အခန်း (၂၁၉-၂၂၀)
Vol. 22 Ch. 219-220
အခန်း (၂၁၉) - နတ်ဆိုးမျိုးနွယ်ရဲ့ အလွန်ရဲတင်းတဲ့ သဘောတူညီချက်
လူသားမျိုးနွယ်များကဲ့သို့ပင် နတ်ဆိုးမျိုးနွယ်သည်လည်း ဤနေရာတွင် ကာကွယ်ရေးခံစစ်စည်းတစ်ခုကို အခိုင်အမာ တည်ဆောက်ထားသည်။ အတိတ်က ပိုင်ချူးရန် အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်လာပြီးနောက်ပိုင်း နတ်ဆိုးမျိုးနွယ်သည် ဤအက်ကွဲကြောင်းကို ယခင်ကထက် ပိုမိုတင်းကျပ်စွာ စောင့်ကြပ်လာ၏။
အကယ်၍ ရန်သူကို မကာကွယ်နိုင်ခဲ့လျှင်တောင်မှ အသက်ရှင်ကျန်ရစ်မည့် နတ်ဆိုးမျိုးနွယ် အနည်းငယ်ကို ချန်ထားနိုင်ခဲ့ပါက ကျန်လူများကို ခိုလှုံရာရှာဖွေရန် သတိပေးအကြောင်းကြားနိုင်မည်ဟု တွေးထားခြင်း ဖြစ်သည်။
ဂိတ်ကို စောင့်ကြပ်နေသော အောက်ခြေအဆင့် နတ်ဆိုးများရှေ့တွင် ဤနတ်ဆိုးသံတမန် ပြသနေသည့် မောက်မာကြွားဝါသော အပြုအမူကို ပိုင်ချူးရန် ကြည့်လိုက်ပြီး သူ၏ဘေးရှိ စုရှန်ရွှယ်အား တိုးညင်းစွာ ပြော၏။ "ဒီအဝင်အထွက်ပေါက်ကို အဲဒီ နတ်ဆိုးဘုရင်တွေက ထိန်းချုပ်ထားတဲ့ပုံပဲ။"
"နတ်ဆိုးမျိုးနွယ်တွေကြားမှာ အထက်နဲ့ အောက်အဆင့် သတ်မှတ်ချက်က အရမ်းကို ရှင်းလင်းပြတ်သားတယ်။ အထက်တန်းလွှာ နတ်ဆိုးတွေနဲ့ အောက်ခြေအဆင့် နတ်ဆိုးတွေကို မျိုးနွယ်နှစ်ခုလိုမျိုးကို ခွဲခြားဆက်ဆံကြတာ။ ဒီသံတမန်က အဲဒီလို မောက်မာတဲ့ အပြုအမူမျိုး ရှိနေတာက ပုံမှန်ပါပဲ။"
စုရှန်ရွှယ်က တိုးညင်းသောအသံဖြင့် ရှင်းပြလေသည်။ "ပြီးတော့ အဲဒီနတ်ဆိုးဘုရင်တွေအတွက် ဒီနေရာကို ထိန်းချုပ်ဖို့ဆိုတာက အရမ်းလွယ်ကူတယ်။ ဒီဂိတ်က နတ်ဆိုးမျိုးနွယ်စု အတွင်းရေးအတွက်တော့ ကိုင်ရခက်တဲ့ ပူလောင်နေတဲ့ အာလူးတစ်လုံးလိုပဲ။ ဒီနေရာကို ရတဲ့သူတိုင်းက စိတ်ညစ်ရမှာပဲ။ တကယ်လို့ တစ်ယောက်ယောက်က ဒီနေရာကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြပ်ပေးမယ်ဆိုရင် ဒီဂိတ်ကို ကိုင်ထားတဲ့ အင်အားစုတွေက ဘာစကားမှမပြောဘဲ ချက်ချင်း လက်လွှဲပေးလိုက်မှာ သေချာတယ်။"
"ဘာလို့လဲ။"
ပိုင်ချူးရန် နားမလည်နိုင်အောင် ဖြစ်သွား၏။
"ဒီဂိတ်က ဘယ်လောက်ပဲ ဝေးဝေး ဒါက နတ်ဆိုးမိစ္ဆာနယ်မြေနဲ့ ကျိုကျိုးဒေသဆယ်ခုကြား ဆက်သွယ်ပေးနေတဲ့ တစ်ခုတည်းသော လမ်းကြောင်းလေ။"
စုရှန်ရွှယ်က သူ့အား စကားမပြောနိုင်တော့သည့်အလား ကြည့်လာသည်။ "ရှင့်ကြောင့်လေ။"
"ဟေ့... ဒီနတ်ဆိုးတွေက ငါ့ကို ဘယ်လို အပုပ်ချရမလဲဆိုတာ သိနေကြတာပဲ။"
ပိုင်ချူးရန်က ဒေါသတကြီးဖြင့် တုန့်ပြန်၏။ "ငါက သဘောထားမတိုက်ဆိုင်တာနဲ့ သူတို့ရဲ့ မိသားစုတစ်ဆွေမျိုးလုံးကို လိုက်သတ်နေတဲ့ လူမျိုးမို့လို့လား။"
"နတ်ဆိုးမျိုးနွယ်တွေရဲ့ ရှုထောင့်ကနေကြည့်ရင်တော့ ရှင်က အဲဒီလိုလူမျိုးပဲ။"
စုရှန်ရွှယ်က တည်ငြိမ်စွာ ပြောသည်။ "ရှင်က နတ်ဆိုးမင်းသားနဲ့ ချွေ့လော့ရဲ့ အမေကို လမ်းကြုံဝင်သတ်သွားတာလေ။ အဲ့ဒါအပြင် နတ်ဆိုးဧကရာဇ်ရဲ့ အသက်စွမ်းအင်ကိုပါ အကြီးအကျယ် ထိခိုက်နစ်နာသွားစေခဲ့သေးတယ်။"
ပိုင်ချူးရန် နှာခေါင်းရှုံ့လိုက်သည်။ "တုံးအတဲ့ နတ်ဆိုးမျိုးနွယ်တွေ။ သူတို့ မာနကြီးပြီး အတိတ်ကိုစွဲလမ်းနေတာပဲ။"
စုရှန်ရွှယ်က သူ့ကို ဂရုမစိုက်တော့ဘဲ ရှေ့သို့ဆက်လျှောက်သွားရာ သူတို့နှစ်ဦးသည် အနီးနားရှိ အစောင့်များ၏ ကြောက်ရွံ့နေသော အမူအရာများကြားမှ ဂိတ်ကို ဖြတ်သန်းသွား၏။ ပိုင်ချူးရန် ဂိတ်ကို ဖြတ်ကျော်သွားချိန်တွင် ဘေး၌ ရပ်နေသော အစောင့်များမှာ ကြောက်ရွံ့တုန်ယင်နေကြသည်။
လမ်းပြပေးနေသော နတ်ဆိုးသံတမန်သည်လည်း သူ၏ ဟန်ရေးပြနေသော အနေအထားကို ချက်ချင်း ပြောင်းလဲလိုက်ပြီး လမ်းလျှောက်နေစဉ် တစ်လျှောက်လုံး အချိန်တိုင်း တုန်ယင်နေခဲ့ရာ ပါကင်ဆန်ရောဂါ နောက်ဆုံးအဆင့် ခံစားနေရသော လူနာတစ်ဦးနှင့်ပင် တူနေတော့သည်။
"ဟေး အရှေ့က မြွေကြီး။ အင်း။ ငါ မင်းကို ခေါ်နေတာ။"
ထိုမြွေကျောပြင်ကို ကြည့်ကာ ပိုင်ချူးရန် အော်လိုက်သည်။ ပိုင်ချူးရန် ရုတ်တရက် အသံထွက်လာသောကြောင့် နတ်ဆိုးသံတမန်မှာ အလွန်လန့်သွားပြီး အပေါ်သို့ပင် လွင့်ထွက်မတတ် ခုန်တက်သွား၏။ သူ အသိဝင်လာပြီးနောက်မှ ရုတ်တရက် ခေါင်းငုံ့ကာ ပြောသည်။ "ဟုတ်ကဲ့။ ဓားဘိုးဘေး ဘာများ အမိန့်ရှိလို့လဲ။"
"ကျစ်... မင်းမှာ ဆီးကျိတ် ပြဿနာများ ရှိနေတာလား။"
ပိုင်ချူးရန်က စုပ်သပ်၍ မေး၏။ "မင်း သေးပေါက်ချင်တယ်ဆိုရင်လည်း သွားပေါက်ပြီးမှ ဆက်သွားကြတာပေါ့။ ငါနဲ့ သူက မင်းကို ခဏစောင့်ပေးလို့ ရပါတယ်။ မင်း တစ်ကိုယ်လုံး တုန်ယင်နေတာကို ကြည့်ရတာ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်"
ဤနတ်ဆိုးသံတမန်သည် ဆီးသွားလိုစိတ် မရှိပေ။ မည်သို့ပင်ဆိုစေ သူသည် နတ်ဆိုးဘုရင်၏ ကိုယ်စားလှယ်ဖြစ်သောကြောင့် နတ်ဆိုးအနွယ်ဝင်များအကြားတွင် အဆင့်မြင့်နတ်ဆိုးတစ်ပါးဟု ဆိုနိုင်ပေသည်။
ထို့ကြောင့် ဆီးဝမ်းသွားလာရသည့် သဘာဝကိစ္စရပ်များမှာ သူ့အတွက် ကြာမြင့်စွာကတည်းက ပြဿနာမရှိတော့သည်မှာ အသေအချာပင်။
သို့သော်လည်း စိတ်မရှည်တော့သည့် ပိုင်ချူးရန်၏ မျက်နှာထားကို မြင်လိုက်ရသောအခါ ဒေါသထွက်၍ သူ့အား ရုတ်တရက် အသက်အန္တရာယ်ပြုလာမည်ကို စိုးရိမ်သွားမိ၏။ ထို့ကြောင့် ပိုင်ချူးရန်၏ စကားအတိုင်း ဘေးရှိ တောအုပ်ငယ်လေးထဲသို့ ဝင်ကာ ဆီးသွားချင်ယောင် ဆောင်လိုက်ရလေသည်။
တောအုပ်ထဲရောက်သောအခါ သူ ဆီးမသွားခဲ့ပေ။ ထိုအစား ရင်ဘတ်ထဲမှ စိတ်ငြိမ်ဆေးပြား တစ်ပုလင်းကို အမြန်ထုတ်ယူကာ မျိုချလိုက်ရ၏။
ဆေးပြားက ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် အေးမြသော ဆေးစွမ်းအင်များအဖြစ် အသွင်ပြောင်းသွားကာ ခြေလက်များနှင့် ခန္ဓာကိုယ်အနှံ့အပြားသို့ စိမ့်ဝင်စီးဆင်းသွား၏။
ထိုအခါမှသာ နတ်ဆိုးဘုရင်၏ သံတမန်မှာ အတော်လေး တည်ငြိမ်သွားပြီးညအနည်းဆုံးတော့ ပိုင်ချူးရန်ကို ရင်ဆိုင်ရာတွင် လေတိုက်ခံရသော သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ယင်နေတော့မည် မဟုတ်ပေ။
ညသုံးည ကြာမြင့်ပြီးနောက် အဆုံးတွင် သူသည် ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့အား တောင်ထိပ်ပေါ်ရှိ ခမ်းနားလှသော နန်းတော်တစ်ခုဆီသို့ ခေါ်ဆောင်လာနိုင်ခဲ့သည်။ ဤနန်းတော်သည် မည်သည့် နတ်ဆိုးဘုရင်၏ ပိုင်နက်ဖြစ်ကြောင်းကိုမူ ပိုင်ချူးရန် မခွဲခြားနိုင်ခဲ့ပေ။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဖြစ်ပွားခဲ့သည့် စစ်ပွဲကြီးအပြီးမှ အသစ်တဖန် တည်ဆောက်ထားဟန်ရှိ၏။
ဧည့်ခန်းမဆောင်တစ်ခု၏ အပြင်ဘက်တွင် ခြေလှမ်းရပ်တန့်လိုက်ပြီးနောက် နတ်ဆိုးသံတမန်က အရိုအသေပေးကာ ပြောလိုက်သည်။
"နတ်ဆိုးဘုရင်တွေက အထဲမှာ ရှိနေပါတယ်။ ဓားဘိုးဘေးနဲ့ သခင်မလေး ကျေးဇူးပြုပြီး ကြွပါ။"
ဘေးတစ်ဖက်တစ်ချက်စီတွင် စောင့်ကြပ်နေသော အစေခံများက ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့အတွက် တံခါးကို စိုးရိမ်တကြီး ဖွင့်ပေးကြ၏။ ထိုသူနှစ်ဦးသည် အချင်းချင်း တစ်ချက်ကြည့်လိုက်ပြီးနောက် ဧည့်ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားကြလေသည်။
အခန်း (၂၂၀) - နတ်ဆိုးမျိုးနွယ်ရဲ့ အလွန်ရဲတင်းတဲ့ သဘောတူညီချက် [၁]
ခန်းမဆောင်အတွင်း၌ မီးရောင်များ မှိန်ဖျော့နေပြီး ဤနေရာ၏ ပိုင်ရှင်သည် လင်းထိန်နေသော ပတ်ဝန်းကျင်ကို မနှစ်သက်ပုံရသည်။ ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူတို့နောက်ကွယ်ရှိ တံခါးကြီးမှာ လေးလံသော အသံကြီးဖြင့် ပိတ်ကျသွား၏။ ထိုစဉ် ခန်းမဆောင်၏ ထောင့်တစ်နေရာမှ မှိန်ဖျော့ဖျော့ အလင်းရောင် အနည်းငယ် ထွက်ပေါ်လာပြီး အတွင်းဘက် အခြေအနေကို ဝေဝါးဝါးသာ မြင်စေသည်။
"ကြိုဆိုပါတယ်။ လူသားမျိုးနွယ်ရဲ့ ဓားဘိုးဘေးနဲ့ ကျွန်တော်တို့ရဲ့ မြင့်မြတ်တဲ့ သခင်မလေး။"
ထိုအသံသည် ခန်းမဆောင်၏ အဓိကနေရာဆီမှ ထွက်ပေါ်လာခြင်းပင်။ ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့ ထိုဘက်သို့ အကြည့်ပို့လိုက်ကြ၏။ မှိန်ဖျော့နေသော အလင်းရောင်က သူတို့၏ စူးရှသော အမြင်အာရုံကို မကွယ်ဝှက်နိုင်ခဲ့ချေ။ အမှောင်ထုထဲတွင် ပိန်ချုံးသော မျက်နှာနှင့် မှုန်ကုပ်ကုပ် အသွင်အပြင်ရှိသည့် အမျိုးသားတစ်ဦး တင်ပျဉ်ခွေ ထိုင်နေသည်။ သူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပါးပြင်ထက်တွင် အနက်ရောင် အကြေးခွံများ ရှိနေသေး၏။
သူ၏ရှေ့တွင် နတ်ဆိုးမျိုးနွယ်များ၏ ရှားပါးကောင်းမွန်သော အစားအစာအချို့ တင်ထားသည့် စားပွဲငယ်တစ်ခု ရှိပြီး လက်ထဲတွင်မူ ရှေးဟောင်း ဝိုင်ခွက်တစ်ခွက်ကို ကိုင်ဆောင်ထားကာ ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့အား အဝေးမှနေ၍ အရိုအသေပေးလာသည်။
စုရှန်ရွှယ်က နှုတ်ဆိတ်နေသော်လည်း ပိုင်ချူးရန်က ပြန်လည်မေးခွန်းထုတ်၏။ "မမြင်ဖူးတဲ့ မျက်နှာပါလား။ မင်းက နတ်ဆိုးဘုရင် အသစ်လား။"
မှုန်ကုပ်နေသော အမျိုးသားက ငြင်းဆိုခြင်းမရှိ၊ ဝန်ခံခြင်းလည်းမရှိဘဲ သူ၏လက်ကို ညင်သာစွာ မြှောက်ပြလာ၏။
"အဝေးကြီးကနေ လာရတော့ ခင်ဗျားတို့နှစ်ယောက် အရမ်းပင်ပန်းနေလောက်ပြီ။ ကျေးဇူးပြုပြီး အရင်ဆုံး သုံးဆောင်ကြပါဦး။"
ရုတ်တရက် အမှောင်ထုထဲတွင် အလင်းရောင် ဖျော့ဖျော့ရှိသော စက္ကူမီးအိမ်နှစ်လုံး လင်းလက်လာခဲ့သည်။ မီးအိမ်များ၏ ဘေးတွင် နတ်ဆိုးဘုရင်၏ စားပွဲငယ်ပေါ်ရှိ ဟင်းလျာများနှင့် တစ်ထပ်တည်းတူညီသော အစားအစာများ အပြည့်တင်ထားသည့် စားပွဲငယ်နှစ်လုံးနှင့် ကြည်လင်သော အရက်များ အပြည့်ပါရှိသည့် ဝိုင်ခွက် နှစ်ခွက်တို့ ပေါ်ထွက်လာ၏။
ပိုင်ချူးရန်သည် သူ၏ခါးတွင် ချိတ်ဆွဲထားသော ကျီရှန်းကို ဖြုတ်ယူလိုက်ပြီး စုရှန်ရွှယ်နှင့်အတူ စားပွဲငယ်များ၏ နောက်ဘက်ရှိ ထိုင်ခုံအခင်းများပေါ်တွင် ဘေးချင်းယှဉ်ကာ ဝင်ထိုင်လိုက်သည်။
ထို့နောက် ပိုင်ချူးရန်သည် တူကို ကောက်ကိုင်လိုက်သော်လည်း စားပွဲမှ ဟင်းများကိုမစားဘဲ စုရှန်ရွှယ်၏ စားပွဲငယ်ဆီသို့ လှမ်းကာ သူမ ဟင်းလျာများကို တစ်ခုပြီးတစ်ခု မြည်းစမ်းကြည့်သည်။ ထို့နောက် သူမ အရက်ခွက်ကိုပါ ကောက်ကိုင်ကာ အနည်းငယ် သောက်ကြည့်လိုက်ပြီးမှ သူမအား လှည့်ပြော၏။
"စားလို့ရပြီ။ အဆိပ်မပါဘူး။"
"ဓားသခင်ကြီးက ဒီဘုရင်အပေါ် ဒီလောက်တောင် အကဲဆတ်နေတာကိုး။ တကယ်ကို စိတ်မကောင်းစရာပဲ။"
မှုန်ကုပ်နေသော အမျိုးသားက ၀င်ပြောသည်။
"ကျိုကျိုးဒေသဆယ်ခုမှာ ဒီဘုရင် လုပ်ခဲ့တဲ့ အရင်လုပ်ရပ်တွေက ရိုးသားမှုကို ပြသဖို့ မလုံလောက်သေးဘူးလား။"
"ပြောရတာက သီချင်းဆိုတာထက် ပိုလွယိတယ်နော်။ မင်းတို့ နတ်ဆိုးမျိုးနွယ်ထဲမှာ ငါ့ခေါင်းကို မလိုချင်တဲ့သူ ဘယ်သူများ ရှိလို့လဲ။"
ပိုင်ချူးရန်က လှောင်ပြုံးပြုံး၏။
"နောက်ပြီးတော့ မင်းလို အဆိပ်ပြင်းတဲ့ မြွေက ငါတို့ အခန်းထဲ ဝင်လာတာနဲ့ လေထုထဲကို အဆိပ်တွေစပြီး ဖြန့်ထုတ်နေတာပဲ။ ဒီချိုအီအီ အနံ့ကို ငါ မရဘူးလို့ တကယ် ထင်နေတာလား။"
မှုန်ကုပ်နေသော အမျိုးသားမှာ ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် အနည်းငယ် ရှက်ရွံ့သွားဟန် ပေါ်၏။
သူသည် လေကို အကြိမ်အနည်းငယ် ပြင်းပြင်းရှူသွင်းလိုက်ရာ လေထုထဲရှိ ချိုအီအီ အနံ့များမှာ ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားသည်။
"ဒါက ဒီဘုရင်ရဲ့ ကျင့်စဉ်ခန္ဓာကိုယ်ကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ ဓားဘိုးဘေး အထင်မလွဲပါနဲ့။ ဒီဘုရင်မှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး။"
မှုန်ကုပ်နေသော အမျိုးသားက ချက်ချင်း ရှင်းပြလေသည်။
ပိုင်ချူးရန်သည် နှစ်ခါမျှ လှောင်ရယ်လိုက်ပြီး သူ လုံးဝ မယုံကြည်ကြောင်း သိသာထင်ရှားလှ၏။
"အဲ့တာ ထားပါတော့၊ အခု ဒီဘုရင်က ဓားသခင်ကြီးနဲ့ မင်းသမီးလေးတို့ကို ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာပါ။ သဘောတူညီချက် မရခင်မှာ စတင်တိုက်ခိုက်တာက အရမ်းကို ဉာဏ်နည်းလွန်းရာ ကျပါတယ်။"
ခေတ္တမျှ စဉ်းစားပြီးနောက် မှုန်ကုပ်နေသော အမျိုးသားက ထပ်ပြော၏။
"ဒီထက်ပိုပြီး ပြောရရင် ဓားဘိုးဘေးရဲ့ ဂုဏ်သတင်းက နတ်ဆိုးမျိုးနွယ်တွေကြားမှာ သီဆိုချီးမွမ်းခံလာရတာ နှစ်ပေါင်း နှစ်ထောင်တောင်ရှိနေပြီ။ ဒီဘုရင်က လူသားမျိုးနွယ်ရဲ့ ဓားသခင်ကြီးကို ရင်ဆိုင်ဖို့ ဒီလိုလှည့်ကွက်အသေးအမွှားလေးတွေ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ရလောက်အောင် တုံးအမှာ မဟုတ်ပါဘူး။"
ဤသို့ ပြောလိုက်သောအခါမှ ပိုင်ချူးရန် အနည်းငယ် ယုံကြည်သွားဟန်ရှိသည်။ သူသည် ရှေ့ရှိ ဝိုင်ခွက်ကို စတင်မလိုက်ပြီး တစ်ချိန်တည်းမှာပင် မေး၏။ "ကဲ ပြောပါဦး။ အချိန်တွေ၊ အင်အားတွေ ဒီလောက် အကုန်ခံပြီး ငါတို့ဆီက ဘာများ လိုချင်နေတာလဲ။"
မှုန်ကုပ်နေသော အမျိုးသားသည် ခေတ္တမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မေးလ သည်။ "အရှင်မင်းကြီး နတ်ဆိုးဧကရာဇ်ရဲ့ လက်ရှိအခြေအနေကို ခင်ဗျားတို့ နှစ်ယောက် သိပါလား။"
"မသိဘူး။"
ပိုင်ချူးရန်သည် အမှောင်ထုထဲတွင် ထိုင်နေသော လူကို လျစ်လျူရှုထားပြီး ဝိုင်ခွက်ထဲရှိ အရက်များအားလုံးကို အလွန် ရိုင်းစိုင်းစွာ မော့သောက်လိုက်ကာ တမင်တကာပင် လေချဉ်တက်ပြသေး၏။
"သူ သေနေပြီလား ဒါမှမဟုတ် တစ်ခုခု လုပ်နေတာလား။"
"ဓားဘိုးဘေးက နတ်ဆိုးဧကရာဇ် နတ်ရွာစံသွားပြီဆိုတဲ့ သတင်းကို ကြိုသိနေပုံရတာပဲ။"
မှုန်ကုပ်နေသော အမျိုးသားက ခပ်ဟဟ ရယ်မောလိုက်ပြီး ပြောသည်။