← Chapters

အခန်း (၅၄၅-၅၄၆)

Vol. 52 Ch. 545-546

အခန်း (၅၄၅-၅၄၆)

Vol. 52 Ch. 545-546

အခန်း (၅၄၅)။

“အော်... ဒါက ‘ကောင်းကင်မြွေတောင်ကြားပဲ’၊ ကောင်းကင်မြွေဘုရင်မ လျှို့ဝှက်ကျင့်ကြံ နေတဲ့နေရာကိုး။”

ဟုန်ယွိသည် ‘သူရဲကောင်းမှတ်တမ်းကျမ်း’ ထဲရှိ မူလစွမ်းအင် ခွန်အားနတ်ဘုရား၏ မှတ်ဉာဏ်များကို ကြည့်ရှုရင်း အလွန်ပင် တုန်လှုပ်သွားခဲ့သည်။ ဤတုန်လှုပ်မှုမှာ သေးငယ်သော ကိစ္စ မဟုတ်ပေ။ မူလဝိညာဉ်နတ်ဘုရား၏ စွမ်းအားမှာ အလွန်ပင် ကြီးမား လှသည်ကို သိထားရ မည်။ ‘သူတော်စင်ပေါင်းစုံခန်းမ’ သာ မရှိပါက ဟုန်ယွိကိုယ်တိုင်ပင် လွင့်စဉ်သွားနိုင်ပြီး၊ သူတော်စင်ပေါင်းစုံ ခန်းမရှိလျှင်ပင် နိုင်ခြေမှာ ငါးဆယ်-ငါးဆယ်သာ ရှိပေလိမ့်မည်။

‘ကျီရှန်းထျန်း’ ၏ စွမ်းအားမှာမူ မူလဝိညာဉ်နတ်ဘုရားကို ယှဉ်နိုင်စွမ်း မရှိပေ။

လူတစ်ကိုယ်တည်းဆိုလျှင် ထွက်ပြေးနိုင်သော်လည်း၊ ထိုနေရာတွင် မိုးကြိုးကပ်ဘေး ကြောင့် အားနည်းနေသည့် ‘ကောင်းကင်မြွေဘုရင်မ’ ပါ ရှိနေသဖြင့် အလွန်ပင် အန္တရာယ် များလှသည်။ ကောင်းကင်မြွေဘုရင်မမှာ သူနှင့် ရန်ငြိုးရှိခဲ့ဖူးသော်လည်း၊ ဟုန်ယွိအနေဖြင့် သူ့ကို မူလဝိညာဉ်နတ်ဘုရား၏ လက်ထဲတွင် မသေစေချင်ပေ။

‘သူရဲကောင်းမှတ်တမ်း’ အတွင်း၌ မူလစွမ်းအင် ခွန်အားနတ်ဘုရား၏ မှတ်ဉာဏ်များမှာ တရဟော စီးဆင်းလာပြီး မြင်ကွင်းတစ်ခုလုံးမှာ ဟုန်ယွိ၏ ရှေ့မှောက်တွင် အပြည့်အဝ ပေါ်ထွက်လာတော့သည်။

...

လျှို့ဝှက်ဆန်းပြားသော ကောင်းကင်မြွေတောင်ကြားတွင် ကျီရှန်းထျန်းသည် ကျင့်ကြံမှု စွမ်းအင် ပြန်လည်ဖြည့်တင်းနေသော ရှင်းမူကို စောင့်ရှောက်ပေးနေစဉ်၊ ဒေါသထွက်နေ သော ‘မူလဝိညာဉ်နတ်ဘုရား’ နှင့် မူလစွမ်းအင် ခွန်အားနတ်ဘုရားတို့ ရုတ်တရက် ရောက်ရှိလာခဲ့ကြသည်။ ‘မူလဝိညာဉ်နတ်ဘုရား’ ရောက်လာသည်နှင့် စကားတစ်ခွန်းမျှ မပြောဘဲ ဝတ်ရုံ လက်မောင်းစရှည်ကြီးကို ဝှေ့ယမ်းလိုက်ရာ၊ အဆုံးမဲ့သော ‘ကမ္ဘာဦး ဖရိုဖရဲစွမ်းအင်’ များ လွှမ်းခြုံသွားတော့သည်။ ၎င်းမှာ ဖမ်းဆီးခြင်းဆိုင်ရာ နတ်ဘုရား စွမ်းရည် ဖြစ်သည်။

ထိုမျှနှင့်တင် ရပ်တန့်ခြင်းမရှိဘဲ မူလဝိညာဉ်နတ်ဘုရား၏ အခြားလက်တစ်ဖက်က ကောင်းကင်သို့ ညွှန်ပြလိုက်ရာ၊ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ဉက္ကာခဲများအဖြစ် ပေါက်ကွဲကာ ကျီရှန်းထျန်းရှိရာသို့ ကျဆင်းလာခဲ့သည်။

ဤသည်မှာ အနှစ်သာရနတ်ဘုရားကျောင်း၏ ယဇ်ပုရောဟိတ် အသုံးပြုလေ့ရှိသော ‘မဟာဉက္ကာခဲမိုး’ တိုက်ကွက် ဖြစ်သည်။

သူ၏ အစွမ်းထက်ဆုံး ‘ဘုံသုံးပါး မူလစွမ်းအင်အမြောက်’ ကို အသုံးမပြုသော်လည်း မူလ ဝိညာဉ်နတ်ဘုရားမှာ အလွန်ရက်စက်ကြောင်း သိသာလှပေသည်။

ဟုန်ယွိသည် ဤမှတ်ဉာဏ်ကို မြင်လိုက်ရသောအခါ ထိုနေရာသို့ ကိုယ်တိုင်ရောက်နေ သကဲ့သို့ ရင်တုန်သွားရသည်။ သူကိုယ်တိုင် ထိုနေရာသို့ ဆင်းသက်ပြီး မူလဝိညာဉ် နတ်ဘုရားကို သတ်ပစ်နိုင်လျှင် ကောင်းမည်ဟု တွေးမိသည်။ အကြောင်းမှာ ဤမိန်းမငယ် လေး ကျီရှန်းထျန်းမှာ အလွန်ပင် ချစ်စရာကောင်းပြီး၊ ကံကောင်းခြင်းနှင့် ကျန်းမာခြင်းကို ကိုယ်စားပြုသော ကြင်နာတတ်သည့် နတ်ဘုရားမတစ်ပါး ဖြစ်သောကြောင့်ပင်။ ယခု သူမသည် လူသားအဖြစ် ပြောင်းလဲသွားသော်လည်း သူမ၏ ကောင်းမွန်သော ပင်ကိုယ် စရိုက်မှာ ပြောင်းလဲမသွားပေ။

မူလဝိညာဉ်နတ်ဘုရားသာ ကျီရှန်းထျန်းကို ဖမ်းမိသွားပါက ကောင်းကျိုးရှိမည် မဟုတ်ဘဲ သူမကို တိုက်ရိုက် သန့်စင်ပစ်မည်မှာ သေချာသည်။

ကျိရှန်းထျန်းသည် မူလဝိညာဉ်နတ်ဘုရား၏ ‘ဖရိုဖရဲကောင်းကင်အနှစ်သာရ အမြုတေ’ ကို သန့်စင်စားသုံးထားသဖြင့် သူတို့နှစ်ဦးမှာ မပြေလည်နိုင်သော ရန်သူများ ဖြစ်ကြသည်။

“ကောင်းတယ်” နောက်ဆက်တွဲ ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် ဟုန်ယွိက ချီးကျူး လိုက်မိသည်။

ကျီရှန်းထျန်းသည် သူမလက်လေးကို ဝှေ့ယမ်းလိုက်ရာ သူမ၏ ကံကောင်းခြင်း ရတနာ သုံးပါးက ကောင်းကင်မြွေဘုရင်မကို ကာကွယ်ပေးလိုက်သည်။ ထို့နောက် သူမသည် နတ်ဘုရားအဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ ဤအဆောင်မှာ ဖရိုဖရဲကောင်းကင် အနှစ်သာရ အမြုတေကို သန့်စင်ခဲ့စဉ်က အသုံးပြုခဲ့သည့် အဆောင်ဖြစ်ပြီး ကျိရှန်းထျန်း၏ ပင်ကိုယ် နတ်ဘုရားတန်ခိုး စွမ်းအား အစိတ်အပိုင်းတစ်ခုနှင့် ဖန်တီးထားခြင်း ဖြစ်သည်။ သူမ လူသားအဖြစ် ပြောင်းလဲသွားသော်လည်း နတ်ဘုရားတန်ခိုး စွမ်းအားမှာ ရှိနေဆဲပင်။

ထိုအဆောင်မှာ တုန်ခါသွားပြီးနောက် ချက်ချင်း ပေါက်ကွဲထွက်သွားကာ မရေမတွက်နိုင် သော အနက်ရောင်စာလုံးများအဖြစ် ပြောင်းလဲသွားသည်။ ထိုအနက်ရောင်စာလုံးများ အတွင်းမှ မည်းနက်လှသော မိစ္ဆာလက်သည်းကြီးတစ်ဖက် ထွက်ပေါ်လာသည်။ ၎င်းမှာ ယခင်က ‘အမှောင် ဧကရာဇ်တာအိုသခင်’ အသုံးပြုခဲ့ဖူးသော ‘ရွှမ်တူး ဆန်းကြယ်မိစ္ဆာ မဟာအမှောင်ထုဂါထာ’ နှင့် ‘ရှေးဦးခေတ် မဟူရာ စကြာဝဠာနတ်ဘုရား လက်သည်း’ တို့ ပင် ဖြစ်သည်။

ဤနတ်ဘုရားစွမ်းရည် နှစ်မျိုးမှာ ‘ဗုဒ္ဓသင်္ကန်းတော်’ ကိုပင် ဆုတ်ဖြဲလုနီးပါး ဖြစ်ခဲ့ဖူးသဖြင့် ဟုန်ယွိလည်း အတော်လေး ဒုက္ခရောက်ခဲ့ဖူးသည်။ ယခု ကျီရှန်းထျန်း အသုံးပြုလိုက်သည် မှာ အမှောင်ဧကရာဇ် တာအိုသခင်လောက် အစွမ်းမထက်သော်လည်း၊ ‘မဟာဉက္ကာခဲမိုး’ နှင့် မူလစွမ်းအင်ဖမ်းချုပ်ကွက်တို့ကို တစ်ခဏချင်းအတွင်း ဖောက်ထွက်သွားခဲ့သည်။ တချိန်တည်းမှာပင် ‘ရှေးဦးခေတ် မဟူရာ စကြာဝဠာနတ်ဘုရား လက်သည်း’ က မူလ ဝိညာဉ်နတ်ဘုရား၏ မျက်နှာကို ထိုးစိုက်လိုက်တော့သည်။

“သူ့ရဲ့ မူလစွမ်းအင်တွေ ပြန်မပြည့်သေးဘူးပဲ၊” ဟုန်ယွိက ချက်ချင်း ကောက်ချက်ချလိုက် သည်။

မူလဝိညာဉ်နတ်ဘုရားမှာ ‘ဖန်ဆင်းရှင်’ တစ်ဦး ဖြစ်သော်လည်း သူ၏ ကိုယ်ပွားတစ်ခု ဆုံးရှုံးသွားခဲ့ရသဖြင့် ၎င်းကို ပြန်လည်သန့်စင်ရန်မှာ မလွယ်ကူပေ။ ‘အမှောင်ဧကရာဇ်’ တာအိုသခင်ပင်လျှင် နှစ်ပေါင်းသုံးထောင်ကြာသည်အထိ ပြန်လည်မသန့်စင်နိုင်ခဲ့ဘဲ နောက်ဆုံးတွင် ‘အမှောင်ကြယ်’ ကို အားကိုး၍ ပြန်လည်ရှင်သန်ခဲ့ရသည် မဟုတ်ပါလား။

“သွားကြစို့” အနှိုင်းမဲ့ တာအိုပညာရပ်ကို အသုံးပြုပြီးနောက် ကျီရှန်းထျန်း၏ ကြည်လင် ပြတ်သားသော အသံမှာ ပဲ့တင်ထပ်သွားပြီး ကောင်းကင်မြွေဘုရင်မ ‘ရှင်းမူ’ ကို ရစ်ပတ် ကာ တစ်ခဏချင်း ပျောက်ကွယ်သွားခဲ့သည်။ သူမသည် ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး ကောင်းကင်ယံသို့ ထွက်ပြေးသွားသကဲ့သို့ပင်။

မူလဝိညာဉ်နတ်ဘုရားကရော သူမကို အလွတ်ပေးပါမည်လား။ သူသည် ‘ဘုံသုံးပါး မူလ စွမ်းအင်အမြောက်’ ဖြင့် "ရှေးဦးခေတ် မဟူရာ စကြာဝဠာနတ်ဘုရား လက်သည်း”ကို ရိုက်ခွဲပစ်လိုက်သည်။ တချိန်တည်းမှာပင် သူသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ သူမ နောက်သို့ လိုက်လံဖမ်းဆီးတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင်မှာ ပြောင်းလဲသွားပြီး၊ နောက်တစ်ခဏ၌ ‘ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းအရပ်’ သို့ ရောက်ရှိသွားသည်။

ကျီရှန်းထျန်း မည်သည့် ထွက်ပြေးခြင်းပညာကို သုံးလိုက်သည် မသိသော်လည်း သူမ၏ အရှိန်ဟုန်မှာ အံ့သြစရာကောင်းလောက်အောင် မြန်ဆန်လှသည်။ ထို့အပြင် သူမသည် ထိုလေဟာနယ် မုန်တိုင်းအတွင်း၌ မည်သည့်နေရာကို ဦးတည်၍ ပတ်ချာလည်ပြေးနေ သည်ကို မသိရဘဲ မည်သည့်နေရာသို့ ဦးတည်သွားနေသည်မှာလည်း မသေချာပေ။

ရုတ်တရက်ဆိုသလို...

နန်းတော်တံခါးဝနှင့် တူသည့် ပေပေါင်းများစွာ မြင့်မားသော အနက်ရောင် လိုဏ်ခေါင်း ကြီးတစ်ခုသည် ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းများကြားတွင် ပေါ်လာသည်။ ထိုမှောင်မည်းနေသော လှိုင်ခေါင်းအတွင်း၌ ဝဲဂယက်များ ရှိနေပြီး၊ မည်သည့်နေရာသို့ ဆက်သွယ်ထားသည်ကို မသိနိုင်ပေ။

ကျီရှန်းထျန်းသည် လှိုင်ခေါင်းရှေ့သို့ ပျံသန်းသွားသော်လည်း အတွင်းသို့ မဝင်သေးပေ။ သူမက လက်ကို ဝှေ့ယမ်းလိုက်ရာ ‘ငရဲနတ်ဘုရား အရိုးဖြူလှံ’ တစ်စင်းက သူမလက်ထဲ တွင် ပေါ်လာပြီး ထိုမှောင်မည်းသော လှိုင်ခေါင်းအတွင်းသို့ ပြင်းပြင်းထန်ထန် ပစ်ထည့် လိုက်တော့သည်။

အရိုးဖြူလှံကို ပစ်ထည့်ပြီးနောက် ၎င်းမှာ မည်သည့်နေရာသို့ လွင့်ပျံသွားသည်ကို မသိရ တော့ပေ။

ထို့နောက် ကျီရှန်းထျန်းသည် သူမ၏ ခန္ဓာကိုယ်ကို ကိုယ်ယောင် ဖျောက်လိုက်သည်။

မကြာမီမှာပင် ‘မူလဝိညာဉ်နတ်ဘုရား’ ရောက်ရှိလာပြီး အသေသတ် တိုက်ကွက်တစ်ခု အသုံးပြုရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် ဉမင်လှိုင်ခေါင်းအတွင်းမှ ပြင်းထန်လှသော ‘သွေးစွမ်းအင်’ နှင့် ‘သိုင်းတာအို သိုင်းဆန္ဒနှစ်ခု ပေါက်ကွဲ ထွက်ပေါ်လာသည်။ ရုတ်တရက် အဝါရောင် ချပ်ဝတ် ဝတ်ဆင်ထားသော လူရိပ်နှစ်ခုမှာ ဥမင်လှိုင်ခေါင်းအတွင်းမှ ပေါ်လာပြီး လေထဲ တွင် လွင့်မျောနေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့ထဲမှ တစ်ဦးက ကျီရှန်းထျန်း ပစ်ထည့်လိုက်သော အရိုးဖြူလှံကို ကိုင်ထားပြီး၊ ကျန်တစ်ဦးမှာမူ လက်ဗလာ ဖြစ်နေ သည်။ သို့သော် သူ၏ လက်တံများမှာ ဒူးအထိတိုင် ရှည်လျားလှပြီး၊ လက်ဗလာဖြင့်ပင် ရှေးဦးဆင်ရိုင်းကြီးတစ်ကောင်ကိုပင် အချိန်မရွေး ဆုတ်ဖြဲနိုင်မည့် အတိုင်းအဆမဲ့ စွမ်းအား များ ထွက်ပေါ်နေသည်။

...

“ဒီလူနှစ်ယောက်က ‘လူသားအင်မော်တယ်’ တွေနဲ့ တူပေမဲ့ အဲဒီအဆင့်တော့ မဟုတ်သေး ဘူး။ သူတို့ရဲ့ ချပ်ဝတ်တွေကလည်း သိပ်မခိုင်ခံ့ဘူး၊ ‘'အဝါရောင်ကောင်းကင် နတ်ဘုရား ချပ်ဝတ်' အဆင့်လောက်ပဲ ရှိပြီး ‘နဂါးကြေးခွံချပ်ဝတ်’ ရဲ့ တစ်ဝက်တောင် မခိုင်ခံ့ဘူး။ သူတို့ ပျံသန်းနိုင်ပေမဲ့ လေဟာနယ် မုန်တိုင်းထဲမှာ အရမ်းအန္တရာယ်များပြီး ကြယ်တာရာ လေထုအလွှာကို မဖြတ်ကျော်နိုင်ကြဘူး... ဒါပေမဲ့ သူတို့မှာ ချပ်ဝတ်မရှိရင်တောင် သူတို့ရဲ့ အစွမ်းက ‘နင်ဂျာဘုန်းတော်ကြီး’ နဲ့ တန်းတူလောက် ရှိနိုင်တယ်။ ဒီလောက် အစွမ်းထက် တဲ့ ‘သိုင်းသူတော်စင်’ တွေ ရှိနေပါလား၊ သူတို့က အောက်ကမ္ဘာကို မဆင်းနိုင်ဘူးဆိုတော့ ဘယ်က ရောက်လာတာလဲ။ အဲဒီဥမင်လှိုင်ခေါင်းက ဘယ်ကို ဆက်သွယ်ထားတာလဲ။ လေဟာနယ် မုန်တိုင်းထဲမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေတာလဲ။ သူတို့ က ‘ကောင်းကင်အပြင်ပနယ်မြေ’ လူသားကမ္ဘာတစ်ခုကနေ ရောက်လာတာလား။”

ဟုန်ယွိက တွေးတောနေစဉ် ခွန်အားနတ်ဘုရား၏ မှတ်ဉာဏ်များမှာ ဆက်လက် စီးဆင်းနေသည်။

“ဟွန်း” မူလဝိညာဉ်နတ်ဘုရားသည် ထိုလူနှစ်ဦး ထွက်လာသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် လှောင်ပြုံးပြုံးကာ လက်တစ်ဖက်ဖြင့် သူတို့ကို လှမ်းဖမ်းလိုက်သည်။ သူ၏ လက်ငါးချောင်းမှ ဖြူစင်သော အလင်းတန်းများ ထွက်ပေါ်လာ ပြီး လေထုကို စုပ်ယူကာ သူတို့ကို ဖမ်းဆီးရန် ပြင်လိုက်သည်။

အထွတ်အထိပ် သိုင်းသူတော်စင်နှစ်ဦး မဆိုထားနှင့်၊ လူသားအင်မော်တယ် နှစ်ဦးပင်လျှင် သူ၏ မူလဝိညာဉ်နတ်ဘုရား၏ စွမ်းအားရှေ့မှောက်တွင် အလွယ်တကူ ဖမ်းဆီးခံရပေလိမ့် မည်။

ဖူး…

ထိုအထွတ်အထိပ် သိုင်းသူတော်စင်နှစ်ဦးမှာ မူလဝိညာဉ်နတ်ဘုရားကို မြင်သောအခါ အံ့သြသွားကြသည်။ သူတို့ထဲမှ တစ်ဦးက လက်ဗလာဖြင့် ထိုးနှက်လိုက်ပြီး၊ ကျန်တစ်ဦးက အခုလေးတင် ရရှိထားသော အရိုးဖြူလှံဖြင့် ထိုးစိုက်လိုက်သည်။ သူတို့၏ ကျယ်ပြောလှ သော သိုင်းဆန္ဒမှာ လေထုကို ဆုတ်ဖြဲသွားတော့သည်။

သူတို့၏ သိုင်းဆန္ဒမှာ ချေမှုန်းလိုသော ဖိအားများဖြင့် ပြည့်နှက်နေသည်ကို ဟုန်ယွိ ခပ်ရေးရေး ခံစားလိုက်ရသည်။ ထိုဖိအားသာ လူတစ်ဦး၏ ခန္ဓာကိုယ်ပေါ် ကျရောက်ပါက သူတို့၏ စိတ်ဝိညာဉ်ကိုပင် ပြိုကွဲပျက်စီးသွားစေနိုင်သည်။

တချိန်တည်းမှာပင် ထိုသိုင်းသူတော်စင်နှစ်ဦးသည် လေဟာနယ် မုန်တိုင်းကို ဖြတ်ကျော်၍ မူလဝိညာဉ်နတ်ဘုရားဆီသို့ အရှိန်ဟုန်ပြင်းစွာ ပြေးဝင်လာသည်။ သူတို့က ဟစ်ကြွေး လိုက်ရာ မူလဝိညာဉ်နတ်ဘုရားကို ရိုက်ခတ်သွားသည့် အသံလှိုင်းများ ထွက်ပေါ်လာ သည်။

“ဟွန်း” ‘မူလဝိညာဉ်နတ်ဘုရား’ က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း မလှုပ်ရှား ပေ။ သူသည် ဟင်းလင်းပြင်ကို ထိုးဖောက်လာသော လှံကို တိုက်ရိုက် ဖမ်းယူလိုက်ပြီး လက်ကို ဝေ့ယမ်းလိုက်ရာ အထွက်အထိပ် သိုင်းသူတော်စင် တစ်ဦးမှာ လွင့်စဉ်သွားတော့ သည်။

ထို့နောက် မူလဝိညာဉ်နတ်ဘုရား၏ ဖြူစင်သောအလင်းတန်းမှာ ထိုလူနှစ်ဦးကို ရစ်ပတ် ကာ သူ၏ ဝတ်ရုံလက်စကအတွင်းသို့ ဆွဲသွင်းရန် ပြင်လိုက်တော့သည်။

နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးကဲ့သို့ အစွမ်းထက်လှသော ထိုသိုင်းသူတော်စင် နှစ်ဦး မှာ သုံ့ပန်းအဖြစ် အဖမ်းခံရတော့မည့် အခြေအနေသို့ ရောက်ရှိသွားသည်။

သို့သော် ထိုအခိုက်အတန့်တွင် မူလဝိညာဉ်နတ်ဘုရား၏ စိတ်ဝိညာဉ် အတွေးစများမှာ ရုတ်တရက် တုန်ခါသွားခဲ့သည်။ သူသည် ကြီးမားလှသော ဖိအားနှင့် ကြောက်ရွံ့မှုကို ခံစားလိုက်ရပုံရသည်။ ထိတ်လန့်မှု...

မန်... မန်...

နတ်ဘုရားတန်ခိုး အရှိန်အဝါနှင့် တူသော ခန့်ညားထည်ဝါလှသည့် ‘အရှိန်အဝါ’ တစ်ခုမှာ မည်းနက်နေသော လိုဏ်ခေါင်းအတွင်းမှ ထွက်ပေါ်လာသည်။ ဤအရှိန်အဝါမှာ ဟုန်ယွိက ‘ကျုံးဟန်’ ကို သတ်စဉ်က ခံစားခဲ့ရသော အရှိန်အဝါနှင့် ဆင်တူလှသည်။ ၎င်းမှာ ‘ဖန်ဆင်းရှင်’ တစ်ဦးနှင့် တူသလို ‘လူသားအင်မော်တယ်’ တစ်ဦး၏ သိုင်းဆန္ဒနှင့်လည်း တူလှသည်။

“ဘယ်သူက ငါ့တပည့်ကို သတ်ဝံ့တာလဲ။” အသံတစ်သံမှာ အကန့်အသတ်မဲ့ ဟင်းလင်း ပြင်ကို ဖြတ်ကျော်၍ ထွက်ပေါ်လာသည်။ ဝုန်း.. ထို့နောက် မူလစွမ်းအင် ခွန်အား နတ်ဘုရား၏ မှတ်ဉာဏ်အတွင်း၌ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာသည်ကို ဟုန်ယွိ ကြည့်နေမိသည်။

သိုင်းဆန္ဒတစ်ခုမှာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲထွက်ပေါ်လာသည်။ ဤသိုင်းဆန္ဒမှာ အလွန် ပင် သန့်စင်လှသည်။ မျက်စိဖြင့် မမြင်နိုင်သော်လည်း၊ ဧရာမ ‘လက်သီး’ ကြီးတစ်ခုမှာ ဟင်းလင်းပြင်ကို ဖောက်၍ မူလဝိညာဉ်နတ်ဘုရားဆီသို့ ဦးတည်လာသည်ကို ဟုန်ယွိ ခံစားလိုက်ရသည်။

ဤလက်သီးချက်…၊ ၎င်းမှာ ကောင်းကင်ကြီး ပြောင်းပြန်လှန်သွားသကဲ့သို့ သို့မဟုတ် ကောင်းကင်ကို ထောက်ထားသော တိုင်ကြီးများ ကျိုးပျက်သွားသကဲ့သို့ ပြင်းထန်လှသည်။ ကောင်းကင်ယံရှိ မူလစွမ်းအင်များမှာ အရူးအမူး ပြိုကွဲသွားရာ၊ ၎င်းမှာ တိုင်ရှန်တာအိုဂိုဏ်း ၏ ‘ကောင်းကင်တိုင်ဖြတ်ခြင်း’ နှင့် တူသလို၊ ကောင်းကင်မြစ်ကြီး နှစ်ပိုင်းပြတ်၍ စီးကျ လာသည်နှင့်လည်း တူလှသည်။

ကောင်းကင်တိုင်ကို ချိုးဖျက်နိုင်သော သိုင်းဆန္ဒ၊ ကြယ်တာရာမြစ်ကို ဖြတ်တောက်နိုင် သော အရှိန်အဝါ... အတိုင်းအဆမဲ့ ကမ္ဘာကြီးတစ်ခုလုံးမှာ ဤသိုင်းဆန္ဒအောက်တွင် ပေါက်ကွဲတော့မည့် အလားပင်။ ဤသိုင်းဆန္ဒမှာ ‘ဘုံသုံးပါးမူလစွမ်းအင်အမြောက်’ ထက် မနိမ့်ကျဘဲ မည်သည့်သတိပေးချက်မျှ မရှိဘဲ ရုတ်တရက် ရောက်ရှိလာခြင်း ဖြစ်သည်။

ဘုန်း.. ထိုနေရာမှာတင် မူလဝိညာဉ်နတ်ဘုရား၏ ဖြူစင်သော အလင်းတန်းမှာ တိုက်ရိုက် ရိုက်ခွဲခြင်း ခံလိုက်ရပြီး၊ တချိန်တည်းမှာပင် အထွတ်အထိပ် သိုင်းသူတော်စင်နှစ်ဦးမှာ မိစ္ဆာလက်ထဲမှ လွတ်မြောက်သွားခဲ့သည်။

“ပြန်လာခဲ့စမ်း။” ခန့်ညားလှသော အသံမှာ ထွက်ပေါ်လာပြီး၊ နောက်ထပ် သိုင်းဆန္ဒ တစ်ခု က ဟင်းလင်းပြင်ကို ဖောက်ထွက်လာကာ မူလဝိညာဉ်နတ်ဘုရားကို ပိတ်ဆို့လိုက်သည်။ ထို့နောက် ထိုသိုင်းသူတော်စင်နှစ်ဦးမှာ မှောင်မည်းနေသော ဥမင်လှိုင်ခေါင်းအတွင်းသို့ တိုးဝင်သွားပြီး တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားတော့သည်။

မူလဝိညာဉ်နတ်ဘုရား၏ ခန္ဓာကိုယ်မှာ နောက်သို့ ဆုတ်ခွာသွားပြီး ဟင်းလင်းပြင်မှ ကျရောက်လာသော ဖိအားကို ရှောင်တိမ်းလိုက်ရသည်။ ထိုဖိအားသာ သူ၏ ခန္ဓာကိုယ်ကို ထိမှန်ပါက သူ၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် ချေမှုန်းပစ်မည်ကို သူ ကြောက်ရွံ့နေမိသည်။

ဤအဆင့်ရှိသော သိုင်းပညာရှင်တစ်ဦးသည် အဝေးရှိ ဟင်းလင်းပြင်ထဲမှ သိုင်းဆန္ဒကို ထုတ်လွှတ်ရုံဖြင့် သူ့ကို တိုက်ရိုက် ဒဏ်ရာရစေနိုင်သည်။

သို့သော် မူလဝိညာဉ်နတ်ဘုရား နောက်ဆုတ်ခြင်းမှာ ဘာအကျိုးမှ မရှိခဲ့ပေ။ ချက်ချင်းဆို သလိုပင် ကောင်းကင်မြစ်ကို ဖြတ်တောက်နိုင်သော ‘သိုင်းဆန္ဒ’ များမှာ ဟင်းလင်းပြင်ထဲမှ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။ မူလစွမ်းအင် ခွန်အားနတ်ဘုရား၏ မှတ်ဉာဏ်မှ တစ်ဆင့် ဟုန်ယွိသည် ထိုသိုင်းဆန္ဒများအတွင်း၌ ဝတ်စုံဖြူ ဝတ်ဆင်ထားပြီး ‘ချန်ပီယံ မြို့စား’ ကဲ့သို့ ဆံပင်တိုတိုနှင့် လူတစ်ဦးကို မြင်လိုက်ရသည်။ ထိုသူ၏ မျက်နှာမှာ ဝေဝါးနေ သော်လည်း လူငယ်တစ်ဦးနှင့် တူသလို၊ လူလတ်ပိုင်း သို့မဟုတ် သက်ကြီးရွယ်အိုတစ်ဦး၏ အရှိန်အဝါမျိုးလည်း ရှိနေသည်။ ထိုသူသည် မြင့်မားလှသော တောင်ထိပ်တစ်ခုပေါ်တွင် ရပ်လျက် ဟင်းလင်းပြင်ကို တရစပ် ထိုးနှက်နေခြင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ဖြင့် ဟင်းလင်းပြင်ကို အချိန်မရွေး ရိုက်ခွဲပစ်နိုင်မည့်ပုံစံပင်။

တစ်ချိန်တည်းမှာပင် ထိုသူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အပ်စိုက်မှတ် ၈၀၀ ကျော်ကို အတင်း ကြပ် ပွင့်ထားသည်ကို ဟုန်ယွိ ခံစားလိုက်ရသည်။ ထိုအပ်စိုက်မှတ်များသည် စကြာဝဠာ အတွင်းရှိ မူလစွမ်းအင်၊ အလင်းနှင့် သံလိုက်စွမ်းအားများကို အစဉ်မပြတ် အာရုံခံနေကြ သည်။ သူ၏ စိတ်ဝိညာဉ် စွမ်းအားနှင့် ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားမှုများမှာ စကြာဝဠာကြီး နှင့် ၈၀ ရာခိုင်နှုန်းခန့် တစ်သားတည်း ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဤခန့်ညားထည်ဝါမှုက ထိုသူသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အသုံးပြု၍ ဟင်းလင်းပြင်ကို အချိန်မရွေး ရိုက်ခွဲကာ မည်သည့်ကမ္ဘာကိုမဆို တိုက်ရိုက် ဆင်းသက်လာ နိုင်ကြောင်း ပြသနေသည်။

“ဒီလူက ဘယ်သူလဲ၊ ကောင်းကင်အပြင်ပနယ်မြေက ကျွမ်းကျင်သူလား အိုး... အပ်စိုက် မှတ် ၈၀၀ ကျော်တောင်ပဲ၊ ဒါက စစ်နတ်ဘုရားရှန့်ထက်တောင် ပိုအစွမ်းထက်ပုံရတယ်။”

ဟုန်ယွိသည် ဆက်လက်ကြည့်ရှုရန် ပြင်လိုက်သော်လည်း၊ ရုတ်တရက် မူလစွမ်းအင် ခွန်အားနတ်ဘုရား၏ မှတ်ဉာဏ်မှာ ပြတ်တောက်သွားခဲ့သည်။ မူလဝိညာဉ်နတ်ဘုရားက ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး ထွက်ပြေးသွားခဲ့ခြင်းကြောင့်ပင်။

နောက်ဆက်တွဲ မှတ်ဉာဏ်များကို ကြည့်နေစရာ မလိုတော့ပေ။

ဟုန်ယွိ၏ စိတ်ထဲတွင်တော့ အလွန်မြင့်မားသော တောင်ပေါ်တွင် ရပ်နေသည့်၊ ချန်ပီယံ မြို့စားနှင့် ဆံပင်ပုံစံတူသည့် ထိုလူ၏ ပုံရိပ်သာ ကျန်ရစ်တော့သည်။ ၎င်းမှာ ခဏတာ မြင်လိုက်ရခြင်းဖြစ်သော်လည်း စိတ်ထဲတွင် စွဲထင်နေခဲ့ပြီ ဖြစ်သည်။

လားရာမသိသော ကောင်းကင်အပြင်ပနယ်မြေမှာ အမှန်တကယ်ပင် ထိုကဲ့သို့သော သိုင်းတာအို အထွက်အထိပ် ကျွမ်းကျင်သူတွေ ရှိနေတာပဲ။

“နှမြောစရာပဲ၊ ‘ဟင်းလင်းပြင်ဖြိုခွဲခြင်း’ အဆင့်ကို မရောက်မချင်းတော့ ဒါတွေက အိပ်မက် တစ်ခုသာသာပါပဲ။ သူတို့ဟာ နှစ်ပေါင်း နှစ်ရာ၊ သုံးရာအတွင်းမှာ သေဆုံးရမှာပဲ၊ သူတို့ရဲ့ သက်တမ်းက သာမန် တစ္ဆေအင်မော်တယ်တွေ လောက်တောင် မရှည်ကြဘူး။ ခန္ဓာကိုယ် ဆိုတာ အရမ်းကို ထူးခြားဆန်းပြားပြီး ပြည့်စုံလွန်းနေလို့ အတုအယောင်လို့တောင် ထင်ရ တယ်။ အဲဒီ အတုအယောင် ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး စိတ်ဝိညာဉ်နဲ့အတူ စစ်မှန်တဲ့ ခန္ဓာကိုယ်ကို ကျင့်ကြံတာကမှ အသက်ရှည်ခြင်းရဲ့ လမ်းစဉ်ပဲ။”

ဟုန်ယွိ သတိပြန်ဝင်လာပြီး ကျီရှန်းထျန်းတွင် ဘာပြဿနာမှ မရှိကြောင်း သိလိုက်ရချိန် မှာပင်၊ ရုတ်တရက် အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။

“ဧကရာဇ်ရဲ့ အမိန့်တော် ပြန်တမ်း ရောက်ရှိလာပါပြီ။”

အခန်း (၅၄၆)။

“နှမြောဖို့ကောင်းတာက ‘လူသားအင်မော်တယ်’ တွေဟာ အထွတ်အထိပ် အဆင့်ထိ ကျင့်ကြံနိုင်ခဲ့ပေမဲ့၊ ဒါက သူတို့အနေနဲ့ ဒီ‘မဟာကမ္ဘာ’ မှာဆို အနည်းဆုံးတော့ ‘ဖန်ဆင်းရှင်’ တစ်ဦး ဒါမှမဟုတ် အဲဒီထက်ပိုပြီး အစွမ်းထက်နေပြီလို့ ဆိုလိုတာပဲ။ သူတို့ဟာ နှစ်ပေါင်း ၅၀၀၀ ကနေ ၆၀၀၀ အထိ ဘာပြဿနာမှမရှိဘဲ ရှင်သန်နိုင်သင့်တာ။ ဒါပေမဲ့ အခုတော့ သူတို့ဟာ နှစ်ပေါင်း ၂၀၀ ကနေ ၃၀၀ လောက်အထိပဲ အသက်ရှင်နိုင်ကြတယ်။ ဒါဟာ ကျဉ်းမြောင်းတဲ့ အက်ကွဲကြောင်းကြားကနေ ဖြတ်ပြေးသွားတဲ့ မြင်းဖြူလေးတစ်ကောင် လိုပဲ။ တခဏအတွင်း ပျောက်ကွယ်သွားရတာပဲ။ ဘယ်လောက်ပဲ နတ်ဘုရားစွမ်းရည်တွေ ကြီးမားပါစေ ဘာအသုံးကျမှာလဲ။”

မူလစွမ်းအင် ခွန်အားနတ်ဘုရား၏ မှတ်ဉာဏ်များမှတစ်ဆင့် ဟုန်ယွိသည် ကောင်းကင် အပြင်ပနယ်မြေရှိ လူသားအင်မော်တယ် အထွတ်အထိပ်သို့ ရောက်နေသော အမည်မသိ ထိုကျွမ်းကျင်သူကြီးကို မြင်တွေ့ခဲ့ရသည်။ ဟုန်ယွိသည် သူ၏စိတ်နှလုံးမှာ တုန်လှုပ်သွားရ သလို တစ်ဖက်ကလည်း သက်ပြင်းချမိသည်။

သို့သော် ကျီရှန်းထျန်း ဘေးကင်းနေသည်ကို သိရသဖြင့် သူ စိတ်သက်သာရာ ရသွားခဲ့ သည်။

ကျီရှန်းထျန်းသည် ‘ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းအရပ်’ ရှိ လျှို့ဝှက်လမ်းကြောင်း များကို အမှန်တကယ် သိရှိနေပြီး အန္တရာယ်မှ လွတ်မြောက်ရန် ၎င်းတို့ကို အသုံးပြုသွားခဲ့ သည်။ သူမသည် အခြားသော လျှို့ဝှက်ချက်များစွာကိုလည်း သိရှိထားပုံရသဖြင့် သူမသည် သာမန်ကလေးမလေး မဟုတ်ကြောင်း ထင်ရှားပေသည်။

ကျီရှန်းထျန်းတွင် လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိနေမလဲ။

ကြည်လင်အေးချမ်းပြီး ကျန်းမာခြင်းနှင့် ကံကောင်းခြင်းကို ကိုယ်စားပြုပြီး၊ ဘာအန္တရာယ် မှ ရှိပုံမရသည့် ဤမိန်းမငယ်လေးသည် ရုတ်တရက်ဆိုသလို လျှို့ဝှက်ဆန်းကြယ်လာခဲ့ သည်။ သူမ၏ လျှို့ဝှက်ချက်များမှာ မူလဝိညာဉ်နတ်ဘုရားထက်ပင် ပိုမိုနက်နဲနေပုံရ သည်။

“နောက်တစ်ခါ သူမနဲ့တွေ့ရင် အဲဒီအကြောင်း မေးကြည့်ရမယ်။ သူမက ရှေးဦးခေတ် မဟူရာစကြာဝဠာ နတ်ဘုရားလက်သည်းနဲ့ ရွှမ်တူး ဆန်းကြယ်မိစ္ဆာ မဟာအမှောင်ထု ဂါထာတွေကိုတောင် သုံးနိုင်နေတာပဲ။ ဒီအနှိုင်းမဲ့ ပညာရပ်နှစ်မျိုးက ငါ့ရဲ့ ကမ္ဘာဦးအစ ဖန်ဆင်းခြင်းကျမ်းကို ပြည့်စုံစေဖို့နဲ့ အလင်းနဲ့အမှောင်ရဲ့ လျှို့ဝှက်ချက်တွေကို နားလည်ဖို့ အတွက် အများကြီး အထောက်အကူဖြစ်မှာပဲ။”

သူ တွေးတောနေစဉ်မှာပင် အပြင်ဘက်မှ ဧကရာဇ်၏ အမိန့်တော်ပြန်တမ်းကို ကြေညာသံ ထွက်ပေါ်လာသည်။

ဟုန်ယွိသည် အတွေးတစ်ချက်နှင့်အတူ နေလစကြာဝဠာ ဆေးပေါင်းအိုး အတွင်းမှ ပျံသန်း ထွက်လာခဲ့သည်။ မိန်းမစိုးအများအပြား ခြံရံထားသော နန်းတွင်းအရာရှိ မိန်းမစိုးကြီး တစ်ဦးကို နန်းတော်တံခါးဝသို့ ရောက်ရှိလာပြီး အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာသည် ကို သူ မြင်လိုက်ရသည်။

ထိုမြင်ကွင်းကို မြင်သောအခါ ရှဲ့ဖင်းဖင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူမက လက်ကို ဝှေ့ယမ်း၍ သေးငယ်သော မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်ရာ နေလ စကြာဝဠာ ဆေးပေါင်းအိုးမှာ တုန်ခါသွားပြီး ဟင်းလင်းပြင်အတွင်းသို့ ကိုယ်ရောင်ဖျောက်သွားတော့ သည်။

“ဧကရာဇ်ရဲ့ အမိန့်တော် ရောက်ရှိလာပါတယ်။ ဟုန်ယွိနဲ့ နတ်ဘုရားတန်ခိုးရှင်ဘုရင်တို့ အမိန့်တော်ကို နာခံကြပါ...”

ထိုမိန်းမစိုးများ ဝင်လာသောအခါ သူတို့ကို ခြံရံထားသည့် မိန်းမစိုးခေါင်းဆောင်ကြီး၏ မျက်လုံးများက ဝင်းလက်သွားသည်။ သူက ဟုန်ယွိနှင့် ရှဲ့ဖင်းဖင်းတို့ကို မြင်သောအခါ အသံကို မြှင့်၍ အော်ဟစ်လိုက်သည်။ ထို့နောက် တောင်ဘက်သို့ မျက်နှာမူ၍ ရပ်ကာ ထိုသူနှစ်ဦး အမိန့်တော်ကို ဒူးထောက်နာယူရန် စောင့်ဆိုင်းနေတော့သည်။

...

“ရှင်တို့ ဘယ်လိုလုပ်ပြီး ဒီထဲကို ဝင်လာတာလဲ။”

ရှဲ့ဖင်းဖင်းသည် အမိန့်တော်ကို နာယူမည့်ပုံမပြဘဲ၊ အေးစက်သော မျက်နှာသားဖြင့် ထိုမိန်းမစိုးများကို မေးလိုက်သည်။

ဤနေရာမှာ နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူး ခေတ္တနေထိုင်သည့် ယာယီနန်းဆောင် တစ်ခု ဖြစ်သည်။ အမိန့်တော် လာပို့သည့် မိန်းမစိုးများပင် ဖြစ်စေကာမူ သူတို့ စိတ်ကြိုက် ဝင်ထွက်ခွင့် မရှိပေ။ အမိန့်တော် လာပို့သူများသည် နန်းတော်အပြင်ဘက် တံခါးဝတွင် ရပ်တန့်ရမည် ဖြစ်ပြီး၊ တံခါးစောင့်စစ်သည်များက သတ်မှတ်ထားသော အဆောင်သို့ လမ်းပြပို့ဆောင်သည်အထိ စောင့်ဆိုင်းနေရမည် ဖြစ်သည်။ ထို့နောက်မှသာ နတ်ဘုရား တန်ခိုးရှင် ဘုရင်ယန်တူးကို အကြောင်းကြားပြီးမှ အမိန့်တော် နာခံရခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဘာအကြောင်းကြားချက်မှ မရှိဘဲ ဇွတ်အတင်း ဝင်လာခြင်းမှာ အတော်လေး လျှို့ဝှက်ဆန်းကြယ်နေ၏။ ပို၍ ထူးဆန်းသည်မှာ ဘုရင်ယန်တူး၏ အိမ်တော်အတွင်းရှိ မည်သူကမျှ သူတို့ကို မတားဆီးခြင်းပင် ဖြစ်သည်။

ရှဲ့ဖင်းဖင်း သာမက ဟုန်ယွိပင်လျှင် အနည်းငယ် အံ့သြသွားရသည်။

“မင်းသမီး... ကျွန်တော်မျိုးကို ခွင့်လွှတ်ပါ။ ဒီအမိန့်တော်က အလွန်တရာ အရေးကြီးလွန်း လို့ပါ။ ကျွန်တော်မျိုးတို့ ခုနက အိမ်တော်အပြင်ဘက်မှာ ရှိနေတုန်း နန်းဆောင်ထဲကနေ ကောင်းကင်ကို ထိုးတက်သွားတဲ့ အနီရောင်အလင်းတန်းနဲ့ ပြင်းထန်တဲ့ အရှိန်အဝါတွေကို မြင်လိုက်ရလို့ တစ်ခုခု ဖြစ်ပြီအထင်နဲ့ အမြန်ပြေးဝင်လာမိတာပါ။”

မိန်းမစိုးခေါင်းဆောင်သည် ရှဲ့ဖင်းဖင်း၏ မေးခွန်းကို ကြားသောအခါ အက်ရှရှအသံဖြင့် ဖြေကြားလိုက်သည်။ သူ၏အသံမှာ အလွန်ပင် ထူးဆန်းလှသည်။

“အော်... သူတို့က အရောင်တစ်ရာ အရိပ်မဲ့ဝတ်ရုံကို ဝတ်ထားတာကိုး၊ ဒါကြောင့်လည်း ဘယ်သူမှ မသိဘဲ ဝင်လာနိုင်တာပဲ။” ဟုန်ယွိက ကြည့်လိုက်သောအခါ ထိုမိန်းမစိုးများ ဝတ်ထားသော အဝတ်အစားများမှာ အရောင်တစ်ရာ အရိပ်မဲ့ဝတ်ရုံ အမျိုးအစား ဖြစ်သ လို၊ ပို၍ပင် လက်ရာမြောက်လှသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် သူတို့၏ သိုင်းပညာ မှာလည်း မြင့်မားပြီး ကိုယ်ရောင်ပါ ဖျောက်ထားနိုင်သဖြင့် မည်သူမှ မသိအောင် ခိုးဝင်လာ နိုင်ခြင်းမှာ မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။

သို့သော် ၎င်းမှာ အလွန်ပင် မောက်မာလွန်းလှပြီး သူတစ်ပါးကို အထင်အမြင်သေးရာ ရောက်သည်။

“တော်ဝင်ချန် တော်ဝင်မိသားစုက နတ်ဘုရားတန်ခိုးရှင်ဘုရင်ကို အရေးယူတော့မှာလား။ အမိန့်တော် လာပို့တဲ့ မိန်းမစိုးအချို့ကတောင် ဘုရင်ယန်တူးအိမ်တော်ရဲ့ ဥယျာဉ်ထဲအထိ ဇွတ်ဝင်လာရဲတယ်ဆိုတာ ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး။ နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူးရဲ့ အဆင့်အတန်းအရဆိုရင် ဧကရာဇ် ‘ယန်ဖန်’ က သူ့ကို ဒုက္ခပေးချင်ရင်တောင် အမိန့်တော်တစ်စောင်တည်းနဲ့ တိုက်ရိုက် အဆုံးစီရင်လို့ မရဘူး။ ကောင်းမွန်စွာ ဖြောင်းဖျ ပြောဆိုရဦးမယ်။”

“အမိန့်တော်ကို ကြေညာနေစရာ မလိုဘူး၊ ငါ့ကိုပေး” ဟုန်ယွိသည် လေထဲသို့ လက်ကို ဆန့်ထုတ်ပြီး လှမ်းယူလိုက်သည် ဝုန်း.. ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခုက ဟင်းလင်းပြင်မှ ပေါ်ထွက်လာပြီး အမိန့်တော်လာပို့သော မိန်းမစိုးများကို အပြည့်အဝ လွှမ်းခြုံသွားတော့သည်။

ဘုန်း… မိန်းမစိုးများမှာ ချက်ချင်းပင် ထိတ်လန့်သွားကြသည်။ သူတို့က လက်သီးများဖြင့် အရှိန်အဟုန်ပြင်းပြင်း ပြန်လည်ထိုးနှက်လိုက်ရာ ဟုန်ယွိ၏ လေစီးကြောင်းကို ရိုက်ခတ် သွားသည်။ သို့သော် ဘာမှမထူးခြားပေ။ ဟုန်ယွိ၏ စွမ်းအားလှိုင်းကြောင်း လူတိုင်းမှာ အသက်ရှူကျပ်သွားပြီး နောက်သို့ လွင့်စင်သွားကြသည်။ မိန်းမစိုးခေါင်းဆောင်၏ မျက်လုံးများ ဝင်းလက်သွားသော်လည်း သူက ပြန်မခုခံဘဲ ဟုန်ယွိကို အမိန့်တော်ယူခွင့် ပေးလိုက်သည်။

“အိမ်တော်ထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်လာမိတာ ကျွန်တော်မျိုးရဲ့ အမှားပါ။ ဘယ်လို အပြစ်ပေးပေး ခံယူပါ့မယ်။ ဒါပေမဲ့ အိမ်တော်အလယ်ကနေ ကောင်းကင်ကို ထိုးတက်သွား တဲ့ အနီရောင်အလင်းတန်းကို ကျွန်တော်မျိုးတို့ တကယ်မြင်လိုက်ရတာပါ။ အရှိန်အဝါက အရမ်းပြင်းလွန်းလို့ အမိန့်တော်နဲ့အတူ ဇွတ်ဝင်လာမိတာပါ။”

မိန်းမစိုးခေါင်းဆောင်သည် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ ထိုအချိန်တွင် သူ၏ မျက်နှာ၌ ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသော်လည်း လေသံမှာမူ ပို၍ ရိုသေ လေးစားသွားခဲ့သည်။

အခုနက ဟုန်ယွိ ဆေးဖော်စပ်စဉ်က အရှိန်အဝါမှာ အမှန်တကယ်ပင် ပြင်းထန်လှသည်။ ၎င်းမှာ ‘အနန္တရွှေဆေးလုံး’ တစ်လုံး မွေးဖွားလာသကဲ့သို့ ဖြစ်နေသဖြင့် လူများစွာက မျက်စိ ကျနေကြခြင်း ဖြစ်သည်။

“မင်းနာမည် ဘယ်သူလဲ။” ရှဲ့ဖင်းဖင်းက ထိုမိန်းမစိုးကို ကြည့်၍ မေးလိုက်သည်။ “နန်းတော်ထဲက မိန်းမစိုးအားလုံးကို ငါသိတယ်၊ ဒါပေမဲ့ မင်းကိုတော့ ငါမမှတ်မိဘူး။”

“ကျွန်တော်မျိုးရဲ့ နာမည်က ‘နင်ယွမ်လိုင်’ ပါ၊ နန်းတော်ထဲ ရောက်တာ မကြာသေးပါဘူး။” မိန်းမစိုးခေါင်းဆောင်က ဖြေသည်။

“နင်ယွမ်လိုင်... နင်ယွမ်လိုင်... အဝေးက လာသူလို့ အဓိပ္ပာယ်ရတာပေါ့၊” ရှဲ့ဖင်းဖင်းက ခဏစဉ်းစားပြီးနောက် “ကောင်းပြီ၊ မင်းတို့က အဝေးကလာရတာဆိုတော့ ပင်ပန်းနေရော ပေါ့။ တစ်ယောက်ယောက်ကို လွှတ်ပြီး မင်းတို့ နားနေဖို့အတွက် စီစဉ်ပေးလိုက်မယ်။ လာကြစမ်း… ဘယ်သူရှိလဲ။”

ရှဲ့ဖင်းဖင်း၏ အော်ဟစ်သံကြောင့် အိမ်တော်အတွင်းရှိ ကျွမ်းကျင်သူအများအပြား သတိပြုမိသွားကြပြီး အပြင်သို့ ပြေးထွက်လာကြသည်။ အမိန့်တော်လာပို့သည့် မိန်းမစိုး များ နန်းဆောင်ရှေ့တွင် ရပ်နေသည်ကို မြင်သောအခါ သူတို့မှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားကြပြီး သူတို့ကို ဝိုင်းရံထားလိုက်ကြသည်။

“မင်းသမီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးတို့က မြို့တော်ကို ပြန်ပြီး အစီရင်ခံဖို့ အလျင်လိုနေတာမို့လို့ ဒီမှာ အကြာကြီး မနေနိုင်ပါဘူး၊ နားဖို့လည်း မဝံ့ရဲပါဘူး။” ထူးဆန်းသော မိန်းမစိုးခေါင်းဆောင်က ရိုသေစွာ ပြောလိုက် သည်။

“ကောင်းပြီ၊ ဒီမိန်းမစိုးတွေကို အိမ်တော်အပြင်အထိ လိုက်ပို့ပေးလိုက်ကြ” ရှဲ့ဖင်းဖင်းက လက်ဝှေ့ယမ်းလိုက်ရာ ကျွမ်းကျင်သူ အမြောက်အမြားက ထိုမိန်းမစိုးများကို ဝိုင်းရံ၍ အပြင်သို့ ခေါ်ဆောင်သွားကြတော့သည်။

...

“ဒီမိန်းမစိုးတွေက နန်းတော်ထဲကလူ ဟုတ်ပုံမရဘူး။ နန်းတော်ထဲမှာ မိန်းမစိုး သောင်းနဲ့ချီ ရှိတယ်။ ဒါပေမယ့် ကျွန်မမှာ သူတို့အားလုံးရဲ့ နာမည်စာရင်း ရှိတယ်။ သူတို့ရဲ့ ရုပ်ရည်၊ မွေးနေ့နဲ့ တခြား အချက်အလက်တွေ အားလုံး ကျွန်မမှာ ရှိပြီးသား။ ပြီးတော့ နန်းတော်ထဲ က မိန်းမစိုးတွေက ဆေးဖော်စပ်ရာမှာ ထူးခြားမှုကို မြင်တာနဲ့ ဇွတ်ဝင်လာရဲမှာ မဟုတ် ဘူး။ ဟုန်ယွိ... ရှင် သတိထားမိလား၊ ဒီမိန်းမစိုးတွေရဲ့ ခေါင်းဆောင်က ‘သိုင်းသူတော်စင်’ အဆင့်ပဲ။ ကျန်တဲ့လူတွေ အားလုံးက ‘မဟာဆရာသခင်’ အဆင့် အထွတ်အထိပ်တွေပဲ။ မိန်းမစိုး သိုင်းသူတော်စင်ဆိုတာ အရမ်းရှားပြီး အဆင့်အတန်းလည်း မြင့်လှတယ်။ ကျွန်မ သူတို့အားလုံးကို စောင့်ကြည့်နေတာပဲ၊ ဒါပေမဲ့ ဒီလိုလူမျိုး ရှိတယ်လို့ ကျွန်မသတင်းတွေ ထဲ မပါဘူး။”

ရှဲ့ဖင်းဖင်းက ဆိုသည်။

“ဒီရက်ပိုင်းမှာ စစ်ပွဲတွေ အနိုင်ရနေလို့ ကျွမ်းကျင်သူ အများပြားက အပြင်မှာ ပစ္စည်းတွေ သိမ်းဆည်းဖို့ ထွက်သွားကြတယ်။ တကယ်လို့, အိမ်တော်ထဲမှာ သိုင်းသူတော်စင် တစ်ယောက်ယောက်သာ ရှိနေရင် သူတို့ ခိုးဝင်လာတာကို သိမှာပါ။” ဟုန်ယွိက ပြောသည်။ “ဒါပေမဲ့ ဒါက ဘာမှမဟုတ်ပါဘူး။ ဒီအမိန့်တော်ကို တစ်ချက်လောက် ကြည့်ရအောင်။”

ဟုန်ယွိလည်း ထူးဆန်းသည်ဟု ခံစားရသော်လည်း၊ မူလစွမ်းအင် ခွန်အားနတ်ဘုရား၏ မှတ်ဉာဏ်ထဲတွင် မြင်ခဲ့ရသော ကောင်းကင်အပြင်ပနယ်မြေ မြင်ကွင်းများကို ပြန်တွေး လိုက်သောအခါ တစ်စုံတစ်ခု ဆက်စပ်နေသကဲ့သို့ ခံစားလိုက်ရသည်။

အမိန့်တော်ကို ဖွင့်လိုက်သည်နှင့် ဖော်ပြမတတ်သော နားလည်ရန်ခက်ခဲသော စာလုံး အလှတို့၏ အရှိန်အဝါတစ်ခုက သူတို့ကို လွှမ်းမိုးသွားခဲ့သည်။ အမိန့်တော်ပေါ်မှ လက်ရေး လှစာလုံးများမှာ ကောင်းကင်တာအိုကို စီရင်၍ မြေထုကို အုပ်စိုးနေသကဲ့သို့ပင်။ ရိုးရှင်းပြီး အားပါလှသော စာကြောင်းအနည်းငယ်မှာ ရှုပ်ထွေးသော စကားလုံးများ မပါဘဲ တိကျ ပြတ်သားလှပေသည်။

“အနောက်ဘက်ဒေသ စစ်ပွဲကြီးတွင် အောင်ပွဲခံနိုင်ခဲ့ပြီး ရန်သူသန်းပေါင်းများစွာကို ချေမှုန်းကာ နိုင်ငံအများအပြား၏ ဘုရင်များကို ဖမ်းဆီးနိုင်ခဲ့သဖြင့် ငါကိုယ်တော် အလွန် ပင် ဝမ်းမြောက်မိပေသည်။ ယန်တူး၊ ဟုန်ယွိ... သင်တို့နှစ်ဦးကို အမြန်ဆုံး အမိန့်ပေးလိုက် သည်။ ဖမ်းဆီးရမိသော သုံ့ပန်းများကို မြို့တော်သို့ အမြန်ဆုံး ပို့ဆောင်ခဲ့ကြလော့၊ ငါကိုယ်တော်တိုင် ‘ဝူးမန်တံခါး’ တွင် ကြိုဆိုမည်။”

“သုံ့ပန်းတွေကို ‘ဝူးမန်တံခါး’ မှာ ဆက်သရမှာလား၊ ဒါက တစ်ကမ္ဘာလုံးကို တုန်လှုပ် သွားစေမယ့် ထူးခြားတဲ့ အခမ်းအနားကြီးပဲ။” အမိန့်တော်ကို ဖတ်ပြီးနောက် ရှဲ့ဖင်းဖင်းက ပြောလိုက်သည်။

“ဒါက တကယ့်ကို ထူးခြားတဲ့ ကိစ္စပဲ၊ ငါတို့ သေချာ စီစဉ်ရမယ်။ သုံ့ပန်းတွေထဲမှာ အရေးကြီးပုဂ္ဂိုလ်တွေ အများကြီး ပါနေတယ်၊ သူတို့အားလုံးကို ပေးလိုက်ရရင် အများကြီး ဆုံးရှုံးသွားလိမ့်မယ်။ ဒါပေမဲ့ အရေးကြီးတဲ့ လူအချို့ကို မပေးပြန်ရင်လည်း ‘ဝူးမန်တံခါး’ မှာ သုံ့ပန်းဆက်သတဲ့ အခမ်းအနားက ဟာသတစ်ခု ဖြစ်သွားလိမ့်မယ်။” ဟုန်ယွိက ဤအမိန့်တော်မှာ အလွန်ပင် ခန့်ညားလှသည်ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

“ဟုန်ယွိ... ရှင်က ‘ဟွာလျှို’ ရဲ့ သူရဲကောင်း ဆယ်ယောက်ကို ဖမ်းထားတယ်၊ မိုးကြိုး ဘုရင်၊ ဧကရာဇ်အကြံပေး ‘ခမ်း’ တို့တောင် ပါသေးတယ်။ သူတို့တွေက အရမ်းကို အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေပဲ။ ရှင် သူတို့ကို ဆက်သမှာလား၊ မဆက်သဘူးလား။” ရှဲ့ဖင်းဖင်း က မေးသည်။

“ဆက်သမှာပေါ့၊ ဘာလို့ မဆက်သရမှာလဲ။ ဒါပေမဲ့ လူသိရှင်ကြား ခမ်းခမ်းနားနား ဆက်သရမယ်။ အားလုံး ပြီးသွားရင်တော့ ကျွန်တော် အောင်မြင်စွာနဲ့ အနားယူတော့ မယ်။” ဟုန်ယွိက မျက်လုံးများကို မှေး၍ ပြောလိုက်သည်။

“အားလုံးကိုတော့ ပေးလို့မရဘူး၊ ငါတို့ရဲ့ အင်အားကိုလည်း ချဲ့ထွင်ရဦးမယ်။”

ထိုအချိန်တွင် အဝေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းမှာ နတ်ဘုရားတန်ခိုး ရှင်ဘုရင် ယန်တူးပင် ဖြစ်သည်။

ယန်တူး၏ ဘေးတွင် အခြားလူတစ်ဦးလည်း ပါလာသည်။ ထိုသူမှာ ဝါဂွမ်းရောင် ပိုးထည်ဝတ်ရုံနှင့် ရွှေရောင်သရဖူကို ဆောင်းထားသည်။ သူသည် ငယ်ရွယ်သော်လည်း ခန့်ညားထည်ဝါသော အရှိန်အဝါ ရှိသည်။ ထိုသူမှာ အခြားလူမဟုတ် တော်ဝင်ချန် တော်ဝင်မိသားစု ‘မင်းသားယု’ ယန်ချန်းပင် ဖြစ်သည်။

မင်းသားယု၏ နောက်တွင် မျက်နှာဖုံးကွယ်ထားသော ကျွမ်းကျင်သူ အယောက်နှစ်ဆယ်၊ သုံးဆယ်ခနှ့် ပါလာသည်။ သူတို့မှာ အစေခံများကဲ့သို့ ဝတ်ဆင်ထားသော်လည်း တစ်ဦးချင်းစီမှာ ကိုယ်ပိုင်ထူးခြားချက်ရှိပြီး သူတို့၏ ထက်မြက်မှုနှင့် မောက်မာမှုများကို ဖုံးကွယ်ထားကြသည်။

“မင်းသားယုက ဘယ်လိုလုပ်ပြီး ဒီလောက် ကျွမ်းကျင်သူတွေ အများကြီးကို စုဆောင်း ထားနိုင်တာလဲ။” ဟုန်ယွိက အနည်းငယ် အံ့သြသွားသည်။ “အရင်တုန်းက မင်းသားယုရဲ့ အိမ်တော်မှာ သူတို့ကို မတွေ့ဖူးပါဘူး။”

“ဟုန်ယွိ... မင်း ဒီမှာ တကယ်ကို ကောင်းကောင်း တိုက်နိုင်ခဲ့တာပဲ။ မင်းရဲ့ စာပေနဲ့ သိုင်းပညာ အောင်မြင်မှုတွေက ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့ပြီ။” မင်းသားယုက ဟုန်ယွိကို မြင်သည်နှင့် ဝမ်းသာအားရ ဖြစ်သွားသည်။ သူက အမြန်လျှောက်လာခဲ့သည်။ သူ၏ သိုင်းပညာမှာလည်း ‘သိုင်းသူတော်စင်’ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ ဟုန်ယွိ ပေးခဲ့သော ‘နတ်ဆိုးနတ်ဘုရား၏ သွေး’ အကူအညီကြောင့်ပင် ဖြစ်သည်။

သူတော်စင်တောက်ဖူကို သတ်ပြီး ရရှိလာသော နတ်ဆိုးနတ်ဘုရားသွေးကို ဟုန်ယွိက မင်းသားယုအား ပေးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် အခုလေးတင် ဧကရာဇ်ရဲ့ အမိန့်တော်ကို လက်ခံရရှိထားပါတယ်။ သုံ့ပန်းတွေ ကို ‘ဝူးမန်တံခါး’ မှာ ဆက်သဖို့ပါ။” ဟုန်ယွိက အမိန့်တော်ကို မင်းသားယုအား ဖတ်ရန် ကမ်းပေးလိုက်သည်။ ဖတ်ပြီးနောက် မင်းသားယုက အနည်းငယ် မျက်မှောင်ကြုတ်လိုက် သော်လည်း ပြန်လည် ပြေလျော့သွားသည်။

“နန်းတော်ထဲမှာ မိန်းမစိုးတွေ အပြောင်းအလဲ ဖြစ်သွားသေးလား။” ဟုန်ယွိက မင်းသားယု ကို မေးလိုက်သည်။

“ဟုတ်တယ်... လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ အများကြီး ပြောင်းလဲသွားတာ။ ကြင်ယာတော်တွေ၊ တော်ဝင်ကြင်ယာတော်တွေ၊ မိဖုရားခေါင်ကြီးတွေနဲ့ ဧကရာဇ်မယ်တော်ရဲ့ ဘေးမှာရှိတဲ့ မိန်းမစိုးတွေအထိ အကုန်ပြောင်းပစ်လိုက်တာ။ အားလုံးက ကျွမ်းကျင်သူတွေချည်းပဲ။ နန်းတွင်းသူတွေတောင် ပြောင်းပစ်လိုက်သေးတယ်။ ခမည်းတော် ဧကရာဇ်က ဒီလူတွေကို ဘယ်မှာ လေ့ကျင့်ပေးထားလဲဆိုတာ ငါတောင် ဘာသတင်းမှ မရလိုက်ဘူး။” မင်းသားယု က ထိတ်လန့် စွာ ပြောသည်။ “အရင်က နန်းတော်ထဲမှာ ငါ့သူလျှိုအချို့ ရှိနေလို့ သတင်း တွေ အမြဲရနေတာ။ ဒါပေမဲ့ အခုတော့ ငါလည်း မျက်စိကန်း၊ နားပင်း ဖြစ်သွားရပြီ။ ငါတစ်ယောက်တည်း မဟုတ်ဘူး၊ တခြား အရာရှိတွေ၊ အထက်တန်းလွှာ မိသားစုကြီး တွေနဲ့ မှူးမတ်တွေလည်း သူလျှိုတွေအားလုံးနဲ့ အဆက်အသွယ် ပြတ်ကုန်ကြပြီ။”

ရှေးယခင်ကတည်းက နန်းတော်ထဲတွင် သူလျှိုများစွာ ရှိနေပြီး လူအများက စောင့်ကြည့် နေကြခြင်း ဖြစ်သည်။ မည်သည့်ကိစ္စကြီးငယ်မဆို အပြင်သို့ ပျံ့နှံ့လေ့ရှိသော်လည်း၊ ယခုအခါမှာမူ ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားခဲ့သည်။ ဘယ်ကမှန်းမသိသော မိန်းမစိုး ကျွမ်းကျင်သူများ ရောက်ရှိလာခြင်းမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ရာ ဖြစ်ပေသည်။

“မင်းသား... မင်းသားဘေးက ဒီကျွမ်းကျင်သူတွေကိုကော ဘယ်ကနေ စုဆောင်းထားတာ လဲ။”

ဟုန်ယွိက မင်းသားယု၏ နောက်ကွယ်မှ ကျွမ်းကျင်သူများကို စိုက်ကြည့်ရင်း မေးလိုက် သည်။

မင်းသားယု၏ နောက်တွင် ကျွမ်းကျင်သူ အယောက် ၂၀၊ သုံးဆယ်ခန့် ရှိနေသည်။ သူတို့ထဲတွင် သိုင်းသူတော်စင် မပါဝင်သော်လည်း ‘မဟာဆရာသခင်’အဆင့် ၁၀ ယောက် ကျော်နှင့် အထွတ်အထိပ် ရှင်တန်သိုင်းသခင်အဆင့် ၁၀ ယောက်ကျော် ပါဝင်သည်။ လူတိုင်းမှာ အလွန်တောင့်တင်းသော ကြွက်သားနှင့် အရိုးဖွဲ့စည်းပုံ ရှိကြသဖြင့် အားကိုးထိုက်သော အင်အားစုတစ်ခု ဖြစ်သည်။

ယခင်က မင်းသားယု၏ အိမ်တော်တွင် မဟာဆရာသခင် တစ်ယောက်၊ နှစ်ယောက်သာ ရှိခဲ့သော်လည်း၊ တစ်နှစ်အတွင်းမှာပင် ဤမျှအထိ တိုးတက်လာခြင်းမှာ ထူးခြားလှပေ သည်။

“ဒါက ငါ့ကို ထောက်ခံပေးတဲ့ အထက်တန်းလွှာမိသားစုကြီး တစ်ခုကပါ...”

မင်းသားယုက ဆိုသည်။

All Chapters