← Chapters

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း 313

“ဆုပိုင် မင်းသွားစရာ မလိုဘူး”

“မီးက တအားကြီးတယ်။ သိပ်မကြာခင် ကူညီမဲ့သူတေါ ရောက်လာလိမ့်မယ်”

“ဟုတ်တယ်။ မင်းရဲ့ တိရစ္ဆာန်ရုံမှာ တိရစ္ဆာန်တွေအများကြီးတာ။ မင်း ဘယ်လို အရင်းအနှီးကိုမှ လုပ်လို့ မဖြစ်ဘူး”

ကားထဲတွင် ထိုင်နေသော ဒါရိုက်တာ လီယိုက နီရဲသော မျက်နှာနှင့် အနောက်ဘက်တွင် ထိုင်နေသည့် ဆုပိုင်ကို ကြည့်ကာ နှစ်သိမ့်ပေးသည်။

“ထပ်ပြောဖို့ မလိုတော့ဘူး”

“ငါက မီးငြိမ်းသတ်တဲ့နေရာမှာ အတွေ့အကြုံ ရှိထားပြီးသား။ တောင်တက်တဲ့လမ်းက လျှောက်ဖို့ တအားခက်တယ်။ မင်းတို့တွေ ပစ္စည်းကိုပဲ ကူသယ်ပေးပြီး လိုက်လာခဲ့ပါ”

“မြန်မြန်လေး။ သူတို့ကို မြန်မြန် လာဖို့ပြောလိုက်။ ငါတို့သာ တစ်စက္ကန့်လောက် စောပြီး ရောက်သွားခဲ့မယ်ဆိုရင်တောင် အကျိုးဆက်က ပိုကောင်းလိမ့်မယ်”

“အချိန်က ကုန်နေပြီ”

“အား ကောင်းပြီလေ”

ဒါရိုက်တာ လီယိုက နောက်ကြည့်မှန်မှတစ်ဆင့် ဆုပိုင်ကို ကြည့်ပြီး ခေါင်းကို တဖြည်းဖြည်းချင်းစီ ညိတ့်သည်။

လွန်ခဲ့သော နှစ်ရက်ခန့်က တိုက်ရိုက်ထုတ်လွှင့်မှုကြောင့်သာ မဟုတ်လျှင် ယခုလောက်အထိ မည်သူကမှ အစောတလေ လှုပ်ရှားကြလိမ့်မည် မဟုတ်ပေ။ သို့သော် ….

ဒါဟာ သူတို့ တရုတ်နိုင်ငံ၏ အရှိန်နှုန်း ဖြစ်သည်။ ထိုပြည်သူများကပဲ ယခုလောက်အထိ လှုပ်ရှားပေးနေကြလျှင် သူတို့၏ စစ်သည်တော်များက …

ဗုန်း

“ဒါရိုက်တာ ရေမရှိတော့ဘူး။ မြန်မြန်လေး ပြန်ဆင်း ရအောင်”

“ငါတို့ ဒီနေရာမှ ထိန်းထားဖို့လိုတယ်”

“ရေတွေကို ပြန်ရဖို့က လိုအပ်အုန်းမှာ။ ငါတို့တွေ ..”

ဖန်းဟုန်က သူ၏မျက်နှာမှ ချွေးများကို သုတ်ပြီး တံမြက်စည်းတစ်ချောင်းကို ကောက်ကိုင်လျှက် အော်သည်။

“ငါက ဒါရိုက်တာလေ။ ဒီတော့ ငါ ရှေ့ဆုံးမှာပဲ နေရမှာပေါ့။ သူတို့ကို သွားပြီး ရေပြန်ဖြည့်ခိုင်းလိုက်”

“ရေမှ မရှိတာ။ အားလုံးပဲ ငါ့ကို ပစ္စည်းတွေကူယူပေး။ ဒီမီးကို ဒီအတိုင်း ဝိုင်းငြိမ်းကြမယ်”

“ငါတို့ ဒီမီးကို ဆက်ပြန့်စေလို့ မရဘူး”

“ဘယ်သူကမှ ခြေတစ်လှမ်းမှ ဆုတ်ခွင့် မရှိဘူး”

ထို့သို့ပြောပြီးနောက် သူကိုယ်တိုင်က တံမြက်စည်းကို မြှောက်လျှက် အရှေ့မှ မီးတောက်များကို ငြိမ်းရန် ကြိုးစားသည်။

“ခေါင်းဆောင် အပေါ်ကို ကြည့်လိုက်အုန်း”

ရုတ်တရက် အသင်းဝင်တစ်ယောက်က မျက်လုံးများကို အသားကုန် ပြူးရင်း လှမ်းအော်သည်။

တောင်ထိပ်မှ လက်များကို အသားကုန်ရမ်းပြနေသော လူတစ်ဖွဲ့ကို မြင်လိုက်ရသည်။ ထိုလူများသည် စိတ်လှုပ်ရှားစွာဖြင့် တစ်စုံတစ်ရာကို အော်နေသည်။

“သေစမ်း”

“ဒီအချိန်ကြီး ဘာလို့ တောင်ပေါ်မှာ လူတွေ ရှိနေတာလဲ”

ဖန်းဟုန်က အံကြိတ်နဲ့ အော်သည်။

“ရေ ရေ မြန်မြန်”

“ငါနဲ့အတူတူ နှစ်ယောက် လိုက်ခဲ့။ သူတို့ကို သွားပြီး ကယ်ဆယ် ရအောင်”

313 02

“ဘုရားရေ”

“အပြေးအလွှား မလုကြနဲ့နော်။ ငါ ဒီနေ့မှ လက်ထပ်ထားတာ။ မင်းက ဘာလုပ်မလို့လဲ။ ငါ သွားမယ်”

“ငါ သွားမယ်”

ဖန်းဟုန်က သူ၏အရှေ့မှ အရှေ့ဘက်သို့ အပြေးအလွှား သွားလို့သော အဖွဲ့ဝင်များကို ကြည့်ပြီး မျက်ရည်များပင် ကျချင်လာသည်။

ဒီလို အသင်းဖော်တွေနဲ့သာဆိုရင် မီးကို မငြိမ်းနိုင်စရာ အကြောင်းမရှိဘူး။

“ရုန်းကန် မနေကြနဲ့တော့”

“မင်းတို့ နှစ်ယောက် ငါနဲ့လိုက်ခဲ့။ မင်းတို့ရဲ့ အဝတ်တွေကို အရင်ဆုံး ရေစိုအောင် လုပ်ထားလိုက်အုန်း။ အဲဒီနောက် တက်ကြမယ်”

“သစ်ပင်တွေ လဲထားတာကို သတိထားအုန်း။ နေထိုင်သူတွေကို ခေါ်ပြီးတာနဲ့ အောက်ကလူတွေက အပြေးတက်လာခဲ့တော့။ သူတို့ကို အရင် ထုတ်ပေးလိုက်”

ဖန်းဟုန်က တစ်ချက်အော်ပြီး ရေသန့်တစ်ဗူးကို ကောက်ယူလျှက် သူ့ကိုယ်သူလောင်းချသည်။ ထို့နောက် တုံ့ဆိုင်းမနေပဲ မီးပုံထဲသို့ ပြေးဝင်သွားသည်။

“အသက်ရှင်လျှက် ပြန်လာခဲ့”

“ပေါက်ကရတွေ။ ငါက သေချာပေါက် အသက်ရှင်မှာပေါ့”

အသင်းဖော်တစ်ယောက်ဟာလည်း အံကိုကြိတ်ပြီး မျက်နှာများကို အုပ်လျှက် မီးပုံထဲသို့ ဝင်သည်။

“မြန်မြန်လုပ်ကြ။ မြန်မြန်”

လူတစ်ဖွဲ့က သူတို့၏ လက်ထဲတွင် မီးငြိမ်းသတ်သည့်် ကိရိယာများကို ကိုင်လျှက် အပြေးအလွှားဝင်ရောက်သွားကြသည်။

ရုတ်တရက် ကောင်းကင်အထက်မှ အော်သံလိုလို အသံမျိုးကို ကြားရသည်။ မီးပင်လယ်အထက်တွင် ဝိုင်းပတ်လျှက် ပျံသန်းနေသော သတ္တဝါကြီးများက ပေါ်လာ၏။

ဝေါင်း။

သားရဲဟိန်းသံက ထွက်လာသည်။ မီးငြိမ်းသတ်သည့်် ဝတ်စုံအပြည့်ကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်က အလျင်စလို ရောက်လာ၏။ သူက တောင်ပေါ်သို့ တက်လာသော လူသုံးယောက်ကို ကြည့်ပြီး အသက်ပြင်းပြင်း ရှုသည်။ ထို့နောက် ကောင်းကင်မှ ငှက်များထံ ဟန်အမှုအရာပြလိုက်သည်။ ထို့နောက် ရေတစ်ပုံးကို ကောက်ယူလျှက် သူ့ကိုယ်သူ လောင်းချ၏။

“ဟေး မင်း အဲဒီကို သွားလို့ မရဘူး”

အနားရှိ အခြားသောသူများက မတုံ့ပြန်နိုင်ကြသေးခင် ထိုလူငယ်လေးက မီးပုံထဲသို့ ပြေးဝင်သွားပြီ ဖြစ်သည်။

မြောင်း။

နှင်းကျားသစ်က နှာမှုတ်သံတစ်ချက် ပေးလေပြီး ခေါင်းကို လှည့်ကာ သေးငယ်သော မီးတောက်ရှိသော နေရာဘက်သို့ တစ်ချက်ကြည့်သည်။ ထို့နောက် ခပ်မြန်မြန် ပြေးဝင်လိုက်၏။

သူသည် တစ္ဆေတစ်ကောင်လိုမျိုး တောင်တန်းနေသောအုပ်များကို လျင်မြန်စွာ ကျော်ဖြတ်လျှက် လူတိုင်းထက် စောလွန်းသော အရှိန်နှုန်းနှင့် တောင်ထိပ်ပေါ်သို့ အပြေးသွားလေသည်။

ရွှေရောင်သိမ်းငှက်၏ အော်သံကလည်း စူးရှစွာ ထွက်ပေါ်လာသည်။ သူသည် လျင်မြန်စွာ ပျံသန်းရင်း တောင်ထိပ်ရှိ အိမ်များဆီ သွားသည်။

“ပေါက်ကရတွေ။ ဒါက ဘယ်သူလဲ”

“ဘယ်သူက မင်းတို့ကို လာခိုင်းလဲ”

“မြန်မြန် ဆင်းစမ်း။ ဒီမှာ အန္တာရာယ်များတယ်”

ဖန်းဟုန်က သူဆီ အပြေးလာနေသော ပုံရိပ်ကို မြင်သောအခါ လှမ်းအော်သည်။

313 03

“မင်းတို့တွေ ဆင်းကြ။ ငါ တောင်ပေါ်က လူတွေကို ကယ်လိုက်မယ်”

ဆုပိုင်က ထိုစကားလုံးအနည်းငယ်ကိုသာ ပြောလိုက်သည်။ ထို့နောက် ကျောက်တုံးတစ်ခုပေါ်သို့ ချက်ချင်းခုန်တက်လေပြီး တောင်ထိပ်ပေါ်သို့ အပြေးသွားသည်။

“ဒါ ဒါ ဒါ ဒါက ဒါက ဒါရိုက်တာဆုပိုင်လေ”

“ကြည့် သူရဲ့ငှက်တွေလည်း လာတယ်။ သူတို့က လေထဲကနေ လူကယ်မှာ ထင်တယ်”

“ငါတို့ တက်ဖို့လိုသေးလား”

ဖန်းဟုန်က အသက်ပြင်းပြင်း ရှုသည်။ ထို့နောက် ငှက်များကို မော့ကြည့်လိုက်ပြီး အံကိုကြိတ်ကာ အော်သည်။

“ဆင်းရအောင်”

“ငါတို့သာ တောက်တက်လမ်းကို ရှင်းထားမယ်ဆိုရင် ဆုပိုင် ခပ်မြန်မြန် ဆင်းနိုင်လိမ့်မယ်”

ထို့သို့ ပြောပြီးနောက် ထိုသုံးယောက်က အောက်သို့ ခပ်မြန်မြန် ပြန်ဆင်းသည်။

ယခုအခြေအနေအရ ကြွားဝါးရမည့် အနေအထားမျိုး မဟုတ်၍ မည်သို့ပင်ဆိုစေ သူတို့ကလည်း ကောင်းကင်မှ ငှက်များထက် သာလွန်သော ကိစ္စမျိုးကို လုပ်နိုင်လိမ့်မည် မဟုတ်ပေ။ သူတို့က အလောတကြီး ပြေးတက်သွားခဲ့မည်ဆိုရင် အခြားသောလူများက သူတို့ကို ပြန်ကယ်နေရပေလိမ့်မည်။

“ဝူး ဝူး ဝူး”

“အမေ ငါ အရမ်းပူတယ်”

“မကြောက်နဲ့။ တစ်ယောက်ယောက် လာကယ်လိမ့်မယ်”

အသက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက သူမရဲ့ကလေးနှစ်ယောက်ကို ဖက်ရင်း ခပ်တိုးတိုး နှစ့်သိမ့်ပေးနေသည်။

“မဟုတ်ဘူး။ ငါ ဒီကလေးကိုချီပြီး အပြေးဆင်းသွားလိုက်မယ်။ မင်းက အနောက်က လိုက်ခဲ့။ ဘယ်လိုနည်းနဲ့မဆို ကလေးကို ဘာမှ ဖြစ်စေလို့ မရဘူး”

ဘေးဘက်တွင်ရပ်နေသော အမျိုးသားက နှုတ်ခမ်းကို တင်းတင်း စေ့ပိတ်သည်။ သူဟာ ကလေးနှစ်ယောက်ကို ကောက်ချီပြီး အံကြိတ်သံနှင့်ပြောသည်။

“ဘယ်လိုနည်းနဲ့မဆို ငါ မင်းတို့သုံးယောက်ကို အောက်ကိုရောက်အောင် ပို့ပေးမယ်”

“တစ်ယောက်ယောက်တက်လာပြီ”

ရုတ်တရက် ဘေးဘက်ရှိ သူ၏ဇနီးဖြစ်သူက သူရဲ့စကားကို ပြန်မဖြေလေပဲ အောက်ဘက်မှ အပြေးအလွှားတက်လာသော ပုံရိပ်ကို ကြည့်ကာ ပြောသည်။

“အမေ နောက်ပြီး အဲမှာ တိရစ္ဆာန်တွေ”

“ဒါက …”

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မယုံနိုင်သလို ကြည့်လိုက်ကြသည်။ အကြောင်းမှုကာ မီးပုံထဲအပြေးထွက်လာသော တိရစ္ဆာန်တစ်ကောင်ကို မြင်လိုက်၍ဖြစ်သည်။

ဆုပိုင်က အသက်ပြင်းပြင်းရှုပြီး သူ၏အနောက်ဘက်မှ လျင်မြန်စွာ လိုက်လာသော နှင်းကျားသစ်ကို ကြည့်သည်။ ထို့နောက် ခြေတစ်လှမ်းထဲနှင့် တောင်ထိပ်ပေါ်သို့ ခုန်တက်လျှက် မိသားစု လေးယောက်ကို ကြည့်ကာ မျက်အမှောင် အသာကြုတ်ရင်း ပြောသည်။

ကြည့်ရတာ လူတွေအားလုံးကို တစ်ပြိုင်တည်း အောက်ပြန် ပို့ဖို့က ခက်လောက်တယ်။

သူဟာ ကောင်းကင်မှ ရွှေသိမ်းငှက်တို့အဖွဲ့ကို လက်ရမ်းပြလိုက်သည်။

“အတိုချုံးပြောရမယ်ဆိုရင် ကလေးနဲ့ အမျိုးသမီးက အပေါ်ဘက်ကနေ လိုက်ခဲ့။ ခင်ဗျားကတော့ ငါတို့ပဲ လမ်းလျှောက်ဆင်းရလိမ့်မယ်”

သူဟာ ကလေးကို ကောက်ယူလိုက်ပြီး လူသုံးယောက်ကို ပြောသည်။

“ရတယ်”

313 04

အသက်လတ်ပိုင်း အမျိုးသားက အံကိုကြိတ်သည်။ သူဟာ ခေါင်းပေါ်တွင် ပျံသန်းနေသော ငှက်များကို ကြည့်ပြီး ခေါင်းကို လေးလံစွာ ညိတ်၏။

လေထဲမှ ပျံသန်းကာ ဆင်းသက်သွားခြင်းကသာ အန္တရာယ်အကင်းဆုံး ဖြစ်ပေလိမ့်မည်။ သူတို့ကသာ လုံလုံခြုံခြုံဆင်းနိုင်သမျှ သူသေရမည်ဆိုရင် ပြဿနာ မရှိပေ။

“အဖေ”

“သွားတော့”

ငှက်နှစ်ကောင်က ကလေးများကို လျင်မြန်စွာ သယ်ဆောင်ပေးပြီး တောင်အောက်သို့ ဖြည်းညင်းစွာ ဆင်းသွားသည်။ အသက်လတ်ပိုင်းအမျိုးသားက ဇနီးဖြစ်သူကို အပြုံးနှင့် ပြောသည်။

“မင်းလည်း မြန်မြန် ဆင်းတော့။ ငါတို့ သိပ်မကြာခင် ဆင်းလာခဲ့မယ်”

“ဒါပေမဲ့ ငါရဲ့ ကလေးနဲ့ ငါက စောင့်နေမယ်နော်”

“ကောင်းပြီ”

ဆုပိုင်က ထွက်ခွာသွားသော ထိုသုံးယောက်ကို ကြည့်သည်။ ထိုနောက် နှင်းကျားသစ်၏ နဖူးကို အသာပုတ်ပေးပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“အရှေ့က လမ်းကို ဉီးဆောင်တော့။ အခုပဲ ဆင်းရအောင်”

“ဟူး ဟူး ဟူး”

ရုတ်တရက် ပြင်းထန်သော လေပြင်းက တိုက်ခတ်လာပြီး မီးတောက်များက အပြေးအလွှားရောက်ရှိလျှက် သစ်ရွက်ခြောက်များကို လောင်မြိုက်သည်။ အလန့်တကြီးတက်လာနေသော မီးတောက်က ပိုကြီးလာ၏။

ယခုလေးတင် ဖြတ်ကျော်လာခဲ့သော လမ်းက မီးတောက်များ ပြည့်နှက်သွားပြီ ဖြစ်သည်။

ဆုပိုင် မျက်နှာက အကျဉ်းတန်သွားသည်။

“ဝူး ဝူး ဝူး”

“မီးတောက် တအားကြီးတယ်။ ငါတို့ ပြေးဆင်းလို့ မရဘူး”

နှင်းကျားသစ်ကလည်း ကျောက်တုံးပေါ်တွင် ရပ်နေရင်း အောက်သို့ ငုံကြည့်ကာ အော်သည်။

ဆုပိုင်ကလည်း အတွေးနက်သွားသည်။

တောင်ခြေမှ လူများအာလုံးက မြှင့်တက်လာသော မီးတောက်များကိုကြည့်ပြီး ငေးငိုင်သွားကြသည်။

++++++ 314 01

အခန်း 314

“ရေ ဘယ်မှာလဲ။ ရေယူလာခဲ့”

ဒါရိုက်တာ လီယိုက အော်သည်။ သူဟာ ရေတစ်ပုံးကို ကောက်ဆွဲလျှက် သူ၏ခေါင်းပေါ်သို့ လောင်းချလိုက်သည်။ သူဟာ အပေါ်ဘက်သို့ အပြေးအလွှားတက်တော့မည်အချိန်တွင် အားလုံးက လှမ်းဆွဲကြသည်။

“မင်း ဝင်သွားလို့ မရဘူး”

“မင်းမှာ ဘာအကာကွယ်ဝတ်စုံမှ မဝတ်ထားဘူး။ မင်း ဒီမီးဒဏ်ကို မခံနိုင်ဘူး”

ဖန်းဟုန်က သူ့ကို လှမ်းဆွဲပြီး အော်သည်။

“ဖယ်စမ်းပါ”

“ရေဖြည့်လို့ပြီးပြီလား။ မြန်မြန်လေးလာ ငါရဲ့နောက်ကို လိုက်ခဲ့”

ချက်ချင်းဆိုသလိုပင် အသင်းဝင်များက လက်ထဲတွင် မီးငြိမ်းသတ်သည့် ကိရိယာများကို ခပ်မြန်မြန် ပစ်ချလျှက် ခန္ဓာကိုယ်များကို စိုရွဲသွားအောင် ရေလောင်းချကြသည်။ ထို့နောက် လူတိုင်းက ခေါင်းကို ခပ်မြှင့်မြှင့်မော့ရင်း ရပ်လိုက်ကြသည်။

“ဒါက ငါတို့ရဲ့ တာဝန်ပဲ”

“မင်းတို့ရဲ့တာဝန်ကို သတ္တိအပြည့်နဲ့ရင်ဆိုင် ဘာကိုမှ ကြောက်စရာ မရှိဘူး။ ဘယ်နေရာ ဘယ်အချိန်မှပဲ ဖြစ်ဖြစ် ဓားတောင်ပဲဖြစ်ဖြစ် မီးပင်လယ်ပဲဖြစ်ဖြစ် ဘယ်တော့မှ နောက်မဆုတ်နဲ့”

ထိုလူများ၏အော်သံက တစ်လမ်းတစ်ခုလုံးအနှံ့ ဟိန်းထွက်သွားသည်။ လူတိုင်းကလည်း သူတို့ရှေ့မှ မီးသတ်သမားများကို တည်ငြိမ်စွာ ကြည့်ကြသည်။

“ပြေးတော့”

ဖန်းဟုန်က အော်ဟစ်ရင်း ရေပိုက်ကို ကိုင်လျှက် မီးပင်လယ်ထဲသို့ အပြေးဝင်သည်။

“ငါတို့ ဘယ်လိုနည်းနဲ့မဆို လမ်းကြောင်းရှင်းရမယ်”

“ဘယ်လို နည်းနဲ့မဆို”

“ဘယ်တော့မှ နောက်မဆုတ်နဲ့”

လူတိုင်းက သူတို့၏အော်သံများကို နားထောင်ရင်း တောင်တက်လမ်းပေါ်သို့ အပြေးအလွှားတက်သွားသော မီးသတ်သမားများကို ကြည့်ကာ စိတ်ထဲလေးလံသွားကြသည်။

သစ်ရွက်ကြွေများက ပြင်းထန်လွန်းသော မီးတောက်၏ လောင်ကျွမ်းမှုကို ခံနေရသည်။ သူတို့က ထိုလမ်းကို ရှင်းနေရခြင်းဖြစ်သည်။

“ဒါက ငါတို့ တရုတ်နိုင်ငံရဲ့ မီးသတ်သမားတွေ။ အားလုံးပဲ မရပ်တန့်ကြနဲ့။ ငါတို့မှာ ရေပိုက်တွေ မရှိဘူး။ ဒီတော့ ငါတို့က မြေကြီးထဲမှာ အမြုပ်ခံရမယ်ဆိုရင်တောင်မှ လမ်းကြောင်းကို ရအောင်ရှင်းရမယ်”

“ဟုတ်တယ်။ ဟုတ်တယ်။ မြန်မြန်သွားပြီး ကူညီရအောင်”

“လာ မြန်မြန်လာကြ။ မြေကြီးတွေကိုပဲ တူးပြီး မီးကို ငြိမ်းကြရအောင်”

နောက်မှ ရောက်လာသော လူများက ထိုမြင်ကွင်းကြောင့် အလွန်အမင်း ခံစားသွားကြသည်။ ထို့ကြောင့် သူတို့သည်လည်း အနီးနားရှိ မြေများကို စတူးကြသည်။

လက်နက်များ မရှိသောလူများက ကိုယ့်လက်ကိုယ်သုံးကာ မြေကြီးတူးကြသည်။ သို့သော် သူတို့က စိတ်လိုလက်အရဖြင့် ကြိုးစားအားထုတ်နေကြခြင်း ဖြစ်သည်။

“သွား”

ဆုပိုင်က တောင်ထိပ်ပေါ်တွင် ရပ်ရင်း အောက်ဘက်ရှိ လူတစ်အုပ်က မီးပင်လယ်ထဲမှ ခြေတစ်လှမ်းခြင်းစီ အပြေးတက်လာနေသော မြင်ကွင်းကို ငုံကြည့်လိုက်သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာကလည်း အနောက်မှ ကပ်လိုက်ပါလာသည်။ ထို့သို့ဖြင့် လမ်းကြောင်းကို ဖောက်ပေးနေသည်။ သူဟာ ခေါင်းကို ငုံလျှက် လေးနက်သော လေသံနှင့် ပြောလိုက်၏။

“ငါရဲ့နောက်ကို လိုက်ခဲ့ကြ။ သူတို့ လမ်းရှင်းလို့ပြီးတာနဲ့ ငါတို့ အပြေးထွက်လို့ ရပြီ”

314 02

ထို့သို့ပြောပြီးနောက်တွင် သူဟာ ကျောက်တုံးပေါ်မှ ခြေတစ်လှမ်းထဲနှင့် ခုန်ချသည်။

အသက်လတ်ပိုင်းလူက နောက်တစ်လှမ်းခန့် တုံ့ဆိုင်းသွားသေးသည်။ ကောင်းကင်မှတစ်ဆင့် တောင်အောက်သို့ ဆင်းသက်နေသော မိသားစုဝင်များကို တစ်ချက်ပြန်ကြည့်ပြီး အံကိုကြိတ်သည်။

“အသက်ရှင်ရှင်နေကြပါ”

“သွားမယ်”

သူဟာလည်း တစ်ချက်အော်လိုက်သည်။ ထို့နောက် အောက်ဘက်သို့ အပြေးဆင်းသည်။

“မြန်မြန်။ ဒါရိုက်တာဆုပိုင် ဆင်းလာနေပြီ။ အားလုံးပဲ ရေပိုက်တွေကို ထိန်းထားကြ”

“နှစ်ဖက်လုံး အသင့်ပြင်ပြီး ငြိမ်းပေးနေကြ။ တစ်မိနစ်ဆိုရင် ရောက်ပြီ”

“ထိန်းထား”

ဖန်းဟုန်က လျင်မြန်စွာ ပြေးဆင်းလာသော ပုံရိပ်ကို ကြည့်ပြီး အနောက်ဘက်မှ အသင်းဝင်များဘက်သို့ လှည့်ကာ အော်လိုက်သည်။ သူဟာ နှစ်ဖက်လုံးမှ တောက်လောင်နေသော မီးတောက်ကို လျစ်လျူရှူ၍ ရေပိုက်များကို အရှေ့ဘက်သို့သာ ညွှန်ထားသည်။

ခရက်စ့်။

ခရက်စ့်။

ခရက်စ့်။

အသင်းဝင်များအားလုံးက အံကိုကြိတ်ထားကြသည်။ သူတို့သည်လည်း ပြင်းထန်လွန်းသော အပူချိန်ကြောင့် ခန္ဓာကိုယ်မှ လောင်ကျွမ်း ကြိမ်းတက်နေသည့် အပူဒဏ်ကို ခံစားနေရသည်။ သို့သော် မည်သူကမှ အသံမထွက်ကြချေ။ သူတို့၏ လက်များက ရေပိုက်ကို တင်းကြပ်စွာ ကိုင်ထားကြသည်။ ထိုသို့ ကိုင်ထားသော လက်ကဖြင့် မတုန်သွားခဲ့ပေ။

“ချစ်ရတဲ့ ကြည့်ရှုသူတွေ”

“ဒါက ချင်တုတီဗီဌာနာကပါ”

“ငါတို့အခု မီးအပြင်းဆုံး တောင်တန်းနေရာကို ရောက်နေတာ”

အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီး သတင်းထောက်က ကင်မရာရှေ့တွင် ရပ်လျှက် လေးနက်သော လေသံနှင့် ပြောသည်။

“တောင်ထိပ်မှာနေတဲ့ ကလေးနှစ်ယောက်နဲ့ အမျိုးသမီးကိုတော့ ငှက်တွေက ကယ်သွားပြီ”

“ဒါပေမဲ့ ဒါရိုက်တာဆုပိုင်က ပြင်းထန်တဲ့ မီးတောင်တောင်ပေါ်မှာ ပိတ်မိနေတယ်”

“ငါတို့လည်း ချင်တုမီးသတ်ဌာနက ခေါင်းဆောင်ကိုယ်တိုင်က အသင်းဝင်တွေကို ဉီးဆောင်ပြီး လမ်းကြောင်းဖောက်ပေးနေတာကို မြင်နိုင်ကြတယ်”

“ငါတို့ ဒါရိုက်တာဆုပိုင်ကို သေချာပေါက် ကယ်ဆယ်နိုင်မယ်။ နောက်ဆုံးကျန်ရစ်တဲ့ နေထိုင်သူကိုလည်း ကယ်ဆယ်နိုင်မယ်လို့ ယုံကြည့်တယ်”

“နောက်ပြီး ဒီမှာ ငါ နင်တို့ကို ပြောချင်တာက …”

သူမက ထို့သို့ ပြောနေရင်းမှ တစ်ဖက်သို့လှည့်လျှက် တစ်ဖက်တွင် အပြေးအလွှား ကူညီပေးနေကြသည့် အဖွဲ့ဝင်များကို ကင်မရာလှည့်ရိုက်ပြရင်း ပြောသည်။

“ငါ ဒီနေရာမှာ နင်တို့ကို တုံဆိုင်းမနေပဲနဲ့ ငါတို့ရဲ့ ချင်တုကို လာပါလို့ ဖိတ်ခေါ်ချင်တယ်။ ဘယ်လောက်ဝေးကွာတဲ့ နေရာက မိသားစုတွေဖြစ်ဖြစ် သူတို့အားလုံးက မီးကို ငြိမ်းသတ်ဖို့အတွက်နဲ့ လာရောက်ပြီး ကူညီပေးကြတာကို မြင်နိုင်တယ်”

“ဒါတွေအားလုံးက ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကြောင့်လေ”

“မီးလောင်မှန်း စသိချိန်ကဆိုရင် ၄၅ မိနစ်ပဲ ရှိသေးတယ်။ တောင်ထိပ်တစ်ခုလုံးက ထိန်းချုပ်မှုလွှတ်သွားပြီ။ ငါတို့ဘာသာ ကြိုးစားအားထုတ်မှုတွေကို အားစိုက်လိုက်မယ်ဆိုရင် သိပ်မကြာခင်မှာ မီးကို ငြိမ်းနိုင်မယ်လို့ ယုံကြည်တယ်”

“ငါတို့မှာ အခြား အကူအညီ အထောက်အပံ့တောင် ရှိတာ မဟုတ်ဘူး။ ငါတို့မြို့က နေထိုင်သူတွေကတင် ကြမ်းတမ်းတဲ့မီးကို ဒီလိုငြိမ်းနိုင်တယ်”

314 03

“ဒါပေမဲ့ ထိခိုက်နည်းနာမှုတွေတော့ ရှိတယ်။ ဒီမီးထဲမှာ ပြင်းပြင်းထန်ထန် လောင်ကျွမ်းခံထားရတဲ့ အမျိူးသမီးကို ငါတို့ရှာတွေ့ထားတယ်။ ဒါပေမဲ့ ကံကောင်းလို့ သူမက အသက်ရှင်နေသေးတာကြောင့် သူမနိုးလာတဲ့အချိန်မှာ ဇစ်မြစ်ကို သိရမှာပဲ”

“မီးလောင်ကျွမ်းစေခဲ့သူက လုံခြုံရေးရုံးတော်ကို ချက်ချင်း အကြောင်းကြားခဲ့မယ်ဆိုရင် မီးက ဒီလောက်အထိ ဖြစ်သွားခဲ့မှာ မဟုတ်ဘူး”

“ဘယ်လိုပဲ ဖြစ်ဖြစ် ဒီရာဇဝတ်သားတွေက ဉပဒေနဲ့အညီ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်”

“ဒါက ချင်တုရဲ့တီဗီဌာနကပါ။ ငါတို့က ဒီလူသတ်သမားကို ဖမ်းမိပြီး တရားမျှတမှုရယူနိုင်တဲ့အထိ ဆက်ပြီး တင်ဆက်သွားမှာပါ”

မြေပြင်တွင် လဲကာ အငမ်းမရ အသက်ရှုနေသော ဆုပိုင်က အမွှေးများ ကွေးနေသော နှင်းကျားသစ်ကို အသာပွတ်သပ်ပေးနေလိုက်သည်။ တောင်ပေါ်က မီးကလည်း သေးငယ်သထက် သေးငယ်လာပြီး ဖြစ်သည်။ ထို့နောက် သူဟာ ရယ်သည်။

ထို့နောက် သူဟာ တဖြည်းဖြည်းချင်းစီ ထထိုင်လိုက်သည်။ အဝေးမှ လူတစ်ဖွဲ့က သူတို့၏ အင်္ကျီများကို အသုံးပြုလျှက် အေးစက်သော ရွံ့များကို သယ်ပြီး မီးများကို ငြိမ်းနေကြသည်။ သူတို့၏ လှုပ်ရှားမှုများက မရပ်တန့်ခဲ့သေးပေ။

“ငြိမ်းတော့မယ်”

ဆုပိုင်က အဝေးရှိ တောင်တန်းများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် စိတ်အေးစွာနှင့် သက်ပြင်း အရှည်ကြီးကို ချသည်။

ချင်တုက လူတွေအားလုံးက အရမ်းမြန်တယ်လို့ ပြောရမယ်။ မီးစလောင်ပြီဆိုတာနဲ့ အရင်ဉီးဆုံး ကူညီမဲ့အဖွဲ့က အလိုလိုရောက်လာတယ်။ မီးသတ်ကားထက် ငါးမိနစ်လောက်ပဲ နောက်ကျတယ်။

နောက်ပြီး နောက်တစ်ခေါက် ပိုများတဲ့ လူတွေကလည်း ရောက်လာတုန်းပဲ။

ဒီလူပေါင်းများစွာ ကြိုးစားအားထုတ်မှုတွေ ကျေးဇူးတင်ရမယ်။ ဒါကြောင့် မီးက ဒီလောက်မြန်မြန်နဲ့ ငြိမ်းသွားခဲ့တာပဲ။ အခုဆိုရင် အပြီးတိုင် ငြိမ်းတော့မဲ့ အနေအထားမျိုးတောင် ဖြစ်နေပြီ။

“ဟား ဟား။ ကြည့်ရတာ ငါတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက အလဟဿတော့ မဖြစ်ဘူးပဲ”

သူဟာ မြေပြင်မှ ထရပ်လိုက်သည်။ သူ၏ခေါင်းကို ငုံလျှက် နှင်းကျားသစ်ကို ခပ်တိုးတိုး ပြောလိုက်ပြီး တစ်ဖက်သို့လှည့်ကာ မီးလောင်ကျွမ်းနေသော နေရာနားမှ ထွက်လာခဲ့လိုက်သည်။

မီးရှို့သော လူများအတွက်ကမှု တရုတ်နိုင်ငံက သေချာပေါက် လေးနက်ထားပြီး ကိုင်တွယ်ပေလိမ့်မည်။ ထို့ကြောင့် ဆုပိုင်ကလည်း ဒီလိုကိစ္စများကို ဂရုစိုက်ပေးနေရန် မလိုအပ်ပေ။

အခု အရေးတကြီး လုပ်ရမည့် တာဝန်က ကောင်းကင်ပြာတိရစ္ဆာန်ရုံသို့ ပြန်သွားပြီး ကျန်ရစ်သော ချစ်စရာကောင်းသည့် သတ္တဝါအပိုင်းအစနှစ်ခုကို အောင်မြင်အောင် လုပ်ရန် ဖြစ်သည်။

…

++++++ 315 01

အခန်း 315

ကျိုတို။

“ကောင်းတယ်”

ယုံလုံက တစ်နာရီတည်းနှင့် ငြိမ်းသွားသော မီးကို ကြည့်ပြီး စားပွဲကို ဖြောင်းကနဲ ရိုက်ချသည်။ သူဟာ ကုလားထိုင်မှ စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။

အလုံးအရင်းနှင့် မျိုးတုန်းပျောက်ကွယ်သွားပြီးနောက်တွင် ယခုလိုအခြေအနေမျိုးက မဖြစ်ခဲ့ဖူးသော အနေအထားမျိုးလည်း ဖြစ်သည်။ လူပေါင်းများစွာက အလိုအလျောက်လာရောက် မီးငြိမ်းပေးကြသည်။

သူတို့က သူတို့ရဲ့ ကိုယ်ပိုင်အကျိုးမြတ်တွေ ဆုံးရှုံးမှုတွေကိုတောင် ဂရုမထားကြဘူး။

ထိုအခြေအနေက အတိတ်တွင် မဖြစ်ပျက်ခဲ့ဘူးပဲ။

“ဒါက ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကြောင့်ပဲ”

ယုံလုံကလည်း ဌာနအသီးသီးမှ ခေါင်းဆောင်များကို ငုံကြည့်ရင်း လေးနက်သော လေသံနှင့် ပြောသည်။

“ပိုဆိုးတာက တိရစ္ဆာန်တွေက ငါတို့ကို ကူညီပေးနိုင်တဲ့ အခြေအနေကို အများက သိနားလည်သွားကြပြီ။ ဒီတစ်ကြိမ် အဲဒီ ငှက်သုံးကောင်ကြောင့်သာ မဟုတ်ရင် အဲဒီ အမျိုးသမီးနဲ့ ကလေးနှစ်ယောက်ကို ဘယ်လိုနည်းနဲ့မှ အကောင်းတိုင်း ကယ်ထုတ်နိုင်မှာ မဟုတ်ဘူး”

“နောက်ပြီး ဒါက တိရစ္ဆာန်တွေရဲ့ အင်အား”

“တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြသသွားတဲ့ မီးလောင်ကျွမ်းမှုဟာ လူတိုင်းကိုလည်း ဒီမီးကြောင့်ဖြစ်စေတဲ့ ပျက်စီးမှုက ဘယ်လောက်ကြီးမားသလဲဆိုတာကို သိစေတယ်”

“အဲဒီလိုမှ မဟုတ်ရင် ဒီလောက် လူအများကြီးက ကိုယ်တိုင်ကိုယ်ကျလာပြီး မီးငြိမ်းသတ်ပေးမှာ မဟုတ်ဘူး”

“ဒါပေမဲ့ ငါတို့ အပျော်မလွန်နေသင့်ဘူး”

သူက ထို့သို့ပြောနေရင်းမှ ဘေးဘက်ရှိ လက်ထောက်ကို ကြည့်ကာ ခပ်တိုးတိုးပြောသည်။

“ဒီလို မီးလောင်စေတဲ့ အခြေအနေကို စုံစမ်းစစ်ဆေးပြီးသွားပြီလား။ တစ်နာရီကြာပြီ သံသဃရှိတဲ့ လူတွေကို ရှာတွေ့ပြီလား”

“မီးလောင်ခံထားရတဲ့ ကောင်မလေးက မနိုးသေးဘူးလား”

“မီးရှို့ခဲ့တဲ့ လူတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။ ဒီကိစ္စကို ခွင့်လွှတ်ပေးလို့ မရဘူး”

“စစ်ဆေးပြီးပါပြီ”

လက်ထောက်ကလည်း လက်ထဲတွင် ဖိုင်များကို ကိုင်ထားရင်း သူဟာ အလွန်အမင်း ပျက်ယွင်းနေသော မျက်နှာမျိုးနှင့် ပြောလေသည်။

“မီးလောင်သွားတဲ့ ကောင်မလေးက သတိပြန်ရလာပြီ။ သူမပြောြပတဲ့အတိုင်းဆိုရင် ငါတို့ လူအချို့ကို အတည်ပြုပြီးပါပြီ။ သူတို့အားလုံးက ဘွဲ့ယူခံနီး ကောလိပ်ကျောင်းသားတွေပဲ။ နောက်ပြီး”

“အဲဒီထဲက လူငယ်တစ်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တာ။ လူကြီးမင်း သူက အဲဒီကောင်မလေးက ဒီကိစ္စအကြောင်း အခြားလူတွေကို ပြောမှာကို ကြောက်လန့်ပြီး သူမကို မတော်တဆ မီးထဲကို တွန်းထုတ်ခဲ့တာပဲ”

“နောက်ပြီး ဆေးလိပ်က တစ်ဆင့် စစ်ဆေးပြီးတဲ့နောက်မှာ ဒီလူငယ်က … ဒီတစ်ကြိမ် ချင်တုကနေ မီးငြိမ်းသတ်ဖို့ အပြေးအလွှား ဉီးဆောင်ပြီး ထွက်ခဲ့တဲ့ မီးသတ်သမားခေါင်းဆောင် ဖန်းဟုန်ရဲ့ သားပဲ”

ခရက်စ့်

315 02

ဟူး

ယုံလုံဟာ အသက်ပြင်းပြင်း ရှုသည်။ သူဟာ မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်က အနည်းငယ်တုန်သွား၏။ သိသာစွာပင် သူဟာ ဒေါသထွက်နေလေပေ။

“ကောလိပ်ကျောင်းသား ဟုတ်လား”

“ဒါက ငါတို့လေ့ကျင့်ပေးထားတဲ့ ကောလိပ်ကျောင်းသားလား။ ငါးနှစ်အရွယ် ကလေးလောက်တောင် အသိစိတ် မရှိပါလား”

“ငါတို့ ဒီကောလိပ်ကျောင်းသားတွေကို ဘာလို့ လိုအပ်နေမှာလဲ။ တစ်ယောက်က မီးသတ်သမားခေါင်းဆောင်ရဲ့သား။ သောက်ကျိုးနည်းကို ရယ်ရတဲ့ ကိစ္စပဲ”

ဒေါသကြီးကြီး ဆူပူပြီးနောက်တွင် ယုံလုံက တစ်ဖက်သို့လှည့်လျှက် လက်ထောက်ကို ကြည့်သည်။ ထို့နောက် ပျက်ယွင်းနေသော မျက်နှာမျိုးနှင့် ပြောသည်။

“ဒီကောင်က ဘယ်သူ့သား ဖြစ်ဖြစ် ဒီကိစ္စကို စည်းကမ်းတကျ ကိုင်တွယ်သွားရမယ်။ သူ့အတွက် ချွင်းချက်အဖြစ် ထားပေးစရာ အကြောင်းကို မရှိဘူး။ ဘယ်သူကမှလည်း ဝင်ရောက် ပြောဆို မပေးကြနဲ့။ ငါတို့ ဒါကို သူ့အဖေအတွက်နဲ့ ချွင်းချက်ထားပေးလို့ မရနိုင်ဘူး”

“အခြားသူတွေအတွက်ကတော့ ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်”

“ကံကောင်းတာက အခုလက်ရှိ တောထဲမှာ ဘာတိရစ္ဆာန်မှ မရှိနေလို့ပဲ။ အဲဒီလိုမှ မဟုတ်ရင် တိရစ္ဆာန် ဘယ်လောက်များ သေသွားကြမလဲ”

“ဒါက တွေးကြည့်လို့တောင် မရတဲ့ ကိစ္စပဲ။ အခုကစပြီး မီးလောင်မှုကို ဖြစ်စေတဲ့ ရာဇဝတ်သားတိုင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။ ဒါက လုံးဝ ခွင့်လွှတ်ပေးလို့ မရတဲ့ အကန့်အသတ်ပဲ။ လုံးဝ နောက်တွန့်ပေးလို့ မရဘူး”

…

ချင်မြို့တော်။

လူနေတိုက်ခန်းတစ်ခုတွင်

ဒီနေ့က မီးလောင်ပြီး ဒုတိယမြောက်နေ့ ဖြစ်သည်။ လည်ပင်းတွင် ပတ်တီးစည်းထားသော ဖန်းဟုန်ဟာ ဝိုင်ပုလင်းကို ကိုင်ပြီး တည်ငြိမ်သော မျက်နှာနှင့် တံခါးကို ဖွင့်လိုက်သည်။

“ဘာလို့ ပြန်လာတာလဲ။ ဘာလို့ ဆေးရုံမှာ တစ်ရက်လောက် ထပ်မနေတာလဲ”

“ရှင်က ဝိုင်တောင် ယူလာသေးတယ်။ ရှင် မသောက်နိုင်ဘူးဆိုတာကို မသိဘူးလား”

သူ၏ဇနီးဖြစ်သူက သူရဲ့ကိုယ်ပေါ်မှ ဒဏ်ရာများကို မြင်သောအခါ မျက်မှောင်ကြုတ်ပြီး အပြေးအလွှားလာကာ အင်္ကျီချွတ်ရန် ကူညီပေးသည်။ ထို့နောက် အတွံ့တက်သော စကားအချို့ကို ပြော၏။

“ရှင် တစ်ရက် နားခွင့်ရထားတယ် မဟုတ်ဘူးလား။ ဘာလို့ ဆေးရုံမှာ တစ်ရက်လောက် အနားမယူတာလဲ”

“ကလေးတောင် ပြန်လာပြီ။ ရှင်က …”

“အဆင်ပြေတယ်”

ဖန်းဟုန်က လက်ကိုရမ်းသည်။ ထို့နောက် လေးနက်သော လေသံနှင့် ပြောသည်။

“ဟင်းပွဲနည်းနည်း သွားချက်လိုက်။ နောက်ပြီး အဲဒီကလေးကိုလည်း ခေါ်ထုတ်လိုက်ပါအုန်း။ သူက လူကြီးဖြစ်နေပြီ။ ငါနဲ့အတူ လာသောက်လို့ရတယ်”

“ဒါ …. “

ဇနီးဖြစ်သူ ကြိုးစားနေတာကို မြင်သောအခါ ဖန်းဟုန်က ခပ်တိုးတိုးပြောသည်။

“မြန်မြန်သွား”

အချိန်တွေကြာပြီးနောက် ညစာထမင်းဝိုင်းတွင်

ဖန်းဟုန်က ဖန်းယွီ၏ပန်းကန်လုံးထဲသို့ စားစရာများကို ထည့်ပေးသည်။ ထို့နောက် အသက်ပြင်းပြင်း တစ်ချက်ရှုကာ ပြောသည်။

“များများစား။ ဗိုက်ပြည့်တဲ့အထိ စား”

315 03

“ဘာလို့လဲ”

ဖန်းယွီက လည်ပင်းတွင် ပတ်တီးအပြည့်စည်းထားသော ဖခင်ဖြစ်သူကို ကြည့်ပြီး ခေါင်းကို ခပ်မြန်မြန် ငုံသည်။

“ဂလု”

“ဂလု”

သူကလည်း ဝိုင်တစ်ခွက်လုံးကို တဖြည်းဖြည်းချင်းစီ လောင်းထည့်ပြီး သားဖြစ်သူ၏အရှေ့တွင် ထားသည်။ ထို့နောက် ခပ်တိုးတိုး ပြော၏။

“လာ အဖေနဲ့အတူ သောက်ပါအုန်း”

“ရှင် ဘာလုပ်တာလဲ”

ဇနီးဖြစ်သူက ထိုအမျိုးသားနှစ်ယောက်ကို စိတ်ရှုပ်ထွေးစွာ ကြည့်သည်။ သူမသည်လည်း ယခုအခြေအနေက ထူးဆန်းနေသလို ခံစားရသည်။

“အဖေက မင်းအရမ်းငယ်တဲ့အရွယ်ကတည်းက မီးသတ်သမား ဖြစ်နေတာ။ နှစ် ၂၀ တောင် ကြာသွားပြီ”

“ငါတို့ ဒီသက်တမ်းကာလတစ်လျှောက်မှာ ရဲဘော်ရဲဖက်တွေ အများကြီးနဲ့ ဆုံခဲ့တယ်။ ငါတော်တော်များများကိုလည်း လိုက်ပို့ခဲ့ရတယ်။ မင်းရဲ့အဖေက တစ်စုံတစ်ယောက်က စတေးသွားမျိုးကို မြင်ရတဲ့အချိန်တိုင်းလိုလို အရမ်း ဝမ်းနည်းရတာ”

“တစ်ခါတစ်ရံမှာ ငါတွေးမိတယ်။ ဒီမီးတွေကြောင့်သာ မဟုတ်ရင် ငါတို့ရဲ့ ဘဝတွေ ဘယ်လောက်ကောင်းလိုက်မလဲလို့လေ”

ဖန်းဟုန်က ဝိုင်ခွက်ထဲမှ ဝိုင်များကို တစ်လုတ်တည်းနဲ့ အကုန်သောက်ပြီး ခပ်တိုးတိုး ရေရွတ်သည်။

“အဖေက ဒါရိုက်တာ ဆိုပေမဲ့လည်း ဒါမဲ့ ကြယ်တစ်ပွင့်ပြီး တစ်ပွင့် ရနေပေ့မဲ့လည်း ငါ ဖန်းဟုန်က ငါရဲ့တစ်ဘဝလုံး ဘာအမှားကိုမှ မလုပ်ခဲ့ဖူးဘူးလို့ ယုံကြည်တယ်”

“တစ်ကြိမ်တောင် မလုပ်ခဲ့ဖူးဘူး”

“အဖေက အမြဲတမ်း တာဝန်ထမ်းဆောင်ရတိုင်း ရှေ့ဆုံးမှာ ရှိနေခဲ့တာ။ ဘာလို့ …”

ထို့သို့ ပြောနေရင်းမှ ဖန်းဟုန်က သူ၏သားဖြစ်သူကို မျက်ရည်အပြည့်နှင့် ကြည့်ပြီး တုန်ယင်သော လေသံနှင့် ပြောသည်။

315 04

“မင်းငယ်ငယ်တုန်းက ငါမှတ်မိပါသေးတယ်။ ငါ လက်မောင်းထဲမှာ ချီထားတဲ့အချိန်မှာ မင်းအမြဲတမ်း ပြောတာလေ။ အဖေက မင်းရဲ့ စံပြ ပုဂ္ဂိုလ်ဆို”

“ငါ ရှေ့တန်းကို အပြေးထွက်သွားတဲ့အချိန်တိုင်း လူကယ်ရုံတင် မဟုတ်ပဲ စံမူနာကောင်းတစ်ခု ချပေးခဲ့တာလို့ ပြောခဲ့ဖူးတယ် မဟုတ်လား”

“ဒါပေမဲ့ …”

“ဝူး ဝူး ဝူး”

ထိုစကားကို နားထောင်နေရင်းမှ ဖန်းယွီက ရုတ်တရက် မျက်ရည်များ စီးကျလာပြီး ခါးသီးစွာ အော်ငိုသည်။ သူဟာ မျက်နှာကို အုပ်လိုက်သည်။

“အဖေ လုံးဝ မထင်ထားတာက ငါ ဒီလောက် အင်အားအများကြီး စိုက်ထုတ်ပြီး မွေးလာခဲ့တဲ့ သား။ ဘယ်လိုကြောင့်များ”

“ဘာဖြစ်လို့လဲ”

“ဟမ်”

“ဘာဖြစ်တာလဲ သား။ ငါ့ကို မခြောက်နဲ့။ နင် ဘာလုပ်ခဲ့လဲ”

ဇနီးဖြစ်သူက နားထောင်လေလေ တစ်စုံတစ်ရာဟာ မှားယွင်းကြောင်း ခံစားမိလာလေလေ ဖြစ်သည်။ သားဖြစ်သူ နာကျင်နေသော မျက်နှာကို ကြည့်ပြီး သူမက ဖျော့တော့သော မျက်နှာနှင့် မေးလိုက်သည်။

“အဖေရဲ့ခန္ဓာကိုယ်တစ်ခုလုံး အမာရွတ်တွေ အပြည့်ပဲ။ ဒါတွေအားလုံးက အလကားပဲ ထင်ပါတယ်”

ဖန်းဟုန်က သားဖြစ်သူ၏ ခေါင်းကို ညင်သာစွာ ထိတွေ့ရင်း ခပ်တိုးတိုး ပြောသည်။

“မင်းက လူကြီး ဖြစ်နေပြီ”

“ငါ မင်းကို ကောင်းကောင်း မသင်ပြပေးနိုင်ခဲ့ပေ့မဲ့လည်း ဒါပေမဲ့ အဖေကတော့ မင်းဟာ အမျိုးသားတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်အမှားကိုယ် တာဝန်ယူရဲတဲ့ စိတ်ရှိဖို့ မျှော်လင့်တယ်”

“အမှန်ပြင်နိုင်တဲ့ အခွင့်အရေးသာ ရှိမယ်ဆိုရင် ဒါဆိုရင် အဖေက သားကို စောင့်နေမှာ”

“တကယ်လို့ အမှန်ပြင်နိုင်တဲ့ အခွင့်အရေးသာ ရှိမယ်ဆိုရင် အဖေက သေချာပေါက် နောင်ဘဝမှာလည်း သားအတွက် စံနမှုနာကောင်းတစ်ခုတော့ ပေးချင်သေးတယ်”

“ဝူး”

“အဖေ ငါ မှားပါတယ်။ ငါ ဝန်ခံတယ်။ ငါ ဝန်ခံမယ်”

“ငါ တောင်းပန်တယ်။ ငါ တောင်းပန်ပါတယ်”

ဖန်းယွီက ချင်းလင်တောင်မှ ပြန်လာပြီးချိန်ကတည်းက သူ၏စိတ်အတွင်းထဲတွင် ကျိုးဝမ်၏ မီးထဲတွင် ရုန်းကန်နေသော ပုံရိပ်က ထပ်ခါတစ်တလဲလဲ ပေါ်လာပြီး ပြင်းထန်သည့် နှိပ့်စက်မှုကြီးကို ခံစားနေရခြင်း ဖြစ်သည်။ ယခုအချိန်အထိ သူဟာ ထိုနှိပ့်စက်မှုဒဏ်ကို ခံနေရသည်။ သူသည် နောက်ဆုံးမှသာ မည်သည့်အမှားကို ကျူးလွန်ခဲ့ကြောင်း နားလည်လိုက်၏။

သူ၏အရှေ့မှ ပုဂ္ဂိုလ်က သူ့အတွက် တစ်ဘဝလုံး စံနမူနာကောင်းကို ထုတ်ပြနိုင်ခဲ့သည်။ သူကမှု လမ်းကြောင်းမှားရွေးခဲ့သည်။

ငါ ဘယ်လိုများ ဒီလူရဲ့သား ဖြစ်ထိုက်မှာလဲ။

“ဟူး”

ဖန်းယွီက အသက်ပြင်းပြင်းရှုပြီး စားပွဲပေါ်မှ ဝိုင်ခွက်ကို တုန်ယင်သော လက်ဖြင့် ကောက်ကိုင်သည်။ ထို့နောက် သူ၏စံပြပုဂ္ဂိုလ်နှင့် ခွက်ချင်းတိုက်လိုက်၏။

“ငါ တောင်းပန်ပါတယ်”

“နောက်တစ်ကြိမ် … သေချာပေါက် နောက်တစ်ကြိမ် မရှိစေရဘူး”

“ကောင်းပြီ”

ဖန်းဟုန်က မျက်ရည်များကို သုတ်သည်။ ထို့နောက် ခေါင်းကို လေးလံစွာ ညိတ့်ပြီး သားဖြစ်သူနှင့် ခွက်ချင်းတိုက်လိုက်ကာ ထိုင်ခုံနေရာမှ ထရပ်သည်။

“ငါတို့ မင်းကို ကောင်းကောင်း မသင်ပြပေးနိုင်ခဲ့တာ ငါတို့အမှားပဲ”

“နောက်ထပ် အခွင့်အရေးတစ်ခုသာ ရှိမယ်ဆိုရင် အဖေက သားကို သေချာပေါက် သင်ခန်းစာ ပေးမှာပါ”

…

++++++ 316 01

All Chapters