← Chapters

အခန်း (၃၀၇-၃၀၉)

Vol. 21 Ch. 307-309

အခန်း (၃၀၇-၃၀၉)

Vol. 21 Ch. 307-309

အခန်း 307

“ဝူး ဝူး ဝူး”

ငိုသံများကို ကျယ်လောင်စွာ ကြားရသည်။ လူတိုင်းက အချင်းချင်း တင်းကြပ်စွာ ဖက်လျှက် သားပိုက်ကောင်ကျွန်းတစ်ခုလုံးကို လောင်ကျွမ်းသွားပြီဖြစ်သည့် တောမီးကို ကြည့်ကြသည်။

ဟူး။

ဆုပိုင်က သူ၏မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်သည်။ ထို့နောက် သေဆုံးသွားသော ဖစ့်ဘက်သို့ လှည့်ကာ ဂါဝရပြုလိုက်သည်။

“မင်းက သူရဲကောင်းပါ”

သူဟာ ထိုစကားကို ခပ်တိုးတိုးသာ ပြောလိုက်ဖြစ်သည်။ နောက်ဆုံး အရေးပါသည့်အခိုက်အတန့်တွင် ထိုအသက်လတ်ပိုင်းလူကသာ သူတို့အတွက် အချိန်ဆွဲပေးခဲ့ခြင်း ဖြစ်သည်။

သူသည် သူ၏အသက်နှင့် သူရဲ့အနောက်ဘက်မှ မြောက်များလှစွာသော အသက်ပေါင်းများစွာကို ရှင်သန်အောင် လဲလှယ် ပေးခဲ့သည်။

“သွားရအောင်။ ဆက်သွားရအောင်”

“မီးက ကြီးသထက် ကြီးနေပြီ။ ထိန်းချုပ်မှုက လွှတ်သွားပြီ။ ဒီတော့ ဒီနေရာက တိရစ္ဆာန်တွေကို အမြန်ဆုံး ခေါ်သွားမှ ဖြစ်တော့မယ်။ ငါတို့တွေ …”

“ငါတို့တွေလည်း အသက်ရှင်ဖို့ လိုတယ်”

ဆုပိုင်က လူအုပ်ဘက်သို့ လှည့်ကြည့်လျှက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကျိုးဝမ်ကို တစ်ချက်ကြည့်သည်။

“သွားကြမယ်”

သူဟာ ခပ်တိုးတိုးပြောပြီး မီးသတ်ကားထဲသို့ တိုက်ရိုက်ဝင်လိုက်သည်။

လူတိုင်းက ဖစ့်ကို လောင်ကျွမ်းနေသော မီးတောက်ရှိရာဘက်ကို လေးစားစွာ ဂါဝရပြုပြီးမှသာ မျက်ရည်များကို သုတ်လျှက် နောက်သို့လှည့်ကာ ကားထဲသို့ ဝင်ကြသည်။

ထိုအချိန်တွင် သူတို့သည် ဝမ်းနည်းမှုများကို ဘေးဖယ်ထားရန် လိုအပ်သေးလေသည်။ သူတို့၏ နောက်မှ မရေမတွက်နိုင်သော တိရစ္ဆာန်ပေါင်းများစွာက ပို့ဆောင်ပေးခြင်းခံယူရန် စောင့်နေကြသေးသည်။

…

ဗုန်း။

လေယာဉ်၏စက်ကြီးက လည်ပတ်မှု ရပ်တန့်သွားသည်။ ရမ်က အတွင်းခန်းထဲမှ အပြေးထွက်လာသည်။ သူ့ကို လာရောက်နှုတ်ဆက်သော အရာရှိပေါင်းများစွာကို ကြည့်ရင်း အသံကိုတိုးကာ ပြောသည်။

307 02

“မီးတောက်က ဘယ်လိုနေလဲ”

“မြန်မြန်လေး ရဟတ်ယာဉ်ကို အသင့်ပြင်တော့။ ငါ မြို့ငယ်လေးဆီ အပြေးသွားပြီး လောင်ကျွမ်းနေတဲ့ မီးကို ရင်ဆိုင်တိုက်ခိုက်နေတဲ့ လူတွေကို နှစ့်သိမ့်ရမယ်”

“ငါတို့ ဒီတစ်ကြိမ် အများအမြင်ကို တည်ငြိမ်အောင်လုပ်ဖို့ တတ်စွမ်းသမျှ ကြိုးစားရမယ်။ အခြေအနေတစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်လို့ မရနိုင်ဘူး”

“နောက်ပြီး ငါက ဆေးကုသဖို့ ခံယူဖို့ ပြည်ပကို သွားတာ။ ဒါက အပျော်ခရီးထွက်သွားတာ မဟုတ်ဘူး။ ဒီတော့ လူတိုင်း တစ်သွေးတစ်သံနဲ့ ပြောရမယ်”

“မင်းတို့ကြားလား”

“မြန်မြန်လေး အသင့်ပြင်တော့”

ရမ်က အရှေ့ဘက်သို့ ခပ်မြန်မြန် လျှောက်သွားသည်။ ရုတ်တရက် သူ၏အနောက်မှ အရာရှိများက လိုက်မလာသေးတာ သတိထားမိလိုက်သည်။

သူသည် မနေနိုင်ဘဲ ခေါင်းလှည့်ကာ ကြည့်၏။

“အရှင် ခေါင်းဆောင်”

“အမိန့်ပေးစင်တာက ဖြစ်စဉ်တစ်ခုလုံးကို တိုက်ရိုက်ထုတ်လွှင့်နေပြီးပါပြီ”

“ငါတို့ ရှေ့တန်းကို အမြန်ဆုံး အပြေးသွားမှ ဖြစ်ပါ့မယ်။ ဒီနည်းနဲ့မှပဲ လူတွေရဲ့ အထောက်အပံ့ကို ပြန်ရနိုင်မှာပါ”

******

308 01

အပိုင်း 308

“ဟူး ဟူး ဟူး”

လူတိုင်းက ကမ်းစပ်နားတွင် ထိုင်ရင်း အဝေးရှိ အနှံ့အသီးသီး တောက်လောင်နေသော တောမီးနှင့် ဟိန်းဟောက်နေသော လေပြင်းများကို လှမ်းကြည့်ကာ နှလုံးသားက လေးလံလာသည်။

သူတို့က အမြဲစဉ် ဂုဏ်ယူလွန်းရပါသော သားပိုက်ကောင်ကျွန်းကြီးက ယခုအခါ မီးတောက်များဖြင့် လွှမ်းခြုံ့ထားခြင်း ခံရသည်။

မုန်တိုင်းဟာလည်း ဒေါသတကြီး ဝင်ရောက်နေသည်။ မီးတောက်များက အဝေးရှိ မြို့ငယ်များထံသို့ စတင်ကာ ပြန့်နှံ့နေပြီဖြစ်သည်။ ထိုမြို့တွင် သူတို့က တစ်ချိန်လုံးနေထိုင်ခဲ့သော အိမ်များ ရှိနေသည်။ ယခုအခါ မွေးရပ်မြေက ဖျက်စီးခံလိုက်ရလေပေ။

“ဝူး ဝူး ဝူး”

“မား ငါတို့ရဲ့အိမ်က မီးလောင်နေပြီ။ ငါတို့ အနာဂတ်မှာ နေစရာ မရှိတော့ဘူးလို့ ဆိုလိုတာလား။ ငါတို့ ဘယ်နေရာမှာ သွားနေကြမှာလဲ”

“အား ငါ တစ်ဘဝလုံးစာ စုဆောင်းထားသမျှက ဒီလိုနဲ့ ကုန်သွားပြီ”

ဆက်တိုက်ဆိုသလို မီးလောင်ကျွမ်းနေသော အိမ်များကို ကြည့်ရင်း လူတိုင်းက မြေပြင်တွင် ဆောင့်ကြောင့်လေးများ ထိုင်ကာ မျက်နှာကို အုပ်၍ ခါးသီးစွာ ငိုနေကြသည်။

ဗုန်း။

ပင်လယ်ပြင် တဖက်ခြမ်းမှ ကျယ်လောင်သော စက်များ၏ အသံက ဟိန်းထွက်လာသည်။ လူတိုင်းက လှမ်းကြည့်လိုက်ကြ၏။ ထို့အခါ ကြီးမားသော သင်္ဘောကြီးတစ်စင်းက တဖြည်းဖြည်းချင်းစီ ချဉ်းကပ်လာနေတာ မြင်လိုက်ရသည်။

“ဒါက အစိုးရရဲ့ ကယ်ဆယ်ရေးအသင်းပဲ”

ဆုပိုင်က မျက်လုံးကို မှေးကျဉ်းကာ ကြည့်လိုက်သောအခါ ကြီးမားသော သင်္ဘောကြီးအပေါ်မှ အလံကို မြင်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်သည်။

“အခုမှလား”

“ဒါပေမဲ့ အခု တအား နောက်ကျနေပြီလေ။ သားပိုက်ကောင်ကျွန်းက မရှိတော့တဲ့အပြင် မြို့ကလည်း ဖျက်စီးခံရတော့မှာ”

“အခုမှ ဘာကို လာပြီး ကယ်မှာလဲ”

ကျိုးဝမ်က မြေပြင်မှ ထရပ်လျှက် သူမ၏လက်မောင်းထဲတွင် ဝပ်ဖက်ထားသော ကိုအာလာလေးကိုကြည့်ကာ အထင်သေးသေးပြောသည်။

“သူတို့ ဒီနေရာကို ရောက်လာတဲ့အချိန်ကျရင် တိရစ္ဆာန်တွေက မီးလောင်ပြီး သေနေလောက်ပြီ”

ထိုအချိန်တွင် လူတိုင်းကလည်း ဒါဟာ အစိုးရဘက်မှ အရာရှိများ ရောက်ရှိလာနေခြင်းဖြစ်ကြောင်း သိလိုက်ကြသည်။

“သူတို့က ငါတို့ကို နှစ့်သိမ့်ဖို့ ဟန်ဆောင်လာပေးတာ ဖြစ်လိမ့်မယ်”

“ငါတို့က ဘာလို့ သဘောထား ကြီးပေးသင့်တာလဲ။ တစ်နေ့လုံးကုန်သွားပြီ။ ကယ်ဆယ်ရေးက မရောက်လာဘူး။ သားပိုက်ကောင်ကျွန်းက အားလုံးကုန်မတတ် ဖြစ်နေပြီ”

“အမှိုက်တစ်သိုက်ပဲ။ ဒီလို ခေါင်းဆောင်မျိုးရှိတာ ဘာအသုံးဝင်လဲ”

ထိုလူတစ်ဖွဲ့က မြေပြင်ပေါ်မှ တဖြည်းဖြည်းချင်းစီ ထရပ်လျှက် လျင်မြန်စွာ နီးကပ်လာသော စက်လှေများကို ကြည့်သည်။

“ကျေးဇူးတင်ပါတယ်”

“မင်းတို့က သူရဲကောင်းတွေပါ”

“တိရစ္ဆာန်တွေအများကြီးကို ကယ်ထားနိုင်တာ အရမ်းကို ကျေးဇူးတင်စရာပါပဲ”

308 02

ရမ်က ခြေတစ်လှမ်းတည်းနှင့် စက်လှေပေါ်မှ ခုန်ဆင်းလာပြီး ပင်လယ်ရေများကို ဂရုတစိုက် ရှောင်ရှားလျှက် နွေးထွေးသော အပြုံးမျက်နှာနှင့်အတူ အရှေ့မှ လူအုပ်ကို လက်ရမ်းပြရင်း ပြောလေသည်။

သို့သော် လူတိုင်းက လေးနက်သော မျက်နှာထားများနှင့် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထို့နောက် သူဟာ အပြုံးကို သိမ်းလျှက် အဝေးရှိ မီးတောက်ကို ကြည့်သည်။ သူ၏လက်ကို အရှေ့ဘက်ရှိ ကောင်မလေးထံ ဆန့်ထုတ်ရင်း ဝမ်းနည်းစွာ ပြောလိုက်သည်။

“မင်းတို့ တွေ့ကြုံ့ ခံစားရတာတွေအတွက် ဒီကပ်ဘေးပြီးတာနဲ့ ပြန်လည်ပြီး တည်ဆောက်ပေးဖို့ ကူညီမှာပါ”

“ကျေးဇူး အများကြီးတင်တယ်။ …”

ဟွန့်။

သူ၏အရှေ့မှ တစ်ကိုယ်လုံးအနက်ရောင်အစင်းများ ပေကျန်နေသော မိန်းကလေးက အေးစက်စွာ နှာခေါင်းရှုံ့ပြီး သူမရဲ့ခေါင်းကို မော့လျှက် သူအား ပြင်းပြ စူးရှစွာ စိုက်ကြည့်ကာ တစ်လုံးချင်းစီ ထုတ်ပြောသည်။

“ငါတို့။ ငါတို့ရဲ့အိမ်တွေကို ပြန်တည်ဆောက်ပေးဖို့ မလိုပါဘူး။ ငါတို့မှာ လက်တွေ ခြေထောက်တွေရှိတယ်။ ငါတို့ …”

“သေသွားတဲ့လူတွေရဲ့အသက်ပဲ ငါပြန်လိုချင်တယ်။ ငါ အဲဒီတိရစ္ဆာန်တွေကို လိုချင်တယ်။ သူတို့ကို အသက်ပြန်ရှင်အောင် လုပ်ပေး”

“နင် ငါတို့ကို လုပ်ပေးနိုင်လား”

“ဒါ ဒါ ဒါကတော့ …”

ရမ်က ကို့ယို့ကားယား ပြုံးသည်။ သူဟာ လက်ကို ပြန်ရုပ်လိုက်ပြီး ဘေးဘက်ရှိ လက်ထောက်ကို ကြည့်သည်။

“အားလုံးပဲ စိတ်အေးအေးထားကြပါ”

လက်ထောက်က သူ၏အရှေ့မှ စိတ်လှုပ်ရှားနေသော လူအုပ်ကိုကြည့်ပြီး အံကိုကြိတ်သည်။

“ခေါင်းဆောင်ကလည်း လေဆိပ်ကနေ ဒီနေရာကို တိုက်ရိုက်လာဖို့ တော်တော်လေးကို ဒုက္ခများခဲ့တာ”

“သူက အမြဲတမ်း လူတိုင်းရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေခဲ့တာ။ ဒါကြောင့် အရမ်းကြီး ခံစားချက် မပြင်းထန်ကြပါနဲ့။ မီးစလောင်တဲ့အချိန်မှာ ခေါင်းဆောင်က ပြည်ပမှာ ကုသမှု ခံယူဖို့ ရောက်နေလို့ … “

“ငါတို့ အရင်ဉီးဆုံး စစ်သင်္ဘောပေါ် တက်ရအောင်။ အဲဒီနောက် မင်းတို့အားလုံးကို လုံခြုံဘေးကင်းတဲ့ နေရာကို ပို့ပေးကြမယ်”

ဘန်း။

သူ့စကားဆုံးသွားသည့်အချိန်တွင် အဝေးမှ မည်းမှောင်နေသော အရာကြီးတစ်ခုက လွှင့်စင်လာပြီး ထိုလက်ထောက်ကို ထိသွားသည်။

မီးသတ်သမားများက အပြေးအလွှားလာလျှက် မြေပြင်ပေါ်မှ ဖိနပ်များကို ကောက်ယူပြီး လက်ထောက်ကို လှမ်းပစ်ကြခြင်းဖြစ်သည်။ ထို့နောက် ရမ်ကို စူးရဲစွာ စိုက်ကြည့်ကာ အော်ကြသည်။

“ပြည်ပကို သွားပြီး ဆေးကုသမှု ခံယူနေတယ် ဟုတ်လား”

“ငါတို့က စိတ်ပျက်အားငယ်စွာ တိုက်ခိုက်နေတဲ့အချိန်မှာ ခေါင်းဆောင်၊ မင်း ဘယ်နေရာကို ရောက်နေသလဲလို့ မေးပါ့ရစေ။ မင်း တကယ်ပဲ ပြည်ပမှာ ဆေးကုသမှု ခံယူနေတာလား”

“တစ်စိတ်လောက်။ ဒီမီးကို ငြိမ်းဖို့ ကြိုးစားနေရင်းနဲ့ ငါတို့အဖွဲ့ဝင် ၁၀ ယောက်ကျော်လောက် မီးလောင်ပြီး သေသွားတယ်။ အဲဒီအချိန်မှာ ကယ်ဆယ်ရေးအသင်းက ဘယ်ရောက်နေတာလဲ။ ကယ်ဆယ်ရေးအသင်းဝင်အားလုံးက လူနာတွေကို ကုသနေကြတာလား”

“ဟုတ်တယ်။ ပြော”

308 03

“ခေါင်းဆောင်။ ငါတို့ခေါင်းဆောင် မီးလောင်ပြီး သေသွားတာကို ငါတို့ ကြည့်နေခဲ့ရတဲ့အချိန်က မင်း ဘယ်ရောက်နေတာလဲ”

“မင်းလည်း မီးထဲကို ဝင်သင့်တယ်။ အဲဒီမှာ အလောင်းတွေ ဘယ်လောက်ရှိလဲ သွားကြည့်ပါလား”

“မင်းဟာ ဒီတိုင်းပြည်က ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူး။ ငါတို့ရဲ့ မြို့ငယ်လေးက မင်းအတွက် ဘယ်တော့မှ မဲပေးမှာ မဟုတ်ဘူး။ တစ်ခုတောင် မရစေရဘူး”

“ထွက်သွား။ ငါတို့ရဲ့ ရဲဘော်ရဲဘက်တွေရဲ့အသက်တွေအားလုံးကို ပြန်ပေး။ သူတို့က သူတို့ သေသွားတဲ့အထိ ကယ်ဆယ်ရေးကို စောင့်မနေခဲ့ကြဘူး”

“မင်းတို့ သားရဲ တစ်သိုက်ပဲ”

သူတို့ဟာ စကားပြောလေလေ မြို့ငယ်လေးမှ လူများက တစ်ကိုယ်ကောင်းဆန်သော ပုဂ္ဂိုလ်များအကြောင်းတွေးမိလေလေ အငို မရပ်နိုင်တော့လေလေ ဖြစ်သည်။

“ဟုတ်တယ်။ ဝူး ဝူး ဝူး ဝူး။ ငါတို့ နင့်ကို အရမ်းကြီး တက်တက်ကြွကြွနဲ့ ကူညီပေးဖို့ မလိုပါဘူး။ နင့်မှာသာ စိုးရိမ်စိတ်ရှိမယ်ဆိုရင် နင်လည်း မီးကို ငြိမ်းဖို့အတွက် ရှေ့တန်းကို သွားသင့်တယ်”

“ဟုတ်တယ်။ ငါတို့တွေ နင့်အတွက် ဘာမဲမှ ပေးမှာ မဟုတ်ဘူး။ နင်တို့က လူလိမ်တွေ”

“ထွက်သွား လူလိမ်”

“သွား”

“သွားတော့”

သူ၏ရှေ့မှ စိတ်လှုပ်ရှားနေသော လူအုပ်ကို မြင်သောအခါ ရမ်က အံကိုကြိတ်ပြီး နောက်သို့ လှည့်လျှက် စက်လှေပေါ်သို့ ပြန်တက်သွားသည်။

“ကွက် ကွက် ကွက်”

ထို့အခိုက်အတန့်တွင် ထိုကမ်းစပ်နားမှ သားပိုက်ကောင်တစ်ဖွဲ့က ချက်ချင်းဆိုသလို အော်ဟစ်လျှက် လျင်မြန်စွာ ပြေးလာကြသည်။

ဘန်း။

ထို့သို့ဖြင့် သူတို့၏အရှေ့မှ လူတစ်အုပ်ကို မြေပြင်ပေါ်သို့ လဲကျသွားအောင် ကန်ကြောက်ပြီး အပေါ်သို့ တက်ကာ တက်နင်းလေသည်။

“အိုး အရမ်းကောင်းတယ်။ တိရစ္ဆာန်တွေကတောင်မှ မင်းတို့ကို အသိမှတ် မပြုဘူး။ ဘယ်လောက်တောင် အသုံးမကျလောက်သလဲ”

“မင်းက ဒီတိုင်းပြည်ကို စီမံအုပ်ချုပ်ဖို့ မသင့်တော်ဘူး”

“တိရစ္ဆာန်တွေကတောင်မှပဲ သဘော မကျဘူး။ ထွက်သွားတော့”

++++++ 309 01

အခန်း 309

ဟူး ဟူး။

ဆုပိုင်က အထိတ်တလန့် ဖြစ်ကာ ပင်လယ်ထဲသို ခုန်ချခိုင်းသော လူအုပ်ကိုကြည့်ပြီး ခေါင်းကို ဖြည်းညင်းစွာခါသည်။ ထိုခေါင်းဆောင်၏အမှားက အမှန်တကယ်ကြီးသည်။ တန်ကြေးက စတင်ရုံသာ ရှိသေး၏။

တောမီးက ထိန်းချုပ်ရန် လွယ်ကူနေချိန်တွင် ပျင်းရိနေကြသည်။ ယခုအခါ သဘာဝကလည်း အားအင်မဲ့သော လုပ်ရပ်က မည်သည့်ကိစ္စဖြစ်ကြောင်း သိအောင် ပြသပေးပေလိမ့်မည်။

အကယ်၍ မိုးသာ မရွာခဲ့ရင် ဒီနယ်မြေမှ တောမီးက ယခင်ကအတိုင်း လပေါင်းများစွာ ဆက်ပြီးလောင်ကျွမ်းနိုင်သည်။

ထို့အခါ သာမန်လူနှင့် သနားကောင်းသော တိရစ္ဆာန်များအတွက် အမှန်တကယ် ခက်ခဲကြမ်းတမ်း ရတော့ပေမည်။

“တီ။ ဂုဏ်ယူပါတယ်။ ပိုင်ရှင်က ကိုအာလာအပိုင်းအစတာဝန်ကို အောင်မြင်သွားပါပြီ”

“တီ။ ပိုင်ရှင်က ကိုအာလာတွေကို အောင်မြင်စွာ ကယ်ဆယ်နိုင်လို့ ဂုဏ်ယူပါတယ်။ ချစ်စရာကောင်းတဲ့ စွမ်းအင် အပေါင်းတစ်”

“စနစ်က ပြန်လည်ပို့ဆောင်ပေးတော့မှာ ဖြစ်လို့ တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်တန့်ပါတော့မယ်”

…

တိရစ္ဆာန်ရုံ ရုံးခန်းထဲတွင် ထိုင်နေသော ဆုပိုင်က သူ၏အရှေ့မှ ကျိုးဝမ်ကို စိုက်ကြည့်နေပြီး မည်သို့မည်ပုံ ရှင်းပြရမှန်း မသိတော့ပေ။

“ရှင်းပြဖို့ မလိုဘူး”

“ငါ ကောင်းကင်ပြာတိရစ္ဆာန်ရုံကို ပူးပေါင်းဖို့ ဆုံးဖြတ်ပြီးပြီ။ အခုကစပြီး ငါ နင်ရဲ့ မိသားစုဝင်ပဲ”

ကျိုးဝမ်က ကိုအာလာလေးကို ဖက်ရင်း တံခါးနားသို့ လျှောက်ထွက်သွားသည်။ ထို့နောက် တစ်ဖက်ပြန်လှည့်ကာ အပြုံးနဲ့ပြောသည်။

“ဒါပေမဲ့ ငါ ငါရဲ့ကိုယ်ပိုင်ကိစ္စတွေကို ကိုင်တွယ်ဖို့ ခဏတော့ ထွက်သွားရလိမ့်မယ်”

“ကျေးဇူးတင်ပါတယ်”

သူမဟာ ထို့သို့ ပြောပြီး ရုံးခန်းထဲမှ ထွက်သွားသည်။ တိရစ္ဆာန်ရုံ၏ သာသာယာယာရှိနေသော အခြေအနေကို မြင်သောအခါ မနေနိုင်ဘဲ ရယ်မိပြန်သည်။

ဒီလိုနေရာမျိုးရှိတာ ကောင်းလိုက်တာ။ ဒီတိရစ္ဆာန်တွေကို မြင်ရတာလည်း အရမ်းကောင်းတာပဲ။

“ကောင်လေး။ နင့်ဘာသာနင် သွားနော်”

ကျိုးဝမ်က သူမရဲ့လက်မောင်းထဲမှ ကိုအာလာလေးကို မြေပြင်ပေါ်သို့ ချပေးပြီးနောက် အဆောင်ဘက်သို့ ခပ်မြန်မြန် ထွက်သွားသည်။

အလုပ်ရှင်ကို အမြန်ဆုံး ကိုင်တွယ်ရပေမည်။ သူသည်လည်း မှောင်ခိုဈေးကွက်မှ ဖယ်ရှားရပေမည်။ တိရစ္ဆာန်ရုံသို့ ကပ်ဘေးများ ကျရောက်လာမည့်အခြေအနေမျိုးကို ဖြစ်ခွင့်ပြု၍ မရပေ။

“ဝုတ်”

“ဒါက ဘာငရဲလဲ”

တပိုင်က ကျောပေါ်တွင် ဘေဘီကို သယ်ရင်း အားနည်းလွန်းသောပုံစံမျိုးနှင့် အကောင်လေးရှိရာဘက်သို့ တစ်လှမ်းချင်းစီ လျှောက်လာကာ သိချင်စိတ်ပြင်းပြစွာနှင့် ငုံကြည့်သည်။

ဘန်း။

သူဟာ ဖင်ကို ခါလျှက် ကန်ထုတ်လိုက်သည်။

309 02

“ဟား ဟား ဟား ဟား”

ထို့နောက် မနေနိုင်ဘဲ အော်ရယ်သည်။ ဒီလောက် အားနည်းတဲ့ ကောင်မျိုးကို တစ်ခါမှ မမြင်ဖူးဘူး။ သစ်သားတုံးကျနေတာပဲ။

ကွက်။

“ဘာလို့ ငါ့ကို လာဝင်တိုက်တာလဲ”

ကိုအာလာလေးက မြေပြင်ပေါ်မှ ဒေါသကြီးကြီး ခုန်ထပြီး သူ၏ရှေ့မှ မုန်းစရာကောင်းသောကောင်ကို စိုက်ကြည့်သည်။

ဖြန်း။

“တပိုင် နင်တအား လွန်တာပဲ။ ဘာလို့သူ့ကို အနိုင်ကျင့်နေတာလဲ။ဒါက ကိုအာလာလေ။ ဒါရိုက်တာဆုပိုင် တိုက်ရိုက်ထုတ်လွှင်မှု အခန်းထဲက အကောင်လေးလေ”

ဘေဘီက ပန်ဒါြကီး၏ ကျောပေါ်မှ ခပ်မြန်မြန် ခုန်ချလိုက်ပြီး သူမ၏ ရင်ခွင်ထဲက ယုန်လေးကို မြေပြင်ပေါ်သို့ချလျှက် ကိုအာလာလေးကို ချက်ချင်းဆိုသလို ကောက်ပွေ့လိုက်သည်။

“ဝူး……ဝူး……ဝူး”

“အရမ်းနူးညံ့နေတာပဲ”

ဘေဘီက မနေနိုင်ဘဲ သဘောတကျရေရွတ်သေးသည်။

“ငါတို့မှာအဖွဲ့ဝင် အသစ်တစ်ယောက်ရပြီ”

“လာ….လာကြည့်ကြအုံး ကြည့် ကိုအာလာလေးက အရမ်းချစ်ဖို့ကောင်းတယ်”

“သူက ဘာစားလဲ ဘယ်သူသိကြလဲ”

အဝေးရှိမိတ်ဆွေတစ်ဖွဲ့ကို လှမ်းအော်ပြောပြီး နောက်တွင် ဘေဘီက ထိုကိုအာလာလေးကို ခေါ်လျှက် အဝေးရှိ တောအုပ်ဘက် သို့ခပ်မြန်မြန်သွားလေသည်။

ဒါရိုက်တာဆုပိုင်ကလည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင်ကတည်းက ထိုအကောင်က သစ်ပင်ပေါ်တွင် နေနေရခြင်းအား သဘောကျဆုံးဖြစ်ကြောင်း ပြောထားပြီးသားဖြစ်သည်။

ဒါဆိုရင်…….

ဒီအကောင်လေးအတွက် သစ်ပင်ပေါ်မှာအိမ်ဆောက်ပေးသင့်လား။

ကွက်

ကိုအာလာလေးက ကောင်မလေး၏ လက်မောင်းထဲမှ ကုန်းထရန် ကြံစည်ရင်း အနောက်မှလိုက်လာသော တိရစ္ဆာန် တစ်အုပ်ကို မျက်လုံးကြီးများဖြင့် လှည့်ကြည့်သည်။ထို့နောက် လက်သည်းလေးကိုဆန့်ထုတ်လျှက် သူ့နဖူး သူကုတ်သည်။

“ဒီနေရာက”

“သူတို့နေတဲ့ နေရာထက် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းသလိုပဲ”

အထူးသဖြင့် လူတိုင်းကသူ့ကို ပြုံးနေသောမျက်ဝန်းများဖြင့် စိုက်ကြည့်လာချိန်တွင် ထိုကိုအာလာကလည်း အများကြီး စိတ်အေးသွားသလို ခံစားရသည်။ ဒီနေရာက ကောင်းတယ်လို့ထင်တယ်။

ကွက်

“ဟယ်လို ငါက ကိုအာလာပါ”

သူဟာ လက်လေးကိုရမ်းလျှက် အရှေ့မှတိရစ္ဆာန်များကို ကြည့်ပြီးနှုတ်ဆက်လိုက်သည်။

…..

တရုတ်ပြည်၊ တရုတ်နိုင်ငံ တောင်ပိုင်းပင်လယ်။

“ဟား……ဟား….ဟား ငါတို့ဒီနေ့ ကမ်းစပ်နားသွားပြီး ကျောက်တုံးတွေ ကောက်မယ်။ ဘယ်လိုလဲ”

309 03

“ဒါဆိုရင် ငါ့ကို‌စောင့်အုံး”

ကောင်ငယ်လေးနှစ်ယောက်က အချင်းချင်း ကစားနေရင်း ရွာအပြင်ဘက်ရှိ ကမ်းစပ်နားသို့ ဦးတည်လျှောက်သွားလိုက်ကြသည်။

“နေပါဦး ဒါဘာလဲ”

ရုတ်တရက် ကောင်ငယ်လေးတစ်ယောက်က မျက်လုံးကို ပြူးရင်း ကမ်းစပ်ပေါ်တွင် ရုတ်တရက် ပေါ်လာသော အဆောက်အဦးကို ကြည့်ကာ တအံ့တဩရေရွတ်သည်။

ဘေးဘက်မှ အပေါင်းအဖော်ကလည်း ခေါင်းကိုမော့လာသည်။

“ဝိုးးးးးးး ဒီနေရာမှာ ဘယ်အချိန်က နန်းတော်ကြီးပေါ်လာတာလဲ”

သူဟာ ကိုယ့်မျက်လုံးကို ခပ်ကြမ်းကြမ်းပွတ်ပြီး ရေရွတ်သည်။

“ဘာလို့ဒီလောက် ကြီးတဲ့အရာကြီး ရှိနေတာလဲ။ ကြောက်စရာကောင်းတဲ့ပုံပဲ”

“ရှောင်ပု မင်းသိလို့လား၊”

“ငါမသိဘူးလေ”

ရှောင်ပုဟု ခေါ်သော ကောင်လေးက ခေါင်းကို မှင်သက်စွာခါသည်။ ထို့နောက် အနားဘက်သို့ တစ်လှမ်းချင်းစီ လျှောက်သွားရင်း ခပ်တိုးတိုးပြောသည်။

“ငါတို့လွန်ခဲ့ နှစ်ရက်ကလည်း ဒီနေရာကို လာပါသေးတယ်။ အဲဒီချိန်က ဒီလိုအိမ် မရှိပါဘူး။ ပင်လယ်ထဲမှာ မျောနေတာဖြစ်မလား”

“ရှောင်ကျွမ် မင်းအထဲဝင်ပြီးကြည့်ရဲလား”

“ဒီလောက်လှတဲ့ အိမ်က အထဲမှာ တော်တော်လေး စိတ်ဝင်စားစရာကောင်းလိမ့်မယ်”

ကလေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်သည်။ ထို့နောက် သူတို့၏အရှေ့ ကမ်းစပ်နားတွင် တည်ဆောက်ထားသော အိမ်ကို ကြည့်လိုက်ပြီး တစ်ချိန်ထဲလိုလို ခေါင်းညိတ်ကြသည်။ ထို့သို့ဖြင့် တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်။ သူတို့သည် ကြီးမားသော ရုပ်ထုကြီး ပုံစံမျိုးနှင့်ရှိသော တံခါးကို ကျော်ဖြတ်ဝင်သွားကြသည်။

“ဘာလို့ ကျောဘက်မှာ အပေါက်ကြီး ရှိနေတာလဲ။ ဒါက အဖိုးပြောပြောနေကြ ငါးလား”

“ငါတို့ တကယ်ပဲ ဒီမှာ ငါးရမှာလား”

ရှောင်ပုက လက်ကို ဆန့်ထုတ်လျှက် သူ၏အရှေ့ရှိ ငွေဖြူရောင် ရုပ်ထုကြီးကိုကြည့်ကာ အံအားတကြီး ပြောသည်။

“ငါတို့ ဒီနေရာကနေ အောက်ကို ဆင်းသွားလို့ ရမယ်ထင်တယ်”

ရှောင်ကျွမ်က မရေမတွက်နိုင်သော အပြာရောင်အလင်းများ တောက်ပနေသည့် ဖန်အပေါက်လေးကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

“ငါတို့ ဒီနေရာကနေ ပင်လယ်ထဲကို လမ်းလျှောက်ဝင်သွားလို့ ရတယ်။ ဒါဆိုရင် ငါတို့ အောက်ကို ဆင်းကြမလား”

“ပြန်သွားရအောင်။ လူကြီးတွေ သွားခေါ်ကြမယ်။ ငါ နည်းနည်းကြောက်တယ်”

နှစ်ယောက်က ဆွေးနွေးပြီးနောက်တွင် ကလေးနှစ်ယောက်က လက်ချင်းတွဲလျှက် ရွာဘက်သို့ အပြေးသွားကြသည်။ အချိန်တွေကြာပြီးနောက် ….

ရွာသားတစ်အုပ်က အထိတ်တလန့်ရောက်လာသည်။

“ကောင်းကင်ပြာ ငါးပြတိုက်”

ရွာသူကြီးက ကြီးမားသော စာများကို ဖတ်လျှက် ခပ်တိုးတိုး ပြောသည်။

“ဒါ ဒါ ဒါ ဒါက သိပ်မကြာခင်က လူတွေပြောပြောနေကြတဲ့ အဆောက်အဉီးဆိုတာလား။ ဒါပေမဲ့ သူတို့ပြောတော့ ဒီနေရာကို လူတွေလာခွင့် မပြုသေးဘူးဆို”

“ဘာလို့ ဒီမှာ စောင့်ကြပ်နေတဲ့ လူတွေ မရှိတာလဲ”

ထိုလူက တစ်ခဏခန့် ရပ်တန့်ပြီးနောက်တွင် လက်ကိုရမ်းလျှက် လေးနက်သော လေသံနှင့်ပြောသည်။

“အားလုံးဝင်ပြီး တစ်ချက်ကြည့်ရအောင်။ အားလုံးပဲ ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားကြ။ အခြားလူရဲ့ ပစ္စည်းတွေကို မဖျက်စီးမိကြစေနဲ့။ နားလည်လား”

“ဒါ အန္တရာယ်ရှိနိုင်တယ်”

သူတို့က ပြောနေရင်း သတိကြီးကြီးထားကာ ဝင်သွားကြသည်။

++++++ 310 01

All Chapters