← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉)

မကြောက်နဲ့၊ ငါရှိတယ်

ဟော့ပေါ့ဆိုင်အတွင်းရှိ စားပွဲတစ်လုံး၏ ပတ်ဝန်းကျင်မှာ ရစရာမရှိအောင် ပျက်စီးကာ ဖရိုဖရဲ ဖြစ်နေ ခဲ့သည်။ ဘေးပတ်ဝန်းကျင်ရှိ စားသောက်သူများသည်လည်း အဝေးမှနေ၍ တိုးတိုးတိုးတိုးဖြင့် ကြည့် နေကြပြီး ဆိုင်ဝန်ထမ်းများပင် အနားသို့ မကပ်ရဲကြပေ။

အကြောင်းမှာ စားပွဲအနီးတွင် ရင်ဘတ်ဗလာဖြင့် ရောင်စုံအကျီများ ဝတ်ဆင်ထားသော ဗလကောင်း ကောင်း လူမိုက် ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိနေသောကြောင့်ပင် ဖြစ်သည်။ ထိုလူမိုက်များ၏ အလယ်တွင် သားအဖနှစ်ဦးသည် ဝိုင်းထားခြင်း ခံနေရသည်။

ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် ဖခင်ဖြစ်သူမှာ မြေပြင်ပေါ်တွင် လဲကျနေပြီး ဦးခေါင်းမှ သွေးများ အများအပြား ထွက်နေခဲ့သည်။ လှပသော သမီးငယ်လေးမှာ ဖခင်ဖြစ်သူကို ထူရန် ကြိုးစားနေရှာ သော်လည်း သူမတွင် အင်အားမရှိရှာပေ။ သူမ လုပ်နိုင်သည်မှာ ငိုယိုရင်း ထိုလူမိုက်များကို မရိုက်ရန် တောင်းပန်နေခြင်းသာ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သမီးဖြစ်သူက သူမ၏ အဖေကို သံသယများဖြင့် မေးမြန်းနေခဲ့လေသည်။ အကြောင်းမှာ လွန်ခဲ့သော ရက်အနည်းငယ်ကမှ သူမသည် အကြွေးများဆပ်ရန် ဖခင်ဖြစ်သူကို ငွေအချို့ ပေးခဲ့သောကြောင့်ပင် ဖြစ်လေသည်။ သို့သော် အဘယ်ကြောင့် အကြွေးရှင်များက ထပ်မံ၍ လိုက်လံ နှောင့်ယှက်နေကြပါသနည်း။

လူလတ်ပိုင်းဖခင်ဖြစ်သူက သမီးဖြစ်သူကို ကြည့်ကာ ပြန်ဖြေလိုက်သည်။

"ရှောင်ရို့... မင်း ပြီးခဲ့တဲ့ရက်က ပေးတဲ့ပိုက်ဆံတွေကို အဖေ အကြွေးဆပ်ဖို့ မသုံးခဲ့မိဘူး…။"

"အဖေက အဲဒီပိုက်ဆံနဲ့ ဘဝကို ပြန်ထူထောင်ချင်လို့ လုပ်ငန်းထဲမှာ ပြန်ပြီး ရင်းနှီးမြှုပ်နှံလိုက်တာပါ။ အမြတ်ရလာရင် အကြွေးတွေကို အတိုးရော အရင်းရော အကုန်ဆပ်နိုင်မယ်လို့ အဖေ ထင်ခဲ့တာ..."

ဝမ်ချန်ကျွင်း၏ စကားကို ကြားသောအခါ ဝမ်ရှောင်ရို့မှာ ကြက်သေသေသွားလေတော့သည်။

ဝမ်ချန်ကျွင်းသည် အားယူကာ ထရပ်လိုက်ပြီး သမီးဖြစ်သူကို နောက်သို့ ပို့ကာ ကာကွယ်ပေးလိုက် သည်။ ထို့နောက် လူမိုက်များကို ပြောလိုက်လေ၏။

"ဆရာတို့ခင်ဗျာ... ကျွန်တော့်ကို အချိန်နည်းနည်းလောက် ထပ်ပေးကြပါဦး။ ကျွန်တော့်လုပ်ငန်းကနေ မကြာခင် ပိုက်ဆံပြန်ရတော့မှာပါ…။"

"အဲဒီကျရင် ကျွန်တော် အကြွေးတွေကို တစ်ပြားမကျန် အတိုးရော အရင်းရော အကုန်ဆပ်ပါ့မယ်... တကယ်ပြောတာပါ... အား…။"

သို့သော် လူမိုက်များက ဝမ်ချန်ကျွင်း၏ စကားကို လုံးဝ မယုံကြည်ကြပေ။ စကားမဆုံးခင်မှာပင် ရှေ့တိုး လာကာ ဝမ်ချန်ကျွင်းကို လက်သီးများ၊ ခြေထောက်များဖြင့် ထပ်မံ ထိုးကြိတ်ကန်ကျောက်ကြပြန်တော့ သည်။

ထိုသူတို့က ထိုးကြိတ်ရင်းနှင့်လည်းပါးစပ်မှ ဆဲဆိုနေကြ၏။

"ခင်ဗျားက အမြဲတမ်း ဒီဆင်ခြေပဲ ပေးနေတာပဲ…။ ငါတို့ကို အရူးလုပ်နေတာလား…။"

"ဒီနေ့ အကြွေးမဆပ်နိုင်ရင်တော့ ခင်ဗျား အသက်နဲ့ လဲရမယ်…။"

လူမိုက်များ၏ လက်ချက်က ပို၍ ပြင်းထန်လာသောကြောင့် ဝမ်ချန်ကျွင်းမှာ မြေပြင်ပေါ်သို့ တစ်ဖန် ပြန်လည် လဲကျသွားပြန်သည်။ ဝမ်ရှောင်ရို့က ငိုယိုရင်း ရှေ့သို့ ပြေးထွက်ကာ သူမ၏ ဖခင်ကို ကိုယ်ဖြင့် ကာကွယ်လိုက်ပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်တော့သည်။

"မရိုက်ကြပါနဲ့တော့…။ အဖေ့ကိုယ်စား ကျွန်မ အကြွေးဆပ်ပါ့မယ်…။"

လှပချောမောသော ဝမ်ရှောင်ရို့ကို မြင်လိုက်ရသောအခါ လူမိုက်များက လက်ပါနေသည်ကို ရပ်တန့် လိုက်ကြပြီး သူမကို ရိုင်းစိုင်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

"ဒီလိုဆိုတော့လည်း အစကတည်းက ပြောရောပေါ့။ မင်း ငါတို့နဲ့ တစ်ညလောက် အတူနေပေးရင် ဒါကို ဒီကာလအတွက် အတိုးလို့ သတ်မှတ်ပေးမယ်၊ ပြီးတော့ မင်းအဖေကိုလည်း နှစ်ရက်လောက် နားခွင့် ပေးမယ်…။"

ထိုစကားကို ကြားသောအခါ ဝမ်ရှောင်ရို့မှာ ထိတ်လန့်သွားကာ ရင်ဘတ်ကို လက်ဖြင့် ကာလိုက်ပြီး နောက်သို့ ဆုတ်လိုက်သည်။

"ကျွန်မ... ကျွန်မ အဲဒီလို အဓိပ္ပာယ်နဲ့ ပြောတာ မဟုတ်ပါဘူး။ သူငယ်ချင်းတွေဆီက ပိုက်ဆံချေးပြီး ဆပ်ပေးမလို့ပါ...။"

လူမိုက်များက ဝါးလုံးကွဲမတတ် ရယ်မောလိုက်ကြသည်။

"ညီမလေး... မင်းအဖေ ငါတို့ဆီမှာ ဘယ်လောက် အကြွေးတင်နေလဲ သိရဲ့လား..။ အတိုးနဲ့ပါဆိုရင် ငါးယွမ်နီးပါး ရှိနေပြီကွ…။"

"ဟုတ်တယ်... ဘယ်လို သူငယ်ချင်းမျိုးက မင်းကို ငါးယွမ်တောင် လက်ငင်း ချေးပေးမှာလဲ။ မင်း ငါတို့နဲ့ တစ်ညလောက် အတူနေလိုက်တာကမှ ပိုပြီး အဆင်ပြေဦးမယ်ထင်တယ်နော်...။"

"ဟုတ်ပါ့... စိတ်မပူပါနဲ့၊ ငါတို့က မင်းကို ညင်ညင်သာသာလေး ဆက်ဆံမှာပါ... ဟဲဟဲဟဲ...။"

ပြောပြောဆိုဆိုနှင့် လူမိုက်များက ဝမ်ရှောင်ရို့အနားသို့ တိုးကပ်လာကြသည်။ ဝမ်ရှောင်ရို့မှာ ကြောက် လန့်တကြားဖြင့် နောက်သို့ ဆုတ်ရင်း နံရံနှင့် ကပ်သွားကာ ထွက်ပြေးစရာ လမ်းမရှိတော့ပေ။ ချစ်စဖွယ် မိန်းကလေးမှာ ကြောက်လန့်လွန်းသဖြင့် မျက်ရည်များ တဖြိုင်ဖြိုင် ကျလာတော့သည်။

"မလာကြပါနဲ့... အနားကို မလာကြပါနဲ့...။"

လူမိုက်များက ဝမ်ရှောင်ရို့ကို ဖမ်းဆီးရန် ပြင်လိုက်စဉ်မှာပင်...

"အားလုံး... ရပ်လိုက်ကြစမ်း…။"

လူမိုက်များ၏ နောက်ကွယ်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံကို ကြားလိုက် ရသည်နှင့် ဝမ်ရှောင်ရို့သည် ကြောက်လန့်နေသည်များ ပျောက်ကွယ်သွားကာ ဝမ်းသာအားရဖြင့် ရှေ့သို့ ကြည့်လိုက်မိလေသည်။

အဝါရောင် အစားအသောက်ပို့ဆောင်သူ ယူနီဖောင်းကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ဟော့ပေါ့ဆိုင်အပေါက်ဝမှ လမ်းလျှောက်ဝင်လာခဲ့သည်။ လူမိုက်များက သူတို့ကို လာရောက် ဟန့်တား သူမှာ အစားအသောက်ပို့သူတစ်ဦး ဖြစ်နေသည်ကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်လိုက်ကြ သည်။

"ဒီ အစားအသောက်ပို့တဲ့ကောင်က ဘယ်က ရောက်လာတာလဲ…။ သေချင်နေတာလား…။"

လူမိုက်များက လျန်ထျန်းကို အထင်သေးရုံမက ဘေးနားရှိ လူများကလည်း တီးတိုးပြောဆိုနေကြသည်။

"ဒီခေတ်မှာ အစားအသောက်ပို့တဲ့သူတွေက ဒီလောက်တောင် သတ္တိရှိနေတာလား။ သတ္တိရှိတာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ဆင်းရဲရင်တော့ ဒီလောက်အထိ မရဲတင်းသင့်ဘူး...။"

"ဟုတ်တယ်... ဒါက ပိုက်ဆံကိစ္စလေ။ ပိုက်ဆံမရှိရင် နောက်ဆုတ်ရမှာပဲ၊ မဟုတ်ရင်တော့ အလကား နေရင်း အရိုက်ခံရမှာပဲ ရှိမယ်…။"

"ဟုတ်ပါ့... ငါတို့တောင် ဗီဒီယိုရိုက်ဖို့ ကြိုးစားတာ ခြိမ်းခြောက်ခံလိုက်ရသေးတယ်။ အခု ဒီလူငယ်လေး တော့ ဒုက္ခရောက်တော့မှာပဲ...။"

ဘေးနားရှိ စိတ်ကောင်းရှိသူ အချို့ကလည်း လျန်ထျန်းကို သတိပေးကြသည်။

"လူငယ်လေး... မပါသင့်တဲ့ကိစ္စမှာ မပါနဲ့။ အဲဒီလူတွေက လွယ်တဲ့လူတွေ မဟုတ်ဘူး…။"

"ဟုတ်တယ်... သူတို့က မင်းထက် ချမ်းသာသလို အင်အားလည်း ပိုကြီးတယ်။ သူရဲကောင်းလုပ်ချင်ရင် ကိုယ့်အခြေအနေကို ကိုယ်အရင်စဉ်းစားဦး...။"

ထိပ်တိုက်တွေ့မှု မစတင်မီမှာပင် မည်သူမျှ လျန်ထျန်းကို အထင်မကြီးကြပေ။ သို့သော် လျန်ထျန်းက ထိုလူများကို လျစ်လျူရှုကာ ဝမ်ရှောင်ရို့ဆီသို့ တည့်တည့်လျှောက်သွားသည်။ လူမိုက်များကလည်း သူ့ကို မတားဘဲ အလယ်သို့ ရောက်အောင် လွှတ်ပေးလိုက်ကြသည်။ လျန်ထျန်း အလယ်သို့ ရောက်မှ သာ သူတို့က ဝိုင်းပတ်လိုက်လျှင် လွတ်လမ်းမရှိတော့မည်ကို သူတို့ သိနေသောကြောင့် ဖြစ်သည်။

လျန်ထျန်း အနားသို့ ရောက်သည်နှင့် လူမိုက်များက သူ့ကို လုံးဝ ဝိုင်းပတ်လိုက်ကြတော့သည်။ ဘေးနား ရှိ လူများကလည်း လျန်ထျန်း ဝိုင်းပတ်ခံလိုက်ရသည်ကို မြင်သောအခါ သက်ပြင်းချကာ ခေါင်းခါနေ ခဲ့ကြသည်။

လျန်ထျန်းကမူ တည်ငြိမ်နေဆဲ ဖြစ်ပြီး ဝမ်ရှောင်ရို့ရှေ့သို့ ရောက်သောအခါ သူမကို နှစ်သိမ့်လိုက်၏။

"မကြောက်နဲ့တော့... ငါ ဒီမှာ ရှိတယ်နော်။ မင်းကို ဘယ်သူမှ အနိုင်ကျင့်ခွင့် မရစေရဘူး…။"

လျန်ထျန်း၏ စကားကို ကြားသောအခါ ဝမ်ရှောင်ရို့၏ မျက်ဝန်းများတွင် မျက်ရည်များ ထပ်မံ ဝဲတက် လာပြီး လျန်ထျန်း၏ အကျီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်မိသည်။ သူမမှာ ကြောက်လန့် ခြင်းနှင့် ဝမ်းသာခြင်းများ ရောပြွမ်းနေသဖြင့် စကားတစ်ခွန်းမှ မပြောနိုင်ရှာဘဲ နှုတ်ခမ်းကိုသာ တင်း တင်းစေ့ထားလေသည်။

ဘေးနားတွင် လဲကျနေသော ဝမ်ချန်ကျွင်းကမူ သူ၏သမီးဖြစ်သူသည် အစားအသောက်ပို့သူတစ်ဦး၏ အကျီစကို အားကိုးတကြီး ဆုပ်ကိုင်ထားသည်ကို မြင်သောအခါ စိတ်ညစ်သွားမိသည်။ သူက အားယူထ လိုက်ပြီး သမီးကို ပြန်ဆွဲကာ လျန်ထျန်းကို ပြောလိုက်သည်။

"လူငယ်လေး... မင်း ငါ့သမီးနဲ့ ဘယ်လိုပဲ ပတ်သက်နေပါစေ ဒါက မင်း ဖြေရှင်းနိုင်တဲ့ ကိစ္စမဟုတ် ဘူး…။"

"ငါတို့ ဝမ်မိသားစုကိစ္စမှာ မင်းကို မပတ်သက်စေချင်ဘူး။ မင်း မြန်မြန် ထွက်သွားပါ... မဟုတ်ရင်တော့ မင်းလည်း လွတ်မှာ မဟုတ်ဘူး…။"

ဝမ်ချန်ကျွင်း၏ စကားကို ကြားသောအခါ လျန်ထျန်းက ချက်ချင်း ရှင်းပြလိုက်၏။

"ဦးလေး... ကျွန်တော် ကူညီနိုင်ပါတယ်။ ဒါက အကြွေးအနည်းငယ်လေးပါပဲ ကျွန်တော် အရင်ဆပ်ပေး လိုက်ပါ့မယ်…။"

ထိုစကားကို ကြားသောအခါ ဝမ်ချန်ကျွင်းမှာ မှင်တက်သွားသည်။ လူမိုက်များမှာမူ ယခင်ထက် ပို၍ ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး လှောင်ပြောင်သံများ ထွက်ပေါ်လာသည်။

"ငါ နားကြားမှားသွားတာလား…။ သူ ဘာပြောလိုက်တာလဲ…။"

"နားကြားမမှားပါဘူး... ဒီ အစားအသောက်ပို့တဲ့ကောင်က အကြွေးဆပ်ပေးမယ်လို့ ပြောလိုက်တာ ဟားဟားဟား…။"

ဝမ်ချန်ကျွင်းက မျက်မှောင်ကြုတ်လိုက်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"လူငယ်လေး... ဒါက နောက်ရမယ့် အချိန်မဟုတ်ဘူး…။"

"မင်း အစားအသောက်ပို့တဲ့အလုပ် လုပ်နေတာကို ငါ အထင်မသေးပါဘူး။ မင်း ကြိုးစားပမ်းစား လုပ်ရင် တစ်လကို တစ်ပြား နှစ်ပြား ရှာနိုင်တယ်ဆိုတာ ငါ သိပါတယ်…။"

"ဒါပေမဲ့ ငါတင်နေတဲ့ အကြွေးက နည်းတာ မဟုတ်ဘူး သူတို့ကို ငါးယွမ်နီးပါး ဆပ်ရမှာ…။"

"မင်း မြန်မြန် ထွက်သွားတာ ပိုကောင်းပါလိမ့်မယ်။ ငါ့သမီးရော မင်းလို အပြစ်မရှိတဲ့လူကိုပါ ဒီကိစ္စ ထဲမှာ မပါစေချင်ဘူး…။"

ဝမ်ချန်ကျွင်းက အကြိမ်ကြိမ် သတိပေးနေသော်လည်း လျန်ထျန်းကမူ ထွက်သွားမည့် အရိပ်အယောင် လုံးဝမရှိပေ။ ထိုအချိန်တွင် လူမိုက်များက ရယ်မောခြင်းကို ရပ်လိုက်ကာ လျန်ထျန်းကို မထီမဲ့မြင်ကြည့် ရင်း လက်ဆစ်များကို ချိုးနေခဲ့ကြသည်။

"ကောင်းကောင်းပြောတာကို နားမထောင်တဲ့ကောင်ပဲ။ စောစောက လူတွေ ဝိုင်းပြောနေတုန်းက မင်း မထွက်သွားဘူးနော်။ အခုမှတော့ ထွက်သွားချင်ရင်တောင် နောက်ကျသွားပြီ….။"

အခန်း (၂၀)

အားလုံးက သူ့အလိုလို ထင်ကြေးပေးကုန်ကြခြင်း

မိမိကို ဝိုင်းထားပြီး တစ်လှမ်းချင်း တိုးကပ်လာသော လူမိုက်များကို ကြည့်ကာ ဝမ်ချန်ကျွင်း၏ မျက်နှာ တွင် မျှော်လင့်ချက်မဲ့သော အရိပ်အယောင်များ ဖုံးလွှမ်းသွားတော့သည်။

"အို... ခက်ပါပြီ…။ မင်းကို ငါ အတင်းထွက်ခိုင်းတာကို မထွက်ဘူး။ အခုတော့ ကြည့်စမ်း... လွတ်လမ်း မရှိတော့ဘူး သက်ပြင်းပဲ ချရတော့မှာပဲ...။"

ဘေးပတ်ဝန်းကျင်မှ ကြည့်နေသူများသည်လည်း ခေါင်းကို အကြိမ်ကြိမ် ခါယမ်းနေကြသည်။

"အစားအသောက်ပို့တဲ့ကောင်က ဒီလောက်တောင် မောက်မာနေတာလား၊ အကြွေးဆပ်ပေးမယ်လို့ တောင် ပြောရဲသေးတယ်။ သူဌေးတွေရဲ့ လောကက ဘယ်လိုမျိုးလဲဆိုတာ သူ မသိဘူးထင်ပါတယ်…။"

"သူဌေးတွေဆိုတာ ချမ်းသာလေ အကြွေးတင်လေပဲ တစ်ခါတင်ရင် (၃) ယွမ်၊ (၅) ယွမ်လောက် ရှိတာ။ အစားအသောက်ပို့တဲ့ကောင်က ဘယ်လိုလုပ် ဆပ်နိုင်မှာလဲ…။"

"ငါလောင်းရဲတယ်၊ အဲဒီ အစားအသောက်ပို့တဲ့ကောင် အကြွေးပမာဏကို ကြားလိုက်ရတော့ ကြောင်အ သွားတာနေမှာ။ ကြည့်စမ်း... သူ တစ်ခွန်းမှ မပြောနိုင်တော့ဘူး…။"

"ဟုတ်မှာပေါ့... ဒါက (၅) ယွမ်တောင်လေ။ လူအတော်များများက တစ်သက်လုံး အလုပ်လုပ်ရင်တောင် ဒီလောက် ရှာနိုင်မှာ မဟုတ်ဘူး…။"

"(၅) ယွမ်တောင်လား... ငါတောင် ထီပေါက်လို့ (၅) ယွမ် ရမှာကိုတောင် အိပ်မက်ပဲမက်ရဲတာ...။"

ယခုအချိန်အထိ လျန်ထျန်း ပြောလိုက်သော စကားကို အတည်ဟု မည်သူမျှ မထင်ကြသေးပေ။ သို့သော် ထိုလူမိုက်များက အနားသို့ရောက်၍ လက်ပါရန် ပြင်လိုက်စဉ်မှာပင်...

လျန်ထျန်းက သူ၏ ပိုက်ဆံအိတ်ကို ဖြည်းညှင်းစွာ ထုတ်လိုက်ပြီး အတွင်းမှ (၅) ယွမ်တန် ငွေစက္ကူ တစ်ရွက်ကို ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ အသံမှာ ဟော့ပေါ့ဆိုင်တစ်ခုလုံးကို ဟိန်းထွက်သွားတော့သည်။

"ဟေး... ငါက ငွေတွေအများကြီး ထင်နေတာ တကယ်တော့ (၅) ယွမ်ထဲကိုး…။"

"ဒီပိုက်ဆံကို ယူ အကြွေးစာချုပ်ကို ထားခဲ့ပြီး အခုချက်ချင်း လစ်လိုက်ကြတော့။ နောက်နောင် သူတို့ကို လာမနှောင့်ယှက်စေနဲ့…။"

ထိုစကားများမှာ အလွန်ပင် မောက်မာလွန်းလှသည်။ သို့သော် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်ချည်း တိတ်ဆိတ်သွားပြီး ယခင်က လှောင်ပြောင်သံများမှာလည်း ပျောက်ကွယ်သွားတော့သည်။

အကြောင်းမှာ လျန်ထျန်းက သူ၏ လက်ညှိုးနှင့် လက်ခလယ်ကြားတွင် မြှောက်ပြထားသော (၅) ယွမ် တန် ငွေစက္ကူကို အားလုံးက အသေအချာ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ သူ၏ ပိုက်ဆံအိတ် ထဲမှ (၅) ယွမ်ကို အလွယ်တကူ ထုတ်ပြနိုင်သည်ဆိုလျှင် လျန်ထျန်းကို သာမန် အစားအသောက်ပို့သူဟု မည်သူမျှ မယူဆရဲကြတော့ပေ။

ခဏတာ မှင်တက်သွားပြီးနောက် လူမိုက်ခေါင်းဆောင်မှာ သံသယဖြင့် (၅) ယွမ်တန်ကို ယူကာ အသေ အချာ စစ်ဆေးလိုက်သည်။ နောက်ဆုံးတွင် သူသည် ခရမ်းလွန်ရောင်ခြည်မီးလေးဖြင့် အကြိမ်ကြိမ် စစ်ဆေးကြည့်လိုက်သည်။

အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူသည် ချက်ချင်းပင် မျက်နှာချိုသွေးကာ လျန်ထျန်းကို ပြောလိုက်၏။

"ဒီသခင်လေးက တကယ့်ကို ရက်ရောတာပဲ၊ ကျွန်တော် တကယ်လေးစားပါတယ်။ အကြွေးစာချုပ်ကို ဒီမှာပဲ ထားခဲ့ပါ့မယ်။ တခြား ကိစ္စမရှိတော့ရင် ကျွန်တော်တို့ ပြန်ခွင့်ပြုပါဦး…။"

ပြောပြီးသည်နှင့် လူမိုက်များသည် အလျင်အမြန်ပင် ထွက်ခွာသွားကြတော့သည်။ မည်သို့ပင်ဆိုစေ အစားအသောက်ပို့သူတစ်ဦးက (၅) ယွမ်ကို အလွယ်တကူ ထုတ်ပေးနိုင်သည်ဆိုပါက သူသည် သာမန် လူ မဟုတ်နိုင်ကြောင်း သူတို့ ချက်ချင်း ရိပ်မိလိုက်ကြသည်။

အတွေ့အကြုံယူရန်အတွက် ဘဝကို စမ်းသပ်နေသော သူဌေးလေးတစ်ဦး ဖြစ်မည်ဟုသာ သူတို့ ထင်ကြေးပေးလိုက်ကြသည်။ ထိုသို့သော သူဌေးလေးများတွင် ပါဝင်သော ဩဇာအာဏာမှာ သူတို့ ကဲ့သို့ လူမိုက်များ မယှဉ်နိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူတို့သည် ငွေကို ရပြီးနောက် ထပ်မံ ပြဿနာမရှာရဲတော့ဘဲ အမြန်ဆုံး လစ်ထွက်သွားကြ လေတော့သည်။

လူမိုက်များ အကုန်ထွက်သွားသော်လည်း ဝမ်ချန်ကျွင်းမှာမူ တုန်လှုပ်နေဆဲဖြစ်ပြီး အချိန်အတော်ကြာ သည့်တိုင် ဘာမှ မပြောနိုင်သေးပေ။ ဘေးမှ ကြည့်နေသူများမှာလည်း အံ့အားသင့်လွန်းသဖြင့် ဖုန်းကို ထုတ်ကာ ဗီဒီယိုရိုက်ရန်ပင် မေ့နေကြတော့သည်။

လျန်ထျန်းက ကိစ္စရပ်များကို ဖြေရှင်းပြီးနောက် ဝမ်ချန်ကျွင်းနှင့် ဝမ်ရှောင်ရို့တို့ကို ခေါ်ကာ တခြားတစ် နေရာတွင် စကားပြောရန် ခေါ်ထုတ်လာခဲ့သည်။ သူတို့သည် ဝမ်ချန်ကျွင်း၏ အော်ဒီကားအဟောင်း လေးကို စီးကာ ဟော့ပေါ့ဆိုင်မှ ထွက်ခွာလာခဲ့ကြသည်။

သူတို့သည် မရပ်မနားဘဲ ဝမ်မိသားစု၏ အိမ်ဟောင်းသို့ တန်းတန်းမတ်မတ် မောင်းလာခဲ့ကြလေသည်။ ဝမ်မိသားစု၏ အခြေအနေမှာ ကျဆင်းနေသော်လည်း မြို့ပြင်ရှိ သူတို့၏ အိမ်ဟောင်းမှာမူ ဗီလာ အိမ်လေးနှင့် တူအောင် ပြန်လည်ပြုပြင်ထားသဖြင့် အတော်ပင် ခန့်ညားလှသည်။

သို့သော် ဤအိမ်မှာ ဝမ်မိသားစုအတွက် နောက်ဆုံး ကျန်ရစ်သော ခိုနားရာ ဖြစ်သည်။ စီးပွားရေး ကျရှုံး မှုကြောင့် မြို့ထဲရှိ သူတို့၏ အိမ်များမှာ ရောင်းလိုက်ရခြင်း (သို့မဟုတ်) အသိမ်းခံလိုက်ရခြင်းများ ခံလိုက်ရသောကြောင့် ဖြစ်သည်။

ဝမ်မိသားစု အိမ်ဟောင်း၏ ခြံထဲသို့ ရောက်သောအခါ ဝမ်ချန်ကျွင်းသည် အဝါရောင် အစားအသောက် ပို့ဆောင်သူ ဝတ်စုံကို ဝတ်ထားသော လူငယ်လေးကို ကြည့်ကာ အိပ်မက်တစ်ခုကဲ့သို့ ခံစားနေရသည်။

ဝမ်ရှောင်ရို့သည်လည်း စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ အသက်ရှူမှန်သွားမှသာ သူမ၏ အဖေကို မိတ်ဆက်ပေးလိုက်သည်။

"အဖေ... သူ့နာမည်က လျန်ထျန်းပါ။ သမီးရဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော် ဖြစ်သလို ထိုင်ခုံချင်းလည်း တူတူပဲ…။"

"ဪ... ဒါနဲ့ သူက ကျွန်မကို အိမ်တစ်လုံးခွဲ ဝယ်ပေးပြီး ဒုတိယမန်နေဂျာ ဖြစ်အောင် ကူညီပေးခဲ့တဲ့ သူဆိုလည်း ဟုတ်တယ်…။"

ထိုစကားကို ကြားသောအခါ ဝမ်ချန်ကျွင်းမှာ ချက်ချင်းပင် သဘောပေါက်သွားပြီး လျန်ထျန်းကို အံ့ဩတကြီး ပြောလိုက်လေ၏။

"ဒါဆို မင်းက အဲဒီ နောက်ခံမသိရတဲ့ သူဌေးကြီးပေါ့။ ငါကတော့ ဝမ်ရှောင်ရို့တစ်ယောက် ငါ့ကို ကူညီ ဖို့အတွက် အဖိုးကြီးတစ်ယောက်ယောက်ဆီမှာ သွားပြီး အကူအညီတောင်းနေမလားလို့ စိုးရိမ်နေတာ။"

"အခု မင်းကို တွေ့လိုက်ရပြီဆိုတော့မှပဲ ငါ စိတ်အေးရတော့တယ်...။"

သူမ၏ အဖေ စကားမဆုံးခင်မှာပင် ဝမ်ရှောင်ရို့က စိတ်ကောက်သလို လေသံဖြင့် ပြန်ပြောလိုက်သည်။

"အဖေ... အဖိုးကြီးဆီ သွားရှာမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ…။ အဖေ့သမီးကို အဖေ့စိတ်ထဲမှာ အဲဒီလို လူမျိုးလို့ ထင်နေတာလား….။"

ဝမ်ချန်ကျွင်းမှာ စိတ်အေးသွားပြီဖြစ်သဖြင့် အကျယ်ကြီး ရယ်မောလိုက်သည်။

"သိပါတယ်... သိပါတယ်။ သမီးအကြောင်း အဖေထက် ဘယ်သူပိုသိမှာလဲ။ ငါ့သမီးက ပိုက်ဆံအတွက် နဲ့ ဩဇာရှိတဲ့သူတွေကို ဖားမယ့်သူမျိုး မဟုတ်ဘူးဆိုတာ ငါသိတာပေါ့…။"

ထို့နောက် ဝမ်ချန်ကျွင်းက လျန်ထျန်းကို ထိုင်ခိုင်းပြီး ဝမ်ရှောင်ရို့ကို လက်ဖက်ရည် တည်ခိုင်းလိုက် သည်။ လက်ဖက်ရည် သောက်နေရင်း ဝမ်ချန်ကျွင်းက စမ်းတဝါးဝါးဖြင့် မေးလိုက်၏။

"လျန်ထျန်း... မင်းရဲ့ မိသားစုက ဘယ်လို စီးပွားရေးမျိုး လုပ်တာလဲ…။"

ဝမ်ချန်ကျွင်း၏ အမြင်တွင် လျန်ထျန်းသည် (၅) ယွမ်ကို အလွယ်တကူ ထုတ်ပေးနိုင်သည်မှာ မသာမန် မဟုတ်နိုင်ပေ။ ထို့ပြင် သမီးဖြစ်သူထံမှ အိမ်များစွာကို ယွမ်ရာနှင့်ချီ သုံးပြီး ဝယ်ယူခဲ့သည်ကိုလည်း ကြားသိထားခဲ့သည်။ ထို့ကြောင့် ဤလည်ဝယ်သော စီးပွားရေးသမားကြီးမှာ လျန်ထျန်းကို အင်အားကြီး မိသားစုတစ်ခုမှ ဆင်းသက်လာသော "သခင်လေး" ဟုသာ တထစ်ချ သတ်မှတ်လိုက်တော့သည်။

လျန်ထျန်းမှာ ဝမ်ချန်ကျွင်း၏ မေးခွန်းကြောင့် ခဏတာ တုံ့ဆိုင်းသွားပြီး စဉ်းစားလိုက်သည်။ အကယ်၍ သူ အမှန်အတိုင်း ပြောလိုက်ပါက ဦးလေးဝမ်က သူ လိမ်နေသည်ဟု ထင်သွားနိုင်သလို၊ လိမ်ပြောလျှင် လည်း သူ၏ စိတ်ထဲတွင် မကောင်းသလို ခံစားရသည်။

ခဏတာ ဝေခွဲမရဖြစ်ပြီးနောက် လျန်ထျန်းက စကားလုံးများကို ဂရုတစိုက် ရွေးချယ်ကာ ပြောလိုက်၏။

"ဦးလေးဝမ်... ကျွန်တော့် မိသားစု အခြေအနေက... တခြားလူတွေကို ပြောပြဖို့ သိပ်မလွယ်ဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ ရှိတဲ့ ငွေတွေကတော့ ကျွန်တော်ကိုယ်တိုင် ရှာထားတာပါ။ မိသားစုဆီကနေ အများကြီး အကူအညီ မယူထားပါဘူး…။"

ထိုအဖြေကို ကြားသောအခါ ဝမ်ချန်ကျွင်းမှာ ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေဟန် တူ လေသည်။ လျန်ထျန်းမှာ သူ၏ အထောက်အထားကို ဝမ်ချန်ကျွင်းက ခန့်မှန်းနေခြင်းဖြစ်ကြောင်း ရိပ်မိ လိုက်သည်။ ဖြစ်နိုင်သည်မှာ သူ၏ ဖခင်သည် အပြင်လူများ မသိနိုင်သော စီးပွားရေး ဧကရာဇ်တစ်ဦး ဖြစ်နေခြင်း သို့မဟုတ် နိုင်ငံရေးနှင့် ဩဇာအာဏာရှိသော အသိုင်းအဝိုင်းမှ ဖြစ်နေခြင်းမျိုးဟု ဝမ်ချန်ကျွင်းက ထင်မြင်နေပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဝမ်ချန်ကျွင်းကတော့ လျန်ထျန်းမှာ သာမန်လူတစ်ယောက် မဟုတ်ကြောင်း လုံးဝ ယုံကြည်သွားပြီ ဖြစ်သည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူက လျန်ထျန်းကို ပြုံးပြီး ပြောလိုက် ၏။

"လျန်ထျန်း... ဒီနေ့ မင်း ကူညီပေးတာကို ငါတကယ် ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်စကား ပြောရုံ နဲ့တင် မလုံလောက်ဘူးဆိုတာ ငါ သိပါတယ်…။"

"ဒါကြောင့် မင်း ငါ့ကို ယုံကြည်တယ်ဆိုရင် ဒီနေ့ မင်းပေးလိုက်တဲ့ (၅) ယွမ်ကို ငါ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံ မှု လုပ်လိုက်တာလို့ပဲ သတ်မှတ်လိုက်ရအောင်…။"

"စီးပွားရေး ပြန်လည် နာလန်ထူလာပြီဆိုရင် ငါတို့ ဝမ်မိသားစုက တကယ်ကို ပြန်လည် ထွန်းတောက် လာမှာပါ။ အဲဒီအခါကျရင် မင်းရဲ့ ကျေးဇူးကို ငါ ပြန်ဆပ်ပါ့မယ်…။"

ဝမ်ချန်ကျွင်း၏ လေးနက်သော စကားကို ကြားသောအခါ လျန်ထျန်းက ချက်ချင်း ပြန်ပြောလိုက်သည်။

"ဦးလေးဝမ်... ရှောင်ရို့နဲ့ ကျွန်တော်က အတန်းဖော်တွေလေ၊ ဒီလို လုပ်စရာ မလိုပါဘူး…။"

"နောက်ပြီး အဲဒီ (၅) ယွမ်က ကျွန်တော့်အတွက် ဘာမှ မဟုတ်ပါဘူး။ ဦးလေးကို ကူညီခွင့်ရတာနဲ့တင် ကျွန်တော် ဝမ်းသာပါတယ်…။"

လျန်ထျန်းက ထိုသို့ ပြောလေလေ ဝမ်ချန်ကျွင်းမှာ ပို၍ ဝမ်းသာလေလေ ဖြစ်ကာ အကျယ်ကြီး ရယ်မောလိုက်တော့သည်။

"ကောင်းပြီ... ဒါဆိုရင် နောက်ဆို မင်းကို 'လျန်လေး' လို့ပဲ ခေါ်တော့မယ်နော်…။"

"ပြီးတော့ ရှောင်ရို့နဲ့လည်း အဆက်အသွယ် ပိုလုပ်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒီလောက် ကောင်းမွန်တဲ့ ပတ်သက်မှုမျိုး ရတာက တကယ့်ကို တိုက်ဆိုင်မှုကြီးတစ်ခုပဲ...။"

All Chapters