အခန်း (၃၀၄-၃၀၆)
Vol. 21 Ch. 304-306
အခန်း 304
“အဟားဟားဟား။ ဘေဘီ။ ဘေဘီက အရမ်း ရယ်ရတယ်”
ရေကန်လေးတွင် လဲနေသော အသက်လတ်ပိုင်းအရွယ် အမျိုးသားက သူ၏အရှေ့မှ ရွှေအိုရောင်ဆံပင်နှင့် ကောင်မလေးနှင့် စကားပြောနေသည်။ မကြာခဏဆိုသလို ရယ်သံများက ထွက်လာသည်။
ထို့အခိုက်အတန့်တွင် ဝတ်စုံအပြည့်ဝတ်ဆင်ထားသော သက်တော်စောင့် တစ်ယောက်က ခပ်မြန်မြန် လျှောက်ဝင်လာပြီး ရွှေရောင်ဆံပင်နှင့်အမျိုးသမီးကို ကြည့်ကာ လေသံတိုးတိုးနှင့် ပြောသည်။
“မွေးရပ်မြေက အရေးပေါ်ခေါ်ဆိုမှု ရောက်လာတယ်။ ငါတို့ ကိုင်တွယ်ဖို့ လိုအပ်တယ်”
“ဘာကိစ္စလဲ။ ငါ ဒီမှာ ပြောနေတယ်”
ရမ်က တစ်ချက်မော့ကြည့်ပြီး မျက်မှောင်ကျုံ့ကာ ဒေါသကြီးကြီး ပြောသည်။
“ကောင်းပြီ”
“တောမီး လောင်နေတယ်။ အခြေအနေက အရမ်းကို အရေးကြီးတယ်။ အမိန့်ပေးစင်တာက အရေးပေါ် ခေါ်ဆိုမှု ပြုထားတယ်။ အရေးပေါ် ကပ်ဘေး ကယ်ဆယ်ရေးတွေကိုလည်း လိုအပ်တယ်”
“ပေါက်ကရတွေ”
“ငါတို့တိုင်းပြည်က မီးအကြီးအကျယ် လောင်ဖူးတာမှ မဟုတ်တာ။ ဒါက သာမန် တုံ့ပြန်မှုပါပဲ”
“သူတို့ကို ပြန်ခေါ်လိုက်။ ကပ်ဘေး ကယ်ဆယ်ရေးတွေ လုပ်ခွင့်မပြုဘူး”
ရမ်က ရေကူးကန်ထဲမှ ထွက်လာပြီး ဘေးဘက်ရှိ ကုလားထိုင်ပေါ်တွင် တဖြည်းဖြည်းချင်းစီ ထိုင်ချကာ အေးစက်သော လေသံနှင့်ပြောသည်။
“ဒီနေ့ ငွေအခြေအနေက အရမ်းကြပ်နေတာ။ မီးပန်းဖောက်ပွဲကလည်း စတင်တော့မှာလေ။ ဒီတော့ ပိုက်ဆံမလောက်ဘူး”
“မိုးရွာမဲ့အချိန်ကို စောင့်လိုက်ရအောင်။ အချိန်။ အဲအချိန်ကျရင် တောမီးက အလိုလို ငြိမ်းသွားလိမ့်မယ်”
“နောက်ပြီး ဒီတစ်ကြိမ် မီးက ဘယ်မှာလောင်တာလဲ”
“သေစမ်း။ ငါရဲ့ အပန်းဖြေခရီးကိုတောင် ကောင်းကောင်း မနေရဘူး။ မီးက ဘယ်မှာလောင်တာလဲ ငါ့ကို ပြောစမ်းပါ”
“သတင်းပို့”
ထိုသက်တော်စောင့်က အံကိုကြိတ်ပြီး တစ်လုံးခြင်းစီ ပြောသည်။
“သားပိုက်ကောင်ကျွန်း”
“မီးက သားပိုက်ကောင်ကျွန်းဆီကို ရောက်တော့မယ်။ ငါတို့သာ အရေးပေါ် ကယ်ဆယ်ရေးကို မလုပ်ဘူးဆိုရင် ငါတို့ရဲ့တိုင်းပြည်ရတနာတွေ မျိုးတုန်းသွားမှာပဲ”
ဒိုင်း။
ဝိုင်ခွက်ကို ကောက်ကိုင်လိုက်သည့် ရမ်က တစ်ခဏခန့် မှင်သက်သွားပြီးနောက် လက်ထဲမှ ဝိုင်ခွက်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
“သားပိုက်ကောင်ကျွန်း ဟုတ်လား”
“သေစမ်း။ အခုချက်ချင်း အိမ်ပြန်မယ်။ ဘာလို့ အဲဒီနေရာက မီးလောင်နေတာလဲ”
“အမိန့်ပေးစင်တာကို အခုချက်ချင်း အကြောင်းကြားလိုက်။ အမြှင့်ဆုံး ကယ်ဆယ်ရေးကို အသက်ဝင်သွင်းလိုက်တော့ ငါတို့သားပိုက်ကောင်ကျွန်းကို တစ်ခုခု ဖြစ်စေလို့ မရဘူး”
“လူတွေက သားပိုက်ကောင်ကျွန်းကို နှစ်တိုင်းလိုလို လာပြီး တိရစ္ဆာန်တွေကို ကြည့်နေကြတာ။ အဲဒီနေရာကနေ ဝင်ငွေအများဆုံး ရနေတာလေ။ ဒီတော့ တစ်ခုခု ဖြစ်သွားလို့ မရဘူး”
304 02
ရမ်ကိုယ်တိုင်ကလည်း ကုလားထိုင်မှ ခုန်ဆင်းလိုက်ပြီးနောက်တွင် အလျင်စလို အပြေးထွက်လာသည်။
“အချစ်။ အချစ် ဆက်မနေတော့ဘူးလား”
“ထွက်သွားစမ်း။ မင်းဘာသာမင်း ဆက်နေ”
အနောက်ဘက်မှ ရွှေအိုရောင်ဆံပင်နှင့် အမျိုးသမီးကို အော်ဟစ်ပြီးနောက်တွင် ရမ်က အပြေးထွက်လာသည်။
…
တရုတ်ပြည်။
သီးသန့်စံအိမ်။
ကုလားထိုင်ပေါ်တွင် ထိုင်နေသော အသက်အရွယ်ကြီးရင့်နေသည့် လူကြီးတစ်ယောက်က တုန်ယင်စွာနှင့် စီးကရက်ကို ကိုက်ထားသည်။ သူ၏မျက်လုံးက အရှေ့ရှိ တီဗီပေါ်မှ တင်ပြချက်တွေကို ကြည့်နေသည်။
“ငါတို့ စစ်သည် အယောက် ၆၀ ကို ဆုံးရှူံးသွားတယ်။ ငါရဲ့ကြီးကြပ်သူ။ မင်းတို့မြင်တဲ့အတိုင်းပဲ သူရဲ့ ခန္ဓာကိုယ် ၇၀ ရာခိုင်နှုန်းလောက်က မီးလောင်သွားတယ်။ သူဟာ မီးတောက်ကြောင့် မျက်လုံးတွေ ကွယ်သွားတယ်”
“ငါတို့တွေ”
“ဝူး ဝူး ဝူး။ ဘယ်လို ဖြစ်နိုင်မှာလဲ”
“ငါ မရည်ရွယ်ပါဘူး။ ငါ မရည်ရွယ်ခဲ့ပါဘူး”
“ငါ တကယ် မရည်ရွယ်ခဲ့ပါဘူး။ ငါလည်း အဲဒီတုန်းက အရမ်းကြောက်ခဲ့တာ”
ထိုလူအိုကြီးက တီဗီဖန်သားပြင်ကို ကြည့်ပြီး မျက်နှာကို အုပ်ကာ ငိုသည်။
“အဖိုး”
ထို့အချိန်တွင် တံခါးနားတွင် ကောင်မလေးတစ်ယောက်က ရပ်လျှက် နူးညံ့စွာသည်။
“ဘာလို့ ငိုနေတာလဲ”
“ငါ စိတ်ဆိုးအောင် လုပ်လို့လား”
“မဟုတ်ဘူး။ အဖိုးက မီးခိုးကြောင့် မွှန်သွားတာပါ”
ထိုလူအိုကြီးက လက်ကိုဆန့်ထုတ်လျှက် မြေးမဖြစ်သူကို ကောက်ချီလိုက်ပြီး ဆံပင်ကို အသာပွတ်သပ်ပေးသည်။ ထို့နောက် ခပ်တိုးတိုးပြော၏။
“ရှင်းရှင်း။ ရှင်းရှင်း တိရစ္ဆာန်ရုံကို သွားချင်တယ် မဟုတ်လား”
“အဖိုးက မနက်ဖြန် လိုက်ပို့ပေးမယ်နော်။ ဟုတ်ပြီလား”
“အဖိုးတစ်ရက်မှာ မရှိတော့တဲ့အခါကျရင် ရှင်းရှင်းက …”
“အဖိုး။ အဖိုးက ဘယ်သွားမလို့လဲ”
ရှင်းရှင်းက စိတ်ရှုပ်ထွေးစွာ မေးသည်။
“တိရစ္ဆာန်ရုံကို မသွားပဲ နေရအောင်။ အဖိုးက ပိုက်ဆံရင်း ပင်ပန်းနေတာ မဟုတ်လား။ ရှင်းရှင်း တီဗီက ဒီအကောင်လေးတွေကို ကြည့်ရရုံနဲ့တင် လုံလောက်ပါတယ်”
“နောက်ပြီး ရှင်းရှင်းက အဖိုးကိုလည်း မထားခဲ့ချင်ဘူးလေ အဖိုး။ အဖိုးက ရှင်းရှင်းကို အမေနဲ့အဖေတို့လို့ ထားခဲ့တော့မလို့လား”
“မထားပါဘူး”
ထိုအဖိုးကြီးက တီဗီကို ကြည့်သည်။ ထို့နောက် ခပ်တိုးတိုး ရေရွတ်၏။
“အဖိုးက အမှားတစ်ခု လုပ်ထားတယ်။ ဒါကြောင့် အမှားကို ဝန်ခံဖို့ လိုအပ်နေတယ်”
“ရှင်းရှင်း။ ရှင်းရှင်းအနေနဲ့ အမှားတစ်ခုခု လုပ်ပြီးရင် အဖိုးလိုမျိုး ဘယ်တော့မှ ထွက်မပြေးရဘူးနော် နားလည်လား”
“လာ အဖိုးက ဒီနေ့ အပြင်မှာ ညစာစားဖို့ ခေါ်သွားပေးမယ်။ မနက်ဖြန် တိရစ္ဆာန်ရုံကို လိုက်ပို့ပေးမယ် ဟုတ်ပြီလား”
ဒါက ပြန်ခံရတာပဲ နေမှာပါ။
304 03
သူငယ်ငယ်တုန်းက အမှားတစ်ခုကို လုပ်မိလို့ တောမီးလောင်စေခဲ့တယ်။ အဲဒီနောက် တင်ပြချက်တွေကို ဖတ်ပြီး ဒါက ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေခဲ့မှန်း သိလိုက်ရတယ်။ ဒါပေမဲ့ …
လူတိုင်းများစွာ သေသွားစေမယ်လို့တော့ မထင်ထားခဲ့ဘူး။ အဲဒီနောက်ပိုင်း သူသမီးနဲ့ သူ့ချွေးမကလည်း မီးလောင်ပြီး သေသွားတယ်။ ဒါက …
ပြန်ခံရတာပဲ။
အဖိုးကြီးက မြေးမဖြစ်သူကို ကြည့်ပြီး ငိုလေသည်။ ဒီလောက် ငယ်ငယ်လေးနဲ့ သူ့ကို ထပ်ပြီး အဖော်မပြုပေးနိုင်မှာကို စိုးရိမ်မိတယ်။
…
“ဆုပိုင် ငါတို့ ဘယ်လိုလုပ်ကြမလဲ”
ကျိုးဝမ်က အဝေးမှ လိမ့်တက်နေသော မီးခိုးလုံးများကို ကြည့်ပြီး လေးနက်သော လေသံနှင့် မေးသည်။
“ဒီသားပိုက်ကောင်ကျွန်းက တအားရှည်တာ။ ငါတို့ တိရစ္ဆာန်အားလုံးကို ကယ်ဖို့ခက်တယ်”
“ဟူး”
ဆုပိုင်က အံကိုကြိတ်လိုက်သည်။ သူဟာ အနောက်ဘက်မှ လုပ်အားပေးများကို ကြည့်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“အရင်ဉီးဆုံး မင်းတို့အရှေ့က တိရစ္ဆာန်တွေအားလုံးကို ရွေ့ကြရအောင်။ အထဲက သတ္တဝါတွေကို ငါရဲ့တာဝန်ထား”
“အရေးကြီးဆုံးလုပ်ရမှာက ကိုအာလာတွေပဲ။ သူတို့က လှုပ်ရှားတာ ဘယ်လောက်နှေးလဲ အားလုံးလည်း သိကြပါတယ်”
“လိုအပ်မယ်ဆိုရင် ငါတို့ ပိုက်ကွန်အိတ်ကို သုံးရမယ်။ ဘာကိုမှ မစိုးရိမ်နေနဲ့။ ပိုက်ကွန်အိတ်ထဲကိုသာ ထည့်ပြီး သယ်ထုတ်သွားကြတော့”
“အချိန်က အလျင်လိုနေပြီ။ ငါတို့ အချိန်ထပ်ဆွဲလို့ မရတော့ဘူး။ မြန်မြန် လှုပ်ရှားရမယ်”
ထို့သို့ပြောပြီးနောက် ဆုပိုင်က ကျိုးဝမ်ကို ကြည့်ကာ ခေါင်းညိတ့်ပြသည်။
“မင်း ငါရဲ့နောက်ကို လိုက်စရာ မလိုဘူး။ မင်းက အစပ်မှာပဲနေ။ မင်းက သူတို့ထက် ပိုမြန်တယ်ဆိုတော့ သစ်ပင်တွေပေါ်က ကိုအာလာတွေကို မင်းကို လွှဲပေးထားခဲ့မယ်”
“ကောင်းပြီ”
“ငါ သူတို့အားလုံးကို ကယ်မှာပါ”
ကျိုးဝမ်က ဆုပိုင်ကို ကြည့်လိုက်သည်။ ဆုပိုင်က တောထဲသို့ အပြေးဝင်သွား၏။ ထို့နောက် သူမကိုယ်တိုင်ကလည်း ခေါင်းကို လေးလံစွာညိတ့်ကာ လူတိုင်းကို လှည့်ပြောသည်။
“အားလုံးပဲ။ မြန်မြန်လေး ငါရဲ့နောက်က လိုက်ခဲ့ကြပါ”
“နင်တို့ရဲ့ ပိုက်ကွန်တွေကို အသင့်ပြင်ထားအုန်း။ ဘယ်လိုတိရစ္ဆာန်မျိုးကိုမဆို ဖမ်းလိုက်တော့။ သားပိုက်ကောင်တွေကိုတော့ ထားလိုက်တော့။ သူတို့က သူတို့ဘာသာ ဝင်တတ်တယ်”
ထို့သို့ဖြင့် လူတိုင်းက တောထဲသို့ အပြေးဝင်သွားပြီး တွေ့သမျှ အကောင်တိုင်းကို ဖမ်းကြသည်။
ခရက်စ့်။
ဆုပိုင်က တောထဲတွင် လျင်မြန်စွာ လှုပ်ရှားသွားလာနေပြီး သစ်ပင်ကြီးပေါင်းများစွာကို ကျော်ဖြတ်သွားသည်။
မီးက မပြန့်သေးချေ။
သို့သော် မီးခိုးက သိပ်သည်းလွန်းသဖြင့် တောထဲသို့ ရောက်ရှိနေပြီဖြစ်ပြီး အသက်ရှုရန် မွန်းကြပ်နေစေသည်။ မြင်ကွင်းကလည်း အကန့်အသတ်နှင့်သာ မြင်ရတော့သည်။
“ဟေး ဟေး”
ဆုပိုင်က သစ်ကိုင်းလေးတစ်ခုပေါ်တွင် ဆောင့်ကြောင့်လေးထိုင်နေသော ကိုအာလာလေးကို မြင်သောအခါ လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူဟာ သစ်ပင်အောက်တွင် အမှတ်အသားလုပ်ထားလိုက်၏။ ယခုအခါ ကိုအာလာတစ်ကောင်ချင်းစီတိုင်းရှိသော နေရာကိုသာ အမှတ်အသား လုပ်ထားနိုင်လေသည်။ ထို့နောက် အတွင်းပိုင်းသို့ ဝင်ပြီး စတင်ကာ ကယ်ဆယ်ရမည်ဖြစ်သည်။
304 04
ထိုအကောင်ငယ်လေးများအားလုံးကိုသာ ကယ်ဆယ်နိုင်သမျှ …
သူ၏အနောက်ဘက်တွင်ပါလာသော ပိုက်ကွန်အိတ်ကို ကြည့်ရင်း သူဟာ နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်လိုက်သည်။ သူ၏ လက်ရှိအင်အားမျိုးနှင့်ဆိုလျှင် သူ့အနေဖြင့် ကိုအာလာအကောင် ၁၀ ကောင်ကျော့်ခန့်ကို တစ်ပြိုင်တည်း သယ်သွားနိုင်သည်။ သို့တိုင်အောင် ရှိသမျှ အကောင်တိုင်းကို ကယ်ရန် မဖြစ်နိုင်လောက်သေးပေ။
သူ မေးမြန်းခဲ့ပြီးနောက်တွင် ဒီနေရာတွင် ကိုအာလာအကောင် နှစ်သောင်းကျော် ရှိကြောင်း သိရသည်။ အားလုံးက သစ်ပင်များပေါ်တွင် နေထိုင်ကြ၏။ ထို့ကြောင့် ကယ်ဆယ်ရန် ခက်ခဲမှုက ပို၍ မြှင့်တက်သွားလေပြန်သည်။
ဒီတစ်ကြိမ် စနစ်က ကယ်ဆယ်ခိုင်းသော ကိုအာလာများကို ရှာတွေ့ခဲ့လျှင် ကျန်သော ကိုအာလာများ အားလုံးကို သစ်ပင်ပေါ်မှ ဆင်းရန် ပြောဆိုခိုင်းနိုင်လောက်သည်။
သို့သော် …
ထိုအကောင်နှင့်ပတ်သက်ပြီး သဲလွန်စကို မတွေ့ရသေးပေ။
ဆုပိုင်က ဉာဏ်မြှင့်လွန်းသော ကိုအာလာမျိုးကို မမြင်ရသေးပေ။
++++++305 01
အခန်း 305
ကျွီ။
ဘန်း။
ရုတ်တရက် ဆုပိုင်က လျင်မြန်စွာ ပြေးလွှားနေသည့်အချိန် ရုတ်တရက် အပေါ်မှ အရိပ်တစ်ရိပ်က ခုန်ဆင်းလာသည်။ ထို့နောက် ဆုပိုင်ရဲ့ကိုယ်ပေါ်သို့ ပြင်းထန်စွာကျ၏။ သူဟာ ထိုအကောင်ငယ်လေးကို ကောက်ချီလိုက်ပြီး တစ်ချက်ကြည့်သည်။
ကျွီ။
“ဟေး ဟေး ဟေး။ ရေရှိလား။ အရမ်း ပူတယ်။ ငါ ရေဆာတယ်”
ဆုပိုင်က သူ၏ပါးကို မယုံနိုင်သလို ပွတ်သည်။ ဒါဟာ သူခေါ်သွားရမဲ့ ကိုအာလာ ဖြစ်သည်။
နောက်ပြီး အမလား။
“ရှိတယ်”
ဆုပိုင်က ရေပုလင်းကိုထုတ်လိုက်ပြီး ဖွင့်ကာ ထိုအကောင်လေးကို အနည်းငယ်တိုက်သည်။
ကိုအာလာလေးက ရေကို အငမ်းမရသောက်သည်။ ပုံမှန်အားဖြင့် ကိုအာလာများက ရေသောက်ခဲသည်။ ထိုအကောင်ကမှု သစ်ပင်ပေါ်မှပင် ခုန်ဆင်းလာသေး၏။ အကြောင်းပြချက်က တစ်ခုသာ ရှိသည်။ ဒီနေရာမှ အပူချိန်ဟာ အလွန်မြှင့်နေသည်။
“အကောင်လေး ငါ့ကို တစ်ခု ကူညီ”
“မီးက လောင်တော့မှာ။ မင်းအပေါင်းအဖော်တွေအားလုံးကို သစ်ပင်ပေါ်မှ ဆင်းဖို့ ပြောပေးနိုင်မလား။ ဒီလိုမှ ငါ ကယ်နိုင်မှာ”
ဆုပိုင်က ထိုအကောင်ငယ်လေးကို ဖက်ထားရင်း အရှေ့သို့ ဆက်လျှောက်သွားကာ လေသံတိုးတိုးနှင့် ပြောသည်။
“ငါ သိပါတယ်။ ဒါပေမဲ့ ငါတို့ သွားလို့ မရဘူး”
ကိုအာလာလေးက သူ့ကို မျက်လုံးပြူးကာ ကြည့်သည်။ သူဟာ ဆုပိုင်၏ လက်မောင်းထဲတွင် လဲနေရင်း စိုးရိမ်တကြီး ပြောသည်။
“ငါတို့မှာ ထွက်ပြေးမဲ့ နည်းလမ်း မရှိဘူးလေ။ မနှစ်က တောမီးကြီးလောင်တော့ ငါရဲ့အပေါင်းအဖော်အများစု သေသွားတယ်။ မင်း တကယ် ငါတို့ကို ကယ်နိုင်မှာလား”
“ဟုတ်တယ်။ မင်း သူတို့အားလုံးကိုသာ အောက်ကိုဆင်းခိုင်းလိုက်”
ဆုပိုင်က သေချာမှုအပြည့်နှင့် ပြောသည်။
“ကောင်းပြီ”
ကိုအာလာက ခေါင်းကို လေးလံစွာညိတ့်သည်။ ထို့နောက် ဆုပိုင်၏ လက်မောင်းထဲမှ တဖြည်းဖြည်းချင်းစီ ထထိုင်ပြီးနောက် လည်တိုင်စောင်းကာ စူးရှစွာ အော်သည်။
“အား အား အား”
“ငါတို့ကို ကယ်မဲ့လူရောက်လာပြီ။ အားလုံးပဲ သစ်ပင်ပေါ်က မြန်မြန်ဆင်းကြ”
ထို့အခိုက်အတန့်တွင် သစ်ပင်ထိပ်များမှ အရိပ်များက လျင်မြန်စွာ လှုပ်ခါသွားသည်။ ထို့နောက် ကိုအာလာများက ဆင်းသက်လာကြသည်။
အပေါင်းအဖော်များ၏အသံကို ကြားသောအခါ တစ်ကောင်ပြီး တစ်ကောင်ဆင်းလာကြသည်။
“သွားရအောင်။ အထဲမှာ အပေါင်းအဖော်တွေအများကြီး ရှိသေးတယ်”
ဆုပိုင်က နောက်ထပ် ညည်းညူးလိုက်ပြီးနောက် အရှိန်နှုန်းကို မြှင့်လျှက် အတွင်းသို့ အပြေးဝင်သည်။
“ဆင်းလာခဲ့”
“ငါတို့ကို တစ်ယောက်ယောက်က လာကယ်နေပြီ”
“ငါတို့ ကယ်တင်ခံရပြီ။ သစ်ပင်တွေပေါ်က မြန်မြန် ဆင်းကြတော့”
“သစ်ပင်အောက်မှာ ငြိမ်ငြိမ်နေကြ မလှုပ်နဲ့”
ကိုအာလာ၏အော်သံက တောတစ်ခုလုံးအနှံ့ ပဲ့တင်ထွက်သွားသည်။ အချိန်တွေကြာပြီးနောက်တွင် ဆုပိုင်က သူ၏ပိုက်ကွန်ထဲတွင် စုပြုံနေသော ကိုအာလာ ၁၀ ကောင်ကျော်ခန့်ကို ကြည့်လိုက်သည်။ ထို့နောက် ပခုံးပေါ်မှ အကောင်ငယ်လေးကို ကြည့်ပြီး အံကိုကြိတ်သည်။
“ဟူး”
305 02
ထို့နောက် သူဟာ အော်သံကို ထုတ်သည်။ ထိုပိုက်ကွန်အိတ်ကို ကျောပေါ်သို့ တိုက်ရိုက် ပစ်တင်လိုက်သည်။
“ငါ့ကို ဖက်ထား”
အချိန်များစွာကြာပြီးနောက်တွင် သူဟာ အရှိန်နှုန်းကို အမြှင့်ဆုံးသို့ မြှင့်တင်လျှက် အပြေးထွက်လေသည်။
လမ်းတွင် မရေမတွက်နိုင်သော ကိုအာလာပေါင်းများစွာကလည်း သစ်ပင်ပေါ်မှ ဆင်းလာကြသည်။ ဆုပိုင်က ထို့သို့ အောက်ဘက်မှ အကောင်များကိုသာ ကူညီနိုင်မည် ဖြစ်သည်။ ထိုအကောင်ငယ်များ၏ လှုပ်ရှားမှုက အလွန်နှေးသော်လည်း သို့သော် …
မလှုပ်သည်ထက်စာရင် ကောင်းမွန်နေသေးသည်။ အနည်းဆုံးတော့ဖြင့် သူတို့သည် သေဆုံးခြင်းနှင့် ရင်ဆိုင်ကာ ပြေးလွှားနေခဲ့ကြသည် ဖြစ်သည်။ မိနစ်တိုင်းလိုလို စက္ကန့်တိုင်းလိုလို အလွန်မင်း အဖိုးတန်နေသည်။
“မင်းတို့ ဘယ်လိုနေလဲ။ ငါ ၁၀ ကောင်ကျော် ဖမ်းမိတယ်”
“အခု အားလုံးကို ထုတ်သွားတော့”
ကျိုးဝမ်က မြေပြင်မှ ကိုအာလာအဖွဲ့ကို ကြည့်လိုက်ပြီးနောက် လူနှစ်ယောက်ကို လာသယ်ခိုင်းလိုက်ကာ မြန်မြန် ပြန်ထွက်လာသည်။
ထို့နောက် တောထဲသို့ စိုးရိမ်တကြီး လှမ်းကြည့်သေးသည်။
ဒါရိုက်တာ ဆုပိုင် ဘယ်လိုနေမလဲ မသိဘူး။
မီးလောင်နေသည်မှာ တစ်နာရီပင် မကြာသေးချေ။ ထိုအချိန်တွင် ဆုပိုင်က ပြန်ထွက်မလာသေးသည့်အတွက် လူတိုင်းက စိုးရိမ်နေကြသည်။
“လမ်းကဖယ်”
ရုတ်တရက် အနောက်ဘက်မှ အသံကို ကြားရသည်။ လူတိုင်းက လှည့်ကြည့်လိုက်သောအခါ ဆုပိုင်က ကိုအာလာ ၁၀ ကောင်ကျော်နှင့်အတူ အပြေးလာနေတာ မြင်ရသည်။ သူ့တစ်ကိုယ်လုံးက ချွေးများ စိုရွဲနေသည်။
“ဆုပိုင် ထွက်လာပြီ”
“ဘုရားရေ။ ဆုပိုင်က သူရဲ့အင်အားနဲ့ အကောင်တွေအများကြီးကို တစ်ပြိုင်တည်း သယ်လာနိုင်တယ်။ အရှိန်ကလည်း အရမ်း မြန်တယ်”
“ငါတို့ ပြင်းပြင်းထန်ထန် ကြိုးစားရမယ်။ ငါတို့ ဒီလောက်များတာ ဒါရိုက်တာ ဆုပိုင်နည်းပါး မကယ်နိုင်ဘူးလို့ မယုံဘူး”
ဆုပိုင်က ဘယ်သူကိုမှ မနှုတ်ဆက်နိုင်ပဲ အပြေးအလွှား ထွက်လာနေတာ မြင်သောအခါ လူတိုင်းက အံကို ကြိတ်လျှက် ခပ်မြန်မြန် အပြေးသွားပြီး ကူညီပေးကြသည်။ သူ၏လက်ထဲမှ အိတ်ကိုလည်း ကိုင်ပေးကြသည်။
“ဟူး”
“မြန်မြန်လေး။ အကောင်ငယ်လေးတွေကို ထုတ်လိုက်”
ပိုက်ကွန်အိတ်ကို မြေပြင်ပေါ်သို့ ချပြီးနောက်တွင် ဆုပိုင်က အငမ်းမရ အသက်ရှုရင်း အော်သည်။
လူတိုင်းကလည်း အပြေးအလွှားလာကာ ကူညီကြသည်။
ဂလု ဂလု ဂလု။
ဆုပိုင်က ရေတစ်ဗူးလုံးကုန်အောင် သောက်သည်။ ထို့နောက် တောထဲသို့ အပြေးပြန်သွားပြန်သည်။ ကိုအာလာလေးကလည်း သူ၏ပုခုံးပေါ်မှာ ပါသွား၏။
“ဖက်စ့်။ ငါ ငိုတော့မယ်။ ငါ ဆက်ပြီး မကြည့်နိုင်တော့ဘူး။ ဒါရိုက်တာ ဆုပိုင်က သူရဲ့အသက်ကို ရင်းနေတာ”
“ဟုတ်တယ်။ တစ်ကြိမ်မှာ ၁၀ ကောင်ကျော်။ အနည်းဆုံး ပေါင် ၁၀၀ လောက် လေးမှာ။ နောက်ပြီး ဒီလို အသားကုန်ပြေးနေရသေးတယ်။ နားလည်း မနားရဘူး။ ဒါက …”
“တကယ်ကို မလွယ်ဘူး။ အရာအားလုံးကို ကယ်တင်နိုင်ဖို့ လိုအပ်တယ်”
“မုန်တိုင်းကလည်း ရောက်လာအုန်းမယ်။ ဒီအကောင်ငယ်လေးတွေက တကယ်ကို အသက်ရှင်ချင်လောက်တယ်။ သူတို့ တစ်ကောင်ချင်းစီတိုင်းက ဖြည်းဖြည်းချင်းစီ သွားနေကြဖို့ ကြိုးစားနေကြတယ်လေ”
“သူတို့သေချာပေါက် အောင်မြင်မှာပါ။ အောင်မြင်မှာပါ”
305 03
“ဒါရိုက်တာ ဆုပိုင်က တိရစ္ဆာန်တွေကို အချစ်ဆုံးပဲ။ သူက ငါတို့ရဲ့ စံပြပုဂ္ဂိုလ်ပဲ။ ငါတို့သာဆိုရင် ဒီလိုမျိုး အသက်ကို ရင်းနိုင်မှာတဲ့လား။ ဒီတိုင်းပြည်က အစိုးရကို ကြည့်အုန်း။ ဒီလောက်တောင် ကြာနေပြီ။ ကယ်ဆယ်ရေးအသင်းက မရောက်လာသေးဘူး။ ဒါက ဒီနယ်မြို့လေးမှာ နေထိုင်သူတွေပဲ”
“မပြောကြနဲ့တော့။ ဒီလိုခေါင်းဆောင်သာ ငါရဲ့အရှေ့မှာ ရှိနေရင် ငါ သူတို့ကို သေချာပေါက် သတ်တယ်”
…
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ရှိသူများက ဆုပိုင်ဟာ ပြင်းပြင်းထန်ထန် ကြိုးစားနေတာကို မြင်သောအခါ ရင်နာနေကြသည်။ သူဟာ အသက်ကို ရင်းပြီး ကယ်ဆယ်နေခြင်းဖြစ်သည်။
အထူးသဖြင့် သူဟာ ရေတစ်ပုလင်းလုံးကို ကုန်အောင် သောက်နေသော ပုံစံကို ကြည့်ပြီး အားလုံးက စိတ်မကောင်းဖြစ်သွားကြသည်။ သူသည် ရေသောက်ပြီး တစ်စက္ကန့်ပင် မနားပဲ အတွင်းသို့ ပြေးဝင်သွားပြန်သည်။
ပြည်သူများက တိတ်ဆိတ်နေခဲ့ကြသည်မဟုတ်ပင် လမ်းဘေးတွင် ထိုင်ကြည့်နေကြသော ကြည့်ရှုသူများကလည်း တိတ်ဆိတ်နေကြ၏။
“ဝူး ဝူး။ ငါတို့ ဒီတရုတ်လူမျိုးကို ကျေးဇူးတင်ရမယ်။ သူက ငါတို့ရဲ့ နိုင်ငံ့ရတနာတွေကို ကယ်တင်ပေးနေတာ”
“နောက်ပြီး ငါတို့ ဒီလူကို လေးစားသင့်တယ်။ ဒါက ငါတို့တွေ …”
“ငါတို့ရဲ့ သောက်ကျိုးနည်း အစိုးရ။ အနာဂတ်မှာ ငါဆီက မဲတစ်ခုမှ ရမယ်လို့ မစဉ်းစားထားနဲ့။ ခရီးသွားတစ်ယောက်လောက်တောင် မကောင်းဘူး။ အသုံးမကျတဲ့ကောင်”
ထိုမြို့မှ အမျိုးသမီး အများစုက ဆုပိုင်၏ကျောကိုကြည့်ပြီး မျက်လုံးများက နီရဲလာကြကာ မျက်ရည်များ ကျလာကြသည်။
ထို့မျှအထိ အခြားသူကို ကယ်တင်ရန် အတတ်နိုင်ဆုံး ကြိုးစားတတ်သော သူမျိုးကို မည်သူကမှ မမြင်ဖူးကြပေ။ ထို့တိရစ္ဆာန်များကို ကယ်တင်ရန် အလိုငှာ သူဟာ အသက်ကို ရင်းနေခဲ့ခြင်း ဖြစ်သည်။ သူတို့၏ နိုင်ငံ့ရတနာကို ကယ်တင်ရန်အတွက်လည်း ဖြစ်သည်။
“လာ လာ လာ။ မီးကို ငြိမ်းဖို့ ကြိုးစားရအောင်။ ငါတို့ ဘယ်လိုနည်းနဲ့မဆို အချိန်ရအောင်ဆွဲပေးရမယ်။ ငါတို့အသက်ကို ရင်းရမယ်ဆိုရင်တောင်မှ ဒါရိုက်တာ ဆုပိုင်ကို ထွက်လာနိုင်အောင် ကူညီပေးရမယ်”
ဖစ်၏မျက်လုံးက နီရဲနေသည်။ သူဟာလည်း အော်သည်။
305 04
မရေမတွက်နိုင်သော မီးသတ်သမားပေါင်းများစွာက ရေပိုက်များကို အပြေးအလွှားဆွဲလျှက် ဝင်ရောက်လာကြပြန်သည်။
အခြားသောသူများက သူတို့၏အသက်ကိုပင် ရင်းကာ ယခုလို ကယ်တင်နေကတည်းက သူတို့ကလည်း ဆက်ရပ်မကြည့်နိုင်ကြတော့ပေ။
“ငါတို့တိုင်းပြည်မှာ ငကြောက်တွေ မရှိဘူး”
“သူမထွက်လာမချင်း ငါတို့ နောက်မဆုတ်ဘူး”
“ဟုတ်တယ်။ ဟုတ်တယ်။ မီးတောက်ကို တိုက်ခိုက်”
မီးသတ်သမားများကြားမှ အော်ဟစ်သံကို ကြားလိုက်ရသည့် ဘွန်နီရယ်နှင့် အပေါင်းအဖော်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် လေးနက်သော လေသံနှင့် ပြောသည်။
“ငါတို့လည်း ထွက်သွားဖို့ အချိန်ကျပြီ”
“အစိုးရအရာရှိတွေက ဒီလူတွေကို မြင်အောင်ပြလိုက်စမ်းပါ”
“ငါတို့အားလုံးက အကောင်းဆုံးကြိုးစားနေကြတာ။ ကယ်ဆယ်ရေးက မရောက်လာသေးဘူး”
ထို့သို့ပြောပြီးနောက်တွင် ထိုနှစ်ယောက်က ရဟတ်ယာဉ်ပေါ်သို့ တက်လျှက် မုန်တိုင်းရှိရာဘက်သို့ သွားကြသည်။
….
305 05
ထိန်းချုပ်ရေးစင်တာ။
ထို့အချိန်တွင် လူတိုင်းက လုပ်လက်စအရာများကို ရပ်လျှက် ဖန်သားပြင်ကိုသာ စိုက်ကြည့်နေကြသည်။
“ဘုရားရေ။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘာလို့”
“ဒါက ငါတို့ကို အပြစ်ပေးတာလား။ သားပိုက်ကောင်ကျွန်းက ရှင်သန်နိုင်ပါ့မလား”
“ဒါက တအား ဆိုးတာပဲ။ ငါတို့ အရမ်း နောက်ကျနေပြီ။ ကယ်ဆယ်ရေးအသင်းက မမှီနိုင်ဘူး”
အမိန့်ပေးစင်တာမှ ခေါင်းဆောင်က ပုံရိပ်များကိုကြည့်ပြီး သူ၏နဖူးမှ ချွေးများ စီးကျလာသည်။
သွားပြီ။ သူတို့ရဲ့တိုင်းပြည်ကတော့ အဆုံးသတ်ပြီ။
ဒီလောက်ကြီးတဲ့ မုန်တိုင်းက သားပိုက်ကောင်ကျွန်းကို ဖျက်စီးနိုင်ရုံတင် မဟုတ်ပဲ သူတို့ရဲ့တိုင်းပြည်တစ်ခုလုံးကိုပါ ရှင်းလင်းပစ်နိုင်သေးတယ်။
“သေစမ်း”
သူဟာ တစ်ချက် ညည်းညူလိုက်သည်။ ထိုကြီးကြပ်သူက လက်သီးကို တင်းတင်းကြပ်ကြပ် ပိတ်၏။ သူတို့ကသာ နာရီအနည်းငယ်ခန့်စောပြီး အရေးပေါ် ကယ်ဆယ်ရေးကို ထုတ်ပြန်နိုင်ခဲ့မည်ဆိုလျှင် ထို့သို့ မဖြစ်လာလောက်ချေ။
သို့သော် အကယ်၍ ဟူ၍ မရှိတော့ပေ။
“ကြည့်အုန်း”
“လုံခြုံရေးလုပ်အားပေး မီးသတ်သမားတွေ အားလုံးက အပြေးဝင်သွားကြပြန်ပြီ။ ဘုရားရေ သူတို့ ဘာလုပ်မလို့လဲ။ သူတို့ သေကုန်ကြမှာပေါ့”
ထို့အခိုက်အတန့်တွင် အမျိုးသမီးဝန်ထမ်းအဖွဲ့ဝင်တစ်ယောက်က ပါးစပ်ကို အုပ်ပြီး အော်သည်။ လူတိုင်းက မော့ကြည့်ကြသည်။
ထို့အခါ လုံခြုံရေး လုပ်အားပေး မီးသတ်သမား ၁၀ ယောက်ခန့်က အပြေးဝင်သွားတာ မြင်ရသည်။ ထို့ထဲတွင် အသက် ၂၀ အရွယ်ခန့်သာ ရှိသော လူငယ်များလည်း ပါဝင်သလို အသက်လတ်ပိုင်းအရွယ် လူကြီးများလည်း ပါဝင်သည်။
သူတို့အားလုံးက သူတို့၏လက်ထဲမှ ရေပိုက်ကို မီးကို ချိန်ရွယ်ပြီး ငြိမ်းနေကြသည်။
အမိန့်ပေးစင်တာ။
“ငါက ဘွန်နီရယ်။ ငါ မင်းတို့ကို အခု အချိန်နဲ့ တစ်ပြေးညီ ပုံရိပ်တွေကို ပို့ပေးလိုက်တယ်”
ထို့အချိန်တွင် ဖန်သားပြင်၏ ထုတ်လွှင့်မှုမှ တစ်ဆင့် အသံတစ်သံထွက်လာသည်။
“ဒီမှာ တရုတ်နိုင်ငံက လူငယ်လေးတစ်ယောက်က သူရဲ့ကိုယ်ပိုင်အသက်ကိုရင်းပြီး သားပိုက်ကောင်ကျွန်းတစ်ခုလုံးက အသက်တွေကို ကယ်တင်ဖို့ ကြိုးစားနေတယ်”
“နောက်ပြီး ငါတို့က မီးသတ်သမား ၁၀ ယောက်ကျော်လောက်ပဲ ကျန်တော့တယ်”
“ငါတို့ ဝူး။ ကယ်ဆယ်ရေးလိုတယ်။ ငါတို့ အကူအညီလိုတယ်”
“အားလုံးက သူတို့ရဲ့အသက်ကို ရင်းနေတာ။ ငါ ထပ်မေးချင်တယ်”
“အဲဒီက ခေါင်းဆောင် သောက်ငရဲလို ဘာလုပ်နေတာလဲ။ ကယ်ဆယ်ရေးအသင်းက ဘယ်မှာလဲ”
အမိန့်ပေးစင်တာတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ရေဒီယိုဘက်မှ အော်ဟစ်သံများက ဟိန်းထွက်နေ၏။ လူတိုင်းက ခေါင်းကို အရှက်ရစွာ ငုံထားလိုက်ကြသည်။
ထို့အချိန်တွင် ခေါင်းဆောင်က အပန်းဖြေကျွန်းမှ ပြန်လာနေပြီဖြစ်သည်။
++++++
306 01
အပိုင်း 306
“ဟိုမှာ ရှိနေတဲ့ လူငယ်ကို တွေ့လား”
“မင်းတို့ ဒီလူငယ်ကို မြင်ဖူးကြလား။ သူရဲ့နာမည်က ဆုပိုင်တဲ့။ သူဟာ တရုတ်နိုင်ငံက လာတာ”
“ငါတို့တိုင်းပြည်ကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေထဲက တစ်ယောက်ပေါ့။ ဒီခရီးသွားက ဘာမဆို သုံးပြီး ငါတို့ကို ကယ်ဆယ်ပေးနေတယ်။ မင်းတို့ ဒါကို မြင်တဲ့အခါ မင်းတို့ အစိုးရအရာရှိတွေအနေနဲ့ မရှက်ကြဘူးလား”
“အား”
“မရှက်ဘူးလား”
“ကိုယ့်ဘာသာကိုယ် ပျော်မွေ့ဖို့ပဲ သိတဲ့လူတွေအတွက်တော့ ခံစားချက် ဆိုးရွားတယ်မျိုးလို့ မခံစားကြရဘူးလား”
ဖြန်း။
ခေါ်ဆိုမှုက ပျက်တောက်သွားပြန်သည်။ အမိန့်ပေးစင်တာကြီးတစ်ခုလုံးက ငိုယိုသံများနှင့် ပြည့်နှက်နေသည်။
ကျွတ်။
ကြီးကြပ်သူက အံကို ကြိတ်ပြီး အသက်ကို ပြင်းပြင်းရှုကာ အမိန့်ပေးသည်။
“ဒီမှတ်တမ်းတစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်လိုက်တော့။ ဒီလိုမှပဲ သူတို့က ဘယ်လောက်အထိ စတေးပေးထားလဲဆိုတာကို ငါတို့ရဲ့ လူတွေက မြင်နိုင်မှာ”
“ဒီလူတွေ အားလုံးသေသွားကြရင် သားပိုင်ကောင်ကျွန်းက သတ္တဝါတွေအားလုံးက မျိုးတုန်းပျောက်ကွယ်သွားခဲ့ရင် အဲဒါဆိုရင် …ငါတို့က လူသတ်သမားတွေပဲ။ ခေါင်းဆောင်က လူသတ်သမားပဲ”
“ဟုတ်ကဲ့”
ဝန်ထမ်းအဖွဲ့ဝင်တစ်ယောက်က လေးလံစွာ ခေါင်းညိတ့်ပြီး သူ၏ တုန်ဝေနေသော လက်များကို ဆန့်ထုတ်လျှက် အရှေ့မှ ဖန်သားပြင်ကို ဖိနှိပ်လိုက်သည်။ ထို့သို့ဖြင့် ထိုမှတ်တမ်းကြီးတစ်ခုလုံးကို တီဗီဌာနတိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်ပြသလေသည်။
…
“ဟူး”
“မြန်မြန်။ မြန်မြန်။ အားလုံးကို ခေါ်ထုတ်သွားတော့”
ဆုပိုင်က မြေပြင်တွင် လဲရင်း သူ၏ နဖူးမှ ချွေးများကို သုတ်ကာ အမောတကော ပြောသည်။ သူ၏အသက်ခုန်နှုန်းက အကန့်သတ်သို့ပင် ရောက်ရှိနေလေသည်။
သူ၏ တစ်ကိုယ်လုံးက မီးဖြင့် ချက်ပြုတ်ထားပြီး ကျက်လုနီးပါးအနေအထားအလား ဖြစ်နေသည်။ အဝတ်များကသာ စိုရွဲနေသော်လည်း ခန္ဓာကိုယ်တွင် မီးလောင်ရာများက ရှိနေ၏။ သူလှမ်းသော ခြေလှမ်းတိုင်းများ၏နောက်တွင် ရေစက်များက ကျန်ရစ်ခဲ့သည်။
“ဆုပိုင် ခဏနားအုန်း”
“မင်း ဒီအတိုင်း ဆက်လုပ်နေရင် သေသွားလိမ့်မယ်”
“ဟုတ်တယ်။ မင်း နည်းနည်းလောက်တော့ နားလိုက်။ မင်း ကျသွားရင် ငါတို့ အားလုံး …”
လူတစ်ဖွဲ့က အနားတွင် ဝိုင်းလာ၍ ဆုပိုင်ကို ဝိုင်းပြီး နှစ့်သိမ့်ပေးကြသည်။
“နားလို့ မရဘူး။ မီးက နီးသထက် နီးလာပြီ။ အထဲမှာ ကိုအာလာတွေ ကျန်သေးတယ်။ ငါတို့ သေချာပေါက် ရအောင် ကယ်ထုတ်ရမယ်”
ဆုပိုင်က လက်ကို ရမ်းပြီး တစ်စုံတစ်ရာကို ခပ်တိုးတိုး ရေရွတ်သည်။ ထို့နောက် မြေပြင်မှ ပိုက်ကွန်အိတ်လေးကို ကောက်ကိုင်လိုက်ပြီး အတွင်းသို့ ပြေးဝင်သွားပြန်သည်။
“ဝူး ဝူး။ မင်း ဒီအတိုင်း ဆက်လုပ်နေရင် တကယ် သေသွားလိမ့်မယ်”
306 02
“နတ်ဘုရားက သူ့ကို ကောင်းချီး ပေးပါစေ။ ကျေးဇူးပြုပြီး ဘာမှ မဖြစ်ပါစေနဲ့။ ကျေးဇူးပြုပြီး ဘာမှ မဖြစ်ပါစေနဲ့”
“ငါတို့ ဘယ်လိုများ ဒီမြို့ငယ်လေးက ငါတို့တွေ့အနေနဲ့ သူကို ဘယ်လိုများ ကျေးဇူးတင်သင့်လဲ”
ထိုလူတစ်ဖွဲ့က သူတို့အနောက်ဘက်ရှိ ကားထဲတွင် အပြည့်ရှိနေသော ကိုအာလာများကို ကြည့်ရင်း မျက်လုံးထဲတွင် မျက်ရည်များက ဝေတက်လာသည်။
“မြန်မြန်လုပ်”
“မိနစ်နည်းနည်းလောက် ထပ်ပြီး တောင့်ထားရအောင်”
“နောက်ဆုံး မိနစ်အနည်းငယ်ပေါ့”
အခြားတစ်ဖက်တွင် အချိန်ကို အတတ်နိုင်ဆုံး ဆွဲထားပေးသော မီးသတ်သမားများကလည်း အကန့်အသတ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
မီးတောက်များကပင် သူတို့၏ခြေရင်းအောက်သို့ ရောက်လာသည်။ သို့တိုင်အောင် မည်သူကမှ နောက်တစ်လှမ်း မဆုတ်ကြပေ။
“ခေါင်းဆောင် ငါတို့ ထပ်ပြီး ထိန်းလို့ မရတော့ဘူး။ မုန်တိုင်းက ရောက်လာတော့မယ်”
မျက်နှာတစ်ခုလုံး အမည်းအစင်းရာများ ပြည့်နှက်နေသော အသင်းအဖွဲ့ဝင်တစ်ယောက်က အတတ်နိုင်ဆုံး ကုန်းအော်ကာ ပြောသည်။
“ဟူး”
ဖစ့်က အသက်ပြင်းပြင်းရှုရင်း မျက်နှာမှ ချွေးများကို သုတ်သည်။
ဗွီ။
သို့သော် ထို့သို့သုတ်လိုက်ချိန်တွင် သူ၏မျက်နှာတစ်နေရာမှ အရေပြားက တိုက်ရိုက်ပင် ပဲ့ထွက်၍ ပါလာသည်။
သူ၏အသင်းဖော်များကို ပြန်လှည့်ကြည့်လိုက်သောအခါ အားလုံး၏ ခန္ဓာကိုယ်များတွင်လည်း အမျိုးမျိုးသော အတိုင်းအတာရှိသည့် ဒဏ်ရာများ ပြည့်နှက်နေကြောင်း မြင်ရသည်။
ဝတ်ဆင်ထားသော မီးသတ်သမားဝတ်စုံများကပင် မြှင့်မားလွန်းသော အပူချိန်ကြောင့် တွန့်နေပြီဖြစ်သည်။
“ဖြည်းဖြည်းချင်းစီ နောက်ဆုတ်ကြရအောင်”
“မိနစ်နည်းနည်းပဲ လိုတော့တယ်။ ငါထိန်းထားနိုင်သေးတယ်”
“ငါ့ကို ထားခဲ့”
သူဟာ ထို့သို့ တစ်ချက်ကုန်းအော်လိုက်ပြီး ဘေးဘက်မှ အသင်းဖော်၏ ရေပိုက်ကို လုယူလိုက်ကာ သူ့ကို နောက်သို့တွန်းထုတ်သည်။
“အသင်းခေါင်းဆောင်”
“မြန်မြန်သွား။ ဒါရိုက်တာ ဆုပိုင်ကို တိရစ္ဆာန်တွေအားလုံး ပြန်ခေါ်ဖို့ ကူညီပေးကြ”
“ငါတို့ အောင်မြင်တော့မှာ။ ငါတို့ လက်လျော့လို့ မရဘူး”
“မြန်မြန်သွား။ ငါတို့မှာ ပိုပြီး အရေးကြီးတဲ့ တာဝန်ရှိတယ်။ တိရစ္ဆာန်တွေနဲ့ မြို့က နေထိုင်သူတွေအားလုံးကို လုံလုံခြုံခြုံနဲ့ အပြင်ပို့ပေးရမယ်”
“မြန်မြန်သွား။ အမိန့်ကို နာခံ”
“ဟုတ်ကဲ့”
လူတိုင်းက ရင်ဘတ်ကို ကော့လျှက် နီရဲသော မျက်လုံးများဖြင့် အလေးပြုပြီး နွမ်းနွယ်နေသော ခန္ဓာကိုယ်များကို တရွတ်တိုက်ဆွဲကာ အနောက်ဘက်သို့ လှည့်လျှက် အပြေးထွက်ကြသည်။
“ကြိုးစားထား”
“သောက်ကျိုးနည်း တောမီး။ ငါ မင်းကို မကြောက်ဘူး”
306 03
ဖစ့်က အော်ဟစ်ပြီး တစ်ချက်ကုန်းလျှက် မြေပြင်မှ ရေပိုက်များကို ကောက်ယူလိုက်ကာ စတင်ကာ ဖွင့်သည်။ ထို့သို့ဖြင့် ရေများက မီးထဲသို့ တိုးဝင်သွားတော့ သူကိုယ်တိုင်ကလည်း အရှေ့သို့ဆက်တိုးသည်။
ဗုန်း။
ဗုန်း။
ဗုန်း။
ပြင်းထန်သော လေပြင်းက ဖစ့်အား ချက်ချင်းဆိုသလို လွှင့်ထွက်သွားစေသည်။
ဘန်း။
သူဟာ မြေပြင်ပေါ်သို့ ခပ်ကြမ်းကြမ်း ပြုတ်ကျသွားပြီးနောက်တွင် ချက်ချင်းဆိုသလို ကုန်းထပြန်ပြီး တောမီးဘက်သို့ ချိန်ရွယ်ကာ ပန်းထုတ်နေသည့် ရေပိုက်ကို ပြန်ကိုင်လိုက်သည်။
အချိန်ကို တစ်ချက် ငုံကြည့်လိုက်သောအခါ စက္ကန့် ၁၀ ကျော်ခန့်သာ ကျန်တော့ကြောင်း သိလိုက်ရသည်။
နောက်မှ တိရစ္ဆာန်များကို ကယ်ဆယ်နေသော လူများက ကယ်ဆယ်ပြီးလောက်လေပြီ။
ထို့နောက်။
ခရက်စ့်။
မုန်တိုင်း၏အစွန်တစ်နေရာက လျင်မြန်စွာ ရွေ့လျားလာပြီးနောက်တွင် ဖစ့်၏အနောက်ဘက်မှ သစ်ပင်ကြီး ထိပ်ပိုင်းက စတင်ကာ လောင်မြိုက်ခံနေရပြီဖြစ်သည်။ ထို့သို့ဖြင့် မီးညွှန်များကလည်း အောက်သို့ ရူးသွပ်စွာပြုတ်ကျသည်။ ထို့သို့ဖြင့် မီးတောက်က သူကို ချက်ချင်းဆိုသလို ဝိုင်းသွားသည်။
၁၀ စက္ကန့်။
၉ စက္ကန့်။
၈ စက္ကန့်။
“…”
သူဟာ အနောက်သို့ လှည့်ကြည့်လိုက်သောအခါ မရေမတွက်နိုင်သော သားပိုက်ကောင်များနှင့်အတူ ပြေးထွက်လာပြီဖြစ်သော လူငယ်ကို မြင်လိုက်ရသည်။ ဖစ့်ကလည်း မျက်နှာမှ သွေးများကို သုတ်လိုက်၏။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ရုပ်ပျက်ဆင်းအပျက် ဖြစ်သည့်အတိုင်းအတာအထိ ဒဏ်ရာများ ပြည့်နှက်နေပြီ ဖြစ်သည်။
ဘန်း။
သူဟာ လက်မောင်းထဲမှ ရေပိုက်ကို မြေပြင်သို့ ဖြည်းဖြည်းချင်းစီ ချပြီးနောက်တွင် ဖစ့်ဟာ လက်များကို ဆန့်ထုတ်လျှက် အဝေးရှိ လူများထံ လက်ရမ်းပြလိုက်သည်။
“အသက်ရှင်အောင် နေကြ”
“မင်းတို့အားလုံးက သူရဲကောင်းတွေပဲ”
“ငါရဲ့သမီးကို ပြောလိုက်ပါအုန်း။ ငါ သူမကို ချစ်ပါတယ်လို့”
လူတိုင်းက ထိုနေရာတွင် ငေးငိုင်ကာ ရပ်လျှက် မီးတောက်၏ လွှမ်းခြုံမှုကို ခံလိုက်ရသော လူပုံရိပ်ကို ကြည့်လိုက်ကြသည်။
“အသင်းခေါင်းဆောင်”
မီးသတ်သမားတစ်ဖွဲ့က ကားထဲမှ အပြေးအလွှားထွက်လာကြသည်။ ထို့နောက် လဲကျသွားသော ပုံရိပ်ကို မြင်လိုက်ကြသည်နှင့် မြေပြင်တွင် စိတ်ဓာတ်ကျစွာ ဒူးထောက်လိုက်ကြ၏။
++++++ 307 01