← Chapters

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အပိုင်း 319

ဘန်း။

ဆုပိုင်ဟာ ဘေးဘက်သို့ ခုန်ရင်း သူ့ကို တည့်တည့်ထိုးစိုက်လာသည့် ဓားမြှောင်ကို ရှောင်ရှားလိုက်သည်။ ထို့နောက် လက်နောက်ပြန်ဖြင့် ထိုအမျိုးသား၏ လက်မောင်းကို ဖမ်းကိုင်လိုက်ကာ ခပ်ကြမ်းကြမ်း ဆွဲလိုက်သည်။

ထို့နောက် ဒူးတစ်ဖက်ကို မြှောက်ပြီး တစ်ဖက်သူ၏ ရင်ဘတ်ကို စောင့်ထိုးလျှက် မြေပြင်ပေါ်တွင် အမှောက် သိပ်လိုက်သည်။

“ငါရဲ့အဖေကို ထိခိုက်အောင် မလုပ်နဲ့”

ထို့အချိန်တွင် ထိုကောင်ငယ်လေးက မြေပြင်ပေါ်တွင် လဲနေသော အမျိုးသားကို ကာကွယ်ရန် လက်မောင်းလေးကို ဆန့်တန်းလာသည်။ ထို့နောက် သူ၏မျက်လုံးကို စိုက်ကြည့်ရင်း အော်လာ၏။

“ငါတို့ကို အဖွဲ့ထဲက မောင်းထုတ်ထားတာ”

“ငါတို့ သိပ်မကြာခင် သေတော့မှာပါ။ ကျေးဇူးပြုပြီး ငါရဲ့အဖေကို နာကျင်အောင် မလုပ်ပါနဲ့နော်”

“ဒါတွေ အားလုံးက ငါရဲ့အမှားပဲ။ ငါသာ အဲဒီမိစ္ဆာနဲ့ မတွေ့ခဲ့ဘူးဆိုရင် ဒီလို မောင်းထုတ်ခံရမှာ မဟုတ်ဘူး။ ဝူး ဝူး ဝူး”

ထို့သို့ ပြောပြီးနောက် ထိုကောင်ငယ်လေးက ရင်ကျိုးမရဖြစ်ကာ စငိုသည်။

သူသည်လည်း ထိုတိရစ္ဆာန်လေးအတွက် သနားမိသည်။ ပုံမှန်အားဖြင့် သူ့ကို အလွန်ကြင်နာပေးသော အဖွဲ့ဝင်တစ်ယောက်က ထို့သို့ ရက်စက်လွန်းမည်ဟု မထင်ထားမိပေ။ သူတို့က သူတို့သားဖနှစ်ယောက်လုံးကို အဖွဲ့မှ မောင်းထုတ်လိုက်ကြသည်။

“မပြောနဲ့တော့”

ဝေထာက မြေပြင်မှ ထရပ်နိုင်ရန် ရုန်းကန်သည်။ ထို့နောက် နှုတ်ခမ်းက သွေးများကို သုတ်လိုက်ပြီး ဓားမြှောင်ကို တင်းတင်းကြပ်ကြပ် ကိုင်ကာ အော်သည်။

“ဒါတွေ အားလုံးက မင်းတို့အပြင်လူတွေကြောင့်ပဲ။ ဒါကြောင့် ငါတို့ရဲ့ဘဝက အရမ်း ခက်ခဲနေတာ”

“မင်းတို့အားလုံးက အဲဒီမိစ္ဆာကောင်လိုမျိုး သေဖို့ပဲ တန်တယ်”

“သေစမ်း”

“ငါ မင်းတို့ကို အဖွဲ့ထဲပြန်သွားနိုင်အောင် လုပ်ပေးလို့ရတယ်”

ဆုပိုင်က သူ၏အရှေ့မှ ကောင်ငယ်လေးကို တစ်ချက်ကြည့်လိုက်ကာ လက်သီးကို တဖြည်းဖြည်းချင်းစီ ပြန်ချရင်း ခပ်တိုးတိုးပြောသည်။

“ဒါအပြင် လက်ချောင်းမျောက်က မိစ္ဆာ မဟုတ်ဘူး။ အနှစ်ချုပ်ပြောရရင် ဒါက မင်းတို့အတွက် အများကြီး အကျိုးရှိစေမှာ”

“အပိုတွေ မဖြစ်နိုင်ဘူး”

ဝေထာက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း လေးနက်သော လေသံနှင့် အော်သည်။

“မိစ္ဆာတွေက ကံဆိုးမှုရဲ့ သင်္ကေတပဲ။ သူတို့နဲ့ ဘယ်သူတွေ တွေ့တွေ့ အဖွဲ့ကို ကံဆိုးစေလိမ့်မယ်။ သစ်ပင်တွေက သက်သေပဲလေ”

“ငါတို့အမှားပါ။ ငါတို့ကသာ မိစ္ဆာနဲ့ မတွေ့ခဲ့ရင် ဒါဆိုရင် အဖွဲ့ရဲ့ သစ်ပင်တွေက ဒီလိုဖြစ်လာစရာအကြောင်း မရှိဘူး”

ဆုပိုင်၏နှုတ်ခမ်းများက စွံ့အစွာ ကော့တက်သွားလိုက်သည်။

တကယ်ရူးတာပဲ။

သူအခုလေးတင် သစ်ပင်တွေကို စစ်ဆေးပြီးတာ။ သစ်ပင်တွေ အားလုံးက ပိုးကောင်တွေကြောင့် အပေါက်ဖြစ်နေတာ။

အဖွဲ့က လူတွေက လက်ချောင်းမျောက်တွေ အာလုံးကို ဖယ်ရှားထားလို့ သဘာဝရန်သူမရှိတော့တာကြောင့် ဒီပိုးကောင်တွေက မရေမတွက်နိုင်အောင် မျိုးပွားထားလိမ့်မယ်။

မိုးတောအုပ်ထဲမှ ပိုးကောင်စားတဲ့ သတ္တဝါတွေအများကြီး ဆိုပေမဲ့လည်း သူတို့ရဲ့ စားတဲ့နှုန်းက အရမ်းကို နှေးပြီး လက်ချောင်းမျောက်တွေလောက် မမြန်ဆန်နိုင်ဘူး။

319 02

“ခင်ဗျားသာ ငါရဲ့အစီစဉ်မှုကို လက်ခံမယ်ဆိုရင် ငါ ခင်ဗျားကို အဖွဲ့ထဲ ပြန်ဝင်နိုင်အောင် သေချာပေါက် လုပ်ပေးနိုင်တယ်”

ဆုပိုင်က ထိုနှစ်ယောက်ကို ကြည့်ပြီး ရိုးသားသော လေသံနှင့် ပြောသည်။

“အဖေ ငါတို့ တကယ်ပဲ အဖွဲ့ထဲ ပြန်ဝင်နိုင်မှာလား။ ငါတို့ အပြင်မှာ နေဖို့ အိမ်တောင် မရှိဘူးလေ”

ကောင်ငယ်လေးက ဝေထာကို မျက်လုံးကြီးများဖြင့် ပြန်ကြည့်သည်။

“မင်းမှာ တကယ်ပဲ ဖြေရှင်းချက်ရှိတာလား”

ဝေထာက သားဖြစ်သူ သနားစဖွယ်ပုံစံကို ကြည့်သည်။ ထို့နောက် အံကို ကြိတ်လျှက် ဆုပိုင်ကို မော့ကြည့်လိုက်သည်။

“ဖြစ်နိုင်တယ်”

ဆုပိုင်က လေးလံစွာ ခေါင်းညိတ့်သည်။

ထို့သို့ပြောပြီးနောက်တွင် သူဟာ အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်လျှက် ထိုနှစ်ယောက်ရဲ့အနားသို့ ကပ်သွားပြီး ခပ်တိုးတိုး ပြောပြလိုက်သည်။

“မင်းတို့တွေ …. ဒီလိုလုပ်ရမယ်”

“ဒါက တကယ်ပဲ ဖြစ်နိုင်ပါ့မလား။ ဒါက မိစ္ဆာနော်။ ကံဆိုးမှုတွေကို ယူဆောင်လာပေးမှာ”

“ခင်ဗျား …”

ဝေထာက သူ၏အရှေ့မှ အပြင်လူပြောသော နည်းလမ်းကို ကြားပြီးနောက်တွင် တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ ထို့အပြင်လူဟာ ထိုမိစ္ဆာကောင်က သစ်ပင်များကို အသက်ပြန်အောင် လုပ်ပေးနိုင်တယ်ဟု ပြောလာသည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။

နောက်ပြီး ဒီလူငယ်ရဲ့ပုံစံကို ကြည့်အုန်း။ သူက ဒီမိစ္ဆာတွေအတွက် တော်တော်လေးကို စိတ်မကောင်းဖြစ်နေတဲ့ ပုံပဲ။

“နည်းလမ်းရှိတယ်။ သွားမယ်”

ဆုပိုင်က ဆုံးဖြတ်ချက် ပြတ်သားနေပုံပေါ်သည်။

“သွားရအောင်။ သူတို့ သိပ်မကြာခင် အခမ်းနားပွဲကို ကျင်းပတော့မှာ။ ဒီလက်ချောင်းမျောက်ကသာ သစ်သားတိုင်မှာ အရိုက်ခံလိုက်ရတယ်ဆိုရင် ခင်ဗျား အဖွဲ့ထဲကို ပြန်ဝင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး။ ဒီသစ်ပင်တွေ အားလုံးက သေချာပေါက် သေလိမ့်မယ်”

သူက လေးနက်သော လေသံနှင့် ပြောပြီးနောက်တွင် နောက်သို့ ချောင်ကနဲ လှည့်ကာ အဖွဲ့ဘက်သို့ စလျှောက်သည်။

“အဖေ သူ ပြောတာ တကယ်ပဲ မှန်လား။ ပြောရမယ်ဆိုရင် သူတို့က မိစ္ဆာတွေ မဟုတ်ပဲနဲ့ ငါတို့ကို ကူညီပြီး သစ်ပင်တွေ ကုသပေးမှာလား”

ကောင်ငယ်လေးက ဝေထာ၏လက်ကြီးကို ဆွဲကိုင်လျှက် ဂရုတစိုက် မေးသည်။

“ငါ မသိဘူး”

ဝေထာကိုယ်တိုင်ကလည်း အတွေးနက်နေသည်။

သူဟာ မွေးဖွးလာချိန်ကတည်းက ထိုအကျဉ်းတန်သော သတ္တဝါများက အမဲလိုက်ခံရသည့် ပစ်မှတ်များ ဖြစ်လာသည်။ အဖွဲ့မှ မည်သည့်အဖွဲ့ဝင်ကမဆို ထိုကဲ့သို့သော သတ္တဝါမျိုးကို တွေ့သည့်နှင့် အဖွဲ့ထဲမှ မောင်းထုတ်ခံရသည်။

သို့ရာတွင် သူသည်လည်း ထိုလူငယ်ပြောသော စကားက အလွန်အမင်း ရိုးသားမှန်ကန်ကြောင်း ခံစားမိသည်။

လိမ်နေတာနဲ့လည်း မတူဘူး။

ပိုဆိုးသည်မှာ အလိမ်အညာဆိုရင် အဖွဲ့ဝင်များကို သက်သေပြသောအခါ ပေါ်သွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် သူတို့အားလုံး သေရလောက်သည်။

ဆုပိုင်က အရှေ့ဆုံးမှာ တည်ငြိမ်စွာ လမ်းလျှောက်နေကြောင်း မြင်သောအခါ ဝေထာကလည်း နှုတ်ခမ်းကို တင်းတင်းစေ့ပိတ်လိုက်၏။

မင်းပြောတာ မှန်ဖို့ ငါ မျှော်လင့်တယ်။

ဒီလိုဆိုရင် သူရဲ့သားက ကံဆိုးမှုရဲ့ နှိပ်စက်မှုကို ခံစရာ မလိုတော့တဲ့အပြင် အခုကစပြီး သူတို့တစ်ဖွဲ့လုံး သစ်ပင်တွေ သေတဲ့ကိစ္စကို ပူပန်စရာ မလိုတော့ဘူး။

319 03

သူတို့က မိုးတောအုပ်၏ လမ်းများ တောက်လျှောက် တဖြည်းဖြည်းချင်းစီ လျှောက်သွားလိုက်သည်။

ထို့အချိန်တွင်

အဖွဲ့ထဲတွင် …

မီးပုံ မီးကို မွှေးထားသည်။ လက်မောင်းသမျှ တုတ်သော သစ်သားတိုင်ကြီးက အဖွဲ့၏ အလယ်ဟင်းလင်းပြင်ကြီးတွင် ထင်ရှားစွာ ရှိနေ၏။ လူများအားလုံးကလည်း သစ်သားတိုင်ကို ဝိုင်းရပ်နေကြသည်။ အားလုံး၏မျက်နှာက ဒေါသထွက်နေကြပုံ ပေါ်သည်။

“မြန်မြန်လေး သူ့ကို သေ‌အောင် ရိုက်သတ်လိုက်တော့။ သူ့ကို ကြည့်ရုံနဲ့တင် ငါ့ကို ကံဆိုးစေတယ်လို့ ခံစားရတယ်”

“ဟုတ်တယ်။ ဟုတ်တယ်။ ငါတို့ ဒီသစ်သီးပင်တွေကို စိုက်ပြီး အပြင်လောကဆီက စားစရာတွေ လဲလှယ်နိုင်ဖို့ မနည်း ကြိုးစားခဲ့ရတာ။ ဒါပေမဲ့ ဒါတွေအားလုံးက ဒီသောက်ကျိုးနည်း မိစ္ဆာကောင်တွေ ကြောင့်ပဲ။ … သူ့ကို သေအောင် တိုင်မှာ သံနဲ့ ရိုက်သတ်လိုက်တော့”

“ဝူး ဝူး ဝူး …”

ထိုတစ်ဖွဲ့က လက်နက်များကို မြောက်လျှက် ခပ်ကြမ်းကြမ်း အော်ကြသည်။

“ဝူး ဝူး ဝူး..”

လက်ချောင်းမျောက်လေးက လှောင်အိမ်ထဲတွင် ကွေးနေပြီး ခက်ထန်ကြမ်းတမ်းသော မျက်နှာများနဲ့ လူတစ်အုပ်ကို ကြည့်ကာ ဆက်တိုက်ဆိုသလို အော်ညည်းနေသည်။

“ကလန်ခေါင်းဆောင် ရောက်လာပြီ”

ထိုအချိန်တွင် မီးခိုးရောင်ဆံပင်ဖြင့် လူအိုကြီးတစ်ယောက်က တဲအိမ်လေးထဲမှ တဖြည်းဖြည်းချင်းစီ ထွက်လာသည်။ သူဟာ လက်ထဲတွင် တူတစ်လက်ကို ကိုင်ထားသည်။ ထို့သို့ဖြင့် တစ်လှမ်းချင်းစီ လှမ်းကာ လူတိုင်း၏ရှေ့သို့ ရောက်လာသည်။ သူဟာ လူတိုင်းကို တစ်ချက်ကြည့်ရင်း လေးနက်သော လေသံနှင့် ပြောသည်။

“မိစ္ဆာကို တိုင်မှာ သံနဲ့ရိုက်ရမယ်။ ဒီလိုဆိုရင် ငါတို့ရဲ့ အဖွဲ့ဆီက ကံဆိုးမှုတွေကို ဖယ်ရှားနိုင်မှာပဲ”

“ငါတို့ အဖွဲ့သားတွေ ဆာလောင်မှုနဲ့ ကင်းဝေးလိမ့်မယ်”

ထို့နောက် သူက လှောင်အိမ်ထဲမှ တိရစ္ဆာန်အကောင်ကို ကြည့်၍ မျက်မှောင် အသာကျုံ့သည်။ ထို့နောက် လှောင်အိမ်ကို တဖြည်းဖြည်းချင်းစီ ဖွင့်လျှက် မျောက်ကို ဆွဲထုတ်၏။

“ဝူး ဝူး ဝူး”

“အား အား အား မဟုတ်ဘူး မလုပ်ပါနဲ့”

လက်ချောင်းမျောက်လေးက ကျောချမ်းဖွယ်ကောင်းသော ငိုညည်းသံများကို ထုတ်သည်။

“ဆိုးရွားလိုက်တာ”

အဖွဲ့ခေါင်းဆောင်က လေသံတိုးတိုးနှင့် တစ်ချက် ညည်းညူသည်။ ထို့နောက် ထိုအကောင်လေး၏ခန္ဓာကိုယ်ကို သစ်သားတိုင်တွင် ကပ်လိုက်လေသည်။

“တစ်ယောက်ယောက်လာကိုင်ထား”

သူဟာ ဘေးဘက်ရှိ အဖွဲ့ဝင်တစ်ယောက်ကို လာအော်လိုက်လေသည်။

သူကိုယ်တိုင်က သစ်သားတိုင်ထဲမှ သံကို ဆွဲထုတ်လိုက်ပြီး လက်ချောင်းမျောက်၏နဖူးနားသို့ ထိုးစိုက်ရန် ကြံရွယ်လိုက်သည်။ ထို့နောက် လက်ထဲမှ သံကို မြှောက်လိုက်၏။

လူတိုင်းကလည်း ခေါင်းဆောင်ကို ပြင်းပြစွာ စိုက်ကြည့်နေကြသည်။ သူတို့၏ လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

“သံနဲ့ရိုက်”

“သံနဲ့ရိုက်”

“သံနဲ့ရိုက်”

လူတိုင်းက အော်ဟစ်ရလွန်းသဖြင့် လည်တိုင်များ နီရဲလာကြသည်။

“ဝူး ဝူး ဝူး …”

“ဝူး ဝူး ဝူး…”

++++++ 320 01

အခန်း 320

လက်ချောင်းမျောက်လေးက မျက်လုံးပြူးကျယ်စွာ ဖွင့်လျှက် စိုက်ကြည့်နေရင်း ခန္ဓာကိုယ်တစ်ခုလုံးက ရုန်းကန်နေသည်။ သို့သော် သူဟာ မည်မျှ ကြိုးစားစေကာမှု သစ်သားတိုင်ထံမှ မရုန်းနိုင်ပေ။ သံမှ အအေးဓာတ်ကပင် သူ၏အမွှေးထဲသို့ စိမ့်ဝင်နေသလိုပင် ခံစားရသည်။

“မိစ္ဆာ သေတော့”

ထိုအဖွဲ့ခေါင်းဆောင်က သူ၏လက်ထဲမှ တူကို ခပ်မြှင့်မြှင့် မြှောက်လိုက်ပြီး အော်ဟစ်လိုက်ကာ ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သည်။

ဒိုင်း။

ရုတ်တရက် အနောက်ဘက်မှ သေနတ်ပစ်သံကို ကြားရသည်။ ခေါင်းဆောင်ကလည်း ရင်းနှီးသော အသံမျိုးကို ခံစားမိတော့ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားပြီး ဘေးဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။

သေနတ်ပစ်သံ။

ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ သေနတ်ပစ်သံက ရှိနေမှာလဲ။

မုဆိုးတွေ ထပ်လာပြန်ပြီလား။

ထို့နောက် လက်ထဲတွင် ပစ္စတိုကိုင်ထားသော လူငယ်က သူ့ဘက်သို့ ချိန်ရွယ်ထားကြောင်း မြင်လိုက်ရသည်။

အနီးနားတွင် ရပ်နေသော လူငယ်လေးက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး တိုင်မှ လက်ချောင်းမျောက်ကို ကြည့်ကာ အော်သည်။

“အဖိုး ခေါင်းဆောင် သူက ငါတို့ရဲ့ သစ်သီးပင်တွေကို ကုပေးနိုင်တယ်။ သူက မိစ္ဆာ မဟုတ်ဘူး”

“သူ့ကို သံနဲ့ရိုက်လို့ မရဘူး”

“တကယ်ပြောတာ။ ဉီးလေး ဆုပိုင်က တိရစ္ဆာန်တွေကို လေ့လာတဲ့သူ။ ဒီလက်ချောင်းမျောက်က ငါတို့ရဲ့ သစ်သီးပင်တွေကို ကုပေးနိုင်တယ်။ ငါ မိစ္ဆာကောင်နဲ့တိုးတာ မဟုတ်ဘူး။ ဒါက အဖွဲ့ထဲကို ကံဆိုးမှုတွေ ယူလာပေးမှာ မဟုတ်ဘူး”

“ပေါက်ကရတွေ”

“မင်းက အပြင်က မုဆိုးတွေနဲ့ ပူးပေါင်းတယ်။ ငါတို့ရဲ့ အဖွဲ့က ဒီမိစ္ဆာကောင်ကြောင့် ဒီလောက် အထိနာထားတာ။ ဒီမိုးတောအုပ်တစ်ခုလုံးက ငါတို့ကို စပြီး အပြစ်ပေးနေပြီ”

လူအိုကြီးက ထိုသုံးယောက်ကို သုန်မှုန်သော မျက်နှာဖြင့် ကြည့်ပြီး တဖြည်းဖြည်းချင်းစီ လှည့်လျှက် ပြောလိုက်သည်။

“အပြင်လူတွေကို ဒီနေရာက မကြိုဆိုဘူး။ ငါတို့ရဲ့အဖွဲ့ထဲက ထွက်သွား”

ဟူး။

ဆုပိုင်က အသက်ပြင်းပြင်းရှုပြီး မျက်လုံးများကို အသာ ကျဉ်းမြောင်းလိုက်သည်။

ဒိုင်း။

သူဟာ ပစ္စတိုကို ခပ်မြန်မြန် မြှောက်လျှက် လူအိုကြီး၏ လက်ထဲမှ တူကို လှမ်းပစ်သည်။ ထို့အခါ မီးပွားများက နေရာအနှံ့ လွှင့်စင်သွားသည်။

လူတိုင်းက ကြောက်လန့်တကြား နောက်ဆုတ်လိုက်ကြသည်။ သူတို့၏ လက်နက်များကိုလည်း မြှောက်ပြီး ထိုသုံးယောက်ကို ဝိုင်းလာသည်။

“ခင်ဗျား မစမ်းကြည့်ရင် ဘယ်လိုသိမှာလဲ”

ဆုပိုင်က တည်ငြိမ်သော မျက်နှာနှင့် ထိုလူများကို ကြည့်ကာ သက်ပြင်းချရင်း သစ်သားတိုင်ဘက်သို့ တဖြည်းဖြည်းချင်းစီ လျှောက်လာသည်။ ထို့နောက် လက်ချောင်းမျောက်ကို လုယူလိုက်၏။ သူဟာ ထိုအကောင်လေးကို လက်ဖဝါးပေါ်တွင် တင်ကာ ကိုင်ထားရင်း တုန်ယင်နေသော ကောင်လေးကို ကြည့်ကာ ခပ်တိုးတိုး ပြောသည်။

“ဘယ်သူကမှ မင်းကို ထိခိုက်အောင် မလုပ်ဘူး”

ထို့သို့ပြောပြီးနောက်တွင် သူဟာ သူ၏အရှေ့မှ မှင်သက်နေသော ကလန်ခေါင်းဆောင်ကို ကြည့်ကာ လေးနက်ထားကာ ပြောလိုက်သည်။

“သူက သေနေတဲ့ သစ်သီးပင်တွေကို ကုပေးနိုင်တယ်လို့ ငါပြောတယ်။ ငါပြောပြီးသား။ တကယ်လို့ မကုပေးနိုင်ရင် ငါနဲ့ ဒီမိစ္ဆာကောင်ကို ခင်ဗျားတို့ စိတ်ကြိုက်လုပ်”

320 02

“ဘယ်လိုလဲ”

“ဘာလို့ စမ်းကြည့်ရမှာကို ကြောက်နေတာလဲ။ ဒါက တကယ်ပဲ ကံဆိုးစေတယ်ဆိုရင် တိုင်မှာ သံနဲ့ရိုက်လိုက်ရင်တောင် တကယ် ဖယ်ရှားနိုင်မှာလား သေချာလား”

ထိုလူတစ်ဖွဲ့က အချင်းချင်းကြည့်ကြပြီး ခေါင်းများကို မော့လျှက် ခေါင်းဆောင်ကို ပြန်ကြည့်သည်။

ဟူး။

ခေါင်းဆောင်က သူ၏အရှေ့မှ လူငယ်ကို အုပ်ဆိုင်းနေသော မျက်ဝန်းတစ်စုံဖြင့် ကြည့်သည်။ တစ်ဖက်သူ၏မျက်ဝန်းများက ကြည်လင်နေကြောင်း မြင်သောအခါ သူသည်လည်း အံကိုကြိတ်ပြီး ခေါင်းညိတ်လိုက်၏။

“မင်းသာ သစ်ပင်တွေကို ပိုကောင်းအောင် မလုပ်နိုင်ဘူးဆိုရင် မင်းလည်း တိုင်မှာ သံနဲ့ အရိုက်ခံရမယ်”

“မင်းက ငါတို့ အားလုံးကို သတ်နိုင်တယ်ဆိုရင်တောင်မှ ကံဆိုးမှုက ထာဝစဉ်လိုက်နေမှာပဲ”

လူအိုကြီး၏ စကားကို တုန့်ပြန့်သည့်အနေဖြင့် ဆုပိုင်က ပုခုံးသာတွန့်ပြလိုက်သည်။ မည်သည့်မှတ်ချက်မှ မပေးပေ။

လာနောက်နေတာလား။ လက်ချောင်းမျောက်ရဲ့လုပ်နိုင်စွမ်းရည်ကို စာအုပ်ထဲမှာ ရှင်းရှင်းလင်းလင်း ရေးထားပြီးသား။ ဒါကို ဘာကြောင့် ရှုံးရမှာလဲ။

“ဖက်စ့် ဒီလူတွေက တကယ်ပဲ ရမ်းကားတာလား။ ငါ တကယ် မယုံနိုင်ဘူး”

“အပေါ်က တစ်ယောက်က စာမဖတ်ဘူးဆိုတာ တအား သိသာတယ်။ တရုတ်လူမျိုးတွေက မျိုးမတုန်းခင်ကဆိုရင် ဒီလို အယူမသီးတဲ့လူတွေ တအားနည်းတယ်”

“ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။ အခု မင်းပြောမှပဲ ငါမှတ်မိသွားပြီ။ အာ အနက်‌ရောင် မြင်းခွာတို့လို့လေ။ … ဒါတွေ အားလုံးက အတိတ်က လက်ဆင့်ကမ်းခဲ့တဲ့ အယူသီးလွန်းတဲ့ ကိစ္စတွေပဲ မဟုတ်ဘူးလား။ မိစ္ဆာနှင်ဖို့အတွက် ဒီတိရစ္ဆာန်တွေကို သုံးကြတာဆိုပဲ”

“ဒါက တအား ရူးလွန်းတယ်။ တကယ်သာ မှန်နေမယ်ဆိုရင် တိရစ္ဆာန်တွေက မျိုးတုန်းပျောက်ကွယ်သွားပြီးတဲ့နောက်မှာ လူသားအားလုံးကလည်း သေကုန်ရမှာ မဟုတ်လား”

“ပေါက်ကရတွေ ပြောမနေနဲ့‌တော့ ဒီအကောင်ငယ်လေးက ပိုးကောင်တွေ ဘယ်လိုဖမ်းမလဲ ကြည့်ရအောင်”

“ဟုတ်တယ်။ ငါတို့ရဲ့ သစ်ပင်တွေကသာ ဒီပိုးကောင်တွေကြောင့် မပျက်စီးသွားခဲ့ရင် အနာဂတ်မှာ တိရစ္ဆာန်တွေ ပိုများလာတဲ့အခါ သေချာပေါက်ပေါ်လာမှာပဲ”

“ဒါပေါ့ ဒါရိုက်တာ ဆုပိုင်က မပြောထားဘူးလား။ သဘာဝက ဟန်ချက်ညီဖို့ လိုတယ်။ ဒါကြောင့် မကောင်းတဲ့အကောင်ကိုပဲဖြစ်ဖြစ် ကောင်းတဲ့အကောင်ကိုပဲဖြစ်ဖြစ် သေချာပေါက် ရှိရမယ်”

…

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ကြည့်ရှုသူများအားလုံးက ဖန်သားပြင်ပေါ်တွင် ပေါ်နေသော ထောင်လွှားမောက်မာလွန်းသည့် ကလန်အဖွဲ့သားများကို ကြည့်ရင်း ဒေါသထွက်လာကြသည်။

သူတို့၏လောကတွင်သာဆိုလျှင် လက်ချောင်းမျောက်မပြောနှင့် ပိုးကောင်တစ်ကောင်ဆိုရင်ပင် အာဏာဖြင့် ဆက်ဆံကြမည်ဖြစ်သည်။

ထိုလူများက လက်ချောင်းမျောက်ကို စိတ်ထင်ယောင်ထင်မှားဖြစ်နေသော ကံဆိုးမှုဆိုသော ကိစ္စအတွက်ကြောင့်နှင့် တိုင်တွင် သံနှင့် ရိုက်ကြသည်။

နောက်ပြီး …

ဒီတစ်ကောင်က နောက်ဆုံးကျန်တဲ့အကောင်ဖြစ်မှာကို စိုးရိမ်ရတယ်။

ကျန်တဲ့ကောင်တွေ အားလုံးကို ဒီလူတွေ သတ်ပြီးမှာကိုပဲ ကြောက်ရတယ်။

…

320 03

မြေအောက်ဓာတ်ခွဲခန်း။

“အ ဟား ဟား ဟား ဟား ဟား”

ဖရိုဖရဲဖြစ်နေသော ဆံပင်နှင့် အသက်လတ်ပိုင်း လူကြီးတစ်ယောက်က အော်ရယ်ရင်း ဓာတ်ခွဲခန်းထဲမှ အလျင်စလို ပြေးထွက်သည်။

“ငါတို့ လုပ်လိုက်ပြီ”

“မြန်မြန်”

“အထက်က လူတွေအားလုံးကို အကြောင်းကြားလိုက်။ ငါတို့ရဲ့ လေ့လာစမ်းသပ်မှုက အောင်မြင်သွားပြီ”

သူဟာ အပြင်ဘက်မှ လက်ထောက်များကို အော်ဟစ်ပြောဆိုပြီး အတွင်းရှိ ဖန်သား သားဖောက်အခန်းလေးထဲသို့ စိတ်လှုပ်ရှားစွာ ကြည့်သည်။

အတွင်းတွင် သေးငယ်သော အနက်ရောင်ပိုးကောင်လေးများ ဖြတ်သန်းနေကြောင်း မြင်ရမည်ဖြစ်သည်။ သူတို့က ဖန်ထဲသို့ တဖြည်းဖြည်းချင်းစီ စိမ့်ဝင်နေသည်။

“အောင်မြင်ပြီ ဟုတ်လား”

သိပ်မကြာခင် ဝတ်စုံအပြည့်ဝတ်ဆင်ပြီး လည်သာဖိနပ်များနှင့် လူတစ်ဖွဲ့က အပြေးအလွှား ဝင်လာကြရင်း မျက်လုံးပြူးကျယ်ကာဖြင့် အတွင်းမှ သတ္တဝါများကို ကြည့်သည်။

ထိုလူအုပ်ကြီးများထဲမှ တစ်ယောက်က မယုံကြည်နိုင်စွာ ပြောသည်။

“အောင်မြင်တဲ့ လဏ္ခာတွေပဲလား”

“ဆိုတော့ အကောင်က ငါတို့ရဲ့ကောက်ပဲသီးနှံစိုက်ပျိုးမှုအတွက် အဆုံးစမဲ့တဲ့ အကျိုးကျေးဇူးတွေကို ယူဆောင်လာပေးနိုင်မယ်ဆိုတဲ့ ပိုးကောင်လား”

“ဒါဆိုရင် … ငါတို့ရဲ့အထွက်နှုန်းက အခြားတိုင်းပြည်တွေကိုတောင် ကျော်သွားတော့မှာပေါ့”

“ဒါက ဘယ်လောက်ကောင်းတဲ့ ကိစ္စလဲ။ ငါတို့ရဲ့ နံပါတ် ၁၈၉ ဇီဝဗေဒဓာတ်ခွဲခန်းက ကံကြာမ္မာကောင်းကို ပိုင်ဆိုင်ရပြီပဲ။ တစ်လောကလုံးကတော့ အုံ့သော်သောင်းနင်း ဖြစ်တော့မယ်”

“တရုတ်နိုင်ငံက တိရစ္ဆာန်တွေကို ကယ်ဆယ်နိုင်တော့ရော ဘာဖြစ်လဲ။ စိုက်ပျိုးမွေးမြူရေး အသိုင်အဝိုင်းမှာဆိုရင် ငါတို့က ဆရာသခင်ပဲ”

“ဒေါက်တာ ကေဇာ …. “

သူဟာ ပြောနေရင်းမှ သူ၏ဘေးဘက်ရှိ သုတေသနပညာရှင်၏ ပုခုံးကို စိတ်လှုပ်ရှားစွာဖြင့် လှမ်းကိုင်ပြီး အလောတကြီး ပြောသည်။

“စမ်းသပ်မှုအဆင့်သင့်ဖြစ်တဲ့အခါ ငါတို့တစ်ကမ္ဘာလုံးအနှံ့ ကြော်ငြာချက်ကို ထုတ်ပြန်ရမယ်”

“ဒီသတ္တဝါက လူသားတွေကို ဘယ်လိုအကျိုးပြုသလဲဆိုတာကို လူတိုင်းကို မျက်မြင်တွေ့ကြုံ့စေရမယ်”

“တစ်ကောင်ချင်းစီတိုင်းက အလွန်မြှင့်မားတဲ့ ဈေးနဲ့ ထိုက်တန်တယ်”

“ဟုတ်ကဲ့ သူဌေး။ ငါတို့ရဲ့ လေ့လာစမ်းသပ်ပြီးတဲ့နောက်မှာ ဒီအကောင်တွေရဲ့ မျိုးပွားနှုန်းက အရမ်းမြန်တာကို တွေ့ရတယ်”

ဒေါက်တာ နီရှိဇာဝါက စိတ်လှုပ်ရှားစွာ ပြောသည်။

“ဒီလို အကောင်လေးနှစ်ကောင်တည်းကို လဝက်တည်းနဲ့တင် အကောင်ရေရာကျော် သားဖောက်နိုင်လိမ့်မယ်”

“နောက်ပြီး ငါတို့လယ်ကွင်းတွေမှာ မစမ်းသပ်ရသေးဘူးဆိုပေ့မဲ့လည်း ငါတို့ရဲ့ရလဒ်ကို ယုံကြည်ချက်အပြည့်ရှိတယ်”

“ဒီတော့ လူတိုင်းရဲ့ရှေ့မှာ ထုတ်ပြဖို့ သေချာပေါက် ဖြစ်နိုင်တယ်”

“ကောင်းတယ်”

လူအိုကြီးက သူ၏ပုခုံးကို ခပ်ကြမ်းကြမ်းရိုက်သည်။ ထို့နောက် အတွင်းမှ အနက်ရောင် ပိုးကောင်လေးများကို ကြည့်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

“နောက်ဆုံးတော့ အောင်မြင်သွားပြီ”

320 04

သူတို့သည် အဆုံးစမဲ့သော အားစိုက်ထုတ်မှု ငွေကြေးများကို ရင်းနှီးမြုပ်နှံ့ခဲ့ပြီး နောက်ဆုံးတွင် ပထမဉီးဆုံးသော ဇီဝဖြစ်တည်မှု သတ္တဝါအစစ်ကို အောင်မြင်စွာ ထုတ်နိုင်ခဲ့သည်။

ထို့ကဲ့သို့သော သတ္တဝါမျိုးက အလုံးအရင်းနှင့် မျိုးတုန်းပျောက်ကွယ်ပြီးကာလမတိုင်ခင်က ပေါ်ထွက်ခဲ့ဖူးသော်လည်း ဒီတစ်ကောင်တည်းကတင် တစ်လောကလုံးကို အံဩစေပေလိမ့်မည်။

ဒါက အပင်စိုက်ပျိုးတဲ့ တိုင်းပြည်တိုင်းကို အကြီးကြီး တုန်လှုပ်စေနိုင်မှာပဲ။

အလုံးအရင်းနှင့် မျိုးတုန်းပျောက်ကွယ်သွားပြီးချိန်ကတည်းက စားစရာ၏တန်ကြေးက အများကြီး မြှင့်တက်လာခဲ့သည်။ အကြောင်းမှုကာ စိုက်ပျိုးမှု၏ ခက်ခဲနှုန်းကြောင့် ဖြစ်သည်။

လုံလောက်သော အထွက်နှုန်းကို ရရှိရန်အလိုဌာ ပုံမှန်ထက် ဆယ်ဆမနည်း သို့မဟုတ် မြောက်များလှစွာသော ကြိုးစားအားထုတ်မှုများကို လိုအပ်လေသည်။

ယခုလိုမျိုး ကောက်ပဲသီးနှံများ စိုက်ပျိုးမှုမှ ခက်ခဲမှုနှုန်းကို လျော့ချပေးနိုင်စွမ်းရည်ရှိသော ပိုးကောင်မျိုးကိုသာ ပိုင်ဆိုင်မည်ဆိုရင် သူတို့အနေဖြင့် တစ်လောကလုံးကို ကြိုးကိုင်နိုင်သည့် ဈေးကွက်ကို ရရှိမည်ဟု ဆိုနိုင်သည်။

“လူတိုင်းကို ချက်ချင်း အကြောင်းကြားလိုက်. မနက်ဖြန် သတင်းစာ ရှင်းလင်းပွဲကြီး လုပ်မယ်။ အဲဒီနောက် ငါတို့ရဲ့ ဒီသတ္တဝါတွေကို လက်တွေ့စမ်းသပ်ကွင်းထဲကို ထုတ်လွှတ်ရမယ်”

“ဟား ဟား ဟား”

လူအိုကြီး၏မျက်လုံးများက တောက်ပမှုများဖြင့် လင်းထိန်နေသည်။ သူဟာ လေးနက်သော လေသံနှင့် ပြောသည်။

“ငါတို့ရဲ့ ရိတ်သိမ်းတဲ့ ရာသီက ရောက်လာတော့မယ်။ အရင်က ကြိုးစားအားထုတ်မှုအားလုံးက ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာလောက်အထိ ပြန်လည်ရရှိလိမ့်မယ်”

“ငါတို့က တစ်လောကလုံးကို အံဩစေမှာပဲ။

+++++ 321 01

အခန်း 321

“ဝူး ဝူး ဝူး”

ဆုပိုင် လက်ချောင်းမျောက်လေးကို သစ်ပင်ပေါ်သို့ ညှင်သာတင်ပြီး ခပ်တိုးတိုး ပြောသည်။

“မကြောက်နဲ့။ အခု မင်းလုပ်ရမဲ့အလှည့်”

ထို့နောက် သူဟာ တဖြည်းဖြည်းချင်းစီ နောက်ဆုတ်လိုက်သည်။

လက်ချောင်းမျောက်လေးက အနီးနားတွင် ရပ်နေ၍ မရေမတွက်နိုင်သော လူပေါင်းများစွာကို ကြည့်သည်။ လူတိုင်းက သူ့ကို စိုက်ကြည့်နေကြောင်း မြင်ရ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်နေသည်။ သူဟာ သစ်ပင် ပင်စည်ကို လက်သည်းများဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီးနောက် မရပ်မနား စတင်ကာခေါက်သည်။

ဗုန်း

ဗုန်း

ဗုန်း

လရောင်အောက်တွင် ထိုမိစ္ဆာကောင်၏ ဒီလိုဘက်ခြမ်းကို မည်သူကမှ မမြင်ဖူးကြချေ။ သူတို့သည်လည်း လက်ချောင်းမျောက်လေးက အလွန်ပင် လေးလံသော ပုံစံဖြင့် ထိုသစ်ပင် ပင်စည်ကို နဖူးဖြင့် တိုက်နေတာ မြင်ရသည်။ ထို့နောက် တစ်စုံတစ်ရာကို ဂရုစိုက် နားထောင်နေပုံပေါ်၏။

“ခေါင်းဆောင် ဒါက အလုပ်ဖြစ်မှာလား။ ဒါက မိစ္ဆာနော်။ သူက ငါတို့ရဲ့ သစ်သီးပင်တွေကို ထပ်ပြီး ကံဆိုးစေရင် ဘယ်လိုလုပ်မလဲ”

“ဟုတ်တယ်။ ဘယ်လိုဖြစ်ပြီး ဒီအကောင်သေးသေးလေးက သစ်သီးပင်တွေကို ကုပေးနိုင်မှာလဲ”

“ငါ့အထင် အရှေ့က ဒီလူက လူလိမ်ပဲ ဖြစ်မယ်။ သူ ဘာမှ မသိလောက်ဘူး”

အဖွဲ့ဝင်ပေါင်းများစွာက ခေါင်းဆောင်ကို ခပ်တိုးတိုး ပြောနေကြသည်။

“တိတ်တိတ်နေ”

ခေါင်းဆောင်က ဆူသည်။ ထို့နောက် တစ်ဖန်ပြန်ကြည့်၏။

သူသည် အပြင်လောကသို့ ရောက်ဖူးသည်။ ထို့ကြောင့် သစ်သီးပင်များကို စိုက်ပျိုးနည်းအမျိုးမျိုးရှိကြောင်း သိနားလည်သည်။ သို့သော် …

မည်သို့ပင်ဆိုစေ သူ့အနေနှင့် ထိုအကျဉ်းတန်သော အကောင်က သစ်သီးပင်များကို ကုသပေးမည်ဟု မယုံကြည်ပေ။

တကယ်သာဆိုရင်

သစ်သီးပင်များ ယခုလိုဖြစ်နေခဲ့သည်မှာ ထိုမိစ္ဆာ၏ကျိန်စာကြောင့် မဟုတ်ပဲ သူတို့ကြောင့် ဖြစ်နေပေလိမ့်မည်။ သူတို့ကသာ ထိုလက်ချောင်းမျောက်များကို သစ်သားတိုင်တွင် တစ်ကောင်ပြီးတစ်ကောင် ရိုက်သတ်ခဲ့သူများ ဖြစ်သည်။

ဗုန်း

“သူ ဘာလုပ်နေတာလဲ”

အနောက်မှ လူတစ်ယောက်က တအံတဩ ပြောသည်။ လူတိုင်းကလည်း မျက်လုံးပြူးကာ ကြည့်လိုက်ကြသည်။

ထိုအခါ လက်ချောင်းမျောက်လေးက သူ၏ထက်ရှသော လက်သည်းများဖြင့် အရှေ့မှ သစ်ခေါက်ကို ဆွဲဖြဲလိုက်ကြောင်း မြင်ရသည်။ ထို့နောက် သွယ်လျသော လက်ချောင်းလေးနှစ်ချောင်းဖြင့် အတွင်းသို့ ထိုးတည့်ပြီး အနက်ရောင် နောက်ချေးပိုးထိုးကောင်တစ်ကောင်ကို ဆွဲလုကာ ပါးစပ်ထဲသို့ ထည့်သည်။

ခရက်စ့်

ထို့နောက် ဝါးစားသံက ထွက်လာသည်။ အစိမ်းရင့်ရောင်အရည်များက ပါးစပ်မှ စီးကျလာ၏။

သူ၏ အဝါရင့်ရောင်မျက်လုံးက လရောင်အောက်တွင် အနည်းငယ် ကြောက်မက်ဖွယ်ကောင်းလေကာ ကျောချမ်းဖွယ်ရာ ဖြစ်သည်။

ဗုန်း

လူတိုင်းကလည်း ခေါက်သံကို ကြားရပြန်သည်။ ထို့နောက် ထိုလက်ချောင်းမျောက်လေးက နောက်ထပ် အနက်ရောင် နောက်ချေးပိုးထိုးကောင် တစ်ကောင်ကို ထပ်ထုတ်ပြန်သည်။ လူတိုင်းက တိတ်ဆိတ်သွားကြသည်။

“ဒါက သက်သေပဲ”

321 02

ဒီလက်ချောင်းမျောက်က သစ်ပင်တွေက ပိုးကောင်တွေကို တူးထုတ်နိုင်တယ်။ ဒါက မယုံနိုင်စရာ ကောင်းလောက်အောင် တိကျနေသေးတယ်။

“ဝိုး သူက ငါတို့ရဲ့ သစ်သီးပင်တွေကို တကယ် ကုပေးနိုင်တာပဲ”

“ဒါဆိုရင် ငါက ကံဆိုးတာ မဟုတ်ဘူးပေါ့နော်။ အဖေ ငါတို့ အဖွဲ့ထဲ ပြန်လို့ရပြီလား”

လူငယ်လေးက ဝေထာကို ပျော်ရွှင်စွာ ကြည့်ပြီး စိတ်လှုပ်ရှားစွာ အော်သည်။

“ဟူး”

“ဒါပေါ့။ ရတာပေါ့”

ဝေထာက တစ်ဖက်လှည့်လျှက် ခေါင်းဆောင်ကို ကြည့်သည်။

“နတ်ဘုရားက ကောင်းချီပေးပါစေ”

ခေါင်းဆောင်က တည်ငြိမ်သော မျက်နှာနှင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ကာ ဒူးတစ်ဖက်ထောက်ချပြီး ဆုပိုင်၏အရှေ့တွင် ရိုသေလေးစားစွာနှင့် ခေါင်းကို ငုံလျှက် ပြောသည်။

“ကျေးဇူးအများကြီး တင်ပါတယ်”

“ဒါက လက်စသတ်တော့ ငါတို့တွေ တောက်လျှောက် မှားနေခဲ့တာပဲ။ ဒါဆိုရင် ငါတို့ကပဲ ဒီသစ်သီးပင်တွေကို ထိခိုက်စေတာပေါ့”

“အား ငါ ဒီလောက် လက်ချောင်းမျောက်တွေ အများကြီးကို သံနဲ့ ရိုက်သတ်ခဲ့တာ။ ငါ သေသင့်တယ်”

“ငါတို့တော့ အဆုံးသတ်ပြီ။ ဒီမိုးတောအုပ်ထဲမှာ ဒီလို သတ္တဝါမျိုးအနည်းငယ်လောက်ပဲ ကျန်တော့မှာ။ ငါတို့ ဘယ်လိုလုပ်ရမလဲ”

ကလန်ခေါင်းဆောင်က လူငယ်လေး၏အရှေ့တွင် ဒူးထောက်နေတာ မြင်သောအခါ လူတိုင်းက စိုးရိမ် ထိတ်လန့်သွားကြသည်။ သူတို့၏အရှေ့မှ အချက်လက်များကလည်း သူတို့၏အပြူအမှုက မည်မျှ ဆိုးရွားခဲ့ကြောင်း ဖော်ပြနေ၏။

“ထပါ”

“ထပါ”

ဆုပိုင်က သူ၏အရှေ့တွင် ဒူးထောက်နေသော လူတစ်ဖွဲ့ကို ကြည့်ပြီး ညှင်သာစွာ သက်ပြင်းချသည်။ သူဟာ ကလန်ခေါင်းဆောင်ကို ကူညီကာ ထူမပေးပြီးနောက် လေးနက်သော လေသံနှင့် ပြောလိုက်သည်။

“တောထဲမှာဆိုရင် လက်ချောင်းမျောက်ကပဲ အနက်ရောင် ပိုးကောင်တွေကို သတ်နိုင်တာ မဟုတ်ဘူး။ အခြားသတ္တဝါလေးတွေကလည်း ဒီလို လုပ်နိုင်စွမ်းရည် ရှိတယ်”

“ခင်ဗျားတို့သာ အနာဂတ်မှာ ဒီသစ်သီးပင်တွေကို ကောင်းကောင်း စိုက်ပျိုးနိုင်ချင်ရင် ဒီပုံစံအတိုင်း ဆက်လုပ်လို့ မရဘူး”

“ဒီအကောင်ငယ်လေးတွေက အချိန်မရွေးလာပြီး ပိုးကောင်တွေကို ဖယ်ရှားပေးလိမ့်မယ်”

ထို့သို့ ပြောပြီးနောက် ဆုပိုင်က နောက်သို့လှည့်လျှက် လက်ချောင်းမျောက်လေးကို သစ်ပင် ပင်စည်ပေါ်မှ ဆွဲချသည်။ သူဟာ လူတိုင်းကို ကြည့်ပြီး ခေါင်းကို အသာခါကာ မိုးတောအုပ်ထဲမှ ထွက်လာခဲ့လိုက်သည်။

နောက်မှ လူများက လက်ချောင်းမျောက်များကို ထပ်မံ့ရှာတွေ့ခြင်း ရှိမရှိဆိုသောကိစ္စကိုမှု ဆုပိုင်က အာမ မခံပေးနိုင်ပေ။

သို့သော် လက်ချောင်းမျောက်ကသာ သစ်ပင်များပေါ်မှ ပိုးကောင်များကိုသာ စားသည့် ပြိုင်ဖက်ကင်းသော သတ္တဝါများဖြစ်ကြောင်း မပြောခဲ့ချေ။ သို့သော် …

အမှားလုပ်တဲ့လူတွေအတွက် ပေးဆပ်ရတဲ့ တန်ကြေးတော့ ရှိတယ်။

ဒီနေရာမှ လက်ချောင်းမျောက်များအရေအတွက်က ထူးခြားနေသည်မှာ ထိုလူများနှင့် ပတ်သက်သည်။ စုပိုင့်လက်ထဲမှ အကောင်ကသာ နောက်ဆုံးအကောင်ဆိုလျှင် သူဟာ သေချာပေါက် မပေးနိုင်ပေ။

“တီ။ ဂုဏ်ယူပါတယ်။ ပိုင်ရှင်က လက်ချောင်းမျောက်အပိုင်းအစတာဝန်ကို အောင်မြင်စွာ လုပ်လိုက်နိုင်ပါပြီ”

321 03

“တီ။ ဂုဏ်ယူပါတယ်။ ပိုင်ရှင်က လက်ချောင်းမျောက်ကို အောင်မြင်စွာ ကယ်တင်လိုက်နိုင်ပါပြီ။ ချစ်စရာကောင်းတဲ့ စွမ်းအင် အပေါင်းတစ်”

“စနစ်က ပြန်လည်ပို့ဆောင်ပေးနေပါပြီ။ တာဝန်က ပြီးမြောက်သွားပါပြီ”

….

ခရက်စ့်

ခရက်စ့်

ခရက်စ့်

မျက်လုံးဖွင့်ကာစ ဆုပိုင်က ဘေးဘီကို ကြည့်လိုက်သောအခါ သူသည် စိုက်ခင်းထဲတွင် ရှိနေကြောင်း မြင်လိုက်ရသည်။ သူ၏အရှေ့တွင် မရေမတွက်နိုင်သော နိုင်ငံခြားသတင်းထောက်များက စုစည်းနေကြသည်။

ငါ …

ဆုပိုင်က ခေါင်းကုတ်ပြီး စွံ့အသွားသည်။

ဒီတစ်ကြိမ်တွင် စနစ်က ပို၍ ရက်စက်သည်။ သူ့အား နိုင်ငံခြားသို့ တိုက်ရိုက်ပို့လိုက်၏။

သေစမ်း သူထွက်လာတဲ့အချိန်မှာ နိုင်ငံကူးလက်မှတ်တောင် မပါလာဘူး ဟုတ်ပြီလား။

သူ ဘယ်လိုများ ပြန်ရမှာလဲ။

“ဟူး”

ဆုပိုင်က အသက်ပြင်းပြင်းရှုပြီး အနီရောင်ထိုင်ခုံကြီးမှ ထရပ်လိုက်ကာ သတင်းထောက်များ၏ အနောက်ဘက်သို့သာ လျှောက်သွားလိုက်သည်။

“ဒီနေ့ ငါတို့ရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်”

ဝတ်စုံအပြည့်နှင့် နက်ကတိုင်ကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး ခေါင်းကို သေသပ်စွာ ဖြီးထားသော လူအိုကြီးက စင်ပေါ်တွင် ဖြောင့်မတ်မှန်ကန်စွာရပ်နေသည်။ သူ၏အနောက်ဘက်တွင် အနီရောင်စောင်လေးဖြင့် အုပ်ထားသော လေးထောင့်ဗူးလေး ရှိသည်။ အတွင်းမှ အရာကို မည်သူကမှ မသိနိုင်ပေ။

ဆုပိုင်က ထိုအခိုက်အတန့်တွင် လူအိုကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးက စိတ်လှုပ်ရှားမှုဖြင့် အနည်းငယ် တုန်ယင်နေကြောင်း မြင်ရသည်။ သူဟာ စိတ်လှုပ်ရှားသော လေသံဖြင့် ပြော၏။

“ငါတို့ ဆယ်နှစ်ကျော်နီးပါး သုတေသနပြုပြီးတဲ့နောက်မှာ ငါတို့ရဲ့ နံပါတ် ၁၈၉ ဇီဝဗေဒဓာတ်ခွဲခန်းက နောက်ဆုံးမှာတော့ လူသားတွေအတွက် အသက်သွေးကြောနီးပါး အကျိုးပြုပေးနိုင်တဲ့ ပထဉီးဆုံး ဇီဝဖြစ်တည်မှု တစ်ကောင်ကို အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့ပြီ”

“အလုံးအရင်းနဲ့ မျိုးတုန်းပျောက်ကွယ်ပြီးတဲ့ အချိန်ကတည်းက နှစ်တိုင်းလိုလို စားစရာရဲ့တန်ကြေးက မြှင့်တက်လာတယ်”

“ဒါကြောင့်ပဲ”

“ငါတို့ လူအင်အားအများကြီး စိုက်ထုတ်ရတယ်။ ဒီအပင်တွေကို စိုက်ပျိုးဖို့ အရင်းအမြစ်တွေအများကြီး သုံးရတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ….”

လူအိုကြီးက နှာခေါင်းကို တစ်ချက် သပ်သည်။ အောက်ဘက်မှ သတင်းထောက်ပေါင်းများစွာကို ကြည့်ပြီး သူ၏အနောက်ဘက်မှ သေတ္တာလေးကို လက်ညှိုးထိုးကာ ပြောလိုက်၏။

“ငါတို့က ပတ်ရင်း၊ ကျောက်ဖြစ်ရုပ်ကြွင်းနှင့် အခြားဈေးကြီးလွန်းတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို အသုံးပြုပြီးတဲ့နောက်မှာ ငါတို့ပိုင်ဆိုင်တဲ့ နည်းပညာက တစ်ဆင့် မမွေးထုတ်ဖူးတဲ့ မျိူးစိတ်တစ်မျိုးကို အောင်မြင်စွာနဲ့ တုပပြီး မွေးထုတ်ပေးနိုင်ခဲ့တယ်”

“ငါတို့က ဒါကို … မျှော်လင့်ချက်လို့ နာမည်ပေးထားတယ်”

“ဒါက ငါတို့ လယ်သမားတိုင်းအတွက် ကုန်ကျစရိတ်တွေ အများကြီး လျော့ကျနေမယ်လို့ မျှော်လင့်တယ်”

“ဒီလိုနဲ့ စားစရာရဲ့ ဈေးကြီးလွန်းတဲ့တန်ကြေးကလည်း ထိုးကျသွားဖို့ မျှော်လင့်တယ်”

“ဒီလိုနဲ့ ငါတို့တွေကို ထာဝရ ကူညီပေးနိုင်ဖို့ မျှော်လင့်တယ်”

ထို့နောက် စိတ်လှုပ်ရှားသော အော်သံက ကပ်ပါသည်။

All Chapters