← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃) မိသားစုခွဲခြင်း

လဲ့ချန်က အိမ်ပြန်ရန် လျှောက်သွားနေကြသော ချီလန်နှင့် လဲ့ချင်းတို့နောက်သို့ အလျင်အမြန် လိုက်သွားလိုက်၏။

သူ၏ အတိတ်ဘဝတွင် သူက အလွန်တရာ သောက်သုံးမကျသူတစ်ယောက် ဖြစ်ခဲ့ပေသည်၊ ယခု ဒုတိယအကြိမ် အခွင့်အရေး ရလာပြီဖြစ်ရာ သူက သေချာပေါက် ကောင်းကောင်း ပြန်လည် ပေးဆပ်ရမည် ဖြစ်၏။

သူ၏ ရင်ထဲတွင် ပြောချင်သော စကားများ ပြည့်နှက်နေသော်လည်း နှုတ်ခမ်းဖျားသို့ ရောက်လာသောအခါ မည်သို့ စတင် ပြောရမည်ကို မသိတော့ချေ။

သူက ခေါင်းကိုသာ ကုတ်၍ သူတို့နောက်မှ လိုက်သွားလိုက်သည်။

ထိုအချိန်တွင် ကျန်းကွေ့ဖန်းနှင့် စွင်းယန်မေတို့ကလည်း သူတို့၏ အသည်းကျော် ဝမ်ပင်းလေးနှင့်အတူ နောက်မှ လိုက်လာကြ၏။

သူတို့က မကျိန်ဆဲရဲသော်လည်း သူတို့၏ ပါးစပ်များက လုံးဝ ရပ်မနေချေ။

“အိုး ကောင်းကင်ကြီးရေ... ငါ ဘာအပြစ်တွေ လုပ်ခဲ့မိလို့လဲ...”

“ငါ အကောင်း လုပ်ခဲ့ပေမဲ့ အကောင်း မပြန်လာဘူး... ငါ့ရင်ကို ဓားနဲ့ ထိုးနေသလိုပဲ...”

“နောင်ကို နေ့ရက်တွေကို ဘယ်လို ဖြတ်သန်းရတော့မလဲ...”

လဲ့ချန်က သူ၏ အိမ်ရှေ့သို့ ရောက်သည်နှင့် ရပ်တန့်လိုက်၏။

“ကျန်းကွေ့ဖန်း... နင့်စကားကို ငါ သဘောတူတယ်... ခုလိုနေ့ရက်တွေက တကယ့်ကို ဆက်နေဖို့ မဖြစ်နိုင်တော့ဘူး... အဲဒီတော့ ငါတို့အိမ်ခွဲကြမယ်...”

“ညီမလေး... ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်ကို သွားခေါ်ချေ... စာချုပ် ရေးပေးပြီး သက်သေလုပ်ပေးဖို့...”

လဲ့ချင်းမှာ အံ့အားသင့်သွားသည်။

တကယ်တော့ သူမက ဤမိသားစုမှ ထွက်ခွာချင်နေသည်မှာ ကြာပြီဖြစ်၏။

သူမ၏ အစ်ကိုက ဤမျှ ပြတ်သားစွာ အဆိုပြုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိခြင်းသာ ဖြစ်သည်။

တစ်ခဏမျှ ဆွံ့အသွားပြီးနောက် သူမက အဖွဲ့ခေါင်းဆောင်ကို အမြန် သွားရှာလိုက်၏။

“ဘာ... နင်က အိမ်ခွဲချင်တယ်ပေါ့...”

ကျန်းကွေ့ဖန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ဤမိသားစုသာ ခွဲလိုက်ရပါက ဆုံးရှုံးမှုက ကြီးမားလှမည်ဖြစ်၏။

လဲ့ချန်နှင့် ချီလန်တို့က အလုပ်မှတ်နှစ်မှတ်စာဖြစ်ပြီး အရွယ်မရောက်သေးသော လဲ့ချင်းက အလုပ်မှတ် တစ်ဝက်စာ ရှိသည်။

သူတို့မရှိပါက အလုပ်မှတ်များ ပျောက်ကွယ်သွားမည်သာမက နောင်တွင် အိမ်မှုကိစ္စများကို မည်သူက လုပ်ပေးမည်နည်း။

“လဲ့ချန်... မိုက်လုံးကြီးတဲ့ကောင်... နင်က ငါ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာလား...”

“ဒီနေ့ နင့်အစ်ကိုကြီး အိမ်မှာ မရှိတာနဲ့ နင်က ပုန်ကန်ချင်နေတာပေါ့လေ...”

“သူ ပြန်လာပြီး နင့်ကို အသေမသတ်မှာ မကြောက်ဘူးလား...”

“အစ်ကိုကြီး ဟုတ်လား...”

လဲ့ချန်က လှောင်ရယ် ရယ်လိုက်၏။

“ကျန်းကွေ့ဖန်း... ငါ ရှင်းရှင်းလင်းလင်း ပြောထားတယ်နော်... လျိုတာကျူးက နင့်သားလေ... ငါနဲ့ ဘာမှမသက်ဆိုင်ဘူး...”

“သူရှိနေတော့ရော ဘာဖြစ်လဲ... ငါတို့ ခွဲသင့်သလို ခွဲမှာပဲ...”

“နင်...”

ကျန်းကွေ့ဖန်းက သူမ၏ နှုတ်ခမ်းဖျားသို့ ရောက်နေသော ဆဲရေးတိုင်းထွာမှုများကို အပြင်သို့ မထုတ်ရဲတော့ချေ။

အဘယ်ကြောင့်ဆိုသော် သူမ၏ သားဖြစ်သူက ယနေ့မြို့ပေါ်သို့ ဈေးသွားနေပြီး ပြန်မရောက်သေးသောကြောင့် ဖြစ်သည်။

လဲ့ချန်သာ အရူးထသွားပါက သူမနှင့် စွင်းယန်မေ နှစ်ယောက်တည်းဖြင့် သူ့ကို ကိုင်တွယ်နိုင်မည် မဟုတ်ပေ။

“အစ်ကို... အဖွဲ့ခေါင်းဆောင် ရောက်လာပြီ...”

ထိုအခိုက်တွင် လဲ့ချင်းက လူတစ်ယောက်ကို ခေါ်လာခဲ့၏။

အဖွဲ့ခေါင်းဆောင် လဲ့ကျီမင်မှာ အသက် လေးဆယ်ဝန်းကျင်ခန့်ရှိပြီး ယခင်က စစ်တပ်ထဲတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကာ ပွင့်လင်း၍ တရားမျှတမှု ရှိသူအဖြစ် နာမည်ကြီး၏။ ရွာထဲတွင် မည်သူကမျှ သူ့ကို မဆန့်ကျင်ရဲကြပေ။

လဲ့ချန်က ခေါင်းညိတ်၍ နှုတ်ဆက်လိုက်သည်။

“အဖွဲ့ခေါင်းဆောင်... ကျွန်တော် အိမ်ခွဲချင်လို့ပါ... ခင်ဗျားကို အလုပ်ရှုပ်သွားစေပြီ...”

“အလုပ်မရှုပ်ပါဘူး... မင်းတို့ သေချာ တိုင်ပင်ပြီးရင် ရပါပြီ...”

လဲ့ကျီမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ ရွာထဲရှိ လူတိုင်းက ကျန်းကွေ့ဖန်း၏ မိသားစုက သူတစ်ပါးအပေါ် ခေါင်းပုံဖြတ်နေကြောင်း သိထားကြပြီး သူကလည်း အိမ်ခွဲခြင်းသည် ကောင်းသော ကိစ္စဖြစ်သည်ဟု တိတ်တဆိတ် တွေးလိုက်မိသည်။

“တိုင်ပင်ရမှာလား...”

ကျန်းကွေ့ဖန်းက ချက်ချင်းပင် ဝင်ပြောလိုက်၏။

“အဖွဲ့ခေါင်းဆောင်... ကျွန်မ သဘောမတူဘူး...”

“ကျွန်မ ဒီမိသားစုမှာ ရှိနေသရွေ့ အိမ်ခွဲခွင့် မရှိဘူး...”

လဲ့ကျီမင်က မျက်မှောင်ကြုတ်လိုက်သည်။

“ကျန်းကွေ့ဖန်း... ကလေးတွေလည်း ကြီးနေပြီပဲ... အိမ်ခွဲတယ်ဆိုတာက အစောနဲ့အနှောင်းပါပဲ... ဒါ့အပြင် လဲ့ချန်ကလည်း ကိုယ်ပိုင်မိသားစု ထူထောင်ပြီးပြီလေ...”

“အိမ်ခွဲတာက သဘာဝကျပါတယ်... ခင်ဗျား တားဆီးနေလို့လည်း အသုံးဝင်မှာ မဟုတ်ဘူး...”

စွင်းယန်မေကလည်း အိမ်ခွဲခြင်းကို ကန့်ကွက်လေသည်။

သို့သော်လည်း သူမက သူမ၏ စိတ်ထဲတွင် တွက်ချက်နေ၏။

ကလေး အပါအဝင် လဲ့ချန်၏ မိသားစုဆိုသည်မှာ လူလေးယောက် ထွက်သွားခြင်း ဖြစ်သည်။

သူတို့သာ အိမ်ခွဲသွားပါက အလုပ်မှတ်များ ရတော့မည် မဟုတ်သော်လည်း ရိက္ခာ အမြောက်အမြားကို ချွေတာနိုင်မည်ဖြစ်ပြီး မိသားစု၏ ပိုင်ဆိုင်မှုများကလည်း သူတို့၏ အရာများဖြစ်လာမည်ဖြစ်ရာ သူမက ဝင်ပြောလိုက်၏။

“အိုး အမေရယ်... စကားပုံတောင် ရှိတယ်လေ... သမီးအရွယ်ရောက်ရင် သိမ်းထားလို့ မရသလို သားအရွယ်ရောက်ရင်လည်း အမေ့ဆီ ပြန်မလှည့်တော့ဘူးတဲ့... လဲ့ချန်က အိမ်ခွဲဖို့ အခိုင်အမာ ဆုံးဖြတ်ထားမှတော့ သူ လိုချင်တဲ့အတိုင်း ခွင့်ပြုပေးလိုက်ပါ...”

“လူတစ်ယောက် လျော့သွားရုံနဲ့ ကမ္ဘာကြီးက လည်ပတ်တာ ရပ်သွားမှာမှ မဟုတ်တာ...”

“လဲ့ချန်... ဒီနေရာမှာရှိပြီးသား အတိုင်းပဲ ခွဲကြရအောင်...”

“နင်ရယ် ချီလန်ရယ် နင့်ညီမရယ်နေတဲ့ အခန်းက နင်တို့အခန်းဖြစ်ပြီး ကျန်တဲ့ အခန်း သုံးခန်းက ငါတို့ဟာပဲ... အိမ်သုံးပစ္စည်းတွေ အားလုံးအပါအဝင် အခန်းတွေအတိုင်း မျဉ်းတားပြီး ခွဲကြမယ်...”

ဤစကားကို ကြားသောအခါ လဲ့ချန်က သူ၏ ရင်ထဲတွင် ချက်ချင်းပင် လှောင်ရယ် ရယ်လိုက်၏။

တကယ့်ကို ကောင်းမွန်လှသော တွက်ချက်မှုပင်။

ဤနေရာတွင် ရှိပြီးသားအတိုင်း ခွဲမည်တဲ့လား။

ဆိုလိုသည်မှာ အိမ်ထဲရှိအရာအားလုံးကို သူတို့ ယူသွားမည် ဖြစ်သည်။

လဲ့ချင်းက ပထမဆုံး ဝင်ရောက် ကန့်ကွက်လိုက်၏။

“ယောင်းမ... အဲဒီလိုခွဲလို့ ဘယ်လိုလုပ်ရမှာလဲ...”

“အိမ်မှာ စုစုပေါင်းအခန်းသုံးခန်းပဲ ရှိတာလေ... အားလုံးက အဖေ ဆောက်ခဲ့တာချည်းပဲ... ဘာပဲဖြစ်ဖြစ် ကျွန်မတို့ တစ်ဝက်တော့ ရသင့်တယ်...”

“ဒါ့အပြင် အစားအသောက်နဲ့ နေ့စဉ်သုံး ပစ္စည်းတွေ အားလုံးက နင်တို့ အခန်းတွေထဲမှာချည်းပဲ... စုဆောင်းထားတဲ့ ငွေနဲ့ ရိက္ခာ လက်မှတ်တွေ အားလုံးကိုလည်း နင်ပဲ ကိုင်ထားတာလေ... အဲဒါတွေကို နင်တို့ ယူသွားရင် ငါတို့က ဘာစားရမှာလဲ...”

လဲ့ချန်နှင့် လဲ့ချင်းတို့၏ မိခင်မှာ စောစီးစွာ ကွယ်လွန်သွားခဲ့သည်။

ထိုအချိန်က အိမ်တွင် အခန်းသုံးခန်းရှိပြီး သူတို့တစ်ယောက်စီအတွက် တစ်ခန်းနှင့် ဖခင်ဖြစ်သူ လဲ့ဟိုင်ကျုံးအတွက် တစ်ခန်း ဖြစ်သည်။

နောက်ပိုင်းတွင် မိထွေးဖြစ်သူ ကျန်းကွေ့ဖန်းက သူမ၏ သား လျိုတာကျူးနှင့်အတူ ရောက်လာသောအခါ လဲ့ချန်နှင့် သူ၏ ညီမတို့မှာ အခန်းတစ်ခန်းတည်းတွင် ပြွတ်သိပ် နေခဲ့ရ၏။

လဲ့ချန်နှင့် ချီလန်တို့ လက်ထပ်သောအခါ ညီမဖြစ်သူ လဲ့ချင်းမှာ ဘေးနားရှိ စွန့်ပစ်ထားသော နွားတင်းကုပ်သို့ မောင်းထုတ်ခံခဲ့ရပြန်သည်။

လဲ့ဟိုင်ကျုံး သေဆုံးပြီးနောက် စွင်းယန်မေက သားတစ်ယောက် မွေးဖွားလာသောအခါ ကောင်းကင်ကြီးရေ... သူတို့က လဲ့ချန်၏ မိသားစုကို လဲ့ချင်းနှင့် သွားနေရန် နွားတင်းကုပ်သို့ တိုက်ရိုက် မောင်းထုတ်ခဲ့ကြသည်။

သူတို့က ထိုအခန်းများကို သူတို့၏ အသည်းအသက် သားလေး အနာဂတ်တွင် လက်ထပ်ရန်အတွက် သိမ်းထားမည်ဟု ကြေညာခဲ့ကြ၏။

ရရှိသော အလုပ်မှတ်များနှင့် အစားအစာများ အပါအဝင် လဲ့ချန်၏ မိသားစုက အများဆုံး ရှာဖွေပေးခဲ့ခြင်း မဟုတ်ပါလော။ အားလုံးကို စွင်းယန်မေကသာ စီမံခန့်ခွဲခဲ့သည်။

“သေနာမလေး... နင့်လို အသက်ငယ်ငယ်လေးက ဘာတွေသိလို့လဲ...”

စွင်းယန်မေက မိမိကိုယ်မိမိ မှန်ကန်သည်ဟု ယူဆကာ ပြောလိုက်၏။

“အခန်းတွေကို နင့်အဖေ ဆောက်ခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ ဒီလောက် နှစ်တွေ အကြာကြီး ငါ့ရဲ့ တာကျူးကသာ ပြင်ဆင် ထိန်းသိမ်းမပေးခဲ့ရင် အစောကြီးကတည်းက ပြိုကျနေလောက်ပြီ...”

“ဒ္မိသားစုရဲ့ အစားအစာနဲ့ နေ့စဉ်သုံး ပစ္စည်းတွေထဲက ဘယ်ဟာက ငါ့တာကျူး ရှာပေးထားတာ မဟုတ်လို့လဲ... သူသာမရှိရင် နင်တို့တွေ ငတ်သေနေတာ ကြာပြီ...”

“နင် ငါတို့နဲ့အတူ စားသောက်လာခဲ့တာ နှစ်တွေ အများကြီး ရှိပြီလေ... အဲဒါတွေကို နင့်ကို စာရင်းမရှင်းတာပဲ ကျေးဇူးတင်... ငါ့ကိုများ အဲဒါတောင်း ဟိုဟာတောင်းနဲ့ အရှက်မရှိ...”

“နင်...”

လဲ့ချင်းက ငယ်ရွယ်ပြီး အရှက်အကြောက်ကြီးသူဖြစ်ရာ ဤယောင်းမဖြစ်သူ၏ အရှက်မရှိသော မျက်နှာကို ရင်းနှီးနေသည်မှာ ကြာပြီ ဖြစ်သည်။

သို့သော်လည်း သူမက မည်သည့်အခါမျှ အငြင်းပွားရာတွင် အနိုင်မရနိုင်ဘဲ သူမ၏ မျက်နှာငယ်လေးမှာ စိတ်ပျက်အားငယ်မှုကြောင့် နီရဲသွားတော့၏။

ဤအချိန်ထိ တိတ်ဆိတ်နေခဲ့သော ချီလန်ကလည်း ဒေါသထွက်လာပြီး မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

“ယောင်းမ... ဒီဆယ်လီ ရှစ်ရွာလောက်မှာ ကျွန်မတို့ မိသားစုပဲ အိမ်ခွဲတာ မဟုတ်ပါဘူး... ဒါပေမဲ့ ဘယ်သူကများ နင်တို့လိုခွဲလို့လဲ...”

“အင်း... အဲဒါတော့ ငါလည်း မတတ်နိုင်ဘူး...”

စွင်းယန်မေက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။

“အိမ်ခွဲမယ်လို့ အတင်းတောင်းဆိုတာက နင်တို့ပဲလေ... ဘယ်သူကမှ အတင်းအကျပ် ခိုင်းတာ မဟုတ်ဘူး...”

“ဟုတ်တယ်... ငါက မိထွေးဆိုပေမဲ့ နင့်အဖေနဲ့ တရားဝင် လက်ထပ်ထားတာ... အဲဒီတော့ ဘယ်လိုခွဲရမလဲဆိုတာ ငါတို့ပဲဆုံးဖြတ်မှာပဲ...”

ကျန်းကွေ့ဖန်းက ဝင်ထောက်ခံလိုက်သည်။

လဲ့ကျီမင်က တရားမျှတသော စကားအချို့ကို ပြောရန် ပါးစပ်ဟလိုက်၏။

သို့သော်လည်း မည်သို့ပင်ဆိုစေ သူတစ်ပါး၏ မိသားစုကိစ္စဖြစ်နေသဖြင့် ပြင်ပလူဖြစ်သော သူက ဝင်ရောက် စွက်ဖက်ရန် မကောင်းချေ။

မမျှော်လင့်ဘဲ လဲ့ချန်က အလွယ်တကူ သဘောတူလိုက်သည်။

“ကောင်းပြီ... ပြဿနာမရှိဘူး... အဲ့အတိုင်းပဲ ခွဲလိုက်မယ်...”

“အဖွဲ့ခေါင်းဆောင်... ကျေးဇူးပြုပြီး စာချုပ် ရေးပေးပါ...”

“အစ်ကို... ရူးနေတာလား...”

“လဲ့ချန်... ရှင် ဒါတွေ အားလုံးကို သဘောတူလိုက်ရင် ကျွန်မတို့ ဘယ်လို ဆက်နေရတော့မလဲ...”

လဲ့ချင်းနှင့် ချီလန်တို့က တစ်ပြိုင်နက်တည်း မေးလိုက်ကြ၏။

“အဲ့ဒါကိုစိတ်မပူနဲ့... ငါပြောတာသာ နားထောင်...”

လဲ့ချန်က ပြောလိုက်သည်။

သူတို့နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်လိုက်မိကြပြီး နှစ်ယောက်စလုံး၏ မျက်လုံးများထဲတွင် စိတ်ပျက်မှုများကို မြင်တွေ့နေရ၏။

ဤလူက သူ၏ အကျင့်များကို ပြင်လိုက်ပြီး သူ၏ မိသားစုကို မည်သို့ ကာကွယ်ရမည်ကို သိသွားပြီဟု သူတို့ ထင်မှတ်ထားခဲ့ကြသည်။

သို့သော်လည်း သူက အသုံးမကျသူ တစ်ယောက် ဖြစ်နေဆဲပင်ဖြစ်ကာ မိထွေး၏ မိသားစုကို အခွင့်အရေး အားလုံး အယူခံလိုက်သည်။

“လဲ့ချန်... နင် ဒီလို ပြောပြီးပြီနော်... အဖွဲ့ခေါင်းဆောင်... မြန်မြန် စာချုပ် ရေးပေးလိုက်ပါ...”

စွင်းယန်မေမှာလည်း လဲ့ချန်က ဤမျှ ပွင့်လင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သဖြင့် ချက်ချင်းပင် တက်ကြွသွား၏။

“လဲ့ချန်... မင်း ပြန်စဉ်းစားချင်သေးလား...”

လဲ့ကျီမင်က မျက်မှောင်ကြုတ်လိုက်သည်။

“ပြီးတော့ စွင်းယန်မေ... အိမ်ခွဲတယ်ဆိုတာ လူတိုင်းရဲ့ လက်မှတ်လိုအပ်တယ်... နင့်ယောက်ျား အိမ်မှာ မရှိဘူး မဟုတ်လား...”

“သူ မြို့ပေါ် ဈေးသွားတယ်လေ... ရပါတယ်... ကျွန်မက သူ့မိန်းမပဲ... သူ့ကိုယ်စား ကျွန်မ လက်မှတ် ထိုးပေးလို့ရတယ်...”

စွင်းယန်မေမှာ စိတ်မရှည်တော့ချေ။

လဲ့ချန်ကလည်း ထိုနည်းတူစွာ အချိန်ဆွဲမနေချင်တော့ပေ။

“အဖွဲ့ခေါင်းဆောင်... ကျွန်တော် အားလုံး စဉ်းစားပြီးပါပြီ... စာချုပ်သာ ရေးပေးလိုက်ပါ...”

လဲ့ကျီမင် သက်ပြင်းချလိုက်ပြီး ဘောပင်နှင့် စက္ကူကို ထုတ်ကာ စာချုပ် ရေးပေးလိုက်၏။

နှစ်ဖက်စလုံးက လက်မှတ် ရေးထိုးလိုက်ကြပြီး မိသားစု ခွဲခြင်း ပြီးမြောက်သွားသည်။

“ဟားဟား... ခွဲတာ ကောင်းတယ်... အခုကစပြီး ကိုယ့်ဘဝနဲ့ ကိုယ် နေကြတာပေါ့...”

စွင်းယန်မေ၏ မျက်နှာက ပြုံးရယ်နေမှုကြောင့် ပြဲထွက်တော့မတတ် ဖြစ်နေ၏။

ကျန်းကွေ့ဖန်းမှာလည်း သဘာဝကျစွာပင် ကျေနပ်နေသည်။ မည်သို့ပင်ဆိုစေ သူတို့က ကြီးမားသော အခွင့်အရေးကို ရရှိခဲ့သည် မဟုတ်ပါလော။

“လဲ့ချန်... နောက်ပိုင်း နင် အစားအစာရှာမရလို့ ငတ်သေရင်တောင် ငါ့ဆီ လာမတောင်းရမ်းနဲ့နော်...”

“စိတ်မပူပါနဲ့... ငါ ငတ်သေရင်တောင် နင့်ဆီ လာမတောင်းဘူး... ပြောင်းပြန်အနေနဲ့ နင်တို့သာ ငါနဲ့ ငါ့မိသားစု အနားကနေ ဝေးဝေးနေစမ်းပါ...”

လဲ့ချန်က ပြန်ပက်လိုက်သည်။

အခန်း (၄) ရေခဲပြင် ငါးဖမ်းခြင်း

ချီလန်က ဒေါသတကြီးဖြင့် အိမ်ထဲသို့ လှည့်ဝင်သွား၏။

အကြောင်းမူကား ကလေးမှာ ဆာလောင်နေသောကြောင့် ဖြစ်သည်။

သူမက အချိန်ကြာမြင့်စွာ အတင်း ညှစ်ထုတ်နေသော်လည်း နို့ထွက်မလာချေ။

“ငါ့ရဲ့ အသုံးမကျတဲ့ခန္ဓာကိုယ်... ဘာလို့ နို့ထွက်မလာရတာလဲ...”

“ယောင်းအက... မီးတွင်းတောင်မနေရတဲ့အပြင် ပုံမှန်ဆို ကောင်းကောင်းမွန်မွန် အာဟာရပြည့်တာတောင် မစားရတာ... နို့ထွက်လာရင်ပဲ ထူးဆန်းနေဦးမယ်...”

လဲ့ချင်းက သူမ၏ တူမလေးကို သနားသွားကာ အံကြိတ်၍ ပြောလိုက်သည်။

“မဖြစ်ဘူး... မီးဖိုချောင်ထဲက ကောက်နှံကြမ်း နည်းနည်းလောက် ခိုးယူပြီး ရှောင်ရှောင်အတွက် ကောက်နှံစွပ်ပြုတ်လေး သွားပြုတ်ပေးမယ်...”

“မသွားပါနဲ့... ငါတို့ အခုလေးတင် အိမ်ခွဲထားတာလေ... သူတို့ သေချာပေါက် စောင့်ကြည့်နေကြမှာ... နင် သွားယူရင် သူတို့ သေချာပေါက် ပြဿနာရှာလိမ့်မယ်...”

လဲ့ချန်က သူမကို တားလိုက်၏။

သူတို့၏ အိမ်က ဟောင်းနွမ်းနေသော နွားတင်းကုပ်ကို ပြင်ဆင်ထားခြင်း ဖြစ်သည်။

၎င်းက သူ၏ မိထွေးဖြစ်သူ၏ အိမ်နှင့် ရေမြောင်းတစ်ခုသာ ခြားလေသည်။

အိမ်မကြီးနှင့် မီးဖိုချောင်တို့မှာ ထိုဘက်ခြမ်းတွင်ရှိ၏။

ပုံမှန်အားဖြင့်လည်း မီးဖိုချောင်ထဲတွင် ကောက်နှံကြမ်း အနည်းငယ်နှင့် တောဟင်းသီးဟင်းရွက် စသည်တို့လောက်သာရှိပြီး အားလုံးကို စွင်းယန်မေက ဝှက်ထားတတ်သည်။

“အစ်ကို... ပြဿနာရှာချင်လည်း ရှာပါစေ... ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ... ဘာလို့ ဆန်စပါးအားလုံးက သူတို့နဲ့ပဲ ဆိုင်ရမှာလဲ... ငါတို့နည်းနည်း ယူတာ ဘာဖြစ်လို့လဲ...”

လဲ့ချင်းမှာ အလွန် ဒေါသထွက်နေ၏။

ချီလန်က ပို၍ပင် မခံချိမခံသာ ဖြစ်သွားသည်။

“လဲ့ချန်... ရှင် ကျွန်မတို့ကို ဂရုမစိုက်ရင် နေပါ... ဒါပေမဲ့ ကလေးကိုပါ လျစ်လျူရှုထားတော့မလို့လား...”

“ရှောင်ရှောင်က မွေးကတည်းက နို့သိပ်မသောက်ရဘူး... သူမလေးက နေ့တိုင်း ဆာလောင်ပြီး ချမ်းအေးနေတာ... ရှင် ဘယ်လို အဖေမျိုးလဲဆိုတာကို တကယ် နားမလည်နိုင်တော့ဘူး...”

“ငါတို့အစားအသောက် သွားမယူဘဲ သူမလေးကို ဒီအတိုင်း ငတ်သေခိုင်းရတော့မှာလား...”

လဲ့ချန်က အနှီးထုပ်လေးထဲမှ ပိန်လှီပြီး အားနည်းနေသော သူ၏ သမီးလေးကို ကြည့်လိုက်၏။

အသက်တစ်နှစ်ကျော်အရွယ်တွင် အခြား ကလေးများမှာ လမ်းလျှောက်နေကြပြီ ဖြစ်သည်။

သို့သော်လည်း သူ၏ သမီးလေးမှာမူ အာဟာရ ချို့တဲ့မှုကြောင့် ခြေလှမ်းအနည်းငယ်မျှ လျှောက်ရုံဖြင့် ယိမ်းယိုင်နေတတ်၏။

အလွန်နက်ရှိုင်းသော နောင်တတရားများက သူ၏ ရင်ထဲတွင် လွှမ်းမိုးသွားသည်။ သူက သူ့မျက်နှာကို အားကုန် ပွတ်သပ်လိုက်၏။

“မိန်းမ... အထင်မလွဲပါနဲ့... ငါက သူတို့ကို ဆန့်ကျင်ရမှာ ကြောက်လို့ မဟုတ်ပါဘူး... ငါတို့ အခု အိမ်ခွဲပြီးသွားပြီဆိုတော့ သူတို့နဲ့ ထပ်ပြီး အဆက်အသွယ် မလုပ်ချင်တော့လို့ပါ...”

“အရင်က ငါက လူဆိုးလူမိုက် းတစ်ယောက်လို အသုံးမကျခဲ့ဘူး...”

“ငါ အခု ကတိပေးပါတယ်... ဒီနေ့ကစပြီး မင်းနဲ့ ငါတို့ သမီးလေးကို ဘယ်တော့မှ ထပ်ပြီး ဆင်းရဲဒုက္ခ မခံစေရဘူး...”

“ပြီးတော့ ညီမလေး... နင် ငယ်ငယ်ကတည်းက အစ်ကိုတစ်ယောက်ရဲ့ တာဝန်ကို မကျေပွန်ခဲ့တာ ငါ့အမှားပါ...”

“နင်တို့အိမ်မှာ ငါ့ကို စောင့်နေကြ... ဗိုက်ဖြည့်ဖို့ တစ်ခုခု အရင်ရှာထား... ဒီည ငါတို့ မိသားစု တစ်ခုလုံး ဗိုက်ဝအောင် စားရမယ်ဆိုတာကို ငါ သေချာပေါက် အာမခံတယ်...”

ထိုသို့ ပြောပြီးနောက် သူက ပေါက်တူးတစ်လက်ကို ကောက်ကိုင်၍ ထွက်သွားလေသည်။

ချီလန်နှင့် လဲ့ချင်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အတန်ကြာမှ သတိပြန်ဝင်လာကြ၏။

“သူ ဘာသွားလုပ်မလို့လဲ...”

“ကျွန်မလည်း မသိဘူး...”

“သူ ပြောင်းလဲသွားတာ သိပ်မြန်လွန်းတယ်... တက်နေတဲ့ လူတစ်ယောက်လိုပဲ... ဒါပေမဲ့ သူ နည်းနည်း ပိုကောင်းလာတယ်လို့တော့ ခံစားရတယ်...”

“ဟီးဟီး… ယောင်းမ စကားပုံတောင် ရှိတယ်လေ... ခွေးက ချီးစားတဲ့ အကျင့်ကို ဖျောက်မရဘူးတဲ့... ငါ့အစ်ကိုရဲ့ အကျင့်စရိုက်ကလည်း အဲဒီလိုပဲ...”

“နင်က နင့်အစ်ကိုကို ခွေးတစ်ကောင်လို သဘောထားနေတာလား...”

“ဟွန့်... ခွေးကတောင် သူ့အစားအစာကို ကာကွယ်တတ်သေးတယ်... သူက ခွေးလောက်တောင် အသုံးမကျပါဘူး... ဒီည သူ ငါတို့အတွက် အသားနှစ်ကတ္တီလောက် ပြန်ယူလာနိုင်ရင်တော့ တစ်မျိုးပေါ့... အိုး... ထားပါတော့ ယောင်းမရယ်... ရွာထဲမှာ ကလေးမွေးထားတဲ့သူ ရှိမရှိ သွားကြည့်ပြီး နို့နည်းနည်းလောက် ချေးလို့ရမလား သွားမေးကြည့်မယ်... တခြားဘယ်သူတွေ ဘယ်လိုပဲနေနေ ကလေးကိုတော့ ငတ်ခံလို့ မဖြစ်ဘူးလေ...”

လဲ့ချန် အိမ်မှ ထွက်လာသည်နှင့် အေးစက်သော လေပြင်းများက သူ့ကို ရိုက်ခတ်သွားသည်။ သူက အဝတ်အစား ပါးပါးသာ ဝတ်ဆင်ထားသဖြင့် သူ၏ အရိုးများပင် အေးခဲသွားသကဲ့သို့ ခံစားလိုက်ရ၏။

သူ ရောက်ရှိနေသော နေရာမှာ အရှေ့မြောက်ပိုင်း မိုဟယ်နယ်စပ်ရှိ တောင်ပေါ်ရွာလေးတစ်ရွာ ဖြစ်သည်။ ရွာထဲသို့ စီးဆင်းလာသော မြစ်လက်တက်လေးတစ်ခုရှိသဖြင့် ထိုရွာကို မြစ်ငယ်ရွာဟုလည်း ခေါ်ကြသည်။

ယနေ့က နိုဝင်ဘာလ (၂) ရက်နေ့ဖြစ်ပြီး နှင်းထုကြီးများ အကြိမ်ကြိမ် ကျဆင်းထားခဲ့ကာ နေရာအနှံ့တွင် ရေခဲများ ဖုံးလွှမ်းနေ၏။

မြစ်ပြင်ပေါ်တွင်လည်း ကွန်ကရစ်ကဲ့သို့ အလွန် ထူထဲသော ရေခဲပြင်ကြီး ဖုံးလွှမ်းနေပြီး ဆောက်နှင့် ခွဲလျှင်ပင် ခွဲရန် ခက်ခဲလှသည်။

လဲ့ချန်၏ ပစ်မှတ်မှာ မြစ်ထဲရှိ ငါးများပင် ဖြစ်သည်။

ဤသည်က သူ့အတွက် ခက်ခဲသော ကိစ္စ မဟုတ်ပေ။

သူ၏ အတိတ်ဘဝတွင် လဲ့ချန် စစ်တပ်ထဲသို့ ဝင်ပြီးနောက် သူ၏ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများကို သက်သာစေရန်အတွက် အသက်စွန့်သူ တစ်ယောက်ကဲ့သို့ အန္တရာယ်ရှိသည့် နေရာတိုင်းသို့ သွားရောက်ခဲ့၏။

လူသူကင်းမဲ့ရာ ဒေသများ၊ တောနက်တောင်ကြီးများနှင့် မြေအောက် နက်ရှိုင်းသော နေရာများ... နေရာတိုင်းတွင် သူ၏ ခြေရာများ ရှိခဲ့သည်။

ရေတွက်၍ မရနိုင်သော သေရာပါးပါး အန္တရာယ်များကြားမှ သူက စွမ်းရည် တစ်စုကိုလည်း သွေးနိုင်ခဲ့သည်။

ငါးဖမ်းခြင်းက သူ့အတွက် ကလေးကစားစရာ တစ်ခုသာ ဖြစ်၏။

သူက ရေခဲပြင်ကို အတင်းအကျပ် ခွဲရန် မရွေးချယ်ဘဲ ထုံးစိမ်းကို အရင် သွားရှာလိုက်သည်။

ဆောင်းဦး ရိတ်သိမ်းချိန် အတွင်းက ရွာလမ်းများ အလွန်ဆိုးရွားနေသဖြင့် ရွာအဖွဲ့က ယာယီပြင်ဆင်ခဲ့ရာ လမ်းဘေးတွင် အကျအကြွင်း အနည်းငယ် ကျန်ရစ်နေခဲ့သည်။

လဲ့ချန်က ကျိုးပဲ့နေသော အိုးတစ်လုံးကို ကောက်ယူ၍ လမ်းတစ်လျှောက် လိုက်ကောက်ကာ လုံလောက်ပြီဟု ခံစားရသောအခါ မြစ်ဆီသို့ ထွက်လာခဲ့၏။

မြစ်ကမ်းစပ်၏ တိမ်သော အစိတ်အပိုင်းများမှာ အခဲလိုက် အေးခဲနေပြီး အလယ်သို့ ရောက်လေလေ ပါးလွှာသွားလေလေ ဖြစ်သည်။

ရေခဲပြင်တစ်လျှောက်မှ အောက်ဘက်တွင် ကူးခတ်နေသော ငါးများကိုပင် သူ မြင်နေရ၏။

သူ နေရာတစ်ခုကို ရှာတွေ့သောအခါ သူ့ပေါက်တူးဖြင့် စက်ဝိုင်းတစ်ခု ဆွဲလိုက်ပြီး ထုံးစိမ်းမှုန့်များကို ဖြူးချကာ ဘောင်းဘီဇစ်ကို ဖွင့်၍ ဆီးများများ တစ်ချက် ပေါက်ချလိုက်သည်။

“ရွှစ်…”

ထုံးစိမ်းက ဆီးနှင့် ထိတွေ့သည်နှင့် ချက်ချင်း ဓာတ်ပြုသွားကာ အပူရှိန်များနှင့် စူးရှသော အနံ့တစ်မျိုးကို ထုတ်လွှတ်လာ၏။

ဤအရာက အလွန် စားစားနိုင်စွမ်းရှိပြီး အရေပြားနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ပါက ပုပ်ပွသွားစေနိုင်သည်။

ဓာတုဓာတ်ပြုမှုအောက်တွင် ရေခဲလွှာက ချက်ချင်းပင် သိသိသာသာ အရည်ပျော်ကျသွားသည်။

၎င်းတို့ အားလုံး ကုန်ခမ်းသွားချိန်တွင်တော့ ပါးလွှာသော ရေခဲလွှာတစ်ခုသာ ကျန်ရစ်တော့၏။

လဲ့ချန်က သူ၏ ပေါက်တူးကို ဝှေ့ယမ်း၍ အားကုန် ပေါက်ချလိုက်သည်။

ဂျွတ်…။

ရေခဲလွှာက ကွဲအက်သွားပြီး အပေါက်တစ်ခု ပေါ်လာ၏။

သူ လက်နှိုက်၍ စမ်းသပ်ကြည့်လိုက်ရာ ရေအပူချိန်က လက်ခံနိုင်စွမ်းရှိပြီး သူ ယခင်က ရောက်ဖူးခဲ့သော အလွန်တရာ အေးခဲသည့် နေရာများထက် များစွာ ပိုကောင်းနေသည်။

ထို့ကြောင့် သူက စကားတစ်ခွန်းမျှ မဆိုတော့ဘဲ အပေါ်ဝတ် အင်္ကျီနှင့် ဘောင်းဘီကို ချွတ်လိုက်ကာ သွေးပူ လေ့ကျင့်ခန်း အနည်းငယ် လုပ်ပြီးနောက် ခုန်ချလိုက်တော့၏။

“ရွှီး...”

စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု ရှိထားသော်လည်း အေးခဲနေသော ရေများကြောင့် သူ၏ သွားများ ခိုက်ခိုက်တုန်သွားရသည်။

ရေမျက်နှာပြင်တွင် အတန်ကြာ အသားကျအောင် နေပြီးနောက် သူ စတင် ငုပ်လျှိုးလိုက်၏။

မြစ်ရေမှာ ကြည်လင်နေပြီး လဲ့ချန်က မြစ်ကြမ်းပြင်ရှိ ရေညှိများကို ရှင်းလင်းစွာ မြင်နေရသည်။

မကြာမီတွင်ပင် သူက ငါးကြီးနှစ်ကောင်ကို တွေ့လိုက်ရပြီး သူတို့ဆီသို့ ဖြည်းညင်းစွာ ကူးသွားလိုက်၏။

ဤရာသီတွင် သတ္တဝါတိုင်း ဆောင်းခိုကြလေသည်။

ရေအောက်တွင် ငါးများ၏ တုံ့ပြန်မှုက နှေးကွေးနေပြီး သူတို့ အပေါ်ရှိ ထူထဲသော ရေခဲပြင်ကြီးက သူတို့ကို သဘာဝအတိုင်း လုံခြုံမှုရှိသည်ဟု ခံစားရစေသည်။

သူတို့က နီးကပ်လာသော အန္တရာယ်ကို လုံးဝ သတိမထားမိကြချေ။

ဖြန်း... ဖြန်း...

လဲ့ချန်၏ အသိစိတ်က လျင်မြန်လှရာ သူ၏ လက်နှစ်ဖက်က တစ်ပြိုင်နက်တည်း ဖမ်းဆုပ်လိုက်ပြီးနောက် ငါးကြီးနှစ်ကောင်မှာ သူ၏ လက်ထဲတွင် ချက်ချင်းပင် မြဲမြံစွာ အဖမ်းခံလိုက်ရ၏။

သူက အပေါက်ဝသို့ ပြန်လာကာ ငါးများကို ကမ်းစပ်သို့ ပစ်တင်လိုက်ပြီးနောက် ထပ်မံ ငုပ်လျှိုးသွားပြန်သည်။

သူက ဤသို့ သုံးလေးကြိမ်ခန့် ထပ်ခါတလဲလဲ လုပ်ဆောင်လိုက်ရာ စုစုပေါင်း ငါး ခြောက်ကောင် ခုနစ်ကောင်ခန့် ဖမ်းမိသွား၏။

လဲ့ချန်က လုံလောက်ပြီဟု ခံစားရသဖြင့် ကမ်းပေါ်တက်၍ အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။

ဝုန်း...

“အမလေးဗျ...”

သူ ရေပေါ်သို့ ပေါ်လာသည်နှင့် အမည်းရောင် ခေါင်းကြီးတစ်လုံးက သူ၏ အရှေ့ တည့်တည့်တွင် ရှိနေသဖြင့် သူ့မှာ အလွန်တရာ လန့်သွားကာ ရေပင် သီးသွားမတတ် ဖြစ်သွားရ၏။

“လဲ့အားကော်... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ...”

“ဘုရားရေ... အသံတစ်သံမှ မပေးဘူး... ဝက်ဝံကြီးတစ်ကောင်ကများ ငါ့ကို ပစ်မှတ်ထားနေပြီလားလို့ ထင်လိုက်တာ...”

“ဟီးဟီး... အစ်ကိုချန်... တောင်းပန်ပါတယ်... ကျွန်တော် တောင်ပေါ်က ပြန်ဆင်းလာတုန်း ဒီမှာ အပေါက်တစ်ပေါက် တွေ့လို့ လာကြည့်တာ... အစ်ကို ဖြစ်နေမယ်လို့ မထင်ထားဘူး... အစ်ကို့ကို လန့်သွားစေတာလား...”

လဲ့အားကော်က အရပ်ရှည်ရှည်နှင့် ထွားကျိုင်းကာ အသားမည်းမည်းရှိပြီး ရိုးသားသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

တကယ်တော့ ရွာသားများက သူ့ကို နာမည်အရင်းဖြင့် မခေါ်ကြဘဲ “လူအ” ဟုသာ ခေါ်ကြ၏။

အကြောင်းမူကား သူ၏ မိဘများမှာ စောစီးစွာ ကွယ်လွန်သွားခဲ့သဖြင့် ငယ်စဉ်ကတည်းက သူ၏ အဘိုးဖြစ်သူက ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်သည်။ သူ ငယ်ရွယ်စဉ်က ဦးနှောက်အမြှေးရောင် ရောဂါဖြစ်ခဲ့ရာ ကုသရန် ငွေမရှိသဖြင့် သူက တုံးအ၍ ထိုင်းမှိုင်းသွားခဲ့လေသည်။

သူ့အဘိုး ကွယ်လွန်သွားပြီးနောက်တွင် သူက လုံးဝကို မိဘမဲ့တစ်ယောက် ဖြစ်သွားခဲ့၏။

သူ နေ့တိုင်း အနိုင်ကျင့်ခံခဲ့ရသည်။

တစ်ကြိမ်တွင် လဲ့အားကော်၌ စားစရာ ဘာမှ မရှိသဖြင့် ခွေးတစ်ကောင်လို တွားသွားရန် လှောင်ပြောင် ခိုင်းစေခြင်း ခံခဲ့ရ၏။ လဲ့ချန်က မကြည့်ရက်နိုင်သဖြင့် ထိုသူကို ဆဲဆိုကာ လဲ့အားကော်ကို ပေါက်စီနှစ်လုံး ပေးခဲ့သည်။

ထိုအချိန်မှစ၍ လူအက လဲ့ချန်ကို သူ၏ အစ်ကိုတစ်ယောက်လို သဘောထားကာ သူ့ထံတွင်ရှိသော မည်သည့် ကောင်းမွန်သည့် အရာများကိုမဆို လဲ့ချန်ကို ပေးလေ့ရှိသည်။

လဲ့ချန်က သူ၏ အတိတ်ဘဝတွင် မြစ်ငယ်ရွာမှ ထွက်ခွာလာပြီးနောက် လဲ့အားကော်၏ သတင်းကို မတော်တဆ ကြားခဲ့ရသည်ကိုပင် မှတ်မိနေ၏။

သူ မသေဆုံးမီက သူ၏ ဇနီးနှင့် ကလေးအတွက် ကောင်းမွန်သော အရာများ ဝယ်ပေးနိုင်ရန် ငွေကြေးတစ်ချို့ကို ထားရစ်ခဲ့သည်ဟု ဆိုကြသည်။

ကံမကောင်းစွာဖြင့် လဲ့အားကော်၏ ဇနီးက ထိုငွေများ အားလုံးကို ယူ၍ ထွက်ပြေးသွားခဲ့၏။

ဤသူငယ်ချင်းကောင်းကို ပြန်လည် မြင်တွေ့ရသောအခါ လဲ့ချန်မှာ အလွန်တရာ စိတ်လှုပ်ရှားသွားသည်။

“လဲ့အားကော်... ငါ့ကို လက်လေး တစ်ဖက်လောက် ကမ်းပေးပါဦး...”

“အစ်ကိုချန်…ဒီငါးတွေ အားလုံးကို အစ်ကို ဖမ်းထားတာလား... အစ်ကိုက တကယ့်ကို အရမ်းတော်တာပဲ...”

လဲ့အားကော်က ကမ်းစပ်တွင် ရုန်းကန်နေသော ငါးများကို လက်ညှိုးထိုးကာ ရယ်မောလိုက်၏။

“အတော်အေးတာပဲ... ကျွန်တော်ဆိုရင်တော့ ရေထဲကို ဆင်းရဲမှာ မဟုတ်ဘူး...”

“မင်းလည်း မဆိုးပါဘူး... ခုလို ရာသီဥတုကြီးမှာ တောင်ပေါ်ကို တက်သွားတာကိုး... အိ... မိုက်လှချည်လား... ခွေးတူဝက်တူတစ်ကောင် ဖမ်းမိလာတာလား...”

လဲ့ချန်က လက်မထောင်ပြလိုက်သည်။

All Chapters