← Chapters

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အခန်း 328

“ဟား ဟား ဟား မေ့လိုက်တော့။ ဖျံအသားတွေကိုလည်း ရောင်းပြီး ပိုက်ဆံရှာလို့ ရတာပဲ။ ဒီတာဝန်က အသေးစိတ်ကျလွန်းတယ်။ မင်းတို့ပဲ လုပ်တော့”

“ငါ လုပ်မယ်။ ငါ လုပ်မယ်။ ငါက ဒီနေ့မှ ဝင်တာလေ ကျေးဇူးပါပဲ။ သူဌေး ဘိုခန်း မင်းကြောင့် ငါတစ်ခါတည်း အတွေ့အကြုံ ရသွားပြီ”

အချိန်တွေ ကြာပြီးနောက်တွင် …

အသက် ၂၀ ခန့်သာ ရှိလောက်သေးသော လူငယ်လေးက တံတွေးများကိုအပြည့်မျိုချပြီး ဖြတ်တောက်သော စက်ကို ကိုင်လျှက် စတင်ကာ စက်ကို ဖွင့်သည်။

ထို့နောက် သူဟာ အနောက်ဘက်သို့ တဖြည်းဖြည်းချင်းစီ ကျုံ့လျှက် တုန်နေသော အကောင်ငယ်များသို့ တလှမ်းချင်းစီ လျှောက်သွားလိုက်သည်။

“တောင်းပန်ပါတယ်။ ဒါပေ့မယ့် မင်းရဲ့အရေခွံတစ်ခုက ငါ့အတွက် လဝက်စာ စားစရာတွေ ဝယ်နိုင်တယ်”

သူဟာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူက ခေါင်းဆောင် ဘိုခန်း လုပ်ပြသွားသော ပုံစံအတိုင်း နမူနာ ယူပြီး ထိုဖျံပေါက်လေး၏ကိုယ်ပေါ်သို့ ခြေထောက်ဖြင့် ဖိနင်းလိုက်ကာ နဖူးကို ခပ်ကြမ်းကြမ်း ချေပစ်သည်။ ထို့နောက် စက်ကို စဖွင့်လိုက်သည်။

ဝှီး

အလွန်ချွန်ထက်နေသော စက်ကြီးက တဖြည်းဖြည်းချင်းစီ ဆင်းသက်လာသည်။

ကွက်

အကောင်ငယ်လေးက ငယ်သံပါအောင် အော်ဟစ်ပြီး ခေါင်းကို စောင်းလျှက် သေဆုံးသွားသော မိခင် ဖျံမကြီးကို လှမ်းကြည့်ကာ မျက်လုံးကို အားနည်းစွာ မှိတ်လိုက်သည်။

သူရဲ့အပေါင်းအဖော်တွေ အားလုံးသေကုန်ပြီ။

သူ့အမေတင် မဟုတ်ဘူး။ သူ့အစ်ကိုလည်း သေပြီ။ အဖေလည်း သေပြီ။

သူပဲ ကျန်တော့တာ သူလည်း သေရတော့မယ် ထင်တယ်။

သူ့အစ်ကိုလိုမျိုးပဲ အမွှေးတွေကို အရှင်လတ်လတ် အဆုပ်ခံရတော့မှာ။

ဒိုင်း

ထို့အခိုက် ရုတ်တရက် သေနတ်ပစ်သံက ထွက်လာသည်။ ဖြတ်တောက်သော စက်ကိုင်ထားသော လူငယ်က လန့်သွားပြီး ရင်ဘတ်အောက်သို့ မယုံနိုင်စွာ ငုံကြည့်လိုက်သောအခါ သွေးများထွက်နေသည့် အပေါက်တစ်ပေါက်ကို မြင်ရသည်။

သူဟာ တဖန်ပြန်လည်မော့ကြည့်လိုက်ချိန်တွင် သုန်မှုန်သော မျက်နှာဖြင့် သိပ်မဝေးသောနေရာရှိ ရေခဲပြင်ပေါ်မှ ကုန်းထလာသည့် လူငယ်တစ်ယောက်ကို မြင်ရသည်။ ထိုလူငယ်က တလှမ်းချင်းစီ လျှောက်လာသည်။

ဒိုင်း

သူဟာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ လက်ထဲမှ ဖြတ်တောက်သော စက်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဆက်တိုက်ဆိုသလို အသံများကို ထုတ်လွှတ်နေသည်။ ထိုစက်က တုန်ခါသံအပြည့်နှင့် လှုပ်ခါကာ ရွေ့သွားပြီးနောက်တွင် ထိုလဲကျသွားသော လူငယ်၏ကိုယ်ကို ဖြတ်တောက်သည်။

“သေစမ်း ဘယ်ကောင်လဲ”

“သေနတ်ကို ထုတ်”

328 02

ဘိုခန်းကလည်း မြေပြင်တွင် တစ်ပိုင်းအဖြတ်ခံလိုက်ရသော လူငယ်၏အလောင်းကို ကြည့်ပြီးနောက် မျက်နှာပျက်သွားကာ သူ၏ပြောင်းတိုသေနတ်ကို ခပ်မြန်မြန် ထုတ်သည်။

သူက လက်ကိုမြှောက်ကာ ထိုလူငယ်ကို ပစ်တော့မည့်အချိန်တွင် ထိုလူငယ်က လှမ်းပစ်လိုက်သည်။

ဒိုင်း

သေနတ်ပစ်သံက ထပ်ထွက်လာပြီးနောက်တွင် ဘိုခန်း၏ဒူးတစ်ဖက်ထံမှ သွေးမြူများ ပေါက်ထွက်လာသည်။ ထို့နောက် သူဟာ ဒူးထောက်လျှက်သား ကျသွားသည်။

“အား သေစမ်း။ သူ့ကို ငါ့အတွက် သေအောင် ရိုက်ပေးစမ်း”

“မြန်မြန် သောက်ကျိုးနည်း အရူးကောင် သွား သူ့ကို သေအောင် ရိုက်သတ်လေ”

“ငါ့ကို လာထူပေးအုန်း။ သေအောင် နာတယ်”

လူသန်မာကြီးတစ်ယောက်က ဘိုခန်းကို မြေပြင်ပေါ်မှ တွဲထူပေးသည်။ လူတိုင်းကလည်း သေနတ်များကို ထုတ်လိုက်ကြသည်။

ဒိုင်း

အရှေ့မှ လူငယ်က မလှုပ်ရှားသွားချေ။ သူဟာ ဘိုခန်း၏အခြားခြေထောက်တစ်ဖက်ကို ထပ်ပစ်ပြန်သည်။

“အား..”

လူတိုင်းကလည်း မြေပြင်ပေါ်တွင် လဲကာ အော်ဟစ်နေသော ဘိုခန်းကို ကြည့်သည်။ ထို့နောက် သူတို့၏သေနတ်များကို ပြန်ချလျှက် ကြောက်လန့်တကြား ဆုတ်ကြသည်။

“ငါ ခံစားလို့ ကောင်းသွားသလိုပဲ။ ဒီလူတွေက မျိုးမစစ်ကောင်တွေ။ သူတို့အာလုံးက သေအောင်ရို က်သတ်ခံရသင့်တယ်။ သေစမ်း ငါတအား ဒေါသထွက်တယ်”

“အသက်ရှင်နေသေးတဲ့အချိန်မှာ အရှင်လတ်လတ် အရေခွံကို ဆွဲခွာပစ်တယ်တဲ့။ ဘယ်လိုတောင် လုပ်ရက်ရတာလဲ”

“သေအောင် ရိုက်သတ်လိုက်စမ်းပါ။ အကောင်လေးတွေက ဒီလောက် ချစ်စရာကောင်းတာ။ ဘယ်လိုကြောင့်များ အသက်ရှင်လျှက်နဲ့ ခွာပစ်ရတာလဲ”

“ငါတော့ ဆက်မကြည့်ရက်တော့ဘူး။ ဒီလူတွေက ပင်လယ်ထဲကို တွန်းချခံရပြီး ခဲသေသွားသင့်တယ်။ သူတို့အခု လုပ်သွားတဲ့ လုပ်ရပ်က တအားကို ရက်စက်နေခဲ့ပြီးသား။ မမျှော်လင့်ထားပဲ ပိုရက်စက်တဲ့ဟာကတောင် ရှိနေသေးတယ်။ အသက် ရှင်နေသေးတဲ့အချိန်မှာ အရေခွံကို ဆွဲခွာပစ်တာတဲ့။ ဘယ်လောက်တောင် နာလိုက်မလဲ”

“ငါကတော့ ဒါရိုက်တာဆုပိုင်ကို အားပေးတယ်။ ဒီလူတွေကို လူလို့တောင် မခေါ်သင့်တော့ဘူး။ သူတို့က လင်းပိုင်တွေကို အမဲလိုက်ခဲ့တဲ့လူတွေလိုပဲ လူသားဆန်စိတ်မှ မရှိတော့တာ။ သေသင့်တယ်”

“အား ဒီလောက် တိုတောင်းတဲ့ အချိန်အတောအတွင်းမှာတောင် ဒီဖျံပေါက်အများကြီး သေသွားပြီ။ ဘယ်လောက်တောင် ရင်နာချင်စရာကောင်းလိုက်သလဲ”

ဆုပိုင်က သေနတ်ပစ်လိုက်တဲ့ အခိုက်အတန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ ရှိသူများအားလုံးက ထိုင်ခုံတွင် ခပ်မတ်မတ်ထိုင်လျှက် လက်သီးများကို ဆုပ်လိုက်ကြသည်။

တရားခံက ဖြတ်တောက်သော စက်ဖြင့် အရှင်လတ်လတ် ထပ်ပိုင်း အဖြတ်ခံရကြောင်း မြင်လိုက်ချိန်တွင် အားလုံးက စိတ်အေးသွားကြသည်။

ဒီလိုမျိုး သေဖို့ ထိုက်တန်တယ်။

သူတို့အားလုံးက အသက်ရှိတယ်လေ။ ဆွဲခွာပြီးသား အရေခွံတွေကို ရောင်းလို့ရတယ်ဆိုရင် သူတို့ရဲ့အမွှေးတွေကို အရှင်လတ်လတ် အရေခွံဆုပ်တယ်ဆိုရင် … လူသားတွေကလည်း တိရစ္ဆာန်တစ်မျိုးပဲလေ။ လူသားတွေရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုလည်း အနှေးနဲ့အမြန် ရောင်းလို့ရမှာပဲ။

“လာ”

328 03

ဆုပိုင်က မြေပြင်မှ အကောင်ပေါက်လေးကို ကောက်မလိုက်ပြီးနောက် သူ၏ ရင်ဘတ်ဘက်သို့ ပြောင်းလွယ်ထားသော ကျောပိုးအိတ်ထဲသို့ ကောက်ထည့်လိုက်သည်။ ထို့နောက် လူများကို သုန်မှုန်သော မျက်လုံးဖြင့် ကြည့်သည်။

ထို့နောက် သူဟာ အေးစက်စွာ ဆူပူလိုက်သည်။

“မင်းတို့ရဲ့အဝတ်တွေကို ချွတ်”

“မချွတ်ဘူး”

သန်မာသော လူကြီးတစ်ယောက် အော်ဟစ်လိုက်ပြီး တစ်ဖက်သို့ကာ ပြေးသည်။

ဒိုင်း

ဆုပိုင်က ဆုံးဖြတ်ချက်ပြတ်သားစွာနှင့် ပစ်လိုက်သည်။ ထို့နောက် လူတိုင်းကို ပြန်ကြည့်ကာ တစ်လုံးချင်းစီ ပြောသည်။

“အဝတ်တွေကို ချွတ်လို့ ပြောနေတယ်။ မဟုတ်ရင်တော့ သွားသေတော့”

******

329 01

အပိုင်း 329

“ဒါက”

“ငါတို့က လိုင်စင်ရှိတဲ့ အမဲလိုက်ကလပ်တစ်ခုပါပဲ။ မင်းအနေနဲ့ ဒီလိုလုပ်လို့ … “

“ဟုတ်တယ်။ အစိုးရကိုယ်တိုင်က အမဲလိုက်တာကို ထောက်ခံအားပေးနေတာ။ ငါတို့က သူတို့ကို မသတ်ရင်တောင်မှ အခြားလူတွေက ဒီဖျံပေါက်လေးတွေကို လာသတ်သွားမှာပဲ”

ထိုလူတစ်ဖွဲ့က အဝေးရှိမြေပြင်ပေါ်မှ အလောင်းတစ်လောင်းနှင့် သတိလစ်သွားသော ဘိုခန်းတို့ကို ကြည့်ကာ တုန်ယင်သော လေသံများဖြင့် ပြောကြသည်။

သူတို့၏တိုင်းပြည်တွင် ဒီလိုအမဲလိုက်သည့် အပြုအမူကို အတိုက်အခံလုပ်သော လူများလည်း ရှိကြသည်။ သို့ရာတွင် ထိုလူငယ်လေးက ယခုလိုမျိုး လွန်ကြူးလွန်းသော ကိစ္စမျိုးကို လာလုပ်သည့်မှာ ပထမဉီးဆုံးအကြိမ်ဖြစ်လောက်သည်။

သူတို့၏ရှေ့မှ ထိုလူငယ်က တုံ့ဆိုင်းမနေဘဲ ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပစ်ခတ်လိုက်မည်ဟု မထင်ထားမိပေ။

ဒိုင်း

“ငါချွတ်လို့ ပြောနေရင် ချွတ်လိုက် ငါ့ကို သတ်ချင်အောင် လာမလုပ်နဲ့”

“ကျေးဇူးပြုပြီး ငါတို့ကို မသတ်ပါနဲ့”

အသက်အလတ်ပိုင်း လူတစ်ယောက်က သူ၏လက်ထဲမှ သစ်သားတုတ်ကို မြေပြင်ပေါ်သို့ လွှတ်ပစ်လိုက်ပြီးနောက် သူ၏အဝတ်များကို တုန်ယင်စွာဖြင့် တစ်ခုချင်းစီ ချွတ်သည်။ ထို့နောက် ခဲနေသော အေးစက်သည့် ရေခဲပေါ်တွင် ရပ်လျှက် ခန္ဓာကိုယ်က တုန်ခါလာလေသည်။

“မင်း”

ဆုပိုင်က အေးစက်သော မျက်နှာနှင့် ရပ်နေသေးသော လူများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် လေးနက်သော လေသံနှင့် အော်ဟစ်ပြောဆိုသည်။ မိနစ်အနည်းငယ်ခန့် ကြာပြီးနောက်တွင် …

အဝတ်များကို ချွတ်ပြီး ရေခဲပေါ်တွင် ဒီအတိုင်းရပ်နေသော ထိုလူတစ်ဖွဲ့က တုန်ယင်နေကြသည်။ ဆုပိုင်က မြေပြင်ပေါ်မှ ဖျံအလောင်းများကို ကြည့်လိုက်ပြီး သစ်သားတုတ်တစ်ခုကို တိတ်တဆိတ် ကောက်ယူလိုက်သည်။

ဘန်း

ကြမ်းတမ်းသော တူတစ်လက်က သန်မာသော လူတစ်ယောက်၏ကျောကို ရိုက်မိသွားချိန်တွင် သူအား အေးစက်သော ပင်လယ်ရေထဲသို့ ပြုတ်ကျသွားစေသည်။

သူဟာ သူ၏မျက်လုံးဖြင့် လူတိုင်းကို အကဲခတ်နေပြီးနောက် လေသံတိုးတိုးဖြင့် အော်လိုက်သည်။

“ခုန်ချ”

အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။ ထို့နောက် အံကိုကြိတ်လျှက် ခုန်ချကြသည်။

ဆုပိုင်က လူတိုင်းရဲ့အဝတ်များကိုလည်း ပင်လယ်ထဲသို့ ပစ်လွှတ်လိုက်သည်။ ထို့နောက် သိပ်မဝေးသောနေရာရှိ လှေငယ်လေးကို တစ်ချက်ကြည့်ပြီး နောက်သို့လှည့်ကာ လျှောက်ထွက်သွားလေသည်။

သုညအောက် တစ်ဆယ်ဒီဂရီအထိရောက်ရှိနေသော အပူချိန်သာရှိသည့် ပင်လယ်ရေမျိုးတွင် လှေနဲ့အလှမ်းကွာဝေးနေသောအခါ ထိုလူများအတွက် အတိုင်းအတာတစ်ခု ထိခိုက်သွားပေလိမ့်မည်။

ထိူလူများက ခဲပြီးမသေသည့်တိုင်အောင် ဒုက္ခိတဖြစ်သွားနိုင်သည်အထိ သက်ရောက်ပေလိမ့်မည်။

ကွက်

သူ၏ရင်ဘတ်တွင် လွယ်ထားသော ကျောပိုးအိတ်လေးထဲမှ ဖျံပေါက်လေးက ခေါင်းလေးကို တဖြည်းဖြည်းချင်းစီ ဆန့်ထုတ်လျှက် မျက်မှောင်ကြုတ်ကာ ဆုပိုင်ကို သိချင်စိတ် ပြင်းပြစွာ ကြည့်သည်။ ထို့နောက် အပြင်သို့ရောက်ရန် ရုန်းကန်ရင်း ဆုပိုင်၏ပါးကို လာပွတ်သည်။

329 02

ကွက်

“ငါ မသေဘူး။ ဒါပေမဲ့ သူတို့အားလုံး သေကုန်ပြီ”

“အဆင်ပြေပါတယ်။ အခုကစပြီး ငါရဲ့နောက်ကို လိုက်ခဲ့”

ဆုပိုင်က ထိုအကောင်ငယ်လေး၏ ခေါင်းလေးကို အသာပုတ်လျှက် ရင်နာစွာ ပြောသည်။

ရေခဲပေါ်တွင် စောင်းကောက်ဖျံလေးများစွာ ရှိနေသည်။ သူတို့က မွေးဖွားလာသည့် အခိုက်အတန့်တွင် ငါး၏အရသာကို မခံဖူးသေးသလို ရေထဲသို့လည်း မကူးခတ်ဖူးသေးချေ။ သို့သော် ထိုအမဲလိုက်သမားတစ်အုပ်က သူတို့၏အရေခွံကို အရှင်လတ်လတ် ဆွဲခွာ၍ သတ်ပစ်ကြသည်။ ဆုပိုင်ကပင် ခန့်မှန်းမိနိုင်သည်။ အချိန်ကြာလာသည့်နှင့်အမျှ ဒီတိုင်းပြည်ရဲ့အမဲလိုက်မှုနှင့် သတ်ဖြတ်သော အရေအတွက်များက ဆက်လက်ပြီး တိုးတက်လာပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ဖျံများထံမှ ရရှိသော ငွေကြေးတန်ဖိုးက မြှင့်လွန်းသည်။ အမွှေးပင်ဖြစ်စေ အသားပင်ဖြစ်စေ အဖိုးတန်လွန်း၏။ ထို့ကြောင့် ဆုပိုင် ဝိညာည်မကူးပြောင်းခင်ကဆိုလျှင် ဖျံဆီကိုပင် ရောင်းချမူများက ရှိနေပြီဖြစ်သည်။

ထို့ကြောင့် သိပ္ပံနည်းပညာ လေ့လာမှုများအရ ထိုဖျံဆီများက အသားအလွန်အကြူး စားသောကြောင့်ဖြစ်သည့် ရောဂါများကို ကာကွယ်သည့်နေရာတွင် အရေးပါသောကဏ္ဏာမှ ပါဝင်ကစားနေသေးသည်။

ထို့ကြောင့် အနာဂတ်တွင် ဖျံများ၏အရေအတွက်က သိသာထင်ရှားစွာ နည်းပါးလာပေလိမ့်မည်။

နောက်ဆုံး တစ်ရက်တွင် ဒီကုန်းမြေမှပင် ပျောက်ကွယ်သွားပေလိမ့်မည်။

ဆုပိုင်က ရှည်လျားသော ရေခဲပြင် တောက်လျှောက် လျှောက်နေရင်း နှင်းများထဲတွင် ဖင်လေးများ ထောင်လျှက် လိမ့်နေသော ဖျံများကို တွေ့မြင်လာရသည်။ အချိန်တစ်ခုကြာသည့်အထိ ဒီနယ်မြေက သူတို့အတွက် လုံခြုံဘေးကင်းနေလောက်သည်။ သို့သော် …

စနစ်ကလည်း တာဝန်ဟာ ပြီးမြှောက်အောင်မြင်ကြောင်း အကြောင်းမကြားသေးပေ။

သူ စိုးရိမ်တာက ဒီဖျံအရေအတွက်ကို ကယ်ဆယ်ရုံနဲ့တင် မလုံလောက်ဘူးဘဲ။

ဟူး။

ဆုပိုင်က အသက်ကို ပြင်းပြင်းရှုသည်။ သူ၏မျက်နှာကို ခပ်ထူထူ အနွေးထည်ဖြင့် အုပ်လိုက်ပြီးချိန်တွင် ရေခဲကို စတင်ကာ ဖြတ်လျှောက်လျှက် အဝေးတစ်နေရာသို့ ခပ်မြန်မြန် ပြေးလွှားလိုက်လေသည်။

ဒီလိုလူတွေကို ကြောက်အောင် ခြောက်ထားမှ ဒီနေရာကို ကယ်နိုင်လောက်တယ်။

….

“သေစမ်း ဘာတွေဖြစ်နေတာလဲ”

မီးဖိုရှိသော ရဲတိုက်တစ်နေရာအတွင်းတွင် ထိုင်နေသော အမျိုးသားက သူ၏လက်ထဲမှ စာအုပ်ကို စားပွဲပေါ်သို့ ကောက်ပစ်လိုက်ပြီး အရှေ့မှ ခပ်ပူပူကော်ဖီကို ကောက်ယူလျှက် တစ်ငုံ့သောက်သည်။ ထို့နောက် အရှေ့မှ လူများကို မော့ကြည့်သည်။

“ဒီနှစ်ရဲ့ အမဲလိုက်မဲ့ ပမာဏက အရင်နှစ်ထက် အများကြီး မြှင့်သွားတယ်။ ပထမဉီးဆုံးပြန်လာတဲ့ အဲဒီစက်လှေတစ်သုတ်က ရလာတဲ့ အရေအတွက်ရဲ့ အမွှေးတွေက ဒီလောက်ပဲ ရှိတာလား”

“ဒါဆိုရင် ဒီစက်ရုံက ဘယ်လိုလည်ပတ်မှာလဲ”

“ပြည်တွင်းဈေးကွက်ကို ရောင်းဖို့ မလုံလောက်သေးတဲ့အပြင် ပြည်ပက မှာယူမူတွေ အများကြီးကို ငါဘယ်လို ပေးရမှာလဲ။ ငါတို့သာ ဒီအရေအတွက်ကို ပြည့်မှီအောင် မလုပ်နိုင်ရင် ကုမ္မဏီက ဘယ်လိုအရှုံးတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို နားလည်လား”

“ဒေဝါလီ ခံရမှာ”

“ငါတို့ ဒီလောက်များတဲ့ လျော်ကြေးကို ပြန်ပေးနိုင်မှာ မဟုတ်ဘူး။ ငါသာ ဒေဝါလီခံရရင် မင်းတို့ကလည်း အစားစရာ တစ်ကိုက်တောင် ကိုက်နိုင်မယ် မထင်နဲ့”

“ဟုတ်ကဲ့ သူဌေး”

329 03

မုတ်ဆိတ်မွှေးများနဲ့ ခေါင်းဆောင်လူကြီးက တစ်ခဏခန့် ရပ်တန့်သွားပြီးနောက် ခေါင်းကို မော့ကာ ခပ်တိုးတိုး ပြောသည်။

“ဒါက ငါတို့ရဲ့အမှား မဟုတ်ပါဘူး။ ဒါက တကယ်ကို …”

“ဖျံအမဲလိုက်တဲ့နေရာမှာ လူအများကြီး သေသွားတာ။ နောက်ပြီး အချို့လူတွေက ခဲပြီး ဒုက္ခိတဖြစ်သွားကြတယ်”

“ကလပ်ကနေ အဲဒီမုဆိုးတွေ ပြန်လာပြီးတဲ့နောက်မှာ သူတို့လည်း တဖြည်းဖြည်းချင်းစီ သေကုန်မှာပါပဲ”

“ငါတို့က ငါတို့ရဲ့ အကျိုးမြတ်ကို နှစ်ဆအထိ မြှင့်တင်မယ်ဆိုရင်တောင်မှ သူတို့က မသွားရဲကြဘူး”

“သေစမ်း”

ဝတ်စုံအပြည့်နှင့် ထိုလူက ထိုင်ခုံမှ တဖြည်းဖြည်းချင်းစီ ထရပ်လျှက် မီးဖိုနားသို့ သွားသည်။ ထို့နောက် အတွင်းတွင်‌ တောင်လောင်နေသော မီးတောက်ကို ကြည့်ပြီး အေးစက်သော လေသံနှင့် ပြောသည်။

“မင်းတို့ရဲ့ အဲဒီသေနတ်က အလှပြတာလား”

“ဘယ်လိုကြောင့် လူတစ်ယောက်တည်းက မုဆိုးတွေ အများကြီးကို မောင်းထုတ်လိုက်တာလဲ”

“ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် နောက်နှစ်မှာ … ပင်လယ်ဖျံတွေကို အမဲလိုက်တဲ့ ဝေစုကို တိုက်ခိုက်ဖို့တောင် မလိုတော့ဘူး။ ဒီအတိုင်းပဲ ဒေဝါလီခံလိုက်တော့မယ်”

ဟူး။

ထိုလူက အသက်ပြင်းပြင်းရှုပြီး နှုတ်ခမ်းထောင့်ကို တစ်ချက်ယက်သည်။ ထို့နောက် ခံစားမူကင်းမဲ့စွာနှင့် ပြောသည်။

“လူများများ ထပ်ပို့ပြီး အဲဒီ မုဆိုးတွေကို ပြောခိုင်းလိုက်။ သူတို့သာ အဲဒီကောင်ကို သတ်နိုင်ရင် ငါ ငါးသိန်းပေးမယ်”

“အချို့ကျွမ်းကျင်ပညာရှင်တွေကို သွားရှာလိုက်အုန်း။ ဒီအမဲလိုက်တဲ့ရာသီက လအနည်းငယ်ပဲ ရှိတာ”

“ငါတို့ ထပ်ပြီး အချိန်ဆွဲနေလို့ မရဘူး။ ငါတို့ ဘာနည်းလမ်းကို သုံးရသုံးရ။ သုံးရက်အတွင်းမှာ အမဲလိုက်ဖြစ်စဉ်ကို ပုံမှန်အတိုင်း ပြန်လုပ်နိုင်ရမယ်”

“နောက်ပြီး အဲဒီအဖြူရောင်ဖျံတွေက ငွေဖြူရောင်အဖြစ် ပြန်ရောင်းသွားရင် မင်း ငတ်သေလိုက်တော့”

“ထွက်သွား”

သူဟာ တစ်ချက်အော်ဟစ်လျှက် လက်ကို ရမ်းပြီး လူတိုင်းကို မောင်းထုတ်လိုက်သည်။

“လင်ထုံ ငါတို့ အခုဘယ်လိုလုပ်ကြမလဲ”

“လျော်ကြေးကို မပြောနဲ့အုန်း။ အဖွဲ့ဝင်အများစုက ရေခဲကြောင့် ဒုက္ခိတတွေ ဖြစ်ကုန်ကြပြီ။ ငါတို့သာ ပိုက်ဆံမရဘူးဆိုရင် ကလပ်က ဆက်လည်ပတ်နိုင်မှာ မဟုတ်တော့ဘူး”

တံခါးနားတွင် ရပ်နေချိန်တွင် ထိုလူများအားလုံးက အတူစုဝိုင်းပြီး စီးကရက်သောက်ကာ စကားပြောကြသည်။

“ဆိုတော့”

မုတ်ဆိတ်မွှေးနှင့် လင်ထုံဟုခေါ်သော လူက မီးခိုးကွင်းကို မှုတ်ထုတ်လိုက်ပြီး လူတိုင်းကို တစ်ချက်ကြည့်ကာ လေသံတိုးတိုးနှင့် ပြောသည်။

“အကြိမ်အနည်းငယ် စောင့်ကြည့်ပြီးတဲ့နောက်မှာ ရေခဲထဲမှာ လှုပ်ရှားနေတဲ့လူငယ်က တစ်ယောက်ပဲ ရှိတယ်။ သူက အမြဲတမ်း ငါတို့အမဲလိုက်တဲ့နေရာမှာ ပေါ်ပေါ်လာတယ်”

“ဆိုတော့ ဒီလိုလုပ်ရအောင်။ ရည်ရွယ်ရှိရှိနဲ့ အမဲလိုက်တဲ့နေရာတစ်ခု အတုအယောင် ဖန်တီးပြီး သူ့ကို မျှားထုတ်မယ်”

“ကလပ်ထဲမှာ မုဆိုးတွေ အများကြီး ရှိတာ။ ငါတို့ ဒီတစ်ယောက်တည်းကို မဖမ်းနိုင်ဘူးလို့ ငါ မယုံဘူး”

329 04

ထိုစကားကိုကြားပြီးနောက် လူအများစု၏မျက်ဝန်းက တောက်ပသွားသည်။ ထိုသို့သာဆိုလျှင် သူတို့က ထိုသောက်ကျိုးနည်း ဖျံကာကွယ်စောင့်ရှောက်သူကို သတ်နိုင်ပေ့လိမ့်မည်။

အခုဆိုရင် ရက်အနည်းတောင် နှောင်းနှေးနေပြီ။ သူတို့ နေတိုင်းလိုလို အရှုံးကြီး ရှုံးနေတာ။

အချိန်ကြာလာသောအခါ ထိုဖျံပေါက်လေးများက အရွယ်ရောက်သွားသည့်နှင့် အမွှေးများက စတင်ကာ အရောင်ပြောင်းပေလိမ့်မည်။ ထိုသို့ဆိုရင် …

ဒီလိုဆိုလျှင် သူတို့ ဒီနှစ်အတွက် ဘာအဖြူရောင်အမွှေးမှ မရနိုင်တော့ဘူး။‌

သောက်ကျိုးနည်းကောင်က ဆုံးရှုံးမှု တအားကြီးအောင် လုပ်နေတာ။

“ကောင်းပြီ”

“ငါတို့ သဘောတူတယ်။ ကလပ်ကို သွားပြီး သတင်းကို ကြော်ငြာရအောင်။ ငါတို့ ဒီကောင်ကို မျှားမထုတ်နိုင်ရင်တောင်မှ သူတစ်ယောက်တည်း လှုပ်ရှားတာထက် ငါတို့အားလုံး ပူးပေါင်းတာက ပိုကောင်းလိမ့်မယ်”

“ကောင်းပြီ။ အခုပဲ သွားမယ်”

အသေအချာ ဆွေးနွေးပြီးနောက်တွင် သူတို့က စီးကရက်ဖင်များအားလုံးကို နင်းချေကာ ငြိမ်းသတ်လျှက် ရဲတိုက်၏ဂိတ်ဘက်မှ ခပ်မြန်မြန် ထွက်ခဲ့လိုက်လေသည်။

******

330 01

အပိုင်း 330

ဒိုင်း

ဒိုင်း

ဒိုင်း

အစိမ်းရောင် မီးခိုလုံးများက မြှောက်တက်လာသည်။

အဝေးမှ ဆက်တိုက်ဆိုသလို မြှောက်တက်နေသော သွေးမြူကွင်းကို ကြည့်ပြီး ကလပ်မုဆိုးအများစုက လှေပေါ်မှ အလျင်စလို ပြေးဆင်းကြသည်။

ခရက်စ့်

ချွန်ထက်သော သံများပါသည့် သစ်သားတုတ်ချောင်းတစ်ချောင်းဖြင့် ဖျံတစ်ကောင်၏ခေါင်းထိပ်ကို ရိုက်ချလိုက်သည်။

ကွက်

ဖျံ၏အော်ညည်းသံများအကြားတွင် သင်္ဘောပေါ်သို့ ပစ်တင်ခံရပြီး မြေပြင်တွင် သွေးအစင်းကြောင်းရာများကို ချန်ထားရစ်ခဲ့သည်။

ဟူး

လင်ထုံက မီးခိုးတစ်ကွင်းကို မှုတ်ထုတ်လျှက် လက်ထဲမှ ပြောင်းတိုသေနတ်ကို ကိုင်ရင်း အဝေးရှိ ပင်လယ်ထဲသို့ ခုန်ချတော့မည့် ငွေဖြူရောင်ဖျံတစ်ကောင်ကို ချိန်ရွယ်ကာ မောင်းတံကို တင်သည်။

ဒိုင်း

သေနတ်ပစ်သံတစ်ချက်နှင့်အတူ ထိုဖျံ၏ခန္ဓာကိုယ်တစ်ခုလုံးက ရပ်တန့်လျှက် ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။

ဟူး

“ငါ မင်းကို သတ်တဲ့အခါ ဘယ်တော့မှ ထွက်ပြေးခွင့်ပြုမှာ မဟုတ်ဘူး”

ခပ်ကြမ်းကြမ်း အော်ဟစ် ကျိန်ဆဲပြီးနောက်တွင် လင်ထုံက သူ၏အရှေ့မှ မုဆိုးအများစုကို ကြည့်ကာ လက်ခုပ်တီးရင်း အာရုံစိုက်စေရန် ပြုသည်။ ထို့နောက် လေသံတိုးတိုးနှင့် လှမ်းပြောလိုက်၏။

“အဲဒီဖျံတွေအားလုံးကို လှေပေါ် တင်ခဲ့။ အဲဒီနောက် ဒီနေရာတစ်ခုလုံးကို အသင်းတစ်ခုအနေနဲ့ လှုပ်ရှားပြီး အဲဒီနေရာဆီ မျှားခေါ်ကြမယ်”

“လူတွေ ဒီလောက် အများကြီး ပူးပေါင်းလုပ်ဆောင်နေတာ”

“ဒီတစ်ကောင်က ငါတို့ကို လာတိုက်ခိုက်ရဲမယ်လို့ မယုံဘူး”

“မြန်မြန်လုပ်တော့”

ပြောင်းတိုသေနတ်များ၊ တုတ်များကို ကိုင်ဆောင်ထားသည့် လူအုပ်က အဝေးရှိ ရေခဲဘက်သို့ စတင်ကာ ချီတက်သည်။

လူရာကျော်ပါသော အသင်းက ရေခဲပေါ်မှ ဖျံများကို စတင်ကာ လိုက်ကြသည်။

ဆယ်မိနစ်ကျော်ခန့် ကြာပြီးနောက်တွင် မရေမတွက်နိုင်သော ဖျံပေါင်းများစွာက အဝေးတစ်နေရာမှ အထိတ်တလန့် တွားသွားနေကြသည်။

ရေခဲထဲတွင် သွေးလမ်းကြောင်းကြီးက ကျန်ရစ်ခဲ့လေသည်။

မရေမတွက်နိုင်သော မုဆိုးပေါင်းများစွာက သစ်သားတုတ်များကို ကိုင်ဆောင်လျှက် ဖျံများ၏ခေါင်းကို ချိတ်ကောက်ဖြင့် လှမ်းရိုက်ကာ ကပ်လိုက်လာသည်။

“ဟား ဟား ဟား ဟား”

လင်ထုံက သူ၏အရှေ့မှ ဖျံရာပေါင်းများစွာကို ကြည့်ပြီး ရယ်သည်။

အချိန်တွေကြာအောင် စောင့်ဆိုင်းနေပြီး ထိုလူငယ်က ထွက်မလာသောအခါ ထိုကောင်က သေချာပေါက် ကြောက်သွားမည်ဖြစ်ကြောင်း သေချာသွားသည်။ ထို့ကြောင့် ပြန်လာရဲတော့မည် မဟုတ်ပေ။

330 02

“ဒီကောင် မလာရဲလောက်တော့ဘူး”

“အားလုံးပဲ အသင့်ပြင်ထားကြ။ ဒီဖျံပေါက်လေးတွေကို အရေခွံဆုတ်ပြီး ဖျံမတွေကိုလည်း နှစ်ခြမ်းခွဲလိုက် ဖျံအထီးတွေကတော့ … ခေါင်းကို သံနဲ့သာ ထိုးသတ်ပြီး ဆွဲခေါ်ခဲ့လိုက်”

“အခုကစပြီး သတ်ဖြတ်မှုက စတင်ပြီ။ ငါတို့ပိုက်ဆံရှာမဲ့ အခွင့်အရေးပဲ”

လင်ထုံက လူအုပ်၏အရှေ့မှတစ်ဆင့် ဖြတ်တောက်သည့်စက်ကို တရွတ်တိုက် ကိုင်ဆွဲလာရင်း ကျယ်လောင်စွာ အော်ရယ်ကာ ပြောသည်။

“အဲဒီကောင်ကြောင့် ကလပ်အများစုက ဒီဖျံအမဲလိုက်တဲ့ကွင်းကနေ ရိတ်သိမ်းသွားကြပြီ။ ဒါက ငါတို့အတွက် ကောင်းတာပဲ”

“နောက်ပြီး နှစ်လတောင် ကျန်သေးတာ။ ငါတို့ ဒီနေ့ ဖျံပေါက် ငါးသောင်းရဖို့ မျှော်လင့်တယ်”

“သတ်ဖြတ်နိုင်ခဲ့တဲ့ အရေအတွက်ကတော့ တစ်သိန်းကျော်ရမယ်”

“ဒီလိုဆိုရင် အားလုံးရဲ့ ဆုလဒ်တွေက နှစ်ဆတိုးသွားပြီ”

“အား ကျေးဇူးတင်ပါတယ်။ လူကြီးမင်းလင်ထုံ”

“နှစ်ဆ ငါတို့ ဘယ်လိုနည်းနဲ့မဆို ဒီတာဝန်ကို ပြီးမြှောက်အောင် လုပ်ရမယ်”

“ဟား ဟား အခု ငါတို့ ကလပ်အများကြီး ပေါင်းထားတဲ့အင်အားစုက ဒီရေခဲပြင်တစ်ခုအနှံ့ ဖြန့်ကျက်ထားပြီးသား။ သတ်ဖြတ်ခံရတဲ့ အရေအတွက်က သေချာပေါက် တစ်သိန်းကျော်မှာပဲ။ ဒါကြောင့် ဘယ်သူကမှ ငါတို့နဲ့ လာပြီး ပြိုင်တော့မှာ မဟုတ်ဘူး။ ဒီတော့ ငါတို့တွေ လူစုခွဲပြီး ဖျံတွေကို မောင်းသွင်းသင့်တယ်။ အဲဒီနောက် တစ်နေရာထဲမှာပဲ ပုံပြီး အရေခွံဆုတ်ကြတာပေါ့။ အဲဒီနောက် ပြန်တင်ပို့မယ်။ ဒီလိုဆိုရင် အချိန်ကုန် သက်သာပြီ”

“ဟုတ်တယ်။ မဆိုးဘူး”

ထိုစကားကို ကြားပြီးနောက်တွင် လင်ထုံမှ ပြုံးကာ ခေါင်းညိတ်သည်။

ထိုနည်းလမ်းက မဆိုးပေ။ စက်ရုံတွင် လုပ်ဆောင်သည့် နည်းလမ်းအတိုင်း ဖြစ်သည်။

ဖျံမောင်းသောသူက ဖျံကိုသာ မောင်းရမည်ဖြစ်ပြီး ဖြတ်သောသူကလည်း ဖြတ်ရုံသာ တာဝန်ယူရန် လိုအပ်သည်။ လူတိုင်းက လုပ်ငန်းတာဝန်အသီးသီးနှင့် ဖြစ်သည်။ ထို့ကြောင့် လုပ်ဆောင်မှု ပို၍ ပြီးမြှောက်အောင်မြင်ပေလိမ့်မည်။ သို့သော် …

အန္တာရာယ်အများဆုံး လူများက ဖျံများကို မောင်းနှင်ရသူဖြစ်သည်။ သူတို့ကို ထိုလူငယ်က လာမိသွား၍ မဖြစ်ပေ။

သို့မဟုတ်လျှင် ပြင်းပြင်းထန်ထန် ကြိုးစားထားသော အသင်းက ပျက်စီးသွားပေလိမ့်မည်။

“ဖျံတွေ မောင်းသွင်းတဲ့လူတွေက သူတို့နဲ့အတူ ငှားရမ်းထားတဲ့ အဲဒီစစ်သားတွေကို ခေါ်လာသင့်တယ်။ ဒါကြောင့် အဲဒီကောင်လေးနဲ့ တွေ့ပြီဆိုတာနဲ့ နေရာမှာတင် သတ်လိုက်တော့။ ဘယ်သူက သတ်နိုင် သတ်နိုင် ဘောနပ်စ့် ငါးသိန်း ရမယ်”

လင်ထုံက တစ်ခဏခန့် ရပ်တန့်ပြီးနောက် ပြန်မော့ကြည့်ကာ ပြောသည်။

“လှေပေါ်မှာ ချုံခိုတိုက်ခိုက်ဖို့ စောင့်နေတဲ့လူတွေကို ငါ သွားခေါ်လိုက်မယ်”

“ဒီနေရာက ဖျံတွေကို အရင်ဆုံး ရှင်းတာပေါ့”

“အဲဒီနောက် အကြံအစည်အတိုင်း စလုပ်ကြမယ်”

ထို့သို့ပြောပြီးနောက် သူဟာ နောက်သို့ လှည့်လျှက် သိပ်မဝေးသော နေရာရှိ လှေပေါ်သို့ သွားသည်။

ထိုလူငယ်ကို ကိုင်တွယ်ရန်အလိုဌာ သူတို့က ပိုက်ဆံအမြောက်အများသုံးပြီး လုပ်ရည်ကိုင်ရည်ရှိသော စစ်သည် ငါးယောက်ကို ဌားရမ်းလာခဲ့သည်။ တစ်ယောက်ချင်းစီတိုင်းက လေးလံသော လက်နက်ကြီးများကို သယ်ဆောင်လာခဲ့သည့်အလျှောက် ထိုလူငယ်ကို ကိုင်တွယ်နိုင်စွမ်းရည် ရှိပေလိမ့်မည်။

သူ့ကို တားရဲသော ဘယ်သူကမဆို သေရပေမည်။

330 03

လှေပေါ်သို့ ဝင်ရောက်ပြီးချိန်တွင် လင်ထုံက အဝတ်များကို သပ်ရပ်အောင် ဖြောင့်လိုက်သည်။ ထို့နောက် ပြုံးရယ်ရင်း အခန်းတံခါးတစ်ခုကို ညင်သာစွာ ခေါက်ကာ ပြောသည်။

“ဟယ်လို။ မင်းတို့ အိပ်နေလားတော့ မသိဘူး။ ငါတို့ စီမံကိန်းကို စတော့မှာဆိုတော့ မင်းတို့ရဲ့ အကူအညီ လိုတယ်”

“ဟယ်လို”

“မနိုးသေးဘူးလား”

သို့သော် တံခါးကို အချိန်ကြာကြာခေါက်နေသည့်တိုင်အောင် တုံ့ပြန်မှုကို မခံစားရချေ။ ထို့ကြောင့် လင်ထုံက မျက်မှောင်ကြုတ်လိုက်သည်။

“သောက်ကျိုးနည်း စစ်သား။ မနေ့ညက ဘယ်လောက် သောက်တာများသွားလို့လဲ”

သူဟာ ခပ်တိုးတိုး ကျိန်ဆဲပြီးနောက် အိတ်ကပ်ထဲမှ သော့ကို ထုတ်ကာ တဖြည်းဖြည်းချင်းစီ တံခါးဖွင့်လိုက်သည်။

“ဟေး ဟေ့လူ ထဖို့အချိန်ကျပြီ”

လူတိုင်းက အိပ်ရာထဲပေါ်တွင် လှဲနေကြတာ မြင်သောအခါ လင်ထုံက သူ၏အရှေ့မှ လူတစ်ယောက်ကို တွန်းလိုက်သည်။

“ဟစ်”

“ဘာလို့ ဒီလောက် အေးနေတာလဲ”

သူ၏လက်ဖဝါးက တစ်ဖက်သူ၏ကိုယ်ကို ထိတွေ့မိသောအခါ အရိုးကွဲစိမ့်မတတ် အအေးဓာတ်ကို ခံစားလိုက်ရသည်။

ဒါဟာ သာမန်လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အအပူချိန်မျိုး မဟုတ်ချေ။ ထို့အစား … သူဟာ ဒီအခန်းတစ်ခုလုံးတွင် အသက်ရူနေသော အရိပ်အယောင်ကိုမှ မခံစားမိသလို့ ခံစားလိုက်ရသည်။

“မဖြစ်နိုင်တာ။ မဖြစ်နိုင်ဘူး”

လင်ထုံက အရှေ့သို့ ခပ်မြန်မြန် လှမ်းလိုက်သည်။

ခရက်စ့်

ထို့အခါ အားလုံးက မျက်လုံးပြူးကျယ်ကာ ဖွင့်ထားကြောင်း မြင်လိုက်ရသည်။ သူတို့ဟာ သေချင်စိတ်ရှိကြပုံ မပေါ်ပေ။ ထို့အပြင် သူတို့၏လည်ပင်းတွင် အလွန်နက်သော ဒဏ်ရာကို မြင်ရသည်။

တကယ်တော့ …

ဒီတစ်အုပ်လုံးက လည်ပင်း ညှစ်သတ်ခံရခဲ့ရတာပဲ။

ဘယ်လို ဖြစ်နိုင်မှာလဲ။ နောက်ပြီး ဒီလှေပေါ်မှာ ဒီလူတွေ ပါလာတယ်ဆိုတာကို အခြားလူတွေက ဘယ်လိုသိလဲ။

“အဲဒီကောင်ပဲ ဖြစ်ရမယ်။ အဲဒီမိစ္ဆာကောင်”

လင်ထုံက ခပ်တိုးတိုး ရေရွတ်သည်။ သူဟာ တစ်စုံတစ်ရာကို တွေးမိသွားသည်။

ဟူး

ရုတ်တရက် ညှီစို့စို့အရည်များ စိုရွဲ့နေသော အေးစက်သည့် အမွှေးများနှင့် အရေခွံတစ်ခုကို သူ၏မျက်နှာသို့ ဖိချခြင်း ခံရသည်။

ဂလု ဂလု

သူဟာ မျက်လုံးပြူးကျယ်ပြီး ပြင်းထန်စွာ ရုန်းကန်သည်။

သို့သော် သူ၏မျက်စိရှေ့တွင် ဖြူဖွေးစွတ်နေသော ဖျံလေး၏နဖူးလေးက ပေါ်လာသည်။ ထို့နောက် လူငယ်တစ်ယောက်၏ မျက်နှာက ပေါ်လာသည်။

“အပြင်ဘက်က ဘယ်သူလာရဲမလဲ ကြည့်ရအောင်”

ဆုပိုင်က သူ၏အရှေ့မှ မုတ်ဆိတ်မွှေးနှင့် လူကြီး၏မျက်နှာကို ဖျံမွှေးတစ်ခုဖြင့် အုပ်ထားသည်။ တစ်ဖက်သူက အသက်မရူနိုင်သောကြောင့် တဖြည်းဖြည်းချင်းစီ ပြာနှမ်းလာသော မျက်နှာကို စောင့်ကြည့်နေလိုက်သည်။

ထို့နောက် သူ၏ခြေထောက်များက တဖြောင့်တည်း ဖြစ်သွားသည်။

သူဟာ အခန်းထဲမှ အလောင်းများကို တစ်ချက်ကြည့်သည်။ ထို့နောက် တံခါးနားတွင် ကပ်ထားသော စက်သေနတ်ကို တစ်ချက်ကြည့်ပြီး ကောက်ယူလိုက်သည်။

ကလပ်မုဆိုးပေါင်းများစွာကို မောင်းထုတ်ပြီးနောက်တွင် ဆုပိုင်က ထို့လူများပြန်လာမည့်အချိန်အတွက် ပြင်ဆင်ထားပြီးသား ဖြစ်သည်။

+++++++

All Chapters