← Chapters

အဆင့်ဆင့် မေးခွန်းများနှင့် ဦးဆောင်လမ်းပြ

Vol. 24 Ch. 328

အဆင့်ဆင့် မေးခွန်းများနှင့် ဦးဆောင်လမ်းပြ

Vol. 24 Ch. 328

အန်လင်းက တိုက်ပွဲနတ်ဘုရား ဇီယန်၏ အပြာရောင်အတွင်းခံကို အလေးအနက်အမူအရာဖြင့် စိုက်ကြည့်လိုက်၏။

ဟင်...အဏုမြူဗုံးပေါက်တာကနေ ရှင်သန်လာနိုင်တာဆိုတော့ ပါဝင်ပစ္စည်းက အတော်လေး ထူးခြားလောက်မည်။

သို့သော်လည်း သူက ရက်ရောမှုကို အသိအမှတ်ပြုလိုက်ကာ ခေါင်းခါလိုက်ပြီးနောက် “စီနီယာဇီယန်၊ အလွန်အကျူးမလုပ်ခြင်းနှင့် နောက်ကြောင်းပြန်လို့မရခြင်းရဲ့ အရေးကြီးမှုကို ကျွန်တော် နားလည်ပါတယ်။ အဲ့တာမို့ အစ်ကိုရဲ့ အတွင်းခံကိုတော့ အစ်ကိုပဲ သိမ်းထားလိုက်ပါ။”

တိုက်ပွဲနတ်ဘုရား ဇီယန်၏ နှုတ်ခမ်းများက အလွန်အမင်း တွန့်ချိုးသွား၏။

အလွန်အကျူးမလုပ်ဘူး…

ငါလူးပဲ။ ငါဆီမှာ ရှိသမျှကို ယူပြီးမှ အဲ့လို အဓိပ္ပာယ်မရှိတာတွေ လာပြောနေတယ်ပေါ့။

ဓားအင်မော်တယ်အန်လင်းရေ မင်းရဲ့အရေပြားက စိန်နဲ့လုပ်ထားတာလား။

“ဒါဆိုရင် ငါအခုသွားလို့ရပြီလား။ ဓားအင်မော်တယ်အန်လင်း…” တိုက်ပွဲနတ်ဘုရား ဇီယန်က အပြုံးတစ်ခုကို တွန်းအားပေးလိုက်၏။

အန်လင်းက ခပ်ဖွဖွ မျက်တောင်ခတ်လိုက်ပြီး “ ငါကမင်းငါ့ကို မင်းပစ္စည်းတွေပေးရင် အသက်ချမ်းသာပေးမယ်လို့ပဲ ​ကတိပေးထားတာလေ။ မင်းကို လွှတ်ပေးမယ်လို့မပြောပါဘူး။”

“သောက်ကျိုးနည်း…” တိုက်ပွဲနတ်ဘုရား ဇီယန်၏ မျက်လုံးများက ဒေါသဖြင့် ပြူးကျယ်လာလေတော့သည်။ သူက အန်လင်းက မည်မျှ အရေထူသလဲဆိုတာကို လျှော့တွက်ထားမိခြင်းပင်။

“စိတ်မပူပါနဲ့။ ငါက မေးခွန်းနည်းနည်းလောက်ပဲ ထပ်မေးချင်တာပါ။” အန်လင်းက တိုက်ပွဲနတ်ဘုရား ဇီယန်ကို ပြုံးပြလိုက်ပြီးနောက် စက်ရုပ်တွေဆီသို့ လှည့်သွားလေ၏။ “တိုက်ပွဲနတ်ဘုရား ဇီယန်ကို လက်ထိတ်ခတ်လိုက်…”

စက်ရုပ်နှစ်ကောင်က ချက်ချင်းပင် ဝင်ရောက်တိုက်ခိုက်ကာ တစ်လတ်လတ်တောက်ပနေသော လျှပ်စစ်သံလိုက် လက်ထိပ်များကို ဇီယန်၏ လည်ပင်း၊ လက်ကောက်ဝတ်များ၊ ခါးနှင့် ခြေချင်းဝတ်များကို အတင်းအကြပ် ခတ်လိုက်လေသည်။

“ဘာ… မင်းက ဘာသိချင်တာလဲ။” အလွန်အမင်းအရှက်ရခြင်းက တိုက်ပွဲနတ်ဘုရား ဇီယန်၏ နှလုံးသားထဲတွင် ဖြစ်တည်လာ၏။

အန်လင်းက ရွှမ်ယွမ်ချန်နှင့် တခြားသူများကို စုစည်းလိုက်ပြီး တိုက်ပွဲနတ်ဘုရား ဇီယန်ကို ရက်စက်ကြမ်းကြုတ်သော အပြုံးများဖြင့် ဝိုင်းရံလိုက်ကြ၏။

ပထမဆုံး စကားပြောလာသည်မှာ အန်လင်းဖြစ်သည်။ “ပထမမေးခွန်းက တခြား အံ့ချီး လက်နက်တွေနဲ့ အံ့ချီး မီးတောက်တွေက ဘယ်မှာလဲဆိုတာ သိလား။”

တိုက်ပွဲနတ်ဘုရား ဇီယန်က ခေါင်းခါပြကာ “မသိဘူး။ ဒါပေမဲ့ သူတို့က ရှေးဟောင်းကုန်းပြင် နယ်ပယ်မှာ ရှိတယ်လို့တော့ ကြားဖူးတယ်။”

သူက သူ့၏ စကားကို အဆုံးသတ်လိုက်သည်နှင့် စွမ်းအားကြီး လျှပ်စစ်လှိုင်းများက လျှပ်စစ်သံလိုက် လက်ထိတ်များမှတဆင့် ဝင်ရောက်လာတော့သည်။ “ပီ… ဇစ် ဇစ် ဇစ်…”

လျှပ်စီးက သူ့၏ ခန္ဓာကိုယ်ထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာ၏။

တိုက်ပွဲနတ်ဘုရား ဇီယန်၏ မျက်လုံးများက လည်ထွက်သွားပြီးနောက် အဖြူရောင်မီးခိုးများက သူ့၏ ပါးစပ်မှ ထွက်လာလေတော့သည်။

အန်လင်းက ခပ်ဖွဖွ ရယ်ရင်း “ အဲ့ဒီ့ လျှပ်စစ်သံလိုက် လက်ထိတ်တွေမှာ မုသားဖော်တဲ့ လုပ်ဆောင်ချက်ပါတယ်။ ဟိဟိ… အဲ့တာက မင်းတို့လို လူလိမ်တွေအတွက် ကွက်တိပဲ…”

တိုက်ပွဲနတ်ဘုရား ဇီယန်က မယုံနိုင်လောက်အောင် အံ့အားသင့်သွား၏။ အဲ့တာဆို ဒီဟာကအဲ့ အဲ့ဒီ့'နည်းပညာ' ဆိုတဲ့ အောက်လမ်းအတတ်ပဲပေါ့… ကြောက်စရာကောင်းလိုက်တာ။

“နောက်တစ်ခေါက်ထပ်မေးမယ်။ တခြား အံ့ချီး လက်နက်တွေနဲ့ အံ့ချီးမီးတောက်တွေက ဘယ်မှာလဲ ပြောစမ်း။” အန်လင်းက ထပ်မံမေးလာတော့သည်။

တိုက်ပွဲနတ်ဘုရားဇီယန်က ထပ်မံ မလိမ်ဝံ့တော့ပါချေ။ “လရောင်ရှုခင်းမီးတောက်က ပင်လယ်ပြာ၏ ပင်လယ်လိပ်ဘီလူးကျွန်းရဲ့  သမုဒ္ဒရာအောက်ကမ်းခြေမှာ ရှိပါတယ်။ အဲ့တာက တစ်ခါတစ်လေ ပင်လယ်ရေတွေနဲ့ ပေါင်းစပ်ပြီးတော့ သမုဒ္ဒရာအောက်ကမ်းခြေမှာ မီးတောက်အဖြစ် ခဲသွားပြီး တစ်ခြားအချိန်တွေမှာ ယဉ္ပါးအောင်လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ကောင်းကင် ဟာလာပြင် မီးတောက်ကတော့ ရှေးဟောင်း ကုန်း​ပြင်နယ်ပယ်ရဲ့ မြောက်ဘက်ပိုင်းမှာ ရှိတယ်လို့တော့ကြားဖူးပေမဲ့ တစ်ခါမှ မမြင်ဖူးပါဘူး။ အံ့ချီးလက်နက် အဖြူရောင် အလင်းဖြာထွက် ပုတီးစေ့ကတော့ လောလောဆယ် တိုက်ပွဲနတ်ဘုရား ပိုင်ချောင်ရဲ့ ပိုင်ဆိုင်မှုအောက်မှာ ရှိပြီး အံ့ချီးလက်နက် မိုးပြာရောင် သမုဒ္ဒရာဓားနဲ့ အံ့ချီးမိုးကြိုး​ ကျောက်ပြားကတော့ ဒဏ္ဍာရီတွေထဲမှာပဲ ကြားဖူးတာ။”

အန်လင်းက လျှပ်စစ်သံလိုက် လက်ထိတ်များကို ကြည့်လိုက်ကာ သူတို့ဆီမှ လျှပ်စီးထွက်လာခြင်း မရှိသောအခါမှသာ စိတ်ကျေနပ်မှုဖြင့် ခေါင်းငြိမ့်လိုက်၏။

တိုက်ပွဲနတ်ဘုရားဇီယန်က မောပန်းမှုကြောင့် မြေပြင်ပေါ်သို့ ပုံကျသွား၏။ သူက များပြားလှသောဒဏ်ရာများနှင့် ကြောက်လန့်မှုကို ကြုံကြိုက်ခဲ့ပြီးဖြစ်၏။ အခုတွင်မူ ဓာတ်လိုက်ခြင်းကို မည်သို့ တောင့်ခံနိုင်မည်နည်း။ သေချာပေါက် သူက အန်လင်းလိုချင်သော အဖြေများကို ပေးအပ်ကာ သူအသက်ရှင်မည်မှာ သေချာသွားပြီးနောက် မည်သည်က စောင့်မနေပါချေ။

“ဒုတိယမေးခွန်းက နတ်ဘုရား အင်မော်တယ် ရှောင်ယန်ရဲ့အကြောင်းကို ဘယ်လောက်သိထားလဲ။” အန်လင်းက သူ့၏ မေးမြန်းမှုကို ထပ်မံပြုလုပ်လာ၏။

တိုက်ပွဲနတ်ဘုရား ဇီယန်က အန်လင်းထိုမေးခွန်းကို မေးလာသည်အား အံ့ဩသွားပုံ မပေါ်ပါချေ။ “နတ်ဘုရား အင်မော်တယ် ရှောင်ယန်က လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ဒီကမ္ဘာပေါ်မှာ ပေါ်လာတာ။ မဟုတ်ဘူး သူက ဒီအတိုင်း ဖြတ်သွားတာ။”

“ဟိဟိ… ငါက အဲ့တုန်းက တိုက်ပွဲနတ်ဘုရားအဆင့်ကို ရောက်ခါစပဲရှိသေးတာ ပြီးတော့ ငါ့ကိုယ်ငါ အင်အားအကြီးဆုံးလို့ ထင်နေတာ ဒါပေမဲ့ ငါက တစ်ချက်တည်းနဲ့ သူ့ကိုရှုံးနိမ့်ခဲ့တယ်။ အဲ့တုန်းက သူက ငါ့အထက်တစ်ဆင့်ကဆိုတာ သိလိုက်တယ်။ သူက မင်းတို့လိုပဲ တိုက်ပွဲချီရဲ့ ဆန့်ကျင်ဖက် စွမ်းအင် ပုံစံတစ်မျိုးကို သုံးတာ။ သူက ကျန်းချီကုန်းမြေကြီးမှာ ခဏပဲပေါ်လာပြီးတော့ ခြေရာကောက်လို့မရအောင်ကို ပြန်ပျောက်သွားတာ။ သူ့ကို နောက်ဆုံးတွေ့လိုက်တာက ရှေးဟောင်း ကုန်းပြင်နယ်ပယ်ရဲ့ မြောက်ဘက်ဆုံးအပိုင်းမှာလို့တော့ ပြောကြတယ်။”

အန်လင်းနှင့်တခြားသူများက ထိုသည်ကို ကြားသောအခါမှသာ သက်ပျင်းချနိုင်ကြတော့သည်။

နတ်ဘုရား အင်မော်တယ် ရှောင်ယန် ဒီမှာပေါ်လာတယ်ဆိုတဲ့အချက်သည် သူတို့က လမ်းကြောင်းမှန်ပေါ်ရောက်နေခြင်းကို ဆိုလိုခြင်းပင်။ ယခုသူတို့လုပ်ရမည်ကတော့ သူတို့ကို ပေးလာသည့် လမ်းပြမှုတွေနောက်ကို လိုက်ရန်သာဖြစ်သည်။

ရွှမ်ယွမ်ချန်က အနည်းငယ် တွေးတောလိုက်ပြီးနောက်တွင်တော့ သူ့၏ကိုယ်ပိုင် မေးခွန်းတစ်ခုကို ထုတ်ပြောလာ၏။ “မင်း ငါတို့နဲ့ နတ်ဘုရား အင်မော်တယ် ရှောင်ယန်အပြင် တခြားကမ္ဘာက နောက်ထပ်ခရီသွားတွေရော တွေ့မိသေးလား။”

ဇီယန်က ခေါင်းခါပြကာ “မတွေ့ဘူး။”

အန်လင်းက တခြားသူအားလုံးကို ကြည့်လိုက်ပြီး “မင်တို့မှာ တခြားမေးစရာတွေ ရှိသေးလား။ သူအားနည်းနေတုန်း မေးထားကြနော်။”

ဇီယန် : “...”

ဟူကွမ်၏ မျက်နှာထက်တွင် သိလိုစိတ်အပြည့်နှင့် အမူအရာတစ်ခုပေါ်လာလေ၏။ “မင်းရဲ့ အတွင်းခံက ဘာနဲ့လုပ်ထားတာလဲ။”

ဇီယန်၏ နှုတ်ခန်းက တွန့်သွားပြီး သူက ထို တုံးအလှသော မေးခွန်းကို မဖြေချင်ပါပေ။

သို့သော် ထိုအချိန်တွင် “ပီ… ဇစ် ဇစ် ဇစ်… “

လျှပ်စီးက သူ့ခန္ဓာကိုယ်ထဲသို့ တစ်ဖန်စီးဝင်လာပြန်၏။

သူ၏ ပါးစပ်မှ အမြှုပ်များထွက်လာကာ သူ့၏ ခန္ဓာကိုယ်က ထိန်းမနိုင် သိမ်းမနိုင် တုန်ယင်လာပြီး သူက အန်လင်း၏ အဖွဲ့ကို နှလုံးသားထဲမှနေ၍ သေဆုံးသည်အထိ ကျိန်စာတိုက်လိုက်တော့သည်။

“ငါ့အတွင်းခံက သန့်စင်ယန်အတွင်းခံလို့ခေါ်ပြီး သူက အံ့ချီးချပ်ဝတ်တန်ဆာရဲ့ အောက်တစ်ဆင့်။ သူ့ရဲ့ ပါဝင်ပစ္စည်းက နူးညံ့ပြီးတော့ အသက်ရှုချောင်တယ်။ ပြီးတော့ သူက သန့်စင်ယန် အကာအကွယ်တစ်ခုကို ထုတ်လွှတ်ပေးပြီးတော့ ဝတ်ဆင်သူက အန္တရာယ်ကျရောက်နေရင် အာရုံခံပြီး ဝတ်ဆင်သူကိုကာကွယ်ပေးတယ်။ ပုံမှန်အခြေအနေတွေမှာဆိုရင် သူက သက်ဝင်လှုပ်ရှားခြင်း အစွမ်းကို ဆတိုးစေပြီးတော့ ပျိုမျစ်နုနယ်ပြီး ယန်စွမ်းအင်ကို သိပ်သည်းစေတယ်… “

တိုက်ပွဲနတ်ဘုရား ဇီယန်က မိမိကိုယ်ကို သတ်သေချင်နေသော အမူအရာဖြင့် ရှင်းပြလာလေ၏။

သူ့၏ ဖော်ပြချက်က အန်လင်းအား အတွင်းခံကို ချန်ထားပေးမည် ဟူသော ဆုံးဖြတ်ချက်ကို အလေးအနက် ပြန်လည် တွေးတောစေတော့သည်။

ဟူကွမ်နှင့် ယောင်မင်ရှီတို့သည်ပင် တိုက်ပွဲနတ်ဘုရား ဇီယန်၏ ပေါင်ကြားကို စူးစူးရှရှအကြည့်များဖြင့် ကြည့်နေကြ၏။

တိုက်ပွဲနတ်ဘုရား ဇီယန်၏ မျက်နှာတွင် မျက်ရည်များ စီးကျစပြုလာလေပြီ “မင်းက ငါ့ရဲ့ အတွင်းခံကိုပါ ယူမလို့တော့ မဟုတ်ဘူးမလား။”

“အဟမ်း… အတန်းဖော်အန်လင်း မင်းပြောခဲ့တဲ့ နောက်ကြောင်းပြန်လို့မရခြင်းကို သတိရပါအုံး။” ရွှမ်ယွမ်ချန်က ခပ်ဖွဖွချောင်းဟန့်ကာ သတိပေးလာ၏။

စုရှောင်လန်နှင့် စုချန်းရန်တို့ကမူ ဤအရာကို ဆက်လက်သည်းမခံနိုင်တော့သည်မို့ အကြည့်များ လွှဲသွားပြီဖြစ်သည်။

“အဲ့တာဆိုလဲ ဟုတ်ပါပြီ။ စီနီယာ ဇီယန် ကျွန်တော်တို့ကို ကလဲ့စားမချေပါဘူးဆိုတဲ့ ကောင်းကင်တာအို ကျမ်းကျိန်ချက်လုပ်ပြီးရင် သွားလို့ရပါပြီ။” အန်လင်းက နောက်ဆုံးတွင်တော့ သူ့၏အတွင်းခံကို ဆွဲချွတ်မည့် ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကာ ထပ်မံပြောလာတော့သည်။

တိုက်ပွဲနတ်ဘုရားဇီယန်က ခိုင်းစေသည့်အတိုင်း ကျမ်းကျိန်ချက်ကို ပြုလုပ်လိုက်၏။ သူလုပ်ချင်သည်ကတော့ ဤနေရာမှ မြန်နိုင်သမျှ မြန်မြန် ထွက်ခွာရန်ဖြစ်သည်။

ငလူး… သူဒီမှာ ကြာကြာဆက်နေနေရင် အဲ့ကောင်စုတ်လေးတွေက စိတ်ပြောင်းပြီးတော့ သူ့အတွင်းခံကို တကယ်ကြီး လာချွတ်ချင် ချွတ်နေမှာ။

“ထပ်တွေ့ဖို့ မျှော်လင့်ပါတယ် စီနီယာ ဇီယန်…” အန်လင်းက နှုတ်ဆက်လက်ပြလာ၏။

“အဲ့တာဆို သွားခွင့်ပြုပါအုံး ဓားအင်မော်တယ် အန်လင်း…” တိုက်ပွဲနတ်ဘုရား ဇီယန်က ခေါင်းငြိမ့်ပြလာ၏။

ငါ့ဖင်ကြီးကိုပဲ ပြန်တွေ့နေလိုက်…

သူကတော့ ထိုကောင်စုတ်တွေကို ဘယ်တော့မှ ထပ်မတွေ့ချင်တော့ပေ။

လျှပ်စစ်သံလိုက် လက်ထိပ်များ ဖြုတ်ပြီးသည်နှင့် သူက ချက်ချင်းပင် နောက်ပြန်မကြည့်ပဲ အဝေးသို့ ပျံသန်းသွားတော့သည်။

အန်လင်းနှင့်တခြားသူများက သူထွက်ခွာသွားသည်ကိုကြည့်ကာ သက်ပျင်းချလာ၏။ နောက်ဆုံးတွင်တော့ ဤကမ္ဘာတွင် စွမ်းအားအကြီးဆုံးဖြစ်တည်မှုကို ထိုကဲ့သို့ စိတ်မကောင်းဖွယ်အခြေအနေသို့ ရောက်စေရသည်မှာ အလွန်ပင် နှိမ့်ချစရာ အတွေ့အကြုံတစ်ခုဖြစ်၏။

သူတို့က ထို့နောက်မှာတော့ မြေပြင်တွင် မဖော်ပြတတ်အောင် ကြီးမားလှသော ကျင်းကြီးတစ်ခုဖြစ်နေသည့် ပေါက်ကွဲမှုဖြစ်ရာ နေရာသို့ကြည့်လိုက်၏။

မီးတောက်များ၊ မီးခိုထူထူကြီးများနှင့် သေစေနိုင်လောက်သော ရောင်ခြည်ဖြာထွက်မှုများက လေထဲတွင် ဝဲခိုနေကာ တစ်ခါက လှပသောတောင်ကြီးအား ကမ္ဘာပေါ်မှ ငရဲအဖြစ်သို့ ပြောင်းလဲသွားစေတော့သည်။

အန်လင်းနှင့် တခြားသူများက ရောင်ခြည်ဖြာထွက်နေသော နယ်ပယ်ထဲသို့မဝင်ပါချေ။ ထိုအစား စက်ရုပ်နှစ်ခုအား ကိုယ်စားလှယ်လွှဲလိုက်လေ၏။

မျှော်လင့်ထားသည့်အတိုင်း သူတို့က မကြာမီမှာပင် ဓားရှည်တစ်ချောင်းနှင့် ပြန်လာတော့သည်။

ထိုသည်မှာ အလင်းတန်းနက်ဓားဟု ခေါ်ကြသည့် အံ့ချီးလက်နက်တစ်ခု ဖြစ်သော တိုက်ပွဲနတ်ဘုရား ရှုမင်၏ ဓားပင်ဖြစ်သည်။

အန်လင်းက စိတ်လှုပ်ရှားစွာဖြင့် ဓားကို သူ့၏ ဓားအိမ်မှ ဆွဲထုတ်လိုက်သောအခါ လေထုထဲတွင် စွမ်းအားထက် အနက်ရောင်လှိုင်းငယ်များက ပေါ်လာတော့၏။

ဓားပေါ်တွင်ထွင်းထုထားသော ခြင်္သေ့ကိုယ်နှင့် ခေါင်းတွင် ဂြိုလ်နှစ်ခုပါကာ ဒဏ္ဍာရီလာသားရဲ ပိုင်ဇီနှင့်တူသော ရက်စက်ကြမ်းကြုတ်သည့် အနက်ရောင်မကောင်းဆိုးဝါးတစ်ကောင်ရှိလေ၏။

“ကျန်းချီ ကုန်းမြေကြီးပေါ်က လက်နက်တွေက တိုက်ပွဲချီကိုပဲ တုံ့ပြန်တာမို့ ငါတို့သုံးချင်ရင် ပြန်ပြီး အထူပြုပြောင်းလဲရမှာ။ ဒါပေမဲ့ ဒီအံ့ချီးလက်နက်တွေကတော့ သက်ရှိစွမ်းအင်ကိုလဲ လက်ခံတယ်…” အန်လင်း၏ မျက်လုံးများက အရောင်တောက်လာလေ၏။

ဒီ အံ့ချီးလက်နက်ငါးခုက ဒီကမ္ဘာကြီးမှာ နတ်ဘုရား အင်မော်တယ် ရှောင်ယန်မရောက်ခင် ကတည်းက ရှိနေတယ်ဆိုသည်က အနည်းငယ် စိတ်ရှုပ်စရာပင်။

လူတိုင်းက ထိုမေးခွန်းကို တွေးတောနေကြစဉ်မှာပင် အန်လင်းက ထပ်မံပြောလာ၏။

“ဒီပြိုင်ဘက်ကင်း စိတ်ဝိညာဉ် ကိရိယာတွေဖြစ်တဲ့ အံ့ချီး လက်နက်တွေက သေချာပေါက်ကို အလွန်ရှားပါး ရတနာတွေပဲ။ ဒီနှစ်ခုကို အခုပဲ ဝေစုခွဲလိုက်ကြရင်ရော။ သူတို့ရဲ့ ပိုင်ရှင်ကို သူတို့ကိုယ်တိုင်ရွေးခွင့်ပြုလိုက်ရအောင်။”

အန်လင်းက စကြဝဠာကြေးမုံနှင့် အလင်းတန်းနက်ဓားအတွင်းမှ ပိုင်ဆိုင်မှုချိတ်စည်းကို ဖျက်လိုက်ပြီးနောက် မြေပြင်ပေါ်တွင် ချထားလိုက်တော့သည်။

လူတိုင်းက တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်လေ၏။ ပုံမှန်လုပ်ငန်းစဉ်မှာ စိတ်ဝိညာဉ် ကိရိယာများကို ဆွဲဆောင်ရန် သူတို့၏ သွေးအဆီအနှစ်ကို အသုံးပြုရမည်ဖြစ်ပြီး စိတ်ဝိညာဉ် ကိရိယာက အလိုရှိသော မည်သူကိုမဆို ပိုင်ရှင်အဖြစ် ဆုံးဖြတ်ကြသည်။

အန်လင်း၊ ရွှမ်ယွမ်ချန်၊ ယောင်မင်ရှီ၊ ဟူကွမ်၊ စုရှောင်လန်နှင့် စုချန်းရန်တို့က သူတို့ရှေ့တွင် မြောလွင့်နေသော သွေးအဆီအနှစ်တစ်စက်ကို ထုတ်လွှတ်လိုက်၏။

ထို့နောက် သူတို့က ချိတ်စည်း တစ်တန်းကြီးကို သူတို့လက်များဖြင့်ပြုလုပ်လိုက်ကြပြီး သွေးအဆီအနှစ် အစက်လေးများက မျက်စိကြိမ်းလောက်အောင် တောက်ပလာတော့သည်။

မြေပေါ်ရှိ အံ့ချီးလက်နက်နှစ်ခုက တစ်ချို့သော မမြင်နိုင်သည့် စွမ်အား၏ အောက်သို့ ရုတ်တရက်ရောက်ရှိသွားပုံပေါ်ကာ ချက်ချင်းပင် လှုပ်ယမ်း တုန်ခါစပြုလာတော့၏။

အလင်းတန်းနက်ဓားက သားရဲအော်သံတစ်ခု ထုတ်လွှတ်လိုက်ပြီး ဓားတစ်ခုလုံးက မြေပြင်မှ ကြွတက်လာတော့သည်။

စကြဝဠာ ကြေးမုံက အဖြူအမည်းရောနေသော အလင်းတန်းတစ်ခု ထုတ်လွှတ်ပြီး လေထဲသို့ ကြွလာကာ တိကျသေချာသော ဦးတည်ချက်တစ်ခုဆီသို့ ပျံသန်းသွားတော့သည်။

***

All Chapters