← Chapters

အခန်း (၃၂၄-၃၂၅)

Vol. 31 Ch. 324-325

အခန်း (၃၂၄-၃၂၅)

Vol. 31 Ch. 324-325

အခန်း (၃၂၄) သေမင်းတမျှ တိတ်ဆိတ်ခြင်း

ချန်ဖေး၏ လုပ်ရပ်ကို မြင်သောအခါ လျောင်ဟန်ချင်နှင့် အခြားသူများက အံ့အားသင့်သွားကြ၏။ မြို့တံခါးက ပွင့်တော့မည် ဖြစ်ရာ သူတို့က အဘယ်ကြောင့် ဤအခိုက်အတန့်တွင် ထွက်ပြေးနေကြသနည်း။ မြို့တံခါးက တစ်လလျှင် တစ်ကြိမ်သာ ပွင့်ကြောင်း သိရှိရန် သူတို့ အများကြီး ကြိုးစားခဲ့ရသည်။

မီဝမ်မြို့က အလွန် အန္တရာယ်များလွန်းလှ၏။ အကယ်၍ သူတို့ ယနေ့ည မထွက်ခွာပါက နောက်လအချိန်အထိ တောင့်ခံနိုင်မည်ဟု သူတို့ ယုံကြည်ချက် မရှိကြပေ။

အကယ်၍ သူတို့က နောက်ထပ် ရက်အနည်းငယ်လောက် တောင့်ခံနိုင်မည် ဆိုလျှင်ပင် ကြီးမားသော ပြဿနာ တစ်ခု ဖြစ်သည်။ နေ့စဉ် တစ္ဆေစစ်သည်များ ကင်းလှည့်ခြင်းက ကြောက်မက်ဖွယ် ကောင်းလှ၏။

ဝူယုံးကျောက် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ စိတ်ထဲတွင် အတွေးမျိုးစုံ ဖြတ်ပြေးသွားသည်။ သူက မြို့တံခါးကို တစ်ချက်ကြည့်လိုက်ပြီး ဖြစ်နိုင်ခြေ တစ်ခုကို သဘောပေါက်သွားကာ သူ၏ အမူအရာ ပြောင်းလဲသွား၏။ သူက ကျန်ရုံဟယ်ကို ဖမ်းဆွဲ၍ ထိုနေရာမှ ပျောက်ကွယ်သွားသည်။

ချန်ဖေး ထွက်ခွာသွားခြင်းက လျောင်ဟန်ချင်ကို တွေဝေသွားစေရုံသာ ရှိသော်လည်း ဝူယုံးကျောက် ထွက်ခွာသွားခြင်းကတော့ လျောင်ဟန်ချင်နှင့် ပေတိုမျှော်စင်မှ ကောရှန်းရှန်တို့ကို ချက်ချင်း စိုးရိမ်သွားစေ၏။

မီဝမ်မြို့တွင် ဝူယုံးကျောက်၏ ဖြစ်တည်မှုက ပြီးဆုံးရန် များစွာ လိုသေးသည်။ အမှန်တကယ်တော့ သူ၏ ကျင့်ကြံမှုက ပို၍ပင် နက်ရှိုင်းလာခဲ့ပြီး ဤတစ္ဆေမြို့တော် အပေါ် သူ သုတေသန အများအပြား ပြုလုပ်ခဲ့ကြောင်း ရှင်းလင်းစွာ ညွှန်ပြနေ၏။ ဤအခိုက်အတန့်တွင် သူ ထွက်ခွာသွားခြင်းကို လျစ်လျူရှု၍ မရနိုင်ချေ။

လျောင်ဟန်ချင်က ယခုအခိုက်အတန့်တွင် ဤနေရာ၌ ရပ်နေနိုင်ခြင်းမှာ သူ၏ လက်ထဲရှိ အဆင့်မြင့် ဝိညာဉ်ဓား၏ စွမ်းအားကြောင့်သာ ဖြစ်၏။ သို့မဟုတ်ပါက သူက ဤနေရာတွင် သေဆုံးသွားလောက်ပြီ ဖြစ်သည်။

လျောင်ဟန်ချင်တွင် မီဝမ်မြို့နှင့် ပတ်သက်၍ မေးခွန်းများစွာ ရှိနေသေးသည်မှာ အမှန်ပင် ဖြစ်၏။ အခြားသူများ၏ လုပ်ရပ်များက သူ့ကို စိုးရိမ်စေသည်။ ပေတိုမျှော်စင်မှ ကောရှန်းရှန်လည်း ချွင်းချက် မဟုတ်ပေ။

လျောင်ဟန်ချင်နှင့် ကောရှန်းရှန်တို့ အပြန်အလှန် ကြည့်လိုက်ကြသည်။ သူတို့တွင် မေးခွန်းများစွာ ရှိနေသော်လည်း သူတို့က ကြာကြာ မနေဝံ့ကြဘဲ ထိုနေရာမှ အမြန် ထွက်ခွာသွားကြ၏။

ရှန်းယန်ဂိုဏ်းမှ ဝူယုံးကျောက်နောက်သို့ မလိုက်ဝံ့သဖြင့် ဤအခိုက်အတန့်တွင် သူတို့က ဤနေရာ၌ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို သိရှိရန် ချန်ဖေးနောက်သို့သာ လိုက်နိုင်တော့၏။

သို့သော်လည်း ချန်ဖေးက စောစော ထွက်သွားခဲ့ပြီး သူတို့က သူ့နောက်သို့ လိုက်ရန် သွားသောအခါ သူ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

မိုင်အနည်းငယ် အကွာတွင် ယွီကျုံးရှင်းက ကုန်းမြင့်ပေါ်တွင် ရပ်၍ မြို့တံခါးဆီသို့ ကြည့်နေ၏။ လူအနည်းငယ်က တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားသည်ကို သူ ကြည့်နေရင်း သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင် တစ်ခု ပေါ်လာသည်။

ဤလူများက ယဇ်ကောင်များ ဖြစ်လာလိမ့်မည်ဟု ယွီကျုံးရှင်းက ယူဆထားခဲ့၏။

အကယ်၍ ဤလူများ သေဆုံးသွားမည် ဆိုပါက သူ့ကို မီဝမ်မြို့မှ ထွက်ခွာရန် အလွန် အထောက်အကူ ဖြစ်စေလိမ့်မည် ဖြစ်သည်။ မမျှော်လင့်ဘဲ သူတို့ အားလုံးက သန်းခေါင်ယံ အချိန်လေးမှာတင် ထွက်သွားခဲ့ကြ၏။

"စီနီယာ... ဟိုဘက်မှာ ဘယ်လိုနေလဲ... မြို့တံခါးတွေ ပွင့်ပြီလား..."

ကျင်ဝေမင်က သတိထား၍ မေးလိုက်၏။ ကျင်ဝေမင်က လုံလောက်သော ကျင့်ကြံမှု မရှိသဖြင့် ဤမှောင်မည်းနေသော ပတ်ဝန်းကျင်တွင် ဤမျှ ဝေးကွာသော အကွာအဝေးကို မြင်ရန် မဖြစ်နိုင်ချေ။

"မြန်ပါတယ်... ငါတို့ နည်းနည်းလောက် ထပ်စောင့်ဖို့ပဲ လိုတာပါ..."

ယွီကျုံးရှင်းက ကျင်ဝေမင်ကို ကြည့်လိုက်ရာ သူ၏ အကြည့်များက အနည်းငယ် တဖျပ်ဖျပ် လင်းသွားသော်လည်း သူ၏ မျက်နှာပေါ်တွင် ကြင်နာသော အပြုံးတစ်ခု ပေါ်လာ၏။

"ဒီတစ်ကြိမ် စီနီယာရဲ့ အကူအညီကို ရလိုက်တာ ကျွန်တော် အရမ်း ကံကောင်းတာပဲ... ဒီကျေးဇူးကို ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး..." ကျင်ဝေမင်က ယွီကျုံးရှင်းကို ကြီးစွာသော လေးစားမှုဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ငါတို့က တစ္ဆေမြို့တော်မှာ အချင်းချင်း ကူညီနေကြတာပါ... ရင်ထဲ ထည့်ထားစရာ မလိုပါဘူး..." ယွီကျုံးရှင်းက သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။

"စီနီယာက မြင့်မြတ်တဲ့လူပဲ..." ကျင်ဝေမင်က ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။

နှုတ်ခမ်းများတွင် အပြုံးလေး တစ်ခုဖြင့် ယွီကျုံးရှင်းက သူ၏ လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ သူတို့ နှစ်ယောက်မှာ ခန္ဓာကိုယ်များ မလှုပ်မယှက် ရှိနေသော်လည်း မျက်တောင်တစ်ခတ် အတွင်းမှာပင် ပျောက်ကွယ်သွား၏။

အကယ်၍ သူတို့က သာမန်မျက်စိဖြင့် မြင်နိုင်သည် မဟုတ်ပါက ထိုနှစ်ယောက်က ဤနေရာမှ ပျောက်ကွယ်သွားပြီဟုပင် ထင်မှတ်သွားနိုင်ပေသည်။

ပင်မလမ်းမကြီးပေါ်တွင် ချန်ဖေးက ချီရှူချင်း၊ ရန်ကျုံးယန်တို့နှင့်အတူ ဆေးခန်းမ အနီးသို့ အမြင့်ဆုံး အရှိန်ဖြင့် ပြေးပြန်လာခဲ့၏။

မြို့တွင်းရှိ အေးစိမ့်သော စွမ်းအားက ပို၍ ပြင်းထန်လာသည်။ ချီရှူချင်းနှင့် ရန်ကျုံးယန်တို့၏ ဒွာရသန့်စင်ခြင်း အဆင့် ကျင့်ကြံမှုနှင့်ပင် သူတို့က ခံနိုင်ရည်ရှိရန် ရုန်းကန်ခဲ့ရပြီး ယခုအခါ ဆက်လက် တောင့်ခံထားရန် ပို၍ ခက်ခဲလာကြောင်း တွေ့ရှိနေရ၏။

အချိန်အနည်းငယ် အကြာတွင် ဤအေးစက်မှုက သူတို့၏ ခန္ဓာကိုယ် အတွင်းသို့ စိမ့်ဝင်သွားမည်ကို သူတို့ စိုးရိမ်နေကြသော်လည်း ခုခံရန် သူတို့၏ စွမ်းအား အားလုံးကို မထုတ်လွှတ်ဝံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ညအချိန် အမှောင်ထု အောက်ရှိ တစ္ဆေမြို့တော်တွင် အလွန် သိသာထင်ရှားလွန်းသောကြောင့် ဖြစ်သည်။

ချန်ဖေးက သူတို့ကို ဆေးခန်းမသို့ ပြန်ခေါ်လာသောအခါ ချီရှူချင်းနှင့် ရန်ကျုံးယန်တို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသော်လည်း သူတို့၏ သံသယများကို သူတို့ဘာသာ သူတို့သာ သိမ်းဆည်းထားကြ၏။

ဤအခိုက်အတန့်တွင် ချန်ဖေးက သူတို့၏ နှလုံးသားထဲ၌ သေချာပေါက် ယုံကြည်ရဆုံး သူ ဖြစ်ပြီး ချန်ဖေး ဤသို့ လုပ်ဆောင်ရခြင်းမှာ အကြောင်းပြချက် တစ်ခု ရှိရမည် ဖြစ်သည်။ အကယ်၍ သူတို့က တစ္ဆေမြို့တော်တွင် အသက်ရှင်ချင်ပါက သူတို့က ချန်ဖေးအနားတွင် ကပ်နေရမည် ဖြစ်၏။

သန်းခေါင်ယံ အချိန်သို့ ရောက်ရန် အချိန်အနည်းငယ်သာ ကျန်တော့သဖြင့် ချန်ဖေးက မနှောင့်နှေးရဲပေ။ သူက ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်ကို အသက်သွင်းလိုက်ရာ သူ၏ လက်မောင်းက ပြိုင်ဘက်ကင်းသော ထက်မြက်သည့် ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားပြီး ချီရှူချင်းနှင့် ရန်ကျုံးယန်တို့ထံ ချက်ချင်း ခုတ်ပိုင်းသွား၏။

ချီရှူချင်းနှင့် ရန်ကျုံးယန်တို့ လန့်ဖြတ်သွားကြသည်။ ချန်ဖေး၏ လက်မောင်းက သူတို့၏ အသက်ကို ယူတော့မည့်အလား သူတို့အတွက် အလွန် ကြောက်မက်ဖွယ် ကောင်းနေ၏။

ရန်ကျုံးယန်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်သွားသော်လည်း သူက ချက်ချင်း ပြန်လည် တည်ငြိမ်သွားပြီး ချန်ဖေး အပေါ် သူ၏ အကြွင်းမဲ့ ယုံကြည်မှုကို သက်သေပြနေသည်။ ဘေးတွင် ရပ်နေသော ချီရှူချင်းက သူမ၏ မျက်လုံးများထဲတွင် ရုန်းကန်နေရမှုကို ပြသနေသော်လည်း နောက်ဆုံးတွင် ချန်ဖေး၏ တိုက်ခိုက်မှုကို မရှောင်တိမ်းခဲ့ပေ။

"ရွှစ်..."

ချန်ဖေး၏ လက်မောင်းက တစ်စုံတစ်ခုကို ခွာချလိုက်သကဲ့သို့ ချီရှူချင်းနှင့် ရန်ကျုံးယန်တို့က သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အေးစိမ့်မှု တစ်ခုကို ခံစားလိုက်ရပြီးနောက် သူတို့၏ အသက်ရှူသံ ပျောက်ကွယ်သွားကြောင်း သဘောပေါက်လိုက်၏။

ချန်ဖေးက ချီရှူချင်းနှင့် ရန်ကျုံးယန်တို့၏ အငွေ့အသက်များကို စုဆောင်း၍ ကြေးပြားများ အတွင်းသို့ လွှဲပြောင်းပေးလိုက်သည်။

ချန်ဖေး၏ ခန္ဓာကိုယ် အတွင်း၌ အရိပ် ကိုယ်ပွား ထွက်ပေါ်လာ၏။ ချန်ဖေးက သူ၏ ကိုယ်ပိုင် အသက်စွမ်းအင်ကို ဖြတ်တောက်လိုက်ပြီး သူနှင့် ကြွက်မိစ္ဆာ၏ အသက်စွမ်းအင်များကို အရိပ် ကိုယ်ပွား အတွင်းသို့ လုံးဝ ပေါင်းစပ်ပေးလိုက်သည်။ အရိပ် ကိုယ်ပွား၏ အသက်စွမ်းအင်က မြင့်တက်လာပြီးနောက် ချီရှူချင်းနှင့် ရန်ကျုံးယန်တို့၏ ချီစွမ်းအင်များ ပါဝင်သော အရာဝတ္ထု နှစ်ခုကို ဖမ်းဆုပ်လိုက်ပြီး ကြေးပြားများက ထိုနေရာမှ ပျောက်ကွယ်သွား၏။

ချန်ဖေး၏ အရိပ် ကိုယ်ပွားက ဆေးခန်းမ အိပ်ဆောင် အတွင်း၌ ပေါ်လာပြီး ကိုယ်ပွားက တင်ပျဉ်ခွေ ထိုင်ကာ သန်းခေါင်ယံ အချိန် ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း ပတ်ဝန်းကျင်ကို ကြည့်နေသည်။

လမ်းပေါ်တွင် ချီရှူချင်းနှင့် ရန်ကျုံးယန်တို့၏ စိတ်ထဲ၌ ခန့်မှန်းမှု အချို့ ရှိနေသော်လည်း သူတို့ နားမလည်သေးသော အရာများစွာ ရှိနေသေး၏။

"တစ္ဆေစစ်သည်တွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ ငါတို့ သုံးယောက်ရဲ့ အငွေ့အသက်တွေကို ဆေးခန်းမထဲမှာ ထားခဲ့တာ..."

အချိန် အနည်းငယ် ကျန်သေးသည်ကို မြင်သောအခါ ချန်ဖေးက ရှင်းပြလိုက်ပြီး ထိုလူနှစ်ယောက်၏ ပခုံးများကို ဖမ်းဆွဲကာ လမ်းထောင့် တစ်နေရာသို့ ခေါ်သွား၏။ သူက သူတို့ သုံးယောက် ပတ်လည်တွင် နှလုံးသား ပုတီးစေ့ အပိုင်းအစများကို ချထားလိုက်ပြီး ဖြစ်နိုင်ခြေရှိသော ထောက်လှမ်းမှု မှန်သမျှကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။

“ဘာလို့ မြို့တံခါးကနေ ထွက်သွားရတာလဲ…”

ချန်ဖေးက စကားပြောရန် ဆန္ဒရှိနေသည်ကို မြင်သောအခါ ချီရှူချင်းက မမေးဘဲ မနေနိုင်တော့ချေ။ သူမ၏ စိတ်ထဲတွင် မေးခွန်းမျိုးစုံ ရှိနေပြီး အဖြေများ ရရှိလို၏။

"ကျွန်တော်တို့ အရင်က ခန့်မှန်းထားတာတွေက နည်းနည်း လွဲနေနိုင်တယ်... အဲဒီ မြို့တံခါးက တစ္ဆေမြို့တော် အပြင်ဘက်ကို ရောက်သွားတာ မှန်ပေမဲ့ အဲဒါ ပွင့်လာမယ့် အချိန်ကို ကျွန်တော်တို့ ဒီအတိုင်း ရပ်စောင့်နေလို့ မရဘူး..." ချန်ဖေးက တိုးညှင်းစွာ ပြောလိုက်သည်။

"ဘယ်လိုမျိုးလဲ..." ရန်ကျုံးယန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

"ဘာလို့လဲဆိုတော့ သန်းခေါင်ယံ အချိန် ရောက်တဲ့အခါ ကျွန်တော်တို့က မြို့တံခါးမှာ ရှိနေမှာလေ... ပြီးတော့ တံခါး မပွင့်ခင်မှာ ကျွန်တော်တို့က တစ္ဆေစစ်သည်တွေ အားလုံးနဲ့ ရင်ဆိုင်ရနိုင်တယ်..." ချန်ဖေးက တည်ကြည်သော အသံဖြင့် ပြောလိုက်၏။

ဤသည်မှာ ချန်ဖေး ယခုလေးတင် စဉ်းစားမိသော ဖြစ်နိုင်ခြေ တစ်ခု ဖြစ်သည်။ သန်းခေါင်ယံ အချိန်တွင် တစ္ဆေစစ်သည်များ ပေါ်လာပြီး မြို့တံခါးများလည်း ပွင့်လာသည်။ မြို့တံခါးများကို စောင့်ကြပ်ခြင်းဖြင့် သူတို့က ချက်ချင်း ဝင်ထွက်နိုင်ပုံရ၏။ သို့သော် နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခု ရှိသေးသည်။

မြို့တံခါးများ ပွင့်လာပြီး သူတို့က တစ္ဆေစစ်သည်များနှင့် ချက်ချင်း တွေ့မိသွားခြင်း ဖြစ်သည်။

ယခင်က ချန်ဖေး ဤအရာကို တွေးမိမည် မဟုတ်ပေ။ သို့သော် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်မှ ထိုစွမ်းအားကြီးမားသည့် ပညာရှင် မရှိခြင်းက ချန်ဖေးကို ချက်ချင်း သတိပေးလိုက်၏။

ထို့နောက် လွန်ခဲ့သော ရက်အနည်းငယ်က အသေးစိတ် အချက်အလက်များကို ပြန်လည် တွေးတောကြည့်သောအခါ တွေဝေနေခဲ့သော မေးခွန်းများစွာက ရုတ်တရက် ပေါင်းစပ်သွားသည်။ ဥပမာအားဖြင့် မနေ့ညက ဘာကြောင့် ချီရှူချင်း တစ်ယောက်တည်းသာ တိုက်ခိုက်ခံခဲ့ရပြီး ချန်ဖေးနှင့် ရန်ကျုံးယန်တို့ အထိအခိုက်မရှိ ဖြစ်နေခဲ့ရသနည်း။

တစ္ဆေစစ်သည်များက သနားညှာတာမှု ပြသခဲ့သောကြောင့် မဟုတ်သလို သူတို့က ချန်ဖေးကို ကြောက်ရွံ့သောကြောင့်လည်း မဟုတ်ပေ။ ချီရှူချင်းကို တစ္ဆေစစ်သည်များက အမှတ်အသား မလုပ်ရသေးသောကြောင့်သာ ဖြစ်၏။

သခင်မလေးက ချီရှူချင်းကို တစ်ယောက်တည်း သိမ်းပိုက်ထားရန် ဖုံးကွယ်ထားခဲ့၍ မနေ့ညရောက်သောအခါမှ

တစ္ဆေစစ်သည်များ၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး သေလုနီးပါး ဖြစ်ခဲ့ရသည်။

“သူတို့ကို ပစ်မှတ်ထားခံနေရပြီ…”

ဤသည်က အစောက ဆေးခန်းမ အုပ်ချုပ်သူ ပြောခဲ့သည့် စကားဖြစ်ပြီး ချန်ဖေးကို စာချုပ် လက်မှတ်ထိုးစေရန် ဖော်ထုတ်ခဲ့သော သတင်းအချက်အလက် ဖြစ်၏။

ချီရှူချင်းနှင့် ရန်ကျုံးယန်တို့မှာ တစ္ဆေစစ်သည်များ၏ ပစ်မှတ်ထားမှုကို ခံနေရပြီ ဖြစ်သည်။ ချန်ဖေးက အထိအခိုက်မရှိပုံရသော်လည်း သူက သေချာပေါက် သူတို့၏ စောင်ကြည့်မှုအောက်တွင် ရှိနေသည်။ ‘သူတို့ကို ဘာကြောင့် ပစ်မှတ်ထားခံရတာလဲ။ နောက်မှ သူတို့ကို သတ်လို့ရအောင် မဟုတ်ဘူးလား။’

ချန်ဖေးက သူတို့ ဘယ်အချိန် သတ်ခံရမည်ကို မသိပေ။ ဒီည ဖြစ်နိုင်သလို ရက်အနည်းငယ် ကြာပြီးမှလည်း ဖြစ်နိုင်၏။ သို့သော် တစ္ဆေမြို့တော်မှ လွတ်မြောက်ရန် ချန်ဖေးနှင့် သူ၏ အဖော်နှစ်ယောက်တို့မှာ တစ္ဆေစစ်သည်များ၏ တွေ့ရှိမှုကို လုံးဝ မခံရနိုင်ဘဲ သူတို့ သုံးယောက်က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဝိညာဉ်သတ်ဖြတ်ခြင်း ကျင့်စဉ်ကို သင်ယူခဲ့ပြီး အချိန်တိုအတွင်း ချီစွမ်းအင် အငွေ့အသက်မျ

ကို ထုတ်ယူနိုင်စေခဲ့သည်။

"ဒါဆို ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ..."

ချန်ဖေး၏ ခန့်မှန်းချက်ကို ကြားသောအခါ ချီရှူချင်းက အနည်းငယ် ထိတ်လန့်သွား၏။ အကယ်၍ သူတို့သာ သန်းခေါင်ယံ အချိန် မြို့တံခါးတွင် တစ္ဆေစစ်သည်များ အားလုံးနှင့် အမှန်တကယ် ရင်ဆိုင်ရမည် ဆိုပါက ထိုမြင်ကွင်းကို တွေးကြည့်ရုံဖြင့်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ထိုအချိန်တွင် အသက်ရှင်ကျန်ရစ်ရန် အခွင့်အရေး ရှိမည် မဟုတ်ဘဲ သူတို့က ကြောက်မက်ဖွယ်ကောင်းသော အရေအတွက် ရှိသည့် တစ္ဆေစစ်သည်များ၏ လွှမ်းမိုးမှုကို လုံးဝ ခံရပေလိမ့်မည်။

"တစ္ဆေစစ်သည်တွေ ပေါ်လာမယ့် အချိန်ကို စောင့်ပြီး သူတို့နောက်ကနေ လိုက်ပြီး မြို့ထဲကနေ ထွက်သွားဖို့ ကြိုးစားရမယ်..." ချန်ဖေးက တည်ကြည်စွာ ပြောလိုက်၏။

ချီရှူချင်းနှင့် ရန်ကျုံးယန်တို့ အပြန်အလှန် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲရှိ အကြောက်တရားကို ဖိနှိပ်ကာ တစ္ဆေစစ်သည်များနောက်သို့ လိုက်သွားကြသည်။ သူတို့က တစ္ဆေစစ်သည်များကို တိုက်ရိုက် မရင်ဆိုင်ရသော်လည်း အလွန် နီးကပ်နေပုံရ၏။

အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး ပတ်ဝန်းကျင်ရှိ အေးစိမ့်သော စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိလာသည်နှင့်အမျှ သန်းခေါင်ယံ အချိန်သို့ နောက်ဆုံးတွင် ရောက်ရှိလာသည်။

"ဝီ..."

ရုတ်တရက် ရှင်းပြ၍မရသော ဖိအားတစ်ခု ကျဆင်းလာပြီး ချီရှူချင်းနှင့် ရန်ကျုံးယန်တို့က သူတို့၏ နှလုံးသားထဲတွင် နစ်မြုပ်သွားသည့် ခံစားချက် တစ်ခုကို ခံစားလိုက်ရ၏။ ကြီးမားသော ဘေးအန္တရာယ် တစ်ခု ဖြစ်ပေါ်လာတော့မည့်အလား သူတို့၏ စိတ်ထဲတွင် အမည်မသိ အကြောက်တရား တစ်ခု ပေါ်ပေါက်လာသည်။

ချန်ဖေး အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဤစိတ်ပိုင်းဆိုင်ရာ စွမ်းအားထံမှ ဖိအားကိုလည်း ခံစားနေရ၏။ သို့သော် ချီရှူချင်း၊ ရန်ကျုံးယန်တို့နှင့် နှိုင်းယှဉ်ပါက ချန်ဖေးက များစွာ ပိုမို ကောင်းမွန်စွာ ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်စွမ်းအားက ပိုမို အားကောင်းသောကြောင့် ဖြစ်၏။

"ဒေါက်..."

ခြေသံ သဲ့သဲ့လေး တစ်ခု ထွက်ပေါ်လာပြီး အကွာအဝေးက ဝေးနေသေးသော်လည်း ခြေသံများကို ချန်ဖေးနှင့် အခြား နှစ်ယောက်တို့က ရှင်းလင်းစွာ ကြားလိုက်ရသည်။

နှလုံးသားကို သို့မဟုတ် ခေါင်းကိုပင် နင်းနေသကဲ့သို့ ဤခြေသံများ၏ အသံက ရှင်းပြ၍မရသော အကြောက်တရားကို သွင်းပေးသည့် စွမ်းအား တစ်ခု သယ်ဆောင်လာကာ လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် စိတ်ကို ပြင်းထန်စွာ တုန်ယင်သွားစေ၏။

ထို့အပြင် ဤခြေသံများ ပေါ်လာခြင်းနှင့်အတူ ပတ်ဝန်းကျင်ရှိ ပြင်းထန်ပြီး အေးစိမ့်သော စွမ်းအားက ပို၍ပင် တိုးလာကာ ချန်ဖေး၏ ခန္ဓာကိုယ်နှင့်ပင် သူက ဖိအား တစ်ခုကို ခံစားလိုက်ရသည်။ ချီရှူချင်းနှင့် ရန်ကျုံးယန်တို့က ဤအေးစိမ့်သည့် အရှိန်အဝါကြောင့် တိုက်ရိုက် တိုက်ခိုက်ခံရပြီး သူတို့၏ မျက်နှာများက ချက်ချင်းပင် သေမင်းတမျှ ဖြူရော်သွား၏။

ထို့အပြင် ဤသေမင်းတမျှ တိတ်ဆိတ်မှုက ဆက်လက် ပြန့်နှံ့နေပြီး အကယ်၍ မတားဆီးပါက သူတို့ နှစ်ယောက်က ဆယ့်ငါးမိနစ်ပင် တောင့်ခံနိုင်မည် မဟုတ်ပေ။

ဒွာရသန့်စင်ခြင်း အဆင့်မှ သိုင်းပညာရှင် တစ်ယောက်ပင် ပတ်ဝန်းကျင်၏ သဘာဝ တိုက်ခိုက်မှုကို မခံနိုင်ချေ။ တစ္ဆေမြို့တော်၏ အေးစိမ့်သော စွမ်းအားက ဘယ်လောက်တောင် ထူးဆန်းနေတာလဲ။

ဒွာရသန့်စင်ခြင်း အဆင့် အောက်တွင် မည်မျှပင် လာပါစေ သူတို့ အားလုံး သေဆုံးရမည် ဖြစ်ပြီး ဤတစ္ဆေမြို့တော်နှင့် ရင်ဆိုင်ရချိန်တွင် အရေအတွက်က အဓိပ္ပာယ် မရှိတော့ပေ။

"ဒေါက်..."

နောက်ထပ် ခြေသံ တစ်ခု နီးကပ်လာပြီး ချီရှူချင်းနှင့် ရန်ကျုံးယန်တို့ အနည်းငယ် တုန်ယင်သွားကာ သူတို့၏ မျက်နှာများက ပို၍ပင် သေမင်းတမျှ ငြိမ်သက်လာ၏။ ချန်ဖေး မျက်မှောင်ကြုတ်လိုက်ပြီး ထိုနှစ်ယောက်ကို ကာကွယ်ရန် ကြေးပြားများကို အသုံးပြုတော့မည့်ဆဲဆဲတွင် သူ၏ အမူအရာ ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားသည်။

ဤအခိုက်အတန့်တွင် ချီရှူချင်းနှင့် ရန်ကျုံးယန်တို့က အေးစိမ့်သော စွမ်းအားကြောင့် ပြိုလဲလုနီးပါး ဖြစ်နေသော်လည်း ဤအေးစိမ့်သော စွမ်းအားကြောင့်ပင် သူတို့ နှစ်ယောက်က လက်ရှိ ပတ်ဝန်းကျင်တွင် ပိုမို သဟဇာတ ဖြစ်စွာ တည်ရှိနေနိုင်ခြင်း ဖြစ်၏။

သူတို့၏ ကိုယ်ပိုင်ငွေ့အသက်များကို ယာယီ ဖြတ်တောက်ပြီး ဆေးခန်းမတွင် သိမ်းဆည်းထားသော်လည်း သက်ရှိ လူနှစ်ယောက် ရှိနေခြင်းက အနည်းငယ် မျက်စိနောက်စရာ ဖြစ်နေသေးသည်။

သို့သော် ဤအခိုက်အတန့်တွင် ထိုမျက်စိနောက်စရာက ပတ်ဝန်းကျင်၏ အစိတ်အပိုင်း တစ်ခု ဖြစ်သွားသကဲ့သို့ ပျောက်ကွယ်သွား၏။

အခန်း (၃၂၅) - ကြီးကျယ်ခမ်းနားခြင်း

ချန်ဖေးက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ကြေးပြား နှစ်ပြားကို ထုတ်ယူကာ ရန်ကျုံးယန်၏ ရင်ဘတ်နှင့် နဖူးပေါ်သို့ တင်ပေးလိုက်သည်။ ရန်ကျုံးယန်၏ မျက်နှာပေါ်တွင် သက်သာရာရသွားသည့် အရိပ်အယောင်တစ်ခု ချက်ချင်း ပေါ်လာ၏။

ထိုနည်းလမ်းက အလုပ်ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ချန်ဖေးက နောက်ထပ် ကြေးပြား နှစ်ပြား ထပ်ထုတ်၍ ချီရှူချင်း၏ ရင်ဘတ်နှင့် နဖူးပေါ်သို့ တင်ပေးလိုက်ပြန်သည်။

ဤလုပ်ရပ်ကြောင့် သူတို့ နှစ်ယောက်စလုံးက ချန်ဖေး၏ အမြင်တွင် ပတ်ဝန်းကျင်နှင့် လုံးဝ တစ်သားတည်း ကျသွားပြီး နှလုံးသား ပုတီးစေ့ အစအနများ မရှိလျှင်တောင် သူတို့၏ အချက်အလက်များ ပေါက်ကြားတော့မည် မဟုတ်ချေ။

သို့သော်လည်း ဤနည်းလမ်းတွင် ကြီးမားသည့် အားနည်းချက်တစ်ခု ရှိနေ၏။ သူတို့ ခန္ဓာကိုယ်ထဲမှ စွမ်းအားများက ပတ်ဝန်းကျင်ရှိ အေးစက်သော စွမ်းအင်များနှင့် လုံးဝ ရောထွေးသွားသဖြင့် သူတို့ နှစ်ယောက်စလုံးမှာ တိုက်ခိုက်နိုင်စွမ်း အားလုံးနီးပါးလောက် ဆုံးရှုံးသွားကြသည်။

ထို့ကြောင့် ချန်ဖေးက ဤနည်းလမ်းကို လုံးဝ အသုံးပြုမည် မဟုတ်ပေ။ သို့မဟုတ်ပါက သူ အမှန်တကယ် အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် ခုခံရန် ခွန်အားပင် ရှိတော့မည် မဟုတ်ချေ။ ချီရှူချင်းနှင့် ရန်ကျုံးယန်တို့မှာ သူတို့၏ ကံကြမ္မာကို ဘေးပတ်ဝန်းကျင်ရှိ လူများနှင့် ချန်ဖေး၏ လက်ထဲသို့ အပ်နှံလိုက်ခြင်းပင် ဖြစ်သည်။

ရက်လုပ်ထားသော ခြင်းတောင်းအတွင်း၌ကား ကျိုးပဲ့နေသော ကြေးပြား ဒါဇင်ပေါင်းများစွာက ချန်ဖေးကို လုံးဝ ရစ်ပတ် လွှမ်းခြုံထား၏။

ကြေးပြားများက တစ္ဆေမြို့တော်၏ သီးသန့် အရာများ ဖြစ်ကြသည်။ ထိုအရာများမှာ အသက်စွမ်းအင်များ ဖြစ်ကြပြီး ဤအသက်စွမ်းအင်များကို တစ္ဆေမြို့တော်၏ နေရာအနှံ့အပြား၌ တွေ့ရှိနိုင်သည်။ ဤနေရာရှိ မြက်ပင်တိုင်းနှင့် သစ်ပင်တိုင်းတွင် ဤအသက်စွမ်းအင်များ ပါဝင်နေသည်။

အကယ်၍ လူတစ်ယောက်၏ စွမ်းရည်က လုံလောက်စွာ အားကောင်းခဲ့မည် ဆိုလျှင် ဤတစ္ဆေမြို့တော်ကို သန့်စင်လိုက်ခြင်းက အလွန် အစွမ်းထက်သည့် ကောင်းကင်နှင့် မြေကြီး ရတနာတစ်ခုကို သန့်စင်လိုက်ခြင်းနှင့် တူညီမည် ဖြစ်သည်။

သို့သော်လည်း ဤတစ္ဆေမြို့တော် ပြသနေသည့် စွမ်းအားအရ မည်သည့် ကျင့်စဉ်ကို အသုံးပြု၍ အတင်းအကျပ် သန့်စင်နိုင်မည်ကို ချန်ဖေး မသိချေ။

ဒွာရပေါင်းစည်းခြင်း အဆင့်ဆိုပါကဖြစ်နိုင်ပါ့မလား... ချန်ဖေးလည်း မသိပေ။

အသက်စွမ်းအင်များ လွှမ်းခြုံလာသည်နှင့်အမျှ ချန်ဖေးက သူ၏ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်သွားသည်။ ဤနည်းလမ်းက ချန်ဖေး၏ တိုက်ခိုက်နိုင်စွမ်းကို အနည်းငယ်မျှပင် ထိခိုက်စေခြင်း မရှိဘဲ အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် ခုခံနိုင်စွမ်း မရှိတော့မည်ကို စိုးရိမ်စရာ မလိုတော့ချေ။

တစ်ခုတည်းသော နည်းလမ်းက ဤနည်းကို သုံးရန် ဖြစ်သော်လည်း အလွန် ကုန်ကျစရိတ် ကြီးမားလှသည်။

ဒေါက်...

နောက်ထပ် ခြေသံတစ်စီးက နီးကပ်လာသည်။ အရင် ခြေသံ နှစ်ခုက ဝေးကွာနေသေးသော်လည်း ဤခြေသံကတော့ တစ္ဆေစစ်သည်များ အနီးအနားသို့ ရောက်လာပြီဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေ၏။

ဤအမြန်နှုန်းက ချန်ဖေး သူ၏ ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာကို အပြည့်အဝ ထုတ်သုံးထားသည်ထက် သိသိသာသာ ပို၍ မြန်ဆန်သည်။ အကယ်၍ ပဋိပက္ခ တစ်ခုခုသာ ဖြစ်ပွားခဲ့လျှင် ချန်ဖေးက ဤတစ္ဆေစစ်သည်များကို ကျော်တက်၍ ပြေးနိုင်မည်ပင် မဟုတ်ချေ။

ချန်ဖေး၏ မျက်နှာက တည်ကြည်လေးနက်သွားပြီး သူ၏ အာရုံခံနိုင်စွမ်းကို အမြင့်ဆုံးထိ မြှင့်တင်လိုက်သည်။

ချီရှူချင်းနှင့် ရန်ကျုံးယန်တို့မှာ အေးစက်သည့် စွမ်းအင်၏ နှိပ်စက်မှုကို ခံစားနေရသော်လည်း မျက်လုံးများကို ဖွင့်၍ သူတို့၏ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြ၏။

တစ္ဆေမြို့တော်ထဲမှ အသက်ရှင်လျက် လွတ်မြောက်ရန် မည်သည့် အမှားအယွင်းမျှ ရှိ၍ မရချေ။ ချန်ဖေးက ဤအချက်ကို နားလည်သကဲ့သို့ ချီရှူချင်းနှင့် ရန်ကျုံးယန်တို့ကလည်း နားလည်ထားကြသည်။

ရွှစ်...

လေနုအေး တစ်ချက် တိုက်ခတ်သွားသကဲ့သို့ ထောင့်ချိုးနေရာရှိ ချန်ဖေးနှင့် သူ့အပေါင်းအပါများ၏ ရှေ့တွင် ရုတ်တရက် ပုံရိပ် ရာပေါင်းများစွာ ပေါ်ထွက်လာသည်။ ဤပုံရိပ်များက မည်သည့် သတိပေးချက်မျှ မရှိဘဲ သူတို့၏ မျက်စိရှေ့တွင် တမုဟုတ်ချင်း ပေါ်လာခြင်း ဖြစ်၏။

ချီရှူချင်းနှင့် ရန်ကျုံးယန်တို့မှာ မရည်ရွယ်ဘဲ အသက်ရှူ ရပ်သွားကြသည်။ ဤသည်က အလိုအလျောက် တုံ့ပြန်မှုတစ်ခု ဖြစ်ပြီး ထိုအချိန်၌ သူတို့ အလွန်အမင်း တင်းမာနေကြောင်း ရှင်းလင်းစွာ ဖော်ပြနေ၏။

သူတို့၏ ရုပ်ဖျက်ထားမှုက ဤတစ္ဆေစစ်သည်များကို မလှည့်စားနိုင်ပါက သူတို့ သေဆုံးရမည့် အချိန် ရောက်လာပြီ ဖြစ်သည်။

ချန်ဖေးက သူ့မျက်လွှာကို ချ၍ တစ္ဆေစစ်သည်များကို ရန်စမိစေမည့် မည်သည့် အပြုအမူမျိုးကိုမဆို ရှောင်ရှားရင်း မျက်လုံးထောင့်မှသာ စောင့်ကြည့်နေလိုက်သည်။ မည်သို့ပင်ဖြစ်စေ ချန်ဖေးက ချီရှူချင်းတို့နှင့် မတူဘဲ သူ၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက သူတို့ထက် များစွာ သာလွန်၏။

ကံကောင်းထောက်မစွာဖြင့် ဤတစ္ဆေစစ်သည်များက ချန်ဖေးတို့ရှေ့၌ ရပ်တန့်မနေဘဲ မြို့တံခါးဆီသို့ ဆက်လက် ထွက်ခွာသွားကြသည်။ မြို့ထဲရှိ အခြား ထူးဆန်းသော အရာများနှင့် မတူဘဲ ဤတစ္ဆေစစ်သည်များက အသိဉာဏ်မဲ့နေပုံရပြီး တစ္ဆေမြို့တော်၏ စည်းမျဉ်းများ ကိုယ်ထည်ပြုလာသည့် အရာနှင့် ပိုတူပေသည်။

ချီရှူချင်းနှင့် ရန်ကျုံးယန် တို့နှစ်ယောက်စလုံး သက်သာရာရသွားကြ၏။

သူတို့ကို အချိန်မရွေး ချေမှုန်းပစ်နိုင်သည့် အရာတစ်ခုနှင့် ရင်ဆိုင်ရချိန်တွင် လူအများစုက ကြောက်ရွံ့မှုကို ခံစားရမည် ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ထိုခံစားချက်က သူတို့၏ ဆုံးဖြတ်ချက်နှင့် လုပ်ရပ်များအပေါ် သက်ရောက်မှု ရှိမရှိသာ ဖြစ်၏။

ချန်ဖေးက ချီရှူချင်းနှင့် ရန်ကျုံးယန်တို့၏ ပခုံးများကို ဆုပ်ကိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရှားသွားကာ ပုံရိပ်ယောင်တစ်ခု အဖြစ် ပြောင်းလဲ၍ တစ္ဆေစစ်သည်များ၏ နောက်မှ လိုက်သွားလိုက်သည်။

"အား... ကယ်ကြပါဦး... ကျွန်တော့်ကို ကယ်ကြပါဦး..."

ရုတ်တရက် ရှေ့ဘက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသဖြင့် ချန်ဖေး၏ နှလုံးသားမှာ လေးလံသွား၏။ ပေတိုမျှော်စင်မှ ကောရှန်းရှန်၏ အသံ ဖြစ်သည်။

ချန်ဖေးနှင့် အခြား နှစ်ယောက်က အနီးသို့ ရောက်သွားသောအခါ နောက်ဆုံးတွင် ကောရှန်းရှန်ကို မြင်လိုက်ရသည်။ သို့သော်လည်း ယခုအခါ ကောရှန်းရှန်မှာ သူ၏ ခန္ဓာကိုယ် တစ်ဝက်သာ ကျန်တော့ပြီး ထိုကျန်နေသည့် တစ်ဝက်ကလည်း ပျောက်ကွယ်သွားဆဲ ဖြစ်၏။

တစ်စုံတစ်ခုက သူ့ကို အဆက်မပြတ် ကိုက်ဖြတ်၍ ဝါးမြိုနေသကဲ့သို့ပင်။

ကောရှန်းရှန်က တစ်ခဏမျှသာ အော်ဟစ်လိုက်နိုင်ပြီးနောက် သူ၏ အသံက ရုတ်တရက် ရပ်တန့်သွားကာ လုံးဝ ပျောက်ကွယ်သွားတော့သည်။ သူ့လက်ထဲရှိ အလယ်အလတ်အဆင့် ဓားပင်လျှင် ပျောက်ကွယ်သွား၏။ ထိုဝိညာဉ်လက်နက်ကလည်း သူ၏ ဝိညာဉ်စွမ်းအင်များ အားလုံး ဆုံးရှုံးသွားပြီး ဖုန်မှုန့်များ အဖြစ် ပြောင်းလဲသွားသည်။

ချီရှူချင်းနှင့် ရန်ကျုံးယန်တို့၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားကြသည်။ ဤသည်က ရှာဖွေတွေ့ရှိခံရခြင်း၏ အကျိုးဆက်ပင် ဖြစ်၏။

ကောရှန်းရှန် ပျောက်ကွယ်သွားသည့် နေရာနှင့် မလှမ်းမကမ်းတွင် လျောင်ဟန်ချင်က မျက်နှာ ဖြူရော်လျက် မလှုပ်မယှက် ရပ်နေသည်။ ထို့နောက် လျောင်ဟန်ချင်က ချန်ဖေးနှင့် အခြား နှစ်ယောက်ကို မြင်သွားပြီး သူတို့ထံမှ မည်သည့် အသံမျှ ထွက်မလာသည်ကို အာရုံခံမိသွားသောအခါ သူ့မျက်လုံးများထဲတွင် သဘောပေါက်သွားသည့် အရိပ်အယောင်တစ်ခု တဖြည်းဖြည်း ပေါ်လာ၏။

ကောရှန်းရှန်က ခြေသံများကြောင့် သေဆုံးသွားခြင်း ဖြစ်သည်။ သူက တစ္ဆေစစ်သည်များ၏ ခြေသံနှင့် တစ်ထပ်တည်း ကျအောင် နင်းနိုင်လျှင် ဘေးကင်းမည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်၏။

ဤတစ္ဆေစစ်သည် ရာပေါင်းများစွာ ရှိသော်လည်း ခြေသံ တစ်ခုတည်းသာ အမြဲ ထွက်ပေါ်နေသည်။

ချန်ဖေးက ဤခြေသံများ၏ အဓိပ္ပာယ်ကို နားမလည်သကဲ့သို့ ရောနှောရန်လည်း မဝံ့ရဲချေ။ နောက်ဆုံးတွင် သူက သူ့ကိုယ်သူ မြေပြင်အထက် လက်တစ်ဆစ်ခန့် အကွာသို့ မြှောက်ထားရန် လေစုဆောင်းခြင်း ကျင့်စဉ်ကိုသာ အသုံးပြုလိုက်သည်။

လေစုဆောင်းခြင်း ကျင့်စဉ်က ချန်ဖေးကို ပျံသန်းနိုင်အောင် မလုပ်ပေးနိုင်သော်လည်း သူ့ကို မြေပြင်မှ အတိုင်းအတာ တစ်ခုအထိ မြှောက်ထားရန် ပြဿနာ မရှိချေ။

ကောရှန်းရှန်က ခြေသံများနှင့် ပတ်သက်၍ သံသယဖြစ်စရာ တစ်ခုခု ရှိမရှိ စဉ်းစားခဲ့ဖူးသော်လည်း တစ္ဆေစစ်သည်များ ပေါ်လာသည့် အခိုက်အတန့်တွင် သူက မရည်ရွယ်ဘဲ လျစ်လျူရှုလိုက်မိသည်။

တစ်စုံတစ်ခုသော စွမ်းအားက သူ့နှလုံးသားထဲရှိ သံသယကို အတင်းအကျပ် ဖယ်ရှားပစ်လိုက်သကဲ့သို့ပင်။

လျောင်ဟန်ချင်ကလည်း ထိုအတိုင်း လုပ်ဆောင်ရန် ပြင်လိုက်သော်လည်း နောက်ဆုံး အခိုက်အတန့်တွင် သူ့လက်ထဲရှိ အဆင့်မြင့် ဝိညာဉ်ဓားက တုန်ခါသွားသဖြင့် လျောင်ဟန်ချင်မှာ အလိုအလျောက် တစ်ခဏမျှ ရပ်တန့်သွားခဲ့သည်။ ထို့နောက် ကောရှန်းရှန် အတင်းအကျပ် စားသောက်ခံလိုက်ရသည်ကို သူ မြင်တွေ့လိုက်ရ၏။

ဤသည်ကို သဘောပေါက်သွားပြီးနောက် လျောင်ဟန်ချင်က တစ္ဆေစစ်သည်များ နောက်သို့ လိုက်ရန် ပြင်လိုက်စဉ် သူ့လက်ထဲရှိ ဝိညာဉ်ဓားက ထပ်မံ တုန်ခါသွားပြန်သည်။

လျောင်ဟန်ချင် အလန့်တကြား ဖြစ်သွား၏။ ‘အန္တရာယ် ရှိနေသေးတာလား...

အန္တရာယ်က ဘယ်မှာလဲ…’

မီတာ ရာပေါင်းများစွာ အကွာတွင် ယွီကျုံးရှင်းက ကျင်ဝေမင်၏ လည်ပင်းကို ဆွဲညှစ်ထားသည်။ ကျင်ဝေမင်က အဆက်မပြတ် ရုန်းကန်နေပြီး သူ့မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။ ယွီကျုံးရှင်း ဘာကြောင့် ဤသို့ လုပ်နေမှန်း သူ နားမလည်ချေ။

"ငါတို့ တစ်ယောက်ကို တစ်ယောက် ကူညီကြတာပေါ့... ငါ မင်းကို အရင်က ကူညီခဲ့ဖူးတယ်လေ... အခု မင်းငါ့ကို ကူညီရမယ့် အလှည့်ပဲ..."

ယွီကျုံးရှင်းက "တာအို" ဟု တိုးတိုးလေး ရေရွတ်လိုက်ပြီး ရုတ်တရက် သူ့လက်မောင်းပေါ်တွင် ကြီးမားသော ဒဏ်ရာ အချို့ ပေါ်လာကာ သွေးအမှတ်အသားများ အဖြစ် ပြောင်းလဲသွားပြီး ကျင်ဝေမင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်။

ယွီကျုံးရှင်း၏ ယခင်က ပျောက်ကွယ်သွားသော အရှိန်အဝါက ရုတ်ခြည်း ပြန်ပေါ်လာပြီးနောက် ထပ်မံ အားပျော့သွားပြန်ကာ ကျင်ဝေမင်မှာမူ ယွီကျုံးရှင်းနှင့် ပို၍ တူလာတော့သည်။မျက်တောင်တစ်ခတ် အတွင်းမှာပင် ယွီကျုံးရှင်း၏ တည်ရှိမှုက လုံးဝ ပျောက်ကွယ်သွားပြီး ယခင် သူ၏ ဖုံးကွယ်ထားမှုနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားကာ သူ၏ အရှိန်အဝါ အားလုံးကို ကျင်ဝေမင်ထံသို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်၏။

ဤအချိန်တွင် ကျင်ဝေမင်၌ သူ၏ ကိုယ်ပိုင် အငွေ့အသက်များသာမက ယွီကျုံးရှင်း၏ အငွေ့အသက်များပါ ရှိနေသည်။ သူက လူတစ်ယောက်တည်း ဖြစ်သော်လည်း လူနှစ်ယောက် ရပ်နေသည်ဟု မသိစိတ်မှ ထင်မှတ်သွားစေမည် ဖြစ်သည်။

ယွီကျုံးရှင်းက အနည်းငယ် ပြုံးလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွား၏။ ကျင်ဝေမင်က အစွမ်းကုန် ရုန်းကန်နေသော်လည်း တစ်လက်မမျှပင် လှုပ်ရှား၍ မရချေ။ သူက ကြောက်လန့်တကြားနှင့် ပတ်ဝန်းကျင်ကိုသာ ကြည့်နေနိုင်တော့သည်။

မည်သည့်အချိန်ကမှန်း မသိ၊ ကျင်ဝေမင်၏ အနောက်တွင် တစ္ဆေပုံရိပ်တစ်ခု ပေါ်လာသည်။ အောက်ဘက်သို့ ဆွဲချခံရသည့် ခံစားချက်တစ်ခုက ကျင်ဝေမင်၏ အာရုံထဲတွင် ရုတ်တရက် ပေါ်လာပြီး သူ၏ မျက်လုံးထဲမှ ကြောက်ရွံ့မှုများက တမုဟုတ်ချင်း ပေါက်ကွဲထွက်လာသော်လည်း စကားတစ်ခွန်းမျှပင် အသံထွက်မလာနိုင်ချေ။

လျောင်ဟန်ချင်က ထိုနေရာတွင် ရပ်၍ ချန်ဖေးနှင့် အခြား နှစ်ယောက် သူ့အမြင်အာရုံထဲမှ ပျောက်ကွယ်သွားသည်ကို လက်မှိုင်ချလျက် ကြည့်နေပြီး သူ၌ မည်သည့်အရာ မှားယွင်းနေသနည်း ဆိုသည်ကို လုံးဝ မသိချေ။

ရုတ်တရက် လျောင်ဟန်ချင်၏ စိတ်ထဲတွင် အချက်အလက်တစ်ခု ဖြတ်ပြေးသွားသည်။ ချန်ဖေးနှင့် အခြား နှစ်ယောက်ထံတွင် သူတို့၏ အငွေ့အသက်များ မရှိတော့ချေ။ သူတို့၏ အငွေ့အသက်များက ပျောက်ကွယ်သွားပုံရသည်။

ဤပျောက်ကွယ်သွားမှုက ဖုံးကွယ်ထားခြင်း မဟုတ်ဘဲ အခြား တစ်ခုခုဆီသို့ လွှဲပြောင်းလိုက်ခြင်း ဖြစ်သည်။

တာဝန် လွှဲပြောင်းတာလား...

လျောင်ဟန်ချင်က သူ့လက်ထဲရှိ အဆင့်မြင့် ဝိညာဉ်ဓားကို ကြည့်လိုက်ရာ သူ့မျက်လုံးထဲတွင် နှမြောတွန့်တိုသည့် အရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း ထိုခံစားချက်ကို ချက်ချင်းပင် ဖြတ်တောက်လိုက်သည်။ အဆင့်မြင့် ဝိညာဉ်ဓားက စုပ်ယူသည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်ပြီး လျောင်ဟန်ချင်၏ အသက်စွမ်းအင်များကို အပြည့်အဝ စုပ်ယူသွား၏။

သို့သော်လည်း ဤအာဏာရှင်ဆန်သည့် စုပ်ယူမှုက လျောင်ဟန်ချင်၏ ချီအရှိန်အဝါကို လွှဲပြောင်းပေးရုံသာမက လျောင်ဟန်ချင်၏ အသက်စွမ်းအင် ၂၀ ရာခိုင်နှုန်းကိုလည်း စုပ်ယူသွားသည်။ ထိုအခါမှသာ လျောင်ဟန်ချင်၏ ချီအရှိန်အဝါက အမှန်တကယ် လွှဲပြောင်းသွားခြင်း ဖြစ်၏။

လျောင်ဟန်ချင်က ဒဏ်ရာရထားပြီး ဖြစ်ကာ ယခု သက်စွမ်းအင် ၂၀ ရာခိုင်နှုန်း ထပ်မံ ဆုံးရှုံးသွားသောအခါ သူမှာ ပြိုလဲလုနီးပါး ဖြစ်သွားသည်။

လျောင်ဟန်ချင်က အဆင့်မြင့် ဝိညာဉ်ဓားကို ထိုနေရာမှာပင် စိုက်ထားခဲ့ပြီး သူ၏ ပုံရိပ်က ဝါးတားတား ဖြစ်သွားကာ တစ္ဆေစစ်သည်များ နောက်သို့ လိုက်သွားသည်။ သူက တစ္ဆေမြို့တော်မှ လွတ်မြောက်ရန် သူ၏ အရာအားလုံးနီးပါးကို ပေးဆပ်ခဲ့ပြီး ဖြစ်၏။

ချန်ဖေးနှင့် သူ၏ အပေါင်းအပါ နှစ်ယောက်က တစ္ဆေစစ်သည်များ၏ နောက်မှ သတိကြီးစွာဖြင့် လိုက်သွားကြသည်။ အချိန်တိုလေး အတွင်းမှာပင် ရှေ့ဘက်ရှိ မြို့တံခါးကို သူတို့ မြင်လိုက်ရ၏။ မြို့တံခါးက ပွင့်နေပြီး နောက်ထပ် တစ္ဆေစစ်သည် တစ်အုပ်က ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်။

ချီရှူချင်းနှင့် ရန်ကျုံးယန်တို့မှာ ထိုမြင်ကွင်းကြောင့် တုန်လှုပ်သွားကြ၏။ အကယ်၍ သူတို့သာ မြို့တံခါးတွင် နေခဲ့မည် ဆိုပါက မြို့ပြင်မှ ဝင်လာသော တစ္ဆေစစ်သည်များနှင့် ဝင်တိုက်မိမည်မှာ အသေအချာပင်။

တစ်လလျှင် တစ်ကြိမ်သာ ပွင့်သော မြို့တံခါးများက အပြင်လူများ အဝင်အထွက် လုပ်ရန် မဟုတ်ဘဲ မြို့တွင်းနှင့် မြို့ပြင်ရှိ တစ္ဆေစစ်သည်များ အလှည့်ကျ တာဝန်ထမ်းဆောင်ရန် ဖြစ်သည်။

မြို့တံခါးပွင့်လာမည့် အချိန်ကို မြို့တံခါးတွင် ရပ်၍ စောင့်နေခြင်းက တစ္ဆေစစ်သည်များ၏ ပါးစပ်ထဲသို့ ကိုယ့်ကိုယ်ကိုယ် တိုက်ရိုက် ပို့ဆောင်ပေးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်၏။

တစ္ဆေစစ်သည်များက မြို့တံခါးကို တစ်ယောက်ပြီး တစ်ယောက် စတင် ဖြတ်သန်းသွားကြပြီး ချန်ဖေးနှင့် အခြား နှစ်ယောက်ကလည်း အနောက်မှ လိုက်ပါသွားကြသည်။ စစ်ကြောင်းက တစ်ဝက်ခန့် ရောက်သွားသောအခါ လျောင်ဟန်ချင်က အနောက်ဘက်မှ ထွက်လာ၏။

လျောင်ဟန်ချင်သာမက ရှန်းယန် ဂိုဏ်းမှ ဝူယုံးကျောက်လည်း ရောက်လာသည်။ သို့သော်လည်း ဝူယုံးကျောက် တစ်ယောက်တည်းသာ ဖြစ်ပြီး ရှန်းယန်ဂိုဏ်းမှ အခြား တစ်ယောက်ကမူ ယခုအချိန်တွင် ပါမလာတော့ချေ။

လျောင်ဟန်ချင်က ဝူယုံးကျောက်ကို လှည့်ကြည့်လိုက်ရာ သူ၏ လက်ထဲတွင် အဆင့်မြင့် ဝိညာဉ်ဓား ရှိနေသေးကြောင်း တွေ့လိုက်ရသဖြင့် အကြောင်းရင်းကို သူ ခန့်မှန်းမိသွားသည်။

သူက အခြားသူ တစ်ယောက်ကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန် ကြိုးစားနေခြင်း ဖြစ်ပြီး ထိုသူက သူ၏ ဂိုဏ်းတူညီအစ်ကို ဖြစ်နေလျှင်တောင်မှ သူ ဂရုမစိုက်ချေ။

ယွီကျုံးရှင်းက လက်ရှိ စစ်ကြောင်းထဲမှ တိတ်တဆိတ် ထွက်ခွာသွားပြီးနောက် လျောင်ဟန်ချင်နှင့် ဝူယုံးကျောက်တို့က အနည်းငယ် အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ကြသည်။ တစ္ဆေမြို့တော်ထဲတွင် အခြား စိမ်းသက်သက် မျက်နှာများ ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြသည်မှာ ရှင်းလင်းနေ၏။

ပို၍ အရေးကြီးသည်မှာ ဝူယုံးကျောက်နှင့် အခြား တစ်ယောက်က ယွီကျုံးရှင်း၏ ခွန်အားက အလွန် မြင့်မားပြီး သူတို့ထက် များစွာ သာလွန်နေကြောင်းကို မသဲမကွဲ အာရုံခံမိနေကြခြင်း ဖြစ်သည်။

ယွီကျုံးရှင်းက လူတိုင်းကို လျစ်လျူရှု၍ သူတို့ကို ကျော်တက်ကာ တစ္ဆေစစ်သည်များ၏ အနောက်မှ ကပ်လိုက်သွား၏။ သူက ချန်ဖေးကို ဖြတ်ကျော်သွားချိန်တွင် တစ်ချက်သာ လှမ်းကြည့်သွားခဲ့သည်။

ရွှစ်...

မြို့တံခါးများက ကျယ်ဟပြဲ ပွင့်နေပြီး အပြင်ဘက်မှ အေးစက်သော လေများက အဆက်မပြတ် တိုက်ခတ်ဝင်ရောက်လာကာ အေးစက်သည့် စွမ်းအင်ကို အမြင့်ဆုံးသို့ ရောက်ရှိသွားစေသည်။

ယွီကျုံးရှင်းက တစ္ဆေစစ်သည်များ နောက်မှ တစ်လှမ်းချင်း လိုက်သွားသည်။ တချို့သော တစ္ဆေစစ်သည်များက မြို့တံခါးကို ဖြတ်မကျော်ရသေးမီ ယွီကျုံးရှင်းက ရုတ်တရက် အရှိန်တင်၍ တစ္ဆေစစ်သည်များကို ကျော်တက်ကာ မြို့တံခါးဆီသို့ ပြေးထွက်သွား၏။

မြို့ပြင်သို့ မထွက်ရသေးသော တစ္ဆေစစ်သည်များက ရုတ်တရက် ရပ်တန့်သွားပြီး ယွီကျုံးရှင်းကို လှမ်းကြည့်လိုက်ကြသည်။ သို့သော်လည်း ယွီကျုံးရှင်းက မည်သည့် ကြောက်ရွံ့မှုမျှ မပြချေ။ သူ၏ ဖုံးကွယ်ထားသော စွမ်းအားများက ရုတ်ခြည်း ထွက်ပေါ်လာပြီး ပို၍ မြန်ဆန်သော အမြန်နှုန်းဖြင့် မြို့တံခါးဆီသို့ ပြေးသွားတော့သည်။

တစ္ဆေစစ်သည်များက ယွီကျုံးရှင်းကို စိုက်ကြည့်နေသော်လည်း သူ၏ တည်နေရာ အတိအကျကို မဖော်ထုတ်နိုင်ကြချေ။ တစ္ဆေစစ်သည်များ၏ ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော ကြိုးမျှင်ငယ်လေးများ ပေါက်ကွဲထွက်လာပြီး အေးစက်သော လေထဲတွင် လွင့်ဝဲနေကြသည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသူများမှာ မယုံနိုင်လောက်အောင် ဖြူရော်သွားကြပြီး နောက်ဆုံး အခိုက်အတန့်တွင် ယွီကျုံးရှင်းက အဘယ်ကြောင့် ဤကဲ့သို့ ပြုမူရသနည်း ဆိုသည်ကို နားလည်သွားကြ၏။

သို့သော် ယခုအခါ တစ္ဆေစစ်သည်များက သတိဝင်သွားကြပြီ ဖြစ်သည်။ ရှေ့တွင်ရှိနေသော တစ္ဆေစစ်သည်များ သာမက မြို့တံခါးအနီးတွင် ရပ်နေသော တစ္ဆေစစ်သည်များကပါ လှမ်းကြည့်လာကြသည်။

ချန်ဖေး၏ စိတ်စွမ်းအားများက တမုဟုတ်ချင်း ဟုန်းခနဲ ထွက်ပေါ်လာပြီး ကြေးပြား ရာပေါင်းများစွာကို ချေမှုန်းကာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံထားသည့် အသက်စွမ်းအင်များ အဖြစ် ပြောင်းလဲပစ်လိုက်သည်။ ချီရှူချင်းနှင့် ရန်ကျုံးယန်တို့ကလည်း သူတို့၏ ခုခံနိုင်စွမ်း အပြည့်အဝကို ထုတ်သုံးလိုက်သဖြင့် အေးစက်သော စွမ်းအင်များက သူတို့ကို လုံးဝ ကျူးကျော်ဝင်ရောက်လာတော့သည်။

ဤအခိုက်အတန့်တွင် ချီရှူချင်းနှင့် အခြား တစ်ယောက်မှာ လုံးဝ သေဆုံးသွားသူများကဲ့သို့ အသိအာရုံနှင့် ခံစားချက် ကင်းမဲ့သွားကြသည်။

တစ္ဆေစစ်သည်များ၏ အကြည့်များက ချန်ဖေးနှင့် အခြား နှစ်ယောက်ထံမှ တစ်ခဏချင်း အာရုံပြောင်းသွားကြ၏။ ချန်ဖေးက သူ၏ ခွန်အား အပြည့်အဝကို ထုတ်သုံး၍ ချီရှူချင်းနှင့် အခြား နှစ်ယောက်ကို ဆွဲကိုင်ကာ မြို့တံခါးဆီသို့ ပြေးထွက်သွားသည်။

အကွာအဝေးက မီတာ တစ်ဒါဇင်ခန့်သာ ရှိသော်လည်း ချန်ဖေးအတွက်မူ အလွန် ရှည်လျားသည်ဟု ခံစားလိုက်ရ၏။

သူတို့ ခန္ဓာကိုယ်ပေါ်ရှိ အသက်စွမ်းအင်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး မည်သူမှ သတိမထားမိခင်မှာပင် တစ္ဆေစစ်သည် ရာပေါင်းများစွာ၏ ခန္ဓာကိုယ်ပေါ်ရှိ မရေမတွက်နိုင်သော မျဉ်းကြောင်းငယ်များက မြို့တံခါး တစ်ခုလုံးတွင် ပျံ့နှံ့သွားကာ ကျောချမ်းဖွယ် ကောင်းလောက်အောင် သိပ်သည်းစွာ နေရာယူသွားကြသည်။

အတားအဆီးကို ဖြတ်သန်းသွားသကဲ့သို့ အနည်းငယ် တုန်ခါသွားမှုနှင့်အတူ ချန်ဖေး၏ မြင်ကွင်းက ကြီးမားစွာ ပြောင်းလဲသွားသည်။ ယခုအခါ သူက ပန်းဖျင်တောင်ပေါ်သို့ ရောက်နေပြီး သူ၏ အနောက်တည့်တည့်တွင် မီဝမ်မြို့ ရှိနေ၏။

ချန်ဖေးက လူနှစ်ယောက်ကို ဆွဲခေါ်၍ တောင်အောက်သို့ ရူးသွပ်စွာ ပြေးဆင်းသွားတော့သည်။

ဝုန်း...

လမ်းတစ်ဝက်သို့ ရောက်သောအခါ မီဝမ်မြို့၏ မြို့တံခါးက ရုတ်တရက် အနည်းငယ် တုန်ခါသွား၏။

ချန်ဖေးက မရည်ရွယ်ဘဲ ခေါင်းလှည့်ကြည့်လိုက်ရာ ပန်းဖျင်တောင်ပေါ်မှ ကောင်းကင်ယံသို့ ထိုးတက်သွားသည့် အလင်းတန်း တစ်ခုကို မြင်လိုက်ရသည်။

ဒွာရပေါင်းစည်းခြင်း အဆင့်နှင့်သက်ဆိုင်သော ကြီးမားကျယ်ပြန့်ပြီး ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကြီးက လျှို့ဝှက်နယ်မြေပေါ်သို့ ကျဆင်းလာတော့သည်။

All Chapters