးပင်တစ်အုပ်ကြီးကို သတိထားမိလိုက်ပြီး ပတ်ဝန်းကျင်က မသွားလာရသေးသည့် မရေမတွက်နိုင်သည့် တောင်များကို စဥ်းစားမိလိုက်သည်တွင် သူမတွင် အကြံတစ်ခုရလာသည်။ ကျိုးလိုင်ကျီ၏မိန်းမက အနားသို့ ချဥ်းကပ်လာသည်နှင့် စန်းလော့ကလဲ သူမကို ချက်ချင်း လှမ်းခေါ်လိုက်သည်။

"အဒေါ်ကျိုး ကျွန်မအဒေါ်နဲ့တိုင်ပင်စရာလေးတစ်ခု ရှိလို့ပါ"

ကျိုးလိုင်ကျီ၏မိန်းမသည် သမီးဖြစ်သူနှင့်အတူ အလျင်အမြန် ရောက်လာပြီး မေးလိုက်သည်။

"အားလီရဲ့မိန်းမ ပြသာနာရှိလို့လား၊ အဒေါ်ကို ပြောလို့ရပါတယ်"

စန်းလော့ကပြန်ဖြေသည်။

"ကျွန်မတို့တွေက ဆောင်းဦးရာသီတစ်ခုလုံး ဒီနေရာက တောင်ထွက်ပစ္စည်းတွေကို ရှာဖွေကြလိမ့်မယ်၊ ဒီနေရာပတ်ဝန်းကျင်လောက် ဖြစ်နိုင်တယ်၊ ကျွန်မ စဥ်းစားမိတာကလေ တောင်ထွက်ပစ္စည်းတွေကို လတ်လတ်ဆတ်ဆတ် သယ်ပို့ဖို့ ဒါမှမဟုတ် အမဲလိုက်ထားတဲ့အသားတွေကို လတ်လတ်ဆတ်ဆတ် ပြန်သယ်ဖို့ဆိုတာက လုံးဝအဆင်မပြေလောက်ဘူး၊ ဥပမာ ဒီနေ့ကိုပဲ ကြည့်လေ၊ ကျွန်မတို့တွေ ဒီနေ့နေလည်ခင်း တခေါက်ထွက်ပြီးတော့ အမဲလိုက်ရအုံးမယ်၊ ကျွန်မတို့တွေက ဒီပစ္စည်းတွေကို သယ်ပို့ဖို့အတွက် အချိန်အများကြီး သုံးရလိမ့်မယ်၊ ကျွန်မတို့ထဲက ကျူရိုးတွေကို ခုတ်ဖြတ်ပြီး ဖျာတွေရက်ပြီးရင် အဒေါ်တို့နေရာမှာ အရင်ဆုံး ကျွန်မတို့ပစ္စည်းတွေကို အခြောက်လှမ်းပြီး ခြောက်သွားတဲ့အချိန်ကျမှ ယူပြန်သွားလို့ရမလား"

လျှိုမြောင်အထဲတွင် နေရောင်ခြည်ထိတွေ့မှုက အပြင်ဘက်ကထက် အများကြီး အချိန်တိုလေသည်။ ပစ္စည်းများကို အခြောက်လှန်းဖို့ရန်အတွက်လဲ နေရာလွတ်က နည်းနည်းလေးသာရှိသည်။ အပြင်ဘက်တွင် လုပ်ရသည်လောက် အဆင်ပြေလိမ့်မည် မဟုတ်ပေ။ ပမာဏအနည်းငယ်ဆိုလျှင် အဆင်ပြေနိုင်သော်ငြားလည်း ပမာဏပိုများလာလျှင်တော့ ခက်ခဲသွားလိမ့်မည်။ ထို့အပြင် သူတို့သည် လျှိုမြောင်ထဲသို့ ထွက်လိုက်ဝင်လိုက် ခဏခဏလုပ်ဖို့ရန် အစီအစဥ် မရှိချေ။ လျှိုမြောင်အပြင်ဘက်တွင် ပစ္စည်းများကို အခြောက်လှန်းခြင်းကလဲ ထိုပစ္စည်းများကို စောင့်ကြည့်ဖို့ရန် လူတစ်ယောက် လိုအပ်ကာ လူအင်အားအလဟသ ဖြစ်နိုင်သည်။ သယ်ယူပို့ဆောင်ဖို့ရန် လိုအပ်သည့်အချိန်ကလဲ ပိုလာလိမ့်မည်။

ဒါကို ကျိုးမိသားစု၏အိမ်တွင် အရင်ဆုံး အားလုံးကို ဖြေရှင်းလိုက်သည်က ပိုပြီးအဆင်ပြေမည်ဟု စန်းလော့ သဘောပေါက်လိုက်သည်။ ဟုတ်ပါသည်။ ကျိုးမိသားစုက သဘောမတူခဲ့လျှင်တော့ သူတို့သည် အနီးအနားက နေရာတစ်ခုကို ရွေးချယ်လိုက်ရုံပင်။ လုံခြုံသည့်နေရာတစ်ခုကို စည်းရိုးခတ်လိုက်ကြပြီး အပြင်ဘက်တွင် ပစ္စည်းများကို အခြောက်ခံလိုက်မည်။

နောက်ပိုင်းတွင် သူတို့သည် ကျိုးလိုင်ကျီ၏နေရာမှ ပြောင်းရွှေ့သွားချိန်တွင် သူတို့သည် တစ်ခြားနေရာတွင် ထိုနည်းတူလုပ်နိုင်ပေသည်။ သူတို့သည် အခြောက်ခံနေရာတစ်ခုကို သတ်မှတ်ရန် နေရာတစ်ခု ရှာဖွေလိုက်ပြီး အခြေက်ခံနေစဥ်အတွင်း စောင့်ကြည့်ပေးဖို့ရန် လုံခြုံသည့်နေရာတစ်ခုတွင် လူတစ်ချို့ကို ထားခဲ့နိုင်သည်။ ဒါကလည်း တူညီသည့်ဖြစ်စဥ်တစ်ခုပင်။

ဤနည်းအားဖြင့် သူတို့သည် ညပိုင်းတွင်တည်းခိုဖို့ရန် လုံခြုံသည့်နေရာတစ်ခု ရှိလာလိမ့်မည်ဖြစ်ကာ အချိန်များကို အလဟသဖြစ်စေမည့် ခေါက်တုံ့ခေါက်ပြန်ခရီး လုပ်စရာ မလိုတော့ချေ။ ဒါက အများကြီးပိုပြီး အကျိုးရှိသည်။

သူမသည် သေချာစဥ်းစားလေလေ စန်းလော့၏ မျက်လုံးများက ပိုပြီးတောက်ပလာလေလေ ဖြစ်လေသည်။

သူမက စုံစမ်းလိုက်သည်နှင့်ချက်ချင်း ကျိုးလိုင်ကျီ၏မိန်းမက ချက်ချင်းသဘောတူလိုက်သည်။

"ရတာပေါ့၊ ဒါက ဘာခက်ခဲလို့လဲ၊ ရှင်တို့အတွက် ခြင်းတွေကို အလွတ်ထားပြီး တောင်ထဲကိုဆက်သွားဖို့ အဆင်ပြေပါတယ်၊ ရှင်တို့ရဲ့ပစ္စည်းတွေကို အခြောက်လှန်းဖို့ ဒီနေရာမှာ ထားခဲ့လို့ရတယ်၊ တခုခုလုပ်စရာရှိတယ်ဆိုရင်တောင် ကျွန်မတို့ကို အသိပေးလိုက်လေ၊ ကျွန်မတို့လက်ထဲမှာ တစ်ခြားဟာမရှိပေမဲ့ အချိန်ကတော့ ပေါများပါတယ်”

ရှန်းလီနှင့် ချန်းသရှန်တို့ နှစ်ယောက်စလုံးသည် သူတို့၏မိသားစုကို ဒီနေရာအထိ အန္တရာယ်ကင်းကင်း ခေါ်လာရလောက်သည်အထိ အကြင်နာတရားရှိခဲ့သည်။ သူတို့ကို နေရာတစ်ခုပေးခဲ့ပြီး အသက်ရှင် သန်ဖို့နည်းလမ်းတစ်ခုလဲ ပေးခဲ့သည်။ သူမသည် သူတို့၏စေတနာကို ပြန်ပေးဆပ်ဖို့ရန် စိတ်အားထက်သန်နေပြီး အကူအညီပေးဖို့ရန်ကတော့ ဆန္ဒရှိသည်ထက်ပင်ပိုလေသည်။

ထို့အပြင် ရှန်းလီနှင့်သူ့အဖွဲ့သည် ပြီးခဲ့သည့်နေ့ဝက်လောက်ကမှ ရောက်ရှိလာပြီး သူတို့သည် မှိုများနှင့် တောသစ်သီးများကို အလျှံပယ်စားနိုင်သည့်အပြင် ဝံပုလွေသားပေါင်၆၀ ၇၀လောက်ကိုလဲ ယူလာပေးနိုင်သည်။ စန်းလော့နှင့် တစ်ခြားသူများကလဲ ပတ်ဝန်းကျင်တွင် သူတို့၏အလုပ်ကို ဆက်လုပ်ကြလိမ့်မည်။ သူတို့သည် အမဲလိုက်စွမ်းရည်ရှိသည့် မုဆိုးများနှင့် အတူတကွလုပ်ဆောင်မည့် သဘောပင်။ မျှော်လင့်မထားဘဲ ရလာသည့် ကံကောင်းခြင်းတစ်ခုပင်။

တစ်ဖက်ကကြည့်လျှင် ဝံပုလွေ၈ကောင်သည် နည်းသည့်ပမာဏ မဟုတ်ချေ။ သူတို့သည် ဒီနေ့အမဲလိုက် မထွက်ခဲ့ရလျှင် ထိုဝံပုလွေများက သူတို့၏ အိမ်ကိုလာရောက် ဝန်းရံလိမ့်မည်ဟု သေချာမသိနိုင်ပေ။ ကျိုးလိုင်ကျီ၏မိန်းမသည် အခုတော့ ကံကောင်း လာသည်ဟု ခံစားရကာ ရှန်းလီနှင့်သူ၏အဖော်များက သည်နေရာတွင် နည်းနည်းလောက် ကြာကြာဆက်ပြီး အမဲလိုက်စေချင်တော့သည်။ သူတို့၏ လုံခြုံရေးကိုလည်း အာမခံနိုင်သည်။ ဆောင်တွင်းတွင်လဲ ကောင်းကောင်း စားသောက်ပေနိုင်လိမ့်မည်။

သူမ၏ သဘောတူလိုက်သည့်စကားကို ကြားလိုက်သည်တွင် စန်းလော့က ပြုံးပြီးပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်၊ တကယ်လို့ ရုတ်တရက်မိုးရွာလာရင် ကျေးဇူးပြုပြီးတော့ ကျွန်မတို့ရဲ့ပစ္စည်းတွေကို သိမ်းဆည်းပေးပါ၊ ကျွန်မတို့တွေက ကိုယ့်ဟာကိုယ်အားလုံးကို ကိုင်တွယ်လိုက်ပါ့မယ်"

"အဒေါ်က လုံးဝမပင်ပန်းပါဘူး၊ လုံးဝမပင်ပန်းဘူး၊ ဒါက အဒေါ့်တာဝန်ပဲလေ၊ အဒေါ်ကဖြင့် အဒေါ်တို့မိသားစုကို စောင့်ရှောက်ပေးတဲ့အတွက် ရှင်တို့ကိုတောင် ကျေးဇူးတင်လို့မဆုံးဘူး"

ထို့နောက်တွင် သူမက သူမ၏အကြီးဆုံးသမီးကို မှာကြားလိုက်သည်။

နင့်အဖေရယ် အစ်ကိုကြီးရယ် အစ်ကိုငယ်ရယ်ကို ဖျာရက်ဖို့အတွက် ကျူပင်တွေခုတ်ပေးဖို့ သွားပြောလိုက်အုံး"

မျက်လုံးများ လင်းလက်သွားပြီး ရှီအာ့လန်၏မိန်းမသည် ထိုစကားကို ကြားလိုက်သည်တွင် ဝင်ပြောလိုက်လေသည်။

"ကျွန်မလဲ ကျွန်မရဲ့ယောက်ျားကို ရှင်တို့နဲ့အတူ သွားခုတ်ခိုင်းလိုက်မယ်၊ သူက အရေခွံချွတ်တဲ့နေရာမှာ မတော်ဘူးလေ၊ ဒီတော့ သူက အသုံးမဝင်ပဲ ဒီအတိုင်းရပ်နေရတာ"

စန်းလော့က ရယ်မောလိုက်ပြီး ကျိုးလိုင်ကျီ၏မိန်းမကို ပြောလိုက်၏။

"ကျွန်မလဲ အတူတူသွားပါ့မယ်"

သူမကလဲ သူမ၏အတွေးကို ရှန်းလီနှင့်ဝေမျှလိုက်သည်။

အနီးအနားတွင်ရှိနေသည့် ချန်းသရှန်၊ ဦးလေးရွှီနှင့် ချန်းယိုထျန်းတို့က ထိုစကားကိုကြားလိုက်ကြသည်။ သူတို့၏မျက်လုံးများသည် လင်းလက်သွားပြီး ပြောလိုက်ကြ၏။

"ဒါကစိတ်ကူးကောင်းတစ်ခုပဲ နောက်ဆိုရင် ငါတို့တွေက အမဲလိုက်သွားတဲ့အချိန်ကြရင် ငါတို့တွေက အမဲကောင်တွေကို ကိုင်တွယ်ဖို့အတွက် နေရာတစ်ခု အရင်ဆုံးရွေးချယ်သင့်တာ ဒါတွေကိုပြင်ဆင်ပြီးသွားမှ သယ်ပြန်သွားတာကအများကြီး ပိုပြီးလွယ် ကူတယ်"

လတ်လတ်ဆတ်ဆတ်တောစပျစ်သီး တောစပျစ် သီးအခြောက် လတ်လတ်ဆတ်ဆတ်တောဆီးသီး တောဆီးသီးအခြောက်တို့ကို သယ်ပြန်သွားသည့်အချိန်တွင် ထိုနည်းတူစွာစားသောက်နိုင်ပါမည်လား။ ဟုတ်ပါသည် ထိုအရာများကို အခြောက်လှန်းလိုက်သည်က ပိုပြီးအဆင်ပြေသည်။ သူတို့ သည်နေရာ ယူထားသည့်နေရာက နည်းသွားမည်ဖြစ်ရာ ကြီးမားသည့်သတ္တဝါများကို ဆွဲဆောင်နိုင်သည့် ပြင်းထန်သည့်သွေးနံ့များလဲ ရှိတော့မည်မဟုတ်ပေ။ ထို့အပြင် သူတို့သည် သူတို့၏ကိုယ်ပိုင်အခြေအနေကို ကောင်းကောင်းသိကြလေသည်။ ဒီလိုလုပ်ငန်းဆောင်တာများကို လုပ်ဖို့ရန်အတွက် လျှိုမြောင်ထဲတွင် ပြန့်သည့်နေရာကအများကြီးမရှိချေ။ ပမာဏကြီးမားသည့် အမဲကောင်များကို အခြောက်လှန်းဖို့ရန်ဆိုလျှင်တော့ လုံလောက်သည့်နေရာက ပြောစရာပင်မလိုပေ။

ချန်းယိုထျန်းက ချက်ချင်းဆိုသလို သူ၏ခြင်းလေးကို မွှေနှောက်လိုက်ပြီး တံစဥ်တစ်ခုကို ဆွဲထုတ်လိုက်လေသည်။

"ငါလဲ ကျူပင်တစ်ချို့ သွားခုတ်ပေးမယ်"

ဦးလေးရွှီ၊ ကျိုးသလန်နှင့် ကျိုးအာ့လန်တို့အားလုံးကလဲ နောက်မှလိုက်လာလိုက်ကြသည်။

ဒါကိုမြင်လိုက်သည်တွင် ရှန်းလီက ချန်းသရှန်ကို လှမ်းကြည့်လိုက်ကာ ပြောလိုက်၏။

"ငါ ဒီဘက်မှာ လုပ်လိုက်မယ်။ မင်း လိုက်သွားလိုက်၊ မြက်ရိုင်းပင်တွေနေရာက ဒီကနေဆိုရင် နည်းနည်းဝေးတယ်၊ ငါတို့တွေ သူတို့မဖြေရှင်းနိုင်တဲ့တစ်ခုခု တွေ့ကြုံရမှာကိုမလိုလားဘူး"

လှုပ်ရှားမှုများဖြင့် ယောက်ယက်ခတ်နေသည့်အဖွဲ့တစ်ခုကို တာဝန်သုံးခုခွဲလိုက်လေသည်။ ချန်းသရှန်က ယောက်ျားတစ်အုပ်ကိုဦးဆောင်ကာ ကျူပင်များကို သွားခုတ်လိုက်သည်။ ရှန်းလီက လုအာ့လန်၊ လုစန်းလန်နှင့် စိတ်အားတက်ကြွစွာ သင်ယူချင်နေသည့်ရွှီဝမ်ချင်းတို့နဲ့အတူ ဝံပုလွေသားရေများကို ခွာလိုက်ကြပြီး အသားများကို ခွဲဝေလိုက်ကြသည်။ တစ်ချိန်တည်းတွင် စန်းလော့နှင့် ရှီအာ့လန်၏မိန်းမတို့က ကျိုးမိသားစုထံမှ မြေဇလုံတစ်ခုကို ငှားယူလိုက်ပြီး တောင်ကျစမ်းရေများကို ဖြည့်လိုက်ကာ သူတို့၏စပျစ်သီးနှင့် တောဆီးသီးများကို စတင်ဆေးကြောလိုက်ကြသည်။ ကျိုးမိသားစုကလဲ သူတို့၏ ကိုယ်ပိုင်ခြင်းများကို ယူထုတ်လာကြပြီး သူတို့ခူးလာသည့်စပျစ်သီးများကို စတင်သန့်စင်လိုက်သည်။

ဒီနေရာတွင် ရှိကြသည့်ဘယ်သူကမှ အရင်က စပျစ်သီးခြောက်များကို နေမလှန်းခဲ့ကြဘူးချေ။ ထို့ကြောင့် သူတို့အားလုံးက တော်တော်လေး သတိထားနေကြပြီး ကျိုးလိုင်ကျီ၏မိန်းမက မေးလိုက်၏။

"ကျွန်မတို့တွေက ဒါတွေကို တစ်လုံးချင်းစီထုတ်ပြီးတော့ ဆေးရမှာလား"

စန်းလော့က ခေါင်းခါပြလိုက်၏။ "မလိုပါဘူး ကျွန်မတို့တွေ အခိုင်လိုက်ဆေးပြီးတော့၊ အခိုင်လိုက်ပဲ အခြောက်လှန်းလို့ရတယ်၊ ဒါတွေကို လုံလောက်အောင် အခြောက်လှန်းပြီးသွားတဲ့အချိန်ကြရင် သူတို့တွေက အလိုလိုကြွေသွားကြမှာလေ၊ နောက်ပြီးတော့ ဒါတွေကို ချိတ်ဆွဲပြီးတော့ အခြောက်လှန်းတယ်ဆိုရင် နေရာလဲသက်သာသလို ထိရောက်မှုလဲပိုရှိတယ်"

မကြာမှီတွင် ကျိုးသားအမိနှစ်ယောက်နှင့်အတူ ရှီအာ့လန်၏မိန်းမတို့သည် ချိတ်ဆွဲပြီးအခြောက်လှန်းခြင်းဆိုသည့် အဓိပ္ပါယ်ကို သိရှိသွားတော့သည်။ သူတို့၏အိမ်တွင် သစ်သားစည်းရိုးတစ်ခု ဝန်းရံထား သည်မဟုတ်ပါလား။ များပြားလှသည့် အစွန်းထွက်နေသည့် နေရာများရှိလေရာ စန်းလော့က ရှန်းလီဆီသို့ ခဏလောက်သွားလိုက်ပြီး သူတို့သည် အတူတူ အပြင်ထွက်သွားလိုက်ပြီးနောက်တွင် အကိုင်းများကို ခုတ်ဖြတ်ထားပြီး သားဝါးလုံးငယ်လေးများနှင့် ပြန်လာကြလေသည်။ အကြမ်းဖျင်း ရွေးချယ်ပြီးလိုက်နောက်တွင် သူတို့သည် သစ်သားစည်းရိုးပေါ်တွင် အခြောက်လှန်းသည့်တန်းများကို ချက်ချင်းပြု လုပ်လိုက်ကြသည်။

သူတို့၏အိမ်ထောင်စုသုံးစုမှ စပျစ်သီးများနှင့်ပင် တန်းတစ်ခုစီမှာ ပြည့်နှက်သွားပြီး အင်မတန်မှ မှင်သက်အံ့သြစရာ ပုံရိပ်လေးထွက်လာတော့သည်။

ဝါးလုံးများ အများကြီးကျန်နေသေးသည် ရှန်းလီက ဝါးလုံးများကို ကူညီတပ်ဆင်ပေးလိုက်ပြီး ဝါးလုံးတန်းအများအပြားကို ချန်ထားပေးလိုက်သည်။

ချန်းယိုထျန်းနှင့်သူ့အဖွဲ့က ပြန်မလာသေးသဖြင့် စန်းလော့က တစ်ခြားသူများကို လှမ်းခေါ်လိုက်သည်။

"သူတို့တွေရဲ့စပျစ်သီးတွေကို အခြောက်လှန်းဖို့ ကူညီပေးလိုက်ပါအုံး"

ချန်းယိုထျန်းနှင့်တစ်ခြားသူများက ကျူပင်များဖြင့်ပြန်ရောက်လာချိန်တွင် တောစပျစ်သီးလှန်းထားသည့် တန်းအများအပြားသည် ကျိုးမိသားစု၏ခြံဝန်းအပြင်ဘက်တွင် ချိတ်ဆွဲနေပြီးသားဖြစ်လေသည်။ ခရမ်းရောင်စပျစ်သီးကြိုးတန်းများကို အတန်းလိုက်နေရာချထားပြီး စပျစ်သီးနံရံငယ်လေးတစ်ခု ဖြစ်နေလေသည်။ ဒါသည် အံ့သြစရာကောင်းသည့် မြင်ကွင်းတစ်ခုပင်။

"မင်းတို့တွေ ငါတို့အတွက်လဲ အားလုံးကိုလုပ်ပေးထားတာလား"

စန်းလော့က ပြုံးပြလိုက်သည်။

"ဟုတ်တယ် ဝါးတန်းတွေပေါ်မှာ ရှင်တို့ရဲမြားပေါ်က အမှတ်အသားလေးနဲ့အတူတူ အမှတ်အသား လုပ်ထားပေးတယ် ဘယ်တစ်ခုကရှင်တို့ အိမ်ကဟာလဲဆိုတာကို ခွဲလို့ရတယ်"

...

အပိုင်း (၁၈၂) ဘယ်လိုအိပ်ရမလဲ

ယောကျ်ားများသည် ဖျာရက်၊ တိရစ္ဆာန်သားရေထုတ်ပြီး အသားများကို ခွဲဝေလိုက်ကြသည်။ အမျိုးသမီးများကတော့ တောဇီးသီးများကို ကူညီပြင်ဆင်ပေးကြပြီး အခြောက်လှန်းရန်အတွက် ရေးဆေးက ခွဲပေးကြသည်။

ဝါးဖျာက ပုံမှန်ဆိုလျှင် မရက်လုပ်ခင် ဝါးနှီးများကို နေလှန်းပေးရန် လိုအပ်သည်။ သို့သော်လည်း သူတို့သည် အိပ်ယာခင်းအတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ နေလှန်းရန် ဖျာများအတွက် ရည်ရွယ်ထားသဖြင့် အမျိုးသမီးများက သည်လိုအ‌သေးစိတ်အတွက် အလုပ်ရှုပ်ခံမနေတော့ဘဲ ဝါးနှီးများကို ချက်ချင်းရက်လိုက်ကြ၏။

သူတို့သည် သူတို့၏အလုပ်များ ပြီးသွားသည့်အချိန်တွင် နေ့လည်ခင်း ရောက်လုပ်နီးပါးဖြစ်နေပြီ။ မိသားစုတစ်ခုချင်းက သူတို့ကို ဝံပုလွေသား ဝေစုများကို ရလိုက်ကြသည်။ ကျိုးလိုင်ကျီနှင့် သူးသားတို့က ရှီအာ့လန်နှင့် ဝံပုလွေတစ်ကောင်တည်းကို ပစ်ခဲ့ကြသည်။ ကျိုးလိုင်ကျီ၏မိသားစုက ဆောင်းတွင်းအတွက် အနွေးထည် သို့မဟုတ် ထူထဲသည့်စောင်များကို မတတ်နိုင်မှန်း သိကြသည်။ ရှီမိသားစုက မကြာခဏ အမဲလိုက်ထွက်နေသဖြင့် ရှီအာ့လန်းက သူ့ဝေစုထဲက ဝပုလွေသားရေကို ကျိုးလိုင်ကျီနှင့် သူ့သားအား ရက်ရက်ရောရော ပေးလိုက်၏။

ရှန်းလီနှင့် စန်းလော့တို့ကလည်း အိပ်ယာခင်းများ ရှိကြပြီး ဝံပုလွေသားရေ တော်တော်များများ စုဆောင်းထားကြသည်။ ယခုတွင် သူတို့သည် ရှောင်ကျင့်နှင့် သူ့ညီလေးများအတွက် ထောက်ပံ့ပေးရန် လိုအပ်သော်လည်း နောက်ထပ်ရနိုင်မည့် အခွင့်အရေးများ ရှိသေးသည်။ ဝပုလွေသားရေ နှစ်ချပ်ခွဲတွင် သူတို့သည် ဆောင်းတွင်းအတွက် ကျိုးမိသားစုကို ကျန်သည့်တစ်ဝက်ပေးရန် ဆုံးဖြတ်လိုက်၏။

ကျိုးမိသားစုမှာ အလွန်မှ ကျေးဇူးတင်ရသဖြင့် မည်သို့ ဖော်ပြရမည်မသိအောင် ဖြစ်သွားလေသည်။ ကျိုးမိသားစု၏ အကြီးဆုံးသမီးက သူမ၏အမေကို တစ်ခုခုကို တိုးတိုးလေး ပြောလိုက်ပြီး ကျိုးလိုင်ကျီ၏မိန်းမက ပြုံးကာ သူမကို တာဝန်ယူခိုင်းလိုက်၏။

ဖြစ်ချင်တော့ ဝံပုလွေအသားနှင့် ကလီစာများကို မိသားစုများအကြား ခွဲဝေခဲ့ပြီးဖြစ်သည်။ သူမ၏မိသားစုက တခြားသူများထံမှာ များပြားလှသည့် စေတနာကို လက်ခံရရှိခဲ့ပြီး နေ့လည်ခင်းလည်း ရောက်တော့မည်ဖြစ်သဖြင့် အားလုံးက မကြာခင် အမဲလိုက်သွားရအုံးမည်။ အကြီးဆုံးသမီးက သူတို့သည် အားလုံး ဗိုက်ဖြည့်ဖို့ရန် သူတို့သည်နေ့ စုဆောင်းရရှိသည့် ဝံပုလွေအသားတစ်ချို့၊ ကလီစာများနှင့် မှိုများကို အားလုံးအတွက် တစ်နပ်စာ ချက်ကျွေးလိုက်မည်ဟု အမေဖြစ်သူကို အကြံပေးလိုက်၏။

သူတို့သည် ချဲ့ကားလွန်းသည့် ပမာဏကို မတတ်နိုင်‌သော်လည်း ဟင်းရည်များ ပိုထည့်လိုက်လျှင် အဆင်ပြေသွားလိမ့်မည်။ သူတို့၏ကိုယ်ပိုင်မိသားစုက စားသောက်ချိန်တွင် အသားဟင်းရည်နည်းနည်းနှင့် တောဟင်းရွက်ပြုတ်များဖြင့် ကျေနပ်နိုင်သည်။

ကျိုးမိသားစု၏ မိန်းမနဲ့သမီးက အစားအသောက်များကို ပြင်ဆင်နေသည်ကို သတိထားမိလိုက်သဖြင့် အခြေအနေကို သတိထားမိလိုက်ကြသည့် တခြားမိသားစုများကလည်း သူတို့၏ကိုယ်ပိုင် အသားနှင့် ကလီစာတစ်ချို့ကို ထည့်ဝင်လိုက်ကြသည်။ နောက်ဆုံးတွင် ကျွေးမွေးရမည့်လူက ဆယ်‌ယောက်လောက် ရှိနေရာ စန်းလော့နှင့် ရှီအာ့လန်၏မိန်းမတို့က ဝင်ရောက်ကူညီပေးလိုက်တော့သည်။

ရှန်းလီနှင့် သူ့အဖွဲ့များကလည်း သူတို့ အရေခွံခွာပြီး ဝံပုလွေသားကို ဖော်ကြသည့် သစ်သားဘောင်အောက်တွင် မီးပုံတစ်ခု ဖိုရန် ထင်းများကို စုဆောင်းလိုက်ကြသည်။ သူတို့သည် အသားများကို ပေါင်တော်တော်များများ ပါသည့် အသားတုံးများဖြစ်အောင် လှီးဖြတ်လိုက်ကြပြီး အသားတုံးများက သစ်သားချောင်းများပေါ်တွင် တွဲချည်ရန် ကျိုးမိသားစုထံမှာ လျှော်ကြိုးများကို တောင်းလိုက်ပြီး ထိုသစ်ချောင်းများကို တုတ်ချောင်းများနှင့် ဝိုင်းထားလိုက်ကာ အပေါ်မှာ သစ်ရွက်ကြီးများဖြင့် အုပ်ထားပြီး လက်ဖြစ်ကြပ်တိုက်တဲအိမ်များ လုပ်လိုက်သည်။ အသားများကို စတင် ကြပ်တိုက်ထားလိုက်သည်။

ရေခွဲဆုပ်ထားပြီး အလွှာလိုက်လှီးဖြတ်သည့် အသားသည် အခုတော့ မီးဟုန်းဟုန်းတောက်နေကာ သွေးညှီနံ့က ပျောက်သွားပြီး အသားကင်ထားသည့် အနံ့က ထွက်လာသည်။

ကြပ်ထားသည့်လုပ်ငန်းစဉ်က တစ်ညနေခင်းလုံး အချိန်ယူလိုက်ရသည်။ ကြက်သွားသည့် အသားနံ့က တိရစ္ဆာန်များကို ဆွဲဆောင်နိုင်လောက်သည်။ ရှန်းလီနှင့် တခြားသူများသည် မီးများကို ထိုးရင်း သူတို့၏အစီအစဉ်ကို တိုင်ပင်လိုက်ကြ၏။ သူတို့သည် သူတို့၏အစားအသောက် လုပ်ငန်းစဉ်ကြောင့် ကျိုးမိသားစုအတွက် ဘာဒုက္ခမှ မဖြစ်စေရန် ညနေပိုင်းတွင် ထိုနေရာကို စောင့်ကြပ်ပေးမည့် လူတစ်ချို့ ချန်ထားဖို့ ဆုံးဖြတ်လိုက်ကြ၏။ သည်လိုဆိုလျှင် သူတို့သည် ကျိုးမိသားစုကိုလဲ သူတို့၏ စိုက်ပျိုးမည့်နေရာအား မြန်မြန်ဆန်ဆန် စည်းရိုးကာနိုင်အောင် ကူညီပေးနိုင်လိမ့်မည်။ နောက်ပိုင်းတွင် သူတို့သည် ရရှိလာသည့်အရာများအတွက် ရိုးရှင်းသည့် အခြောက်လန်းတန်းများကို တည်ဆောက်ပြီး ကြီးမားသည့် အင်အားမလိုဘဲ ခြံဝင်းထဲတွင်းသာ အခြောက်လှန်းပြီး ကိုင်တွယ်နိုင်လိမ့်မည်။

အားလုံးက ထောက်ခံလိုက်ကြ၏။ ရှန်းလီနှင့် ချန်းသရှန်တို့၏ အရည်အချင်းကို စဉ်းစားပေးပြီး လုအာ့လန်က နေခဲ့မည်ဟု ဆန္ဒပြုလိုက်သည်။ သူသည် လုစန်းလန်ကို တောဟင်းရွက်များစုဆောင်းပြီး အမဲလိုက်ရန်အတွက် ရှန်းလီတို့အဖွဲ့နှင့် လိုက်သွားခိုင်းလိုက်၏။

ရှန်းလီက တဟင်းဟင်းရယ်လိုက်လေသည်။

“တကယ်လို့ ညနေပိုင်းမှာ သားကောင်တစ်ခုခုရခဲ့ရင် ကျွန်တော်တို့က မင်းကို ပြန်ခွဲပေးပါ့မယ်”

လုအာ့လန်က ရယ်မောလိုက်ကာ “ဒါဆိုရင်တော့ နှစ်ဘက်လုံး အဆင်ပြေတာပေါ့”

သူ၏ကိုယ်ပိုင်အရည်အချင်းများက ရှန်းလီနှင့် ချန်းသရှန်တို့နှင့် မယှဉ်နိုင်ချေ။

ရှန်းလီနှင့် ချန်းသရှန်တို့ နှစ်ယောက်လုံးက ပြုံးလိုက်ကြပြီး နောက်ဆုံးတော့ နေ့လည်စာစားပြီးလျှင် မိသားစုတစ်ခုစီက မိသားစုဝင်တစ်ယောက်စီ ချန်ခဲ့မည်ဟု သဘောတူလိုက်ကြတော့သည်။ တာဝန်းများတွင် အခြောက်လန်းစင်အတွက် ဖျာရက်ခြင်း၊ ကျိုးမိသားစု၏ စည်းရိုးကို ကူညီဆောက်ပေးခြင်းနှင့် ပြင်ဆင်ပြီး ကြပ်တိုက်ရန် လိုအပ်သည့် ရှန်းလီနှင့် ချန်းသရှန်တို့ အမဲလိုက်ထားသည့် တောကြက်များနှင့် တောယုန်များလို အစားအသောက်များကို ကိုင်တွယ်ခြင်းတို့ ပါဝင်လေသည်။

ထို့ကြောင့် ဦးလေးရွှီ၊ ချန်းယိုထျန်း၊ ကျိုးသလန်၊ စန်းလော့နှင့် ရှီအာ့လန်၏မိန်းမက အားလုံး နေခဲ့ကြသည်။ သူတို့က ခြံဝင်းကို ကူညီပေးမည်ဖြစ်ကာ ကျိုးမိသားစုကလည်း နောက်ပိုင်း အပြင်ထွက်လျှင် ပါဝင်နိုင်သည်ဟု ကြားလိုက်ရသဖြင့် ကျိုးလိုင်ကျီနှင့် သားနှစ်ယောက်ကလည်း နေခဲ့ဖို့ ဆုံးဖြတ်လိုက်ကြသည်။

တစ်ချိန်က သီးခြားဖြစ်နေသည့် ဂူတစ်ခုသည် အခုတော့ လှုပ်ရှားမှုများနှင့် စည်ကားနေလေသည်။ ဂူခြံဝင်းထဲက လက်ဖြစ်မီးဖိုသည် နှစ်လိုဖွယ်ကောင်းသည့် ရနံ့ကို ထုတ်လွှင့်နေပြီး အားလုံးကို စားသောက်ဖို့ရန် ကျိုးစန်းလန်က လာခေါ်သည်။

ကျိုးမိသားစုသည် ပန်းကန်ခွက်ယောက်များ မလုံလောက်သော်လည်း ကံအားလျော်စွာ အားလုံးက ရေထည့်စရာ ဝါးကျည်တောက်များကို ယူလာခဲ့သည်။ တုတ်နှစ်ချောင်းကို ချိုးလိုက်ပြီး အခေါက်ခွာလိုက်ကာ ရေဆေးသန်းစင်ပြီးနောက် လက်ဖြစ် တူနှင့်ဇွန်းများလို သုံးလိုက်ကြသည်။

တစ်ပြီးတစ်ယောက် ဝါးကျည်တောက်များကို လက်ဆင့်ကမ်းလာပြီး ကျိုးသားအမိက အစားအ‌သောက်ကို နှုတ်ခမ်းနားပြည့်သည်အထိ ဖြည့်ပေးကြသည်။ ကျိုးမိသားစု၏ သမီးကြီးက သူ့ထက် ကြီးသူတစ်ယောက်ကို ဧည့်ခံပေးရသည့်အချိန်တိုင်း သူမသည် နွေးထွေးစွာ ပြုံးကာ သူတို့ကို “အစ်ကို” “ဦးလေး”ဟု ခေါ်တတ်ပြီး မလောက်လျှင် ထပ်ပြောဖို့ ဖိတ်ခေါ်ပေးသည်။

သူမ၏သိမ်မွေ့သည့်အသံက ချန်းယိုထျန်းကို နောက်ထပ် အာရုံစိုက်မိသွားစေသည်။

...

နေ့လည်ခင်း တစ်နပ်သည် မြန်မြန်ဆန်ဆန် ပြီးဆုံးသွားပြီး ရှန်းလီနှင့် သူ့အဖွဲ့က ခရီးပြန်ထွက်ရမည့် အချိန်ရောက်လာသည်။ ယခုအချိန်တွင် ခြင်းများထဲက တစ်လုံးကတော့ အနည်းဆုံး လွတ်နေပြီဖြစ်ကာ ခရီးအတွက် လက်နက်များကို သယ်ယူရန် အဆင့်သင့်ဖြစ်လာသည်။

မထွက်ခင် ရှန်းလီက စန်းလော့၊ ရှီအာ့လန်၏မိန်းမနှင့် တိုက်ခိုက်ရန် ခွန်အားမရှိသည့် ကျိုးညီအစ်မတို့ကို တတ်နိုင်လျှင် ခြံဝင်းငယ်လေးထဲတွင်နေရာ ဖျာများကို ရက်ဖို့ မှာထားလိုက်သည်။ သူသည် အပြင်ဘက်က အလုပ်များကိုတော့ ယောက်ျားလေးများကို လွဲပေးလိုက်သည်။ ထို့နောက် သူသည် စန်းလော့ကို နောက်ထပ်ပုလင်းငယ်လေးတစ်ခုကို တိုးတိုးတိတ်တိတ် လှမ်းပေးလိုက်ပြီး တီးတိုးပြောလိုက်၏။ “ကြောက်စရာကောင်းတဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ တွေ့ခဲ့ရင် ဒီပုလင်းကို ဦးလေးလုကို ပေးလိုက်နော်”

ကျိုးမိသားစု၏ အတွင်းပိုင်းခြံဝင်းနံရံကို သူတို့၏အကူအညီဖြစ် ဆောက်လုပ်ခဲ့ကြပြီး လေ့လာဖို့ရန် သေးငယ်ပြီး လုပ်ဆောင်ရန် အဆင်ပြေသည့် ပြတင်းပေါက်လေးများကို ထည့်ထားလိုက်သည်။ ထိုပြတင်းပေါက်လေးများမှ အပြင်ဘက်သို့ မြားများကို ပစ်ပြီး ပစ္စည်းငယ်လေးများကို အလွယ်တူ လှမ်းပေးနိုင်သည်။

စန်းလော့သည် ခေါင်းညိတ်ထားလိုက်ပြီး ပုလင်းကို လက်ခံလိုက်ကာ လုံလုံခြုံခြုံ သိမ်းထားလိုက်သည်။

ထိုအခါမှ ရှန်းလီသည် လုအာ့လန်ကို သွားရှာပြီး သူ့ကို သတိထားဖို့ရန် မှာကြားပြီး ပြောလိုက်လေသည်။ “တော်ရိုင်းတိရစ္ဆာန်တွေမှာ သူတို့ကို ကိုယ်ပိုင်နယ်မြေတွေရှိတယ်၊ ဒီနေရာငယ်လေးထဲမှာ ဝံပုလွေရှစ်ကောင်ကို သတ်ခဲ့ပြီးပြီဆိုတော့ ကြီးကြီးမားမား သတ္တဝါတွေ အများကြီး ကျန်မှာမဟုတ်ဘူး၊ ဒါပေမဲ့လည်း ကြိုတင်သတိတော့ ထားရမယ်၊ အမျိုးသမီးနဲ့ကလေးတွေကို အပြင်မှာ မလုပ်ခိုင်းပါနဲ့၊ ခြံဝင်းစည်းရိုင်းကို မြန်မြန်လုပ်ရမယ်၊ အချိန်က ကုန်နေတာဆိုတော့၊ ကျွန်တော်တို့လည်း အဝေးကြီးတော့ သွားမှာမဟုတ်ဘူး၊ အနီးနားကတောင်တွေကို ရှာဖွေမှာ၊ ကျွန်တော်တို့တွေ တစ်နာရီခွဲအတွင်း ပြန်ရောက်လောက်ပါတယ်၊ ကျွန်တော်တို့ မမှောင်ခင် ပြန်ဖို့လိုတယ်လေ”

လုအားလန်က သဘောတူလိုက်သည်။ “ကောင်းပြီလေ၊ ပြန်ဆုတ်စရာ ခြံဝင်းရှိနေတော့ ငါလည်း တခြားတော့ ကတိမပေးနိုင်ဘူး၊ ဒါပေမဲ့ လူတွေ အန္တရာယ်မှာကိုတော့ ငါ မင်းကို အာမခံပါတယ်၊ စိတ်မပူဘဲ ဆက်လုပ်ပါ၊ ငါတို့တွေ လူအများကြီးဆိုတော့ ညနေခင်းအမီ ဒီနေရာကို အပြီးကာပေးဖို့ ကူညီနိုင်လောက်ပါတယ်”

ထိုအခါမှ ရှန်းလီနှင့် ချန်းသရှန်တို့သည် စိတ်အေးသွားတော့သည်။ ရွှီဝမ်ချင်း၊ အာ့လန်၊ ရှီအာ့လန်နှင့် လုစန်းလန်တို့ကို အဖော်ခေါ်ကာ လူခြောက်ယောက်အဖွဲ့သည် အနီးဆုံးတောင်များဆီသို့ ထွက်ခွာသွားတော့သည်။

သူတို့ ထွက်သွားသည့်နှင့် ချက်ချင်း သည်ဘက်တွင်‌ နေခဲ့ကြသူများက ဆက်ပြီး ထိုင်မနေကြတော့ချေ။ ယောက်ျားများက သစ်ပင်များကို ခုတ်လဲပြီး ခြံဝင်းကို ပိတ်ပေးရန် ငုတ်တိုင်များ စိုက်လိုက်ကြသည်။ ချန်းယိုထျန်း၏ လက်သမားအတတ်နှင့် ရနိုသည့် ဓားများ၊ ပုဆိန်များကို သုံးကာ ယာယီစည်းနှောင်ဖို့ရန် နွယ်ပင်များကိုသုံးပြီး အခြောက်လှမ်းစင် အကြမ်းထည်တစ်ခုကို ဆောက်လိုက်သည်။ တစ်ချိန်ထဲတွင် စန်းလော့နှင့် တခြားသူများက ခြံဝင်းထဲတွင် ဖျာများကို ရက်လိုက်ကြသည်။

စန်းလော့၊ ရှီအာ့လန်၏မိန်းမ၊ ကျိုးသားအမိနှင့် ကလေးနှစ်ယောက်တို့ ပါဝင်သည့် လုံလောက်သည့်လုပ်အားတစ်ခုကြောင့် ဖျာကြမ်းရက်လုပ်ခြင်းက သိသိသာသာ ပိုပြီး မြန်ဆန်လာသည်။ ချန်းယိုထျန်သည် သူ့ဘက်တွက် အခြောက်လှန်းစင်များ ဆောက်ပြီးသွားသည့်အချိန်တွင် ရိုးရှင်းသည့်ဖျာတစ်ချို့ကို သည်ဘက်တွင် ရက်လုပ်ထားပြီးဖြစ်သည်။ အပြင်ဘက်ကွင်းပြင်ကို ကျောက်တုံးများဖြင့် မြန်မြန်ဆင့်ထားလိုက်ပြီး စင်များကို ထောင်လိုက်ကာ ဖျားများကို ခင်းလိုက်ကြသည်။ သပ်သပ်ရပ်ရပ် စီထားသည့် သည်များပေါ်တွင် တောဇီးသီ၊ မှို၊ ကျောက်ပွင့်များနှင့် အိမ်ထောင်စုတစ်ခုစီက တခြားပစ္စည်းများ အားလုံးကို အကန့်လိုက် ဂရုတစိုက်ခွဲထားပြီး ထိုအရာများက မည်သူ့မိသားစုက ဖြစ်ကြောင်းကို လျှော်ကြိုးဖြင့် ကျစ်ချည်ထားကာ အမှတ်အသားလုပ်ထားလိုက်သည်။

နောက်ပိုင်းတွင် လုအာ့လန်ကို မနက်ခင်းက အမဲလိုက်ထားသည့် ကြပ်တိုက်ထားသည့် အသားများကို ပြင်ဆင်ရန်နှင့် တောယုန်များကို အရေခွံခွာရန် အကူအညီပေးဖို့ လှမ်းခေါ်လိုက်သည်။ ပျားပန်းခတ်များ လှုပ်ရှားမှုကြားတွင် သူတို့သည် တို့၏လက်ရှိအလုပ်များကို ပြီးမြောက်သွားသည့်အပြင် နောက်ထပ် အခြောက်လှန်းစင်များနှင့် ဖျာများကိုလည်း လုပ်နိုင်ခဲ့ကြသည်။ ထိုအရာများကိုတော့ နောက်ပိုင်း အမဲလိုက်ရန် မျှော်လင့်ချက်ဖြစ် ပြင်ဆင်ထားပြီး အစောပိုင်း တသုတ်ကို အပြည့်အဝ နေလှမ်းမပြီးခင် အသစ်ရောက်လာမည့် အမဲကောင်များကို အခြောက်လှန်းရန်အတွက် သေချာအောင် ပိုလုပ်ထားလိုက်ခြင်းပင်။

သူတို့၏အားထုတ်မှုက အချည်းနှီး မဖြစ်ခဲ့ချေ။ ရှန်းလီနှင့် ချန်းသရှန်တို့ ပြန်လာချိန်တွင် သူတို့၏ခြင်းများသည် ခြင်းနှုတ်ခမ်းအထိအပြည့် ပစ္စည်းများ ပါလာကြသည်။ သို့သော်လည်း အားလုံး၏ အာရုံကို ဆွဲဆောင်ထားသည်မှာ သူတို့၏ခြင်းများတင် မဟုတ်ဘဲ သူတို့ ထမ်းပိုးဖြင့် ထမ်းလာသည့် တောရိုင်းတိရစ္ဆာန်များဖြစ်လေသည်။

စန်းလော့သည် အပြင်ဘက် ဆူညံသံကို ကြားလိုက်ပြီး ရှန်းလီနှင့် သူ့အဖွဲ့ ပြန်လာတာဖြစ်မည်ဟု ခန့်မှန်းလိုက်၏။ သူမသည် အပြင်ဘက်သို့ ကြည့်လိုက်သည့် ပြတင်းပေါက်ဆီ သွားလိုက်ပြီး သူမ၏ခန့်မှန်းချက်ကို အတည်ပြုလိုက်လေသည်။ သူမနှင့် ရှီအာ့လန်၏မိန်းမသည် အဖွဲ့က ထမ်းပိုးများက သူတို့၏သားကောင်များကို နေရာချနေသည်ကို တွေ့လိုက်ရသည်။

သိလိုစိတ်ဖြင့် စန်းလော့သည် အနီးကပ်ကြည့်ရန် ရောက်လာတော့သည်။ သမင်နှင့်တူသည့် သတ္တဝါဖြစ်သော်လည်း ထိုအကောင်တော့ မဟုတ်ချေ။ ချွန်ထက်ရှည်လျားသည့် အစွယ်များက ပါးစပ်ထဲမှာ ထိုးထွက်နေသည်။ သူမသည် ရှန်းလီကို မော့ကြည့်လိုက်ပြီး မေးလိုက်၏။ “ဒါက ဘာလဲဟင်”

စန်းလော့ မသိသည့်အရာက ရှားလေသည်။ ရှန်းလီ၏မျက်လုံးများက သဘောကျသည့် အရိပ်အယောင်တစ်ခု ဖြစ်သွား၏။ “ဒရယ်လေ၊ သူ့အသားက ထူးထူးခြားခြားကို အရသာရှိတာ”

‘ဒရယ်’ဟုကြားလိုက်သည်တွင် စန်းလော့သည် အံ့ဩသွားတော့သည်။ ဒါသည် ဝတ္ထုများထဲတွင်သာ သူမဖတ်ခဲ့ဖူးသည့် အကြောင်းအရာပင်။ စိတ်ဝင်စားသွားပြီး သူမက သတ္တဝါကို ပိုပြီးအနီးကပ် စစ်ဆေးကြည့်လိုက်ကာ အကောင်၏ထူးခြားသည့် အစွယ်များကို မှတ်သားထားလိုက်သည်။

ဒရယ်လေးကောင်ကို ဖမ်းမိခဲ့သည်။ နှစ်ကောင်မှာ အရွယ်ရောက်ပြီးဖြစ်ကာ နှစ်ကောင်ကတော့ အကောင်ငယ်လေးဖြစ်သည်။ အကောင်ငယ်လေးထဲက တစ်ကောင်ကို ရွှီဝမ်ချင်းနှင့် လုစန်းလန်တို့က အမဲလိုက်ခဲ့ပြီး ကျန်တစ်ကောင်ကိုတော့ ရှီအာ့လန်က ဖမ်းခဲ့သည်။ ပိုကြီးသည့်ဒရယ်များက ရှန်းလီးနှင့် ချန်းသရှန်တို့က ပိုင်ဆိုင်ကြသည်။

အမဲလိုက်သွားခဲ့သည့် လူခြောက်ယောက်တွင် ကျိုးအာ့လန်၏မြားများက ပစ်မှတ်ကို လွဲချော်သွားပြီး သူ့မှာ လက်ဗလာဖြင့် ပြန်လာခဲ့ရသည်။ စန်းလော့နှင့် တခြားသူများက တောစပျစ်သီးနှင့် မှိုများကို ပြင်ဆင်နေစဉ် ရှန်းလီနှင့် တခြားသူများက သားရေကို ခွာလိုက်ကြပြီး အသားများကို လှီးဖြတ်လိုက်ကြသည်။ အစောပိုင်း သဘောတူထားသည့်အတိုင်းပင် သူတို့တစ်ယောက်စီက လုအာ့လန်ကို ဒရယ်နောက်ခြေထောက်ကို ပေးလိုက်ပြီး လက်ဗလာဖြင့်ပြန်လာသည့် ကျိုးအာ့လန်နှင့် သူတို့နှင့် မလိုက်နိုင်ခဲ့သည့် ကျိုးမိသားကိုလည်း ပေါင်အနည်းငယ် ခွဲပေးလိုက်ကြသဖြင့် သူတို့လည်း အသားကို စားသောက်နိုင်ကြမည်။

နောက်ခြေနှစ်ချောင်းကို ရထားသဖြင့် လုအာ့လန်၏မျက်နှာက ပျော်ရွှင်မှုဖြင့် ဝင်းပနေသည်။ “ဒါကို မရတာ တော်တော်လေး ကြာသွားပြီလေ၊ နောက်ဆုံးအခေါက်က ငါတို့တွေ မြောက်ပိုင်းက အပြန်လမ်းမှာပေါ့၊ ဒီနေ့တော့ ပွပေါက်တိုးတာပဲ”

ကျိုးအာ့လန်နှင့် ကျိုးလိုင်ကျီမိသားစုက အိမ်အတွက် မြည်းနိုင်ရန် ပေါင်အနည်းငယ် ရလိုက်ပြီး ဒါကြီးမားခမ်းနားသည့်ပွဲတစ်ခုလို နွေးဦးပွဲတော်ကာတုန်းကထက်ပင် အလွန်ပျော်နေကြသည်။ မကြာသေးမီက နှစ်များတွင် ချမ်းသာသည် ကျိုးမိသားစုပင် နှစ်သစ်ကူးအတွက် ဒီလောက်ကောင်းမွန်သည့် အသားကို မတတ်နိုင်ခဲ့ချေ။ နှစ်ပေါင်းများစွာ အသားချို့တဲ့နေသည့် ကျိုးလိုင်ကျီ၏ မိသားစုကတော့ ပြောနေရန်ပင် မလိုချေ။

သည်အခိုက်တွင် ကျိုးလိုင်ကျီသည် အပြင်ဘက်တွင် အုပ်စိုးနေသူနှင့် ပတ်သက်ပြီး ဂရုမစိုက်တော့ချေ။ သူတို့သည် တောင်များထဲတွင် လူမှုဝန်ထမ်းတာဝန်နှင့် ခွန်ခံများမှ ကင်းလွှတ်ပြီး ဆက်နေကာ မြေလေးတစ်ကွက်ကို စိုက်ပျိုးပြီး တောနက်ထဲတွင် ပုန်းအောင်းနိုင်သ၍ ဘဝသည် စိတ်ချမ်းသာ ပျော်စရာကောင်းလိမ့်မည်။

သို့သော်လည်း သည်ချမ်းမြေ့ဖွယ် တည်ရှိမှုက ရှန်းလီနှင့် ချန်းသရှန်တို့က သူတို့ကို ဦးဆောင်ပေးခြင်းကြောင့် ဖြစ်မှန်း သူ သိသည်။ သူ့မိသားစုတစ်ခုတည်းသာဆိုလျှင် အသက်ရှင်ဖို့ရန်က ရုန်းကန်ခက်ခဲရလိမ့်မည်။

အထူးသဖြင့် ပြီးသလောက်ဖြစ်နေသည့် စိုက်ပျိုးမြေနေရာကို မြင်လိုက်ရသည်တွင် အခုနောက်ပိုင်း သူ၏ ကောင်းမွန်သည့်ကံတရားကို ကောင်းကင်ဘုံက ချီးမြောက်ထားသည်ဟု ခံစားရလေသည်။

ကျိုးသားအမိက တောစပျစ်သီးများကို ဆေးကြောပြီး အခြောက်လှန်းရန် ချခင်းလိုက်ပြီး မှိုများနှင့် တခြားပစ္စည်းများကိုတော့ ဖျာပေါ်တွင် ခင်းထားပြီးဖြစ်သည်။ တောဇီးသီး တစ်ချို့သာ ကျန်သည်။ အများကြီး မဟုတ်သဖြင့် ကျိုးလိုင်ကျီ၏ မိန်းမက ပြောလိုက်၏။ “ရှင်တို့တွေ မမှောင်ခင် ပြန်သင့်ပြီ၊ အန္တရာယ်မကင်းဘူး၊ ကျွန်မတို့ ဒါတွေကို ဆေးကြောပြီး လှီးဖြတ်ထားပေးပြီးရင် အခြောက်လှန်းထားပေးပါ့မယ်၊ ဒီည ကျွန်မတို့တွေ ဂူထဲမှာ မိသားစုတစ်ခုစီရဲ့ ဝေစုကို သိမ်းထားပေးပြီး မနက်ခင်းကျရင် နေပြန်ထုတ်လှမ်းထားပေးမယ်၊ ရှင်တို့တွေ စိတ်ပူစရာမလိုပါဘူး”

ထို့နောက်တွင် သားအမိနှစ်ယောက်သည် ဝါးခြင်းလေးတစ်ခုကို ထုတ်လာပြီး စန်းလော့ကို လှမ်းပေးလိုက်၏။

“ဒါတွေက ဒီနေ့ ဆေးထားတဲ့ထဲက ကျန်တဲ့ဟာတွေ၊ ပြန်ယူသွားပြီး ကိုယ့်ဟာကိုယ် ခွဲလိုက်ကြနော်၊ ဒါတွေက ဒီနေ့ည ရှင်တို့ပါးစပ်ကို ချိုအောင် လုပ်ပေးလိမ့်မယ်”

စန်းလော့က ပြုံးကာ ငြင်းလိုက်၏။ “ကျွန်မတို့တွေ အပြန်လမ်းမှာ ထပ်ခူးသွားလို့ရပါတယ်၊ ကျေးဇူးပြုပြီး အိမ်က ကလေးတွေအတွက် သိမ်းထားလိုက်ပါ”

သို့သော်လည်း ကျိုးလိုင်ကျီ၏မိသားစုက ပေးလာသည်ကို ငြင်းပယ်လိုက်ကြပြီး သူမအိမ်တွင်လည်း တစ်ချို့ကျန်သေးဟု ပြောနေသည်။ အပြုံးတစ်ခုဖြင့် သူမက စန်းလော့ထံသို့ ခြင်းကို ချက်ချင်း လှမ်းပေးလိုက်၏။ ဦးစားပေးသည့်စိတ်ကိုမှ လုံးဝမလိုချင်တော့ချေ။

စန်းလော့က ပြုံးလိုက်ပြီး စည်းရိုးက နေရာချပြီးဖြစ်သွားသည်ကို သတိထားမိလိုက်သည်။ ထို့နောက်တွင် သူမက အားလုံးကို ခေါ်လိုက်ပြီး အသီးကို ဝေပေးလိုက်၏။ တနေ့လည်ခင်းလုံး အလုပ်လုပ်ကြီးနောက်တွင် အချိုတစ်ခုခု စားရသည်က ကောင်းပေလိမ့်မည်။

လူတစ်ယောက်ချင်းက တောဆီးသီး ဆယ်လုံးလောက် စားလိုက်ပြီးနောက်တွင် သူတို့သည် သန့်ရှင်းသည့် သစ်ရွက်တစ်ချို့ကို ခူးကာ ခြင်းထဲတွင် ခင်းလိုက်ပြီးနောက် ကြပ်ခိုးတိုက်လုပ် ပြီးခါနီး အသားကို ထည့်ထားလိုက်တော့သည်။

ညနေစောင်းလာသည်တွင် ခြံစည်းရိုးခတ်ထားသည့်တိုင် ကျိုးမိသားစုအိမ်တွင် ဒရယ်သားကို ထားခဲ့ရန် မသင့်တော်တော့ချေ။ တောရိုင်းတိရစ္ဆာန်များက ကျူးကျော်လာမည် မဟုတ်သော်လည်း မိသားစုအတွက် ဒုက္ခများ ဖြစ်စေလိမ့်အုံးမည်။ အသားကို နောက်ထပ် အိတ်တစ်လုံးထဲ ပြောင်းထည့်လိုက်ပြီး လက်ဖြင့်သယ်ကာ ညရောက်မှာ သူတို့၏ဂူငယ်လေး၏ အပြင်ဘက်တွင် တခြားအသားများနှင့်အတူ ကြပ်တိုက်ရတော့မည်။

လျှိုမြောင်အပြင်ဘက်သို့ ပြန်ရောက်လာချိန်တွင် နေမဝင်ခင် အချိန်လေးဖြစ်နေသေးသည်။ ချန်းသရှန်၏ ဂူ၏ရှေ့တွင် ကျယ်ဝန်းသည့်မြေကွက်ကြီးတစ်ခု ရှိသဖြင့် အားလုံးက ထိုနေရာတွင် စုဝေးလိုက်ကြပြီး ကြပ်တိုက်ရန် ထင်းများကို ထပ်ပုံထားလိုက်ကြပြီး အသားများကို ချိတ်ဆွဲကာ ကြပ်တိုက်ခြင်းလုပ်ငန်းစဉ်ကို ဆက်လုပ်လိုက်ကြသည်။

စန်းလော့သည် သူမကိုယ်တိုင်အတွက် အစားအသောက်တစ်ချို့ကို ပြင်ဆင်ရမည့်အရေးမှ မရှောင်လွဲနိုင်ချေ။ သူမသည် ဘာဖွယ်ဖွယ်ရာရာမှလည်း မလိုအပ်ချေ။ နေ့ခင်းက သူတို့အမဲလိုက်ထားသည့် အသား တစ်လွှာနှစ်လွှာလောက်ကို တုတ်ထိုးလိုက်ပြီး ဆားအနည်းငယ်ဖြင့် အရသာသွင်းလိုက်ပြီးနောက် မီးပေါ်တွင် ကင်ထားလိုက်သည်။

ရှန်းလီအတွက်တော့ သူ့အရည်အချင်းနှင့် သတ္တိကြောင့် သူသည် လွတ်လွတ်လပ်လပ် လုပ်ရှားနိုင်သည်။ သူသည် တခြားသူများနှင့် သွားစရာမလိုချေ။ ထို့အစား သူ့ကိုယ်ပိုင်ဂူထဲက သူ့အသားကို ကြပ်တိုက်ရန်သာ ရွေးချယ်လိုက်၏။ စန်းလော့ကတော့ တိုက်ရိုက် ကြပ်တိုက်ထားသည့် အရာကို မစားလိုချေ။ ထို့ကြောင့် သူမက ရယ်သားအစိမ်း တစ်တုံးကို ချန်ထားလိုက်ပြီး မြေအိုးထဲတွင်ထည့်ကာ မီးဖိုပေါ်တွင် ဆူအောင် တည်ထားလိုက်တော့သည်။

သူမက ချက်ပြုတ်နေစဉ် စန်းလော့က အပြင်ဘက်တွင်နေရခြင်းကို အသားမကျမှာ စိုးရိမ်နေသည့် ရှန်းလီက ချန်းယိုထျန်းဆီမှာ ပုဆိန်နှင့် ဆောက်ကို ငှားလိုက်ပြီး သူတို့ဂူအနီးက သစ်ပင်တစ်ချို့ကို ခုတ်လဲလိုက်၏။ သူသည် သစ်တုံးများကို သုံးကာ ရိုးရှင်းသည့် ရေအိမ်တစ်ခု တည်ဆောက်လိုက်ပြီး သန့်စင်ခန်းအ‌ပေါက်တစ်ခုကို ထွင်းထားလိုက်သည်။

နှစ်ဝက်လောက် အတူတူနေလာပြီးသည့်နောက်တွင် စန်းလာ့သည်လည်း သက်တောင့်သက်သာ ဖြစ်လာသည်။ သူမသည် ဝင်ရောက်စွပ်ဖက်မနေဘဲ အနားက တောင်ကျစမ်းချောင်းတွင် သူမ ခူးလာသည့် မှိုတစ်ချို့ကို ဆေးကြောရင်း အလုပ်များနေလိုက်သည်။ အသားက ကျက်တော့မည်အချိန်တွင် သူမက မှိုများကို အိုးထဲသို့ ထည့်လိုက်သည်။

ညရောက်လာသည်တွင် ရှန်းမိသားစုနှင့် ချန်းမိသားစုတို့၏ဂူများသည် မီးဖိုထားပြီး မီးရောင်လင်းနေကာ ကြပ်တိုက်ထားသည့် အသားနံ့နှင့် ချက်ပြုတ်ထားသည့် အစားအသောက်နံ့က လေထဲတွင် လှိုက်တက်နေသည်။ အနံ့က ပတ်ဝန်းကျင်တောင်များထဲ တိရစ္ဆာန်များကို မြှားခေါ်နေမည်မလား သေချာမသိသဖြင့် အားလုံးက လက်တကမ်းတွင် သူတို့၏ဓားနှင့် မြားများကို ချထားကြသည်။ သူတို့၏အရေအတွက်၊ အင်အားနှင့်ဆိုလျှင် ကြောက်ရွံ့နေစရာ အကြောင်းမရှိချေ။

ရှန်းလီ၊ ချန်းသရှန်တို့နှင့်အတူ အမဲလိုက်ခရီး တော်တော်များများ လိုက်ပါခဲ့ပြီးနောက်တွင် အမဲကောင်များက ကိုယ့်ဟာကို သူတို့ထံသို့ လာရောက်ပို့ဆောင်နေသည်ဟုပင် သူမက တခါတလေ ခံစားမိလေသည်။

သည်နေရာကို ရှန်းလီ၏အဖွဲ့က နှံစပ်နေအောင် သွားခဲ့ပြီးဖြစ်သောကြောင့် ဖြစ်မည်။ ညစာစားပြီးနောက်တွင် ရှန်းလီနှင့် စန်းလော့တို့နှစ်ယောက်လုံးသည် နေ့ခင်းဘက်တွင် ကိုယ့်ဟာကိုယ် သိသိသာသာ အားထည့် လုပ်ဆောင်ခဲ့သဖြင့် ဝေယျာဝေစ္စများကို ပြီးစီးသွားကြသည်။ ရှန်းလီသည် စန်းလော့က သူမကိုယ်သူမက ဆေးကြောနိုင်ရန် မြေအိုးထဲတွင် ရေထည့်ကြိုပြီး သုံးရန်အတွင် ဇောက်တိမ်သည့်ရေပုံးတစ်လုံးပင် ထွင်းပေးလိုက်သေးသည်။ သူကတော့ ရေအေးဖြင့် ရေချိုးလိုက်ပြီး သူ့အဝတ်များကို လျှော်ဖွတ်ကာ ဂူထဲတွင် အခြောက်ခံရန် အဝတ်များကို ချိတ်လှန်းထားလိုက်သည်။ ညနောက်ကျသည်အထိ ဘာတိရစ္ဆာန်မှ မပေါ်လာခဲ့ချေ။

ညဉ့်နက်လာသည်နှင့် အသားအများစုကလည်း ကောင်းကောင်းလေး ကြပ်တိုက်ပြီးသားဖြစ်လာသည်။ ချန်းသရှန်က စည်းရိုးကို ပိတ်ထားလိုက်ပြီး အားလုံးကို ကိုယ်စီဂူအသီးသီးသို့ ပြန်ပို့ပေးလိုက်၏။ ရှန်းလီ၏ဂူထဲတွင် သူသည် ဆီမီးအိမ်တစ်ခုကို ထွန်းထားပြီး သူနှင့် စန်းလော့တို့သည် စင်ပေါ်တွင် ချိန်ဆွဲထားသည့် အသားကင်များကို ဖြုတ်လိုက်ကြပြီး ဂူထဲတွင်လုပ်ထားသည့် လက်ဖြစ်သစ်သားသေတ္တာထဲတွင် စီရီထည့်ကာ သိမ်းထားလိုက်သည်။

အိပ်ချိန်ရောက်လာပြီ။

ညနေစာစားချိန်ကတည်းက စန်းလော့သည် သည်နေ့ည သူတို့ မည်သို့အိပ်ရပါမည်နည်းဟု တိတ်တိတ်လေး စဉ်းစားလာခဲ့လေသည်။ စောင်ပါးလေးနှစ်ထည်ရှိပြီး သူမသည် ကြားထဲတွင် ခေါင်းအုံးတစ်လုံး ထားဖို့ ဆုံးဖြတ်လိုက်ပြီး တဖက်တချက်တွင် အိပ်မည်ဟု ဆုံးဖြတ်ထားလိုက်သည်။ သို့‌သော်လည်း ဂူထဲသို့ ဝင်လာသည်တွင် ရှန်းလီသည် တံခါးပိတ်လိုက်ပြီး သူမက ဘာမှ မပြောရသေးခင်မှာပင် သူက ဒူးတစ်ဖက်ထောက်ကာ ကိုယ်ကို ကုန်းလိုက်ပြီး ကုတင်အောက်က တစ်ခုခုကို ဆွဲထုတ်လိုက်လေသည်။

ဒါသည် သာမန်တစ်ယောက်အိတ် ခေါက်ကုတင်တစ်ခု ဖြစ်ပြီး လူတစ်ယောက်စာ လုံလောက်ရုံမျှသာ ကြိးပြီး ခြေတင်ခုံနှင့် ပိုတူနေသည်။

စန်းလော့သည် မနေနိုင်ဘဲ တခိခိ ရယ်မောမိတော့သည်။

ရှန်းလီသည် အမှန်စင်စစ် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ရိုးသားသော်လည်း ပွင့်လင်းသူပင်။

သူမသည် အစပိုင်းတွင် ရယ်ချင်စိတ်ကို အောင့်ထားရန် ကြိုးစားခဲ့သော်လည်း ရှန်းလီ၏ ပါးလျလှသည့် အကြားအားရုံက ထိုသံကို ကြားဖြစ်အောင် ကြားသွား၏။ သူမ၏အပြုံးကိုလည်း ဖုံးကွယ်ထားရန် မတတ်နိုင်တော့ချေ။ သူက ခေါင်းကို အလှည့်တွင် အကြည့်ချင်းဆုံသွားကြတော့သည်။

ရှန်းလီသည် အနည်းငယ် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားလေသည်။ စန်းလော့က အပြုံးတစ်ခုနှင့် သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် သူ့နားများသည် ရှင်းမပြတတ်အောင် ပူနွေးသွားတော့သည်။ သူသည် အလိုလို မေးမြန်းလိုက်၏။ “ဘာဖြစ်လို့လဲ”

စန်းလော့က တဖန် ရယ်မောလိုက်၏။ “ဘာမှ မဟုတ်ပါဘူး၊ ကျွန်မ ဒီနေ့ည ဘယ်လိုအိပ်ရမလဲလို့ စဉ်းစားနေတာ”

ဟုတ်ပါသည်။ သူတို့သည် လျှိုမြောင်ထဲသို့ ပြန်လာနိုင်သော်လည်း အားလုံးက အမဲလိုက်ရန် ထွက်လာကြပြီး လျှိုမြောင်အပြင်ဘက်က သည်ရွာကို တည်ဆောက်ခဲ့ကြပြီးဖြစ်ကာ အဓိကအကြောင်းအရာမှာ အပြင်လူများက လျှိုမြောင်၏အတွင်းပိုင်းသို့ ပိုပြီးချဉ်းကပ်လာမည်ကို တားဆီးရန်ဖြစ်သည်။ သူတို့သည် ဝင်ပေါက်နေရာအတွင်းတွင်း ဘာခြေရာလက်ရာများမှ မကျန်ခဲ့အောင် လုပ်ချင်ခဲ့ခြင်းပင်။ သူမသည် ရိက္ခာများကို စုဆောင်းသူဖြစ်သဖြင့် သူမတစ်ယောက်တည်း ချွင်းချက်လုပ်ရန် မသင့်တော်ချေ။

ပိုအရေးကြီးသည်က ရှန်းလီနှင့် အချိန်အများကြီး ကုန်ဆုံးပြီးနောက်တွင် သူမသည် သူ့ကို စိတ်အတွင်းထဲမှ အမှန်ပင် ယုံကြည်သွားလေသည်။ သူသည် သူ၏ကိုယ်ပိုင်နည်းလမ်းဖြင့် သူမ၏ယုံကြည်မှုကို ပြန်ပေးဆပ်လေသည်။

ရှန်းလီ၏နှလုံးခုန်နှုန်းက အနည်းငယ်ပိုမြန်ဆန်လာ၏။ စန်းလော့သည် ပိတ်စအပိုင်းတိုလေးများဖြင့် လုပ်ထားသည့် ပိတ်စတစ်ခုနှင့် ကိုယ်ကိုလှည့်လိုက်ပြီး ပြုံးကာ လက်ဖြစ်ကုတင်ကို သုတ်ရန် သူ့ကို လှမ်းပေးလိုက်၏။ ထို့နောက်တွင် သူမသည် ကုတင်အစွန်းနားသို့ လျှောက်သွားလိုက်ပြီး တိရစ္ဆာန်သားရေနှစ်ခုကို ကောက်ယူလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း ရှန်းလီကို ကူညီပြီး သားရေများကို ဖြန့်ခင်းကူလိုက်သည်။

သားရေများကို ခင်းနေစဉ်အတွင်းတွင် စန်းလော့၏ နှုတ်ခမ်းထောင့်သည် လုံးဝက အောက်ကျမသွားချေ။ ရှန်းလီက ဒါကို ဖျတ်ခနဲသတိထားမိလိုက်ပြီး မနေနိုင်တော့ဘဲ သူလဲ ပြုံးလိုက်မိလေသည်။

အားလုံးကို စီစဉ်ထားပြီးနောက်တွင် စန်းလော့က ရှန်းလီကို စောင်ပါးလေးတစ်ထည် လှမ်းပေးလိုက်၏။ သူမက ကုတင်ခြေရင်းမှ ကုတင်ပေါ် တက်လာလိုက်ပြီး ပုံမှန်အတိုင်း လဲလျောင်းလိုက်သည်။ ရှန်းလီက ဆီမီးအိမ်ကို ငြိမ်းလိုက်ပြီး ကုတင်ဘေးက တစ်ယောက်အိပ် ကုတင်ငယ်လေးပေါ်တွင် လဲချလိုက်လေသည်။

အမှောင်ထဲတွင် စန်းလော့သည် ဘာမှမပြင်ရသော်လည်း သူမ၏စိတ်တို့က ကြည်လင်နေသည်။ သူမသည် ညဘက်တွင် လဲလျောင်းနေပြီး ရှန်းလီသည် အနည်းငယ် ပိုနိမ့်သည့်နေရာတွင် ရှိသော်လည်း သူမ၏ဘေးကပ်လျက်တွင် ရှိနေသည်ကို သိနေသည်။ သူမ၏နှုတ်ခမ်းများက တဖန်ကွေးတက်သွားပြီး သူမက အပြုံးတစ်ခုနှင့် ပြောလိုက်၏။

“ရှန်းလီ ကောင်းသောညခင်းပါ”

ရှန်လီ၏နှလုံးက မည်မျှ မြန်မြန်ဆန်ဆန် ခုန်နေသည်ကို မိုးနတ်မင်းကသာ သိလိမ့်မည်။ တောင်ထဲတွင် အချိန်အများကြီး ကုန်ဆုံးခဲ့ပြီးနောက်တွင် သူသည် ညပိုင်း၌ သူ့အမြင်အာရုံကို လေ့ကျင့်လာခဲ့လေသည်။ သူ့မျက်နှာကို အနည်းငယ် လှည့်လိုက်ရုံနှင့် စန်းလော့၏မျက်နှာက သူ့ဘက်သို့ လှည့်ထားသည်ကို ပြောနိုင်သည်။ သူသည် သူမ၏မျက်နှာနှင့် သူမ၏အသံထဲတွင်ပင် ပျော်ရွှင်မှုပါနေသည်ကို ခံစားမိနေသည်။

သူ့နှလုံးသားက ပျားရည်ထဲ နှစ်ခံလိုက်ရသလို ဖြစ်သွားပြီး နေ့ခင်းက သူ စားခဲ့သည့် တောစပျစ်သီးထက်ပင် ပိုလိုချိုမြိန်နေသည်။ နူးညံ့နွေးထွေး၊ ပေါ့ပါးပြီး ပျံ့တက်သွားသလိုပင်။ ရှင်းမပြတတ်သည့် ခံစားချက်များက သူ့ရင်ထဲတွင် ပြည့်နေပြီး လျှို့ဝှက်ဆန်းကျယ်ကာ နက်နက်ရှိုင်းရှိုင်း ချစ်ခြင်းပါသည့် လွှမ်းမိုးစရာပျော်ရွှင်မှုတစ်ခု ဖြစ်နေတော့သည်။ သူသည် သူ့ကို လွှမ်းမိုးထာသည့် ထူးဆန်းသည့်အာရုံကို မြိုသိပ်ထားလိုက်၏။ ပျော့ပြောင်းသည့်လေသံတစ်ခုဖြင့် သူက ပြန်ဖြေလိုက်တော့သည်။

“ကောင်းသောညပါ”

စန်းလော့သည် အပြုံးတစ်ခုဖြင့် သူမ၏မျက်လုံးများကို မှိတ်ထားသော်လည်း ရှန်းလီကတော့ အမှောင်ထဲတွင် သူမ၏သွင်ပြင်လေးကို မသိမသာ လှည့်ကြည့်နေလေသည်။

စန်းလော့၏နှုတ်ခမ်းထောင့်များက တဖန် ကွေးတက်သွားပြီး ရှန်းလီကို သူ့မျက်လုံးများအား မြန်မြန်ဆန်ဆန် မှိတ်သွားအောင် လုပ်လိုက်တော့သည်။ အချိန်တော်တော်ကြာမှ သူသည် မျက်လုံးများကို ပြန်ဖွင့်ရဲတော့သည်။

စန်းလော့သည် ကိုယ်တိုင်ပင် မသိလိုက်ပါဘဲ သူမ၏ခန္ဓာကိုယ်က ဘက်ပြောင်းသွားသည်။ မည်သို့ဆိုစေ ရှန်းလီကတော့ သူ့ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ဘဲ အိပ်ဖို့ရန် အလျှော့မပေးဘဲ ငြင်းဆန်နေမိတော့သည်။

...

All Chapters