အခန်း (၃၂၂-၃၂၄)
Vol. 22 Ch. 322-324
အခန်း 322
အနီရောင်စောင်လေးကို ဆွဲဖယ်လိုက်သည့်နှင့် အတွင်းမှ အနက်ရောင် ကြေးခွံနှင့် ပိုးကောင်များက ပေါ်လာသည်။
ထိုလူအိုကြီးက စောင်ကို ဘေးဘက်သို့ ပစ်ထုတ်လိုက်ပြီးနောက်တွင် ထိုအကောင်ငယ်လေးများကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ ခပ်တိုးတိုး ပြောသည်။
“ဒီနေ့က မျှော်လင့်ချက်ရဲ့ ပထမဉီးဆုံးအကြိမ် အလုပ်စလုပ်မဲ့နေ့ပဲ။ ဒီသတ္တဝါက ပြင်းထန်တဲ့ မျိုးပွားနိုင်စွမ်းရည်ရှိတယ်”
“နောက်ပြီး ဒီနေ့က သမိုင်းတွင်တဲ့ အခိုက်အတန့်ကို ဖော်ထုတ်ပြသလိမ့်မယ်”
“ငါတို့ရဲ့ ဓာတ်ခွဲခန်း နံပါတ် ၁၈၉ ကလည်း ဒီမျှော်လင့်ချက်ကို တိုင်းပြည်တိုင်းကို ရောင်းချပေးခြင်းအားဖြင့် ပြင်းပြင်းထန်ထန်ကြိုးစားနေပြီး အကျိုးမြတ်ကောင်းတွေ မရရှိတဲ့ အဲဒီ လယ်သမားတွေရဲ့ ဆာလောင်မှုဒဏ်ကနေ ကူညီပေးနိုင်ဖို့ မျှော်လင့်တယ်”
ထိုစကားလုံးများ ထွက်လာသည့်နှင့် အောက်ဘက်မှ သတင်းထောက်တစ်အုပ်က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ရူးသွပ်သွားကြသည်။
“တစိတ်လောက် ဒီဇီဝဖြစ်တည်မှုဆိုတဲ့ မျှော်လင့်ချက်က တကယ်ပဲ ကောက်ပဲသီးနှံတွေရဲ့ အထွက်နှုန်းကို တိုးမြှင့်အောင် လုပ်ပေးနိုင်တာလား”
“ဘယ်လိုတန်ကြေးနဲ့ ရောင်းချမှာလဲ”
“ဒါက တကယ်မှန်နေခဲ့မယ်ဆိုရင် လူသားတွေအတွက် အများကြီး အကျိုးပြုပေးလိုက်တာပဲ။ တရုတ်နိုင်ငံက သုတေသနတွေပြုပြီး သတ္တဝါတွေကို ကယ်တင်နိုင်ပေ့မဲ့လည်း လူသားတွေအပေါ် အလုံးအရင်းနဲ့ အကျိုးပြုပေးနိုင်တဲ့ ပထမဉီးဆုံး သတ္တဝါဖြစ်သွားလိမ့်မယ်”
“ကောင်းလိုက်တာ။ ဒီသတ္တဝါက ကောက်ပဲသီးနှံတွေ အထွက်နှုန်းကို ဘယ်လို တိုးတက်အောင် လုပ်ပေးနိုင်သလဲဆိုတာကို ကျေးဇူးပြုပြီး ပြောပြပေးလို့ရမလား”
သတင်းထောက်တစ်အုပ်က ရှေ့သို့ အပြေးတက်သွားသည်။ သူတို့က မိုက်ခရိုဖုန်းများကို ကိုင်လျှက် မေးခွန်းများကို အတန်းလိုက်မေးကြသည်။
“ကောက်ပဲသီးနှံတွေ အထွက်နှုန်းကို တိုးစေမယ် ဟုတ်လား”
ဆုပိုင်က မျက်မှောင်ကြုတ်လျှက် ဗူးထဲမှ ကြောက်စရာကောင်းတဲ့ပုံစံနှင့် ပိုးကောင်ကို ကြည့်ရင်း တစ်ခဏခန့် ကြောင်သွားသည်။
မည်သို့ပင် ကြည့်ကြည့် ထိုအကောင်က ကောက်ပဲသီးနှံကို ထွက်တိုးအောင် လုပ်ပေးမည့်ပုံစံမျိုးနဲ့ မတူညီပေ။
ကောက်ပဲသီးနှံများကို တိုးတက်အောင် လုပ်ပေးမည်ဆိုသော အရာများအတွက်ကမှု ဆုပိုင်ကသာ မှတ်မိသည်မှာ မှန်ကန်နေခဲ့လျှင် ယခုလိုပိုးကောင်မျိုးအစား မြေပိုးကောင်မျိုးကို မွေးထုတ်သင့်သည်။
ထို့ကြောင့် ယခု သူမြင်ရသော အကောင်က မည်သို့ပင် ကြည့်ကြည့် အဖျက်ပိုးကောင်နှင့်သာ တူနေသည်။
“ဟေး ဒါရိုက်တာ ဆုပိုင် မင်း ဘာလို့ ဒီကိုရောက်နေတာလဲ”
ရုတ်တရက် သူ၏ဘေးဘက်မှ တရုတ်လူမျိုးသတင်းထောက်တစ်ယောက်က ဆုပိုင်ကို သိချင်စိတ်ပြင်းပြစွာ ကြည့်ပြီး မျက်လုံးပြူးကျယ်ကာ တအံတဩပြောသည်။
“တစိတ်လောက်။ တစိတ်လောက်။ ငါက ပြည်ပမှာနေတဲ့ သတင်းထောက် ရှန်းမောင်ရွှမ်ပါ။ မမျှော်လင့်ထားပဲ ဒါရိုက်တာဆုပိုင်နဲ့ ဒီနေရာမှာ တွေ့ရတာပဲ”
“စကားမစပ် ဒါရိုက်တာဆုပိုင်ရဲ့နောက်ကွယ်က အသင်းကလည်း ဒီဇီဝဗေဒဖြစ်တည်မှုတွေ ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်နေတာ မဟုတ်လား။ သူတို့ကလည်း ဒီအစည်းအဝေးပွဲကို သေချာတက်သင့်တာပေါ့”
ရှန်းမောင်ရွှမ်က နားလည်သလိုမျိုး ကိုယ့်ဘာသာကိုယ် ခေါင်းညိတ်ပြီး တစ်ချက်မော့ကာ ဆုပိုင်ရဲ့လက်ထဲမှ အကောင်လေးကို ကြည့်သည်။ ထို့နောက် မနေနိုင်ဘဲ မှင်သက်သွားပြန်သည်။
322 02
“ဒါက နောက်ဆုံး ကယ်ဆယ်ထားတဲ့ တိရစ္ဆာန်လား”
“တအားသေးတာပဲ”
သူဟာ မနေနိုင်လေဘဲ သူ၏လက်ညှိုးလေးကို ထုတ်လျှက် ထိုအကောင်လေး၏ နဖူးကို အသာပွတ်လိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာ ပြော၏။
“အရမ်း ချစ်ဖို့ကောင်းတယ်”
“ဒါပေမဲ့ ဒါရိုက်တာဆုပိုင် ဒီတစ်ခေါက် ဇီဝဗေဒဓာတ်ခွဲခန်း ၁၈၉ က ထုတ်ပေးလာတဲ့ သတ္တဝါက ဘယ်လိုအကောင်မျိုးလို့ မင်းထင်လဲ”
“သူက တကယ်ပဲ သူတို့ပြောသလို့မျိုး ကောက်ပဲသီးနှံတွေရဲ့ အထွက်နှုန်းကို တိုးတက်အောင် လုပ်ပေးနိုင်မှာလား”
“ဒါဆိုရင် ငါမေးချင်တာက မင်းရဲ့နောက်ကွယ်က အသင်းကလည်း ဘယ်အချိန်မှာများ လူသားတွေအတွက် ဒီလိုအရေးပါလွန်းတဲ့ အကျိုးပြုမှုတွေ ပေးနိုင်မဲ့ သတ္တဝါမျိုးကို ပြန်လည်ကယ်ဆယ်ပေးမလဲဆိုတာပါ”
ဆုပိုင်က မျောက်လေး၏နဖူးကို အသာပွတ်သပ်ရင်း သူ၏ရှေ့မှ စိတ်လှုပ်ရှားနေသော သတင်းထောက်ကို ကြည့်ကာ အပြုံးနှင့် ဖြေသည်။
“မင်းရဲ့ ချိတ်ဆက်မှုက မှားနေပြီ။ ငါရဲ့အမြင်မှာ တိရစ္ဆာန်တိုင်းက လူသားတွေကို အရေးအပါဆုံး အကျိုးပြုမှု ပေးနေတာပဲ။ ဒီအတိုင်း နယ်ပယ်ပဲ ကွာခြားရုံပဲ”
“ကောက်ပဲသီးနှံတွေကို အထွက်တိုးအောင် လုပ်ပေးနိုင်တဲ့ သတ္တဝါတွေအတွက်ကတော့ အနာဂတ်မှာ သေချာပေါက် ရလာမှာပါ”
“ဒီလိုမျိုး နောက်ချေးပိုးတိုးကောင်မျိုးကတော့ ခက်ခဲတယ်။ ငါတို့ ကြည့်လိုက်ရင် သိမှာပါ”
သူသည် နောက်တာဝန်တွင် မြစ်ဘေးသို့သွားရန် အခွင့်အရေးသာ ရှိမည်ဆိုပါက မြေပိုးကောင်များ ပြန်ကောက်လာနိုင်လောက်သည်။
ဘာစနစ်ရဲ့ တာဝန်မှ မလိုအပ်ဘူး။
ထိုမြေပိုးကောင်များက ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်း ရှိရုံနှင့်တင် ရှင်သန်နိုင်သည်။ အခြားသော သက်ရှိတိုင်းထက် သာ၏။
“စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အခိုက်အတန့်က ရောက်ရှိလာပါပြီ”
ထိုအချိန်တွင် လူအုပ်က ရုတ်တရက် လမ်းဖယ်ပေးလိုက်သည်။ အလုပ်ဝတ်စုံများကို ဝတ်ဆင်ထားသော သန်မာသော လူတစ်ဖွဲ့က (မျှော်လင့်ချက်) နောက်ချေးပိုးထိုးကောင်များ ထည့်ထားသည့် သေတ္တာကိုသယ်ပြီး စိုက်ခင်းမြေကွက်တစ်နေရာ၏ အရှေ့သို့ သွားရပ်၏။
လူအိုကြီးက စိတ်ဓာတ်တက်ကြစွာနှင့် လက်ကို ရမ်းလိုက်ပြီး အသက်ပြင်းပြင်းရှုကာ အော်သည်။
“ဒီသတ္တဝါက လူသားတွေအတွက် ပထမဉီးဆုံး အကျိုးပြုပုံမြင်ကွင်းကို မျက်မြင်တွေ့ကြုံ့ရတာ မင်းတို့အားလုံး ကံကောင်းတာပဲ”
“ဖွင့်တော့”
ထို့နောက် သေးငယ်သောအပေါက်လေးက ရုတ်တရက် ပွင့်သွားသည်။
လက်သည်းခန့်သာ ကြီးသော နောက်ချေးပိုးထိုးကောင်များက တဖြည်းဖြည်းချင်းစီ တွားသွားထွက်လာပြီးနောက် အတောင်ပံများကို ဖြန့်လျှက် အရှေ့ဘက်မှ အစိမ်းရောင်ကောက်ပဲသီးနှံများသို့ ခပ်မြန်မြန် ပျံသန်းသွားသည်။
ကျွတ် ကျွတ် ကျွတ်
နွားချေးပိုးထိုးအကောင် ငါးကောင်က ကောက်ပဲသီးနှံအပင်များပေါ်သို့ ဆင်းသက်ပြီးနောက် ဆက်တိုက်စားသည်။
စားသည့်အရှိန်နှုန်းက သာမန်မျက်စိဖြင့်ပင် မမြင်နိုင်လောက်အောင် မြန်သည်။ စက္ကန့်အနည်းငယ်တည်းနှင့် စင်တီမီတာ တစ်ဆယ်ကျော်ခန့်သာလျှင် ရှည်သော ကောက်ပဲသီးနှံအပင်တွေက ကုန်သွားသည်။ ထို့နောက် နောက်တစ်ပင်။
ကြည့်နေသော လူတိုင်းက ထိုမြင်ကွင်းကြောင့် မှင်သက်သွားကြသည်။
322 03
ထိုအကောင်များက ကောက်ပဲသီးနှံများကို မကူညီနိုင်ကြောင်း အရူးပင် မြင်နိုင်သည်။ သိသာစွာ ဖျက်စီးနေခြင်း ဖြစ်သည်။
ခက်ခက်ခဲခဲဖြင့် စိုက်ပျိုးထားရသော ထိုပျိုးပင်ပေါက်များအားလုံးက စက္ကန့်ပိုင်းအတွင်း စား၍ကုန်သွားသည်။
ထို့နောက် …
အခုဇီဝဗေဒဓာတ်ခွဲခန်း နံပါတ် ၁၈၉ က ပြောသွားတာသာ မှန်ကန်နေမယ်ဆိုရင် ဒီလိုပိုးကောင်မျိုး၏ မျိုးပွားနှုန်းက အရမ်း မြန်နေတယ်။
အဲဒီနောက် မိစ္ဆာကို လွှတ်ပေးလိုက်သလို မဖြစ်သွားဘူးလား။
“ဖက်စ့် ဒါက ကောက်ပဲသီးနှံကို ကူညီတယ် ဟုတ်လား။ တိုင်းပြည်ကို သတ်နေတာ မဟုတ်ဘူးလား”
“မြန်မြန်လေး အကောင်တွေကို ဖမ်းကြစမ်း။ သူတို့သာ အဝေးကိုပျံသွားပြီး မျိုးပွားမယ်ဆိုရင် တစ်တိုင်းပြည်လုံးတော့ ဒုက္ခရောက်ကုန်တော့မှာပဲ”
“အား ဟား မြန်မြန်လာပြီး ဖမ်းကြစမ်းပါ။ ကူညီကြစမ်း။ ဒီအကောင်တွေကို ချေမွပစ်လိုက်။ အဝေးကို မပျံသွားစေနဲ့”
သတင်းထောက်တစ်အုပ်က သူတို့၏မိုက်ခရိုဖုန်းများကိုပင် ပစ်ချပြီး အပြေးအလွှား ဝင်ရသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ”
“ဒီလို မဖြစ်သင့်ဘူး”
လူအိုကြီးက သူ၏အရှေ့မှ ဝရုန်းသုန်းကား ဖြစ်နေသော လူအုပ်ကို ကြည့်ပြီး ကိုယ်လုံးကပင် ယိုင်သွားကာ မြေပြင်သို့ လဲကျသွားသည်။ သူဟာ ခပ်တိုးတိုး ရေရွတ်၏။
“သွားပြီ”
“ဒီလောက် မရေမတွက်နိုင်တဲ့ ကြိူးစားအားထုတ်မှုတွေ လုပ်ပြီးတဲ့နောက်မှာ ရလဒ်က လူသားတွေကို ဒုက္ခပေးနေတယ်။ ဒါ ဘာတန်ကြေးမှ မရှိဘူး”
“မြန်မြန်လေး ဒီသောက်ကျိုးနည်းအရာကို ဖျက်စီးဖို့ ကူညီပေးလိုက်ကြစမ်းပါ”
အဝေးရှိ အစိုးရအရာရှိတပ်ဖွဲ့ရဲ့ အကျဉ်းတန်သော မျက်နှာအမှုအရာများကို မြင်သောအခါ လူအိုကြီးက မြေပြင်မှ ခပ်မြန်မြန် ကုန်းထပြီး အလျင်စလို အော်သည်။
သူတို့ကသာ ထိုမတော်မဆမှုကို သေးငယ်သော အတိုင်းအတာမျိုးနှင့် ရပ်တန့်သွားအောင် ခပ်မြန်မြန် မထိန်းချုပ်နိုင်ခဲ့လျှင် သူတို့ဓာတ်ခွဲခန်းတစ်ခုလုံးက အပိတ်ခံရလောက်သည်။
“ဝူး ဝူး ဝူး”
လူတိုင်းက ထိုတိရစ္ဆာန်များကိုကြည့်နေသည့်အခိုက်အတန့် ရုတ်တရက် ထိုစိုက်ခင်းထဲမှ ကျောချမ်းဖွယ်ကောင်းသော အော်ငိုသံကို ကြားရသဖြင့် လူတိုင်းက ကြောင်သွားသည်။
ထို့နောက် မည်းနက်နေသော အကောင်ငယ်လေးတစ်ကောင်က ရုတ်တရက် လူတိုင်းကို ကျော်ကာ ခုန်ဝင်သွားသည်။
ဘန်း။
ထို့နောက် သူသည် ပျိုးပင်လေးတစ်ပင်ကို မြေပြင်ပေါ်သို့ ဖိချလိုက်သည်။
ခရက်စ့်။
++++++ 323 01
အခန်း 323
လူတိုင်း၏အရှေ့တွင်ပင် ထိုအနက်ရောင်အကောင်လေးက သူ၏လက်မောင်းထဲမှ အနက်ရောင် နောက်ချေးပိုးထိုးကောင်လေးများကို ဆွဲထုတ်လိုက်တာ မြင်လိုက်ရသည်။
လူတိုင်း၏အရှေ့တွင်ပင် ထိုလက်ချောင်းမျောက်လေးက သူ၏လျှာဖြင့် ပါးစပ်ကို သေချာယက်လိုက်ပြီး နောက်ချေးပိုးထိုးကောင်ကို ပါးစပ်ထဲသို့ ထည့်လိုက်ကြောင်း မြင်ရသည်။ သူဟာ ခဏခန့် ဝါးသည်။ ဝါးပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်၏။
အရသာကောင်းတဲ့ ပုံပဲ။
ထို့နောက် သူသည် အခြားသောအပင်များထံသို့ အပြေးသွားသည်။
“ဒါက ဘာလဲ”
“ငါသိပြီ။ ဒါ တရုတ်လူမျိုးတစ်ယောက်က သူရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ပြသွားတဲ့ မိစ္ဆာလို့ခေါ်တဲ့ လက်ချောင်းမျောက် မဟုတ်လား။ သူက သစ်ပင်တွေက ပိုးကောင်တွေကို ဖယ်ပေးတာလေ”
“ဒါက ကောင်းကင်ပြာတိရစ္ဆာန်ရုံရဲ့အနောက်က အသင်းက ကယ်ဆယ်ထားတာတဲ့”
“ဒါဆို ဒါရိုက်တာဆုပိုင်က ငါတို့ရဲ့တိုင်းပြည်ကို လာတာလား”
သတင်းထောက်တစ်ဖွဲ့က ဘေးဘက်သို့ အပြေးအလွှား ပြန်သွားပြီး သူတို့၏ ကင်မရာများကို မြှောက်လျှက် လက်ချောင်းမျောက်ရဲ့အနောက်မှ လူငယ်လေးကို ကြည့်လိုက်သည်။
“ကောင်းပြီ။ ကောင်းပြီ။ နောက်ဆုံးအကောင်ကို မစားနဲ့အုန်း”
“ဝူး ဝူး ဝူး”
“ဘာလို့လဲ”
ဆုပိုင်က ထိုအကောင်ငယ်လေး၏လက်သည်းထဲမှ ပိုးကောင်လေးနှစ်ကောင်ကို ဆွဲယူလိုက်ပြီး သူ၏ကျောတွင် လွယ်ထားသော ကျောပိုးအိတ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် မျောက်လေးလည်ပင်းကို အသာပွတ်ပေးလျှက် ပြောသည်။
“မင်း စားလို့ကုန်သွားပြီဆိုရင် ဘာထပ်စားမှာလဲ”
“ဟုတ်သားပဲ”
ဆုပိုင်က ထိုနှစ်ကောင်ကို ပြန်သယ်သွားခြင်းအားဖြင့် မျိုးပွားရန် ရည်ရွယ်ထားသည်။
တိရစ္ဆာန်ရုံထဲတွင် ထို့ကဲ့သို့သော ပိုးကောင်မျိုးက လက်ချောင်းမျောက်များကို ကျွေးရန်သာ မကသေးလေဘဲ ဖင်းမြေခွေး၊ ငှက်တော၊ သတင်းပို့ခို … အစသဖြင့် ငှက်များအားလုံးကို အစာဖြင့် ကျွေးနိုင်သည်။
အကောင်းဆုံးက ထိုနွာချေးပိုးထိုးကောင်များ၏ မျိုးပွားနှုန်းက အလွန်မြန်သည်။ ထို့ကြောင့် စောင့်ရှောက်ထားရန်လည်း လွယ်မြန်၏။ ထိုနည်းအားဖြင့် သူတို့၏ကောင်းကင်ပြာတိရစ္ဆာန်ရုံအတွက် ကိုယ်တိုင်းချုပ်ပေးသလို ဖြစ်သွားသည်။
…
မှေးမှိန်သော လမ်းပေါ်တွင်…
အမျိုးသမီးတစ်ယောက်က လမ်းကြားတစ်နေရာသို့ အလျင်စလို လျှောက်သွားနေသည်။ သူမဟာ ဘေးဘီသို့ အထိတ်တလန့် ကြည့်ပြီးနောက်တွင် အရှေ့မှ အမှိုက်ပုံးကို ဖွင့်ကာ ခုန်ဝင်လိုက်သည်။ စက္ကန့်အနည်းငယ်ခန့်ကြာပြီးနောက် လက်နက်အပြည့် ကိုင်ထားသည့် သန်မာသော လူများက အပြေးလာသည်။
323 02
“ဘယ်ရောက်သွားတာလဲ”
“သေစမ်း။ ဘယ်လိုကြောင့်များ ငါတို့ရဲ့ခေါင်းဆောင်ကို လုပ်ကြံရဲရတာလဲ။ ငါတို့ အဲဒီအနက်ရောင် မုဆိုးမကို သေချာပေါက်ဖမ်းရမယ်။ ဂရုစိုက်ရှာကြ”
“မထွက်သွားစေနဲ့”
ဉီးဆောင်လာသော ရွှေအိုရောင်ဆံပင်နှင့်လူငယ်က သုန်မှုန်စွာအော်သည်။
သူဟာ အရှေ့ဘက်ရှိ လမ်းကြားကို ကြည့်သည်။ ထို့နောက် အပြင်ဘက်ခြမ်းတွင် ချွန်ထက်နေပြီး လက်ထိုးစွပ်၍ရသော အကွင်းများပါသည့် အရာကို ထုတ်လိုက်ကာ လက်တွင် စွပ်သည်။ ထို့နောက် ဂရုစိုက်ခြင်းစီ ဝင်လာ၏။
“ဟား ဟား ဟား”
“မင်းဒီမှာ ရှိမှန်း ငါသိတယ်”
“ပုန်းဖို့ မလိုဘူး။ ငါမင်းကို မြင်တယ်”
ရွှေအိုရောင်ဆံပင်နှင့် လူငယ်က အဝေးရှိ အမှိုက်ပုံးကို ကြည့်ပြီး လှောင်ရယ်သံဖြင့် ပြောသည်။
“ငါတို့အတူ ကြီးပြင်းလာကြတာ။ မင်း ဘယ်လို ရွေးရွယ်မှု လုပ်မလဲ ငါသိတယ်”
“ဒါက ခေါင်းဆောင်ကို သစ္စာဖောက်တဲ့ တန်ကြေးပဲ”
“မြန်မြန်ပြန်သွားပြီး အမှားကို ဝန်ခံလိုက်။ ဒီလိုဆိုရင် ခေါင်းဆောင်က မင်းရဲ့အသက်ကို ချမ်းသာပေးမှာပဲ”
အမှိုက်ပုံးထဲမှ မည်သည့်အသံမှ ထွက်မလာသေးပဲ ရွှေရောင်လူငယ်က သူ၏လက်မကို တစ်ချက်ညစ်ပြီးနောက်တွင် အနောက်မှ လူများကို လက်ရမ်းပြသည်။ ထို့သို့ဖြင့် လေးနက်သော လေသံနှင့် ပြောသည်။
“မင်း မသိဘူးလား”
“ခေါင်းဆောင် မင်းကို အဝေးခေါ်သွားတဲ့အချိန်မှာ ဟား ဟား အဲဒီ စုံတွဲရဲ့ ရုန်းကန်နေတဲ့ပုံစံဟာ အရမ်းကို ရင်နာဖို့ ကောင်းတာပဲ”
“မင်းက အဲဒီအချိန်က နှစ်အနည်းငယ်လောက်ပဲ ရှိသေးတယ်ဆိုပေမဲ့ ဘာမှတ်ညာဏ်မှ မရှိတော့တာတော့ မဟုတ်လောက်ဘူး။ မင်း မေ့ဖို့ ရွေးရွယ်ခဲ့တာ ဖြစ်မယ်”
“အဲဒီမိန်းမဆိုရင် အဆုံးသတ်မှာ တအားကို ဆိုးဆိုးရွားရွား အော်ဟစ်ခဲ့တာ။ သူမကို ခေါင်းဆောင်က အရှင်လတ်လတ်နဲ့ …”
“ကျွတ် ကျွတ် ကျွတ်”
အမှိုက်ပုံးထဲတွင် ပုန်းနေသော ကျိုးဝမ်က အပြင်ဘက်မှ မိစ္ဆာဆန်သော အော်သံများကို နားထောင်ရင်း သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက တသွေ့သွေ့တုန်လာသည်။
“မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး”
သူမရဲ့ပါးစပ်မှလည်း ခပ်တိုးတိုး ရေရွတ်သံများက ပေါက်ထွက်လာသည်။
သူမ၏အရှေ့မှ မြင်ကွင်းက ပြောင်းလဲလျှက် သုံးနှစ်အရွယ်သို့ ပြန်ရောက်သွားသည်။
“အား မဟုတ်ဘူး။ ကျေးဇူးပြုပြီး ကလေးကို လွှတ်ပေးပါ”
“ဝူး ဝူး ဝူး ငါ ငါလိုက်ခဲ့ပါ့မယ်။ ငါလိုက်ခဲ့မယ်။ ကျေးဇူးပြုပြီး ကလေးကို လွှတ်ပေးပါ”
“ကျေးဇူးပြုပြီး ငါ့ကိုပဲ သတ်ပါ။ ကလေးကိုတော့ လွှတ်ပေးလိုက်ပါ”
အမျိုးသမီးတစ်ယောက်၏ ရင်ကွဲမတတ် အော်ဟစ်သံက သူမ၏ နားထဲ ဟိန်းထက်နေသေးသည်။
“မဟုတ်ဘူး”
ကျိုးဝမ်က သူ၏လက်ထဲမှ ဓားမြှောင်ကို ဆွဲထုတ်လျှက် တုန်ယင်စွာ အော်သည်။
ဘန်း
သူဟာ ရုတ်တရက် အမှိုက်ပုံးထဲမှ ခုန်ထွက်လိုက်သည်မှာ ကျားသစ်တစ်ကောင်အလား ထင်ရသည်။ သူ၏ ခန္ဓာကိုယ်က တင်းတင်းကြပ်ကြပ် ကွေးသွားပြီးနောက်တွင် အရှေ့မှ လူတစ်အုပ်ကို သွေးနီရောင်သန်းနေသော မျက်ဝန်းတစ်စုံဖြင့် ကြည့်သည်။
323 03
“နင်တို့အားလုံး သေသင့်တယ်”
“နင်တို့အားလုံး သေရမှာ”
“သေစမ်း”
သူက တစ်ချက် အော်ဟစ်လိုက်ပြီး အရှေ့ဘက်သို့ ခပ်မြန်မြန် ခုန်ဝင်လိုက်ကာ ဓားမြှောင်ကို ရမ်းသည်။
ဘန်း
အပြင်ဘက်တွင် အချွန်အထက်ပေါင်းများစွာပါသော လက်ငါးချောင်းလုံးစွပ်၍ရသည့် ကွင်းက ဓားမြှောင်ကို ရင်ဆိုင်ပြီးနောက်တွင် ရွှေအိုရောင်ဆံပင်နှင့် လူငယ်က အနောက်ဘက်မှ လှမ်းအော်သည်။
“မပစ်နဲ့။ ဟွန့် ဒီကောင်မ ကုန်လွန်ခဲ့တဲ့ နှစ်တွေကြာပြီးတဲ့နောက်မှာ ဘယ်လောက် သန်မာလဲ ငါ ကြည့်မယ်”
ထို့သို့ ရုတ်တရက် ပြင်းထန်သောအားကို စောင့်ထည့်လိုက်ပြီး သူဟာ ကျိုးဝမ်ကို တွန်းထုတ်လိုက်သည်။
ဘန်း
သူဟာ သူမ၏ဝမ်းဗိုက်မှ ဒဏ်ရာဆီသို့ လက်သီးဖြင့် ခပ်ကြမ်းကြမ်း ထိုးလိုက်ကာ သူမ၏ဆံပင်ရှည်ကို စောင့်ဆွဲရင်း အပေါ်သို့ ပြန်မြှောက်တင်သည်။ ထို့နောက် နှုတ်ခမ်းကို သပ်လျှက် နောက်၏။
“နှစ်တွေ ကြာပြီးတဲ့နောက်မှာ မင်းရဲ့ကွန်ဖူးက မတိုးတက်လာဘူးပဲ”
“ဒါပေမဲ့”
“မင်းက ခေါင်းဆောင်ကို သစ္စာဖောက်ရဲတယ်ဆိုကတည်းက ပြန်သွားတဲ့အခါ သေရတာထက် ပိုဆိုးတဲ့ ဘဝနဲ့ ရှင်ရလိမ့်မယ်”
ဖူး
ကျိုးဝမ်က ပါးစပ်မှ သွေးများကို ထိုအကောင်၏မျက်နှာတည့်တည့် ထွေးထုတ်လိုက်သည်။ ထို့နောက် အံကိုကြိတ်ပြီး ပြောသည်။
“ဟွန်း နင့်အတွက်လည်း အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။ သားရဲကောင်တွေ”
“ဟား ဟား ဟား ဟား”
ရွှေရောင်ဆံပင်နှင့် လူငယ်က မျက်နှာမှ သွေးများကို အသာသုတ်ပြီး သူမရဲ့ အဝတ်ပေါ်ပြန်သုတ်သည်။
ဘန်း
ဘန်း
ဘန်း
သူဟာ လက်သီးကို မြှောက်လျှက် သူမ၏ကျောကို ခပ်ကြမ်းကြမ်းထိုးသည်။
“သေစမ်း မင်းကြောင့်သာ မဟုတ်ရင် ငါ ဒီသောက်ကျိုးနည်းနေရာမှာ အကြာကြီး နေနေရမှာ မဟုတ်ဘူး။ မင်းကြောင့်သာ မဟုတ်ရင် ငါအတွက် ဘာအကျိုးမှ မရှိနိုင်ဘူး”
“ဟွန်း ဟွန်း အနှေးနဲ့အမြန် မင်း မင်းရဲ့အမေလိုပဲ အဆုံးသတ်မှာပဲ”
“အဖွဲ့အစည်းအတွက် အနက်ရောင်မုဆိုးမလေးကို မွေးထုတ်ပေးပြီးနောက်မှာ မင်း ထွက်သွားနိုင်လိမ့်မယ်။ ဟား ဟား။ မင်းကို ကိုယ်ဝန်ဆောင်နိုင်အောင် လုပ်ဖို့အတွက် လူဘယ်လောက်ကများ ကံကောင်းမလဲ မသိဘူး”
“ပြန်ဆွဲခေါ်လာခဲ့”
ထို့သို့ပြောပြီးနောက်တွင် သူဟာ အနောက်မှ လူများကို လှမ်းအော်လိုက်သည်။
မြေပြင်တွင် တရွတ်တိုက် အဆွဲခေါ်လာရသော ကျိုးဝမ်ကို ပြန်လည်ကြည့်ပြီး သူဟာ လှောင်သည်။
“ဟွန်း အမှောင်ဝက်ဆိုက်စ့်လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့အစည်းကို လာထိရဲကတည်းက အသက်ရှင်ရတာ ပင်ပန်းနေလို့ပဲ ဖြစ်မယ်”
…
++++++324 01
အခန်း 324
“အာ ဟွေ့”
ဝေါင်း
“အာ ဟွေ့”
“ဟွေ့”
မနက်အစောပိုင်းတွင် ဆုပိုင်က အပြင်ဘက်မှ ဝရုန်းသုန်းကားအော်သံများကြောင့် နိုးလာရသည်။
သူဟာ မျက်လုံးကို ပွတ်ရင်း အိပ်ရာထဲမှ ကုန်းထသည်။ ထို့နောက် စားပွဲပေါ်တွင် လှဲနေသော လက်ချောင်းမျောက်လေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် အဝတ်များကို ကောက်ဝတ်လျှက် ရုံးခန်းအပြင်ဘက်သို့ ထွက်လိုက်သည်။
ထို့အခါ အာဟနှင့် ဖင်းမြေခွေးတစ်ကောင်က အနက်ရောင်အယ်လ်ဖာဂါ(ကုလားအုပ်နှင့် မျိုးနွယ်တူသော အကောင်) အနောက်သို့ ရူးသွပ်စွာ လိုက်နေကြကြောင်း မြင်ရသည်။ ဟက်စကီး၏အမွှေးများတွင် အစိမ်းရင့်ရောင်အရည်များ စိုရွဲနေသည်။
“ဟူး”
ဆုပိုင်က သူ၏မျက်ခုံးများကို တစ်ချက် ဖိစိတ်ရင်း ထိုသုံးကောင်နားသို့ လှမ်းသွားရသည်။
“အာ ဖူး”
“ငါ မင်းကို သေအောင် တံတွေးနဲ့ ထွေးပြမယ် ဟမ်။ သတိရှိရင် ငါရဲ့နောက်ကို လိုက်လေ ထွီ”
အနက်ရောင်အယ်လ်ဖာဂါက ရုတ်တရက် ခေါင်းကိုလှည့်လျှက် အော်သည်။ ထို့နောက် အစိမ်းရင့်ရောင်အရည်များက နှာခေါင်းထဲမှ ပန်းထွက်သွားပြန်သည်။
ဝုတ်
“မင်း အုတ်ဂူ တူးနေတာပဲ”
အာဟက အော်ပြီး မြေပြင်တွင် လိမ့်ကာ ရှောင်၏။
ကွက်
ဖင်းမြေခွေးက အချိန်မှီ မတုံပြန်နိုင်ခဲ့ပဲ နေရာတွင်ပင် တောင့်ခဲသွားသည်။ ထိုသို့ဖြင့် အညစ်အကြေးတစ်လုံးက သူ၏မျက်နှာကွက်တိ ရောက်လာသည်။
ဖွီ
“အဖေ ငါမရတော့ဘူး။ အရမ်းနံတယ်”
ထို့သို့ပြောပြီးနောက် သူဟာ အဝေးရှိ မြစ်ဘက်သို့ ပြေးသည်။
အရမ်း ကြောက်ဖို့ကောင်းတာပဲ။ ဒါက ဘာတွေလဲ။
နှာခေါင်းထဲက ဒီလိုအရာမျိုးတွေ မှုတ်ထုတ်လို့ ရတာပဲလား။ ဒါဆိုရင် ဖင်က ဘာအသုံးဝင်မှာလဲ။
ဝုတ်
“မင်းတော့ သေပြီ။ ငါသာ ဒီနေ့ မင်းကို သင်ခန်းစာမပေးဘူးဆိုရင် ဒီအာဟက ဘယ်လောက် အင်အားကြီးလဲ မင်းသိမှာ မဟုတ်ဘူး”
အာဟက ရုတ်တရက် မြေပြင်မှ ခုန်ထွက်လျှက် အရှေ့ဘက်သို့ အုပ်သည်။
ဘန်း
သူက ထိုသောက်ကျိုးနည်း အယ်လ်ဖာဂါ၏ ကျောဘက်သို့ ခုန်အုပ်တော့မည့်အချိန် ရုတ်တရက် အလွန်ကြီးမားသော သိုးခွာကြီးတစ်ခုက အရှေ့ဘက်တွင် ပေါ်လာသည်။ အာဟ၏ မူးဝေသွားပြီးနောက်တွင် မျက်လုံးက လှန်ထွက်သွားကာ မြေပြင်ပေါ်သို့ လဲကျသည်။
324 02
“အား ဖူး”
“ငါ မင်းကို ငါရဲ့နောက်ကို လိုက်ဖမ်းခွင့် ဆက်ပြုနေမယ်ဆိုရင် မင်းလည်း ငါခွာနဲ့ပေါက်တာကို ခံရသင့်တယ်”
ဘန်း ဘန်း ဘန်း
အနက်ရောင်အယ်လ်ဖာဂါက အပြေးလာပြီးနောက်တွင် ဟက်စကီး၏ကိုယ်ပေါ်သို့ တံတွေးထွေးသည်။ ထို့နောက် သူ၏ခွာကို မြှောက်ကာ ဟက်စကီး၏နဖူးတည့်တည့် ခပ်ကြမ်းကြမ်း ဖိနင်းပစ်သည်။
ဝုတ်
ဟက်စကီးက ငယ်သံပါအောင် အော်သည်။ ထို့နောက် မြေပြင်မှ ခုန်ထပြီး အဝေးသို့ ထွက်ပြေးလေသည်။
“ပြန်လာခဲ့”
“မင်းလည်း ဒီကိုလာ”
ဆုပိုင်က မြက်ခင်းနားသို့ သွားပြီး ထိုအကောင်နှစ်ကောင်ကိုကြည့်ကာ ချက်ချင်းဆိုသလို ဆူသည်။
“မင်းတို့သာ ထပ်ပြေးနေမယ်ဆိုရင် နဂါးဘုရင်မက မင်းတို့ဆီ လာလိမ့်မယ်”
ထိုအကောင်နှစ်ကောင်က အမှန်တကယ် မပြေးရဲတော့ကြောင်း မြင်သောအခါ ဆုပိုင်က အေးစက်စွာ နှာခေါင်းရှုံသည်။
ဟွန်း ဘယ်တစ်ကောင်မှ မတိတ်ဆိတ်ဘူး။
နေ့တိုင်းလိုလို ပြဿနာရှာတာတင် မလုံလောက်လို့ အချင်းချင်းတောင် ရန်ဖြစ်နေကြသေးတယ်။
ဒီနေ့ ဘယ်လိုနည်းနဲ့မဆို ဒီနှစ်ကောင်ကို ကိုင်တွယ်ရမယ်။
အနာဂတ်မှာ ဒီလိုအကောင်မျိုးအနည်းငယ်သာ ထပ်ပေါ်လာခဲ့ရင် တိရစ္ဆာန်ရုံက ဖွင့်လို့ ရပါအုန်းမလား။
“ဟီး ဟီး ဟီး ဟီး ဟီး”
ထိုအကောင်နှစ်ကောင်က သူ၏အရှေ့မြေပြင်တွင် ဆောင့်ကြောင့်လေး ထိုင်နေကြောင်း မြင်သောအခါ ဆုပိုင်က အေးစက်စွာ နှာခေါင်းရှုံ့သည်။
ထို့အချိန်တွင် ရှိုးကို လာကြည့်သော လူအများစုက ဝိုင်းလာပြီ ဖြစ်သည်။
“ဒါရိုက်တာဆုပိုင် ငါတို့ ဒီနှစ်ကောင်ကို ဒီလိုလွှတ်ပေးလို့ မရဘူးနော်။ သူတို့ မြက်တွေထဲကို ဘယ်လိုရှုပ်ပွအောင် လုပ်ထားလဲ ကြည့်ပါအုန်း”
တပိုင်က မျှစ်ကလေးကိုကိုင်ရင်း မြေပြင်ပေါ်တွင် ဖင်ထိုင်ချလိုက်ကာ အပြုံးနှင့် လှမ်းအော်သည်။
ကွက်
“ငါ့အထင် မင်း ငါနဲ့တွဲထားပေးသင့်တယ်။ ငါတို့ မတိုက်ခိုက်ရတာ ကြာပြီ”
“ဟုတ်တယ်။ ဒါရိုက်တာဆုပိုင် ဘာလို့ နှစ်ရက်လုံးလုံး ဘာမှ မကျွေးဘဲ ထားပြီး အပြစ်မပေးတာလဲ”
ဘေဘီကလည်း အဝေးမှ အပြေးလာပြီး ဆုပိုင်ဘေးနားတွင်ရပ်လျှက် နှာခေါင်းကို အုပ်ရင်း ပြောသည်။
“ဒီအယ်လ်ဖာဂါက တအားဆိုးတာ သူက ဘေဘီရဲ့ ဂါဝန်တွေကိုလည်း သူရဲ့ညစ်ပတ်တဲ့ အရည်တွေနဲ့ မှုတ်ပစ်တယ်။ သူ့ကို သင်ခန်းစာပေးရမယ်”
ဆုပိုင်က ဒေါသထွက်နေသော ကလေးမလေးကို ကြည့်ပြီး နဖူးလေးကို အသာပုတ်ကာ အပြုံးနှင့် ပြောသည်။
“ကောင်းပြီ။ ဒီနှစ်ကောင်ကို သင်ခန်းစာပေးရမယ်”
“လောင်ကျိုး ကြိုးသွားရှာ”
324 03
သူဟာ ဘေးနားတွင် ရပ်နေသော လောင်ကျိုးကို လှမ်းပြောလိုက်သည်။ အချိန်တွေကြာြပီးနောက်တွင် ….
ထိုနှစ်ကောင်ကို တွဲချီပြီးနောက်တွင် ဆုပိုင်က တစ်ဖက်သို့လှည့်လျှက် တိရစ္ဆာန်များအားလုံးကို ပြောလိုက်သည်။
“ဘယ်သူကမှ သူတို့ကို ကြိုးဖြည်ပေးခွင့် မရှိဘူး။ ခဏနေရင် သူတို့နှစ်ကောင်ကို ထရိုင်နိုဆော့ရပ်စ့်ကလေးဆီ ပို့လိုက်မယ်”
တိုက်တိုက်ဆိုင်ဆိုင် ထရိုင်နိုဆော့ရပ်စ့်ကလေးကလည်း သွားစပေါက်လာပြီ ဖြစ်သည်။ ထို့ကြောင့် ထို့နှစ်ကောင်ကိုသုံးပြီး သွားကို ထက်အောင် လုပ်ရပေမည်။
“အား ဖူး”
“မလုပ်ပါနဲ့။ မလုပ်ပါနဲ့”
အနက်ရောင်အယ်လ်ဖာဂါက ဆုပိုင်ပြောသော စကားကို ကြားချိန်တွင် ချက်ချင်းဆိုသလို ထရိုင်နိုဆောရပ်စ့်ကို ရန်စမိသည့်အတွေ့အကြုံ့ကို သတိရသွားပြီး ငယ်သံပါအောင် အော်သည်။
“ဝုတ်”
“အော်မနေနဲ့။ မင်းမှာ သတ္တိရှိလို့လား။ ထရိုင်နိုဆောရပ်စ့်က မင်းကို မစားရဲဘူး။ ဘာလို့ ကြောက်နေတာလဲ”
အာဟက အထင်သေးသေး အော်သည်။
“ဖူး ဖူး ဖူး ဖူး”
“ဖက်စ့် မင်းက ငါ့ကိုလာပြီး မှုတ်ရဲသေးတယ်။ ငါ မင်းကို သေအောင် ကိုက်မယ်”
“အား ငါလည်း မင်းကို ကိုက်မှာပေါ့”
ဆုပိုင်က အချင်းချင်း ထသတ်နေပြန်သော အကောင်နှစ်ကောင်ကိုကြည့်ပြီး ခေါင်းကိုစွံ့အစွာ ခါသည်။ ထို့နောက် ဟာလီကို ခေါင်းညိတ်ပြလိုက်ပြီနောက် ရုံးခန်းထဲသို့ ပြန်ဝင်ခဲ့လိုက်သည်။
တိရစ္ဆာန်များအရေအတွက်တိုးလာသည့်နှင့်အမျှ အထူးသဖြင့် အရိုင်းဆန်သောအကောင်များကို ကိုင်တွယ်ရန် လိုအပ်လာသောအခါ စီမံခန့်ခွဲရန် ခက်ခဲလာသည်။ သို့သော် ဆုပိုင်ကမှု ထို့အကောင်များအတွက် ထူးခြားသောဖြေရှင်းချက်မျိုး မရှိသေးပေ။
ငါတို့ ဒီကောင်တွေကို လှောင်အိမ်ထဲမှာလည်း ပိတ်ထားလို့ မဖြစ်ဘူးလေ။
သို့ရာတွင် ထိုဟက်စကီးကိုမှု အမှန်တကယ် အပြစ်ပေးသင့်နေလေပြီ။
ဒါမှမဟုတ်ရင် ဒီနှစ်ကောင်ရဲ့အင်အားတွေက ကုန်ပါအုန်းမလား။
ဆုပိုင်က မျက်မှောင်ကျုံ့ရင်း ရုံးခန်းထဲသို့ တစ်လှမ်းချင်းစီ ဝင်သည်။
သူဟာ ကုလားထိုင်တွင် ထိုင်ပြီးနောက် စနစ်၏ ဇယားကို တစ်ချက်ကြည့်သည်။ သူ့တွင် အံအားသင့်မှုအမှတ် ငါးသန်း ကျော်ရှိနေပြီ။ သို့သော် …
နောက်ဆုံးသော ကယ်တင်ရမည့် ချစ်စရာကောင်းသည့်အမျိုးအစားအပိုင်းအစက
“စောင်းကောက်ဖျံ ဟုတ်လား”
ဆုပိုင်က တစ်ခဏခန့် ညည်းညူပြီးနောက် သူ၏ဂွမ်းအနွေးထည်ကို ကောက်ဝတ်လျှက် လိုအပ်သော ပစ္စည်းများအားလုံးကို ကျောပိုးအိတ်ထဲသို့ ထိုးထည့်လိုက်ပြီး ထိုအပိုင်းအစကို လဲလိုက်သည်။
ဟူး
သူဟာ အသက်ပြင်းပြင်းရှုသည်။
“စနစ် တာဝန်ကိုစတော့”
သူဟာ တစ်ချက် ညည်းလိုက်သည်။
“တီ။ စောင်းကောက်ဖျံတာဝန်က စတင်ပါပြီ”
“တီ။ ပြန်လည်ခေါ်ဆောင်နိုင်ရမဲ့ စောင်းကောက်ဖျံတွေရဲ့အရေအတွက်က တိုးမြှင့်သွားပြီဖြစ်လို့ တာဝန်ရဲ့ခက်ခဲမှုကလည်း မြှင့်တက်သွားပါတယ်”
“ရေတွက်ချိန်”
၁၀
၉
၈
…
“ခက်ခဲမှုက မြှင့်တက်သွားတာလား”
ဆုပိုင်က ခပ်တိုးတိုး ရေရွတ်ပြီးနောက်တွင် အပြာအလင်းတန်းများနှင့်အတူ ရုံးခန်းထဲမှ ပျောက်ကွယ်သွားလေသည်။