← Chapters

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း 310

သူတို့က ဝင်ပေါက်မှ စတင်ပြီး ဖောက်ထွင်းမြင်ရမတတ် ကြည်လင်သော မှန်များ ကာရံထားသည့် တူးမြောင်းထဲသို့ လျှောက်ဝင်သွားကြသည်။ ထို့နောက် ရပ်တန့်လိုက်ကြ၏။ အတွင်းရှိ မြင်ကွင်းများကို ကြောက်လန့်မှု အပြည့်ဖြင့် ကြည့်ရင်း လူတစ်ယောက်က ပြောသည်။

“ရွာလူကြီး။ ငါ ငါအရင်ဆုံးတစ်ချက် ဝင်သွားကြည့်လိုက်မယ်။ ဒါက ဘာမှန်း မသိသေးဘူးလေ။ အန္တာရာယ်များရင် ဘယ်လိုလုပ်မလဲ”

“မဝင်ကြနဲ့အုန်း”

သန်မာသောလူကြီးတစ်ယောက်က နှုတ်ခမ်းကို တစ်ချက်သပ်ရင်း အံကိုကြိတ်ကာ စီတန်းနေသော လူစုထဲမှ ထွက်လျှက် လေးနက်သော မျက်နှာနှင့် ဝင်သွားသည်။

“ဖက်စ့်”

“အား”

“အရမ်းမိုက်တယ်။ ဒါက တကယ်ကို ဖြစ်နိုင်တာလား”

တစ်မိနစ်ပင် မကြာသေးခင် ထိုလူကြီးက အမောတကော ပြန်ထွက်လာပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

“အထဲမှာ။ အထဲက နေရာတိုင်းကို မှန်သားတွေနဲ့ လုပ်ထားတာ။ နောက်ပြီး ပင်လယ်ကြမ်းခင်ပြင်အထိ တောက်လျှောက် ဆင်းသွားလို့ရတဲ့လမ်းလည်းရှိတယ်။ အဲဒီမှာ ငါးတွေရှိတယ်။ ရွာသူကြီး ငါးအကြီးကြီးပဲ”

“ဝင်”

ရွာသူကြီးက တစ်ခဏခန့် တွေးတောပြီးနောက်တွင် တစ်လှမ်းချင်းဏီ လျှောက်ဝင်သွားလိုက်သည်။ အနောက်မှ ရွာသားများကလည်း လိုက်သွား၏။

သူတို့က ဝင်သွားသည့်အခိုက်အတန့်တွင်ပင် အားလုံး၏ မျက်လုံးက ပြူးကျယ်သွားရပြီဖြစ်သည်။ သူတို့သည် ခေါင်းအထက်မှ စီးဆင်းနေသော ပင်လယ်ရေများကို မော့ကြည့်သည်။ ပင်လယ်ထဲတွင် ထိုမျှ ကြီးမားသော ဖန်သားတူးမြောင်းကြီးကို ဆောက်လုပ်ထားနိုင်မည်ဟု မည်သူကမှ မယုံကြည်ကြချေ။ ထို့နေရာတွင် ရပ်နေရသည့် ခံစားချက်က ပင်လယ်ထဲသို့ အမှန်တကယ် ရောက်နေသမျိုး ခံစားရစေသည်။

ကွက်။

“ကြည့်အုန်း။ ဒါက ဘာလဲ”

ရုတ်တရက် ရှောင်ပုက မြေပြင်ကို လက်ညှိုးထိုးကာ အော်သည်။ လူတိုင်းကလည်း ငုံကြည်လိုက်ကြ၏။

ထိုအခါ ငွေဖြူရောင်ငါးကြီးက လူအုပ်ရှိရာဘက်သို့ လျင်မြန်စွာ ကူးခတ်လာနေကြောင်း မြင်ရ၏။ သူဟာ မျက်လုံးကြီးများကို ဖွင့်ထားပြီး ဖန်သားတစ်ဖက်ခြမ်းမှတစ်ဆင့် လူအုပ်ကို သိချင်စိတ် ပြင်းပြစွာ ကြည့်နေသည်။

“ဒါ ဒါက သိပ်မကြာခင်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ဒါရိုက်တာဆုပိုင် ကယ်ခဲ့တဲ့ လင်းပိုင်တွေ မဟုတ်လား”

“ဟုတ်တယ်။ ဟုတ်တယ်။ ငါတို့ တစ်မိသားစုလုံး ကြည့်ခဲ့သေးတယ်။ ဒါ လင်းပိုင်ပဲ”

“ကြည့်အုန်း။ ဟိုမှာလည်း တစ်ဖွဲ့ ရှိသေးတယ်။ ဒီကို လာနေကြပြီ။ ဝေလငါးလည်း ပါတယ်”

“ဟူး”

ရွာသူကြီးက ရွာသားများ၏ ရယ်သံလို အော်သံများကို ကြားသောအခါ အသက်ပြင်းပြင်း ရှုသည်။ သူသည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခဲ့သည်။ ထိုအချိန်က ရေနေသတ္တဝါများနှင့် ပတ်သက်သည့်ဖြစ်ရပ်များကို ကြည့်ပြီး အလွန်အမင်း ရင်နာခဲ့ရသေးသည်။

310 02

သူတို့တစ်ရွာလုံးက မျိုးဆက်အဆက်ဆက် ပင်လယ်နားတွင် နေထိုင်ခဲ့ခြင်းဖြစ်သည်။ သူတို့၏ဘိုးဘေးများက ဒီနေရာတွင် နေထိုင်ကာ အဆက်ဆက်မှာကြားခဲ့သော အကြောင်းအရာများ ရှိသည်။ မှတ်တမ်းများအရ သမုဒ္ဒရာထဲတွင် ရှင်သန်နေထိုင်ကာ အသက်မွေးဝမ်းကြောင်းပြုခဲ့ဖူးသည်ဟု ဆိုကြသည်။

သို့သော် တိရစ္ဆာန်များ မျိုးတုန်းပျောက်ကွယ်သွားပြီးနောက်တွင် သမုဒ္ဒရာကြီးက သေဆုံးသော နေရာတစ်ခုအလား ဖြစ်သွားသည်။

ရေနေအပင်များကို စိုက်ပျိုးနိုင်ခြင်းကပင် အခွင့်ထူးခံပျော်မွေ့စရာကဲ့သို့ ဖြစ်လာ၏။ သို့သော် …

“ငါသိပြီ။ ကောင်းကင်ပြာတိရစ္ဆာန်ရုံ၊ ကောင်းကင်ပြာ ငါးပြတိုက်”

“ဒါက ဒါရိုက်တာဆုပိုင် ရေနေတိရစ္ဆာန်တွေအတွက် တည်ဆောက်ပေးချင်တဲ့ တိရစ္ဆာန်ရုံပဲ ဖြစ်မယ်။ နောက်ပြီး ငါတို့ရွာနဲ့ ကပ်လျှက်ဖြစ်နေတယ်။ ဒါ အရမ်း …”

“ငါတို့ရဲ့ ရှင်သန်နေထိုင်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ လိုတော့လို့လား။ ဒီငါးပြတိုက်ရဲ့ အကူအညီနဲ့သာဆိုရင် ငါတို့ ဒီကောင်လေးတွေအတွက် အစာတွေကို ရောင်းရုံပဲဆိုရင်တောင်မှ ဒါက အရမ်းကို …”

“မဟုတ်ဘူး”

ရွာသူကြီးက တည်ငြိမ်စွာ ပြောသည်။

“မင်းတို့ စီးပွားရေး လုပ်လို့ရတယ်။ ဒါပေမဲ့ ဒီနေရာဝန်းကျင်ကို မထိခိုက်စေဖို့အတွက် သေချာအောင် လုပ်ရမယ်။ ငါတို့အားလုံးက ဆင်းရဲတယ်ဆိုရင်တောင်မှ …”

“ဒါပေမဲ့ ဒီသမုဒ္ဒရာက ငါတို့ရဲ့အိမ်။ ဒီတော့ အကျိုးအမြတ်အနည်းငယ်အတွက်ကြောင့်နဲ့ ဒီနေရာကို ဖျက်စီးခွင့် ပြုလို့မရဘူး”

“ဒါရိုက်တာဆုပိုင်က ဒီလို မှော်ဆန်လွန်းတဲ့ ငါးပြတိုက်ကြီးအတွက် ပိုက်ဆံအမြောက်အများ ရင်းနှီးမြှပ်နှံထားရလိမ့်မယ်။ ဒီတော့ သွားရအောင်။ ဘာကိုမှ မပျက်စီးစေတာ ကောင်းမယ်”

သူဟာ ထို့သို့ပြောပြီးနောက် ရွာသူကြီးကိုယ်တိုင်က တွန့်ဆုတ်မှုအပြည့်နှင့် စတင်ကာ ဉီးဆောင်ကာ ပြန်ထွက်လိုက်သည်။

ယခုလောက်ကြီးမားသော ငါးပြတိုက်ကြီးကို တည်ဆောက်ထားသောအခါ အတွင်းမှ ရေနေသတ္တဝါများက ပိုပို၍ များပြားလာပေလိမ့်မည်။ ဖြစ်နိုင်တာက မဝေးတော့သော အနာဂတ်တွင် သူတို့သည်လည်း ဘိုးဘေးများနည်းတူ ပင်လယ်ပြင်တွင် အသက်မွေးစရာလုပ်ငန်းများ လုပ်နိုင်ပေလိမ့်မည်။ ထို့ကဲ့သို့ အခွင့်အရေးများက အလွယ်တကူရနိုင်ခြင်း မရှိချေ။

ဒါရိုက်တာဆုပိုင်ရဲ့အနောက်ဘက်မှ အသင်းက ပြင်းပြင်းထန်ထန် ကြိုးစားပြီးပဲ ရရှိလာခဲ့ခြင်း ဖြစ်သည်။ ဒီနေရာမှ ရွာသားများအနေနှင့် သူတို့ကလည်း ဒီငါးပြတိုက်ကြီးကို ကာကွယ်ပေးသည့် တာဝန်ကို ထမ်းပိုးထားသင့်သည်။

“ဒီနေရာကို စောင့်ကြပ်ဖို့ လူနည်းနည်း လွှတ်ထား။ ဘယ်သူမှ မဝင်စေနဲ့”

ရွာသူကြီးက ငါးပြတိုက်ရဲ့ဝင်ပေါက်နားတွင် ရပ်ပြီး နောက်သို့ ပြန်လည်ကြည့်သည်။ ထို့နောက် လေးနက်သော လေသံနှင့် ပြောသည်။

“ထားလိုက်တော့။ ငါ့ကို ကုလားထိုင်တစ်လုံးပဲ ယူလာခဲ့ပေး။ ငါ ဒီမှာကိုယ်တိုင် စောင့်မယ်”

“ဒါဆိုရင် အဖိုးရွာသူကြီး ငါလည်း နေလို့ရလား”

“ဟုတ်တယ်။ ဟုတ်တယ်။ ငါလည်း နေမယ်လေ”

“ငါလည်း ကူပြီးစောင့်ပေးမှာပေါ့”

ရွာထဲမှ ကလေးတစ်အုပ်က တူးမြောင်းဘက်သို့ လှမ်းကြည့်ပြီး လက်များကို ထောင်လျှက် ဆက်နေမည်ဖြစ်ကြောင်း စိတ်လိုလက်အရ ပြောကြသည်။

ဒီနေရာက အရမ်း အံဩဖို့ကောင်းတာ။ ဒီနေရာကနေ လမ်းလျှောက်သွားရုံနှင့် ပင်လယ်အောက်ခြေကို ရောက်သွားမှာလေ။ လင်းပိုင်တွေကိုလည်း တွေ့ရမယ်။ ဝေလငါးတွေလည်း ရှိတယ်။ အိမ်မက်ထဲမှာ တောင်မှ မတွေးနိုင်တဲ့ ဖြစ်ရပ်မျိုးပဲ။

…

310 03

“ရတယ်။ ကလေးတွေ ဝင်ပြီး ဆော့လို့ရတယ်။ ဒါက စီးပွားရေးအသစ်လေ။ ဒီတော့ ခုနှစ်ရက်ပြည့်တဲ့နေ့အထိ ဘာပိုက်ဆံမှ ကောက်မှာ မဟုတ်ဘူး”

“ရွာသူကြီးရွှီ။ ခင်ဗျားတို့ရွာက တစ်ယောက်ကသာ ဒီနေရာမှာ လာပြီး စီးပွားရေး လုပ်ချင်တယ်ဆိုရင်လည်း လာပါစေ။ ဒါပေမဲ့ အရင်ဆုံး စာရင်းတော့ သွင်းဖို့ လိုအပ်တယ်။ ကောင်းကင်ပြာတိရစ္ဆာန်ရုံရဲ့အရှေ့က ဈေးဆိုင်လေးတွေလိုပေါ့။ သူတို့လည်း လွန်ခဲ့တဲ့ နှစ်တွေအတောအတွင်း ငှားရမ်းခ ပေးစရာ မလိုဘူးလေ”

ဆုပိုင်က ငါးပြတိုက်ရဲ့ဝင်ပေါက်နားတွင် ရပ်လျှက် ငါးပြတိုက်အတွင်းသို့ ဝင်ရောက်ချင်ကြသော မိဘများကို တစ်ချက်ကြည့်ရင်း ဘေးဘက်မှ လူအိုကြီးကို ပြောပြလိုက်သည်။

“ဒါ …”

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါတို့က ဌားရမ်းခ မပေးရဘူးဆိုရင်တောင်မှ ဒါရိုက်တာဆုပိုင် မင်းအနေနဲ့ ဒါကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လူခန့်ဖို့လိုအပ်တာပဲလေ။ ဒီတော့ ငါတို့ကိုပဲ လွှဲထားပေးလိုက်ပါလား”

ရွာသူကြီးရွှီက ထိုစကားကိုကြားသောအခါ တစ်ခဏခန့် ကြောင်အသွားလေသည်။ တစ်ဖက်သူက သူတို့အတွက် မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမရှိဘဲ စီးပွားရေးလုပ်ခွင့် ပြုနေခဲ့ခြင်း ဖြစ်သည်။ ကြားရမည်မှာ ဒီအနီးနား ဝန်းကျင်တွင် ပစ္စည်းများကို ရောင်းချရန် ခွင့်ပြုထားခြင်း ဖြစ်သည့်အလျောက် သူတို့ကို ပိုက်ဆံ အလကားပေးနေခြင်း ဖြစ်သည်။ ရောင်းသည်ဖြစ်စေ စားစရာရောင်းသည်ဖြစ်စေ သေချာပေါက် ပိုက်ဆံရှာနိုင်ပေလိမ့်မည်။ ဒါဟာ သူတို့အတွက် ကံကောင်းမှုကြီး ဖြစ်သည်။ ထို့အပြင် လူအမြောက်အများကိုလည်း ဆွဲဆောင်နိုင်သေး၏။

ငါးပြတိုက် ပေါ်လာသည်မှာ နေ့တဝက်ခန့်သာရှိသေးသည်။ ခန့်မှန်းခြေအရ လူထောင်ပေါင်းများစွာထက်မနည်း ရောက်လာလေသည်။

ထို့တွင်သာမကသေးချေ။ ငါးပြတိုက်၏အောက်ဘက်တွင်လည်း လူအများ ဝင်ရောက်ကြည့်ရှုနိုင်ရန် မီတာထောင်ပေါင်းများစွာ ရှည်သော ရေအောက်တူးမြောင်းကြီးက ရှိနေသေးသည်။ ပင်လယ်ထဲမှ လင်းပိုင်များနှင့် တတေရာတည်း တူညီသော ထူးခြားသည့်ပုံစံရှိသည့် လှေငယ်လေးများလည်း ရှိ၏။ ဒီနည်းအားဖြင့် ထိုနေရာမှတစ်ဆင့် ပင်လယ်ထဲသို့ သွားရောက်နိုင်သေးသည်။

ဒါဟာ လင်းပိုင်များကို ထိတွေ့ခွင့်ရမည့် အခွင့်အရေးကိုလည်း ပိုင်ဆိုင်အုန်းမည်ဖြစ်သည်။

ထိုအကြောင်းပြချက်ကြောင့် လူပေါင်းများစွာက လာရောက် လည်ပတ်ကြပေလိမ့်မည်။

ကောင်းကင်ပြာတိရစ္ဆာန်ရုံ၏ဝင်ပေါက်မှ မြင်တွေ့နေကြ စည်ကားသော မြင်ကွင်းမျိုးကိုလည်း ဒီနေရာတွင် မြင်ရနိုင်လေသည်။

ခပ်ပြတ်ပြတ်ဆိုရသော် ကောင်းကင်ပြာတိရစ္ဆာန်ရုံက ချင်သုစီးပွားရေးကို လျင်မြန်စွာ တိုးတက်အောင် လုပ်ပေးခဲ့သည်။ ထို့ကြောင့် နေ့တိုင်းလိုလို လူအများက ထိုနေရာသို့ သွားရောက်လည်ပတ်ကြခြင်း ဖြစ်သည်။

ဒါက …

ဒါဆိုရင် သူတို့ရဲ့ အရမ်းကို လူသူရှင်းလင်းတဲ့ ဒီလိုနေရာမှာတောင်မှ အဲဒီလောက်အထိ စည်ကားသွားမှာလား။

“ဒါရိုက်တာဆုပိုင် ငါ ကျေးဇူးအများကြီးတင်ပါတယ်”

ရွာသူကြီး ရွီက ဆုပိုင်၏လက်များကို ဖိဆုပ်ကိုင်ရင်း တရှုံ့ရှုံ့ ငိုကာပြောသည်။

“ဒါပေမဲ့ ငါ့မှာ တောင်းဆိုစရာ တစ်ခုတော့ ရှိတယ်”

ဆုပိုင်က လူအိုကြီး၏ လက်ကို အသာပြန်ပုတ်ပေးရင်း လေးနက်သော လေသံနှင့်ပြောသည်။

“ငါက ငါးပြတိုက်အတွက် ကျန်တဲ့ အခကြေးငွေတွေအပိုင်းကို တာဝန်ယူပေးနိုင်တယ်။ ဒါပေမဲ့ အပြင်ဘက်က ကမ်းခြေတွေကိုတော့ စိုးရိမ်မိတယ်။ ငါတို့တွေ အမှိုက်တွေကို ပင်လယ်ထဲ ပစ်ချတာမျိုးကို ပြုလုပ်ခွင့် မပြုသင့်ဘူး။ သမုဒ္ဒရာကြီးကို သန့်ရှင်းအောင် ထားဖို့က အရမ်းခက်နေပြီးသား။ ဒါကြောင့် ခင်ဗျားတို့တွေလည်း ဒီနေရာမှာ စီးပွားရေး လာလုပ်တဲ့အခါ ပတ်ဝန်းကျင်ရဲ့ သန့်ရှင်းရေးကိုတော့ တာဝန်ယူ ထိန်းသိမ်းပေးဖို့ မျှော်လင့်တယ်။ ဘာပဲဖြစ်ဖြစ် သမုဒ္ဒရာက အမှိုက်တွေ စုပုံသွားတာနဲ့ အဲဒီနောက် …”

“ပြဿနာ မရှိဘူး”

310 04

“ဒါ ငါတို့လုပ်သင့်တဲ့ အရာပဲ”

ရွာသူကြီးရွှီက ရင်ဘတ်ကို ပုတ်လျှက် အာမခံပေးသည်။

“ငါတို့ရွာက သဲမြေတွေပဲရှိတာ။ ဒီတော့ ကောက်ပဲသီးနှံတွေ အများကြီး စိုက်လို့လည်း အဆင်မပြေဘူး။ ဒါရိုက်တာဆုပိုင်ကသာ ရွာသားတွေကို ဒီနေရာမှာ စီးပွားရေးလောက် လုပ်ခွင့်ပြုထားတယ်ဆိုရင် လူတိုင်းက သေချာပေါက် လာမှာပဲ”

“သန့်ရှင်းရေးကိစ္စအတွက်ကတော့ ငါတို့နဲ့ လွှဲထားလိုက်။ ဘာအမှိုက်မှ မရှိစေရဘူးလို့ အာမခံပေးနိုင်တယ်။ ငါတို့ ကောင်းကောင်း မလုပ်ဘူးဆိုရင် မင်းတောင် လာပြောစရာ မလိုဘူး။ ဒါရိုက်တာဆုပိုင် ငါကိုယ်တိုင် ဒီကောင်တွေကို သေအောင် ရိုက်သတ်လိုက်မယ်”

“ဒါက မင်း ငါတို့ကို ဒီလိုတောက်လျှောက် ကူညီပေးထားတာတွေအတွက် ငါတို့ ဒီလိုတော့ လုပ်ပေးသင့်ပါတယ်”

“ကောင်းပြီ။ ဒီလိုပဲ လုပ်ရအောင် ရွာသူကြီး ခင်ဗျား အရင်ဆုံးပြန်ပြီး ကျန်တဲ့လူတွေကို ပြောလိုက်ပါ။ ဆိုင်ဖွင့်ချင်တဲ့လူတွေအတွက်ကတော့ နာမည်စာရင်း လာသွင်းပေးဖို့ လိုအပ်တယ်”

ထိုစကားကြားပြီးနောက် ဆုပိုင်က ဖြည်းဖြည်းချင်းစီ ခေါင်းညိတ်ကာ အပြုံးနှင့်ပြောသည်။

“နောက်ပြီး သူတို့ကို မနက်ဖြန် ငါ့ဆီလာပြီး စာချုပ်ချုပ်ခိုင်းလိုက်ပါ”

ဆုပိုင်က အရှေ့မှ လူအိုကြီးကို လက်ရမ်းပြသည်။ ထို့နောက် ကမ်းစပ်နားမှ လင်းပိုင်လှေလေးရှိရာဘက်သို့ လျှောက်သွားလိုက်သည်။

++++++ 311 01

အခန်း 311

“အား ဒါရိုက်တာဆုပိုင် ငါ ရေသွားကူးချင်တယ်”

ဘေဘီက ကမ်းစပ်နားတွင် ရပ်ရင်း ပင်လယ်ထဲတွင် ကူးခတ်နေသော တပိုင်ကို ကြည့်ကာ ခုန်ပေါက်ရင်း ပြောသည်။

“အိုး”

“အဖေ ဝက်ဝံ ဆင်းလာခဲ့”

ရှောင်ပိုင်က ပင်လယ်ထဲတွင် သက်တောင့်သက်သာ ရှိစွာ မျောလွင့်နေရင်း လူတိုင်းကို လှမ်းအော်သည်။

ဝွက်။

တပိုင်က ကမ်းစပ်နားတွင် သတိကြီးကြီးထားကာ ရပ်သည်။ ထို့နောက် အရှေ့ဘက်သို့ ခြေလှမ်း အနည်းငယ်လှမ်းလိုက်ပြီးနောက် အဝေးတွင် ကူးခတ်နေသော ပိုလာဝက်ဝံကို ကြည့်ကာ မနေနိုင်ပဲ လှမ်းအော်သည်။

ဝက်ဝံက ရေထဲတွင် ထိုင်ရင်း သူ၏လက်လေးများကို ရမ်းခါပြသည်။

အတွင်းရှိ ရေက အလွန်နက်လေရာ တပိုင်အတွက် ဝင်ရောက်ကူးခတ်ရန် မသင့်လျော်ချေ။ သူဟာ ခြေလှမ်း အနည်းငယ်စာသာ ကူးခတ်ပြီးသော်လည်း သိပ်မကြာခင် ပြန်ရောက်လာလေသည်။ ‌ရေက အလွန်နက်လွန်းသောကြောင့် သူ့အတွက် အန္တာရာယ်များ၏။

“အား ဟေး ဟေး”

အာဟက ခေါင်းကို မော့လျှက် တပိုင်ကို ဖြတ်လျှောက်သွားပြီး တစ်ဖက်သို့ လှည့်ကာ သူ့ကို လှောင်ရယ်သော ပုံစံမျိုးဖြင့် ပြန်ကြည့်သည်။

ဝက်ဝံအရူး။

ဒါတောင် မလုပ်ရဲဘူး ကြည့်စမ်း။ ဟား ဟား။ ငါက ရေကူးနိုင်တယ်။ မင်းက ကူးနိုင်လား။

“ဝူး”

“ဝုတ်”

အာဟက တစ်ချက် ဟောင်ပြီးနောက်တွင် သူ၏အရှိန်နှုန်းကို လွန်ကဲလွန်းသော အတိုင်းအတာအထိ ပို့လွှတ်လျှက် ပင်လယ်ထဲသို့ တိုက်ရိုက် ခုန်ချလိုက်ကာ ခေါင်းကို လှုပ်ခါရင်း ကူးလေသည်။

“အား ဒါရိုက်တာဆုပိုင် ငါလည်း ရေကူးသင်ချင်တယ်”

ဘေဘီက တိရစ္ဆာန်များက ပင်လယ်ထဲသို့ ခုန်ချသွားသော မြင်ကွင်းကို ကြည့်လေလေ စိတ်ပါလာလေလေ ဖြစ်သည်။ ထို့အပြင် ဟာရီနှင့် အလက်စကန်း အကောင်ပေါက်လေးများက ကူးခတ်နေတာ မြင်သောအခါ သူမက အလွန်အမင်း စိုးရိမ်တကြီး ဖြစ်လာသည်။

“ဟား ဟား”

“ကောင်းပြီ။ မင်းသင်ချင်နေတဲ့အခါ ခေါ်သွားပေးမှာပေါ့”

ဆုပိုင်က ကလေးမလေး၏ နဖူးကို အသာပုတ်ပေးလိုက်ပြီး သူ၏အရှေ့မှ တိရစ္ဆာန်များကို ပြန်အော်လိုက်သည်။

“သွားမယ်။ သွားမယ်။ လှေပေါ်တက်”

သူဟာ ထို့သို့ ပြောပြီးနောက်တွင် ဘေဘီကို ပွေ့ချီကာ လှေပေါ်သို့ အရင်တက်သွားလိုက်သည်။

ဒါရိုက်တာဆုပိုင်နှင့် အခြားသော လူများက ထူးဆန်းသော လှေလေးပေါ်တွင် ထိုင်ကာ ပင်လယ်အနက်ပိုင်းသို့ ရွက်လွင့်သွားကြမည့်အချိန်တွင် အာဟက မနေနိုင်ဘဲ မျက်မှောင် ကြုတ်လိုက်သည်။

သူဟာ သူ၏ဘေးတွင် ရူးချင်ယောင်ဆောင်နေသော ပိုလာဝက်ဝံကို တစ်ချက် တစ်ဖက်သို့လှည့်လျှက် ကူးခတ်သွားလိုက်သည်။

ကျွီ…

ဘန်း…

ရုတ်တရက် ချွဲကျိကျိခန္ဓာကိုယ်တစ်ခုက သူ၏အမွှေးနားကို ပွတ်သပ်လိုက်သလို ခံစားရသောအခါ ဟက်စကီး၏ ခွေးကူးကူးနေသော လှုပ်ရှားမှုများက ရပ်တန့်သွားသည်။

ဟူး…

311 02

ထို့နောက် ရုတ်တရက် ရေထဲမှ ထွက်လာသော လင်းပိုင်က သူ့ကို ရယ်ပြနေကြောင်း မြင်လိုက်ရသည်။

“ဟေး ဟေး”

အာဟ၏နှုတ်ခမ်းထောင့်က တွန့်သွားပြီး အားတင်းကာ ပြုံးလိုက်ရသည်။ ထို့နောက် အနောက်သို့လှည့်လျှက် တိတ်တဆိတ် ပြန်ဆုတ်လိုက်သည်။

ဒီနေရာမှာ အရမ်းကြီး ဘဝင်မြှင့်နေလို့ မရဘူး။

အထဲက လင်းပိုင်တွေရဲ့ အရွယ်အစားကို ကြည့်လိုက် ကြည့်ရုံနဲ့တင် ဘယ်လိုပဲဖြစ်ဖြစ် မနိုင်နိုင်လောက်ဘူး။ ကုန်းပေါ်မှာတောင် မနိုင်တာ ရေထဲမှာဆို ပိုဆိုးအုန်းမယ်။

ဒါပေမဲ့ ….

ဒါရိုက်တာဆုပိုင်ရဲ့ နောက်ကို လိုက်ရတာလည်း ကောင်းတာပဲ။ တိရစ္ဆာန်ရုံထဲမှာ လုပ်စရာ တစ်ခုမဟုတ်တစ်ခုက ရှိနေသေးတဲ့အပြင် အပြင်ကိုလည်း ခရီးထွက်လို့ရသေးတယ်။

အရမ်းကို သက်တောင့်သက်သာ ရှိတယ်။

“ဝုတ်”

“ဟေး ဝက်ဝံအရူး ဒီကိုလာ”

“မင်း ဘယ်သူ့ကို ခေါ်နေတာလဲ”

“မင်းကို ခေါ်တာလေ။ ဘာဖြစ်လဲ”

“ဘုရားရေ…. မင်းက ငါ့ကို လာဝင်တိုက်ရဲတယ် ဟုတ်လား။ ဒီသွားတွေကို မြင်လား ဟမ်။ ငါကိုက်တာကို မင်းခံနိုင်လား”

“အဖေပိုင် မရှိတဲ့အချိန်မှာ ငါ့ကို ဘယ်လိုများလာပြီး အနိုင်ကျင့်ရဲတာလဲ။ မင်း မျိုးမစစ်ကောင် ငါ မင်းကို သေအောင်အထိ တိုက်ခိုက်မယ်”

“ ဖက်စ့် ငါကို ကိုက်ရဲတယ်။ လာ လာ သတ္တိရှိရင် ကမ်းပေါ်တက်ခဲ့”

“…”

…

ချင်းလင်တောင်တန်း။

“သွားရအောင်”

“ဒီနေရာကို ရိုက်ကူးပြီးပြီ”

“သွားဖို့ အချိန်ကျပြီ”

ကင်မရာတစ်လက်ကိုင်ထားသော လူငယ်က မြေပြင်ပေါ်သို့ စီးကရက်ဖင်စည်ခံတစ်ခုကို ကောက်ပစ်လိုက်ပြီး ခြေထောက်ဖြင့် နင်းချေသည်။ ထို့နောက် အဝေးသို့ လှမ်းအော်က တစ်ဖက်လှည့်ပြီး စတင်လျှောက်သွားလိုက်သည်။

“ဒီမှာ ဆေးလိပ်လာမသောက်နဲ့။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထုတ်လွှင့်သွားတဲ့ တီဗီရှိုးကို မကြည့်ထားဘူးလား”

ကျောင်းသူတစ်ယောက်ဟု ထင်ရသော အမျိုးသမီးတစ်ယောက်က အဝေးမှ ရောက်လာသောအခါ ဆေးလိပ်သောက်နေသည့် အတန်းဖော်များကို မြင်ပြီး မျက်မှောင်ကို ကြုတ်ကာ လေးနက်သော လေသံနှင့် ပြောသည်။

“အဲဒီမီးထဲမှာ လူအများကြီး သေသွားခဲ့တာ။ နင်တို့ ပင်ကို အသိစိတ်လေးများ မရှိဘူးလား”

“ဒီနေရာသာ မီးလောင်သွားခဲ့ရင် အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်”

“ကောင်းပြီ။ ကောင်းပြီ။ မပြောနဲ့တော့ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ တမင် မီးရှို့တာ ဖြစ်လိမ့်မယ်။ အဲဒီသတင်းက အမှန်ဆိုတာကို ဘယ်လိုများ ယုံနိုင်တာလဲ”

“ဟုတ်တယ်။ ဒါအပြင် ငါတို့ လုံးဝ ကြေမွသွားအောင် ဖိချေထားပြီးသား။ တီဗီက သတင်းတွေက မှန်လား မမှန်လား ဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။ သရုပ်ဆောင်တွေ ငှားထားတာဆိုရင် ဘယ်လိုလုပ်မလဲ။ လူ့ခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်ူးလောက်အထိ ပြင်းပြင်းထန်ထန် လောင်ကျွမ်းသွားတဲ့သူက ဘယ်လိုများ အသက်ရှင်နိုင်မှာလဲ။ သိသိသာသာပဲ သရုပ်ဆောင် ဖြစ်မယ်”

311 03

“ဟား ဟား လုံလောက်ပြီ။ အားလုံးပဲ ဆေးလိပ် မသောက်ကြနဲ့တော့။ မြန်မြန်လေး ငြိမ်းလိုက်ကြတော့”

အသင်းခေါင်းဆောင် မာပင်းက ပြုံးရယ်၍ ကိစ္စများကို ဖြန့်ဖြေပေးရန် ကြိုးစားသည်။ ထို့နောက် သူဟာ စီးကရက်ဖင်ကို မြေပြင်မှ ပြန်ကောက်ယူလျှက် သူ၏အိတ်ကပ်ထဲသို့ ထည့်သည်။

“ဟွန်း”

ကင်မရာသယ်လာသော လူငယ်က သူ့ကို တစ်ချက်ကြည့်ပြီး အေးစက်စွာ နှာခေါင်းရှုံ့သည်။

“မင်းက တကယ်တော်တာပဲ။ အိတ်ကပ်ထဲတောင် ကောက်ထည့်လိုက်သေးတယ်။ ဘာလို့ ဝါးမစားလိုက်တာလဲ”

သူဟာ ခပ်တိုးတိုး ရေရွတ်ပြီးနောက်တွင် တစ်ဖက်သို့လှည့်လျှက် စတင်ကာ ထွက်သွားသည်။

“ဟေး ဖန်းယွီ ငါတို့ကို စောင့်အုန်း။ ဓာတ်ပုံတွေက ဘယ်လိုနေလဲ”

လူတိုင်းက ထွက်သွားသော သူ့ကို မြင်သောအခါ ချက်ချင်းဆိုသလို အပြေးလိုက်ပြီး မေးကြသည်။

ကျောင်းသူက မျက်မှောင်ကြုတ်သည်။ မြေပြင်ကို တစ်ချက်ကြည့်ပြီးနောက် စီးကရက်ဖင်စည်ခံများကို ကောက်ယူလိုသည်။ သို့သော် ရုတ်တရက် သူမရဲ့အဖြူရောင်ဂျာကင်ကို တစ်ချက်ငုံကြည့်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်ကာ လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ ထို့နောက် တစ်ဖက်သူ၏နောက်မှ လိုက်၏။

ရယ်သံများအကြားတွင် လူအုပ်၏ပျော်ရွှင်မှုက ပြည့်နှက်နေသည်။

ဟူး။

ပင်လယ်ပြင်က တိုက်ခတ်လာသည်။ မြေပြင်မှ စီးကရက်ဖင်စည်ခံတစ်ခုက ရုတ်တရက် အနီရောင်အလင်းဖြင့် ထတောက်လာ၏။ ထို့နောက် မနီးမဝေးနေရာတွင်ရှိသော ကောက်ရိုးပုံရှိရာဘက်သို့ လွှင့်စင်သွားသည်။

ထို့သို့ဖြင့် မီးခိုးများက မြှောက်လာသည်။

ဟူး ဟူး ဟူး

လေကလည်း ပြင်းထန်လာသည်။

ဗုန်း

မီးတောက်က ကြီးလာ၏။

ခရက်စ့်

အနီးအနားရှိ ကောက်ရိုးများအားလုံး မီးလောင်သွားသည်။ မီးတောက်က လျင်မြန်စွာ ပြန့်လာ၏။ စက္ကန့်အနည်းငယ်ထဲနှင့် မြက်ခင်းများအားလုံး လောင်ကျွမ်းကုန်၏။ မီးတောက်ဟာ ပြင်းထန်သထက် ပြင်းထန်လာလေသည်။ အနီးအနားရှိ သစ်ပင်များကလည်း လောင်ကျွမ်းလာသည်။ မီးခိုးများကလည်း စတင်ကာ မြှောက်တက်လာ၏။ ထိုနေရာက ချင်းလင်တောင်တန်း အနက်ပိုင်းနေရာဖြစ်ပြီး လူသွားလမ်းလာများလည်း မရှိချေ။

“ကြည့်လိုက်အုန်း”

ကင်မရာကိုင်ထားသော ကျိုးဝမ်က သူတို့ရိုက်လာသည့် ဓာတ်ပုံများကို ကြည့်နေရင်းမှ ရုတ်တရက် ခေါင်းမော့လိုက်ပြီး မျက်လုံးက ပြူးသွားသည်။

“ဘာလို့ မီးခိုတွေ ရောက်နေတာလဲ။ ငါတို့ ဓာတ်ပုံရိုက်တုန်းက မရှိပါဘူး”

“ဒါက မင်းရဲ့ စီးကရက်ဖင်စည်က မီးမငြိမ်းတာလား”

“ဖြစ်နိုင်လား”

မာပင်းက တစ်ဖက်ပြန်ကြည့်သည်။ သူ၏အိတ်ကပ်ထဲမှ စီးကရက်ဖင်စည်ခံကို ထုတ်ကာ ပြောသည်။

311 04

“ငါ ဖင်စည်ခံတွေအားလုံး ကောက်ခဲ့ပြီးသားပါ။ မင်းတို့ မကောက်ဘူးလား။ ဒါက …”

“ငါတို့ ဘယ်လိုလုပ်ရမလဲ။ မြန်မြန်သွားပြီး မီးငြိမ်းရအောင်”

“ဒါပေမဲ့ မီးခိုးက အရမ်းထူနေတာလေ။ ဘာလို့ လုံခြုံ့ရေးရုံးတွေကို အကြောင်းမကြားတာလဲ”

“ဘာလို့ စကားရပ်ပြောနေသေးတာလဲ။ မြန်မြန်သွားပြီး ကြည့်ရအောင်လေ”

အဖြူရောင်နေကာဂျာကင်ဝတ်ထားသော ကျိုးဝမ်က ကင်မရာကို ဖန်းယွီ၏လက်ထဲသို့ ပစ်ထည့်လိုက်ပြီး ဂျာကင်အနားစကို ကောက်ဆွဲလျှက် နောက်ပြန်လှည့်ပြေးလေသည်။

“အမြန်သွားစစ်ကြည့်ရအောင်။ လုံခြုံ့ရေးရုံးတွေကိုလည်း ချက်ချင်း ဖုန်းခေါ်လိုက်”

“ဒေါက်ဟောက် ဘာလို့ နင်က တုန့်ဆိုင်းနေတာလဲ။ မီးတောက်က ကြီးသွားတာနဲ့ အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်။ အခုဟာ ဆောင်းတွင်းနော်။ မီးစလောင်ပြီဆိုတာနဲ့ ထိန်းဖို့ခက်သွားလိမ့်မယ်”

“မြန်မြန်လုပ်”

မာပင်းက အော်ဟစ်ရင်း လေးနက်သော မျက်နှာနှင့် စပြေးလာသည်။

+++++ 312 01

အခန်း 312

လူတိုင်းကလည်း သူတို့ ယခုလေးတင် ရှိနေသော နေရာဘက်သို့ အပြေးပြန်သွားကြသည်။ အ‌ရှေ့မှ မြင်ကွင်းကို မြင်သောအခါ အာလုံးက ငေးငိုင်သွားကြသည်။

ဗုန်း

ကြီးမားသော သစ်ပင်ကြီးတစ်ပင်က မည်းတူးသွားသည့်အနေအထားအထိ လောင်ကျွမ်းခံရပြီးနောက် ကျယ်လောင်သောအသံနှင့်အတူ ပေါက်ကွဲသွားသည်။

“သွားပြီ”

“ငါတို့တော့ သေပြီ။ ထိန်းချူပ်မှု လွတ်သွားပြီ”

“ဘယ်လိုလုပ်ရမလဲ။ ငါတို့ ထွက်ပြေးသင့်တယ် ထင်တယ်။ ငါတို့ ဝန်ခံလို့ မရဘူး။ ငါတို့ ဝန်ခံလိုက်တာနဲ့ ထောင်ထဲ ဝင်ရလိမ့်မယ်”

ဖန်းယွီက လူတိုင်းကို ခြောက်လှန့်နေသော မျက်နှာထားမျိုးနှင့် ပြောသည်။

“ဘယ်သူကိုမှ မပြောကြနဲ့။ မဟုတ်ရင်”

“ငါတို့ ဒီနေရာကို အတူလာတာ။ ငါတို့ တာဝန်မယူဘဲ ရှောင်ပြေးလို့ မရဘူး။ ငါတို့က ဘယ်လိုများ မသိသလို ဟန်ဆောင်ရမှာလဲ”

“ငါတို့က ဘွဲ့ယူရတော့မှာ။ ငါတို့ထောင်ထဲဝင်သွားမယ်ဆို ငါတို့ရဲ့ အနာဂတ်က ပျက်စီးပြီ”

ထိုစကားကို ကြားသောအခါ လူတိုင်းက ခြေတစ်လှမ်းစီ နောက်ဆုတ်လိုက်ကြသည်။ သူတို့ရဲ့ခန္ဓာကိုယ်များက စတင်ကာ တုန်လှုပ်လာ၏။

ထိုတစ်ခဏတွင် အားလုံးက စွံ့အသွားကြသည်။

မီးတောက်ကို တားမြစ် ကာကွယ်သောသတင်းများက လွန်ခဲ့သော ရက်အနည်းငယ်ကမှ ထုတ်လွှင့်သွားခဲ့သေးသည်။ သူတို့ကြောင့် မီးလောင်လာကြောင်းသာ ပေါ်ထွက်သွားခဲ့မည်ဆိုလျှင်

ဒါဆိုရင် ….

သူတို့ဟာ ကျောင်းမှ အထုတ်ခံရမည့်အပြင် အဖမ်းခံရမည်မှာ သေချာသည်။

ဖန်းယွီက လူတိုင်း၏မျက်နှာထားကြည့်ရင်း အံကိုကြိတ်ကာ ပြောသည်။

“ငါ့အဖေက မီးသတ်ဌာနမှာ လုပ်တာ။ မင်းတို့သာ ဘယ်သူကိုမှ မပြောရင် ဘာမှ မဖြစ်စေရဘူးလို့ ငါ အာမခံပေးနိုင်တယ်”

“ငါတို့အခုလုပ်ရမှာက မြန်မြန် ပြန်ပြီး ဘာမှ မဖြစ်ချင်ယောင်ဆောင်ဖို့ပဲ။ ဒီနေရာက လူအရမ်းရှင်းတာ။ ဘယ်သူမှ မသိပါဘူး။"

“ကျေးဇူးပြုပြီး မင်းတို့ ထောင်ထဲဝင်ရမှာ မကြောက်ဘူးလား”

“ငါတို့တွေ မီးကို အရင်ဆုံးငြိမ်းသင့်တယ် မဟုတ်လား”

ကျိူးဝမ်က မျက်မှောင်ကြုတ်ကာ စိတ်ဝင်စားနေပုံရသော လူအုပ်ကို ကြည့်ကာ ရုတ်တရက်ပြောသည်။

“ဒါကို အနှေးနဲ့အမြန် ရှာတွေ့ပဲ။ ငါတို့ ဝန်ခံရမယ်။ မီးက ပိုကြီးလာဖို့ပဲ ရှိတယ်။ ငါတို့ ဒါကို မထိန်းချုပ်နိုင်ဘူးဆိုရင် တောင်တစ်ခုလုံး မီးလောင်သွားလိမ့်မယ်”

“နင်တို့တွေ ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်ဖူးကြဘူးလား။ အဲဒီမြင်ကွင်းက အံဩဖို့ မကောင်းလို့လား”

“ငါတို့က လူကြီးတွေ ဖြစ်နေပြီ။ ကိုယ့်အမှားအတွက် ကိုယ့်ဘာကိုယ် တာဝန် မယူသင့်ဘူးလား”

“နင်တို့ လုံခြုံရေးရုံတော်ကို မတင်ပြရဲဘူးဆိုရင် ငါလုပ်မယ်”

ထို့သို့ ပြောပြီးနောက် ကျိုးဝမ်က သူ၏မိုဘိုင်းဖုန်းကို အိတ်ကပ်ထဲမှ စထုတ်လျှက် ဖုန်းခေါ်လိုက်သည်။

ဘန်း

ဖန်းယွီက သူမရဲ့မိုဘိုင်းဖုန်းကို လုပြီး ခက်ထန်ကြမ်းတမ်းစွာ အော်သည်။

312 02

“နင်က ငါတို့အားလုံးကို သေစေချင်လို့လား။ ဒီလောက် တောမီးက ကြီးနေတာ ငါတို့ သေချာပေါက် သေသွားလိမ့်မယ်။ နင် ဖုန်းခေါ်လို့ မရဘူး။ ငါ့ အတင်း ဖိအား မပေးနဲ့နော်”

“ငါရဲ့အရှေ့မှာ တောက်ပတဲ့ အနာဂတ် ရှိနေပြီးသား။ သေစမ်း ငါ ဘာလို့ ဒီမှာ နင်တို့နဲ့ ဓာတ်ပုံလာရိုက်ဖို့ သဘောတူခဲ့ရတာလဲ”

“သေလိုက်ပါတော့”

“ငါ့ကို ဖုန်းပြန်ပေး”

ကျိုးဝမ်က အဖြူရောင်ဂျာကင်ပေါ်မှ အပေါက်ထဲသို့ လက်နှိုက်ရင်း အော်ဟစ်ကာ အပြေးလွှားလာသည်။ သူမသည် ဖုန်းကို ယူလို၏။

ဘန်း

အား အား

ဖန်ယွီက သူမကို ခပ်ကြမ်းကြမ်း တွန်းလိုက်ပြီး မီးပုံထဲသို့ ပစ်ထည့်သည်။

“အား”

လူတိုင်းကလည်း ကျိုးဝမ်၏ နေကာဂျာကင်က မီးလောင်လျှက် ခန္ဓာကိုယ်တစ်ခုလုံးက စတင်ကာ တုန်ယင်လာကြောင်း မြင်လိုက်ရလေသည်။

“ကယ်ပါ”

“ကယ်ပါ။ ကယ်ပါ”

“ကယ်ကြပါ”

“ငါ မရည်ရွယ်ပါဘူး။ ငါ တကယ် မရည်ရွယ်ဘူး”

ဖန်ယွီက တစ်ကိုယ်လုံးလောင်ကျွမ်းလုနီးပါးဖြစ်နေသော ကျိုးဝမ်ကို ကြည့်ကာ ငိုသံနှင့် ပြောသည်။

“ငါတို့ ဒီနေရာက အမြန်ဆုံးသွားရအောင်။ ဘယ်သူကိုမှ မပြောနဲ့။’

“ဟုတ်တယ်။ ဟုတ်တယ်။ ဘယ်သူ့ကိုမှ ပြောလို့ မရဘူး။ မဟုတ်ရင် ကိစ္စတွေ ရှုပ်ကုန်လိမ့်မယ်။ နောက်ပြီး မင်းလည်း သေရလိမ့်မယ်”

“ငါတို့ ချင်းလင်းကို တစ်ခါမှ မရောက်ဖူးဘူး။ ကျိုဇဝမ်နဲ့လည်း မတွေ့ဘူး”

လူတိုင်းက ဖိအားများနေပုံရသော ဖန်ယွီကို ကြည့်လိုက်သည်။ အထူးသဖြင့် သူ၏သွေးနီရောင်သန်းနေသော မျက်လုံးများကို ကြည့်ပြီး တစ်ကိုယ်လုံး တုန်ယင်သွားကြသည်။ ထို့နောက် ယောင်ယောင်အအနှင့် ခေါင်းညိတ်ကြ၏။

လူတစ်ယောက်က အမှန်တကယ်သေဆုံးသွားခဲ့သည်။ သူတို့၏ အတန်းဖော်က သူတို့၏မျက်စိရှေ့တွင် မီးလောင်ပြီး သေသွားသည်။

ဒါက ဘယ်လိုလုပ်ရမလဲ။

ဘယ်သူ့ကိုမှ ပြောလို့ မရဘူး။

ထိုအချိန်တွင် ဖန်းယွီပင် ဖြစ်စေ၊ မီးထဲသို့ တွန်းပို့ခံရသော ကျိုးဝမ်ကပင် ဖြစ်စေ၊ အမြဲတစေ လူကောင်းအဖြစ် ပြုမှုတတ်သော အတန်းခေါင်းဆောင်သည် ဖြစ်စေ၊ အတန်းဖော်များအားလုံးကပင် ဖြစ်စေ ကြောင်အကုန်ကြသည်။

လူ့သဘာဝ၏အမှောင်မိုက်ဆုံးအပိုင်းက ပေါ်ထွက်လာသည်။

သူတို့ကလည်း အခုလေးတင် မီးထဲသို့ အပြေးဝင်သွားခဲ့မည်ဆိုလျှင် ကျိုးဝမ်ကို ကယ်နိုင်သည်။ သူတို့ကသာ ကျိုးဝမ် သတိပေးချက်ကို နားထောင်ပြီး ဒီနေရာတွင် ဆေးလိပ်မသောက်ခဲ့လျှင်

သူတို့ကသာ ….

လူတိုင်းက လှုပ်ရှားမှုကင်းမဲ့သွားသော အလောင်းကို ကြည့်ပြီး စတင်ကာ ပြေးကြသည်။

“ဝူး ဝူး ဝူး။ ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ကျိုးဝမ် သေသွားပြီ။ ဘယ်လိုလုပ်ကြမလဲ”

“ရှူး ငါတို့ကို သေချာပေါက် တွေ့သွားကြမှာပဲ။ ငါတို့တော့ သွားပြီ”

ဖြန်း။

312 03

ဖန်ယွီက ဘေးဘက်မှ ကျောင်းသားကို ခပ်ကြမ်းကြမ်း ပါးရိုက်လိုက်သည်။ ထို့နောက် ခြိန်းခြောက်သော လေသံမျိုးနှင့် ပြောသည်။

“ဂရုစိုက် နားထောင်ကြ။ ငါတို့တွေ ကျိုးဝမ်နဲ့ လုံးဝမတွေ့ဘူး။ ငါတို့ ဒီနေရာကို လာကို မလာတာ။ ဒီမီးက ငါတို့နဲ့ မသက်ဆိုင်ဘူး နားလည်လား”

“ငါသာ မရှင်ရင် မင်းတို့လည်း ရှင်မှာ မဟုတ်ဘူး”

“ငါသာ အဆုံးသတ်မယ်ဆိုရင် မင်းတို့အားလုံးကို ဆွဲချမှာပဲ”

လူတိုင်းက သူ၏ကြမ်းတမ်းသော အပြုအရာကို ကြည့်ကာ တိတ်ဆိတ်သွားကြသည်။ ထို့သို့ဖြင့် အနောက်ဘက်မှ တောမီးက ကြီးသထက် ကြီးလာသည်။

ဘန်း။

မီးတောက်ထဲမှ မည်းတူးနေသော လက်တစ်စုံက တဖြည်းဖြည်းချင်းစီ ဆန့်ထွက်လာသည်။ ထိုသို့ဖြင့် မြေပြင်မှ ပူပြင်းလွန်းသော မြေဆီလွှာများကို ဆုပ်ကိုင်ရင်း တလှမ်းချင်းစီ ကုန်းထွက်နိုင်ရန် ကြိုးစားသည်။

“ကယ်”

“ငါ့ကို ကယ်ပါ”

“ငါ့ကို ကယ်ပါ”

တစ်ကိုယ်လုံးအနက်ရောင်မီးခိုးများ ပြည့်နှက်နေသော ကျိုးဝမ်က ဩရှသော အော်သံများကို ထုတ်သည်။ ထို့နောက် တဖြည်းဖြည်းချင်းစီ ကုန်းထွက်လာ၏။ ထို့သို့ဖြင့် မြေပြင်တွင် သူ၏အစင်းကြောင်းအရာကို ကပ်ပါလာစေသည်။

…

“မြန်မြန်”

“အားလုံးပဲ စုစည်းကြ”

“ကယ်ဆယ်ရေးအသင်းက အနောက်မှာ ရောက်နေပြီ။ ငါတို့ မီးသတ်သမားတွေက အရင်သွားမယ်။ အားလုံးပဲ ကိုယ့်ပစ္စည်းကို သေချာစစ်ခဲ့။ တောင်တန်းထဲမှာ နေထိုင်သူတွေရဲ့ လုံခြုံရေးကို အဓိက ဉီးစားပေးရမယ်”

မီးသတ်သမားဝတ်စုံကို ဝတ်ဆင်ထားသော ဖန်ဟုန်က သူ၏အရှေ့မှ အသင်းဝင် ဆယ်ယောက်ကျော်ကို ကြည့်ရင်း လေးနက်သော မျက်နှာနှင့် ပြောသည်။ ထို့နောက် ရဲရင့်တက်ကြွမှုအပြည့်နှင့် အော်ပြောသည်။

“ငါတို့က မီးသတ်သမားတွေပဲ။ ငါတို့ သေခြင်းရှင်ခြင်းတွေကို မကြောက်ဘူး”

“မီး မငြိမ်းမခြင်း ငါတို့ နောက်မဆုတ်ရဘူး”

“ထွက်ခွာ”

“ဟုတ်တယ်။ နောက်ဆုံး မီးမငြိမ်းမခြင်း နောက်မဆုတ်ဘူး”

လူတိုင်းက တစ်ညီတစ်ညာထဲ အော်ကြသည်။ ထို့သို့ဖြင့် ခပ်မြန်မြန် နောက်လှည့်ပြီး မီးသတ်ကားထဲသို့ အပြေးဝင်ကြသည်။

ထို့နောက် ဥဩဆွဲသံများက လျင်မြန်စွာ ပေါ်ထွက်လာသည်။ မီးသတ်ကားများက အရှိန်နှုန်းမြှင့်ကာ လမ်းများအနှံ့ ကျော်ဖြတ်ပြီး သွားလာလျှက် မရေမတွက်နိုင်သော လမ်းသွားလမ်းလာများ၏ အာရုံကို ဆွဲဆောင်သည်။

“ဘာဖြစ်တာလဲ။ ဘယ်မှာ မီးလောင်လို့လဲ”

“ဟုတ်သားပဲ။ မီးသတ်ကား ဆယ်စီးကျော် ထွက်သွားတာ။ မီးက အရမ်းကြီးတာလား”

“ဟိုကို ကြည့်။ ဟိုကို ကြည့်”

လူတ်စ်ယောက်က မီးသတ်ကား ဉီးတည်နေသောဘက်သို့ လမ်းညိုးထိုး ညွှန်ပြသည်။ အဝေးရှိ တောင်တန်းများထဲမှ သိပ်သည်းလွန်းသော မီးခိုးလုံးကြီးများက မြှောက်တက်နေပြီ ဖြစ်သည်။

“သေစမ်း။ ဒါက ငါတို့ရဲ့ ချင်းလင်တောင်ပဲ။ မီးလောင်နေတာလား”

လူတိုင်းက ကောင်းကင်မှ သိပ်သည်းလွန်သော မီးခိုးလုံးများကို ကြည့်ပြီး သူတို့ရဲ့စိတ်က ဗလာဖြစ်သွားသည်။

312 04

ယခုက ဆောင်းတွင်း ဖြစ်သည်။ လေထုက ခြောက်သွေ့နေ၏။ တောင်တန်းများက မရေမတွက်နိုင်သော ရွက်ကြွေများ ပြည့်နှက်နေပေလိမ့်မည်။ ထိုနေရာသာ မီးစွဲသွားခဲ့လျှင် ရှင်သန်ရန် နည်းလမ်း မရှိတော့ပေ။

“အားလုံးပဲ မြန်မြန်လေး ပြန်ပြီး ပြင်ဆင်ကြ။ အခြားနေရာက ကယ်ဆယ်ရေးအသင်းတွေ ရောက်ဖို့အချိန် လိုအပ်လိမ့်မယ်”

ဝတ်စုံအပြည့်နှင့် လူတစ်ယောက်က လူအုပ်ထဲမှ အပြေးထွက်လာသည်။ သူဟာ နီရဲသော မျက်နှာနှင့် လှမ်းအော်သည်။

“ငါတို့တွေ လုပ်နိုင်စွမ်းရည်ရှိတဲ့သူတွေ ငါ့နောက်ကို လိုက်ခဲ့။ မီးတောက်ကို သွားငြိမ်းကြရအောင်”

“အားလုံးပဲ လွန်ခဲ့တဲ့နှစ်ရက်လောက်က တိုက်ရိုက်ထုတ်လွှင့်မှုကို မြင်လိုက်ကြတယ် မဟုတ်လား။ အဲဒီမှာ ငါတို့ ချင်းလင်မြို့က လူပေါင်းများစွာရှိတယ်”

“ဒီတော့ ငါတို့ ဒီမီးကို သေချာပေါက် ငြိမ်းနိုင်တယ်။ ငါတို့ တရုတ်နိုင်ငံရဲ့ ကယ်ဆယ်ရေးအသင်းကိုပဲ မှီခိုနေလို့ မရဘူး။ ငါတို့ဘာသာလည်း ကယ်ရမယ်”

ထိုစကားကို ကြားသောအခါ ကြောင်အနေသော လူအုပ်က ချက်ချင်းဆိုသလို တုံ့ပြန်ကြသည်။

“ငါ ငါ့ယောက်ျား သွားခေါ်လိုက်အုန်းမယ်”

“ငါတို့ကျောင်းက အခု ပိတ်ထားတာလေ။ ဒီတော့ အတန်းပိုင်ဆရာကို သွားပြီး အကြောင်းကြားလိုက်မယ်။ ငါတို့အားလုံးလာပြီး ကူညီပေးလို့ရတယ်”

“မြန်မြန်လေး ပြန်ပြီး ပြင်ဆင်ရအောင် ပြီးရင် ချက်ချင်းထွက်ခွာကြမယ်”

ချင်တုလမ်းတစ်လုံး ဝရုန်းသုန်းကား ဖြစ်သွားသည်။ လူတိုင်းကလည်း အပြေးအလွှား အိမ်ပြန်ကာ လိုအပ်သည်များကို ယူကြသည်။

“ဒါက တက်စီနံပါတ် ၀၀၁ ပါ”

“ညီအစ်ကိုတို့ မင်းတို့မြင်လား။ ချင်းလင်တောင်မှာ မီးလောင်နေတာ အရင်ဉီးဆုံး အဲဒီနေရာကို ရေပို့ဖို့ နည်းလမ်းရှာရမယ်”

“အားလုံးပဲ လှုပ်ရှားကြ။ ချင်းတုက လူတွေအားလုံး ဘယ်လောက်စည်းရုံးတယ်ဆိုတာကို ပြကြရအောင်”

တက်စီက သောက်ရေရောင်းသော ဆိုင်ထဲသို့ အပြေးအလွှားဝင်သွားပြီး ရေလီတာ ၁၀ ကျော်ပါသည့် ရေဗူးကြီးများကို ကားထဲသို့ ဆွဲထည့်သည်။

“မြန်မြန်လေး။ ငါ့ကို ရေတွေကူထည့်ပေးအုန်း”

“သေစမ်း။ ဆန့်သလောက်သာ ယူသွားလိုက်ပါတော့”

ထိုသောက်ရေရောင်းသော ဆိုင်ပိုင်ရှင်က တံခါးနားတွင် ရပ်လျှက် ပြောင်ရှင်းသွားသော သိုလှောင်အိမ်ကို ကြည့်ကာ တက်စီတံခါးကို ဖွင့်လျှက် အပြေးအလွှား ဝင်သည်။

“မင်းက ဘာလာလုပ်တာလဲ”

“ငါလား။ ငါက မီးငြိမ်းဖို့အတွက် လာပြီး ကူညီပေးမလို့လေ”

“မြန်မြန်လုပ်။ မြန်မြန် သွားရအောင်။ အချိန်က ကုန်နေပြီ။ ငါ ယာဉ်မောင်းကို ပြောပြီး ကျန်တဲ့ ရေတွေအားလုံးကို တောင်တန်းဆီ ပို့ခိုင်းလိုက်မယ်။ ဆောင်းတွင်းဘက်မှာဆိုရင် ချင်းလင်တောင်တန်းထဲမှာ ဘာရေအရင်းအမြစ်မှ ရှိတာ မဟုတ်ဘူး။ ဒါကြောင့် ငါ ဒေဝါလီခံရမယ်ဆိုရင်တောင်မှ ရေတွေကို တောထဲရောက်အောင် ထောင်ပံ့ပေးမှာပဲ။ မောင်း”

မရေမတွက်နိုင်သော လူပေါင်းများစွာက အမျိုးမျိုးသော ပစ္စည်းများကို သယ်လျှက် ချင်းလင်တောင်ဘက်သို့ သွားကြသည်။

ချင်းလင်တောင်သို့ သွားသော လမ်းက ကားများ ပြည့်နှက်နေသည်။ ကားများထဲမှ လူတစ်ဖွဲ့ပြီးတစ်ဖွဲ့ အပြေးထွက်ကြကာ မီးငြိမ်းသတ်သည့် ပစ္စည်းများကို သယ်ဆောင်လျှက် တောင်ပေါ်သို့ အပြေးအလွှား တက်ကြသူများလည်း ရှိသည်။

…

+++++ 313 01

All Chapters