အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း (၂၅) အမှန်တရားကို ဖွင့်ချခြင်း
လျန်ထျန်းသည် ခေတ္တမျှ တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် တည်ငြိမ်စွာပင် စကားကို စတင်လိုက် လေသည်။
"တကယ်တော့... ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ငါ ပိုက်ဆံတော်တော် ရှာထားနိုင်ခဲ့တာ…။"
"ငါ ဆွေမျိုးမိတ်ဆွေတွေကို အမှန်အတိုင်း မပြောခဲ့တဲ့ အကြောင်းရင်း နှစ်ခုရှိတယ်။ ပထမတစ်ခုက မင်းတို့နဲ့ သာမန်လူတစ်ယောက်လိုပဲ ဆက်ဆံချင်လို့၊ ဒုတိယတစ်ခုကတော့ မင်းတို့က ငါ့ကို ဖားကြမှာ စိုးပြီး ဆက်ဆံရေးတွေ ဝေးကွာသွားမှာ စိုးရိမ်လို့ပဲ…။"
"ဒါပေမဲ့ ဒေါ်လေးနဲ့ ဝမ်းကွဲညီလေး... မင်းတို့ လုပ်ရပ်တွေကတော့ တကယ်ကို လွန်လွန်းနေပြီ…။"
ဤနေရာတွင် လျန်ထျန်းသည် ဒေါ်လေးနှင့် ထျန်းလဲ့တို့အား စူးစိုက်ကြည့်လိုက်ရာ သူတို့နှစ်ဦးလုံးမှာ စိတ်ထဲတွင် အလိုလိုနေရင်း လန့်ဖျပ်သွားကြသည်။ ထို့နောက် လျန်ထျန်းက ဆက်ပြောလေသည်။
"ငါတို့အားလုံးက ဆွေမျိုးတွေပဲ၊ ဒီလောက်အထိ လုပ်ဖို့ လိုလို့လား။ ခင်ဗျားတို့နဲ့ ကောင်းကောင်းမွန်မွန် စကားပြောလို့ မရဘူးလား။ ငါ့ရဲ့ အဆင့်အတန်းအမှန်ကို သိမှပဲ ငါ့ကို လာဖားကြတော့မှာလား…။"
"ကောင်းပြီလေ... ဒါဆိုရင် သန်းကြွယ်သူဌေး လျန်ထျန်းက အခု အားလုံးကို အပွင့်လင်းဆုံး ပြောပြ လိုက်တော့မယ်…။"
ရှီကျင်းနှင့် တွေ့လိုက်ရပြီးနောက် လျန်ထျန်းသည် သူ 'အရမ်းချမ်းသာ' နေပြီဟူသော အမှန်တရားကို ဆက်လက်ဖုံးကွယ်ထား၍ မရတော့ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူကိုယ်တိုင်ပင် အရင်ဦးဆုံး ဖွင့်ပြောလိုက်ခြင်း ဖြစ်သော်လည်း အကုန်လုံးကိုတော့ မပြောဘဲ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ငွေရှာထားနိုင်ခဲ့သည်ဟုသာ ဆိုလိုက်သည်။
သို့သော် လျန်ထျန်း၏ စကားကို ကြားသောအခါ ဒေါ်လေးနှင့် သူမ၏ သားဖြစ်သူမှာ ခေတ္တမျှ ကြောင် သွားပြီးမှ ရှီကျင်းဘက်သို့ လှည့်ကာ ပြိုင်တူ ပြောဆိုကြတော့သည်။
"တူလေး... နင် တစ်ယောက်ယောက်နဲ့ မှားနေပြီထင်တယ်။ သူက အစားအသောက် ပို့တဲ့သူ သက်သက် ပါ၊ ကျွန်မဆီကိုတောင် အော်ဒါလာပို့တာ။ သူက ဘယ်လိုလုပ် သူဌေး ဖြစ်နိုင်မှာလဲ…။"
"ဟုတ်တယ် ဝမ်းကွဲအစ်ကို... မင်း တစ်ယောက်ယောက်နဲ့ မှားနေတာ ဖြစ်မှာပါ။ သူ့မိသားစုက ငါတို့ ဆွေမျိုးတွေထဲမှာ အဆင်းရဲဆုံးအဖြစ် နာမည်ကြီးတာ။ အခုတော့ သူက ဟန်ဆောင်နေသေးတယ်၊ တကယ် ရွံဖို့ကောင်းလိုက်တာ…။"
အမေနှင့် သားဖြစ်သူမှာ လျန်ထျန်းကဲ့သို့ "အသုံးမကျသူ" က ဘဝပြောင်းသွားပြီဆိုသည်ကို မည်သို့မျှ လက်မခံနိုင်ကြချေ။ အထူးသဖြင့် ဒေါ်လေးဖြစ်သူမှာ လျန်ထျန်း အစားအသောက် လာပို့စဉ်က အခြေ အနေကို ကောင်းကောင်းမှတ်မိနေဆဲ ဖြစ်သည်။ သူမသည် လျန်ထျန်းတို့ မိသားစုအပေါ် အမြဲ အထက် စီးမှ ဆက်ဆံလာခဲ့သူ ဖြစ်သဖြင့် ဤသတင်းကို မည်သို့မျှ မယုံနိုင်ပေ။
သို့သော် ရှီကျင်း၏ စကားက သူတို့အား မှင်တက်သွားစေသည်။
"မင်းတို့ လူစကား နားမလည်ဘူးလား…။"
"မင်းတို့က ငါ့အစ်ကို လျန်ထျန်းကို ထပ်ခါထပ်ခါ စော်ကားနေတာပဲ။ ငါ မင်းတို့ကို ဘာမှမလုပ်ရဲဘူးလို့ ထင်နေတာလား…။"
"ထျန်းလဲ့... မင်း ဒီနေ့ကစပြီး ကုမ္ပဏီကို လာစရာမလိုတော့ဘူး။ မင်းကို နယ်မြေမန်နေဂျာ ရာထူးကနေ ထုတ်ပယ်လိုက်ပြီ…။"
"ဒေါ်လေး... ကျွန်တော့ အဖေ့ဆီမှာ လာပြီး အသနားခံမနေနဲ့တော့။ အကယ်၍ အဖေသာ ဒေါ်လေးတို့ လျန်ထျန်းကို စော်ကားမိတာ သိသွားရင် သူက ကျွန်တော့ထက်တောင် ပိုပြီး ရက်စက်လိမ့်မယ်…။"
၎င်းကို ကြားလိုက်ရသောအခါ ဒေါ်လေးနှင့် ထျန်းလဲ့တို့မှာ ဆွံ့အသွားကြသည်။ နောက်တစ်စက္ကန့်တွင် တော့ သူတို့မှာ ငိုယိုကာ အော်ဟစ်ကြလေတော့သည်။
"ဒါတွေက ဘာဖြစ်ကုန်တာလဲ။ ကျွန်မရဲ့ တူအရင်းက ဘာလို့ အပြင်လူဘက်က ရပ်တည်နေရတာလဲ။ သူက အစားအသောက် ပို့တဲ့သူပဲလေ…။"
"ဝမ်းကွဲအစ်ကို... အကြောင်းပြချက် ပေးပါဦး။ သူက မင်းကို ဘာမှော်မန္တန်နဲ့ ပြုစားထားလို့ အပြင် လူဘက်က ပါနေရတာလဲ...။"
ရှီကျင်းက အံကြိတ်ကာ ထိုအရူးနှစ်ယောက်ကို စိုက်ကြည့်ရင်း အသံနှိမ့်၍ ပြောလိုက်သည်။
"ကောင်းပြီလေ... ဒါဆိုရင် မင်းတို့ ကောင်းကောင်းနားလည်သွားအောင် ငါ ရှင်းပြမယ်…။"
"လွန်ခဲ့တဲ့ ရက်ပိုင်းက ဟွာရုံဟိုတယ်မှာ ငါ့အဖေနဲ့အတူ ပိုင်ဆိုင်မှု ယွမ်ရာဂဏန်းရှိတဲ့ သူဌေးကြီး ဒါဇင်ကျော်ရယ်၊ ဘဏ်မန်နေဂျာ ချာရှင်းလုံရယ် အားလုံးက လျန်ထျန်းကို အမြင့်ဆုံး ရိုသေမှုတွေနဲ့ ဆက်ဆံခဲ့ကြတာ…။"
"ဒါတင်မကဘူး...၊ ဘဏ်မန်နေဂျာကိုယ်တိုင် ပြောတာက လျန်ထျန်းဟာ သူ့ဘဏ်မှာ ယွမ် (၅,၀၀၀) တောင် တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုရွှေတွေကို ဝယ်ယူခဲ့တယ်တဲ့…။"
"ပြီးတော့ လျန်ထျန်းက ထိုက်ကျီအီဖင် အိမ်ရာဝန်းမှာ အိမ်တစ်လုံးခွဲကို တစ်ခါတည်းနဲ့ ဝယ်လိုက်တာ။ ဒီလောက် ချမ်းသာတဲ့သူက ဘယ်လိုလုပ် သန်းကြွယ်သူဌေးအတု ဖြစ်မှာလဲ…။"
"ဒါတွေအားလုံးကို ငါ့မျက်စိနဲ့ကိုယ်တိုင် မြင်ခဲ့တာ၊ ဘယ်လိုလုပ် မှားမှာလဲ…။"
ရှီကျင်း၏ စကားကို ကြားလိုက်ရသောအခါ ဒေါ်လေးနှင့် ထျန်းလဲ့တို့မှာ လျန်ထျန်းအား ပြန်ကြည့်လိုက် ပြီး ခြေထောက်များ မခိုင်တော့ဘဲ ပျော့ခွေကျသွားတော့သည်။ သူတို့ မမြင်ရသည်မှာ ကြာပြီဖြစ်သော တူဖြစ်သူ၊ ဝမ်းကွဲဖြစ်သူမှာ ယခုကဲ့သို့ ရုတ်တရက် ချမ်းသာသွားလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ ကြချေ။
ရှီကျင်း၏ အမူအရာနှင့် ပြောစကားများအရ လျန်ထျန်းမှာ သာမန်ချမ်းသာသည် မဟုတ်ဘဲ ခန့်မှန်း၍ မရနိုင်လောက်အောင် ကြွယ်ဝနေခြင်း ဖြစ်သည်။ သူဌေးကြီးများနှင့် ဘဏ်မန်နေဂျာများပင် ရိုသေနေ ရသည်ဆိုလျှင် ဤချမ်းသာမှုမှာ ငွေကြေးသက်သက်သာ မကတော့ချေ။
လျန်ထျန်းသည် ဤအဆင့်သို့ ရောက်ရန် မည်သည့်အင်အားစုများ၏ နောက်ခံရှိနေသနည်းဟု သူတို့ တွေးတောမိကာ ကြောက်ရွံ့လာကြသည်။ စောစောကမှ လျန်ထျန်းအား စော်ကားခဲ့မိသည့်အတွက် မည်သို့သော အကျိုးဆက်များ ကြုံတွေ့ရမည်နည်းဟု တွေးရင်း တုန်ရင်နေကြတော့သည်။
သူတို့၏ အခြေအနေကို မြင်သောအခါ လျန်ထျန်းက ထပ်မံ သက်ပြင်းချလိုက်သည်။
"တကယ်တော့...၊ ငါ ဒီလိုမျိုးတွေ မမြင်ချင်ခဲ့ပါဘူး…။"
"ဒါပေမဲ့ ရှီကျင်းပြောတာတွေက အမှန်ပဲဆိုတာ ငါ ဝန်ခံရမယ်။ ငါ အခုလေးတင်ပဲ ယွမ် (၅,၀၀၀) တန် ရင်းနှီးမြှုပ်နှံမှုရွှေတွေကို ဝယ်ထားတယ် အဲဒါတွေက ဗီရိုတစ်ခုလုံး ပြည့်နေတာပဲ…။"
"ပြီးတော့ မင်းတို့ပြောတဲ့ ယွမ်ရာဂဏန်း ပိုင်ဆိုင်မှုဆိုတာက ငါ့အတွက်တော့ အိတ်ထဲထည့်သွားတဲ့ အကြွေစလေးတွေပါပဲ…။"
"ကြည့်လေ...၊ ငါ့ပိုက်ဆံအိတ်ထဲမှာ မသုံးရသေးတဲ့ လက်ငင်းငွေသား ယွမ် (၄၀၀) ကျော် ရှိသေးတယ်။ ဒါတွေက အိတ်ထဲမှာ ရှိနေတာ ကြာပြီ၊ ငါ့ကို တကယ် စိတ်ရှုပ်အောင် လုပ်နေတာ...။"
ထိုသို့ပြောရင်း လျန်ထျန်းက သူ၏ပိုက်ဆံအိတ်ထဲမှ ကျန်ရှိနေသော ယွမ် (၄၀၀) ကျော်ကို ထုတ်ပြလိုက် လေသည်။ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသကဲ့သို့ တောက်ပနေသော ထိုငွေထုပ်ကြီးကို မြင်လိုက်ရသောအခါ ဒေါ်လေးနှင့် ထျန်းလဲ့တို့မှာ အမှန်တရားကို မယုံကြည်ဘဲ မနေနိုင်တော့ချေ။
တစ်ဖက်တွင်လည်း အချိန်အတော်ကြာ စကားမပြောနိုင်ဘဲ ဖြစ်နေသော ဦးလေး ထျန်းကျန့်မှာ လုံးဝ မှင်တက်နေတော့သည်။ လွန်ခဲ့သော (၁၀) မိနစ်ခန့်ကမှ မိမိတူကို မကူညီနိုင်ခဲ့သဖြင့် နောင်တရကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေခဲ့သမျှမှာ ယခုမူ မြင်မက်နေသော အိပ်မက်တစ်ခုကဲ့သို့ ဖြစ်သွားရ လေသည်။
သို့သော် အံ့ဩစရာမှာ ထိုမျှနှင့် မပြီးသေးချေ။ လျန်ထျန်းသည် ထိုငွေများကို ပိုက်ဆံအိတ်ထဲ ပြန် မထည့်ဘဲ ဦးလေးဖြစ်သူအား ကမ်းပေးလိုက်ကာ လေးနက်စွာ ပြောလိုက်သည်။
"ဦးလေး...၊ ဒီပိုက်ဆံတွေကို ယူထားပါ…။"
"ဦးလေး ဒီမိသားစုမှာ ဒီနှစ်တွေအတွင်း ဘယ်လောက် ပင်ပန်းခဲ့ရလဲဆိုတာ ငါ သိပါတယ်။ ရှီမိသားစုရဲ့ ချုပ်ကိုင်မှုကိုလည်း အမျိုးမျိုး ခံခဲ့ရတယ် မဟုတ်လား…။"
"ကျွန်တော့အမေ နေမကောင်းတုန်းကလည်း ဦးလေးက ခိုးကြောင်ခိုးဝှက်နဲ့ပဲ လာကြည့်ခဲ့ရတာတွေ၊ ကူညီခဲ့ရတာတွေကိုလည်း ကျွန်တော အကုန်သိပါတယ်…။"
"ဒါပေမဲ့ အခုတော့ ဦးလေး ရှေ့ဆက်ပြီး ဒီလို ပင်ပင်ပန်းပန်း လုပ်စရာမလိုတော့သလို၊ ရှီမိသားစုရဲ့ ချုပ်ကိုင်မှုအောက်မှာလည်း နေစရာမလိုတော့ဘူး။ ဒေါ်လေးရဲ့ အဆဲအဆိုတွေကိုလည်း သည်းခံမနေ နဲ့တော့…။"
"အကယ်၍ ရှီမိသားစုကသာ ဦးလေးကို ထပ်ပြီး အခက်တွေ့အောင် လုပ်မယ်ဆိုရင်...၊ ငါ ရှီမိသားစုရဲ့ ကုမ္ပဏီတစ်ခုလုံးကို အပြတ်ဝယ်ပြီး ဦးလေးကိုပဲ စီမံခန့်ခွဲဖို့ ပေးလိုက်မယ်…။"
လျန်ထျန်း၏ နောက်ဆုံးစကားလုံးများမှာ ပြတ်သားလွန်းလှသဖြင့် မည်သူမျှ မငြင်းရဲသော အရှိန်အဝါ မျိုး ရှိနေလေသည်။ ရှီကျင်းသည်လည်း ချက်ချင်းပင် လျန်ထျန်းအနားသို့ လာကာ ဖားနားလိုက်သည်။
"လျန်ထျန်း...၊ အိုး...၊ မဟုတ်ပါဘူး။ အစ်ကိုကြီးရယ်...၊ ကျွန်တော်တို့ ရှီမိသားစုက ဦးလေးကို ဘယ်လို လုပ် အခက်တွေ့အောင် လုပ်ပါ့မလဲ..။"
"အစ်ကိုကြီးနဲ့ အခုလို ပတ်သက်မှုရှိနေမှတော့ ဦးလေးရဲ့ ကုမ္ပဏီဟာ ဒီလို လက်ခွဲအလုပ်မျိုးတွေကို လုပ်စရာ မလိုတော့ပါဘူး…။"
"ငါ ပြန်ရောက်တာနဲ့ အဖေ့ကို ပြောလိုက်မယ်၊ ငါတို့ဆီက အဓိက အရင်းအမြစ်တွေနဲ့ နည်းပညာတွေ အားလုံးကို ဦးလေးနဲ့ မျှဝေသုံးစွဲမယ်လို့။ အကယ်၍ ငါတို့ အုပ်စုတစ်ခု ထောင်ဖြစ်ခဲ့ရင် ဦးလေးကို လည်း ရှယ်ယာတွေ ပေးပါ့မယ်..။"
ရှီကျင်း စကားပြောနေသော်လည်း သူ၏ မျက်လုံးများမှာ လျန်ထျန်း ဦးလေးကို ပေးလိုက်သော ယွမ် (၄၀၀) ပေါ်မှ မခွာနိုင်ဘဲ ဖြစ်နေခဲ့သည်။ တစ်ခုသိထားရမည်မှာ ရှီမိသားစု၏ ကုမ္ပဏီတစ်ခုလုံး၏ တန်ဖိုး မှာပင် ယွမ် ရာဂဏန်းမျှသာ ရှိခြင်း ဖြစ်သည်။
လျန်ထျန်းက ယွမ် (၄၀၀) ကျော်ကို အကြွေစလေးများကဲ့သို့ သာမန်ကာလျှံကာ ထုတ်ပေးလိုက်နိုင်ခြင်း က သူ၏ နောက်ခံအင်အားမှာ မည်မျှ ကြီးမားကြောင်း ရှီကျင်းကို ပိုမိုယုံကြည်သွားစေခဲ့လေသည်။ ဤ ကဲ့သို့သော သူနှင့်သာ ပတ်သက်ခွင့်ရလျှင် မိမိတို့ မိသားစုလုပ်ငန်းမှာ နောင်တွင် အုပ်စုကြီးတစ်ခု အဖြစ် အောင်မြင်လာရန် မခဲယဉ်းတော့ချေ။
နောင်ရေးကို ထားဦးတော့၊ ယခု ဦးလေးထျန်းကျန့် လက်ထဲသို့ ရောက်သွားသော ယွမ် (၄၀၀) ကျော်သာ ကုမ္ပဏီထဲသို့ ရင်းနှီးမြှုပ်နှံလိုက်လျှင်ပင် ၎င်းမှာ ချက်ချင်းပင် ကြီးကျယ်သော ကုမ္ပဏီကြီးတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။ ရှီကျင်းသည် မိမိကြောင့် ဤသို့သော အဆက်အသွယ် ရရှိခဲ့ခြင်း ဖြစ်သဖြင့် မိမိကိုယ်ကိုယ်လည်း အမှတ်များစွာ ရလိုက်ပြီဟု ဝမ်းသာနေတော့သည်။
အခန်း (၂၆) အလှပန်းလေး၏ ဖိတ်ခေါ်မှု
ရှီကျင်း ဆိုသော ဤသူဌေးသားလေးမှာ ဒေါ်လေးနှင့် ဝမ်းကွဲညီထက် ပိုမိုအမြင်ကျယ်သူဖြစ်ကြောင်း ဝန်ခံရပေလိမ့်မည်။ သူဌေးသားဆိုရုံမျှမက အစွမ်းအစရှိ၍သာ ဖခင်ဖြစ်သူ၏ ကုမ္ပဏီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာခြင်းပင်။
ရှီကျင်း သဘောပေါက်သွားသည်မှာ လျန်ထျန်းသည် ဒေါ်လေးဖြစ်သူ ရှီလီလီနှင့် ဝမ်းကွဲဖြစ်သူ ထျန်းလဲ့ ကို မုန်းသော်လည်း ဦးလေးဖြစ်သူ ထျန်းကျန့်အပေါ်တွင်မူ သံယောဇဉ်ရှိနေဆဲ ဖြစ်သည်ဟူသော အချက်ပင် ဖြစ်သည်။
ထို့ကြောင့် ဦးလေးထျန်းကျန့်အား ကုမ္ပဏီ၏ အမာခံအရင်းအမြစ်များနှင့် နည်းပညာများကို ခွဲဝေပေး ခြင်းဖြင့် လျန်ထျန်းနှင့် ပတ်သက်ခွင့်ရရန် ကြိုးပမ်းခြင်းဖြစ်သည်။ လျန်ထျန်းက ရှီကျင်း၏ ဖားယားမှုကို တိုက်ရိုက်မတုံ့ပြန်ဘဲ ဦးလေးဖြစ်သူအား ပြောလိုက်လေသည်။
"ဦးလေး...၊ ကုမ္ပဏီကိစ္စတွေကို ဦးလေးစိတ်ကြိုက် ဆုံးဖြတ်ပါ။ တစ်ယောက်ယောက်က ဦးလေးကို ထပ်ပြီး အခက်တွေ့အောင် လုပ်လာရင် ကျွန်တော် အရင်ဆုံး အပြတ်ရှင်းပေးမယ်…။"
ဤစကားမှာ ဦးလေးကို ပြောခြင်းဖြစ်သော်လည်း အမှန်တကယ်၌ ရှီကျင်းနှင့် ဒေါ်လေးတို့အား သွယ် ဝိုက်သတိပေးလိုက်ခြင်းပင်။ ဦးလေးထျန်းကျန့်မှာ လက်ထဲရှိ ယွမ် (၄၀၀) ကျော်ကို ကိုင်ကာ မှင်တက် နေဆဲပင် ဖြစ်ပြီး လျန်ထျန်း၏ စကားကို စက်ရုပ်တစ်ရုပ်ကဲ့သို့ ခေါင်းညိတ်ပြရှာသည်။
နောက်ဆုံးတွင် လျန်ထျန်းက သူ၏ချမ်းသာမှုကို အခြားဆွေမျိုးများအား မပြောရန် မှာကြားခဲ့လိုက်၏။ လူ့သဘာဝသည် စမ်းသပ်မှုကို ခံနိုင်ရည်မရှိသဖြင့် မိမိချမ်းသာသည်ကို သိသွားပါက ပြဿနာများစွာ တက်လာမည်ကို လျန်ထျန်း ကောင်းစွာ သိရှိနေသောကြောင့် ဖြစ်၏။
လျန်ထျန်း ထွက်ခွာခါနီးတွင် ဒေါ်လေးနှင့် ဝမ်းကွဲညီတို့၏ အမူအရာမှာ (၁၈၀) ဒီဂရီ ပြောင်းလဲသွား တော့သည်။
"ရှောင်ထျန်း...၊ တူလေးရယ် စောစောက ဒေါ်လေးပြောတာတွေက နောက်တာပါ၊ ဒေါ်လေးတို့က ဆွေမျိုးအရင်းတွေပဲလေ...။"
ဒေါ်လေးဖြစ်သူက အဆိုးရွားဆုံး ကဲ့ရဲ့ခဲ့သူ ဖြစ်သော်လည်း ယခုမူ မီးဖိုချောင်ထဲမှ သရဲမတစ်ကောင် ပြုံးနေသကဲ့သို့ ဖားယားနေတော့သည်။
ထျန်းလဲ့ကလည်း ကပ်ဖားလာသည်။
"ဝမ်းကွဲအစ်ကို...၊ မင်းကို ငါ အမြဲ အထင်ကြီးခဲ့တာပါ။ စောစောက ငါ ခေတ္တမျှ ဝေခွဲမရဖြစ်သွားလို့ပါ။ ရှီကျင်းကို ပြောပေးပါဦး၊ ငါ့ကို ရာထူးကနေ မထုတ်ဖို့လေ။ ငါတို့က ညီကိုတွေပဲ မဟုတ်လား..."
လျန်ထျန်းက ထိုသားအမိ၏ စကားများကို ဂရုမစိုက်ဘဲ ပြတ်သားစွာပြောလျက်ထွက်လာခဲ့တော့သည်။
"ငါ စိတ်ကြည်မှပဲ စဉ်းစားပေးမယ်…။"
လမ်းမပေါ်တွင် လျန်ထျန်း လျှပ်စစ်စကူတာလေးကို စီးရင်း အလွန်ပျော်ရွှင်နေမိသည်။ ယနေ့ ဖြစ်ရပ် ကြောင့် ဦးလေးဖြစ်သူမှာ ရှီမိသားစု၏ ချုပ်ကိုင်မှုအောက်မှ လွတ်မြောက်သွားရုံသာမက ဒေါ်လေး၏ အနိုင်ကျင့်မှုကိုလည်း ခံရတော့မည် မဟုတ်ချေ။
လျန်ထျန်း မသိသည်မှာ သူယနေ့ ပေးခဲ့သော ယွမ် (၄၀၀) မှာ နောင်တစ်ချိန်တွင် ဦးလေးဖြစ်သူက ရှီမိသားစုလုပ်ငန်းများကိုပါ သိမ်းပိုက်ပြီးနောက် လျန်ထျန်းအား စတော့ရှယ်ယာအမြောက်အမြား ပြန်လည်ပေးအပ်မည့် အစပြုမှုလေးတစ်ခု ဖြစ်လာလိမ့်မည် ဟူသောအချက်ပင်။
အလုပ်များသော တစ်နေ့တာ၏အလွန်တွင် ပို့ဆောင်ခ ယွမ် (၃၀၀) နီးပါး ရရှိခဲ့ပြီးနောက် ဝမ်ရှောင်ရို့ထံ မှ ဖုန်းလာခဲ့လေသည်။
"လျန်ထျန်း...၊ အခု အားလားဟင်။ ကျွန်မ ညစာ ကျွေးချင်လို့ပါ…။"
အလှပန်းလေး၏ ဖိတ်ကြားမှုကို လျန်ထျန်း မငြင်းသာချေ။ ဝမ်ရှောင်ရို့ ရွေးချယ်ထားသော စားသောက် ဆိုင်မှာ ယခင်ကထက် ပိုမိုခမ်းနားသော အနောက်တိုင်း စားသောက်ဆိုင်ကြီး ဖြစ်သည်။ ဆိုင်အတွင်း၌ ဝတ်စုံဖြူလေးဖြင့် ထိုင်နေသော ဝမ်ရှောင်ရို့မှာ ယခင်ထက် ပိုမိုကျော့ရှင်းကာ လှပနေတော့သည်။ လျန်ထျန်းမှာ အစားအသောက်ပို့သူ ယူနီဖောင်းဝတ်လျက်ပင် ဝမ်ရှောင်ရို့နှင့် မျက်နှာချင်းဆိုင် ထိုင်နေ ရသဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေမိသည်။
"ရှောင်ရို့...၊ မင်း ဒီလောက် အဆင့်မြင့်တဲ့ဆိုင်ကို ရွေးထားမယ်မှန်း ငါ မသိလို့ အဝတ်အစား မလဲခဲ့ရ ဘူး...။"
ဝမ်ရှောင်ရို့က ပြုံးလျက် ပြောလိုက်သည်။
"ရှင် ဒီအတိုင်းလည်း ကြည့်ကောင်းပါတယ်။ ဒီနေ့က အရေးကြီးတဲ့ ကိစ္စရှိလို့ ပိုပြီး လေးနက်သွားအောင် ဒီဆိုင်ကို ရွေးလိုက်တာပါ…။"
လျန်ထျန်းမှာ ဝမ်ရှောင်ရို့၏ လေးနက်သော မျက်နှာကို မြင်ပြီး တွေးကာ ရင်ခုန်နေမိသည်။
*မင်း...၊ မင်း ငါ့ကို တစ်ခုခု တောင်းဆိုတော့မလို့လား...။*
သို့သော် ဝမ်ရှောင်ရို့က စာရွက်စာတမ်းတစ်ခု ထုတ်ပေးလိုက်သောအခါမှ လျန်ထျန်း၏ အတွေးများ ရပ်တန့်သွားသည်။ ၎င်းမှာ ဝမ်ကျားကုမ္ပဏီ၏ ရှယ်ယာ (၃၀) ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် စာချုပ်ဖြစ်သည်။ လျန်ထျန်း ပေးခဲ့သော (၅) ယွမ်ကြောင့် ဝမ်မိသားစု၏ လုပ်ငန်းများ ပြန်လည် နာလန်ထူလာခဲ့သဖြင့် ကျေးဇူးဆပ်ခြင်းပင် ဖြစ်၏။
"ရှောင်ရို့...၊ ငါ ဦးလေးကို ကူညီတုန်းက ရှယ်ယာတွေ လိုချင်လို့ မဟုတ်ပါဘူး...။"
ဝမ်ရှောင်ရို့က ပြုံးလျက်ပင် ဖြတ်ပြောလိုက်သည်။
"လျန်ထျန်း...၊ ကျွန်မ နားလည်ပါတယ်။ ဒါပေမဲ့ ဒါက ကျွန်မအဖေရဲ့ စေတနာပါ။ ကျွန်မအဖေက အတော်လေး ခေါင်းမာတတ်သူဆိုတော့ ရှင်ပဲ လက်ခံပေးပါနော်…။"
လျန်ထျန်းမှာ သက်ပြင်းချရင်း ထိုရှယ်ယာစာချုပ်ကို လက်ခံလိုက်ရတော့သည်။ ထို့နောက် နှစ်ဦးသား စကားလက်ဆုံကျနေစဉ်မှာပင် လူတစ်ယောက်၏ အော်သံက ထွက်ပေါ်လာသည်။
"ဝမ်ရှောင်ရို့..."
လှည့်ကြည့်လိုက်ရာ မျက်နှာထား မကောင်းသော လူငယ်တစ်ဦးက လျန်ထျန်းတို့ဆီသို့ လျှောက်လာ သည်ကို တွေ့လိုက်ရသည်။ သူသည် အဖိုးတန် တံဆိပ်အဝတ်အစားများ ဝတ်ဆင်ထားပြီး အထူးသဖြင့် သူ၏ LV ခါးပတ်ကြီးမှာ အလွန်ပင် ပေါ်လွင်နေတော့သည်။