အခန်း (၁၈၃-၁၈၄)
Vol. 19 Ch. 183-184
အပိုင်း (၁၈၃) ကျိုးကဲ
စန်းလော့သည် ပထမဦးဆုံးအကြိမ်အဖြစ် အလွန်မှ နီးနီးကပ်ကပ် ရှိနေသည်ဖြစ်ရာ သူမ၏လွှမ်းမိုးနေသည့် ပျော်ရွှင်မှု၏ရလဒ်အဖြစ် သူမသည် ညနောက် ကျသည်အထိတိုင် အိပ်မပျော်ဘဲရှိနေလေသည်။ နောက်တစ်နေ့မနက်ခင်းတွင် စန်းလော့သည် နိုးလာချိန်၌ ရှန်းလီက အိပ်ပျော်နေဆဲပင်။
စန်းလော့သည် သူမ၏ အရင်ဘဝကတည်းက ညာဘက်စောင်း၍ အိပ်တတ်သည့်အကျင့် ရှိခဲ့သည်။ သူမသည် အရင်နေ့ညက ဘယ်ဘက်သို့လှည့်အိပ်ရန် တမင်ကြိုးစားခဲ့သော်ငြားလည်း မနက်စောစော သူမ နိုးလာချိန်တွင် သူမသည် ညာဘက်သို့ စောင်းနေသည်ကို တွေ့လိုက်ရလေသည်။ သူမ ပထမဦးဆုံး တွေ့လိုက်ရသည့်အရာမှာ ရှန်းလီ၏ အိပ်ပျော်နေသည့်မျက်နှာပင်။
သူ၏ရုပ်သွင်က ပြတ်သားပြီးချောမောလှကာ သူ့မျက်ခုံးများ နှာခေါင်းနှင့်နှုတ်ခမ်းများကလဲ အပြစ် ပြောစရာမရှိအောင် ထင်ရှားနေလေသည်။ သူ့အပြုံးက စွဲမက်ဖွယ်ကောင်းနေပြီး သူ၏အိပ်နေသည့် မျက်နှာလေးကပင် ဆွဲဆောင်မှုရှိနေသည်။
စန်းလော့သည် မရည်ရွယ်ပါဘဲ သူမကိုယ်သူမ မထိန်းချုပ်နိုင်ဘဲ ရည်ရွယ်ထားသည်ထက် အနည်းငယ်လေး ပိုပြီးကြာကြာ စိုက်ကြည့်နေမိ၏။ ထို့နောက်တွင် သူမသည် ရှန်းလီ၏ ဖွင့်လာသည့်မျက်လုံးနှင့် တွေ့ဆုံသွားတော့သည်။
သူတို့၏မျက်လုံးများသည် မခွာတမ်းစိုက်ကြည့်နေကြပြီး စန်းလော့က မျက်တောင်ခတ်လိုက်သည်။ သူမသည် ချောင်းကြည့်နေသည်ကို မိသွားသလို ခံစားမိလိုက်သော်လည်း သူမ၏ရှက်ရွံ့သွားသည့်စိတ်ကို ကောင်းကောင်းလေး ဖုံးကွယ်ထားနိုင်လိုက်ကာ သူမ၏နှုတ်ခမ်းလေးများကို ပင့်တင်လိုက်ပြီး အပြုံးတစ်ခုအသွင် ပြောင်းလဲလိုက်ပြီး နှုတ်ဆက်လိုက်သည်။
"ကောင်းသောနံနက်ခင်းပါ"
ရှန်းလီကလဲ အတိုင်းအတာတစ်ခုအထိ စိတ်နှင့်ကိုယ်မကပ် ဖြစ်သွားတော့သည်။
သူသည် တောနက်ထဲတွင် နှစ်ပေါင်းများစွာခရီး သွားလာခဲ့သည့်အတွက်ကြောင့် ရန်သူ၏တိုက်ခိုက်မှုနှင့် တောရိုင်းတိရိစ္ဆာန်များ တိုက်ခိုက်မှုကို အမြဲတမ်း သတိရှိနေလေရာ သူ၏သတိက မြင့်မားလှသည်။ သူသည် အိပ်နေရင်းမှပင် တစ်ယောက်ယောက်က သူ့ကို ကြည့်နေသည်ကို အာရုံခံမိလိုက်သည်။ ဒါကြောင့်လဲ သူသည် ဒီလိုနိုးလာခြင်းပင်။ အိပ်မှုန်စုံမွှားဖြစ်နေဆဲ သူ၏မြင်ကွင်းက ရုတ်တရက်ဆိုသလို တဒင်္ဂအတွင်း စန်းလော့၏အပြုံးမျက်နှာကြောင့် မျက်လုံးများ ကျိန်းစပ်သွားကာ သူ့နှလုံးသားမှာ စည်းချက် လွဲသွားတော့သည်။ အမှတ်တမဲ့ သူကလဲ ကောင်းသောနံနက်ခင်းပါဟု ပြန်ဖြေမိလေသည်။
စန်းလော့က မနေနိုင်ဘဲ ရယ်မောလိုက်တော့သည်။ ဂူလေးက သေးငယ်ပြီး သူတို့နှစ်ယောက်သည် အလွန်မှ နီးကပ်နေကြသည်။ သူမသည် မအိပ်ခင်က အပေါ်ထပ် အဝတ်အစားများကို ချွတ်မနေတော့ဘဲ အိပ်ရာထရာရန် ဒီအတိုင်းစောင်လေးကို ခြုံဆွဲလိုက်ရာ ရှန်းလီ၏ နှလုံးသားမှာ ထိန်းမရအောင်ခုန်နေတော့သည်။
စန်းလော့က ထလိုက်သည်ကို မြင်လိုက်သဖြင့် သူကလဲ မြန်မြန်ဆန်ဆန် ထလိုက်ကာ အပြင်ဘက်က အခြေအနေကို စစ်ဆေးဖို့ရန် တဲအပြင်ဘက်အခြေအနေကို လှမ်းပြီးတော့ ကြည့်ပေးလိုက်သည်။ ထို့နောက်တွင် အပေါက်ထဲသို့ ထိုးကျနေသည့် အလင်းရောင်ကို အသုံးချလိုက်ကာ သူက စောင်ကို မြန်မြန်ဆန်ဆန် ခေါက်လိုက်ပြီး သားမွှေးအရေခွံများကို သိမ်းဆည်းလိုက်ပြီးနောက်တွင် အိပ်ယာ၏အောက်တစ်ထပ်ကို ကုတင်အောက် ထိုးထည့်လိုက်လေသည်။ သူက ကိုယ်ကိုလှည့်လိုက်ပြီး လေးလံသည့် သစ်သားတံခါးကြီးကို ဖွင့်လိုက်သည်။
မနက်ခင်းတွင် စန်းလော့က မနက်စာပြင်ဆင်ပေးနေစဥ် ရှန်းလီကလည်း စိုက်ပျိုးရေးအလုပ်ကို လုပ်လိုက်သည်။ သူသည် ပဲစေ့များနှင့်အသီးအရွက်များကို ရေလောင်းနေစဥ် အချို့ပဲစေ့များကို တောကြက်များက လာဖွထားသည်ကို သတိထားမိလိုက်သည်။ သူက ဒီအပင်များကို ပြန်စိုက်ထားသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသည်။ ဘာမှမတတ်နိုင်တော့ဘဲ သူက ဝါးတစ်ချို့နှင့် သစ်ကိုင်းတစ်ချို့ကို ခုတ်ဖြတ်ကာ စည်းရိုးတစ်ခု တည်ဆောက်လိုက်ရတော့သည်။ အဖွဲ့သည် မနက်စာစားပြီးနောက် ကျိုးလိုင်ကျီ၏ အိမ်သို့ ရောက်လာချိန်တွင် နေ့လည်ခင်းရောက်လုနီးပါး ရှိနေသည်။
ကျိုးမိသားစုက သူတို့၏ အခြောက်လှန်းသည့်စင်ကို ပြင်ဆင်ထားပေးပြီးဖြစ်ကာ အားလော့၏ပစ္စည်းများကို သေသေသပ်သပ် စီရီထားလေသည်။ ရှေ့ရက်ညနေခင်းက သူတို့ယူပြန်လာခဲ့သည့် ဘာမှမလုပ်ရသေးသည့် တောဆီးသီးများကိုလဲ ကျိုးသားအမိက ပြင်ဆင်ပေးပြီးသွားပြီ ဖြစ်သည်။ ကျေးဇူးတင်စကားကို ထပ်ပြီးပြောမနေတော့ဘဲ သူတို့က ကျိုးမိသားစုကို အတူဖိတ်ခေါ်လိုက်ပြီး တောင်၏ မသွားရသေးသည့် နေရာဆီသို့ ဦးတည်သွားလိုက်ကြသည်။
ငှက်များက အစေ့များကို ပြန့်နှံ့အောင်လုပ်ပေးပြီး ဆယ်စုနှစ်ကြာသည်အထိ တောင်အတွင်းပိုင်းထဲသို့ လူအများစုက မဝင်ခဲ့ကြလေရာ ဒီဒေသသည် တောစပျစ်သီးများနှင့် တောဆီးသီးများ အများအပြား ရှိနေလေသည်။ တောင်၏ဆင်ခြေလျှော အားလုံးနီးပါးတွင် သစ်ပင်များက နည်းပါးသည်။ သို့သော်ငြားလည်း ဒီနေ့ စန်းလော့ကို အံ့သြရစေသည်က ငှက်ပျောပင်များကို တွေ့လိုက်ရခြင်းပင်။ အဝေးမှနေ၍ပင် ငှက်ပျောခိုင်များသည် ထူးထူးခြားခြား မျက်စိကို ဆွဲဆောင်နေလေသည်။
အမှန်ပြောရလျှင် သူမသည် ငှက်ပျောသီးကို မစားခဲ့ရချေ။ တောင်ထဲတွင် တောငှက်ပျောသီးများကို ရှာဖွေရန် ပိုပြီးလွယ်ကူသော်ငြားလည်း ဒါက သူမ၏ အရင်ဘဝတွင်သာ ဖြစ်လေသည်။ သည်နေရာသို့ ရောက်လာပြီဖြစ်သဖြင့် သူမသည် ငှက်ပျောသီးများကို လုံဝမစားရသေးချေ။
ရှန်းလီက သူမက တောက်ပနေသည့် မျက်လုံးများဖြင့် မြင့်မားပြီးထူထဲသည့် ခြုံပုတ်ကြီးနောက်တစ်ခုတွင် ကွယ်နေကာ ၁၀ပေဝန်းကျင်လောက်တွင်ရှိသည့် ငှက်ပျော်ပင်ကြီးကို လှမ်းကြည့်နေသည်ကို မြင်လိုက်သည်။ သူသည် မနေနိုင်ဘဲပြုံးလိုက်ကာ ပြောလိုက်၏။
"ဒီမှာစောင့်နေနော်၊ ကျွန်တော် မင်းအတွက် သွားယူပေးမယ်"
စန်းလော့ကို သူ၏အခါအကွယ်သုံးဓားကို လှမ်းပေးလိုက်ပြီး သူက လမ်းရှင်းဖို့ရန် သူမထံမှ လက်ကိုင်ရိုးရှည်နှင့် ဓားကောက်ကို ယူလိုက်သည်။ ချန်းသရှန်နှင့်တစ်ခြားသူများကလဲ ထိုအပင်များကို မြင်လိုက်ကြသည်။ ဒီနေရာတွင် တစ်ပင်ထက်ပိုရှိနေပြီး လူတစ်ယောက်ချင်းစီက သူတို့၏အပင်များကို ရှာတွေ့သွားကြသည်။
ငှက်ပျောပင်များက မြင့်မားသော်ငြားလည်း ရှန်းလီ အတွက်တော့ ဘာမှမဟုတ်ချေ။ သူ့လက်ထဲက လက်ကိုင်ရိုးရှည် ဓားကောက်ဖြင့် သူသည် မကြာမှီတွင် ငှက်ပျောတစ်ခိုင်ဖြင့် ပြန်လာလေသည်။
ဒီငှက်ပျောပင်များက ကောင်းကောင်းကြီးထွားလေသည်။ တစ်ခိုင်တည်းတွင် ၅ဖီးလောက်ပါပြီး ၁ဖီးစီတွင် ငှက်ပျောသီး ၁၂လုံးကျော်လောက်ပါသည်။ စုစုပေါင်း အလုံး၆၀ ၇၀နီးပါးရှိလိမ့်မည်။
ရှန်းလီသည် ရွှေဝါရောင်သမ်းနေသည့် ငှက်ပျောသီးတစ်လုံးကို ဆွဲဖြုတ်လိုက်ကာ အခွံခွာပေးလိုက်ပြီးနောက်တွင် စန်းလော့ကို လှမ်းပေးလိုက်၏။
"စားကြည့်ပါအုံး"
လင်းလက်နေသည့်မျက်လုံးများနှင့် ရယ်လိုက်ရင်း ဖြူဖွေးနေသည့်သွားများက ပေါ်လာပြီး မျှော်လင့်ချက်နှင့် ပျော်ရွှင်မှုများ ပြည့်နေရင်းက သူသည် သူမက လှမ်းယူမည်ကို စောင့်နေသည်။
စန်းလော့မှာ အံ့သြမိတော့သည်။ ချောမောခန့်ငြားမှု၊ ဆွဲဆောင်မှု၊ နုပျိုမှု၊ သတ္တိရှိမှုနှင့် သူရဲကောင်းဆန်မှုများသည် အလွန်မှ အပြစ်အနာအဆာ ကင်းကာ မည်သူက ထိုအရာများကို တစ်ပြိုင်တည်း ပိုင်ဆိုင်နိုင်ပါမည်နည်း။ ဆောင်းဦးရာသီ ဖြစ်နေသော်ငြားလည်း သူသည် ပြုံးလိုက်ချိန်တွင် နွေဦး၏နေရောင်ခြည်က အရာအားလုံးကို တောက်ပသွားစေသလို သူမကို ရှင်းမပြတတ်အောင် ခံသားရစေလေသည်။
ဒါသည် ခံစားချက်များကို မွှေနှောက်ပစ်ပြီး စိတ်ဝိညာဥ်ကို ဖမ်းစားနိုင်လေသည်။
သူမက ငှက်ပျောသီးကို လှမ်းယူကာ သူမအကြည့်ကို အောက်ချထားလိုက်ပြီး တစ်ကိုက်လောက်ကိုက်လိုက်၏။
"ဘယ်လိုလဲ” သူက ခေါင်းလေးကိုစောင်းကာ မေးလိုက်၏။
"ချိုရဲ့လား"
စန်းလော့က ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း၊ ချိုတယ်၊ ရှင်လဲ စားကြည့်သင့်တယ်"
သူမက ချိုတယ်ဟုပြောလိုက်သည်ကို ကြားလိုက်သည်တွင် ရှန်းလီသည် သွားများပေါ်သည်အထိ ပြုံးလိုက်မိလေသည်။ သူက ငှက်ပျောတစ်ခိုင်လုံးကို အိတ်ထဲတွင်ထည့်လိုက်ပြီး ပြောလိုက်၏။
"မမှည့်သေးတာတွေလဲ ရှိသေးတယ်၊ အဲဒါတွေကိုတော့ မင်းနဲ့အားနဥ်တို့ နောက်ကျရင်စားဖို့ သိမ်းထားလိုက်မယ်"
စန်းလော့က ပြုံးလိုက်ပြီး ရှီအာ့လန်၏မိန်းမကို ချဥ်းကပ်လာသည်ကို သတိထားမိလိုက်သဖြင့် သူမက ဘာမှထပ်ပြီး မပြောလိုက်တော့ချေ။
ရှန်းလီသည် သူ၏ဘယ်ဘက်လက်ထဲတွင် ငှက်ပျောသီးတစ်ခိုင်လုံး ထည့်ထားသည့်အိတ်ကို သယ်ကာ ရှေ့ကိုဆက်ပြီး လျှောက်သွားလေသည်။
တိရိစ္ဆာန်များက နယ်မြေဆက်စပ်သည့် နေရာများကို ရှောင်ရှားကြဟန်တူသည်။ ပထမနေ့က ဝံပုလွေနှင့်သမင်များကို တွေ့ခဲ့သည်ကလွဲလျှင် သူတို့သည် လေးရက်မြောက်နေ့တွင် တောဝက်များ၏ လမ်းကြောင်းကိုသာ မတော်တဆတွေ့ခဲ့ရပြီး ၂ကောင်ကို အောင်အောင်မြင်မြင် အမဲလိုက်နိုင်ခဲ့သည်။ ထို့နောက်တွင်တော့ သူတို့ သည် တစ်ကောင်မှ မတွေ့တော့ဘဲ တောကြက်များနှင့် တောယုန်များကိုသာ ဖမ်းလိုက်ရသည်။
ဆောင်းဦးရာသီ၏နေက ပြင်းထန်လာသည်။ ရှာဖွေထားသည့် အစားအသောက်၏ ပထမဦးဆုံး အသုတ်တစ်ချို့ကို သေသေချာချာ နေလှန်းထားပြီး ဂူဆီသို့ ပြန်လာခဲ့သည်။ နောက်ပိုင်းအသုတ်များကလဲ သိမ်းဆည်းဖို့ရန် အဆင်သင့်နီးပါး ဖြစ်နေလေသည်။ နေကို နောက်တစ်နေ့လှန်းပြီးလျှင် လုံလောက်သွားလိမ့်မည်။ သို့သော်ငြားလည်း တစ်ချို့အပင်များက ခူးဆွတ်ဖို့ရန် မမှည့်သေးသည်ကို သတိထားမိလိုက်သည်။
၅ရက်မြောက်နေ့တွင် အဖွဲ့က ရှန်းလီနှင့် ချန်းသရှန်တို့ကို လျှိုမြောင်ထဲသို့ ပြန်ရမည့်အချိန် ကျရောက်ပြီဖြစ်ကြောင်း တိုးတိုးတိတ်တိတ် လာရောက်တိုင် ပင်လေသည်။ တစ်ချို့ဂူများက တော်တော်လေးသေးငယ်ပြီး သူတို့ ရှာဖွေထားသည့်အရာများကို အခြောက်လှန်းထားပြီးသည့်တိုင် မိသားစုတစ်ခုချင်းစီသည် အိတ်ကြီးတစ်လုံးစာကို စုဆောင်းထားပြီးဖြစ်သည်။ ကြက်တိုက်ထားသည့် အသားများကို ထည့်လိုက်လျှင် သိမ်းဆဲဖို့ရန်က ခက်ခဲလာသည်။
ဟုတ်ပါသည်။ အဓိကအကြောင်းအရင်းမှာ သူတို့သည် ခူးဆွတ်လို့ရသည့်အရာ မှန်သမျှကို ခူးဆွတ်လာပြီး ကျိုးလိုင်ကျီ၏ နေရာပတ်ဝန်းကျင်ကို နှံ့နှံ့စပ်စပ် ရှာဖွေခဲ့ပြီးသောကြောင့်ဖြစ်သည်။ နေရာရွှေ့ပြောင်းရမည့် အချိန်ကာလ ရောက်လာသည်တွင် သူတို့သည် ဒီအခွင့်အရေးကို အသုံးချပြီး တစ်ရက်နှစ်ရက်လောက် အနားယူချင်လိုသည်။ သို့မဟုတ်လည်း လိုအပ်လာလျှင် တစ်ယောက်ချင်းစီ အလှည့်ကျသွားဖို့လိုသည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ရှန်းလီက စိတ်ထဲတွင်တော့ မပြန်ချင်သေးချေ။ သို့သော်ငြားလည်း လျှိုမြောင်အပြင်ဘက်က ဘဝသည် ပိုပြီးခက်ခဲမှန်း နားလည်လေကာ တောင်များကို ဆက်တိုက် လှည့်ပတ်သွားလာနေခြင်းက ပင်ပန်းနွမ်းနယ်စေသည်။ ပထမ၂ရက်တွင် အဆင်ပြေနေသေးသော်ငြားလည်း နောက်ဆုံး၃ရက်တွင် စန်းလော့က ပင်ပန်းနေသည်ကိုပင် သူ မြင်နေရသည်။ အချိန်အများစုတွင် သူသည် သူမကို မနက်ပိုင်းသာ သူတို့နှင့်အတူလိုက်ခိုင်းပြီး နေ့လည်ပိုင်းတွင်တော့ ရှီအာ့လန်၏ မိန်းမနှင့်အတူ ကျိုးမိသားစု၏နေရာတွင် ချန်ခဲ့ကာ အနားယူခိုင်းရသည်။
သို့သော်ငြားလည်း ဘယ်အရာမှ အိမ်၏ သက်တောင့်သက်သာဖြစ်မှုကို နှိုင်းယှဥ်လို့မရပေ။ ဒီအကြောင်းကို ချိန်ဆကြည့်လိုက်ပြီးနောက်တွင် သူက သဘောတူလိုက်သည်။
"ကောင်းပြီလေ ကျွန်တော်တို့တွေ ဒီနေ့ ရှိသမျှ အရာအားလုံးကို ယူပြန်ကြမယ်"
သူတို့သည် ၂ရက်လောက်အနားယူမည့်အကြောင်း ကျိုးလိုင်ကျီကို အသိပေးပြီးနောက်တွင် ရှန်းလီသည် နောက်ခရီးတစ်ခုကို တောင်၏ ပိုပြီးအတွင်းကျသည့်ဘက်သို့ သွားမည်ဖြစ်ကာ သူ့ကိုလဲ အတူခေါ်သွားမည်ဟု ပြောပြလိုက်သည်။
လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားသည့် အသီးအနှံပစ္စည်းများကို ကျိုးလိုင်ကျီ၏ နေရာတွင် အခြောက်မလှန်းတော့ဘဲ သူတို့သည် ထိုပစ္စည်းများကို လျှိုမြောင်ထဲသို့ယူပြန်လာကာ လတ်လတ်ဆတ်ဆတ် စားသောက်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။
ညနေခင်းသို့ ရောက်လာသည်တွင် သူတို့သည် လျှိုမြောင်နှင့် နီးကပ်လာပြီး လူငယ်များနှင့် သန်မာသည့်လူများက ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသည်ကို သေချာအောင် စစ်ဆေးလိုက်ကြသည်။ လျှိုမြောင်ဝင်ပေါက်၏ ယာယီစောင့်ကြည့်သည့်နေရာတွင် စောင့်ကြပ်ဖို့ရန် လူတစ်ချို့ကို ချန်ထားခဲ့လိုက်ပြီး ရှန်းလီက အဖွဲ့ကိုဦးဆောင်ကာ သူတို့၏ ပစ္စည်းများကို သယ်ဝင်လာလိုက်ကြသည်။ အောက်ဖက်တွင် စောင့်ကြည့်နေကြသည့် ရှီသလန်နှင့်ကျိုစန်းလန်တို့သည် သူတို့ရရှိလိုက်သည့် ပစ္စည်းများကြောင့် အင်မတန်မှ ပျော်ရွှင်သွားကြလေသည်။ အထူးသဖြင့် မှတ်မိလွယ်နေသည့် ကြက်တိုက်ထားသည့်အသားနံ့နှင့် ခြင်းနှစ်ခုထဲက ထွက်လာသည့် လတ်လတ်ဆတ်ဆတ် အနံ့ကြောင့်ပင်။
အပြင်ဘက်က ဂူအားလုံးကို သေချာအောင် ပိတ်ဆို့ထားလိုက်ပြီး သူတို့အားလပ်ချိန်အတွင်းတွင် စုဆောင်းထားသည့် ထင်းများတစ်ချို့ကို ဂူဝင်ပေါက်အနီးတွင် ထည့်ထားလိုက်သည်။ လူများက မြန်မြန်ဆန်ဆန်ဖြင့် ပြန်ရောက်လာသည်။
စန်းလော့သည် အမှန်ပင် ပင်ပန်းနေလေသည်။ ပြန်ရောက်လာချိန်တွင် သူမသည် ရေနွေးဖြင့် သူမ၏ ဆံပင်များကို သေသေချာချာ လျှော်လိုက်ပြီး ရေနွေးဖြင့် ရေချိုးလိုက်သည်။ ထိုအခါမှ သူမသည် ပြန်လည်လန်းဆန်းလာသလို ခံစားလိုက်ရ၏။
သူမသည် တောင်ထွက်ပစ္စည်းများနှင့် တို့ဟူးများကို ရောင်းချခြင်းက အငယ်လေးနှစ်ယောက်ကို စောင့်ရှောက်ရသည့်အချိန်ကို ပြန်စဥ်းစားမိလျှင် ဒါသည် လက်ရှိအချိန်ထက်ပင် အများကြီးပိုပြီးပင်ပန်းသေးသည်။ ဟိုတုန်းကတော့ သူမကို အားဖြစ်စေသည့် တွန်းအားပေးနေသည့် အရာတစ်ခုရှိသည်။ လျှို မြောင်ထဲက ဒီနှစ်ဝက်အတွင်းတွင် သူမသည် ကောင်းကောင်းအနားယူခဲ့ရသည်။ အခုတော့ သူမက ဒီလိုပြင်းထန်သည့် အားစိုက်ထုတ်မှုကို အသားကျရန်ခက်ခဲနေသည်ကို တွေ့လိုက်ရ၏။
အိမ်က ပစ္စည်းအားလုံးကို ရှန်းလီက သယ်လာပေးသည်။ ရှန်းအန်းနှင့်ရှန်းနဥ်တို့က နေရာချသည်။ စန်းလော့သည် သူမ၏ဆံပင်များက စိုဆွတ်နေဆဲ ဖြစ်ကာ ဆံပင်များကို ခြောက်အောင်သုတ်ပြီး အနားယူလိုက်သည်။ ရှန်းလီကလဲ သွားရောက်ဆေး ကြောလိုက်သည်။ ထိုစဥ် ရှန်းနဥ်က ဝမ်းသာအားရ အပြေးရောက်လာပြီးမေးလိုက်၏။
"ယောင်းမဒီနေ့ညစာအတွက်ဘာစားချင်လဲ ညီမလေးချက်ပေးမယ်"
စန်းလော့ကပြုံးလိုက်သည်။
"ဆန်ပြုတ် နည်းနည်းပါးပါး သောက်တာပေါ့၊ အသားကင်ကို ပါးပါးလေးလှီးပြီးတော့ ပေါင်းလိုက်၊ ပြီးရင် မှိုလေးကိုလဲပဲ ကြော်လိုက်နော်"
ရှန်းနဥ်က ဝမ်းသာအားရ သဘောတူလိုက်ပြီး မီးဖိုချောင်ထဲသို့ ချက်ချင်းအပြေးသွားကာ စတင်ပြင်ဆင်တော့သည်။
-
အိမ်နီးချင်းချန်းမိသားစုတွင် အဘိုးချန်းနှင့် အဘွားချန်တို့သည် သူတို့၏ပစ္စည်းများကို နေရာချနေကြသည်။ ချင်ဖန်းညန်ကလဲ သူမ၏ယောက်ျားကို ညနေစာအတွက် ဘာစားချင်သလဲဟု မေးမြန်းလေသည်။
ချန်းယိုထျန်းက ဘာမှမဖြစ်သလို ပြောလိုက်၏။
"ဘာပဲဖြစ်ဖြစ် ရပါတယ်၊ မင်း ကြိုက်တာချက်ပါ"
ထိုသို့ပြောလိုက်ပြီးနောက်တွင် သူသည် ထွက်မသွားဘဲ မီးဖိုနံရံကို မှီထားလေသည်။ ချင်ဖန်းညန်သည် သူမက ခဏကြာသည်အထိ အလုပ်များကို ဆက်လုပ်လိုက်ပြီးသည့်တိုင် သူက ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်သဖြင့် သူမက အကြံပေးလိုက်၏။
"ရှင် ခဏလောက်ထိုင်ပြီးတော့ နားလိုက်ပါလား၊ ဒါက ခဏနေ အဆင်သင့်ဖြစ်တော့မှာပါ၊ သရှန်ကလည်း ရေချိုးတာမကြာပါဘူး၊ ရှင်လဲ ပင်ပန်းတာတွေ ပျောက်သွားအောင် ကိုယ်လက် ဆေးကြောလိုက်ပေါ့"
ချန်းယိုထျန်းက သူ၏လည်ချောင်းကိုရှင်းလိုက်ပြီး ပြောလိုက်၏။
"ငါ မင်းကို မေးချင်တာလေးတစ်ချို့ ရှိလို့ပါ"
"ဘာများလဲ"
"အင်း၊ လိုင်ကျီတို့မိသားစုမှာ သမီးနှစ်ယောက်ရှိတယ် မဟုတ်လား၊ ဒီနှစ်ဆိုရင် သူတို့ရဲ့သမီးအကြီးဆုံးက ဘယ်နှစ်နှစ် ရှိသွားပြီလဲ"
ဟင်။ ချင်ဖန်းညန်သည် သူမ၏အလုပ်ကို ခဏလောက်ရပ်ထားလိုက်ပြီး ပြုံးပြနေသည့် ချန်းယိုထျန်းကို ကြည့်လိုက်လေသည်။
"ကျွန်မတို့ရဲ့သရှန်လေ ၂၁နှစ်ရှိပြီလို့တောင် ကျွန်မ အခုပဲ စဥ်းစားနေတာ၊ အဲဒီကလေးမလေးက လူကောင်းတစ်ယောက်ပဲ၊ သိမ်မွေ့ပြီးတော့ အပြုအမူလဲ ကောင်းတယ်၊ လုပ်ရည်ကိုင်ရည်လဲရှိတယ်"
ချင်ဖန်းညန်၏မျက်လုံးများသည် လင်းလက်သွားလေသည်။
"ကျွန်မက ဒါကို ဘယ်လိုလုပ်ပြီးမေ့မှာလဲ"
ပြီးခဲ့သည့်နှစ်များတွင် သူမသည် သူမသားကို သွားရှာပြီဟု မှတ်ယူထားခဲ့လေသည်။ သားဖြစ်သူက ပြန်လာသည့်အချိန်တွင် သူတို့သည် တောင်အတွင်းပိုင်းသို့ ထွက်ပြေးဖို့ရန် အလုပ်များခဲ့ကြသည်။ ဖရိုဖရဲဖြစ်နေသည့် လောကကြီးက သူမ၏ အကြီးဆုံးသား၏ဘဝကို မည်မျှပင် လွဲချော်အောင် လုပ်နေပါတော့မည်နည်းဟုပင် သူမက တွေးတောမိလေသည်။ ပြီးခဲ့သည့်ရက်ပိုင်းလောက်က ရှန်းလီနှင့်သရှန်တို့က ကျိုးလိုင်ကျီ၏မိသားစုကို တောင်အတွင်းပိုင်းသို့ ခေါ်လာသည်ဟု ပြောပြခဲ့သည်။ သို့သော်ငြားလည်း ကျိုးလိုင်ကျီတွင် သမီးအကြီးတစ်ယောက် ရှိသည်ကို သူမက သတိမရခဲ့ချေ။
"ကျွန်မလဲ အတိအကျတော့ မသိပါဘူး၊ သူက သရှန်ထက်တော့ တော်တော်လေးငယ်မယ်၊ ကျွန်မ အမေ့ကို သွားမေးကြည့်လိုက်မယ်လေ၊ အမေတော့ သိလောက်တယ်"
သူမသည် သူမ၏လက်ကို ရှေ့ဖုံးခါးစည်းဆီသုတ်လိုက်ပြီး မီးဖိုချောင်ထဲက မြန်မြန်ထွက်သွားကာ ဂူဖက်သို့ ဦးတည်သွားလေသည်။ ချန်းယိုထျန်းကလဲ သူမနောက်က မြန်မြန်လိုက်သွား၏။
"အားကဲအကြောင်း ပြောနေတာလား"
အဘွားချန်းက ခဏလောက်စဥ်းစားလိုက်သည်။
"သူက အာ့ရှန်ထက် ၂နှစ်၃နှစ်လောက် ပိုကြီးမယ်ထင်တယ်၊ ဒီတော့ ၁၅နှစ်၁၆နှစ်လောက် ရှိပြီပေါ့"
"၁၅ ၁၆နှစ်တဲ့လား” ချင်ဖန်းညန်သည် သေသေချာချာလေး စဥ်းစားလိုက်လေသည်။ သူမ၏သားက ကလေးမလေးထက် ၅နှစ်၆နှစ်လောက် ကြီးနေ သည်။
အဘွားချန်းက သားနှင့်ချွေးမဖြစ်သူတို့၏ အပြုအမူကို အကဲခတ်လိုက်ပြီး သူတို့၏ အားကဲအသက်ကို သိလိုစိတ်နောက်က အကြောင်းအရာကို မေးမြန်းလိုက်လေသည်။ သူမက ပြုံးကာ ချန်းယိုထျန်းကို မေးလိုက်၏။
"ဒီခရီးမှာတုန်းက အားကဲကို တွေ့ခဲ့တာလား"
ချန်းယိုထျန်းက တဟင်းဟင်း ရယ်မောလိုက်၏။
"ဟုတ်တယ်၊ ကျွန်တော်တို့တွေ ကျွန်တော်တို့ရဲ့ တောင်ထွက်ပစ္စည်းတွေကို ကျိုးမိသားစုအိမ်မှာ ထားခဲ့ကြတာလေ၊ ကလေးမလေးက တော်တော်လေး သဘောကျစရာကောင်းတာပဲ"
အဘွားချန်းကလဲ စိတ်ကူးတစ်ခုရလာသည်။
"သူတို့တွေက နှစ်နည်းနည်းလောက်ပဲ ကွာတာပါ၊ ၅နှစ်၆နှစ်လောက်ပေါ့၊ ကျိုးလိုင်ကျီက အိမ်ထောင်ကျတာ နောက်ကျတယ်လေ၊ သူ့မိန်းမက သူ့ထက် ၆နှစ်တောင် ပိုငယ်တယ်"
ကျိုးအိမ်က သမီးသည် တော်တော်လေး ဆွဲဆောင်မှုရှိပြီး သူမ၏အမေရုပ်ကို အမွေရလေသည်။ သူမအမေ၏ ကျန်းမားရေး မကောင်းသည့်အတွက် သူမက နှစ်တော်တော်ကြာအောင် အိမ်မှုကိစ္စများကို စီမံခဲ့ရသည်။ သူမမိသားစု၏ အခြေအနေကြောင့်သာမဟုတ်လျှင် သူမသည် အသက်၁၅နှစ်အရွယ်တွင် လက်ထပ်သွားရလောက်သည်။ သို့သော်ငြားလည်း ပြီးခဲ့သည့်နှစ်က ကောက်ပဲသီးနှံ အထွက်နှုန်းမကောင်းသည့်အပြင် အနီးအနားကရွာတွင်လဲ အဆင်ပြေသည့် လူပျိုများမရှိခြင်းနှင့်အတူ ဒီနှစ်အတွင်း လတ်တလော ပြောင်းလဲမှုများကြောင့် သူမ၏ လက်ထက်ပွဲမှာ နှောင့်နှေးခဲ့ရသည်။
အဘွားချန်းကလဲ ဒါကို သဘောကျသွားသည်။
"ငါ့အထင်တော့ ဒါက စဥ်းစားလို့အဆင်ပြေပါတယ်၊ ဒီထက်ပိုပြီး သင့်တော်တဲ့သူ မရှိဘူးဆိုရင်တော့ ဒါကို ဒီအတိုင်းပဲ ထားလိုက်ပေါ့၊ ဒါပေမဲ့လည်း သင့်တော်တဲ့လူတစ်ယောက်လောက် ရှိနေတဲ့ဟာကို ငါတို့တွေက ဘယ်လောက်ကြာသည်အထိ ဒါကို အချိန်ဆွဲထားကြမှာလဲ၊ တကယ်လို့ ဖရိုဖရဲအချိန်ကြီးက ဆက်ဖြစ်နေတယ်ဆိုရင်ကော ငါတို့တွေက အဲဒီကလေးမ ၂၅ ၂၆ရောက်သွားတဲ့အထိ အချိန်ဆွဲထားလို့မရဘူးလေ၊ ငါတို့တွေက အဲဒီအချိန်ကျမှ ဒီလိုကောင်းတဲ့ လက်တွဲဖော်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး ရှာပေးနိုင်တော့မှာလဲ "
စစ်ပွဲကာလတစ်လျှောက် ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်တွင် အဘွားချန်းသည် ဒီလို ဖရိုဖရဲပျက်စီးနေသည့်ကာလအတွင်း အသက်ရှင်ကျန်ရစ်သည့် မိန်းမငယ်လေးများက တော်တော်မှ ရှားပါးနေသည်ကို ကောင်းကောင်း သိလေသည်။
သို့သော်ငြားလည်း ချင်ဖန်းညန်ကတော့ ချီတုံချတုံ ဖြစ်နေသေးသည်။
"အမေ ကျွန်မတို့တွေက လျှိုမြောင်ထဲမှာ ကျွန်မတို့ နေတာကို ဖော်ထုတ်လို့မရဘူးလေ၊ တကယ်လို့ ကျွန်မတို့တွေက ချွေးမတစ်ယောက်ကို လက်ထပ်ပြီး ခေါ်လာမယ်ဆိုရင် ဒီကိစ္စကို သူ့ကို လျိုဝှက်ထားလို့ မရတော့ဘူး။ တစ်ခြားမိသားစုတွေကရော ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုပြောစရာများ ဖြစ်လာလေမလား"
အဘွားချန်းက သူမကို လှမ်းကြည့်လိုက်၏။
"သူတို့တွေက ဘာပြောနိုင်မှာလဲ၊ ဒီလျှိုမြောင်ကို သရှန်နဲ့အားလီက ရှာတွေ့ထားခဲ့တာပဲ၊ သူကဖြင့် ၂၁နှစ်တောင်ရှိနေပြီ၊ ငါတို့တွေက သူ့ကို မိန်းမတစ်ယောက်နဲ့ လက်ထပ်ပေးဖို့ သူတို့ဆီက ခွင့်ပြုချက် ယူရအုံးမှာလား"
ဒါသည် ဟိုတုန်းက ရှန်းလီက ရှောင်ကျင့်နှင့် သူ့ညီအစ်ကိုများကို ခေါ်ယူလာသည့် အခြေအနေနှင့် ဆင်တူလေသည်။ ချွေးမ မဆိုထားနှင့် သူတို့သည် ခမည်းခမက်များ ဖြစ်လာသည့်တိုင် အပြင်ဘက်က အခြေအနေက မလုံမခြုံဖြစ်လာမည်တဲ့လား။ သူမမိသားစုက သူတို့ခမည်းခမက်အတွက် လိုလိုလားလား ထောက်ခံပေးမည်ဆိုလျှင် သူတို့ကို လျှိုမြောင်ထဲသို့ ခေါ်ဝင်လာဖို့ရန် မည်သူက ငြင်းဆန်နိုင်ပါမည်နည်း။
အဘွားချန်းက ဒီကိစ္စနှင့်ပတ်သတ်ပြီး မစိုးရိမ်ချေ။ ဒီလိုကိစ္စများတွင် တစ်စုံတစ်ယောက်က အတည်ပြုပေးရန် လိုလေသည်။ ပထမဦးဆုံးအားနည်းချက်ကို ထုတ်ပြလိုက်သည်က အခြေအနေကို မသိကြသူများထံမှ ပြသာနာများကိုသာ သယ်လာပေးလိမ့်မည်။
သူမ၏စိတ်ထဲတွင် နောက်ထပ်ကိစ္စတစ်ခု ရှိနေ သည်။ သူမက ပြောလိုက်၏။
"အဲဒီကိစ္စနဲ့ပတ်သတ်ပြီး စိတ်ပူစရာမလိုပါဘူး၊ ဒီကိစ္စက နင်တို့တွေ လက်ခံလိုက်တယ်ဆိုရင် ကိစ္စသေးသေးလေး ဖြစ်သွားမှာပါ၊ ကလေးမကို သဘောကျဖို့လိုတဲ့သူက သရှန်လေ၊ နင်တို့တွေ ဒီရက်ပိုင်းမှာ ကျိုးမိသားစုထဲမှာ နင်တို့ရဲ့တောင်ထွက်ပစ္စည်းတွေကို သွားသိမ်းကြမှာမလား၊ နောက်ပိုင်းကျရင်လဲ ကျိုးလိုင်ကျီကို အမဲလိုက်တဲ့အခါ ခေါ်သွားကြပေါ့၊ ကလေးနှစ်ယောက်ကလဲ အချင်းချင်းတွေ့ဖို့ အခွင့်အရေး များများရလာလိမ့်မယ်၊ သရှန်က ကလေးမလေးကို ကြိုက်မကြိုက်ဆိုတဲ့ကိစ္စကိုလဲ ငါတို့တွေ ထည့်စဥ်းစားရမယ်၊ တကယ်လို့ သူက မကြိုက်ဘူးဆိုရင်တော့ သူ အိမ်ထောင်ပြုရမဲ့အချိန် မတန်သေးဘူးဆိုတဲ့ သဘောပဲပေါ့၊ တကယ်လို့ သူက သဘောကျတယ်ဆိုရင်လဲ လျှို မြောင်ထဲက တစ်ယောက်ယောက်က ငြင်းဆန်လိမ့်မယ်လို့တော့ ငါ မထင်ဘူး၊ ဒီကိစ္စကို ရှင်းရှင်းလင်း လင်းမမြင်နိုင်တဲ့ လူတစ်ယောက်ပဲ ရှိလိမ့်မယ်၊ အဲဒီ့လူကတော့ လုသလန်ရဲ့မိန်းမလေ၊ သူ့ကိုလဲ အဘွားလုက ထိန်းထားနိုင်ပါတယ်"
အဘွားချန်းသည် ဒီကိစ္စနှင့်ပတ်သတ်ပြီး နည်းနည်းလေးမှ မစိုးရိမ်ချေ။
ယောက္ခမဖြစ်သူ၏ စကားကို ကြားလိုက်သည်တွင် ချင်ဖန်းညန်သည်လဲ စိတ်အေးသွားသလို ချက်ချင်း ခံစားလိုက်ရသည်။ ချန်းသရှန်၏ သဘောကျပုံနှင့် ပတ်သတ်လာလျှင် သူမသည် အနည်းငယ် တအံ့တသြ ဖြစ်ရပြီး ချန်းယိုထျန်းဖက်ကို လှည့်ကာမေးလိုက်၏။
"ခဏနေအုံး၊ အဲဒီကလေးမလေးက အချက်အပြုတ်ရော တော်လား"
အဘွားချန်းကလဲ ဒီအကြောင်းကို ချက်ချင်း သတိရသွားသည်။ သူမ၏မြေးအကြီးဆုံးသည် မိသားစုနှင့် ပတ်သက်ပြီး ပင်ကိုယ်သဘာဝများ မရှိဟန်တူသည်။ လက်ထပ်မည့်အကြောင်း သူပြောခဲ့အကြိမ်က ၂ ကြိမ်သာရှိသည်။ ဒါသည်လည်း ရှန်းလီက အရသာရှိသည့် အစားအသောက်များ စားနေရသည့်အပေါ် အားကျခြင်းကြောင့်ဖြစ်သည်။
ချန်းယိုထျန်းကလဲ တဒင်္ဂ မှင်သက်အံ့သြသွားသည်။ ဟုတ်ပါသည်။ သူသည် ဒီအကြောင်းကို သိလေသည်။ သူ့မိန်းမက သူ့ကို အရင်က ဒီအကြောင်းကို ပြောခဲ့ဖူးသည်။ သူသည် စကားလုံးများကို ကြိုးစားရှာဖွေရင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကျိုးမိသားစုအိမ်တွင် စားသောက်ခဲ့သည့် အသားဟင်းရည်အကြောင်းကို စဥ်းစားလိုက်သည်။
"အင်း ဒါကလေ၊ ပုံမှန်ပါပဲ၊ ငါကတော့ အဲလိုပဲ ထင်တယ်"
ဂူထဲတွင် အဖေ၊ သားနှင့် အဘွားတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဂူအပြင်ဘက်တွင်တော့ ရေပုံးအလွတ်တစ်ခုဖြင့် ရပ်နေသည့်ချန်းသရှန်သည် လက်ထဲတွင် တစ်ဝက်လောက် ခြောက်လုနီးပါး အဝတ်အစားကို ကိုင်ထားပြီး ကျိုးမိသားစု၏ အကြီးဆုံးသမီး ကျိုးကဲက မည်သို့သော ရုပ်ရည်ဖြစ်နေပါသနည်းဟု စဥ်းစားမိလေသည်။
ကျိုးကဲတဲ့...။
သူတို့သည် အသက်အရွယ် ကွာခြားလွန်းလှသည်။ သူသည် အိမ်က ထွက်လာသည့်အချိန်က သူမသည် ကလေးမလေးတစ်ယောက်သာ ရှိသေးသည်။ အာ့ရှန်ထက်တောင်မှ ငယ်သေးသည်။ သူက သူမကို ဂရုစိုက်မိခဲ့ပါသည်လား။ သို့သော်ငြားလည်း သူမကို ကယ်ဆယ်ပေးခဲ့ပြီး ကျိုးမိသားစုဆီသို့ မကြာခဏ အလည်အပတ် သွားရောက်လာပြီးနောက်တွင် သူမသည် တော်တော်လေးချောမောပြီး သိမ်မွေ့ဟန်တူသည်။
သို့သော်ငြားလည်း သူမ၏ အချက်အပြုတ်အရည် အချင်းကတော့ သာမန်လောက်သာရှိသည်။
ကျိုးမိသားစုသည် လတ်တလောနှစ်များအတွင်းတွင် စားသောက်ဖို့ရန် အသားများက မရှိသလောက်ရှားပါးခဲ့သည် မဟုတ်လား။ သူတို့တွင် ဟင်းခတ်အမွေးအကြိုင်များလဲ များများစားစား ရှိဟန်မတူချေ။ သူတို့သည် သူတို့၏ဆားများကို ဝါးကျည်တောက်ငယ်လေးများတွင် ထည့်သိမ်းရပြီး သူတို့၏ အစားအသောက်ပေါ်တွင် နည်းနည်းပါးပါးသာ ဖြူးတတ်သည်။ ဒါသည် ဆားဟုပင် မထင်ရတော့ချေ။
သူတို့သည် ဆားကိုသုံးဖို့ရန် ထိုမျှလောက် တွန့်ဆုတ်နေပါသည်တဲ့လား။
အတွေးရထားတစ်စင်းသည် သူ့စိတ်ထဲသို့ ဖြတ်သွားစဥ်တွင် ချင်ဖန်းညန်က အရင်ဆုံးချက်ပြုတ်ဖို့ သွားလိုက်အုံးမည်ဟု ပြောသည်ကို ကြားလိုက်၏။ ချန်းသရှန်သည် ရုတ်တရက်ဆိုသလို လက်တွေ့ကို ပြန်ရောက်လာပြီး သူသည် ရေချိုးခန်းဘက်သို့ အလျင် စလို ပြန်ဆုတ်သွားလိုက်ပြီး သူသည် ခုလေးတင်မှ ရေချိုးပြီးလာသည့်ဟန် လမ်းတစ်ဝက်အထိ ပြန်လှည့်လာလေသည်။
တစ်ဖက်တွင်တော့ အခုလေးတင်မှ ရေချိုးပြီးလာသည့် ရှန်းလီသည် ဂူဝင်ပေါက်နားသို့ ရောက်နေပြီဖြစ်သည့် ချန်းသရှန်က ထူးထူးဆန်းဆန်း ပြန်လှည့်လာသည်ကို တွေ့လိုက်ရသည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက်တွင် သူက တစ်ဖန်ပြန်လှည့်သွားပြီး စက်ဝိုင်းလိုပတ်ပြီး လမ်းလျှောက်နေဟန်တူသည်။
သူက ဘာလုပ်နေတာလဲ။
...
အပိုင်း (၁၈၄) ဝိုင်လုပ်ခြင်း
စန်းလော့သည် အားအင်ပြန်ပြည့်လာပြီးနောက်တွင် သူမက ရှန်းအန်းကို ငှက်ပျောသီး၊ တောစပျစ်သီးနှင့် တောဆီးသီးများကို ခြင်းတစ်လုံးထဲတွင် ထည့်ခိုင်းလိုက်ကာ ရှန်းကျင့်နှင့်သူ၏ညီအစ်ကိုများ စားဖို့ သွားပို့ခိုင်းလေသည်။ ရှန်းလီက နောက်ခရီးတစ်ခုတွင် ရှန်းကျင့်ကို သေချာပေါက် ခေါ်သွားလိမ့်မည်ဖြစ်သဖြင့် သူမသည် အသားနှင့်အသီးအရွက်၊ ပစ္စည်းခြောက်များနှင့်ပတ်သတ်ပြီး စိတ်မပူချေ။ အစီအစဥ်များကိုလဲ ထိုအခါကြမှ ပြုလုပ်လိမ့်မည်။
ရှန်းအန်းနှင့် ရှန်းနဥ်တို့နှစ်ယောက်စလုံးက ဖြည့်စွက်စာများကို ဗိုက်ပြည့်သည်အထိ စားသောက်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်သူတို့တွေက သူတို့၏အစ်ကိုအကြီးဆုံးနှင့်မရီးအတွက် အစားအသောက်ကိုပြင်ဆင်ပေးလိုက်သည်။ မောင်နှမနှစ်ယောက်က အသီးအမျိုးမျိုးကို ရွေးထုတ်လိုက်ပြီး သူတို့၏ မျက်နှာများကလည်း ကျေနပ်စိတ်ဖြင့် လင်းလက်နေလေသည်။
တောသစ်သီးများ အပုံလိုက်ကို ကြည့်ပြီး မောင်နှမနှစ်ယောက်သည် လျှိုမြောင်အပြင်ဘက်က ကျယ်ဝန်းလှသည့် တောင်အတွင်းပိုင်းသို့ စူးစမ်းသွားလာဖို့ရန် စိတ်အားထက်သန်စွာ မျှော်လင့်နေလေသည်။ အသီးအရွက်များကို အခြောက်လှန်းပြီး အသားများကို ကြက်တိုက်ဖို့ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအပြင် လမ်းခုလတ်စခန်းတစ်ခုကို တည်ဆောက်ကြလိမ့်မည်ဟု ကြားလိုက်သည်တွင် ရှန်းအန်းက နားစွင့်ထားလိုက်သည်။ သူက စားပွဲပေါ်တွင်ထိုင်ချလိုက်ပြီး စားသောက်နေဆဲဖြစ်သည့် ရှန်းလီနှင့် တိုင်ပင်လေသည်။
"အစ်ကိုကြီး ကျွန်တော့်ကိုလဲခေါ်သွားလေ၊ ရှောင်ကျင့်နဲ့ကျွန်တော်က အစ်ကိုနဲ့ တစ်လှည့်စီသွားလို့ရပါတယ်၊ အဲလိုဆိုရင် ကျွန်တော်တို့တွေလဲ တောင်ထွက်ပစ္စည်းတွေ ပိုရနိုင်တာပေါ့၊ ကျွန်တော်တို့တွေက ခရီးမှာ နည်းနည်းလောက် ပိုပြီးသတိထားလိုက်ဖို့ပဲ လိုတာပါ၊ ကျွန်တော်က သစ်ပင်တက်တဲ့နေရာမှာလဲ တော်တော်လေးကျွမ်းကျင်ပြီးတော့ ကျွန်တော့်ရဲ့မြှားပစ်အရည်အချင်းကလဲ တိုးတက်လာပါပြီ၊ ကျွန်တော်က ရှောင်ကျင့်ထက်တော့မနိမ့်ပါဘူး"
သူသည် ပိုသာသည်ဟု မကြွားဝါရဲသော်ငြားလည်း မဆိုးလှဘူးဟုတော့ အာမခံနိုင်လေသည်။ တောင်အတွင်းပိုင်းသို့ မဝင်လာခင်တွင် သူသည် ကိုယ့်ဟာကိုယ် လေးလေးနက်နက် ပြင်ဆင်လာခဲ့သည်။ တောင်အတွင်းပိုင်းသို့ ရောက်လာသည်တွင်လဲ သူသည် စာဖတ်ခြင်းကို အဓိကဦးစားပေးခဲ့သော်ငြားလည်း လျှိုမြောင်ထဲတွင် နေရာအလုံအလောက်ရှိချိန်က တစ်ခြားသူများနှင့် လေ့ကျင့်ရာတွင်လဲ ပါဝင်ခဲ့သည်။
ရှန်းလီက သူ့အကြံပြုချက်ကို စဥ်းစားပေးလိုက်ပြီး အဆင်ပြေလောက်သည်ကို တွေ့လိုက်ရသည်။ သူတို့သည် ကျိုးမိသားစုအိမ်ဘက်သို့ သွားရောက်ရဆဲဖြစ်ကာ ခရီးက တော်တော်လေးကို လုံခြုံလှသည်။ ခရီး၏နောက်ပိုင်းတစ်ဝက်ကိုတော့ အန္တရာယ်ကင်းသည့်နေရာတစ်ခုကို တည်ဆောက်ဖို့ရန် အဓိကနေရာတစ်ခုကို ရှာဖွေဖို့ရန် လိုအပ်လိမ့်မည်။ ထိုနေရာတွင် သူတို့သည် မျှော်လင့်မထားသည့် လမ်းကြောင်းကိုဆက်သွားရမည် ဖြစ်သဖြင့် ပိုပြီးသတိ ထားဖို့ရန်သာ လိုအပ်သည်။ ရှောင်အန်းက တော်ပြီး လုပ်ရည်ကိုင်ရည်ရှိသည်။ ထို့ကြောင့် သူက တာဝန်များကို ခွဲဝေယူနိုင်လိမ့်မည်။
ထို့အပြင် သူသည် ရှောင်ကျင့်ကိုသာ အမြဲတမ်းဂရုစိုက်နေပြီး ရှောင်အန်းကိုတော့ သူအစောပိုင်းက သင်ယူတတ်မြောက်ထားသည့် အသိပညာများအားလုံးကို လျစ်လျူရှုထားပြီး လျှိုမြောင်ထဲတွင် မထားခဲ့နိုင်ချေ။ ရှောင်အန်းက အသက်၁၀နှစ်ရှိပြီဖြစ်ကာ ရှောင်ကျင့်ထက်ပင် ၁နှစ်ကြီးသေးသည်။
ခေါင်းငြိမ့်သဘောတူလိုက်ပြီး ရှန်းလီကပြောလိုက်၏။
"ကောင်းပြီလေ၊ ငါတို့တွေ သဘက်ခါမနက်စောစော စီးစီး ထွက်ကြမယ်"
ရှန်းအန်းသည် အလွန်မှဝမ်းသာသွားသဖြင့် ထခုန်မိမတတ်ပင် ဖြစ်သွားလေသည်။
စန်းလော့ကလဲ ပြုံးလိုက်၏။ ခရီးကအလွန်မှ ပင်ပန်းရသော်ငြားလည်း အမှန်ပင် လူကို လန်းဆန်းစေလေသည်။ တစ်နှစ်ပတ်လုံးလျှိုမြောင်ထဲတွင် နေထိုင်ရခြင်းက သက်တောင့်သက်သာရှိသော်ငြားလည်း ဒါက သူမကို သေးငယ်သည့် နေရာလေးတစ်ခုတွင် ချုပ်နှောင်ထားသလိုဖြစ်နေပြီး အမှန်ပင် သက်တောင့်သက်သာမရှိသလို ဖြစ်စေသည်။ သူမအတွက်တော့ အပြင်ဘက်သို့စွန့်စားသွားလာခြင်းက တက်ကြွပြီးရွှင်လန်းသည့် အာရုံတစ်ခုကို ယူလာပေးနိုင်သည်။
ရှန်းလီ၏အတွေးကို မသိသော်ငြားလည်း စန်းလော့ကတော့ သူနှင့်တူညီသည့်စိတ်ကူးတစ်ခု ရှိလေသည်။ သူမသည် ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို စာအရေးအဖတ် သင်ပေးခဲ့သော်ငြားလည်း ဒီခေတ်တွင် တော်ဝင်စာမေးပွဲဆိုသည်မှာ မရှိချေ။ လက်ရှိအခြေအနေတွင် ရှန်းလီက သူတို့ကိုသင်ပေးထားသည့် အရည်အချင်းများကသာ အောက်ခြေလူ့အဖွဲ့အစည်းအတွင်း သာမန်လူများအတွက် အသက်ရှင် သန်နေထိုင်ဖို့ရန် မှန်ကန်သည့်နည်းလမ်းများ ဖြစ်လေသည်။ စာဖတ်ခြင်းက အကျိုးရှိသည်ဆိုသော်ငြား လည်း ဒီလိုလက်တွေ့အရည်အချင်းကလဲ တူညီစွာအရေးပါလေသည်။
ရှန်းကျင့်၏ဒုက္ခက သနားစရာကောင်းသည်။ သူ့ကို ကူညီရသည်မှာ အမှန်ဖြစ်သော်ငြားလည်း ရှန်းအန်းနှင့်ရှန်းနဥ်တို့ကလည်း သူမ ဒီလောကကို ရောက်လာကတည်းက အချင်းချင်း ကူညီထောက်ပံ့ပေးကြသည့် သူများဖြစ်လေသည်။ ရှန်းကျင့်ကို ကိုယ်ချင်းစာရုံနှင့်တော့ အရင်းအမြစ်နှင့် စွမ်းအင်အားလုံးကို မဆုံးနိုင်အောင် ထောက်ပံ့ပေးဖို့ကလဲ မဖြစ်နိုင်ချေ။
ရှန်းအန်းသည် ယှဥ်ပြိုင်ဖို့ရည်ရွယ်ချက် လုံးဝမရှိသည့်တိုင် သူသည် လျှိုမြောင်အပြင်ဘက်သို့ထွက်ပြီး သူ၏အသိပညာများကို အသုံးချကာ မိသားစုအတွက် အကျိုးဆောင်ပေးလိုစိတ် ရှိသည်။ သူ၏ စိတ်ရင်းသဘောထားက စန်းလော့ကို အမှန်ပင်
ဝမ်းသာရစေပြီး ရှန်းလီက သဘောတူလိုက်သည်ကို မြင်လိုက်သည်တွင် သူမကလဲ ကျေနပ်မိလေသည်။
စန်းလော့နှင့်ရင်းနှီးသည့် ရှန်းနဥ်ကတော့ သူမအနားသို့ချဥ်းကပ်လာပြီး မေးလိုက်၏။
"မကြီး ခရီးသွားတုန်းက အရမ်းကိုပင်ပန်းခဲ့လား၊ အန္တရာယ်တွေရောတွေ့ခဲ့လား၊ ဝံပုလွေသားရေ အပိုနှစ်ခုကို သတိထားမိခဲ့တယ်"
သည်အကြောင်းကို ပြောလိုက်သည်တွင် စန်းလော့ ၏မျက်လုံးထဲတွင် တစ်ချက်လင်းလက်သွားတော့သည်။
"ငါက အဲဒီထဲကတစ်ခုကို အမဲလိုက်ခဲ့တာလေ၊ ဒါက အနီးကပ်အကွာအဝေးတစ်ခုကနေ ပစ်လိုက်တာဆိုပေမဲ့ မြှားပစ်လေ့ကျင့်တာက အကျိုးရှိတယ် ဟုတ်တယ်မလား။ နင်လဲ လေ့ကျင့်တာကို လျစ်လျူမရှုထားနဲ့နော်၊ အပြင်မှာ ပိုပြီးတော့ လုံခြုံသွားပြီဆိုတာနဲ့ နင့်ရဲ့အစ်ကိုကြီးနဲ့အတူ တောင်ထဲကို လိုက်သွားလို့ရတယ်၊ ပိုပြီးအရေးကြီးတာက အရေးပေါ်အချိန်မှာ ကိုယ့်ဟာကိုယ် ကာကွယ်ဖို့အရည်အချင်းရှိထားဖို့က မရှိမဖြစ်အရေးကြီးတယ်"
ရှေးခေတ်ကာလအတွင်းတွင် အထူးသဖြင့် ဥပဒေနှင့်အမိန့်များက ကောင်းကောင်းမစိုးမိုးသည့်နေရာတွင် ကိုယ့်ဟာကိုယ်ကာကွယ်နိုင်သည့် အရည်အချင်းသည် အထူးသဖြင့် အမျိုးသမီးငယ်လေးများအတွက် အရေးအပါဆုံးဖြစ်လေသည်။
ရှန်းနဥ်၏မျက်လုံးများသည် လင်းလက်သွားပြီး သူမက အသေးစိတ်အကြောင်းအရာကို မေးမြန်းတော့သည်။ သမီးယောက်မနှစ်ယောက်က အသက် ဝင်သည့်စကားဝိုင်းတစ်ခုကို ပုံဖော်လိုက်ကြသည်။
ညစာစားပြီးနောက်တွင် ရှန်းအန်းက ဟင်းပန်းကန်များကို ချက်ချင်းရှင်းလင်းပေးလိုက်ပြီး ဆေးကြောဖို့ရန်ယူသွားလေသည်။
စန်းလော့ကလဲ အလကားထိုင်မနေချေ။သူမက ရှန်းလီကို ရေနှစ်ပုံးလောက်သွားခပ်ပေးလိုက်ပြီး ရှန်းနဥ်ကို ငုံ့ကာပြောလိုက်၏။
"မကြီးက နင့်ကို တစ်ခုခု အသစ် သင်ပေးမယ်"
တစ်ခုခုအသစ်ဖန်တီးမည်ဟု ပြောလိုက်သည်တွင် သူ့ပန်းကန်လုံးများနှင့် အခုလေးတင် လျှောက်ကာထွက်သွားသည့် ရှန်းအန်းမှာ သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး စန်းလော့ကို လှည့်ကြည့်လိုက်သည်။
"မရီး ဘယ်လိုအရသာရှိတဲ့ အစားအသောက်ကို လုပ်မလို့လဲ"
စန်းလော့က တခစ်ခစ် ရယ်မောလိုက်သည်။
"ယမကာလေ၊ ဒါက အချဥ်ဖောက်ဖို့ အချိန်အကြာကြီးယူရတာ ဒီတော့ နင်တို့တွေ ဒီနေ့ ဒါကို အရသာမြည်းနိုင်မှာမဟုတ်ဘူး"
သူတို့သည် တောင်အပြင်ဘက်သို့ သွားခဲ့သည့်နေများအတွင်းတွင် တောစပျစ်သီးခြောက်များကို အနည်းဆုံးပေါင်၃၀လောက် နေလှန်းခဲ့ကြပြီး အဝတ်အိတ်လေးတစ်ခု နှုတ်ခမ်းပြည့်သည်အထိ ထိလာခဲ့ကြသည်။ အကယ်၍ ရှန်းလီက အပြင်ထွက်စဥ် နောက်ထပ်တောစပျစ်သီးများကို ရှာဖွေတွေ့ရှိခဲ့လျှင် နည်းနည်းပါးပါးတော့ ကျန်လိမ့်အုံးမည်။ ထို့ကြောင့် စန်းလော့က ထိုနေ့က သူမခူးလာသည့် တောစပျစ်သီးလတ်လတ်ဆတ်ဆတ်ကို အခြောက်မခံဖို့ ဆုံးဖြတ်လိုက်၏။ ထိုအစား ယမကာအနည်းငယ် ပြုလုပ်မည်ဟု စဥ်းစားထားလိုက်သည်။
ရှန်းအန်နှင့်ရှန်းနဥ်တို့က နားမလည်နိုင်ဖြစ်နေကြစဥ် ရေခပ်သွားမည့်ရှန်းလီက သူ့လမ်းကြောင်းတွင် ရပ်တန့်သွားတော့သည်။ သူက တအံ့တသြဖြင့် စန်းလော့ကိုလှမ်းကြည့်လိုက်၏။
"ယမကာ လုပ်မလို့ ဟုတ်လား"
နည်းပါးသည့်အသိပညာရှိသည့်တိုင် ရှန်းလီသည် ယမကာလုပ်ခြင်းနည်းက မိသားစုတစ်ခုကို ချမ်းသာကြွယ်ဝအောင် လုပ်ပေးနိုင်မှန်း သိလေသည်။ ဒီလိုလုပ်နည်းတစ်ခုကို ပိုင်ဆိုင်ထားကြသည့် လူတိုင်းက ဒါကို သေသေချာချာလေး စောင့်ကြပ်ထားကြလိမ့်မည်။
သူသည် ခက်ခက်ခဲခဲ တံတွေးကိုမြိုချလိုက်ပြီး တစ်စုံတစ်ယောက်များ ဖြတ်လျှောက်သွားလေသလားဟု စဥ်းစားကာ သူ့အသံကိုနှိမ့်ချလိုက်သည်။
"ဒီလုပ်နည်းကို ကိုယ့်ဟာကိုယ်အတွက်ပဲ သိမ်းထားလိုက်ပါ"
သူမ အစ်ကိုအကြီးဆုံး၏ စကားကိုကြားလိုက်ပြီးနောက်တွင် သူမ ယောက်မသင်ပေးမည့်အရာက သူမ ထင်ထားသလို ရိုးရှင်းသည်မဟုတ်မှန်း ရှန်းနဥ်သည် သဘောပေါက်လိုက်လေသည်။ သူမက စန်းလော့ဘက်သို့ လှည့်ကြည့်လိုက်၏။
"ယောင်းမ ညီမလေး ဒါကို မသင်လဲရပါတယ် ဟုတ်တယ်မလား။ တကယ်လို့ အစ်မက ရေခပ်ဖို့အကူအညီလိုတာပဲဖြစ်ဖြစ် တစ်ခုခုလိုတာပဲဖြစ်ဖြစ် ညီမလေးကို ဒီအတိုင်း ပြောလိုက်လို့ရပါတယ်၊ အားလုံးလုပ်ပြီးသွားပြီဆိုရင် အစ်မက တံခါးကိုပိတ်ထားပြီးတော့ အလုပ်လုပ်ပေါ့၊ ညီမလေးတို့ ရှောင်ကျင့်နဲ့ ခဏလောက်သွားကစားလိုက်မယ်လေ"
မောင်နှမများ၏တုံ့ပြန်ပုံကို မြင်လိုက်ရသည်တွင် အပြုံးတစ်ခုသည် စန်းလော့၏မျက်လုံးပေါ်တွင် ပေါ်လာတော့သည်။
"ရပါတယ် ငါတို့တွေက ဒါကို တံခါးပိတ်ပြီးတော့ လုပ်မှာပါ၊ ဒါပေမဲ့ နင်တို့တွေ ရှောင်နေစရာမလိုပါဘူး၊ သင်ယူတယ်ဆိုတာက ဘာမှထိခိုက်တာ မဟုတ်ဘူး ဒီအတိုင်းအပြင်ကို စကားမထုတ်ဖို့ပဲ လိုတယ်"
အပြင်လူများသာ ဖြစ်ခဲ့မည်ဆိုလျှင် စန်းလော့က အမှန်ပင် သတိထားပေလိမ့်မည်။ သို့သော်ငြားလည်း ဒီမောင်နှမ၃ယောက်နှင့်ဆိုလျှင် သူမသည် ဘာကိုမှဖုံးကွယ်ထားဖို့ရန် မခံစားရချေ။ အချိန်ကာလက နှစ်ထောင်ချီအောင် ကွာဟနေသည်တွင် ရှေးခေတ်လူများက သိကြပြီး သူမ မသိသည့်အကြောင်းအရာများလဲ ရှိသလို ထိုကဲ့သို့ပင် အပြန်အလှန် ဖြစ်လိမ့်မည်။ တစ်ခုခု စားသောက်နိုင်သည့်အရာကို သူမ သိခဲ့လျှင် ဖုံးကွယ်ထားစရာအကြောင်း မရှိပေ။ သူမသည် ရှန်းနဥ်ကို အများအပြား သင်ပေးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် နောက်ထပ်တစ်ခုသင်ပေးခြင်းက ကွာခြားချက်တစ်ခု ဖြစ်လိမ့်မည်မဟုတ်ပေ။
ရှန်းနဥ်ကလဲ သူ့အစ်ကိုပြောလိုက်သည့် ယမကာလုပ်နည်းက မည်မျှအဖိုးတန်သည်ဟူသည့်ကိစ္စကို မချိန်ဆနိုင်ပေ။ သူမသည် ရှန်းလီဘက်သို့ လှည့်ကြည့်လိုက်လေသည်။
မောင်နှမများက တစ်ခုခုပူပြင်းသည့်အရာကို ထိမိလိုက်တော့မလို သတိထားနေသည့် အမူအယာကို မြင်လိုက်သဖြင့် စန်းလော့က တခစ်ခစ်ရယ်မောကာ ပြောလိုက်၏။
"ဟုတ်ပါပြီ၊ လောကကြီးက အေးချမ်းလာတဲ့အချိန်ကြရင် ငွေရှာဖို့အတွက် ငါက ဒီလုပ်နည်းကိုသုံးဖို့ ဆုံးဖြတ်ထားတယ်၊ ငါက တစ်ယောက်ထဲနဲ့ ဒါတွေအားလုံးကို လုပ်နိုင်မယ်လို့ နင်တို့က တကယ်ပဲထင်ကြတာလား၊ ငါက နင့်ကို တို့ဟူးလုပ်နည်းရော အားလုံးကို သင်ထားပေးခဲ့ပြီးပြီ၊ ဒီတော့ ဒါက တစ်ခုထဲ မဟုတ်တော့ဘူးလေ၊ တကယ်လို့ နင်တို့က တကယ်ပဲစိတ်ရင်းမှန်နဲ့ဆိုရင် ဒီလုပ်နည်းက ငါပိုင်တာလို့ပဲ မှတ်ထားလိုက်ရုံပဲ၊ ငါ့ခွင့်ပြုချက်မရဘဲ အကျိုးအမြတ်အတွက် အသုံးမချနဲ့ပေါ့၊ အပြင်လူတွေကိုလဲ မပေါက်ကြားစေနဲ့"
သူမ၏စကားလုံးများက ရှန်းအန်းနှင့်ရှန်းနဥ်တို့ နှစ်ယောက်စလုံးထံမှ ရယ်သံများကို ယူလာပေးပြီး သူတို့သည် ချက်ခြင်းဆိုသလို ပြန်ဖြေလိုက်ကြ၏။
"ဒါပေါ့၊ ကျွန်တော်တို့နားလည်ပါတယ်"
သို့သော်ငြားလည်း ရှန်းလီကတော့ သူ၏ရင်ဘတ်ထဲတွင် အသာအယာလာတို့ထိသလို ခံစားလိုက်ရလေသည်။
သူသည် ယမကာလုပ်နည်းအကြောင်းကို မကြားတော့ချေ။ သူသည် သူ၏အနာဂတ်ကိုသာ ကြိုတင်မြင်ယောင်ကြည့်လေသည်။ စန်လော့ပြောခဲ့သည့်စကား၊ ရှောင်အန်းနှင့်ရှန်းနဥ်တို့အပြင် သူ့ကိုယ်တိုင်ပြောလိုက်သည့်စကား ထိုအကြောင်းကို စဥ်းစားမိလေသည်။
သူမကတော့ ထိုကိစ္စနှင့်ပတ်သတ်ပြီး များများစားစား အတွေးရှိဟန်မတူချေ။ သို့သော်ငြားလည်း ရှန်းလီ၏ နှလုံးသားကတော့ ထိန်းလို့မရအောင် ခုန်နေတော့သည်။ ပျော်ရွှင်မှုများက ပလုံစီအောင်ထနေသည့် ပူဖောင်းလေးများလို တက်လာပြီး နူးညံပျော့ပျောင်းကာ ပေါ့ပါးပြီး တဒင်္ဂခံစားချက်လေးက သူ့နှလုံးသားထဲမှာ သိမ်သိမ်မွေ့မွေ့ အညှောင့်ထွက်လာလေသည်။
သူ့နှုတ်ခမ်းထောင့်များသည် ကွေးတက်သွားပြီး အပြုံးတစ်ခုက သူ့မျက်လုံးပေါ်တွင် ခန့်ခန့်ငြားငြား ပေါ်လာတော့သည်။ သူသည် အစောပိုင်းက တိုင်ပင်နေသည့်အကြောင်းကို ထပ်ပြီးဂရုမစိုက်နိုင်တော့ဘဲ ရေပုံးကိုမ,ကာ ပြောလိုက်၏။
"ကျွန်တော် ရေသွားခပ်လိုက်အုံးမယ်"
ရှန်းလီထွက်သွားပြီးနောက်တွင် ရှန်းအန်းသည် ဂူဝင်ပေါက်ဖက်သို့ ပြန်လှည့်ကြည့်လိုက်၏။ မျက်တောင်လေးခတ်ပြီး သူက စဥ်းစားလိုက်လေသည်။ အစ်ကိုကြီးက ပြုံးနေတာလား။ မရီးကသူတို့တွေကို ယမကာလုပ်နည်းသင်ပေးမယ်လို့ ပြောလိုက်တာနဲ့ပဲ သူကအဲလောက်တောင် ပျော်သွားတာတဲ့လား...
ရှန်းလီသည် မြန်ဆန်လွန်းလှသည်။ ရှန်းအန်းက ပန်းကန်ဆေးလို့ မပြီးသေးခင်မှာပင် သူသည် ရေပုံးကြီးနှစ်လုံးဖြင့် ပြန်လာလေသည်။
ယမကာလုပ်သည့်အနုပညာက စန်းလော့ ထင်ထားသည့်ထက် မောင်နှမများက အများကြီးပိုပြီး အလေးအနက်ထားရသည့်အရာ ဖြစ်လာသည်။ လို အပ်သည့်ပစ္စည်းများကို မေးမြန်းလိုက်ပြီးနောက်တွင် သူတို့သည် ရေခပ်ပြီး မြေဇလုံများကိုသယ်ကာ ဂူထဲတွင် အခြောက်ခံစင်များကို သယ်လာသည်။ သူတို့ ဆီးမီးအိမ်နှစ်ခုကို ထွန်းလိုက်ကြပြီး အတွင်းဘက်မှတံခါးကို ပိတ်ထားလိုက်သည်။
တောစပျစ်သီးများသည် ယမကာလုပ်ဖို့ရန်အတွက် အထူးတလည် သင့်တော်လေသည်။ မျက်နှာပြင်ပေါ်က အဖြူရောင်အလွှာသည် အကြမ်းဖျင်းအချဥ်ဖောက်ရာမှ ထွက်လာသည့်အရာဖြစ်ပြီး တက်ဆေး ထပ်ထည့်စရာမလိုပဲ သဘာဝအလျှောက် အချဥ်ဖောက်ပေးနိုင်သည်။ ယမကာလုပ်သည့်လုပ်ငန်းများတွင် ကုမ္ပဏီပိုင်စပျစ်ခြံများက မဆေးကြောရသေးသည့်စပျစ်များသည် ပိုးသတ်ဆေးသို့မဟုတ်မြေသြဇာများ ကျွေးထားခြင်းမရှိပေ သူတို့ကိုသဘာဝအတိုင်း အချဥ်ဖောက်ဖို့ရန် ထိန်းသိမ်းထားလိုကြသည်။
စပျစ်သီးများကို ဒီလို ရှေးခေတ်က တောင်အတွင်းမှာပင် ခူးဆွတ်လို့ရသဖြင့် ထိုစပျစ်သီးများက ပိုးသတ်ဆေးသုံးထားမည် မဟုတ်ပေ။ သို့သော်ငြားလည်း အတွေးကတော့ သူမ၏စိတ်ထဲတွင် ရစ်ဝဲနေသေးသည်။ ထို့ကြောင့် စန်းလော့က ရှန်းလီကို ရေခပ်ပေးရန် ပြောလိုက်ပြီး အပေါ်ယံက ဖုန်မှုန့်များကိုသာ ဆေးကြောကာ တတ်နိုင်သလောက် တဆေးများကို ထိန်းသိမ်းထားဖို့ရန် ပေါ့ပေါ့ပါးပါး ဆေးကြောဖို့သာလိုအပ်သည်။
စပျစ်သီးများကို ဆေးကြောနေစဥ် ရှန်းနဥ်သည် အောက်ဖက်ကသစ်ရွက်များကို သတိထားမိလိုက်သည်။ ထိုအရွက်များကို မှတ်မိသွားသည်တွင် သူမကဝမ်းသာအားရ ထခုန်လုနီးပါးဖြစ်သွား၏။
" မကြီး မကြီး နတ်သမီးသစ်ရွက်တွေရော ခူးလာတာလား"
ရှန်းလီသည် တဒင်္ဂအတွင်းမှင်သက် အံ့သြသွားလေသည်။ သို့သော်ငြားလည်း ရှန်းနဥ်ကတော့ သူမ၏ အစ်ကိုကြီးကို တီးတိုးလာပြောလေသည်။
"ဒါက နတ်သမီးတို့ဟူးလုပ်တဲ့အရွက်လေ"
သူမ၏ မျက်လုံးများက တဖျတ်ဖျတ် လင်းလက်သွားပြီး သူမက စပျစ်သီးကို ဆက်ပြီးဆေးကြောကာ မေးလိုက်၏။
"မကြီး ညီမလေးတို့တွေ ဒီနေ့ည နတ်သမီးတို့ဟူး လုပ်ကြမှာလား"
စန်းလော့က ပြုံးလိုက်၏။
"ငါက ဒါတွေကို နင့် ဟင်းရွက်စားချင်စိတ်ကို ဖြည့်ဆည်းပေးဖို့ ခူးလာတာလေ၊ ငါတို့တွေ စပျစ်သီးကို ဆေးကြောပြီးသွားရင် နတ်သမီးတို့ဟူး လုပ်ကြမယ်"
"တခြားလုပ်စရာအလုပ်တွေရော ကျန်သေးလား"
"မကျန်တော့ဘူး၊ ငါတို့တွေက ဒီစပျစ်သီးကိုမသုံးခင် ဒါတွေကို လေသလှပ်ခံဖို့ လိုသေးတယ်"
သူမသည် ပြောရင်းဆိုရင်း ရှန်းလီကို လှမ်းခေါ်လိုက်၏။
"ကျွန်မကို ဇကာလေး ယူထုတ်လာပေးပြီးတော့ ဇကာပေါ်မှာ သန့်ရှင်းတဲ့အဝတ်စလေးတစ်ခုကို ခင်းထားပေးပါအုံး"
ကြီးမားသည့်ဇကာကို ပုံမှန်ဆိုလျှင် အိမ်ထောင်ပစ္စည်းသိမ်းဆည်းသည့် စင်၏နောက်ကျောတွင် သိမ်းဆည်းထားတတ်သည်။ အခုတော့ ထိုဇကာကို အခြောက်လှန်းစင်ပေါ်တွင် တင်ထားကာ အပေါ်တွင် သန့်ရှင်းသည့် ရေစစ်အဝတ်တစ်ခုဖြင့်ခင်းထားသည်။ သူတို့နှစ်ယောက်သည် ထိုအပေါ်တွင်ဆေးကြောပြီးသား တောစပျစ်သီးများကို ညီညာနေအောင် အတူတူ ဖြန့်ခင်းလိုက်ကြသည်။
ရှန်းအန်းနှင့်ရှန်းနဥ်တို့ မောင်နှမအတွက်တော့ သူတို့သည် နတ်သမီးတို့ဟူးများကို အတူတူလုပ်ရင်း အလုပ်များနေကြသည်။
သူတို့သည် မနှစ်ကနတ်သမီးတို့ဟူးများကို အများအပြား လုပ်လာခဲ့သည်ဖြစ်ရာ တော်တော်လေး ကျွမ်းကျင်နေပြီဖြစ်သည်။ စန်းလော့က ကူညီပေးဖို့ရန် မလိုတော့ချေ။
တို့ဟူးကို အနည်ထိုင်အောင် စောင့်နေစဥ် မိသားစုလေးယောက်သည် ဆီမီးအိမ်လေး ပတ်ပတ်လည်တွင် သေးငယ်သည့် ကျောက်ပြားလေးပေါ်တွင် လက်ရေးလှလေ့ကျင့်ခြင်းဖြင့် သူတို့၏အချိန်ကို ကောင်းကောင်း အသုံးချလိုက်ကြသည်။
ရှန်းလီသည် ရှန်းအန်း၏တိုးတက်မှုကို လေ့လာလိုက်ပြီး သူက စာလုံးပေါင်းတစ်ထောင်ကျမ်းတစ်ခုလုံးကို မှတ်မိသွားသည်ကို မြင်လိုက်သည်တွင် တော်တော်လေး အားကျသွားတော့သည်။ တစ်ဖက်တွင်တော့ သူသည် စာလုံးရေတစ်ရာအောက်သာ အလွတ်ရသေးသည်။ စန်းလော့သည် ရှန်းလီ စဥ်းစားနေသည့် အကြောင်းအရာကို အလိုလို သတိထားမိလိုက်သဖြင့် သူမက သူ၏စာပေနှင့်ပတ်သတ်ပြီး မေးမြန်းလိုက်၏။
ရှန်းအန်းက သူ၏တိုးတက်မှုနှင့်ပတ်သတ်ပြီး မျှဝေဖို့ရန် စဥ်းစားထားလေသည်။
“ကျွန်တော်က စာလုံးပေါင်းတစ်ထောင်ကျမ်းတစ်ခုလုံးကို အလွတ်ရပြီးတော့ ရေးနိုင်သွားပြီလေ၊ မရီး ယွင်ကျန့်က ပြောတယ်၊ ကျွန်တော်က အခုဆိုရင် အခြေခံလေ့လာနည်းကို ကူးယူလို့ရပြီတဲ့ ကျွန်တော် အားတဲ့အချိန်ကြရင် ဝါးစာလိပ်တွေကို ပြင်ဆင်ပြီးတော့ ကူးဖို့စဥ်းစားထားတယ်”
ဒီအချိန်တွင် သူက ရှန်းလီကို မေးလိုက်သည်။
"အစ်ကိုကြီး ကျွန်တော်က အစ်ကို့အတွက်လဲ တစ်ခု ကူးလာပေးမယ်နော်"
စဥ်းစားမနေဘဲ ရှန်းလီက စန်းလော့ကို လှမ်းကြည့်လိုက်သည်။ သူသည် ရှန်းအန်း ကူးပေးသည်ထက် သူမ ကူးပေးသည်ကို ပိုသဘောကျမှန်း ရှင်းလင်းလေသည်။
စန်းလော့သည် သူအကြည့်ကိုသတိထားမိသွားပြီး တစ်နည်းနည်းဖြင့် နားလည်သွားလေသည်။ သူမက တခစ်ခစ်ရယ်မောကာ ပြောလိုက်၏။
"ဟုတ်ပါပြီ၊ နင်လဲ အိမ်မှာတစ်ရက်လောက် ရှိအုံးမှာပဲ၊ ငါလဲ ဘာပဲဖြစ်ဖြစ် အားနေတာလေ၊ ငါ ဝါးစာလိပ်နှစ်ခုကို ပြင်ဆင်ပေးမယ်၊ နင့်အစ်ကိုကြီးအတွက်လဲ တစ်ခု ကူးပေးလိုက်မယ်၊ နင်ကတော့ ကိုယ့်ဟာကိုယ်တစ်ခု ကူးလိုက်ပေါ့"
ရှန်းလီသည် သူ၏မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်များကတော့ မနေနိုင်ဘဲ ကွေးတက်သွားတော့သည်။
ရှန်းအန်းသည် တအံ့တသြ ဖြစ်သွားတော့သည်။ သူ့မရီးက သူ့အတွက် စာကိုကူးပေးစေချင်သတဲ့လား။ သူမ၏ လက်ရေးသည် သူ့လက်ရေးထက် အများကြီးပိုလှပေသည်။ အစောပိုင်းက သူသည် ထိုအကြောင်းကို ထုတ်ပြောရင်းကပင် ရှက်ရွံနေခဲ့သေးသည်။ သို့သော် အခုတော့ သူက ပါးစပ်ကိုဖွင့်လိုက်ပြီး မဝံ့မရဲ အကြံပြုလိုက်၏။
"မရီး မရီးက ကျွန်တော့်အတွက်လဲ အဲဒီစာအုပ်ကို ကူးပေးမှာလား၊ မရီးရဲ့လက်ရေးက အရမ်းလှတာပဲ"
စိတ်အားတက်ကြွစွာဖြင့် သွားများဖြီးကာပြုံးနေသည့် ရှန်းလီသည် ရုတ်တရက်ဆိုသလို မော့ကြည့်လိုက်လေသည်။
"မင်းက စာအရေးအဖတ်လုပ်လာတာ အခုဆိုရင် တစ်နှစ်နီးပါးရှိလာပြီပဲ၊ မင်းက ဒါကို ကိုယ့်ဟာကိုယ် လုပ်သင့်တာပေါ့၊ မင်းက ဆိုဆိုးရွားရွား လုပ်မိမှာ စိုးရိမ်တယ်ဆိုရင်လဲ မင်းရဲ့မရီးကိုငါ့အတွက် အရင်ဆုံး ကူးခိုင်းလိုက်၊ ပြီးမှ မင်းလက်ရေးလှလာတဲ့အထိ ကျောက်ပြားပေါ်မှာ လေ့ကျင့်ပေါ့၊ အဲဒီ့အခါကျမှ မင်းက မင်းရဲ့စုတ်တံကိုသုံးပြီး ဝါးစာလိပ်ပေါ်မှာ စာရေးလို့ရတာပဲ၊ ဒါက မင်းကို လက်ရေးလှအောင်လုပ်တဲ့နေရာမှာ တိုးတက်အောင် အကူအညီဖြစ်စေနိုင်တယ်”
အဓိပ္ပါယ်က နှစ်ခွထွက်နေသော်ငြားလည်း စန်းလော့သည် သူ့ကိုလှမ်းကြည့်လိုက်ပြီး တခစ်ခစ် ရယ်မောလိုက်လေသည်။
"နင့်အစ်ကိုကြီးပြောတာလဲ ဟုတ်တယ်"
ရှန်းအန်းသည် နောက်ဆုံးတော့ သူ့အသိစိတ်ထဲတွင် စိတ်မကောင်းသလို ဖြစ်သွားပြီး သူ့အစ်ကိုကြီးကို ငေးကြောင်ကြောင်လေး စိုက်ကြည့်နေလေသည်။
ရှန်းလီကလဲ ထိုကိစ္စနှင့်ပတ်သတ်ပြီး ရှက်ရွံ့သည်ဟု မခံစားမိချေ။
"မင်း လက်ရေးတွေ တိုးတက်လာအောင်ပဲ ကြိုးစားစမ်းပါ"
ရှန်းနဥ်သည် မနေနိုင်တော့ဘဲ သူမ၏ခေါင်းလေးကို ငုံ့ထားလိုက်ပြီး ထိန်းမရသည့်ရယ်သံတစ်ခု ပွင့်ထွက်လာတော့သည်။
လျှိုမြောင်သည် အပြင်ဘက်ကလောကထက် အများကြီးပိုပြီး အေးမြလှလေသည်။ ဂူအတွင်းပိုင်းက အပူချိန်သည် ပိုလို့ပင်နိမ့်သေးသည်။ မိသားစုသည် ဒီနှစ်အတွက် ပထမဦးဆုံး နတ်သမီးတို့ဟူးကို စားခဲ့ကြသည်။ ဒါသည် ပထမဦးဆုံးအကြိမ် မြည်းစမ်းသည့် ရှန်းလီအတွက်တော့ ထူးထူးခြားခြား အသစ်အဆန်း ဖြစ်နေ၏။ သို့သော်ငြားလည်း စန်းလော့၏ လွမ်းမိုးမှုအောက်တွင် ညမအိပ်ခင် စားသောက်ခြင်းက မသင့်တော်ကြောင်း သူတို့အားလုံး သိကြလေသည်။ ထို့ကြောင့် သူတို့က နမူနာလောက်သာ စားသောက်လိုက်ကြပြီး နောက်တစ်နေ့အတွက် သိမ်းထားလိုက်ကြသည်။
ရက်အနည်းငယ်လောက် အပြင်ဘက်က ဂူငယ်လေးထဲတွင် နေလာခဲ့ပြီး ကိုယ်လက်သန့်စင်ခြင်းနှင့် အိပ်ယာပေါ်တွင် အနားယူရခြင်းတွင် စန်းလော့သည် တော်တော်လေးကို အသားကျလာပြီဖြစ်သည်။ သို့သော်ငြားလည်း သူမသည် မရင်းနှီးလှသည့် မသဲမကွဲခံစားချက်လေးတစ်ခုကို တွေ့ကြုံခဲ့ရပြီး မျှော်လင့်မထားပဲ သူတို့၏မကြာသေးခင်က အတူတူကုန်ဆုံးခဲ့ကြသည့် အချိန်များကို ပြန်ပြီးစဥ်းစားမိလေသည်။ သို့သော်ငြားလည်း ရှန်းလီကတော့ ဒါကို တော်တော်လေးခက်ခဲသည်ဟု ခံစားမိလိုက်သည်။ ရုပ်ပိုင်းဆိုင်ရာနီးကပ်မှုက တော်တော်လေး ဆင်တူလှသော်ငြားလည်း အရင်တုန်းကထက်ပိုပြီး နီးကပ်ခဲ့သဖြင့် အခုတော့ ဒါကို ဝေးကွားသည်ဟု ခံစားရလေသည်။ အချိန်တော်တော်ကြာအောင် ဃနာမငြိမ်ဘဲ ဟိုလှည့်ဒီလှည့် လုပ်လိုက်ပြီးနောက်မှ နောက်ဆုံးတော့ နာရီဝက်ကျော်ကြာသွားမှ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့မနက်ခင်း အာရုံတက်ခါနီးတွင် စန်းလော့သည် ကြွက်နားရွက်မှို အဆုပ် တော်တော်များများကို ရေစိမ်ဖို့ရန်ထားလိုက်ပြီး ထို့နောက်တွင် ဆန်ပြုတ်လုပ်ဖို့လိုအပ်သည့် ပဲများကိုလဲ ရေစိမ်ထားလိုက်သည်။ ထို့နောက်တွင် သူမပထမဦးဆုံး လုပ်လိုက်သည့်အလုပ်မှာ မြေခရားအလွတ်တစ်ခုကို ဆေးကြောလိုက်ပြီး အပူပေးပြီး ပိုးသတ်ဖို့ရန်အတွက် ရေနွေးအိုးတည်လိုက်လေသည်။ ထို့နောက်တွင် သူမသည် ခရားအိုးကို အအေးခံထားလိုက်ပြီး သူမ၏ လက်ဖြစ် ယမကာအချဥ်ဖောက်ခြင်းလုပ်ငန်းကို စတင်လိုက်တော့သည်။
ဝိုင်လုပ်ခြင်းသည် နည်းလမ်းများကိုသိလျှင် ရှုပ် ထွေးသည့်အလုပ်တစ်ခု မဟုတ်တော့ချေ။ သို့သော်ငြားလည်း အညွှန်းမပါဘဲ ကိုယ်တိုင်အဖြေထုတ်ခြင်းကတော့ စိန်ခေါ်မှုတစ်ခု ဖြစ်လေသည်။ အထူးသဖြင့် ရလဒ်ကိုပျက်စီးစေနိုင်သည့် သို့မဟုတ် ရလဒ်များကိုဖြစ်ပေါ်စေနိုင်သည့် ထိုအသေးစိတ်အချက် အလက်လေးများနှင့် ပတ်သတ်လာလျှင်ဖြစ်သည်။
စန်းလော့သည် ထိန်ချန်မထားဘဲ ယမကာလုပ်ရာတွင် အရေးကြီးဆုံး အချက်အားလုံးကို သူမ၏ မောင်နှမနှစ်ယောက်ကို ပြောပြလိုက်သည်။
အမှန်တွင် အကယ်၍များ ကျောက်သကြားကိုရနိုင်ခဲ့လျှင် နည်းနည်းပါးပါးထည့်ခြင်းက ကြည်နူးစရာကောင်းသည့် အချိုအရသာ အနီရောင်ယမကာချိုကို လုပ်နိုင်လေသည်။ ဟုတ်ပါသည်။ သကြားမထည့်လျှင်လည်း သူနည်းသူ့ဟန်ဖြင့် ကောင်းမွန်သည့်အနီရောင်ယမကာကို ရနိုင်ပေသည်။
သူတို့ယူပြန်လာသည့် လတ်လတ်ဆတ်ဆတ် တောစပျစ်များသည် များများစားစား မရှိပေ။ သူတို့၏ ခရားအိုးများကလဲ မလုံလောက်ချေ။ ထို့ကြောင့် ယမကာ အရေအတွက်ကို ပြုလုပ်ရာတွင် အကန့်အသတ် ဖြစ်နေသည်။ ထို့ကြောင့် သူမသည် မောင်နှမသုံးယောက်ကို စပျစ်သီးအား လူကိုယ်တိုင် အရည်ညှစ်ရာတွင် မပါဝင်ခိုင်းတော့ဘဲ သူတို့ကိုအသေး စိတ်သာ ပြောပြလိုက်သည်။
လုပ်ငန်စဥ်တစ်ခုလုံးသည် အံသြစရာကောင်းလောက်အောင် ကုစားပေးနိုင်ဟန်တူသည်။ ရှန်းနဥ်၏မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် လင်းလက်သွား၏။
အကယ်၍များ သူတို့သည် ဒါကိုထပ်ပြီးလုပ်ရမည်ဆိုလျှင် သူမကတော့ သေချာပေါက် တစ်ခါလောက် စမ်းကြည့်ရလိမ့်မည်။
လုပ်ငန်းစဥ်က မခက်ခဲချေ။ မကြာမှီတွင် သူတို့သည် ယမကာကို ပုလင်းထဲသို့ ထည့်ပြီးသွားပြီး စင်ပေါ်တွင် သိုလှောင်ထားလိုက်ကြသည်။
"ဂူက အေးမြနေတာဆိုတော့ ငါတို့တွေ လဝက်လောက်နေမှ ဒါကို စစ်ဆေးရလိမ့်မယ်"
အားလုံးပြီးစီးသွားသည့်နောက်တွင် သူတို့သည် တံခါးကိုဖွင့်လိုက်ပြီး အခြောက်လှန်းစင်များနှင့် ခြင်းများကို ဂူအပြင်ဘက်သို့ ပြောင်းရွှေ့လိုက်လေသည်။
မနက်စာအတွက် စန်းလော့သည် ရတနာရှစ်ပါးဆန်ပြုတ်ကို သင့်တော်သည့် ပမာဏတစ်ခု ပြင်ဆင်ထားပြီး ဂျုံမှုန့်ကိုသုံးကာ အင်မတန်မှပါးလျားသည့် ပန်ကိတ်လိပ်များကို ပြုလုပ်လိုက်သည်။ ထို့နောက်တွင် သူမသည် အပြက်ဘက်က အသီးအရွက်တစ်ချို့ကို ခူးလိုက်ပြီး ကော်ပြန့်ပြုလုပ်ဖို့အတွက် ရေစိမ်ထားသည့် မှိုနက်များကို နုတ်နုတ်စင်းထားလိုက်သည်။ သူမက အသားကင်ရန်အတွက်သုံးသည့် ကျောက်ပြားကြီးကို ဆေးကြောပြီး အခြောက်လှန်းဖို့ ရှန်းအန်းကို ခိုင်းလိုက်ပြီး နောက်ပိုင်းသုံးဖို့ရန်အတွက် ပြင်ဆင်ထားလိုက်ကာ ရှန်းနဥ်ကိုတော့ ဆိတ်နို့သွားယူခိုင်းလိုက်သည်။
ဆိတ်နို့သည် အာဟာရဖြစ်ပြီး သူမကိုယ်တိုင် အတွက်သာမက ပိုပြီးအရပ်ရှည်လာအုံးမည့် ရှန်းအန်းနှင့်ရှန်းနဥ်တို့အတွက်လဲ အကျိုးရှိလေသည်။ လျှိုမြောင်ထဲတွင် စန်းလော့သည် သူမကိုယ်သူမ ကောင်းကောင်းလေး ဂရုစိုက်လေသည်။
ရှန်းလီအတွက်တော့ သူသည် တော်တော်လေးကို အရပ်မြင့်နေပြီဖြစ်ရာ စန်းလော့သည် သူ့ကို စကားပြောသည့်အချိန်တိုင်း လည်ပင်းကို ဗျိုင်းလို မော့ထားရလေသည်။ သူတိူ့သည် သူတို့အိမ်နီးချင်းများနှင့် မျှဝေပေးတတ်ကြပြီး မကြာခဏဆိုသလို အစားအသောက်တစ်ချို့ကိုလဲ အိမ်နီးချင်းများကို ပေးတတ်သည်။ ထို့အပြင် သူတို့တွင်လဲ မွေးမြူစရာ ဆိတ်လေးနှစ်ကောင်ရှိလေသည်။ ဆိတ်နို့ကလဲ အများကြီးမရှိလေရာ အားလုံးကို သုံးလိုက်လျှင် နှမျောစရာကောင်းသည်။ ထို့အပြင် မော့ကြည့်နေရသည်က တော်တော်လေးကို ပင်ပန်းရလေသည်။
သို့သော်ငြားလည်း ရှန်းနဥ်က မသွားရသေးခင်မှာပင် ချင်ဖန်းညန်က ထွက်သွားနှင့်ပြီ ဖြစ်သည်။ သူမသည် စကားဝိုင်းကို မမျှော်လင့်ဘဲ ကြားလိုက်ရပြီး ရယ်မောလိုက်ကာ သူမက ခဏနေ ယူပြန်လာပေးမည်ဖြစ်သဖြင့် ရှန်းနဥ်ကို ဒုက္ခမခံတော့ဖို့ ပြောလိုက်လေသည်။
ဆိတ်နို့အိုးငယ်လေးတစ်အိုးသည် ကြိုချက်ဖို့ရန် ၁၀မိနစ်သာကြာလေသည်။ လက်ဖက်ရွက် သို့မဟုတ် ဗံဒါစေ့မရှိသလို ရှာလကာရည်က လဲကုန်သွားပြီ ဖြစ်သဖြင့် ဆိတ်နို့အနံကို ဖယ်ရှားဖို့ရန်မ တတ်နိုင်ချေ။ သို့သော်ငြားလည်း ဒီလောက်အရသာရှိသည့် အစားအသောက်တစ်ခု ရရှိလေရာ မည်သူက အနံ့နှင့်ပတ်သတ်ပြီး အပြစ်ပြောနိုင်ပါမည်နည်း။
ရှန်းနဥ်သည် မီးဖိုပေါ်က ဆန်ပြုတ်အိုးကိုစောင့်ကြည့်နေစဥ် စန်းလော့ကအိမ်ထဲက မှည့်ပြီးသားငှက် ပျောသီးများကို စစ်ဆေးလိုက်သည်။ သူတို့၏ အဓိကအစားအသောက်ကို ခြွေတာဖို့ရန် ဆုံးဖြတ်ထားသဖြင့် သူမက ငှက်ပျောသီးပန်ကိတ်ကို ပြုလုပ်ဖို့ ကြိုးစားလိုက်လေသည်။ ဒါက တော်တော်လေးကို အင်အားသုံးရသည့် လုပ်ငန်းစဥ်ဖြစ်ပြီး ပန်ကိတ်ကြော်ဖို့ရန် ကျောက်ပြားကြီးတစ်ခုကို သုံးရသည်။
ရုပ်ဆိုးဆိုး ကြိုးစားမှုအနည်းငယ် ပြုလုပ်ပြီးနောက်တွင် သူမသည် နောက်ဆုံးတော့ လှလှပပလေး ပြုလုပ်တတ်သွားတော့သည်။ ငှက်ပျောသီး၃လုံး၊ ကြက်ဥ၁လုံးနှင့် ဂျုံစားပွဲတင်စွန်း၂ဇွန်းတို့ကို သုံးကာ သူမသည် ပန်းကန်တစ်ချပ်အပြည့် ငှက်ပျောသီးပန်ကိတ်၁၀ခုကို ပြုလုပ်လိုက်သည်။ အရသာမြည်းစမ်းဖို့ရန် ရုပ်အဆိုးဆုံးတစ်ခုကို ရွေးချယ်လိုက်သည်။ ပန်ကိတ်က ချိုမြနေပြီး သဘာဝငှက်ပျောသီးအနံလေး ထွက်နေသည်။ ဒါသည် ဆိတ်နို့နှင့်ကောင်းကောင်း လိုက်ဖက်ပေသည်။
အောင်မြင်သွားပြီ။ တစ်နပ်စာကို ချွေတာနိုင်ခဲ့သည်။
ထို့နောက်တွင် သူမက ကျောက်ပြားပေါ်တွင် ဆီသုတ်လိုက်ပြီး ပါးလွှာသည့်အခွံများနှင့် အစာပလာ များများစားစားပါသည့် ကော်ပြန့်လိပ်ကို ကြော်လိုက်သည်။ အပြင်ဘက်အလွှာက ကြွပ်ရွပြီး ရွှေရောင်သန်းနေသည်။ ဒါနှင့်ဆိုလျှင် မနက်စာသည် ပြီးပြည့်စုံလေသည်။
ရှန်းအန်းနှင့်ရှန်းနဥ်တို့ တစ်ယောက်ချင်းစီသည် ဆိတ်နို့တစ်ပန်းကန်စီရရှိပြီး နတ်သမီးတို့ဟူးတစ်ပွဲ၊ ငှက်ပျောပန်ကိတ်သုံးခုတို့ကို ရှန်းကျင့်နှင့် သူညီအစ်ကိုများနှင့် ဝေမျှစားလိုက်သည်။ ထို့အပြင် နတ်သမီးတို့ဟူးတစ်ပန်းလုံးကိုလဲ ချန်းမိသားစုဆီသို့ပို့ပေး လိုက်သည်။ မိသားစုသည် သူတို့၏ အစားအသောက်ကို စတင်ဖို့အဆင်သင့်ဖြစ်လာသည်။
ချန်းသရှန်သည် စန်းလော့က ကျောက်ပြားပေါ်တွင်တစ်ခုခု ကြော်နေသည်ကို စောင့်ကြည့်လာပြီး ရှန်းမိသားစုက စတင်မစားသောက်ရသေးခင်မှာပင် သူသည် အနီးကပ်တစ်ချက်လောက် ကြည့်ဖို့ အလောတကြီး ရောက်လာသည်။ စားပွဲပေါ်တွင် အငွေ့တစ်ထောင်းထောင်း ထနေသည့် ဆိတ်နို့တစ်အိုး၊ အနံ့မွှေးပြန့်နေသည့် ရတနာရှစ်ပါး ဆန်ပြုတ်တစ်ပန်းကန် မရင်းနှီးသော်ငြားလည်း အရသာရှိဟန်တူသည့် ပန်ကိတ်အမျိုးအစား၂မျိုးနှင့် သူ့အမေအရင်က ပြောခဲ့ဖူးသည့် နတ်သမီးတို့ဟူးဟုခေါ်သည့် လှလှပပ ရောထားသည့်ဟင်းတစ်ပွဲ ရှိလေသည်။
ဟင်းနော်။ ရှန်းမိသားစုရဲ့ အစားအသောက်တွေက ကြည့်လိုက်ရုံနဲ့ပဲ လူတစ်ယောက်ရဲ့စိတ်ကို တက်ကြွသွားအောင် လုပ်နိုင်တယ်။ ဒါက ရုပ်အမြင်အတိုင်း ဆွဲဆောင်မှုကောင်းပြီး စားချင်စိတ်ကိုလည်း နိုးဆွနေတယ်။ သူတို့တွေဒါကို ဘယ်လိုလုပ်ခဲ့ပါလိမ့်။
သူသည် ပြင်းပြင်းထန်ထန် တောင်းတနေသော်ငြားလည်း ပုံမှန်မဟုတ်ဘဲ ထုတ်ပြောရမည့်ကိစ္စကို ထိန်းချုပ်ထားလိုက်လေသည်။
စန်းလော့နှင့်ရှန်းနဥ်တို့သည် ပန်းကန်လုံးနှင့်တူများကိုယူကာ ဝင်လာပြီး သည်မြင်ကွင်းကို မြင်လိုက်ရလေသည်။ ချန်းသရှန်၏ အမူအယာနှင့် ရင်းနှီးနေပြီဖြစ်ရာ သူမက တခစ်ခစ်ရယ်မောပြီး ပြောလိုက်၏။
"ဒီမှာပဲ နည်းနည်းလောက် စားသွားပါလား"
အံ့သြသွားပြီး ချန်းသရှန်က ခေါင်းကာပြလိုက်သည်။
"ခယ်မလေးရယ် အဲဒီ့အတွက်မလိုပါဘူး၊ ဒါပေမဲ့လည်း နင် ငါ့ရဲ့ဇနီးလောင်းလေးကို ချက်ပြုတ်နည်း သင်ပေးမယ်ဆိုရင် ဘယ်လိုလဲ၊ ငါက အဲလိုလေး တစ်ယောက်ရထားရင် တော်ပါပြီ"
စန်းလော့က ထိုအကြောင်းကို သိပ်ပြီးမတွေးခဲ့ချေ။ အပြုံးတစ်ခုနှင့်သာ ပြန်ဖြေလိုက်လေသည်။
"ရတာပေါ့ရှင်၊ ပြသာနာလုံးဝမရှိဘူး"
တစ်ဖက်တွင်တော့ အပြင်ဘက်တွင် အလုပ်များ အခုလေးတင်မှ ပြီးသွားသည့် ရှန်းလီက ထိုစကားကိုကြားလိုက်ပြီး တအံ့တသြဖြင့် ချန်းသရှန်ကို ကြည့်လိုက်လေသည်။
ချန်းသရှန် ပြန်သွားပြီးနောက်တွင် စန်းလော့က မေးလိုက်၏။
"သူ့ကို ဘာဖြစ်လို့ အဲလိုစိုက်ကြည့်နေတာလဲ"
"ထူးဆန်းတယ်"
ရှန်းလီက ပြောလိုက်သည်။
"သူက အချက်အပြုတ်ကောင်းတဲ့ မိန်းမတစ်ယောက်ပဲ လိုချင်တယ်လို့ အမြဲတမ်းပြောနေတာလေ၊ အခုကြတော့ သူ့လေသံက ပြောင်းသွားပြီ၊ နောက်ပြီးတော့ သူကသင်ပေးဖို့ အဒေါ်ဖန်းညန်ကို မမေးဘဲနဲ့ မင်းကို လာသင်ခိုင်းနေတယ်လေ၊ သူ့မိန်းမက ဘယ်မှာတုန်း"
ဆန်ပြုတ်ကို ပြင်ဆင်ပေးနေရင်းတန်းလန်း စန်းလော့သည် တုံ့ဆိုင်းသွားပြီး ရှန်းလီကို လှည့်ကြည့်လိုက်၏။ ရုတ်တရက်ဆိုသလို သူမ၏စိတ်ထဲတွင် ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာသည်။
သူမ၏မျက်လုံးများသည် သဘောပေါက်သွားဖြင့် ဝိုင်းစက်သွားတော့သည်။
ဒီလိုစဥ်းစားကြည့်လိုက်တော့ တကယ်ပဲ တစ်ယောက်ယောက် ရှိသေးတာပဲ။
သေချာတော့ မဟုတ်လောက်သေးပါဘူး။ ကျိုးကဲက ဒီနှစ်ဆိုရင် အသက်ဘယ်လောက်ပါလိမ့်။ သူ့ကြည့်ရတာ ငါ့ထက်မသိမသာလေး အရပ်ပုမဲ့ပုံပဲ။ ဟုတ်တယ်လေ။ ငါက ပြီးခဲ့တဲ့နှစ်ဝက်အတွင်းမှာ နည်းနည်းလေး အရပ်ရှည်လာတယ်။ အခုဆိုရင် ငါ့အရပ်က ၁.၆မီတာလောက် ကျော်သွားလောက်ပြီ။ ဒါပေမဲ့ အရပ်အတိအကျကတော့ သေချာမသိရဘူး။ တကယ်လို့ ကျိုးကဲက ငယ်ငယ်လေးကတည်းက အစားအသောက် ဆင်းရဲတယ်ဆိုရင် သူလဲ ၁၆ နှစ်ဝန်းကျင်လောက်ရှိမှာပေါ့ ဟုတ်တယ်မလား။
ရှေးခေတ်အချိန်ကာလကို ထည့်သွင်းစဥ်းစားကြည့်လျှင် လူများသည် ပုံမှန်ဆိုလျှင် ၁၅နှစ်၁၆နှစ်အရွယ်တွင် လက်ထပ်ကြသည်။ ရှန်လီထက် ၂နှစ်ကြီးသည့် ချန်းသရှန်ကို စဥ်းစားမိလျှင် ဒီလိုဖရိုဖရဲ အချိန်ကာလကြီးက ချန်းသရှန်၏မင်္ဂလာပွဲကို မည်မျှအထိ နှောက်နှေးစေလိမ့်မည့် အကြောင်းနှင့်ပတ်သတ်ပြီး အဘွားချန်းနှင့် ဒေါ်ဒေါ်ဖန်းညန်တို့က သောကရောက်ကြမည်မှာလည်း မထူးဆန်းပေ။ ရုတ်တရက်ဆိုသလို သူမ၏ခန့်မှန်းချက်က တိကျနေလောက်သည်ဟု ခံစားလိုက်ရလေသည်။
သူမ၏အမူအယာကို မြင်လိုက်သည်တွင် ရှန်းလီက နားမလည်နိုင်ဘဲ မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ"
ပြောပြဖို့ရန် သေချာတိကျသည့် အကြောင်းအရာမရှိသဖြင့် စန်းလော့က ဘာမှမပြောလိုက်ချေ။ သူမက ခေါင်းခါပြီးပြုံးပြလိုက်၏။
"ဘာမှမဟုတ်ပါဘူး စားကြရအောင်"
ချန်းသရှန်နဲ့ ကျိုးကဲတို့က တစ်ယောက်နဲ့တစ်ယောက် တော်တော်လေး လိုက်ဖက်တယ်လို့ ထင်ပါတယ်။ ငါ့ရဲ့သဘောအရဆိုရင်တော့ ၁၆နှစ်ဆိုတာ လက်ထပ်ဖို့အရမ်းကို ငယ်ရွယ်သေးတယ်။ ပိုပြီးတော့ အရေးကြီးတာက ချန်းသရှန်က သူမအပေါ်မှာ ခံစားချက်တိုးတက်လာတာ သေချာတယ်။
စန်းလော့၏ မျက်လုံးများသည် အပြုံးတစ်ခုအသွင် ကွေးသွားတော့သည်။ ဒီမနက်စာသည် အရသာရှိသည့် အစားအသောက်တစ်ခုတင် မဟုတ်တော့ဘဲ ပျော်ရွှင်ဖွယ်ရာ မြင်ကွင်းတစ်ခုလဲ ဖြစ်လေတော့သည်။
...