← Chapters

အခန်း (၇၅၅-၇၅၆)

Vol. 64 Ch. 755-756

အခန်း (၇၅၅-၇၅၆)

Vol. 64 Ch. 755-756

အခန်း (၇၅၅) ဝူရှီ ရဲ့ တိုက်ပွဲ

ကျန်းပုခု က အနာဂတ်အတွက် တွေးတောနေဆဲ ဖြစ်ပြီး အခြား ကောင်းကင်စစ်သည် များကလည်း ၎င်းကို တောင့်တနေကြ၏။ ဝင်စားခြင်း ၏ စမ်းသပ်မှုများကို ဖြတ်သန်းခဲ့ရပြီးနောက် နောက်ဆုံးတွင် လိုဏ်ခေါင်း အဆုံးမှ အလင်းရောင်ကို သူတို့ မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။

ကောင်းကင်တာအို က ယူဆောင်လာပေးသော အစွမ်းထက်သည့် ကံကြမ္မာ ထဲတွင် သူတို့ နစ်မြုပ်နေစဉ် ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ၏ လွှမ်းမိုးနိုင်စွမ်းရှိသော ဖိအားကြီး တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကောင်းကင်စစ်သည် တစ်သိန်း ကို ဖိနှိပ်လိုက်၏။

ကောင်းကင်စစ်သည် အားလုံး မော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားသည်။

"မင်းတို့က မရေမတွက်နိုင်တဲ့ အခက်အခဲတွေကို ဖြတ်သန်းခဲ့ပြီး နောက်ဆုံးမှာ အစစ်အမှန် ကောင်းကင်စစ်သည် တွေ ဖြစ်လာခဲ့ပြီ... အခု မင်းတို့ကို သတင်းကောင်း တစ်ခု ပြောပြမယ်..."

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ၏ အသံက တိမ်ပင်လယ် အထက်တွင် ပဲ့တင်ထပ်သွားပြီး ကောင်းကင်စစ်သည် အားလုံးကို တင်းမာသွားစေ၏။

သတင်းကောင်း ဟုတ်လား။

သူတို့ မယုံကြည်ကြချေ။ အလိုအလျောက် သတိဖြင့် နောက်ထပ် စမ်းသပ်မှု တစ်ခု ရှိလာဦးမည်ဟု သူတို့ ထင်လိုက်ကြသည်။ အချို့သော ကောင်းကင်စစ်သည် များက မကျေမနပ် ဖြစ်သည့် လက္ခဏာများကိုပင် ပြသလာကြ၏။

အမတအဖြစ် တက်လှမ်းဖို့ လမ်းက ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ...

"ကောင်းကင်သားတော် နှစ်ပါး က မဟာကမ္ဘာ သုံးထောင် ကို စစ်တုရင်ခုံ အဖြစ် အသုံးပြုပြီး ကြီးမားတဲ့ ကစားပွဲ တစ်ခုကို စတင်တော့မယ်... မင်းတို့က ကောင်းကင်သားတော် တစ်ပါးကို ထောက်ပံ့ဖို့ ငါ့နောက်ကို လိုက်ရမယ်... ကောင်းကင်သားတော် ဆိုတာ ကောင်းကင်ဧကရာဇ် ရဲ့ သားတော်တွေကို ပြောတာပဲ... ဒီကစားပွဲက အမတနတ်ဘုရား တွေ အများကြီး ပါဝင်ပတ်သက်လိမ့်မယ်... တကယ်လို့ ငါတို့ ထောက်ပံ့တဲ့ ကောင်းကင်သားတော် နိုင်ခဲ့ရင် မင်းတို့ အားလုံး အကျိုးကျေးဇူး ရရှိမှာဖြစ်ပြီး မင်းတို့ထဲက တချို့က တိုက်ရိုက် ကောင်းကင်နတ်ဘုရား တွေတောင် ဖြစ်လာနိုင်တယ်... ဒါက ရှားပါးတဲ့ အခွင့်အရေး တစ်ခုဖြစ်ပြီး ငါတောင် တစ်ခါမှ မကြုံဖူးတဲ့ အရာမျိုးပဲ..."

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ၏ စကားများက ကောင်းကင်စစ်သည် တစ်သိန်း ၏ နားထဲသို့ ရောက်ရှိသွားသောအခါ သူတို့ကို ရူးသွပ်စွာ စိတ်ကူးယဉ်လာစေပြီး အချို့က အချင်းချင်း တီးတိုး ပြောဆိုလာကြ၏။

"ကောင်းကင်သားတော်တွေ ကြားက ပြိုင်ပွဲတဲ့... ကျွတ်ကျွတ်... ပြန်စလာပြန်ပြီ... တကယ်ကို အဆုံးမရှိတာပဲ..." ရွှီယို က အံ့ဩစွာ ပြောလိုက်သည်။

ကျန်းပုခု က သူ့ကို တစ်ချက် ကြည့်၍ ဇဝေဇဝါဖြင့် မေးလိုက်၏။ "မင်းက ကောင်းကင်သားတော်တွေ ရဲ့ ပြိုင်ပွဲ အကြောင်းကိုတောင် သိနေတာလား..."

ရွှီယို က ပြန်ဖြေလိုက်သည်။ "စီနီယာ တစ်ယောက်ဆီက ကြားဖူးတာ... ကောင်းကင်သားတော်တွေ ကြားက ပြိုင်ပွဲတိုင်းက မဟာကမ္ဘာ သုံးထောင် ကို စစ်တုရင်ခုံ အဖြစ် အမြဲတမ်း အသုံးပြုလေ့ ရှိတယ်... ဘာလို့လဲဆိုတော့ မဟာကမ္ဘာ သုံးထောင် မှာ နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ် မရှိလို့ပဲ... ချန်ထျန်း က သူတို့ကို အလွယ်တကူ ပြန်လည် တည်ဆောက်ပေးနိုင်တယ်လေ... ကောင်းကင်သားတော် အများစုက သူတို့ဟာ ကောင်းကင်ဧကရာဇ် ဖြစ်ဖို့ ပိုပြီး သင့်တော်တယ် ဆိုတာကို သက်သေပြဖို့ ထောက်ခံမှုတွေ စုဆောင်းပြီး ကောင်းကင်နန်းတော် ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်တဲ့ တိုက်ပွဲတစ်ခုကို ဆင်နွှဲတတ်ကြတယ်..."

ကျန်းပုခု က အံ့အားသင့်စွာ မေးလိုက်၏။ "ကောင်းကင်ဧကရာဇ် ရဲ့ နေရာက မျိုးရိုးလိုက်လို့ ရတာလား..."

သူ့အမြင်တွင် ကောင်းကင်ဧကရာဇ် သည် အမတနတ်ဘုရားများ ထဲတွင် အစွမ်းအထက်ဆုံး ဖြစ်၏။ ကောင်းကင်ဧကရာဇ် ၏ နေရာကို မည်သို့များ လက်ဆင့်ကမ်း ပေးနိုင်မည်နည်း။

ထို့ပြင် လူသားကမ္ဘာ ၏ အင်ပါယာ အာဏာများ လက်ဆင့်ကမ်းရသည့် အကြောင်းရင်းမှာ ဧကရာဇ်များ သေဆုံးသွားသောကြောင့် ဖြစ်သည်။ သို့သော်လည်း ကောင်းကင်ဧကရာဇ် က အစွမ်းအထက်ဆုံး အမတနတ်ဘုရား ဖြစ်ရာ သူက ဘယ်လိုလုပ် သေနိုင်မည်နည်း။

"ဘယ်သူသိမှာလဲ... ကောင်းကင်ဧကရာဇ် က သူတို့ကို ကစားနေတာ သက်သက်လည်း ဖြစ်နိုင်တာပဲ... ဒါပေမဲ့ အဲဒါကို ယုံကြည်နေတဲ့ ကောင်းကင်သားတော်တွေ ကတော့ အမြဲတမ်း ရှိနေတာပဲလေ..." ရွှီယို က တုံ့ပြန်လိုက်၏။

ကျန်းပုခု မှာ ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်လာသည်။ ရွှီယို က ကောင်းကင်ဧကရာဇ် ကို လှောင်ပြောင်နေသကဲ့သို့ သူ ခံစားလိုက်ရ၏။

အရောင်အသွေး စုံလင်သော တိမ်တိုက်များပေါ်တွင် ရပ်လျက် ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား က ရွှီယို ကို နက်နက်ရှိုင်းရှိုင်း တစ်ချက် ကြည့်လိုက်ပြီးနောက် ကောင်းကင်စစ်သည် တစ်သိန်း ကို ဝေ့ကြည့်ကာ ပြောလိုက်သည်။ "မဟာကမ္ဘာ သုံးထောင် ကို ကောင်းကင်နတ်ဘုရား တွေ ဦးဆောင်တဲ့ အုပ်စု နှစ်ခု ခွဲလိမ့်မယ်... ကစားပွဲကြီး မစခင် အုပ်စု နှစ်ခုစလုံးရဲ့ အင်အားက တူညီနေမှာဖြစ်ပြီး အဆင့်မြင့် အမတနတ်ဘုရား တွေက ကြီးကြပ်ပေးလိမ့်မယ်... ဒါက ရှားပါးတဲ့ မျှတမှု တစ်ခုပဲ... မင်းတို့ အားလုံးမှာ နိုင်ဖို့ အခွင့်အရေး ငါးဆယ် ရာခိုင်နှုန်းစီ ရှိပြီး ကျန်တာက မင်းတို့ရဲ့ ကြိုးစားအားထုတ်မှု အပေါ်မှာပဲ မူတည်တယ်..."

သူ၏ အသံက ကောင်းကင် မိုးကြိုး တစ်ခုကဲ့သို့ နားကွဲမတတ် ဖြစ်နေ၏။

ကောင်းကင်စစ်သည် တစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။

"တကယ်လို့ ငါတို့ ရှုံးသွားရင် ဘာဖြစ်မလဲ..."

ဤမေးခွန်းနှင့်အတူ ကောင်းကင်စစ်သည် အများအပြား က ချက်ချင်း ထောက်ခံလာကြပြီး ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ကို မေးခွန်းထုတ်လာကြသည်။

နောက်ဆုံးတွင် ကောင်းကင်စစ်သည် များ ဖြစ်လာပြီးကာမှ နောက်ထပ် စမ်းသပ်မှု တစ်ခုကို သူတို့ ရင်ဆိုင်ရဦးမည် ဖြစ်သည်။ ဤအခြေအနေကို မည်သူက သည်းခံနိုင်မည်နည်း။

"တကယ်လို့ ငါတို့ ရှုံးရင် မင်းတို့နဲ့အတူ ငါလည်း အပြစ်ပေးခံရမှာပဲ... စိတ်မပူပါနဲ့... မင်းတို့ရဲ့ ကောင်းကင်နန်းတော် ကံကြမ္မာက လွင့်ပျောက်သွားမှာ မဟုတ်ပါဘူး... အမှားတွေကို ပြန်ပြင်ဖို့ပဲ လိုတာပါ... ကောင်းကင်နန်းတော် ရဲ့ ကံကြမ္မာနဲ့ဆို မင်းတို့ အားလုံးက မသေနိုင်၊ မပျက်စီးနိုင်တဲ့ သက်ရှိတွေ ဖြစ်နေပြီပဲ..."

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ၏ အဖြေက ကောင်းကင်စစ်သည် များ၏ စိုးရိမ်ပူပန်မှုများကို ငြိမ်သက်သွားစေ၏။

ရွှီယို က ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ကို လှောင်ပြောင်နေသကဲ့သို့ ရှိသည်ကို ကျန်းပုခု သတိပြုမိလိုက်သည်။

ကောင်းကင်စစ်သည် တွေလည်း သေနိုင်တာလား...

ကျန်းပုခု မှာ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်နေမိ၏။ သူကိုယ်တိုင်၏ လုံခြုံရေးအတွက် သူ မကြောက်သော်လည်း ကောင်းကင်စစ်သည် များကိုပင် ကျဆုံးသွားစေနိုင်သော ကပ်ဘေးတစ်ခု အတွက် သူ စိုးရိမ်နေခြင်း ဖြစ်သည်။ မဟာကမ္ဘာရှိ သက်ရှိ သက်ရှိအားလုံးအတွက် ၎င်းက မည်မျှ ကြောက်စရာ ကောင်းလိမ့်မည်နည်း။

ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ နှင့် ထိုမိတ်ဆွေဟောင်းများ အတွက် သူ စိုးရိမ်နေဆဲ ဖြစ်၏။

"ဒီကစားပွဲကြီး မစခင် မင်းတို့ရဲ့ ကျင့်ကြံခြင်း အဆင့် မြန်မြန် တိုးတက်လာအောင် ငါ ကိုယ်တိုင် တာအို ဟောကြားပေးမယ်... ကစားပွဲကြီး မစခင် ကောင်းကင်တက်လှမ်းခြင်းအနှောင်ဖွဲ့ကင်းအမတအဆင့် ကို ရောက်အောင် ကြိုးစားကြ..."

ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ၏ အသံက ထပ်မံ ပဲ့တင်ထပ်သွားရာ ဤစကားများက ကောင်းကင်စစ်သည် များကို စိတ်လှုပ်ရှားသွားစေ၏။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ ကျင့်ကြံခြင်း အဆင့်ကို လျင်မြန်စွာ မြှင့်တင်နိုင်ခြင်းက လက်ငင်း အကျိုးကျေးဇူး တစ်ခု ဖြစ်ပေသည်။

...

အချိန်များက မြားတစ်စင်းကဲ့သို့ လျင်မြန်စွာ ကုန်လွန်သွား၏။

နှစ်ပေါင်း သုံးရာက လျင်မြန်စွာ ကုန်လွန်သွားပြီး ချမ့်ခွန်းဂိုဏ်း က နောက်ဆုံးတွင် အတွင်းရေး ပဋိပက္ခများ ပေါက်ကွဲထွက်လာသဖြင့် ဝိညာဉ်ကိုးပါး တိုက်ကြီး မှ ပြည်သူများ ဒုက္ခရောက်ရတော့သည်။

ချမ့်ခွန်းဂိုဏ်း ၏ ကျင့်ကြံသူ အားလုံးကို ဖိနှိမ့်ရန် ကုအန်က အန်ရှင်း ကို စေလွှတ်လိုက်၏။

ခြံဝင်းထဲတွင် ကုအန်က ဆေးဘက်ဝင် အပင်များကို စိုက်ပျိုးနေသည်။ လီရွှမ်ယွီ က သူ၏ နောက်မှ လိုက်ပါလာပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည့။ "အန်ရှင်း တစ်ယောက်တည်းက ချမ့်ခွန်းဂိုဏ်း ကို ဖိနှိမ့်နိုင်ပါ့မလား... လက်ရှိ ချမ့်ခွန်းဂိုဏ်း က ရိုးရှင်းတာ မဟုတ်ဘူးနော်..."

လီရွှမ်ယွီ သာမကဘဲ ရီချင်းရှန်း နှင့် အခြား လေးယောက်တို့လည်း ဝူရှီ သက်တမ်းတာအိုနယ်မြေ သို့ ပြောင်းရွှေ့လာကြပြီး တစ်ဦးစီ ကိုယ်ပိုင် ဂူအိမ်များ တည်ဆောက်ထားကြ၏။

ဝူရှီ သက်တမ်းတာအိုနယ်မြေ သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် လီရွှမ်ယွီ နှင့် ရီချင်းရှန်း တို့ အားလုံး အံ့အားသင့်သွားကြသည်။ ဝူရှီ သက်တမ်းတာအိုနယ်မြေ တွင် ဤမျှများပြားသော ပုဂ္ဂိုလ် များနှင့် ပါရမီရှင်များ ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။

သွေးကျဉ်းထောင် သူတော်စင်၊ လုရှန်၊ ထျန်းယောင်အာ နှင့် အခြားသူများ၏ စွမ်းအားကို ထည့်မပြောနှင့်ဦး၊ တတိယမျိုးဆက် တပည့်များ၏ ပါရမီကပင် သာမန်မျက်စိဖြင့် မြင်နိုင်ပေသည်။ ချမ့်ခွန်းဂိုဏ်း တွင် ဆိုလျှင်တောင်မှ သူတို့က ထင်ပေါ်နေမည် ဖြစ်၏။

ကုအန် မဖြေခင် ကောင်းကင်ယံတွင် တောက်ပသော ရွှေရောင် အလင်းတန်း တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင် ကန့်လန့်ကာ တစ်ခုကဲ့သို့ လီရွှမ်ယွီ ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။

သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ အန်ရှင်း ၏ အငွေ့အသက်နှင့် အလွန် လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအား တစ်ခုကို သူမ ခံစားလိုက်ရသည်။

"သူမရဲ့ စွမ်းရည်တွေသက်သက်ဆို မလုံလောက်ပေမဲ့ ငါ သန့်စင်ပေးထားတဲ့ တာအိုရတနာ တစ်ခု ပါသွားတယ်လေ..."

ကုအန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ မနက်ဖြန်တွင် ဝိညာဉ်ကိုးပါး တိုက်ကြီး တစ်ခုလုံးကို လွှမ်းခြုံနိုင်ရန် နယ်မြေ ၏ နယ်နိမိတ်ကို သူ တိုးချဲ့နိုင်ပြီ ဖြစ်သည်။

အနာဂတ်တွင် ဝိညာဉ်ကိုးပါး တိုက်ကြီး မှ ပြည်သူများလည်း အကျိုးကျေးဇူး ခံစားရမည် ဖြစ်သည်။ နယ်မြေအတွင်းရှိ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များနှင့် တာအိုဆန္ဒ များကြောင့် ကျင့်ကြံခြင်း မပြုလုပ်သူများ ပင်လျှင် အချိန်နှင့်အမျှ ပိုမို အစွမ်းထက်လာကြမည် ဖြစ်သည်။

"တာအိုရတနာ လား..."

လီရွှမ်ယွီ ၏ ရင်ထဲတွင် စပ်စုချင်စိတ်များဖြင့် ပြည့်နှက်သွား၏။ တာအိုရတနာ များ အကြောင်းကို သူမ ကြားဖူးသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဝူရှီ ၏ တပည့်များက ထွက်ပေါ်လာပြီး သက်ရှိ သတ္တဝါ အားလုံးကို ကယ်တင်ခဲ့ကြရာ တာအိုရတနာ များ၏ စွမ်းအားက လောကတစ်ခွင်တွင် နာမည်ကျော်ကြားလာခဲ့သည်။

ဒါပေမဲ့ အန်ရှင်း တစ်ယောက်တည်းက တာအိုရတနာ တစ်ခုတည်းနဲ့တင် ချမ့်ခွန်းဂိုဏ်း တစ်ခုလုံးကို ဖိနှိမ့်နိုင်ပါ့မလား...

ရုတ်တရက် ကောင်းကင်ယံကိုပင် ထိုးဖောက်သွားတော့မည့်အလား အလွန် ကြောက်မက်ဖွယ်ကောင်းပြီး အေးစက်သော အငွေ့အသက် တစ်ခုကို သူမ ခံစားလိုက်ရ၏။

ယွမ်လော့ ၏ မျက်နှာကို သူမ၏ စိတ်ထဲတွင် ပြန်လည် သတိရလိုက်သည်။ ဤအစွမ်းထက်သော အငွေ့အသက်က ယွမ်လော့ ထံမှ လာခြင်းဖြစ်ကြောင်း သူမ အတည်ပြုနိုင်သော်လည်း ယွမ်လော့ ဤမျှ အစွမ်းထက်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

"ဘိုးဘေး..."

အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာပြီး ရှန်ကွမ်ရှန်းအာ က လျင်မြန်စွာ ပြေးလာ၏။

ကုအန်က လီရွှမ်ယွီ ကို ချက်ချင်း ပြောလိုက်သည်။ "စီနီယာ အစ်မ လီ... ခင်ဗျား စိတ်ပူစရာ မလိုပါဘူး... ပြန်ပြီးတော့သာ ကျင့်ကြံနေလိုက်ပါ..."

လီရွှမ်ယွီ က သိပ်မစဉ်းစားဘဲ ဦးညွှတ်၍ ချက်ချင်း ထွက်သွား၏။

ရှန်ကွမ်ရှန်းအာ က ကုအန်၏ ရှေ့သို့ ရောက်လာပြီး စာအုပ်တစ်အုပ်ကို လျှို့ဝှက်ဆန်းကြယ်စွာ ထုတ်ယူ၍ ပြောလိုက်သည်။ "ဘိုးဘေး... ဒါက ကျွန်မရဲ့ အပင်ပန်းခံ ရေးထားတဲ့ လက်ရာလေး... ဘိုးဘေးကို သေချာပေါက် အံ့အားသင့်စေမှာပါ..."

ကုအန်က သူမကို စိုက်ကြည့်၍ သူမ၏ လက်ထဲမှ စာအုပ်ကို ယူကာ တင်းမာစွာ ပြောလိုက်၏။ "မင်းရဲ့ ကျင့်ကြံခြင်းကို အာရုံစိုက်လို့ မရဘူးလား..."

ရှန်ကွမ်ရှန်းအာ က တခစ်ခစ် ရယ်မောလိုက်သည်။ "ကျွန်မက ကြိုးကြိုးစားစား ကျင့်ကြံနေတာပါပဲ... အရင်ဆုံး ကြည့်လိုက်ပါဦး..."

"ပြီးမှ ကြည့်လိုက်မယ်..."

ကုအန်က စာအုပ်ကို သူ၏ ဝတ်ရုံထဲသို့ ထိုးထည့်လုက်၏။

ရှန်ကွမ်ရှန်းအာ က မျက်လုံးကို လှိမ့်၍ ကုအန်၏ ဘေးသို့ ကပ်သွားကာ ပြောလိုက်သည်။ "ဘိုးဘေး... တကယ်လို့ဒီစာအုပ်ကို သဘောကျတယ် ဆိုရင် ကျွန်မကို နတ်ဘုရားစွမ်းရည် တစ်ခုလောက် သင်ပေးနိုင်မလား... ကျွန်မလည်း တတိယမျိုးဆက် တပည့်တွေရဲ့ အဆင့်သတ်မှတ်ချက်တွေထဲ ဝင်ပြိုင်ချင်တယ်"

ဝူရှီ အတွင်း၌ ဒုတိယ မျိုးဆက် တပည့်များမှ တတိယ မျိုးဆက် တပည့်များအထိ အမြဲတမ်း ယှဉ်ပြိုင်မှုများ ရှိနေ၏။

နှစ်တစ်ထောင်တိုင်း ပြိုင်ပွဲ တစ်ခု ပြုလုပ်လေ့ရှိပြီး လက်ရှိတွင် အန်ကျီကျိုက် က တတိယ မျိုးဆက် တပည့်များ ထဲတွင် အစွမ်းအထက်ဆုံး ဖြစ်နေဆဲဖြစ်ကာ ရှန်ကွမ်ရှန်းအာ ကတော့ နောက်ဆုံး သုံးယောက် စာရင်းတွင် ပါဝင်နေသည်။

"ဘာလို့ ရုတ်တရက်ကြီး နတ်ဘုရားစွမ်းရည် တွေကို ကျင့်ကြံချင်နေရတာလဲ..." ကုအန်က ချက်ချင်း သဘောမတူဘဲ မေးလိုက်၏။

ရှန်ကွမ်ရှန်းအာ က နှုတ်ခမ်းကို စူလိုက်သည်။ "ကျွန်မက ကြိုးကြိုးစားစား ကျင့်ကြံပါ ဆိုတဲ့ ဘိုးဘေးရဲ့ အကြံပေးချက်ကို နားထောင်နေတာ မဟုတ်ဘူးလား..."

ကုအန်က ပြုံး၍ ပြောလိုက်၏။ "မင်းက အပြင်ထွက်ပြီး ဂိုဏ်းတစ်ခု တည်ထောင်ချင်နေတာလား..."

ရှန်ကွမ်ရှန်းအာ က အလျင်အမြန် ရှင်းပြလိုက်သည်။ "ဘိုးဘေး... ကျွန်မက အခု ချက်ချင်း အပြင်ထွက်မှာ မဟုတ်ပါဘူး...အနာဂတ်မှာပဲ ပြောတာပါ... ကျွန်မက ဘိုးဘေး ကို နောက်ထပ် နှစ်ထောင်ပေါင်းများစွာ အလုပ်အကျွေး ပြုချင်ပါသေးတယ်..."

အခန်း (၇၅၆) လောကတစ်သောင်းရဲ့ ကမ္ဘာ့ဂိတ်တံခါး

ဆည်းဆာချိန် ရောက်လာ၏။

အန်ရှင်း ပြန်ရောက်လာပြီးနောက် ကုအန်က ရှန်ကွမ်ရှန်းအာ ကို နတ်ဘုရားစွမ်းရည်များ သင်ကြားပေးခြင်းကို ရပ်တန့်၍ သူမကို ပြန်လွှတ်လိုက်သည်။

ကုအန်နှင့် အန်ရှင်း တို့က တောင်ကမ်းပါး အစွန်းတွင် ပခုံးချင်းယှဉ်လျက် ရပ်ကာ အဝေးသို့ ငေးကြည့်နေကြ၏။ အန်ရှင်း က ညင်သာစွာ ပြောလိုက်သည်။ "ဆရာ... အဲဒီ ယွမ်လော့ က လောကကြီးအတွက် ကြီးမားတဲ့ ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်... ကျွန်မ သူ့ကို ဖိနှိမ့်လိုက်ပေမဲ့ သူ့ရဲ့ စွမ်းအားနဲ့ အမုန်းတရားကို ကျွန်မ ခံစားလို့ ရတယ်... သူရဲ့ ရင်ထဲမှာ ကြောက်မက်ဖွယ် စွမ်းအားတွေ အဆုံးမရှိ ပါဝင်နေတယ်..."

"မင်းဆရာကို ဘာလုပ်စေချင်လဲ... သူ့ကို သတ်ပစ်စေချင်တာလား..." ကုအန်က ပြန်မေးလိုက်၏။.

ယွမ်လော့ နှင့် အန်ရှင်း တို့၏ တိုက်ပွဲကို ကုအန် မြင်တွေ့ခဲ့သည်။ အကယ်၍ ယွမ်လော့ က မူလ စွမ်းအားကို ငှားရမ်း အသုံးမပြုခဲ့လျှင် အန်ရှင်း ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ချေ။

ဤတစ်ကြိမ် ရှုံးနိမ့်သွားသဖြင့် ယွမ်လော့ က နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်ခံရမည်ဖြစ်ပြီး အစစ်အမှန် ဖရိုဖရဲ နာကြည်းချက် လော့ အဖြစ် ပြောင်းလဲသွားသည်အထိ မူလ အသိစိတ်ကို အဆက်မပြတ် နိုးထစေလိမ့်မည် ဖြစ်၏။

ယွမ်လော့ ၏ ဘဝတွင် သူ၏ ကိုယ်ပိုင် အပြစ်များ ရှိခဲ့သော်လည်း မည်သည့် အမတ ကျင့်ကြံသူ ၏ လက်က သွေးမစွန်းဖူးသနည်း။ သူ့တွင်လည်း သူ၏ ကိုယ်ပိုင် ကောင်းကွက်များ ရှိပေသည်။ သူက ကောင်းသလား၊ ဆိုးသလား ဆိုသည်မှာ ရှုထောင့် အပေါ်တွင်သာ မူတည်၏။

အန်ရှင်း က ခေါင်းယမ်း၍ ပြောလိုက်သည်။ "ကျွန်မက ဘာလို့ ဒီလို တွေးရမှာလဲ... သူ့ကို သတ်ဖို့ ဆရာ့ကို ဘယ်လိုလုပ် တိုက်ရိုက် တောင်းဆိုနိုင်မှာလဲ... ကျွန်မ လိုချင်တာက သူ့ကို ဖမ်းပေးဖို့ပါ... ကျွန်မ သူ့ကို ဆုံးမပေးပြီး သူရဲ့ စွဲလမ်းမှုတွေကို စွန့်လွှတ်နိုင်အောင် ကူညီပေးမယ်... သူက ချမ့်ခွန်းဂိုဏ်း ကို ထာဝရ ပျက်စီးခြင်း ချောက်ကမ်းပါးထဲ ဆွဲချသွားမှာကို ကျွန်မ ကြောက်တယ်..."

ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ၏ အခြေအနေ မည်မျှ နက်ရှိုင်းကြောင်းကို သူမ ကောင်းစွာ သိ၏။ အကယ်၍ အခြေအနေက အရမ်း ဆိုးရွားသွားပါက ကုအန် တစ်ယောက်တည်း သာမက ကောင်းကင်နတ်ဘုရားများ ပင် ဝင်ရောက် စွက်ဖက်လာနိုင်ပြီး ယွမ်လော့ က သူတို့ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

ယွမ်လော့ က အစွန်းရောက်သော နည်းလမ်းများဖြင့် လောကကို လွှမ်းမိုးရန် ကြိုးပမ်းနေပြီး ကြမ်းတမ်း၍ တိုက်ခိုက်လိုသော ဟန်ပန် ရှိသည်။ သစ္စာဖောက်မှု မည်သည့်အရာကိုမျှ သည်းမခံသဖြင့် ချမ့်ခွန်းဂိုဏ်း တပည့်များက ဂိုဏ်းမှ ထွက်ခွာ၍ မရနိုင်အောင် ဖြစ်နေ၏။ အကယ်၍ သူတို့ ထွက်ပြေးရန် ကြိုးစားပါက လိုက်လံ သတ်ဖြတ်ခြင်း ခံရမည် ဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ ဆိုးကျိုးများက ကြောက်မက်ဖွယ် ကောင်းလာလိမ့်မည်ဟု အန်ရှင်း ခံစားနေရ၏။

သူမက ချမ့်ခွန်းဂိုဏ်း နှင့်အတူ နှစ်သန်းပေါင်းများစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ပြီး သံယောဇဉ်များ ဖြစ်ပေါ်နေခဲ့သည်။ ချမ့်ခွန်းဂိုဏ်း ကို ကြေကွဲဖွယ် အဆုံးသတ် တစ်ခုဖြင့် မကြုံတွေ့စေချင်ပေ။ ယွမ်လော့ ကို ဖိနှိပ်ခြင်းက ဂိုဏ်းအတွက် ဂုဏ်သိက္ခာရှိသော အဆုံးသတ် တစ်ခုကို ဆောင်ကြဉ်းပေးနိုင်ပြီး ဂိုဏ်းချုပ် အသစ် တစ်ဦးဖြင့် ချမ့်ခွန်းဂိုဏ်း က သူ၏ အမွေအနှစ်များကို ဆက်လက် ထိန်းသိမ်းထားနိုင်ကောင်း ထိန်းသိမ်းထားနိုင်ပေမည်။

"ဒီလောက်ထိ လုပ်စရာ မလိုပါဘူး... ဒီစမ်းသပ်မှုတွေက ချမ့်ခွန်းဂိုဏ်း ရဲ့ ကံကြမ္မာ တစ်စိတ်တစ်ပိုင်းပဲ... သူတို့က ငါတို့ရဲ့ ကာကွယ်မှုကို အများကြီး ရရှိခဲ့ပြီးပြီမို့ အဆုံးအထိ စောင့်ရှောက်ပေးနေစရာ မလိုတော့ဘူး... အဲဒီအစား အနာဂတ်မှာ ဒီတိုက်ကြီးက သက်ရှိတွေ အားလုံးကို ဘယ်လို ဆက်ဆံရမလဲ ဆိုတာကို မင်း စဉ်းစားသင့်တယ်..."

ကုအန်က ပြန်ဖြေလိုက်ပြီး သက်တမ်းနယ်မြေကို တိတ်တဆိတ် အသက်သွင်းရန် ရွေးချယ်လိုက်၏။

[တည်ထောင်မည့် သင်၏နယ်မြေ ဧရိယာကို ရွေးချယ်ပါ။]

အချက်ပြစာသား တစ်ခု ထွက်ပေါ်လာပြီး ကုအန်က ဝိညာဉ်ကိုးပါး တိုက်ကြီး တစ်ခုလုံးကို လွှမ်းခြုံရန် သူ၏ စိတ်ကို တိုးချဲ့လိုက်သည်။

[သက်တမ်း နှစ် ၁၀၀,၀၀၀,၀၀၀,၀၀၀ လိုအပ်ပါသည်။ ဆက်လုပ်လိုပါသလား။]

သက်တမ်း နှစ် ၁၀၀ ဘီလီယံ ပါလား။

ယခင်က နယ်မြေကို တည်ထောင်ရန် သက်တမ်း နှစ်ငါး ဘီလီယံသာလိုအပ်ခဲ့သည်။ ဝိညာဉ်ကိုးပါး တိုက်ကြီး ၏ ဧရိယာက လက်ရှိ နယ်မြေထက် အဆ နှစ်ရာကျော် ပိုကြီးမားလေသည်။ ကုအန် အတွက်တော့ ဤကုန်ကျစရိတ်က တန်ပေသည်။

သူက မဆိုင်းမတွဘဲ ဆက်လုပ်ရန် ရွေးချယ်လိုက်၏။

တစ်ခဏ အတွင်းမှာပင် သဘာဝ၏ ဝိညာဉ်စွမ်းအင်များက ရုတ်တရက် ရပ်တန့်သွားသည်။ အန်ရှင်း က ၎င်းကို သတိပြုမိသွားပြီး သူမ ပြင်ဆင်ထားသော စကားများကို ပြန်မျိုချလိုက်ကာ ပတ်ဝန်းကျင်ကို မျက်မှောင်ကြုတ်လျက် ကြည့်လိုက်၏။

ဒါက သက်တမ်းတာအိုနယ်မြေလေ... မမျှော်လင့်ထားတဲ့ အရာ တစ်ခုခု ဘယ်လိုလုပ် ဖြစ်လာနိုင်မှာလဲ...

အန်ရှင်း က ပြုံးနေသော ကုအန်ကို ကြည့်လိုက်ရာ သူမ၏ စိုးရိမ်ပူပန်မှုများ လုံးဝ ပြေပျောက်သွားတော့၏။

"ဆရာ... ဘာတွေ ဖြစ်နေတာလဲ..." အန်ရှင်း က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

ကုအန်က ပြုံး၍ ပြောလိုက်၏။ "ငါက နယ်မြေကို တိုက်ကြီး တစ်ခုလုံးကို လွှမ်းခြုံနိုင်အောင် တိုးချဲ့လိုက်တာ... အနာဂတ်မှာ မင်း လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ ဧရိယာက ပိုကြီးလာတော့မှာပေါ့..."

အန်ရှင်း က ဆက်မေးလိုက်သည်။ "ဒါဆို တိုက်ကြီးပေါ်က သက်ရှိအားလုံးက နယ်မြေ ရဲ့ ဝိညာဉ်စွမ်းအင် နဲ့ တာအိုဆန္ဒ တွေကို ခံစားခွင့် ရတော့မယ်လို့ ဆိုလိုတာလား..."

ကုအန်က နယ်မြေကို တိုးချဲ့မည်ဟု ယခင်က ပြောခဲ့ဖူး၏။ ထိုစဉ်က ဧရိယာ တိုးချဲ့ရုံ သက်သက်ဟုသာ သူမ ထင်မှတ်ခဲ့ပြီး တာအိုဆန္ဒ နှင့် သိပ်သည်းသော ဝိညာဉ်စွမ်းအင်များ ပါဝင်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။

ထိုကဲ့သို့ ကြီးမားလှသော ကောင်းကျိုးကြောင့် ဝိညာဉ်ကိုးပါး တိုက်ကြီး ၏ အနာဂတ် ကြီးပွားတိုးတက်မှုကို အန်ရှင်း ကြိုတင် မြင်ယောင်နိုင်ပြီ ဖြစ်သည်။

ဝူရှီ တိုးချဲ့ခြင်း ၏ ဂုဏ်ကျက်သရေ ကိုပင် သူမ စတင် စိတ်ကူးယဉ်လာတော့၏။ လက်ရှိ ဝူရှီ တွင် လူနည်းလွန်းနေသည်။

သဘာဝ၏ ဝိညာဉ်စွမ်းအင်များက ခဏတာမျှသာ ရပ်တန့်သွားခြင်း ဖြစ်၏။ မကြာမီမှာပင် မြေကြီး စတင် တုန်ခါလာပြီး ကြီးမားလှသော ဝိညာဉ်စွမ်းအင်များက မြေအောက် အနက်ရှိုင်းဆုံး နေရာမှ ပေါက်ကွဲထွက်လာကာ တိုက်ကြီးပေါ်ရှိ သက်ရှိအားလုံးကို တင်းမာသွားစေသည်။ တောင်ပေါ်တွင် တံခါးပိတ် နေထိုင်နေသော ကျင့်ကြံသူကြီး များစွာ ပင်လျှင် အံ့အားသင့်ကာ ထွက်ပြေးလာကြ၏။

တိုက်ကြီး အစွန်းရှိ ပင်လယ်များက မြူခိုးများ ဖုံးလွှမ်းလာပြီး တိုက်ကြီးကို တဖြည်းဖြည်း လွှမ်းခြုံလာသည်။ ဆည်းဆာ အချိန်က ပို၍ပင် လွမ်းဆွေးဖွယ် ကောင်းလာတော့၏။

...

နှစ်များ လျင်မြန်စွာ ကုန်လွန်သွားပြီး နှစ်ပေါင်း နှစ်သိန်းက မျက်တောင်တစ်ခတ် အတွင်း ကုန်လွန်သွားခဲ့သည်။

ယခုအခါ ဝိညာဉ်ကိုးပါး တိုက်ကြီး မှာ လျှို့ဝှက်ဆန်းကြယ်သော ဒဏ္ဍာရီ တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်၏။ ရှည်လျားသော နှစ်များ တစ်လျှောက် ဂိုဏ်းအချို့က ၎င်းကို စူးစမ်းလေ့လာရန် ကြိုးစားခဲ့ကြသော်လည်း လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ တွန်းထုတ်ခြင်းကို ခံခဲ့ရသည်။ တစ်ခါတစ်ရံတွင် အချို့သော ကျင့်ကြံသူများက မတော်တဆ ဝင်ရောက်မိသော်လည်း မကြာမီမှာပင် အပြင်သို့ ပို့ဆောင်ခံလိုက်ရ၏။ သို့သော်လည်း ဤအတွေ့အကြုံများက သူတို့အတွက် မေ့မရနိုင်သော အရာများ ဖြစ်လာခဲ့ပြီး ဝူရှီနယ်မြေ နှင့် ပတ်သက်သော ဒဏ္ဍာရီ များစွာကို မွေးဖွားပေးခဲ့ကာ မျှော်လင့်ချက် ကို ကိုယ်စားပြုပြီး သုခဘုံ တစ်ခု၊ အမတနယ်မြေ တစ်ခု၏ အဓိပ္ပာယ်ကိုပင် ညွှန်ပြနေတော့သည်။

သမုဒ္ဒရာ အထက်ရှိ ကျယ်ပြန့်လှသော မြူခိုးများကို ဖြတ်ကျော်၍ ဝိညာဉ်ကိုးပါး တိုက်ကြီး သို့ ဝင်ရောက်လာသောအခါ ခမ်းနားကြီးကျယ်လှသော တောင်များနှင့် မြစ်များ၏ ရှုခင်းက ပန်းချီကား တစ်ချပ်ကဲ့သို့ ဖြန့်ကြက်လာပြီး ကောင်းကင်ယံတွင် မိစ္ဆာငှက်များ ပျံသန်းနေ၏။ ကြည့်လေရာ နေရာတိုင်းတွင် ကျင့်ကြံသူများ ပျံသန်းနေသည်ကို မြင်တွေ့နိုင်ပေသည်။

ခမ်းနားကြီးကျယ်ပြီး စည်ကားသော မြို့ကြီးများက တိုက်ကြီး အနှံ့ ပြန့်ကျဲနေပြီး ဒေသ တစ်ခုစီက သူတို့၏ ကိုယ်ပိုင် ကမ္ဘာတစ်ခုကို ဖွဲ့စည်းထား၏။

သို့သော်လည်း ဝူရှီနယ်မြေ ၏ မူလ ဧရိယာကတော့ အခြား သတ္တဝါများ ဝင်ရောက်ခွင့် မပြုသော တားမြစ်နယ်မြေ တစ်ခု အဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။

ခြံဝင်းထဲတွင်။

ကုအန်က မရတနာ သန့်စင်မီးဖို ရှေ့တွင် ရပ်လျက် ထိုက်ချင်း စစ်မှန်သော မီးတောက် ကို ကိုင်တွယ် ဖြေရှင်းနေသည်။ ရှန်ကျန်း က အနီးအနားတွင် ထိုင်၍ သူမ၏ စွမ်းရည်များကို လေ့ကျင့်နေပြီး အန်ရှင်း က ကုအန်၏ အနောက်တွင် ရပ်ကာ လက်ရှိ အခြေအနေများကို သတင်းပို့နေသည်။

"သက်ရှိတွေရဲ့ အရေအတွက်က တိုးလာနေတယ်... ဒီနှုန်းအတိုင်း ဆိုရင် နောက်ဆုံးမှာ ပြဿနာ ဖြစ်လာလိမ့်မယ်... သူတို့က အချင်းချင်း ပတ်သက်နေကြတာမို့ တချို့ကို ဒီတိုင်း နှင်ထုတ်ပစ်လို့ မရဘူးလေ..." အန်ရှင်း က အနည်းငယ် မျက်မှောင်ကြုတ်လျက် ညင်သာစွာ ပြောလိုက်၏။

လူသားကမ္ဘာ မှာ အုပ်ချုပ်သူ မရှိဘဲ မနေသင့်ပေ။ ဝိညာဉ်ကိုးပါး တိုက်ကြီး ၏ ဧကရာဇ် က ဝူရှီ သို့ ခွန်ခပေးရမည် ဖြစ်၏။ လက်ရှိတွင် တတိယမျိုးဆက် တပည့် ဖြစ်သော အန်ကျီကျိုက် က အင်ပါယာ အာဏာပိုင်များ နှင့် ဆက်သွယ်ရန် တာဝန်ယူထားသည်။ အန်ကျီကျိုက် ၏ ဂူအိမ်ကို အင်ပါယာ အာဏာကို သတိပေးသည့် အနေဖြင့် ဧကရာဇ် မြို့တော် တွင် တည်ဆောက်ထားလေသည်။ ထို့ကြောင့် နှစ်ပေါင်း နှစ်သိန်း ကုန်လွန်သွားသော်လည်း ဝိညာဉ်ကိုးပါး တိုက်ကြီး မှာ မငြိမ်မသက်မှုများ မဖြစ်ပေါ်ခဲ့ချေ။

ကုအန်က ပြန်ဖြေလိုက်သည်။ "စိတ်ပူစရာ မလိုပါဘူး... ရက်အနည်းငယ် နေရင် သူတို့ လွတ်လွတ်လပ်လပ် သွားလာပြီး စူးစမ်းလေ့လာနိုင်ဖို့ ကမ္ဘာ့ဂိတ်တံခါး တစ်ခုကို ငါ တည်ဆောက်လိုက်မယ်... သူတို့ရဲ့ ရှင်သန်မူနဲ့ သေဆုံးမှုက သူတို့ရဲ့ ကိုယ်ပိုင် တာဝန်ပဲ..."

"ကမ္ဘာ့ဂိတ်တံခါး လား... အဲဒါက လောကသောင်းချီ ကို ဆက်သွယ်ပေးနိုင်တာလား..." အန်ရှင်း က စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

"ဟုတ်တယ်... အဲဒါက တာအိုရတနာ တစ်ခုပဲ... ပြင်ပ သက်ရှိတွေ ဒီဂိတ်တံခါး ကနေတစ်ဆင့် ခိုးဝင်တာကို တားဆီးဖို့ ကံကြမ္မာ ကို စစ်ထုတ်တဲ့ စံနှုန်း အနေနဲ့ အသုံးပြုလိုက်မယ်" ကုအန်၏ နှုတ်ခမ်းများ ကွေးတက်သွား၏။ ကမ္ဘာ့ဂိတ်တံခါး က မကြာသေးမီ နှစ်များအတွင်း သူ အဂုဏ်ယူဆုံးသော ဖန်တီးမှု ဖြစ်သည်။ ၎င်းက မဟာကမ္ဘာ သုံးထောင် နှင့် အချို့သော အထူး နယ်မြေ များကိုပင် ဆက်သွယ်ပေးနိုင်၏။ ၎င်းက အစွမ်းထက်သော တာအိုရတနာ တစ်ခုလည်း ဖြစ်ပြီး တာအိုအထွတ်အထိပ် တာလော့အမတ တစ်ပါး ပင်လျှင် ၎င်းကို ဖျက်ဆီးရန် မဖြစ်နိုင်သလောက် ပင်။

"ဆရာ... ဝူရှီ ကို လူသိရှင်ကြား ဖြစ်သွားမှာ မကြောက်ဘူးလား..." အန်ရှင်း က ပြုံး၍ မေးလိုက်သည်။

"မင်းဆရာက ဘယ်တုန်းကများ ကြောက်ဖူးလို့လဲ..."

ကုအန်က ခိုင်မာသော လေသံဖြင့် ပြန်ဖြေလိုက်၏။ ယခုအခါ သူက အမှန်တကယ်ပင် ယုံကြည်မှု အချို့ ရှိနေပြီ ဖြစ်သည်။ ထို့ပြင် ဝူရှီ တွင် ကောင်းကင်နန်းတော် ကို ဖြုတ်ချရန် ရည်ရွယ်ချက် သို့မဟုတ် စွမ်းရည် မရှိချေ။ ဘာကို ကြောက်စရာ ရှိဦးမည်နည်း။

ဆရာနှင့် တပည့် နှစ်ယောက်က ခဏတာ စကားပြောပြီးနောက် အန်ရှင်း က တတိယမျိုးဆက် တပည့်များကို ဟောပြောပို့ချရန် ခေါ်ယူဖို့ ထွက်သွား၏။

မူလဘူတ တာအိုဧကရာဇ် တစ်ပါး ဖြစ်လာပြီး ဒုတိယ မျိုးဆက် တပည့် တစ်ဦး အနေဖြင့် သူမက တတိယမျိုးဆက် တပည့်များ၏ ကျင့်ကြံခြင်း တိုးတက်မှုကို အမြဲတမ်း အနီးကပ် စောင့်ကြည့်နေလေ့ ရှိသည်။ တပည့်တိုင်းက ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ပြီး ဝူရှီ သို့မဟုတ် သူတို့၏ ဆရာကို အရှက်မခွဲစေရန် သူမ မျှော်လင့်၏။

အန်ရှင်း ထွက်သွားပြီးနောက် ရှန်းကျန် က မျက်လုံးများ ဖွင့်၍ ကုအန်ကို ကြည့်လိုက်သည်။ "ငါက မူလဘူတ တာအိုဧကရာဇ် အဆင့်ကို မရောက်သေးပေမဲ့ ဒီကပ်ဘေးနဲ့ ပတ်သက်တဲ့ မြင်ကွင်းတွေကို ပိုပိုပြီး မြင်လာရတယ်..."

သူမက ဝူရှီ အတွင်း လျှို့ဝှက်ချက် မဟုတ်တော့သော ကောင်းကင်သားတော် အတွက် ကြီးမားသည့် ပြိုင်ဆိုင်မှုကို ရည်ညွှန်းနေခြင်း ဖြစ်၏။

"အိုး... ဒီတစ်ခါကော ဘယ်လို မြင်ကွင်းတွေ မြင်ရလဲ..." ကုအန်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ကောင်းကင်သားတော် အတွက် ကြီးမားသည့် ပြိုင်ဆိုင်မှု ၏ အကြောင်းအကျိုး များကို သူလည်း မြင်တွေ့နိုင်ပြီး မရေမတွက်နိုင်သော အမတနတ်ဘုရားများ ၏ ပုံရိပ်များက သူ၏ အမြင်အာရုံထဲတွင် ပေါ်လာပြီး ဖြစ်၏။

ကျန်းပုခု၊ ထျန်ဟောက် နှင့် ကျူးရှီ တို့ အားလုံးက ပါဝင်ပတ်သက်လာမည် ဖြစ်ပြီး ဤကပ်ဘေး အတွင်း မြင့်တက်လာမည့် အခွင့်အရေးကို ဆုပ်ကိုင်ကြမည် ဖြစ်သည်။

All Chapters