← Chapters

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း (၂၁၇-၂၁၈)

Vol. 22 Ch. 217-218

အခန်း (၂၁၇) - ဆီးကျိတ် ပြဿနာ

ထိုအချိန်တွင် ကျားနတ်ဆိုးသည် အမှန်တကယ်ပင် ချမ်းစိမ့်စိမ့် ခံစားလိုက်ရသကဲ့သို့ ပတ်ဝန်းကျင်ကို ထပ်မံဝေ့ကြည့်ရင်း လက်မောင်းကို လက်ဖြင့် ပွတ်သပ်မိ၏။

"သူက အခုချိန်မှာ ငါတို့အနီးအနားကနေ မင်းနဲ့ငါ့ကို ရပ်ကြည့်နေချင် ကြည့်နေမှာ။ ခုနက မင်းသာ တကယ် လက်ပါလိုက်မိရင် နောက်တစ်စက္ကန့်မှာ မင်း မြေကြီးပေါ် လဲကျသွားပြီးသား ဖြစ်နေလောက်ပြီ။"

ဦးချိုနှင့်နတ်ဆိုးမှာ ထိုစကားကို ကြားသောအခါ တစ်ကိုယ်လုံး တုန်ယင်သွားပြီး လက်မောင်းများကို ဖက်ကာ တိုးညင်းစွာ ပြောသည်။

"စစ်သူကြီး။ ခင်ဗျားစကားတွေကလည်း သရဲတစ္ဆေတစ်ကောင်အကြောင်း ပြောနေသလိုပဲ။"

"သူက သရဲတစ္ဆေ မဟုတ်ဘူးလို့ မင်း ထင်နေလား။"

ကျားနတ်ဆိုးသည် ပတ်ဝန်းကျင်ကို ကြည့်ရှုရင်း တိုးညင်းသော အသံဖြင့် ထပ်ပြောသည်။

"သူက သရဲတစ္ဆေပဲ။ သူ အသက်ရှင်နေတာ နှစ်သုံးထောင်ကျော်နေပြီလို့ ငါကြားတယ်။ ပြီးတော့ သူက ငါတို့ နတ်ဆိုးမျိုးနွယ် တစ်ခုလုံးကို လွှမ်းမိုးခြယ်လှယ်ထားတဲ့ သရဲတစ္ဆေကြီးပဲကွ။"

နွားနတ်ဆိုးမှာ အလွန်ကြောက်ရွံ့သွားသဖြင့် မျက်နှာများပင် ဖြူရော်သွားခဲ့၏။ ဓားဘိုးဘေး၏ လက်အောက်တွင် သေဆုံးခဲ့ရသော တူညီသည့် မျိုးနွယ်စု၏ ကိုယ်ချင်းစာစိတ်ကြောင့်လားမသိ၊ ကျားနတ်ဆိုးသည် သူ့အား များစွာ အရှက်မခွဲတော့ဘဲ အကြိမ်အနည်းငယ် ဆူပူကြိမ်းမောင်းပြီးနောက် ပြန်လွှတ်ပေးလိုက်သည်။

ပိုင်ချူးရန်သည် သူ၏အကြောင်း မကောင်းပြောခဲ့သော ကျားနတ်ဆိုးဆီသို့ ဓားကို ချိန်ရွယ်လိုက်သော်လည်း ခေတ္တမျှ စဉ်းစားပြီးနောက် လက်ကို ပြန်ချလိုက်ကာ လက်ချောင်းထိပ်များမှ ဓားစွမ်းအင်များကို ပြန်လည်ရုပ်သိမ်းလေ၏။

"ဟေ့... ကလဲ့စားချေတတ်တဲ့ အဘိုးကြီးပိုင်က ဒီနေ့ တကယ်ပဲ ဘယ်သူ့ကိုမှ မရိုက်နှက်တော့ဘူးလား။"

သူ၏ခါးရှိ ကျီရှန်းက နောက်ပြောင်လာသည်။ ပိုင်ချူးရန်သည် ဦးခေါင်းခွံကို ပုတ်လိုက်ပြီး ခေါင်းခါ၏။ "ဒီနေ့ လူသတ်ဖို့ မသင့်တော်ပါဘူးလေ။"

ညမှောင်မှောင်၏ အမှောင်ထုကို အကာအကွယ်ယူလျက် သိမ်းပိုက်ခံထားရသော လူသားမြို့ရွာများတစ်ဝိုက်၌ ညတစ်ညလုံး လှည့်လည်ထောက်လှမ်းပြီးနောက်တွင်မူ ဤနတ်ဆိုးမျိုးနွယ်များသည် ရိုးသားလှကြောင်း ပိုင်ချူးရန်အတည်ပြုနိုင်သွား၏။

လူသားများအား ဖိနှိပ်အနိုင်ကျင့်ရန်မဆိုထားနှင့် ဤနတ်ဆိုးများသည် လူသားများဘက်မှ ပြဿနာလာရှာပြီး အပြစ်လာပုံချမည်ကိုပင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေကြသည့်အလား ဖြစ်နေသည်။ လမ်းမထက်တွင် လျှောက်သွားနေကြသော ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် နတ်ဆိုးအရာရှိများနှင့် စစ်သူကြီးများသည်ပင်လျှင် သာမန် လူသားအဘိုးအိုတစ်ဦးနှင့် ဆုံတွေ့သည့်အခါတိုင်း အလန့်တကြား လမ်းဖယ်ကာ ကွင်းရှောင်သွားတတ်ကြ၏။

သူ အတန်ငယ် စုံစမ်းစစ်ဆေးပြီးနောက် ဤနတ်ဆိုးတပ်ဖွဲ့များသည် ကွယ်လွန်သွားပြီဖြစ်သော နတ်ဆိုးဧကရာဇ်၏ နောက်ဆုံးအမိန့်တော်ကြောင့် လှုပ်ရှားလာခြင်းမျိုး မဟုတ်ဘဲ နတ်ဆိုးမျိုးနွယ်များအတွင်းရှိ သီးခြား အင်အားစုတစ်ခုခု၏ ကိုယ်ပိုင်အစီအမံဖြင့်သာ လှုပ်ရှားလာခြင်းဖြစ်သည်ဟု ပိုင်ချူးရန် အတည်ပြုနိုင်ခဲ့သည်။

သို့သော် အနီးအနားရှိ မြို့ရွာများအတွင်း၌ သူ ရင်းနှီးကျွမ်းဝင်ဖူးသော နတ်ဆိုးတစ်ဦးတစ်ယောက်ကိုမျှ မဆုံတွေ့ခဲ့ရသောကြောင့် ဤနတ်ဆိုးစစ်တပ်၏ နောက်ကွယ်မှ အသေးစိတ်အချက်အလက်များကိုမူ တိတိကျကျ မပြောနိုင်ခဲ့ချေ။

နတ်ဆိုးဘုရင်အဆင့်ရှိသူ တစ်ဦးတစ်ယောက်မျှ ရောက်ရှိလာခြင်း မရှိသလို ယခင်စစ်ပွဲများအတွင်းက သူ မှတ်မိနေခဲ့သော နတ်ဆိုးစစ်သူကြီး အများအပြားမှာလည်း နတ်ဆိုးမိစ္ဆာနယ်မြေသို့ ပြန်ရောက်ပြီးနောက် သက်တမ်းကုန်ဆုံးခြင်းများ၊ မတော်တဆမှုများကြောင့် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။ ယခုအခါ နတ်ဆိုးဘုရင်၏ စစ်တပ်အတွင်း၌ အထက်မှအောက်အထိ လူသစ်များဖြင့် အစားထိုးထားပြီးလေ၏။ ထို့ကြောင့် ပိုင်ချူးရန်သည် မည်သူက မည်သူဖြစ်သည်ကို ခွဲခြားသိမြင်နိုင်စွမ်း မရှိတော့ပေ။

အာရုဏ်မတက်မီ အချိန်လေးတွင် သူသည် ရှန်ဝူ ကောင်းကင်စစ်တပ်၏ ရှေ့တန်းကွပ်ကဲမှုစခန်းသို့ လျင်မြန်စွာ ပြန်လာခဲ့ပြီး ဤအကြောင်းအရာများကို ကျောက်ရွေ့ကျီအား အသေးစိတ် ပြောပြ၏။

"သူတို့ကို ကြည့်ရတာ ကျွန်တော်တို့နဲ့ လာပြီး စေ့စပ်ဆွေးနွေးချင်နေကြတဲ့ပုံပဲ။"

ကျောက်ရွေ့ကျှသည် နားထောင်ပြီးသည်နှင့် ချက်ချင်း ကောက်ချက်ချလေသည်။ "ပြီးတော့ ကျွန်တော်တို့ဆီက အကူအညီတောင်းစရာ တစ်ခုခု ရှိနိုင်တယ်။"

"ဟိုး... တပ်မှူးကျောက်ရဲ့ အမြင်က တော်တော် ထက်မြက်တာပဲ။"

ပိုင်ချူးရန်က အံ့အားသင့်စွာ ပြော၏။

"ဟာ... ဓားဘိုးဘေးရယ်။ ကျွန်တော်တို့က စစ်သားတွေပဲလေ။"

ကျောက်ရွေ့ကျီက လက်ခါပြရင်း ပြောသည်။

"အထက်ကနေ သီးသန့် ညွှန်ကြားထားတာမျိုး မရှိရင် စစ်တပ်ဆိုတာ ဘယ်နေရာမှာပဲဖြစ်ဖြစ် တိုက်ပွဲမစခင်မှာ အကြောက်တရားတော့ ရှိစမြဲပဲ။"

"အင်း။ ဒီအခြေအနေကို ဆက်သွယ်ရေးကျောက်တုံးကနေတစ်ဆင့် ကျောက်စိမ်းမျက်နှာ ဗုဒ္ဓကိုလည်း ငါ ပြောပြထားပြီးပြီ။"

ပိုင်ချူးရန်က ပြန်ပြောသည်။ "ငါ သူ့နဲ့ ဆွေးနွေးထားပြီးပြီ။"

ကျောက်ရွေ့ကျီက ထိုစကားကို ကြားသောအခါ မေး၏။ "ခေါင်းဆောင်ရဲ့ သဘောထားက ဘယ်လိုလဲ။ တိုက်မှာတဲ့လား ဆုတ်မှာလား။"

"လောလောဆယ်တော့ ဒီတိုင်းပဲ တည်တည်ငြိမ်ငြိမ် ဆက်နေလိုက်မယ်။ သူတို့ ထိန်းချုပ်ထားတဲ့ မြို့တွေက သူတို့ရဲ့ အားနည်းချက်ဖြစ်နေသလို သူတို့အတွက် အပေးအယူလုပ်စရာ အချက်တွေလည်း ဖြစ်နေတယ်။"

ပိုင်ချူးရန်က ပြောသည်။ "ငါတို့က စဉ်းစားဆင်ခြင်မှုမရှိဘဲ ဝင်တိုက်လိုက်လို့ရတယ်။ တိုက်နိုင်တယ်ဆိုပေမယ့် အဆုံးကျရင် လူတွေအများကြီး အသေအပျောက် ရှိသွားလိမ့်မယ်။ ဒီနတ်ဆိုးတစ်သိုက် ဘာအကြံအစည်တွေ ရှိနေလဲဆိုတာကို အရင်စောင့်ကြည့်ရအောင်။"

အခန်း (၂၁၈) - ဆီးကျိတ် ပြဿနာ [၁]

သူတို့ စောင့်ကြည့်ရန် ဆုံးဖြတ်ချက်ချပြီးနောက် လူသားနှင့် နတ်ဆိုး မျိုးနွယ်စုနှစ်ခုသည် ရက်အနည်းငယ်ကြာအောင် မျက်နှာချင်းဆိုင်ထားခဲ့ကြသော်လည်း မည်သည့် လက်နက်ကိုင် ပဋိပက္ခမျှ ဖြစ်ပွားခဲ့ခြင်း မရှိပေ။

ရက်အနည်းငယ် ကြာပြီးနောက် ကာမသုတြာဂိုဏ်း၏ ကိစ္စအဝဝကို တာဝန်ယူ ဖြေရှင်းပြီးစီးခဲ့သော စုရှန်ရွှယ်သည်လည်း ဤနေရာသို့ အလျင်စလို ရောက်ရှိလာခဲ့ပြီ နယ်စပ်ရှိ အခြေအနေများအား ပိုင်ချူးရန် ပြောပြသည်ကို သေချာစွာ နားထောင်ခဲ့သည်။

သူမ ရောက်ရှိလာသည့် သတင်းကို နတ်ဆိုးမျိုးနွယ်များဘက်မှလည်း သိသွားခဲ့ပုံရ၏။ မကြာမီမှာပင် နတ်ဆိုးမျိုးနွယ်များက သံတမန်တစ်ဦးကို စေလွှတ်လာခဲ့သည်။

သတင်းရရှိပြီးနောက် ကျောက်ရွေ့ကျီသည် ထိုသံတမန်အား ပိုင်ချူးရန်၊ စုရှန်ရွှယ်နှင့် ဆက်သွယ်ရေးကျောက်တုံးမှတစ်ဆင့် ချိတ်ဆက်ထားသော ကျောက်စိမ်းမျက်နှာ ဗုဒ္ဓတို့ရှိရာ ကွပ်ကဲမှုစခန်းအတွင်းသို့ ခေါ်ဆောင်သွားရန် အမိန့်ပေး၏။

ရောက်ရှိလာသော သံတမန်မှာ မြွေနတ်ဆိုးတစ်ကောင်ဖြစ်ပေသည်။ ပိုင်ချူးရန်အား မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူ၏ တစ်ကိုယ်လုံးမှာ တုန်ယင်လာခဲ့ပြီး ခြေထောက်များ အရုပ်ကြိုးပြတ်ဖြစ်ကာ မြေပြင်ပေါ်သို့ တိုက်ရိုက် ဒူးထောက်ကျသွားလေတော့၏။

"နတ်ဆိုးမျိုးနွယ်က မိတ်ဆွေ... ကျေးဇူးပြုပြီး ထပါဦး။"

ဆက်သွယ်ရေးကျောက်တုံးပေါ်တွင် ပုံရိပ်ယောင်အဖြစ် ပေါ်လာသော ကျောက်စိမ်းမျက်နှာဗုဒ္ဓက ခါးသီးစွာ ပြုံးလျက် ပြောသည်။

"ဓားဘိုးဘေးက ခင်ဗျားထင်နေသလို အကြမ်းဖက်တတ်တဲ့သူ မဟုတ်ပါဘူး။ ပြီးတော့ ခင်ဗျား ဘာကိစ္စနဲ့ လာရသလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပါ။"

"ဟုတ်ကဲ့ပါ အရှင်။"

ထိုနတ်ဆိုးမျိုးနွယ်သည် ယိမ်းယိုင်စွာဖြင့် မတ်တပ်ရပ်လိုက်သော်လည်း ခေါင်းငုံ့ထားဆဲဖြစ်ပြီး ပိုင်ချူးရန်အား လုံးဝ မျက်လုံးချင်း မဆုံရဲပေ။

"ဘုရင်ကြီးကိုယ်စား ကျွန်တော် လာခဲ့တာပါ။ ဘုရင်ကြီးက ဓားဘိုးဘေးနဲ့ မင်းသမီးလေးကို တွေ့ချင်နေပါတယ်။"

ပိုင်ချူးရန်နှင့် ဆက်သွယ်ရေးကျောက်တုံးပေါ်ရှိ ကျောက်စိမ်းမျက်နှာ ဗုဒ္ဓ၏ ပုံရိပ်ယောင်တို့သည် အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ပိုင်ချူးရန်က မေးသည်။ "မင်း ကိုယ်စားပြုတဲ့ ဘုရင်ကြီးဆိုတာ ဘယ်နတ်ဆိုးဘုရင်လဲ။"

"အများကြီးကိုပါ။"

နတ်ဆိုးသံတမန်က ခေါင်းကို ပို၍ ငုံ့ထားမိ၏။ "မြွေဘုရင်၊ မိကျောင်းဘုရင်၊ လင်းယုန်ဘုရင် နဲ့ နဂါးဘုရင်တို့ပါ။"

"အိုး... မဟာမိတ်ဖွဲ့လိုက်ကြပြီဆိုတဲ့ သဘောပေါ့။"

ပိုင်ချူးရန်က လှောင်ပြုံးပြုံးလိုက်ပြီး ခေါင်းလှည့်ကာ ကျောက်စိမ်းမျက်နှာ ဗုဒ္ဓနှင့် စုရှန်ရွှယ်တို့ဖြင့် အကြည့်ချင်းဖလှယ်မိ၏။ ထို့နောက် ပိုင်ချူးရန်က ကျောက်စိမ်းမျက်နှာဗုဒ္ဓကို ပြောသည်။ "ခေါင်းဆောင်။"

"ဓားဘိုးဘေး သွားလိုက်ပါ။ ဒီကိစ္စကို ခင်ဗျားဆီ အပ်ထားမှ ကျွန်တော် စိတ်အေးရမှာ။"

ကျောက်စိမ်းမျက်နှာ ဗုဒ္ဓက ခေါင်းညိတ်ပြ၏။ "ဂိုဏ်းချုပ်စုနဲ့ ပတ်သက်လို့ကတော့ ဒီဘုန်းကြီးလေး ဝင်စွက်ဖက်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ သွားလိုက်ပါဦးမယ်"

ခေါင်းဆောင်တစ်ဦးအနေဖြင့် ကျောက်စိမ်းမျက်နှာ ဗုဒ္ဓသည် ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့၏ ဘေးကင်းလုံခြုံရေးအတွက် လုံးဝစိုးရိမ်ပူပန်နေခြင်း မရှိပေ။

သူတို့ဘက်မှ ထိပ်တန်း ခေါင်းဆောင်များကို ရန်သူ့စခန်းအတွင်းသို့ စေလွှတ်ရခြင်းမှာ ပုံမှန်အားဖြင့် အမှန်အန္တရာယ်များလှသော်လည်း နျူကလီးယားဗုံး တစ်လုံးကိုသာ ရန်သူ့စခန်းထဲသို့ ပစ်ထည့်လိုက်ရသည်ဆိုပါက သဘောတရားမှာ လုံးဝ ကွဲပြားသွားပြီဖြစ်မည်။ အန္တရာယ်ကို ထိတ်လန့်တကြား ခံစားရမည့်သူမှာ ရန်သူများသာ ဖြစ်သည်။

"ကျွန်မလည်း လိုက်ခဲ့မယ်။"

စုရှန်ရွှယ်က မတ်တပ်ရပ်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ပြတ်သားစွာ ပြော၏။

———————

ကျောက်ရွေ့ကျီ၏ တပ်ဖွဲ့ဝင်များ၏ အစောင့်အကြပ်ဖြင့် ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့သည် ဤနတ်ဆိုးသံတမန်နောက်သို့ လိုက်ပါကာ ဟင်းလင်းပြင် အက်ကွဲကြောင်းကို ဖြတ်သန်းပြီး နတ်ဆိုးမိစ္ဆာနယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ကြ၏။

လွန်စွာ ပြင်းထန်သော ဝိညာဉ်စွမ်းအင်များနှင့် ဤနေရာတွင် မှီတင်းနေထိုင်ကြသော နတ်ဆိုးများမှလွဲ၍ နတ်ဆိုးမိစ္ဆာနယ်မြေနှင့် ကျိုကျိုးဒေသဆယ်ခုတို့၏ ပတ်ဝန်းကျင်အကြားတွင် သိသာထင်ရှားသော ကွာခြားချက် မရှိလှပေ။ အနည်းဆုံးတော့ ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့အား ဂြိုဟ်သားကမ္ဘာတစ်ခုသို့ ရောက်ရှိလာသကဲ့သို့ စိမ်းသက်သက် ခံစားရစေမည် မဟုတ်ပေ။

နတ်ဆိုးနယ်မြေ၏ ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ဖြစ်ပေါ်နေရခြင်း၏ အဓိကအကြောင်းရင်းမှာ ဤနေရာ၏ ဧရိယာသည် ကျိုကျိုးဒေသဆယ်ခုထက် ထက်ဝက်နီးပါး သေးငယ်နေခြင်းကြောင့်ပင်။ ထို့အပြင် ဤနေရာတွင် လူ့အသွင်မပြောင်းနိုင်သော သက်ရှိများကို နတ်ဆိုးမျိုးနွယ်များက မိမိတို့နှင့် မျိုးနွယ်တူအဖြစ် သတ်မှတ်ဆက်ဆံကြမည် မဟုတ်ပေ။

သာမန် လူသားမျိုးနွယ်များသည် အသွင်ပြောင်းနိုင်သော နတ်ဆိုးမျိုးနွယ်များထက် ယေဘုယျအားဖြင့် စွမ်းအားနိမ့်ကျနေသောကြောင့် လူတိုင်းနီးပါးက လူသားမျိုးနွယ်ကို အထင်အမြင်သေးတတ်၏။ နတ်ဆိုးမျိုးနွယ်များ၏ အသွင်ပြောင်းခြင်းသည် အခြေခံအားဖြင့် ကောင်းကင်ဘုံ၏ လမ်းညွှန်မှုကို လိုက်နာကာ နိမ့်ကျသော သက်ရှိမှ မြင့်မားသော သက်ရှိအဖြစ်သို့ ဆင့်ကဲပြောင်းလဲခြင်းပင်။ သို့သော် နတ်ဆိုးများ အသွင်ပြောင်းသည့်အချိန်တွင် ကောင်းကင်ဘုံက သူတို့ကို လူသားအသွင်ဖြစ်လာစေရန် လမ်းညွှန်ပြသနေခြင်းမှာ အလွန်ခနဲ့တဲ့တဲ့နိုင်လှသည်ဟု ဆိုရမည်။

All Chapters