← Chapters

အခန်း (၇၆၁-၇၆၂)

Vol. 64 Ch. 761-762

အခန်း (၇၆၁-၇၆၂)

Vol. 64 Ch. 761-762

အခန်း (၇၆၁) ကောင်းကင်ဧကရာဇ် ရဲ့ တစ်ကောင်တည်းသော စီးတော်ယာဉ်

အချိန်များက မြားတစ်စင်းကဲ့သို့ လျင်မြန်စွာ ကုန်လွန်သွား၏။ လီရှန်းယို ထွက်သွားပြီးကတည်းက နှစ်ပေါင်း ငါးသိန်း ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဝူရှီ သက်တမ်းတာအိုနယ်မြေ အတွင်း၌။

ကုအန်က ရေကန်ဘေးတွင် ထိုင်၍ ပန်းချီဆွဲနေ၏။ သူ ဆွဲနေသည်မှာ ရှုခင်း တစ်ခု ဖြစ်သော်လည်း သူ၏ အတွေးများက ဝိညာဉ်ကိုးပါး တိုက်ကြီး ၏ အပြင်ဘက်သို့ လွင့်မျောနေလေသည်။

လီယ က မူလဘူတ တာအိုဧကရာဇ် လမ်းစဉ် တွင် ထူးခြားသော နားလည်နိုင်စွမ်းကို ပြသခဲ့ပြီး နှစ်ပေါင်း ငါးသိန်း အတွင်း ဤအဆင့်သို့ ရောက်ရှိလာခဲ့သည်။ ဤကာလအတွင်း သူက အခြားသူများနှင့် ယှဉ်ပြိုင် တိုက်ခိုက်ခြင်း မရှိဘဲ သူ၏ ကျင့်ကြံခြင်း တွင်သာ နစ်မြုပ်နေခဲ့သည်။

သူက သိုသိုသိပ်သိပ် နေခဲ့သော်လည်း သူ၏ တပည့် လီရှန်းယို ကတော့ ပြဿနာများကို ဖန်တီးခဲ့၏။

လီရှန်းယို က အမျိုးသမီး တစ်ဦးကို ချစ်ကြိုက်သွားခဲ့သော်လည်း ထိုအမျိုးသမီးမှာ သူမ၏ မိသားစုက စေ့စပ်ပေးထားပြီး ဖြစ်သည်။ စေ့စပ်မှုကို ရှောင်လွှဲရန် မိသားစုမှ ထွက်ပြေးလာပြီးနောက် လီရှန်းယို နှင့် တိုက်ဆိုင်စွာ ဆုံတွေ့ခဲ့ခြင်း ဖြစ်လေသည်။

သူတို့ နှစ်ဦးက မိသားစု၏ ဖိအားများကို အတူတကွ ရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ကြသော်လည်း ကံကြမ္မာ၏ ဖန်တီးမှုအရ အမျိုးသမီးမှာ သူမ၏ မိသားစု အတွင်းတွင် သေဆုံးသွားခဲ့ရသည်။ ယခုအခါ သူမ၏ မိသားစုက လီရှန်းယို ကို သတ်ဖြတ်ချင်ရုံ သာမက သူမ စေ့စပ်ထားသော မိသားစု ကလည်း သူတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် သူ၏ အသက်ကို အလိုရှိနေကြလေသည်။

မိသားစု နှစ်ခုစလုံးက ရှေးကျပြီး အစွမ်းထက်ကြကာ တစ်ခုစီတိုင်းတွင် အာကာပြင်တာအိုအမတအဆင့် ရှိ ဘိုးဘေးများ ရှိကြသည်။

ကုအန်က တိတ်တဆိတ် စောင့်ကြည့်နေ၏။ လီရှန်းယို ပြဿနာ တက်မည်ကို သူ မစိုးရိမ်ချေ။ အကြောင်းမှာ လီယ ဝင်ရောက် စွက်ဖက်မည် ဖြစ်သောကြောင့် ဖြစ်၏။

လာမည့် တပည့် ကယ်ဆယ်ရေး တိုက်ပွဲတွင် လီယ က လောကကို တုန်လှုပ်စေမည့် ဓားတာအို ကို ပြသမည်ဖြစ်ပြီး သူ့ကို လောကတွင် ထိပ်တန်း ဓားကျင့်ကြံသူ တစ်ဦးအဖြစ် ရပ်တည်စေမည် ဖြစ်၏။ အနာဂတ်တွင် သူက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ၌ လောကတစ်ခွင် ကျော်ကြားသော ထင်ရှားသည့် မဟာစွမ်းအားရှင် တစ်ဦးလည်း ဖြစ်လာပေလိမ့်မည်။

လီယ က မူလဘူတ တာအိုဧကရာဇ် ကို ကျော်ကြားစေမည်ဖြစ်ပြီး ၎င်းကို အနာဂတ် ကျင့်ကြံသူများ မျှော်မှန်းရမည့် ပစ်မှတ်တစ်ခု ဖြစ်လာစေလိမ့်မည်။

လီယ အပြင် ကုအန်က အခြားသူများကိုလည်း စောင့်ကြည့်နေ၏။ ကျန်းပုခု က ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ၏ နောက်သို့ လိုက်၍ မဟာကမ္ဘာ သုံးထောင် ကြားရှိ ဟင်းလင်းပြင် အတွင်းသို့ ဆင်းသက်သွားပြီး ကျင့်ကြံခြင်းတွင် နက်နက်ရှိုင်းရှိုင်း အာရုံစိုက်နေသည်ကို သူ မြင်တွေ့ခဲ့ရသည်။

ထိုက်ချင်း ရွှေအမတ ၏ အကူအညီဖြင့် ကျူးရှီ ကလည်း ထိုက်ဝေ့ မဟာကမ္ဘာ ကို တဖြည်းဖြည်း ထိန်းချုပ်လာနိုင်ပြီ ဖြစ်၏။

ထိုက်ဝေ့ မဟာကမ္ဘာ က နက်ရှိုင်းသော အခြေခံများ ရှိသည်။ ကျူးရှီ ၏ စွမ်းအားဖြင့် သူမက ကောင်းကင်နှင့် မြေကြီး ၏ အရှင်သခင် မဖြစ်လာနိုင်ခဲ့သော်လည်း ထိုက်ချင်း က နတ်ဘုရားခုံရုံး ကို ဖျက်ဆီးပစ်လိုက်သောကြောင့် ထိုမဟာစွမ်းအားရှင် များက သံသယများ ဖြစ်ပေါ်လာပြီး ထိုက်ချင်း ပြန်လည် ရောက်ရှိလာကာ ပြဿနာများ ထပ်မံ ဖန်တီးမည်ကို ကြောက်ရွံ့သဖြင့် သူတို့က မြင့်မြတ်ခုံရုံးကို အကာအကွယ် တစ်ခု အဖြစ် အသုံးပြုချင်ကြကာ ကျူးရှီ ကို အခွင့်အရေး ပေးခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်သားတော် အတွက် အာဏာလုပွဲ စတင်သောအခါ ဤရှေးဟောင်း အင်အားစုများက အာဏာများကို ပြန်လည် ရယူရန် မြင့်မြတ်ခုံရုံး ကို တိုက်ခိုက်ကြပေလိမ့်မည်။

သေချာသည်က ၎င်းမှာ အနာဂတ် ကိစ္စများ ဖြစ်ပြီး လောလောဆယ်တွင် ကျူးရှီ က လောက၏ အရှင်သခင် အဖြစ် အချိန်အကြာကြီး ရပ်တည်နိုင်ပေလိမ့်သည်။

ကုအန်က အပြင်ဘက် ကောင်းကင်ဘုံ ကို စောင့်ကြည့်နေရင်း ပန်းချီ ဆက်ဆွဲနေ၏။ စုတ်ချက် တစ်ချက်စီတိုင်းတွင် တာအိုဆန္ဒ များ ပါဝင်နေသဖြင့် ပန်းချီကားထဲရှိ အရာအားလုံးက သက်ဝင်လှုပ်ရှားနေသကဲ့သို့ ရှိပြီး အပင်များနှင့် ပန်းများက လေထဲတွင် လှုပ်ယမ်းနေကာ အမှန်တကယ် တည်ရှိနေသကဲ့သို့ ထင်ရလေသည်။

သွေးကျဉ်းထောင် သူတော်စင် က ကပ်ဖားအပြုံးဖြင့် ကုအန်ထံ ချဉ်းကပ်လာပြီး ပြောလိုက်၏။ "ဆရာ... ဝိညာဉ်ကိုးပါး တိုက်ကြီး က ပါရမီရှင်တွေ တိုးလာနေတယ်... လူများကြီး ငါတို့ကို လိုက်ရှာနေကြတယ်တဲ့... ဝူရှီ ရဲ့ တံခါးကို ဘယ်တော့လောက် ဖွင့်ပေးနိုင်မလဲ"

ကုအန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ "ဘာလို့လဲ... မင်းလည်း တပည့်တွေ လက်ခံချင်လို့လား..."

"ကျွန်တော် မဟုတ်ပါဘူး... ကျွန်တော်က ဆရာ့ရဲ့ စီးတော်ယာဉ် လေ... ဘယ်လိုလုပ် တပည့် လက်ခံလို့ ရမှာလဲ... အနာဂတ်မှာ မျိုးဆက် အဆင့်အတန်းတွေ ရှုပ်ထွေးသွားပြီး ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာမှာပေါ့... ဝူရှီ ကို တိုးချဲ့သင့်တယ်လို့ ခံစားရရုံ သက်သက်ပါ... အထူးသဖြင့် ဝိညာဉ်ကိုးပါး တိုက်ကြီး က ဒီနှစ်တွေ တစ်လျှောက် ခိုင်မာတဲ့ အခြေခံတစ်ခုကို တည်ဆောက်ထားပြီးပြီလေ..." သွေးကျဉ်းထောင် သူတော်စင် က ရယ်မော၍ ပြောလိုက်၏။

ဝူရှီ က ပိုမို အစွမ်းထက်လာလေလေ သူ အကျိုးကျေးဇူး ပိုရလေလေ ဖြစ်သည်။ ဝူရှီ ၏ တပည့်များစွာက သူ့ကို လေးစားကြမည်ကို တွေးကြည့်ရုံဖြင့် သူ့ကို စိတ်လှုပ်ရှားသွားစေ၏။

သူ့တွင် ပိုမို ကြီးမားသော ရည်မှန်းချက်များပင် ရှိသေးသည်။

သူက ကောင်းကင်ဧကရာဇ် ၏ တစ်ကောင်တည်းသော စီးတော်ယာဉ် ဖြစ်လာရန် ရည်မှန်းထား၏။

ကုအန်က ညင်သာစွာ ပြောလိုက်သည်။ "ဒီတံခါးကို ဖွင့်လိုက်တာနဲ့ တားဆီးလို့ မရတဲ့ လှိုင်းထန်နေတဲ့ မြစ်ကြီး တစ်စင်းလို ဖြစ်သွားလိမ့်မယ်..."

"ဆရာ... ဘာလို့ တားဆီးထားတာလဲ... တယ်လို့ ပြဿနာတွေကို ကြောက်တယ် ဆိုရင် အန်ရှင်း နဲ့ ကျွန်တော်တို့ကို စီမံခန့်ခွဲခိုင်းလို့ ရတာပဲ... မျိုးဆက်သစ်တွေက မငြိမ်မသက်မှုတွေ ဖန်တီးမှာကို စိုးရိမ်တယ် ဆိုရင်လည်း တင်းကျပ်တဲ့ ဂိုဏ်းစည်းမျဉ်းတွေ ချမှတ်လို့ ရတာပဲကို..." သွေးကျဉ်းထောင် သူတော်စင် က ဇဝေဇဝါဖြင့် မေးလိုက်၏။

ကုအန်က ကောင်းကင်နန်းတော် ကို သတိထားနေသည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ချေ။

သူ၏ ရင်ထဲတွင် ကုအန်က အစွမ်းအထက်ဆုံး ဖြစ်ပြီး ဝူရှီ နှင့် ကောင်းကင်နန်းတော် ၏ အကွာအဝေးက မှန်းဆ၍ မရနိုင်ပေ။

ထို့ပြင် လောကကြီးတွင် ဝူရှီ ထက် ပိုမို အစွမ်းထက်သော ဂိုဏ်းများစွာ ရှိသော်လည်း သူတို့က ကောင်းကင်၏ အပြစ်ပေးမှုကို မခံစားခဲ့ရချေ။

ကုအန် လည်း ပြဿနာများကို တွေးတောနေ၏။

အင်အားစု တစ်ခု မတည်ထောင်ချင်ဘူးဟု သူ အမြဲတမ်း ပြောလေ့ရှိသော်လည်း လက်တွေ့တွင်တော့ ၎င်းဆီသို့ ခြေလှမ်းများကို အဆက်မပြတ် လှမ်းနေမိလေသည်။

ထို့ပြင် သူက သူ၏ တပည့်များကို အမြဲတမ်း ကာကွယ်မပေးနိုင်ချေ။ သူတို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမည့် အချိန် ရောက်လာပြီ ဖြစ်လေသည်။

ကုအန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ သွေးကျဉ်းထောင် သူတော်စင် က စကားပြော ရပ်လိုက်ပြီး သူ၏ ပန်းချီကားကို စိုက်ကြည့်နေသည်။

"ဒီပန်းချီကား က..."

သွေးကျဉ်းထောင် သူတော်စင် ၏ မျက်လုံးများ လင်းလက်သွား၏။ ပန်းချီကားက အရှေ့ရှိ ရှုခင်းကို ပုံဖော်ထားသော်လည်း ၎င်းအတွင်းတွင် ကျယ်ပြန့်လှသော မဟာတာအို သုံးထောင် ကို သူ မြင်တွေ့လိုက်ရသည်။

တာအို မြစ်များက လှိုင်းထန်နေပြီး အဆက်မပြတ် စီးဆင်းနေကာ သူ၏ မျက်စိရှေ့တွင် မြင်ကွင်းပေါင်း သောင်းနှင့်ချီသည့် ကာလိုင်ဒိုစကုပ် တစ်ခုကဲ့သို့ ဖြစ်နေ၏။

ကုအန်က စုတ်တံကို ရပ်တန့်လိုက်ပြီး သွေးကျဉ်းထောင် သူတော်စင် ထံသို့ ကမ်းပေးလိုက်သည်။

"ပန်းချီကားရဲ့ နောက်အပိုင်းကို မင်း ဆက်ဆွဲပါ... ပြီးရင် ငါ့ကို ပြ..."

ဤစကားများကို ချန်ထားရစ်ခဲ့ပြီးနောက် ကုအန်က လှည့်၍ ထွက်သွားရာ သွေးကျဉ်းထောင် သူတော်စင် က စုတ်တံကို ကိုင်ထားရင်း သူ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။

ဝူရှီ ကို တိုးချဲ့မည့် ကိစ္စကို ချက်ချင်း မေ့သွားပြီး ပန်းချီဆွဲခြင်းကိုသာ အာရုံစိုက်နေတော့သည်။

ကုအန်က တောင်များအတွင်းသို့ လျှောက်သွားပြီး လူသားကမ္ဘာ ၏ အခြား တစ်ဖက်သို့ ရောက်ရှိသွားသည်။

လူသားကမ္ဘာတောင်ထိပ်၊ ကောင်းကင် သတ်မှတ်ခြင်း တောင်ထွတ်။

နှစ်ပေါင်း သုံးသန်းကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်ပြီး သူက ကောင်းကင် သတ်မှတ်ခြင်း တောင်ထွတ် ၏ တောင်ထွတ်သခင် အဖြစ် ရှိနေဆဲ ဖြစ်သည်။ သူက လူသားကမ္ဘာတောင်ထိပ်တွင် များစွာ ဝင်ရောက် စွက်ဖက်ခြင်း မရှိခဲ့သဖြင့် လူသားကမ္ဘာတောင်ထိပ် က လက်ရှိ ခေတ်ကာလ၏ ထိပ်တန်း ဂိုဏ်းကြီး တစ်ခု ဖြစ်မလာခဲ့ချေ။

လူသားကမ္ဘာတောင်ထိပ် ၏ အစွမ်းအထက်ဆုံး သူမှာ လွတ်ငြိမ်းရာအမတ အဆင့်တွင်သာ ရှိ၏။ ကံကောင်းထောက်မစွာဖြင့် တောင်ထိတ်အရှင် ယုံနျန် တာအိုသခင် က လွှမ်းမိုးလိုသည့် ဆန္ဒ မရှိဘဲ တာအို ကျင့်စဉ် ကို ခိုင်မာစေရန်သာ ဆန္ဒရှိလေသည်။

ဤအတွေးအခေါ် ကြောင့်ပင် လူသားကမ္ဘာတောင်ထိပ်အတွက် အချိန်များက လျင်မြန်စွာ ကုန်လွန်သွားခဲ့၏။ကုအန် ရောက်လာပြီး မကြာမီမှာပင် ယုံနျန် တာအိုသခင် က သူ၏ ခြံဝင်းထဲတွင် ထွက်ပေါ်လာသည်။

"တောင်ထိပ်အရှင်... ကျွန်တော့်ကို စောင့်နေတာလား..."

ဆေးဘက်ဝင် အပင်များ ခူးဆွတ်ရင်း ကုအန်က မေးလိုက်၏။

ယုံနျန် တာအိုသခင် က သူ၏ တည်ရှိမှုကို မဖမ်းဆုပ်နိုင်သော်လည်း ခြံဝင်း အတွင်းရှိ လှုပ်ရှားမှုများကိုတော့ အာရုံခံနိုင်၏။ သေချာသည်က ကုအန်က တမင်တကာ ပုန်းအောင်းနေခြင်း မရှိသောကြောင့်လည်း ဖြစ်သည်။

ယုံနျန် တာအိုသခင် ကို သူ ရောက်လာသည်ကို သတိမပြုမိအောင် တားဆီးရန် သူ့တွင် နည်းလမ်းများစွာ ရှိပေသည်။

ယုံနျန် တာအိုသခင် က အဖြူရောင် တာအို ဝတ်ရုံကို ဝတ်ဆင်ထားပြီး အမတ အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ သူ၏ အပြုံးက ကြင်နာပြီး လူကိုချဉ်းကပ်ရ လွယ်ကူစေလေသည်။

လူသားကမ္ဘာတောင်ထိပ် အတွင်း၌ သူ့ကို တပည့်များက အလွန် ချစ်ခင်ကြပြီး အားလုံးက သူ့ကို လူကောင်း တစ်ယောက်ဟု ယုံကြည်ထားကြ၏။

"ဟုတ်တယ်... မကြာသေးခင်က ဇဝေဇဝါ ဖြစ်စရာလေးတွေ ကြုံတွေ့ခဲ့ရလို့ ခင်ဗျားရဲ့ လမ်းညွှန်မှုကို လာတောင်းခံတာပါ..."

ယုံနျန် တာအိုသခင် က ပျော်ရွှင်သော အပြုံးဖြင့် ပြောလိုက်သည်။ ကုအန်က တစ်လလျှင် တစ်ကြိမ် ပြန်လာလေ့ရှိပြီး အချိန်ကြာလာသည်နှင့်အမျှ သူတို့ နှစ်ယောက်က မိတ်ဆွေများ ဖြစ်လာခဲ့ကြ၏။ အနည်းဆုံးတော့ ယုံနျန် တာအိုသခင်က က ထိုသို့ ထင်ထားလေသည်။

ကုအန်ကို သိကတည်းက သူက လျှို့ဝှက်ဆန်းကြယ်သည်ဟု အမြဲတမ်း ခံစားရပြီး သူ၏ ကျင့်ကြံခြင်း အဆင့်က အလွန် မြင့်မားနေမည်ဟု သံသယ ရှိနေခဲ့သည်။ ယခုအချိန်တွင် ကုအန်မှာ အာကာပြင်တာအိုအမတ တစ်ပါး ဖြစ်နေနိုင်သည်ဟုပင် သူ ထင်မှတ်နေပြီ ဖြစ်သည်။ အကြောင်းမှာ သူတို့ ဂိုဏ်းရှိ လွတ်ငြိမ်းရာအမတ များပင်လျှင် ကုအန်၏ လှုပ်ရှားမှုများကို မသိရှိနိုင်သောကြောင့် ဖြစ်၏။

သူ့အတွက်အာကာပြင်တာအိုအမတဆိုသည်မှာ ကြီးမားလှသော တည်ရှိမှု တစ်ခု ဖြစ်သော်လည်း လောကကြီးတွင် မူလဘူတအနှောင်ဖွဲ့ကင်းအမတ၊ ကောင်းကင်တက်လှမ်းခြင်း အနှောင်ဖွဲ့ကင်းအမတများ ရှိနေသေးသည်ကိုတော့ သူ သိ၏။

ဆရာသခင်ဓားအရှင် နှင့် ပတ်သက်၍ ၎င်းမှာ သူ့အတွက် စိတ်ကူးမယဉ်နိုင်သော ဒဏ္ဍာရီ တစ်ခု ဖြစ်လေသည်။

ကုအန်က လက်ကို မရပ်တန့်ဘဲ ပေါ့ပေါ့ပါးပါး မေးလိုက်၏။ "ခင်ဗျားရဲ့ ဘယ်လို ဇဝေဇဝါ ဖြစ်မှုတွေကို ကျွန်တော်က ဖြေရှင်းပေးနိုင်မှာတဲ့လဲ..."

ယုံနျန် တာအိုသခင် က ရယ်မောလိုက်သည်။ "မူလဘူတ တာအိုဧကရာဇ် နဲ့ ပတ်သက်လို့ပါ... မူလဘူတ တာအိုဧကရာဇ် နဲ့ ပတ်သက်တဲ့ အခွင့်အရေး တစ်ခု ကျွန်တော် ရခဲ့တယ်လို့ အရင်က ပြောခဲ့ဖူးတယ် မဟုတ်လား... အဲဒါကို ခင်ဗျားကို ပေးမလို့ လုပ်ပေမဲ့ ခင်ဗျားက ငြင်းခဲ့တယ်လေ... ခင်ဗျားက မူလဘူတ တာအိုဧကရာဇ် ဖြစ်ပြီး ခင်ဗျားရဲ့ တာအို ကျင့်စဉ်က မှန်းဆလို့ မရနိုင်တဲ့အပြင် မူလဘူတ တာအိုဧကရာဇ် ရဲ့ အခွင့်အရေးကိုလည်း ဂရုမစိုက်ဘူးလို့ ကျွန်တော် ယုံကြည်တယ်..."

ကုအန်က ပြန်မဖြေခဲ့ချေ။

မူလဘူတ တာအိုဧကရာဇ် နှင့် ပတ်သက်သော အခွင့်အရေးကို ယုံနျန် တာအိုသခင် အား သူ ပေးခဲ့ခြင်း မဟုတ်ပေ။ မဟာကမ္ဘာ သုံးထောင် တစ်လျှောက် မူလဘူတ သလင်းကျောက် များ အဆက်မပြတ် ထွက်ပေါ်လာမှုနှင့်အတူ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တွင်လည်း ထွက်ပေါ်လာခဲ့ပြီး ယုံနျန် တာအိုသခင် က တစ်လုံး ရရှိခဲ့ခြင်း ဖြစ်၏။

ယုံနျန် တာအိုသခင် က အမှန်တကယ်ပင် ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။

"ကောင်းပါပြီဗျာ... ကျွန်တော်လည်း မူလဘူတ တာအိုဧကရာဇ် ဖြစ်မလာသေးပါဘူး... ခင်ဗျားထက် စောပြီး အဲဒါကို စူးစမ်းလေ့လာခဲ့ရုံပါပဲ..." ကုအန်က အကူအညီမဲ့စွာ ပြန်ဖြေလိုက်၏။

ယုံနျန် တာအိုသခင် ၏ အပြုံးက ပိုမို ကျယ်ပြန့်လာသည်။ "ကျွန်တော် ထင်တဲ့အတိုင်းပဲ... ခင်ဗျားက လူသားကမ္ဘာတောင်ထိပ်မှာ ပုန်းအောင်းနေတာက ဉာဏ်လင်းအမြင် ပိုရဖို့ အတွက်ပဲ မဟုတ်လား..."

အခန်း (၇၆၂) ရွှမ်ချီကမ္ဘာဦးအမတ အဆင့် ပြီးပြည့်စုံခြင်း

ယုံနျန် တာအိုသခင် ၏ စူးစမ်းမေးမြန်းမှုများနှင့် ပတ်သက်၍ ကုအန်က မငြင်းဆန်ခဲ့ချေ။ သူက ဆေးအပင်များကို ဆက်လက် ခူးဆွတ်နေပြီး ယုံနျန် တာအိုသလင်ကလည်း အလျင်စလို မရှိဘဲ သူ၏ အနောက်မှ လိုက်ပါလာကာ လူသားကမ္ဘာ ထွတ်ခေါင် ၏ မကြာသေးမီက ကိစ္စများကို စကားစမြည် ပြောဆိုနေ၏။

ကုအန်က လူသားကမ္ဘာတောင်ထိပ် ၏ ဆုံးဖြတ်ချက်များတွင် ဘယ်သောအခါမှ မပါဝင်ခဲ့သော်လည်း ယုံနျန် တာအိုသခင် က ဤအကြောင်းအရာများကို သူ့အား ပြောပြရသည်ကို နှစ်သက်၏။ အထူး ရည်ရွယ်ချက် ရှိ၍ မဟုတ်ဘဲ သူတို့၏ ဆက်ဆံရေးကို ပိုမို နက်ရှိုင်းစေရန်နှင့် စကားပြောစရာ အကြောင်းအရာ တစ်ခု ရှိစေရန် သက်သက်သာ ဖြစ်၏။

ကုအန် ဆေးအပင်များ ခူးဆွတ်ပြီးသောအခါ ယုံနျန် တာအိုသခင်၏ စံကျောင်းသို့ သူ လိုက်သွားခဲ့သည်။

ဤဟောပြောပို့ချမှုက လေးရက်တိုင်တိုင် ကြာမြင့်ခဲ့၏။

ကုအန် ထွက်ခွာသွားချိန်တွင် ယုံနျန် တာအိုသခင် မှာ ဝင်စားခြင်း ပုံရိပ်ထင်ဟပ်မှု အခြေအနေ တွင် ရှိနေဆဲ ဖြစ်သည်။

ဤလူက သူ့ကို ကာကွယ်ရန် လုံးဝ ဂရုမစိုက်သည်ကို တွေ့ရသဖြင့် ကုအန်ကို ခေါင်းယမ်း၍ တိုးတိုးလေး ရယ်မောသွားစေ၏။

ယုံနျန် တာအိုသခင် ကို ဟောပြောပို့ချပေးခြင်းက ကုအန်၏ ဘဝတွင် သေးငယ်သော အဖြစ်အပျက်လေး တစ်ခုသာ ဖြစ်ပြီး မည်သည့် သက်ရောက်မှုမျှ မရှိခဲ့သော်လည်း ယုံနျန် တာအိုသခင်၏ အခွင့်အရေး မှတစ်ဆင့် မူလဘူတ တာအိုဧကရာဇ် ၏ တိုးတက်မှု အဆင့်ကို သူ အာရုံခံနိုင်ခဲ့သည်။

အကယ်၍ အနာဂတ်တွင် မငြိမ်မသက်မှုများ မရှိခဲ့ပါက မူလဘူတ တာအိုဧကရာဇ် က တာအိုဧကရာဇ် နှင့် နှိုင်းယှဉ်နိုင်သော သို့မဟုတ် ကျော်လွန်သော အဆင့်တစ်ခုသို့ သေချာပေါက် ရောက်ရှိပေလိမ့်မည်။ မူလဘူတ တာအိုဧကရာဇ် ၏ ကံကြမ္မာက ပိုမို အားကောင်းလာလေလေ၊ ၎င်းက ကုအန်အတွက်လည်း အကျိုးကျေးဇူးများ ပိုမို ရရှိစေလေလေ ဖြစ်လေသည်။

အကယ်၍ မူလဘူတ တာအိုဧကရာဇ် ၏ ကံကြမ္မာသာ ဖျက်ဆီးခံရပါက ၎င်းက သူ့ကို အနည်းငယ်မျှ ထိခိုက်စေမည် မဟုတ်သော်လည်း သူ သေဆုံးသွားပြီး မူလဘူတ တာအိုဧကရာဇ် ၏ ကံကြမ္မာ ကျန်ရှိနေသေးပါက မူလဘူတ တာအိုဧကရာဇ် ၏ ကံကြမ္မာမှတစ်ဆင့် သူ အသက်ပြန်ရှင်လာနိုင်ပေသည်။ ၎င်းမှာ ကောင်းကင်နန်းတော် ၏ ကံကြမ္မာနှင့် ဆင်တူ၏။

ကုအန်အတွက် နောက်ထပ် အရေးကြီးသော အဖြစ်အပျက်မှာ ရွှမ်ချီကမ္ဘာဦးအမတ ၏ အထွတ်အထိပ် အဆင့် သို့ ချိုးဖျက်ဝင်ရောက်ရန် ဖြစ်ပြီး ၎င်းကို သူ အလွန် မျှော်လင့်နေခဲ့သည်။

"မသိမသာနဲ့ပဲ အဆင့်ငယ် တစ်ခုကို ချိုးဖျက်ဝင်ရောက်ရတာက အဆင့်ကြီး တစ်ခုကို ချိုးဖျက်ဝင်ရောက် ရသလို ခက်ခဲလာပြီပဲ..."

ကုအန်က တောအုပ်ထဲတွင် လမ်းလျှောက်ရင်း ထိုသို့ တွေးလိုက်၏။

ကမ္ဘာဦးတာအိုအသီး အပေါ် သူ၏ နားလည်နိုင်စွမ်းက ပိုမို နက်ရှိုင်းလာပြီး မဟာတာအို၏ နက်နဲမှုကို ခံစားလာရသည်။

ရွှမ်ချီကမ္ဘာဦးအမတ သည် အမတ ဆိုသော အမည်ကို သယ်ဆောင်ထားဆဲ ဖြစ်သော်လည်း ၎င်းက အမတ တစ်ပါး၏ အနှစ်သာရကို အမှန်တကယ် ကျော်လွန်နေပြီ ဖြစ်သည့။

အမတ တစ်ပါး ဖြစ်လာခြင်း ဆိုသည်မှာ မဟာတာအိုကို နားလည်သဘောပေါက်ခြင်း လုပ်ငန်းစဉ် တစ်ခု ဖြစ်သော်လည်း ရွှမ်ချီ မူလဘူတ အမတ ကိုယ်တိုင်ကတော့ မဟာတာအိုနှင့် ညီမျှပေသည်။

ယခုအချိန်အထိ အဓိပတိမူလဘူတတောအုပ် အတွင်းရှိ တစ်ဦးနှင့် မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း တွင် မြှုပ်နှံထားသော လျှို့ဝှက်ဆန်းကြယ်သည့် အရိုးများမှလွဲ၍ အခြား ရွှမ်ချီကမ္ဘာဦးအမတ များ၏ အငွေ့အသက်ကို သူ မခံစားမိခဲ့ချေ။

ရွှမ်ချီကမ္ဘဦးအမတများက မဟာတာအိုနှင့် ပေါင်းစပ်သွားပြီး နေရာတိုင်းတွင် ရှိနေကာ ခြေရာခံရန် ခက်ခဲနေခြင်းလည်း ဖြစ်နိုင်ပေသည်။

ကုအန်က ရှေ့သို့ လမ်းလျှောက်ရင်း စဉ်းစားနေ၏။

...

လီယ က မူလဘူတ တာအိုဧကရာဇ် တစ်ပါး ဖြစ်လာပြီး နာမည်ရလာကတည်းက ဝူရှီ ၏ တပည့်များကို ထည့်မတွက်ဘဲ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တွင် နောက်ထပ် မူလဘူတ တာအိုဧကရာဇ် သုံးပါး ထွက်ပေါ်လာခဲ့သည်။

မူလဘူတ တာအိုဧကရာဇ် များ ထွက်ပေါ်လာခြင်းက လူသားကမ္ဘာ ၏ အခင်းအကျင်းကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီး ဂိုဏ်းကြီး ကိုးဂိုဏ်း လုံးက ၎င်းတို့ကို စတင် လိုက်လံ ရှာဖွေလာကြကာ အပြင်ဘက် ကောင်းကင်ဘုံ ၏ အလွန်သို့ ခရီးသွားခြင်းက ခေတ်သစ် အမတ ကျင့်ကြံသူများ ၏ ရည်မှန်းချက် အသစ် ဖြစ်လာခဲ့သည်။

အပြင်ဘက် ဟင်းလင်းပြင်တွင် မဟာတာအိုကို နားလည်သဘောပေါက်ရန် ပို၍ လွယ်ကူပြီး ၎င်းက သူတို့ကို ပိုမို ကြီးမားသော အခွင့်အရေးများ ရှာဖွေရာတွင် အထောက်အကူ ပြုပေလိမ့်မည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် နောက်ထပ် နှစ်တစ်သန်း ကုန်လွန်သွားခဲ့၏။

ဝူရှီ သက်တမ်းတာအိုနယ်မြေ ၏ ဒုတိယ မျိုးဆက် တပည့်များ အထဲတွင် အန်ရှင်း၊ သွေးကျဉ်းထောင် သူတော်စင်၊ ထျန်းဟုန် ဧကရာဇ်၊ ထျန်းယောင်အာ နှင့် လုရှန် တို့ အားလုံးက အာကာပြင်တာအိုအမတအဆင့်သို့ အသီးသီး ရောက်ရှိလာကြပြီး အားအနည်းဆုံးသူ ပင်လျှင် လွတ်ငြိမ်းရာအမတ အဆင့်တွင် ရှိနေ၏။

ထိုပြင် တတိယမျိုးဆက် တပည့်များ၏ အရေအတွက်ကလည်း ဆက်လက် တိုးပွားလာနေပြီး နယ်ပယ် အသီးသီးတွင် ရှိနေကြသည်။

ယခုနှစ် နွေဦး ပွဲတော် ပြီးပြီးချင်း ကုအန်က အဆင့်ချိုးဖျက်ရန် သွားခဲ့ပြီး အသွားအပြန် အပါအဝင် သက်တမ်း ၈၀ ထရီလီယံ နီးပါး ကုန်ဆုံးသွားပြီးနောက် ရွှမ်ချီကမ္ဘာဦးအမတ ၏ အထွတ်အထိပ် အဆင့် သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့၏။

အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားသောအခါ ကုအန်က ဘက်စုံ တိုးတက်မှုကို ခံစားလိုက်ရပြီး နှောင်းပိုင်းအဆင့် နှင့် အထွတ်အထိပ် အဆင့် ကြားရှိ ကွာဟချက်က သူ စိတ်ကူးထားသည်ထက် များစွာ သာလွန်နေသည်။

ရွှမ်ချီကမ္ဘာဦးအမတ ၏ နှောင်းပိုင်းအဆင့် က အထွတ်အထိပ် အဆင့် ကို အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက် ရှိသည်ဟု သူ ခံစားလိုက်ရသည်။

ယခုအခါ ကောင်းကင်နန်းတော် က သူ၏ အမြင်အာရုံ အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကောင်းကင်နန်းတော် ၏ ကံကြမ္မာက အတွင်းပိုင်း ဧရိယာ များစွာကို ဖုံးကွယ်ထားဆဲ ဖြစ်သော်လည်း ကောင်းကင်နန်းတော် က သူ့အတွက် လျှို့ဝှက်ဆန်းကြယ် မနေတော့ချေ။

ကောင်းကင်နန်းတော် အမတများ၏ အရေအတွက်က အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းပြီး နယ်ပယ် အသီးသီးတွင် ရှိနေမှုက သူ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေ၏။

ရွှမ်ချီကမ္ဘာဦးအမတ များကို ထည့်မပြောနှင့်ဦး ကောင်းကင်နန်းတော် တွင် တာအိုအထွတ်အထိပ် တာလော့အမတ တစ်ရာကျော် ရှိပြီး မြောင်ကျန်း တာလော့အမတ အရေအတွက်က တစ်သောင်းကျော်နေသဖြင့် လုံးဝ အဓိပ္ပာယ် မရှိလောက်အောင် များပြားလှပေသည်။

သူ့ကို မသက်မသာ ဖြစ်စေသော နန်းတော် တစ်ခု ရှိနေပြီး ၎င်းအနီးသို့ ချဉ်းကပ်ပါက အလွန် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခု ဖြစ်လာလိမ့်မည်ဟု သူ၏ အလိုအလျောက် သိစိတ်က ပြောနေ၏။

နန်းတော်၏ ဆိုင်းဘုတ်တွင် စာလုံးကြီး လေးလုံး ရေးထိုးထားသည်။

ဝင်ရိုးစွန်းကြယ်နန်းတော်။

ကောင်းကင်ဧကရာဇ် ၏ ရတနာ ခန်းမဆောင် ပင် ဖြစ်၏။

ဤရတနာ ခန်းမဆောင်ကို မြင်သောအခါ ကုအန်က ကောင်းကင်ဧကရာဇ် နှင့် သူ့တွင် ပတ်သက်မှု မရှိကြောင်း သိလိုက်၏။ ထ်ုသူ၏ အငွေ့အသက်ကို ခံစားရသောအခါ တစ်ဖက်လူက သူ၏ ဝင်စားခြင်း ခန္ဓာကိုယ်မဟုတ်ကြောင်း အရာအားလုံးက မြင်သာနေခဲ့သည်။

ဝင်ရိုးစွန်းကြယ် နန်းတော် က သူ့ကို ပေးစွမ်းသော ခံစားချက်များ အရ သူ့တွင် ကောင်းကင်ဧကရာဇ် နှင့် ပတ်သက်မှု မရှိရုံသာမက သူ၏ ဝင်စားခြင်း ခန္ဓာကိုယ် က ကောင်းကင်သားတော် ဖြစ်လာရန်ပင် မဖြစ်နိုင်ကြောင်း သူ သိလိုက်၏။

ကောင်းကင်ဧကရာဇ် ၏ စွမ်းအားက အလွန် ကြောက်စရာကောင်းပြီး သူ၏ အငွေ့အသက် အကြွင်းအကျန် များကပင် အကြောင်းအကျိုး အားလုံးကို ဖယ်ရှားပစ်နိုင်လေသည်။

ကောင်းကင်ဧကရာဇ် ၏ ကျင့်ကြံခြင်း အဆင့်က ရွှမ်ချီကမ္ဘာဦးအမတ ထက် များစွာ ကျော်လွန်နေကြောင်း ကုအန် ကောက်ချက်ချနိုင်သည်။

ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဧကရာဇ် က ကောင်းကင်နန်းတော် အတွင်း၌ မရှိချေ။ ကောင်းကင်နန်းတော် ၏ ဧရိယာ များစွာကို ကံကြမ္မာက ဖုံးကွယ်ထားသော်လည်း အကယ်၍ ကောင်းကင်ဧကရာဇ် သာ ဆင်းသက်လာပါက မွန်းတည့်နေ ကဲ့သို့ တောက်ပနေမည်ဖြစ်ပြီး လျစ်လျူရှုထားရန် မဖြစ်နိုင်ပေ။ ဝင်ရိုးစွန်းကြယ် နန်းတော် အတွင်းရှိ ကောင်းကင်ဧကရာဇ် ၏ အငွေ့အသက် ကပင် လုံလောက်အောင် တောက်ပနေပြီ ဖြစ်လေသည်။

ကောင်းကင်ဧကရာဇ် ရှိနေသရွေ့ ကောင်းကင်နန်းတော် ၏ ကြီးစိုးမှုကို တုန်လှုပ်စေနိုင်မည် မဟုတ်ချေ။

ထို့ကြောင့် ကောင်းကင်သားတော် အတွက် အာဏာလုပွဲ က အလွန် ရယ်စရာ ကောင်းသည်ဟု ကုအန် ခံစားလိုက်ရသည်။ ကောင်းကင်သားတော် က ကောင်းကင်ဧကရာဇ် နေရာတွင် ဘယ်သောအခါမှ အစားထိုးနိုင်မည် မဟုတ်ပေ။ သေချာသည်က ကောင်းကင်သားတော်များ က ကောင်းကင်ဧကရာဇ် ၏ မျက်နှာသာပေးမှုကို ရရှိရန် ယှဉ်ပြိုင်နေကြခြင်းလည်း ဖြစ်နိုင်၏။

အကြွင်းမဲ့ ပြိုင်ဘက်ကင်းခြင်း နှင့် ထာဝရအသက်ရှင်ခြင်း

အပြောင်းအလဲ အားလုံးကို ဖြတ်သန်းပြီးနောက် ထိုကဲ့သို့သော တည်ရှိမှုမျိုးက ဘယ်လို စိတ်နေသဘောထားမျိုး ရှိနေမလဲ။

မဟာကမ္ဘာ သုံးထောင် နှင့် မဟာတာအို သုံးထောင် ကို သူက ဘယ်လို မြင်မလဲ။

ကုအန်က ကောင်းကင်ဧကရာဇ် ၏ အမြင်ကို အလွန် စပ်စုချင်နေမိသည်။

ဤစပ်စုချင်စိတ်ဖြင့် သူက ငါးမျှားရတာ နှစ်သက်သည့် ဝူရှီ သက်တမ်းတာအိုနယ်မြေ အတွင်းရှိ ရေကန် တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

သူ၏ ပုံမှန် ကျောက်တုံး ကုလားထိုင် ပေါ်တွင် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံမှ ပုံရိပ်တစ်ခု ဆင်းသက်လာပြီး သူ၏ အနောက်တွင် ကျဆင်းကာ ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။

သူက အခြားသူ မဟုတ်ဘဲ ထျန်းဟုန် ဧကရာဇ် ပင် ဖြစ်သည်။

ထျန်းဟုန် ဧကရာဇ် က သူ၏ အမတနတ်ဘုရား မှတ်ဉာဏ်များကို အပြည့်အဝ နိုးထလာပြီ ဖြစ်သည်။ သူ၏ ယခင် နာမည်မှာ ထျန်းဟုန် ကြယ်တာရာအရှင် ဖြစ်ပြီး ထိုက်ရိ အမတအရှင်မြတ် နှင့် ပတ်သက်မှု မရှိသော်လည်း ယခင်က တာအို ဟောကြားလိုခဲ့သော ရွှမ်ရှင်း အမတအရှင်မြတ် နှင့်တော့ ပတ်သက်လို့နေခဲ့သည်။

ရွှမ်ရှင်း အမတအရှင်မြတ် က အလွန် ဉာဏ်ကောင်း၏။ သူ၏ ကျရှုံးမှု အပြီးတွင် သူက ထပ်မံ ထွက်ပေါ်မလာတော့ဘဲ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တွင်လည်း ထပ်မံ ပါဝင်ပတ်သက်ခြင်း မရှိတော့ချေ။

"ဆရာ... အခု ကျွန်တော်က အမတနတ်ဘုရား ဆိုတဲ့ ကိုယ်ပိုင် အမှတ်အသားကို အပြည့်အဝ နိုးထလာပြီ ဆိုတော့ ကောင်းကင်နန်းတော် ရဲ့ ကံကြမ္မာ က မကြာခင် ပြန်ရောက်လာတော့မှာမို့ ဝူရှီ သက်တမ်းတာအိုနယ်မြေ ထဲမှာ ကျွန်တော် ဆက်နေလို့ မရတော့ဘူးလို့ စိုးရိမ်မိတယ်..."

ထျန်းဟုန် ဧကရာဇ် က စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ပြောလိုက်၏။ ကောင်းကင်နန်းတော် ၏ ကံကြမ္မာသာ ဝင်ရောက်လာပါက ဝူရှီ သက်တမ်းတာအိုနယ်မြေ က ကောင်းကင်နန်းတော် ထံသို့ လုံးဝ ပွင့်ဟသွားပေလိမ့်မည်။

သူ၏ ဆရာက နယ်မြေကို မည်သူမျှ ချောင်းကြည့်ခွင့် ပြုမည် မဟုတ်ကြောင်း၊ ကောင်းကင်နန်းတော် ၏ အမတများ ပင်လျှင် ခွင့်ပြုမည် မဟုတ်ကြောင်း သူ သိထား၏။

ဆရာ၏ နှင်ထုတ်ခြင်းကို ခံရမည့်အစား မိမိသဘောဆန္ဒ အလျောက် ထွက်ခွာသွားတာက ပိုကောင်းမည်ဟု သူ ဆုံးဖြတ်ထားလေသည်။

ဝူရှီ သက်တမ်းတာအိုနယ်မြေ တွင် ကျင့်ကြံခဲ့သော နှစ်များတစ်လျှောက် သူက ရှိခဲ့သည်မှာများပြားလှပြီး ထျန်းဟုန် ကြယ်တာရာအရှင် ၏ အမှတ်အသားဖြင့် ပြန်လည် စဉ်းစားကြည့်လျှင်ပင် ၎င်းက ကြီးမားသော အခွင့်အရေး တစ်ခု ဖြစ်သဖြင့် ကုအန် အပေါ် ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေ၏။

"မင်း ပြန်ရောက်သွားတဲ့အခါ သက်ရှိ သတ္တဝါ အားလုံးအပေါ် သနားညှာတာဖို့ ငါ မမျှော်လင့်ပေမဲ့ သူတို့ကို အန္တရာယ်လည်း မပေးပါနဲ့... အမတနတ်ဘုရားတွေ က သက်ရှိ သတ္တဝါ အားလုံးရဲ့ ကိုးကွယ်မှုကို လိုအပ်တယ်လေ... ဒီလို အမွှေးတိုင် ပူဇော်မှုသကာတွေကို လက်ခံရရှိပြီးရင်တော့ သူတို့ကို ကာကွယ်ပေးသင့်တာပေါ့..."

ကုအန်က ထျန်းဟုန် ဧကရာဇ် ကို ကျောခိုင်းထားလျက် အေးအေးဆေးဆေး ပြောလိုက်၏။

ဤနှစ်များ တစ်လျှောက် ထိုက်ရိ အမတအရှင်မြတ် နှင့် ရွှေဂူ အမတ ခုနစ်ဆယ့်နှစ်ပါး တို့က အခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေခဲ့ပြီး သာမန် သက်ရှိများ၏ အမွှေးတိုင် ပူဇော်မှုများကိုလည်း ရှာဖွေခဲ့ကြသဖြင့် သူတို့၏ နတ်ဘုရား ရုပ်တုများနှင့် ဗိမာန်များစွာ က လူသားကမ္ဘာ တွင် ထွက်ပေါ်လာခဲ့သည်။

ထျန်းဟုန် ဧကရာဇ် က ပြန်ဖြေလိုက်သည်။ "ကျွန်တော် သေချာပေါက် မှတ်ထားပါ့မယ်... အချိန်တွေ ဘယ်လောက်ပဲ ကုန်လွန်သွားပါစေ ဆရာက အမြဲတမ်း ကျွန်တော့်ရဲ့ ဆရာပါပဲ..."

အမတနတ်ဘုရား အဆင့်အတန်း ကြောင့် သူက မာန မကြီးခဲ့ချေ။ အကြောင်းမှာ သူ၏ ဆရာက သူသိသမျှ အမတနတ်ဘုရားများ အားလုံးထက် ပိုမို အစွမ်းထက်သောကြောင့် ဖြစ်၏။

ဒဏ္ဍာရီလာ ကောင်းကင်တာအို အရှင်မြတ် သာလျှင် သူ၏ ဆရာနှင့် နှိုင်းယှဉ်နိုင်ကောင်း နှိုင်းယှဉ်နိုင်ပေမည်။

"သွားပါ"

ကုအန်က ထပ်မပြောတော့ချေ။ သူတို့က သာမန် လူသားများ မဟုတ်ကြပေ။ ထာဝရ ခွဲခွာရမည် ဆိုလျှင်တောင် စကားလုံး အများအပြား မလိုအပ်ချေ။ အချို့သော သံယောဇဉ်များကို စကားလုံးများ မပါဘဲနှင့်ပင် ခံစားသိရှိနိုင်ပေသည်။

All Chapters