← Chapters

စစ်ပွဲ၏ မနှစ်သက်ဖွယ်ရာ အကျိုးဆက်များ 

Vol. 24 Ch. 329

စစ်ပွဲ၏ မနှစ်သက်ဖွယ်ရာ အကျိုးဆက်များ 

Vol. 24 Ch. 329

အန်လင်းက တုန်ခါနေသော လက်နက်နှစ်ခုကို ကြည့်ကာ တိတ်တဆိတ် ဆုတောင်းနေတော့သည်။

ကလေးလေး ဒီကို၊ ငါ့ဆီကို ပျံလာစမ်းပါ၊ ငါနဲ့အတူ စွမ်းအားလာပြစမ်းပါ…

စကြဝဠာ ကြေးမုံက ရွေ့လျားလာ၏။

သူက အဖြူအမည်း အလင်းရောင်တောက်ပနေပြီး သွေးအဆီအနှစ် ခြောက်စက်ထဲမှ တစ်ခုဆီသို့သွားကာ မျိုချလိုက်တော့သည်။

ရွှမ်ယွမ်ချန်က ခပ်ဖွဖွရယ်ကာ “အဲ့တာဆိုရင်တော့ ကြည့်ရတာ စကြဝဠာကြေးမုံက ငါ့ဟာဖြစ်သွားပြီပေါ့”

ရွှမ်ယွမ်ချန်က ပိုင်ဆိုင်မှုကို အတည်ပြုလိုက်ပြီး စကြဝဠာကြေးမုံကို လူတိုင်း၏ လေစားပြီး မနာလိုနေသောအကြည့်များအောက်တွင် သိမ်းဆည်းလိုက်လေတော့သည်။

ထို့နောက် အလင်းတန်းနက်ဓားကလည်း ချက်ချင်း စတင်လှုပ်ရှားလာ၏။

ထိုအရာက နောက်ထပ် သွေးအဆီအနှစ် တစ်စက်ဆီသို့ ဝှီးခနဲ ပျံသန်းသွားကာ ဝမ်းမြောက်သော မြည်သံတစ်ခု ထုတ်လွှတ်လာ၏။

ယောင်မင်ရှီက လူတိုင်းကို ရှက်ကိုးရှက်ကန်းကြည့်ကာ ဓားရှည်ကို သူ့လက်ထဲတွင် ဆုတ်ကိုင်လိုက်တော့သည်။ “ဒါဆိုရင်တော့… ငါဒါကို ယူလိုက်တော့မယ်နော်…”

“ယူလိုက်ပါ။ ဒါတွေအကုန်လုံးကို ကံတရားက အဆုံးအဖြတ်ပေးတာပဲ။”

အန်လင်းက သဘောထားကြီးသော အပေါ်ယံမျက်နှာတစ်ခု ဆင်မြန်းထားသော်လည်း သူ့၏နှလုံးသားကမူ နာကျင်မှုကြောင့် တဒိတ်ဒိတ်ခုန်နေပေတော့သည်။

သေစမ်း… အဲ့ဒီ့ရတနာတွေက ဘာလို့များ သူနဲ့ရေစက်မပါရတာလဲ။

ယခင်ပိုင်ရှင်များထံမှ သူလုယူထားသော ရတနာများမှလွဲ၍ အမှန်တကယ် ရတနာ တစ်ခုကမှ သူ့အား ပိုင်ရှင်အဖြစ် လိုလိုချင်ချင် မရွေးချယ်ခဲ့သည်ကို တွေ့ရ၏။

ရှဲ့ကလေးသည်ပင် သူ့အား လျစ်လျူရှုကာ အထင်သေးသည့်ပုံစံဖြင့် ဆက်ဆံခဲ့သည်။

အံ့ချီးလက်နက်များကို ခွဲဝေပေးပြီးနောက် လူတိုင်းက အနားယူရန် နေရာတစ်ခု ရှာဖွေကာ လောကကြီးက အခုလေးတင် ဖြစ်သွားသည့် ​ကမ္ဘာမြေအက်ကွဲစေနိုင်လောက်သော အဖြစ်အပျက်များကို သတင်းဖြန့်ရန် စောင့်နေပေတော့သည်။

ရှင်းကျင်းမြို့တော်၏ နယ်စပ်ရှိ မြို့ငယ်လေးတစ်ခုဆီသို့ အဖြူရောင် အလင်းတန်းတစ်ခုက ညကောင်းကင်ယံကို ဖြတ်သန်းကာ ပျံသန်းလာ၏။

လုဇွယ်ယွီမှာ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ရေနွေးကြမ်းကို နည်းနည်းစီသောက်နေစဉ်တွင် သူ့၏ တံခါးက ကျယ်လောင်လှသော အသံတစ်ခုနင့် ကန်ဖွင့်ခြင်းခံလိုက်ရပေသည်။

သူက မျက်လုံးများကို ခပ်ကျယ်ကျယ်ဖွင့်ပြီးနောက် အတွင်းခံမှ လွဲ၍ဘာမှမဝတ်ထားသည့် ခန္ဓာကိုယ်အနှံ့မီးလောင်ရာများဖြင့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရလေသည်။

“ဘာကြောင်ကြည့်နေတာလဲ။ စောက်အဝတ်အစားတစ်ချို့ ငါ့အတွက်ရှာပေးစမ်းပါ။” တိုက်ပွဲနတ်ဘုရား ဇီယန်က အော်ဟစ်လိုက်၏။

လုဇွယ်ယွီက မြင်ကွင်းကို ကြည့်ရင်း သူ့မျက်နှာပေါ်တွင် သဘောတကျ အပြုံးတစ်ခုက ပေါ်လာတော့သည်။ “အဝတ်အစားမရှာခင် မင်းရဲ့ဒဏ်ရာတွေကို ဆေးထည့်ဖို့အရင် တွေးသင့်တယ်မလား။”

“စောက်စကားပြောတာကို ရပ်ပြီး ငါ့အတွက် အဝတ်ရှာပေးစမ်းပါ။” တိုက်ပွဲနတ်ဘုရား ဇီယန်နှင့် လုဇွယ်ယွီတို့မှာ သူငယ်ချင်းကောင်းများဖြစ်ကြ သော်လည်း သူက လုဇွယ်ယွီနှင့် သူ့၏စကားလုံး၏များကို ဖြုန်းတီးရန် စိတ်မပါလှပေ။

လုဇွယ်ယွီက အဝတ်တစ်ချို့နှင့် မီးလောင်ဒဏ်ရာများအတွက် လိမ်းဆေးကို ယူလာပြီးနောက် နှစ်ခုစလုံးကို တိုက်ပွဲနတ်ဘုရား ဇီယန်ဆီသို့ ကမ်းပေးလိုက်၏။

“ကျွတ်… ကျန်းချီကုန်းမြေကြီးရဲ့ အင်အားအကြီးဆုံး ဖြစ်တည်မှုတွေထဲက တစ်ယောက်က အတွင်းခံပဲ ကျန်အောင် အဝတ်ဆွဲချွတ်ခံလိုက်ရမယ်လို့ ဘယ်သူကထင်မှာလဲ… မင်းဘာဖြစ်လာတာလဲ မေးဖို့ကိုတောင် ငါအတော်လေး ကြောက်နေပြီ…” လုဇွယ်ယွီက တိုက်ပွဲနတ်ဘုရား ဇီယန်ကို စာနာမှုအပြည့်နှင့် ကြည့်လိုက်၏။

တိုက်ပွဲနတ်ဘုရား ဇီယန်: “...”

လုဇွယ်ယွီ: “အဲ့တော့ မင်းက စကြဝဠာကြေးမုံကိုလဲ ဆုံးရှုံးလိုက်ရပြီပေါ့…”

တိုက်ပွဲနတ်ဘုရား ဇီယန်: “...”

လုဇွယ်ယွီက သူ့မျက်ခုံများကို ပွတ်သတ်ရင်း မေးလာ၏။ “ငါမင်းနဲ့အတူ အံ့ချီးမီးတောက်ရဲ့ စွမ်းအားကိုလည်း အာရုံခံလို့ မရတော့ဘူး။ အဲ့တာက မင်း မြင့်မြတ်သန့်စင်မီးတောက်ကိုပါ ဆုံးရှုံးလာတယ်လို့ ဆိုလိုတာလား။”

တိုက်ပွဲနတ်ဘုရား ဇီယန်: “...”

လုဇွယ်ယွီက သိလိုမှုအပြည့်နှင့် မျက်တောင်ခတ်လိုက်၏။ “ဒါဆိုရင် မင်းက ဘယ်လိုလုပ် အတွင်းခံတော့ ရှိနေသေးတာလဲ…”

တိုက်ပွဲနတ်ဘုရား ဇီယန်၏ မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာတော့သည်။ “ဘာတွေဖြစ်လာတာလဲလို့ မမေးဘူးလို့ မင်းပဲပြောတာမဟုတ်ဘူးလား။”

လုဇွယ်ယွီက ခပ်ဖွဖွ သက်ပျင်းချလိုက်၏။ “ဒါတွေ အားလုံးက ငါ့အမှားတွေပါ။ ငါသာ အားအင်အပြည့်ပြန်ရခဲ့ရင် မင်းက ဒီလိုမျိုး တစ်စုံတစ်ခု ကြုံရမှာမဟုတ်ဘူး။”

တိုက်ပွဲနတ်ဘုရား ဇီယန်က တိတ်ဆိတ်နေတော့သည်။

“ဒါဆိုရင် ဓားအင်မော်တယ် အန်လင်းက ဒီပေါက်ကွဲမှုကို လုပ်တာလား။” လုဇွယ်ယွီက မေးလိုက်၏။

တိုက်ပွဲနတ်ဘုရား ဇီယန်က ခေါင်းငြိမ့်ပြလိုက်သည်။

“ပြီးတော့ တိုက်ပွဲ နတ်ဘုရား ရှုမင်က သေပြီလား…” လုဇွယ်ယွီက ထပ်မေးလာ၏။

“အင်း…”တိုက်ပွဲနတ်ဘုရား ဇီယန်က ခေါင်းငြိမ့်လိုက်၏။

တိုက်ပွဲနတ်ဘုရား ရှုမင် ပြာကျသွားသည်ကို သူက သူ့မျက်လုံးများနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ ထိုအကြီးအကျယ် ဖျက်ဆီးသော မြင်ကွင်းကို ပြန်လည်တွေးမိသည့်အခါတိုင်း သူ့နှလုံးသားတွင် အကြောက်တရားက ရစ်ဝဲနေဆဲပင်။

လေထုက ရုတ်တရက် မဲမှောင်လာတော့သည်။

လုဇွယ်ယွီက ရုတ်တရက် ထပ်မံပြောလာ၏။ “ဒါပေမဲ့ အနည်းဆုံးတော့ မင်းက အသက်ရှင်ရက် ပြန်လာခဲ့တာပဲ။ ပြီးတော့ မင်းမှာ အတွင်းခံတစ်စုံလဲ ကျန်သေးတယ်။ ဟင်း… ကြည့်ရတာ ဓားအင်မော်တယ် အန်လင်းက တစ်စုံတစ်ယောက်၏ အရာအားလုံးကို မီးလောင်တိုက်မသွင်းသင့်ဘူး ဆိုတာရဲ့နောက်ကွယ်က ပညာရှိမှုကို နားလည်တဲ့ အကျိုးအကြောင်းသင့်တဲ့ အမျိုးသားတစ်ဦးဖြစ်ပုံပဲ။”

ထိုစကားကို ကြားရသည်နှင့် တိုက်ပွဲနတ်ဘုရား ဇီယန်၏ ပါးစပ်က အဟောင်းသား ဖြစ်သွားတော့သည်။ သူ့၏ သွေးထွက်နေသော နှလုံးသားထဲသို့ နောက်ထပ်ဓားတစ်ချောင်းက အညှာအတာမဲ့စွာ စိုက်ဝင်သွားသည်ဟု ခံစားလိုက်ရ၏။

တစ်စုံတစ်ယောက်ရဲ့ အရာအားလုံးကို မီးလောင်တိုက်မသွင်းသင့်ဘူး။ တစ်စုံတစ်ယောက်ရဲ့ အရာအားလုံးကို မီးလောင်တိုက် မသွင်းသင့်ဘူး…

တိုက်ပွဲနတ်ဘုရား ဇီယန်က မူးမေ့တော့မလို ခံစားလိုက်ရသည်။ “ကျေးဇူးပြုပြီး စကားပြောတာ ရပ်ပါတော့။ ငါတောင်းပန်ပါတယ်။ ငါ အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်လေး နေပါရစေ။”

“နောက်ဆုံးတစ်ခုပဲ။ နတ်ဘုရား အင်မော်တယ် ရှောင်ယန်က ငါ့တို့ကို ကူညီီဖို့ ငြင်းလိုက်တယ်လေ။ ဒါပေမဲ့ ကြည့်ရတာ ငါတို့ အဲ့ဒီလူတွေနဲ့ ဆက်သွယ်နိုင်တာ အသိအသာကြီးပဲကို။ သူတို့က တစ်နေ့ကျရင် ဒီကမ္ဘာကြီးကနေ ထွက်သွားမှာလေ။ မင်းက အနည်းဆုံးတစ်ခေါက်လောက်တော့ မကြိုးစားကြည့်ချင်ဘူးဆိုတာ သေချာလား။” လုဇွယ်ယွီ၏ အမူအရာများက အလေးအနက်ဖြစ်လာကာ စူစူးရှရှကြည့်ရင်း မေးလာ၏။

လေပြည်ညင်းလေးက အခန်းထဲဝင်ရောက်လာသည်မို့ ဖယောင်တိုင်မှ မီးလေးက အနည်းငယ် ယိမ်းယိုင်နေတော့သည်။

တိုက်ပွဲနတ်ဘုရား ဇီယန်က တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားလေတော့သည်။

…

နောက်တစ်ရက်တွင်တော့ တိုက်ပွဲနတ်ဘုရား ရှုမင်၏ သေဆုံးခြင်းသတင်းက တောမီးကဲ့သို့ ပျံ့နှံ့သွား၏။

ထိုအဖြစ်အပျက်က ကျန်းချီကုန်းမြေကြီးပေါ်တွင် သမိုင်းဝင်သွားတော့သည်။

ထိုသည်က လူများကို စိတ်ရှုပ်ထွေးအောင်လုပ်ကာ သူတို့နှလုံးသားထဲသို့ ထိတ်လန့် အံ့ဩမှုများ ပြည့်နှက်စေသော သတင်းဖြစ်၏။

တိုက်ပွဲနတ်ဘုရား ရှုမင်ဆိုသည်မှာ မည်သူနည်း။ သူက ကျန်းချီကုန်းမြေကြီးပေါ်ရှိ စွမ်းအားအကြီးဆုံး ဖြစ်တည်မှုသုံးဦးထဲမှ တစ်ယောက်ပင်။ သူ့သေဆုံးခြင်း၏ အကျိုး သက်ရောက်မှုက သေချာပေါက်ပင် ကမ္ဘာမြေကိုတုန်းလှုပ်စေနိုင်ပေသည်။

မကြာမီမှာပင် ဓားအင်မော်တယ် အန်လင်းက ထိုအဖြစ်အပျက်အတွက် တာဝန်ခံလိုက်ပြီး သူ့ကို ဆန့်ကျင်ရဲသည့် မည်သူ့ကိုမဆို ရှင်းကျင်းမြို့တွင် တိုက်ပွဲပြုလုပ်ရန် လူသိရှင်ကြား ကြေညာလိုက်တော့၏။

သူ့ကြေညာချက်နှင့် တိုက်ပွဲနတ်ဘုရား ရှုမင်တို့ သေဆုံးခြင်း ပေါင်းလိုက်သောအခါ ကုန်းမြေကြီးတစ်ခုလုံးကို နှလုံးသားထိတိုင် ကြောက်လန့်စေ၏။

ကုန်းမြေကြီးတစ်ခုလုံးက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့၏။အသက်တစ်ရာ​ကျော် လူကြီးများနှင့် မွေးကင်စကလေးငယ်များပင် ဓားအင်မော်တယ် အန်လင်း ဟူသောအမည်နှင့် အကျွမ်းတဝင်ရှိလာတော့သည်။

“တိုက်ပွဲနတ်ဘုရား ရှုမင်ရဲ့သေဆုံးခြင်းက ဓားအင်မော်တယ် အန်လင်းနဲ့ တစ်နည်းနည်းနဲ့ ဆက်စပ်နေမည်လို့ ငါထင်တယ်။ မျှော်လင့်ထားသလိုပဲ သူက တကယ်ကို တရားခံနေမှာ။”

“ဓားအင်မော်တယ် အန်လင်းက အဲ့လိုကြောက်စရာ လုပ်ဆောင်ချက်ကြီးကို လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...”

“သူတို့ရဲ့ တိုက်ပွဲက မနက်ဖြန်မှ မဟုတ်ဘူးလား။ အဲ့အစား ဘာလို့ မနေ့က ဖြစ်သွားတာလဲ။”

“သူက မစောင့်နိုင်တော့လို့ နေမှာပေါ့။ မျက်မြင် သက်သေတစ်ယောက်ဆီက ငါကြားတာတော့ တိုက်ပွဲနတ်ဘုရား ရှုမင်က ဓားအင်မော်တယ် အန်လင်းကို ဒေါသပုံထစေတဲ့ တစ်ခုခုပြောလိုက်လို့ သူက နေတစ်စင်းကို သူ့ဆီ ပစ်လွှတ်ပြီး ရှင်းကျင်းတောင်တစ်ခုလုံးကို အမှုန့်ချေပစ်လိုက်တာတဲ့။ တိုက်ပွဲနတ်ဘုရား ရှုမင်းက မလွတ်မြောက်နိုင်ပဲ နောက်ဆက်တွဲ ပေါက်ကွဲမှု​ထဲမှာ သေသွားတာတဲ့။”

“စောက်ကျိုးနည်း။ လူတစ်ယောက်က ဘယ်လိုလုပ် အဲ့လိုမျိုး လုပ်နိုင်တာလဲ။”

“အဲ့လို ကြောက်စရာ စွမ်းအားက ငါ့တို့အတွက်တော့ စိတ်ကူးလို့ကို မရနိုင်ဘူးလေ။ ဓားအင်မော်တယ် အန်လင်းက သေချာပေါက်ကို ကြောက်စရာကောင်းတာပဲ”

“ငါတို့က အခုဆို သူ့ကို တိုက်ပွဲနတ်ဘုရား အန်လင်းလို့ ခေါ်သင့်တယ်။ အိုရှင်းအင်ပါယာရဲ့ အုပ်ချုပ်သူက ဒီနေ့ကစပြီး ပြောင်းချင် ပြောင်းသွားတော့မှာ…”

…

ကုန်းမြေကြီးတစ်ခုလုံးက အထိတ်တလန့်နှင့် ကသောင်းကနင်း ဖြစ်နေလေတော့သည်။

လူခြောက်ယောက်က အိုရှင်းအင်ပါယာ၏ နန်းတော်ထဲတွင် သူတို့၏ အိမ်နောက်ဖေးထဲမှာ ရှိနေသကဲ့သို့ လျှောက်ကြည့်နေလေ၏။

နန်တော်ထဲရှိ အမှုထမ်းများနှင့် အရာရှိများက ထို အနန္တတန်ခိုးရှင်တို့၏ ဒေါသကို တစ်နည်းနည်းနှင့် ခံရမည်ကို ကြောက်လွန်းသဖြင့် မလှုပ်မယှက် ကိုယ်ကိုကျုံ့ထားကြသည်။

သူတို့အားလုံးက “ငါတို့ မင်းကို ဒီမှာစောင့်မယ်”ဟူသော သတင်းစကားကို ကုန်းမြေကြီး တစ်ခုလုံးသို့ ပေးပို့ရန် ထိုလူခြောက်ယောက်၏ ညွှန်ကြားခြင်းကို ခံထားရ၏။

ထိုစာကြောင်းမှာ အစပ်အဆက်မရှိပဲ မည့်သည့်အဓိပ္ပာယ်မှ မရှိသော်လည်း သူတို့၏ ပျောက်ဆုံးနေသော အဖွဲ့ဝင်များကတော့ သေချာပေါက် ထိုအဓိပ္ပာယ်ကို နားလည်ပေလိမ့်မည်။

သူတို့ခြောက်ယောက်သည် နန်းတော်ထဲတွင် ရုန်းရင်းဆန်ခတ်မပြုလုပ်ပြီး မည်သူ့ကိုမှလဲ မသတ်ပါ။ သူတို့က စာကြည့်တိုက်သို့သွားကာ အချက်အလက်များ ထပ်မံ မရှာဖွေမီတွင် အဆင့်မြင့် အရာရှိတစ်ချို့ကိုသာ စုစည်းလိုက်ပါသည်။

သမိုင်း၊ ပထဝီ၊ ကျင့်ကြံခြင်း နည်းလမ်းများနှင့် လေ့လာစူးစမ်းခြင်းများ…

“ဒီကုန်းမြေကြီးက သမိုင်းအရှည်ကြီး မရှိပါဘူး။ အဲ့တာတည်ရှိနေတာက နှစ်ပေါင်း တစ်သောင်းကျော်လောက်ရှိပြီ။ စွမ်းအားအကြီးဆုံး စစ်သည်တွေကို တိုက်ပွဲနတ်ဘုရားလို့ခေါ်တယ်။ အိုရှင်းအင်ပါယာရဲ့သမိုင်းမှာ ရှုမင်အပါအဝင် တိုက်ပွဲနတ်ဘုရား လေးယောက်ရှိတယ်လို့ မှတ်တမ်းတင်ထားတယ်။” စုရှောင်လန်က သူမ၏ လက်သွယ်သွယ်များဖြင့် စာအုပ်ကို လှန်ရင်း ​ဖြည်းညင်းစွာပြောလာ၏။

“တခြား တိုက်ပွဲနတ်ဘုရား သုံယောက်က ဘယ်မှာလဲ။” အန်လင်းက သိလိုစိတ်ပြင်းပြစွာမေးလာ၏။

စုရှောင်လန်က ပြန်ဖြေလာသည်။ “ပထမတစ်ယောက်က အသက်ကြီးလို့ သေသွားတယ်။ ဒုတိယတစ်ယောက်ရဲ့ မှတ်တမ်းတော့မတွေ့သေးဘူး။ တတိယတစ်ယောက်က တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်ရဲ့ လက်ထဲမှာသေသွားတယ်။”

အန်လင်းက ခေါင်းငြိမ့်ပြပြီးနောက် ရှောင်ယန် သင်္ချိုင်းဂူနှင့် ပတ်သတ်သော အချက်အလက်များကို ဆက်လက်ရှာဖွေနေလေတော့သည်။

သုံးရက်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။

အန်လင်းနှင့် တခြားသူများက ရှောင်ယန် သင်္ချိုင်ဂူနှင့် ပတ်သတ်၍ နတ်ဘုရား အင်မော်တယ် ရှောင်ယန်က မြောက်ဘက်သို့ ခရီးမသွားမီတွင် ကျန်းချီကုန်းမြေကြီးပေါ်၌ တိုက်ပွဲ နတ်ဘုရား သုံးဦးနှင့် တွေ့ဆုံခဲ့လေသည်ဟု ဖော်ပြထားသော စာကြောင်းတစ်ကြောင်းတည်းသာ ရှာတွေ့လေ၏။

သတင်းအချက်အလက်မှာ တိုက်ပွဲနတ်ဘုရား ဇီယန် ပြောပြထားသည်ထက်ပင် နည်းပါးနေကာ လူတိုင်းက စိတ်ပျက်ခြင်းကို ခံစားလိုက်ရ၏။

သို့သော်လည်း သူတို့က ကျင့်ကြံခြင်းနည်းလမ်းများ အကြောင်း သတင်းအချက်အလက် အများအပြား ရရှိထား၏။ တိုက်ပွဲချီနှင့် သက်ရှိစွမ်းအင် အသုံးပြုခြင်းနည်းလမ်းများတွင် တူနေသည်များ အလွန်များပြားရာ အဆင့်မြင့် တိုက်ပွဲချီ ကျင့်ကြံရေး နည်းလမ်းများအကြောင်း အသေးစိတ်ဖော်ပြထားသော စာအုပ်များက အလွန်အမင်းအသုံးဝင်လေ၏။ လူတိုင်းက ထိုအချက်အလက်ကို ရရှိပြီးနောက် ဉာဏ်အလင်းရသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

သူတို့က စာကြည့်တိုက်ထဲတွင် စာအုပ်များလှန်ရင်း အလုပ်ရှုပ်နေသော အချိန်တွင် ရှီလင်းအင်ပါယာမှ သတင်းတစ်ခုက သူတို့ဆီကို ရုတ်တရက် ရောက်ရှိလာတော့၏။

တိုက်ပွဲနတ်ဘုရားမ ပိုင်ချောင်က ဓားအင်မော်တယ်အန်လင်းအား စကားစမြည်ပြောရန် မြွေဝိညာဉ် နန်းတော်သို့ ဖိတ်ခေါ်လိုက်၏။

***

All Chapters