← Chapters

အခန်း (၅၃၅-၅၃၆)

Vol. 51 Ch. 535-536

အခန်း (၅၃၅-၅၃၆)

Vol. 51 Ch. 535-536

အခန်း (၅၃၅)။

ချင်ပြည်နယ်၊ ချန်ပီယံနယ်စား၏ နေအိမ်။

ဗဟိုတိုင်ပင်ခံ ခန်းမဆောင်ကြီးအတွင်း၌…

ဟုန်ယွိ သိမ်းပိုက်ထားသော ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်သည် ပလ္လင်ထက်တွင် ထိုင်နေပြီး မျက်လုံးများကို အနည်းငယ် မှေးစင်းထားသည်။ သူသည် အနားယူနေပုံလည်း ရသလို၊ တရားထိုင်နေပုံလည်း ရပေသည်။

အနှိုင်းမဲ့မိစ္ဆာကြီး အမှောင်ဧကရာဇ် တာအိုသခင်၏ တိုက်ခိုက်မှုကို ခုခံပြီးနောက် ဟုန်ယွိ ချင်ပြည်နယ်သို့ ပြန်ရောက်လာသည်မှာ ယနေ့ဆိုလျှင် သုံးရက်မြောက် ရှိပြီဖြစ်သည်။

ဤသုံးရက်အတွင်း ဟုန်ယွိသည် ကောင်းစွာ အနားယူခဲ့ရုံသာမက ဟွမ်ယန်ယန်နှင့်လည်း သဘောတူညီချက်တစ်ခု ရရှိခဲ့သည်။ ဟုန်ယွိသည် ချင်ပြည်နယ်ရှိ အင်အားစုများကို အကာအကွယ်ပေးမည် ဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် ဟွမ်ယန်ယန်သည် သူမ၏ အရင်း အမြစ်များကို အသုံးပြု၍ နိုင်ငံအနှံ့အပြားတွင် ‘ကျိုးယွိ အကယ်ဒမီ’ များ တည်ထောင်ရန် ကူညီပေးမည် ဖြစ်သည်။

ယခုအခါ ဟုန်ယွိတွင် ကြီးမားသော နတ်ဘုရားစွမ်းရည်များနှင့် ကြွယ်ဝသော ငွေကြေးဓန များ ရှိနေပြီဖြစ်သော်လည်း၊ သူ့တွင် လုံလောက်သော လူအင်အား မရှိသေးပေ။ နိုင်ငံ တစ်ဝန်းတွင် ကျိုးယွိ အကယ်ဒမီများ တည်ထောင်ရန်မှာ မလွယ်ကူလှပေ။ ဤသည်မှာ တာအိုပညာရပ်များနှင့် နတ်ဘုရားစွမ်းရည်များဖြင့် လုပ်ဆောင်၍ရသော အရာမဟုတ်ပေ။

အတိုင်းအဆမဲ့ မှော်စွမ်းအားကို ပိုင်ဆိုင်နေသော်ငြားလည်း တိုင်းပြည်ကို ကောင်းမွန်စွာ အုပ်ချုပ်ရန်နှင့် လောကကြီးကို ပညာမျှဝေနိုင်ရန်မှာ ခက်ခဲလှပေသည်။

“ရှင်က ကျိုးယွိ အကယ်ဒမီကို တည်ထောင်ချင်တာလား။ ဒါက မလွယ်တဲ့ အလုပ်ပဲ။ လောကမှာ အကယ်ဒမီတွေ အများကြီး ရှိတယ်၊ ဥပမာ - ကျိမျိုးနွယ်ရဲ့ ‘ကျိဇီ အကယ်ဒမီ’၊ ‘ဖန်ဇီ အကယ်ဒမီ’၊ ‘ခြောက်ပါးညီညွတ်ခြင်း အကယ်ဒမီ’၊ ‘ခုနစ်စင်ကြယ် အကယ်ဒမီ’၊ ‘နက္ခတ်ခုနစ်လုံး အကယ်ဒမီ’၊ ‘လေးရာသီ အကယ်ဒမီ’၊ ‘နှင်းဖြူ အကယ်ဒမီ’၊ ‘ဝါးဆစ် အကယ်ဒမီ’၊ ‘အစစ်မှန် သစ္စာတရား အကယ်ဒမီ’ နဲ့ လီယန်ရဲ့ ‘ကောင်းကင်ဘုံနှလုံးသား အကယ်ဒမီ’ တို့ပေါ့။ အရှေ့ဘက် ပြည်နယ်ခုနစ်ခုက မိုမျိုးနွယ်ရဲ့ ‘ကောင်းကင်ဘုံလက်မှု အကယ်ဒမီ’ ဆိုရင်လည်း သမိုင်းကြောင်း အရှည်ကြီး ရှိတယ်။ ရှင် အကယ်ဒမီ တစ်ခု တည်ထောင်ရင်တောင် သူတို့ကို ယှဉ်နိုင်ပါ့မလားလို့ ကျွန်မ စိုးရိမ်တယ်။”

ဟွမ်ယန်ယန်သည် သတင်းအချက်အလက်များစွာ ပါရှိသော စာရွက်စာတမ်းများကို ကိုင်ထားသည်။ ၎င်းတို့ပေါ်တွင် အလယ်ပိုင်းကောင်းကင်နိုင်ငံရှိ ကျော်ကြားသော အကယ်ဒမီများ၏ မှတ်တမ်းအားလုံး ပါဝင်နေသည်။

“အဲဒီတုန်းက ယန်အန်းလည်း မဟာအကယ်ဒမီ တစ်ခု တည်ထောင်ချင်ခဲ့ပြီး ကျော်ကြား တဲ့ စာပေပညာရှင်တွေနဲ့ မဟာပညာရှင်ကြီးတွေကို ဖိတ်ခေါ်ချင်ခဲ့ပေမဲ့ ရှဲ့ဝန်ယွမ်က ငြင်းပယ်ခဲ့တယ်။”

အလယ်ပိုင်း ကောင်းကင်နိုင်ငံတွင် ဂိုဏ်းဂဏများထက် အကယ်ဒမီများက ပို၍ များပြား လှသည်။ ‘ယောင်ချီဂိုဏ်း’၊ ‘နှလုံးသားလက်သီးဂိုဏ်း’၊ ‘ယွမ်ထုံဂိုဏ်း’၊ ‘ကောင်းကင်ဓား အိမ်တော်’ နှင့် ‘အထွဋ်ထိပ်ကောင်းကင်နယ်မြေ’ တို့ပင်လျှင် အကယ်ဒမီများနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။

အကယ်ဒမီများသည် ယဉ်ကျေးသိမ်မွေ့ပြီး ၎င်းတို့၏ တရားဝင်လမ်းစဉ်ကို ထိန်းသိမ်းထား ကြသည်။ ၎င်းတို့သည် အထက်တန်းစား လူ့အဖွဲ့အစည်းနှင့် ဖြောင့်မတ်ခြင်းလမ်စဉ်၏ ကိုယ်စားလှယ်များအဖြစ် သတ်မှတ်ထားကြသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် တာအို ဂိုဏ်းများ သို့မဟုတ် သိုင်းလမ်းစဉ်ဂိုဏ်းများနှင့် အမည်ဂုဏ်သတင်းအတွက် လိုက်လံ ယှဉ်ပြိုင်နေမည် မဟုတ်ပေ။

အလယ်ပိုင်းဒေသရှိ ‘အကယ်ဒမီများ’ သည် အဓိက အင်အားစုများဖြစ်ပြီး လူ့အဖွဲ့အစည်း ၏ အထက်တန်းလွှာများ ဖြစ်ကြသည်။

တိုင်ရှန်တာအိုဂိုဏ်း၊ ဖန်ရှန်းတာအိုဂိုဏ်းနှင့် အမှန်တရားတာအိုဂိုဏ်းများမှာမူ “တရား မဝင် တာအိုဆရာများ” သာ ဖြစ်ကြသည်။

အခြားတစ်ဖက်တွင်မူ ကျိချန်ယွဲ့သည် အမှန်တရားတာအိုဂိုဏ်းကို ပြုပြင်ပြောင်းလဲခဲ့ပြီး၊ စာသင်ကျောင်းနှင့် တူညီသော “ဖြောင့်မတ်ခြင်း ခန်းမ” ကို တည်ထောင်ကာ လူ့အဖွဲ့အစည်း၏ ပင်မရေစီးကြောင်းအတွင်းသို့ တဖြည်းဖြည်း တိုးဝင်နိုင်ခဲ့သည်။

“အကယ်ဒမီဆိုတာ ဖြောင့်မတ်တဲ့ လမ်းစဉ်ပဲ။ နှမြောစရာကောင်းတာက ယန်အန်းဟာ အကယ်ဒမီကနေ ကျောင်းဆင်းခဲ့တာ မဟုတ်ဘူး၊ ‘ကျင့်ရှီး’ ဒါမှမဟုတ် ‘ကျွမ့်ယွမ်’ လည်း မဖြစ်ခဲ့ဘူး။ သူက သိုင်းပညာကို သုံးပြီး နယ်မြေတွေ ချဲ့ထွင်ခဲ့တာဆိုတော့ စာပေပညာရှင် တွေရဲ့ အထင်သေးတာ ခံရတာ မဆန်းပါဘူး။ သူက အစကတည်းက လမ်းမှားကို ရွေးချယ်ခဲ့တာပဲ။ ကျွန်တော်ကတော့ အစကတည်းက တော်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ ပြီးမှ စစ်ရေးအောင်မြင်မှုတွေကို ရယူခဲ့တာ။ ဒါက ပန်းကောင်းကို အမွှမ်းတင်ပေးလိုက် သလိုပဲ” ဟုန်ယွိက ပြောလိုက်သည်။ “ပြိုင်ဆိုင်မှုအတွက်တော့ မလိုပါဘူး။ ကျွန်တော် အကယ်ဒမီ တည်ထောင်ရတဲ့ အဓိက ရည်ရွယ်ချက်က စာအုပ်တွေ ရေးဖို့ပဲ။ စာအုပ်တွေ ရေးပြီးတာနဲ့ ခေတ်ရေစီးကြောင်းက တည်ဆောက်ပြီးသား ဖြစ်သွားလိမ့်မယ်၊ အဲဒီအခါ အဲဒီအကယ်ဒမီတွေက ခင်ဗျားနဲ့ ပြိုင်ဆိုင်ဖို့ စိတ်ကူးတောင် ရှိတော့မှာ မဟုတ်ဘူး။ ‘အတွင်းမှာ သူတော်စင်၊ အပြင်မှာ ဧကရာဇ်’ ဆိုတဲ့ စကားအတိုင်းပဲ။ အတွင်းမှာ သူတော်စင် နယ်ပယ်ကို ရောက်သွားတာနဲ့ အပြင်မှာလည်း အလိုအလျောက် ဧကရာဇ် တစ်ပါး ဖြစ်လာလိမ့်မယ်။ ‘ပြောင်းလဲခြင်းကျမ်း’သာ ထွက်ပေါ်လာရင် လောကမှာ တခြားစာအုပ်တွေ ရှိတော့မှာ မဟုတ်ဘူး။ အဲဒီအတွက် ခင်ဗျား စိုးရိမ်စရာ မလိုပါဘူး။”

“ရှင့်ရဲ့ ပြောင်းလဲခြင်းကျမ်းအပေါ် ရှင် တော်တော်လေး ယုံကြည်ချက်ရှိပုံရတယ်နော်။ ဒီစာအုပ် ထုတ်ဝေလိုက်တာနဲ့ လောကမှာ တခြားစာအုပ်တွေ မရှိတော့ဘူးလား။” ဟွမ်ယန်ယန်က မတ်တတ်ရပ်လိုက်သည်။ “ဒါဆိုရင် ကျိုးယွိ အကယ်ဒမီအတွက် ပင်မ ကျောင်းဆောင်ကြီး တစ်ခု တည်ဆောက်ဖို့ လိုလိမ့်မယ်။ ဘယ်မှာ တည်ဆောက်မလဲ။ ရှင့်ရဲ့ ‘သူတော်စင်ပေါင်းစုံခန်းမ’ ကို အကယ်ဒမီအဖြစ် သုံးပြီး ဟင်းလင်းပြင်ထဲမှာပဲ တည်ဆောက်မှာလား။”

“ကျောက်စိမ်းမြို့တော်ဟာ ဧကရာဇ်ရဲ့ မင်းနေပြည်တော်ဖြစ်သလို၊ အနောက်ဘက်ဒေသ၊ ယွန်မင်၊ မြောက်ပိုင်းနိုင်ငံတွေနဲ့ နိုင်ငံအသီးသီးရဲ့ ယဉ်ကျေးမှု ဖလှယ်ရာ ဗဟိုဌာနလည်း ဖြစ်တယ်။ ကျွန်တော် ပင်မအကယ်ဒမီကို တည်ဆောက်ချင်ရင် ကျောက်စိမ်းမြို့တော်မှာပဲ ဖြစ်ရမယ်။ အရင်ဆုံး ကျွန်တော့်လက်အောက်မှာရှိတဲ့ လျှို့ဝှက်လက်မှုပညာရှင် အဖွဲ့ တစ်ဖွဲ့ကို စီစဉ်ပေးပါ။ သူတို့က ‘အစိမ်းရောင် မိုးမခခြံဝန်း’ ရဲ့ မူလနေရာမှာ တိုးချဲ့ပြီး တည်ဆောက်ရလိမ့်မယ်။”

ဟုန်ယွိ ပြောနေစဉ်မှာပင် သူသည် မတ်တတ်ရပ်လိုက်ပြီး သူ၏လက်ထဲတွင် ခန်းမငယ် တစ်ခု ပေါ်လာသည်။ ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ထဲမှ အတွေးစပေါင်းများစွာမှာ လွင့်ပျံ ထွက်လာပြီး ထိုခန်းမငယ်ထဲသို့ ဝင်သွားကြသည်။ နောက်ဆုံးတွင် ‘ဖန်ဟွမ်အသက် ဝိညာဉ်ဓား’ ၏ ဓားစွမ်းအင် အနည်းငယ်နှင့် ဟုန်ယွိ၏ အတွေးအချို့သာ ကျန်ရှိတော့ သည်။

“ချန်ပီယံမြို့စားရဲ့ ခန္ဓာကိုယ်ကိုတော့ ဆက်ပြီး တရားကျင့်ခိုင်းထားလိုက်မယ်။ ကျန်တာ အားလုံးကို ခင်ဗျား တာဝန်ယူပါ။ အနောက်ဆောင်က မိန်းမလှလေးတွေ အားလုံးကိုလည်း တည်ငြိမ်အောင် ထိန်းထားပါ။ အရှေ့ဘက် ပြည်နယ်ခုနစ်ခုကိုလည်း အပြည့်အဝ တည်ငြိမ်အောင် လုပ်ထားပါ။”

ဟုန်ယွိ စကားဆုံးသည်နှင့် တစ်ခန်းမလုံး လှုပ်ခတ်သွားပြီး သူ ပျောက်ကွယ်သွားတော့ သည်။

သူသည် ချန်ပီယံမြို့စား၏ ခန္ဓာကိုယ်ကို အချိန်အကြာကြီး မသိမ်းပိုက်ထားလိုပေ။ ယခု အရေးကြီးဆုံး ကိစ္စမှာ အနောက်ဘက်ဒေသမှ စစ်ပွဲပင် ဖြစ်သည်။ အနောက်ဘက်ဒေသမှ စစ်ပွဲ ပြီးဆုံးသွားသည်နှင့် သူသည် တော်ဝင်နန်းတွင်းမှ နုတ်ထွက်ကာ ရှဲ့ဝန်ယွမ်နှင့်အတူ တံခါးပိတ် စာအုပ်ရေးသားပြီး သူ၏ ဩဇာအာဏာကို ချဲ့ထွင်နိုင်မည် ဖြစ်သည်။

သူသည် ယခုအခါ ပထမဆုရစာပေပညာရှင် (ကျွမ့်ယွမ်) နှင့် သူတော်စင်ငယ်တစ်ပါး ဖြစ်နေပြီ ဖြစ်သော်လည်း၊ အကယ်ဒမီ တည်ထောင်ရန်နှင့် စာအုပ်ရေးရန်အတွက် ရှဲ့ဝန်ယွမ်ကို အားကိုးရန် လိုအပ်နေသေးသည်။

ကံကောင်းသည်မှာ ဤစာပေလောက၏ မဟာပညာရှင်ကြီးသည် အမြင်စူးရှလှသည်။ သူသည် ဟုန်ယွိ၏ ပြောင်းလဲခြင်းကျမ်းကို မြင်သည်နှင့် ချက်ချင်းပင် အသိအမှတ် ပြုခဲ့ သည်။ ၎င်းကိုသာ ပြုစုပြီးစီးပါက ဤကျမ်းစားသည် အချိန်တိုင်းအတွက် ကြီးကျယ် ခမ်းနားဆုံး ကျမ်းစာတစ်အုပ် ဖြစ်လာပေလိမ့်မည်။

သူတော်စင်ငယ်၊ ပထမဆုရ စာပေပညာရှင်ဘွဲ့နှင့် ‘ချီလင်’၏ ကံကောင်းခြင်း အရှိန်ဝါတို့ သည် ပြောင်းလဲခြင်းကျမ်းကို ပြုစုရန်အတွက် ခိုင်မာသော အရှိန်အဟုန်ကို ဖန်တီးပေးရန် လုံလောက်လှပေသည်။

…

ဝှီး….

ချင်ပြည်နယ်မှ ထွက်ခွာလာသည်နှင့် ‘သူတော်စင်ပေါင်းစုံခန်းမ’ သည် ဟင်းလင်းပြင်ကို ဖောက်ထွက်သွားပြီး ငါးမိနစ်မပြည့်မီမှာပင် အနောက်ဘက်ဒေသ၏ ‘ရောင်စုံအလင်း ခံတပ်’ သို့ ရောက်ရှိသွားသည်။

သဲကန္တာရပြည်နယ်၏ ခိုင်ခံ့သော ခံတပ်သို့ ရောက်ရှိသည်နှင့် ဟုန်ယွိ၊ နင်ဂျာဘုန်းတော် ကြီး၊ ချီဇီယန်၊ ရှန်ထိုက်ဇူ၊ ရှန်ထိုက်ယန်၊ မုကလေး၊ ရွှေပင့်ကူနှင့် မြေခွေးလေး သုံးကောင်တို့မှာ ခန်းမထဲမှ ထွက်လာပြီး ကြမ်းပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။

ဤလူများသည်လည်း ဘိုးဘေးနဂါး၏ အနှစ်သာရ စွမ်းအင်များကို အမြောက်အမြား စုပ်ယူထားကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ များစွာ တိုးတက်လာပြီး၊ ဝိညာဉ်များမှာ လည်း ပိုမို ကြည်လင်လာကာ အစွမ်းများလည်း တိုးလာကြသည်။

တစ်ချိန်တည်းမှာပင် သခင်ကျိုး၊ လီလဲ့၊ ဝန်ဖေးယန်၊ ဦးလေးဂန်၊ ခါးကုန်းသူတော်စင်၊ ယူလူလက်၊ မင်းသားရှီဒီနှင့် အခြား ဒုတိယတန်းစား အမာခံ ပုဂ္ဂိုလ်များကိုလည်း ဆင့်ခေါ်ထားလိုက်သည်။

‘လုပ်ကြံသတ်ဖြတ်ခြင်းမဟာမိတ်ခန်းမ’ မှ ယန်ခိုင်နှင့် အခြားသူများပင် ရောက်ရှိနေကြပြီ ဖြစ်သည်။

“ဟုန်ယွိ၊ ဘာလို့ ငါတို့အားလုံးကို ဒီမှာ ရုတ်တရက် ခေါ်လိုက်တာလဲ။ တစ်ခုခု ထူးခြားတာ ဖြစ်တော့မှာလား။”

ယူလူလက်၏ မျက်လုံးများမှာ တဖျတ်ဖျတ် လှုပ်ခတ်နေသည်။ အဘယ်ကြောင့်ဆိုသော် ဟုန်ယွိ၏ တည်ကြည်သော မျက်နှာနှင့် လေးလံသော လေထုကို သူမ မြင်လိုက်ရသော ကြောင့် ဖြစ်သည်။ သူမက စူးစိုက်စွာဖြင့် မေးလိုက်မိသည်။

“ဒီနေ့ ငါတို့ အနောက်ဘက်ဒေသရဲ့ စစ်တပ်ကို တိုက်ခိုက်မယ်။ သူတို့ကို တစ်ချက်တည်းနဲ့ အပြတ်အသတ် အနိုင်ယူပြီးရင် မြို့တော်ကို ပြန်ကြမယ်။”

ဟုန်ယွိက အေးစက်စက် စကားလုံးအချို့ကို ပြောလိုက်သည်။

“ဘာ…၊ ဒီလောက် မြန်မြန်ကြီးလား။” ဟုန်ယွိ၏ စကားကို ကြားလိုက်ရသောအခါ သဲဖုန် များ ဖုံးလွှမ်းနေဟန်ရှိသော မင်းသားရှီဒီပင်လျှင် အံ့ဩသွားသည်။ လုပ်ကြံသတ်ဖြတ် သူ ယန်ခိုင်၏ မျက်လုံးများမှာမူ တောက်ပနေ၏။

“ဟုတ်တယ်၊ ဒီနေ့ပဲ။ ယန်ခိုင်၊ ကျေးဇူးပြုပြီး ‘နတ်ဘုရားတန်ခိုးရှင် ဘုရင်’ ဆီကို သွားပြီး ငါ့မှာ ဆွေးနွေးစရာ ရှိတယ်လို့ ပြောပေးပါ။”

“ကောင်းပြီ၊ ငါ နားလည်ပြီ” ယန်ခိုင်က မတ်တတ်ရပ်ကာ ကိုယ်ကိုလှည့်၍ တောကြောင် တစ်ကောင်ထက်ပင် ပိုမြန်သော အရှိန်ဖြင့် ပျံထွက်သွားတော့သည်။

မကြာမီမှာပင် နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးသည် ကျွမ်းကျင်သူအချို့နှင့် အကြံပေး အချို့ကို ခေါ်ဆောင်ကာ အလျင်အမြန် ရောက်ရှိလာသည်။

“ဟုန်ယွိ၊ မင်းက ငါ့ကို ဒီနေ့ပဲ စစ်တပ်ကို စုစည်းပြီး ‘ဂိုဘီသဲကန္တာရ’ ထဲက မြို့တွေကို တိုက်ခိုက်စေချင်တာလား။ ဒါပေမဲ့ အခု မြို့တွေက တဖြည်းဖြည်း တည်ငြိမ်နေပြီ၊ ရန်သူ့ဘက်က ကျွမ်းကျင်သူတွေလည်း တဖြည်းဖြည်း စုမိနေပြီဆိုတော့ ငါတို့ သူတို့ကို အနိုင်မရဘဲ ငါတို့ဘက်ကပဲ အရှုံးနဲ့ရင်ဆိုင်ရမှာကို ငါ စိုးရိမ်မိတယ်။”

အနောက်ဘက်ဒေသ မဟာမိတ်တပ်များ တည်ဆောက်ထားသော မြို့များသည် လပေါင်း များစွာ ကြာပြီးနောက် လုံးဝ ခိုင်ခံ့သွားပြီ ဖြစ်သည်။ ယခုအခါ ခိုင်မာသော ခံတပ်များ ဖြစ်လာပြီဖြစ်ရာ လူပေါင်း ခုနစ်သိန်း ရှစ်သိန်းခန့် နေထိုင်သော ရဲတိုက်ကြီးတစ်ခုကို တစ်ပြိုင်နက်တည်း ထိုးဖောက်ဖျက်ဆီးရန်မှာ အလွန်ခက်ခဲသော အလုပ်ပင်။

“ဒီတစ်ခါတော့ ကျွနတော့်ရဲ့ အစွမ်းရှိသမျှကို အကုန်အသုံးပြုမယ်” ဟုန်ယွိက ပြောလိုက် သည်။ “အနောက်ဘက်ဒေသ စစ်တပ်မှာ ရှေးဟောင်း ‘ရာရှိုမွန်’ ရဲ့ အကူအညီ ရှိနေတော့ သူတို့အတွက် ရိက္ခာသယ်ယူဖို့ ဘာမှ အားစိုက်စရာ မလိုဘူး။ ကျွန်တော်တို့ အချိန်ဆွဲနေလို့ မဖြစ်ဘူး။ သူတို့နဲ့ တိုက်နေတဲ့ နေ့တိုင်း ကျွန်တော့်တို့မှာ အရင်းအမြစ်တွေ အများကြီး ကုန်ဆုံးနေရတယ်၊ သူတို့က ကျွန်တော်တို့ကို အားကုန်အောင် လုပ်ပြီး သတ်မှာ။”

အနောက်ဘက်ဒေသမှ စစ်ပွဲကြောင့် တစ်နိုင်ငံလုံးမှ စစ်တပ်များ ရောက်ရှိနေကြသည်။ ရှည်လျားသော နယ်စပ်မျဉ်းတစ်လျှောက်တွင် ပုံမှန်ထက် အနည်းဆုံး ငါးဆခန့် ပိုများ သော စစ်တပ်များနှင့် ကျွမ်းကျင်သူများ ရှိနေကြသည်။ ကန္တာရထဲတွင် အစားအစာများ မစိုက်ပျိုးနိုင်သဖြင့် ၎င်းတို့ကို အဓိကပြည်မကြီးမှ နေ့စဉ် သယ်ယူပို့ဆောင်နေရသည်။

စစ်သည်များက အများကြီး မစားနိုင်သော်လည်း၊ ပြဿနာမှာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းမှာ မိုင်ပေါင်း ထောင်ချီဝေးကွာနေသဖြင့် ကုန်ကျစရိတ်မှာ အလွန် ကြီးမားလှပေသည်။

ယန်တူသည် ဤပြဿနာကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသည်မှာ ကြာပြီဖြစ်သော် လည်း သူ့အနေဖြင့် ဘာမှ မတတ်နိုင်ခဲ့ပေ။

ဤကဲ့သို့ နိုင်ငံနှစ်ခုကြား စစ်ပွဲမျိုးတွင် ၎င်းသည် ဘက်စုံစွမ်းအားကို ယှဉ်ပြိုင်ရသော တိုက်ပွဲတစ်ခု ဖြစ်သည်။ မည်သည့် ပရိယာယ် သို့မဟုတ် အကြံအစည်မျှ အလုပ်ဖြစ်လိမ့် မည် မဟုတ်ပေ။

“မင်း ဒီလောက်တောင် ယုံကြည်ချက်ရှိနေမှတော့ ငါလည်း စစ်သေနာပတိတံဆိပ်ကို သုံးပြီး စစ်တပ်ကို နှိုးဆော်ကာ မမျှော်လင့်ထားတဲ့ တိုက်ခိုက်မှုတစ်ခုနဲ့ စတင်လိုက်မယ်။” ဟုန်ယွိ၏ ပြတ်သားမှုကို မြင်လိုက်ရသောအခါ ယန်တူးသည် ထပ်ပြီး မငြင်းဆန်တော့ဘဲ “မင်း စစ်တပ်ကို အမြန်ဆုံး စုစည်းရမယ်။ မဟုတ်ရင် ရန်သူက သိသွားပြီး ပြင်ဆင်ထား လိမ့်မယ်။”

စကားပြောနေစဉ်မှာပင် ယန်တူးသည် အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

“ခဏလေး”

ဟုန်ယွိက အလျင်အမြန် ပြောလိုက်သည်။ သူပြောရင်းနှင့် လက်ကို ဝှေ့ယမ်းလိုက်ရာ နို့နှစ်ရောင် မြင့်မြတ်သော အလင်းတစ်ခုသည် ယန်တူး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက် သွားသည်။ ချက်ချင်းပင် ယန်တူး၏ ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံလွှာများ ပေါ်လာပြီး နတ်ဘုရားသံချပ်ကာတစ်ခုကို ဝတ်ဆင်ထားသကဲ့သို့ ဖြစ်သွားသည်။

“မူလဝိညာဉ်နတ်ဘုရားက သူ့လူတွေကို နတ်ဘုရားစွမ်းအားတွေ ပေးနိုင်သလို၊ ကျွန်တော် လည်း ပေးနိုင်တယ်၊ အထွက်အထိပ် သိုင်းသူတော်စင်တစ်ယောက်တောင် ဒီမြင့်မြတ်တဲ့ အလင်းတန်းကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူး။” ဟုန်ယွိက ဆိုလိုက်သည်။

“မင်းရဲ့ နတ်ဘုရားစွမ်းရည်က ပိုပိုပြီး အားကောင်းလာတာပဲ” ယန်တူးသည် သူ၏ ခန္ဓာကိုယ်မှ စွမ်းအားကို ခံစားကြည့်ရင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

“သတိထားပါ။ အောင်ပွဲရဲ့ အသီးအပွင့်တွေကို လက်ခံဖို့ ပြင်ထားပါ။ ဒီတစ်ကြိမ်မှာ အနောက်ဘက်ဒေသ မဟာမိတ်တပ်တွေထဲမှာ သိုင်းသူတော်စင် ကျွမ်းကျင်သူ ဒါဇင်ပေါင်း များစွာ ပါဝင်နေတယ်။ ဒီကျွမ်းကျင်သူတွေကို မသတ်ပါနဲ့။ သူတို့ကို ဖမ်းဆီးပါ၊ အရှင် ဖမ်းပါ။ သူတို့ကို ဖမ်းဆီးသိမ်းသွင်းနိုင်တာဟာ ကြီးမားတဲ့ ရတနာတစ်ခုပဲ။”

အနောက်ဘက်ဒေသ နိုင်ငံပေါင်း တစ်ရာကျော်၏ မဟာမိတ်တပ်များမှ အထူးချွန်ဆုံးသော သူများမှာ ဂိုဘီသဲကန္တာရတွင် စုဝေးနေကြသည်။ ထိုနေရာတွင် နိုင်ငံပေါင်း ရာချီ ရှိသည်။ နိုင်ငံသုံးနိုင်ငံတိုင်းတွင် သိုင်းသူတော်စင် တစ်ယောက်စီ ရှိနေလျှင်ပင် စုစုပေါင်း အရေအတွက်မှာ အလွန် များပြားလှပေလိမ့်မည်။

ထို့အပြင် ‘ဟွာလျှို’ နိုင်ငံတစ်ခုတည်းမှာပင် အများအပြား ရှိနေနိုင်သေးသည်။

“ငါ သတိထားပါ့မယ်။ အထက်တန်းလွှာ မိသားစုကြီးတွေက တပည့်တွေလည်း ဓား သွေးထားကြပြီ။ သူတို့လည်း အကျိုးအမြတ်တစ်ခုခု ရချင်ကြမှာပဲ။ ငါ ‘ကျူးလစ်ပ်’ မိသားစုရဲ့ နယ်စားကို သိမ်းသွင်းနိုင်ခဲ့ပြီ။ သူက ငါ့အပေါ် သစ္စာစောင့်သိဖို့ ကျိန်ဆိုထားပြီး ငါ့အတွက် အလုပ်တွေ အများကြီး လုပ်ပေးထားတယ်။”

ယန်တူးက အေးစက်စက် ရယ်မောလိုက်သည်။ ဟုန်ယွိ၏ စကားကို သူ ဘယ်လိုလုပ် နားမလည်ဘဲ နေမည်နည်း။

“ကောင်းပြီ၊ ကျွန်တော် မင်းသားကို ဒီမှာ စောင့်နေမယ်။ စစ်တပ်ကို စုစည်းဖို့ စစ်သေနာပတိ တံဆိပ်ကို ချက်ချင်း ပေးလိုက်ပါ။” ဟုန်ယွိသည် ယန်တူး အလျင်အမြန် ထွက်သွားသည်ကို မြင်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်ကာ နောက်ဆုံး တိုက်ခိုက်မှုအတွက် ပြင်ဆင်လိုက်တော့သည်။

အမှောင်ဧကရာဇ် တာအိုသခင်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည်။ သူ၏ မူလ စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့မှာလည်း အနှစ်သာရစွမ်းအင်များ ဆုံးရှုံးထားသဖြင့် အားနည်း နေကြသည်။ ယခုအချိန်မှာ ဟုန်ယွိအတွက် ရန်သူကို အနိုင်ယူရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။

ဂိုဘီသဲကန္တာရထဲရှိ မြို့များကို ဖျက်ဆီးပြီးပါက အနောက်ဘက်ဒေသ၏ အင်အားမှာ များစွာ ထိခိုက်သွားပေလိမ့်မည်။ ထိုအခါမှသာ ယာယီ ဟန်ချက်ညီမှုတစ်ခု ရရှိသွားမည် ဖြစ်သည်။ သေချာသည်မှာ တော်ဝင်ချန်မင်းဆက်အနေဖြင့် အနောက်ဘက်ဒေသရှိ မြို့များကို သိမ်းပိုက်ရန်အတွက် ဝေးကွာလှသော ဂိုဘီသဲကန္တာရကို ဖြတ်ကျော်ကာ စွန့်စား လိမ့်မည် မဟုတ်ပေ။

နတ်ဘုရားတန်ခိုးရှင် ဘုရင် ယန်တူး ထွက်သွားပြီးနောက် တစ်နာရီမပြည့်မီမှာပင် သဲကန္တာရပြည်နယ်၏ စစ်တပ်တစ်ခုလုံး လှုပ်ရှားလာတော့သည်။

စစ်ဗိုလ်ချုပ်ကြီးမှသည် တပ်မှူး၊ စစ်ဗိုလ်များအထိ၊ ထို့နောက် တပ်ကြပ်များအထိ တိုက်ခိုက်ရန် အမိန့်ကို ချက်ချင်း ရရှိလိုက်ကြသည်။ ကျွမ်းကျင်သူများနှင့် အကြံပေးများ အားလုံး စတင် အလုပ်လုပ်ကြတော့သည်။

ကျွမ်းကျင်သူ အများအပြားမှာလည်း ရင်တထိတ်ထိတ် ဖြစ်နေကြသည်။ သူတို့မှာ တိုက်ခိုက်ရန် သို့မဟုတ် မိမိတို့၏ အသက်ကို ကာကွယ်ရန်၊ ထို့နောက် စည်းစိမ်ဥစ္စာများကို လုယူရန် ပြင်ဆင်ထားကြသည်။

နယ်စပ်မျဉ်းတစ်လျှောက်လုံးတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ဖုံးလွှမ်းနေသည်။ လေထုမှာ လေးလံလာသည်။ ၎င်းမှာ တစ်စတစ်စ စုစည်းလာပြီး နောက်ဆုံးတွင် ပေါက်ကွဲ ထွက်တော့မည့်အတိုင်းပင်။

…

အနောက်ဘက်ဒေသ သဲကန္တာရပြည်နယ်တွင် နတ်ဘုရားတန်ခိုးရှင် ဘုရင်သည် ဟုန်ယွိ၏ အကြံပြုချက်ကို နားထောင်ပြီး စစ်တပ်ကို စုစည်းလိုက်သည်။ တစ်နာရီအတွင်းမှာပင် လျှို့ဝှက်သတင်းတစ်ခုသည် အမည်မသိသော နေရာတစ်ခုမှတစ်ဆင့် မိုင်ပေါင်း သောင်းချီ ဝေးကွာသော ကျောက်စိမ်းမြို့တော်သို့ လျှို့ဝှက်လမ်းကြောင်းများမှတစ်ဆင့် ရောက်ရှိ သွားသည်။

“ဘာ… နတ်ဘုရားတန်ခိုးရှင် ဘုရင်က နောက်နှစ်နာရီအတွင်းမှာ အနောက်ဘက်ဒေသ စစ်တပ်ကို အပြတ်အသတ် တိုက်ခိုက်တော့မယ် ဟုတ်လား။”

စာကြည့်ခန်းအတွင်း၌ ချန်ဧကရာဇ် ယန်ဖန်သည် စာတစ်စောင်ကို ကိုင်ထားသည်။ သူသည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားပုံမပေါ်ချေ။

ဤချန်ဧကရာဇ်သည် အလွန်ပင် ခန့်ညားထည်ဝါလှသည်။ သူသည် အစစ်အမှန်လား သို့မဟုတ် အစားထိုးထားသူလား ဆိုသည်ကို မသိနိုင်ပေ။ သို့သော် သူ၏ အမိန့်များသည် ‘ကောင်းကင်ဘုံသားတော်’ ၏ အမိန့်များဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

“‘ဖန်ဆင်းခြင်းရိပ်စောင့်တပ်’ ‘ချူ’၊ ငါ့အမိန့်ကို ချက်ချင်း ပေးလိုက်စမ်း။ ဂွန်ယန်ယုနဲ့ တခြားသူတွေ ‘ချီပြည်နယ်’ ‘ချန်’ မိသားစုဆီကနေ ချက်ချင်း ထွက်ခွာကြရမယ်။ ကျွမ်းကျင်သူတွေကို စစ်မြေပြင်ဆီ ခေါ်သွားကြ။ သူတို့ အခုချက်ချင်း သွားရမယ်။”

“မှန်လှပါ။ ဒါပေမဲ့ အရှင်မင်းကြီး၊ အချိန်လောက်ပါ့မလားလို့ စိုးရိမ်မိပါတယ်။”

ဧကရာဇ်၏ ဘေးနားတွင် အနက်ရောင် အရိပ်တစ်ခု ပေါ်လာပြီး ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားသည်။

“မြန်နိုင်သမျှ မြန်မြန် သွားခိုင်းလိုက်” ချန်ဧကရာဇ်သည် စားပွဲပေါ်ရှိ တော်ဝင်တံဆိပ်တော် ရှိရာ ဟင်းလင်းပြင်ထဲသို့ လမ်းလျှောက် ဝင်သွားလေတော့သည်။

…

လူသူမနီးသော တောရိုင်းကန္တာရ၏ အမည်မသိ အနက်ရှိုင်းဆုံး တစ်နေရာတွင် ဖြစ်သည်။ တော်ဝင်ချန်မင်းဆက်တွင် ဆောင်းရာသီ ရောက်နေပြီ ဖြစ်သော်လည်း၊ ဤတောရိုင်း ကန္တာရ၏ နေရာတိုင်းမှာ ပူပြင်းနေဆဲ ဖြစ်သည်။ အချို့နေရာများတွင် နေရောင်ခြည် တောက်ပနေပြီး အချို့နေရာများတွင် မိုးကြိုးမုန်တိုင်းများနှင့် မှောင်မည်းသော တိမ်တိုက် များ ရှိနေသည်။

မိုးကြိုးတိမ်တိုက်များနှင့် လျှပ်စီးကြောင်းများကြားမှ ပုံရိပ်သုံးခုသည် ရုတ်တရက် ပျံဆင်း လာပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။

မြေပြင်မှာ လင်းလက်သွားပြီး တံဆိပ်ခတ်နှိပ်ထားသော မြေပြင်၏ အစိတ်အပိုင်းတစ်ခုမှာ အရည်ပျော်သွားသည်။ လူသုံးဦး၏ ခန္ဓာကိုယ်များ ပေါ်လာသည်။ သူတို့သည် နတ်ဘုရား ရတနာများနှင့် မဟာအစီအရင်များစွာဖြင့် ကာကွယ်ထားသဖြင့် မည်သည့်အရာကမျှ သူတို့ကို မဖောက်နိုင်ပေ။

အထူးသဖြင့် သူတို့သုံးဦးကို အလံငယ် (၃၆၀) ဖြင့် ကာကွယ်ထားသည်။ ထိုအလံများ ပေါ်တွင် နဂါးနှင့် မြွေများကဲ့သို့သော အနက်ရောင် စွမ်းအင်စီးကြောင်းများ ရှိနေသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ရှေးဦးမိစ္ဆာလမ်းစဉ်ကို ကျွမ်းကျင်သူ ဖြစ်ခဲ့လျှင်၊ ဤသည်မှာ ရှေးဦးမိစ္ဆာလမ်းစဉ် လိုက်စားသူတိုင်း အိပ်မက်မက်ရသည့် ‘ကောင်းကင်မိစ္ဆာ အသွင်ပြောင်း အလံ’ ဖြစ်ကြောင်း ရှာဖွေတွေ့ရှိလိမ့်မည်။ ‘သူတော်စင် ဧကရာဇ်၏ မြင်းဇောင်း’ ကို စောင့်ကြပ်သော ‘ခုန်း’ သည် ဤအလံ၏ ပိုင်ရှင်ဖြစ်ကြောင်း ကောလာ ဟလများ ရှိခဲ့ဖူးသည်။

“ဟားဟား၊ ဟားဟား၊ ငါတို့ သုံးယောက်လုံး ဒီလောက်ထိ စည်းလုံးပြီး နောက်ဆုံးမှာ ကျမ်းစာအားလုံးကို ကျွမ်းကျင်သွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ ငါတို့ ရှေးဦးမိစ္ဆာ လမ်းစဉ်ရဲ့ မိစ္ဆာကျမ်းကိုတောင် နားလည်သွားပြီ။ ဒီလောက်ထိ ကြီးမားတဲ့ စုဆောင်းမှု တွေနဲ့ နောက်ဆုံးတော့ ငါတို့ မိုးကြိုးကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ပြီ။”

ထန်ဟိုင်လုံက မတ်တတ်ရပ်ကာ အားရပါးရ ရယ်မောလိုက်သည်။

ဤလူသုံးဦးမှာ ‘မိစ္ဆာနတ်ဘုရားဂူ’ မှ ကျမ်းစာများ၊ ဆေးလုံးများနှင့် ရတနာအားလုံးကို လုယူခဲ့ကြသော ထန်ဟိုင်လုံ၊ ဖန်းယွမ်နှင့် လီဖေးယွီတို့ပင် ဖြစ်ကြသည်။

“မိစ္ဆာနတ်ဘုရားရဲ့ စုဆောင်းထားမှုတွေက တကယ့်ကို ကြွယ်ဝတာပဲ။ ဒဏ္ဍာရီတွေအရ ‘ခုန်း’ ဟာ သူခိုးတွေရဲ့ဘိုးဘေးကြီးလို့ ပြောကြတာ အမှန်ပဲ။ ဒီဆေးလုံးတွေထဲမှာ ရှေးဦး မိစ္ဆာလမ်းစဉ်ရဲ့ ‘ဧကရာဇ်ချန်ရှန်း’ ဖော်စပ်ခဲ့တဲ့ ‘ကပ်ကျော်ရွှေဆေးလုံး’ တောင် ဒီမှာ ရှိနေတယ်။ ဒါဟာ မိုးကြိုးကပ်ဘေး ကျော်ဖြတ်ပြီးနောက် အားနည်းနေတဲ့ အခြေအနေကို ပြန်လည်ကုစားဖို့ အထူး အသုံးပြုရတာပဲ။”

ဖန်းယွမ်က ရယ်မောလိုက်သည်။

“ခုန်းဟာ ထာဝရ မျောက်သူခိုးတစ်ကောင်ပဲလေ။ သူက ဆေးလုံးတွေကို ခိုးယူရာမှာ အထူးကျွမ်းကျင်တာ။ တကယ်လို့ သူသာ သူတော်စင် ဧကရာဇ်ရဲ့ နန်းတော်ထဲကို ခိုးမဝင် ခဲ့ရင်၊ သူတော်စင် ဧကရာဇ်က သူ့ကို မြင်းဇောင်း စောင့်ခိုင်းပါ့မလား။ သူက ပါရမီရှင် တစ်ယောက်ပဲ။ ဒီ ‘မိစ္ဆာမျောက်ဝံပါ့’ က ခုန်းရဲ့အမွေနှစ်ကို ဆက်ခံထားပုံရတယ်။”

လီဖေးယုက “ဒီတစ်ကြိမ်မှာတော့ ငါတို့ ‘အနန္တရွှေဆေးလုံး’ ဆုံးရှုံးသွားတာကို ပြန်ကာမိ သွားပြီ”ဟု ဆိုလိုက်လေတော့သည်။

အခန်း (၅၃၆)။

“စဉ်းစားကြည့်စမ်း... ကောလာဟလတွေအရ ခုန်းဟာ အထွက်အထိပ် လူသားအင်မော် တယ် အဆင့် သိုင်းပညာရှင် တစ်ဦးပဲ။ သူက ဘယ်လိုလုပ်ပြီး ဒီ ‘ကောင်းကင်မိစ္ဆာ အသွင် ပြောင်းအလံ’ ကို သုံးနိုင်တာလဲ။”

ထန်ဟိုင်လုံ၊ ဖန်းယွမ် နှင့် လီဖေးယွီတို့သည် လက်များကို ဝှေ့ယမ်းလိုက်ပြီး မြေပြင်မှ ‘ကောင်းကင်မိစ္ဆာ အသွင်ပြောင်းအလံ’ (၃၆၀) ကို ပြန်လည် သိမ်းဆည်းလိုက်ကြသည်။ သူတို့ တစ်ယောက်စီသည် အလံ (၁၂၀) စီကို လက်ဖဝါးထဲတွင် စုစည်းလိုက်ရာ ၎င်းတို့မှာ အနက်ရောင် စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး ‘ကောင်းကင်မိစ္ဆာ တာအိုသစ်သီး’ အဖြစ်သို့ အသီးသီး ပုံဖော်သွားကြသည်။

လီဖေးယွီက အလံများကို ကြည့်ရင်း မေးလိုက်ခြင်း ဖြစ်သည်။

“ခုန်းဟာ လူသားအင်မော်တယ် အထွတ်အထိပ် အဆင့်အထိ ကျင့်ကြံထားနိုင်သူပဲ။ သူ့ခန္ဓာကိုယ်ထဲက အတိုင်းအဆမဲ့ အပ်စိုက်မှတ်တွေဟာ ကောင်းကင်ရဲ့ အနှစ်သာရ စွမ်းအင်တွေကို စုပ်ယူထားနိုင်တယ်။ သူ့ရဲ့ သိုင်းဆန္ဒဟာ အစိုင်အခဲဖြစ်လုနီးပါး ခိုင်မာနေ ပြီး အတိုင်းအဆမဲ့ ဟင်းလင်းပြင်တွေကို ဖြတ်ကျော်ကာ တိုက်ခိုက်နိုင်စွမ်း ရှိတယ်။ သူက ဟင်းလင်း ပြင်ဖျက်ဆီးခြင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ။ ဒါကြောင့် သူဟာ ဘယ်လို နတ်ဘုရားရတနာမျိုးကိုမဆို သုံးနိုင်တာပေါ့။ သူ့ရဲ့ သိုင်းဆန္ဒနဲ့သာ လွှမ်းမိုးထားနိုင်ရင် ဘာကိုမဆို စိတ်ကြိုက် သုံးလို့ရတယ်။ ဒီအဆင့်ဟာ ငါတို့ စိတ်ကူး ထားတာထက် တောင် ပိုပြီး ကြီးကျယ်တယ်။ သူဟာ တာအိုသခင် တစ်ယောက်နဲ့ ဘာမှ မခြားဘူး။”

ဖန်းယွမ်က တည်ငြိမ်ပြီး ဗဟုသုတ ကြွယ်ဝသော လေသံဖြင့် ရှင်းပြလိုက်သည်။

“သူ့ရဲ့ ‘မိစ္ဆာကျမ်း’ က ငါတို့ကို စိတ်ကူးသစ်တွေ အများကြီး ပေးတယ်။ ဒီမျောက်ဝံကြီးဟာ တကယ့် ပါရမီရှင်ပဲ။ ဒါပေမဲ့ နှမြောစရာကောင်းတာက သူဟာ ဟင်းလင်းပြင်ဖျက်ဆီးခြင်း အဆင့်ကိုတော့ မဖြတ်ကျော်နိုင်သေးတာပဲ။”

“ဟုတ်တယ်။ ဒီမိစ္ဆာကျမ်းက တကယ့်ကို မှော်ဆန်တာပဲ။ အထဲမှာ မှတ်တမ်းတင်ထားတဲ့ အရာတွေဟာ မြင့်မြတ်နယ်မြေတွေက လျှို့ဝှက်ကျမ်းစာတွေ ဒါမှမဟုတ် ‘ပညာရှင် သူတော်စင်ကြီးတွေရဲ့ လက်ရေးမူ’ တွေထက်တောင် မနိမ့်ကျဘူးလို့ ငါထင်တယ်။” ထန်ဟိုင်လုံက လက်ချောင်းကို လှုပ်ရှားလိုက်ရာ လေထဲတွင် အနက်ရောင် မိစ္ဆာကျမ်း တစ်အုပ် ပေါ်လာသည်။

ဤမိစ္ဆာကျမ်းသည် ထူးခြားသော အလင်းတန်းများ ထွက်ပေါ်နေပြီး ၎င်းပေါ်တွင် ရေတွက်၍ မရသော အဖြူရောင် စာလုံးများမှာ တဖျတ်ဖျတ် လင်းလက်နေသည်။

“အခု ငါ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးပြီဆိုတော့ ငါ့ရဲ့ စုဆောင်းထားတဲ့ စွမ်းအင် အားလုံးကို သုံးလိုက်ရပြီ။ အခုချက်ချင်း ထပ်ပြီး အဆင့်တက်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ ငါ့မှာရှိတဲ့ နတ်ဘုရားရတနာတွေနဲ့ဆိုရင် လောကကြီးကို စိုးမိုးနိုင်ပါပြီ။ ဟုန်ယွိကို တောင် ငါ အနိုင်ရနိုင်မယ် ထင်တယ်။ အခုပဲ ဟုန်ယွိဆီကို သွားပြီး ပြဿနာရှာကြရ အောင်။ အနည်းဆုံးတော့ ငါ့ရဲ့ မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံကို ပြန်ယူချင် တယ်။”

လီဖေးယွီသည် နတ်ဘုရားရတနာ တစ်ခု ဆုံးရှုံးခဲ့ရခြင်းကို ယခုတိုင် သူ့စိတ်ထဲတွင် မကျေမချမ်း ဖြစ်နေဆဲ ဖြစ်သည်။

“မဖြစ်သေးဘူး။ အခုချိန်မှာ မသင့်တော်သေးဘူး။ ဒီလူရဲ့ လှည့်ကွက်တွေက အရမ်း လျှို့ဝှက်ဆန်းပြားတယ်။ ငါတို့ သူ့လက်ထဲမှ တစ်ခါရှုံးဖူးပြီးပြီ၊ ပြီးတော့ သူက ခြောက်ကြိမ် မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားတဲ့လူ။ ငါတို့က သူ့ထက် အားနည်းနေသေး တယ်။ ငါတို့ သုံးယောက် ပေါင်းရင်တောင် သူနဲ့ပဲ အကြိတ်အနယ် ဖြစ်နေဦးမှာ။ ဒါ့အပြင် သူ့မှာ အကူအညီတွေလည်း ရှိသေးတယ်။ ဒီတစ်ကြိမ်မှာ သူက ကောင်းကင်နဂါးတာအို သခင်မ မိုးကြိုးကပ်ဘေး ဖြတ်ကျော်ရာမှာ ကူညီပေးခဲ့တာဆိုတော့ နဂါးသမီးတော်နဲ့ ချစ်ကြည်ရေး ရထားပြီ။ သူတို့နှစ်ယောက်သာ ပူးပေါင်းတိုက်ရင် ငါတို့ ရှုံးသွားလိမ့်မယ်။”

ဖန်းယွမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။

“ဒါကြောင့် ငါတို့မှာ အကူအညီတွေ ပိုလိုတယ်။ အစ်ကိုထန်... မင်းမှာ သိတဲ့ ကျွမ်းကျင်သူ တွေ အများကြီး ရှိတာပဲ၊ သူတို့ကို ခေါ်ပေးပါလား။ ငါတို့ အရင်ဆုံး ဖြောင့်မတ်တဲ့ အကယ်ဒမီ တစ်ခု တည်ထောင်မယ်၊ ပြီးတော့ လူထုရဲ့ ထောက်ခံမှုကို ယူပြီး ဖြောင့်မတ်တဲ့ လမ်းစဉ်အဖြစ် အရှိန်အဟုန် ယူမယ်။ အဲဒီကျမှ ဟုန်ယွိကို ပြန်တိုက်ခိုက်လို့ ရလိမ့်မယ်။”

“ဒါ ငါတွေးနေတာနဲ့ အတိအကျပဲ။ အကယ်ဒမီရဲ့ နာမည်ကို ဘယ်လိုပေးမလဲ။” ထန်ဟိုင်လုံက မေးလိုက်သည်။

“ချန်ခွန်း အကယ်ဒမီ။ နာမည်က နည်းနည်းတော့ ကြီးကျယ်နေပေမဲ့ လောကမှာရှိတဲ့ အထက်တန်းလွှာ မိသားစုကြီးတွေ အားလုံး ငါတို့ကို ထောက်ခံလိမ့်မယ်လို့ ငါယုံကြည် တယ်။ ဟုန်ယွိက သူတော်စင်ငယ် ဖြစ်နေသလို၊ သူ့မှာ ‘ချီလင်’ လည်း ရှိနေတယ်။ သူ့ရဲ့ ဂုဏ်သတင်းက အရမ်း ကြီးမားလွန်းနေပြီ၊ လောကမှာရှိတဲ့ ဘယ်အထက်ထန်းလွှာ မိသားစုကမှ ဒီလိုလူမျိုးကို ဩဇာအာဏာ အရမ်းကြီးသွားတာမျိုး မလိုလားကြဘူး။” ဖန်းယွမ်က ဆိုသည်။

“ဒါပေမဲ့ ဟုန်ယွိက ‘ပြောင်းလဲခြင်းကျမ်း’ ဆိုတဲ့ စာအုပ်ကို ပြုစုချင်နေတယ်လို့ ငါကြား တယ်။ သူလည်း အကယ်ဒမီတစ်ခု တည်ထောင်ချင်နေတာ ထင်တယ်။ သူ့ရဲ့ ဂုဏ်သတင်းနဲ့ဆိုရင် ငါတို့ အောင်မြင်ဖို့ ခက်လိမ့်မယ်။ သူ့ရဲ့ ဖိနှိပ်မှုကို ခံရလိမ့်မယ်။” လီဖေးယွီက ပြောသည်။

ဖန်းယွမ်သည် သူ၏ ဖြူဖွေးသော သွားများကို ကြိတ်လိုက်မိသည်။ “ဟုန်ယွိက အခု အနောက်ဘက်ဒေသမှာ စစ်တိုက်နေတာ။ သူက အနောက်ဘက်ဒေသ စစ်တပ်ကို တစ်ချက်တည်းနဲ့ အနိုင်ယူပြီး ကြီးမားတဲ့ စစ်ရေးအောင်မြင်မှုကို ရယူချင်နေတာ။ ဒီအောင်မြင်မှုနဲ့ သူက အနားယူပြီး နာမည်ကောင်းနဲ့ စာအုပ်ရေးမှာ။ လူ့ဘဝမှာ အရေးကြီး တဲ့ အချက်သုံးချက် ရှိတယ် - ‘အောင်မြင်မှု ရယူခြင်း’၊ ‘ကိုယ်ကျင့်သီလ ကျင့်သုံးခြင်း’ နဲ့ ‘အသိပညာဖြန့်ဝေခြင်း’ ပေါ့။ ‘ပညာရှင် သူတော်စင်တစ်ရာရဲ့ ဟစ်ကြွေးသံ’ နဲ့အတူ သူက ကိုယ်ကျင့်သီလပိုင်းမှာ အောင်မြင်ပြီးပြီ၊ ဒီတစ်ခါ စစ်ရေးအောင်မြင်မှုကို ရယူလိမ့်မယ်။ နောက်ဆုံး သူ စာအုပ်ရေးပြီးရင် သူ့ရဲ့ ကျင့်ကြံမှု နယ်ပယ်က ထပ်ပြီး မြင့်တက်သွားလိမ့် မယ်။”

“ဒါဆို ငါတို့ ဘာလုပ်သင့်သလဲ။” ဖန်းယွမ်၏ စကားကြောင့် လီဖေးယွီ ထိတ်လန့်သွားပါ သည်။

“အရင်လက်ဦးတဲ့သူက အသာစီးရပြီး၊ နောက်ကျတဲ့သူကတော့ ဒုက္ခရောက်မှာပဲ။” ဖန်းယွမ်က ပြုံးလိုက်သည်။ “အနောက်ဘက်ဒေသ စစ်ပွဲက ချက်ချင်း ပြီးသွားမှာ မဟုတ် ဘူး။ ငါတို့ အရင်ဆုံး ဂုဏ်သတင်းကို တည်ဆောက်ကြစို့။ အချိန်တန်တဲ့အခါ ဟုန်ယွိရဲ့ အကယ်ဒမီဟာ တခြားလူတွေရဲ့ စကားလုံးတွေကိုပဲ ကူးယူနိုင်တော့မှာ။ ငါတို့က အရင်ဆုံး ဖြောင့်မတ်တဲ့ လမ်းစဉ်အဖြစ် ရပ်တည်လိုက်မယ်၊ အဲဒီအခါ ဟုန်ယွိက ငါတို့ကို တိုက်ခိုက် လို့ မရတော့ဘူး။ နာမည်ကောင်း ရှိထားဖို့က သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး၊ ပြီးတော့ ငါတို့ ဟုန်ယွိရဲ့ စာအုပ်ကိုလည်း ဖျက်ဆီးလို့ ရသေးတယ်၊ ဒီနေ့ကစပြီး ဖေးယွီ... မင်းနဲ့ ငါက အကယ်ဒမီကို တာဝန်ယူမယ်။ အစ်ကိုဟိုင်လုံ... မင်းကတော့ အထက်တန်းလွှာ မိသားစု ကြီးတွေ အားလုံးဆီ သွားပြီး ငါတို့ကို ထောက်ခံဖို့ စည်းရုံးပေးပါ။”

“အတိုချုပ် ပြောရရင် အခု ငါတို့က ဟုန်ယွိနဲ့ သွားမပတ်သက်ဘူးဆိုရင် သူကလည်း ငါတို့ဆီ လာပြီး ပြဿနာရှာမှာ မဟုတ်ဘူး။ သူက ချန်ပီယံမြို့စားလို အရူးတစ်ယောက် မဟုတ်ဘူး။ သူလို စည်းကမ်းလိုက်နာတဲ့ သူမျိုးကို ကိုင်တွယ်ရတာ ပိုလွယ်ပါတယ်။”

“ကောင်းပြီ၊ အနောက်ဘက်ဒေသ စစ်ပွဲက ချက်ချင်း ပြီးမှာ မဟုတ်ဘူး။ အဲဒီက ‘မူလ ဝိညာဉ်နတ်ဘုရား’ရဲ့ စွမ်းအားတွေက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ။ ဒါ့အပြင် ဟုန်ယွိကို အလုပ်ရှုပ်အောင် လုပ်ထားမယ့် ချန်ပီယံမြို့စားလည်း ရှိသေးတယ်။ ဟုန်ယွိ စစ်ရေးအောင်မြင်မှုတွေ ရယူပြီးတဲ့ အချိန်ကျရင်တော့ အားလုံးက နောက်ကျနေ ပြီ။”

သူတို့ သုံးဦးသည် ဆုံးဖြတ်ချက် ချပြီးနောက် အလယ်ပိုင်း ကောင်းကင်နိုင်ငံဆီသို့ ချက်ချင်း ပျံသန်းသွားကြတော့သည်။

…

နေဝင်ရိုးရီ အချိန်။ နေလုံးကြီးမှာ သွေးကဲ့သို့ ရဲရဲနီနေသည်။

ဟုန်ယွိသည် သဲကန္တာရပြည်နယ်၏ ခိုင်ခံ့သော ခံတပ်ပေါ်တွင် လက်ကို တင်ထားသည်။ ဤအချိန်တွင် စစ်သည်များ၏ သံချပ်ကာ အကြေးခွံများမှာ ကောင်းကင်ယံကို ဖုံးလွှမ်း ထားပြီး၊ သူတို့၏ လက်နက်များမှ ပြန်ဟပ်နေသော အလင်းတန်းများမှာ နေရောင်ခြည် ထက်ပင် ပိုမို တောက်ပနေသည်။

“ငါနဲ့ နတ်ဘုရားတန်ခိုးရှင်ဘုရင်ဟာ အနောက်ဘက်ဒေသ စစ်ပွဲကို ဒီလောက် မြန်မြန် အဆုံးသတ်လိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာ မဟုတ်ဘူး။ အနောက်ဘက်ဒေသ စစ်ပွဲက အချိန်အကြာကြီး ဆွဲထားလို့ မဖြစ်ဘူး၊ ကြာလေလေ တခြားလူတွေအတွက် အခွင့်အရေး ပေးသလို ဖြစ်လေလေပဲ။”

စစ်ကြောင်းများ တစ်ခုပြီးတစ်ခု ချီတက်ထွက်ခွာလာကြသည်။ မဟာဆရာသခင်အဆင့် များ၊ မရေမတွက်နိုင်သော ရှန်တန်သိုင်းသခင် ကျွမ်းကျင်သူများနှင့် တာအိုပညာရှင်များမှာ ထိုစစ်သည်တော် ထောင်သောင်းများစွာ၏ ကြားတွင် ပုန်းကွယ်လျက် ပါဝင်နေကြသည်။ သူတို့သည် ခိုင်ခံ့သော ခံတပ်၏ ရှည်လျားသော နယ်စပ်မျဉ်းတစ်လျှောက်မှ သိန်းနှင့် ချီသော စစ်သည်များကို ဦးဆောင်လာကြသည်။ သူတို့သည် အဝေးရှိ ‘အတိုင်းအဆမဲ့ ဂိုဘီသဲကန္တာရ’ ထဲက မြို့ကို အပြတ်အသတ် တိုက်ခိုက်ရန် ပြင်ဆင်နေကြပုံရသည်။

စုစုပေါင်း ထိပ်တန်းစစ်သည် ငါးသိန်းမှ ခြောက်သိန်းခန့်ကို စုစည်းကာ စစ်မျက်နှာ အသီးသီးမှ လှုပ်ရှားလာကြခြင်း ဖြစ်သည်။

နတ်ဘုရားတန်ခိုးရှင်ဘုရင်သည် တကယ်ပင် ထက်မြက်သော စစ်သူကြီးတစ်ဦး ဖြစ်သည်။ သူသည် စစ်တပ်ကို စုစည်းရာတွင် လျင်မြန်ပြီး ပြတ်သားလှသည်။ နှစ်နာရီအတွင်းမှာပင် သူသည် ဤမျှ ကြီးမားသော စစ်တပ်ကြီးကို စုစည်းနိုင်ခဲ့သည်။ ဤမျှ တိုတောင်းလှသော အချိန်အတွင်းတွင် ရန်သူသည် သတင်းကို သိရှိသွားလျှင်ပင် အချိန်မီ တုံ့ပြန်နိုင်လိမ့်မည် မဟုတ်ပေ။

စစ်တပ်ကြီးတစ်ခုကို စုစည်းခြင်းမှာ ခေတ္တခဏအတွင်း လုပ်ဆောင်၍ရသော အရာ မဟုတ်ပေ။ ၎င်းကို တပ်ရင်းတစ်ခုမှ တစ်ခုသို့ အဆင့်ဆင့် အမိန့်ပေးရခြင်း ဖြစ်သည်။ လူတစ်ဦး၏ တာအိုပညာရပ်များမှာ မည်မျှပင် ကြီးကျယ်ပါစေ၊ စစ်တပ်ကြီးတစ်ခုလုံး၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန်မှာ ခက်ခဲလှပေသည်။

“ရန်သူကို တစ်ချက်တည်းနဲ့ အပြတ်အသတ် ခြေမှုန်းပစ်မယ်။”

နတ်ဘုရားတန်ခိုးရှင်ဘုရင်နှင့် ဟုန်ယွိတို့သည် အတူတူ ရပ်နေကြသည်။ ဤအချိန်တွင် ဟုန်ယွိ၏ ဘေးနားတွင် ကြီးမားသော ‘ချီလင်’ တစ်ကောင် ပေါ်လာသည်။

ဝုန်း….

စစ်တပ်ကြီးတစ်ခုလုံးသည် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။ ထောင်ပေါင်းများ စွာသော စစ်သည်များနှင့် မြင်းများ၏ ဟစ်ကြွေးသံများမှာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွား ပြီး ကမ္ဘာမြေကို တုန်ဟိန်းသွားစေသော လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားသည်။

ချက်ချင်းပင် ဟုန်ယွိသည် မိုင်ပေါင်း ရာချီသော ပတ်ဝန်းကျင်အတွင်း၌ ပြင်းထန်သော လေမုန်တိုင်းများနှင့် တိမ်တိုက်များ လွင့်ပျံသွားသည်ကို ခံစားလိုက်ရသည်။ ကောင်းကင် နှင့် မြေကြီးသည် အရောင်ပြောင်းသွားသည်။ မမြင်ရသော အငွေ့အသက်တစ်ခုမှာ မိုးကြိုး ကပ်ဘေး သုံးကြိမ် သို့မဟုတ် လေးကြိမ် ကျော်ဖြတ်ထားသော ‘တစ္ဆေအင်မော်တယ်’ တစ်ဦးကိုပင် ဆွဲဖြဲပစ်ရန် လုံလောက်လှပေသည်။

လူပေါင်း သိန်းနှင့်ချီသော သူတို့၏ သွေးစွမ်းအင်နှင့် တိုက်ပွဲဝင်လိုသော ဆန္ဒများမှာ တစ်ခု တည်းအဖြစ် ပေါင်းစပ်သွားသည်။ ၎င်းသည် စစ်မြေပြင်တွင် သီးခြား ‘စစ်ဇုန်’ တစ်ခုကို ဖန်တီးလိုက်သကဲ့သို့ပင်။ ဤစစ်မြေပြင်၏ ကမ္ဘာအတွင်း၌ တစ္ဆေအင်မော်တယ်များနှင့် မိစ္ဆာနတ်ဘုရားများ အားလုံးမှာ နောက်ဆုတ်သွားကြရသည်။ သူတို့သည် လုံးဝ ဝင်ရောက် စွက်ဖက်၍ မရတော့ပေ။

ဤစစ်ဇုန်ကမ္ဘာအတွင်း၌ တာအိုပညာရပ်များကို အသုံးပြုရန်မှာ မဖြစ်နိုင်သလောက်ပင်။

စစ်မြေပြင်တွင် စစ်အင်အားကသာ လွှမ်းမိုးထားပြီး တာအိုပညာရပ်များမှာမူ နောက်ဆုတ် သွားရစမြဲ ဖြစ်သည်။

“ဒါဟာ အကြီးစား စစ်မြေပြင်ပဲ။ လူပေါင်းများစွာရဲ့ စိတ်ဝိညာဉ်၊ တိုက်ပွဲဆန္ဒနဲ့ သွေးစွမ်းအင်တွေက ကမ္ဘာတစ်ခုကို ဖန်တီးနေသလိုပဲ။ စစ်မြေပြင်ကမ္ဘာတစ်ခုပေါ့။ ဒါဟာ တကယ့်ကို ကြီးမားတဲ့ ကမ္ဘာကြီးတစ်ခုပဲ။ အံ့ဩစရာတွေနဲ့ ပြည့်နေတယ်။ ငါ အများကြီး သင်ယူလိုက်ရတယ်။”

စစ်တပ်ကြီး လှုပ်ရှားနေစဉ် ဟုန်ယွိနှင့် နတ်ဘုရားတန်ခိုးရှင်ဘုရင် တို့သည် မြို့ရိုးပေါ်မှ ခုန်ဆင်းလိုက်ကြပြီး ထိပ်တန်းစစ်သည် တစ်သောင်းကို ဦးဆောင်ကာ အဝေးရှိ ဂိုဘီ သဲကန္တာရထဲက မြို့ဆီသို့ အရပ်မျက်နှာ အသီးသီးမှ ဝိုင်းရံလျက် တဟုန်ထိုး ပြေးဝင်သွား ကြတော့သည်။

ဟုန်ယွိနှင့် နတ်ဘုရားတန်ခိုးရှင်ဘုရင်တို့ တိုက်ခိုက်နေသော နေရာမှာ အနောက်ဘက် ဒေသ မဟာမိတ်တပ်များ၏ ဗဟိုချက်မပင် ဖြစ်သည်။ မိုင်ပေါင်း ရာချီသော ပတ်ဝန်းကျင် တွင် ဤနေရာသည် အရှိန်အဝါ အားအကောင်းဆုံး နေရာဖြစ်သည်။ ၎င်းသည် အနောက်ဘက်ဒေသ မဟာမိတ်တပ်များ၏ အမာခံ ကျွမ်းကျင်သူများ စုဝေးရာ ဗဟိုချက် လည်း ဖြစ်သည်။ သူတို့သာ ဤကျွမ်းကျင်သူများ၏ ဗဟိုချက်ကို ချိုးဖောက်နိုင်ပါက အနောက်ဘက်ဒေသ မဟာမိတ်တပ်များသည် အလိုအလျောက် ပြိုလဲသွားပေလိမ့်မည်။

…

ဝူး ဝူး ဝူး၊ ဝူး ဝူး ဝူး …

အန္တရာယ်အချက်ပေး ခရုသင်းသံများ ထွက်ပေါ်လာသည်။ ၎င်းသည် အနောက်ဘက်ဒေသ မဟာမိတ်တပ်များ၏ မြို့ဘက်မှ အရေးပေါ် ဆင့်ခေါ်သံ ဖြစ်သည်။ ထိုအသံမှာ ပို၍ ပို၍ ကျယ်လောင်လာသည်။

ခရုသင်းသံပေါင်း သန်းနှင့်ချီ၍ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

စစ်နတ်ဘုရားများ၏ ဟစ်ကြွေးသံများကို နေရာတိုင်းတွင် ကြားနေရသည်။ သွေးစွမ်းအင် များမှာ ကောင်းကင်ယံတိုင် ပြည့်လျှံသွားပြီး စစ်မြေပြင်ကို ပိုမို လေးလံသွားစေသည်။ တစ်ကမ္ဘာလုံးသည် ထူထပ်လှသော သွေးစွမ်းအင်များဖြင့် ဖုံးလွှမ်းသွားတော့သည်။

စစ်မြေပြင်ကမ္ဘာမှာ ပိုမို နက်နဲလာပုံရသည်။

“မကောင်းတော့ဘူး။ ငါ့စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲက ထွက်လို့ မရတော့ဘူး” မုကလေး က ရုတ်တရက် ပြောလိုက်သည်။

မုကလေးသည် ဟုန်ယွိ၏ နောက်မှ ကပ်လျက် လိုက်ပါလာပြီး အရှိန်အဟုန်ဖြင့် ပြေးနေ ခြင်း ဖြစ်သည်။ သူတို့သည် ရန်သူ၏ မြို့ရိုးနှင့် ၇ မိုင် သို့မဟုတ် ၈ မိုင်ခန့်သာ ဝေးတော့ သည်။ မြို့ရိုးပေါ်ရှိ ကင်းစောင့်များ၏ ထိတ်လန့်နေသော မျက်နှာများကိုပင် ဝေဝေဝါးဝါး မြင်နေရပြီ ဖြစ်သည်။ မြို့ရိုးပေါ်တွင် ခြင်္သေ့ကြီးများကဲ့သို့ ကြီးမားသော လေးမြှားကြီးများ ကို ရွေ့ပြောင်းနေကြသော လူများကိုလည်း ပုရွက်ဆိတ်များကဲ့သို့ မြင်နေရသည်။

“ဒါပေါ့... မင်းရဲ့ စိတ်ဝိညာဉ်က ထွက်လို့ မရတော့ဘူး။ ဒီမိုင်ပေါင်း ရာချီပတ်ဝန်းကျင်ဟာ စစ်ဇုန်ကမ္ဘာတစ်ခု ဖြစ်သွားပြီ၊ စစ်မြေပြင်ရဲ့ ကမ္ဘာပေါ့ …”

ဟုန်ယွိ ပြောနေစဉ်မှာပင် စစ်တပ်ကြီးသည် မြို့ရိုးအောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သဲကန္တာရထဲရှိ မြို့များသည် သဲကန္တာရပြည်နယ်ရှိ ခိုင်ခံ့သော ခံတပ်များကဲ့သို့ မမြင့်မားလှ ပေ။ အဆုံးစွန် ပြောရလျှင် ၎င်းတို့ကို အချိန်တိုအတွင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ နှစ်ပေါင်း ထောင်ချီ၍ ခိုင်ခံ့အောင် တည်ဆောက်ထားသော ခံတပ်များကို မည်သို့ ယှဉ်နိုင် မည်နည်း။

ရှူး ရှူး ရှူး၊ ရှူး ရှူး ရှူး …

ရေတွက်၍မရနိုင်သော လေးမြှားကြီးများက ပြင်းထန်စွာ ပစ်ခတ်လိုက်ရာ ကောင်းကင် တစ်ခုလုံး မြှားမိုးများဖြင့် ဖုံးလွှမ်းသွားသည်။ ထိုမြှားများမှာ သံမဏိစစ်စစ်ဖြင့် ပြုလုပ်ထား ခြင်းဖြစ်ကာ ခြေလှမ်းတစ်ထောင်အကွာမှ ဆင်တစ်ကောင်ကိုပင် ဖောက်ထွက်နိုင်စွမ်း ရှိသည်။

ဟုန်ယွိသည် ဤမျှ များပြားလှသော မြှားမိုးများကို တစ်ခါမျှ မကြုံဖူးပေ။ သွေးစွမ်းအင်မှာ အရမ်း ပြင်းထန်လွန်းလှပြီး အငွေ့အသက်မှာလည်း ကြီးမားလှသည်။ သူသည် ကောင်းကင်ပေါ်သို့ ပျံတက်ပြီး ‘သူတော်စင်ပေါင်းစုံခန်းမ’ ကို ဖွင့်ကာ ရူးသွပ်စွာ တိုက်ခိုက် ချင်စိတ်များ ပေါက်လာသည်။

ရှူး….

ထိုမြှားမိုးများကြားမှ ထူးခြားသော အသံရှည်ကြီး ထွက်ပေါ်လာရာ၊ ၎င်းမှာ ပန်းကန် တစ်လုံးစာခန့် ထူထဲပြီး ခရမ်းရောင် အလင်းတန်းများ တောက်နေသော မြှားကြီးတစ်စင်း ဖြစ်သည်။ ၎င်းသည် မြို့ရိုးဆီသို့ ပြေးဝင်လာသော ဟုန်ယွိဆီသို့ တန်းတန်းမတ်မတ် ပျံဝင်လာသည်။

“မီးလျှံနတ်ဘုရားမြှား။”

ဟုန်ယွိက ဟစ်ကြွေးရင်း လက်တစ်ဖက်ဖြင့် ဖမ်းယူလိုက်ရာ မြှားမိုးများကြားတွင် ကြီးမား သော လက်သည်းကြီးတစ်ခု ပေါ်လာပြီး ထိုခရမ်းရောင် မြှားကြီးကို လက်ထဲတွင် ဖမ်းဆုပ် လိုက်သည်။ ထို့နောက် ထိုခရမ်းရောင် မြှားကြီးသည် ဘုန်းခနဲ အသံနှင့်အတူ ပေါက်ကွဲ သွားပြီး မှိုပွင့်ပုံစံ တိမ်တိုက်များ ကောင်းကင်ယံသို့ တက်သွားတော့သည်။ ကြီးမားသော မီးလုံးကြီးများမှာ ကောင်းကင်တွင် လိမ့်တက်သွားပြီး အောက်သို့ ပြန်လည် ကြွေကျလာ သည်။

ဟုန်ယွိ၏ တာအိုပညာရပ်သည် ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ နှင့် ပေါင်းစပ်ထားသဖြင့် သူသည် ဤစစ်မြေပြင်၏ ကမ္ဘာအတွင်း၌ တာအိုပညာရပ်များကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။

“ဘာလို့ အနောက်ဘက်ဒေသ စစ်တပ်မှာလည်း ‘မီးလျှံနတ်ဘုရားမြှား’ တွေ ရှိနေရတာ လဲ။” ဟုန်ယွိက အော်ပြောလိုက်သည်။

“သူတို့လည်း ဒါကို ရနိုင်တာပေါ့၊ ဒါပေမဲ့ သူတို့ အမြောက်အမြားတော့ မထုတ်လုပ်နိုင်ပါ ဘူး။” ယန်တူးသည် စစ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ၏ ခန္ဓာကိုယ်ကို ထိမှန်သော မြှားများမှာ အလိုအလျောက် ပြန်လည် လွင့်စင်သွားကြသည်။

“သူတို့သာ ဒီမြှားတွေကို အမြောက်အမြား ထုတ်လုပ်နိုင်ရင်တော့ တကယ့်ကို မယုံနိုင်စရာ ပဲ။” ဟုန်ယွိက ပြင်းထန်စွာ အော်ပြောလိုက်သည်။

“ပစ္စုပ္ပန်ဗုဒ္ဓ တောင်ကိုဆွဲနှုတ်ခြင်း။”

ဝုန်း…

ဟုန်ယွိက သူ၏လက်ကို မြှောက်လိုက်သည်။

ဟုန်ယွိနှင့် ယန်တူးကို ဗဟိုပြု၍ ၂ မိုင် သို့မဟုတ် ၃ မိုင်ခန့် ရှည်လျားသော အလင်းတန်းတစ်ခုမှာ မြို့ရိုးအောက်တွင် ပေါ်လာသည်။ ထို့နောက် အနောက်ဘက်ဒေသ စစ်တပ်၏ မြို့ရိုးတစ်ခုမှာ တစ်စစီ ပေါက်ကွဲထွက်သွားတော့သည်။

သုံးမိုင်ခန့် ရှည်လျားလှသော မြို့ရိုးကြီးသည် လေထဲသို့ လွင့်စင်တက်သွားပြီးနောက် ပြင်းထန်စွာ တုန်ခါလျက် မြို့အတွင်းသို့ ဝုန်းခနဲအသံဖြင့် ပြိုကျပျက်စီးသွားတော့သည်။ ဤဖြစ်ရပ်ကြောင့် အိမ်ခြေပေါင်း မည်မျှနှင့် အနောက်ဘက်ဒေသ စစ်တပ်မှ စစ်သည် ပေါင်း မည်မျှလောက် ပိမိ၍ သေကြေပျက်စီးသွားသည်ကို မည်သူမျှ မခန့်မှန်းနိုင်တော့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့အတွင်းရှိ မြင်ကွင်းအားလုံးသည် ဟုန်ယွိနှင့် ဗဟိုချက်မ တွင် ရှိနေသော စစ်တပ်ကြီး၏ မျက်စိရှေ့မှောက်၌ အတိုင်းသား ပေါ်ထွက်လာလေတော့ သည်။

All Chapters