← Chapters

အခန်း (၂၈၇-၂၈၈)

Vol. 29 Ch. 287-288

အခန်း (၂၈၇-၂၈၈)

Vol. 29 Ch. 287-288

အခန်း (၂၈၇) - တတိယသခင်လေး၊ ကျောချန်ယွင်

“ပင်လယ်နီမိစ္ဆာအရှင်က သွမ့်တော်ဝင်မျိုးနွယ်ဝင်တစ်ယောက် ဟုတ်လား။”

ရွှီနင်သာမက ကျန်းဟယ်ပါ မျက်လုံးများ ပြူးကျယ်သွားရသည်။ ဤအကြောင်းကို သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ကြောင်း သိသာလှပေသည်။

“ဟုတ်တယ်...”

သွမ့်ချောင်ဖုန်းက ပြောလိုက်သည်။

“ပင်လယ်နီမိစ္ဆာအရှင်နဲ့ အခုလက်ရှိ သွမ့်တော်ဝင်မျိုးနွယ်ရဲ့ အထွတ်အထိပ်ပညာရှင်ကြီးက မိခင်တစ်ဦးတည်း၊ ဖခင်တစ်ဦးတည်းက မွေးဖွားလာတဲ့ ညီအစ်ကိုအရင်းတွေပဲ”

သွမ့်ချောင်ဖုန်းသည် နောက်ထပ် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်လိုက်ပြန်သည်။

ရွှီနင်နှင့် ကျန်းဟယ်တို့သည် မြို့တော်ရှိ အထွတ်အထိပ်ပညာရှင်ကြီးအကြောင်းကို သဘာဝကျစွာပင် သိရှိထားကြသည်။

သွမ့်တော်ဝင်မျိုးနွယ်သည် ဝမ့်ရှန့်ပြည်နယ်အား နှစ်ပေါင်းများစွာ အုပ်စိုးနိုင်ရုံသာမက ပိုမိုအင်အားကြီးမားလာစေရန် ကျောထောက်နောက်ခံပြုပေးထားသည့် ပုဂ္ဂိုလ်ကြီးမှာ ထိုသူပင် ဖြစ်လေသည်။

အထူးသဖြင့် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်အတွင်း သွမ့်မင်းမျိုးနွယ်သည် ပြည်ပသို့ပင် နယ်မြေချဲ့ထွင်နိုင်သည့် အင်အားမျိုး ရှိလာခဲ့ပေသည်။

ထိုအရာအားလုံး၏ အဓိကအကြောင်းရင်းမှာ ထိုအထွတ်အထိပ်ပညာရှင်ကြီး ရှိနေသောကြောင့်ပင်။

ထိုပညာရှင်ကြီးသည် တာအိုနယ်ပယ်ထက် သာလွန်သော အဆင့်တစ်ခုတွင် ရှိနေလေသည်။

ဝမ့်ရှန့်ပြည်နယ်တွင် သွမ့်တော်ဝင်မျိုးနွယ်၌သာ ထိုကဲ့သို့သော စွမ်းအားမျိုး ရှိပေသည်။

ပင်လယ်နီမိစ္ဆာအရှင်သည် သွမ့်တော်ဝင်မျိုးနွယ်၏ အထွတ်အထိပ်ပညာရှင်ကြီးနှင့် ညီအစ်ကိုအရင်း ဖြစ်နေသဖြင့် ပင်လယ်နီမိစ္ဆာဂိုဏ်းသည် အဘယ်ကြောင့် သွမ့်တော်ဝင်မျိုးနွယ်နှင့် ဤမျှ ရင်းနှီးရသနည်းဆိုသည်ကို ရွှီနင် နောက်ဆုံးတွင် နားလည်သွားတော့သည်။

မင်းသားများနှင့် မင်းသမီးများပင် ထိုဂိုဏ်းထဲသို့ ဝင်ရောက်ကြသည်မှာ အံ့ဩစရာ မရှိတော့ချေ။

“ဒီလိုကိုး...”

ရွှီနင်နှင့် ကျန်းဟယ်တို့မှာ တုန်လှုပ်မှု မပြယ်သေးချေ။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ခမည်းတော် စကားစပ်မိလို့ ပြောပြတာ ကြားခဲ့ရတာပဲ...”

သွမ့်ချောင်ဖုန်းက ဆက်ပြောသည်။

“အထွတ်အထိပ်ပညာရှင်ကြီးနဲ့ ပင်လယ်နီမိစ္ဆာအရှင်တို့ ငယ်ငယ်က သူတို့နှစ်ယောက်ရဲ့ ပါရမီက ကောင်းကင်နဲ့မြေကြီးလို ကွာခြားခဲ့တာတဲ့။ ပညာရှင်ကြီးရဲ့ သိုင်းပညာပါရမီကတော့ ပြိုင်ဘက်ကင်းပဲ။ ဘယ်လောက်ခက်ခဲတဲ့ သိုင်းပညာကိုမဆို တစ်ခါတည်းနဲ့ တတ်မြောက်နိုင်သလို ဆယ်ကျော်သက်အရွယ်မှာတင် အရမ်းစွမ်းအားကြီးတဲ့ သိုင်းကွက်တွေကို တီထွင်နိုင်ခဲ့တယ်။ အခုလက်ရှိ မင်းမျိုးမင်းနွယ်တွေ သင်ယူနေတဲ့ သိုင်းပညာတွေက သူတီထွင်ခဲ့တာတွေပဲ”

“ပင်လယ်နီမိစ္ဆာအရှင်ကတော့ ပါရမီက သာမန်ပဲရှိတာ။ ညီအစ်ကိုမောင်နှမတွေနဲ့ ယှဉ်လို့မရရုံတင်မကဘူး၊ သူ့ကို အရင်းအမြစ်တွေ အများကြီး ပံ့ပိုးပေးထားတာတောင် သူ့အဆင့်က သာမန်ဂိုဏ်းတွေက တပည့်တွေလောက်ပဲ ရှိတယ်။ ဒါပေမဲ့ ပညာရှင်ကြီးက သူ့ရဲ့ အစ်ကိုအရင်း ဖြစ်နေတဲ့အတွက် ဘယ်သူကမှ သူ့ကို မစော်ကားရဲခဲ့ကြဘူး”

“ဒါပေမဲ့ သူ့အစ်ကိုရဲ့ ကာကွယ်မှုအောက်မှာ အမြဲနေခဲ့ရတဲ့ ပင်လယ်နီမိစ္ဆာအရှင်က ဒီကိစ္စကို အရမ်းခံစားလွယ်တယ်။ သူ့အစ်ကိုက ပိုပြီးတောက်ပလေလေ၊ သူက ပိုပြီး သာမန်လူလို ဖြစ်နေလေပဲ။ ဒါကြောင့်လည်း သူက မြို့တော်ကနေ ထွက်ခွာပြီး သစ္စာရှိတဲ့ နောက်လိုက်အချို့ကို ခေါ်ပြီး မိစ္ဆာလမ်းစဉ်ကို လေ့လာဖို့ ဆုံးဖြတ်ခဲ့တာ”

“အဲဒီအချိန်တုန်းက ပင်လယ်နီမိစ္ဆာအရှင်က သူ့ပါရမီနဲ့ဆိုရင် တာအိုနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာတင် ရပ်တန့်သွားနိုင်တယ်ဆိုတာကို ကောင်းကောင်းသိထားတယ်။ ဒါကြောင့် သူက ပုံမှန်မဟုတ်တဲ့ အန္တရာယ်များတဲ့ မိစ္ဆာနည်းလမ်းတွေကို စမ်းသပ်ခဲ့ရတာပေါ့”

“နောက်ဆုံးမှာ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီးတော့ သူ့ကိုယ်ပိုင်လမ်းစဉ်ကို ရှာတွေ့သွားတယ်လေ။ အဲဒီတော့ အင်အားတွေ သိသိသာသာ တိုးတက်လာခဲ့တာပေါ့။ ပြီးတြော သူ့အတွက် အသင့်တော်ဆုံးဖြစ်မဲ့ တာအိုနယ်ပယ် ဆေးဖော်စပ်နည်းအတတ်ပညာဖြစ်တဲ့ ပင်လယ်နီဆေးကျမ်းကိုလည်း တီထွင်နိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ သူ့ရဲ့ အတတ်ပညာတွေ ပျောက်ကွယ်မသွားအောင် ပင်လယ်နီမိစ္ဆာဂိုဏ်းကို တည်ထောင်ခဲ့တာပဲ”

“သွမ့်တော်ဝင်မျိုးနွယ်ရဲ့ ပံ့ပိုးမှုနဲ့အတူ ပင်လယ်နီမိစ္ဆာဂိုဏ်းက အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တယ်။ နှစ်ပေါင်းအနည်းငယ်အတွင်းမှာတင် နှစ်ပေါင်းတစ်ထောင်ကျော် သမိုင်းကြောင်းရှိတဲ့ ဂိုဏ်းတွေကို ကျော်တက်ပြီး ဝမ့်ရှန့်ပြည်နယ်ရဲ့ ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်လာခဲ့တာပေါ့”

သွမ့်ချောင်ဖုန်းက ရွှီနင်နှင့် ကျန်းဟယ်တို့ကို ရှင်းပြနေစဉ်တွင် သူကိုယ်တိုင်ပင် အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။

ပင်လယ်နီမိစ္ဆာအရှင်၏ အတွေ့အကြုံများကို စကားလုံးအနည်းငယ်ဖြင့်သာ ဖော်ပြနိုင်သော်လည်း ခမ်းနားလှသော ထိုမြင်ကွင်းက သွမ့်ချောင်ဖုန်းကိုပင် လေးစားမိစေလေသည်။

“ဒါကြောင့် ရွှီနင်... ပင်လယ်နီမိစ္ဆာဂိုဏ်းကို ဝင်ရောက်ဖို့က မှန်ကန်တဲ့ ရွေးချယ်မှုပဲ”

သွမ့်ချောင်ဖုန်းက ဆက်ပြောသည်။

“သွမ့်တော်ဝင်မျိုးနွယ်က ကျောထောက်နောက်ခံပေးထားတဲ့ ဂိုဏ်းကြီးဖြစ်လို့ မင်းအဲဒီကို ရောက်ရင် ဘာမှ စိတ်ပူစရာ မလိုဘူး။ ပြီးတော့ မင်းက မင်းမျိုးမင်းနွယ် မဟုတ်တဲ့အတွက် ဝမ့်ရှန့်ပြည်နယ်ရဲ့ ထိပ်ဆုံးကို တက်လှမ်းဖို့ ဒါက အကောင်းဆုံး နည်းလမ်းပဲ”

“မင်း ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ မျိုးစေ့တပည့်တစ်ယောက် ဖြစ်လာတဲ့အခါ ငါတို့ အချင်းချင်း ကူညီပေးလို့ရတယ်။ ငါက ယဲ့ဘုရင်ခံအိမ်တော်ရဲ့ အရင်းအမြစ်တွေကို သုံးပြီး မင်းကို ဂိုဏ်းထဲမှာ ရာထူးမြင့်မြင့်ရအောင် ကူညီပေးမယ်။ မင်းကလည်း ငါ့ကို ပြန်ကူညီပေးရင် ငါ့ရဲ့ သွမ့်တော်ဝင်မျိုးနွယ်ထဲက အဆင့်အတန်းကလည်း မြင့်လာမှာပဲ”

သွမ့်ချောင်ဖုန်းသည် သူ၏ ရည်ရွယ်ချက်များကို လုံးဝ ဖုံးကွယ်မထားပေ။

သူနှင့် ရွှီနင်၏ ဆက်ဆံရေးမှာ အပေါ်ယံ စကားများဖြင့် ဖုံးကွယ်ထားရန် မလိုပေ။

“အင်း...”

ရွှီနင်သည် ထိုစကားကို ကြားပြီးနောက် စတင် တွေးတောလေတော့သည်။

ပင်လယ်နီမိစ္ဆာဂိုဏ်း၏ နောက်ခံအကြောင်းအရင်းကို သိရှိသွားပြီးနောက် ရွှီနင်သည်လည်း စိတ်ဝင်စားသွားမိသည်။

သွမ့်ချောင်ဖုန်း ပြောသကဲ့သို့ပင် ထိုဂိုဏ်းသို့ ဝင်ရောက်ခြင်းသည် ဝမ့်ရှန့်ပြည်နယ်တွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပေလိမ့်မည်။

မိမိ၏ သိုင်းပညာလမ်းစဉ်သည် ပိုမိုကျယ်ပြန့်သော စင်မြင့်ထက်တွင်သာ ပိုမိုချောမွေ့ပြီး ထိရောက်မည်ဖြစ်လေသည်။

“ဒါဆို ကျွန်တော် ပင်လယ်နီမိစ္ဆာဂိုဏ်းကို ဘယ်တော့ ဝင်ရမလဲ”

ရွှီနင်က မေးလိုက်သည်။

“ငါ ယဲ့ဘုရင်ခံရာထူးကို ဆက်ခံပြီးတဲ့အထိ စောင့်ပါဦး”

သွမ့်ချောင်ဖုန်းက အခြေအနေကို ချိန်ဆကာ ပြောလိုက်သည်။

“ကောင်းပါပြီ”

ရွှီနင် ခေါင်းညိတ်လိုက်သည်။

သူ ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ ဝင်ရောက်ပြီး မျိုးစေ့တပည့်တစ်ဦး ဖြစ်လာမည့်ကိစ္စကို ဆုံးဖြတ်လိုက်ကြပြီ ဖြစ်သည်။

“ကဲ... တော်ပြီ”

အသေးစိတ်အချက်အလက်များကို အကြမ်းဖျင်း ဆွေးနွေးပြီးနောက် သွမ့်ချောင်ဖုန်းက ပြောလိုက်သည်။

“ကျန်းဟယ်... ရွှီနင်ကို သူ့နေအိမ်ဆီ လိုက်ပို့ပေးလိုက်ဦး။ ရွှီနင်က နောက်လအနည်းငယ်အတွင်း အိမ်တော်မှာပဲ နေရလိမ့်မယ်”

“သွားကြစို့ ရွှီနင်”

ကျန်းဟယ်က ပြုံးလျက် ပြောလိုက်သည်။

“မင်းအတွက် အိမ်တော်ထဲမှာ သီးသန့်အိမ်တော်ငယ်တစ်ခုကို သခင်လေးက ဆောက်ပေးထားတယ်”

“ကျေးဇူးတင်ပါတယ် သခင်လေး”

ရွှီနင် ပြန်ဖြေလိုက်သည်။

ရွှီနင်သည် ယခင်က ယဲ့ဘုရင်ခံအိမ်တော်တွင် သာမန်နေအိမ်တစ်ခု၌သာ နေထိုင်ခဲ့သော်လည်း ပင်လယ်ခရီးစဉ်ပြီးနောက် သူ၏ အဆင့်အတန်းမှာ သိသိသာသာ မြင့်မားလာခဲ့သည်။

ယခုအခါ သူသည် မျိုးစေ့တပည့်အဖြစ် သတ်မှတ်ခံရတော့မည်ဖြစ်ရာ သွမ့်ချောင်ဖုန်းမှ သူ့အား တန်းတူရည်တူ ဆက်ဆံရတော့မည် ဖြစ်သည်။

ကျန်းဟယ်သည် ရွှီနင်ကို ခေါ်ဆောင်ကာ ထွက်လာခဲ့သည်။

အခန်းထဲတွင်မူ သွမ့်ချောင်ဖုန်းသည် ပြတင်းပေါက်နားသို့ လျှောက်သွားကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သူ ပျော်ရွှင်နေလေသည်။

‘ငါတော့ ရတနာတစ်ခု ရှာတွေ့လိုက်တာပဲ။’

သွမ့်ချောင်ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

သူသည် ရွှီနင်ကို တန်ဖိုးရှိသော လက်အောက်ငယ်သားတစ်ဦးအဖြစ် လေ့ကျင့်ပေးလိုသောကြောင့် လက်ခံခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ သူသည် အရေးပါသော လက်ထောက်တစ်ဦးနှင့် သူငယ်ချင်းကောင်းတစ်ဦးကိုပါ ရရှိလိုက်သကဲ့သို့ ဖြစ်နေသည်။

သွမ့်ချောင်ဖုန်းသည် မင်းမျိုးမင်းနွယ် မင်းသားတစ်ပါးဖြစ်သော်လည်း သွမ့်မင်းမျိုးနွယ်ထဲတွင် သူ၏ အဆင့်အတန်းမှာ သိပ်မမြင့်မားလှပေ။

သွမ့်မင်းမျိုးနွယ်အတွင်း၌ ပြိုင်ဆိုင်ရယူရမည့် အဖိုးတန်အရင်းအမြစ်များစွာ ရှိနေသည်။

အကယ်၍ ရွှီနင်သာ ပင်လယ်နီမိစ္ဆာဂိုဏ်းတွင် အခြေခိုင်သွားမည်ဆိုပါက သွမ့်ချောင်ဖုန်းအတွက်လည်း များစွာ အကျိုးရှိပေလိမ့်မည်။

ရွှီနင်မှာ ပင်လယ်နီမိစ္ဆာဂိုဏ်း၏ ခေါင်းဆောင် ဖြစ်လာခဲ့ပါက သွမ့်ချောင်ဖုန်း ရရှိမည့် အကျိုးကျေးဇူးတွေမှာ အတိုင်းအဆမရှိ များပြားပေလိမ့်မည်။

…

ကျန်းဟယ်သည် ရွှီနင်ကို အိမ်တော်ထဲသို့ ခေါ်ဆောင်လာခဲ့သည်။

ပန်းခြံတစ်ခုကို ဖြတ်သန်းသွားစဉ် လူအချို့နှင့် ဆုံမိကြလေသည်။

ထိုလူအုပ်စု၏ ခေါင်းဆောင်ဖြစ်သူမှာ လှပသောအင်္ကျီကို ဝတ်ဆင်ထားပြီး မြင့်မြတ်သော အရှိန်အဝါရှိလေသည်။ သူ၏ မျက်နှာပေါက်မှာ သွမ့်ချောင်ဖုန်းနှင့် ဆင်တူလေသည်။

သူ့နောက်တွင် အစောင့်အချို့ လိုက်ပါလာကြသည်။

ထိုသူကို မြင်လိုက်ရသောအခါ ကျန်းဟယ်သည် ဦးစွာ နှုတ်ဆက်လိုက်သည်။

“တတိယသခင်လေး”

ကျန်းဟယ်က ထိုသူကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။

‘တတိယသခင်လေးလား’

ရွှီနင် စိတ်ဝင်စားသွားသည်။

ကျန်းဟယ်၏ နှုတ်ဆက်စကားကို ကြားလိုက်ရသဖြင့် ထိုသူမှာ မည်သူဖြစ်ကြောင်း ရွှီနင် သိလိုက်ရချေပြီ။ ဤသူမှာ သွမ့်ချောင်ဖုန်း၏ အဖေတူ အမေကွဲညီအစ်ကို၊ ယဲ့ဘုရင်ခံ၏ တတိယမြောက်သား သွမ့်ချောင်ယွီပင် ဖြစ်သည်။

“တတိယသခင်လေး”

ရွှီနင်ကလည်း နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ရွှီနင်သည် ပင်လယ်နီမိစ္ဆာဂိုဏ်း၏ တပည့်အရင်း မဖြစ်သေးသောကြောင့် သူနှင့် သွမ့်ချောင်ယွီတို့၏ အဆင့်အတန်းမှာ ကွာဟနေသေးလေသည်။

သို့သော် ရွှီနင်သာ မျိုးစေ့တပည့်အဆင့် ရရှိခဲ့ပါက သွမ့်ချောင်ယွီအား တန်းတူရည်တူ ဆက်ဆံနိုင်မည် ဖြစ်သည်။

“ဆရာကျန်း”

မထင်မှတ်ထားဘဲ သွမ့်ချောင်ယွီသည် ကျန်းဟယ်အပေါ် အလွန်ယဉ်ကျေးပြူငှာပြီး အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ကျန်းဟယ်သည် ယဲ့ဘုရင်ခံအိမ်တော်တွင် ရာထူးရှိသော်လည်း သွမ့်ချောင်ယွီမှ သူ့ကိုအား ထိုသို့ ခေါ်ဝေါ်ခြင်းမှာ ကျန်းဟယ်ကို မျက်နှာသာပေးခြင်း ဖြစ်ပေသည်။

“ဒါက ဘယ်သူလဲ”

သွမ့်ချောင်ယွီက အကြည့်ကို လွှဲလိုက်ပြီး ရွှီနင်ကို ကြည့်လိုက်သည်။

“ဒါက သခင်လေးရဲ့ ယုံကြည်ရတဲ့ လက်ရုံး၊ ယန့်လုဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရွှီနင်ပါ”

ကျန်းဟယ်က တည်ငြိမ်စွာ မိတ်ဆက်ပေးလိုက်သည်။

“ဪ... မင်းက ရွှီနင်လား”

ရွှီနင်၏ နာမည်ကို ကြားပြီးနောက် သွမ့်ချောင်ယွီ အနည်းငယ် အံ့သြသွားပုံရလေသည်။

“အစ်ကိုကြီးရဲ့ လက်အောက်မှာ ရွှီနင်ဆိုတဲ့ စွမ်းအားကြီး သိုင်းပညာရှင်တစ်ယောက် ရှိတယ်လို့ ငါ ကြားဖူးပါတယ်။ ဒီနေ့မှပဲ ကိုယ်တိုင် မြင်ဖူးတော့တယ်”

သွမ့်ချောင်ယွီသည် ပျော်ရွှင်သော အမူအရာရှိပြီး အလွန်ခင်မင်စရာ ကောင်းလှပေသည်။ သူသည် ဘုရင်ခံအိမ်တော်မှ သခင်လေးတစ်ဦး ဖြစ်သည်ဟုပင် မထင်ရပေ။

“သခင်လေးက ချီးမွမ်းလွန်းနေပါပြီ”

ရွှီနင်က နှိမ့်ချစွာ ပြန်ပြောလိုက်သည်။

သူ ပင်လယ်ခရီးထွက်စဉ်က သွမ့်ချောင်ယွီအကြောင်း စကားအချို့ ကြားခဲ့ရဖူးသည်။

ဤသခင်လေးသည် သွမ့်ချောင်ဖုန်းနှင့် ဆက်ဆံရေးကောင်းပုံ ပေါ်သော်လည်း အမှန်စင်စစ်တွင်မူ နှစ်ဖက်လုံးမှာ မသင့်မြတ်ကြပေ။

“ဆရာကျန်း... ရွှီနင်ကို ဘယ်ခေါ်သွားမလို့လဲ”

သွမ့်ချောင်ယွီသည် သူ၏ လက်ခေါက်ယပ်တောင်ကို ပိတ်လိုက်ပြီး စကားလက်ဆုံ ဆက်ပြောရန် ရပ်လိုက်သည်။

“ရွှီနင်က အိမ်တော်မှာ ခဏ နေလိမ့်မယ်။ သခင်လေး ပြင်ဆင်ပေးထားတဲ့ အိမ်တော်ငယ်ကို ကျွန်တော် လိုက်ပို့ပေးမလို့ပါ”

ကျန်းဟယ်က အမှန်အတိုင်း ဖြေလိုက်သည်။

“ဒီလိုကိုး...”

သွမ့်ချောင်ယွီက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

“မင်း အိမ်တော်မှာ ခဏ နေမှာဆိုတော့ အချိန်ရရင် ငါတို့ သီးသန့်တွေ့ပြီး သောက်ကြစားကြတာပေါ့”

“ကျေးဇူးတင်ပါတယ် သခင်လေး”

ရွှီနင်က ချက်ချင်း သဘောမတူလိုက်ပေ။

သွမ့်ချောင်ယွီနှင့် မည်သည့် ပုဂ္ဂိုလ်ရေး ဆက်ဆံရေးမျိုးမှ မရှိခြင်းက အကောင်းဆုံးဖြစ်ကြောင်း ရွှီနင် ကောင်းစွာ နားလည်ထားသည်။

သူ၏ တုံ့ပြန်မှုသည် အမှန်တကယ်တွင်မူ ငြင်းပယ်ခြင်းပင်။

သွမ့်ချောင်ယွီသည် ရွှီနင်၏ ရည်ရွယ်ချက်ကို သိမသိ မသေချာသော်လည်း သူက ရယ်မောလိုက်ပြီး ဆက်မပြောတော့ချေ။

စကားအနည်းငယ် ထပ်ပြောပြီးနောက် သွမ့်ချောင်ယွီသည် နောက်လိုက်အစောင့်များနှင့်အတူ ထွက်ခွာသွားတော့သည်။

“သူက တတိယသခင်လေး သွမ့်ချောင်ယွီလား”

ရွှီနင်က တိုးတိုးလေး မေးလိုက်သည်။

ထိုစဉ် ကျန်းဟယ်၏ မျက်နှာမှာ အေးစက်သွားသည်။

“တတိယသခင်လေးက အပြင်ပန်းမှာ ဖော်ရွေပုံရပေမဲ့ တကယ်တမ်းတော့ သူက အရမ်း ဉာဏ်များပြီး ပရိယာယ်ကြွယ်ဝတယ်”

ကျန်းဟယ်သည် သွမ့်ချောင်ယွီအပေါ် ရန်လိုသော အမူအရာ ရှိနေပုံရသည်။

“သခင်လေးက ဇနီးကြီးရဲ့သားသာ မဟုတ်ရင် ဘယ်သူက အမွေဆက်ခံသူ ဖြစ်မလဲဆိုတာ တကယ်ကို မသိနိုင်ဘူး...”

ကျန်းဟယ်၏ စကားကို ကြားပြီးနောက် ရွှီနင် မျက်မှောင်ကြုံ့လိုက်မိသည်။

သူ ကျန်းဟယ်၏ စကားကို နားလည်လိုက်သည်။

တစ်နည်းအားဖြင့် ဤသွမ့်ချောင်ယွီသည် သွမ့်ချောင်ဖုန်း၏ အဆင့်အတန်းကို ခြိမ်းခြောက်နေခဲ့ခြင်း ဖြစ်သည်။

ကျန်းဟယ်၏ အတွေးများသည် သွမ့်ချောင်ဖုန်း၏ အတွေးများနှင့် တူညီနေပေလိမ့်မည်။

“ဒါပေမဲ့ အခုတော့ အခြေအနေတွေက အကုန်လုံး အတည်ဖြစ်သွားပါပြီ။ နောက်တစ်လ၊ နှစ်လလောက်ဆိုရင် သခင်လေးက ယဲ့ဘုရင်ခံ ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် တတိယသခင်လေးက အိမ်တော်ကနေ ထွက်သွားရတော့မှာဆိုတော့ သိပ်ပြီး အကျိုးသက်ရောက်မှု မရှိတော့ပါဘူး”

ကျန်းဟယ်က ပြောလိုက်သည်။

“အင်း...”

ရွှီနင် ခေါင်းညိတ်လိုက်သည်။

“သွားကြစို့...”

ထို့နောက် ကျန်းဟယ်သည် ရွှီနင်ကို အိမ်တော်ငယ်ဆီသို့ ခေါ်သွားလေသည်။

အခြားတစ်ဖက်တွင်မူ နွေးထွေးသော အပြုံးကို ပိုင်ဆိုင်ထားသည့် သွမ့်ချောင်ယွီသည် ရွှီနင်နှင့် လမ်းခွဲပြီးနောက်တွင် သူ၏ မျက်နှာထားမှာ ချက်ချင်း မှိုင်းညှို့သွားတော့သည်။

သူ၏ မျက်ဝန်းအိမ်များထဲတွင် မှောင်ရိပ်များ ဖုံးလွှမ်းနေသည်။

ရွှီနင်နှင့် စကားပြောစဉ်ကကဲ့သို့ လူကြီးလူကောင်းဆန်သော ပုံစံမျိုး လုံးဝ မရှိတော့ချေ။

“ရွှီနင်...”

သွမ့်ချောင်ယွီက အေးစက်သော လေသံဖြင့် ရေရွတ်လိုက်သည်။

“အစ်ကိုကြီးရဲ့ ဘေးနားမှာတော့ ပါရမီရှင်တွေက အမြဲရှိနေတာပဲ...”

သွမ့်ချောင်ယွီက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သကဲ့သို့ ပြောလိုက်သည်။

“ဒါပေမဲ့ ဒါကလည်း သဘာဝကျပါတယ်လေ။ အမွေဆက်ခံသူဆိုတဲ့ အဆင့်အတန်းက တစ်နိုင်ငံလုံးက ပါရမီရှင်တွေကို သူ့အလိုလို ဆွဲဆောင်နိုင်တာကိုး။ ငါကတော့ ဘုရင်ခံအိမ်တော်ရဲ့ ကိုယ်လုပ်တော်သားတစ်ယောက်ဆိုတော့ ဒီလိုဆက်ဆံမှုမျိုးကို ဘယ်ရနိုင်ပါ့မလဲ”

“ဒါ့အပြင် ခမည်းတော်ကလည်း မကြာခင်မှာ ဆုံးဖြတ်ချက်တစ်ခု ချတော့မယ် ထင်တယ်။ အစ်ကိုကြီးက နောက်ထပ် ယဲ့ဘုရင်ခံ ဖြစ်လာတော့မယ်...”

သွမ့်ချောင်ယွီက မဲ့ပြုံး ပြုံးလိုက်ည်။

“ဇနီးကြီးရဲ့သားဆိုတဲ့ အဆင့်အတန်းက တကယ်ကို အကျိုးရှိတာပဲ။ အစ်ကိုကြီးရဲ့ ပါရမီက ငါ့ထက် နိမ့်နေသလို သိုင်းပညာပါရမီကလည်း ငါ့ကို မမီတာတောင် သူက ဘုရင်ခံရာထူးကို ရနိုင်သေးတယ်”

“ထားလိုက်ပါတော့... ခမည်းတော်ရဲ့ ဆုံးဖြတ်ချက်ကို ငါ မငြင်းဆန်နိုင်ပါဘူး”

သွမ့်ချောင်ယွီ၏ မျက်လုံးများထဲတွင် နက်ရှိုင်းသော အကြည့်တစ်ခု ပေါ်လာသည်။

“ဒါပေမဲ့ ခမည်းတော် ခန့်မှန်းလို့မရတဲ့ အရာတချို့လည်း ရှိသေးတာပဲ။ အမွေဆက်ခံသူရာထူးကို အစ်ကိုကြီးကို ပေးလိုက်ပေမဲ့ သူ အဲဒီရာထူးပေါ်မှာ ဘယ်လောက်ကြာကြာ ထိုင်နိုင်မလဲဆိုတာ မသိနိုင်သေးဘူး”

ထို့နောက် သွမ့်ချောင်ယွီသည် နောက်လိုက်အစောင့်များကို ခေါ်ဆောင်ကာ မြို့ထဲရှိ ဇိမ်ခံစားသောက်ဆိုင်တစ်ခုသို့ သွားရောက်လိုက်သည်။

စားသောက်ဆိုင် အပြင်ဘက်တွင် သွမ့်ချောင်ယွီသည် အစောင့်များကို လိုက်ခွင့်မပြုတော့ပေ။

သူသည် အခန်းတစ်ခုထဲသို့ ရင်းနှီးကျွမ်းဝင်စွာ ဝင်ရောက်လိုက်သည်။

“တတိယသခင်လေး”

ထိုအခန်းထဲတွင် လူတစ်ယောက်တည်းသာ ရှိနေသည်။

ထိုသူသည် ငယ်ရွယ်သော ပုံစံရှိသော်လည်း ဆံပင်နာကျင်များမှာ မီးခိုးရောင် သန်းနေပြီး အေးစက်သော အရှိန်အဝါ ရှိလေသည်။

“စီနီယာကျော”

သွမ့်ချောင်ယွီသည် ထိုသူကို မြင်သောအခါ ပြုံးလျက် လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။

အကယ်၍ ကျန်းဟယ်သာ ဤနေရာ၌ ရှိနေပါက ဤသူမှာ လက်ရှိယဲ့ဘုရင်ခံ၏ ယုံကြည်ရသော လက်ရုံး၊ အဆင့်မြင့် တာအိုနယ်ပယ် ပညာရှင်ကြီး ကျောချန်ယွင် ဖြစ်ကြောင်း သေချာပေါက် မှတ်မိပေလိမ့်မည်။

သူ၏ သားမှာ ရွှီနင်နှင့် ရန်ငြိုးရှိခဲ့သော ကျောဝေစုန်း ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် ကျန်းဟယ်သည် ကျောချန်ယွင်က ညသားရဲကို ဖမ်းဆီးရန် စေလွှတ်ခြင်း ခံထားရသော်လည်း အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိနေသနည်းဟု သံသယဝင်မိပေလိမ့်မည်။

“စီနီယာကျော... ကျွန်တော် ခုနလေးတင် စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်”

သွမ့်ချောင်ယွီသည် ကျောချန်ယွင်ကို ထိုင်ရန် ဖိတ်ခေါ်ပြီးနောက် ကိုယ်တိုင် ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်သည်။

“ဘယ်သူလဲ”

ကျောချန်ယွင်က မျက်ခုံးပင့်ကာ မေးလိုက်သည်။

“ရွှီနင်လေ”

သွမ့်ချောင်ယွီ၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

“ရွှီနင်လား”

မျှော်လင့်ထားသည့်အတိုင်းပင် ကျောချန်ယွင် ထိုနာမည်ကို ကြားလိုက်ရသောအခါ သူ၏ မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတော့သည်။

သွမ့်ချောင်ဖုန်းနှင့် ကျန်းဟယ်တို့ ပင်လယ်ပြင်မှ အိမ်တော်သို့ ဘေးကင်းစွာ ပြန်ရောက်လာချိန်တွင် သူ၏သား ကျောဝေစုန်းမှာ ပင်လယ်ပြင်၌ ပျောက်ကွယ်သွားကြောင်း သိရှိလိုက်ရသဖြင့် ကျောချန်ယွင်သည် အလွန်ဝမ်းနည်းခဲ့ရသည်။

သို့သော် ယဲ့ဘုရင်ခံ ရှိနေသဖြင့် သူသည် သွမ့်ချောင်ဖုန်းအား ပြဿနာ မရှာနိုင်ခဲ့ပေ။

နောက်ပိုင်းတွင် ကျောချန်ယွင်သည် ရွှီနင်ဆိုသူ ထိုခရီးစဉ်မှ အသက်ရှင် လွတ်မြောက်လာကြောင်း ကြားခဲ့ရလေသည်။

ထို့အပြင် ရွှီနင်သည် ကျောဝေစုန်းနှင့် ယခင်က ပဋိပက္ခဖြစ်ခဲ့ဖူးသေးသည်။

ဤအချက်ကို သိရှိပြီးနောက် ကျောချန်ယွင်၏ မကျေနပ်မှုများက ပိုမိုပြင်းထန်လာခဲ့သည်။

သူတို့နှစ်ဦးလုံးမှာ အလယ်အလတ် တာအိုနယ်ပယ် ပညာရှင်များ ဖြစ်ကြပါလျက်နှင့် အဘယ်ကြောင့် ကျောဝေစုန်းမှာ ပြန်မလာနိုင်ဘဲ ကျောဝေစုန်းနှင့် ရန်ငြိုးရှိသူ ရွှီနင်မှာမူ ပြန်ရောက်လာရသနည်း။

ဤသည်က ကျောချန်ယွင်ကို အလွန် ဒေါသထွက်စေခဲ့သည်။

ဤစိတ်ပျက်မှုများသည် သွမ့်ချောင်ဖုန်းနှင့် ရွှီနင်တို့ အသက်ရှင် လွတ်မြောက်လာခြင်းအပေါ် မကျေနပ်မှုများမှ မြစ်ဖျားခံလာခြင်း ဖြစ်ပေသည်။

ကျောချန်ယွင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ မတည်မငြိမ် ဖြစ်နေသော်လည်း တိုက်ဆိုင်စွာပင် ယဲ့ဘုရင်ခံမှ သူ့အား အခြားအဆင့်မြင့် တာအိုနယ်ပယ် ပညာရှင် သုံးဦးနှင့်အတူ ညယံသားရဲကို ဖမ်းဆီးရန် ပင်လယ်ပြင်သို့ စေလွှတ်ခဲ့သည်။ ဤသည်က သားဖြစ်သူ အသက်ရှင်နေသေးသည်ဟု မျှော်လင့်ချက် ရှိနေသေးသော ကျောချန်ယွင်ကို ထိုမကျေနပ်မှုများကို ခေတ္တဘေးဖယ်ထားစေပြီး ကျောဝေစုန်း၏ ခြေရာကို ပြန်ရှာရန် ပင်လယ်ပြင်သို့ ထွက်ခွာစေခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ ပင်လယ်ပြင်သို့ မထွက်ခွာမီမှာပင် သွမ့်ချောင်ယွီ၏ စကားတစ်ခွန်းကြောင့် သူ၏ အစီအစဉ်များ ပြောင်းလဲသွားခဲ့ရသည်။

ထို့ကြောင့် ကျောချန်ယွင်သည် ပင်လယ်သို့ ထွက်ခွာပြီး မကြာမီမှာပင် အခွင့်အရေးယူကာ ပင်လယ်နက်ထဲ၌ ပျောက်ကွယ်သွားသကဲ့သို့ ဟန်ဆောင်၍ တိတ်တဆိတ် ပြန်လာခဲ့ခြင်း ဖြစ်သည်။

သွမ့်ချောင်ယွီမှ ကျောချန်ယွင်အား ပြောပြခဲ့သည်မှာ ယဲ့ဘုရင်ခံရာထူး ဆက်ခံမည့်သူနှင့် ပတ်သက်သည့် အကြောင်းအရာ ဖြစ်ပေသည်။

ယဲ့ဘုရင်ခံရာထူးအား ဆက်ခံမည့်သူမှာ သွမ့်ချောင်ဖုန်း မဟုတ်ဘဲ သူ (သွမ့်ချောင်ယွီ) ဖြစ်လိမ့်မည်ဟု သွမ့်ချောင်ယွီက ပြောပြခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ သူသည် ဂိုဏ်းတစ်ခု၏ လျှို့ဝှက်ပံ့ပိုးမှုကို ရရှိထားသောကြောင့်ပင်။

အခန်း (၂၈၈) - လျှို့ဝှက်အင်အားစု စန့်ယင်ဂိုဏ်း

သွမ့်ချောင်ယွီသည် လျှို့ဝှက်အင်အားစုတစ်ခု၏ ထောက်ပံ့မှုကို ရရှိထားလေသည်။

ယဲ့ဘုရင်ခံရာထူးကို ဆက်ခံနိုင်ဖွယ်ရှိသည်ဟူသော သတင်းက ကျောချန်ယွင်အား မက်မောသွားစေသည်။

ကျောချန်ယွင်သည် လက်ရှိယဲ့ဘုရင်ခံ၏ ယုံကြည်ရသော လက်ရုံးတစ်ဦးဖြစ်သော်လည်း သခင်လေး သွမ့်ချောင်ဖုန်းနှင့် ဆက်ဆံရေးမှာမူ သာမန်မျှသာ ဖြစ်ပေသည်။

ယခုအခါ ကျောဝေစုန်း၏ ကိစ္စကြောင့် သူတို့နှစ်ဦးကြားတွင် အဆီးအတားတစ်ခုပင် ရှိနေချေပြီ။ သွမ့်ချောင်ဖုန်းသာ ယဲ့ဘုရင်ခံ ဖြစ်လာခဲ့ပါက လူဟောင်းဖြစ်သော မိမိမှာ အိမ်တော်၏ အဓိကအင်အားစုထဲမှ တဖြည်းဖြည်း ဖယ်ထုတ်ခံရမည်ကို ကျောချန်ယွင် ကောင်းစွာ နားလည်ထားပေသည်။

ထိုအချိန်တွင် ကုချင်းစီရင်စုအတွင်း သူ၏ဩဇာအာဏာမှာ ကျဆင်းသွားမည်ဖြစ်ပြီး သူ၏မိသားစုမှာလည်း အခွင့်အရေးနှင့် အရင်းအမြစ်များကို ယခင်ကထက် လျော့နည်းစွာသာ ရရှိတော့ပေလိမ့်မည်။

ကျောချန်ယွင်သည် ဤအချက်ကို အလွန်စိုးရိမ်ပူပန်နေမိသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကျောချန်ယွင်နှင့် သွမ့်ချောင်ယွီတို့မှာ ဆက်ဆံရေး ကောင်းမွန်ကြပေသည်။

သွမ့်ချောင်ယွီ သိုင်းပညာစတင်သင်ယူစဉ်တွင် ကျောချန်ယွင်သည် ဆယ်စုနှစ်တစ်ခုကျော်ကြာ သင်ကြားပြသပေးခဲ့ဖူးသဖြင့် သူတို့နှစ်ဦးကြားရှိ ရင်းနှီးမှုမှာ နက်ရှိုင်းလှလေသည်။

သွမ့်ချောင်ဖုန်းသာ ရွေးချယ်ခံအဆင့်အတန်း မဟုတ်ခဲ့ပါက ကျောချန်ယွင်သည် သူ၏သားဖြစ်သူ ကျောဝေစုန်းအား သွမ့်ချောင်ဖုန်း၏အနားသို့ သွားရောက်အမှုထမ်းစေမည် မဟုတ်ပါချေ။

ကျောချန်ယွင်သည် သွမ့်ချောင်ယွီထံမှ အရေးကြီးသော သတင်းစကားကို ရရှိပြီးနောက်တွင် ထိုနက်ရှိုင်းသော ပတ်သက်မှုကြောင့်ပင် သွမ့်ချောင်ယွီအား တွေ့ဆုံရန် တိတ်တဆိတ် ပြန်လာခဲ့ခြင်း ဖြစ်ပေသည်။

ကျောချန်ယွင်အတွက်မူ ဤကိစ္စမှာ ကျောဝေစုန်းထက် ပို၍ အရေးကြီးနေသည်မှာ ထင်ရှားလှသည်။

သွမ့်ချောင်ယွီအား မည်သည့်ဂိုဏ်းမှ ထောက်ပံ့ပေးထားသည်ကိုမူ ကျောချန်ယွင် မသိရသေးပေ။

သို့သော် သွမ့်ချောင်ယွီ၏ ယုံကြည်မှုအပြည့်ရှိနေသော အမူအရာကို မြင်တွေ့ရပြီးနောက်တွင်မူ ကျောချန်ယွင်၏ စိတ်ထဲမှ သံယယများမှာ လွင့်ပြယ်သွားရတော့သည်။

“ရွှီနင်က ကျောဝေစုန်းနဲ့ ပဋိပက္ခရှိခဲ့တာ။ ကျောဝေစုန်း သေဆုံးသွားတာက သူနဲ့ ပတ်သက်နေနိုင်တယ်”

သွမ့်ချောင်ယွီက ရွှီနင်အကြောင်းကို ဆက်ပြောနေပြီး သူ၏စကားလုံးများထဲတွင် သွေးထိုးလှုံ့ဆော်မှုများ ပြည့်နှက်နေသည်။

“နှမြောစရာကောင်းတာက ရွှီနင်က ကျုပ်ဒုတိယအစ်ကိုရဲ့ အဓိကလူ ဖြစ်နေတာပဲ။ စီနီယာကျောက တာအိုနယ်ပယ်ရဲ့ အဆင့်မြင့်ပညာရှင်တစ်ယောက် ဖြစ်ပေမဲ့လည်း ရွှီနင်ကို ကိုင်တွယ်ဖို့ကတော့ ခက်ခဲလိမ့်မယ်”

သွမ့်ချောင်ယွီက နောက်ပြောင်ကျီစယ်သလိုမျိုး ပြုံးလိုက်လေသည်။

“တတိယသခင်လေး”

ကျောချန်ယွင်၏ မျက်နှာမှာ ပို၍ မည်းမှောင်သွားရသည်။

သူသည် ဤအကြောင်းအရာကို ဆက်မပြောတော့ဘဲ စကားလမ်းကြောင်းလွှဲကာ စမ်းတဝါးဝါး မေးလိုက်သည်။

“သခင်လေး ကျုပ်ကို ဒီတစ်ခါ ပြန်ခေါ်လိုက်တာက...”

“ဟုတ်တယ်... ကျုပ်ကို ယဲ့ဘုရင်ခံဖြစ်လာအောင် ကူညီပေးဖို့ စီနီယာ့ကို ပြန်ခေါ်လိုက်တာ”

သွမ့်ချောင်ယွီက တဲ့တိုးပင် ပြန်ဖြေလိုက်လေသည်။

ကျောချန်ယွင်တစ်ယောက် မျက်မှောင်ကြုံ့လိုက်သည်။

သွမ့်ချောင်ယွီတစ်ယောက် သတင်းစကားပါးခဲ့စဉ်က ဤအကြောင်းကို သိထားပြီးဖြစ်သော်လည်း ကိုယ်တိုင်ကိုယ်ကျ ကြားလိုက်ရချိန်တွင်မူ ကျောချန်ယွင်မှာ အနည်းငယ် တုန်လှုပ်သွားရပေသည်။

သွမ့်တော်ဝင်မိသားစုတွင် အိမ်ရှေ့စံမှ ထီးနန်းမဆက်ခံနိုင်သည့် ကိစ္စမျိုးမှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

သို့သော် ထိုသို့အောင်မြင်နိုင်ရန် အခွင့်အလမ်းမှာမူ အလွန်ပင် နည်းပါးလှပေသည်။

“ကျုပ်က တတိယသခင်လေးအတွက် ဘာများ လုပ်ပေးရမလဲ”

ကျောချန်ယွင်က မေးလိုက်သည်။

အမှန်စင်စစ် သူသည် သွမ့်ချောင်ယွီ၏ နောက်ခံနှင့် မည်သည့်ဂိုဏ်းက ထောက်ပံ့ထားသည်ကို စုံစမ်းလိုခြင်း ဖြစ်သည်။

အကယ်၍ သွမ့်ချောင်ယွီ၏ ဝှက်ဖဲကသာ အစွမ်းထက်နေမည်ဆိုပါက ကျောချန်ယွင်သည် သွမ့်ချောင်ယွီ၏ ဘက်တော်သားအဖြစ် ပါဝင်ကာ အိမ်တော်အတွင်း သူ၏အနာဂတ်ရာထူးကို ဆက်လက်ခိုင်မြဲအောင် ပြုလုပ်ပေလိမ့်မည်။

သွမ့်ချောင်ယွီသည် ထိုသို့အမေးခံရသောအခါ အဓိပ္ပာယ်နက်ရှိုင်းသော အချက်အလက်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။

သူက ကျောချန်ယွင်၏စကားကို တိုက်ရိုက်ပြန်မဖြေဘဲ ပြန်မေးလိုက်သည်။

“စီနီယာကျော... စီနီယာ့ကို ကျုပ်ယုံကြည်လို့ ရမလား”

သွမ့်ချောင်ယွီ၏ အမေးကြောင့် ကျောချန်ယွင် အံ့အားသင့်သွားရသည်။

မိမိကိုယ်တိုင် အလွန်အမင်း အလျင်စလို ဖြစ်နေသည်ကို ကျောချန်ယွင် သတိပြုမိသွားခဲ့လေသည်။

သူသည် သွမ့်ချောင်ယွီကို တွေ့သည့်အချိန်မှစ၍ မိမိဘက်မှ မည်သို့ရပ်တည်မည်ကို တိတိကျကျ မပြောရသေးဘဲ သွမ့်ချောင်ယွီ၏ လျှို့ဝှက်ချက်များကိုသာ မေးမြန်းနေမိသည်။ ဤသည်မှာ မသင့်တော်လှပါချေ။

“တောင်းပန်ပါတယ် သခင်လေး... ကျုပ် ရိုင်းပျသွားတယ်”

ကျောချန်ယွင်က အလျင်အမြန် ပြောလိုက်သည်။ သွမ့်ချောင်ယွီမှ မိမိအပေါ် အထင်အမြင် လွဲမှားသွားမည်ကို သူ မလိုလားပေ။

“ကျုပ်က တတိယသခင်လေးအတွက်ဆိုရင် ဘာမဆိုလုပ်ပေးဖို့ အသင့်ပါပဲ”

ကျောချန်ယွင်၏ အမြင်တွင် သွမ့်ချောင်ယွီ ဤမျှ တည်ငြိမ်နေသည်မှာ သေချာပေါက် ယုံကြည်ချက် ရှိနေသောကြောင့် ဖြစ်ရပေမည်။

တတိယသခင်လေး၏ မိခင်မှာ ဂိုဏ်းချုပ်တစ်ဦး၏ သမီးဖြစ်သည်ကို ပြန်လည်စဉ်းစားမိပြီးနောက် သွမ့်ချောင်ယွီသည် အစွမ်းထက်သော ဂိုဏ်းကြီးအချို့၏ မဟာမိတ်အဖွဲ့မှ ထောက်ပံ့မှုကို ရရှိထားသည်ဟု ကျောချန်ယွင်၏ မသိစိတ်မှ ယုံကြည်သွားမိလေသည်။

အထူးအခြေအနေများတွင် ထိုသို့သော မဟာမိတ်အဖွဲ့များသည် အာဏာလုပွဲများ၌ အဆုံးအဖြတ်ပေးနိုင်သော အခန်းကဏ္ဍမှ ပါဝင်လေ့ရှိပေသည်။

အကြောင်းမှာ ထိုမဟာမိတ်အဖွဲ့များသည် အင်အားစုအသီးသီးနှင့် ရှုပ်ထွေးသော ပတ်သက်မှုများ ရှိနေသောကြောင့်ပင်။

“ကောင်းပြီ”

သွမ့်ချောင်ယွီက ကျောချန်ယွင်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းရင်း ပြောလိုက်သည်။

“စီနီယာကျော... ကျုပ် ယဲ့ဘုရင်ခံရာထူးကိုရဖို့ ကြိုးစားတဲ့အခါ လက်ရှိအိမ်တော်ရဲ့ လက်ရုံးတွေနဲ့ အရင်းအမြစ်အချို့ကို အနစ်နာခံရမယ်ဆိုရင် စီနီယာ ဘယ်လိုထင်လဲ”

“တတိယသခင်လေးသာ ယဲ့ဘုရင်ခံရာထူးကို ဆက်ခံနိုင်မယ်ဆိုရင် အနစ်နာခံမှုအချို့က တန်ဖိုးရှိပါတယ်”

ကျောချန်ယွင်က ပြန်ဖြေလိုက်သည်။

ကျောချန်ယွင်၏ စိတ်နေသဘောထားမှာ အမှန်တကယ်ပင် ဘောင်ကျော်နေခဲ့ချေပြီ။ အကြောင်းမှာ သူသည် ယဲ့ဘုရင်ခံ၏ ယုံကြည်ရသော လက်ရုံးတစ်ဦး ဖြစ်နေသောကြောင့်ပင်။

သွမ့်ချောင်ယွီ၏ ကိုယ်ကျိုးအတွက် အိမ်တော်၏ လူအင်အားနှင့် အရင်းအမြစ်များကို အသုံးချခြင်းမှာ ယဲ့ဘုရင်ခံ၏ အကျိုးစီးပွားကို ထိခိုက်စေခြင်းပင် ဖြစ်ပေသည်။

ကျောချန်ယွင်၏ လုပ်ရပ်မှာ ယဲ့ဘုရင်ခံအပေါ် သစ္စာဖောက်လိုက်ခြင်းသာ ဖြစ်ပေတော့သည်။

သွမ့်ချောင်ယွီမှ ကျောချန်ယွင်၏ အဖြေအပေါ် ထူးထူးခြားခြား တုံ့ပြန်ခြင်း မရှိပါချေ။

သူက ဆက်လက်၍ မေးလိုက်ပြန်သည်။

“တကယ်လို့ ကျုပ်က ယဲ့ဘုရင်ခံရာထူးကို ရဖို့အတွက် ကျုပ်ရဲ့ ဒုတိယအစ်ကိုကို သတ်ရမယ်ဆိုရင်ရော စီနီယာ ကျုပ်ကို ထောက်ခံမှာလား”

“ဗျာ”

ဤတစ်ကြိမ်တွင်မူ ကျောချန်ယွင်မှာ ချက်ချင်း မဖြေနိုင်တော့ပါချေ။

ဤမေးခွန်းမှာ အလွန်ပင် ကြမ်းတမ်းပြီး ထောင်ချောက်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။

အကယ်၍ သူက ထောက်ခံသည်ဟု ပြောလိုက်ပါက သူသည် ယဲ့ဘုရင်ခံအား တရားဝင် သစ္စာဖောက်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။

ဤသည်မှာ သွမ့်တော်ဝင်မိသားစုကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။

အကယ်၍ အခြားသူများသာ ဤစကားကို ကြားသွားပါက ကျောချန်ယွင်တစ်ယောက် ဒုက္ခအကြီးအကျယ် ရောက်ပေလိမ့်မည်။ ယဲ့ဘုရင်ခံကိုယ်တိုင်ပင် သူ့ကို သတ်ပစ်နိုင်ပေသည်။

သို့သော် ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် ကျောချန်ယွင်က သွမ့်ချောင်ယွီအား အပြုသဘောဆောင်သော အဖြေတစ်ခုကို ပေးလိုက်လေသည်။

ဤမေးခွန်းမှာ သူ့အပေါ် သစ္စာရှိမှုကို စမ်းသပ်ခြင်းသာ ဖြစ်သည်ဟု ကျောချန်ယွင်က ယူဆလိုက်သည်။

“ကျုပ်က တတိယသခင်လေးရဲ့ ဆန္ဒအတိုင်း လိုက်နာပါ့မယ်”

ကျောချန်ယွင်က ပြောလိုက်သည်။

ယခုအချိန်မှာ မိမိ၏ အနာဂတ်အတွက် လောင်းကြေးထပ်ရမည့် အချိန်ဖြစ်ကြောင်း သူ ကောင်းစွာ နားလည်ထားသည်။ လက်ရှိအခြေအနေတွင် ညှိနှိုင်းနေရန် အချိန်မရှိတော့ပါချေ။

သွမ့်ချောင်ယွီ၏ မေးခွန်းမှာ အမှန်တကယ်ပင် ရယ်စရာကောင်းလှသည်။

အကယ်၍ သူက မထောက်ခံဟု ပြောလိုက်ပါက သွမ့်ချောင်ဖုန်း၏ အနားမှ ဖယ်ထုတ်ခံရမည့်အပြင် သွမ့်ချောင်ယွီကိုပါ စော်ကားသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

သွမ့်ချောင်ယွီမှ ဤမေးခွန်းအား မေးသည့်အချိန်မှစ၍ သူ၏ သဘောထားအစစ်အမှန်ကို ထုတ်ပြလိုက်ခြင်း ဖြစ်ပေသည်။

အကယ်၍ သူသာ သွမ့်ချောင်ယွီ၏ ဘက်တော်သားအဖြစ် မရပ်တည်ခဲ့ပါက သွမ့်ချောင်ယွီ၏ လက်စားချေခြင်းကို မလွဲမသွေ ခံရပေလိမ့်မည်။

“ကောင်းပြီ”

ထိုစကားကို ကြားသောအခါ သွမ့်ချောင်ယွီက ရယ်မောလိုက်လေသည်။

ဤတစ်ကြိမ်တွင်မူ သူ၏လေသံမှာ အနည်းငယ် ဝင့်ကြွားနေလေသည်။

“ဒါဆိုရင် စီနီယာကျော ကျုပ်အတွက် အလုပ်အကျွေးပြုမှာကို ကျုပ် မျှော်လင့်နေပါ့မယ်”

သွမ့်ချောင်ယွီ၏ သဘောထားကြောင့် ကျောချန်ယွင်တစ်ယောက် စိတ်သက်သာရာ ရသွားတော့သည်။

အနည်းဆုံးတော့ ယခုအခါတွင် သူသည် သွမ့်ချောင်ယွီ၏ အသိအမှတ်ပြုခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

“စီနီယာကျော”

သွမ့်ချောင်ယွီက ဆက်ပြောလိုက်သည်။

“ကျုပ်ရဲ့ နောက်ခံက ဘယ်သူလဲဆိုတာ စီနီယာ သိချင်နေတယ် မဟုတ်လား။ အခု ကျုပ် ပြောပြမယ်”

သွမ့်ချောင်ယွီသည် ကျောချန်ယွင်အတွက် ကိုယ်တိုင်ကိုယ်ကျ ဝိုင်တစ်ခွက် ထပ်ငှဲ့ပေးလိုက်လေသည်။

ကျောချန်ယွင်မှ ကျေးဇူးတင်ကြောင်း အလျင်အမြန် ပြောလိုက်ပြီး ဝိုင်ခွက်ကိုယူကာ သောက်လိုက်‌လေသည်။

ထိုစဉ် သွမ့်ချောင်ယွီ၏ မျက်နှာအမူအရာမှာ ရုတ်တရက် ထူးဆန်းသွားသည်။

“ကျုပ်ရဲ့ နောက်ခံက စန့်ယင်ဂိုဏ်းပဲ”

စန့်ယင်ဂိုဏ်း... ဟုတ်လား။

ဝိုင်သောက်နေသော ကျောချန်ယွင်တစ်ယောက် အလွန်အမင်း တုန်လှုပ်သွားသဖြင့် လက်ထဲမှ ဝိုင်ခွက်ထဲရှိ ဝိုင်များမှာ အဝတ်အစားပေါ်သို့ ဖိတ်စင်ကုန်တော့သည်။

စန့်ယင်ဂိုဏ်းဆိုသည်မှာ နန်းတော်မှ ဖျက်ဆီးပစ်လိုနေသည့် ပင်လယ်ရပ်ခြားဂိုဏ်းတစ်ခု ဖြစ်ပေသည်။ ၎င်းသည် လက်ရှိနန်းတော်၏ နံပါတ်တစ် ရန်သူပင် ဖြစ်သည်။

ကျောချန်ယွင်မှာ မှင်တက်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။

“ကျုပ်က စန့်ယင်ဂိုဏ်းက လူတွေနဲ့ တိတ်တဆိတ် ဆက်သွယ်ထားတာ။ ဒီတစ်ခါ ခမည်းတော် ကုချင်းစီရင်စုကနေ ထွက်ခွာပြီး နန်းမြို့တော်ကို သွားတဲ့အခါ ကျုပ်တို့က စန့်ယင်ဂိုဏ်းကလူတွေနဲ့ ပူးပေါင်းပြီး ကျုပ်ရဲ့ ဒုတိယအစ်ကိုကို ကိုင်တွယ်ကြမှာ”

သွမ့်ချောင်ယွီ၏ လေသံမှာ တည်ငြိမ်နေသော်လည်း ကျောချန်ယွင်ကမူ အသက်ရှူပင် ကျပ်လာသလို ခံစားလိုက်ရသည်။

ဤသည်မှာ သူ မျှော်လင့်ထားသည်နှင့် လုံးဝ ခြားနားနေပေသည်။

ကျောချန်ယွင်သည် မိမိကိုယ်ကိုယ် ရွှံ့နွံထဲသို့ ခြေတစ်ဖက် နစ်နေပြီဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။

သွမ့်ချောင်ဖုန်းကို သတ်မည့်ကိစ္စအား မေးမြန်းခြင်းမှာ စမ်းသပ်ခြင်း မဟုတ်ဘဲ စစ်မှန်သော အစီအစဉ်တစ်ခုသာ ဖြစ်ပေသည်။

“တတိယသခင်လေး”

ကျောချန်ယွင်က အလျင်အမြန်ပင် ထရပ်လိုက်သည်။

“ဒါက အရေးကြီးတဲ့ကိစ္စပဲ။ သခင်လေး အချိန်ယူပြီး စဉ်းစားသင့်တယ်လို့ ကျုပ် အကြံပြုချင်ပါတယ်။ ကျုပ်ကို ခွင့်ပြုပါဦး”

သွမ့်ချောင်ယွီ၏ လက်စားချေမှုကို ခံရမည်ဆိုလျှင်ပင် ကျောချန်ယွင်သည် သွမ့်ချောင်ယွီနောက်သို့ ဆက်မလိုက်နိုင်တော့ပါချေ။

အကယ်၍ ဤကိစ္စသာ ပေါက်ကြားသွားပါက သူသည် သေချာပေါက် သေရမည်ဖြစ်ပြီး သူ၏မိသားစုမှာလည်း ဘေးဒုက္ခနှင့် ကြုံတွေ့ရပေလိမ့်မည်။

ပုန်ကန်သောဂိုဏ်းနှင့် ပူးပေါင်းခြင်းမှာ နန်းတော်၏ ဥပဒေအရ ကြီးမားသော ပြစ်မှုတစ်ခု ဖြစ်ပေသည်။

“စီနီယာကျော... စီနီယာ ကတိဖျက်တော့မလို့လား”

သွမ့်ချောင်ယွီက ရုတ်တရက် ထရပ်လိုက်ပြီး အသံကို မြှင့်ကာ မေးလိုက်သည်။

သူသည် ကျောချန်ယွင်အပေါ် ဖော်ရွေခြင်း မရှိတော့ဘဲ သူ၏မျက်လုံးများထဲတွင် ခြိမ်းခြောက်မှုများ ပြည့်နှက်နေလေသည်။

“တတိယသခင်လေး စိတ်မပူပါနဲ့။ ဒီကိစ္စကို ကျုပ် ဘယ်သူ့ကိုမှ ပြောမှာ မဟုတ်ပါဘူး”

ကျောချန်ယွင်က တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် “ကျုပ် အရင် သွားပါရစေဦး” ဟု ဆိုကာ တံခါးကို တွန်းဖွင့်ရန် ပြင်လိုက်လေသည်။

သွမ့်ချောင်ယွီကမူ နှာခေါင်းရှုံ့ကာ လှောင်ပြုံး ပြုံးလိုက်လေသည်။

သူ တံခါးအပြင်သို့ ထွက်ရန် ပြင်လိုက်စဉ်မှာပင် တံခါး၏ ဘေးတစ်ဖက်တစ်ချက်စီမှ လူရိပ်နှစ်ခု ရုတ်တရက် ပေါ်လာပြီး ကျောချန်ယွင်ကို တားဆီးလိုက်ကြသည်။ ကျောချန်ယွင်တစ်ယောက် အံ့အားသင့်သွားရလေသည်။

သူ အခန်းထဲမှာ ရှိနေစဉ် တံခါးအပြင်ဘက်တွင် လူနှစ်ယောက် စောင့်ဆိုင်းနေသည်ကို လုံးဝ အာရုံမရခဲ့ပါချေ။

‘ဒီလူနှစ်ယောက်လုံးက တာအိုနယ်ပယ်ရဲ့ သတ္တမအဆင့်မှာ ရှိနေတာပဲ။ ငါနဲ့ အဆင့်တူတွေပဲ’

ကျောချန်ယွင်သည် အခန်းထဲသို့ ပြန်ဝင်လာရန် အတင်းအကျပ် ဖိအားပေးခံလိုက်ရလေသည်။

“စီနီယာကျော... စီနီယာ တစ်ခါ ရွေးချယ်ပြီးသွားပြီဆိုရင်တော့ နောက်ဆုတ်ဖို့ လမ်းမရှိတော့ဘူး”

သွမ့်ချောင်ယွီက ပြောလိုက်ပြီးနောက် ထိုလူနှစ်ဦးအနက် တစ်ဦးကို လှမ်းကြည့်လိုက်သည်။

ထိုလူက ခေါင်းညိတ်ပြကာ ဖောက်ထွင်းမြင်ရသော သလင်းလုံးလေးတစ်ခုကို ထုတ်ယူလိုက်သည်။

သူက တာအိုနယ်ပယ်၏ စွမ်းအားများကို အသုံးပြုလိုက်သောအခါ ထိုသလင်းလုံးလေးထဲမှ အသံများနှင့် ပုံရိပ်များမှာ ထွက်ပေါ်လာလေသည်။

ထိုအရာများမှာ ကျောချန်ယွင်နှင့် သွမ့်ချောင်ယွီတို့၏ စကားပြောဆိုချက်များပင် ဖြစ်ပေသည်။

“ဒါ... ဒါက အသံနဲ့ပုံရိပ်ကို မှတ်တမ်းတင်နိုင်တဲ့ လျှို့ဝှက်ရတနာပဲ”

ကျောချန်ယွင်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားတော့သည်။

တစ်ဖက်လူသည် သူ၏ အားနည်းချက်ကို အမိအရ ဆုပ်ကိုင်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

အကယ်၍ ဤအချက်အလက်များသာ ပျံ့နှံ့သွားခဲ့ပါက သူသည် အမှန်တကယ်ပင် အကျပ်အတည်းနှင့် တွေ့ကြုံရမည်ဖြစ်ပြီး လွတ်လမ်းရှိတော့မည် မဟုတ်ပါချေ။

သူသည် တုန်တုန်ရီရီဖြင့် သွမ့်ချောင်ယွီကို လှည့်ကြည့်လိုက်မိသည်။

ဤအခန်းထဲသို့ ဝင်လာကတည်းက သွမ့်ချောင်ယွီ၏ ထောင်ချောက်ထဲသို့ ကျရောက်နေခဲ့ပြီဖြစ်ကြောင်း သူ သိလိုက်ရပြီ ဖြစ်သည်။

“စီနီယာကျော... စီနီယာ့မှာ လွတ်လမ်းမရှိတော့ဘူး...”

သွမ့်ချောင်ယွီက ကျောချန်ယွင်၏ အနားသို့ လျှောက်သွားပြီး ပခုံးကို ပုတ်လိုက်သည်။

“လောင်းကြေးထပ်လိုက်စမ်းပါ။ ကျုပ်နောက်ကိုသာ လိုက်ခဲ့ပါ”

“ကျုပ်က မိုက်ရူးရဲဆန်တဲ့လူ မဟုတ်ပါဘူး။ သေချာ စဉ်းစားပြီးမှ ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ”

သွမ့်ချောင်ယွီက ဆက်ပြောလေသည်။

“စန့်ယင်ဂိုဏ်းက စီနီယာ ထင်ထားတာထက် အများကြီး ပိုပြီး အင်အားကြီးပါတယ်။ လက်ရှိ စန့်ယင်ဂိုဏ်းက ဝမ်ရှန့်ပြည်နယ်က အင်အားစုအမျိုးမျိုးထဲကို ထိုးဖောက်ဝင်ရောက်နေပြီ။ သွမ့်တော်ဝင်မိသားစုထဲက လူအတော်များများတောင် စန့်ယင်ဂိုဏ်းထဲကို ဝင်ထားကြပြီးပြီ”

“နောင်တစ်ချိန်မှာ ကျုပ် ယဲ့ဘုရင်ခံရာထူးကို ရသွားတာနဲ့ စန့်ယင်ဂိုဏ်းထဲ ရောက်နေတဲ့ တော်ဝင်မိသားစုဝင်တွေဆီကနေ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရလာလိမ့်မယ်။ ဒါကြောင့် စီနီယာကျော... စိတ်မပူပါနဲ့”

ကျောချန်ယွင်၏ နှုတ်ခမ်းများမှာ အနည်းငယ် တုန်ရီနေပြီး နောက်ဆုံးတွင်တော့ သူ သက်ပြင်းတစ်ချက်ကိုသာ ချလိုက်လေတော့သည်။

All Chapters