← Chapters

အခန်း (၅၄၃-၅၄၄)

Vol. 52 Ch. 543-544

အခန်း (၅၄၃-၅၄၄)

Vol. 52 Ch. 543-544

အခန်း (၅၄၃)။

“အဝါရောင်နန်းတော် အတွင်းမြင်ကွင်း နတ်ဘုရားအပ်စိုက်မှတ် ၂၄ ခုလုံး ဒီမှာ ရှိနေတာ လား။ ဒီဆေးပေါင်းအိုးကြီးဟာ တကယ်တော့ လူသားခန္ဓာကိုယ်ကို အတုယူပြီး သွန်းလုပ် ထားတာကိုး။ မဆန်းပါဘူး... အနှစ်သာရကို စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်ပြီး၊ ဆေးဖက်ဝင် ပစ္စည်းတွေကို နတ်ဘုရားဆေးလုံးတွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့ အပ်စိုက်မှတ် ကိုးခုရှိနေတာပဲ။ ဒါကြောင့်လည်း ဒီဆေးပေါင်းအိုးကြီးက တိုင်ရှန်တာအို ဂိုဏ်းရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခု ဖြစ်နေတာပေါ့။ ဒါက သက်ရှိလူသား တစ်ယောက်ကို ဖန်တီးဖို့ ရည်ရွယ်ထားတာလား။” (အဝါရောင်နန်းတော်ဆိုသည်မှာ လူ့ခန္ဓာကိုယ်အတွင်းရှိ အလွန်အရေးကြီးသော ကျင့်ကြံမှုဗဟိုချက် (အထူးသဖြင့် ရင်ညွန့် နှင့် ဝမ်းဗိုက်ပိုင်းကြား) ကို တင်စားခေါ်ဝေါ်ခြင်း ဖြစ်ပါသည်)။

ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် နေလစကြာဝဠာ ဆေးပေါင်းအိုးအတွင်းသို့ ဝင်ရောက်သွား သောအခါ၊ ဆေးပေါင်းအိုးကြီး၏ အတွင်းပိုင်းမှာ အတိုင်းအဆမရှိသော ဟင်းလင်းပြင်နှင့် အဆုံးမရှိသော ဆန်းကြယ်မှုများ ရှိနေကြောင်း သူ ခံစားလိုက်ရသည်။ ၎င်းသည် ဗုဒ္ဓ သင်္ကန်းတော်ကဲ့သို့ နိဗ္ဗာနအဆင့်ရတနာမျိုးနှင့် နှိုင်းယှဉ်လျှင်ပင် နိမ့်ကျခြင်း မရှိပေ။

သို့သော် သူ အံ့အားမသင့်မိပါ။ တိုင်ရှန်တာအိုဂိုဏ်းတွင် ခိုင်မာသော အခြေခံအုတ်မြစ် ရှိရသည် မဟုတ်ပါလား။ တိုင်ရှန်တာအိုဂိုဏ်း၏ ‘တိုင်’ ဆိုသူသည် တစ်ခါက ‘ယွမ်’ ကိုပင် လှောင်ပြောင်ခဲ့ဖူးသည်။ ‘သူတော်စင် ဧကရာဇ်ဖန်’ ပင်လျှင် ‘တိုင်’ ကို မည်သို့မျှ မလုပ်နိုင် ခဲ့ပေ။ သူတော်စင် ဧကရာဇ်ဖန်က ‘တိုင်’ ကို ထီးနန်းအပ်နှင်းခဲ့သော်လည်း ‘တိုင်’ ကမူ နားဆေးရန်သာ သွားခဲ့သည်။ (နားဆေးခြင်းနှင့်ပတ်သက်၍ ယခင်အခန်းများတွင် ရှင်းပြဖူးသည်။)

ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး တည်ထောင်ခဲ့သည့် ဂိုဏ်းတစ်ခုအနေဖြင့် ဤမျှ အစွမ်းထက် နေခြင်းမှာ ပြောနေစရာပင် မလိုတော့ပေ။

သို့သော် သူသည် အဝါရောင်နန်းတော် အတွင်းမြင်ကွင်း နတ်ဘုရားအပ်စိုက်မှတ် ၂၄ ခု၏ ဆန်းကြယ်မှုကို ကြည့်မနေခဲ့ပါ။ ထိုအစား ခုနက မြင်ကွင်းကိုသာ ပြန်လည် စဉ်းစားနေမိ သည်။

ဟုန်ယွိသည် ဆုမူနှင့် ရှဲ့ဖင်းဖင်းတို့၏ စကားဝိုင်းကို မကြားခဲ့ရသည်မှာ အမှန်ပင်။ သူတို့နှစ်ဦးမှာ ‘ထာဝရ မြင့်မြတ်သော အလင်းတန်း’ အတွင်း၌ ရှိနေသဖြင့် ဟုန်ယွိ၏ အာရုံခံစားမှုမှာ မည်မျှပင် အစွမ်းထက်စေကာမူ တိုင်ရှန်တာအိုဂိုဏ်း၏ အစွမ်းထက်ဆုံး ထာဝရမြင့်မြတ်သော အလင်းကို ထိုးဖောက်၍ မရနိုင်ပေ။

သို့သော် သူသည် ‘ထာဝရမြင့်မြတ်သော အလင်းတန်း’ ၏ ကြီးမားလှသော အရှိန်အဝါ ကြောင့် တစ်စုံတစ်ဦး ရှိနေသည်ကိုမူ သူ အာရုံခံမိသည်။ သူကဲ့သို့ ပညာပါရမီ ထူးချွန်သူ တစ်ဦးအတွက် ထိုသူမှာ ဆုမူဖြစ်ကြောင်း ခန့်မှန်းရန် မခက်ခဲပေ။

သူ၏မိခင်သည် တိုင်ရှန်တာအိုဂိုဏ်းအပေါ် ကျေးဇူးကြွေး တင်ရှိနေသဖြင့် အနှေးနှင့်အမြန် ပြန်ဆပ်ရမည် ဖြစ်သော်လည်း၊ ဆုမူမှာ သူ့ကို အကြိမ်ကြိမ် ဆန့်ကျင်ခဲ့သူ ဖြစ်သည်။ ယခုတစ်ကြိမ်တွင် သူမက သူ့ကို အသုံးချနေမှန်းသိသော်လည်း သူက လက်ခံပေးခဲ့သည်။

သို့သော် ထိုကျေးဇူးတရားတစ်ခုတည်းဖြင့် သူ့ကို အပြီးတိုင် ချည်နှောင်ထားရန်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် သူသည် လူကြီးလူကောင်းတစ်ဦး မဟုတ်ဘဲ လူအတစ်ယောက်သာ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့်လည်း သူသည် ခုနက သတိပေး ချက်တစ်ခု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လူကြီးလူကောင်းတစ်ဦးသည် ချစ်ကြည်ရေးကို တန်ဖိုးထားသော်လည်း မိမိကိုယ်ကိုယ် ပို၍ တန်ဖိုးထားရမည်။ မိမိ၏ ကိုယ်ကျင့်တရားကို ကျင့်ကြံခြင်းသည် မိသားစုနှင့် လောကကြီးအတွက် အရေးအကြီးဆုံး ဖြစ်သည်။

လူကြီးလူကောင်းတစ်ဦးသည် ပြိုလဲတော့မည့် တံတိုင်းအောက်တွင် ရပ်မနေသင့်ပေ။ အန္တရာယ်ရှိသော နေရာတွင် ရပ်နေခြင်းမှာလည်း လူကြီးလူကောင်း၏ သဘာဝပင် ဖြစ်သည်။

“ထာဝရ မြင့်မြတ်သော အလင်းတန်း’ က တကယ်ကို ကျယ်ပြောပြီး အေးချမ်း နက်ရှိုင်း တာပဲ၊ သူ့ထဲမှာ ကြမ်းတမ်းမူနဲ့ ထာဝရရှင်သန်ခြင်းဆိုတဲ့ အနုပညာခံစားချက်တွေ ပါဝင်နေ တယ်။ ငါသာ ဒီအလင်းထဲမှာ နေရမယ်ဆိုရင် ထာဝရအသက်ကိုတောင် ရနိုင်မလားလို့ ထင်ရတယ်။”

ဟုန်ယွိသည် ‘ထာဝရ မြင့်မြတ်သော အလင်းတန်း’ က သူ၏ စိတ်ဝိညာဉ်အပေါ် သက်ရောက်စေသည့် ထိတွေ့မှုကို ဂရုတစိုက် အာရုံခံကြည့်မိသည်။ သူသည် မြိန်ယှက်စွာ ဝါးစား၍ရသော အရသာတစ်ခုကဲ့သို့ ခံစားရသည်။ ၎င်းမှ အခြေခံသဘောတရားအချို့ကို သူ နားလည်သွားသည်ဟု မဆိုနိုင်သော်လည်း၊ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်လိုက်ရ သကဲ့သို့ပင် ဖြစ်နေသည်။

“ဒီတစ်ခါတော့ ဆုမူက တော်တော်လေး အကွက်စေ့ခဲ့တာပဲ။ ငါ့ရဲ့ ကျင့်စဉ်အဆင့်ကို စမ်းသပ်ဖို့ ငါ့ကိုအသုံးချပြီး ဆေးလုံးဖော်ခိုင်းခဲ့ပေမဲ့၊ ငါ့ကိုလည်း လျှို့ဝှက်ချက်တွေ အများ ကြီး သိခွင့်ပေးခဲ့တယ်။ အပ်စိုက်မှတ် ၁၂၉,၆၀၀ အကြောင်း ပြောပြခဲ့သလို၊ အပ်စိုက်မှတ် လေး ၁၀၀ ကျော်ကိုလည်း လေ့လာခွင့်ပေးခဲ့တယ်။ ဒီအရောင်းအဝယ်ကတော့ တွက်ခြေ ကိုက်ပါတယ်လေ။”

ဟုန်ယွိက ထိုသို့တွေးရင်း ‘ထာဝရ မြင့်မြတ်သော အလင်းတန်း’ ၏ ကြွင်းကျန်သော ခံစားမှုရသကို သူ့စိတ်ထဲတွင် ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ထို့နောက် အခြားအရာ များကို မတွေးတော့ဘဲ နေလစကြာဝဠာ ဆေးပေါင်းအိုး အတွင်းရှိ အပ်စိုက်မှတ်များ၏ ဆန်းကြယ်မှုကို အာရုံခံရန်သာ အာရုံစိုက်လိုက်တော့သည်။

…

အဝါရောင်နန်းတော် အတွင်းမြင်ကွင်း နတ်ဘုရားအပ်စိုက်မှတ် ၄၂ ခု အနက် အထက်ပိုင်း ‘ရှန်ကျင်း’ နတ်ဘုရား ရှစ်ပါးမှာ - ဦးနှောက်နတ်ဘုရား၊ ဆံပင်နတ်ဘုရား၊ အရေပြား နတ်ဘုရား၊ မျက်စိနတ်ဘုရား၊ လည်ပင်းနတ်ဘုရား၊ ပါးစပ်နတ်ဘုရား၊ နှာခေါင်း နတ်ဘုရားနှင့် လျှာနတ်ဘုရားတို့ ဖြစ်ကြသည်။ အလယ်ပိုင်း ‘ကျုံးကျင်း’ နတ်ဘုရား ရှစ်ပါးမှာ လည်ချောင်း၊ အဆုတ်၊ နှလုံး၊ အသည်း၊ သည်းခြေ၊ ဘယ်ဘက်ကျောက်ကပ်၊ ညာဘက်ကျောက်ကပ်နှင့် သရက်ရွက် နတ်ဘုရားတို့ ဖြစ်ကြသည်။

“အောက်ပိုင်း ရှ့ကျင်းနတ်ဘုရား ရှစ်ပါးကတော့ အစာအိမ်နတ်ဘုရား၊ အူလမ်းကြောင်း နတ်ဘုရား၊ အူမကြီးနှင့် အူသိမ်နတ်ဘုရား၊ ခန္ဓာကိုယ်နတ်ဘုရား၊ ရင်ဘတ်နတ်ဘုရား၊ နံရိုးနတ်ဘုရား၊ ဘယ်ဘက်ယင်နှင့်ယန် နတ်ဘုရား၊ ညာဘက်ယင်နှင့်ယန် နတ်ဘုရားတို့ ပဲ။ တကယ့်ကို ကောင်းမွန်တဲ့ နတ်ဘုရား ၂၄ ပါးပဲ။ သူတို့က ခန္ဓာကိုယ်အတွင်းပိုင်းက လျှို့ဝှက်ချက်အားလုံးကို အပြည့်အဝ ဖော်ပြနေတာပဲ။ စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒါဟာ နက္ခတ္တဗေဒကို လေ့လာတာ၊ ကြယ်တာရာတွေကို ရှာဖွေတာနဲ့ ကြယ်ပုံစံကားချပ်တွေကို ကြည့်ရှုရတာထက် မနိမ့်ကျပါဘူး။”

ဟုန်ယွိသည် နေလစကြာဝဠာ ဆေးပေါင်းအိုး အတွင်းရှိ နတ်ဘုရား ၂၄ ပါး၏ အမည်များ ကို ဂရုတစိုက် ရွတ်ဖတ်လိုက်သည်။ ‘အတွင်းမြင်ကွင်း’ ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ အရာအားလုံးကို ဆိုလိုခြင်း ဖြစ်သည်။

နတ်ဘုရား ၂၄ ပါးသည် တစ်ဖြည်းဖြည်းနှင့် နတ်ဘုရား ဝိညာဉ်များအဖြစ် စုစည်းလာကြ သည်။ ၎င်းတို့သည် ဆေးပေါင်းအိုးကြီး၏ အပြင်ဘက်ရှိ ဟုန်ယွိ၏ ခန္ဓာကိုယ်ကို စတင် အာရုံခံမိလာပြီး တစ်ပြိုင်နက်တည်း တုန်ခါလာကြသည်။ ဤသည်မှာ အတွေးစများ၏ ရောင်ပြန်ဟပ်မှုပင် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် ထိုအပ်စိုက်မှတ်များမှာ အစစ်လား၊ အတုလား သိနိုင်ရန် စုစည်းကြည့်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ‘အတွေးမဲ့ ငြိမ်သက်ခြင်း’ နယ်ပယ်သို့ ရောက်ရှိထားသူ ဖြစ်သည်။

သူ ထိုအပ်စိုက်မှတ်များကို တစ်ဖြည်းဖြည်း စုစည်းလိုက်သောအခါ ၎င်းတို့က တုံ့ပြန်လာ ကြသည်။ ၎င်းတို့သည် မဟာကမ္ဘာကြီးနှင့် စကြာဝဠာကြီးကို အမှန်တကယ် အာရုံခံမိနေ ကြသည်။ ၎င်းမှာ ‘ကောင်းကင်နှင့်လူသား တစ်သားတည်းဖြစ်ခြင်း’ ပင် ဖြစ်သည်။ တစ်ခု မှာ ‘မဟာကောင်းကင်ကြီး’ ဖြစ်ပြီး နောက်တစ်ခုမှာ ‘ကောင်းကင်ငယ်လေး’ ဖြစ်သည်။

“လူသားခန္ဓာကိုယ်က တကယ့်ကို မှော်ဆန်တာပဲ။ ဒါဟာ သဘာဝတရားက ဖန်တီးထားတဲ့ ‘စကြာဝဠာငယ်’ လေးတစ်ခုပဲ။ အဲဒါက ‘ဝမ်းယွမ်’ ရဲ့ မှော်ဆန်တဲ့ အကျိုးသက်ရောက်မှုနဲ့ ထပ်တူကျနေတယ်။ တကယ်လို့ ဒါကသာ ထာဝရမပျက်ဆီးဘဲ အသက်ရှင်နိုင်မယ်ဆိုရင် စကြာဝဠာရဲ့ မျှခြေ နိယာမကြီး ပျက်စီးသွားမှာပဲ။” ဟုန်ယွိက သက်ပြင်းချလိုက်သည်။

သူသည် သူ၏ခန္ဓာကိုယ်ကို အသုံးချ၍ အဆက်မပြတ် စမ်းသပ်ပြီး ထိုနတ်ဘုရား ၂၄ ပါး စလုံးကို တစ်ခုချင်းစီ အောင်မြင်စွာ ကျင့်ကြံခဲ့သည်။ ထို့နောက် ဟုန်ယွိသည် အခြား အဓိက အပ်စိုက်မှတ်များကို ဆက်လက် အာရုံခံကြည့်လိုက်သည်။

နေနတ်ဘုရား အပ်စိုက်မှတ် ကိုးခု၊ လနတ်ဘုရား အပ်စိုက်မှတ် ကိုးခု... စုစုပေါင်း နေလနတ်ဘုရား ၁၈ ပါး။

…

ထိုမျှမကသေးဘဲ ဟုန်ယွိသည် နေလစကြာဝဠာ ဆေးပေါင်းအိုးကြီး၏ ဝမ်းဗိုက်ပိုင်း (လူသား၏ ဆီးခုံနေရာနှင့် တူသောနေရာ) တွင် ဆန်းကြယ်သော ‘မှော်သင်္ကေတ မျိုးစေ့’ ၈၁ ခုကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။

ထိုမျိုးစေ့များမှာ အညှောက်ပေါက်နေသော ပဲစေ့များအလား ပုံသဏ္ဌာန်အမျိုးမျိုးရှိပြီး၊ ကမ္ဘာဦးခေတ်၏ အရှိန်အဝါများ ထွက်ပေါ်နေသည်။ ၎င်းတို့မှာ ကောင်းကင်နှင့် မြေကြီး မဖန်တီးမီက ရှိခဲ့သော မှော်စာလုံးများအလားပင်။ စကြာဝဠာ၏ မူလအစ၊ ကောင်းကင်နှင့် မြေကြီး၏ အရင်းအမြစ်ပင် ဖြစ်သည်။

ဟုန်ယွိသည် တည်ငြိမ်သူဖြစ်သော်လည်း ဤ ‘မှော်သင်္ကေတ မျိုးစေ့’ ၈၁ ခုကို မြင်သော အခါ အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။ အကြောင်းမှာ ဤအရာများသည် ဒန်တန် အတွင်းရှိ ဒဏ္ဍာရီလာ ‘မျိုးစေ့နတ်ဘုရား ၈၁ ပါး’ ဖြစ်နေသောကြောင့်ပင်။ ၎င်းမှာ တိုင်ရှန် တာအိုဂိုဏ်း၏ အပ်စိုက်မှတ်ဆိုင်ရာ အမြင့်ဆုံး လျှို့ဝှက်ချက် ဖြစ်ပေသည်။

‘ပစ္စုပ္ပန်ဗုဒ္ဓကျမ်း’ ထဲတွင် ဤသို့ ဖော်ပြထားသည် “ဒန်တန်အတွင်း၌ မျိုးစေ့များ ရှိ၏၊ ၎င်းတို့မှာ မူလစွမ်းအင်မှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ ထိုက်ခေတ် ကောင်းကင်ဘုံသည် မျိုးစေ့ပုံကားချပ် ၈၁ ခုကို ရယူခဲ့သော်လည်း နောက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့သည်” ဟု တစ်ကြောင်းတည်းသာ ဖော်ပြထားခဲ့သည်။ ထိုက်ခေတ် ကောင်းကင်ဘုံ (Tai Era Heaven): ၎င်းမှာ ကမ္ဘာဦးအစ၊ ကောင်းကင်နှင့် မြေကြီး စတင်ဖြစ်ပေါ်ချိန်ထက်ပင် စောသော ရှေးအကျဆုံး ခေတ်ကာလ သို့မဟုတ် နယ်ပယ်တစ်ခုကို ဆိုလိုခြင်း ဖြစ်သည်။ ထိုခေတ်က ပညာရှင်ကြီးများသည် လူ့ခန္ဓာကိုယ်၏ အခြေခံအကျဆုံး လျှို့ဝှက်ချက်များကို သိရှိခဲ့ကြသည်။) (မျိုးစေ့ပုံစံ ၈၁ မျိုး): လူ့ခန္ဓာကိုယ်၏ အောက်ပိုင်း (ဒန်တန်) တွင် စွမ်းအင်များ သိုလှောင်ရုံသာမက၊ စကြာဝဠာ၏ မူလအစ ‘မျိုးစေ့’ (Seeds) ၈၁ ခု ကိန်းအောင်းနေကြောင်း ဆိုလိုသည်။ ဤပုံစံများသည် သာမန်ပုံစံများမဟုတ်ဘဲ နတ်ဘုရားအဆင့် စွမ်းအင်အရင်းမြစ်များ ဖြစ်သည်။

တစ်နည်းအားဖြင့် ‘ယွမ်’ (သူတော်စင် ဧကရာဇ်ယွမ်) ပင်လျှင် ထိုမျိုးစေ့ ၈၁ ခု၏ ပုံသဏ္ဌာန်မှာ မည်သို့ရှိသည်ကို မမြင်ခဲ့ဖူးပေ။

ဤပုံရိပ်များသည် ‘အတိတ်ကျမ်း’ ထဲရှိ အတိတ်ဗုဒ္ဓကဲ့သို့ အစွမ်းထက်လှသည်။

“ဒီလောကမှာ အလကားရတဲ့ အရာဆိုတာ ဘာမှမရှိဘူး။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ် မုန့်ရှန်းကျီက ငါ့ကို ဘာလို့ ဆေးလုံးဖော်ခိုင်းတာလဲ။ ဒီလောက် အရေးကြီးတဲ့ ဒန်တန် မျိုးစေ့တွေကို ဘာလို့ ငါ့ကို မြင်ခွင့်ပေးတာလဲ။ မဆန်းပါဘူး... ဟုန်ရွှန်ကျိ ဒီလောက် အစွမ်းထက်နေတာ သူလည်း ဒီဒန်တန်အမြုတေတွေကို မြင်ခဲ့လို့ပဲ ဖြစ်ရမယ်။”

ဒန်တန်ဆိုသည်မှာ ဝမ်းဗိုက်အောက်ပိုင်းရှိ ကျယ်ပြန့်သော နေရာလွတ်တစ်ခု ဖြစ်သည်။ ဒန်တန်၊ ဖုထျန်၊ ကမ္မကုသိုလ်ဖြစ်ထွန်းရာ လယ်ကွင်း၊ လူ့ခန္ဓာကိုယ်အတွင်း၌ ကံတရား၏ မျိုးစေ့ ၈၁ ခုကို သဘာဝအလျောက် ချပေးထားခြင်း ဖြစ်သည်။ ထိုမျိုးစေ့များကို သိမြင်ပြီး သေချာစွာ ပြုစုပျိုးထောင်ပါက မယုံနိုင်စရာ အကျိုးရလဒ်များကို ရရှိနိုင်မည် ဖြစ်သည်။

“တကယ်ကို အံ့ဩစရာကောင်းတဲ့ ဒန်တန်ပါလား၊ မျိုးစေ့ နတ်ဘုရား ၈၁ ပါး။”

ဟုန်ယွိသည် အခြားသော အပ်စိုက်မှတ်များကို အာရုံခံလိုက်သည်။ ဆေးပေါင်းအိုး၏ မီးတောက်များ အပြင်ဘက်ရှိ ဒန်တန်အတွင်း၌ မျိုးစေ့များမှာ အမြစ်တွယ်နေပြီး၊ အညှောင့်ပေါက်ကာ ပြင်းထန်သော သက်စွမ်းအားများကို ထုတ်လွှတ်နေပုံရသည်။

တိုင်ရှန်တာအိုဂိုဏ်း၏ အပ်စိုက်မှတ်ဆိုင်ရာ ဆန်းကြယ်မှုအားလုံးမှာ ဒန်တန်အတွင်းရှိ ဤမျိုးစေ့ နတ်ဘုရား ၈၁ ပါးထဲတွင် ပါဝင်နေသည်။

‘အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်း’ ထဲတွင် ‘ဒန်’ (Dan) ဆိုသည်မှာ ဒန်တန်၏ မျိုးစေ့ပင် ဖြစ်သည်။ (မူရင်းစာရေးသူ မှတ်ချက်။ (ဒန်ထျန်အတွင်းရှိ မျိုးစေ့ပုံရိပ် သက္ကဋမျိုးစေ့ ပုံရိပ်များတွင် တွေ့နိုင်ပါသည်။ ဒန်တန်အတွင်း၌ အမှန်တကယ်ပင် မျိုးစေ့တစ်ခု ရှိသည်။ စွမ်းအင်ကျင့်စဉ် ကျင့်ကြံသူ များအတွက် ဒန်တန်အတွင်း၌ စွမ်းအင်များ အမှန်တကယ် စုစည်းလာရန်မှာ ထိုမျိုးစေ့ကို စိတ်ကူးပုံဖော်ပြီး စုစည်းခြင်းပင် ဖြစ်သည်။ ၎င်းမှာ အလွန် ဆန်းကြယ်သောအရာ ဖြစ်သည်။)

…

မျက်တောင်တစ်ခတ်အတွင်းမှာပင် နတ်ဘုရား ၂၄ ပါး၊ နေလနတ်ဘုရား ၁၈ ပါး၊ ဒန်တန်အတွင်းရှိ မျိုးစေ့ နတ်ဘုရား ၈၁ ပါး... စုစုပေါင်း အပ်စိုက်မှတ် ၁၂၃ ခုလုံးမှာ ဟုန်ယွိ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသည်။ ‘ပစ္စုပ္ပန်ဗုဒ္ဓကျမ်း’ မှ အပ်စိုက်မှတ် ၁၀၈ ခုနှင့် တူနေသည်များကို ဖယ်လိုက်လျှင်ပင် စုစုပေါင်း မတူညီသော အပ်စိုက်မှတ် ၂၂၁ ခု ရှိနေပြီ ဖြစ်သည်။

သို့သော် ဟုန်ရွှန်ကျိ၏ အပ်စိုက်မှတ် ၃၆၀ နှင့် နှိုင်းယှဉ်လျှင်တော့ လိုအပ်ချက်များ ရှိနေသေးသည်။

“ဟုန်ရွှန်ကျိမှာ အပ်စိုက်မှတ် ၃၆၀ ရှိနေတာကို ကြည့်ရင် ကျန်တဲ့ အပ်စိုက်မှတ်တွေက ‘ဖန်ဆင်းခြင်းကျမ်း’ နဲ့ တခြား သူလုယက်ထားတဲ့ လျှို့ဝှက်ကျမ်းစာတွေထဲက ဖြစ်ရမယ်။”

တော်ဝင်ချန် အင်ပါယာက ကမ္ဘာပေါ်ရှိ စာအုပ်စာတမ်းအားလုံးကို စုဆောင်းပြီး သိုင်းကျမ်း နှင့် တာအိုကျမ်းများ ပြုစုစဉ်က ရှေးဟောင်းစာအုပ်များစွာ ရရှိခဲ့သဖြင့် ၎င်းတို့ထဲတွင် ဖုံးကွယ်နေသော အပ်စိုက်မှတ်များ ပါဝင်နေနိုင်သည်။

“ဟုန်ရွှန်ကျိရဲ့ ပါရမီနဲ့ဆိုရင် သိုင်းတာအိုကို ကျင့်ကြံပြီး ‘ဟင်းလင်းပြင်ဖျက်ဆီးခြင်း အဆင့်ကို ရောက်နိုင်မလား။ အဲဒီအဆင့် ရောက်မှပဲ သူ ထာဝရအသက် ရှည်နိုင်မှာလေ။ သူက အဓိက အပ်စိုက်မှတ်တစ်ခုကနေ အပ်စိုက်မှတ်လေး တစ်ရာကို ဆက်သွယ်နိုင်တဲ့ အထွတ်အထိပ် လူသားအင်မော်တယ် အဆင့်ကို ရောက်သွားမလား။ အဲဒီအဆင့်က ဖန်ဆင်းရှင်အဆင့်နဲ့ အတူတူပဲ။”

ဟုန်ယွိသည် သက်ပြင်းချလိုက်ပြီး ဆေးလုံးဖော်စပ်ခြင်းအပေါ်တွင်သာ အစွမ်းကုန် အာရုံစိုက်လိုက်တော့သည်။

…

ဆေးဖော်စပ်ခြင်းမှာမူ သူ၏ စွမ်းအားဖြင့်ဆိုလျှင် မခက်ခဲလှပေ။

နေလစကြာဝဠာ ဆေးပေါင်းအိုးအတွင်း၌ ဟုန်ယွိသည် အနှိုင်းမဲ့ ကြီးမားလှသော ရေကန်ကြီး တစ်ခုကို တွေ့လိုက်ရသည်။ ထိုရေကန်မှာ ‘မှော်သင်္ကေတ’ များဖြင့် ပြည့်နှက် နေသည်။ မှော်သင်္ကေတ တစ်ခုချင်းစီမှာ မိုးကြိုးပုံကားချပ်တစ်ခုစီပင် ဖြစ်သည်။ ဤမိုးကြိုးမှော်သင်္ကေတများသည် ‘အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းကွင်း’ ရှိ ‘မိုးကြိုးယဇ်ပူဇော်မှု မဟာအစီအရင်’ ထက်ပင် ပို၍ သိမ်မွေ့လှသည်။ ၎င်းမှာ ပို၍ ကြီးမားသလို ‘မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်း၏ မိုးကြိုးပညာရပ်များထက် များစွာ ပို၍ အနုစိတ်ကာ ကျယ်ပြောလှသည်။

၎င်းသည် ကမ္ဘာဦးခေတ် ကောင်းကင်မိုးကြိုး ၃၆ မျိုးနှင့် အဆုံးမရှိသော မိုးကြိုး မှော်သင်္ကေတများ၏ အနှစ်သာရများ လွှမ်းခြုံထားသည်။ ခန့်ညားထည်ဝါလှသော ကောင်းကင် မိုးကြိုးများ၏ လျှို့ဝှက်ဆန်းကြယ်မူက ဟုန်ယွိကို အံ့သြသွားစေသည်။

ဟုန်ယွိအနေဖြင့် ဤမိုးကြိုးရေကန်အတွင်းရှိ အစီအရင်များကိုသာ နားလည်သွားမည် ဆိုလျှင် ‘သူတော်စင်ပေါင်းစုံခန်းမ’ အတွင်း၌လည်း ထဲတွင်လည်း အလားတူ မိုးကြိုး ရေကန် တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်ပြီး မိုးကြိုးပညာရပ်များကိုလည်း ပိုမို တိုးတက်လာ စေမည် ဖြစ်သည်။

ဤသည်မှာ နေလစကြာဝဠာ ဆေးပေါင်းအိုးအတွင်းရှိ ‘ထာဝရ မိုးကြိုးရေကန်’ ပင် ဖြစ်သည်။

“အသက်ဝင်စမ်း။”

မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ဟုန်ယွိသည် သူ၏ အတွေးစများကို ‘ထာဝရ မိုးကြိုး ရေကန်’ အတွင်းသို့ ပို့လွှတ်လိုက်ပြီး အစီအရင်ကို အစွမ်းကုန် နှိုးဆော်လိုက်သည်။

ဘန်း….။

ရှေးဟောင်း မှော်သင်္ကေတ မဟာအစီအရင်တစ်ခုလုံး ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် စတင်လည်ပတ်တော့သည်။

အလင်းတန်းများမှာ ဟင်းလင်းပြင်ကို ထိုးဖောက်ကာ အဆုံးအစမဲ့သော အချိန်နှင့် ဟင်းလင်းပြင်များကို ဖြတ်ကျော်သွားတော့သည်။ ရုတ်တရက်ဆိုသလိုပင် မိုးကြိုးရေကန် ၏ အထက် ဟင်းလင်းပြင်မှ ကြီးမားလှသော စွမ်းအားများ ပြိုဆင်းလာပြီး မိုးကြိုးလျှပ်စီး တန်းများမှာ ဆွဲယူခြင်း ခံလိုက်ရသည်။

ထိုမိုးကြိုးလျှပ်စီးများအတွင်း၌ ဖန်ဆင်းခြင်း၏ လျှို့ဝှက်ဆန်းပြားသော အနှစ်သာရများ ကိန်းအောင်းနေသည်ကို ဟုန်ယွိ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ၎င်းမှာ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ မိုးကြိုးများပင် ဖြစ်သည်။

သို့သော် ဤမိုးကြိုးများမှာ ဟင်းလင်းပြင်ကို ဖောက်ထွက်လာခြင်း ဖြစ်သဖြင့် ၎င်းတို့ အတွင်းရှိ ဖန်ဆင်းခြင်းဆန္ဒမှာ မသန့်စင်သလို ပြည့်လည်း မပြည့်စုံသေးပေ။ သို့မဟုတ်ပါ က ဟုန်ယွိသည် ဤနေရာမှာတင် ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို အသာလေး ကျော်ဖြတ်လိုက်ပြီးသား ဖြစ်ပေလိမ့်မည်။

ဇိ... ဇိ... ဇိ… မိုးကြိုးလျှပ်စီးတန်းများမှာ ရေကန်အတွင်းသို့ ကျဆင်းလာချိန်တွင် ရေလှိုင်း များအလား စုစည်းသွားပြီး ရေကန်တစ်ခုလုံး တဖြည်းဖြည်း ပြည့်လျှံလာခဲ့သည်။

ဟုန်ယွိသည် ခုနစ်ကြိမ်မြောက် မိုးကြိုး၏ ကြီးမားလှသော နတ်ဘုရားတန်ခိုး အရှိန်အဝါ ကို ကြံ့ကြံ့ခံရင်း သူ၏ စိတ်ဝိညာဉ် အတွေးစများဖြင့် ဆက်သွယ်လိုက်ကာ အခန်း နှစ်ခန်းစာခန့်ရှိသော ဆေးဖက်ဝင်ပစ္စည်းများကို မိုးကြိုးကန်အတွင်းသို့ ပစ်ထည့်လိုက် တော့သည်။

ဇိ... ဇိ... ဇိ... ဇိ! ချက်ချင်းဆိုသလိုပင် မိုးကြိုးရေကန်အတွင်း၌ မယုံနိုင်စရာ ကောင်းလှ သော ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်လာပါတော့သည်။

အခန်း (၅၄၄)။

ဝုန်း….

ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ ပြင်းထန်လှသော မိုးကြိုးစွမ်းအားများမှာ ရိုက်ခတ် ဆင်းသက်လာခဲ့ပြီး မိုးကြိုးရေကန်အတွင်းရှိ ဆေးဖက်ဝင်ပစ္စည်း အမြောက်အမြားကို တစ်ခဏချင်း ရိုက်ခတ်ကာ အငွေ့ပျံသွားစေတော့သည်။ ၎င်းတို့သည် ထူထပ်လှသော ဆေးဖက်ဝင် အငွေ့အသက်များအဖြစ် ပြောင်းလဲသွားပြီး မိုးကြိုးကန်၏ အထက်လေထုထဲ တွင် ပြည့်နှက်သွားလေသည်။

ထိုဆေးအငွေ့အသက်များ အတွင်း၌ အညစ်အကြေးများ၊ နှလုံးသားနတ်ဆိုးများနှင့် မိစ္ဆာ စိတ်ဆန္ဒများစွာတို့သည် ဆေးအာနိသင်များနှင့် ရောနှောပါဝင်နေကြသည်။

ဆေးဖော်စပ်ခြင်း၏ အဓိကအချက်မှာ ဆေးဖက်ဝင် ပစ္စည်းများထဲမှ အညစ်အကြေးများကို သန့်စင် ဖယ်ရှားရန်ဖြစ်ပြီး၊ ထို့နောက် ကြီးမားသော စွမ်းအင်ပမာဏကို အသုံးပြု၍၊ ၎င်းတို့ကို စနစ်တကျ ပြန်လည်ဖွဲ့စည်းရန် ဖြစ်သည်။ ၎င်းမှာ အစွမ်းထက်သော နတ်ဘုရား စွမ်းရည်နှင့် စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြု၍ ရုပ်ဝတ္ထု၏ တည်ဆောက်ပုံကို ပြုပြင် ပြောင်းလဲပစ်ခြင်းပင် ဖြစ်သည်။

ဒဏ္ဍာရီများအရ ‘ဖန်ဆင်းရှင်’ တစ်ဦး ဆေးသန့်စင်ရာတွင် ကျောက်မီးသွေးခဲတစ်ခဲကိုပင် စိန်တုံးတစ်တုံးအဖြစ် ပြောင်းလဲပစ်နိုင်သည်ဟု ဆိုကြသည်။ ဤသည်မှာ ကျောက်ခဲကို ရွှေဖြစ်စေနိုင်သည့် အနှိုင်းမဲ့ နတ်ဘုရားစွမ်းရည် ဖြစ်ရာ ၎င်းတို့ကို ‘ဖန်ဆင်းရှင်’ ဟု ခေါ်ဝေါ်ခြင်းမှာ အလွန်ပင် သင့်လျော်လှပေသည်။

ဟုန်ယွိသည် ယခုအခါ ထိုကဲ့သို့သော ဖန်ဆင်းရှင်တစ်ဦး၏ အလုပ်ကို လုပ်ဆောင်နေခြင်း ဖြစ်သည်။

...

ဤဆေးဖော်စပ်ရန်အတွက် လောင်စာမှာ ‘မဟာဆင့်ကဲဖြစ်စဉ် နတ်ဘုရားဆေးပေါင်းအိုး’ ကဲ့သို့ စိတ်ဝိညာဉ် အတွေးစများကို လောင်ကျွမ်းရန် မလိုပေ။ ထိုကဲ့သို့ လောင်စာမျိုးကို အဆုံးမဲ့ ကံကောင်းခြင်းများနှင့် ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ရရှိထားသည့် ထန်းဟိုင်လုံကဲ့သို့သော သူများသာ ပိုင်ဆိုင်နိုင်ကြသည်။

သို့သော် ဤဆေးဖော်စပ်ရန်အတွက် အသုံးပြုရသည့် လောင်စာမှာမူ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ မိုးကြိုးလျှပ်စီး တန်းများသည် ဟင်းလင်းပြင်ကို ဖောက်ထွက်လာခြင်းဖြစ်၍ မပြည့်စုံသော်လည်း ၎င်း၏ စွမ်းအားမှာ အလွန်တရာ ကြီးမားလွန်းလှသည်။ ‘ဖန်ဆင်းရှင်’ သခင် အဆင့်အောက်ရှိ မည်သူမဆို ဤစွမ်းအားနှင့် ထိတွေ့မိပါက သေကြေပျက်စီးသွားနိုင်ပေသည်။

ယခု ဟုန်ယွိ လုပ်ဆောင်ရမည့်အရာမှာ သူ၏ စိတ်ဝိညာဉ်ကို သုံး၍ ဤမိုးကြိုးလျှပ်စီးတန်း များကို ထိန်းချုပ်ကာ ဆေးဖက်ဝင် ပစ္စည်းများထဲမှ အညစ်အကြေးများကို တစ်ခုချင်းစီ သန့်စင်ရန် ဖြစ်သည်။ ထို့နောက် ဆေးညွှန်း လမ်းညွှန်ချက်အတိုင်း မူလစွမ်းအင် အမျိုးမျိုး ကို ပြန်လည်စီစဉ် ပေါင်းစပ်ကာ နောက်ဆုံးတွင် "မြေအနှစ်သာရဆေး" နှင့် "ကောင်းကင် အနှစ်သာရ ရွှေဆေးလုံး" တို့ကို ဖန်တီးရမည် ဖြစ်သည်။

၎င်းတို့မှာ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ‘သိုင်းသူတော်စင်’ အဆင့်သို့ ရောက်ရှိစေနိုင် သော ဆေးဖက်ဝင်ပစ္စည်းများ ဖြစ်ကြသည်။

သိုင်းသူတော်စင် ခန္ဓာကိုယ်ဆိုသည်မှာ သေးငယ်သော ကိစ္စမဟုတ်ပေ။ နေလ စကြာဝဠာ ဆေးပေါင်းအိုးနှင့် ‘ ကျွမ်းကျင်သူများ၏ ဆေးဖော်စပ်မှုကသာ လူတစ်ယောက်ကို အသစ် တစ်ဖန် မွေးဖွားလာစေနိုင်သည်။ ထိုသို့သော အခြေအနေများမှာ အလွန်ပင် ခက်ခဲပြီး အန္တရာယ်လည်း ကြီးမားလှသည်။

‘ဖန်ဆင်းရှင်’ တစ်ဦးပင်လျှင် နောက်ထပ် ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရ ပါက အပြင်းအထန် ဒဏ်ရာရနိုင်ပေသည်။

...

“လူသားအနှစ်သာရ၊ မြေကမ္ဘာအနှစ်သာရ၊ စကြာဝဠာ၊ နေနှင့်လ၊ အဆုံးမဲ့မိုးကြိုး... ပေါက်ကွဲစမ်း။”

ဟုန်ယွိသည် ဤမျှလောက်အထိ ဂရုမစိုက်တော့ပေ။ တစ်ဖက်လူ၏ အဝါရောင်နန်းတော် အတွင်းမြင်ကွင်း နတ်ဘုရားအပ်စိုက်မှတ် ၂၄ ပါး’၊ ‘နေလနတ်ဘုရား ၁၈ ပါး’ နှင့် ‘ဒန်တန် မျိုးစေ့ ၈၁ ပါး’ တို့ကို မြင်တွေ့ခဲ့ပြီးဖြစ်ရာ ဆေးဖော်စပ်ခြင်း၏ အန္တရာယ်ကို ကြံ့ကြံ့ခံရန် ဆုံးဖြတ်လိုက်သည်။

ဤသည်မှာ ခုနစ်ကြိမ်မြောက် မိုးကြိုးဖြစ်ပြီး ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသည့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ဤစွမ်းအားနှင့် တိုက်ရိုက်တွေ့ပါက ချက်ချင်း အသက်ပျောက်သွားနိုင်သည်။

ဖြောက်… ဖြောက်…

ဟုန်ယွိ၏ စိတ်ဝိညာဉ် အတွေးစတိုင်းသည် လျှပ်စီးအလင်းများဖြင့် တလက်လက် တောက်ပနေသည်။ သူတော်စင် ဧကရာဇ်ဖန်၏ ဖန်ဟွမ်အသက်ဝိညာဉ်ဓားမှ ဓားစွမ်းအင် နှင့် ‘ကမ္ဘာဦးအစ’ စွမ်းအင်၏ အလင်းတန်းများပင်လျှင် မိုးကြိုးဒဏ်ကြောင့် ပြန့်ကျဲသွားခဲ့ ရသည်။

မိုးကြိုးလျှပ်စီးတန်းများ၏ စွမ်းအားမှာ အထွတ်အထိပ် လူသားအင်မော်တယ် တစ်ဦး၏ တိုက်ခိုက်မှုကဲ့သို့ ပြင်းထန်လှသည်။ ဤရိုက်ခတ်မှုကြောင့် သူ၏ စိတ်ဝိညာဉ်အတွင်းရှိ မှတ်ဉာဏ်များကိုပင် ပြန့်ကျဲသွားစေလုနီးပါး ဖြစ်ခဲ့သည်။

“အံ့သြစရာပဲ။”

ဟုန်ယွိသည် မိုးကြိုးလျှပ်စီးတန်းများကို အားစိုက်၍ စုစည်းကာ ဆေးဖက်ဝင် ပစ္စည်းများ ထဲမှ အညစ်အကြေးများကို သန့်စင်လိုက်သည်။ ထိုအခါမှသာ ဆေးဖော်စပ်ခြင်း၏ ခါးသီးမှု ကို သူ ခံစားလိုက်ရသည်။ ၎င်းမှာ သေဖို့ ရာခိုင်နှုန်းကိုးဆယ်နီးပါး မသေချာသော်လည်း၊ သူသည် ယခင်က ဤမျှ ပြင်းထန်သော ဒဏ်ရာမျိုးကို တစ်ခါမျှ မရခဲ့ဖူးပေ။

ကံကောင်းထောက်မစွာဖြင့် သူသည် မိုးကြိုးစွမ်းအားကိုသာ အသုံးချနေခြင်း ဖြစ်ပြီး၊ အစစ်မှန် မိုးကြိုးကပ်ဘေးကို ရင်ဆိုင်နေရခြင်း မဟုတ်ပေ။

ယခုကဲ့သို့ မိုးကြိုးကို သုံး၍ ဆေးဖော်ခြင်းမှာ “လက်ဖြင့် မီးကို ကိုင်တွယ် ကစားနေခြင်း” နှင့် တူပြီး၊ တကယ့် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ကာ မိုးကြိုးကို ဝါးမြိုခြင်းမှာမူ “မီးကို တိုက်ရိုက် မျိုချလိုက်ခြင်း” နှင့် တူပေသည်။ မီးနှင့် ကစားခြင်းက လက်ကိုသာ လောင်ကျွမ်းစေနိုင်သော်လည်း၊ မီးကို မျိုချခြင်းက အသက်ကိုပင် ရန်ရှာနိုင်ပေသည်။

“ဒီလို မပြည့်စုံသေးတဲ့ မိုးကြိုးကို ထိတွေ့ရုံ၊ ထိန်းချုပ်ရုံနဲ့တင် ဒီလောက်တောင် ကြောက်ဖို့ ကောင်းနေတာလား။ ဒါဆိုရင် တကယ့် ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ရတဲ့ အခါ ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ။ ငါ့အနေနဲ့ လိုအပ်ချက်တွေ အများ ကြီး ရှိနေသေးပုံပဲ။ အားနည်းတဲ့ကာလကို ဖြတ်ကျော်စရာမလိုဘဲ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို တကယ် ကျော်ဖြတ်နိုင်ဖို့ဆိုရင် ငါ့ရဲ့ စွမ်းအားစုဆောင်းမှုက အခုထက် အများကြီး ပိုလိုဦးမှာပဲ။ ဖန်ဆင်းရှင်... ဖန်ဆင်းရှင်ဆိုတာ တကယ့်ကို အစွမ်းထက်တဲ့ တည်ရှိမှုပဲ။ အလယ်ခေတ်ရဲ့ စံနှုန်းတွေကတော့...”

‘အတိတ်ကျမ်း’ ၏ လျှို့ဝှက်ဆန်းပြားမှု၊ ‘ဖန်ဟွမ်အသက်ဝိညာဉ်ဓား’ ၏ အကာအကွယ်နှင့် ‘ကမ္ဘာဦးအစ’ ပညာ၏ စွမ်းအားများကို အသုံးပြုကာ ဟုန်ယွိသည် မိုးကြိုးကို ထိန်းချုပ်ပြီး တစ်ဆင့်ချင်းစီ သန့်စင်လိုက်သည်။

အစစ်မှန် မိုးကြိုးကပ်ဘေးနှင့် ရင်ဆိုင်ရချိန်တွင်မူ ဤနတ်ဘုရား ရတနာများ၏ စိတ်ဝိညာဉ် စွမ်းအင်များမှာ အသုံးမဝင်တော့ပေ။ သူသည် သူ့ကိုယ်တိုင်၏ စွမ်းအားဖြင့် သာ မိုးကြိုးများကို အတင်းအဓမ္မ ဝါးမြိုသန့်စင်ရမည် ဖြစ်သည်။

...

နောက်ဆုံးတွင် ဟုန်ယွိသည် ဆေးဖော်စပ်ခြင်း နည်းစနစ်များနှင့် တဖြည်းဖြည်း ပိုမို ကျွမ်းကျင်လာခဲ့သည်။ ဆေးဖက်ဝင် ပစ္စည်းများထဲမှ အညစ်အကြေးများမှာ တဖြည်းဖြည်း သန့်စင်သွားခဲ့သည်။ တစ်ဆင့်ချင်းစီကို သန့်စင်ပြီးနောက် ပြန်လည်စီစဉ် ပေါင်းစပ် လိုက်သည်။ ထို့နောက် ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ အစစ်မှန် စွမ်းအင်များကို ဆေးလုံးများအတွင်းသို့ ထည့်သွင်းလိုက်တော့သည်။

ခြောက်နာရီမှ ရှစ်နာရီခန့် ကြာပြီးနောက် ရုတ်တရက် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။ ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ‘ထာဝရ မိုးကြိုးကန်’ အတွင်း၌ ဟိုမှသည်သို့ လူးလာတုံ့ခေါက် လှုပ်ရှားနေသည်။

ဘုန်း ဘုန်း ဘုန်း…

အဆုံးမရှိသော မိုးကြိုးလျှပ်စီးများမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်သွားသည်။ ကီလိုဂရမ် ၅၀,၀၀၀ ကျော်ရှိသော ဆေးဖက်ဝင် ပစ္စည်းများ၏ ဆေးစွမ်းအင်များမှာ စတင် လည်ပတ်လာပြီး မရေမတွက်နိုင်သော အစီအရင်ကြီးများ ဖြစ်ပေါ်လာကာ ရုတ်တရက် စုစည်းသွားတော့သည်။

တခဏအတွင်းမှာပင် ဆေးလုံး ရာပေါင်းများစွာ ထွက်ပေါ်လာသည်။

၎င်းတို့အနက် အများစုမှာ "မြေအနှစ်သာရဆေးလုံး" များ ဖြစ်ကြသော်လည်း၊ "ကောင်းကင်အနှစ်သာရ ရွှေဆေးလုံး" ၈၁ လုံးလည်း ပါဝင်နေသည်။

‘ကောင်းကင်အနှစ်သာရ ရွှေဆေးလုံး’ ၈၁ လုံး... ၎င်းတို့မှာ လူတစ်ယောက်၏ ကျင့်ကြံမှုကို ‘သိုင်းသူတော်စင်’ အဆင့်အထိ အတင်းအဓမ္မ မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။

‘ကောင်းကင်အနှစ်သာရ ရွှေဆေးလုံး’ ကို မြင်လိုက်ရသောအခါ ဟုန်ယွိပင်လျှင် အံ့သြသွား ရသည်။

“၈၁ လုံးလား၊ ဒါဆိုရင် သိုင်းသူတော်စင် ၈၁ ယောက်ကို ဖန်တီးနိုင်တာပေါ့၊ ဒီကမ္ဘာပေါ်မှာ သိုင်းသူတော်စင် ၈၀ ကျော် ရှိနိုင်ပါ့မလား။ ရှိကောင်းရှိနိုင်ပေမဲ့ ဆေးကိုကို သုံးစွဲနိုင်မယ့် အထွတ်အထိပ် မဟာဆရာသခင်တွေ အဲဒီလောက် မရှိလောက်ဘူး။ သာမန်လူတွေက တော့ ဆေးတစ်လုံးသောက်လိုက်တာနဲ့ ချက်ချင်း သေသွားမှာပဲ။ ‘ကောင်းကင် အနှစ်သာရ ရွှေဆေးလုံး ’အတွက် ဆေးညွှန်းမရှိတာ နှမြောဖို့ကောင်းလိုက်တာ။ ရှိရင်တော့ ဒီဆေးမျိုး ကို ဖော်ချင်မိသား။ ဒါပေမဲ့ ဒီဆေးအတွက် ပါဝင်ပစ္စည်းတွေရဖို့ တော်တော် ခက်လိမ့် မယ်။”

ဟုန်ယွိသည် ‘ကောင်းကင်အနှစ်သာရ ရွှေဆေးလုံး’ ကို ဖော်စပ်ချင်နေမိသည်။

...

ဝုန်း…

နန်းတော်အပြင်ဘက်တွင် ရှဲ့ဖင်းဖင်းသည် ဆုမူ ထွက်သွားပြီးနောက် ခြောက်နာရီမှ ရှစ်နာရီခန့်အထိ စောင့်ဆိုင်းနေခဲ့သည်။ သူမသည် နေ့မှညအထိ စောင့်ဆိုင်းနေရင်း တစ်ကိုယ်တည်း ရေရွတ်နေမိသည်။ “ဒီနေလ စကြာဝဠာ ဆေးပေါင်းအိုးက ခုနစ်ကြိမ် မြောက် မိုးကြိုးစွမ်းအားတွေကို ဆွဲယူပြီး ‘ထာဝရ မိုးကြိုးကန်’ ထဲမှာ တိုက်ခိုက်နေတာပဲ။ ဟုန်ယွိတစ်ယောက် ဆေးပေါင်းအိုးထဲမှာပဲ အရည်ပျော်သွားပြီလား မသိဘူး...”

ရုတ်တရက် ရှဲ့ဖင်းဖင်းသည် နန်းတော်တစ်ခုလုံးရှိ ပြင်းထန်လှသော ‘ယန်စွမ်းအင်’ များ ပြည့်နှက်သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် စွမ်းအားမှာ ဒီရေလှိုင်းများအလား ပြန်ဆုတ်သွားပြီး ဖိအားအားလုံး ပျောက်ကွယ်သွားခဲ့သည်။

သူမသည် နန်းတော်အတွင်းသို့ အမြန်ပြေးဝင်သွားရာ ရေကန်၏ အလယ်တွင် နေလ စကြာဝဠာ ဆေးပေါင်းအိုးမှာ ငြိမ်သက်သွားသည်ကို တွေ့လိုက်ရသည်။ ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ဆေးပေါင်းအိုးအတွင်းမှ အမြန်ထွက်လာပြီး သူနှင့်အတူ သန့်စင်သော အလင်းများ လွှမ်းခြုံထားသည့် ဝိညာဉ်ဆေးလုံး ရာပေါင်းများစွာ ပါလာခဲ့သည်။

“ရှင် တကယ်ပဲ အောင်မြင်သွားတာလား။” ရှဲ့ဖင်းဖင်း၏ မျက်လုံးများမှာ မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။

“ကျွန်တော်သာ မအောင်မြင်ရင် ဒီဆေးပေါင်းအိုးထဲမှာ ကျွန်တော်ကိုယ်တိုင်က ဆေးလုံး အဖြစ် ပြောင်းသွားမှာပေါ့။ အဲဒီလိုသာဆိုရင် အဲဒီဆေးလုံးက ‘ကောင်းကင်အနှစ်သာရ ရွှေဆေးလုံး’ ထက် အဆပေါင်း ရာချီပြီး ထူးခြားနေလိမ့်မယ်။”

ဟုန်ယွိက အတွေးစများဖြင့် အသံပြုလိုက်သည်။ တချိန်တည်းမှာပင် ဝိညာဉ်ဆေးလုံး ရာပေါင်းများစွာကို ရှဲ့ဖင်းဖင်းဆီသို့ ပစ်လွှတ်ပေးလိုက်သည်။

“ရှင်လည်း ဆေးလုံးအချို့ ယူထားလိုက်ပါ။ အမြတ်ရဲ့ တစ်ဆယ်ရာခိုင်နှုန်းကို ရှင် ယူနိုင်ပါ တယ်။” ရှဲ့ဖင်းဖင်းက သဘောထားကြီးစွာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ ကျွန်တော် အားမနာတော့ဘူး။” ဟုန်ယွိသည် ‘ကောင်းကင်အနှစ်သာရ ရွှေဆေးလုံး’ ရှစ်လုံးနှင့် ‘မြေအနှစ်သာရဆေးလုံးကြီး’ အလုံးသုံးဆယ်ကို ယူလိုက်သည်။ နောင်တစ်ချိန်တွင် ကျေးဇူးဆပ်ရန် သို့မဟုတ် သူ၏ လက်အောက်ငယ်သားများကို ပေးရန် ဤဆေးလုံးများမှာ အသုံးဝင်လိမ့်မည်ဟု သူ ခံစားမိသည်။

“ရှင်က ဒီကမ္ဘာပေါ်က ကွန်ဖြူးရှပ် မဟာပညာရှင် အားလုံးကို ဖိတ်ခေါ်ပြီး စာပေ ရေးသား ချင်နေတာ မဟုတ်လား။ ဒီဆေးတွေက ဂုဏ်ပြုလက်ဆောင်အဖြစ် သုံးဖို့ အကောင်းဆုံးပဲ။ သူတို့ကို ငှားရမ်းဖို့အတွက် ဒီဆေးတွေကို အသုံးပြုတာ ပိုကောင်းလိမ့်မယ်။” ရှဲ့ဖင်းဖင်းက ကျန်ရှိသော ဆေးလုံးများကို သိမ်းဆည်းရင်း ပြောလိုက်သည်။

“နောင်တစ်ချိန်မှာ စာအုပ်တွေရေးပြီး ဩဇာအာဏာ တည်ဆောက်တဲ့အခါ ခင်ဗျားနဲ့ နတ်ဘုရားတန်ခိုးရှင်ဘုရင်ကို အကူအညီ တောင်းရဦးလိမ့်မယ်။” ဟုန်ယွိက ဆိုသည်။

“သေချာပေါ ရတာပေါ့။ ရှင် ပြုစုနေတဲ့ ‘ပြောင်းလဲခြင်းကျမ်း’ က ဘယ်လိုမျိုးလဲဆိုတာ ကျွန်မလည်း မြင်ချင်ပါသေးတယ်။” ရှဲ့ဖင်းဖင်းက ပြောရင်း နေလ စကြာဝဠာ ဆေးပေါင်း အိုးကို သိမ်းဆည်းရန် ပြင်လိုက်သည်။

ဤဆေးပေါင်းအိုးမှာ ဗုဒ္ဓသင်္ကန်းတော်ထက် မနိမ့်သော ရတနာဖြစ်သဖြင့် ဤနေရာတွင် အကြာကြီး ထားရန် မသင့်တော်ပေ။

“နေပါဦး… ကျွန်တော် ဒီနေလစကြာဝဠာ ဆေးပေါင်းအိုးကို ခဏလောက် ထပ်ငှားချင် သေးတယ်။ ကျွန်တော် မေးစရာ မေးခွန်းအချို့ ရှိသေးတယ်၊ ဒီဆေးပေါင်းအိုးက အဲဒီ အတွက်လည်း အသုံးဝင်လို့ပါ။” ဟုန်ယွိက လက်ကာပြရင်း ညှိနှိုင်းသည့် လေသံဖြင့် ပြောလိုက်သည်။

“ဘာမေးချင်လို့လဲ။” ရှဲ့ဖင်းဖင်းက မေးသည်။ “ဒါပေမယ့် သုံးလို့ရပါတယ်။”

“သူငယ်ချင်းတစ်ယောက်ရဲ့ သတင်းကို သိချင်လို့။” ပြောပြီးနောက် ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်ရာ၊ အဖြူရောင် အလင်းတန်းတစ်ခုက ပုံရိပ်တစ်ခုကို ရစ်ပတ်ပြီး နေလ စကြာဝဠာ ဆေးပေါင်းအိုး အတွင်းသို့ ပစ်ထည့်လိုက်တော့သည်။

...

ထိုအဖြူရောင် အလင်းတန်းအတွင်းမှ လူရိပ်မှာ "မူလစွမ်းအင် ခွန်အားနတ်ဘုရား" ပင် ဖြစ်သည်။ (အနှစ်သာ ရနတ်ဘုရားကျောင်း၏ ‘မှော်နတ်ဘုရား’ ‘ငရဲနတ်ဘုရား’ ‘သွေးနတ်ဘုရား’ ‘အနှစ်သာရနတ်ဘုရား’ ဟူသည့် နတ်ဘုရားလေးပါးထဲက အနှစ်သာရ နတ်ဘုရားမှ ပြောင်းလဲထားသော ခွန်အားနတ်ဘုရားကို မူလစွမ်းအင် ခွန်အားနတ်ဘုရား ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်)။

ဟုန်ယွိသည် ‘ကျီရှန်းထျန်း’ ၏ သတင်းကို သူ့အား မေးမြန်းလိုခြင်း ဖြစ်သည်။ ငရဲ နတ်ဘုရား၏ ‘အရိုးဖြူလှံ’ မှာ သူ့လက်ထဲသို့ မည်သို့ ရောက်ရှိနေသည်ကို စစ်မေးလိုခြင်း ဖြစ်သည်။ မူလစွမ်းအင် ခွန်အားနတ်ဘုရား၏ စွမ်းအားဖြင့် ကျီရှန်းထျန်းကို မယှဉ်နိုင်ရာ၊ ၎င်းမှာ ‘မူလဝိညာဉ်နတ်ဘုရား’ ကိုယ်တိုင် ပါဝင်ပတ်သက်နေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ထို့ကြောင့် ‘ကျီရှန်းထျန်း’ အန္တရာယ်ရှိနေပြီ။

‘ထာဝရ မိုးကြိုးကန်’ အတွင်း၌ မိုးကြိုးများမှာ တလက်လက် တောက်ပနေပြီး ငွေရောင် လှိုင်းများ ဖြစ်ပေါ်နေ၏။ ၎င်းမှာ ပြဒါးကန်ကြီးတစ်ခုနှင့် တူသော်လည်း အတွင်းမှ ထွက်ပေါ်နေသော မိုးကြိုးသံများမှာ မည်သည့် စိတ်ဝိညာဉ် အတွေးစမျိုးကိုမဆို ရိုက်ခွဲနိုင် စွမ်း ရှိသည်။

မိုးကြိုးကန်၏ အထက်တွင် မူလစွမ်းအင် ခွန်အားနတ်ဘုရားသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြောင်စီစီဖြင့် ကြည့်လိုက်သည်။ ရုတ်တရက် သူ တစ်စုံတစ်ခုကို မှတ်မိသွားပုံရပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သူ့မျက်နှာတွင် ရက်စက်သော အမူအရာ ပေါ်လာသည်။ သူက ဟုန်ယွိကို ကြည့်ကာ “ဟုန်ယွိ” ဟု ဟစ်အော်လိုက်တော့ သည်။

“မူလစွမ်းအင် ခွန်အားနတ်ဘုရား... ခင်ဗျား ကျုပ်ကို ဘာလို့ ခေါ်လိုက်တာလဲ။”

ဟုန်ယွိ၏ အသံမှာ ပဲ့တင်ထပ်သွားသည်။ သူသည် ‘ထာဝရ မိုးကြိုးကန်’ ၏ အထက်တွင် ပေါ်လာခဲ့သည်။

“သေစမ်း။ တောက်ပသော နေနဲ့လ။”

ဟုန်ယွိကို မြင်သည်နှင့် မူလစွမ်းအင် ခွန်အားနတ်ဘုရားသည် ဘာမှမစဉ်းစားတော့ဘဲ သူ၏အနှိုင်းမဲ့ သိုင်းပညာဖြစ်သော ‘တောက်ပသော နေနှင့်လ’ ဖြင့် တိုက်ခိုက်လိုက်တော့ သည်။

ဘုန်း…..

ဟုန်ယွိသည် လက်ညှိုးဖြင့် အသာအယာ ထောက်လိုက်ရုံဖြင့် ထိုတိုက်ကွက်ကို ဖျက်ဆီး ပစ်လိုက်သည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ မိုးကြိုးကန်အတွင်းရှိ မိုးကြိုး လျှပ်စီးတန်းများမှာ အပေါ်သို့ မြင့်တက်လာပြီး မူလစွမ်းအင် ခွန်အားနတ်ဘုရားကို ရစ်ပတ်လိုက်တော့သည်။

“အား... ဒါ... ဒါ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးရဲ့ မိုးကြိုးတွေပဲ၊” မူလစွမ်းအင် ခွန်အား နတ်ဘုရားက အော်ဟစ်လိုက်သည်။ “မင်း ‘ကျီရှန်းထျန်း’ အကြောင်း မေးချင်တာမလား။ ငါ ပြောမယ်... ငါ အကုန်ပြောပြမယ်၊ ငါ့ကို မသန့်စင်ပါနဲ့ဦး၊ ငါ ပြောပြပါ့မယ်...”

“မင်းက မူလစွမ်းအင် ခွန်အားနတ်ဘုရားတစ်ပါး ဖြစ်ပြီးတော့ ဒီလောက်တောင် ကြောက် တတ်တာလား၊ ထားလိုက်ပါတော့၊ ခင်ဗျားကို ကျုပ် မမေးတော့ဘူး။ ခင်ဗျားရဲ့ မှတ်ဉာဏ်တွေကို ထုတ်ယူပြီး ‘သူရဲကောင်းမှတ်တမ်း’ ထဲ ထည့်လိုက်တော့မယ်။ ခင်ဗျားရဲ့ နတ်ဘုရားတန်ခိုး စွမ်းအားတွေက ကျုပ်အတွက် အသုံးဝင်မှာပါ။”

ဟုန်ယွိသည် အပိုစကားများ မပြောတော့ဘဲ လက်ညှိုးဖြင့် တိုက်ရိုက် ညွှန်လိုက်ရာ မိုးကြိုး လျှပ်စီးအဝိုင်းများမှာ မူလစွမ်းအင် ခွန်အားနတ်ဘုရား၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားတော့ သည်။

ထို့နောက် မူလစွမ်းအင် ခွန်အားနတ်ဘုရားကြီး၏ ခန္ဓာကိုယ်မှာ ပျက်စီးသွားပြီး သူ၏ အဆုံးမဲ့သော နတ်ဘုရားတန်ခိုး စွမ်းအားများနှင့် မှတ်ဉာဏ်များကို ဟုန်ယွိက သိမ်းဆည်း လိုက်သည်။ ထိုမှတ်ဉာဏ်များကို ‘သူရဲကောင်းမှတ်တမ်း’ ထဲသို့ ထည့်သွင်းလိုက်ကာ နတ်ဘုရားတန်ခိုး စွမ်းအားများကိုလည်း သိမ်းဆည်းလိုက်သည်။

နေလ စကြာဝဠာ ဆေးပေါင်းအိုး၏ အကူအညီဖြင့် မှတ်ဉာဏ်များကို ထုတ်ယူခြင်းမှာ အလွန်ပင် လျင်မြန်လှသည်။

ထို့နောက် ဟုန်ယွိသည် တုန့်ဆိုင်းမနေဘဲ ‘သူရဲကောင်းမှတ်တမ်း’ ကို ဖွင့်လိုက်သည်။ မူလစွမ်းအင် ခွန်အားနတ်ဘုရား၏ မှတ်ဉာဏ်အပိုင်းအစများမှာ ဟုန်ယွိ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ထို့နောက် သူသည် ‘ကျီရှန်းထျန်း’ နှင့် ပတ်သက်သော အပိုင်းကို ရှာတွေ့သွားခဲ့သည်။

မှောင်မည်းပြီး ကျဉ်းမြောင်းသော ချိုင့်ဝှမ်းတစ်ခုအတွင်း...

‘ကျီရှန်းထျန်း’ နှင့် ‘ကောင်းကင်မြွေဘုရင်မ’ တို့မှာ အတူတူ ရှိနေကြသည်။ ထိုစဉ် မူလ ဝိညာဉ်နတ်ဘုရားသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရုတ်တရက် ဆင်းသက်လာခဲ့ သည်...။

All Chapters