အခန်း (၃၀၁-၃၀၃)
Vol. 21 Ch. 301-303
အခန်း 301
အမိန့်ပေးစင်တာ။
ထို့အခိုက်အတန့်တွင် လူတိုင်းက အရှေ့မှ ဖန်သားပြင်ကြီးကို ကြည့်ပြီး ထိုင်ခုံများမှပင် ရပ်လိုက်မိသည်။
သူတို့လည်း ဖန်သားပြင်ပေါ်နေသော ကိုယ်ပိုင်ကားများကို မြင်သည်။ လူတိုင်းကလည်း တိတ်ဆိတ်နေကြသည်။
“ဒါ … “
“ငါတို့ ဘယ်လိုလုပ်ကြမလဲ”
အမျိုးသမီးတစ်ယောက်က လေသံတိုးတိုးနှင့် မေးသည်။
“သတင်းပို့ဖို့ အရမ်းနောက်ကျနေပြီ။ ဒီလူတွေအားလုံးက သူတို့ကိုယ်ပိုင် စိတ်ဆန္ဒနဲ့ မီးငြိမ်းသတ်ဖို့ ထွက်သွားတယ်။ ငါတို့သာ ထပ်စောင့်နေမယ်ဆိုရင် အရမ်းနောက်ကျသွားမှာ စိုးရိမ်တယ်”
“ဒါပေမဲ့ … ခေါင်းဆောင်က တိုင်းပြည်မှာ မရှိဘူးလေ။ ငါတို့ သူ့ကို ဖုန်းနဲ့လည်း ဆက်သွယ်လို့ မရဘူး။ သူက သီးသန့် အမိန့်ထုတ်မယ်ဆိုရင် … “
“ဒါက အရမ်း ဖိအားများစေတဲ့ အခြေအနေမျိုးပဲ။ ငါတို့ ဘယ်လိုလုပ်သင့်လဲ။ မီးကို ကြည့်အုန်း။ ဒီလူတွေလောက်နဲ့ မထိန်းနိုင်မှာ စိုးရိမ်ရတယ်”
“မပြောနဲ့တော့”
ဝတ်စုံအပြည့်ဝတ်ဆင်ထားသော အသက်လတ်ပိုင်းလူကြီးက တင်းမာသော မျက်နှာနှင့် ရုံးခန်းထဲမှ ထွက်သွားသည်။ သူဟာ အရှေ့မှ ဖန်သားပြင်ကို ကြည့်ရင်း လေးနက်သော လေသံနှင့် အမိန့်ပေးသည်။
“အခု ချက်ချင်း အမိန့်ထုတ်လိုက်”
“ဒီနယ်တိုင်းက မီးသတ်သမားတွေ နောက်ပြီး ကိုယ်တိုင်ကိုယ်ကျ စာရင်းသွင်းထားတဲ့ မီးသတ်သမားတွေအားလုံးကို အခုချက်ချင်း စုစည်းပြီး နေရာကို အမြန်ဆုံး အပြေးသွားခိုင်းတော့”
“ငါတို့ပြည်သူတိုင်းကိုလည်း ရိက္ခာတွေ လှူဒါန်းဖို့ စတင် အသိပေးရမယ်။ နောက်ပြီး သယ်ယူပို့ဆောင်ရေး ဌာနတွေအားလုံးကိုလည်း ရိက္ခာတွေကို နေရာဆီအမြန်ဆုံး ရွေ့ပြောင်းပို့ဆောင်ပေးဖို့ အကြောင်းကြားရမယ်”
“နောက်ပြီး ဆေးဝန်ထမ်းတွေအပြင် ပစ္စည်းတွေအားလုံးကိုလည်း နေရာကို ပို့ဆောင်ပေးရမယ်”
“လုပ်ဖော်ကိုင်ဖက်တွေ …”
သူဟာ ထို့သို့ပြောနေရင်း လူတိုင်းကို တစ်ချက်ပြန်ကြည့်သည်။ ထို့နောက် အသက်ပြင်းပြင်းရှုလျှက် လေးနက်သော လေသံနှင့် ထပ်ပြော၏။
“ဒီမီးက ထိန်းချုပ်ဖို့ ခက်နေပြီးသား။ ဒါက ငါတို့အစိုးရရဲ့အမှားပဲ”
“ငါတို့ ဒီမီးကို အတတ်နိုင်ဆုံး ထိန်းသိမ်းနိုင်ဖို့ လုပ်ရမယ်။ ဒီမီးက သားပိုက်ကောင်ကျွန်းအထိ ပျံ့သွားခဲ့တာနဲ့ ဒါဆိုရင် ငါတို့ရဲ့ တိုင်းပြည်ရတနာ သားပိုက်ကောင်တွေ၊ ကိုအာလာတွေ အားလုံး မျိုးတုန်းသွားလိမ့်မယ်”
“ဒါပေမဲ့ အဲဒီမှာ ခေါင်းဆောင်က “
“သူ့ကို စိုးရိမ်မနေနဲ့။ ငါ အားလုံး တာဝန်ယူတယ်”
အသက်လတ်ပိုင်းလူက လက်ကိုရမ်းလျှက် ပြောသည်။
“ငါ အခုချက်ချင်း ပြည်ပကိုသွားပြီး ခေါင်းဆောင်ကို ပြန်ဆွဲခေါ်လာခဲ့မယ်။ သူသာ ဒီလိုအခြေအနေမျိုးမှာ အားလပ်ရက် ယူနေအုန်းမယ်ဆိုရင် ငါတို့ရဲ့ ပြည်သူတွေအားလုံး စိတ်ပျက်သွားမှာကို စိုးရိမ်ရတယ်”
“အခုပဲ လှုပ်ရှားတော့ မြန်မြန်”
“တစ်မိနစ်တိုင်း တစ်စက္ကန့်တိုင်းမှာ တိရစ္ဆာန်ပေါင်းများစွာ သေနေကြတယ်။ ဒါက ငါတို့တိုင်းပြည်ရဲ့ ရတနာတွေ”
“ဘယ်တော့မှ လက်မလျော့နဲ့”
ထိုစကားများ ထွက်လာသဖြင့် လူတိုင်းက လှုပ်ရှားကြသည်။
အသက်လတ်ပိုင်းအရွယ်လူကြီးက သူ၏အရှေ့မှ ဖန်သားပြင်ကို တစ်ချက်ပြန်ကြည့်ပြီး သက်ပြင်းရှည်ကို ချသည်။
“ဒီတစ်ကြိမ် လူတိုင်းရဲ့ ခံစားချက်တွေကို ထိခိုက်စေမှာ စိုးရိမ်ရတယ်”
သူဟာ လေသံတိုးတိုးနှင့် တစ်စုံတစ်ရာကို ရေရွတ်သည်။ ထို့နောက် တစ်ဖက်သို့လှည့်လျှက် အမိန့်ပေးစင်တာဘက်မှ ထွက်သွားလေသည်။
သူသည်လည်း ခေါင်းဆောင်ကို အမြန်ဆုံး ဆက်သွယ်ရပေမည်။
ဒီလို ကြီးမားပြင်းထန်လွန်းသော သဘာဝ ကပ်ဘေးကို ရင်ဆိုင်ရသောအခါ တရုတ်နိုင်ငံမှ အရာရှိများကဲ့သို့ စံနမှုနာတစ်မျိုးကို မထုတ်ပြနိုင်လျှင်ပင် ရှေ့တန်းသို့ အပြေးသွားရအုန်းပေမည်။
သို့မဟုတ်လျှင် …
ခေါင်းဆောင်နေရာက အဆုံးသတ်သွားမည်ကို စိုးရိမ်ရသည်။
…
301 02
ကျိုတို။
ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသော ဥယျာဉ်။
ထိုအချိန်တွင် ထိုမြင်ကွင်းက သတင်းထောက်များ၏ အချိန်နှင့်တပြေးညီ ပြသမှုကို ခံနေရသည်။
“နန်ကုန်း ဒါကို အများသိအောင် ထုတ်ပြန်ဖို့ ဘယ်လိုများ တွေးမိတာလဲ”
“တိရစ္ဆာန်တွေအားလုံးကို သိပ်မကြာခင် ကယ်ဆယ်နိုင်တော့မှာ။ အပေါ်က တိရစ္ဆာန်တွေကလည်း သေချာပေါက် ပြန်ပေါ်လာအုန်းမှာပဲ။ ဒီတော့ မကယ်နိုင်စရာ မရှိဘူး”
နန်ကုန်းယွမ်ကို စိုက်ကြည့်နေသော ယုံလုံက လေးနက်သော လေသံနှင့် ပြောသည်။
“ဒါက တကယ်ပဲ အလုပ်ဖြစ်မှာလား”
“သေချာပေါက် အလုပ်ဖြစ်လိမ့်မယ်”
နန်ကုန်းယွမ်က နှုတ်ခမ်းကို တင်းတင်းစေ့ပြီး မြေပြင်တွင် အစီအရီရှိနေသော အုတ်ဂူ ၁၀၀ ကျော်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်သည်။
“ငါတို့ ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ဒီလောက်အထိ ခမ်းနားလိမ့်မယ်လို့ မထင်ထားဘူး”
“နောက်ပြီး ဒါက အရမ်းကို ကောင်းမွန်တဲ့ သတိပေးချက်လည်း ဖြစ်တယ်။ ငါတို့ တရုတ်နိုင်ငံမှာ ဒီလို အပြင်းအထန် မီးလောင်ကျွမ်းတဲ့ အခြေအနေမျိုး မရှိခဲ့ဘူးဆိုပေမဲ့လည်း အလုံးအရင်းနဲ့ မျိုးတုန်းပျောက်ကွယ်သွားတဲ့ ကာလအတောအတွင်းမှာ ငါးလလုံးလုံး မီးလောင်နေခဲ့တာကို မမေ့နဲ့အုန်း”
“ဒါက အရှေ့မြောက်ပိုင်းကနေ ရှန့်ဟိုင်းအထိ တောက်လျှောက် လောင်ကျွမ်းခဲ့တာ”
“အဲဒီအချိန်က ငါတို့လူသားတွေအားလုံးက ကိုယ့်အသက်ကိုယ် ကယ်ဖို့ ကြိုးစားနေရတော့ ဒီတိရစ္ဆာန်တွေကို ကယ်တင်နိုင်စွမ်းရည် မရှိခဲ့ဘူး”
“သဘာဝကပ်ဘေးတွေက အမျိုးမျိုးရှိတယ်။ ဒါပေမဲ့ မီးကတော့ ရေလွှမ်းတာနဲ့ မတူဘူး။ ဒါကြောင့် ငါတို့ရဲ့ လူအင်အားနဲ့ ထိန်းချုပ်လို့ ရနိုင်တယ်”
“ဘယ်လိုနည်းနဲ့မဆို ငါတို့ ဒါရိုက်တာဆုပိုင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို သုံးပြီး ပြည်သူတွေ အားလုံးကို သိအောင် လုပ်ရမယ်။ ဒီလိုနဲ့ တောမီးကို သတိပေးထားရမယ်”
“ကောင်းပြီ”
ယုံလုံက သူ၏ပုခုံးကို ပုတ်ပြီး သက်ပြင်းချသည်။ ထို့နောက် …
သူကိုယ်တိုင်လည်း နန်ကုန်းယွမ်၏အခြေအနေကို နားလည်သည်။
သူတို့၏အတန်းထဲတွင် မီးလောင်ကျွမ်းမှုကြောင့် စစ်သည်အယောက် ၆၀ ကျော် သေဆုံးသွားခဲ့သည်။ သူတို့၏ကြီးကြပ်သူကလည်း ထိုအချိန်က စတင်ပြီး ပုန်းကွယ်သွားခဲ့ကာ တစ်ဘဝလုံးနီးပါး ရှာဖွေခဲ့ရသည်။ နန်ကုန်းယွမ်၏ မီးတောက်အပေါ် အမုန်းဟာ လူတိုင်းထက် သာသည်။
သူသည် ထိုမီးကို မြင်လိုက်ရုံနှင့် သူ၏ဘဝတစ်ခုလုံးက ပျက်စီးတော့မလို့ ခံစားနေရသည်ဟု ပြောနေရင်ပင် ချဲ့ကားရာ မရောက်ပေ။
ထိုမီးကြောင့်လည်း သူ၏ဘဝက အမှန်တကယ် ပျက်စီးသွားခဲ့ရသည် ဖြစ်သည်။ ထိုကြီးကြပ်သူအမျိုးသမီးကလည်း ဒီလို မဖြစ်ခဲ့သင့်ပေ။ စီးကရက်ဖင်စည်ခံတစ်ခုကြောင့်နှင့် အသက် ၁၀ သက်ကျော်ကို ပေးလိုက်ရသည့်အပြင် လူတိုင်းများစွာက ဒုက္ခိတဖြစ်သွားရသည်။ ထို့ကြောင့် တန်ကြေးဟာ နာကျင်ဖွယ် ကောင်းလွန်းသည်။
“ကောင်းပြီ။ စရအောင်”
နန်းကုန်းရုံက အသက်ပြင်းပြင်းရှုသည်။ ထို့နောက် အုတ်ဂူရှိရာဘက်သို့ တဖြည်းဖြည်းချင်းစီ လျှောက်လာပြီး မရေမတွက်နိုင်သော နာမည်ပေါင်းများစွာကို ကြည့်ကာ လေးနက်သော လေသံနှင့် ပြောသည်။
“ဒါက အရင် မီးလောင်ကျွမ်းမှုမှ သေဆုံးသွားခဲ့တဲ့ မီးသတ်သမားတွေ”
“သူတို့ထဲက တစ်ဝက်လောက်က ခန္ဓာကိုယ် ပျောက်သွားတယ်။ မီးကြောင့် ပြာကျသွားတာ ထင်ပါတယ်”
“နောက်ပြီး ငါကိုယ်တိုင်လည်း အဲဒီပွဲမှာ ဝင်ပါခဲ့တယ်။ ကံကောင်းတာက ငါ ရှင်ခဲ့တယ်”
“ဒါပေမဲ့ ငါ ရှင်ခဲ့တာက တစ်စုံတစ်ယောက်က နာကျင်စရာကောင်းလောက်အောင် သူရဲ့အသက်ကို သုံးပြီး ငါ့ကို ကယ်သွားခဲ့လို့ပဲ”
301 03
သတင်းထောက်အများစုက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်ကြသည်။ ထို့အပြင် ဘေးဘက်မှ တဖြည်းဖြည်းချင်းစီ လျှောက်လာသော ရွှေရောင်နန်မျို ခွေးကိုလည်း မြင်ရ၏။ ထို့အနောက်ဘက်တွင် မျက်စိ မမြင်သော အဖွားအိုကြီး တစ်ယောက်ကိုမြင်လိုက်ရသည်။
“ဟစ်”
အားလုံးက ပင်သက် ရှိုက်လိုက်ကြသည်။
ထိုအဖွားအိုကြီး၏ ပေါ်နေသော အရေးပြားတိုင်းက ကြောက်စရာကောင်းသော အမာရွတ်များ ပြည့်နေသည်။ လူတိုင်းက အစောင့်ခွေးနောက်မှ တဖြည်းဖြည်းချင်းစီ လျှောက်လာသော ကျန်းယွေ့ရုံကိုကြည့်ရင်း အံဩနေကြသည်။
…
“မကြောက်နဲ့”
နန်ကုန်းယွမ်က သူမကို ခပ်တိုးတိုး နှစ်သိမ့်ပေးပြီးနောက် သူမ၏လက်ကို ကိုင်ကာ ခပ်တိုးတိုးပြောသည်။
“ဒါက ငါရဲ့ အရင်ကြီးကြပ်သူလေ။ ငါတို့ ဘွဲ့ရတဲ့အချိန်မှာ ငါတို့ အရေးပေါ်အမိန့်တစ်ခုကို ရခဲ့တယ်…”
လူတိုင်းက နန်ကုန်းယွမ်၏ ဇာတ်ကြောင်းကို နားထောင်နေရင်း ကြီးကြပ်သူက သူ၏အသက်ကို ရင်းလျှက် မီးပင်လယ်ထဲမှ ကျောင်းသားသုံးယောက်ကို ကယ်တင်ခဲ့ပုံကို ကြားသိရသောအခါ အားလုံးက ငိုကြလေသည်။
ဒါက …။
သူတို့ရဲ့အရှေ့မှ တစ်ကိုယ်လုံး အမာရွတ်များ ပြည့်နှက်နေသော အမျိုးသမီးကြီးက ထိုအချိန်က စတင်ပြီး မျက်လုံးကွယ်သွားသလို့ ခါးသီးစွာ ရှင်သန်နေထိုင်ခဲ့ရလေသည်။
ထို့နောက် …
နန်ကုန်းယွမ်က ဆက်ပြောသည်။ လူတိုင်းကလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြသည်။
ထိုအဖွားအိုကြီးက နေ့တိုင်းလိုလို ဆိုးရွားသော ဘဝကို ကျော်ဖြတ်ခဲ့ရကြောင်း ကြားသိရသောအခါ လူတိုင်း၏နှလုံးသားကလည်း အပ်ပေါင်းများစွာဖြင့် အထိုးစိုက်ခံသလို့ ခံစားရသည်။
မီးဟာ လူပေါင်းများစွာကို သတ်ပစ်ရုံသာမကသေးလေဘဲ တောက်ပသော အနာဂတ်ကို ပိုင်ဆိုင်သည့် ဒီကောင်မလေးတစ်ယောက်ကို ဒီလိုအခြေအနေသို့ ပြောင်းလဲပေးလိုက်သည်။ သူမက ဆယ်စုနှစ်ပေါင်း များစွာကြာအောင် အထီးကျန်စွာ နေထိုင်ခဲ့ရ၏။ ထိုနှိပ်စက်မှုက မည်သူမှ မမျှော်လင့်ရဲသော အနေအထားမျိုး ဖြစ်သည်။
“ဝူး ဝူး ဝူး ဝူး ဝူး။ အဲဒီအချိန်က မီးတောက်က လူအများကြီးကို တကယ်သတ်သွားတာပဲ”
“အရင်းအမြစ်ကို ရှာတွေ့လား။ မီးက ဘယ်လိုစလောင်တာလဲ”
“ဟုတ်တယ်။ လူလုပ်တာသာဆိုရင် အဲဒီလူကို သေချာပေါက် ပစ်သတ်သင့်တယ်”
လူတိုင်းက တစ်ချိန်လုံး တိတ်ဆိတ်နေသော ကျန်းယီယွင်ကို ကြည့်ကာ မေးသည်။
“ဟူး”
နန်ကုန်းယွမ်က အသက်ပြင်းပြင်းရှုပြီး လမ်းကို တစ်ချက်ကြည့်ကာ လေးနက်သော လေသံနှင့် ပြောသည်။
“ဒီတစ်ကြိမ် ဒီကိစ္စကြောင့်ပဲ ငါတို့က မီဒီယာတွေကို ခေါ်လိုက်ရတာပါ။ အချိန်တွေကြာအောင် စစ်မေးပြီးတဲ့နောက်မှာ ဒါက စီးကရက်ဖင်စည်ခံ မီးတစ်ခုကြောင့် ဖြစ်တယ်ဆိုတာကို ရှာတွေ့ခဲ့တယ်”
“ဒါက ဒီအတိုင်း အနီးအနားက လမ်းသွားလမ်းလာတစ်ယောက်က သေချာ မငြိမ်းခဲ့မိတဲ့ စီးကရက် ဖင်စည်ခံ မီးလေးတစ်ခုပဲ။ ဒါပေမဲ့ ဒီလောက်အထိ ဆုံးရှုံးမှုကြီးသွားတယ်”
“ဒါပေမဲ့ ငါ တောင်းပန်ပါတယ်။ လူသတ်သမားကို ရှာမတွေ့ခဲ့ဘူး”
လူတိုင်းကလည်း အချိန်တွေကြာအောင် တိတ်ဆိတ်သွားသည်။
စီးကရက်ဖင်စည်ခံ မီးတစ်ခု။ သေးငယ်သော စီးကရက်ဖင်စည်ခံ မီးလေးတစ်ခုက လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ အခြေအနေက ဆိုးရွားလွန်း၏။
“တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာနကလည်း မင်းတို့ကို ဒီတစ်ကြိမ်မှာ ပြောချင်တာက …”
နန်ကုန်းယွမ်က အဝေးရှိ မြေပြင်တွင် အစီအရီရှိနေသော ထုံးကျောက်ဂူများကို ကြည့်ပြီး ဆောင့်ကြောင့်ထိုင်လိုက်ကာ ထုံးကျောက်ဂူများပေါ်မှ စကားလုံးများကို အသာပွတ်သပ်ရင်း တုန်ယင်သော လေသံနှင့် ပြောသည်။
301 04
“ငါတို့က အဲဒီနှစ်က မီးကြောင့် ကံဆိုးသွားခဲ့တယ်”
“ဒါပေမဲ့ ကံကောင်းတယ်လို့ ပြောရမယ်”
“တိရစ္ဆာန်တွေက မျိုးတုန်းသွားခဲ့တဲ့အတွက်ကြောင့်ပဲ ဘယ်တိရစ္ဆာန်မှသာ မျိုးမတုန်းခဲ့ဘူးဆိုရင် ငါတို့က ဒီစစ်သည်အယောက် ၆၀ ကို ဆုံးရှုံးရလိမ့်မယ်။ နောက်ပြီး အဲဒီမှာ ရှိနေတာက တိရစ္ဆာန်အကောင် ခြောက်ထောင် ဒါမှမဟုတ် ခြောက်သောင်း၊ ခြောက်သိန်းလောက်အထိကို ဆုံးရှုံးရလိမ့်မယ်”
“မင်းတို့ရဲ့ရှေ့က ဒီအုတ်ဂူတွေ အားလုံးက အလုံးအရင်းနဲ့ မျိုးတုန်း ပျောက်ကွယ်သွားခြင်း မတိုင်မှီကတည်းက တည်ရှိခဲ့တာပဲ”
လူတိုင်း၏ ပဟေဠိဖြစ်နေသော မျက်နှာများကို မြင်သောအခါ နန်ကုန်းယွမ်က ပထမဉီးဆုံး အုတ်ဂူ၏အရှေ့မှ ဖယ်ပေးလိုက်ရင်း ပြောပြသည်။
“ရန်ဇယ်မြစ်ပိုင်ကြီး”
“၂၀၁၉ မှာ မျိုးတုန်းပျောက်ကွယ်မှုကြောင့် ဒီအုတ်ဂူက ပျက်စီးသွားခဲ့တယ်”
“ဟုတ်သားပဲ”
“ဒီအုတ်ဂူတွေက မျိုးတုန်းပျောက်ကွယ်သွားတဲ့ ကာလမတိုင်ခင်က တရုတ်နိုင်ငံမှာ မျိုးတုန်းသွားပြီးသား တိရစ္ဆာန်တွေကို ကိုယ်စားပြုတာပဲ။ နောက်ပြီး ဒီမှာ တစ်ရာကျော်နေတယ်”
ထိုစကားများ ထွက်လာပြီး သိပ်မကြာခင် လူတိုင်း၏ မျက်လုံးက ပြူးကျယ်သွားသည်။ သူတို့သည် ကင်မရာများကို မြှောက်လျှက် အုတ်ဂူတစ်ခုချင်းစီတိုင်း၏ ဓာတ်ပုံကို ရိုက်သည်။
ပိုပြီး ပဟေဠိဖြစ်စေသည်မှာ ထိုအုတ်ဂူအတန်း၏ အစွန်ဆုံးဘက်နားတွင် မည်သည့်စာမှ မရေးထားသော အုတ်ဂူအလွတ်တစ်ခုရှိနေသည်။
+++++ 302 01
အခန်း 302
“ဒီအုတ်ဂူက … အလုံးအရင်းနဲ့ မျိုးတုန်းပျောက်ပြီးမှ ငါတို့ ရှာတွေ့ခဲ့တာပဲ။ ဒါပေမဲ့ နာမည် မရေးထားဘူး”
“ဒါပေမဲ့ …”
နန်ကုန်းယွမ်၏မျက်နှာက လေးလံနေသည်။
“ငါတို့က တိရစ္ဆာန်မျိုးတုန်းပျောက်ကွယ်မှုကို တွေ့ကြုံ့ခဲ့ပြီးပေ့မဲ့လည်း ငါတို့ နေ့တိုင်းလိုလို ဘယ်လိုနေခဲ့ရသလဲဆိုတာကို အားလုံးကို မှတ်မိစေချင်သေးတယ်”
“နောက်ပြီး ဒီအုတ်ဂူကို ဆောက်လုပ်ခဲ့တဲ့လူက ငါတို့နည်းတူ လုပ်ဆောင်ခဲ့တာ ဖြစ်လိမ့်မယ်”
“အဲဒီအချိန်က လူတွေကလည်း တိရစ္ဆာန်တွေက ဆက်လက်ပြီး မျိုးတုန်းပျောက်ကွယ်သွားမယ်ဆိုတာကို တွေးခဲ့မိသင့်တယ်။ ဒါကြောင့် နောက်ဆုံး အုတ်ဂူမှာ နာမည်မရေးခဲ့တာပဲ”
“သူတို့ကလည်း မဝေးတော့တဲ့ အနာဂတ်မှာ တိရစ္ဆာန်တွေက အမှန်တကယ် မျိုးတုန်း ပျောက်ကွယ်သွားမယ်ဆိုတာကို မသိခဲ့လောက်ဘူး။ လူသားတွေက ရှင်သန်ခဲ့ပေမဲ့လည်း တိရစ္ဆာန်တွေကို ဆုံးရှံးစေခဲ့တဲ့ ကြီးမားတဲ့ တန်ကြေးကို ပေးဆပ်လိုက်ရတယ်”
ထို့သို့ ပြောနေရင်းနဲ့ နန်ကုန်းယွမ်က စိတ်လှုပ်ရှားသထက် စိတ်လှုပ်ရှားလာသည်။
“ဒီပိုးကောင်တွေ မရှိဘဲ ကောက်ပဲသီးနှံတွေကို စိုက်ပျိုးဖို့အတွက် ငါတို့က အရင်ထက် ဆယ်ဆမက ကြိုးစားအားထုတ်ဖို့ လိုအပ်လာတယ်။ နောက်ပြီး တူညီတဲ့ ရလဒ်ကိုမျိုးလည်း မရနိုင်တော့ဘူး”
“သမုဒ္ဒရာကြီးတစ်ခုလုံးမှာ လူသားတွေက ရေထဲကို မဆင်းနိုင်ဘူး။ ဘာလို့လဲ။ ဘာလို့လဲဆိုတော့ ရေနေသတ္တဝါတွေ မရှိတော့လို့ပဲ။ ဒါကြောင့် အဲဒီမှာရှိတဲ့ အမျိုးမျိုးသော အန္တရာယ်တွေကို မရင်ဆိုင်နိုင်တော့ဘူး”
“နောက်ပြီး တောအုပ်ထဲမှာ ငှက်တစ်ကောင်တောင် မရှိဘူး”
“ဟူး ဟူး”
နန်ကုန်းယွမ်က အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် ကျန်းယွေ့ယွမ်ကို တွဲရင်း တိတ်တဆိတ် ထွက်လာသည်။
မရေမတွက်နိုင်သော သတင်းထောက်ပေါင်းများစွာက အုတ်ဂူများကို ကြည့်ရင်း အချိန်တွေကြာအောင် တိတ်ဆိတ်နေခဲ့ကြသည်။
“ဟယ်လို။ အားလုံးပဲ တီဗီကို ကြည့်နေကြရဲလား”
“ငါက ဖူရီဆုကီပါ”
“ဒီနေ့ ငါတို့က အချိန်တွေကြာအောင် ပိတ်ထားတဲ့ ပန်းခြံထဲကို ဖိတ်ကြားခြင်းခံရတယ်။ ဒါရိုက်တာ ဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုနှင့်အတူ လူတိုင်းကလည်း ဒီတောမီးကြောင့်ဖြစ်တဲ့ အခြေအနေကို သိထားပြီးသားဖြစ်မယ်လို့ ယုံကြည်တယ်”
“အခု တိုက်ရိုက်ထုတ်လွှင့်မှုမှာတော့ သုံးယွဲ့က မရေမတွက်နိုင်အောင် သေဆုံးသွားခဲ့ရတဲ့ တိရစ္ဆာန်တွေရဲ့ အလောင်းတွေကို ကြည့်ရင်း ရင်ကွဲမတတ် ခံစားရတယ်”
သတင်းထောက်များ၏ နောက်ဆုံးတွင်ရပ်နေသော သုံးယွဲ့က တစ်ဖက်သို့ တိတ်တဆိတ်လှည့်ရင်း ကင်မရာကို ကြည့်ကာ ပြောသည်။
“တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက အဲဒီမီးတောက်က ဆက်ပြီး လောင်ကျွမ်းနေတုန်းပဲ။ နောက်ပြီး လူပေါင်းများစွာကလည်း လှုပ်ရှားနေကြတယ်”
“ငါတို့လည်း အဲဒီတောမီးက အမြန်ဆုံး ငြိမ်းသွားပြီး ဘယ်တော့မှ ပြန်မလောင်တော့ဖို့ မျှော်လင့်ပါတယ်”
“နောက်ပြီး တိရစ္ဆာန်တွေအားလုံးကို ပြန်လည်ကယ်ဆယ်ပေးဖို့လည်း မျှော်လင့်တယ်။ အဲဒီနောက် ငါတို့လည်း ဘယ်တိရစ္ဆာန်တစ်ကောင်ကိုမှ ဒီလို အုတ်ဂူမျိုးထဲ မရောက်အောင် ကြိုးစားရမယ်”
“ငါတို့အားလုံးကောင်းကောင်း ပြန်လည်သုံးသပ်ဖို့ ထိုက်တန်ပါတယ်”
302 02
“ဒါကတော့ သာမန်ကာလျှံကာ လုပ်မိလိုက်မျိုး ဖြစ်နိုင်ပေမဲ့ တိရစ္ဆာန်တွေကို ကယ်တင်ပြီးသွားတဲ့နောက်မှာ ဒီလိုအခြေအနေမျိုးတွေ ထပ်မဖြစ်အောင် ကြိုးစားရလိမ့်မယ်”
“ဒီမှာ သုံးယွဲ့က လူတိုင်းကို တောင်တွေပေါ်မှာ မီးမွှေးတာမျိုး၊ ခြောက်သွေ့တဲ့ တောအုပ်တွေထဲကို သွားပြီး မီးပုံ ဖိုတာမျိုးကို မလုပ်ဖို့ တောင်းပန်ချင်တယ်”
“မီးက ငါတို့ကို ဘဝအတွက် မျှော်လင့်ချက်တွေ ပေးတယ်။ ဒါပေမဲ့ ဒါက ငါတို့ကို ဖျက်စီးစေဖို့ မဟုတ်ဘူး”
“အချစ်နဲ့မျှော်လင့်ချက် ပရိုဂရမ်အစီအစဉ်မှ အားလုံးကို ကြည့်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ငါတို့က ဒါရိုက်တာဆုပိုင်တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက ရင်ကွဲစေတဲ့ မီးတောက်အကြောင်း အစီအစဉ်အတွက် အာရုံစိုက်ရအုန်းမယ်”
…
“ဟူး ဟူး ဟူး”
လေက မီးတောက်များနှင့်အတူ လိမ့်လာသည်။
“မြန်မြန် နောက်ဆုတ်”
“ငါတို့ဆက်ပြီး မထိန်းနိုင်တော့ဘူး။ မီတာ ၁၀၀ အထိ နောက်ဆုတ်ကြ”
“အရှိန်နှုန်းမြှင့်”
ဆုပိုင်က သားပိုက်ကောင်လေးကို ဖက်ထားရင်း လူအုပ်၏ အော်သံများကို နားထောင်ကာ ထိုသားပိုက်ကောင်လေးကို အရှေ့မှ လူကို ကမ်းပေးလိုက်ပြီး အနောက်ဘက်သို့ အပြေးလှည့်ကာ မီးတောက်ထဲသို့ ဝင်သွားသည်။
“ငါတို့ ဆက်ဝင်လို့ မရတော့ဘူး။ မီးက ဆက်ပြီး တက်လာနေတုန်းပဲ။ ဒီနေရာကို စွန့်ပစ်မှ ဖြစ်တော့မယ်”
“မြန်မြန် ပြန်လာခဲ့”
ဖစ်က မီးပုံထဲသို့ ထပ်ဝင်သွားသော ပုံရိပ်ကိုကြည့်ပြီး မနေနိုင်ဘဲ လှမ်းအော်သည်။
လူတိုင်းကလည်း အံကိုကြိတ်လိုက်ပြီး ဆုပိုင်ထွက်သွားသောဘက်သို့ ရေပိုက်များကို လှည့်လိုက်ကြသည်။
သူတို့သည်လည်း ထိုလူများကို မမြင်ဖူးပေ။ သူတို့က မည်သည့်နိုင်ငံမှ ဖြစ်စေကာမှု သူတို့ဒဏ်ရာများက မည်မျှ ပြင်းထန်စေကာမှု အတွင်းသို့ အပြေးဝင်သွားကြသည်။
ထို့သို့ဖြင့် တိရစ္ဆာန်တစ်ကောင်ပြီးတစ်ကောင်ကို ကယ်ထုတ်လာသည်။
ထို့နောက် …
အရေးကြီးဆုံးအချက်ကမှု ဒီနေ့ ထိုကောင်မလေးက သူတို့၏တိုင်းပြည်သို့ လာရောက် ခရီးသွားခြင်း ဖြစ်နေသည်။
ခရီးသွားများက သူတို့အတွက် ထို့မျှအထိ ပေးဆပ်ထားသည်။ ထို့အခြေအနေက အရာအားလုံးကို မြင်နေရသော ဘွန်နီရယ်ကို ရှက်မိစေသည်။
သူတို့၏ ကယ်ဆယ်ရေးအသင်းက မရောက်သေးပေ။ လူတိုင်းက ဒီအခိုက်အတန့်အထိ နွမ်းနွယ်နေကုန်လေပြီ။
မည်သူကမှ နောက်မဆုတ်ကြချေ။ လူအများစုက သူတို့ကိုယ်သူတို့ ရိုးရှင်းစွာသာ ပတ်တီးများ စည်းနိုင်၍ အရှေ့သို့ ဆက်ပြီး ဝင်နေကြသည်။
“ငါတို့ သူတို့အတွက် စိတ်မကောင်းဘူး”
ဘွန်နီရယ်က နီရဲသော မျက်လုံးများဖြင့် ခပ်တိုးတိုးပြောသည်။
“အမိန့်ပေးစင်တာက ကယ်ဆယ်ရေးအသင်းကို လွှတ်လိုက်ပြီလို့ ပြောတယ်။ သူတို့တွေ … “
သူ၏အပေါင်းအဖော်က အံကြိတ်သံဖြင့် ပြောသည်။
“သူတို့က ခေါင်းဆောင်ရဲ့ အမိန့်မပါပဲ အရေးပေါ်လှုပ်ရှားမှုကို လုပ်လိုက်တာ။ အားလုံးကလည်း လှုပ်ရှားနေကြပြီ”
“ငါတို့နောက်ထပ် တစ်နာရီလောက်တော့ ထိန်းထားနိုင်မယ်ဆိုရင် အနီးဆုံးမြို့တွေက လုပ်အားပေးတွေ ရောက်လာလိမ့်မယ်”
“တစ်နာရီ ဟုတ်လား”
302 03
ဘွန်နီရယ်က အနောက်ဘက်ရှိ တောကို ကြည့်သည်။ သူ၏ခေါင်းကို တဖြည်းဖြည်းချင်းစီ ခါပြီး အားနည်းစွာ ပြောသည်။
“ငါတို့ မထိန်းနိုင်မှာ စိုးရိမ်တယ်”
“မီးက တအားကြီးလွန်းလို့ သားပိုက်ကောင်ကျွန်းတစ်ခုလုံးက ပျောက်သွားလောက်တယ်”
“မြန်မြန် နောက်ဆုတ်ကြ”
“ဟူး”
ရုတ်တရက် အဝေးရှိ မီးသတ်သမားတစ်ယောက်က ကြောက်လန့်တအား အော်ဟစ်ပြီး ခပ်မြန်မြန် နောက်ဆုတ်လာသည်။
ခရက်စ့် ခရက်စ့် ခရက်စ့်။
လူတိုင်းက မော့ကြည့်လိုက်သောအခါ သိပ်မဝေးသောနေရာမှ ကြီးမားသော မုန်တိုင်းလေးကို မြင်လိုက်ရသည်။
ဒါဟာ မီးနဂါးတစ်ကောင်နှင့်ပင်တူသေးပြီး ကောင်းကင်သို့ တိုက်ရိုက် သဲ့ဝင်နေသည်။
လိမ့်တက်နေသော မီးတောက်များက ကမ္ဘာ့ အဆုံးအသတ်ဟုပင် ထင်ရလောက်အောင် လူတိုင်းရှိသော နေရာဘက်သို့ အပြေးရောက်လာလေသည်။
လမ်းတွင် ရှိသမျှ သစ်ပင်တိုင်းက အမြှီးများ ကျွတ်ထွက်ကုန်ပြီး ချက်ချင်း လေထဲတွင် ပြာဖြစ်သွားသည်။
“မြန်မြန် နောက်ဆုတ်ကြ”
ဖစ်က ရေပိုက်ကို နောက်သို့ ဆွဲရင်း ခပ်ကြမ်းကြမ်း အော်သည်။
“ဆုပိုင် … “
ကျိုးဝမ်၏ ခန္ဓာကိုယ်က အနက်ရောင် အစင်းများ ပြည့်နှက်နေသည်။ သူမက လျင်မြန်စွာ နီးကပ်လာသော မုန်တိုင်းကို ကြည့်ပြီး မီးတောက်ထဲသို့ လှမ်းအော်သည်။
သို့သော် …
ပြန်ဖြေသံကို မကြားရပေ။
“ကောင်မလေး သွားရအောင်”
ဖစ်က ကျိုးဝမ်ကို လက်ဖြင့်ဆွဲရင်း အပြေးခေါ်သွားသည်။
“မသွားဘူး”
“ငါ အထဲဝင်ပြီး သူ့ကို သွားရှာမယ်။ ငါ့ကို ဖယ်စမ်းပါ။ ငါ သူ့ကို သွားရှာရမယ်”
“ဆုပိုင်”
ကျိုးဝမ်က အသားကုန် ဟစ်အော်သည်။ သူမက သူမဆီ အပြေးရောက်လာနေသော မုန်တိုင်းကြီးကို ကြည့်ကာ ငိုလေသည်။
ဆုပိုင်နှင့် နာရီအနည်းငယ်ခန့် အတူရှိပြီးနောက်တွင် ဆုပိုင်၏အပြုအမှုက သူမကို အမှန်ပင် မှင်သက်စေခဲ့သည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ တိရစ္ဆာန်များအတွက်ကြောင့်နှင့် သူဟာ သူ၏ကိုယ်ပိုင် လုံခြုံရေးကို မေ့ထားသည်။ သူဟာ အနည်းငယ်ပင် မရပ်တန့်ပဲ မီးပုံထဲသို့ ဆက်တိုက် ပြေးဝင်နေခဲ့၏။ အချိန်တိုင်းက အန္တာရာယ်များလွန်းနေခဲ့သည်။
“ဝူး ဝူး ဝူး။ ဒါရိုက်တာဆုပိုင်”
“ဟင် ဟင်။ သူမကို အမြန်လေး ခေါ်ထုတ်သွားတော့”
ဖစ်က လဲကျသွားသော ကောင်မလေးကို ကြည့်ပြီး မနေနိုင်ဘဲ သက်ပြင်းချသည်။ အနောက်မှ အသင်းဖော်တစ်ယောက်ကို ပြောရင်း သူဟာ အံကိုကြိတ်လျှက် ရေပိုက်ကို ဖွင့်လိုက်ပြန်သည်။
“မင်းတို့တွေ အရင် ထွက်သွားကြ”
“ငါ ဆုပိုင်ကို စောင့်လိုက်မယ်”
အနောက်ဘက်သို့ တစ်ချက်အော်ပြီးနောက်တွင် ဖစ်က တစ်လှမ်းချင်းစီ လျှောက်ဝင်သွားကာ ရေပိုက်ကြီးကို ကိုင်ထားရင်း ဆုပိုင်ရှိရာဘက်သို့ သွားသည်။
“ပြန်လာခဲ့။ ငါတို့ သွားရအောင်”
302 04
ဘွန်နီရယ်က သူ့ကို အနောက်သို့ ပြန်ဆွဲခေါ်ပြီး အငမ်းမရ အသက်ရှုကာ ပြောသည်။
“ငါတို့မှာ ရဟတ်ယာဉ်ရှိတယ်။ ဒါကြောင့် ငါတို့ လူသွားကယ်လိုက်မယ်။ မင်းကတော့ နောက်ထပ်ခုခံရေး တစ်နေရာဆီ သွားဆုတ်တော့”
“ငါတို့ သားပိုက်ကောင်ကျွန်းကို ရောက်တော့မှာ။ မီးက အဲဒီအထိ ပျံ့သွားတာမျိုး ဖြစ်လို့မရဘူး”
“တစ်နာရီ။ ငါတို့ တစ်နာရီလောက်ပဲ ထိန်းနိုင်သမျှ ကယ်တင်ခံရပြီ”
သူဟာ မည်သည့်စကားမျှ ထပ်မပြောတော့လေပဲ သူ၏ဘေးဘက်မှ အပေါင်းအဖော်ကို ဆွဲလျှက် အဝေးရှိ လမ်းဘက်သို့ အပြေးအလွှား ထွက်လာခဲ့လိုက်လေသည်။
“ဒါရိုက်တာဆုပိုင် သတိထားနော်။ မုန်တိုင်းက လာနေပြီ”
“ဒါက ငါ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ခဲ့တဲ့ တောက်လျှောက် စိတ်အလှုပ်ရှားရဆုံး အခိုက်အတန့်ပဲ။ ငါ စိုးရိမ်လွန်းလို့ ကီးဘုတ်ကိုတောင် ရိုက်နေမိတယ်။ လာ ကြိုးစားထား ဒါရိုက်တာဆုပိုင်”
“သူ သေချာပေါက် ထွက်လာနိုင်မှာပါ။ အကောင်ငယ်လေးကိုလည်း ခေါ်လာခဲ့အုန်း”
“သွားပြီ။ ငါဆက်မကြည့်ရဲတော့ဘူး။ မုန်တိုင်းက ရောက်လာတော့မှာ။ ဘယ်လိုများ လုပ်ရမလဲ။ ဒီမုန်တိုင်းက လူတွေကို တစ်ခါတည်း သတ်ပစ်လောက်တယ် ထင်တယ်”
“သေစမ်း။ မထွက်ပြေးနိုင်တဲ့ တိရစ္ဆာန်တွေ အများကြီး ရှိသေးတယ်လေ။ အရမ်း နောက်ကျနေပြီ”
“အား။ ငါ တကယ်ကို အပြေးဝင်သွားချင်တယ်။ တိုင်းပြည်က အမှိုက်တွေ ပြည့်နှက်နေတာလား။ ဘာလို့ ခေါင်းဆောင်ဆိုတဲ့ကောင်က မီးလောင်နေမှန်း သိပြီးတဲ့နောက်မှာ ပြည်ပကို ထွက်သွားရတာလဲ။ သောက်ကျိုးနည်းကို အရူးခေါင်းဆောင်”
“ငါတော့ အရမ်း ဒေါသထွက်တာပဲ။ ငါရှေ့က လူတွေက ပြင်းပြင်းထန်ထန် ကြိုးစားနေကြတယ်။ ဒါပေမဲ့ သူကတော့ ခရီးထွက်သွားတယ်”
“တရုတ်ပြည်မှာဆိုရင် ဒီလူက ပစ်သတ်ခံရသင့်တယ်”
…
++++++ 303 01
အခန်း 303
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ရှိသူများအားလုံးက ထိုင်ခုံမှထရပ်နေကြပြီး မထိုင်နိုင်အောင် ဖြစ်နေကြသည်။ အားလုံး၏စိတ်က တုန်လှုပ်နေကြသည်။
သူတို့၏အနောက်တွင်လျှင် အပြေးဝင်ရောက်လာနေသော မုန်တိုင်းလည်း ရှိနေရုံသာမကသေးလေပဲ အနီးအနားရှိ သစ်ပင်များအားလုံးက မီးဆွဲလောင်နေပြီး ဆက်တိုက်ဆိုသလို လဲကျနေသည်။
ထို့သစ်ပင်အောက်တွင်ပင် သွားလျှင် သေချာပေါက် လောင်ကျွမ်းပြီး သေဆုံးသွားရပေလိမ့်မည်။
ထို့နောက် …
ထို့အချိန်တွင် လူတိုင်းနီးပါးက ဒါဟာ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုသာ ဖြစ်ကြောင်း မေ့လျော့နေကြသည်။ မြင်ကွင်းတိုင်းက အစစ်မှန် ဆန်လွန်းနေသည်။
မီးသတ်သမားတိုင်းဖြစ်စေ၊ လုပ်အားပေးသူများပင်ဖြစ်စေ အားလုံး၏ မျက်နှာအမှုအရာများနှင့် ဒဏ်ရာများက အလွန်အမင်း စစ်မှန်လွန်းနေသည်။
ကွန်ပြူတာအရှေ့တွင် ရပ်နေသော ကြည့်သူများဖြစ်စေ၊ တိုက်ရိုက်ထုတ်လွှင့်မှုကို တီဗီဖြင့် ကြည့်ရှုနေသူများဖြစ်စေ အားလုံးက သူတို့၏လက်ဖဝါးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျှက် မီးစင်နားတွင် ကပ်ရင်း ခေါင်းကိုငုံကာ ဆုတောင်းနေကြသည်။
ဒါရိုက်တာ ဆုပိုင် ဘာမှ မဖြစ်ပါစေနဲ့။
“ဟူး”
“မြန်မြန်လုပ်။ ငါ့နောက်ကို လိုက်ခဲ့ လျှောက်မပြေးနဲ့”
ထို့အချိန်တွင် ဆုပိုင်နှင့် သူ၏ခန္ဓာကိုယ်ကို ခိုဖက်ထားသော ကိုအာလာ ကိုးကောင်တို့က အပြေးအလွှား ပြန်ထွက်လာနေသည်။ သူ၏အနောက်ဘက်တွင်လည်း သားပိုက်ကောင် ဆယ်ကောင်ထက်မနည်း ပါသေးသည်။
ဒါဟာ သူ မီးထဲမှ ရှာတွေ့ခဲ့သည့် တိရစ္ဆာန်များ ဖြစ်သည်။
အချို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သော်လည်း သို့သော် …
တစ်ကောင်ချင်းစီတိုင်းက တတ်စွမ်းသမျှ ဆုပိုင်နောက်သို့ အပြေးလိုက်လာကြပြီး မီးပင်လယ်ကို ကျော်ဖြတ်လာကြသည်။
ဗုန်း။
ရုတ်တရက် သူ၏အရှေ့မှ သစ်ပင်ကြီး တစ်ပင်က ပြိုလဲကျသွားပြီး ဆုပိုင်က အလျင်စလို ရပ်တန့်လိုက်ရသည်။
“အား”
“လမ်းက ဖယ်”
ထို့အခိုက်အတန့်တွင် သားပိုက်ကောင် အထီးတစ်ကောင်က ရုတ်တရက် ခုန်ထွက်လာပြီးနောက် ခပ်ကြမ်းကြမ်း အော်သည်။ သူဟာ အနောက်ဘက်မှ အဖွဲ့ကိုကြည့်လျှက် အံကိုကြိတ်လိုက်သည်။ ဆုပိုင်က မတုံ့ပြန်နိုင်သေးခင် သူဟာ မီးပင်လယ်ထဲသို့ ခုန်ဝင်သွားသည်။
ဘန်း ဘန်း ဘန်း။
သူဟာ ပြင်းထန်သော နာကျင်မှုကို တောင့်ခံရင်း ထိုသစ်ပင်ကြီးကို ရူးသွပ်စွာ ချေမွပစ်သည်။
ဘန်း။
သူကိုယ်တိုင်ကလည်း အရှေ့ဘက်သို့ လဲကျသွားပြီး အနောက်ဘက်မှ လူအတွက် လမ်းကို ဖွင့်ပေးလေသည်။
“အားး”
“သွား သွား သွား”
သူဟာ မြေပြင်တွင် လဲကျသွားသည်။ ထိုသားပိုက်ကောင်က သူ၏လက်ကို ဆန့်ထုတ်ပြီးနောက် ခေါင်းအထက်မှ အဟကြားနေရာကို ညွှန့်ပြလေသည်။
“သွားတော့။ သွားတော့။ အပြေးသွားတော့”
ဆုပိုင်က အံကိုကြိတ်လိုက်သည်။ သူဟာ ကိုအာလာများကိုဖက်ရင်း ထိုအဟကြားနေရာမှ အပြေးအလွှား ဝင်ရောက်လိုက်လေသည်။
နောက်မှ သားပိုက်ကောင်တစ်ဖွဲ့က စူးရှစွာ အော်ဟစ်ပြီးနောက် အပြေးအလွှား လိုက်လာကြသည်။
“အား”
“အသက်ရှင်ရမယ်”
အနောက်ဘက်မှ အော်သံများကို ကြားသောအခါ ဆုပိုင်က ရပ်တန့်ပြီး လှည့်ကြည့်လိုက်သည်။
လောင်ကျွမ်းနေသော သစ်ပင် ပင်စည်အောက်တွင် လဲကျနေသော သားပိုက်ကောင်က တဖြည်းဖြည်းချင်းစီ ခေါင်းငိုက်စိုက် ကျသွားပြီဖြစ်သည်။
303 02
“ငါ သေချာပေါက် ထွက်နိုင်ရမယ်”
သူဟာ လေသံတိုးတိုးဖြင့် ရေရွတ်ပြီးနောက်တွင် သားပိုက်ကောင်များအားလုံးကို ခပ်တင်းတင်း ပွေ့ဖက်လျှက် အပြင်သို့ ခပ်မြန်မြန် ထုတ်သည်။
ဗုန်း။
ထို့အခိုက်အတန်တွင် ခေါင်းအထက်မှ ရဟတ်ယာဉ်တစ်စီးက ပေါ်လာသည်။ ထို့နောက် လှေကားက ကျလာသည်။
“ဆုပိုင် မြန်မြန်တက်လာခဲ့”
ဘွန်နီရယ်က အောက်သို့ ငုံကြည့်ရင်း အော်သည်။
“ဟူး ဟူး ဟူး”
ဆုပိုင်က အနောက်သို့ လှည့်ကြည့်ပြီး အပေါ်သို့ ပြန်အော်သည်။
“မင်း ကိုအာလာတွေကို ခေါ်သွား။ ငါ သားပိုက်ကောင်တွေကို ဉီးဆောင် ခေါ်ထုတ်သွားလိုက်မယ်”
ထို့သို့ပြောပြီးနောက် သူဟာ ကိုယ်ပေါ်က ကိုအာလာများကို လှေကားပေါ်သို့ တင်ပေးသည်။
“တင်းတင်း ဖက်ထား။ တင်းတင်း ဖက်ထား။ အားလုံးပဲ”
သူဟာ ညွှန်ကြားပြီးနောက်တွင် ဆုပိုင်က ထိုအကောင်ငယ်လေးများ၏ နဖူးကို အသာထိတွေ့လျှက် အနောက်သို့ လက်လှမ်းပြလိုက်ပြီး အရှေ့သို့ အပြေးထွက်သွားပြန်သည်။
“ဒါ”
“မြန်မြန် ဆွဲတင်လေ”
ဘွန်နီရယ်က ထိုတရုတ်လူငယ်လေးကို ကြည့်လိုက်ပြီး မျက်လုံးများက နီရဲလာသည်။ ထို့နောက် သူ၏အပေါင်းအဖော်ကို ပြောသည်။
“ငါတို့ ဒီလူကို ကျေးဇူးတင်ရမယ်။ ကိုအာလာလေးတွေကို ဆွဲတင်လိုက်။ အဲဒီနောက် ဆုပိုင်အတွက် လမ်းကြောင်း ရှင်းပေးရအောင်။ သူက မီးထဲမှာ။ သူရဲ့ မြင်နိုင်စွမ်းအင်က ငါတို့လောက် မကောင်းဘူး”
“ကောင်းပြီ”
သူ၏အပေါင်းအဖော်ကလည်း လှေကားကို လျင်မြန်စွာ ထိန်းချုပ်လိုက်ပြီးနောက်တွင် ကိုအာလာလေးများကို အပေါ်သို့တင်သည်။ ထို့နောက် သူကိုယ်တိုင်က ဆုပိုင် ထွက်ပြေးသွားသော ဘက်သို့ လိုက်လေသည်။
ဗုန်း။
ဆုပိုင်က သူ၏အနောက်ဘက်မှ လျင်မြန်စွာ ကြီးမားလာသော မုန်တိုင်းကြီးကို ကြည့်လိုက်သည်။ ထိုမုန်တိုင်းကြီးက မီတာ ၂၀ ကျော်လာပြီ ဖြစ်သည်။ ထို့အတိုင်း ဆက်ဖြစ်နေလျှင် သူတို့ လွှတ်မြှောက်နိုင်မည် မဟုတ်ပေ။ သူဟာ အံကို တင်းတင်းကြိတ်လိုက်သည်။ ဆုပိုင်က အနောက်ဘက်မှ ကြောက်လန့်နေသော သားပိုက်ကောင်များကို ကြည့်ပြီး အော်သည်။
“မင်းတို့ မပြေးနိုင်တော့ဘူးလား။ မီးပုံထဲက အပြေးထွက်ကြ”
“ငါရဲ့နောက်က ကပ်လိုက်ကြ”
မုန်တိုင်းထံမှ ဆက်လက်ပြီး ပုန်းကွယ်နေမည်ဆိုလျှင် ဒီနေရာတွင် သေချာပေါက် သေရပေလိမ့်မည်။ ထို့ကြောင့် သူဟာ အသက်ကို ပြင်းပြင်းရှုလျှက် မီးပင်လယ်ဘက်သို့ အရင် ပြေးဝင်လိုက်သည်။
သားပိုက်ကောင်များက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးနောက် အလားတူ ခုန်ဝင်သည်။
ထို့နောက် တစီစီမြည်သံများက ထွက်လာသည်။ သူ၏ဆံပင်မွှေးများက မီးလောင်ကုန်သည်။ သူဟာ လက်ကို ဆန့်ထုတ်ပြီး မီးကို ငြိမ်း၏။
ထို့နောက် သူ၏နောက်မှ လိုက်လာသော သားပိုက်ကောင်များကို ကြည့်ပြီးနောက် သူ၏အဝတ်များကို ချွတ်ကာ နှာခေါင်းကို အုပ်လိုက်ရင်း အရှေ့ဘက်မှ သစ်ပင်ကို ခြေမွပစ်လေသည်။
“ရဟတ်ယာဉ်က ဘာလုပ်တာလဲ”
အားလုံးက မုန်တိုင်းနားတွင် ကပ်ပျံနေသည့် ရဟတ်ယာဉ်ကို မြင်သောအခါ စိတ်ရှုပ်ထွေးစွာ မေးသည်။
303 03
“သူတို့က ဆုပိုင်အတွက် လမ်းပြနေတာ”
ဖစ်က အဝေးရှိ ရဟတ်ယာဉ်ကိုကြည့်ပြီး ခပ်တိုးတိုး ရေရွတ်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။ မီးပင်လယ်ထဲကို ဝင်သွားတဲ့ လူငယ်က ဘယ်လိုထွက်လာနိုင်မှာလဲ”
“ဟုတ်တယ်။ ဟုတ်တယ်။ သူဘာလို့ အခြားဘက်ကို မပြေးတာလဲ”
“အဲဒီမုန်တိုင်းက ပြန့်လာတော့မှာ။ သူသာ ဒီမီးပုံထဲက မထွက်လာဘူးဆိုရင် မျှော်လင့်ချက် မရှိလောက်တော့ဘူး”
အားလုံးကလည်း အဝေးမှ ရဟတ်ယာဉ်ကို မျက်လုံးပြူးကာ ကြည့်နေကြသည်။
ထိုရဟတ်ယာဉ်က ခပ်မြန်မြန် ထွက်လာကတည်းက ထိုလူငယ်ဟာ …
ထိုအခြေအနေကို မည်သူမှ မမြင်ချင်ကြပေ။ ထိုဆုပိုင်အမည်ရသော တရုတ်လူမျိုးက သူ့လိုမျိုးလှုပ်ရှားမှုက လူတိုင်းကို ခံစားစေလေသည်။
“ကွက့် ကွက့် ကွက့်”
မြေပြင်တွင် လဲနေသော တိရစ္ဆာန်ပေါင်းများစွာက စတင်ကာ ကုန်းထလာကြသည်။ သူတို့သည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပုံပေါ်သည်။ ထို့နောက် စတင်ကာ ငိုညည်းသံများ ပြုသည်။
“ထွက်လာပြီ”
ရုတ်တရက် လူအုပ်ထဲမှ အလန့်တကြား အော်ဟစ်သံ ထွက်လာသည်။
မီးတောက်များ လောင်ကျွမ်းနေသော ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ပုံရိပ်တစ်ခုက ခုန်ထွက်လာတာ မြင်ရသည်။
“အားးး မြန်မြန် မြန်မြန် ရေ”
“ထွက်လာပြီ။ အနောက်မှာ သားပိုက်ကောင် တစ်ဖွဲ့လည်း ပါတယ်”
“နတ်ကောင်းနတ်မြတ် မတာပဲ။ နတ်ကောင်းနတ်မြတ် မတာပဲ။ ဆုပိုင်”
လူတိုင်းက သူတို့၏ရေသန့်ဗူးများကို အပြေးအလွှားထုတ်လျှက် ဆုပိုင်ရဲ့ကိုယ်ပေါ်သို့ လောင်းပေးကြသည်။
အချိန်တွေကြာပြီးနောက်တွင်
ဆုပိုင်က လက်ထဲမှ ရေသန့်ဗူးတစ်ဗူးလုံးကို ကုန်အောင်သောက်ပြီးနောက် စိတ်အေးစွာ သက်ပြင်းချသည်။
ထို့နောက် ခေါင်းကို လှည့်လျှက် အနီးအနားတွင်ထိုင်နေသော ကိုအာလာများကို ကြည့်သည်။ သူဟာ မနေနိုင်ပဲ ရယ်လိုက်၏။ နောက်ဆုံးတွင် သူဟာ တိရစ္ဆာန်များအားလုံးကို ကယ်တင်လိုက်နိုင်လေသည်။
သို့သော် ရုတ်တရက် အရှေ့မှ မီးက ကြီးသထက်ကြီးလာသည်။ အဝေးရှိ သားပိုက်ကောင်ကျွန်းမှ တိရစ္ဆာန်တိုင်းက သေဆုံးရလောက်၏။
မီးမုန်တိုင်းကြီးတစ်ခုလုံးက စတင်ကာ ပြင်းထန်လာသည်နှင့် အမြန်ဆုံး ရွေ့လျားနိုင်သော သားပိုက်ကောင်များကပင် ထွက်ပြေးရန် ခက်ခဲသွားမည်ဖြစ်သည်။ နှေးကွေးသော ကိုအာလာများဆိုရင် ပြောရန်ပင် မလိုအပ်တော့ပေ။
သူဟာ မြေပြင်မှ ပြန်ထလိုက်ပြန်သည်။ ဆုပိုင်က ကျိုးဝမ်ကို ကြည့်သည်။
ထိုကောင်မလေးက မမှတ်မိနိုင်သော ပုံစံမျိုးအထိ ပြောင်းလဲကာ စုတ်ပြတ်သတ်နေသည်။ သူမ၏မျက်နှာတွင်ပင် ဒဏ်ရာများကို မြင်ရသည်။
ဆုပိုင်က နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်လိုက်ပြီး ကျိုးဝမ်အနားသို့ သွားကာ လက်ကို ဆန့်ထုတ်လျှက် တည်ငြိမ်စွာပြောသည်။
“ကောင်းကင်ပြာတိရစ္ဆာန်ရုံ မိသားစုက ကြိုဆိုပါတယ်”
“ဒီကိစ္စပြီးသွားရင် မင်းကိုငှားခဲ့တဲ့သူတွေနဲ့ မင်းကိုထိန်းချုပ်တဲ့သူတွေကို ငါ ကိုင်တွယ်ပေးမယ်”
“ငါ …”
ကျိုးဝမ်က သူမ၏အရှေ့မှ လက်ကို ငုံကြည့်သည်။ သူမ အနာဂတ် တုံ့ဆိုင်းသွားပြီးနောက်တွင် သူမ၏လက်ကို ညှင်သာစွာ ဆန့်ထုတ်လိုက်သည်။
“မှောင်ခိုသတ်ဖြတ်ရေး အဖွဲ့အစည်းက အရမ်း ဒုက္ခများတယ်”
“ဖြစ်နိုင်ရင် ငါ တစ်ယောက်တည်း သွားနိုင်ပါတယ်”
303 04
“ဟီးဟီး”
ဆုပိုင်က ရယ်သည်။ သူ၏မျက်လုံးကို မှေးကျဉ်းရင်း ပြောသည်။
“ဘယ်လောက် ဒုက္ခများများ မင်းသာ ငါတို့ရဲ့ ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို ဝင်ပြီးရင် ပြဿနာ မရှိတော့ဘူး”
အနာဂတ်တွင် ပို၍ ခြိမ်းခြောက်နိုင်စွမ်းအား ပြင်းထန်သော တိရစ္ဆာန်များက ရှိလာပေလိမ့်မည်။ ထို့အပြင် အဆိပ်ကို သယ်ဆောင်နိုင်သော တိရစ္ဆာန်များလည်း ရှိသည်။
တိရစ္ဆာန်များက မျိုးတုန်းပျောက်ကွယ်သွားသော လောကတစ်ခုတွင် အဆိပ်ပြင်း မြွေများက ဒီလူသားများကို ကူကယ်ရာမဲ့အောင် လုပ်နိုင်သည်။
ဒါဟာ ဖြေဆေးရည်လောက်နှင့် မရနိုင်တော့ချေ။
ဆုပိုင်ကလည်း ထိုလူသတ်သမားအဖွဲ့အစည်းက မရေမတွက်နိုင်သော တိရစ္ဆာန်ပေါင်းများစွာထက် ပိုပြီး အင်အားကြီးမည်ကို မယုံကြည်ပေ။
မြွေဆိပ်ကို ရှာနိုင်ရင်တောင်မှ အဆိပ်ရှိတဲ့ ပင်ကူတွေကို သူတို့ ဘယ်လိုလုပ် ကိုင်တွယ်မှာလဲ။ နောက်ပြီး အဆိပ်ရှိတဲ့ ပျားတွေက အဲဒီလောကက လူတစ်ယောက်ကို အသာလေး သတ်နိုင်တယ်။
တိရစ္ဆာန်များက မျိုးတုန်းပျောက်ကွယ်သွားပြီးနောက် အဆိပ်ဖြေဆေးများက ပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ဆုပိုင်က ကျိုးဝမ်ကို ခေါ်လာရဲခြင်း ဖြစ်သည်။ ထို့အပြင် နောက်ဆုံးတစ်ခေါက်မှ သင်ခန်းစာက ထိုလူများအတွက် မလုံလောက်သေးပုံရသည်။
“သွားရအောင်။ သားပိုက်ကောင်ကျွန်းက တိရစ္ဆာန်တွေကို ဆက်ပြီး ကယ်တင်ကြမယ်”
ဆုပိုင်က ကားခေါင်းမိုးပေါ်သို့ ခုန်တက်ပြီး လူတိုင်းကို အော်ပြောသည်။
“ငါတို့ မုန်တိုင်းကိုတားလို့မရဘူးဆိုတော့ သားပိုက်ကောင်ကျွန်းက တိရစ္ဆာန်တွေကို သွားပြီး ကယ်တင်ရမယ်။ အားလုံးပဲ ငါတို့ ခပ်မြန်မြန်လေး ပြင်ဆင်ပြီး ကိုအာလာတွေအားလုံးကို ပို့ဆောင်ပေးဖို့ ကြိုးစားရအောင်”
သားပိုက်ကောင်များအားလုံးကို လွှတ်မြောက်အောင် ကူညီပေးနိုင်သမျှ သူတို့ကလည်း သူတို့ဘာသာသူတို့ ထွက်ပြေးနိုင်ပေလိမ့်မည်။ သို့သော် …
ကိုအာလာများကမှု ထွက်ပြေးနိုင်စွမ်းရည် မရှိချေ။ မီးလောင်နေသည့်တိုင်အောင် သူတို့ဟာ သစ်ပင်များပေါ်မှ ခုန်ဆင်းကြလိမ့်မည် မဟုတ်ပေ။ ဒါဟာ တိရစ္ဆာန်များကို ကယ်တင်ရာတွင် ဒုက္ခအများဆုံးအပိုင်း ဖြစ်သည်။
“ကောင်းပြီ။ ကယ်ဆယ်ရေးသမားတွေ လာရင်တောင်မှ သူတို့မီးကို မတားနိုင်ပါဘူး”
“ဆိုတော့ ဆုပိုင်နောက်ကိုပဲ လိုက်ပြီး တိရစ္ဆာန်တွေကို အရင် ကယ်ရအောင်။ အဲဒီနောက်မှ မီးငြိမ်းကြမယ်”
“ဟုတ်တယ်။ ဟုတ်တယ်။ အားလုံးပဲ မလိုအပ်တဲ့ ပစ္စည်းတွေကို ဖယ်ပြီး မြန်မြန်လေး ထွက်ခွာရအောင်”
ဆုပိုင်၏ အော်ခေါ်သံကို ကြားပြီးနောက်တွင် လူတိုင်းက စတင်ကာ လှုပ်ရှားကြသည်။ မိနစ်အနည်းငယ်ထဲနှင့် …
ထိုလုပ်အားပေးတစ်ဖွဲ့က လမ်းများပေါ်သို့ ပြန်တက်ပြီး အဝေးရှိ သားပိုက်ကောင်ကျွန်းဆီသို့ သွားကြသည်။
…
++++++ 304 01