← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉) ယွမ်ငါးရာ

“စံပယ်ပန်းခြောက် နည်းနည်းလောက် ပေးပါ... အခုရက်ပိုင်း ကိုယ်ပူနေလို့...”

“ရပါတယ်...”

လဲ့ချန်က စံပယ်ပန်းခြောက်များကို ကျွမ်းကျင်စွာ ချိန်တွယ်၍ အဒေါ်ကြီးထံသို့ ကမ်းပေးလိုက်၏။

မကြာမီမှာပင် ခြင်းတောင်းထဲရှိ ဆေးဖက်ဝင်အပင်များ အားလုံးနီးပါး ရောင်းကုန်သွားလေသည်။

ဤစည်ကားနေသော မြင်ကွင်းက မြို့ပေါ်ရှိ ဟုန်ရှင်းအထည်အလိပ်စက်ရုံ၏ ဒါရိုက်တာဖြစ်သူ ကျောက်ချန်ဟယ်၏ အာရုံကို သဘာဝကျကျပင် ဆွဲဆောင်သွား၏။

ကျောက်ချန်ဟယ်မှာ ယခုရက်ပိုင်းအတွင်း မျက်နှာမကောင်း ဖြစ်နေခဲ့သည်။ သူ၏ သမီးဖြစ်သူက ထူးဆန်းသော ရောဂါတစ်ခု စွဲကပ်နေပြီး အသက်ဆက်နိုင်ရန်အတွက် အကောင်းဆုံး တောဂျင်ဆင်း လိုအပ်ကြောင်း ဆရာဝန်က ပြောထား၏။ သို့သော်လည်း ယခုခေတ်တွင် တောဂျင်ဆင်းက ရွှေထက်ပင် ပို၍ ဈေးကြီးလှသည်။ သူက မြို့ပေါ်ရှိ ဆေးဆိုင်များ အားလုံးကို ရှာဖွေခဲ့သော်လည်း သင့်တော်သောအရာကို မရှာတွေ့ခဲ့ချေ။

လဲ့ချန်၏ ဆိုင်တွင် ခင်းကျင်းထားသော တောဂျင်ဆင်းကို မြင်လိုက်ရသောအခါ ကျောက်ချန်ဟယ်၏ မျက်လုံးများ အရောင်လက်သွားပြီး လူအုပ်ကို တိုးထွက်၍ လျှောက်လာခဲ့လေသည်။

သူက ဂျင်ဆင်းကို ကောက်ယူ၍ သေချာစွာ စစ်ဆေးကြည့်လိုက်၏။ အမြစ်ဖလားများက သိပ်သည်းစွာ စီတန်းနေပြီး အမြစ်မွှေးများကလည်း ရှင်းလင်းစွာ မြင်နေရရာ ၎င်းက အမှန်တကယ်ပင် ထိပ်တန်းအရည်အသွေးရှိသော ပစ္စည်းတစ်ခု ဖြစ်ပေသည်။

“လူလေး... ဒ္ဂျင်ဆင်းက ဘယ်လောက်လဲ...”

ကျောက်ချန်ဟယ်က စိတ်အားထက်သန်စွာ မေးလိုက်၏။

လဲ့ချန်က ဈေးနှုန်းတစ်ခုကို ပြောလိုက်ရာ ကျောက်ချန်ဟယ်မှာ နှမြောတသ ဖြစ်သွားသော်လည်း သူ၏ သမီးဖြစ်သူ အသက်ရှင်ရေးအတွက် အံကြိတ်၍ လက်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

ဈေးနှုန်းက အလွန် မြင့်မားလွန်းလှပြီး သူ၏ စုဆောင်းငွေများ အားလုံးနီးပါး ကုန်ခန်းသွားစေလောက်သည်။

“လူလေး... မင်းရဲ့ ဂျင်ဆင်းက တကယ့်ကို ပစ္စည်းကောင်းပါ... ဒါပေမဲ့ ဈေးနှုန်းက မြင့်လွန်းနေတယ်...”

“ငါ့သမီးက ဆေးအရေးတကြီးလိုနေလို့ပါ... မင်း နည်းနည်းလောက်...”

ကျောက်ချန်ဟယ်မှာ တစ်စုံတစ်ခုကို ပြောချင်သော်လည်း ချီတုံချတုံ ဖြစ်နေသကဲ့သို့ အခက်တွေ့နေသော အမူအရာ ရှိနေ၏။

လဲ့ချန်က သူ၏ ဆိုလိုရင်းကို ကောင်းကောင်း သဘောပေါက်ထားသည်။ သူက ဈေးဆစ်ချင်ရုံ သက်သက်သာ ဖြစ်၏။ သို့သော်လည်း တောဂျင်ဆင်းက အလွန် ရှားပါးပြီး ရရှိရန် ခက်ခဲလှရာ ဈေးနှုန်းကို မည်သို့ အလွယ်တကူ လျှော့ချပေးနိုင်မည်နည်း။

“ရဲဘော်... ဒီတောဂျင်ဆင်းရဲ့ တန်ဖိုးကို ခင်ဗျားလည်း သိမှာပါ...”

“ဒီဈေးက အနည်းဆုံး ဈေးပါပဲ...”

ကျောက်ချန်ဟယ် သက်ပြင်းချလိုက်၏။

“ဟူး... ငါ့သမီးရဲ့ ရောဂါက...”

ရုတ်တရက် သူ့ခေါင်းထဲတွင် အကြံတစ်ခု ရလာပြီး ပြောလိုက်လေသည်။

“ဒါဆိုလည်း ဒီလိုလုပ်ပါ... လူငယ်လေး... ငါ့နာမည်က ကျောက်ချန်ဟယ်ပါ... မြို့ပေါ်က ဟုန်ရှင်းအထည်အလိပ်စက်ရုံရဲ့ ဒါရိုက်တာပါ...”

“မင်းတို့ ကျေးလက်ကလူတွေ ဘဝခက်ခဲတယ်ဆိုတာ ငါ သိပါတယ်... ငါ့စက်ရုံမှာ ရောင်းမထွက်တဲ့ အထည်တွေ အများကြီး ရှိတယ်...”

“မင်းက ဂျင်ဆင်းကို အဲ့တာတွေ အားလုံးနဲ့ လဲလှယ်ချင်တယ်ဆိုရင် မင်းကို အကုန် ပေးနိုင်တယ်...”

လဲ့ချန်၏ ရင်ထဲတွင် လှုပ်ရှားသွား၏။

သူ့အတွက်မူ ငွေကြေးဆိုသည်မှာ စားဝတ်နေရေးကဲ့သို့သော အခြေခံ လိုအပ်ချက်များကို ဖြေရှင်းရန် နည်းလမ်းတစ်ခုသာ ဖြစ်သည်။

ယခုအခါ သူ လိုအပ်နေသည်မှာ အခြေအနေများကို ပြောင်းပြန်လှန်ပစ်ရန် အရင်းအနှီးပင် ဖြစ်၏။

ကျောက်ချန်ဟယ်၏ အကြံပြုချက်က သူ့အတွက် အခွင့်အရေးတစ်ခုကို သေချာပေါက် ဖန်တီးပေးလိုက်ခြင်းပင် ဖြစ်သည်။

“ဒါရိုက်တာကျောက်... ခင်ဗျားတို့ စက်ရုံက ကုန်ပစ္စည်းတွေ ပုံနေတာ ဘယ်လောက်ကြာပြီလဲ...”

လဲ့ချန်က တည်ငြိမ်စွာ မေးလိုက်သည်။

“ဟူး... မပြောပါနဲ့တော့... တစ်နှစ်လောက် ရှိတော့မယ်... အခု စျေးကွက်က သိပ်ဆိုးနေတော့ ဘာမှကို ရောင်းမထွက်တာပါ...”

ကျောက်ချန်ဟယ်မှာ စိတ်ပူပန်နေပုံ ရ၏။

လဲ့ချန်က ချက်ချင်း သဘောမတူခဲ့ချေ။ ထို့အစား သူက ဂျင်ဆင်း၏ အမြစ်များကို ပေါ့ပေါ့ပါးပါး ကလိနေရင်း မေးလိုက်၏။

“ဒါရိုက်တာကျောက်... ခင်ဗျားတို့ စက်ရုံရဲ့ အခြေအနေက ဘယ်လိုလဲ... မြို့ပေါ်မှာ ခင်ဗျားတို့ စက်ရုံက အထည်တွေကို ဝတ်ဆင်တဲ့သူ သိပ်မတွေ့ရပါလား...”

ကျောက်ချန်ဟယ် မှင်တက်သွားပြီးနောက် ခါးသီးစွာ ပြုံး၍ ပြောလေသည်။

“ဟူး... မပြောပါနဲ့တော့... အရောင်းအဝယ်တွေက ဆိုးရွားနေတာပါ... အခုဆို ဂိုဒေါင်ထဲမှာ ကုန်ပစ္စည်းတွေ အများကြီးပုံနေလို့ ငါ့ဆံပင်တွေတောင် ဖြူတော့မယ်...”

လဲ့ချန်က ဟန်ဆောင် အံ့အားသင့်ပြလိုက်၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဟုန်ရှင်း အထည်အလိပ်စက်ရုံက မြို့ပေါ်မှာ ထိပ်တန်း စက်ရုံတွေထဲက တစ်ခု မဟုတ်ဘူးလား...”

“ဟူး... အရင်ကတော့ ဟုတ်ခဲ့ပါတယ်... ဒါပေမဲ့ အခုတော့ မဟုတ်တော့ဘူး...”

ကျောက်ချန်ဟယ် သက်ပြင်းချလိုက်ပြီး သူ၏ အမူအရာမှာ ညှိုးနွမ်းနေ၏။

“အခုခေတ်မှာ လူတွေက ဆန်းသစ်တဲ့ ဒီဇိုင်းတွေကို ပိုကြိုက်လာကြပြီ... ငါတို့ စက်ရုံက ဒီဇိုင်းတွေက ခေတ်နောက်ကျနေပြီး ရေစီးကြောင်းကို မမီတော့ သဘာဝကျကျပဲ ရောင်းမထွက်တော့တာပါ...”

လဲ့ချန်က ခေါင်းညိတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

“ဒါရိုက်တာကျောက်က ခင်ဗျားတို့ရဲ့ ဒီဇိုင်းတွေ ဘာလို့ ခေတ်နောက်ကျနေလဲ ဆိုတာကို တွေးကြည့်ဖူးလား...”

ကျောက်ချန်ဟယ်မှာ ထိုမေးခွန်းကြောင့် အခက်တွေ့သွား၏။ သူက ကုန်ပစ္စည်းများ ရောင်းမထွက်ကြောင်းကိုသာ သိထားသော်လည်း အကြောင်းရင်းများကို နက်နက်ရှိုင်းရှိုင်း လေ့လာစူးစမ်းခဲ့ခြင်း မရှိချေ။

သူက အလိုအလျောက်ပင် ပြန်ဖြေလိုက်လေသည်။

“ဒါက... ငါတို့ စက်ရုံက ဒီဇိုင်နာတွေရဲ့ အရည်အချင်း ကန့်သတ်ချက်တွေကြောင့် ဖြစ်နိုင်ပါတယ်...”

လဲ့ချန်က ပြုံးလိုက်၏။

“ဒီဇိုင်းဆိုတာ အစိတ်အပိုင်းတစ်ခုပါပဲ... စျေးကွက် သုတေသနက ပိုပြီး အရေးကြီးတယ်...”

“ဒါရိုက်တာကျောက်... အခု လူတွေက ဘာကို တောင်းဆိုနေကြလဲဆိုတာ ခင်ဗျားသိလား... သူတို့ ဘယ်လို ဒီဇိုင်းမျိုးတွေကို ကြိုက်လဲ... ခင်ဗျားတို့ စက်ရုံက ထုတ်လုပ်နေတာတွေက စျေးကွက်က တကယ်လိုအပ်နေတဲ့ အရာတွေ ဟုတ်ရဲ့လား...”

သူက စကားကို ခေတ္တရပ်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် ဉာဏ်နီဉာဏ်နက်များ လက်လွတ်သွားပြီး အတိတ်ဘဝမှ မှတ်ဉာဏ်များ၏ အရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။

“အခု လူတိုင်းက တောက်ပတဲ့ အရောင်တွေနဲ့ ခေတ်မီတဲ့ ဒီဇိုင်းတွေကို သဘောကျနေကြပြီ... ခေါင်းလောင်းဘောင်းဘီတွေနဲ့ လင်းနို့တောင်ပံပုံစံ ရှပ်အင်္ကျီတွေလိုမျိုးပေါ့... ခင်ဗျားတို့ စက်ရုံက အဲဒါတွေကို ထုတ်လုပ်ရဲ့လား...”

ဤစကားများက နိုးဆော်သံတစ်ခုကဲ့သို့ ကျောက်ချန်ဟယ်ကို ချက်ချင်း အသိစိတ် ဝင်သွားစေလေသည်။

သူက ထုတ်လုပ်မှုအပေါ်တွင်သာ အမြဲတမ်း အာရုံစိုက်ထားခဲ့ပြီး စျေးကွက်ကို လျစ်လျူရှုထားခဲ့မိ၏။

သူတို့ စက်ရုံမှ ထုတ်လုပ်သော အထည်များက အရည်အသွေး ကောင်းမွန်သော်လည်း ခေတ်နောက်ကျနေသော ဒီဇိုင်းများနှင့် တစ်ပုံစံတည်း ဖြစ်နေသော အရောင်များသာ ရှိကြောင်း သူ ရုတ်တရက် သဘောပေါက်သွားသည်။

၎င်းက ယနေ့ခေတ်၏ မြင့်မားလာသော အလှအပဆိုင်ရာ တောင်းဆိုမှုများကို လုံးဝ မဖြည့်ဆည်းပေးနိုင်ချေ။

“ခေါင်းလောင်းဘောင်းဘီများလား... လင်းနို့တောင်ပံပုံစံ အင်္ကျီများလား…”

သူက တီးတိုး ရေရွတ်လိုက်၏။ ထိုစကားလုံး နှစ်လုံးက သူ့အတွက် စိမ်းသက်နေသော်လည်း အကြောင်းပြချက်မရှိဘဲ ခေတ်မီမှုတစ်ခုကို သူ ခံစားလိုက်ရလေသည်။

“ဟုတ်တယ်... ငါ တကယ့်ကို အိုမင်းမစွမ်း ဖြစ်နေပြီပဲ...”

ကျောက်ချန်ဟယ်က သူ၏ ပေါင်ကို ရိုက်၍ နောင်တတရားများ ပြည့်နှက်နေသော လေသံဖြင့် ပြောလိုက်သည်။

“ငါက ထုတ်လုပ်မှုအပေါ်မှာပဲ သိပ်အာရုံစိုက်နေလို့ စျေးကွက်တောင်းဆိုမှု အပြောင်းအလဲတွေကို မေ့နေခဲ့တာ... ကုန်ပစ္စည်းတွေ ပုံနေတာ မဆန်းပါဘူး...”

“လူငယ်လေး... မင်း ပြောနေတဲ့ အဲ့ဒီဇိုင်းတွေ အကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး... မင်းက ဘယ်လိုလုပ် သိနေရတာလဲ...”

လဲ့ချန်က ကြိတ်ရယ်လိုက်ပြီး ပြောလေ၏။

“မြို့ပေါ်က ပြန်လာတဲ့ ဆွေမျိုးတစ်ယောက်ဆီက ကြားဖူးတာပါ... ဒါက အခုလောလောဆယ် အကျော်ကြားဆုံး ခေတ်ရေစီးကြောင်းလို့ သူတို့ပြောကြတယ်...”

ကျောက်ချန်ဟယ်က လဲ့ချန်၏ စကားများကို သံသယ ကင်းရှင်းစွာဖြင့် ယုံကြည်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤလူငယ်လေးက အသက်ငယ်ငယ်ရွယ်ရွယ်နှင့် စျေးကွက်အကြောင်းကို ဤမျှဗဟုသုတ ကြွယ်ဝနေသဖြင့် သူ၏ သတင်းအချက်အလက် အရင်းအမြစ်က သေချာပေါက် ယုံကြည်စိတ်ချရမည် ဖြစ်ပေသည်။

သူက အစပိုင်းတွင် ဂိုဒေါင်ထဲ ပုံနေသော အထည် ၂,၀၀၀ ကို ဤတောဂျင်ဆင်းနှင့် လဲလှယ်ရန် ရည်ရွယ်ထားခဲ့သော်လည်း ယခုအခါ ၎င်းမှာ မလိုအပ်တော့ကြောင်း သူ တွေးလိုက်မိ၏။ ထိုအထည်စများဖြင့် အခြား တစ်စုံတစ်ရာ ပြုလုပ်လိုက်ပါက ပိုကောင်းပေလိမ့်မည်။

“လူငယ်လေး... မင်းက တကယ့်ကို ငါ့ရဲ့ ကျေးဇူးရှင်ပဲ...”

ကျောက်ချန်ဟယ်က လဲ့ချန်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်၏။

“မင်း ပြောတာ မှန်တယ်... ငါ စက်ရုံကို မြန်မြန် ပြန်သွားပြီး ထုတ်လုပ်မှု အစီအစဉ်ကို ပြန်လည်ညှိနှိုင်းရမယ်... စျေးကွက်ကို သေချာ လေ့လာပြီး လူတိုင်း ကြိုက်နှစ်သက်မယ့် အရာတစ်ခုခုကို ဒီဇိုင်းဆွဲရမယ်...”

“အထူးသဖြင့် မင်း ပြောခဲ့တဲ့ ခေါင်းလောင်းဘောင်းဘီတွေနဲ့ လင်းနို့တောင်ပံပုံစံ ရှပ်အင်္ကျီတွေ အကြောင်းကို လူလွှတ်ပြီး ချက်ချင်း စုံစမ်းခိုင်းရမယ်...”

သူက ကမန်းကတန်း ယွမ်ငါးရာ ထုတ်ယူ၍ လဲ့ချန်အား ကမ်းပေးလိုက်လေသည်။

“ဒီဂျင်ဆင်းကို ငါ သေချာပေါက် ဝယ်ရမယ်... ဒီပိုက်ဆံကို ယူထားလိုက်... ပြန်အမ်းဖို့ မလိုတော့ဘူး...”

ထိုအချိန်က ယွမ်ငါးရာဆိုသည်မှာ အလွန် ကြီးမားသော ငွေပမာဏ တစ်ခု ဖြစ်သည်။

လဲ့ချန်က ထိုငွေကို တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ လက်ခံလိုက်၏။

အဘယ်ကြောင့်ဆိုသော် သူက ဒါရိုက်တာကျောက်ကို ပေါ့ပေါ့ပါးပါး သတိပေးခဲ့ခြင်း၏ အကြောင်းရင်းမှာ ပထမအချက်အနေဖြင့် ဤတောဂျင်ဆင်းအတွက် အရောင်းအဝယ် ဖြစ်စေရန် ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် သူက ကြိုတင် သိမြင်နိုင်စွမ်း ရှိထားသဖြင့် အတိတ်သို့ ပြန်လည်ဝင်စားပြီးနောက် သူ ရရှိခဲ့သော မှတ်ဉာဏ်များမှတစ်ဆင့် မိတ်ဆွေအချို့ ဖွဲ့လိုခြင်းကြောင့်ပင် ဖြစ်သည်။

“ဒါရိုက်တာကျောက်... ခင်ဗျားသမီးရဲ့ ရောဂါက ပြင်းထန်တယ်... အခုချက်ချင်း ပြန်သွားပါတော့...”

လဲ့ချန်က သူ့ကို သတိပေးလိုက်လေသည်။

ကျောက်ချန်ဟယ်က ခေါင်းညိတ်၍ ကမန်းကတန်း ထွက်သွားရန် ပြင်လိုက်သော်လည်း မထွက်ခွာမီ မေးမြန်းရန် မမေ့ခဲ့ချေ။

“လူငယ်လေး... မင်းနာမည် ဘယ်လိုခေါ်လဲ... ဘယ်မှာနေတာလဲ... နောက်ကျရင် ဆက်သွယ်ရတာ ပိုလွယ်အောင်လို့ပါ...”

“ကျွန်တော့် နာမည် လဲ့ချန်လို့ ခေါ်ပါတယ်... ကျောက်တုံးရွာမှာ နေတာပါ...”

လဲ့ချန်က တိုတိုတုတ်တုတ် ပြန်ဖြေလိုက်၏။

ကျောက်ချန်ဟယ်က လိပ်စာကို မှတ်သားထားလိုက်ပြီး စက်ရုံသို့ ကမန်းကတန်း ပြန်သွားလေသည်။ သူက လဲ့ချန်၏ အကြံပြုချက်ကို လက်တွေ့ အကောင်အထည်ဖော်ရန် အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ယူရန် စိတ်အားထက်သန်နေ၏။

ယွမ်ငါးရာက အလွန်မျက်စိကျစရာ ကောင်းလွန်းလှသည်။

ဤပတ်ဝန်းကျင်တွင် လူအတော်များများ ရှိနေ၏။

လဲ့ချန်က တစ်စုံတစ်ယောက် မြင်သွားပြီး အခြားပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်နေသည်။

သူက ဆိုင်ကို လျင်မြန်စွာ သိမ်းဆည်း၍ ခြင်းတောင်းကို ပခုံးပေါ် လွယ်ကာ လူအုပ်ထဲသို့ ပျောက်ကွယ်သွားလေတော့သည်။

တောဂျင်ဆင်းကို ရောင်းချ၍ ရသော ယွမ်ငါးရာအပြင် သူက အခြား ဆေးဘ

ဖက်ဝင်အပင်များကိုလည်း ယွမ်နှစ်ဆယ်ကျော်ဖိုး ရောင်းချခဲ့ရသည်။ ထိုအချိန်က ဤမျှ ကြီးမားသော ငွေပမာဏ အိတ်ကပ်ထဲ ရှိနေသဖြင့် လဲ့ချန်မှာ ၎င်းကို မည်သို့ သုံးစွဲရမည်ကို တွေးတောနေ၏။

သူက ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမသို့ အရင်သွားရန် ဆုံးဖြတ်လိုက်သည်။

ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမသည် ခရိုင်မြို့၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ၎င်းသည် နံရံများတွင် အစိမ်းရောင် ဆေးများ လွင့်ပြယ်နေသော နှစ်ထပ် အဆောက်အအုံတစ်ခု ဖြစ်ပြီး “ပြည်သူကို အလုပ်အကျွေးပြုပါ” ဟူသော စာသားများကို မှိန်ပျပျ မြင်နေရဆဲ ဖြစ်၏။

ကောင်တာ၏ အနောက်ဘက်တွင် အပြာရောင် ယူနီဖောင်း ဝတ်ဆင်ထားသော အရောင်းစာရေးအချို့က ပျင်းရိပျင်းတွဲ ထိုင်ကာ နေကြာစေ့များ ခွာစားရင်း နေ့စဉ်ဘဝ အကြောင်းများကို စကားစမြည် ပြောနေကြသည်။

စင်များပေါ်တွင် ကုန်ပစ္စည်း အမျိုးအစား စုံလင်စွာ တင်ထားခြင်းမရှိဘဲ နေ့စဉ်သုံး ပစ္စည်းများသာ များပြားပြီး ပစ္စည်းများက အနည်းငယ် ဖရိုဖရဲ စီစဉ်ထားလေသည်။

အခန်း (၃၀) လဲ့ချန် ချမ်းသာသွားပြီ

လဲ့ချန်က ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမသို့ ဝင်သွားသောအခါ အရောင်းစာရေး၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွား၏။

ဆူဖြိုးသော လူလတ်ပိုင်း အမျိုးသမီးတစ်ဦးက သူ့ကို အထက်အောက် ကြည့်၍ အနည်းငယ် မောက်မာသော လေသံဖြင့် မေးလိုက်သည်။

“ဘာလိုချင်လို့လဲ...”

လဲ့ချန်က သူမ၏ အမူအရာကို ဂရုမစိုက်ချေ။ သူက ဆန်နှင့် ဆီ ရောင်းသော နေရာသို့ တန်းတန်းမတ်မတ် သွား၍ ဆန်ချောနှင့် ဂျုံမှုန့် အနည်းငယ် ဝယ်ယူလိုက်ပြီး ဆီ၊ ဆား၊ ပဲငံပြာရည်နှင့် ရှာလကာရည်တို့ကိုပါ ဝယ်ယူလိုက်၏။

သူ ပစ္စည်းများ အများအပြား ဝယ်ယူနေသည်ကို မြင်သောအခါ အရောင်းစာရေးမှာ များစွာတက်ကြွလာပြီး ကုန်ပစ္စည်း အမျိုးမျိုးကို အတင်း ရောင်းချရန် ကြိုးစားတော့သည်။

ဆပ်ပြာ၊ အဝတ်လျှော်မှုန့်၊ မီးခြစ်၊ ဖယောင်းတိုင်။

လဲ့ချန်က ဂျီးမများချေ။ သူမ အကြံပြုသမျှကို ဝယ်ယူလိုက်၏။ မည်သို့ပင်ဖြစ်စေ သူ၏ လက်ထဲတွင် ပိုက်ဆံရှိနေပြီး သုံးစွဲရန် မကြောက်ရွံ့ချေ။

နေ့စဉ်သုံး ပစ္စည်းများကို ဝယ်ယူပြီးနောက် လဲ့ချန်က စင်ပေါ်ရှိ မောလ်နို့မှုန့်ကို သတိပြုမိသွားသည်။

ဤသည်က ထိုအချိန်အခါ၌ ရှားပါးသော ပစ္စည်းတစ်ခုဖြစ်ပြီး မိသားစုအများစုက မဝယ်နိုင်ကြချေ။

လဲ့ချန်က အာဟာရချို့တဲ့မှုကြောင့် မျက်နှာများ အမြဲတမ်း ဖြူရော်နေသော သူ၏ ဇနီး ချီလန်၊ သူ၏ သမီးနှင့် သူ၏ ညီမတို့ကို တွေးမိသွားပြီး တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ သံဘူး အနည်းငယ် ဝယ်ယူလိုက်လေသည်။

“ရဲဘော်... ဒီမောလ်နို့မှုန့်က သိပ်ကောင်းတဲ့ ပစ္စည်းပဲ... ကျန်းမာရေးအတွက် ကောင်းတယ်… ရှင့်ဇနီးသာ မီးတွင်းထဲမှာဆိုရင် သိပ်ကို အဆင်ပြေမှာ...”

အရောင်းစာရေးက ပြုံးဖြီးဖြီးဖြင့် အကြံပြုလေ၏။

လဲ့ချန်က ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။

“နောင်ကျ ပိုက်ဆံရှိလာရင် သူတို့ကို နေ့တိုင်း သောက်ခိုင်းမယ်...”

ထို့နောက် လဲ့ချန်က အဝတ်အထည် ဌာနသို့ သွားလိုက်၏။

မှိုင်းညို့သော အရောင်ရှိသည့် ကျုံးရှန်ဝတ်စုံ အနည်းငယ်နှင့် ကြမ်းတမ်းသော အဝတ်အထည်များက အင်္ကျီချိတ်စင်ပေါ်တွင် ချိတ်ဆွဲထားရာ မြင်ကွင်းက အနည်းငယ် ပျင်းစရာ ကောင်းနေသည်။

သို့သော်လည်း တောက်ပသော အရောင်ရှိသည့် အနီရောင် ဂါဝန်တစ်ထည်က သူ၏ မျက်စိကို ဖမ်းစားသွား၏။

အသားက နူးညံ့ပြီး သက်တောင့်သက်သာရှိကာ ဒီဇိုင်းက ဆန်းသစ်ပြီး ထူးခြားသဖြင့် မီးခိုးရောင် အဝတ်အထည်များ ကြားတွင် ထင်းထွက်နေလေသည်။

လဲ့ချန်က ချီလန် ဤဂါဝန်ကို ဝတ်ဆင်ထားသည်ကို မြင်ယောင်ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု အလိုအလျောက် ပေါ်လာ၏။

ချီလန်က အများအားဖြင့် အရောင်လွင့်နေသော အဝတ်ဟောင်းများကိုသာ ဝတ်ဆင်လေ့ရှိသော်လည်း ဤအနီရောင် ဂါဝန်နှင့်ဆိုလျှင် သေချာပေါက် အထူး လှပနေမည် ဖြစ်သည်။

“ရဲဘော်... ဒီဂါဝန်က အသစ်စက်စက်ပဲ... မြို့ပေါ်မှာ အကျော်ကြားဆုံး ဒီဇိုင်းလေ... ရှင့်ဇနီးသာ ဝတ်လိုက်ရင် သေချာပေါက် လှနေမှာ...”

အခြေအနေကို အကဲခတ်မိသော အရောင်းစာရေးက ချက်ချင်းပင် ကုန်ပစ္စည်းကို အရောင်းမြှင့်တင်တော့၏။

လဲ့ချန်က စကားတစ်ခွန်းမျှ မဆိုဘဲ တိုက်ရိုက်ပင် ဝယ်ယူလိုက်လေသည်။

စျေးဝယ်ပြီးနောက် လဲ့ချန်က သူ၏ လက်ထဲတွင် လေးလံသောအိတ်များကို ဆွဲ၍ နက်ရှိုင်းသော ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရ၏။

သူက ထောက်ပံ့ရေးနှင့် စျေးကွက်ရှာဖွေရေး သမဝါယမ၏ အဝင်ဝသို့ လျှောက်သွားပြီး နွားလှည်းကို စောင့်ဆိုင်းနေလိုက်သည်။

ကျောက်တုံးရွာနှင့် နျူချန်မြို့ ကြားတွင် နွားလှည်း တစ်စီးသာရှိပြီး မနက် တစ်ခေါက်နှင့် ညနေ တစ်ခေါက်သာ ပြေးဆွဲသည်။

ယခု မွန်းလွဲသွားပြီဖြစ်သဖြင့် ညနေပိုင်းအထိ စောင့်ရပေမည်။

တစ်နာရီခန့် စောင့်ဆိုင်းပြီးနောက် ဂျစ်ဂျစ် ညည်းတွားသံများနှင့်အတူ နွားလှည်း တစ်စီးက တဖြည်းဖြည်း မောင်းနှင်လာ၏။

လှည်းမောင်းလာသော အဘိုးဝမ်က လဲ့ချန်၏ လက်ထဲရှိ အိတ်ကြီးအိတ်ငယ်များနှင့် သူ၏ ကျောပေါ်မှ ဖောင်းကားနေသော ခြင်းတောင်းကို ချက်ချင်း မြင်လိုက်ရသဖြင့် သူ၏ မျက်လုံးများပင် ပြုတ်ကျမတတ် ပြူးကျယ်သွားလေသည်။

“ဟိုက်... လဲ့ချန်... မင်းက ခရိုင်မြို့ပေါ်ကို ပစ္စည်းသွားဝယ်တာလား... ချမ်းသာသွားပြီလား...”

လဲ့ချန်က ဖြူဖွေးသော သွားနှစ်တန်း ပေါ်အောင် ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အဘိုးဝမ်ရာ... ကျွန်တော်တို့ ကံကောင်းပြီး ဆေးပင်ကောင်းကောင်း တချို့တူးရလာလို့ အဲ့လောက် အများကြီး ဝယ်နိုင်တာပါ...”

သူက တောဂျင်ဆင်းအကြောင်းကို မပြောဘဲ တမင်တကာ ဝေဝေဝါးဝါးသာ ပြောလိုက်၏။ ကြွယ်ဝချမ်းသာမှုကို မကြွားဝါသင့်ဘူး ဆိုသည့် အခြေခံသဘောတရားကို သူ နားလည်ထားဆဲ ဖြစ်သည်။

ရွာသူ အမျိုးသမီးအချို့မှာ လှည်းပေါ်တွင် ထိုင်၍ စကားစမြည် ပြောရင်း နေကြာစေ့များ စားနေကြသည်။ လဲ့ချန်၏ အမူအရာကို မြင်သောအခါ သူတို့ အားလုံးက စူးစမ်းချင်စိတ် ပြည့်နှက်နေသော ဘဲအုပ်ကြီးကဲ့သို့ လည်ပင်းများကို ဆန့်ထုတ်လိုက်ကြ၏။

“ဟေ့... လဲ့ချန်... ဘာတွေကံကောင်းပြီး အဲ့လောက်ပစ္စည်းတွေ အများကြီးနဲ့ ချမ်းသာသွားရတာလဲ... မင်းချီလန်တော့ နောက်ဆုံးမှာ ကောင်းစားတော့မှာပဲ...”

“ဟုတ်တယ်... အရင်က သူတို့ သိပ်ကို ဆင်းရဲမွဲတေခဲ့တာလေ... အခု အခြေအနေကို ကြည့်ရတာ သူတို့ အိမ်သစ်ဆောက်တော့မလို့ ထင်တယ်...”

လဲ့ချန်က ပြုံးရုံသာ ပြုံးနေပြီး သူတို့၏ စကားများကို ပြန်လည်မတုံ့ပြန်ခဲ့ချေ။

နွားလှည်းက လမ်းတစ်လျှောက် ယိမ်းထိုးလာပြီး နောက်ဆုံးတွင် ကျောက်တုံးရွာသို့ ရောက်ရှိသွားသည်။

ရွာသားများက အလုပ်မရှိသည့် အချိန်များတွင် ရွာအဝင်ဝရှိ ကုက္ကိုပင်ကြီး အောက်တွင် စုဝေး၍ အေးအေးဆေးဆေး စကားစမြည် ပြောလေ့ရှိကြ၏။

လဲ့ချန်က သူ၏ အိတ်ကြီးအိတ်ငယ်များနှင့် လှည်းပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက် ချက်ချင်း ဖြစ်သွားလေသည်။

“ဟေ့... ဒါ လဲ့ချန် မဟုတ်ဘူးလား... မင်း ချမ်းသာသွားပြီလား...”

“ကျွတ် ကျွတ်... ဆန်၊ ဂျုံ၊ ဆီနဲ့ ဆားတွေကို ကြည့်ပါဦး... ပိုက်ဆံတွေ အများကြီး ရလာတာ သေချာတယ်...”

“ချီလန်တော့ နောက်ဆုံးမှာ ပျော်ရွှင်ရတော့မှာပဲ... လဲ့ချန်နဲ့ ဆင်းရဲဒုက္ခ ဆက်ခံစရာ မလိုတော့ဘူး...”

လဲ့ချန်က သူ၏ အိတ်များကို သယ်၍ အိမ်သို့ ပြန်လာရာ သူ၏ သမီး ရှောင်ရှောင်၏ ကြည်လင်သော ရယ်မောသံကို ကြားလိုက်ရ၏။

သူက ခြံတံခါးကို တွန်းဖွင့်လိုက်ရာ သူ၏ ဇနီး ချီလန်မှာ မီးဖိုအနီးတွင် အလုပ်များနေပြီး ရှောင်ရှောင်ကမူ ဘေးတွင် ထိုင်၍ ရွှံ့များ ကစားနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာငယ်လေးပေါ်တွင် ရွှံ့များ ပေကျံနေပြီး ကြောင်ပေါက်လေးတစ်ကောင်နှင့် တူနေ၏။

လဲ့ချန် ပြန်လာသည်ကို မြင်သောအခါ ရှောင်ရှောင်က သူမ၏ လက်ထဲမှ ရွှံ့များကို ချက်ချင်း ပစ်ချ၍ ပြေးလာကာ သူ၏ ခြေထောက်ကို ဖက်ထားပြီး သူမ၏ ကလေးဆန်သော အသံလေးဖြင့် အော်ခေါ်လိုက်လေသည်။

“အဖေ... အဖေ...”

ကလေးများက အရာရာကို မှတ်မထားတတ်ကြချေ။

ရှောင်ရှောင်လေးမှာ အတိတ်က သူမကို ဆိုးရွားစွာ ဆက်ဆံခဲ့သော ဖခင်ဖြစ်သူကို အချိန်ကြာမြင့်စွာကပင် မေ့လျော့နေခဲ့ပြီ ဖြစ်သည်။

ထိုအသံကြောင့် ချီလန်က မီးဖိုချောင်ထဲမှ ထွက်လာ၏။ လဲ့ချန် ယူလာခဲ့သော အရာများကို မြင်သောအခါ သူမမှာ အလွန် အံ့အားသင့်သွားသဖြင့် ပါးစပ် အဟောင်းသား ဖြစ်သွားပြီး သူမ၏ လက်ထဲမှ ယောက်မပင် ပြုတ်ကျမတတ် ဖြစ်သွားလေသည်။

“လဲ့ချန်... ရှင်... ထောက်ပံ့ရေးနဲ့ စျေးကွက်ရှာဖွေရေး သမဝါယမကို ဓားပြတိုက်လာတာလား...”

လဲ့ချန်က သူ၏ ပစ္စည်းများကို ချထားလိုက်ပြီး သမီးဖြစ်သူကို ပွေ့ချီကာ သူမ၏ ဖောင်းမို့နေသော ပါးပြင်လေးကို နမ်းလိုက်၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အဖေက ကံကောင်းပြီး ပစ္စည်းကောင်းတစ်ခု တူးရလာလို့ပါ...”

သူက ရှောင်ရှောင်ကို မြေပြင်ပေါ် ချပေးလိုက်ပြီး ပစ္စည်းများကို တစ်ခုချင်းစီ ထုတ်ယူလိုက်သည်။

မောလ်နို့မှုန့်၊ အနီရောင် ဂါဝန်၊ အသစ်စက်စက် အထည်စ၊ သကြားလုံး၊ ကစားစရာများ...။

ချီလန်နှင့် ရှောင်ရှောင်တို့မှာ သူတို့ မြင်လိုက်ရသည့် အရာများကြောင့် မျက်စိကျိန်းမတတ် ဖြစ်သွားကြ၏။

ချီလန်က ဤအရာများကို ကြည့်ရင်း သူမ၏ မျက်လုံးများတွင် မျက်ရည်များ တဖြည်းဖြည်း ရစ်သိုင်းလာလေသည်။

လဲ့ချန်က ဆေးဖက်ဝင်အပင်များ တူးဖော်ရာတွင် သေချာပေါက် အများကြီး ဆင်းရဲဒုက္ခ ခံခဲ့ရမည်ကို သူမ သိထား၏။ သူက ပင်ပန်းနွမ်းနယ်နေရုံသာမက တောရိုင်း တိရစ္ဆာန်များနှင့်လည်း ကြုံတွေ့ခဲ့ရနိုင်ပေသည်။ မဟုတ်ပါက သူ ဘယ်လိုလုပ် ငွေတွေ ဤလောက် အများကြီး ရှာနိုင်မည်နည်း။

သူမက လက်လှမ်း၍ တောက်ပသော အနီရောင်ဂါဝန်ကို ထိတွေ့လိုက်ရာ နူးညံ့သော အသားက လဲ့ချန်၏ ကိုယ်ငွေ့ကို သယ်ဆောင်လာသကဲ့သို့ဖြစ်နေပြီး သူမ၏ ရင်ထဲသို့ နွေးထွေးသော ခံစားချက်တစ်ခု ပေးစွမ်းလေသည်။

*လဲ့ချန်... သူ တကယ်ကို ပြောင်းလဲသွားခဲ့ပြီပဲ..*

“လဲ့ချန်... ရှင် ပင်ပန်းနေမှာပဲ... တောင်ပေါ်မှာ ဆေးပင်တွေ ခူးရတာ သိပ်ကို အန္တရာယ်များတာ...”

သူမက လဲ့ချန်၏ နဖူးပေါ်ရှိ တကယ်တမ်း မရှိသော အရေးအကြောင်းများကို သပ်တင်ပေးရန် အလိုအလျောက်ပင် လက်လှမ်းလိုက်မိ၏။

သို့သော်လည်း လဲ့ချန်က ၎င်းကို ဆုပ်ကိုင်လိုက်ပြီး သူတို့ ဆုပ်ကိုင်ထားသော လက်များဆီမှတစ်ဆင့် နွေးထွေးမှုက တစ်ကိုယ်လုံးသို့ ချက်ချင်း ပျံ့နှံ့သွားလေသည်။

လဲ့ချန် စကားမပြောနိုင်မီမှာပင် ဘေးမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

“ဟီးဟီး... အစ်ကိုချန်နဲ့ ကျွန်တော် တောဂျင်ဆင်း တူးရလာတယ်လေ...”

လဲ့အားကော်က ဘေးမှနေ၍ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

လဲ့ချန်က ပြုံး၍ အားကော်၏ ပခုံးကို ပုတ်လိုက်ပြီးနောက် သူ၏ အိတ်ကပ်ထဲမှ ထူထဲသော ငွေစက္ကူထပ်ကို ထုတ်ယူကာ ယွမ် နှစ်ရာ့ငါးဆယ် ရေတွက်၍ သူ့အား ကမ်းပေးလိုက်၏။

“အားကော်... ဒါက မင်းဝေစုပဲ...”

“အစ်ကို့အတွက် အိမ်ကို စောင့်ကြည့်ပေးထားလို့ ကျေးဇူးပဲ...”

လဲ့အားကော်က ကမန်းကတန်း လက်ကာပြလိုက်ပြီး သူ၏ ခေါင်းကို ပလုတ်တုတ်ကဲ့သို့ ခါယမ်းကာ ပြောလေသည်။

“မယူပါဘူး... မယူပါဘူး အစ်ကိုချန်ရာ... ကျွန်တော် အဲ့တာကို လက်မခံနိုင်ပါဘူး... အစ်ကိုသာ ကျွန်တော့်ကို တောင်ပေါ် မခေါ်သွားရင် ကျွန်တော် ဘယ်လိုလုပ် တောဂျင်ဆင်းကိုမြင်ရမှာလဲ... ကျွန်တော်...”

လဲ့ချန်က သူ့စကားကို ဖြတ်ပြောလိုက်၏။

“အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့... ယူထားလိုက်... ဒါက မင်း ရသင့်ရထိုက်တဲ့ အရာပဲ...”

“မင်းရဲ့ မျက်စိလျင်မှုကြောင့်သာ မဟုတ်ရင် ငါတို့ နှစ်ယောက်စလုံး အဲ့ရတနာကို ရှာတွေ့မှာ မဟုတ်ဘူး...”

“ဒါပေမဲ့... ဒါက အရမ်းများလွန်းတယ်...”

လဲ့အားကော်က လက်ခံရန် ငြင်းဆန်နေဆဲ ဖြစ်သည်။

လဲ့ချန်က သက်ပြင်းချလိုက်၏။

“ငါတို့ ဒီလိုလုပ်ကြမယ်... ယွမ်တစ်ရာ ယူသွားပြီး မင့်ရဲ့ စုတ်ပြတ်နေတဲ့ အိမ်ကို ပြင်လိုက်... ကျန်တဲ့ ယွမ်တစ်ရာ့ငါးဆယ်ကို ငါ သိမ်းထားပေးမယ်... နောက်ကျ ပိုက်ဆံလိုရင်သာ ငါ့ကို ပြော...”

ထိုအခါမှ လဲ့အားကော်က ပြုံးဖြီးဖြီးဖြင့် ငွေကို လှမ်းယူလိုက်ပြီး သူ၏ အိတ်ကပ်ထဲသို့ သေချာစွာ ထည့်သွင်းလိုက်လေသည်။

ထို့နောက် လဲ့ချန်က ရှောင်ရှောင်အတွက် ဝယ်လာသော သကြားလုံးနှင့် ကစားစရာများကို ထုတ်ပေးလိုက်ရာ မိန်းကလေးငယ်မှာ အလွန်ပျော်ရွှင်သွားသဖြင့် ကခုန်တော့၏။

လဲ့ချန်က ညီမဖြစ်သူ လဲ့ချင်းအတွက် ဝယ်လာသော အဝတ်အစားများနှင့် အထည်စများကို ထုတ်ပေးလိုက်လေသည်။ လဲ့ချင်း၏ မျက်လုံးများ နီရဲလာပြီး ဆို့နင့်နေသော အသံဖြင့် ပြောလိုက်၏။

“အစ်ကို... အစ်ကို နောက်ဆုံးတော့... နောက်ဆုံးတော့...”

“နောက်ဆုံးတော့ နားလည် သဘောပေါက်သွားပြီပေါ့ ဟုတ်လား...”

လဲ့ချန်က ပြုံး၍ နောက်ပြောင်လိုက်သည်။

လဲ့ချင်းက မျက်ရည်များကြားမှ ပြုံး၍ ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်... ကောင်းကင်ဘုံက အမေ့ရဲ့ ဝိညာဉ်က အစ်ကို့ကို စောင့်ရှောက်နေတာ သေချာတယ်...”

ပစ္စည်းများ ဝေငှပြီးနောက် လဲ့ချန်က စုတ်ပြတ်နေသော နွားတင်းကုပ်ကို ပြုပြင်ရန်အတွက် သူ ဝယ်လာသော သစ်သားပြားများနှင့် သံမှိုများကို ထုတ်ယူလိုက်လေသည်။

All Chapters