← Chapters

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း 325

ဗုန်း

ဗုန်း

ဗုန်း

အင်ဂျင်စက်သံက ဆက်တိုက်ဆိုသလို ထွက်လာချိန်တွင် ကြီးမားခမ်းနားလွန်းသော အပျော်စီးခရီးသွားသင်္ဘောကြီးက အရှေ့မှ ရေခဲကို ထိုးခွဲလိုက်သည်။ ကုန်းပတ်လမ်းပေါ်တွင် စုစည်းနေကြသော လူတစ်ဖွဲ့က အမဲလိုက်သော သေနတ်များကိုကိုင်ရင်း သူတို့၏အရှေ့ရေခဲပေါ်တွင် တဖြည်းဖြည်းချင်စီ တွားသွားနေသော တိရစ္ဆာန်တစ်ဖွဲ့ကို ချိန်ရွယ်ထားသည်။

ဒိုင်း

ထို့နောက် မရေမတွက်နိုင်သော သေနတ်ပစ်သံများက ထွက်လာသည်။ အဝေးမှသာ ကြည့်မည်ဆိုရင် သွေးမြူများက မြှောက်တက်နေတာ မြင်ရမည်ဖြစ်သည်။

“အားလုံးပဲ ဒီနေ့ အမဲလိုက်ရမဲ့အရေအတွက်က သုံးသိန်းသုံးသောင်းအထိ မြှင့်သွားပြီဆိုတာကို သတိထားပေးပါ”

“ဒါပေမဲ့ … ဒီဖျံတစ်ကောင်ချင်းစီတိုင်းမှာ ရှိတဲ့ ကျည်ဆန်အရေအတွက်အရ တန်ကြေးက သုံးပုံတစ်ပုံအထိ လျော့ကျသွားလိမ့်မယ်”

ခါးထောက်ထားသော မုတ်ဆိတ်မွှေးများနဲ့လူကြီးတစ်ယောက်က သူ၏အနောက် ကလပ်မှ မုဆိုးများကို လှည့်ကြည့်ကာ အော်ပြောသည်။

“အားလုံးပဲ ကြီးမားတဲ့ဖျံတွေကိုပဲ ချိန်ပြီး ပစ်ရမယ်။ အမွှေးဖြူဖြူနဲ့ ဖျံပေါက်လေးတွေကို မထိခိုက်စေနဲ့”

“ဒီအကောင်ပေါက်လေးတွေရဲ့ အမွှေးက အကောင်ကြီးတွေထက် ပိုဈေးကြီးတယ်။ ဆုံးရှုံးလို့ မရဘူး”

“ဟား ဟား ဟား မစိုးရိမ်ပါနဲ့။ ငါတို့ရဲ့ကလပ်က နှစ်ပေါင်းများစွာကြာတဲ့အထိ ဒီပွဲကို တာဝန်ယူကျင်းပနေတာဖြစ်လို့ အမှားအယွင်းရှိစရာအကြောင်း မရှိဘူး”

“ဟုတ်တယ် မစိုးရိမ်နဲ့။ သူဌေးဘိုခန်း ဘာမှ မမှားစေရဘူး”

“ဒါက ဒီအတိုင်း မျက်စိပဒဿဖြစ်စေရုံပဲ မဟုတ်ဘူးလား။ နောက်ပြီး ငါတို့က အလျင်လည်း လိုတာ မဟုတ်ဘူးလေ။ ဒီနေ့ ဝေစုကလည်း တိုးသွားပြီဆိုတော့ အမဲလိုက်တဲ့ ကလပ်တွေက ပိုများလိမ့်မယ်။ ဒီတော့ ငါတို့ ဖျံပေါက်လေးတွေကို ပိုရှာသင့်တယ်”

ထိုစကားကိုကြားသောအခါ အနောက်မှ တစ်ဖွဲ့လုံးကလည်း ရယ်မောရင်း တုံ့ပြန်ကြသည်။

သူတို့၏ကလပ်က ဖျံအမဲလိုက်မှု စတင်ချိန်ကတည်းက တည်ထောင်ထားခဲ့ခြင်း ဖြစ်သည့်အလျှောက် ဒီတိုင်းပြည်အတွင်းရှိ အမဲလိုက်ကလပ်များထဲတွင် ဉီးဆောင်နေခြင်း ဖြစ်သည်။ ထို့နောက် …

သူတို့၏ဆက်တိုက်ဆိုသလို သိသာထင်ရှားသော ရလဒ်များက အများက လက်ခံထားပြီးသား ဖြစ်သည်။ အမဲလိုက်သော ဝေစုအချိုးက တစ်ထောင့်ငါးရာမှ သုံးသိန်းသုံးသောင်းအထိ တိုးတက်လာခဲ့သည်။ သူတို့၏ အကျိုးပြုမှုများကလည်း အမြှင့်ဆုံးဖြစ်သည်။ ထို့နောက် ပြည်တွင်းမှ စက်ရုံများကလည်း အရင်းအမြစ်အမြောက်အများ ပိုင်ဆိုင်ပေ့လိမ့်မည်။

သူတို့၏ကလပ်မှ လူတိုင်းက လွန်ခဲ့သော လအနည်းငယ်တွင် ထိုဖျံများကို အမဲလိုက်ရုံဖြင့် ရှင်သန်နေထိုင်နေခဲ့ခြင်း ဖြစ်သည်။

ဒီတစ်ကြိမ် ဖျံများကို ရွေးချယ်ရသည်မှာ ထိုဖျံများ၏ သားဖွားသော ရာသီပြီးဆုံးပြီးသည့်မှ လအနည်းငယ်သာ ကြာညောင်းခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုစောင်းကောက်ဖျံများကဲ့သို့ ဖြူဖွေးသန့်စင်သော အမွှေးများနှင့် အကောင်ငယ်လေးများက တန်ဖိုးအကြီးဆုံးဖြစ်လေသည်။

“ကောင်းပြီ။ ကောင်းပြီ။ ရောက်တော့မယ်။ မြန်မြန်လေးဆင်းပြီး ကိုယ့်အိမ်စာကိုယ် လုပ်ထားကြ”

ဘိုခန်းက အပျော်စီးသင်္ဘောကို တဖြည်းဖြည်းချင်းစီ ရပ်လိုက်သည်။ ထို့နောက် ကြီးမားသော တုတ်ချောင်းကြီးကို အတွင်းထဲမှ ဆွဲထုတ်လိုက်ပြီး လူတိုင်းကို လှမ်းအော်ပြောကာ သူကိုယ်တိုင်ကလည်း အရှေ့ဆုံးမှ ဉီးဆောင်ကာ လှေကားပေါ်မှ ဆင်းသည်။

325 02

လူတိုင်းကလည်း သန်မာသည့်ချိတ်ကောက်များကို ကိုင်လျှက် ခပ်မြန်မြန် လိုက်လာကြသည်။ အချို့က အဆူးချွန်များပါသည့် သစ်သားတုတ်များကို ကိုင်သည်။ အချို့က လည်သာ ဆူးကောက်များကို ကိုင်၏။ ထို့သို့ဖြင့် လှေပေါ်မှ အပြေးဆင်းကြသည်။

“ဟား ဟား ဟား ဟား ဟား”

ဘိုခန်းက အဝေးမှ ခက်ခက်ခဲခဲ တွားသွားနေရန် ကြံရွယ်ထားသည့် ဖျံတစ်ကောင်ကို ကြည့်ရင်း အော်ရယ်သည်။ သူဟာ ခပ်မြန်မြန် အပြေးသွားလိုက်၏။

“ကွက် ကွက် ကွက် ကွက်”

ငွေဖြူရောင်ဖျံက လျင်မြန်စွာ ချဉ်းကပ်လာသော လူသားကိုကြည့်ပြီး ကြောက်လန့်တကြား အော်သည်။ ထို့နောက် အဝေးသို့ စတင်ကာ အပြေးသွားသည်။

“မပြေးနေနဲ့တော့”

“သေချင်နေတာပဲ”

ဘိုခန်းက အော်ဟစ်လိုက်ရင်း ထိုဖျံကို မြေပြင်ပေါ်သို့ ကန်ထုတ်လိုက်သည်။ ထို့နောက် သူ၏လက်ထဲမှ ကြီးမားသော သစ်သားတုတ်ကြီးကို မြှောက်လိုက်၏။

ဘန်း

ဘန်း

ဘန်း

သူဟာ ထိုဖျံ၏ခေါင်းကို ခပ်ကြမ်းကြမ်း ရိုက်သည်။ သွေးများက ချက်ချင်း ပန်းထွက်လာ၏။

ဖျံက လှုပ်ရှားမှုကင်းမဲ့သွားမှသာ ဘိုခန်းက သူ၏မျက်နှာကို စင်လာသော သွေးများကို သုတ်လိုက်ပြီး ကိုယ်ကိုငုံကိုင်းလျှက် ဖျံကို ကောက်ယူသည်။

ဖွီ

သူဟာ ထိုဖျံအသေကို တစ်ချက်ကန်ထုတ်လျှက် ဒေါသကြီးကြီး အော်သည်။

“တကယ်ကို အမဖြစ်နေတာ။ လာစမ်း အရေခွံဆုတ်ဖို့ မလိုဘူး။ ခန္ဓာကိုယ်ကို နှစ်ခြမ်းတန်းခွဲပြီး သင်္သောထဲမှာ ပုံထားလိုက်”

သူက သူ၏လူများကို လက်ရမ်းပြလျှက် အဝေးဘက်သို့ ထပ်လျှောက်သွားသည်။ ထို့နောက် သစ်သားတုတ်ကို တရွတ်တိုက် ဆွဲသွားသည်။

“သူဌေး ဘိုခန်း ဟိုဘက်မှာ အကောင်ပေါက်‌လေးတွေ ရှိတယ် ဟား ဟား နှစ်ကောင်တောင်”

…

ထို့အချိန်တွင် သန်မာသောလူကြီးတစ်ယောက်က လက်ကိုရမ်း၍ စိတ်လှုပ်ရှားစွာ လှုပ်အော်သည်။ ထိုတစ်ဖွဲ့က အပြေးသွားလိုက်ကြသည်။

“ဝမ်းသာစရာပဲ။ မင်းလှေပေါ်က ဆင်းခါစပဲရှိသေးတယ်။ အဖြူရောင်အမွှေးနဲ့အကောင်ငယ်လေး နှစ်ကောင်နဲ့ တိုးတာပဲ”

“ဒီဖျံအမကိုကြည့် ငါတို့ကိုတောင် သွားဖြဲပြရဲတယ်”

“အားလုံးကို သေအောင် ရိုက်သတ်ပြီး အရေခွံဆုတ်လိုက်။ အရေခွံဆုတ်တဲ့အခါ သတိထားနော်”

ဘေးဘက်တွင် လူတစ်အုပ်က ရပ်လျှက် သန်မာသောလူကြီးကို မနာလိုကြီးစွာ ကြည့်ကြသည်။

ဟူး။

သန်မာသော လူကြီးက သူ၏လက်ဝါးထဲသို့ တံတွေးထွေးထုတ်သည်။ ထို့နောက် လက်နှစ်ဖက်ကို ပွတ်လိုက်ပြီးနောက် လက်ထဲမှ သစ်သားတုတ်တံတိုဖြင့် ထိုအနားသို့ လှမ်းသွားလိုက်သည်။

ကွက် ကွက် ကွက်

325 03

မိခင်ဖျံမကြီးက သူတို့ကို ဝိုင်းနေသော လူသားများကို မာန်ဖီပြီးနောက် သူမ၏ခန္ဓာကိုယ်ကို ဆက်တိုက်ဆိုသလို ရုန်းကန်ကာ ရမ်းရင်း အကောင်ပေါက်လေး နှစ်ကောင်ကို ကာကွယ်ရန် ကြိုးစားသည်။

ဘန်း

သစ်သားတုတ်က သူမ၏နဖူးကို ခပ်ကြမ်းကြမ်း ရိုက်မိသွားသည်။

ခန္ဓာကိုယ်တစ်ခုလုံးက တုန်ခါသွားပြီးနောက်တွင် ပြန်ထရန် ရုန်းကန်သေးသည်။ ထိုနည်းအားဖြင့် အကောင်ပေါက်လေးနှစ်ကောင်ကို နောက်ဆုတ်သွားနိုင်အောင် ကာကွယ်ပေးသည်။

သူမ၏မျက်လုံးတွင် စိတ်ပျက်အားငယ်မှုက ဖြတ်ပြေးသွားသည်။

သူမသည် ကိုယ်ချင်းစာမရှိတော့ချေ။ အကောင်ပေါက်လေးများက ရေကူးနိုင်စွမ်းရည်တွေ မရှိသေးချေ။ ပင်လယ်ထဲတွင် ခုန်ချမည်ဆိုလျှင်ပင် ငတ်မသေလျှင်ပေ ရေနစ်သေရပေလိမ့်မည်။

“ကွက် ကွက် ကွက်”

“သွား………သွားတော့”

“သွားကြစမ်း သူတို့ကို ထိခိုက်အောင်မလုပ်နဲ့”

ထို ဖျံက အသနားခံသော အသံများကို ထုတ်သည်။ သို့သော် အရှေ့မှ လူသားများက မလှုပ်ရှားကြပေ။

“ဘန်း”

ထို့နောက် ခပ်ကြမ်းကြမ်း ရိုက်ချက်က ထွက်လာသည်။ ထိုဖျံမကြီးက သူမ၏အရှေ့မှ ပုံရိပ်များက နှစ်ထပ်သုံးထပ် ဖြစ်လာကြောင်း မြင်လိုက်ရ၏။ သူမ၏ ခေါင်းထိပ်မှသွေးများက စီးကျလာပြီးမျက်လုံးထဲသို့ ဝင်သည်။

“ကွက် ကွက် ကွက်”

“ အမေ အမေ အမေ”

ဖျံပေါက်လေး နှစ်ကောင် ကလည်း သူတို့၏ ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ ရွှေ့ပြီး မိခင် ဖြစ်သူ၏ ခေါင်းပေါ်မှ ဒဏ်ရာ များကိုကြည့်ကာ ကြောက်လန့်တကြား အော်သည်။

“သေစမ်း ခေါင်းက တအားမာတယ်”

သန်မာသော လူကြီးက နှစ်ကြိမ်ရိုက်ပြီးသည့် တိုင်အောင် ထနေ၍ ရုန်းကန်နေသေးသော ထိုဖျံမကို ကြည့်ပြီး ခပ်တိုးတိုးဆဲလိုက်သည်။

“ဟားဟား မင်းမလုပ်နိုင်ဘူးလား မင်းက ဒီဖျံမ တစ်ကောင်ကိုတောင် နှစ်ကွက်ထဲနဲ့ မကိုင်တွယ်နိုင်ဘူး”

“ငါတို့ ကလပ်ကို အရှက်ခွဲနေတာပဲ။ ဒီအကောင်ပေါက်လေး နှစ်ကောင်က မင်းကို သွားဖြဲပြနေပြီ”

“မဟုတ်ရင် မင်း ငါတို့အကူအညီ လိုလား။ အနည်းဆုံးတော့ သုံးချက် ရိုက်ပြီးမှ သတ်ရမယ် ထင်တယ်။ ဟွန်း လူသစ်ကျနေတာပဲ”

လူအုပ်၏ရယ်သံကို ကြားသောအခါ ထို သန်မာသော လူကြီးက အံကိုကြိတ်သည်။

“မင်းအမှားပဲ သေတော့”

“ဝေါင်း”

သူဟာ သစ်သား တုတ်ကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ကာ ခပ်ကြမ်းကြမ်း ရိုက်ချ လိုက်သည်။

“ဘန်း”

ထိုသို့ဖြင့် ခပ်ကြမ်းကြမ်း အရိုက်ခံလိုက်ရသည်။

“ကွက်”

ထို ဖျံအမေကြီးက မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူမ၏ ပါးစပ်ထဲမှ သွေးများက ပန်းထွက်လာသည်။ သူမက ခန္ဓာကိုယ်ကို လှုပ်နိုင်ရန် ရုန်းကန်လေသည်။ ထို့နောက် အကောင်ပေါက်လေးနှစ်ကောင်ကို ကြည့်ရင်း အော်ညည်းသည်။

“ ငါရဲ့ ကလေးတွေ”

“ငါရဲ့ ကလေးတွေ သွားတော့ သွားတော့”

“ငါရဲ့ ကလေးတွေ အမေက ထားခဲ့ရတော့မယ်။ ငါတို့ …..”

ဘန်း

နောက်ထပ် ပြင်းထန်သော ရိုက်ချက်က ရောက်ရှိလာပြီး နောက်တွင် ထိုဖျံမ ကြီးက ကလေးငယ်များကို သူမ၏ခန္ဓာကိုယ် အောက်သို့ လက်ကျန်အင်အားဖြင့် အတင်းပို့လျှက် အဆုံးသတ်သည့် ကာကွယ်ရန် မျှော်လင့် ခဲ့သည်။ သို့သော်

++++++ 326 01

အခန်း 326

ကွက်ကွက်ကွက်

သန်မာသော လူကြီးက ဖျံအဖြူ အကောင်ပေါက်လေး နှစ်ကောင်ကို ကောက်ယူလိုက်သည်။ ထို အကောင်ပေါက်လေး နှစ်ကောင် လုံးက သွေးများဖြင့် စိုရွှဲ နေသည်။

ဘန်း

သူဟာ ထို အကောင်ပေါက်လေး နှစ်ကောင်ကို ရေခဲထဲသို့ အတင်း ဖိချပြီးနောက် သူတို့ကို ထပ်မြှောက်လိုက်ကာ ရိုက်ခွဲ လိုက်သည်။ ထို့နောက် အခြား တစ်ကောင်ကို ပြန် ကြည့်၏။

ဘန်း

တူညီသော နည်းလမ်းအားဖြင့် နောက်ဆုံးအကောင်ကို လည်း သတ်လိုက်သည်။

ဟူး

သူဟာ မြေပြင်တွင် လဲကျသွားသော အကောင်သုံးကောင်ကို ကြည့်ပြီးနောက်တွင် အသက်ပြင်းပြင်း ရှုသည်။ မြေပြင်တွင် ဆောင့်ကြောင့် ပြန်ထိုင်လိုက်ပြီး ဓားမြှောင်တစ်ချောင်းကို ထုတ်လိုက်၏။

ဗွီ့

သူက ဖျံ၏ ဝမ်းဗိုက်သားကို ဆွဲခွဲလိုက်ပြီးနောက်တွင် သွေးသံရဲရဲနှင့် အမွှေးတစ်ခုလုံး ကို ဆွဲခွာ ပစ်လိုက်သည်။ မိနစ် အနည်းငယ်ခန့် ကြာပြီးနောက်တွင်…..

သေသွားသော ဖျံမကြီးက မျက်လုံးပြူးကျယ်ကာ သူ့ကိုစိုက်ကြည့်နေကြောင်းမြင်သော အခါ သူဟာ မျက်မှောင်ကျုံ့သည်။

“သေသွားတာတောင် ကြည့်ချင်သေးတယ် ဟုတ်လား”

ဘန်း ဘန်း ဘန်း

သူဟာ အနားသို့ လျှောက်သွားပြီး ထို ဖျံမကြီး၏ ခေါင်းကို ခပ်ကြမ်းကြမ်း ရိုက်ခွဲလိုက်ကာ ပင်လယ်ထဲသို့ ပစ်ချလိုက်သည်။

ထို့နောက် အကောင်ငယ်လေး နှစ်ကောင်ကို ဆက်လက်ပြီး အရေခွံဆုပ်သည်။ အရေခွံဖယ်ပြီးသည်နှင့် ထိုအကောင်များကိုလည်း လွှင့်ပစ်လိုက်သည်။

“ဟွန်း မိသားစုတွေ ပြန်ဆုံပါစေပေါ့။ ဟွန်း”

သူဟာအေးဆက်စွာနှုတ်ခေါင်းရှုံ့လိုက်ပြီး သူ၏အပေါင်းအဖော်များနှင့် အတူ ရေခဲထဲတွင် ဖျံများကို ဆက်ရှာသည်။

ဂျွတ်

ဆုပိုင်က အဝေးရှိ ရေခဲတုံးထဲမှ လျှောဆင်းလိုက်ကာ ပင်လယ်ထဲတွင် မျောလွှင့်နေသည့် အလောင်းတစ်လောင်းကို ကြည့်ပြီး အံကို ကြိတ်သည်။

ယခင်အတိတ် မြေကမ္ဘာပေါ်တွင် ထိုကဲ့သို့ နှစ်တိုင်းအလိုလို ဖျံအမဲလိုက်သည့်ပွဲကို ကျင်းပ နေသော နိုင်ငံမျိုး ရှိကြောင်း သိထားလေသည်။ သို့တိုင်အောင် ယခုလို ကိုယ်ပိုင် မျက်လုံးဖြင့် မမြင်ခဲ့ဖူးချေ။

ဒီလောက်ထိ ရက်စက်မယ်လို့ မထင်ထားဘူး။

326 02

ဖျံအမေကြီးက သူမ၏ကလေး ဖျံပေါက်များ၏ရှေ့တွင်ပင် ရက်ရက်စက်စက် အသတ်ခံလိုက်ရသည်။ အမွှေးများကို ဖျက်စီးစေရန်အလိုငှာ တုတ်ချောင်းဖြင့် သေသည့်အထိ အရိုက်ခံရ၏။

နောက်ပြီး

“အရမ်းရက်စက်တယ်”

ဆုပိုင်က ခပ်ကြမ်းကြမ်း ကျိန်ဆဲလိုက်ပြီး ကိုယ်ကို ငုံချလျှက် အဝေးရှိ ရေခဲမျက်နှာပြင်ထံသို့ တဖြေးဖြေးချင်းစီ လျှောက်လာလိုက်သည်။

ဒီနယ်မြေအတွင်း အမဲလိုက်သော အဖွဲ့ပေါင်းများစွာ ရှိနေကြသည်။ ဒီတာဝန်၏ ခက်ခဲမှုက မြင့်တက်လာသည်။ သိသာစွာပင် သူဟာ ထိုအမဲလိုက်သော အသင်းများကို တစ်ယောက်ထဲ တားရမည့်ပုံပေါ်သည်။ သို့ရာတွင် သူ၏တစ်ယောက်ထဲ အင်အားနှင့် တားရန် ခက်ခဲလောက်သည်။

ဒါပင်မဲ့…..

ထိုလူများက သုံးသော ရက်စက်သော နည်းလမ်းများကို မြင်ပြီးနောက်တွင် သူ့၏နှလုံးသား အတွင်းဒေါသများက ပြည့်နှက်လာသည်။

ဒီလူတွေကို သေချာပေါက် အထိနာအောင် သင်ခန်းစာပေးပစ်ရမယ်။ အဲဒီလိုမှ မဟုတ်ရင်….

သေသွားတဲ့ ဖျံတွေအတွက် ဘယ်လိုများတရားမျှတမှု ယူပေးနိုင်မှာလဲ။

“အား ငါတအား စိတ်တိုသွားပြီ ငါပေါက်ကွဲတော့မယ်ထင်တယ်။ တအားကို ရက်စက်တာပဲ”

“ဟုတ်တယ် ငါရဲ့ ဉီးခေါင်းခွံတောင် ထုံထိုင်းသွားသလိုပဲ။ ဘယ်လိုကြောင့်များ ဒီလူသားတွေက ဒီလောက်အထိ ရက်စက်ရတာလဲ။ဒါက လူတွေနဲ့တောင် မတူတော့ဘူး။ သူတို့က ခံစားချက် မရှိတော့ တာများလား မိခင်ကို ရိုက်သတ်တာကို ကလေးတွေကို ကြည့်ခိုင်းတယ်။ ဒါက…..”

“နောက်ပြီးနေရာမှာတင် ဖျံကို အရေခွံဆုပ်လိုက်သေးတယ်။ တအားရက်စက်တာပဲ ငါသည်းမခံနိုင်ဘူး။

ဒါရိုက်တာ ဆုပိုင် ဒီလူတွေကို သေ‌အောင်ပစ်သတ်လိုက်ပါလား။ ငါအားပေးတယ်”

“ဟုတ်တယ်ဒီလူတွေကို တုတ်ချောင်းတွေနဲ့ သေအောင် ရိုက်သတ်သင့်တာ သေနတ်နဲ့ပစ်သတ်တာက လွယ်လွန်းတယ်။ သားရဲတစ်သိုက်ပဲ”

“သူတို့ဘာပြောလိုက်လည်း အားလုံးကြားကြလား ဒီတိုင်းပြည်ကဖျံ သုံးသိန်းသုံးသောင်း တောင်လိုချင်တာတဲ့ တိရိစ္ဆာန်တွေမျိုးမတုန်းမှာကို စိုးရိမ်တာလား”

“အံဩစရာပဲ မြေပြင်က သွေးအိုင်ကို ကြည့်ရုံနဲ့တင် သောက်ကျိုးနည်းကိုပဲ…”

……….

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ လူတိုင်းက ဝင်ရောက်လာပြီးသည်နှင့် ထိုမြင်ကွင်းကို မြင်လိုက်ပြီး တုန်လှုပ်သွားကြသည်။ ထိုလူ တစ်ဖွဲ့က ခွဲခြားဆက်ဆံမှု ကင်းမဲ့စွာနှင့် ပစ်ခတ်နေသော မြင်ကွင်းကို မြင်တွေ့ နေရသည်။ ဒါဟာ အဆုံးသတ်ဟု လူတိုင်းက တွေးတောလိုက်သည့် အခိုက်အတန့်တွင် ပို၍ရက်စက်သော သတ်ဖြတ်မှုက စတင်လာခဲ့သည်။

မိခင်ဖျံကြီးက သားပေါက်များကို အဆုံးသတ်အထိ ကယ်တင်သွားသော မြင်ကွင်းကို မြင်သောအခါ တုတ်ကြီးက သူမ၏ခေါင်းကို ရိုက်လာချိန်တိုင်းလိုလို လူတိုင်း၏နှလုံးသားကို လာရိုက်သလိုမျိုး ခံစားကြရသည်။

လူတိုင်းဟာ ထိုဖျံပေါက်လေးများက အရေခွံဆုပ်ခံရသည့်အထိ တိတ်ဆိတ်နေခဲ့ကြ၏။

သူတို့၏စိတ်အတွင်း ဝမ်းနည်းသော ခံစားချက်က လှိုင်တက်လာသည်။ လူသားများဟာ ဖျံများကို ထိုကဲ့သို့သော နည်းလမ်းမျိုးဖြင့် ဆက်ဆံတတ်ကြောင်း မည်သည့်အချက်အလက်မှ မရှိခဲ့ချေ။ မျိုးတုန်းတာနဲ့ပဲ တန်တယ်။

…

“ဝူး ဝူး ဝူး”

ချင်တု၏ကျောင်းတစ်ကျောင်းတွင် အခန်းထဲတွင် ငိုသံများက လှိုင်ထွက်နေသည်။ အခန်းအပြင်ဘက်တွင် သင်ကြားရန် တာဝန်ယူသော ဆရာပေါင်းများစွာက ရပ်လျှက် အချင်းချင်း ကြည့်ပြီး ခေါင်းကို စိတ်ရှုပ်ထွေးစွာ ခါနေကြသည်။

326 03

ထို့နောက် ဆရာများက အခန်းထဲသို့ အပြေးအလွှားဝင်ကြသည်။

တစ်ခုခုများ ဖြစ်လို့လား။

သို့ရာတွင် သူတို့က ဝင်လိုက်သည့်အခိုက်အတန့်တွင်ပင် ဆယ်နှစ်ဝန်းကျင်သာရှိလောက်သေးမည့် ကလေးတစ်ဖွဲ့က မျက်လုံးများနီရဲသည်အထိ အရှေ့မှ ပရိုဂျက်တာကို စိုက်ကြည့်နေကြောင်း မြင်ရသည်။

“ဘာဖြစ်လို့လဲ”

ဆရာမတစ်ယောက်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

“နားချိန်မှာ ဒါရိုက်တာ ဆုပိုင်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကိုပဲ ကြည့်ခွင့်ပြုထားတာ မဟုတ်ဘူးလား”

ထိုသို့ပြောရင်းမှ သူဟာ လှည့်ကြည့်လိုက်သည်။

“အား”

သူကိုယ်တိုင်ကပင် ပါးစပ်ကို အုပ်ပြီး အော်လိုက်မိသည်။

သစ်သားတုတ်ကိုင်ထားသော လူနှစ်ယောက်က အောက်ဘက်ရှိ သတ္တဝါများကို ခပ်ကြမ်းကြမ်း ရိုက်နေကြောင်း မြင်လိုက်ရသည်။ ရိုက်ချက်တိုင်းတွင် မရေမတွက်နိုင်သော သွေးပေါင်းများစွာက ပန်းထွက်လာသည်။ ထို့နောက် ထိုနှစ်ယောက်က ယှဉ်ပြိုင်နေသလိုမျိုး အချင်းချင်းကြည့်ပြီး ရယ်နေကြသေးသည်။

“ဒါ”

ကင်မရာက လေထဲသို့ မြှောက်တက်သွားပြီးနောက် မနှစ်သက်ဖွယ်ကောင်းသော မြင်ကွင်းက ပေါ်လာသည်။ ဖြူဖွေးနေသောရေခဲမျက်နှာပြင်ပေါ်တွင် သွေးများက ပြည့်နှက်နေသည်။ အလောင်းများကလည်း အထပ်ထပ် ဖြစ်လာ၏။

“ဝူး ဝူး ဝူး ဆရာ သူတို့က ဘာလို့ ဒီဖျံတွေကို သတ်နေကြတာလဲ”

“ဟုတ်တယ်။ ဒီဖျံပေါက်လေးက တစ်ကိုယ်လုံး ဖြူဖွေးနေတာပဲ။ အရမ်းချစ်ဖို့ကောင်းတာ ဘာလို့ သူက ဒီလောက်အထိ မုန်းထိကောင်းတာလဲ”

“အရမ်း သနားဖို့ကောင်းတာပဲ။ ဒါရိုက်တာ ဆုပိုင်က ဘာလို့ ဒီလူတွေကို ပညာမပေးသေးတာလဲ။ မြန်မြန်လေး ကယ်ပေးပါတော့”

ငိုယိုနေကြသော ကလေးတစ်ဖွဲ့ကို ကြည့်ပြီးနောက်တွင် ထိုဆရာမကိုယ်တိုင်ပင် မျက်ရည်များကို သုတ်နေရသည်။ ထို့နောက် လူတိုင်းကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

“ငါတို့ ဒီအတန်းချိန်မှာ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကိုပဲ ဆက်ကြည့်ကြရအောင်”

“ဆရာမက ပြောချင်တာက မင်းတို့အားလုံးလည်း အကောင်းဆုံး နားလည်မှာပဲ။ ဒီအခိုက်အတန့်မှာ ဒီဖျံတွေကို မင်းတို့စာနာသနားတဲ့စိတ်ရှိတယ် မဟုတ်လား။ ဒီခံစားချက်ကို မှတ်ထား။ ဒါ‌ကြောင့် မင်းတို့အရွယ်ရောက်လာတဲ့အခါ ဒီလိုထပ်ပြီး ခံစားပေးနိုင်ဖို့ မျှော်လင့်တယ်”

“မင်းတို့က တိရစ္ဆာန်တွေကို ချစ်မြတ်နိုးတဲ့လူတွေအဖြစ် ကြီးပြင်းလာရမယ်။ ဒီလိုနဲ့ အခြားလူတွေကို ကူညီပေးချင်စိတ်တွေ ရှိလာရမယ်”

“နောက်ပြီး ဆရာမကလည်း မင်းတို့နဲ့အတူ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်မယ်”

“ကောင်းပြီ”

သူတို့ရဲ့ကျောင်းက ကလေးတွေ တိရစ္ဆာန်တွေကို ချစ်စိတ်ပြင်းထန်လာအောင် မွေးမြူပေးဖို့အထက်က အမိန့်ရထားပြီးသား။ တိရစ္ဆာန်တွေရဲ့စိတ်ထဲမှာ ချစ်စိတ်တွေကို မွေးမြူပေးရမယ်။

သူတို့အသက်ကြီးပြင်းလာတဲ့အခါ ဒီကလေးတွေက လူကြီးတွေ ဖြစ်လာမယ်။ ဒီလိုဆိုရင် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးက ပိုကောင်းသထက် ပိုကောင်းလာလိမ့်မယ်။

တိရစ္ဆာန်တွေကသာ တစ်ရက်မှာ အပြည့်အဝကယ်တင်ခံရမယ်ဆိုရင် ဒီတိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက မြင်ကွင်းတွေ ဘယ်တော့မှ ပြန်မဖြစ်အောင် ကာကွယ်ဖို့ လိုအပ်တယ်။

လူတိုင်းကလည်း … တရုတ်လူတိုင်းက ကိုယ်တိုင်ကိုယ်ကျ တိရစ္ဆာန်တွေကို ကာကွယ်ပေးလိမ့်မယ်။

လူတိုင်းက ….

++++++327 01

အခန်း 327

ကျောင်းမှာတင် မဟုတ်ပဲ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသော သူတိုင်းက ပြင်းပြင်းထန်ထန် အာရုံ စိုက်ကြသည်။ သူတို့အားလုံးက သနားစရာကောင်းသော ဖျံများအတွက် တစ်ခဏခန့် တိတ်ဆိတ်သွားကြသည်။

တရုတ်နိုင်ငံတင် မဟုတ်ဘဲ နှင်းနှင့်ရေခဲများအကြား ပင်လယ်ပြင်တွင် ရွက်လွင့်နေသော အပျော်စီးသင်္ဘောတစ်စီး ရှိသည်။ ထို့ပေါ်တွင် ဝတ်စုံအပြည့်များ ဝတ်လျှက် ထိုင်နေကြသော ရွှေအိုရောင်ဆံပင်နှင့် လူများက အထဲမှ တိုက်ရိုက်ထုတ်လွှင့်မှုကို လေးနက်သော မျက်နှာများဖြင့် ကြည့်နေကြ၏။ ထို့လူများပင် ဆက်မကြည့်နေနိုင်တော့ဘဲ အကြည့်လွှဲလျှက် ရေခဲပြင်ဘက်သို့ ပြောင်းကြည့်လိုက်ကြသည်။

ဟူး…

မီးခိုရောင်ဆံပင်နှင့် ခေါင်းဆောင် ဖြစ်ပုံရသော လူအိုကြီးက သက်ပြင်းချရင်း ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်သည်။

သူဟာ မနေနိုင်ဘဲ သက်ပြင်းချချမိပြန်သည်။

“နှစ်ပေါင်းများစွာကြာတဲ့အထိ ဒီနေရာမှာ ဘာအသက်မှ မရှိတော့တာ ကြာပြီ”

“နောက်ပြီး ငါတို့အခုရှိတဲ့ နေရာက ဒီတိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက ဖျံတွေနေတဲ့ ပင်လယ်ပြင်နေရာပဲ”

“အပြင်ဘက်က ဘာအရောင်ရှိမယ်လို့ မင်းတို့ထင်လဲ”

လူအိုကြီးက နှာခေါင်းကို သပ်သည်။ သူ၏မျက်လုံးက အရည်လဲ့လာ၏။

“ငါကတော့ အနီပဲ မြင်တယ်။ ရေခဲ ဒါမှ မဟုတ် ပင်လယ်ပေါ့။ အရာအားလုံးက အနီရောင်သွေးတွေပဲ”

“ဒါက ငါတို့ရဲ့ ဘိုးဘေးတွေ လုပ်ခဲ့တဲ့ သတ်ဖြတ်မှုပဲ”

“နောက်ပြီး ငါတို့မှာ ရှိတဲ့မှတ်တမ်းတွေကလည်း ဒီအမဲလိုက်မှုရဲ့ အပြုအမှုတွေကို ဖော်ပြထားပြီးသား။ ဒီလို မျိုးမတုန်းခင်ကဆိုရင် ဖျံတွေကို အလုံးအရင်းနဲ့ အမဲလိုက်ခဲ့တာက ငါတို့ရဲ့ တိုင်းပြည်ပဲ။ အစပိုင်း ထောင်ဂဏန်းကနေ သန်းကျော်တဲ့အထိ အရေအတွက်ကို တိုးမြှင့်ပြီး အမဲလိုက်ခဲ့ကြတယ်”

“တစ်နှစ်ကို တစ်သန်းနဲ့ ဒါက ငါတို့အခု တွေးတောင် မတွေးနိုင်တဲ့ ဒါမှ မဟုတ် မတွေးရဲတဲ့ အရေအတွက်မျိုးပဲ။ အဲဒီပမာဏက ဒီပင်လယ်ပြင်တစ်ခုလုံးကို ပြည့်သွားစေလောက်တယ်”

ထို့သို့ပြောပြီးနောက် လူအိုကြီးက တဖြည်းဖြည်းချင်းစီ ထရပ်လိုက်ကာ သူရဲ့အရှေ့မှ အရာရှိပေါင်းများစွာကို ကြည့်ရင်း လေးနက်သော လေသံနှင့်ပြောသည်။

“နောက်ဆုံး တိုက်ရိုက်ထုတ်လွှင့်မှုက ငါတို့တိုင်းပြည်ရဲ့ သားပိုက်ကောင်ကျွန်း အကြောင်းပဲ။ ငါတို့တိုင်းပြည့်ရဲ့ရတနာကို ပြန်လည် ကယ်တင်ပြီးသွားပြီ။ ဒါပေမဲ့ ငါတို့မှာ တောင်းဆိုခွင့် မရှိဘူး။ ငါတို့ တောင်းလည်း မတောင်းရဲဘူး”

“အခြားလူတွေတော့ မသိလောက်ပေ့မဲ့ ငါတို့လို သမိုင်းကြောင်းကို အနီးစပ်ဆုံး နားလည်နေတဲ့လူတွေက မသိစရာအကြောင်း ရှိမလား။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက မြင်ကွင်းက အမှန်တကယ် ဖြစ်ခဲ့ဖူးတယ်”

“အဲဒီမီးအကြောင်းကို ငါတို့ရဲ့ တိုင်းပြည်မှာလည်း မှတ်တမ်း ထားတယ်။ အဲဒီမီးထဲမှာ တိရစ္ဆာန်သုံးဘီလိယံတောင် သေသွားတယ်”

“သေဆုံးသွားတဲ့ လူတွေရဲ့အရေအတွက်ကတောင် သုံးဘီလီယံအထိ ရှိနေတယ်။ ဒါကြောင့် ဒီလို မျိုးတုန်းသွားသင့်တယ်”

“အခု ဒီမှာ ဖျံတွေ ထပ်ပေါ်လာပြီ။ ငါတို့ရဲ့ဘိုးဘေးတွေရဲ့အတိတ်က အမှားတွေ ဘယ်လောက်များ လုပ်ခဲ့တာလဲ”

ထိုလူအိုကြီးက သက်ပြင်းတွေ ထပ်ချ ပြန်သည်။ ထို့နောက် သူ၏တောက်ပသော မျက်ဝန်းဖြင့် အပြင်ဘက်ရှိ ကျယ်ပြန့်လွန်းသော ပင်လယ်ပြင်ကြီးကိုကြည့်ကာ ဆုံးဖြတ်ချက်ကို ချပြီး အံကိုကြိတ်ကာ ပြောသည်။

327 02

“ငါတို့တရုတ်နိုင်ငံနဲ့ စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းချင်တယ်။ ဒီလိုနဲ့ ဒီပင်လယ်ပြင်ကို တရုတ်နိုင်ငံကို ငှားရမ်းပေးရမယ်”

“ငါတို့ သူတို့အတွက် သားပိုက်ကောင်ကျွန်းကိုလည်း ငှားပေးရမယ်”

“ငါ မျှော်လင့်တာက အတိတ်က ဖြစ်ရပ်မျိုး အနာဂတ်မှာ ထပ်မဖြစ်စေဖို့ပဲ”

“ငါလည်း တစ်ရက်မှာ ငါတို့ရဲ့နိုင်ငံရတနာက ငါတို့ဆီ ပြန်ရောက်လာပြီး ငါတို့နိုင်ငံမှာ ဆက်ရှိဖို့ကို မျှော်လင့်တယ်”

“ဟုတ်တယ်”

လူတိုင်းကလည်း လူအိုကြီးကို ကြည့်ပြီး သဘောတူညီစွာနှင့် ခေါင်းညိတ်ကြသည်။

အလုံးအရင်းနှင့် မျိုးတုန်းပျောက်သွယ်သွားသည့်ကာလ မတိုင်ခင်က သူတို့၏တိုင်းပြည်ဟာ တိရစ္ဆာန်များအပေါ် အရက်စက်ဆုံးဟုပြောရင် ချဲ့ကားရာ မရောက်ချေ။ သူတို့အတွက် သူတို့၏နိုင်ငံအတွင်းသာ သီးသန့်တည်ရှိသော တိရစ္ဆာန်ပေါင်းများစွာ ရှိသည်။ သို့သော် …

ယခုမှု အခုလိုမျိုးဖြ စ်လာသည်။

ကျယ်ပြောတဲ့တောတွေ၊ မြက်ခင်းပြင်ထဲတွေ၊ ပင်လယ်ပြင်တွေ၊ ရေကန်တွေ ..

သို့သော် အတွင်းတွင် မည်သည့်သတ္တဝါမှ မရှိတော့ချေ။

တရုတ်နိုင်ငံက ကိုအာလာကို ကယ်တင်ပြီးကြောင်း သိရသောအခါ မရေမတွက်နိုင်သော လူပေါင်းများစွာက လမ်းများပေါ်တွင် စီတန်းလှည့်လည်လျှက် ဆန္ဒပြကြသည်။ အစိုးရအား သူတို့၏နိုင်ငံရတနာကို ပြန်ခေါ်ပေးလိုကြ၏။

သို့သော် …

မှတ်တမ်းများဖြင့် ရက်စက်လွန်းသော ဖြစ်ရပ်များကို စာကြည့်တိုက်ထဲတွင် မှတ်တမ်း တင်ထားသင့်သည်။ သူတို့ဟာ မည်သည့် နည်းလမ်းနဲ့မှ မတောင်းဆိုနိုင်ပေ။

“ငါတို့အချိန်အများကြီး ဖြုန်းနေပြီးပြီ”

“ငါတို့အမှားတွေ ထပ်လုပ်လို့ မရတော့ဘူး။ ငါတို့ရဲ့ တိုင်းပြည်က လူဉီးရေနည်းတယ်။ ဒါပေမဲ့ နယ်မြေနဲ့ သမုဒ္ဒရာကတော့ များတယ်”

“တရုတ်နိုင်ငံကလည်း ငါတို့ကို ပြန်လည်ဖာထေးဖို့ အခွင့်အရေးပေးဖို့ မျှော်လင့်တယ်။ ဒါက ငါတို့ရဲ့မျိုးဆက်တင် မဟုတ်ဘဲ ငါတို့အနာဂတ်မျိုးဆက်အတွက်လည်း ဟုတ်တယ်။ ငါတို့က အရမ်းကို သနားဖို့ ကောင်းနေခဲ့ပြီးသား။ ဒီတိုင်းပြည်က ခေါင်းဆောင်တစ်ယောက်အနေနဲ့ နောက်နှစ်ရာကျော် ကြာပြီးတဲ့နောက်မှာ ဒီလိုအခြေအနေမျိုး ဆက်မဖြစ်စေချင်တော့ဘူး”

လူအိုကြီးက ယူကျိုးမရဖြစ်သော ခံစားချက်အပြည့်နှင့် ပြောသည်။

“ငါတို့ရဲ့တိုင်းပြည်က လူတွေက ငါတို့တိုင်းပြည်ရဲ့ရတနာကို မြင်ချင်ရင် တရုတ်နိုင်ငံကို သွားပြီးကြည့်ဖို့ လိုအပ်လာတယ်”

“ဟုတ်တယ်။ ငါတို့အခု တရုတ်နိုင်ငံနဲ့ ငြိမ်းချမ်းရေးယူပြီး သူတို့ လိုအပ်သမျှ အရာအားလုံးကို ထောက်ပံ့ပေးရမယ်”

“ငါတို့ သဘောတူတယ်။ ဒီအသက်မဲ့နေတဲ့ သမုဒ္ဒရာကိုပဲ ကြည့်ပါအုန်း။ ငါတို့ရဲ့နှလုံးသားထဲက လေးလံနေပြီ”

“ငါတို့ အခုချက်ချင်း တရုတ်နိုင်ငံကို အပြေးသွားပြီး သူတို့နဲ့ ညှိနှိုင်းမှု ယူသင့်တယ်။ ငါတို့အားလုံး တရုတ်နိုင်ငံကို သွားသင့်တယ် ထင်တယ်။ ဒီလိုနဲ့ တိရစ္ဆာန်တွေကို ကာကွယ်ပေးတဲ့ စည်းမျဉ်းတွေ အားလုံးကိုလည်း သင်ယူသင့်တယ်”

လူတိုင်းက ကျယ်ကျယ်ထရပ်ပြီး ပြောြကသည်။

“ကောင်းတယ်”

“နိုင်ငံရတနာ”

“ငါတို့ကိုယ်တိုင် သွားကြည့််သင့်တယ်”

လူအိုကြီးက တစ်စုံတစ်ရာကို ခပ်တိုးတိုး ရေရွတ်ပြီးနောက် အနောက်သို့လှည့်ကာ အခန်းထဲမှ ထွက်သွားသည်။ လေပြင်း၏ ဖြတ်တိုက်မှုနှင့်အတူ သူဟာ အသက်ကို ပြင်းပြင်းရှုလိုက်သည်။ သူသည်လည်း နောက်နှစ်အနည်းငယ်ခန့်ကြာပြီးလျှင် သူတို့၏နိုင်ငံတွင် တိရစ္ဆာန်များ ပြည့်နှက်နေရန် မျှော်လင့်သည်။

327 03

သူတို့ တစ်ချိန်က အစိုးရက လုပ်ခဲ့ဖူးသော အမှားမျိုးကို ဘယ်တော့မှ ပြန်လုပ်မှာ မဟုတ်ဘူး။

ဝူး ဝူး ဝူး

မော်တာစက်လည်သံများကို ကြားနိုင်သည်။

ဘိုခန်းက ရိုးရှင်းသော ရေခဲဖြတ်တောက်သည့်စက်တစ်ခုကို ကိုင်လျှက် ကလပ်အဖွဲ့ဝင်များနှင့်အတူ စတင်ကာ လျှောက်သွားနေသည်။ ထို့နောက် အနောက်သို့ လှည့်ကာ ပြောလိုက်သည်။

“ငါတို့အမွှေးကို ဖြတ်တဲ့အခါ …”

“ပြောရမယ်ဆိုရင် ဖျံ အသက်ရှုနေသေးတဲ့အချိန်မှာ အမွှေးကို လှီးထုတ်တာက အကောင်းဆုံးပဲ”

“အထူးသဖြင့် ဒီအမွှေးထူတဲ့အကောင်ပေါက်လေးတွေပေါ့။ သူတို့ရဲ့ ဒီအမွှေးတစ်ခုချင်းစီတိုင်းက အထက်တန်းလွှာ အမျိုးသမီးကြီးတွေ အကြိုက်ပဲ။ သူတို့က ဒီအမွှေးတွေကို ဝယ်ဖို့အတွက် ပိုက်ဆံတွေ အများကြီး သုံးလိမ့်မယ်။ အဲဒီနောက် သူတို့က ခေါင်းမှာတပ်ဆင်လို့ရတဲ့ အဆင်တန်ဆာတွေ၊ အဝတ်အစားတွေ အမျိုးမျိုးကို လုပ်ကြလိမ့်မယ်”

“နောက်ပြီး ဒီအမွှေးဖြတ်တောက်တဲ့ဖြစ်စဉ်က သေသပ်နေမှ တန်ကြေးမြှင့်နိုင်တယ်”

“ဒီအတွက်ကြောင့်ပဲ ငါက ဒီအကောင်ပေါက်လေးတွေကို မပစ်သတ်ခိုင်းတာ။ သူတို့ အရွယ်ရောက်သွားပြီး သူတို့ရဲ့ အမွှေးတွေက ငွေရောင်ပြောင်းသွားပြီးတဲ့နောက်မှာ အသားအဖြစ်ပဲ ရောင်းလို့ ရတော့မယ်။ သူတို့ အမွှေးက တန်ကြေး မရှိတော့ဘူး”

“နောက်ပြီး မင်းတို့သာ ပိုက်ဆံရှာဖို့ အခွင့်အရေးလိုချင်တယ်ဆိုရင် ဒီအခွင့်အရေးကို အမိအရ ဖမ်းရမယ်။ လက်တွေ မတုန်မိစေနဲ့။ နည်းနည်းလေးမှ အမှားအယွင်းဖြစ်လို့ မရဘူး။ သေသေသပ်သပ်ဖြတ်ကြ”

“ငါ မင်းတို့ကို နမူနာပြပေးမယ်”

ထိုသို့ပြောပြီးနောက် ဘိုခန်းက မြေပြင်ပေါ်မှ ဖျံလေးပေါ်ကို ခြေထောက်ဖြင့် ဖိနင်းလိုက်ပြီး အသက်ကို ပြင်းပြင်း ရှုသည်။

“ဗိုက်နေရာကစဖို့ သတိထား။ ညင်ညင်သာသာလေး ဆွဲဖြဲရမယ်။ အဲဒီနောက် အမွှေးတစ်ခုလုံးကို ဆွဲဖြဲပစ်လိုက်တော့။ ဒီအကောင် ဘယ်လောက် အော်အော် လျစ်လျူသာ ရှုထားလိုက်။ ငါတို့ပေါ်မှ သက်ရောက်မှု မရှိတာ”

ဝီ ဝီ ဝီ

ဖျံပေါက်လေးက သူ၏အရှေ့မှ အလွန်ထက်ရှသော စက်ကြီးကို ကြည့်ရင်း တစ်ကိုယ်လုံးက တုန်နေသည်။ သူ၏မျက်မှောင်ကလည်း တင်းတင်းကြပ်ကြပ် ကျုံ့နေသည်။

စောင်းကောက်ဖျံများက ငယ်ရွယ်ချိန်တွင် အလွန်အမင်း ချစ်စရာကောင်းသည်။ အထူးသဖြင့် မျက်မှောင်ကျုံ့နေချိန်တွင် ဖြစ်သည်။ ထို့မြင်ကွင်းက လူအများအား စိတ်ဓာတ် ကျစေလောက်လေသည်။

သို့သော် ထိုအခိုက်အတန့်တွင် ထိုအကောင်ပေါက်လေးက မည်မျှ မျက်မှောင် ကျုံ့နေစေကာမှု အရှေ့မှ လူများက မစာနာပေးပေ။

ကွက် ကွက် ကွက်

ဝမ်းဗိုက်မှ ပြင်းထန်စူးရှသော နာကျင်မှုကို ခံစားရသောအခါ ဖျံပေါက်လေးက နာကျင်စွာ အော်ဟစ်သည်။ သို့ရာတွင် အရှေ့မှ လူက သူ၏တောင်းပန်သံကို လျစ်လျူရှုပြီး တဖြည်းဖြည်းချင်းစီ ဆောင့်ကြောင်ထိုင်ကာ ဆက်ထိုးသည်။

ထို့နောက် ဖျံ၏ဝမ်းဗိုက်နေရာနားမှတစ်ဆင့် အရေခွံကို ခပ်တင်းတင်းဆွဲလိုက်ပြီး လက်ချောင်းများနှင့်အတူ ဆွဲခွာပစ်လိုက်သည်။ ဘိုခန်းက အသက်ကို ပြင်းပြင်းရှုလျှက် တည်ငြိမ်စွာ ပြော၏။

“ဒီလိုအခြေအနေမျိုးမှာ ခပ်မြန်မြန်နဲ့ အရေခွံတစ်ခုလုံးကို ကွာအောင် ဆွဲဖြဲပစ်ဖို့ လိုအပ်တယ်”

327 04

ကွက် ကွက် ကွက်

ကွက် ကွက် ကွက်

ကွက် ကွက် ကွက်

ဖျံပေါက်လေးက စူးရှစွာ အော်ဟစ်နေသံအကြားတွင် သွေးများက ပန်းထွက်လျှက် သွေးများစိုရွှဲနေသော အမွှေးတစ်ခုလုံးက ချွတ်သွားသည်။

ဘန်း

သူဟာ အသက်ရှင်နေသေးသော ဖျံပေါက်လေးကို ပင်လယ်ထဲသို့ ကန်ချလိုက်ပြီးနောက် ဘိုခန်းက ပြုံးရယ်ကာဖြင့် လူတိုင်း၏ အရှေ့တွင် ထိုအမွှေးများပြည့်နှက်နေသာ အရေခွံတစ်ခုလုံးကို ကိုင်မြှောက်ပြသည်။

“ဘယ်လိုလဲ မင်းတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ကြလား။ ဖြစ်နိုင်မယ်ဆိုရင် အားလုံးလည်း ဖျံပေါက်လေးတွေ အသက်ရှိနေသေးတဲ့အချိန်မှာ အရေခွံကို ခွာသင့်တယ်။ ဒီလိုမှ မင်းတို့ရဲ့စွမ်းရည်က တိုးတက်လာမှာ”

“အဲဒီက ရတဲ့အကျိုးအမြတ်ကလည်း ပိုမြှင့်သွားမှာပဲ။’

“ကောင်းပြီ။ ဒီမှာ တစ်ကောင်ရှိသေးတယ်။ ဘယ်သူစမ်းချင်လဲ”

ဘိုခန်းက သူ၏လက်ထဲမှ အရေခွံခွဲကာ အမွှေး ဖြတ်တောက်သည့် စက်ကို မြှောက်ပြရင်း ထိုလူများကို ကြည့်ကာ အပြုံးနှင့် ပြောသည်။

“ငါ လုပ်မယ်။ အမြဲတမ်း ငါ အရေခွံခွာတဲ့ ပုံစံက ဆိုးရွားနေတာ။ လက်စသတ်တော့ အရှင်လတ်လတ် ခွာသင့်တာကို။ သေစမ်း ဒီလိုမှန်းသိ ငါ ပိုက်ဆံတွေ အများကြီး ဖြုန်းတီးမိနေတာပဲ”

All Chapters