← Chapters

ငါက ရက်စက်တယ်လား

Vol. 28 Ch. 388

ငါက ရက်စက်တယ်လား

Vol. 28 Ch. 388

မဒမ်ကျိ၏ အမူအယာက ခက်ထန်နေသဖြင့် သူမမျက်နှာပေါ်ရှိ တက်တူးကို ပိုမိုကြောက်မက်ဖွယ် ကောင်းသွားစေသည်။ ထိုမွေးကင်းစကလေး၏ အသွင်အပြင်နှင့် ၎င်းမျက်လုံးများအတွင်းရှိ နက်မှောင်သော အကြည့်တို့ကြောင့် စုမင်အား စိုက်ကြည့်နေသော မဒမ်ကျိတွင် မျက်လုံးလေးလုံး ရှိနေသယောင် ဖြစ်သွားခဲ့သည်။

သူမသည် လက်နှစ်ဖက်ကို မြှောက်၍ လက်ချောင်းများကို ထူးဆန်းသောပုံစံဖြင့် လှုပ်ရှားလိုက်ရာ မကြာမီမှာပင် သူမအရှေ့၌ လှိုင်းတွန့်များ ထွက်ပေါ်လာခဲ့သည်။ ထို လှိုင်းတွန့်များ ပျံ့နှံ့သွားသည်နှင့် မဒမ်ကျိက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

"တစ္ဆေသန္ဓေသား မျိုးနွယ်စုသည် ရှေးယခင်တည်းကပင် သက်ရှိဝိညာဉ်များကို ယဇ်ပူဇော်ခဲ့သည်။ တစ်ဦးတည်းသော တစ္ဆေဇနီးသည် အဖြစ် ကျွနု်ပ်၏ ခန္ဓာကိုယ်ကို စတေးကာ မျိုးနွယ်စု၏ မြင့်မြတ်ဝိညာဉ်ကို ဆင့်ခေါ်ပါတယ်" မဒမ်ကျိ၏ စူးစူးဝါးဝါး အသံမှာ နားမခံသာဖွယ် ဖြစ်နေပြီး ပတ်ဝန်းကျင်တစ်ခွင် ပဲ့တင်ထပ်နေခဲ့သည်။

သူမ ထိုစကားတို့ကို ပြောလိုက်သည်နှင့် စုမင်မျက်လုံးတို့ ကျဉ်းမြောင်းသွားတော့သည်။ မဒမ်ကျိ၏ အရိုးပေါ်အရေတင် ခန္ဓာကိုယ်ပေါ်ရှိ ပိန်ကပ်နေသော ဝမ်းဗိုက်မှာ ၎င်းအတွင်းတွင် တစ်စုံတစ်ရာ ရှိနေဟန်ဖြင့် စတင်လှုပ်ရှားလာပြီး အလျင်အမြန် ဖောင်းကားလာသည်။

ထိုအခိုက်အတန့်တွင် မဒမ်ကျိ၏ပုံစံက ကိုယ်ဝန်ဆောင်တစ်ဦးအသွင် ပြောင်းလဲသွားသည်။

သူမသည် လေပမာဏများစွာကို အဆက်မပြတ် ရှူသွင်းနေပြီး ဝမ်းဗိုက်ကလည်း ပိုမိုဖောင်းကားလာကာ အဆုံးတွင် နေ့စေ့လစေ့ ကိုယ်ဝန်လွယ်ထားရပုံ ပေါ်လာခဲ့သည်။ သို့သော်လည်း သူမ၏ အခြားပိန်ခြောက်နေသော ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် ယှဉ်လိုက်သောအခါ ထိုဖောင်းကားနေသော ဝမ်းဗိုက်ကြီးက သူမပုံကို ကြောက်မက်ဖွယ် ကောင်းသွားစေသည်။

မဒမ်ကျိ၏ ဝမ်းဗိုက်ပေါ်တွင် လက်သီးဆုပ်အရွယ်အစား အလုံးများနှင့်အတူ ထောင်ထနေသော သွေးကြောများ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့အားလုံး စတင်ပေါ်ထွက်လာသည်နှင့် မဒမ်ကျိ၏ ပါးစပ်မှ စူးစူးဝါးဝါး ရယ်မောသံကြီး ထွက်ပေါ်လာသည်။ သူမသည် စုမင်ကို ရက်စက်မှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"ငါ့ ခင်ပွန်း ကျိယွင်ဟိုင်က မင်းလက်တွေနဲ့ ချိပ်ပိတ်ခံလိုက်ရပြီး ငါ့စိတ်ဝိညာဉ်ဖမ်းစားသူ ညှို့ဓာတ်က မင်းအပေါ် အသုံးမဝင်မခဲ့သလို ငါ့ကျိန်စာဟာလည်း သက်ရောက်မှု မရှိခဲ့ဘူး။ ကျိယွင်ဟိုင်နှင့် လက်ထပ်ပြီးတည်းက ငါထိခိုက်ဒဏ်ရာ မရခဲ့ဖူးဘူး။ ငါက မင်းကို မသတ်နိုင်မှတော့... ငါ့ကလေးလေး ဖြစ်တဲ့... ငါတို့ မျိုးနွယ်စုရဲ့ မြင့်မြတ်ဝိညာဉ် တစ္ဆေကလေးငယ်ကိုပဲ... သတ်ခိုင်းရတော့မှာပေါ့"

မဒမ်ကျိ၏ ဝမ်းဗိုက်မှာ ပိုမိုကြီးမားလာပြီး သူမရယ်မောသံက ထူးဆန်းလာသည်။ သူမသည် ဖောင်းကားနေသော ဝမ်းဗိုက်ပေါ်သို့ ဘယ်လက်ဖြင့်ဖိကာ ညာလက်ဖြင့် လေထဲသို့ဆွဲယူဟန် ပြုလိုက်သည်။

သူမလက်ထဲတွင် ကလေးကစားစရာ ဗုံလေးတစ်ခုပေါ်လာပြီး သူမလက်လွှတ်လိုက်သည်နှင့် ထိုဗုံက မဒမ်ကျိနံဘေးတွင် လွင့်မျောနေခဲ့သည်။

စုမင်အထက် ကောင်းကင်ယံရှိ စုပ်ဝဲကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၍ သူ့အပေါ် ကျရောက်နေသည့် ကန့်သတ်မှုမှာလည်း အလျင်အမြန် အားပျော့သွားနေ၏။

စုမင်သည် မဒမ်ကျိကို စိုက်ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ရက်စက်လိုက်တဲ့ မိန်းမ။ မင်းက ကိုယ့်ယောကျ်ားကို သတ်ရုံတင်မကဘူး။ မင်းကလေးကိုတောင် အစီအရင်တစ်ခု ဖန်တီးဖို့ အသုံးချလိုက်သေးတယ်"

"ရက်စက်တာလား" မဒမ်ကျိသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူမရယ်သံအတွင်းရှိ မုန်းတီးမှုများက အလွန်ပြင်းထန်သွားခဲ့၏။ သူမသည် စုမင်ကိုကြည့်၍ ကျယ်လောင်စွာ ပြောလာသည် "ငါက ရက်စက်တယ်တဲ့လား။ အဲဒါ မင်း တစ်ကယ်ရက်စက်တဲ့ လူတစ်ယောက်ကို မမြင်ဘူးသေးလို့ပဲ။ တစ္ဆေသန္ဓေသား မျိုးနွယ်စုက လျှို့ဝှက်ဆန်းကြယ်ပေမယ့် ငါတို့ဟာ လောကကြီးကနေ အမြဲတမ်း တသီးတခြား နေခဲ့ကြတာ။  ဒါပေမယ့် အခုတော့ တစ်ခြားမျိုးနွယ်ဝင် အားလုံး သေဆုံးသွားပြီး ငါ့မျိုးနွယ်စုမှာ ငါတစ်ယောက်ပဲ ကျန်ခဲ့တော့တယ်။ ပြီးတော့ သူတို့အားလုံးဟာလည်း အတိတ်တုန်းက ကျိယွင်ဟိုင် သူ့ကျိန်စာကို အသုံးချစမ်းသပ်ဖို့အတွက် သတ်ဖြတ်ခံခဲ့ရတာပဲ..."

"သူတို့အထဲမှာ ရှာမန်စွမ်းအား မရှိတဲ့ သက်ကြီးရွယ်အိုတွေကစလို့ မွေးကင်းစကလေးငယ်တွေ အထိ ပါခဲ့တယ်။ သက်ကြီးရွယ်အိုတွေ သူတို့ရင်ဘတ်ကို သူတို့ ကုတ်ခြစ်ပြီး သူတို့နှလုံးသားကို သူတို့ကိုယ်တိုင် ဆွဲစုတ် စားသောက်ခဲ့တာကိုများ မင်းမြင်ဖူးသလား။ အဲဒါမှ သူတို့ ခံစားနေရတဲ့ ဝေဒနာတွေ သက်သာမှာမို့လို့လေ။ မွေးကင်းစကလေးငယ်လေးတွေ နာနာကျင်ကျင် အော်ဟစ်ငိုကြွေးရင်း ပုပ်ပွသေဆုံးသွားတာကိုရော မင်းမြင်ဖူးလား"

"အသားကနေ အရိုးတွေဖောက်ထွက်နေတဲ့ မျိုးနွယ်စုထဲက ယောကျ်ားအားလုံးရဲ့ နာကျင်မှုကိုရော မင်းမြင်ဖူးလား။ မျိုးနွယ်စုထဲက အမျိုးသမီးတိုင်းဟာ သူတို့မိသားစုတွေ ဒီလို ခံစားနေရတာကို ကြည့်ရှုဖို့ အတင်းအကြပ် ဖိအားပေးခံထားရပေမယ့် သူတို့ရဲ့ တပ်မက်မှုကို ထိန်းချုပ်နိုင်စွမ်း မရှိတာကိုရော မင်းမြင်ဖူးလား။ မင်းမျိုးနွယ်ဝင်တွေကို ကြောက်မက်ဖွယ် ခံစားရအောင် လုပ်ထားတဲ့ ရန်သူအပေါ်မှာ အရူးတစ်ယောက်လို ရယ်မောရင်း မင်းခြေထောက်တွေကို ဖြန့်ကားပြီး မင်းတင်ပါးတွေကို တပ်မက်စွာ တွန်းထိုးလှုပ်ရှားနေခဲ့မိရင်ရော"

"မင်းဟာ ဒါတွေထဲက တစ်ခုကိုမှ မြင်ဖူးမှာ မဟုတ်တဲ့အတွက် မင်းမှာ ငါ့ကို ရက်စက်တယ်လို့ ပြောပိုင်ခွင့် ရှိလို့လား" မဒမ်ကျိက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ သူမမျက်နှာပေါ်တွင် ပြင်းစွာသော ပူဆွေးနာကျင်မှုနှင့် မုန်းတီးမှုများပေါ်လာခဲ့သည်။ သူမသည် ညာလက်ဖြင့် လေထဲမှ ထပ်မံဆွဲယူလိုက်ပြီး ဤတစ်ကြိမ်ပေါ်လာသည်မှာ ဗုံနံဘေးတွင် လွင့်မျောနေသည့် အရုပ် လေးတစ်လက် ဖြစ်သည်။

"ငါက ရက်စက်တယ်တဲ့လား။ ဟုတ်တာပေါ့ ငါတစ်ကယ်ကို ရက်စက်ပါတယ်။ ဒါပေမယ့် ငါ့ရက်စက်မှုတွေက ကျိယွင်ဟိုင်ကြောင့်ပဲ။ အဲဒါ အကုန်လုံး သူ့ကြောင့်ပဲ။သူက သူ့ကျိန်စာကို စမ်းသပ်နိုင်ဖို့ အတွက်နဲ့ ငါ့မျိုးနွယ်ဝင်အားလုံးကို သတ်ပစ်ခဲ့တယ်။ အဲအချိန်က ငါ့ခန္ဓာကိုယ်ကို သူ့အပေါ်မှာ တွန်းထိုးလှုပ်ရှားရင်း ငိုကြွေးနေခဲ့တာ။ ငါသူ့ကို မုန်းတယ်။ ငါ့ကိုယ်ငါလည်း မုန်းတယ်။ ကောင်းကင်ဘုံကို တောင်းဆိုခဲ့တယ်။ နတ်ဘုရားနဲ့ ဝိညာဉ်တွေ အကုန်လုံးကိုလည်း ကူညီပေးဖို့ တောင်းဆိုခဲ့တယ်။ တစ်စုံတစ်ယောက်ကသာ ငါ့ကိုကူညီသရွေ့ ငါအရာအားလုံးကို စတေးနိုင်ခဲ့တယ်..."

"ဒါပေမယ့် ဘယ်သူကမှ ငါ့ကို မကူညီခဲ့ဘူး။ နတ်ဘုရားနဲ့ ဝိညာဉ်တွေက မျက်စိစုံမှိတ်ပြီးတော့ပဲ မသိချင်ယောင်ဆောင် ထွက်သွားကြတယ်။ ကောင်းကင်မှာ တိမ်မည်းတွေပေါ်လာပြီး ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးရဲ့ သဲလွန်စတွေကို မိုးရေတွေနဲ့ ဆေးကြောပစ်ခဲ့တယ်။ အဲဒီ အိပ်မက်ဆိုးကြီး ပြီးသွားတဲ့အခါ မျိုးနွယ်စုထဲက ယောကျ်ားအားလုံး သေဆုံးသွားခဲ့ကြတယ်။ သူတို့အထဲမှာ ငါ့ခင်ပွန်း၊ ငါ့အဖေ၊ ငါ့အမေနဲ့ ငါ့ မွေးကင်းစ သမီးငယ်လေးကိုတောင် တွေ့ခဲ့ရတယ်..."

"အဲဒီလို နာကျင်မှုမျိုးကို မင်းသိလား။ ဒါပေမယ့် အိပ်မက်ဆိုးက အဲနေရာမှာတင် ပြီးမသွားခဲ့ဘူး။ ကျိယွင်ဟိုင်ဟာ မျိုးနွယ်စုထဲက အမျိုးသမီးတွေ အကုန်လုံးပေါ်မှာ အစီအရင်တစ်ခု သုံးခဲ့တာကြောင့် သူတို့အားလုံး ကိုယ်ဝန်ရှိတဲ့ အရိပ်အယောင်တွေ ပြလာခဲ့တယ်"

"သူက ငါ့မျိုးနွယ်စုကို သူ့ရဲ့ အသစ်သန့်စင်ထားတဲ့ ကျိန်စာတင် စမ်းသပ်ချင်ခဲ့တာ မဟုတ်ပဲ ငါတို့မျိုးနွယ်စုရဲ့ မြင့်မြတ်စိတ်ဝိညာဉ်ကိုပါ စိတ်ဝင်စားနေခဲ့တာပဲ။ ငါတို့ မျိုးဆက်ပေါင်းများစွာ ယဇ်ပူဇော်ခဲ့တဲ့ ငါတို့ တစ္ဆေသန္ဓေသား မျိုးနွယ်စုရဲ့ မြင့်မြတ်စိတ်ဝိညာဉ် တစ္ဆေကလေးငယ် ကိုပေါ့"

"သူက အရမ်းဆိုးယုတ်တဲ့ နည်းလမ်းတစ်ခုကို သုံးပြီး အမျိုးသမီးအားလုံးကို တစ္ဆေကလေးငယ် မွေးထုတ်ပေးဖို့ တွန်းအားပေးချင်ခဲ့တယ်။ အဲလိုမှသာ သူက သူ့ကျိန်စာကို ခံနိုင်ရည်ရှိတဲ့ တစ္ဆေကလေးငယ်ကို သုံးပြီး သူ့ကျိန်စာကို ပိုပြင်းထန်အောင် လုပ်နိုင်မှာမို့လို့လေ" မဒမ်ကျိသည် ယခင်က ဤအရာများကို မည်သူ့ကိုမှ မပြောပြဖူးပဲ သူမနှလုံးသားထဲတွင်သာ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့၏။

ယခုတော့ သူမသည် စုမင်ကို သတ်ဖြတ်ရန် ကြိုးစားရင်း ဤအခြေအနေအထိ တွန်းပို့ခံလိုက်ရချေပြီ။ ထို့ကြောင့်ပင် သူမ၏ အရူးအမူး တိုက်ပွဲအတွင်း စုမင်က သူမအား ရက်စက်သည်ဟု ပြောဆိုလိုက်ခြင်းကြောင့် နှလုံးသားထဲမှ စကားအားလုံး သွန်းလောင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

"အားလုံး သေကုန်ကြတယ်။ ငါ့အစ်မကြီး၊ ငါ့အမေ၊ မျိုးနွယ်စုထဲက ညီအစ်မတွေအားလုံး တစ္ဆေကလေးငယ်ကို ကိုယ်ဝန်မဆောင်နိုင်ခဲ့တဲ့အတွက် ကျိယွင်ဟိုင်က သူတို့ဗိုက်တွေအားလုံးကို ဖွင့်ပစ်ခဲ့လို့ သေကုန်ကြတာပဲ... ငါဘာလို့ အသက်ရှင်နေသေးတယ်လို့ နင်ထင်လဲ။ တစ္ဆေကလေးငယ်ကို အောင်အောင်မြင်မြင် ကိုယ်ဝန်ရသွားခဲ့လို့ပဲ။ တစ္ဆေကလေးငယ်ကို ကိုယ်ဝန်ဆောင်ဖို့ အချိန်အကြာကြီး လိုအပ်တာကြောင့်သာ ငါမသေခဲ့တာပဲ။ ကျိယွင်ဟိုင်က ငါ့ကို ခေါ်သွားခဲ့တယ်... တစ္ဆေကလေးငယ် မွေးဖွားလာမှာကို သူစောင့်ဆိုင်းချင်ခဲ့တယ်"

"ငါကတော့ သူ့အရုပ်လေးတစ်ရုပ် ဖြစ်လာတာပေါ့။ ငါ အရမ်း ညစ်ညမ်းနေရတဲ့ အကြောင်းအရင်းက သူငါ့ကိုယ်ထဲမှာ မျိုးစေ့ချခဲ့တဲ့ ကျိန်စာတွေဟာ အချိန်ကြာတာနဲ့အမျှ ပိုတိုးလာခဲ့လို့ပဲ။ ငါက သူ့ကျိန်စာအတွက် စံနမူနာပုံစံ ဖြစ်လာခဲ့တယ်"

"အဲဒါဆိုရင်ရော ငါက ဒီကမ္ဘာပေါ်မှာရှိတဲ့ မကောင်းဆိုးဝါးတွေထဲက တစ်ယောက်ပါလို့ ယူဆနိုင်သေးရဲ့လား။ အတိတ်တုန်းက ငါလည်း ဖြူစင်ခဲ့ဖူးပါတယ်။ ကောင်းကင်ကြီးက ထာဝရ အပြာရောင်ဖြစ်နေမယ်လို့ ယုံကြည်ခဲ့ဖူးတယ်။ တိမ်ညိုတိမ်မည်းတွေဟာ တစ်ခဏတာပဲ တာရှည်ခံလိမ့်မယ်လို့ ယုံကြည်ခဲ့ဖူးတယ်။ ဒါပေမယ့် အမှန်တရားကတော့ ကောင်းကင်က အပြာရောင်ဟာလည်း ညှင်းဆဲခြင်း ပုံစံတစ်မျိုး ဖြစ်နေခဲ့တာပဲ"

"အဲဒါကြောင့် ကျိယွင်ဟိုင် စိတ်ကျေနပ်နိုင်မယ့် အရာမှန်သမျှကို တွေးခဲ့တယ်။ ငါ့မှာ ရှိရှိသမျှ နည်းလမ်းတွေအားလုံးကို အသုံးချပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ အားနည်းချက်ကို ရှာတွေ့ခဲ့တယ်။ နှစ်ပေါင်းခြောက်ဆယ် ပြည့်လို့ တစ္ဆေကလေးငယ်ကို မွေးဖွားပြီးချိန်မှာ ငါသူ့ကို သတ်ပစ်ခဲ့တယ်။ သူ့ကို ရုပ်သေးတစ်ကောင်အဖြစ် ပြောင်းပစ်ခဲ့ပေမယ့် တန်ကြေးအနေနဲ့ ငါ့ရဲ့ တစ္ဆေကလေးငယ်က လွင့်စင်ပျောက်ကွယ်သွားခဲ့တယ်။ ငါ့ကိုယ်ထဲမှာ သူ့အရိပ်အမြွက် တစ်ခုသာ ကျန်တော့တဲ့ အတွက် သူ့ကို ငါဘယ်တော့မှ အသုံးမပြုချင်တဲ့ အစီအရင်တစ်ခု အဖြစ် ပြောင်းလဲပစ်ခဲ့ရတယ်"

"ငါ အစကတော့ ကျိယွင်ဟိုင် သေဆုံးသွားတာနဲ့ အရာအားလုံး အဆုံးသတ်သွားလိမ့်မယ်လို့ ထင်ခဲ့တာ။ ငါ လွတ်လပ်သွားပြီး ဘဝသစ် ပြန်စနိုင်လိမ့်မယ်။ ချောင်ကျတဲ့နေရာတစ်ခုမှာ အခြေချပြီး ငါ့လက်ကျန်နေ့ရက်တွေကို ရှင်သန်သွားမယ်လို့ တွေးထားခဲ့တာ..."

"ဒါပေမယ့် နင်သိလား... ငါက ဒီလို ဘဝပုံစံမျိုးနဲ့ နေသားကျနေပြီတဲ့လေ။ ငါက တပ်မက်မှု လိုအင်ဆန္ဒတွေနဲ့ အသားကျနေခဲ့ပြီ။ ငါပြောင်းလဲသွားခဲ့ပြီး... ငါက ငါမဟုတ်တော့ဘူး။ ငါဟာ ဘယ်တော့မှ အတိတ်တုန်းက ငါ ပြန်မဖြစ်နိုင်တော့ဘူး..." မဒမ်ကျိ၏ မျက်လုံးတို့မှ မျက်ရည်များ စီးကျလာသည်။ သူမသည် စုမင်ကို အောဟစ်ရင်း ညာလက်ကို မြှောက်လိုက်ရာ ဤတစ်ကြိမ်တွင်  သူမလက်ဝါးပေါ်၌ ကလေးငယ်တစ်ဦး၏ ဦးခေါင်းခွံ ပေါ်လာခဲ့သည်။

ထိုသွေးနီရောင် ဦးခေါင်းခွံသည် အရုပ် လေး၊မြား တို့နှင့်အတူ ဗုံငယ်လေး နံဘေးတွင် သွားရောက် လွင့်မျောနေ၏။

မဒမ်ကျိ၏ စကားများက စုမင်နားထဲသို့ ဝင်ရောက်လာခဲ့သည်။ သူ့ကိုယ်ပေါ်ရှိ ကန့်သတ်မှုများမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း စုမင်မျက်နှာထက်၌ ရှုပ်ထွေးသော အမူအယာတစ်ခု ရှိနေခဲ့၏။ မဒမ်ကျိ၏ အမူအယာနှင့် သူမအသံကြောင့် သူမပြောသွားသည်များက အမှန်တရားဖြစ်နိုင်ကြောင်း သူပြောနိုင်သည်။

မဒမ်ကျိ၏ အနောက်တွင် ရပ်နေသည့် အချိန်နှင့်အမျှ ပျောက်ကွယ်သွားနေသော ဖြူစင် အပြစ်ကင်းသည့် ပုံရိပ်လေးတစ်ခုကိုတောင် သူဝိုးတဝါး မြင်တွေ့လိုက်ရသလိုပင်...

"ငါ့ မျက်နှာပေါ်က ဒီအမာရွတ်ကိုလည်း ငါကိုယ်တိုင် လုပ်ခဲ့တာပဲ။ ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်တော့တဲ့ အချိန်တိုင်း အဲဒါကို စုတ်ဖြဲပြီး ငါ့မျက်နှာကို အနာမကျက်နိုင်အောင် ဖျက်ဆီးလေ့ရှိတယ်... ဒါပေမယ့် အဲဒါလည်း အသုံးမဝင်ပါဘူး... အသုံးမဝင်ဘူးတဲ့လေ... ငါ့ခန္ဓာကိုယ်ကိုတောင် ငါမထိန်းချုပ်နိုင်ဘူး... ဒါတွေအားလုံးက ကျိယွင်ဟိုင်ကြောင့်ပဲ"

မဒမ်ကျိတစ်ယောက် ရူးသွပ်သွားပုံ ပေါ်သည်။ ထိုအခိုက်အတန့်တွင် ဖောင်းကားနေသော ဝမ်းဗိုက်၊ အမုန်းတရားတို့ ပြည့်နေသော မျက်လုံးများဖြင့် သူမသည် စုမင်အား စူးစူးဝါးဝါး စိုက်ကြည့်လာ၏။

"ငါ နင့်ကို သတ်ပစ်ပြီး ငါ့ကို အသနားခံရလောက်တဲ့အထိ နင့်အသွေးအသား၊ အဆီအနှစ်တွေကို စုပ်ယူပစ်မယ်။ တစ္ဆေကလေးငယ်၊ အမေ့ ကလေးလေး မွေးဖွားလော့။ မင်းရဲ့ လမ်းကြောင်းကို ရွေးချယ်လော့။ မင်းမေမေကို ကူညီဖို့ ရွေးချယ်ရင်တော့... ဒီလူကို သတ်ပစ်လိုက်" မဒမ်ကျိ၏ စူးစူးဝါးဝါး အသံက ရုတ်ခြည်း နူးညံ့သွားခဲ့သည်။ သူမဝမ်းဗိုက်ကို ရိုက်နှက်လိုက်ပြီး မျက်နှာထက်တွင် နာကျင်မှုတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမဝမ်းဗိုက်မှ အခိုးအငွေ့များ စတင်ပျံ့နှံ့လာသည်။

ထိုအနက်ရောင် အခိုးအငွေ့များ ပေါ်လာသည်နှင့် မဒမ်ကျိ၏ ဝမ်းဗိုက်က အလျင်အမြန် စတင်ပိန်ကျသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မွေးကင်းစ ကလေးတစ်ဦး၏ ငိုကြွေးသံများ ပေါ်ထွက်လာပြီး ထိုအနက်ရောင် အငွေ့များက မဒမ်ကျိရှေ့တွင် အနက်ရောင် မွေးကင်းစကလေး တစ်ဦးအဖြစ် စုဝေးပြောင်းလဲသွားခဲ့သည်။

မွေးကင်းစကလေး၏ ဦးခေါင်းပေါ်တွင် အနက်ရောင်ဦးချို တစ်ချောင်းရှိပြီး သူ့မျက်နှာပေါ်တွင် ရွှေရောင်ပုံစံကွက်များ ရှိနေသည်။ ထို့နောက် ၎င်းသည် ပါးစပ်ဟကာ အစွယ်များကို ထုတ်ပြလိုက်ပြီး ဗုံငယ်လေး၊ လေး၊ မြားနှင့် ကလေးဦးခေါင်းခွံတို့ ရှိရာဆီ တွားသွားလေ၏။

တစ္ဆေကလေးငယ် ထွက်ပေါ်လာသည်နှင့် ကြောက်မက်ဖွယ် အေးစက်မှုတစ်ခုက ဧရိယာတစ်ခွင် လွှမ်းခြုံသွားသည်။ သို့သော် ဤတစ္ဆေကလေးငယ်မှာ မပြည့်စုံကြောင်း ထင်ရှားနေသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ အလျင်အမြန် ပျောက်ကွယ်သွားနေပြီး အေးစက်မှုကလည်း အလျင်အမြန် ပျောက်ကွယ်သွားနေသဖြင့် ပတ်ဝန်းကျင် အပူခှန်က တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာနေသည်။ မဒမ်ကျိပြောခဲ့သလိုပင် ဤတစ္ဆေကလေးငယ်မှာ အတိတ်က ပျောက်ကွယ်သွားခဲ့သော အရာ၏ ကျန်ရစ်ခဲ့သော အရိပ်တစ်ခုမျှသာ ဖြစ်သည်။

စုမင် သက်ပြင်းဖွဖွချကာ မဒမ်ကျိ၏ ဦးတည်တိုးဝင်လိုက်၏။ သူ့ညာလက်ကို မြှောက်လိုက်သည်နှင့် အလင်းဖျော့တို့ တောက်ပလာခဲ့သည်။ ထို့နောက် စုမင်ကိုယ်မှ စွမ်းအားများ ပျံ့နှံ့လာချိန်မှာပင်...

တစ္ဆေကလေးငယ်သည် ရှေ့သို့ တစ်ချက်ခုန်ကာ ကလေးဦးခေါင်းခွံ နံဘေးတွင် ပေါ်လာခဲ့ပြီး ၎င်းကို ဆွဲယူ၍ ပါးစပ်ဟကာ ကိုက်ချလိုက်သည်။ ထို့နောက် လေထဲတွင် တကျွတ်ကျွတ်ဝါးသံများ ပျံ့လွင့်လာခဲ့သည်။ ၎င်းသည် ဦးခေါင်းခွံကို ဝါးမြိုပြီးသည်နှင့် နက်မှောင်သော အလင်းတို့ တောက်ပနေသည့် မျက်လုံးများဖြင့် စုမင်ကို မော့ကြည့်ကာ ပြေးထွက်လာခဲ့သည်။

"သူ့ကို သတ်ပစ်" မဒမ်ကျိက စူးစူးဝါးဝါး အော်ဟစ်လိုက်စဉ်မှာပင် တစ္ဆေကလေးငယ်က စုမင်အနီးသို့ ရောက်ရှိသွားခဲ့ချေပြီ။

လေထဲတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး စုမင်မှာ အနောက်သို့ လွင့်စင်သွားခဲ့၏။ သူ့နှုတ်ခမ်းထောင့်မှလည်း သွေးများစီးကျလာခဲ့သည်။ တစ္ဆေကလေးငယ်သည် ကိုယ်ပျောက်နေသဖြင့် စုမင်၏ တိုက်ခိုက်မှုအားလုံးက လေကို တိုက်ခိုက်နေရသလိုသာ ခံစားနေရလေသည်။ သို့သော်လည်း ၎င်းက အကုန်မဟုတ်သေးပေ။ လေနှင့် တိုက်ခိုက်မိသည့် အားကလည်း စုမင်နားမလည်နိုင်သော နည်းလမ်းဖြင့် သူ့ကိုယ်ပေါ် ကျရောက်နေသေးသည်။

ယခုလို ထူးဆန်းသော အစီအရင်မျိုးကို သူတစ်ခါမှ မတွေ့ဖူးပေ။ နောက်သို့ ဆုတ်ခွာနေရင်းမှပင် သူ့မျက်လုံးများအတွင်း တောက်ပသော အကြည့်တစ်ခု ပေါ်လာခဲ့သည်။ မမြင်ရသော အရာများအတွက် အသေသတ်တိုက်ကွက်မျိုး သူ့မှာ မရှိသည်တော့ မဟုတ်ပေ။ သူသည် ညာလက်ကို အလျင်အမြန်မြှောက်၍ တစ္ဆေကလေးငယ်ဆီသို့ မျဉ်းတစ်ကြောင်း ဦးတည်ဆွဲသားလိုက်သည်။

မျဉ်းတစ်ကြောင်း... မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်း။

ဤအရာက စုမင်ကိုယ်တိုင် ဖန်တီးခဲ့သော ပုံစံ ဖြစ်သည်။

၎င်းက သူပိုင်ဆိုင်ထားသော နတ်ဘုရားစွမ်းရည်များထဲတွင် အသန်မာဆုံးလည်း ဖြစ်၏။ သူသည် ရိုးရေစတေးနယ်ပယ် အလယ်ဆင့်သို့ ရောက်ရှိခဲ့ချိန်မှစ၍ ယခုမှသာ သူ့ကိုယ်ထဲရှိ မာန်အရိုးလေးခုမှ စွမ်းအားများကို ပထမဆုံး အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ ထိုစုတ်ချက် ပြီးဆုံးသည်နှင့် လေထဲတွင် ရှေးကျသော အသံတစ်သံ ပျံ့လွင့်လာပြီး ၎င်းက စုမင်ပိုင်ဆိုင်သည့် ပထမဆုံး မာန်နတ်ဘုရား တေးသံပင်ဖြစ်သည်။

ပျံ့လွင့်လာသော ထိုအသံမှာ ခမ်းနားကြီးကျယ်သော ခွန်အားတို့ ပြည့်နေ၏။ စုမင် ထိုမျဉ်းကြောင်းကို ဆွဲလိုက်သည်နှင့် တစ္ဆေကလေးငယ်က စူးစူးဝါးဝါး နာကျင်စွာ အော်ဟစ်လိုက်သည်။ ၎င်းအတွက် အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင် အဆင်ပြေနိုင်သော်လည်း ယခုသူသည် အတိတ်မှသူ ကြွင်းကျန်ရစ်ခဲ့သော အရိပ်အမြွက်တစ်ခု၏ ပုံရိပ်သာ ဖြစ်နေ၏။

သူသည် အစကတည်းကပင် လုံလုံလောက်လောက်  အလျင်အမြန် ပျောက်ကွယ်နေခဲ့ပြီး ဖြစ်သည့်အပြင် ယခု သူ့ကို ပိုင်းဖြတ်နိုင်သည့် စုမင်၏ မာန်စွမ်းအားရှင် ဖျောက်ဖျက်ခြင်းနှင့် ရင်ဆိုင်လိုက်ရပြန်၏။ ထိုမျဉ်းကြောင်းက သူ့ကိုယ်ပေါ် ကျရောက်သွားခဲ့သည်။

ထိုစုတ်ချက် ထွက်ပေါ်လာသည်နှင့် စုမင် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ခံလိုက်ရလေသည်။ ပျံ့လွင့်လာသော မာန်နတ်ဘုရား တေးသံနှင့်အတူ သူ့ကိုယ်မှ ထွက်ပေါ်လာသော အားကြောင့် အဝတ်အစားများ စုတ်ပြဲသွားပြီး သူ့မာန်အမှတ်အသားက ထွက်ပေါ်လာခဲ့ချေသည်။

"နင်... နင်က မာန်စွမ်းအားရှင် တစ်ယောက်ပဲ"

သူမ၏ တစ္ဆေကလေးငယ် ရရှိလိုက်သော ဒဏ်ရာများကြောင့် မဒမ်ကျိမှာ သွေးများစွာ အန်လိုက်ရသလို သူမ မျက်နှာအမူအယာကလည်း သိသိသာသာ ပြောင်းလဲသွားတော့သည်။

***

All Chapters