← Chapters

ဆေးပညာရှင် ၂

Vol. 102 Ch. 1013

ဆေးပညာရှင် ၂

Vol. 102 Ch. 1013

"စတုတ္ထအဆင့်ဆိုတဲ့ အသုံးအနှုန်းကို မသေမျိုးအရာရှိတွေအတွက် အသုံးပြုတာပါ။ ကျင့်ကြံသူတွေရဲ့နယ်ပယ်ကိုကြည့်မယ်ဆိုရင်၊ ပဉ္စမအဆင့်က တာအိုအနှစ်သာရကို ဆွတ်ခူးနိုင်တဲ့နေရာဖြစ်ပြီး၊ အဲဒီအထက်က အဆင့်ကတော့ တာအိုအနှစ်သာရကို ပိုမြင့်တဲ့အဆင့်တွေအထိ တိုးတက်ပြောင်းလဲစေပြီး ကိုယ်ပိုင်အပြောင်းအလဲတွေကို ဖန်တီးယူတာပဲ ဖြစ်တယ်။"

"ပြီးတော့ ဒီနယ်ပယ်မှာ၊ တောင်ထွတ်သခင် ရှစ်ဦးထဲမှာတောင်မှ အဲဒီအဆင့်ကို မထိတွေ့ရသေးတဲ့သူ နှစ်ယောက် ရှိနေသေးတယ်။"

"သူမရဲ့ ဆေးဖော်စပ်ခြင်းတာအို ပါရမီမှာ လိုအပ်နေတဲ့ အရာအားလုံးကို သူမရဲ့ကျင့်ကြံခြင်း စွမ်းရည်မှာအစားထိုးဖြည့်ဆည်းပေးလိုက်တာများလား တွေးတောစရာပဲ။"

"ဒါက ဘာအသုံးဝင်မှာလဲ။"

လျိုရွေ့ဖုန်း မထီမဲ့မြင်ဟန်ဖြင့်လှောင်ပြောင်လိုက်လေသည်။

"နည်းလမ်းတွေက ဘယ်လောက်ပဲ အားကောင်းနေပါစေ၊ဆရာ့ထက် ပိုသန်မာနိုင်ပါ့မလား။"

"ရိုင်းရိုင်းပြောရရင်၊ တာ့လော်မသေမျိုးအရှင် ရှိနေသရွေ့၊ သူရဲ့များပြားလှတဲ့ သက်တမ်းနှစ်တွေက သာမန်ကျင့်ကြံသူတစ်ယောက်အတွက်တော့ မသေနိုင်ခြင်းနဲ့ ဘာမှမကွာခြားဘူး။"

"သူက ကပ်ဘေးတစ်ခုကြောင့် ပျက်စီးမသွားသရွေ့၊ သူ့ရဲ့တပည့်တွေအတွက်ကတော့ အဆင့်ခြောက်ဖြစ်နေတာနဲ့ အဆင့်လေး ဖြစ်နေတာက ဘာကွာခြားမှုရှိမှာလဲ။"

"ဒါဆို အခြေအနေက ဘယ်လိုရှိလဲ၊ ပြဿနာကြီးသလားဆိုတာ သိချင်ပါတယ်။"

အဘိုးအိုနှစ်ဦးသည် ဖြည်းညှင်းစွာ ရပ်တန့်သွားကြလေ၏။

"ဘာပြဿနာ ရှိနိုင်မှာလဲ။ သူ ကပ်ဘေးဆေးလုံး ဖော်စပ်လို့ပြီးသွားတဲ့အချိန်ဆိုရင်၊ ဆရာက ဒေါသတကြီးနဲ့တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာလောက်ပြီ။"

လျိုရွေ့ဖုန်း မျက်ခုံးပင့်လိုက်ပြီး တောင်ထိပ်ဆီသို့ မော့ကြည့်လိုက်လေသည်။

"ရှုပ်လို့မရတဲ့ ဘိုးဘေးဆရာရုပ်တုဆိုလား။ ဟား ဒါဆိုရင် ဘိုးဘေးရွေ့ဖုန်းရဲ့ ရုပ်တုကိုပဲ ထုတ်ပြလိုက်ကြတာပေါ့။"

...

ဆေးလုံးတောင်ထွတ်၏ခြံဝင်းငယ်လေး၊ အိမ်ထဲတွင်

"တစ်ခုခု ပြဿနာရှိလို့လား။" ယဲ့လန်က တိုးညှင်းစွာချောင်းဟန့်လိုက်ပြီး၊ သူမ၏မျက်လုံးများက ဟိုဟိုဒီဒီ လှုပ်ရှားနေကာ၊ သူမဘေးရှိ လူငယ်လေးကို တိုက်ရိုက်ကြည့်ရန် အတန်ငယ်တွန့်ဆုတ်နေလေသည်။

တောင်ထွတ်သခင် တစ်ဦးအနေဖြင့် ဤကဲ့သို့ သေးငယ်သောကိစ္စရပ်လေးအတွက် အခြားသူတစ်ဦး၏သတိပေးမှုကို မှီခိုနေရခြင်းက သူမအား အလွန်အမင်း အရှက်ရစေခဲ့လေသည်။

"ဘာပြဿနာမှ မရှိပါဘူး။"

ရှန်းယီသည် ကျောက်စိမ်းပြားကို ကိုင်ထားပြီး၊ ၎င်း၏အကြောင်းအရာများကို တိတ်ဆိတ်စွာ နားလည်သဘောပေါက်အောင် လုပ်ဆောင်နေလေ၏။

ကျမ်းစာတိုက်အဆောက်အအုံတွင် ကပ်ဘေးခြောက်ခုစာမျှ အချိန်ယူကာ ဆေးကျမ်းများကို သေချာစွာလေ့လာဖတ်ရှုခဲ့ရာ သူက အမှန်နှင့် အမှားကို တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားသိမြင်နိုင်လေသည်။

"ငါတို့ အခု ရှန်းရွှီတောင်မှာ ဆက်နေမလား၊ ဒါမှမဟုတ်အရင်ပြန်သွားပြီး နင့်ရဲ့ဆေးဖော်စပ်ခြင်း တာအိုတိုးတက်လာမှ ပြန်လာမလားဆိုတာ ဆုံးဖြတ်ရမယ်။"

ယဲ့လန်က တိုးညှင်းစွာ ပြောလိုက်လေသည်။

ထိုစကားကို ကြားသောအခါ၊ ယဲ့ကျင်း မျက်လွှာကို အနည်းငယ် ချလိုက်လေသည်။ သူမ ယခုညနေပိုင်းတွင်လုံလောက်အောင် တုန်လှုပ်ခဲ့ရပြီး ဖြစ်လေသည်။

ဆေးလုံးတောင်ထွတ်သို့ ရောက်ရှိလာကတည်းက၊ သူမ၏အစ်မဖြစ်သူက အစ်ကိုရှန်း၏နောက်လိုက်လေးတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေ၏။

ဤသူက မဟာတောင်ပိုင်းတိုက်ကြီး တစ်ခွင် ထင်ရှားကျော်ကြားသော စစ်သူကြီးယဲ့လန် အစစ်ဟုတ်ရဲ့လားဟု တွေးတောမိလေသည်။

"စမ်းကြည့်ကြတာပေါ့။"

ရှန်းယီ အလွန်အမင်းပြတ်သားစွာ မပြောရဲချေ။ အဓိက အကြောင်းရင်းမှာ သူ သုံးစွဲထားသော နတ်ဆိုးသက်တမ်းမှာ ကုန်ခမ်းနီးပါးမျှနေပြီ ဖြစ်သောကြောင့်ပင်။

သူ၏ လက်ထဲတွင် နောက်ထပ် ဘာမှ မကျန်တော့သဖြင့်၊ သူ အမှန်တကယ်ပင် ရင်ကော့ကာ မာနထောင်လွှား၍ မရနိုင်တော့ချေ။

ချင်းဟွာသည် မြေပြင်တစ်ခွင် လိုက်လံရှာဖွေရန် အစွမ်းကုန် ကြိုးစားနေပြီ ဖြစ်သော်လည်း၊ ဤမျှ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပြီးနောက်တွင် သက်တမ်းနှစ်ခုစာ အတွက်သာ မနည်း စုဆောင်းနိုင်ခဲ့လေသည်။ သို့သော် ၎င်းမှာ ဘာမှမရှိခြင်းထက်တော့ ပိုကောင်းလှပေသည်။

မည်သို့ပင်ဆိုစေကာမူ မသေမျိုးစစ်သည်များ၏ ရှေ့တွင် မိမိကိုယ်ကို ထုတ်ဖော်ပြသရဲသော နတ်ဆိုးများ သိပ်မရှိလှပေ။

သူသည် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး၊ ကျောက်စိမ်းပြားကို ချကာ၊ တောင်ခါးပန်းတွင် တည်ရှိသော ဆေးဖော်စပ်ရာ အခန်းဆီသို့ လျှောက်သွားလေသည်။

"စမ်းကြည့်မယ် ဟုတ်လား။"

ညီအစ်မနှစ်ဦးက ထွက်ခွာသွားသော လူငယ်လေး၏ ကျောပြင်ကို တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြပြီး၊ ၎င်းတို့၏ မျက်နှာများတွင် နားမလည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်နေလေသည်။

သူ ဘာလုပ်မလို့လဲ ဆိုသည်ကို တွေးတောနေမိကြလေသည်။

...

တပည့်အများအပြား၏ စူးစမ်းလိုသော အကြည့်များအောက်တွင်၊ ရှန်းယီ ဆေးဖော်စပ်ရာအခန်း တစ်ခန်းထဲသို့ အေးအေးလူလူ ဝင်ရောက်သွားလေသည်။

သူက ဆေးဖော်စပ်ခြင်းကို တိုက်ရိုက် မစတင်သေးဘဲ ဆေးမီးဖိုရှေ့တွင် တင်ပျဉ်ခွေထိုင်လိုက်ကာ၊ မေးစေ့ကို ထောက်လျက် နက်ရှိုင်းသော စဉ်းစားတွေးတောမှုထဲသို့ နစ်မြုပ်သွားလေသည်။

ကျောက်စိမ်းပြားအရ၊ ကပ်ဘေးဆေးလုံးနှင့် သာမန် ဆေးလုံးများအကြား အကြီးမားဆုံးသော ကွာခြားချက်မှာ ဆေးဖက်ဝင်အပင်များအတွင်း ပါရှိသော ကပ်ဘေးစွမ်းအားကို မည်သို့ ထိန်းသိမ်းထားရမည် ဆိုခြင်းပင် ဖြစ်လေသည်။

နက်ရှိုင်းသော စွမ်းရည်ရှိသူများသည် ဆယ်ပုံတွင် ရှစ်ပုံ သို့မဟုတ် ကိုးပုံခန့်ကို ထိန်းသိမ်းထားနိုင်လေသည်။

အပေါ်ယံမျှသာ တတ်ကျွမ်းသူများအတွက်မူ ၎င်းတို့ ဖော်စပ်လိုက်သော ဆေးလုံးထဲတွင် ကပ်ဘေးစွမ်းအား တစ်စွန်းတစ်စမျှ ကျန်ရစ်ခဲ့မည်ဆိုလျှင်ပင် ကံကောင်းလှပြီ ဖြစ်လေသည်။

ပြီးတော့ လိုအပ်တယ်ဆိုတဲ့ အဲဒီစွမ်းရည်တွေက သဘာဝ ပါရမီအပြင်၊ လေ့ကျင့်ဖို့အတွက် ကောင်းကင်နဲ့ မြေကြီး ရတနာတွေ အမြောက်အမြားလည်း လိုအပ်သေးလေသည်။

[အဆင့်ခြောက်။ မိုးပြာနဂါးသွေးကျောက်စိမ်း ဆေးကျမ်း - အခြေခံအဆင့်]

[လက်ကျန် နတ်ဆိုးသက်တမ်း - ကပ်ဘေး နှစ်ခု]

"ကျွတ်။"

ရှန်းယီ ခေါင်းခါလိုက်လေသည်။ ကပ်ဘေးစွမ်းအား ပါဝင်သော ဤကဲ့သို့ အဖိုးတန် ဆေးဖက်ဝင်အပင်များကို ထုတ်ယူနိုင်စွမ်း သူ၏ထံတွင် မရှိချေ။

ကံကောင်းထောက်မစွာဖြင့် သူက ဆေးလုံးတောင်ထွတ်တွင် ရောက်ရှိနေလေသည်။

သူ စောင့်ကြပ်နေသော တပည့်တစ်ဦးကို ခေါ်လိုက်ပြီး၊ လိုအပ်သော ဆေးဖက်ဝင်အပင်များကို စာရင်းပြုစုကာ ပြောလိုက်လေသည်။

"ကျေးဇူးပြုပြီး ငါ့အတွက် အနည်းအကျဉ်းလောက် သွားယူပေးပါ။"

"အ-အနည်းအကျဉ်းလောက် ဟုတ်လား။"

အစောင့် တပည့်က စာရင်းကို ကြည့်ကာ အံ့အားသင့်သွားပြီး နေရာတွင်ပင် အေးခဲသွားကာ၊ နောက်ဆုံးတွင် အဆင်မပြေစွာ ရေရွတ်လိုက်လေသည်။

"ဆရာဦးလေး၊ တောင်ပေါ်မှာ ဒီပစ္စည်းတွေ သိပ်အများကြီး မရှိတော့ဘူးဗျ"

၎င်းတို့ကို အလဟဿ လေ့ကျင့်ဖို့အတွက် ခင်ဗျားလို အပြင်လူတစ်ယောက်ကို ဘယ်လိုလုပ် ပေးနိုင်မှာလဲဟု တွေးလိုက်မိလေသည်။

ဆရာရွေ့ဖုန်းမှလွဲ၍၊ ဤဆေးလုံးတောင်ထွတ်တွင် မည်သူကများ ဤကဲ့သို့သော အခွင့်အရေးမျိုးကို ရရှိဖူးပါသနည်း။

"ကျွန်တော် တစ်စုံလောက် ရအောင် ယူလာပေးပါ့မယ်။"

သို့သော် ဤသူမှာ ဘိုးဘေးယဲ့လန် ခေါ်ဆောင်လာသူ ဖြစ်ကြောင်းကို တွေးမိသောအခါ၊ စောင့်ကြပ်နေသော တပည့်သည် သွအံးကြိတ်လိုက်ပြီး သူ၏ မျက်နှာကို မဖျက်ရဲတော့ချေ။

...

ရှန်းယီက ထွက်ခွာသွားသော တပည့်ကို ကြည့်ရင်း၊ သူ၏ နှလုံးသားထဲတွင် အတန်ငယ် စကားမဆိုနိုင်အောင် ဖြစ်သွားလေသည်။

တစ်ဖက်လူတွင် အခြား ရည်ရွယ်ချက်များ ရှိနေသည်မှာ ရှင်းလင်းသော်လည်း၊ ဤတုံ့ပြန်မှုအရ ဆေးဖက်ဝင်အပင်များ ရှားပါးနေသည်ဆိုသည်မှာ အမှန်တကယ် ဖြစ်ပုံရလေသည်။

သူသည် ယခုအခါ သူ၏ ပါရမီကိုသာ အားကိုးရတော့မည်လောဟု တွေးတောမိလေသည်။

အဆင်ပြေလောက်မှာပါ။

ရှန်းယီသည် နန်ယန် ရတနာမြေအတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်အမှတ်ရသွားလေသည်။ အကယ်၍ သူသာ ဆေးဖော်စပ်ခြင်း တာအိုတွင် သင့်တင့်လျောက်ပတ်သော အောင်မြင်မှုများ မရှိခဲ့ပါက၊ ထိုခွေးအိုကြီးကို ဉာဏ်ဆင်၍ အနိုင်ယူနိုင်ခဲ့မည် မဟုတ်ချေ။

မကြာမီတွင် အစောင့် တပည့်က မြစိမ်းရောင် လက်စွပ်တစ်ကွင်းနှင့်အတူ ပြန်လည်ရောက်ရှိလာလေသည်။

"ဆရာဦးလေး၊ ပစ္စည်းတွေ အကုန်ဒီမှာပါ၊ ကျေးဇူးပြုပြီး ချွေချွေတာတာ သုံးပေးပါ။"

တစ်စုံသာ ပါလာသဖြင့် ချွေတာသုံးစွဲစရာကို မလိုတော့ချေ။

သူ အမှန်တကယ် ပြောချင်သည်မှာ၊ ကျွန်တော်တို့ လုံးဝ မစမ်းသပ်ဘဲ နေလိုက်ရင် မကောင်းဘူးလား ဆိုသည်ပင် ဖြစ်လေသည်။

ဤဆရာဦးလေးက ဆေးလုံးတောင်ထွတ်သို့ ရောက်ရှိလာပြီး၊ ကျမ်းစာတိုက် အဆောက်အအုံတွင် ဆေးကျမ်းကို နှစ်ရက်မျှသာ လှန်လှောကြည့်ပြီးနောက် ကပ်ဘေးဆေးလုံးကို ဖော်စပ်ရန် ကြိုးစားနေလေသည်။ မည်သည့် ပုံမှန်လူမျိုးကများ ဤကဲ့သို့သော အရာများကို လုပ်ဆောင်နိုင်မည်နည်းဟု တွေးမိ၏။

"အပြင်ထွက်သွားတော့။"

ရှန်းယီ မတ်တတ်ရပ်ကာ၊ တိုးညှင်းစွာ သက်ပြင်းချလိုက်ပြီး၊ လက်စွပ်ထဲမှ ပစ္စည်းများ အားလုံးကို ထုတ်ယူလိုက်ကာ စင်ပေါ်တွင် အစီအစဉ်တကျ စီစဉ်ထားလိုက်လေသည်။

သူ၏ မျက်လုံးများမှာ တည်ငြိမ်နေပြီး၊ သူ၏ မျက်နှာအမူအရာမှာ ပိုမို ငြိမ်သက်လာလေသည်။

ထို့နောက် နတ်ဆိုးသက်တမ်းက ဆေးဖော်စပ်နည်းထဲသို့ လျင်မြန်စွာ စီးဝင်သွားလေသည်။

ဆေးမီးဖိုကို အသက်သွင်းလိုက်သည်နှင့်၊ ရှန်းယီ လုံးဝ အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားပြီး၊ ဆေးဖက်ဝင်အပင်များကို ကျွမ်းကျင်စွာ ကိုင်တွယ်လျက်၊ ၎င်းတို့ကို သန့်စင်နေစဉ်အတွင်း ကပ်ဘေးစွမ်းအားကို ထိန်းသိမ်းထားရန် ကြိုးစားလေသည်။

ရှားပါးပြီး အဖိုးတန်သော ဆေးဖက်ဝင်အပင်များစွာကို ဆေးဖိုထဲသို့ ဆက်တိုက် ထည့်သွင်းလိုက်ရာ၊ လုပ်ငန်းစဉ် တစ်ခုလုံးမှာ တစ်ဆက်တည်း ချောမွေ့စွာ စီးဆင်းသွားလေသည်။

မီးတောက်များ ပြင်းထန်စွာ တောက်လောင်လာသည်နှင့်အမျှ၊ မွှေးကြိုင်သော ဆေးရနံ့များ ထွက်ပေါ်လာလေသည်။

နေ့နှင့်ည တစ်လှည့်စီ ပြောင်းလဲသွားပြီး၊ လုပ်ငန်းစဉ်မှာ သုံးရက်တိတိ ကြာမြင့်ခဲ့လေသည်။

ရှန်းယီသည် လက်များကို ဘေးချလျက် ရပ်နေပြီး၊ ဆေးမီးဖိုကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။ သူ၏ မျက်လုံးများက ဆေးမီးဖိုကို ဖောက်ထွင်းကာ၊ အတွင်းတွင် တဖြည်းဖြည်း ပုံပေါ်လာသော ဆေးလုံးကို စစ်ဆေးနေသကဲ့သို့ပင်။

သူ၏ တည်ငြိမ်အေးချမ်းသော ဟန်ပန်သည် ဆရာတစ်ဦး၏ အသွင်အပြင်ကို သိမ်မွေ့စွာ ထုတ်ဖော်ပြသနေလေသည်။

ခဏအကြာတွင် သူက ညင်သာစွာ သက်ပြင်းချလိုက်လေသည်။

ထင်ထားသည့်အတိုင်းပင် လုံလောက်မှု မရှိသေးချေ။

မိုးပြာနဂါးသွေးကျောက်စိမ်း ဆေးလုံးကို ဖော်စပ်နိုင်ခဲ့သော်လည်း၊ ကျန်ရှိနေသော ကပ်ဘေးစွမ်းအားမှာမူ...

ဤသို့သာပြောကြလေ၏။ ကပ်ဘေးတစ်ခုမှာ နှစ်ပေါင်းတစ်သိန်းနှစ်သောင်းကိုးထောင်ခြောက်ရာ နဲ့ ညီမျှလေသည်။

All Chapters