အခန်း (၁၉၇-၁၉၈)
Vol. 20 Ch. 197-198
အပိုင်း (၁၉၇) သိမ်မွေ့ခြင်း
လုသလန်သည် စကားမပြောနိုင်တော့ချေ။
အာရုံတက်ချိန်တွင် ချန်းသရှန်က တံခါးလာခေါက်ပြီး ဒီလောက်ကြီးမားသည့် အဖွဲ့တစ်ခုကို ဝင်ပေါက်ဆီသို့ ဦးဆောင်သွားလိုက်သည်။ ရှန်းလီ၏ အကူအညီမပါလျှင် ဒါက မဖြစ်နိုင်ချေ။ ရှန်းလီ ပြန်လာချိန်တွင် သူက စန်းလော့အတွက် ဒီသတင်းကို ယူလာပေးခဲ့သည်။
မနေ့ကတော့ ဝမ်ချွန်းညန် တစ်ယောက်ထဲကိုသာ အ,သွားအောင်လုပ်ခဲ့သည်။ သို့သော်ငြားလည်း ညတစ်ပိုင်းအတွင်းမှာပင် နောက်ထပ်တစ်ယောက်က သူမနှင့် အဖော်ဖြစ်လာသည်။ သူသည် တစ်ခြားမဟုတ်ဘဲ ပုံမှန်ဆိုလျှင် သိုသိုသိပ်သိပ် နေတတ်သည့် လုသလန် ဖြစ်နေသည်။
အကယ်၍ အဘွားလုက အမှန်ပင် အရေးယူချင်လျှင် သူမသည် ဝမ်ချွန်းညန်နှင့် လုသလန် နှစ်ယောက်စလုံးကို တစ်ပြိုင်တည်း ဖြေရှင်းလိုက်လျှင် လွယ်ကူသည်။ ကိစ္စများက တစ်ခုပြီးမှ တစ်ခုဖြစ်လာသဖြင့် စိတ်ဝင်စားစရာဖြစ်နေသည်။
"အခက်အခဲ ကြုံတွေ့လာရတဲ့အချိန်မှာပဲ လူတစ်ယောက်က လူသားတွေရဲ့ နှလုံးသားထဲက အတွင်းနက်နက်ကို အမှန်တကယ် မြင်နိုင်တာပဲ"
စန်းလော့သည် လုမိသားစုက ကလေး၅ယောက်ကို စဥ်းစားမိလိုက်ပြီး ထိုလင်မယားနှစ်ယောက်ကို အသံမထွက်နိုင်အောင် လုပ်ထားသည်က အကောင်းဆုံး ဖြစ်နိုင်သည်ဟု ကောက်ချက်ချမိသည်။
...
အသက်ဘေးမှ သီသီကလေး လွတ်မြောက်လာခဲ့သည့် ဝမ်ချွန်းညန် မသိလိုက်သည်ကတော့ မြို့တော်၏ တော်ဝင်နန်းတော်ထဲက နောက်တစ်ယောက်၊ တစ်တိုင်းပြည်လုံး၏ ပြည့်ရှင်ဘုရင်သည် ပျော့ပျောင်းနေသည့် ခေါင်းအုံးများနှင့် အကောင်းစား ဂွမ်းစောင်များဖြင့် မိန်းမစိုးနှစ်ယောက်၏ သေအောင် မွန်းကြပ်သတ်ခံလိုက်ရသည့် ကံတရားမှ မရှောင်လွှဲနိုင်ခဲ့ချေ။ ထို့နောက်တွင် သူ့ခေါင်းကို မရေမတွက်နိုင်သည့် မြို့သားများ၏ အသက်ပေါင်းများစွာဖြင့် တည်ဆောက်ထားခဲ့သည့် မင်းနေပြည်တော်၏ မြို့မျှော်စင်ပေါ်တွင် ချိတ်ဆွဲထားလေသည်။
မင်းအဆက်ဆက်က ရေစီးသလို တက်လိုက်ကျလိုက် ဖြစ်နေသည့် ခေတ်တစ်ခုတွင် အင်အားကြီးမားသည့် သချန်နိုင်ငံတော်သည် အစောကြီးကတည်းက ယိုးယွင်းပျက်စီး နေခဲ့ပြီဖြစ်သည်။ မင်းဆက်ပျက်သုန်းခြင်းက တစ်ဦးတစ်ယောက်ကိုမှ အံ့သြစရာမဖြစ်စေပေ။ လက်ရှိတွင် သချန်ဘုရင် ဆုံးပါးသွားသည့်အပြင် လက်ရှိအခြေအနေကြားထဲတွင် တော်ဝင်မိသားစုဝင်များနှင့် သခင်များအကြားတွင် မည်သူက ကိုယ်ပိုင်အကြံအစည်မရှိဘဲ နေပါမည်နည်း။ စစ်တပ်အင်အား ပိုင်ဆိုင်ထားကြသူများက သူတို့၏ ကိုယ်ပိုင်နယ်မြေများကို တည်ထောင်ကြစဥ် စစ်တပ်မရှိသည့်လူများကတော့ ဖရိုဖရဲဖြစ်နေသည့်ကြားက ပိုပြီးအဆင့်မြင့်သည့် ရာထူးနှင့်နေရာများကို ရှာဖွေကြသည်။ တစ်ဦးချင်းစီက သူတို့၏ အနာဂတ်ကို သေချာအောင်ပြုလုပ်ရန် သူတို့၏ ကိုယ်ပိုင်အရည်အချင်းများကို အသုံးချခဲ့ကြသည်။ နန်းတွင်းထဲက ကိုယ်လုပ်တော်၊ မိဖုရားများကပင် သေလျှင်သေ မသေလျှင် အဖမ်းခံကြရသူများသည် ဘာနောက်ခံမှ မရှိသည့်သူများ ဖြစ်ကြသည်။ အာဏာကို ကိုင်စွဲထားကြသည့် မိသားစုများရှိသည့် သူများကတော့ သူတို့၏ လွတ်မြောက်သည့်လမ်းကို သေချာအောင် ပြုလုပ်နိုင်ခဲ့ကြသည်။
တော်ဝင်နန်းတော်နှင့် မြို့တော်သည် ထိုနေ့ညတွင် ငြိမ်းချမ်းမှုနှင့် ဝေးကွာခဲ့လေသည်။ ဘုရင်ကို ပုန်ကန်သူများသည် အစုလိုက်အပြုံလိုက် ပေါ်ထွက်လာခဲ့ကြပြီး သူတို့၏ခေတ်ကို လောင်းကြေးထပ်ထားကြကာ အာဏာကိုရရှိရေး အမြင့်ကို အမှန်တကယ် မှန်းထားကြသူများသည် တရားဝင် အခွင့်အရေးကို ဖမ်းဆုပ်ခဲ့ကြသည်။ ယှဥ်ပြိုင်မှု ကြီးမားလွန်းသည့် ဒီခေတ်တွင် အချုပ်အခြာအာဏာအတွက် ရုန်းကန်ရခြင်းက ပြင်းထန်တင်းမာလာတော့သည်။
ဟုတ်ပါသည်။ ကပ်ဘေးမှလွတ်မြောက်ရန် တောင်အတွင်းပိုင်းထဲတွင် ပုန်းအောင်းနေခဲ့ကြသည့် စန်းလော့နှင့် ရှန်းလီတို့လို မရေမတွက်နိုင်သည့် ရွာသားများကတော့ ဒီအဖြစ်ကို မသိခဲ့ကြပေ။ သူတို့သည် ထိုအကြောင်းကို သိခဲ့လျှင်ပင် ဒုက္ခကို ခံစားနေရသူများသည် သူတို့ကို ဖိနှိပ်ချုပ်ချယ်ခဲ့သူများ ဆုံးပါးခဲ့သည့်ကိစ္စကို ဝမ်းမြောက်ပျော်ရွှင်ကြကာ ဖရိုဖရဲဖြစ်နေသည့်လောကကို အေးချမ်းသွားအောင် မြန်မြန်ပြန်လုပ်ပေးနိုင်မည့် အင်အားကြီးသည့် အုပ်ချုပ်သူတစ်ယောက်ကို စိတ်အားထက်သန်စွာ ဆန္ဒပြုရန်သာရှိလေသည်။
အပြင်လောကကတော့ ပြောင်းလဲသွားခဲ့သည်။ သို့သော်ငြားလည်း ဝေးကွာလွန်းလှသည့် တောင်ပိုင်း၏ တောင်အတွင်းဘက်တွင် သတင်းများ ပျံ့နှံ့ရန် အလွန်မှ နှေးကွေးလေသည်။ ဒီနေရာတွင် ပုန်းအောင်းနေကြသူများသည် အခြေခံအားဖြင့် အစားအသောက်နှင့် လုံခြုံရေးကိုသာ စိုးရိမ်ပူပန်ခဲ့ကြသည်။
လုမိသားစု၏ ပထမမိသားစုသည် တိတ်တဆိတ် ထွက်ခွာသွားခဲ့ကြပြီး သူတို့သည် အရင်က လျှိုမြောင်ထဲမှထွက်ပြီး မည်သည့်အချိန်ကမှ စွန့်စားသွားလာခဲ့ခြင်း မရှိကြချေ။ ချန်းသရှန်နှင့် လုအာ့လန်၏ ခရီးထွက်သွားသည့်ကိစ္စက စိတ်မအေးရခြင်းတစ်ချို့ကို ဖြစ်စေသော်ငြားလည်း သက်ရောက်မှုကတော့ အနည်းငယ်သာ ဖြစ်လေသည်။
ထိုနေ့ညမှာပင် ရှန်းယင်သည် အပြင်းဖျားတော့သည်။ သူနှင့်တစ်အိပ်ယာထဲ အတူတူအိပ်သည့် ရှန်းအန်းက အာရုံတက်ချိန် နီးလာသည်တွင် တစ်ခုခုလွဲနေသည်ကို သတိထားမိလိုက်၏။ သူ့နဖူးကို စမ်းကြည့်လိုက်ချိန်တွင် ရှန်းအန်းသည် အလန့်တကြား အိပ်ယာပေါ်မှခုန်ထပြီး သူ့အစ်ကိုကြီးနှင့် မရီးတို့ကို အလောတကြီး သွားခေါ်ရတော့သည်။
ကလေးက မွေးကတည်းက ဆေးသောက်ရသည်က ရှားပါးသည်။ ထို့ကြောင့် အဖျားကျဆေးက တော်တော်လေး ထိရောက်သွားသည်။ ထိုနေ့ညတွင်တော့ အဖျားက အတက်အကျ ဖြစ်နေသေးသော်ငြား လည်း နောက်တစ်နေ့တွင် နောက်ထပ်ဆေးတစ်ဖုံ သောက်လိုက်ပြီးလျှင်တော့ အဖျားက လုံးဝကျသွားတော့သည်။
လုညီအစ်ကိုများက လုမိသားစု၏ ပထမအိမ်ထောင်စုကို လျှိုမြောင်အပြင်ဘက်သို့ လိုက်ပို့ချိန်တွင် ဖန်းလျိုညန်ကလဲ ပြန်ရောက်လာခဲ့သည်။ အဘိုးလုနှင့် အဘွားလုတို့ကတော့ စပါးများ အားလုံးရိတ်သိမ်းပြီးသည်အထိ လယ်ယာလုပ်ငန်းနှင့် အလုပ်များနေကြဆဲဖြစ်သည်။ ဒီအချိန်တွင်တော့ သူတို့နှစ်ယောက်စလုံးလဲ နေမကောင်းဖြစ်ကြတော့သည်။ ဖန်းလျိုညန်နှင့် အားရှုတို့က သူတို့ကို ပြုစုစောင့်ရှောက်ပေးကြပြီး လျှိုမြောင်ပတ်ဝန်းကျင်က မိသားစုများကလဲ အလည်အပတ် လာရောက်ကြသည်။ အဘွားလုသည် အိပ်ယာထဲတွင် ရက်တော်တော်ကြာအောင် လဲခဲ့ရပြီး သူမသည် သူမ၏ချွေးမနှင့်ကျန်နေသေးသည့် မြေးဖြစ်သူ အားရှုတို့ကိုဖက်ရင်း နှလုံးကွဲမတတ် ငိုကြွေးခဲ့လေသည်။ ရက်အနည်းငယ်လောက် ထပ်ပြီး အနားယူလိုက်ပြီးနောက်တွင် သူမသည် တဖြည်းဖြည်း ပြန်လည်ကျန်းမာလာ၏။
ရှန်းယင်က နေပြန်ကောင်းလာသည့်အချိန်တွင် ရှန်းလီက ရှန်အန်း၊ ရှန်းကျင့်နှင့် ချန်းအာ့ရှန်တို့ကို လေ့ကျင့်ပေးဖို့ရန်အတွက် လျှိုမြောင်အပြင်ဘက်သို့ ခေါ်သွားမည့် သူ့အစီအစဥ်ကို စန်းလော့အား ပြောပြလိုက်သည်။ အမှန်တွင်တော့ ထို၃ယောက်ထဲ မဟုတ်ချေ။ ရှန်းလီက လေ့ကျင့်ပေးနိုင်သည်ဟု ယုံကြည်ထားသည့် ရှီညီအစ်ကို၊ သညိုနှင့်အာ့ညို၊ ရွှီညီအစ်ကိုများဖြစ်သည့် ဝမ်ဟုန်နှင့်ဝမ်ချင်း၊ ကျိုးရွာသူကြီးမိသားစုမှ စစ်လန်တို့လို တစ်ခြားသူများလဲပါသည်။ သို့သော်ငြားလည်း သူက သူတို့၏ ပါဝင်လိုစိတ်ကို မိသားစုတစ်ခုချင်းစီနှင့် အရင်ဆုံးတိုင်ပင်ဖို့ရန် ရည်ရွယ်ထားသည်။
လုမိသားစုနှင့်ပတ်သတ်ပြီး အခြေအနေကို မျက်မြင် တွေ့လိုက်ရပြီးနောက်တွင် စန်းလော့က သဘော တူသည်ထက်ပင် ပိုသေးသည်။ သို့သော် သူမက ရှန်းလီကို ပြန်ဖြေရမည့်အစား သူမက ရှန်းနဥ်ဘက်သို့ လှည့်ကာမေးလိုက်၏။
"အားနဥ် နင်ရော သင်ချင်လား"
ရှန်းလီသည် တဒင်္ဂအတွင်း တအံ့တသြဖြစ်သွားပြီး ဒါသည် မြှားပစ်လေ့ကျင့်ခြင်းနှင့် မတူဘဲ အလွန်မှခက်ခဲလိမ့်မည်ဟု ပြောချင်စိတ်က အလိုလို ဖြစ်သွားလေသည်။ ထို့နောက်မှ စန်းလော့သည် ဒုက္ခနှင့်မစိမ်းသည်ကို သတိရလိုက်၏။ သည်လို ဖရိုဖရဲဖြစ်နေသည့်လောကတွင် မိန်းကလေးများသည် ကိုယ့်ဟာကိုယ် ကာကွယ်နည်းကို သင်ယူသင့်သည်ဟု အမြဲတမ်း အားပေးထောက်ခံတတ်ခဲ့သည်။ ထို့ကြောင့် သူကလဲ ရှန်းနဥ်ကို မေးလိုက်၏။
"အားနဥ် နင် ရောသင်ချင်လား"
ရှန်းနဥ်သည် သည်နယ်ပယ်တွင် စန်းလော့၏ လွှမ်းမိုးခြင်းကို ကြီးကြီးမားမား ခံထားရသည်။ ထို့ကြောင့် သူမက မည်သို့ ငြင်းပယ်နိုင်ပါမည်နည်း။ သူမက ချက်ချင်း ခေါင်းညိတ်ပြကာ ပြန်မေးလိုက်၏။
"မကြီးက သမီးကို လျှိုမြောင်အပြင်ဘက် တကယ် ခေါ်သွားမှာလား"
စန်းလော့က ခေါင်းငြိမ့်ပြသည်။
"ဒါပေါ့၊ ငါက ဘာဖြစ်လို့ မခေါ်ရမှာလဲ၊ အရင်တုန်းက နင့်အစ်ကိုကြီးနဲ့ငါက မှားသွားခဲ့တာ၊ ငါတို့တွေက ဒါကြောင့်နဲ့တော့ လျှိုမြောင်ထဲမှာ ကြပ်ကြပ်တည်းတည်းနဲ့ မနေနိုင်ဘူးလေ၊ ငါတို့တွေက ဖြစ်လာနိုင်တဲ့ အခြေအနေတိုင်းကို မစောင့်ကြည့်နိုင်တဲ့အပြင် နင်တို့အားလုံးကိုလဲ အလိုလိုက်ထားမိမှာ ပိုစိုးရိမ်တယ်"
အကယ်၍များ သူတို့သည် သူရဲဘောကြောင်သည့် လုသလန် နောက်တစ်ယောက်ကို ပျိုးထောင်ခဲ့မိလျှင် သူတို့သည် မည်သည့်နေရာတွင် သွားငိုရပါမည်နည်း။
"ကိုယ့်ဟာကိုယ် သန်မာအောင် လုပ်တာ အကောင်းဆုံးပဲ၊ ငါနဲ့ အတူတူနေပေါ့၊ နင်လဲ သင်လို့ရပါတယ်"
ဒါမှ စန်းလော့နှင့် အလွန်တူသွားတော့သည်။
ရှန်းလီက မနေနိုင်ဘဲ အော်ရယ်လိုက်၏။
"ဟုတ်တယ်၊ ကွက်တိပဲ၊ နင်လဲ နင့်ယောင်းမနဲ့အတူ လေ့ကျင့်လို့ရတာပေါ့"
ရှန်းအန်းသည် အရင်က အပြင်ဘက်သို့ ရောက်ခဲ့ဖူးပြီး ဂူက မကျယ်ဝန်းသည်ကို သိထားသည်။ သည်စကားကို ကြားလိုက်သည်တွင် သူက မေးလိုက်၏။
"မရီး ကျွန်တော်နဲ့ ရှောင်ကျင့်က ဘယ်မှာနေရမှာလဲ၊ ကျွန်တော်တို့တွေက သစ်လုံးအိမ်တစ်ခု ဆောက်ရမှာလား၊ ကုတင်တစ်လုံးထည့်ဖို့ လုံလောက်အောင်ကြီးမားပြီးတော့ လူနှစ်ယောက် ရပ်လို့ရတဲ့အိမ်တစ်လုံးပေါ့"
ရှန်းလီက ခေါင်းငြိမ့်ပြသည်။
"ရတာပေါ့၊ အရင်ဆုံး ဦးလေးယိုထျန်းနဲ့ ရက်နည်းနည်းလောက်တော့ အတူတူသွားပြီး တိုးအိပ်လိုက်၊ အသုံးပြုလို့ရနိုင်သေးတဲ့ နောက်ထပ် ဂူအလွတ်တွေ ရှိသေးတယ်လေ၊ နောက်ပိုင်းကြရင် မင်းတို့တွေက မင်းတို့ကိုယ်ပိုင်အိမ်လေး ဆောက်နိုင်တာပဲ"
သစ်ပင်ကို ခုတ်လှဲခြင်း၊ သစ်တုံးများကို သယ်ယူခြင်းနှင့် အိမ်တစ်လုံး တည်ဆောက်ခြင်း။ လက်တွေ့ကျသည့် အရည်အချင်းများက လေ့ကျင့်သည့် ပုံစံတစ်ခုလဲ ဖြစ်လေသည်။ အစောပိုင်းတွင် လေးလံသည့်လုပ်အားများကို လူငယ်နှင့် သန်မာသူများကသာ ကိုင်တွယ်ဖြေရှင်းခဲ့ကြသည်။ သည်လိုတစ်ဝက်လောက် အရွယ်ရောက်ပြီးသား ကောင်လေးများကို အလုပ်တစ်ချို့ လုပ်ခိုင်းသည်ကလဲ နည်းလမ်းကျပေသည်။
မိသားစုက သဘောတူညီမှုတစ်ခု ရယူပြီးနောက်တွင် ရှန်းလီက အပေါ်ဘက်သို့ တက်သွားကာ သူညီအစ်ကိုများနှင့် ရှောင်ကျင့်အား သူတို့၏ သဘောထားကို သွားမေးလိုက်သည်။
ရှန်းကျင့်နှင့် ရှန်းယင်တို့က လိုလားကြပါသည်တဲ့လား။
အတိအကျပင်။ ညီအစ်ကိုနှစ်ယောက်အတွက် သူတို့၏ အကြီးမားဆုံး စိတ်လုံခြုံရသည့် ခံစားချက်မှာ အခုတော့ ကိုယ့်ဟာကိုယ် သန်မာအောင်လုပ်ဖို့ရန်သာ ဖြစ်လေသည်။ ရှန်းယင်က ငယ်သေးပြီး ရှန်းထျယ်ကလဲ ရှိသေးသည်။ ထို့ကြောင့် ရှန်းကျင့်တစ်ယောက်ထဲကိုသာ အပြင်ထွက်ဖို့ ခွင့်ပြုထားလိမ့်သည်။ ရှန်းလီက ချန်းမိသားစုကိုလဲ အကြောင်းကြားလိုက်၏။ ရှန်းကျင့် အပြင်ထွက်လျှင် ရှန်းယင်နှင့် ရှန်းထယ်တို့က ကိုယ့်ဟာကိုယ် စောင့်ရှောက်နိုင်သော်ငြားလည်း ဒါက လုံးဝကြီး စိတ်ချရသည် မဟုတ်ချေ။ သူက ကလေးနှစ်ယောက်ကို စောင့်ရှောက်ပေးဖို့ အဘွားချန်းအား အပ်နှံထားလိုက်သည်။
အဘွားချန်းက ဆန္ဒရှိသည်ထက်ကို ပိုသေးသည်။ အာ့ရှန်ကလဲ လျှိုမြောင် အပြင်ဘက်သို့ထွက်ပြီး သူမနှင့်အတူ ရှောင်ယာက အိမ်တွင် ကျန်ခဲ့ကြမည်။ စပါးကလဲ ရိတ်သိမ်းပြီးသွားပြီ။ သူတို့သည် ဆောင်းတွင်းအတွက် ပြင်ဆင်ရန် အသီးအရွက်တစ်ချို့ကို စိုက်ပျိုးပြီး ကြက်များကို မွေးမြူဖို့ရန်သာ လိုတော့သည်။ အလုပ်က များများစားစား မရှိတော့ချေ။
တစ်ခြားမိသားစုများအတွက်တော့ ရှီမိသားစုက လူကြီး၃ယောက်က အပြင်ဘက်ရောက်နေသည်။ ရှန်းလီက ကျိုးမိသားစုကို အရင်ဆုံးမေးလိုက်၏။ ကျိုးမိသားစုတွင် သား၅ယောက်ရှိပြီး ချန်မင်၊ ချန်လီ၊ ချန်ကျန့်၊ ချန်ကုန်းနှင့် ချန်ဟယ်တို့ဖြစ်သည်။ အကြီးဆုံး၃ယောက်ဖြစ်သည့် ကျိုးချန်မင်၊ ကျိုးချန်လီနှင့် ကျိုးချန်ကျန့်တို့အားလုံးက လျှိုမြောင်အပြင်ဘက်သို့ ထွက်ကြမည်။ အငယ်ဆုံးလေးကတော့ ပြောဖို့ရန် အလွန်မှ ငယ်သေးသည်။ အသက် ၁၃နှစ်ရှိပြီဖြစ်သည့် နံပါတ်လေးသားကတော့ သူ့ရှေ့တွင် အစ်ကိုကြီးများရှိနေသဖြင့် တခါမှ အပြင်မထွက်ခဲ့ရချေ။
ရှန်းလီက ကိုယ်တိုင်သင်ကြားပေးမည်ဟု ကြားလိုက်သဖြင့် ကျိုးရွာသူကြီး၏ မျက်လုံးများမှာ လင်းလက်သွားတော့သည်။ သူက ပြန်မဖြေရသေးခင်မှာပင် လူငယ်လေးက အပြေးအလွှား ရောက်လာပြီး "သင်မယ် သင်မယ်၊ အစ်ကိုကြီး မဟုတ်ဘူး၊ ဆရာ ကျွန်တော် အခုချက်ချင်းပဲ ဆရာ့ကို ဦးချကန်တော့ပါတယ်၊ ဆရာ စိတ်ပြောင်းလို့ မရဘူးနော်"
ဒါသည် အဖေဖြစ်သူက သူ့ကို ခွင့်မပြုမှာစိုးရိမ်သဖြင့် အလောတကြီး ရောက်လာသည့် ကျိုးချန်ကုန်း နံပါတ်လေးသား ဖြစ်တော့သည်။
ကျိုးရွာသူကြီးက လှိုက်လှိုက်လှဲလှဲ ရယ်မောလေသည်။
"အားလီ အခုချိန်မှာတော့ စကားပြန်ပြင်ပြောဖို့ မရတော့ဘူးနော်၊ ငါ အခုချက်ချင်းပဲ တပည့်လက်ခံတဲ့ အခမ်းအနားကို ပြင်ဆင်လိုက်မယ်၊ မင်းဒီနေ့ညပဲ ဒီကောင့်ကို ခေါ်သွားလိုက်တော့"
လုမိသားစုကို ပြန်လှည့်ကြည့်လျှင် အရင်ကတော့ လုသလန်သည် လုံးဝ မသင့်တော်သည်တော့ မဟုတ်ချေ။ မသိသာခြင်းသာ ဖြစ်လေသည်။ သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်ရမှသာလျှင် ပုန်းကွယ်နေသည့် အရည်အချင်းများက ပေါ်ထွက်လာတတ်သည်။ ဒီကိစ္စဖြစ်သွားပြီး နောက်တွင်တော့ မည်သူက သူတို့၏ကလေးများကို အလွန်အကျွံ ကာကွယ်ပေးရဲပါတော့မည်နည်း။ သူတို့ကို အခြေအနေအား ကိုယ်တိုင် ထိတွေ့စေခြင်းကသာ အကောင်းဆုံးကိစ္စ ဖြစ်တော့သည်။
အားရှုကသာ အလွန်မှ ငယ်နေသေးသည်မဟုတ်လျှင် သူ့ကို အငယ်ဆုံးတစ်ယောက်အနေဖြင့်ပင် ခေါ်သွားလို့ရသေးသည်။ သေးငယ်လှသည့် လျှိုမြောင်ထဲတွင် မည်သည့်လှုပ်ရှားမှုကိုမှ ဖုံးကွယ်ထားလို့မရချေ။ အထူးသဖြင့် ရင်းနှီးသည့် ဆက်ဆံရေးရှိကြသည့် ကလေးများအကြားတွင် ဖြစ်သည်။ ရှန်းလီက တစ်ခြားမိသားစုများကိုပင် မမေးရသေးချေ။ သူတို့၏ကလေးများကတော့ လေနှင့်အတူသတင်းက သိပြီးသား ဖြစ်လေသည်။ ရှီမိသားစုက သညိုနှင့် အာ့ညိုတို့က အိမ်တွင် မိဘများမရှိကြသဖြင့် သူတို့၏အဒေါ်ကို ဆွဲခေါ်လာကြသည်။ ရွှီမိသားစုတွင်တော့ ရွှီဝမ်ဟုန်၊ ရွှီဝမ်ပေါ်နှင့် ရွှီဝမ်ချင်းတို့က ရောက်လာကြပြီး ကလေးများနှင့် အသက်အရွယ် သိသိသာသာ ကွာခြားနေသည့် ဝေ့ချင်းဟယ်က နောက်မှလိုက်လာလေသည်။
အဘွားရွှီနှင့် သူမ၏ချွေးမဖြစ်သူကလဲ ရောက်ရှိလာပြီး ရှန်းနဥ်နှင့် စန်းလော့တို့ကလဲ သင်ယူကြလိမ့်မည်ဟု ကြားခဲ့သည့်နောက်တွင် အမေဖြစ်သူကို တွယ်ကပ်ပြီး လိုက်လာသည့် ရွှီဝမ်ယင်းကလဲ ပါလာသည်။ အပြင်ဘက်တွင် အမျိုးသမီးများ၏ အားနွဲ့သည့်အခြေအနေကို စဥ်းစားနေမိသည့် ဝေ့လင်းကျန့် အမျိုးသမီးငယ်လေးများသည် သိမ်မွေ့ပြီး တိတ်တိတ်ဆိတ်ဆိတ် နေသင့်သည်ဟူသည့် သူမ၏ မိရိုးဖလာ ယုံကြည်မှုကြောင့် အခိုက်အတန့် ချီတုံချတုံ ဖြစ်နေလေသည်။ သူမယောက္ခမ၏ ထောက်ခံချက်ကို ရပြီးနောက်တွင်တော့ သူမက နောက်ဆုံးတော့ သဘောတူပေးလိုက်သည်။
"ဒါဆိုလဲ သင်ယူပေါ့၊ ကိုယ့်ဟာကိုယ် ကာကွယ်နိုင်တဲ့ အရည်အချင်းတစ်ခု ရှိထားတာလဲ ကောင်းတာပဲ၊ အထူးသဖြင့် ရှန်းနဥ်နဲ့စန်းလော့တို့နဲ့လဲ အတူတူသင်ယူရမှာပဲ"
နှစ်ယောက်သားကလဲ သူတို့၏ဆရာအတွက် လက်ဆောင်များကို ပြင်ဆင်လာခဲ့ကြသည်။
...
လျှိုမြောင် အပြင်ဘက်က ရွာလေးတွင် ညတွင်းချင်း စည်ကားလာတော့သည်။
အသက်၉နှစ်အရွယ် ရှန်းကျင့်အပါအဝင် အသက်၁၀နှစ် ကျော်ပြီးသား လျှိုမြောင်ထဲက ကောင်လေး အားလုံးက ပါဝင်ကြသည်။ ပါရမီအများကြီး မပိုင်ဆိုင်ခဲ့သည့် ဝေ့ချင်းဟယ်ကပင် တွဲပြီးပါလာသည်။ တောင်အတွင်းပိုင်းထဲသို့ သွားဖို့ရန် လုံးဝမစောင့်နိုင်သည့် ရွှီဝမ်ချင်းကတော့ ပြန်ဖို့ရန်ပင် ငြင်းဆန်နေပြီး ဆရာ့ကိုရှာဖို့သာ စိတ်အားထက်သန်နေတော့သည်။ သိုင်းပညာသင်ကြားဖို့ရန် စိတ်အားထက်သန်နေကြသည့် ကျိုးအာ့လန်နှင့် ကျိုးစန်းလန်တို့ကလည်း ထိုသဘောအတိုင်းပင်။
ပြီးခဲ့သည့် လအနည်းငယ်အတွင်းတွင် မိသားစုများသည် အစားအသောက်အတွက် လျှိုမြောင်အပြင်ဘက်သို့ ထွက်ကာ လျှိုမြောင်အပြင်ဘက်တွင် စိုက်ခင်းများကို စတင်ပြုလုပ်ထားပြီး တိရိစ္ဆာန်များကိုလဲ မွေးမြူထားခဲ့ကြသည်။ ထို့ကြောင့် သူတို့ကို ခေါ်ထားသည်ကလဲ အဓိပ္ပါယ် ရှိပေသည်။ ဆိုင်တာဝန်ခံရွှီ၊ ဦးလေးရွှီနှင့် ကျိုးသလန်တို့က အနီးအနားက နေရာများကို လှည့်ပတ်သွားလာဖို့အတွက် ရှီသလန်နှင့် ချန်းယိုထျန်းတို့ကို အဖော်လုပ် ပြီးသွားနိုင်သည်။ သူတို့ကို စိတ်ကြိုက်သွားလာခွင့် ပြုပေးနိုင်သည်။
ရလဒ်အနေဖြင့် တစ်နေ့ထဲမှာပင် ရှန်းလီသည် ကြီးကြီးငယ်ငယ် တပည့်တစ်ဖွဲ့ကို လက်ခံရရှိခဲ့ပြီး အားလုံးက သူ့ကို ဆရာဟု ခေါ်ကြသည်။ ဝေ့ချင်းဟယ်ကပင် အပြုံးတစ်ခုဖြင့် သူ့ကိုဦးညွှတ်ပြီး တပည့်တစ်ယောက်အနေဖြင့် သူ့ကို တလေးတစား နှုတ်ဆက်လေသည်။
အခြေအနေက ဤနည်းဖြင့် ထွက်ပေါ်လာမည်ဟု သူ့မှာ တခါမှမစဥ်းစားခဲ့ဖူးချေ။
ရုပ်ပိုင်းဆိုင်ရာ ခွန်အား၊ ခံနိုင်ရည်၊ လေးစွမ်းရည်၊ အမဲလိုက်ခြင်း၊ သစ်ပင်တက်ခြင်းကို ဦးစားပေးပြီးလုပ်ခဲ့သည့် ရှီလီရွာက အစောပိုင်းလေ့ကျင့်ခြင်းနှင့် မတူဘဲ ဒီတစ်ကြိမ်တွင် ရှန်းလီက ဒီအခြေခံအချက်များကို အလေးပေးထားသည့်အပြင် အခြေခံဓားသိုင်းပညာ တုတ်သိုင်းပညာနှင့် စစ်တပ်ထဲတွင် နေခဲ့ရသည့် သူ၏နှစ်များအတွင်း သူ လေ့လာထားခဲ့သည့် ဗျူဟာများကိုလဲ သင်ပေးလေသည်။
အသက်အရွယ်ကြောင့် အခြေခံခွန်အားများ အလုံအလောက်ရှိသည့် ရွှီဝမ်ချင်း၊ ကျိုးချန်လီ၊ ကျိုးချန်ကျန့်တို့လို ပါရမီရှိသူများကတော့ ရှန်းလီက သူ့မိသားစု၏ စုဆောင်းထားသည့်ထဲက ဓားမောက်တစ်ချို့ကို ယူထုတ်လာပြီး သူတို့ကို အခြေခံဓားသိုင်းပညာများကို တိုက်ရိုက် သင်ပေးလိုက်သည်။ ထူးထူးခြားခြား အရည်အချင်းနှင့် နားလည်နိုင်စွမ်းရှိသည့် ရွှီဝမ်ချင်းကလဲ သေရေးရှင်ရေး တိုက်ပွဲအတွင်းမှ သူလေ့လာခဲ့သည့် သိုင်းပညာများကို ဝေမျှပေးရန် ရှန်းလီကို မကြာခဏ တောင်းဆိုတတ်သည်။
သည်အချိန်တွင် စန်းလော့နှင့် ရှန်းနဥ်တို့ကတော့ ရှန်းအန်းနှင့် တစ်ခြားသူများနှင့် အမှီလိုက်နိုင်ရုံသာရှိသည်။ ရွှီမောင်နှမကတော့ ပိုပြီး ခက်ခဲနေဟန်တူသည်။ သို့သော်ငြားလည်း လျှိုမြောင်ထဲတွင် အချိန်ကြာမြင့်စွာ နေခဲ့ကြပြီး သူတို့၏လူကြီးများထံမှ အပြင်လောက အကြောင်းကြားထားသဖြင့် သူတို့အားလုံးက အသက်ရှင်သန်ခြင်းနည်းလမ်းနှင့် ကိုယ့်ဟာကိုယ် ကာကွယ်နိုင်သည့်ပညာများမှာ အရေးပါကြောင်း နားလည်ကြသည်။ အခုမှစပြီး သင်ယူလာသည့် ရွှီဝမ်ယင်းအပါအဝင် သူတို့ထဲက တစ်ယောက်ကမှ ခက်ခဲမှုကို မရှောင်ချင်ကြပေ။
ပထမနေ့ လေ့ကျင့်ခြင်းတွင် မနက်ပိုင်းနှင့် နေ့ခင်းပိုင်းဟူ၍ ၂နာရီစီသတ်မှတ်ထားသည်။ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ထားသည်ကို ထောက်ချင့်လျှင် ထပ်ပြီးလေ့ကျင့်သည်က အလွန်အကျွံဖြစ်နိုင်သည်။ ခဏလောက် အနားယူခိုင်းလိုက်ပြီးနောက်တွင် သူတို့ကို သစ်ခုတ်ခြင်းနှင့် သစ်လုံးများကို သယ်ယူပို့ဆောင်ခြင်း တာဝန်ပေးလိုက်သည်။ နေဝင်လာသည့်အခါ တစ်ယောက်ချင်းစီက သူတို့၏ ဂူအသီးသီးကို ပြန်သွားကြပြီး အခြေခံ ကိုယ်လက်သန့်ရှင်းရေး လုပ်ဖို့အတွက်ပင် အလွန်မှ ပင်ပန်းနွမ်းနယ်သွားကြပြီး သက်တောင့်သက်သာ အိပ်ရဖို့ရန်အရေးကတော့ ပြောရန်မလိုချေ။
စန်းလော့၊ ရှန်းနဥ်နှင့် ရွှီဝမ်ယင်းတို့ကတော့ ကံကောင်းသွားသည်။ သူတို့သည် သစ်ပင်ခုတ်ခြင်းတွင် မပါဝင်ခဲ့ရချေ။ ထိုအစား ခဏလောက်အနား ယူလိုက်ပြီးနောက်တွင် သူတို့က ချန်းယိုထျန်း ထောင်ထားပေးသည့် ပစ်မှတ်များတွင် မြှားပစ် လေ့ကျင့်လိုက်ကြသည်။ အချိန်တစ်ခုကြာအောင် လျှိုမြောင်အပြင်ဘက်တွင် နေလာသည့် ကန်းရှီကလဲ နောက်ဆုံးတော့ အပျော်သဘောဖြင့် ဝင်ရောက်လာခဲ့သည်။
ညနေစာစားပြီးနောက်တွင် အားလုံးက သေးငယ်သည့် တာဝန်တစ်ခုသာ ရှိတော့သည်။ သူတို့၏ နောက်လာမည့် လေ့ကျင့်မှုအတွက် တုတ်ချောင်းရှည်တစ်ခုကို အချောသတ်ရခြင်းပင်။ ရှန်းလီက လိုအပ်ချက်ကို ရှင်းပြလိုက်ပြီး သူတို့ယူပြန်လာခဲ့သည့် သစ်လုံးများထဲက သင့်တော်သည့် ပစ္စည်းများကို ရှာဖွေဖို့ရန် သူတို့ကို ညွှန်ကြားလိုက်သည်။ သူကတော့ သူ၏ သင်ကြားရေးအတွက်နှင့် စန်းလော့၏ အထောက်အကူ ပစ္စည်းအတွက် လိုအပ်သည်များကို ရွေးချယ်ထားပြီးဖြစ်သည်။ သူတို့၏ဂူသို့ ပြန်မလာခင် သူတို့နှစ်ယောက်က စတင် အလုပ်လုပ်လိုက်ကြသည်။
စန်းလော့က ရှန်းလီကို စနောက်ကျီစယ်လိုက်ပြီး ရူပ်တည်ကြီးဖြင့် မေးလိုက်လေသည်။
"ကျွန်မလဲ ရှင့်ကို ဆရာလို့ ခေါ်သင့်သလား၊ လျှိုမြောင်အပြင်ဘက်က လူတွေအားလုံးက အဲလို ခေါ်နေကြတာဆိုတော့လေ"
ရှန်းလီမှာ သစ်သားကို ခုတ်ချမိတော့မလို ဖြစ်သွားတော့သည်။ စန်းလော့ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူက ခဏလောက် တုံ့ဆိုင်းသွားလိုက်ပြီးမှ ပြန်ဖြေလိုက်၏။ "ဒါဆိုရင် မင်းစမ်းပြီးခေါ်ကြည့်ပါလား"
သူမသည် နည်းနည်းလေး ကျီစားတတ်လာသည်။
စန်းလော့က ပြုံးလိုက်ကာ သူ့ကိုနောက်ထပ် စနောက်မည် ပြင်လိုက်၏။ သူမက ပါးစပ်ကိုဖွင့်လိုက်ချိန်တွင် ရှန်းလီက သူ့လက်ကို သူမ၏နှုတ်ခမ်းပေါ်သို့ မြန်မြန်တင်လိုက်ကာ အလန့်တကြား ဖြစ်သွားတော့သည်။
"မင်းက တကယ်ကြီးလား"
ဒီအချိန်တွင် သာမန်လူများကပင် ကျင့်ဝတ်စည်းကမ်းများကို နားလည်ကြလေသည်။ သူမက သူ့ကို ဆရာဟုခေါ်လျှင် သူ၏ တမ်းတစိတ်များက လုံးဝ ပြိုကွဲသွားပေလိမ့်မည်။
သူ့လက်ကောက်ဝတ်နားတွင် နူးနူးညံ့ညံ့ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည့်အချိန်မှ ရှန်းလီသည် သူ လုပ်ခဲ့သည့်အရာကို သတိထားမိသွားပြီး နေရာတွင်ပင် အေးခဲသွားတော့သည်။
စန်းလော့ကလဲ တောင့်တင်းသွားသည်။ သူတို့ပတ်ဝန်းကျင်က လေထုမှာ သိပ်သည်းလာသယောင်ပင်။ သူမ၏နှလုံးခုန်သံက မြန်ဆန်လာတော့သည်။ ဒီအချိန်တွင် အဝေးတစ်နေရာက ခြေသံများထွက်လာပြီး ရှန်းအန်း၏အသံက နောက်မှလိုက်ပါလာကာ သူတို့သည် သစ်သားတုတ်ချောင်းအတွက် သင့်တော်သည့်သစ်များကို ရှာဖွေခဲ့ပြီဟု အော်ပြောလေသည်။
စန်းလော့က ရုတ်တရက် သတိပြန်ဝင်လာပြီး အကွာအဝေးတစ်ခုကို ဖန်တီးရန် နောက်သို့ အနည်းငယ် လှမ်းလိုက်၏။
ရှန်းလီ၏လက်ကောက်ဝတ်မှာ နွေးထွေးနေသည့် နေရာလေးသည် အနည်းငယ် အေးစိမ့်လာသည်။ သို့သော်ငြားလည်း နူးညံ့မှုနှင့် အနွေးဓာတ်က သူ့နှလုံးသားထဲသို့ လှောင်မြိုက်သွားဟန်တူသည်။ သူ့အရိုးများကို ပျော့ပျောင်းသွားစေသည့် ထုံကျဥ်သည့် ခံစားချက်တစ်ခု ကျန်ရှိပြီး သူ့နှလုံးသားမှာ အရည်ပျော်သွားတော့သည်။
"အစ်ကိုကြီး ဒီတစ်ခုဆိုရင် အဆင်ပြေမယ်လို့ထင်လား"
အငယ်လေးများက ချဥ်းကပ်လာသည်တွင် ရှန်းလီကလဲ သူ့လက်ကို အလောတကြီး ပြန်ရုတ်သိမ်းလိုက်ရသည်။ တပြိုင်တည်းမှာပင် တစ်ယောက်က မပြီးသေးသည့် တုတ်ချောင်းကို အာရုံစိုက်နေလိုက်ပြီး ကျန်သည့်တစ်ယောက်ကတော့ ရှန်းအန်းနှင့် သူ၏မောင်နှမများကို လှည့်ကြည့်လိုက်သည်။
ရှန်းလီက ကလေး၃ယောက်ကို သစ်သားများအား စိတ်အားထက်သန်စွာ ပြသနေပေးပြီး သူ၏ ဘေးတိုက်ပုံရိပ်ကို မြင်လိုက်ရသည်တွင် စန်းလော့၏နှုတ်ခမ်းများမှာ အပြုံးတစ်ခုအသွင် ကွေးတက်သွားတော့သည်။
...
အပိုင်း(၁၉၈) သင်ကြားပေးနိုင်မလား
အချို့သောခံစားချက်များသည် အမြစ်တွယ်နေပြီဖြစ်သော်လည်း လောကကြီး၏ ဖရိုဖရဲဖြစ်မှုများနှင့် ဤခန္ဓာကိုယ်၏ ငယ်ရွယ်မှုကို သိပြီး သူတို့ကို ပြုစုစောင့်ရှောက်လိုခြင်း မရှိပေ။ အခြားသူတစ်ယောက်က ပေးထားသည့် ကတိကိုသတိရပြီး စန်းလော့ကို ပြစ်မျိုးမဲ့မထင်သူဟု မြင်ကာ သူမ၏သဘော တူညီချက်မပါဘဲ ဆက်လက်မလုပ်ဆောင်ရဲချေ။ သာမန်အတိုင်းပင် နေ့တိုင်း အတူတကွရှိနေခြင်းသည် ချိုမြသော တိမ်တိုက်ပေါ်တွင် လှဲလျောင်းနေရသကဲ့သို့ပင် အလွန် စိတ်ကျေနပ်စရာကောင်းလေသည်။
အစားအသောက်များ၊ ခရီးစဉ်များနှင့် ညဘက်တွင် အိပ်ယာတစ်ခုထဲကို မျှဝေကြသော်လည်း သူတို့၏မျက်နှာများ နီးကပ်နေသည်နှင့်အမျှ သူတို့ကြားရှိ နယ်နမိတ်များကို ထိန်းချုပ်ထားသည်မှာ အမြဲတမ်း စန်းလော့သာဖြစ်၏။
စန်းလော့သည် အများအားဖြင့် သဘောပေါက်လွယ်လေသည်။ ဤကဲ့သို့ ဖရိုဖရဲလောကနှင့် သူမ၏လက်ရှိ အသက်အရွယ်တွင် အများကြီး မတွေးနိုင်ပေ။ တကယ်တော့ သူမသည် ၁၆နှစ်ပင် မပြည့်သေးပေ။ ယောက်ျားများ၏ ဆွဲဆောင်မှုကြောင့် ညှို့ယူခံလိုက်ရသော အခိုက်အတန့်များလည်း ရှိလေသည်။ သို့သော် သူမသည် မျက်စိ အစာကျွေးရုံမျှသာဖြစ်ပြီး အလျင်အမြန် ပြန်တည်ငြိမ်လိုကာ ရှန်းီမှာ မျက်နှာနီမြန်းနေပြီး နှလုံးခုန်သံ တစ်ဒုန်းဒုန်းမြည်ရင်း ကျန်ရစ်နေလေ၏။
မမျှော်လင့်ဘဲ ယနေ့၏ မတော်တဆထိတွေ့မှုသည် သူမ၏နှလုံးခုန်သံကို ခဏတာ မဝံ့မရဲ ဖြစ်သွားစေလေသည်။ သို့သော် မကြာမီတွင် သူမသည် စိတ်အေးသွားလေ၏။ ရှန်းလီကို နှစ်သက်သည်မှာ ပုံမှန်ဖြစ်ပြီး ဝိုးတဝါး ချစ်ခြင်းမေတ္တာကို မငြင်းပယ်နိုင်ပေ။ ထို့အစား သူမက လက်ခံထားလေသည်။
ထို့ကြောင့် ပြင်းပြသောဆန္ဒများကို မစသ၍ သူမ၏နှလုံးသားနောက်သို့ လိုက်ခြင်းသည် လုံလောက်ပါသည်။
...
ထိုညတွင် ရှန်းနဉ်သည် စန်းလော့နှင့် အိပ်နေချိန်၌ ရှန်းအန်းနှင့် ရှန်းကျင့်တို့က ချန်းယိုထျန်း၏ဂူသို့ သွားအိမ်ကြ၏။
စန်းလော့နှင့် ရှန်းလီတို့သည် သူတို့၏နေ့စဉ်လုပ်ငန်းကို အသားကျနေသောကြောင့် ရှန်းနဉ် ရှိနေခြင်းက သူတို့၏ သက်တောင့်သက်သာရှိသည့် နေရာလေးကို သက်ရောက်မှုမရှိပေ။ အိပ်ယာ၏အတွင်းဘက်တွင် ရှန်းနဉ်က အိပ်နေပြီး စန်းလော့သည် အလိုအလျောက်ပင် ကုတင်အစွန်းနှင့်နီးသော အပြင်ဘက်အခြမ်းတွင် အိပ်ရလေသည်။
သူမ၏အမြင်တွင် ထိုအရာသည် လုံးဝသဘာဝကျသော အစီအစဉ်တစ်ခု ဖြစ်လေ၏။ ရှန်းနဉ် ရောက်မလာမီတွင် သူမသည် အိပ်ယာ၏အလယ်တွင် စအိပ်သော်လည်း ဆယ်ကြိမ်တွင် ကိုးကြိမ်မျှမှာ သူမ၏မြင်ကွင်းရှေ့ရှိ ကုတင်အစွန် ဘက်ခြမ်းတွင် ရှန်းလီနှင့်အတူ နိုးထလာလေသည်။
စန်းလော့၏ကမ္ဘာတွင် ဤအရာသည် သတိမထားမိသော်လည်း သူမ စတင်လက်ခံရမည့် လုံခြုံသောအကွာအဝေးတစ်ခုဖြစ်၏။ ထိုအရာသည် ရှန်းလီအတွက်တော့ အလွန်ခြားနားသော အဓိပ္ပာယ်ဖြစ်လေသည်။ သူ့နှလုံးသားထဲတွင်သာ ပန်းပွင့်တစ်ပွင့်ရှိပါက ယခုချိန်တွင် ကြည်နူးမှုကြောင့် ပန်းပွင့်နေလောက်၏။
ညတာသည် ကြည်နူးဖွယ်အိပ်မက်များဖြင့် ပြည့်နှက်နေသော်လည်း သူတို့သည် ဖွင့်ဟပြောဆိုထားသောကြောင့် ထိုအရာများမှာ အစစ်အမှန်ဖြစ်လာရန် အလွန်ပင် လှပလွန်းနေသည်။ သူ့အိပ်မက်ထဲက ပြည့်ဖောင်းဖောင်း နူးညံ့လှသည့် နှုတ်ခမ်းပါးသည် သူ့လက်နှင့် လက်ကောက်ဝတ်ပေါ်သို့ ဖြတ်ခနဲထိလိုက်သည့် တဒင်္ဂ အထိအတွေးလေး မဟုတ်တော့ချေ။
သူ၏လက်ထိပ်လေးများက ထိုအရာများကို ပွတ်သပ်လိုက်လေ၏။
ရှန်းလီသည် အထိအတွေ့ကို ဖော်ပြနိုင်မည့် စကားလုံးများကိုရှာရန် ကြိုးစားနေရလေသည်။ အိပ်မက်ထဲတွင် အစစ်အမှန် ဖြစ်ပုံပေါ်သော်လည်း နိုးလာချိန်တွင်တော့ ထိုအရာမှာ အိပ်မက်တစ်ခုမျှသာ ဖြစ်သည်ကို သိလိုက်ရ၏။ သို့သော်လည်း ထိုအိပ်မက်ထဲရှိ တင်းအား၊ ရင်တဒိတ်ဒိတ်ခုန်ခြင်း၊ တမ်းတခြင်းနှင့် ကြည်နူးမှုတို့မှာ အတိုင်းသား ရှင်းလင်းနေလေသည်။
သူ့မျက်လုံးများက အမှောင်ထုကို ကျင့်သားရပြီးနောက် စန်းလော့ကို ကြည့်ရန် လှည့်လိုက်လေ၏။ ယခင်က မနက်ခင်းများစွာတွင် သူသည် အစောကြီးနိုးလာပြီး သူမ အိပ်ယာ မထခင်၌ သူမ၏အိပ်ပျော်နေသော မျက်နှာလေးကို စိုက်ကြည့်နေလေသည်။ ယခင်ကတော့ သူ၏အာရုံစူးစိုက်မှု အားလုံးသည် သူမအပေါ်တွင်သာ ရှိ၏။ သို့သော် ယနေ့မှာတော့ မတူညီပေ။ သူ၏အကြည့်မှာ တမင်မရည်ရွယ်ဘဲ သူမ၏ နီစွေးသောနှုတ်ခမ်းပေါ်သို့ ရောက်သွားလေသည်။
အသက်ရှူသံ အနည်းငယ် သို့မဟုတ် အကြိမ်များစွာ ကြာပြီးနောက် သူ၏လက်ချောင်းထိပ်များ အောက်ရှိခံစားမှုသည် သေချာသကဲ့သို့ ခံစားရနေဆဲဖြစ်လေ၏။ ရှန်းလီ၏ လည်ချောင်းတုန်လာကာ ဖရိုဖရဲခံစားချက်ကြောင့် မျက်လုံးများကို အလျင်အမြန် မှိတ်ထားလိုက်တော့သည်။
...
လေ့ကျင့်ခြင်းသည် ရွာအပြင်ဘက်ရှိ နေ့စဉ်ပုံမှန် လုပ်ငန်းတစ်ခုဖြစ်လာ၏။ မကြာခဏ ရှင်းလင်းထားသည့် တောအုပ်အစွန်အဖျားတွင် အလေးပစ္စည်းများဖြင့် ပြေးလွှားခြင်းသည် သူ့ကို ပြေးရင်းဖြင့် စာတွေရွတ်ဆိုရန် အသက်ဖမ်းရှူရခြင်းမှ တိုးတက်လာရန် ၃ ရက်သာ အချိန်ယူခဲ့ရလေသည်။
ရွာမှ အနည်းငယ်ဝေးကွာသော အတွင်းဝိုင်းတွင် ထွက်ပြေးလွတ်မြောက်လာသော ဒုက္ခသည်များ နေထိုင်ကြ၏။ ဆောင်းဦးပေါက်ချိန်မှစ၍ အနည်းဆုံး မိသားစု၆စုသည် ထိုနေရာတွင် အခြေချနေထိုင်ကြလေသည်။
အတွင်းဝိုင်းအတွင်းတွင် ရွာနှစ်ရွာရှိ၏။ တစ်ခုမှာ ရှန်းလီနှင့် သူ့အပေါင်းအဖော်များ နေထိုင်သည့် ဆင်ခြေဖုံးကျေးရွာဖြစ်ပြီး နောက်တစ်ရွာမှာ ရှန်းလီတစ်ယောက် ကူညီအခြေချပေးခဲ့သော ကျိုးမိသားစုကို အဓိကထားသည့်ရွာ ဖြစ်သည်။ အသစ်ရောက်လာသော ရွာသားများဖြင့် အလွန်စည်းလုံးသောအဖွဲ့များကို မဖွဲ့စည်းနိုင်ပေ။ အသက်ရှင်သန်နိုင်ရန် သူတို့၏ပင်ကိုယ်စရိုက်ကို တွန်းအားပေးကာ အတည်တကျ အခြေချနေထိုင်ခြင်းကို မရွေးချယ်ခင် တစ်ခဏမျှ စောင့်ကြည့်နေမည်ဖြစ်၏။
လူဦးရေများပြားမှုကြောင့် သားရဲတိရစ္ဆာန်များမှာ နည်းပါးလာသည်။ ရိုးသားပုံပေါ်သော အိမ်နီးနားချင်းတစ်ချို့သည် စိုက်ပျိုးမွေးမြူရေးကို စတင်လုပ်ကိုင်ကာ ကြက်များနှင့် ယုန်များကို မွေးမြူကြလေ၏။ အပြင်ဘက်ရှိ ရက်စက်ကြမ်းကြုတ်မှုကို အားကိုးအားထားပြုသူများနှင့် သိသိသာသာပင် ဆန့်ကျင့်ဘက်ဖြစ်လေသည်။ သူတို့နှင့် နီးနီးကပ်ကပ်ရှိခြင်းက အတော်လေး လုံခြုံမှုရှိသည်ဟု ခံစားရ၏။
ထိုအရာမှာ တမူထူးခြားပြီး ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ သူတို့ကို အားကိုးချင်သော်လည်း သတိကို လွှတ်ချမထားရဲပြန်ချေ။ ထို့ကြောင့် လုံခြုံသည်ဟု ယူဆရသောနေရာတစ်ခုတွင် အခြေချနေထိုင်ပြီး အခြားသူ၏နယ်မြေများကို ဝင်ရောက်စွက်ဖက်ခြင်းမှ ရှောင်ရှားကြလေသည်။ လမ်းများကို ဖြတ်ကျော်တိုင်း တိတ်တဆိတ် နားလည်မှုတစ်ခု ထွက်ပေါ်လာပြီး သာမန်မဟုတ်သော သံယောဇဉ်တစ်ခု ဖြစ်ပေါ်လာလေ၏။
လူငယ်များ မကြာခဏ အမဲလိုက်သွားလေ့ရှိသည့် အခြေချထားသည့် အိမ်နီးချင်းများက တိုးတက်မှုအသစ်များကို သတိမထားမိခင်အထိ ဤထုတ်မပြောသော သဘောတူညီမှုသည် အချိန်အတော်ကြာထိ ရှိမြဲရှိနေသည်။ အနည်းဆုံးတော့ အရင်းနှီးဆုံး အိမ်ထောင်စုနှစ်စုသာလျှင် ပြောင်းလဲမှုများကို သတိထားမိကြ၏။
သူတို့သည် တုတ်များ၊ ဓားများ၊ မြှားများဖြင့် လေ့ကျင့်မှုကို မမြင်ရသော်လည်း မနက်အစောပိုင်းတိုင်းတွင် ရှီသလန်က လူငယ်များကို ဦးဆောင်ပြီး ရွာပြင်သို့မခေါ်သွားမီ ရှန်းလီနှင့် သူ၏တပည့်များသည် ရွာနှင့်နီးသောတောင်ကုန်းများပေါ်တွင် ကျောပေါ်၌အလေးတုံးများသယ်ပြီး ပြေးလွှားနေကြသည်ကို အဝေးမှ ကြားရလေသည်။
တစ်ချို့မှာ စူးစမ်းလိုစိတ်ဖြင့် အဝေးမှနားထောင်နေကြပြီး ရံဖန်ရံခါတွင် သူတို့သည် တောင်ကုန်းတစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းကြသည်ကို ဖြတ်ခနဲမြင်ကြရ၏။ မည်သူမျှ အနီးနားသို့ မချဉ်းကပ်ရဲကြပေ။ ကိုယ်ရေးကိုယ်တာကို လေးစားသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ရွာနှင့်အနီးဆုံး တောင်ကုန်းများတွင် သစ်ပင်များကို ခုတ်ထွင်ထားသောကြောင့် ပုန်းကွယ်ရန် ခက်ခဲလေ၏။ အရမ်းနီးကပ်ရန် ကြိုးစားသူမှန်သမျှကို ရှာဖွေတွေ့ရှိနိုင်ဖွယ်ရှိသည်။
...
လေ့ကျင့်ရေး ငါးရက်မြောက်နေ့တွင် ရွာအပြင်ဘက်ရှိ လည်ပတ်သူများ ရောက်လာကြပြီး ထိုလူများမှာ ကျိုးလိုင်ကျီနှင့်သူ့သား၊ ဖန်းသလန်နှင့် ဖန်းအာ့လန်၊ ကန်းအာ့လန်တို့မှလွဲ၍ တစ်ခြားသူများ မဟုတ်ပေ။
ရှီလီရွာက မည်သူ့ကိုမျှ မမြင်ရသည်မှာ ၁၀ရက်ကျော်နေပြီဖြစ်သည်။ ရှန်းလီနှင့်သူ့အဖွဲ့သည် သဘောထားကွဲလွဲမှု အရင်းမြစ်ကိုရှောင်ရှားရန် အခြားဦးတည်ရာသို့ သွားကြောင်း သိရှိကြသော်လည်း သူတို့နှင့် ထိပ်တိုက်ဆုံခဲ့သည့်အချိန်မှာ အတော်လေးကြာနေပြီဖြစ်၏။
ကန်းအာ့လန်နှင့် ဖန်းညီအစ်ကိုတို့သည် မိသားစု သံယောဇဉ်ရှိလေသည်။ ဒါကြောင့် သူတို့ ဘယ်လိုလုပ် မစိုးရိမ်ပဲနေပါ့မလဲ။ ကျိုးလိုင်ကျီလျှင်ပင် သူတို့ရရှိထားသည့် ကြင်နာမှုနှင့်ပတ်သက်ပြီး မတွေးဘဲ မနေနိုင်ပေ။ သူတို့သည် ရှီလီရွာ ဒုက္ခတွေ့ကြုံနိုင်သည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ ရှန်းလီ၏အုပ်စုသည် မကြာသေးမီကမှ ကျိုးလိုင်ကျီ၊ ကန်းညီအစ်ကိုနှင့် ဖန်းညီအစ်ကိုများကို အနီးစပ်ဆုံး တည်နေရာအား အသိပေးခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် သူတို့၏စိုးရိမ်မှုကြောင့် ရွာကို ရှာဖွေကြခြင်းဖြစ်လေသည်။
တောင်များသည် နက်ရှိုင်းပြီး သစ်တောများ ထူထပ်သော်လည်း တည်နေရာနှင့် အကွာအဝေးအကြမ်းဖျင်းကိုသိခြင်းက လူများ မကြာခဏလာလေ့ရှိသောနေရာတစ်ခုကို ရှာဖွေရန် အလွန်ခဲယဉ်းမည် မဟုတ်ပေ။ သူတို့ချဉ်းကပ်သွားစဉ်တွင် ရွာသားများ သို့မဟုတ် လှိုဏ်ဂူကို မမြင်ရသော်လည်း ဝိုင်းအော်နှုတ်ဆက်သံများကို အဝေးမှ ကြားရလေသည်။
ကျိုးလိုင်ကျီနှင့် သူ့အပေါင်းအပါများသည် ခြေလှမ်းများကို ရပ်လိုက်ပြီး အားစိုက် နားထောင်လိုက်ကြ၏။ ပြင်းထန်သောတိုက်ပွဲတစ်ခုလိုတော့ မဟုတ်ဘဲ အလွန် စနစ်ကျလွန်းလေသည်။ သူတို့၏ခြေလှမ်းများကို သုတ်ခြေတင်ကာ သူများသွားထားသော လမ်းနောက်လိုက်ရင်း ဟင်းလင်းပြင်သို့ ရောက်သောအခါ အကုန်လုံး ရပ်တန့်သွားကြ၏။
အတန်းလိုက် အရှည်ဆုံးမှ အပုဆုံးအထိ၊ သူတို့အားလုံးသည် တုတ်များဖြင့် အံ့ဩဖွယ် သရုပ်ပြနေကြလေသည်။
ဘုရားရေ။ ပြောစရာစကားတွေမရှိတာကို ခွင့်လွှတ်ပါ။ အံ့ဩခြင်းနှင့် လေးစားခြင်းတို့ဖြင့် ပြည့်နေသည့် သူတို့၏မျက်နှာများကသာလျှင် သူတို့၏ခံစားချက်များကို သိစေနိုင်လေသည်။
ရှန်းလီနှင့် စန်းလော့ကို မတွေ့ရခြင်းမှာ အံ့ဩစရာတော့မရှိပေ။ အခုတော့ တစ်ယောက်က နည်းပြဖြစ်နေပြီး နောက်တစ်ယောက်မှာ ဘေးမှသင်ယူနေ၏။ သူတို့မှာ လာလည်ပတ်ဖို့ အချိန်အပို ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ။
ယနေ့တွင် ကျိုးလိုင်ကျီသည် ဒုတိယသားကို ခေါ်လာလိုက်၏။ သားအဖနှစ်ယောက်လုံး ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရတော့ တံတွေးကို ပြိုင်တူ မြိုချလိုက်မိလေသည်။
ရှီလီရွာမှာရှိတုန်းကဆိုလျှင် ရှန်းလီသည် အရုဏ်မတက်မီထဲက ရင်းနှီးသည့်ကောင်ကလေးများကို ဦးဆောင်ကာ ပြေးလွှားခြင်းနှင့် အမဲလိုက်ခြင်းစွမ်းရည်များကို သင်ကြားပေးသည်ကိုတော့ သိခဲ့ကြ၏။ ယခုဝောာ့ သူသည် ထိုကဲ့သို့တုတ်သိုင်းပညာကိုလဲ သင်ပေးကြောင်းသိရလေသည်။ ပြီးတော့ ထိုလူငယ်လေးတွေ၊ ဆယ်ကျော်သက်လေးတွေနဲ့ မိန်းမငယ်လေးတွေကပါ ကိုယ်ခံပညာကို သင်ယူနေကြတာလား။
ကျိုးသားအဖ မဆိုထား၊ ဖန်းညီအစ်ကိုနှင့် ကန်းအာ့လန်ပင်လျှင် ရင်သပ်အံ့ဩမင်သက်မိလေ၏။
ထိုလူများအားလုံးသည် ဤနေရာသို့ ရောက်လာရန် အခက်အခဲများကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရသူများဖြစ်သည်။ သူတို့၏စိတ်ထဲသို့ လျင်မြန်သောအတွေးတစ်ခု ဝင်ရောက်လာသည်ကိုတော့ ဝန်မခံဘဲ မနေနိုင်ပေ။ ဘယ်လောက် အထင်ကြီးစရာကောင်းလဲ။ ဘယ်လောက် အားကျစရာကောင်းလဲ။ ဘယ်လိုတောင် ဖြစ်သင့်တာလဲ။
ရှန်းလီသည် သူတို့ကို မြင်ပြီးပြီဖြစ်၏။ သူက လေ့ကျင့်ချိန် တဝက်ကျော် လုပ်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူက လူကြီးများကို သွားနှုတ်ဆက်နေစဉ်တွင် အပြီးသတ်လှုပ်ရှားမှု တစ်ချို့ကို ဦးဆောင်ပေးရန် ရွှီဝမ်ချင်းကို ပြောလိုက်လေ၏။
"ကျိုးဦးလေး၊ ဘာလို့ ဒီကိုရောက်နေတာလဲ"
ကျိုးလိုင်ကျီက အံ့ဩမှုဖြင့် စိုက်ကြည့်နေဆဲဖြစ်သော်လည်း ကလေးအများစုသည် သူတို့ကို မှတ်မိကြ၏။ သို့သော် ထိုကဲ့သို့ အားမာန်နှင့်စိတ်ဓာတ်ဖြင့် သူတို့၏သိုင်းပညာများကို လေ့ကျင့်နေကြသည်ကို မြင်ရခြင်းက ရွာတွင်မြင်နေကျဖြစ်သော မြင်ကွင်းနှင့် လုံးဝကွဲပြားသော မြင်ကွင်းတစ်ခု ဖြစ်လေသည်။
ရှန်းလီ ချဉ်းကပ်လာသည်ကိုမြင်ပြီး သူ့မေးခွန်းကို ကြားသောကြောင့် သူတို့သည် ပြန်ပြီးအာရုံစိုက်လိုက်ကြ၏။
"ငါတို့ မင်းကို မတွေ့ရတာ ဆယ်ရက်ကျော်နေပြီ။ တစ်ကယ် စိုးရိမ်နေတာ။ အဲ့တာကြောင့် အခြေအနေ သိရအောင်လာခဲ့တာပဲ"
ရှန်းလီက ပြုံးပြီးပြန်ပြောလိုက်၏။
"ကျွန်တော်က တစ်ခြားသူတွေကို လေ့ကျင့်ပေးရင်း အလုပ်ရှုပ်နေတဲ့အချိန် သရှန်က အမဲလိုက်ဖို့နဲ့ ရှာဖွေစုဆောင်းဖို့အတွက်တစ်ဖွဲ့ကို ဦးဆောင်လိမ့်မယ်။ အဲ့တာကြောင့် ကျွန်တော်တို့က သွားဖို့ မစီစဉ်ထားဘူး"
"အော်၊ ငါ သိပြီ"
ဤရှင်းပြချက်ကြောင့် ကျိုးလိုင်ကျီနှင့် အခြားသူများက နားလည်သွားလေသည်။ သူတို့ စုဝေးဖို့ ထွက်သွားကြသောအခါ ရွာတွင် လုပ်နိုင်စွမ်းရှိသည့်လုပ်သားများ ကျန်ခဲ့ရန် လိုအပ်လေ၏။
ကျိုးလိုင်ကျီသည် ရှန်းလီ၊ ဖန်းသလန်၊ ဖန်းအာ့လန်နှင့် ကန်းအာ့လန်တို့နှင့် စကားပြောနေစဉ်တွင် သူတို့၏မျက်လုံးများသည် တုတ်ချောင်းနှင့် လေ့ကျင့်ရေးနည်းများကို လေ့ကျင့်နေကြသည့် အုပ်စုအပေါ်တွင် အကြည့်လွှဲမရပေ။ အထူးသဖြင့် လေ့ကျင့်ရေးကို ဦးဆောင်နေသော ရွှီဝမ်ချင်းကိုဖြစ်သည်။ သူ၏လှုပ်ရှားမှုမှာ မြန်လွန်းသောကြောင့် တုတ်ချောင်းသည် အရိပ်များကို ချန်ထားခဲ့ပုံပေါ်ပြီး သူ၏အားသည် မကောင်းသော ရည်ရွယ်ချက်ရှိသူတိုင်းကို ချက်ခြင်းနာကျင်စေမည်မှာ သေချာလေ၏။
အားကျမှုမှာ မြင်သာလုနီးပါးပင်။
ဘယ်သူမှ ထပ်ပြီးမပြောနိုင်ခင်တွင် ရွှီဝမ်ချင်းက နောက်ဆုံးလှုပ်ရှားမှုကို အပြီးသတ်ကာ ပြောလိုက်၏။
"ဆရာ၊ ကျွန်တော်တို့ ဒီတုတ်သိုင်းပညာတွေ အကုန်လုံးကို ပြီးသွားပြီ၊ ဆက်ပြီးလေ့ကျင့်ရအုံးမလား"
ရှန်းလီက အနောက်ကိုပြန်လှည့်ကြည့်ပြီး ပြောလိုက်၏။
"အရင် နားလိုက်ကြဦး"
ကလေးငယ်အုပ်စုသည် ပျော်ရွှင်သွားကြ၏။
စန်းလော့သည် အခြေအနေက ပျော်ရွှင်စရာကောင်းသည်ကို တွေ့လိုက်ရပြီး သူမ၏တုတ်ချောင်းရှည်ကို ကိုင်ထားရင်း ကျိုးလိုင်ကျီကို နှုတ်ဆက်ရန် လမ်းလျှောက်လာလေသည်။
ကျိုးလိုင်ကျီက သူမ၏စွမ်းဆောင်ရည်ကို လေ့လာပြီး တောင်များပေါ်တွင် အေးစက်နေသော်လည်း စန်းလော့၏ပါးပြင်မှာ နီးမြန်းနေပြီး နှာတံပေါ်တွင် ချွေးတောက်တောက် ထွက်နေသည်ကို သတိပြုမိလေ၏။ သူက ချီးကျူးလိုက်လေသည်။
"အားလီရဲ့မိန်းမမှာ အထင်ကြီးစရာ အရည်အချင်းတွေရှိတာပဲ။ မင်းက လေးနဲ့မြှား နှစ်ခုစလုံးမှာ ကျွမ်းကျင်တယ်။ အခု ဒီတုတ်ကိုလဲ ကျွမ်းကျင်တာပဲ"
စန်းလော့က ပြုံးလိုက်ပြီး မွေးရာပါ အရည်အချင်းရှိသော အရာများကို ဝန်ခံလိုက်လေသည်။ သူမ၏ကျွမ်းကျင်သော လှုပ်ရှားမှုများသည် သူမနှင့် ရှန်းနဉ်တို့ကို ရှန်းလီက ညတိုင်း တစ်နာရီခွဲကြာ ဂူဝင်ပေါက်တွင် တိတ်တဆိတ် လေ့ကျင့်ပေးထားခြင်း၏ ရလဒ်ဖြစ်လေ၏။ သူမက ပြောလိုက်လေသည်။
"ဦးလေးရဲ့ချီးကျူးစကားတွေက များလွန်းပါတယ်။ ကျွန်မ ဆက်ပြီး ခရီးရှည်ကြီးသွားဖို့ လိုပါသေးတယ်။ ကျွန်မရဲ့ အရည်အချင်းတွေက သာမန်ကာလျှံကာလောက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် သေချာမခုခံနိုင်ခင်အထိ ပိုပြီးလေ့ကျင့်ဖို့ လိုသေးတယ်"
ဖန်းသလန်နှင့် အခြားသူများကို နာမည်တပ်ခေါ်ရင်း သူမက ဆက်ပြောလိုက်၏။
"ရှင်တို့ထဲက ရွာမှာနေတဲ့သူတွေကလဲ အချိန်ရရင် စပြီးလေ့ကျင့်ထားသင့်တယ်။ အတွင်းစည်းထဲက အေးချမ်းမှုက အမြဲကြာရှည်ခံမှာ မဟုတ်ဘူး။ သူစိမ်းတွေ စပြီးဝင်လာတာနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်"
ဖန်းသလန်က တုံ့ပြန်လိုက်၏။
"တကယ်တော့ အိမ်ထောင်စုတိုင်းက မြှားပစ်တာကို လေ့ကျင့်နေကြပေမယ့် အများစုကတော့ ၁၄နှစ်၊ ၁၅နှစ်အရွယ် ကောင်လေးတွေနဲ့ လူငယ်လေးတွေပါပဲ"
အမျိုးသမီးများနှင့် ကလေးများသည် ဤလေ့ကျင်းရေးများတွင် မပါဝင်ကြပေ။ မရည်ရွယ်ဘဲ သူတို့ကို ကာကွယ်ရမည့်သူများဟု မှတ်ယူထားကြ၏။ အခု ရှန်းလီရဲ့အုပ်စုကို ကြည့်လိုက်တော့ အငယ်ဆုံးသင်တန်းသားလေးက ဆယ်နှစ်အရွယ်ပဲ ရှိသေးတာလား။
ကျိုးလိုင်ကျီက ကိုးနှစ်အရွယ် ရှန်းကျင့်ကိုတော့သိ၏။
စန်းလော့နှင့် အခြားသူများကို စောင့်ကြည့်ရင်း ကျိုးလိုင်ကျီသည် ရှန်းလီနှင့် သူတို့၏ပထမဆုံး အမဲလိုက်ခြင်းခရီးစဉ်ကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာလေသည်။ စန်းလော့သည် သစ်ပင်များကို လျင်မြန်စွာတက်နိုင်ပြီး ဝံပုလွေတစ်ကောင်ကို သတ်ခဲ့သူဖြစ်၏။ ယခုအခါ သူမသည် လေးပစ်လေ့ကျင့်ရုံသာမကဘဲ တုတ်ဖြင့် လေ့ကျင့်ရေးနည်းများကိုလဲ လေ့ကျင့်နေသည်။ ကျိုးလိုင်ကျီသည် အခုလောလောဆယ်တော့ တုတ်သိုင်းပညာအကြောင်း စိထဲမထားဖို့ ဆုံးဖြတ်ခဲ့ပြီး မည်သူက သင်ကြားပေးနိုင်သည်ကို မသေချာပေ။ သို့သော် အနည်းဆုံးတော့ သူ့သမီးနှစ်ယောက်ကို မြှားပစ်နည်းသင်ပေးရန် စိတ်ထဲတွင် မှတ်ချက်တစ်ခုချလိုက်လေသည်။
ဖန်းသလန်၏ စကားများကိုကြားတော့ စန်းလော့က မှတ်ချက်ပေးလိုက်၏။
"လေးပစ်တာက အဝေးကနေဆိုရင် အသုံးဝင်ပေမယ့် တစ်ယောက်ယောက်က အရမ်းကပ်လာရင်တော့ မထိရောက်တော့ဘူး"
သူမ၏စိုးရိမ်မှုများကို နားလည်သောရှန်းလီကို တစ်ချက်ကြည့်လိုက်၏။ အပြင်ရွာမှ ရွာသူရွာသားများသည် သူတို့ရွာနှင့် နက်ရှိုင်းသော ဆက်ဆံရေးရှိကြပြီး သူသည် သဘာဝအလျောက်ပင် ထိုလူတို့၏ ကောင်းကျိုးကို လိုလားလေသည်။ ထို့ကြောင့် သူက ဖန်းသလန်နှင့် တစ်ခြားသူများအား မေးလိုက်၏။
"မင်းတို့ရော ဒီတုတ်နဲ့လေ့ကျင့်ရတဲ့နည်းကို စိတ်ဝင်စားကြလား"
ဓားသွားတစ်ခုသည် လက်နက်တစ်ခု လိုအပ်သော်လည်း တုတ်ရှည်တစ်ချောင်းကိုတော့ အနီးနားရှိတောင်များမှ အလွယ်တကူ ရနိုင်လေသည်။
ဖန်းသလန်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေ၏။
"မင်း၊ ငါတို့ကို သင်ပေးဖို့ ဆန္ဒရှိလား"
ရှန်းလီက ရယ်မောလိုက်၏။ "သေချာတာပေါ့၊ ဒါပေမယ့်..."
လျှိုမြောင်ရှိနေသောကြောင့် မကြာခဏလာရောက်သူများ အများကြီးရှိရန် မသင့်တော်ပေ။ သူသည် ခဏလောက် စဉ်းစားပြီးနောက် အကြည့်များသည် ကန်းအာ့လန်နှင့် အခြားသူများဆီသို့ ရောက်သွားတော့၏။
"မင်းတို့သုံးယောက်ကို ငါအရင်က သင်ပေးဖူးတယ်။ ဒါကြောင့် မင်းတို့သုံးယောက်ပဲ အရင်လာသင်လိုက်အုံးပေါ့။ ငါ့ဆီက အရင်သင်ပြီး မင်းတို့ တတ်သွားရင် အခြားသူတွေကို သင်ပေးလိုက်ပါ"
သူတို့သည် ထိုကဲ့သို့ ကမ်းလှမ်းမှုကို ငြင်းပယ်နိုင်စရာ နည်းလမ်းမရှိပေ။ သုံးယောက်သား ပီတိဖြစ်ကာ စိတ်အားထက်သန်စွာဖြင့် သဘောတူလိုက်ကြလေသည်။
သနျိုနှင့် အားနျိုတို့သည် အစောပိုင်းထဲက သူတို့ဦးလေးနှင့် တွေ့ပြီးပြီဖြစ်၏။ စကားပြောသံကို ကြားသောကြောင့် သနျိုက ရယ်မောရင်း ဝင်ပြောလေသည်။
"ဦးလေး၊ ဒီလိုသာဆိုရင် ဦးလေးလဲ တပည့်ဖြစ်ဖို့လိုလိမ့်မယ်။ ကျွန်တော်တို့အားလုံးက တရားဝင်ဆရာလို့ခေါ်ကြတာ"
အားနျိုသည် ကျီစယ်သည့်သဘောဖြင့် ကန်းအာ့လန်ဘက်သို့ တိုးသွားကာ ပြုံးနေလေ၏။
"ဦးလေး၊ သဘောက ကျွန်တော် ဦးလေးကို ဆရာတူအစ်ကိုလို့ ခေါ်သင့်တာပေါ့နော်"
ပြုံးရင်း ကန်းအာ့လန်သည် ရွှင်မြူးစွာဖြင့် သူ့တူ၏ခေါင်းကို ပုတ်လိုက်၏။
"မင်းဦးလေးရဲ့ စကားတွေနဲ့ အသားယူလို့ရနိုင်တယ်လို့ ထင်နေတာပေါ့လေ"
သူ့တူကို ရွှတ်နောက်နောက် ကြိမ်းမောင်းသော်လည်း ကန်းအာ့လန်သည် ရှန်းလီကို လေးလေးနက်နက် လှည့်ကြည့်လိုက်လေသည်။
"သနျိုပြောတာ မှန်တယ်။ တရားဝင်တပည့်လို ပြုမူနေထိုင်သင့်တယ်။ မနက်ဖြန်ပွဲအတွက် လိုအပ်တဲ့ လက်ဆောင်တွေကို ပြင်ဆင်လိုက်မယ်"
ဖန်းညီအစ်ကိုသည် သဘောတူ ခေါင်းညိတ်လိုက်ကြ၏။
"ငါတို့လဲ မင်းရဲ့တရားဝင်တပည့်တွေ ဖြစ်လာမှာ။ အခု စဉ်းစားကြည့်တော့ မင်းဆီကနေ အများကြီးသင်ယူခဲ့ရပေမယ့် မှန်ကန်တဲ့ကျင့်ဝတ်တွေကို မလိုက်နာဘဲ မရိုမသေ လုပ်ခဲ့မိတာပဲ"
ရှန်းလီသည် လူငယ်များ၏ ရွှတ်နောက်နောက် လုပ်ရပ်များကို အသားကျနေပြီး ဝေ့ချင်းဟယ်ကပင်လျှင် သူ့အား အပြုံးဖြင့်ရင်းနှီးစွာ ဆရာဟုခေါ်လေသည်။ ခြေလှန်းကျဲကျဲဖြင့် လျှောက်လာရင်း ရယ်မောကာ ပြန်ပြောလိုက်၏။
"ကိုယ့်တုတ်တွေ ကိုယ်ပြင်ဆင်ထားလိုက်ပါ။ နားလည်ဖို့ အရမ်းမခက်တဲ့ စစ်ဘက်ဆိုင်ရာ သိုင်းပညာတွေကို သင်ပေးမယ်။ လက်တွေ့မှာ အဓိကက - သွက်လက်မှု၊ အရှိန်၊ ခွန်အားနဲ့ ကျွမ်းကျင်မှုတစ်ချို့ပဲ။ မနက်ဖြန်တွေ့မှပဲ ပိုပြီးရှင်းပြပေးမယ်။ ပထမရက် အနည်းငယ်ကတော့ ဒီနေရာမှာ တစ်နာရီလောက် လေ့ကျင့်တာက လုံလောက်ပါတယ်။ ဒါဆို ကျန်တဲ့အချိန်မှာ ကိုယ့်ဘာသာလေ့ကျင့်လို့ရပြီ"
ဖန်းညီအစ်ကိုနှင့် ကန်းအာ့လန်တို့က စိတ်အားထက်သန်စွာ သဘောတူလိုက်၏။ ကန်းအာ့လန်သည် သူ့တူများကိုင်ထားသည့် တုတ်များကို ပြန်မပေးမီတွင် သစ်၏အရည်အသွေးကို အကဲဖြတ်လေသည်။
သူတို့သည် အစောပိုင်းက ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်ခြင်းရှိမရှိကို စစ်ေဆးရန်လာခဲ့သော်လည်း မမျှော်လင့်ဘဲ အဆုံးသတ်တွင် ဆရာတစ်ဦးကို တွေ့ရှိလေ၏။ ကြည်နူးအံ့ဩဖွယ်ကာင်းလှသည်။
အဓိက ဆွေးနွေးမှု အဆုံးသတ်သွားသည်နှင့် ဖန်းသလန်သည် သူ့ကျောတွင် ထမ်းထားသော တောင်းကိုချလိုက်ပြီး အိတ်နှစ်အိတ်ကို ထုတ်ကာ ရှန်းလီနှင့် စန်းလော့ထံသို့ ပေးလိုက်၏။
"ငါတို့တွေ သစ်ကြားသီးနဲ့ စွံပလွန်သီးတစ်ချို့ ခူးထားတယ်။ စားကြည့်လိုက်ပါဦး။ ပြီးတော့ နောက်တစ်အိတ်ကို ငါ့ညီမရယ်၊ ကလေးတွေရယ် ပြီးတော့ မင်းတို့ ယောက္ခမတွေကိုပါ အရသာမြည်းခိုင်းလိုက်ပါ"
သူသည် ဖန်းလျိုညန်နှင့် လုဘွားဘွားကို မတွေ့ရခြင်းနှင့်ပတ်သက်ပြီး မမေးမြန်းခဲ့ပေ။
ဤပစ္စည်းသည် ဖန်းမိသားစုအတွက် သီးသန့်မဟုတ်ပေ။ ကန်းအာ့လန်နှင့် ကျိုးလိုင်ကျီတို့ကပါ တစ်ချို့ကို ယူဆောင်လာလေသည်။ ဖန်းသလန်ကဲ့သို့ပင် ကန်းအာ့လန်သည် တူဖြစ်သူအား အပိုင်းတစ်ပိုင်းကို အိမ်သို့သယ်သွားရန် ပေးလိုက်ပြီး နောက်တစ်ခုကို သူ့ဆရာ၊ရှန်းလီအား ပေးလိုက်၏။
ကျိုးလိုင်ကျီတွင်လည်း အိတ်နှစ်အိတ်ရှိပြီး တစ်လုံးမှာ ရှန်းလီနှင့် စန်းလော့အတွက်ဖြစ်ပြီး နောက်တစ်လုံးမှာ ချန်းမိသားစုအတွက် ဖြစ်သည်။
စန်းလော့သည် ကျွမ်းကျင်စွာ ရက်လုပ်ထားသော ကျောပိုးအိတ်များဟု ခံစားရလေသည်။
"ဒါက အဒေါ့်လက်ရာလား၊ ကဲကဲလက်ရာလား"
ကျိုးလိုင်ကျီက ခေါင်းကုတ်ပြီး ရယ်မောလိုက်၏။
"ကဲကဲ ရက်ထားတာ"
စန်းလော့ပြုံးလိုက်ပြီး သူ၏လက်ရာကို ချီးကျူးလိုက်လေ၏။
"ဟုတ်ကဲ့၊ အဒေါ်ဖန်းညန်နဲ့ တခြားသူတွေလဲ စုဝေးနေကြတယ်။ နောက်ကျရင် သူ့ကို ပေးလိုက်ပါ့မယ်"
ပစ္စည်းများကိုယူရင်း သူမသည် ရှန်းအန်းဘက်ကိုလှည့်ကာ ထိုအရာများကို ဂူထဲသို့သွားထားပေးဖို့ ပြောလိုက်လေသည်။
သို့သော် ကျိုးလိုင်ကျီသည် မသွားသေးပေ။ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူက ပြောလိုက်၏။
"အားလီရဲ့မိန်းမရေ၊ မင်းနဲ့အားလီတို့ နှစ်ယောက်လုံး ငါနဲ့ သီးသန့်စကားလိုက်ပြောလို့ရလား"
စန်းလော့သည် အနည်းငယ် အံ့ဩသွားသော်လည်း ခေါင်းညိတ်ပြလိုက်၏။ ထုံးစံအတိုင်း ရှန်းလီလည်း လိုက်သွားလေသည်။ စိတ်ချရသော အကွာအဝေးတစ်ခုသို့ ရောက်သောအခါ ရှန်းလီက ပြောလိုက်၏။
"ကျိုးဦးလေး၊ ဘာကိစ္စရှိလို့လဲ"
ကျိုးလိုင်ကျီသည် အနည်းငယ် နေရခက်သွား၏။ စန်းလော့ဘက်ကို လှည့်တာ ပြောလိုက်လေသည်။
"သမီးအရင်က ပြောခဲ့ဖူးတဲ့ ဥအကြောင်းပါ။ အဲ့တာက အခုချိန်မှာ စိုက်ပျိုးဖို့သင့်တော်တယ်မလား"
စန်းလော့သည် ခေါင်းမညိတ်မီတွင် ခဏတာ အံ့အားသင့်သွား၏။
"ဟုတ်တယ်၊ လွန်ခဲ့တဲ့ဆယ်ရက်လောက်က တူးဖို့အဆင်သင့် ဖြစ်သင့်တာ။ ကျိုးဦးလေး၊ အခုထိ မရိတ်သိမ်းရသေးဘူးလား"
သူမ၏မေးခွန်းတွင် "ဦးလေး"ကို အသုံးပြုခြင်းသည် ကျိုးလိုင်ကျီ လိုချင်သောအဖြေကို ပေးပြီးသားဖြစ်လေသည်။ ခေါင်းကုတ်ရင်း ပြန်ဖြေလိုက်၏။
"ဒီဟာကို စားလို့ရတယ်ဆိုတာ တစ်ခြားသူတွေက သိတယ်။ သမီးက ငါတို့ကို သင်ပေးတဲ့သူပဲ။ မေးချင်တာက အဲ့တာကို တူးနေတဲ့အချိန် တစ်ခြားသူတွေကို ရှောင်ဖို့လိုလား။ သမီးလာတာကို မတွေ့လို့ ငါတို့တွေ မတူးရသေးဘူး"
တူးဖော်သည့် လုပ်ငန်းစဉ်ကို တစ်ခြားသူများအား ဖုံးကွယ်ထားရန် လွယ်ကူမည် မဟုတ်ပေ။ စန်းလော့၏ ခွင့်ပြုချက်မရှိဘဲ ကျိုးလိုင်ကျီသည် ထိုအရာများကို တူးဖော်ရန် သတ္တိမရှိချေ။
သူသည် အမှန်ပင်ရိုးသားသူဖြစ်၏။
စန်းလော့က သူတို့ကိုသင်ေပးပြီးနောက် ကျိုးမိသားစုသည် အချိန်ကျသောအခါတွင် ဥများကို သူတို့ကိုယ်တိုင် တူးဖော်မည်ဟု ယူဆခဲ့လေသည်။ ကျိုးမိသားစု၏ ဥများကိုတူးဖော်ခြင်းက အခြားရွာသား အယောက်တစ်ရာ၏ သတိထားမိမှုမှ လွတ်မြောက်မည်မဟုတ်ဘဲ မကြာမီတွင် လူတိုင်းသိကြမည်ဖြစ်၏။ ထို့ကြောင့် သူတို့ကို သင်ပေးရန် ထိုနေရာသို့ ထပ်မသွားတော့ပေ။ ဝမ်ချွင်းညန် ဆူပူမှုမဖြစ်မီက သူမနှင့်ရှန်းလီတို့သည် ပိဿာချိန်တစ်ရာနီးပါး တူးဖော်ပြီးပြီဖြစ်သည်။
ထို့နောက် လုမိသားစုအတွင်း ပဋိပက္ခများ၊ ရှန်းယင်၏ဖျားနာမှုနှင့် လေ့ကျင့်ရေးသင်တန်းများကိစ္စ ဖြစ်လာလေသည်။ သူတို့သည် အပြင်မသွားနိုင်ဘဲ စန်းလော့သည် ထိုအရာကို လုံးဝမေ့နေလေ၏။ သူမ၏စိတ်ထဲတွင် သင်ထားပြီးသောအရာကို တမင် မှတ်မိနေစရာမလိုပေ။
"ကျိုးဦးလေး၊ အဲ့တာတွေကို တူးလို့ရတယ်။ ဦးလေးတို့ရွာမှာရှိတဲ့ တစ်ခြားသူတွေကိုလဲ ဘယ်လိုတူးပြီး စိုက်ပျိုးလို့ရလဲဆိုတာကို သင်ပေးလိုက်ပါ။ ဒီနည်းနဲ့ဆိုရင် နောက်နှစ်တော့ ပြတ်လပ်မှာ မဟုတ်တော့ဘူး"
ကျိုးလိုင်ကျီ၏ အိုမင်းနေသောမျက်နှာတွင် ပြုံးလိုက်သောကြောင့် အရေးအကြောင်းများပေါ်လာပြီးနောက် စိတ်အားထက်သန်စွာဖြင့် ပြန်ပြောလိုက်လေသည်။
"ဒါပေါ့၊ ဒါပေါ့၊ အသေအချာပဲ။ ငါ ပြန်သွားပြီး သူတို့ကို ချက်ခြင်းသင်ပေးလိုက်မယ်"
စန်းလော့တွင် စိတ်ကူးတစ်ခုရှိပြီး ကျိုးလိုင်ကျီကို ပြောပြလိုက်၏။
"တကယ်တော့၊ ကျွန်မတို့ နှစ်ရွာကလွဲရင် တောင်တွေ ပတ်လည်နားမှာ ကျိုးတိုးကျဲတဲ လူအနည်းစုပဲရှိတယ်။ ကျိုးဦးလေး ဒါမှမဟုတ် ရွာထဲက တစ်ခြားသူပဲဖြစ်ဖြစ်၊ ရိုးသားပုံပေါ်တဲ့ သူတစ်ယောက်ယောက်နဲ့ တွေ့ရင် နတ်သမီးတို့ဟူး၊ ဝဥ နဲ့ ဒီမျောက်ဥကို ဘယ်လိုစားလို့ရပြီး စိုက်ပျိုးလို့ရလဲဆိုတာကို သင်ပေးလို့ရပါတယ်"
"တောတောင်တွေ ပေါတာကလွဲပြီး ကျွန်မတို့ဆီမှာ ဘာမှအများကြီးမရှိဘူး။ သေခြင်းတရားကနေ သီသီလေး လွတ်မြောက်လာတဲ့ ချီယန်စီရင်စုက လူဘယ်လောက်လောက်က ဒီတောင်တွေပေါ်မှာ ခိုလှုံဖို့ ရှာဖွေခဲ့ကြရမလဲ။ တစ်ခါတစ်လေ အစာရေစာ မပြတ်လတ်တာက မကောင်းမှုတွေ အများကြီးကို ကာကွယ်ပေးနိုင်တယ်။ ရလဒ်အနေနဲ့ လူတိုင်းက ပိုပြီး လုံခြုံလိမ့်မယ်လို့ မထင်ဘူးလား"
တစ်ကယ်တော့ မွေးရာပါကောက်ကျစ်သူများက လူနည်းစုသာ ဖြစ်လေသည်။ တစ်ယောက်ယောက်သာ တောင်တန်း၏ အရင်းအမြစ်များကို သူတို့၏အစာအိမ်ကို ဖြည့်တင်းခြင်း၊ တောင်ခြေတွင် သီးနှံစိုက်ပျိုးခြင်းအတွက် အားထားလို့ရနိုင်ပါက သာမန်လူ ဘယ်နှစ်ယောက်လောက်က လုယက်၊ မီးရှို့ဖို့ ကို ရွေးချယ်ကြမည်နည်း။
ကျိုးလိုင်ကျီက နားထောင်နေတာကို ရပ်လိုက်ပြီး သဘောတူ ခေါင်းညိတ်လိုက်၏။
"အဓိပ္ပာယ်ရှိသားပဲ။ ကောင်းပြီ၊ ငါ ပြန်သွားရင် လူတိုင်းကို အသိပေးမယ်"
အသက်ရှင်နေထိုင်ရန် အခွင့်အရေးရှိသောကြောင့် လူအများစုသည် ယုတ်မာသောစိတ်ဓာတ်ထက် လူသားဆန်မှုကိုသာ ပိုနှစ်သက်ကြသည်။ ချီယန်စီရင်စုမှာရော လူဘယ်နှစ်ယောက်လောက် ကျန်နေသေးလဲ။ သူတို့၏အသက်များကို ကယ်တင်နိုင်ရန် အစောပိုင်းထဲက တောင်များထဲတွင် ပုန်းကွယ်နေထိုင်ကြသူများအပြင် စီရင်စုမှ ထွက်ပြေးလွတ်မြောက်လာသူ အနည်းငယ်ကို နုတ်လိုက်လျှင် အသက်ရှင်နေထိုင်သူ နှစ်ထောင်ပင် ရှိနိုင်ပါ့မလား။
ရှန်းလီပင်လျှင် ထိုအရေအတွက်ကို ယုံကြည်ရန် ခက်ခဲလေသည်။
...