အခန်း (၇၁၃-၇၁၄)
Vol. 67 Ch. 713-714
အခန်း (၇၁၃) - လေဟာနယ်သန့်စင်ခြင်းအဆင့်၏ လျှို့ဝှက်ချက်နှင့် ကောင်းကင်နှင့်မြေကြီး တာအိုပုံရိပ်(၃)။
ဖုန်းရှီးမြို့၊ အမှတ် (၈၈) တာအိုကျောင်းတော်၊ ကျောင်းအုပ်ကြီး၏ စံအိမ်။
ဤနေရာသည် တာအိုကျောင်းအုပ်ကြီး နေထိုင်သော စံအိမ်ဖြစ်ပြီး မြေဧရိယာ ဆယ်ဧကကျော် ကျယ်ဝန်းလေသည်။
ရှေးဟောင်းအငွေ့အသက်များ လွှမ်းခြုံနေသော အဆောက်အအုံများနှင့်အတူ ဇိမ်ခံစံအိမ်ကြီးတစ်ခုဟု ဆိုနိုင်ပေသည်။
ပန်းခြံများ၊ မဏ္ဍပ်များ၊ လသာဆောင်များ၊ တံတားငယ်များနှင့် စီးဆင်းနေသော ရေစမ်းငယ်များ စသည်ဖြင့် ရှိသင့်ရှိထိုက်သည်များအားလုံး စုံလင်စွာ ရှိနေလေသည်။
အရေးအကြီးဆုံးမှာ ဤနေရာရှိ ဝိညာဉ်ချီသိပ်သည်းဆသည် ဆဋ္ဌမအဆင့် အောက်ခြေအဆင့်အထိပင် ရောက်ရှိနေခြင်း ဖြစ်၏။
သိထားရမည်မှာ တာအိုကျောင်းတော်တစ်ခုလုံး၏ ဝိညာဉ်ချီသိပ်သည်းဆသည် ပဉ္စမအဆင့်တွင်သာ ရှိလေသည်။
ကျောင်းအုပ်ကြီးနေထိုင်ရာ စံအိမ်တစ်ခုတည်းသာ ဆဋ္ဌမအဆင့် အောက်ခြေအဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်ပေသည်။
စဉ်းစားကြည့်ရုံဖြင့် ဤသည်မှာ တာအိုကျောင်းအုပ်ကြီး၏အခွင့်ထူး သို့မဟုတ် ရပိုင်ခွင့်များထဲမှ တစ်ခုဖြစ်ကြောင်း သိနိုင်ပေသည်။
ဤကဲ့သို့သော နေရာမျိုးတွင် ကျင့်ကြံမည်ဆိုပါက ကျင့်ကြံခြင်းအဆင့်သည် သဘာဝကျကျပင် အံ့မခန်း မြန်ဆန်စွာ တိုးတက်လာမည် ဖြစ်၏။
"စုကျဲ့... မင်းအခု နတ်ဘုရားအသွင်ပြောင်းအဆင့် ပြီးပြည့်စုံခြင်းကို ရောက်နေပြီမလား။ လေဟာနယ်သန့်စင်ခြင်းအဆင့်ကို ဘယ်တော့ချိုးဖြတ်မှာလဲ..."
ကျိုးစွေ့က သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
ဘာ...။
ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်စုကျဲ့မှာ ဆွံ့အသွားရသည်။ သူမက ဤအမျိုးသားကို မိမိအိမ်သို့ ခေါ်ဆောင်လာခြင်းမှာ အချစ်ရေးအကြောင်း ပြောဆိုရန်၊ အချင်းချင်းကြား ရင်းနှီးမှုကို ပျိုးထောင်ရန်နှင့် သံယောဇဉ်တိုးလာစေရန်အတွက် ဖြစ်၏။
သို့ရာတွင် ဤအမျိုးသားက သူမနှင့် တာအိုအကြောင်း ဆွေးနွေးချင်နေလိမ့်မည်ဟု မည်သို့ တွေးထင်ထားပါမည်နည်း။
တကယ်ကိုပင် ဦးနှောက်ထဲတွင် ကျင့်ကြံခြင်းအကြောင်းသာ ပြည့်နှက်နေသည့် အပတ်တကုတ် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။
သို့သော်ငြား မည်သူက သူမကို ဤသို့သော လူမျိုးကိုမှ သဘောကျစေခဲ့ပါသနည်း။ သူမ၏ ညှို့ငင်ဖမ်းစားနိုင်မှုအောက်တွင် လုံးဝ ကျရှုံးမသွားဘဲ တစ်မူထူးခြားကာ တာအိုနှလုံးသား ခိုင်မာပြတ်သားလှသည်။
"လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းဖို့ဆိုတာ ဘယ်လောက်တောင် လွယ်တယ်လို့ ထင်နေတာလဲ..."
"လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းဖို့က တကယ်တမ်း ဘယ်လောက်တောင် ခက်ခဲလဲဆိုတာကို ရှင် သိရဲ့လား..."
ပိုင်စုကျဲ့က လေးနက်သောအသံဖြင့် ပြောလိုက်၏။
သူမအနေဖြင့် ဤသို့ဆိုလျှင်လည်း မဆိုးလှဟု တွေးလိုက်မိသည်။ ဤသည်ကသာလျှင် အချင်းချင်း တာအိုအကြောင်း ဆွေးနွေးနိုင်ပြီး အပြန်အလှန် ဖေးမကူညီနိုင်သော အစစ်အမှန် တာအိုလက်တွဲဖော်များ ဖြစ်ပေလိမ့်မည်။
ထိုသို့မှသာ ထာဝရအသက်ရှည်ခြင်း လမ်းစဉ်ပေါ်တွင် အတူတကွ ဆက်လျှောက်သွားနိုင်မည် မဟုတ်ပါလော။
"နည်းနည်း အသေးစိတ်လေး သိချင်ပါတယ်..."
ကျိုးစွေ့က ပိုင်စုကျဲ့ကို ကြည့်လိုက်၏။
"လေဟာနယ်သန့်စင်ခြင်းအဆင့်ဆိုတာ တကယ်တော့ တခြားအခေါ်အဝေါ်တွေလည်း ရှိသေးတယ်..."
"တစ်ချိန်တုန်းက တချို့လူတွေက ဒီအဆင့်ကို လေဟာနယ်ပြန်လည်ဝင်စားခြင်းအဆင့်လို့ ခေါ်ကြသလို တချို့ကလည်း တာအိုပုံရိပ်အဆင့်လို့ ခေါ်ကြတယ်..."
"ဒါပေမဲ့ ဘယ်လိုပဲခေါ်ခေါ် အတူတူပါပဲ..."
"ဒီအဆင့်ကို တက်လှမ်းချင်တယ်ဆိုရင် မူလဝိညာဉ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်ပြီး မူလဝိညာဉ်ကို စစ်မှန်ယန်အဆင့်ဆီ ရောက်ရှိသွားစေဖို့ လိုအပ်တယ်..."
"အဲဒီကနေတစ်ဆင့် မူလဝိညာဉ်ရဲ့ အငွေ့အသက်တစ်စက လေဟာနယ်ထဲကို ပေါင်းစည်းဝင်ရောက်သွားနိုင်ပြီး ကောင်းကင်နှင့်မြေကြီး တာအိုပုံရိပ်အဖြစ် စုစည်းဖြစ်ပေါ်လာနိုင်မှာပါ..."
"ဒီအချိန်မှာ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်က အသွင်ကူးပြောင်းသွားပြီး ကောင်းကင်နှင့်မြေကြီး တာအိုပုံရိပ်အဖြစ် ပြောင်းလဲသွားတယ်။ လှုပ်ရှားမှုတိုင်းက ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေ ပါဝင်နေပြီး တာအိုပုံရိပ်ရဲ့ စွမ်းအားကို အသုံးပြုနိုင်လာတယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်ပြီး သာမန်လက်ကာပြလိုက်တဲ့ တိုက်ခိုက်မှုတစ်ခုကတောင် မိုင်တစ်သိန်းပတ်လည် ဧရိယာကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိတယ်..."
"ပြဿနာက ဒီအဆင့်ကို ရောက်ဖို့ဆိုတာ အဲဒီလောက် မလွယ်ကူသလို၊ လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ဖို့ လိုအပ်တာပဲ..."
"ပြီးတော့ ဒီမိုးကြိုးကပ်ဘေးကို ပြင်ပလူတွေက ကူညီပေးလို့မရဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတယ်..."
"ဘာကြောင့်လဲဆိုတော့ မိုးကြိုးကပ်ဘေးရဲ့ စွမ်းအားကို အသုံးချပြီး မူလဝိညာဉ်ကို ဆေးကြောသန့်စင်ရမယ်။ မူလဝိညာဉ်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားပြီး မူလဝိညာဉ်ကို နေမင်းလို ပူပြင်းတောက်ပတဲ့ စစ်မှန်ယန်အဖြစ် ရောက်ရှိသွားအောင် လုပ်ဆောင်ဖို့ လိုအပ်လို့ပဲ..."
"ပြဿနာက တစ်ကြိမ် ကျရှုံးသွားပြီဆိုတာနဲ့ ခန္ဓာကိုယ်ပျက်စီးပြီး မိုးကြိုးကပ်ဘေးအောက်မှာ သေဆုံးသွားရလိမ့်မယ်..."
"အခြေခံအားဖြင့် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက်က လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို မဖြတ်ကျော်နိုင်ကြဘူး..."
"ဒီအကြောင်းပြချက်ကြောင့်ပဲ လူသားနယ်မြေတွေထဲမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေ အများကြီးရှိပေမဲ့ လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူတွေက အရမ်းကို နည်းပါးပြီး လူတစ်သောင်းမှာ တစ်ယောက်တောင် မရှိဘူးလို့ ဆိုနိုင်တယ်..."
ပိုင်စုကျဲ့က လွန်စွာ ကူကယ်ရာမဲ့နေသော အမူအရာဖြင့် ပြောလိုက်လေသည်။
သူမတွင် ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေး၏ သွေးမျိုးဆက်ပါဝင်နေသောကြောင့် ယူဆောင်လာမည့် လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးမှာ ပိုမို ကြောက်မက်ဖွယ်ကောင်းပြီး စွမ်းအားမှာလည်း ပို၍ အံ့မခန်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သူမအနေဖြင့် အချိန်တိုအတွင်း လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်နိုင်ရန် များစွာ ယုံကြည်ချက် မရှိသေးချေ။
သို့သော် သူမတွင် ပြင်ဆင်ရန် အချိန်များစွာ ရှိနေသေးသည်၊ ယခုမှ အသက်နှစ်ထောင်အရွယ်သာ ရှိသေးသည် မဟုတ်ပါလော။
နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတစ်ဦးအတွက် ပြင်ဆင်ရန်အချိန် နှစ်တစ်ထောင် သို့မဟုတ် နှစ်ထောင် ယူရသည်မှာ တကယ်တမ်း၌ မကြာလှချေ။
မည်သို့ပင်ဆိုစေကာမူ အသက်သည် တစ်ချောင်းသာ ရှိပြီး တစ်ကြိမ် ကျရှုံးသွားသည်နှင့် ခန္ဓာကိုယ်ပျက်စီးကာ သေဆုံးသွားရမည် ဖြစ်သောကြောင့် အချိန်မည်မျှကြာကြာ ပြင်ဆင်ရပါစေ ဤသည်မှာ သင့်လျော်ပြီး ယုတ္တိကျသောကိစ္စပင် ဖြစ်လေသည်။
"ဒီလိုကိုး..."
ကျိုးစွေ့က ရုတ်တရက် သဘောပေါက်သွား၏။
ယခင်က သူသည်လည်း ကျမ်းစာတိုက်ထဲတွင် အလားတူ ရှင်းလင်းချက်များကို တွေ့မြင်ခဲ့ဖူးသော်လည်း ပိုင်စုကျဲ့လောက် မည်သို့လျှင် ရှင်းလင်းပါမည်နည်း။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းလိုပါက သဘာဝကျစွာပင် ဤအဆင့်အကြောင်းကို လက်ဖဝါးပေါ်မှ အရေးအကြောင်းများကဲ့သို့ အသေးစိတ် သိရှိနားလည်ထားရန် လိုအပ်သောကြောင့်ပင်။
"ပြီးတော့ လေဟာနယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းပြီးသွားရင်လည်း အဲတာက အစပဲ ရှိသေးတယ်..."
"ရှေ့ကို တစ်လှမ်းတက်တိုင်းမှာ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ဖို့ လိုအပ်တယ်..."
"လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူ အများအပြားက မိုးကြိုးကပ်ဘေးကို ကြောက်ရွံ့ကြလို့ ရှေ့ဆက်လှမ်းဖို့ကို လုံးဝ မဝံ့ရဲကြဘူး..."
"ဒါကြောင့် လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူအများစုဟာ လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့်မှာပဲ ရှိနေကြတာပေါ့..."
"တကယ်လို့ ရာနှုန်းပြည့် သေချာမှုမရှိဘူးဆိုရင် မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်ဖို့ လုံးဝ မဝံ့ရဲကြဘူး..."
"ဒါပေမဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့်ကို ဝင်ရောက်သွားပြီဆိုတာနဲ့ အကျိုးကျေးဇူးကလည်း အရမ်းကြီးမားပြီး သက်တမ်းကလည်း သဘာဝကျကျ ကြီးမားတဲ့ တိုးတက်မှုကို ရရှိမှာဖြစ်တယ်..."
"လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့်ဆိုရင် သက်တမ်းက ချက်ချင်းကို တစ်ဆတိုးလာပြီး အနှစ်တစ်သောင်းနှစ်ထောင် အသက်ရှင်နေထိုင်နိုင်တယ်..."
"လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်ဆိုရင် သက်တမ်းက အနှစ်လေးထောင် ထပ်တိုးနိုင်ပြီး အနှစ်တစ်သောင်းခြောက်ထောင် အသက်ရှင်နိုင်တယ်..."
"လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ဆိုရင် သက်တမ်းက အနှစ်လေးထောင် ထပ်တိုးနိုင်ပြီး အနှစ်နှစ်သောင်း အသက်ရှင်နိုင်တယ်..."
"ဒါကြောင့် လေဟာနယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင် အနည်းဆုံး သက်တမ်း အနှစ်နှစ်သောင်းလောက် အသက်ရှင်နိုင်မှာပါ..."
ပိုင်စုကျဲ့က လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူများ၏ လျှို့ဝှက်ချက်များကို ရိုးရှင်းစွာ ရှင်းပြလိုက်လေသည်။
ဤသည်မှာ အတိတ်ကာလက ကျင့်ကြံခြင်းလောကတွင် မည်သို့မျှ သိရှိနိုင်မည်မဟုတ်သော အသိပညာဖြစ်သော်လည်း ဝိညာဉ်လောကတွင်မူ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများ၏ အခြေခံဗဟုသုတမျှသာ ဖြစ်ပြီး လျှို့ဝှက်ချက်ဟုလည်း မဆိုနိုင်ချေ။
ထင်ရှားသည်မှာ လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူများသည် ရှေ့သို့ တစ်လှမ်းတက်လှမ်းနိုင်တိုင်း သက်တမ်းမှာ ကြီးမားစွာ တိုးပွားလာမည် ဖြစ်ပေသည်။
အကယ်၍ လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့်မျှသာ ဖြစ်မည်ဆိုပါက အများဆုံး အနှစ်တစ်သောင်းနှစ်ထောင်သာ အသက်ရှင်နိုင်မည် ဖြစ်၏။
သက်တမ်းပြဿနာသည် အမှန်တကယ်ပင် ကြာပွတ်တစ်ချောင်းကဲ့သို့ လေဟာနယ်သန့်စင်ခြင်း ကျင့်ကြံသူများကို ရှေ့ဆက်လှမ်းရန် အစဉ်မပြတ် ရိုက်နှက်အားပေးနေသကဲ့သို့ ဖြစ်နေချေသည်။
"ဒါဆိုရင် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတွေကို လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေး ဖြတ်ကျော်ဖို့ ကူညီပေးနိုင်တဲ့နည်းလမ်း ဘာမှမရှိတော့ဘူးလား..."
ကျိုးစွေ့က သိချင်စိတ်ဖြင့် မေးလိုက်၏။
"သေချာပေါက် ရှိတာပေါ့..."
"ဥပမာ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးလိုမျိုးပေါ့။ ဒါက နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတွေကို အဆင့်ချိုးဖြတ်ဖို့ အကူအညီပေးတဲ့ ဆေးလုံးပဲ..."
"ဒီဆေးလုံးကို သောက်သုံးပြီးတဲ့နောက် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတွေရဲ့ မူလဝိညာဉ်ကို စစ်မှန်ယန်အဆင့်ဆီ အလျင်အမြန် ချိုးဖြတ်ရောက်ရှိသွားအောင် ကူညီပေးနိုင်တယ်..."
"ဒီလိုဆိုရင် ကပ်ဘေးဖြတ်ကျော်ရတဲ့ အချိန်ကို လျှော့ချပေးနိုင်ပြီး ကပ်ဘေးဖြတ်ကျော် အောင်မြင်နိုင်ခြေကို တိုးလာစေတယ်..."
"တကယ်လို့ ဒီလိုဆေးလုံးမျိုး မရှိဘူးဆိုရင် ကောင်းကင်ကပ်ဘေးကို ခုခံနိုင်တဲ့ မှော်ရတနာတချို့ကို ရှာဖွေပြီး ကပ်ဘေးဖြတ်ကျော်မှုရဲ့ စွမ်းအားကို လျှော့ချလို့ရတယ်။ အဲဒီကနေတစ်ဆင့် မူလဝိညာဉ်ရဲ့ ဆင့်ကဲပြောင်းလဲမှုကို ပိုမို လွယ်ကူသက်သာစေပြီး မူလဝိညာဉ်ကို မိုးကြိုးကပ်ဘေးရဲ့ ဖျက်ဆီးခံရခြင်းမျိုး မဖြစ်စေတော့ဘူး..."
ပိုင်စုကျဲ့က လေးနက်သောလေသံဖြင့် ရှင်းပြလိုက်သည်။
ထင်ရှားသည်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများအတွက် ဤကဲ့သို့ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ချိုးဖြတ်နိုင်သည့် ဆေးလုံးများနှင့် မှော်ရတနာများသည် အလွန်တရာ ရှားပါးပြီး တန်ဖိုးမဖြတ်နိုင်ဟု ဆိုရမည်ဖြစ်ကာ သာမန် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများအနေဖြင့် လုံးဝ ဝယ်ယူနိုင်စွမ်း ရှိမည်မဟုတ်ချေ။
ထို့ကြောင့်သာ လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးသည် ဤမျှ ဖြတ်ကျော်ရန် ခက်ခဲနေခြင်း ဖြစ်၏။
"စုကျဲ့... မင်းတောင်မှ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို ရှာမတွေ့နိုင်ဘူးလား..."
ကျိုးစွေ့က မေးလိုက်၏။
ပိုင်စုကျဲ့၏ နောက်ကြောင်းမှာ အံ့မခန်းဖြစ်ကြောင်း သူသိထားသည်။ ဖုန်းရှီးမြို့ လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲပင်လျှင် သူမ၏ မိတ်ဆွေကောင်း ဖြစ်နေသည် မဟုတ်ပါလော။
သာမန် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူများက ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို မရရှိနိုင်သော်ငြား ဤမျှ ကောင်းကင်တုန်လှုပ်ဖွယ် နောက်ကြောင်းရှိသူက ရှာမတွေ့နိုင်စရာ အကြောင်းမရှိချေ။
"တကယ်လို့ ကျွန်မသာ အဖေ့ကို တောင်းဆိုမယ်ဆိုရင် သဘာဝကျကျ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးကို ရနိုင်မှာပါ..."
"ဒါပေမဲ့ ကျွန်မက ကျေးဇူးကြွေးမတင်ချင်ဘဲ ကိုယ့်အားကိုယ်ကိုးပြီးပဲ ကြိုးစားချင်လို့ပါ..."
"ပြီးတော့ အဖေ့မှာက သားသမီးတွေ အများကြီးရှိတော့ ကျွန်မကိုတောင် သတိထားမိဖို့ ခဲယဉ်းလိမ့်မယ်..."
ပိုင်စုကျဲ့က အလွန် လေးနက်စွာ ပြောလိုက်လေသည်။
"ဒါ..."
ကျိုးစွေ့ခမျာ မျက်တောင်တစ်ချက် ခတ်လိုက်မိ၏။
ဤသည်မှာ မိဘချမ်းသာသည့် ဒုတိယမျိုးဆက်တစ်ဦးက သူဌေးဂုဏ်ကို ကြွားဝါကာ ကိုယ့်အားကိုယ်ကိုး၍ အောင်မြင်ချင်သည်ဟု ပြောနေသည်နှင့် တူနေကြောင်း သူ အဘယ်ကြောင့် ခံစားလိုက်ရပါသနည်း။
အကယ်၍ မအောင်မြင်ခဲ့ပါက မိသားစုလုပ်ငန်းကို ပြန်လည်ဆက်ခံမည်ဆိုသည့် ပုံစံမျိုး ဖြစ်ပေသည်။
"မင်းရဲ့အဖေက ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား။ ဟုတ်ပါတယ်လေ... လျှို့ဝှက်ချက်ဆိုရင်တော့ ပြောစရာမလိုပါဘူး..."
ကျိုးစွေ့က မေးလိုက်၏။
"အို... အရင်တုန်းက ရှင့်ကို မပြောပြခဲ့ရသေးဘူးလား..."
"ဒါက တကယ်တော့ လျှို့ဝှက်ချက်တစ်ခုလည်း မဟုတ်သလို လူတော်တော်များများလည်း သိကြပါတယ်..."
"ကျွန်မရဲ့အဖေက လူသားဧကရာဇ် ပိုင်ချန်လုံပါ..."
ပိုင်စုကျဲ့က ကောင်းကင်နှင့်မြေကြီး တုန်လှုပ်သွားလောက်မည့် သတင်းတစ်ခုကို ပြောချလိုက်လေသည်။
ဘာ...။
ထိုစကားကို ကြားလိုက်ရသောအခါ ကျိုးစွေ့တစ်ယောက် ချက်ချင်း ကြက်သေသေသွားရတော့သည်။
အခန်း (၇၁၄) - လူသားဧကရာဇ်၏ သမီးတော်၊ သုံးကျန်းအရှည်ရှိသော ရွှေရောင်ကံကြမ္မာနဂါးနှင့် ကောင်းကင်ဘုံ၏ စောင့်ရှောက်မှု(၁)။
လူသားဧကရာဇ် ပိုင်ချန်လုံ...။
ကျိုးစွေ့၏ စိတ်အစဉ်မှာ လွန်စွာ တုန်လှုပ်သွားရလေသည်။ ပိုင်စုကျဲ့၏ နောက်ခံမှာ အလွန်ကြီးမားမည်ဟု သူသိထားသော်လည်း ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့် မိသားစုတစ်ခုခုမှ ဖြစ်လိမ့်မည်ဟုသာ ထင်မှတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူမက လူသားဧကရာဇ်၏ သမီးတော်တစ်ပါး ဖြစ်နေလိမ့်မည်ဟု သူလုံးဝ မတွေးမိခဲ့ချေ။ သူမသည် လူသားမျိုးနွယ်စု၏ တစ်ဦးတည်းသော မဟာယာနအဆင့်ကျင့်ကြံသူ၏ သမီးတော် ဖြစ်နေချေသည်။
ဤသည်မှာ လူသားမျိုးနွယ်စု၏ မင်းသမီးတစ်ပါးပင် မဟုတ်ပါလော။
သူမသည် ဖုန်းရှီးမြို့တွင် အဘယ်ကြောင့် ဤမျှ အရှိန်အဝါကြီးမားနေရသည်ကို ယခုမှပင် သဘောပေါက်သွားတော့သည်။ ဤသည်မှာ နောက်ခံအင်အား ကြီးမားသည်ဟူသော အဆင့်ထက်ပင် ကျော်လွန်ကာ ကောင်းကင်အဆင့်အထိ ရောက်နေပြီဖြစ်၏။
လူသားဧကရာဇ်၏ သမီးတော်တစ်ဦးအနေဖြင့် သူမ၏အရှိန်အဝါမှာ အာဏာစက် ပြင်းထန်ရုံမျှမကတော့ချေ။ အစောပိုင်းက ပိုင်စုကျဲ့၏ ကံကြမ္မာမှာ အဘယ်ကြောင့် ရွှေရောင်နဂါးအသွင်သို့ ပြောင်းလဲနေရသနည်းဟု သူထူးဆန်းနေခဲ့သော်လည်း ယခုမူ သူမသည် မင်းသမီးတစ်ပါး ဖြစ်နေသောကြောင့် ဖြစ်ကြောင်း သိလိုက်ရတော့သည်။
"ကျိုးတာအိုရောင်းရင်... ကျွန်မက လူသားဧကရာဇ်ရဲ့ သမီးတော်ဆိုပေမဲ့ အထူးအခွင့်အရေးတွေတော့ သိပ်မရပါဘူး... တကယ်တော့ ခမည်းတော်မှာ မိဖုရား သုံးထောင်တောင် ရှိတာလေ... ဒီနှစ်တွေအတွင်းမှာ သားသမီး သောင်းဂဏန်းလောက်တောင် ရှိနေတာ။ ကျွန်မကလည်း အဲဒီထဲက တစ်ယောက်ပါပဲ။ ဒါကြောင့် မင်းသမီးဆိုတဲ့ ဂုဏ်ပုဒ်က သိပ်ပြီး တန်ဖိုးမရှိသလို ဘာအခွင့်ထူးမှလည်း မရပါဘူး..."
ပိုင်စုကျဲ့က သက်ပြင်းချကာ ပြောလိုက်လေသည်။
သူမသည် လူသားဧကရာဇ်၏ သမီးတော်ဖြစ်သော်လည်း သူမ၏မိခင်မှာ ကွယ်လွန်သွားပြီဖြစ်သလို အားကိုးရမည့် မိဘမျိုးရိုးလည်း မရှိချေ။
ခမည်းတော်မှာ လူသားဧကရာဇ် ဖြစ်သော်လည်း ကျင့်ကြံခြင်း အရင်းအမြစ်များကို အလွယ်တကူ မရရှိနိုင်ဘဲ အရာအားလုံးကို ကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့ရခြင်း ဖြစ်၏။
ထို့ထက်ပို၍ အရေးကြီးသည်မှာ သူမနှင့် ခမည်းတော်ဖြစ်သူကြားတွင် သံယောဇဉ် နက်နက်ရှိုင်းရှိုင်း မရှိခြင်းပင်။
ငယ်စဉ်ကတည်းက ခမည်းတော်သည် သူမအပေါ် ဂရုစိုက်မှု မရှိခဲ့ချေ။ ထို့ကြောင့် သူမသည် မိမိကိုယ်ပိုင် ခွန်အားဖြင့်သာ ကြီးပြင်းလာခဲ့ပြီး တစ်နေ့တွင် ထိုလူမဆန်သော ခမည်းတော်ကို သူမ၏ အစွမ်းအစများအား ပြသရန် ဆုံးဖြတ်ထားလေသည်။
ဤစကားကို ကြားလိုက်ရချိန်တွင် ကျိုးစွေ့၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားရ၏။ သူသည် တာအိုလက်တွဲဖော် ဆယ်ဂဏန်းကျော် ရှိနေသည်ကိုပင် အတော်လေး စွမ်းဆောင်နိုင်သည်ဟု ထင်မှတ်နေခဲ့သော်လည်း လူသားဧကရာဇ်နှင့် နှိုင်းယှဉ်လျှင်မူ ကလေးကစားစရာမျှသာ ဖြစ်နေချေသည်။
'မိဖုရား သုံးထောင်နှင့် သားသမီး သောင်းချီတောင်လား... တကယ်ကို အံ့ဩစရာပဲ... ဒါပေမဲ့ မဟာယာနအဆင့်ကျင့်ကြံသူတွေက သက်တမ်း အရမ်းရှည်ကြတော့ သားသမီး ဒီလောက်များတာကလည်း ပုံမှန် ဖြစ်ကောင်းဖြစ်နိုင်တယ်...'
ပိုင်မိသားစုသည် လူသားမျိုးနွယ်စုအတွင်း၌ အလွန်ကြီးမားသော မိသားစုကြီးတစ်ခု ဖြစ်ပေလိမ့်မည်။ လူသားဧကရာဇ်၏ အကြီးဆုံးသားမှာလည်း လက်ထပ်ပြီး သားသမီးများစွာ ရရှိနေပြီဟု ကြားသိရဖူး၏။ မျိုးဆက်အနည်းငယ် ကြာပြီးနောက်တွင် ပိုင်မိသားစု၏ လူဦးရေမှာ မည်မျှရှိမည်ကို မည်သူမျှ မခန့်မှန်းနိုင်တော့ချေ။
ထို့ကြောင့်လည်း ပိုင်စုကျဲ့က သူမသည် မျက်နှာသာပေးမခံရဟု ပြောခြင်းဖြစ်ပေမည်။ သားသမီး များပြားလွန်းသဖြင့် လူသားဧကရာဇ်သည်ပင် သားသမီးအားလုံး၏ မျက်နှာကို မှတ်မိနိုင်မည် မဟုတ်ချေ။
"ဒါဆိုရင် ဘာလို့ ဖုန်းရှီးမြို့ကို ရောက်လာတာလဲ..."
ကျိုးစွေ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
လူသားဧကရာဇ်၏ သမီးတော်တစ်ဦးအနေဖြင့် လူသားမျိုးနွယ်စု၏ အရှင်သခင်များ စုဝေးရာဖြစ်သော ဧကရာဇ်မြို့တော်တွင်သာ နေထိုင်သင့်သည် မဟုတ်ပါလော။
ထိုနေရာတွင် ကျင့်ကြံခြင်း အရင်းအမြစ်များမှာလည်း အခြားနေရာများနှင့် နှိုင်းယှဉ်၍ မရနိုင်အောင် ပေါများလှပေသည်။
"အဲဒါကတော့... ဧကရာဇ်မြို့တော်မှာ နေရတာ သိပ်ပြီး မသက်သာလို့ပါပဲ... လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ဖုန်းရှီးအစ်မက မိုးကြိုးတောင်တန်းမှာ မြို့အသစ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်လေ။ အဲဒါကြောင့် ကျွန်မလည်း သူမနဲ့အတူ လိုက်လာခဲ့တာ။ ဧကရာဇ်မြို့တော်နဲ့ ဝေးဝေးမှာ နေရတာက ပိုပြီးတော့ ပျော်စရာကောင်းတယ်လေ။ အဲဒီမှာလို ဖိအားတွေလည်း မရှိဘူး။ လူမှုရေးကိစ္စတွေလည်း သိပ်မရှုပ်ထွေးတော့ဘူး..."
ပိုင်စုကျဲ့က ရှင်းပြလေသည်။
"ဪ... ဒါကြောင့်ကိုး..."
ကျိုးစွေ့က ခေါင်းညိတ်လိုက်၏။ ပိုင်စုကျဲ့၏ နောက်ခံမှာ အလွန်ပင် ခိုင်မာလှပေသည်။ ဖုန်းရှီးမြို့သခင်မကိုယ်တိုင်က သူမ၏အစ်မဖြစ်နေသောကြောင့် သူမသည် ဤမြို့အတွင်း၌ မည်သူ့ကိုမျှ ကြောက်ရွံ့စရာမလိုဘဲ စိတ်တိုင်းကျ သွားလာနိုင်ခြင်း ဖြစ်ပေသည်။
ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ စောင့်ရှောက်မှုကို ရရှိထားသဖြင့် မည်သူက သူမအား လာရောက်ထိပါးရဲပါမည်နည်း။
"မင်းဆီမှာ ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးရဲ့ ဆေးနည်းရှိလား..."
ကျိုးစွေ့က မေးလိုက်၏။
"ရှိတာပေါ့... ဒါက လျှို့ဝှက်ချက်မှ မဟုတ်တာ... ဒါပေမဲ့ ရှင်က အဲဒီဆေးလုံးကို ဖော်စပ်ချင်လို့လား။ အဲဒါက တော်တော်လေး ခက်ခဲလိမ့်မယ်နော်။ ဘာလို့လဲဆိုတော့ အဲဒီဆေးလုံးရဲ့ အဓိကဆေးဖက်ဝင်အပင်က လျန်ယီယင်ယန်ပန်း ဖြစ်နေလို့ပဲ။ အဲဒါက ဆဌမအဆင့် ဆေးဖက်ဝင်အပင်ဖြစ်ပြီး သက်တမ်းက အနှစ်တစ်သောင်းကျော်ရမှာလေ။ အနှစ်တစ်သောင်း သက်တမ်းရှိတဲ့ ဆေးပင်ကို ရဖို့ဆိုတာ တကယ့်ကို ခက်ခဲလွန်းလှတယ်။ ဆေးပင်တစ်ပင်ချင်းစီရဲ့ တန်ဖိုးကလည်း အတိုင်းအဆမရှိဘူး..."
ပိုင်စုကျဲ့က သက်ပြင်းချကာ ပြောလိုက်၏။
အင်မော်တယ်လောကတွင်ပင် လေဟာနယ်သန့်စင်ခြင်းအဆင့်နှင့် ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့်များအတွက် ဆေးလုံးများမှာ အလွန်ပင် ရှားပါးလှပေသည်။ ထိုကဲ့သို့သော ဆေးလုံးများ ပေါ်ထွက်လာတိုင်း မြင့်မားသောအဆင့်ရှိ ကျင့်ကြံသူများမှာ အသက်နှင့်လဲ၍ လုယူကြလေ့ရှိ၏။
အဘယ်ကြောင့်ဆိုသော် ထိုဆေးလုံးများအတွက် လိုအပ်သော အဓိကဆေးပင်များမှာ အလွန်တန်ဖိုးကြီးပြီး ရှားပါးသောကြောင့် ဖြစ်သည်။ ဆဌမအဆင့် နှင့် အထက်ရှိသော ဆေးပင်များမှာ ရင့်မှည့်ရန်အတွက် အနည်းဆုံး နှစ်တစ်သောင်းခန့် အချိန်ယူရလေသည်။
ကျင့်ကြံသူမည်မျှသည် ဆေးပင်တစ်ပင် ရင့်မှည့်လာသည်ကို မြင်တွေ့နိုင်ရန် လုံလောက်သော သက်တမ်းရှိပါသနည်း။
အပင်မရင့်မှည့်မီမှာပင် သက်တမ်းကုန်၍ သေဆုံးသွားကြသည်မှာ များလှပြီဖြစ်၏။
အင်မော်တယ်လောကတွင် နှစ်ပေါင်းများစွာ ကြာမြင့်လာသည်နှင့်အမျှ ရှေးဟောင်း ဆေးပင်များကိုလည်း စီနီယာကြီးများက ဆွတ်ခူးသွားကြပြီဖြစ်ရာ ယခုအခါတွင် အပင်သစ်များကိုသာ ပြန်လည် စိုက်ပျိုးထားကြရခြင်း ဖြစ်ပေသည်။
သို့သော်လည်း ဆေးပင်များ ရင့်မှည့်ရန် စောင့်ဆိုင်းရသည့် အချိန်မှာ ကြာမြင့်လွန်းလှသဖြင့် ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးမှာ အလွန်ပင် ရှားပါးနေခြင်း ဖြစ်၏။
လူသားမျိုးနွယ်စုအတွင်း၌ပင် ထိုဆေးလုံး ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေလံပွဲများတွင် ပြင်းပြင်းထန်ထန် လုယူကြရလေ့ရှိသည်။
"အဲဒီဆေးပင်တွေရဲ့ မျိုးစေ့ကိုရော ရနိုင်မလား..."
ကျိုးစွေ့က မေးလိုက်၏။
"မျိုးစေ့တွေကလည်း တန်ဖိုးကြီးပေမဲ့ ရှာလို့တော့ ရပါတယ်... ဒါပေမဲ့ ရှင်က အဲဒီဆေးပင်တွေကို စိုက်ပျိုးမလို့လား..."
ပိုင်စုကျဲ့က အံ့ဩတကြီးဖြင့် မေးလိုက်လေသည်။
ယခုမှ စိုက်ပျိုးမည်ဆိုလျှင် ရင့်မှည့်ရန် နှစ်ပေါင်းတစ်သောင်း စောင့်ရမည်ဖြစ်ရာ မည်သူက ထိုမျှ အချိန်အကြာကြီး စောင့်နိုင်ပါမည်နည်း။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လျှင်ပင်၊ ဆေးပင် မရင့်မှည့်မီမှာပင် သက်တမ်းကုန်ဆုံးသွားရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
"ရှာလို့ရရင် တော်ပြီ... စမ်းကြည့်လို့ ဆုံးရှုံးစရာ မရှိပါဘူး။ တကယ်လို့ အောင်မြင်သွားရင် နောက်ဆို ဆေးပင်တွေ ထပ်ဝယ်နေစရာ မလိုတော့ဘူးလေ..."
ကျိုးစွေ့က ပြုံးကာ ပြောလိုက်၏။
သူ့အတွက်မူ ဆဌမအဆင့် ဆေးဖက်ဝင်အပင်ကို စိုက်ပျိုးရန်မှာ ခက်ခဲသောကိစ္စ မဟုတ်ချေ။
သူ့တွင် ပဉ္စမအဆင့် ‘ဆေးဝါးကူ’၏ အကူအညီ ရှိနေသည် မဟုတ်ပါလော။ ‘ဆေးဝါးကူ’၏ စွမ်းအားဖြင့် တစ်နှစ်လျှင် နှစ်တစ်ထောင်သက်တမ်းနှင့် ညီမျှသော ဆေးအာနိသင်ကို ရရှိနိုင်ပေသည်။
ဆိုလိုသည်မှာ အခြားသူများ အနှစ်တစ်သောင်း စောင့်ရမည့်အပင်ကို သူသည် ဆယ်နှစ်အတွင်း အပြီးသတ် စိုက်ပျိုးနိုင်မည် ဖြစ်၏။ ဆယ်နှစ်ဟူသော အချိန်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးအတွက် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမည့် အချိန်မျှသာ ဖြစ်ပေသည်။
ထို့အပြင် သူသည် ထိုဆေးပင်များကို ရှန်းဟိုင်ပုလဲ၏ အတွင်းဟင်းလင်းပြင်ထဲတွင်လည်း စိုက်ပျိုးနိုင်သေး၏။
ထိုအင်မော်တယ်ရတနာ၏ အတွင်းကမ္ဘာသည် ရှေးယခင်ကတည်းက ကြီးမားသော ဆေးဥယျာဉ်ကြီး တစ်ခု ဖြစ်ခဲ့သည်မဟုတ်ပါလော။ ချန်ချွန်းတာအိုအရှင်သည်ပင် ရှန်းဟိုင်ပုလဲအတွင်း၌ အင်မော်တယ်ဆေးပင်များစွာကို စိုက်ပျိုးခဲ့ဖူးလေသည်။
အင်မော်တယ်ဆေးပင်များကိုပင် စိုက်ပျိုးနိုင်လျှင် သာမန်ဆေးဖက်ဝင်အပင်များမှာမူ ပြောနေစရာပင် မလိုတော့ချေ။ ထို့ကြောင့် သူသည် မျိုးစေ့များ ရရှိသည်နှင့် ပဉ္စမအဆင့်နှင့် ဆဌမအဆင့် ဆေးပင်များကို အမြောက်အမြား စိုက်ပျိုးရန် ကြံစည်နေခြင်း ဖြစ်၏။
ထိုသို့ဆိုလျှင် ယင်ယန်နှစ်ပါး လေဟာနယ်ချိုးဖြတ်ဆေးလုံးနှင့် အခြား တန်ဖိုးကြီးဆေးလုံးများကို အဆက်မပြတ် ဖော်စပ်နိုင်မည်ဖြစ်သလို၊ ပိုလျှံသော ဆေးပင်များကို ရောင်းချခြင်းဖြင့်လည်း ဝိညာဉ်ကျောက်တုံးများစွာကို ရရှိနိုင်ပေလိမ့်မည်။
မှန်ပေသည်၊ ဆေးပင်များကို အမြောက်အမြား ရောင်းချလျှင်မူ အခြားသူများ၏ မနာလိုမှုကို ခံရနိုင်သော်လည်း တစ်ပင်စ၊ နှစ်ပင်စ ရောင်းချခြင်းမှာမူ ပြဿနာမရှိနိုင်ချေ။ ထိုသို့ဆိုလျှင် သူသည် မည်သည့် နေရာသို့မျှ စွန့်စားသွားလာနေရန် မလိုဘဲ မြို့အတွင်း၌ပင် အေးအေးချမ်းချမ်း ကျင့်ကြံနေနိုင်မည် ဖြစ်၏။
သူသည် ယခုကဲ့သို့ အောင်မြင်မှုများ ရရှိနေခြင်းမှာ ကူနတ်ဘုရားပန်းကန်၏ အကူအညီကြောင့်သာမက သူ၏ အမြဲတမ်းသတိရှိမှုနှင့် ဂရုတစိုက်ရှိမှုကြောင့်လည်း ပါဝင်ပေသည်။
"ကောင်းပါပြီ... အဲဒီမျိုးစေ့တွေကို ရှာဖို့ ကျွန်မကူညီပေးမယ်။ ကျွန်မကိုသာ စိတ်ချလက်ချ အပ်ထားလိုက်ပါ..."
ပိုင်စုကျဲ့က သူမ၏ ရင်ဘတ်ကိုပုတ်ကာ ကတိပေးလိုက်၏။ သူမသည်လည်း ဤလူသားက မည်သည့်အရာများကို ထပ်မံ လုပ်ဆောင်ပြဦးမည်နည်းဟု စိတ်ဝင်စားနေမိတော့သည်။
...