တိုက်ပွဲနတ်ဘုရား ဇီယန်၏ ကံဆိုးမိုးမှောင်ကျခြင်း
Vol. 24 Ch. 327
“အဲ့တာက လူမျိုးတုံးတိုက်ပွဲကြီလား။”
လူတိုင်းက အဝေးမှ မီးဘောလုံးကြီးအား ကြောင်ငေးကြည့်နေကြတော့သည်။
“အဲ့တာက နတ်ဘုရားတွေရဲ့ စွမ်းအင်၊ ဘုရားသခင်ရဲ့ အပြစ်ပေးမှု တစ်ခုပဲ။”
“တိုက်ပွဲနတ်ဘုရား ရှုမင်က ရှင်းကျင်းတောင်မှာ မလား။ သူက…”
“သူက ဘုရားသခင် ဒေါသထွက်စေလောက်တဲ့ အလွန်အမင်း ခွင့်မလွှတ်နိုင်စရာ တစ်ခုခုကို လုပ်ခဲ့တာဖြစ်မယ်။”
မွှေနှောက်ဖျက်ဆီးနိုင်သော အဏုမြူဗုံး၏ စွမ်းအင်မှာ ကျန်းချီကုန်းမြေကြီးမှ လူများ မြင်ဖူးသမျှ အရာအားလုံးထက်ပင် လွန်စွာကြီးမားနေ၏။
သူတို့က ကြီးမားလွန်းလှသော ဒုစရိုက် မြင်ကွင်းကြီးအား သူတို့မျက်လုံးထဲတွင် ကြောက်ရွံ့ရိုသေမှုအပြည့်ဖြင့် ငေးကြည့်နေကြ၏။
အန်လင်းနှင့် သူ့အဖွဲ့မှာလည်း လှပသော ဖျက်ဆီးခြင်း မြင်ကွင်းကို တိတ်တဆိတ် ကြည့်ရှုနေကြလေသည်။
ရွှမ်ယွမ်ချန်က အန်လင်းဆီမှတစ်ဆင့် တိုက်ပွဲနတ်ဘုရား ဇီယန်သည်လည်း ထိုနေရာတွင် ရှိနေေကြာင်း သိရှိပြီးဖြစ်ကာ သို့ဖြစ်ပါ၍ သူတို့က အခြေခံအားဖြင့် ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်လိုက်ခြင်းပင်။ သူက နေရာမှားတွင် အချိန်မှား၌ ရှိနေသည်ကို ရွေးချယ်မိခြင်းမှာ အလွန်အမင်း ကံဆိုးခြင်းသာပင်ဖြစ်၏။
“အခုဆိုရင် သူတို့တွေက ဘာတစ်ခုမှ ကျန်မနေလောက်တော့ဘူး။ ဟုတ်တယ်မလား။” ဟူကွမ်က ကမ္ဘာမြေပေါ်မှ နည်းပညာ၏ စွမ်းအားကို ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့တွေ့ရသည် ဖြစ်ရာ အလွန်အမင်း တုန်လှုပ်နေပေတော့သည်။
ယောင်မင်ရှီသည်လည်း စကားတစ်ခွန်းမှ မပြောနိုင်သော ငတုံးတစ်ကောင်အဖြစ်သို့ ပြောင်းသွားလေ၏။
အန်လင်းက ခေါင်းခါလိုက်၏။ ပုရွက်ဆိတ် ဘုရင်မက မည်ကဲ့သို့ လွတ်မြောက်အောင် စီစဉ်နိုင်ခဲ့သည်ကို သူက မမေ့သေးပါချေ။
မည်သည့် စွမ်းအားကြီး ပုဂ္ဂိုလ်ကိုမှ လျော့မတွက်ပါလေနှင့်။ သူတို့ပိုင်ဆိုင်ထားသော ဝှက်ဖဲကလည်း မည်သို့သော အခက်ခဲဆုံး အခြေအနေများတွင်မဆို ရန်ဖန်ရန်ခါ သူတို၏အသက်ကို ကယ်တင်နိုင်စွမ်းရှိလေ၏။
“သတိ မလျော့နဲ့အုံး။ သူတို့က သေချာပေါက်ကို ဒီလိုမျိုး တစ်စုံတစ်ခုတည်းနဲ့ အသက်ခံရဖို့အတွက် အစွမ်းထက်လွန်းတယ်။” အန်လင်းက အားပေးလိုက်၏။
ကံမကောင်းစွာပင် အဖြူရောင် အလင်းတန်းတစ်ခုက ပေါက်ကွဲမှုထဲမှ ကြယ်ကြွေတစ်စင်းကဲ့သို့ တစ်ဟုန်ထိုးထွက်လာသောအခါ သူ့၏ ကြိုးပမ်းမှုက အရာမရောက်ပါလိုက်ပေ။
အမောတကော အသက်ရှုနေသော ပုံရိပ်တစ်ခုက ကုန်းမြေပြောင်ပြောင်တွင် ပေါ်လာတော့၏။
ထိုပုံရိပ်ကို တိုက်ပွဲနတ်ဘုရား ဇီယန်က ပိုင်ဆိုင်ထားပြီး သူ့၏ အဝတ်များ အားလုံးက စုတ်ပြဲနေကာ သူ့အား အတွင်းခံတစ်ခုတည်းနှင့် ချန်ရစ်ထားပေတော့သည်။ သူခန္ဓာကိုယ်မှ အစိတ်အပိုင်း တော်တော်များများသည် ကြောက်မက်ဖွယ် အနီရောင်သို့ မီးကျွမ်းနေပြီး တစ်ချို့မှာ အနက်ရောင်အဖြစ် မီးကျွမ်းနေလေတော့သည်။
“ငါ၊ တိုက်ပွဲနတ်ဘုရား ဇီယန်က တစ်နေ့မှာတော့ မီးတောက်ကြောင့် အနာတရ ဖြစ်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။”
“ငါက ငါ့ရဲ့ မီးကို ခံနိုင်စွမ်းကို တိုးမြှင့်ပေးတဲ့ အံ့ချီးမီးတောက်၊ ကြီးမြတ်သန့်စင် မီးတောက်ကို ယဉ်ပါးစေနိုင်ပြီးတော့ ငါ့ကိုကာကွယ်ဖို့ အံ့ချီး လက်နက် စကြဝဠာ ကြေးမုံရှိနေတာ ဘုရားမတာပဲ။ မဟုတ်ရင်တော့ ငါအဲ့နေရာမှာ သေနေလောက်ပြီ…”
တိုက်ပွဲနတ်ဘုရား ဇီယန်က သူ့နောက်မှ ကမ္ဘာပျက်သည့်ပမာ ဖြစ်နေသော မြင်ကွင်းကို ကြည့်ရှုရင်း ကြောက်လန့်တကြားနှင့် တစ်ကိုယ်တည်း ရေရွတ်လာတော့သည်။
“ဟင်… မင်းမှာ အံ့ချီးမီးတောက်အပြင် အံ့ချီးလက်နက်လဲရှိနေတာလား။ အံ့ဩစရာပဲ။”
ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာပြီးနောက် တိုက်ပွဲနတ်ဘုရား ဇီယန်က အကြောက်တရားဖြင့် တုန်ယင်နေတော့သည်။
သူက လူခြောက်ယောက်ပါသောအဖွဲ့ တစ်ခုသည် သူ့ဆီသို့ လာနေသည်ကို တွေ့လိုက်ရ၏။
အဖွဲ့၏ရှေ့ဆုံးမှလူက သူလက်ဗလာဖြင့် အရှင်လတ်လတ် အရေခွံချွတ်ပစ်ချင်နေသော အမျိုးသားပင်။
“အန်လင်း… မင်းသုံတာ ဘယ်လို အောက်လမ်းပညာမျိုးလဲ။” တိုက်ပွဲနတ်ဘုရား ဇီယန်က အန်လင်းကို မြင်မြင်ချင်း အော်ဟစ်လာတော့၏။
“ပညာမတတ်တာက သနားစရာကောင်းလိုက်တာ။ ငါသုံတာက နည်းပညာလို့ခေါ်တယ်။ အောက်လမ်းပညာမဟုတ်ဘူး။” အန်လင်းက အေးစက်စွာပြုံးလိုက်ပြီး သူ့၏ သိုလှောက်လက်စွပ်ထဲမှ စက်ရုပ်နှစ်ခုကို ဆင့်ခေါ်လိုက်တော့သည်။ “မင်းက ငါ့ကို မယုံဘူးဆိုရင် ငါမင်းကို နည်းပညာ တစ်ချို့ကို ထပ်ပြီးပြလို့ရသေးတယ်နော်”။
တိုက်ပွဲ နတ်ဘုရား ဇီယန်က သတ္ထုစက်ရုပ်နှစ်ခုကို ကြည့်လိုက်ပြီးနောက် နှစ်ပေါင်းများစွာ အကြာတွင် ပထမဆုံး အကြိမ်အဖြစ် အကြောက်တရားက သူ့နှလုံးသားထဲတိုင် ပေါ်ပေါက်လာတော့သည်။
သူက မထိန်းချုပ်နိုင်တော့ပါပေ။ အဏုဗြူဗုံးက သူ့အား အလွန်အမင်းကြောက်လန့်စေ ပြီးပြီဖြစ်၏။
အဲ့တာက 'နည်းပညာ'လို့ခေါ်တဲ့ အောက်လမ်းအတတ်တစ်ခုလား။ ဘယ်လိုတောင် ကြောက်ဖို့ကောင်းရတာလဲ။
“အီး… ဒီတိုက်ပွဲနတ်ဘုရားက ဘာလို့ ကိုယ်လုံးတီးကြီး ဖြစ်နေရတာလဲ။ နှာဘူးကောင်ကြီး…” စုရှောင်လန်က အတွင်းခံသာ ဝတ်ထားသည့် တိုက်ပွဲနတ်ဘုရားကို မြင်ကာ ကျိန်ဆဲလာတော့သည်။
စုချန်းရန်ကတော့ နောက်ကိုဆုတ်သွားပြီး သူ့မ၏မျက်လုံးအား ပိတ်ကာ ရှက်သွေးဖြာနေလေတော့၏။
တိုက်ပွဲနတ်ဘုရား ဇီယန်က သူတို့၏တုံ့ပြန်မှုကြောင့် ပါးစပ်နှင့် အပြည့်သွေးများ ထွေးထုတ်လိုက်တော့သည်။
စောက်ကျိုးနည်း...မင်းတို့က ငါ့အဝတ်အစားတွေကို ဖြဲပစ်ပြီး အခုမှငါ့ကို နှာဘူးလို့လာခေါ်နေတယ်…
တရားမျှတမှုဆိုတာ ဘယ်မှာလဲ…
“မင်းရဲ့ ဘယ်ဘက်လက်ထဲက အံ့ချီးလက်နက်၊ စကြဝဠာ ကြေးမုံလား။ မင်းအသက်ရှင်ချင်သေးတယ်ဆိုရင် အဲ့တာကို ဒီကို လွှဲပေးလိုက်စမ်း…” အန်လင်းက အဖြူအမည်းမှန် တစ်ခုကို စူးရှသောအကြည့်များနှင့် ရှာတွေ့ပြီးဖြစ်၏။
“မင်းလုပ်ရဲလား… ငါကို ဒီလိုဖြစ်စေတာတောင် မင်းကိုပြန်မပေးဆပ်ခိုင်းရသေးဘူး။ အခုတော့ မင်းက ငါ့ကိုလာပြီး အမိန့်ပေးနေတယ်ပေါ့။” တိုက်ပွဲနတ်ဘုရား ဇီယန်က အော်ဟစ်လိုက်ကာ သူ့၏ အစွမ်းထက်လှသော အရှိန်အဝါက အန်လင်းနှင့် တခြားသူများအား ကြီးမားလှသော အရှိန်ဖြင့် တစ်ဟုန်ထိုးတိုက်ခိုက်လာတော့သည်။
“မင်းက ဒီမှာ ရွေးချယ်စရာမရှိဘူး။”
အန်လင်းက တုန့်ပြန်လိုက်ပြီး သူသည်လည်း သူ့၏ အစွမ်းထက် အရှိန်အဝါကို ပြန်လည် ထုတ်လွှင့်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် စုရှောင်လန်၊ စုချန်းရန်၊ ရွှမ်ယွမ်ချန်၊ ဟူကွမ်နှင့် ယောင်မင်ရှီတို့သည်လည်း သူတို့၏ အရှိန်အဝါများကို တိုက်ပွဲနတ်ဘုရားဆီသို့ ဦးတည် ထုတ်လွှတ်လိုက်လေ၏။
တိုက်ပွဲနတ်ဘုရား ဇီယန်က အများအပြား ထိခိုက်ဒဏ်ရာ ရနေပြီးဖြစ်ရာ တိုက်ပွဲပညာရှိ နောက်ဆုံးအဆင့် စစ်သည်တော်နှင့် ညီမျှသော စွမ်းအားကိုသာ စုစည်းနိုင်လေသည်။ အရှိန်အဝါ ခြောက်ခု၏ စုပေါင်းစွမ်းအား အောက်တွင် သူ့၏ အရှိန်အဝါက ချက်ချင်းပင် ချေမှုန်းခံလိုက်ရကာ နောက်ထပ် ပါးစပ်အပြည့်သွေးများ အန်ထွက်လာတော့၏။
“ငါမင်းကို စဉ်းစားဖို့အချိန် ဆယ်စက္ကန့်ပေးမယ်။ စကြဝဠာ ကြေးမုံကို လက်လွှဲပေး။ ဒါမှမဟုတ်ရင်တော့ ငါတို့က အဲ့ဒါအတွက် မင်းကို သတ်ရလိမ့်မယ်။” အန်လင်းက အလေးအနက်ပြောလာ၏။
စိတ်ရှုပ်ထွေးသော အမူအရာက တိုက်ပွဲနတ်ဘုရားဇီယန်၏မျက်နှာတွင် ပေါ်လာပြီး မကြာမီမှာပင် ပြန်လည် တည်ငြိမ်သွားတော့သည်။
“ဒီမှာ…” သူက အန်လင်းအား စကြဝဠာ ကြေးမုံကို ပစ်ပေးလိုက်၏။
ယခုအချိန်တွင် အသက်ရှင်ရန်မှာ အရေးအကြီးဆုံးသော အရာဖြစ်ပြီး တခြားမည်သည့်အရာကမှ သူ့၏ အသက်လောက်အရေးမပါ ပါချေ။
အန်လင်းက စကြဝဠာ ကြေးမုံကို ဖမ်းလိုက်ပြီး ထိုအထဲတွင် တိုးဝှေ့နေသော စွမ်းအင်များကို ခံစားလိုက်ရပြီးနောက်တွင်တော့ ကျေနပ်မှုဖြင့် ခေါင်းငြိမ့်လိုက်၏။ ထို့နောက်တွင်တော့ အဖွဲ့ထဲမှ ထိုအရာကို အလိုအပ်ဆုံးသောလူအား နောက်တစ်ချိန်တွင် ပေးအပ်ရန် သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။
“ဟုတ်ပြီ… နောက်ထပ် မင်းရဲ့ အံ့ချီးမီးတောက်ကို လက်လွှဲပေးစမ်း။” အန်လင်းက ထပ်မံပြောလာ၏။
တိုက်ပွဲနတ်ဘုရား ဇီယန်က ချက်ချင်းပင် အပြင်းအထန် ရယ်မောလာတော့သည်။ “ငါက မြင့်မြတ်သန့်စင်မီးတောက်ကို ယဉ်ပါးအောင်လုပ်ထားပြီးပြီ။ အခုဆိုရင်အဲ့တာက ငါ့ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေပြီ။ ငါက အဲ့တာကို ဘယ်လို လက်လွှဲပေးရမှာလဲ။”
အန်လင်းက အမှုမထားပဲ ပြန်ဖြေလာ၏။ “မင်းရဲ့မြင့်မြတ်သန့်စင်မီးတောက်ကို ငါ့ဆီကိုသာ လွှတ်လိုက်စမ်းပါ။ မီးတောက်ရဲ့ မူလရင်းမြစ်ကိုပါ လွှတ်လိုက်။ ငါ ပြန်မတိုက်ဘူးလို့ ကတိပေးတယ်။”
မာနကြီးလိုက်တာ… စိတ်ကြီးဝင်လိုက်တာ…
မီးတောက်က သူ့ဆီမှာ ယဉ်ပါးနေပြီးတော့ သူ့ကိုပဲ ပိုင်ရှင်အဖြစ်လက်ခံ ပြီးပြီကို။ သူက ဘယ်လိုမျိုး ခိုးယူမှာလဲ။
ပြီးတော့ သူက မီးတောက်တွေကို ပြန်ပြီး မတိုက်ခိုက်ဘူးလို့ စီစဉ်နေတာလား။
တိုက်ပွဲနတ်ဘုရား ဇီယန်က အံ့ကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်၏။ “ဟုတ်ပြီ။ ဒါပေမဲ့ မင်းက ပြန်မတိုက်ဘူးလို့ပြောထားတာတော့ အမှတ်ရနော်။”
သူက ဤအခွင့်အရေးအား ထိုမာနကြီးသော ကောင်စုတ်ကို ကြွပ်ကြွပ်ကြော်အဖြစ် မီးရှို့ပစ်ရန် အလိုရှိပါ၏…
“မြင့်မြတ်သန့်စင် မီးတောက်…”
သူက မြင့်မြတ်သန့်စင် မီးတောက်ကို ထုတ်လွှတ်လိုက်သောအခါ ကြီးမားသော ခွန်အားများက တိုက်ပွဲနတ်ဘုရား ဇီယန်၏ မျက်လုံးဆီမှ ရှေ့သို့ ပေါက်ကွဲထွက်လာတော့၏။ အဖြူရောင်မီးတောက်များက ကောင်းကင်တွင် ပူပြင်းလှသော မီးဘောလုံးတစ်ခုအဖြစ် သိပ်သည်းသွားလေတော့သည်။
သူက ပါးစပ်ကိုဖွင့်လိုက်ပြီးနောက် ပိုမိုတောက်ပသော အဖြူရောင် မီးဘောလုံးတစ်လုံးက ပိုကြီးသော မီးဘောလုံးအဖြစ် ရောစပ်သွားတော့၏။
လူတိုင်းက ချက်ချင်းပင် သူတို့ကို အသက်ရှုကြပ်စေနိုင်သော အလွန်ကြီးမားလှသည့် စွမ်းအားကို ခံစားမိကြ၏။
“ဖူး…”
တိုက်ပွဲနတ်ဘုရား ဇီယန်၏ဒဏ်ရာများက သူ့အား ထိုမျှအထိများပြားလှသော စွမ်းအင်များကို ကိုင်တွယ်အသုံးပြုနေခြင်းမှ တားဆီးနေပုံရကာ စတုတ္ထမြောက်သော နောက်ထပ် ပါးစပ်အပြည့် သွေးတို့ အန်လာလေ၏။
သို့သော်လည်း သူ့၏ မျက်လုံးများက အန်လင်းကိုကြည့်နေစဉ်တွင် အရင်ကကဲ့သို့ တောက်ပနေကာ “သွားစမ်း…”
ကြီးမားလှသော မီးဘောလုံးကြီးက တိုက်ပွဲနတ်ဘုရား၏ စေခိုင်းမှုဖြင့် အန်လင်းဆီသို့ မတားဆီးနိုင်သော အားအင်ဖြင့် တဟုန်ထိုး တိုက်ခိုက်လာတော့သည်။
ထိုသည်မှာ တိုက်ပွဲပညာရှိနောက်ဆုံးအဆင့် စစ်သည်များပင် ကြံကြံမခံနိုင်သော တိုက်ခိုက်မှုတစ်ခုပင် ဖြစ်၏။
စုရှောင်လန်က အန်လင်းအား စိုးရိမ်စွာကြည့်လိုက်လေ၏။
သို့သော်လည်း အန်လင်းက စိတ်လှုပ်ရှာမှုအပြည့်နှင့် ပါးစပ်ကျယ်ကျယ်ဖွင့်ကာ မီးဘောလုံးဆီသို့ တိုးဝင်သွားတော့သည်။
ထို့နောက် လူတိုင်းက ထူးဆန်းလှသော မြင်ကွင်းနှင့် နှုတ်ဆက်ခံလိုက်ရသည်။
ပူပြင်းလှသော မီးဘောလုံးက မီးတောက် စီးကြောင်းတစ်ခုအဖြစ်ပြောင်းကာ အန်လင်း၏ ပါးစပ်ထဲသို့ စီးဝင်နေ၏။
မီးတောက်ဘောလုံးကြီးက သေးသထက် သေးလာလေပြီ…
အဆုံးတွင်တော့ အဖြူရောင် မီးတောက် ရင်းမြစ်လေးက လွတ်မြောက်ရန် ကြိုးပမ်းသော်လည်း အန်လင်း၏ ပါးစပ်မှာ ဘလက်ဟိုးကြီးကဲ့သို့ပင်။ ထိုအရာက ထွက်ပြေးရန် အကောင်းဆုံးကြိုးစားနေသော်လည်း ရင်းမြစ်အား သူ့၏ ပါးစပ်ထဲသို့ စုပ်ယူလိုက်လေတော့သည်။
“ဂလု…”
“ဂေ့…”
အန်လင်းက သူ့၏ ဝမ်းဗိုက်အား စိတ်ကျေနပ်စွာပွတ်လိုက်ပြီးနောက် စနစ်ထဲရှိ စစ်မှန်မီးတောက်၏ တောင်ပံကျင့်ကြံခြင်း နည်းလမ်းဘေးတွင် 'သန့်စင်'ဟူသော စကားလုံးက ပေါ်လာတော့သည်။
“အံ့ချီးမီးတောက်က ပူနွေးလိပ်လို အရသာပဲ။” သူကဝေဖန်ချက်ပြုလာ၏။
စုရှောင်လန်၊ ရွှမ်ယွမ်ချန်နှင့် တခြားသူများက အံ့ဩတကြီး ပင့်သက်ရှိုက်နေကြတော့သည်။
ဤအရာကိုမြင်ရသည်မှာ ဒုတိယအကြိမ်ဖြစ်သော်လည်း စုချန်းရန်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေဆဲပင်။
ထိုအခိုက်တွင် တိုက်ပွဲနတ်ဘုရား ဇီယန်က ကျောက်ရုပ်တစ်ရုပ် ဖြစ်နေလေပြီ။
သူ့၏ မြင့်မြတ်သန့်စင် မီးတောက်က အစားခံလိုက်ရသည်။ ထိုအရာနှင့် သူ့ကြားရှိ ပဋိညာဉ် ဆက်နွှယ်ချက်မှာ တည်ခင်းသုံးဆောင်ခံလိုက်ရပြီဖြစ်သည်…
သူက လုံးဝပင် ပြောစရာ စကားမဲ့နေလေချေပြီ။
“အဲ့တာက ငါ့ရဲ့ အံ့ချီး မီးတောက်လေ။ သူက ဘယ်လိုလုပ် စားလိုက်တာလဲ။”
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ဒါရဲ့နောက်မှာ ဘာအကြောင်းပြချက်တွေ ရှိနေတာလဲ။”
“မီးကို အဲ့လိုကြီး စားလိုက်တော့ အပူမလောင်ဘူးလား။”
“ငါ အိပ်မက် မက်နေတာများလား။”
“ငါက ဘယ်ရောက်နေတာလဲ။ ငါဘယ်သူလဲ။”
တိုက်ပွဲနတ်ဘုရား ဇီယန်က ရူးသွပ်သွားလေပြီ။
အန်လင်းက ရွှင်ပြသော အမူအရာဖြင့် တိုက်ပွဲနတ်ဘုရား ဇီယန်ဆီသို့လျှောက်လာ၏။ “ဧည့်ဝတ်ကျေမှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာ ဇီယန်။ အစ်ကို့မှာ ကျွန်တော့ကို ပေးဖို့ တခြားဘာ ရှိသေးလဲဟင်။”
တိုက်ပွဲနတ်ဘုရား ဇီယန်က မထိန်းချုပ်နိုင်လောက်အောင် တုန်ရီနေပြီး သူ့၏ ဗလာကျင်းနေသော ကိုယ်ကို ငုံ့ကြည့်လိုက်၏…
မျက်ရည်များက သူ့၏မျက်နှာပေါ်တွင် စတင်ကျဆင်းလာပြီး “မင်း ငါ့ရဲ့ အတွင်းခံတွေ လိုချင်လား။”
***